Latest Highlight

ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထား ကြသလဲစောင့်သိရိုသေကြသလဲ?

ငါတို့လူ့အခွင့်အရေးကိုဘယ်လောက်တန်ဖိုးထား  ကြသလဲစောင့်သိရိုသေကြသလဲ?

ကိုထိန်လင်းရဲ့ “ကျွန်တော်သန်းကြွယ်သူဌေးဖြစ်ခဲ့စဉ်က”ကို ဖတ်ရတော့ယူကြုံးမရဖြစ်ရတဲ့အပြင်တော်တော် လဲသံ ဝေဂရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာစစ်အာဏာရှင်စံနစ်ကိုတွန်းလှန်ဖို့ကြိုးစားရင်း၊ နိုင်ငံရေးအဖွဲ့ အစည်း တွေ ပြည်သူ့အရေး၊ ဒီမိုကရေစီရေးတွေပျောက်ကွယ်၊ ပန်းတိုင်ကိုမေ့ပြီး ၊ ရန်သူကပင်မလုပ်တဲ့ ရက် စက်မှုအပေါင်းသရဖူဆောင်း တဲ့အထိလူကိုလူလို့မမြင် တော့ဘဲ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲ ဝင်နေပါ တယ်ဆိုသူတွေကလူ့အခွင်အရေးတွေကိုမျက်ကွယ်ပြု၊ လူတွေကို အဟိတ်တိရစ္ဆာန်တွေလိုအရိုင်း အစိုင်းခေတ် ကအတိုင်းလူမဆန်တဲ့နှိပ်စက်နည်းတွေနဲ့မတွေးဝံ့လောက်အောင် ရက်ရက်စက်စက်နှိပ်စက်ပြီး၊ အပစ်ရှိ ပါတယ်လို့ ဝန် ခံခိုင်း၊ ကမ္ဘာ့အလယ်မှာလူရိုင်းတိုင်းပြည်လိုပြုကျင့်ခဲ့တာတွေကြောင့်၊ ဗမာနိုင်ငံကို တကယ် ကယ်တင်ချင် တယ်၊ တကယ် လူ့အခွင့်အရေးကိုလေးစားတယ်၊ ပြည်သူတွေအတွက်ရယူပေးချင်ပါ တယ်ဆိုတဲ့ သူတွေအား လုံးကြပ်ကြပ်အသဲထဲမှာစွဲနေအောင်မှတ်သားထားပြီး၊ ငါတို့ဒီလိုအလုပ်မျိုးတွေကိုဘယ်တော့မှ မလုပ်ဘူးလို့၊ မိမိကိုယ်ကိုမိမိ လေးလေးနက်နက် ဂတိပြုပြီး စက်ဆုပ်ရွံရှာ စွာ စံနမူနာယူသင့်တယ် လို့တိုက် တွန်းချင်ပါတယ်။ 

မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဖြုတ်၊ထုတ်၊သတ်လမ်းစဉ်ဟာ ကွန်မြူနစ်တွေရဲ့လမ်းစဉ် ဟာ မင်းမဲ့ဝါဒနဲ့ဘာများခြားနားလို့လဲလို့မေးခွန်းထုတ်ရတဲ့ကိန်းဆိုက်ခဲ့သလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဟာလည်းမင်းမဲ့စရိုက်နဲ့ကျောက်ခေတ်ကိုပြန်သွားမှာလား? ပြည်သူတွေကို ဒီမိုကရေစီရအောင်တိုက်ယူကြမှာလား?ဆိုတာမြောက်ပိုင်းအေဘီအက်ဒီအက်ရဲ့လူမဆန်တဲ့နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုကမေးခွန်းထုတ်လာရတော့တယ်။ ဒီလိုလုပ်ရပ်တွေကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းသွား ရတာမဆန်းဘူးလို့ပြောရမှာဘဲ၊ မြန်မာ့နိုင်ငံရေးမှာအဓိကပြသနာကကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့အကျင့်ဆိုးဘဲဖြစ် တယ်။ တရားဥပဒေဘောင်အတွင်းကစစ်ဆေးပြီးအပစ်ရှိရင်အပစ်ပေး၊ အပစ်မရှိရင်မရှိတဲ့အလျှောက်လွှတ်တာ မျိုးကိုလေးလေးနက်နက်မကျင့်သုံးသ၍နိုင်ငံရေးရည်မှန်းချက်တွေနဲ့ဝေးနေဦးမှာဘဲ။ အဓိကတရားဥပဒေကိုတောထဲမှာမှို့လို့၊ ကျင့်သုံးဘို့မလွယ်ဘူးဆိုတဲ့ဆင်ချေပေးမနေဘဲ ၊ တောမှာဖြစ်ဖြစ်၊ မြို့မှာဖြစ် ဖြစ်၊ တရားဥကဒေကိုလိုက်နာဘို့လိုတယ်၊ တရားကိုစောင့်သိကြဘို့လိုတယ်။ အလွန်စိတ်မကောင်း ဖြစ်ရတာက၊ ဗကပတွေရဲ့အမှားကိုနှောင်းလူတွေဖြစ်တဲ့ အေဘီအက်ဒီအက်ကခေါင်းဆောင်တွေသိရဲ့မြင်ရက်နဲ့ ဘာလို့ပုံတူကူးချရက်စက်ပြရတာလဲဆိုတာဘဲဖြစ်တယ်။ ဒီလုပ်ရပ်ဟာကျောင်းသားတွေရဲ့လက်နက်တော်လှန် ရေးကိုပျက်လိုပျက်စီးလုပ်တာထက်ကျော်လွန်ပြီးလုံးဝကျဆုံးသွားအောင်ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေအမျှော်အမြင်နည်းစွာနဲ့လုပ်လိုက်တာလို့မြင်တယ်။ စစ်အာဏာရှင်တွေက ပြည်သူတွေကို၊ လက်နက်နဲ့ ဗိုလ်ကျစိုးမိုးနေတာကို တိုက် မဲ့သူတွေကိုယ်တိုင်ကကိုယ့်လက်ထဲမှာလက်နက်ရောက်လာတော့၊ ရန်သူထက် ဆိုးတဲ့နှိပ်စက်နည်းတွေနဲ့ ကိုယ်လူအချင်းချင်းထဲမှာရန်သူ့သူလျှိရှိတယ်ဆိုပြီး၊ အပစ်ရှိသူ ၁၀၀ လွတ်ရင်လွတ် ပါစေ၊ အပစ်မဲ့သူတယောက် အပစ်မကျစေနဲ့ဆိုတဲ့တရားသဘောနဲ့ဆန့်ကျင်ပြီး အပစ်ရှိသူတယောက်မိ ဘို့ အပစ်မဲ့သူ ၁၀၀ သတ်ချင်သတ် မယ်ဆိုတာဖြစ်လာခဲ့တာကြောင့်တကယ့်တော်လှန်ရေးသမားတွေတောတွင်း ခံခဲ့ရတာပါ။

ဒီကိစ္စမှာအဲဒီအချိန်ကတာဝန်ယူထားတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေမှာလုံးဝတာဝန်ရှိတယ်၊ ဒီကိစ္စကိုတနေ့နေ့မှာ ဖြေရှင်းကြရမယ်၊ အဲဒီနေ့ဟာလည်းမကြာခင်ရောက်လာတော့မှာဖြစ်တယ်၊ ဒီမိုကရေစီရရင်တောင် ကိုယ့်တိုင်း ပြည်ကိုယ်မပြန်ရဲမဲ့လူတွေလဲရှိမှာပါ။

လွန်ခဲ့တဲ့အနှစ်၂၀ လောက်ကကိစ္စဟာ၊ အချိန်ကြာလာရင်ပျောက်ကွယ်သွားမယ်လို့ထင်ရင် အမှားကြီးမှားလိမ့် မယ်။ ABSDF ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲ? ဘယ်သူ့မှာတာဝန်ရှိသလဲမေးရင်တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ် တဲ့ထိုစဉ်ကဥက္ကဌတာဝန်ယူထားတဲ့သူတွေကရှင်းပြနိုင်ရင်ပိုကောင်းမယ်။ ဒါမှ ကျောင်းသားတော်လှန်ရေး ကြီးဘာကြောင့်မအောင်မမြင်ဖြစ်ခဲ့ရတယ်ဖရိုဖရဲဖြစ်ရတယ်ဆိုတာသိမယ်လို့ယုံကြည်ပါတယ်၊ အနှစ်၂၀ကျော် ကြာပြီမို့အားလုံးသိခွင့်ရှိတယ်လို့ယုံကြည်လို့လဲဖြစ်ပါတယ်၊ အဲဒီတုံးကဦးဆောင်ခဲ့တဲ့သူတွေအနေနဲ့ ဘာကြောင့်ဒီလိုအရုပ်ဆိုး အကျဉ်းတန်မှုတွေဖြစ်ခဲ့ရတယ်၊ ဘယ်သူကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့သလဲ?၊ အေဘီဗဟိုကဒီလုပ်ရပ်ကိုခွင့်ပြုခဲ့တာလား? အေဘီကချင်ကကိုယ့်ဘာသာကိုယ်လုပ်ခဲ့တာလား?။ ကိုယ်တွေ့အဖြစ်မှန်များကိုသတ္တိရှိရှိတင်ပြပြီးအများကစဉ်းစားကြဘို့ ဖြစ်ပါတယ်။

အေဘီဥက္ကဌတယောက်အနေနဲ့ကိုယ်လေးစားတန်ဘိုးထားတဲ့အဖွဲ့ကြီးအခုလိုကိုယ့်ရဲဘော်အချင်းချင်းသတ်တဲ့အထိအရုပ်ဆိုးအကျဉ်းတန်တဲ့လုပ်ရပ်အတွက်အထူးဘဲစိတ်မကောင်းဖြစ်မိသလိုရေငုံနှုတ်ပိတ်အနေသင့်ဘူးလို့ယူဆတဲ့အတွက်အခုလိုရေးသားလိုက်တာဖြစ်တယ်၊

ကိုထိန်လင်းအနေနဲ့အဲဒီတုံးကဘယ်သူတွေကညှင်းပန်းနှိပ်စက်ခဲ့တယ်၊ ဘယ်သူကဖြင့်အမိန့်ပေးတယ်၊ အဓိကဦးဆောင်သူတွေကိုနံမည်နဲ့တကွရေးသားဖြည့်စွက်ပေးပါလို့ပြောချင်ပါတယ်။ အထူးပြောချင်တာကတော့ ABSDF မှာလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေနဲ့ ၊ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ သူတွေနဲ့မရောယှက်စေချင်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်သူလက်တွေဝင်မွှေလာမှာကိုလဲတော် လှန်ရေးသတိရှိဘို့လိုတယ်။ အခုလိုအရေးကြီးနေတဲ့အချိန်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ABSDF ကိုတိုက်ခိုက်ဘို့ လက်နက်ကိုင်လမ်းစဉ်ကိုသေးသိမ်အောင်လုပ်ဘို့လုပ်လာနိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့လူစစ်ပြီးရဲဘော်သုံးကျိတ်ဖွဲ့ခဲ့တာတောင်ရှုမောင် ခေါ်ဗိုလ်နေဝင်းလိုလောက်ကောင် အာဏာရူးကကပ်ပါလာသေးတာဘဲ။ ဒါကြောင့်ဘယ်သူကဘာဆိုတာမသိခင်ဝါးလုံးရှည်နဲ့မယမ်းဘို့လိုတယ်။ ABSDF ကျောင်းသားတော်လှန်ရေးကိုယုံယုံကြည်ကြည်နဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကိုတော့မစော်ကားမိဘို့လိုတယ်။


အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်

Write A Comment

Rohingya Exodus