Latest Highlight

Occupy Burma မြန်မာပြည်လုံးကျွတ် အထွေထွေ စီးပွားရေး သပိတ်ကြီး

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုံကြွမှု သပိတ်ကြီး စပြီ

မနေ့က အောက်တိုဘာ ၁၅ ရက်မှာ အာရှတိုက်ကနေ ဥရောပနဲ့ အမေရိကန် နယူးရောက်ထိ တကမ္ဘာလုံးက ပြည်သူတွေ အုံကြွခဲ့တယ်။ မြန်မာတွေသာ ငြိမ်နေခဲ့တယ်။ ဒီလို အုံကြွမှုဟာ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုံကြွမှုကြီး ဖြစ်တယ်။ အစိုးရတိုင်း ရင်ဆိုင်နေရတဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့စီးပွားသပိတ်ကြီး ဖြစ်တယ်။

ဘာကြောင့် အုံကြွသလဲ

ဒီကနေ့ ကမ္ဘာ့ပြည်သူတွေရဲ့ အနာဂတ်ကို လက်တဆုတ်စာ ဘဏ်လုပ်ငန်းရှင်ကြီးတွေ နိုင်ငံရေးသမားတွေက ချုပ်ကိုင်ထားတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ်က ပြည်သူတွေမှာ အလုပ်လက်မဲ့ဖြစ်ပီး စီးပွားကျပ်နေတယ်။ ဒါကြောင့် ပီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ၈၂ နိုင်ငံ မြို့ပေါင်း ၉ ၀၀ ကျော်က ပြည်သူတွေ လမ်းပေါ်ထွက်ပီး အကြမ်းမဘက် ဆန္ဒပြဘို့ စည်းရုံးသူတွေက နှိုးဆော်ခဲ့တယ်။

ဘယ်လိုနှိုးဆော်သလဲ

အောက်တိုဘာ ၁၅ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲအတွက် ညီညွတ်ကြ။ အမေရိကန်ကနေ အာရှတလွှား-အာဖရိကကနေ ဥရောပတလွှားရှိပြည်သူတွေဟာ ဒီမိုကရေစီရေးနဲ့ ကိုယ့်အခွင့်အရေးတောင်းဆိုဘို့ ထကြွကုန်ပီ။ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းမဘက် ဆန္ဒပြမှုကြီးမှာ ကျုပ်တို့တတွေ ပါဝင်ဆန္ဒပြဘို့ အချိန်တန်ပြီ။

အုပ်ချုပ်သူလူတန်းစားတွေဟာ တကမ္ဘာလုံးက ပြည်သူများဆန္ဒကို လစ်လျူရှုပြီး လက်တဆုတ်စာ လူနည်းစု အကျိုးအတွက်သာ လုပ်နေကြတယ်။ ခုလို သည်းမခံနိုင်တဲ့အခြေအနေမျိုးကို ရပ်ဆိုင်းပစ်ရမယ်။

ကမ္ဘာ့ ပြည်သူတွေရဲ့အနာဂတ်ကို ပြည်သူတွေကသာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာ နိုင်ငံရေးသမားတွေ သူတို့ အကျိုးပြုနေတဲ့ ဓနရှင်လူတန်းစားတွေ သိအောင် ကျူပ်တို့လုပ်ကြမယ်။ တသံတည်းဖြစ်အောင် စည်းလုံးကြ။ ကျုပ်တို့တတွေဟာ ကျုပ်တို့ကို ကိုယ်စားမပြုတဲ့ နိုင်ငံရေးသမားတွေ ဘဏ်လုပ်ငန်းရှင်ကြီးတွေ လက်ထဲက ကုန်စည်တွေမဟုတ်ဘူး။ ဒါကြောင့် အောက်တိုဘာ ၁၅ ရက်မှာ ကမ္ဘာ့အပြောင်းအလဲတောင်းဆိုရေးအတွက် ကမ္ဘာ့ပြည်သူအားလုံး လမ်းပေါ်ထွက် ဆန္ဒပြကြမယ်။

အဲသလို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုံကြွမှုကြီးကို ကမ္ဘာအရပ်ရပ်က မြိုကြီးတွေအလိုက် ကျင်းပရာမှာ နယူးရောက်မြို့မှာ Occupy Wall St. (OWS) လို့ ခေါ်တယ်။ လန်ဒန်က စီးပွားရေးအုံကြွမှုကို Occupy London စသဖြင့် တင်စားပီး အမည်ပေးကြတယ်။ 

Occupy Burma ပြည်လုံးကျွတ် စီးပွားရေး သပိတ်မှောက်ကြစို့

အောက်တိုဘာ ၁၅ ရက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုံကြွမှုကြီးမှာ မြန်မာပြည်ကွက်ပီး ကျန်ခဲ့တာ ၀မ်းနည်းစရာ ကောင်းတယ်။

ကနေ့ သိန်းစိန်အစိုးရဟာလဲ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို လစ်လျူုရှုပီး လက်တဆုတ်စာ လူနည်းစုအကျိုးအတွက် လုပ်နေတယ်။ ကျော်ဆန်းလက်ကိုင်တုတ် ဂျာနယ်သူကြီးတွေ ကြီးစိုးလာတယ်။ ပက်စီ ဦးသိန်းထွန်းသားမက် ဇော်ဇော်တို့လို တေဇတို့လို လူမျိုးတွေသာ ချမ်းသာပိးရင်း ချမ်းသာနေတယ်။ ဗိုလ်ချုပ်တွေသာ ချမ်းသာပီးရင်း ချမ်းသာနေတယ်။ အမတ်တွေကို ၅၅သိန်းတန် အပေါစား တရုတ်ကားတွေနဲ့ သိန်းစိန်အစိုးရက လာဒ်ထိုးစည်းရုံးထားတယ်။ 

 မြန်မာပြည်ရဲ့ အကောင်းဆုံး ပြည်သူပိုင် လုပ်ငန်းကြီးတွေကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက ဗိုလ်ချုပ်သန်းရွှေတို့ လက်ဝေခံ စီးပွားရေးသမားတွေ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ စစ်တပ်ကာကွယ်ရေးဝန်ကြီးဌာနတွေက ခွဲယူလို့ ကုန်ပီ။

မြန်မာပြည်မှာ အောက်ခြေပြည်သူတွေ ငတ်နေပီ။ တနေ့လုပ်ခငွေနဲ့ တနေ့ဝယ်စားရမဲ့ ဆန်ဘိုး ဆီဘိုး မကာမိလို့ ပြည်သူတွေ ဆင်းရဲတွင်းနက်ကုန်ပီ။ ခုဆိုရင် ဇော်ဇော်တို့လို စီးပွားရေးသမားတွေက လူထုကို ဘောလုံးကွင်းထဲ ဟိန်းဟောက်လာပီ။ ဂျာနယ်သူကြီးတွေကလဲ ရန်ကုန်လူထုကို ဟိန်းလား ဟောက်လား အနိုင်ကျင့်လာပီ။

ကျုပ်တို့မြန်မာပြည်သူတွေကလဲ ဒင်းတို့လို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်လူထွက်တွေ... လက်ဝေခံ စီးပွားရေးသမားတွေ.... ဂျာနယ်သူကြီးတွေရဲ့ လက်ထဲက ရောင်းကုန်တွေ မဟုတ်ဘူးဆိုတာ ပြရမဲ့အချိန်ရောက်နေပီ။

ဒါကြောင့် မြန်မာတပြည်လုံးက ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြဘို့ Occupy Burma နေ့ သတ်မှတ်ကြဘို့ လိုပီ။

ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေ တသံတည်းဖြစ်အောင်

စည်းလုံးကြ။ ညီညွတ်ကြ။

အုပ်ချုပ်သူလူတန်းစားကို ပြောင်းပစ်ကြ။ 




OCCUPY BURMA အုပ်စု

Write A Comment

Rohingya Exodus