Latest Highlight

Online, Burmese Attack a Minority (ဘာသာပြန်)

၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။

ရေးသားသူ – Thomas Fuller
ဆောင်းပါးအမည် – Online, Burmese Attack a Minority
ရည်ညွှန်: - here


                           ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
                                                         Photo-AFP



မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။

ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။

အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။


ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။

ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။

ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Credit : MMSY


  1. LU Myanmar ဆိုတဲ့ကောင်က တော်တော်မိုက်ရိုင်းတာပဲ။ ဘယ်လိုမိုက်ရိုင်းတဲ့မိဘက ထွက်လာတာလဲ မသိပါဘူး။ တော်တော်ဆိုးတဲ့မိမဆုံးမ ဖမဆုံးမ ကောင်ပဲ။ သူကိုယ်သူ မြန်မာဆိုပြီးဟစ်နေသေးတယ်။ ဒါမြန်မာတွေကို သိက္ခာချနေတာပဲ။ ဒီကောင်တော့ ဘယ်လိုမှ မြန်မာမဖြစ်နိုင်ဘူး။ ဘင်္ဂလားက ခိုးဝင်လာတဲ့ အနောက်သားရခိုင်ပဲဖြစ်ရမယ်။ အနောက်သားရခိုင်တွေက ဒီလိုမိုက်ရိုင်းနေကျပဲ။ ဒီလို ဘင်္ဂလားကကောင် ခိုးဝင်လာတဲ့လူတွေများနေလို့ သူတို့်အတွက် နေရာရှာနေကြတာ ရှင်းနေတာပဲ။ ရိုဟင်ဂျာတိုင်းရင်းသားတွေရဲ့နေရာတွေ၊ ပစ္စည်းဥစ္စာတွေကိုအပိုက်သိမ်းချင်လို့ ရိုဟင်ဂျာတွေကို နှင်ထုတ်ပြီး၊ ဒီးမျိုးမစစ်တဲ့ရခိုင်တွေ နေရာယူကြပြီလေ။

    အခု ရသေ့တောင်မှာလဲ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်နေကြတယ်။ ရသေ့တောင်မှာဆိုရင် အနောက်ပြင်ရွာ ကျွဲ၊ နွား အကောင် ၂၀၀၀ ကျော်ကို ဘင်္ဂလားက ခိုးဝင်လာတဲ့ ရခိုင်တွေရဲ့ ရွာဖြစ်တဲ့ ကူတောင်ရွာကို။ ရသေ့တောင်မှာ အခုရှိနေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘင်္ဂလားက ခိုးဝင်လာတဲ့ကောင်ပဲ။ ဒါကြောင့် သူက အနောက်ပြင်ရွာမှ ကိုယ်တိုင်သွားပြီး အမျိုးသမီးတွေ မုဒိန်းကျင့်နေတာ။ လူသတ်နေတာပဲ။ မြန်မာလူမျိုးများ အမြန်ဆုံးဒီလိုလူတွေကို စိစစ်ပြီး အပြစ်ပေးကြဖို့ တောင်းဆိုပါရစေ။

Write A Comment

Rohingya Exodus