Latest Highlight

သတ်ပွဲတွေရပ် သတ်ပွဲတွေရပ် သတ်ပွဲတွေရပ်

၁၉၃၀ခု၊ မေလ (၃၀)ရက်နေ့မှာ ဒိှု့ဗမာအစည်း အရုံးက ပထမဆုံး တရားဝင် ထုတ်ပြန်လိုက် တဲ့ ကြေညာ ချက်မှာ “ဗမာကပြားများသို့” ဟူ၍ ခေါင်းစဉ်ငယ် သီးခြားတပ်ပြီး

“အို- ငါတို့နှင့် တမြေတည်းနေ၊ တရေ တည်းသောက်၊ တနိုင်ငံ ဘွားဖြစ်သော ဗမာကပြား အပေါင်းတို့၊ အသင်တို့သည် ဗမာပြေဘွား များဖြစ်ကြ သဖြင့် စင်စစ်မှာ ဗမာများပင် ဖြစ်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ပါ လျက်နှင့် အသင်တို့အမေ (သို့မဟုတ် အဖေ) အဘိုးအဖွား စသည်တို့မှာ ဗမာနိုင်ငံသား ဗမာပြည်ဘွား၊ ဗမာပြည်သားများပင် မဟုတ်ကြပါလော။ သို့ဖြစ်ပါလျက်နှင့် အသင်တို့သည် အဘယ်ကြောင့် ဗမာများ မဟုတ်သယောင် လုပ်၍ နိုင်ငံခြားသား များကဲ့သို့ အသင်တို့ ငါတို့ တိုင်းပြည်၏အရေးကို လျစ်လျူရှုကြ ကာ နေစိမ့်ကြပါ သနည်း။ လောကတွင် မည်သူမဆို ကိုယ်မွေးဖွါးရာဌာနကို ချစ်ခင်စမြဲဓမ္မတာ တည်း။ အသို့ဖြစ်လျက် အဘယ်ကြောင့် အသင်တို့သည် ဓမ္မတာနှင့် ဆန့်ကျင်၍ ကိုယ့်အမိနိုင်ငံ၊ ကိုယ့်အဖနိုင်ငံ၊ ကိုယ့်မွေးဖွါးရာ နိုင်ငံကြီးကို မချစ်ခင်ကြဘဲ နိုင်ငံခြားသား စိတ်ဝင်ပြီးလျှင် နိုင်ငံခြားသား ကဲ့သို့ နေရက် ကြကုန်ပါသနည်း။ အသင်တို့သည် အသင်တို့ မွေးဖွားရာ ဗမာနိုင်ငံကို ကိုယ့်နိုင်ငံဟု သဘောမထားကြ ပါလျှင် မည်သူ့နိုင်ငံကို ကိုယ့်နိုင်ငံဟူ၍ မှတ်ယူကြပါမည်နည်း။ - - - -

- - - ကိုင်း၊ အသို့ဆိုမည်နည်း၊ ဗမာတိုင်းဖွား အသင်ကပြားတို့။  ရှေ့ရေးကို မြော်မြင်သောအားဖြင့် ကျွန်ုပ်တို့လဲ ဗမာပါဘဲဟု ယခုပင် ဆိုလှဲ့ကြပါကုန်လော့။ အသင်တို့လည်း ငါတို့နှင့်အတူ စည်းလုံး၍ ယိုင်းပင်း ဝိုင်းဝန်း ကြပါကုန်လော့။ အသင်တို့ကိုယ်ကို အသင်တို့ တို့ဗမာဘဲ သဘောထား၍ ဗမာနိုင်ငံကြီးနှင့်တကွ ဗမာအမျိုးသားအကုန် ကောင်းစားအောင် ကျင့်ဆောင်ကြမည် မဟုတ်ပါလော” ဟု၍ သခင်လှုပ်ယှားမှုကြီးအတွင်း ပူးပေါင်းပါဝင်လာကြဖို့ တပ်လှန့် ဖိတ်ခေါ်ခဲ့ပါတယ်။

မိတ်ဆွေများခင်ဗျား

သမိုင်းကြောင်းနှင့် ချီလျက် အေးအတူပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြ သော မိတ်ဆွေများ သံသယ များကြောင့်သံသရာတွင် အမုန်းမီးတောက် လောင်နေရကာ တဦးနှင့်တဦးမိတ်ဆွေများအဖြစ်မှ ရန်သူများ အဖြစ်သို့  ရောက်ရှိသွားနေကြပေပြီ။ အလွန်ဝန်းနည်းစရာကောင်း၏။ စစ်အုပ်စုအတွက်ကား အလွန်အကျွံ့ ၀မ်းသာစရာကောင်း၏။စစ်အုပ်စုလို ချင်နေသောလမ်းကို ခင်းပေးနေခြင်းများ ရပ်တမ်းကရပ်သင့်နေပေပြီ။

နှစ်ဦးနှစ်ဖက် မုန်းတီးမှု နာကျည်းမှုများအားမစွန့် လွှတ်ပဲ ဆက်လက်သတ်ပွဲ ဆင်နွှဲနေကြလျှင်ြ ဖင့် ရေဒီယိုတွင် နှစ်ကြိမ်တိုင်တိုင်ကြားခဲ့ရသော ငှက်ဆိုးထိုးသံ (မလွှဲမရှောင်သာပဲ ......... တိုင်းပြည် ချောက် ထဲ ကြ ရန် လက်တလုံးအလို တပ်မတော်မှ)တတိယအကြိမ် ကြားကြရတော့ မည်မှာ မလွဲပေ။

ထို့ ကြောင့် ရန်ပွဲတွေရပ် သတ်ပွဲတွေရပ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုကြိုးပမ်းဖော်ဆောင်ကြရန် သတ်ပွဲဝင်နေသူများနှင့်ပြည်တွင်းပြည်ပမှမီးလောင်ရာလေပင့်လုပ်၇ပ်များ ကောလဟာလများရပ်တန့် ရန် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံသား ကဗျာဆရာ 
ရဲရင့်သက်ဇွဲ

Write A Comment

Rohingya Exodus