Latest Highlight

တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့၌မူဆလင်များ ငြိမ်းချမ်းစွာဆန္ဒပြ


















ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။

စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။


__________________________________________________________________


တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို



မွန်းလွဲ ၁နာရီ ၅၈ မိနစ်၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ရန်ကုန်မြို့ ဆူးလေ ဆွန်နီဂျာမေးလ် ဗလီရှေ့တွင် လူ ၅၀၀ ခန့်စုဝေး တောင်းဆိုလျှက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက စုဝေးနေသည့် လူအုပ်အား စိတ်ရှည်သည်းခံကြရန် လူမျိုးဘာသာရေး ခွဲခြားဆက်ဆံခံရမှုများအတွက် ထောင်ထဲတွင် နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းစွာ သည်းခံဖို့၊ စိတ်ရှည်ဖို့ ဖျောင်းဖျပြောဆိုသွားသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် ကိုမြအေးမှာ ပြန်သွားပြီဖြစ်ကာ လူအင်အား ၅၀၀ ခန့်ထိရှိလာပြီး ဆန္ဒထုတ်ဖေါ်သည့် ဆိုင်းဘုတ်ငယ်များ၊ တောင်ကုတ်တွင် အသတ်ခံရသည့် ဓါတ်ပုံများအား ကိုင်ဆောင်၍ ပြသလျှက်ရှိသည်ဟု သိရသည်။

အစိုးရ အနေဖြင့် ယနေ့ထုတ် သတင်းစာနှင့် ရုပ်သံများတွင် ယခင်ရက်များက ရခိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတင်းဖေါ်ပြထားကာ အရေးယူစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ။

________________________________________________________________
ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို

ကိုကြည်လွင်၊ကိုမြအေး၊မမီးမီး၊ကိုစိုးထွန်းတို့အားတွေ့ရစဉ်။

မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။

ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

YPI

Photo credit : The voice weekly 
News : Myanmar Popular News & YPI
********************************************************************************

ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ





ယနေ့ ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အစ္စလမ် ဘာသာဝင်တချို့(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည်    ၁၀ ဦးသတ်ဖြတ်ခံရခြင်းနှင့်ရခိုင်အမျိုးသမီးလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများနှင့်ပတ်သက်ပြီးတရားဥ ပဒေအရအရေးယူ ဆောင်ရွက်ပေးရန်ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။

ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့်အမှုအခင်းအားအစိုးရသတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသောအသုံး အနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။

အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌“သံတွဲမှရန်ကုန်သို့ မောင်းနှင်လာသောရိုးမသစ္စာခရီး သည်တင်မှန်လုံယာဉ်ပေါ်မှမွတ်ဆလင်ကုလား၁၀ဦးအသတ်ခံရ”ဟူ၍သတင်း ခေါင်းစဉ်၌   ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။

အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။

မေလ ၂၈ ရက်ကလည်းရခိုင်ပြည်နယ်ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုသပြေချောင်း ကျေးရွာနေ အသက်၂၇ နှစ်ရှိမသီတာထွေးကိုလူငယ်၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်၍လက်ဝတ်လက်စား ရွှေထည်ပစ္စည်း များယူဆောင်သွားသည့်အမှု ဖြစ်ပွားခဲ့ပြီးယင်းအမှုနှင့်ပတ်သက်၍လည်းယခုဆန္ဒပြသူများကတရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း   ဖြစ်သည်။

ဧရာဝတီ

******************************************************************************

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္ဈိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက်ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန်အတွက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
isaland2
ရန်ကုန်မြို့၊ ဆူလေဘုရားအနီး ဘင်္ဂါလီ စွန်နီ ဂျာမေ့ ဗလီတွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီ ဝန်းကျင်တွင် ဆန္ဒပြနေကြသည့် အစ္စလာမ်ဘာသာဝင်များအား ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး က လာရောက်အားပေး ထိန်းသိမ်းနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက်မလာခင်က အခြေအနေ တော်တော်တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင်ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က
ဝေဖန်ပြောဆိုလိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။


(မဇ္ဈိမ)
**************************************************************************

ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်


ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီးရှိ ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင် တချို့ ယခု ဆန္ဒဖော်ထုတ် လျှက်ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁၀ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။

  1. ဒီလူတွေက ကချင်ဒေသမှာတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအကြောင်းဆွေးနွေးမယ်လို့ ပြောတုန်းက
    လည်း တိုက်ပွဲဖြစ်စဉ်မှာ ကချင်သူပုန်လို့ သုံးနှုန်းသွားတယ်။အခုလည်း ဒီအဓိကရုဏ်းဆန်ဆန်ဖြစ်စဉ်မှာ
    အစ္စလာမ်ဘာသာဝင်လို့မသုံးပဲမွတ်စလင်ကုလားတွေလို့သုံးသွားတယ်။အစ်ကိုကိုမြအေးပြောသလိုပါပဲ။ထောင်ချောက်ထဲမ၀င်မိဖို့လိုမယ်။ဒါဟာ ထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့ သံသယ၀င်စရာတွေအများကြီးပါ။
    ဥပဒေစိုးမိုးရေးဆိုတာကို မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါပြီ။
    (ကျွန်တော်ဟာဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်ပါ။ဒါတွေဟာ ရွေးချယ်ပြီးရယူထားခဲ့တာမဟုတ်
    ပါဘူး။ဘာသာတရားတွေရဲ့ရည်ရွယ်ရာဟာလူတွေကောင်းမွန်ဖို့အတွက် ရှေးရှုထားခြင်းလို့ပဲမြင်ပါတယ်။ဒါကို ခုတုံးလုပ်သူတွေကို ဂရုစိုက်ရှောင်ရှားရမယ်လို့ မြင်ပါတယ်။)

  2. ဘယ်သူတွေ ဘယ်လိုပဲပြောပြော သေတဲ့ လူက သေသွားပြီ............သူတို့အတွက် အမှန်တရား ကို ဘယ်လိုဖော်ထုတ်မှာလဲ..မြန်မာလူမျိုးဖြစ်လို့လျှော်မှာလား......ဒါမှမဟုတ် လျော်ကြေးနဲ့ ပြီးမှာလား............ပြီးတော့ သတင်းစာမှာ ကုလားလို့ ရင့်ရင့်သီးသီးပြောတာ ဘယ်လို ဖြေရှင်းမှာ မှာလဲ အဖွဲ့ကြီး လေးဖွဲ့ (အိုလမာ ။ သာသနာ့ရေးရာကောင်စီ...) ဘာလုပ်မှာလဲ.....ဒါနဲ့ ဘာသာရေး စစ်ပွဲဖြစ်မှာလား......

  3. ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေကို၊ လူသတ္တ၀ါတွေလို့ပဲ ယူဆလိုက်ရင်၊ ဘာသာရေးခွဲခြားမှုတွေ၊ အသားအရောင်ခွဲ ခြားမှု၊ ဖိနှိပ်မှုတွေ၊ စစ်ပွဲတွေ ချုပ်ငြိမ်းသွားလိမ့်မယ်၊ ဒီလိုမှမဟုတ်ဘဲ၊ ဒါငါ့တိုင်းပြည်၊ ဒါငါ့လူမျိုး၊ ဒါငါ့ဘာသာ၊ ဒါဒါ---------တွေ ထပ်နေရင်၊ အတ္တတွေကြီးနေရင်၊ လောဘတွေကြီးနေရင်၊ သောကမီးတွေဘယ်တော့မှ ငြိမ်းမှာမဟုတ်ဘူး၊ ကမ~ဘကြီးက လူဆိုတဲ့သတ္တ၀ါတွေရဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေကြောင့် ပူးနွေး လာနေပြီ ဒါကို ဆက်လက်ပြီး လူကို လူလိုမမြင်ရင်တော့၊ စစ်ပွဲတွေ၊ ဆက်ပြီးရှင်သန်နေအုံးမှာဘဲ ဒါကို သေချာ စဉ်းစားပါ၊ ဆုံးဖြတ်ပါ၊ ပေါင်းစပ်ညှိနှိုင်းပါ၊ သချာင်္ပုစ~ဆာတစ်ပုဒ်လိုဘဲ၊ ပုစ~ဆာရှိရင် အဖြေဆိုတာ ရှိရမယ်၊ လူသားတွေ တွက်ချက်ဖို့ပဲလိုပါတယ်၊ ကမာ~ဘနိုင်ငံအသီးသီးကခေါင်းဆောင်တွေ၊ ကမ~ဘာကြီး ကို သာယာဖို့၊ ငြိမ်းချမ်းဖို့ လုပ်နေကြတယ်၊ ဒါပေမယ့် လူကို လူလို့ မထင်၊ မဆက်ဆံရင်တွေ ၊ လူဆိုတဲ့သတ္တ၀ါတွေရဲ့ မညီမျှတဲ့တုန့်ပြန်မှုတွေ ဆက်လက်ရှင်သန်နေအုန်းမှာဘဲ၊ ဒါကြောင့် လူကိုလူလိုဘဲမြင်ပြီး၊ လူလိုဘဲ ဆက်ဆံကြပါ၊ လေးစားကြပါ ယုံကြည်ကြပါ၊ ဒါဆို ကမ~ဘာကြီးပူးနွေမှုပါ ပျောက်ကွယ်သွားပြီး၊ အေးချမ်းသာယာသော လူသားတို့၏ ကမ~ဘာကြီးဖြစ်ပေါ်လာမှာမလွဲပါဘူး၊ ဒါအမှန်တရားတွေပါ၊ သေချာဆုံးဖြတ်၊ စဉ်းစားကြပါ၊

  4. 1942 Rohingya Massacre in Arakan Revisited Again in 2012
    Abid Bahar

    A lesson needed to be learned by the Rakhine Moghs after it lost its legendary Arakan kingdom that anarchy and hatred against others in society could also be self inflicting that it creates division within the society causing outsiders to interfere in its internal affairs. However, in the ever decaying Arakan, the Rakhine Mogh refuse to learn and the culture of anarchy continues. Now the Mogh Rakhines have turned their vigorous menace not against anybody from outside but against the local minorities, particularly against the Muslim population of Arakan known as the Rohingyas, thus the cycle of Rohingya suffering continues. With the culture of anarchy growing to its climax, in 1942 there was a huge bloodbath of Rohingyas in all over Arakan. To the Rohingyas it is still remembered as the Karbalae Arakan (the doomsday in Arakan). Ever since, there has been more organized efforts in 1978, 1992-93 to commit massacre on the Rohingyas of Arakan resulting in the displacement of the Rohingya population all over the world.

    Alarmed by this continued lawlessness and the hoodlum's growing massacres and threat, Rohingya leaders have been reminding the world community that there has been a systematic Rohingya genocide going on in Arakan. The genocide began in a large scale from the 30's when the name "Rakhine" was first officially coined. This radical nationalist movement was inspired by the Rakhine xenophobic leaders ( surprisingly some are even leading Rakhine Buddhist priests) propagating that Rohingyas are foreigners in Arakan. In reality however, Rohingyas have been in Arakan from the 7th century, long before the arrival of the Rakhines. History records that, Mogh Rakhines, a Tibeto- Burman group arrived in Arakan only during the 11th century by defeating the Indian king of the Chandras.

    During the 1942 riot between the Rakhine Moghs and the Rohingyas, over a 100,00 Rohingya were killed and more people fled Arakan to take shelter in Southern Chittagong. This trend continues till today. It is shocking that in this present massacre, neither the president of Burma nor Aung San Su Kyi made a statement condemning the brutal murder of these people traveling by bus. Mogh Rakhines are only 5% of the Burmese population. We wonder why some of the prominent citizens of Burma are silent on this issue!

    In this alarming situation, Rohingyas in large numbers take shelter in Bangladesh. We also have report that to escape from the Burmese government's actions against many of the Rakhine terrorist hoodlums, the culprits cross over to Bangladesh territory and find safe heaven in Bangladesh. Unfortunately instead of such terrorists to be identified and handed over to the Burmese government, Hasina's anti Muslim AL government advisers one being Sajb Wajed find the suffering Rohingyas as the terrorists.

    It seems that there must be something wrong in the politically motivated global human rights movements. Thus, like many other suffering minorities, Rohingya suffering in Arakan continues in murder, rape, forced labor and in outside the country, Rohingyas as the boat people dies of hunger in the Bay or them in distant countries seeking a shelter refused. In all these, their suffering is growing to a new height.

    No doubt, it has to be stopped at the source by the Burmese people with government help through finding the culprits who had committed the Rohingya murders in the broad day light and finding those people who are behind them provoking the hoodlums to attack the innocent Burmese Rohingya people traveling within Burma- their place of birth. In Burma's failure, the 1942 massacre will continue to revisit Burma. To us the humanity, and to the Rohingyas in particular "Each man's death diminishes me,.. Therefore, don't send... to know, for whom the bell tolls, It tolls for thee."

  5. Rakhine Women's Organization is responsible for the buddhist-muslims fight.They are trying to create division between buddhist and muslims.So that they can build a terrorist camp of buddhist in Rakhine.In this case,the government is also helping them!especially Dr.AYE MAUNG.not only Dr.AYE MAUNG but also the richest man in rakhine,U kyaut taung, is also handling the killings,he has made all his money by selling drugs,smuggling woods from myanmar to bangladesh.I REQUEST THE GONERNMENT TO CHECK THE MONEY OF Dr.AYE MAUNG AND U KYAUT TAUNG

  6. Rakhine Women's Organization is responsible for the buddhist-muslims fight.They are trying to create division between buddhist and muslims.So that they can build a terrorist camp of buddhist in Rakhine.In this case,the government is also helping them!especially Dr.AYE MAUNG.not only Dr.AYE MAUNG but also the richest man in rakhine,U kyaut taung, is also handling the killings,he has made all his money by selling drugs,smuggling woods from myanmar to bangladesh.I REQUEST THE GOVERNMENT TO CHECK THE MONEY OF Dr.AYE MAUNG AND U KYAUT TAUNG

  7. Dr.aye maung and U kyaut taung are helping the military because they are trying prove the world that MYANMAR still don't worth for democracy.The real fact is that Dr.aye maung and kyaut taung are also trying to clear the muslims from rakhine so that they can smuggle the drugs,woods,and opium pils to bangladesh easily.

  8. Yes,that's the point my friend the military is just trying to create division between the muslims and buddhist.Don't listen to the rumers the truth is that Dr.aye maung,kyaut taung,and military is together trying to seperate us but we are not going to let them play with our emotions,with our lives.We will show them that we were together,we are together and we always be together.We don't gonna let them to devide us.ARE YOU WITH THE TRUTH,my friends?

Write A Comment

Rohingya Exodus