လက်ရှိ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာမယ့် နိုင်ငံဧရိယာထဲကို ၀င်လာတဲ့ လူသားတွေဟာ အဓိက အားဖြင့် အာရှအလယ်ပိုင်း တိဘက်ကုန်းမြင့်ဘက်က ဖြစ်ပြီး- တိဘက်ကုန်းမြင့်ရဲ့ အရှေ့ဘက် မွန်ဂိုနိုက်အနွယ်တွေ ပါဝင်သလို၊ တိဘက်ကုန်းမြင့်ရဲ့ အနောက်ပိုင်း အာရိယာန်အနွယ်တွေလည်း ပါဝင်ခဲ့တယ်။ (တိဘက်ကုန်းမြင့် ဒေသကိုယ်က အာရိယာန်နဲ့ မွန်ဂိုအနွယ်တို့ ပေါင်းစပ်ရာ မြစ်ဆုံဒေသလို့ ဖြစ်နေတယ်၊ ဒါကြောင့် အာရိယာန် နဲ့ မွန်ဂို ကပြားတွေလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် မြန်မာပြည် အရှေ့ပိုင်းရှိ လူမျိုးနွယ်တွေက မွန်ဂိုလီးယား အနွယ်ရုပ်မျိုးကို ဆင်ပြီး မြန်မာပြည် နောက်ပိုင်းအခြမ်း လူမျိုးတွေက အာရိယာန် မွန်ဂိုကပြား ရုပ်ရည်မျိုးကို ဆင်နေတာ တွေ့ရပါမယ်။ (ဥပမာ ပခုက္ကူဒေသ သားများနဲ့ ရှမ်းကုန်းမြင့်ဒေသ သားများ ရုပ်ရည်များကို နှိုင်း ယှဉ်ကြည့်ပါ။ ရာသီဥတုကြောင့် အသားရောင် ကွာခြားလာတာလို့ ပြောနိုင်ပေမယ့်- နှာတံသွယ်ပုံချင်း ကွာ ခြားမှုဟာ ရာသီဥတု အပူအအေးနှင့် မဆိုင်ပါ။)
ပြီးတော့ မြန်မာပြည်ထဲကို ၀င်လာခဲ့တဲ့ လူတွေဟာ အဓိကအားဖြင့် မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့တာ များပါတယ်။ သံလွှင်မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာခဲ့တာများ ဖြစ်ပါတယ်။
အလားတူပဲ ရခိုင်ဒေသလို့ ခေါ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း အခြမ်းမှာလည်း လူသားတွေဟာ လေးမူး မြစ်ရိုး၊ ကုလားတန် မြစ်ရိုးနဲ့ မေယုမြစ်ရိုး များတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လေးမူးမြစ်ရိုးဟာ တိုပြီး ရခိုင်ရိုးမကြီးမှာ ဆုံးသွားတယ်၊ ချောင်းသွယ်မြောင်းသွယ် အဖြစ် ဆက်စပ်ခဲ့ရင်တောင့် ကျောက်ပန်း တောင်းကို ဆက်စပ်နိုင်တယ်- ဒါကြောင့် အဲ့ဒီ မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့ရင် သူတို့ဟာ ပျူလူမျိုးနွယ် များ ဖြစ်နိုင်တယ်။ ကုလားတန်မြစ်ရိုးကတော့ အာသံ- မဏိပူရကိုကျော်ပြီး အခုခေတ်နီပေါလ်နားအထိ ဆိုက် တယ်- ဒါကြောင့် ကုလားတန်မြစ်ရိုးတစ်လျှောက် ဆင်းလာသူများက အာရိယာန်အနွယ်များ ဖြစ်ပါတယ်။ အလားတူ- မေယုမြစ်ရိုးဟာ မဏိပူရနယ်အထိ ဆိုက်တယ်- အဲ့ဒီက ဆင်းလာသူများဟာလည်း အာရိယာန် အနွယ်ဝင်များ ဖြစ်ပါတယ်။ (ကုလားတန်မြစ်၊ လေးမူးမြစ်၊ မေယုမြစ် များ စီးဆင်းပုံကို မြန်မာနိုင်ငံမြေပုံ၌ သေချာစွာကြည့်ပါ။)
သံလွှင်မြစ်ရိုးတစ်လျှောက် စုန်ဆင်းခဲ့သူ(ကရင်၊ ပအို့ဝ်၊ ကရင်နီ၊ ရှမ်း)များနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှော် စုန်ဆင်းခဲ့သူ (ဗမာ)များ ရုပ်ရည် ကွဲပြားသလို၊ ရခိုင်မှာလည်း မေယု၊ ကုလားတန် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ သူများနဲ့ လေးမူးမြစ်ရိုးမှသည် ရခိုင်တောင်ပိုင်းနယ်သား အားလုံးရဲ့ ရုပ်ရည်ဟာ သီးသန့်ဖြစ်နေပါတယ်။
ကုလားတန်၊ လေးမူးလူမျိုးနွယ်များ ပေါင်းစပ်လာပြီး ရပ်ရွာတည်တံ့လာတဲ့ အချိန်ကစ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နိုင်ငံငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒဏ္ဍာရီလိုလို၊ သဘောင်လိုလို ပြောစမှတ်အရ ဘီစီ ၃၀၀၀ ကျော်ကတည်းက မာရယူမင်းက နိုင်ငံထူထောင်ခဲ့တယ် ဆိုပေမယ့်- သေချာတဲ့ သမိုင်းများ မတွေ့ရသေးပါ။ အေဒီ ၄ ရာစု (မြန်မာ နိုင်ငံ ပုဂံအင်ပါယာထက် နှစ်ပေါင်း ၇၀၀ ကျော်စောပြီး) လောက်မှာ မဟာစန္ဒြမင်းက ဓည၀တီ နေပြည်တော်ကို စတင်ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြောင်း သမိုင်းများ ရှိနေပါတယ်။ အဲ့ဒီ ဗုဒ္ဓသာသ နာဟာ ဗမာများဆီက ကူးစက်ခဲ့ခြင်း မဟုတ်ပါ။ ဒီအချိန်မှာ ဗမာများကိုယ်တိုင်က ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက်မခံသေးပါ။ ဓည၀တီနေပြည်တော်ဟာ နိုင်ငံရေးအရ အနောက်ဘက် အိန္ဒိယအင်ပါယာ (ထိုစဉ်က မာဂဓ အင်ပါယာ)ကို တည်မှီအားကိုးနေရတဲ့ သဘောမှာ ရှိနေတော့ မာဂဓ အင်ပါယာတွင်းမှ ကူးစက်ပြန့်နှံ့လာခဲ့ခြင်း သာ ဖြစ်ပါတယ်။
ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။
အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။
ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။
အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။
အရေးနိမ့်သွားတဲ့ ရခိုင်နယ်သားများက အနောက်ဘက် ဘင်္ဂေါနယ်မှာ ခိုလှုံခဲ့ပါတယ်။ (ထိုစဉ်က ဘင်္ဂေါနယ်- ဆိုတာ နာ့ဖ် မြစ်ရဲ့ အနောက်ပိုင်းဒေသ များဖြစ်ပြီး နာ့ဖ်မြစ်ရဲ့ အရှေ့ပိုင်းဒေသ စစ်တကောင်းနယ်က ဓည၀တီ အုပ်ချုပ်လိုက်၊ ဝေသာလီ အုပ်ချုပ်လိုက်၊ ဘင်္ဂေါက အုပ်ချုပ်လိုက်နဲ့ သူသိမ်း၊ ကိုယ်သိမ်း ကြားခံ ဒေသ ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂေါပြည်ကို အုပ်ချုပ်ထားတဲ့ မွတ်စလင်မွန်ဂိုမင်းရဲ့ စစ်သားအကူအညီ၊ စစ်ရေးအထောက်အပံ့အကူအညီများ နဲ့ မင်းစောမွန်ဟာ ဗမာများ သိမ်းပိုက်ထားတဲ့ လေးမူးနေပြည်တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး အင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ မြောက်ဦးအင်ပါယာရဲ့ အင်အားကို ဗမာဘက်က သြဇာတန်ခိုးကြီးထွား တဲ့ ဘုရင့်နောင် (တောင်ငူမင်းဆက်)တောင် မဖြိုခွင်းနိုင်ခဲ့ပါ။ မြေပုံကို ကြည့်ပါ။
http://en.wikipedia.org/wiki/Toungoo_Empire#First_Toungoo_Empire_.281510.E2.80.931599.29
Restored Toungoo or Nyaungyan Dynasty c. 1650
http://en.wikipedia.org/wiki/Toungoo_Empire#First_Toungoo_Empire_.281510.E2.80.931599.29
Restored Toungoo or Nyaungyan Dynasty c. 1650
မြောက်ဦး အင်ပါယာဟာ စစ်တကောင်းနယ် တစ်ခုလုံးကို နှစ်ပေါင်း ၃၈၀ ကျော် အုပ်ချုပ်စိုးမိုးခဲ့ပါတယ်။ ဒါကြောင့် စစ်တကောင်းနယ်က လူမျိုးအားလုံးဟာ မြောက်ဦးနိုင်ငံတော်အတွင်းက တရားဝင် လူမျိုးများ ဖြစ်ပြီး မူလဇာတိ လူမျိုးများလည်း ဖြစ်ပါတယ်။ မြောက်ဦးမင်းဆက် အားလုံးက မွတ်စလင်ဘွဲ့အမည်များ ခံယူပြီး ဘာသာရေး လွတ်လပ်ခွင့်ပေးခဲ့တဲ့ အတွက် စစ်တကောင်းနယ်က မွတ်စလင်များကလည်း အုပ်ချုပ်ခံရမှုကို ကျေနပ်ခဲ့ပါတယ်။
မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။
မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။
ဆက်လက်တင်ပြပါမည်။-
ဌေးလွင်ဦး

အခုခေတ် မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာ နယ်နိမိတ်ဟာ- ကုန်းမြေဆက်စပ်မှု မရှိတဲ့ သီးခြား ကျွန်းမဟုတ်သလို အလွတ်တစ်နေရာမှာ မြေသားထု မြေပုံဆွဲ ယူလာပြီး အိန္ဒိယနဲ့ တရုတ်ကြားမှာ လာကပ်ထားတဲ့ မြေနေရာလည်။ မဟုတ်ပါ။ ကမ္ဘာတည်ကတည်းက ရှိနေတဲ့ အာရှတိုက်ရဲ့ ကုန်းမြေ ဆက်စပ် နေတဲ့ အပိုင်းထဲက မြေနေရာတကွက်မျှသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာခဲ့တာ အေဒီ ၁၁ ရာစု (၁၀၄၄ ခုနှစ်)ကမှ ဖြစ်လာခဲ့ပြီး- အိမ်ဘေးက တရုတ် အိန္ဒိယတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ကလေး အဆင့်မျှသာ ရှိပါသေးတယ်။
မြန်မာရယ်လို့ ဖြစ်လာတဲ့ လူတွေ ဘယ်က ၀င်ခဲ့သလဲ၊
လက်ရှိ တရုတ်ပြည်လို့ သတ်မှတ်ထားတဲ့ ဧရိယာထဲက သို့မဟုတ် တိဘက်ကုန်းမြင့်ဒေသက တရုတ်ပြည်ကို ဖြတ်ပြီး မြန်မာနိုင်ငံရယ်လို့ ဖြစ်တယ်လာမယ့် ဧရိယာထဲကို ပင်မလူမျိုးနွယ် သုံးစု ၀င်လာခဲ့တာကိုတော့ အထူး ပြောနေစရာ မလိုပါ။
ဒီနေရာမှာ - ဒီလူမျိုးစု သုံးစု မတိုင်မှီက မြန်မာနိုင်ငံမှာ လူတွေ မရှိဘူးလား- ဆိုတဲ့ အချက်ကို ဆင်ခြင်ဘို့ လိုပါတယ်။ - သမိုင်းပညာရှင်တွေက ပျူတွေ နေထိုင်ခဲ့တယ်၊ ဟံလင်းကြီး ပိဿနိုး စသည်ဖြင့် ပျူမြို့ပြနိုင်ငံ ငယ်တွေ တည်ဆောက်ခဲ့တယ်- လို့ အခိုင်အမာပြောဆိုတာကိုလည်း မူလတန်းအောင်ပြီးသား ကလေးတိုင်း အနည်းဆုံးတော့ ကြားဘူးနားဝ ရှိပြန်ပါတယ်။- ဒီလိုတွက်ရင် လက်ရှိ လူမျိုးများထက် ပျူလူမျိုးများက ပိုမိုရှေ့ကျတဲ့ Native တွေ ဖြစ်တယ်လို့ ဆိုရမှာပါ။
မြန်မာပြည်လို့ ဖြစ်တည်လာမယ့် ဧရိယာရဲ့ နံဘေးမှာ မြန်မာမတိုင်မှီ ၅၀၀၀ ကျော်ကတည်းက နိုင်ငံအဖြစ် အင်ပါယာ အဖြစ် တည်ရှိနေတဲ့ အိန္ဒိယနဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက တည်ရှိနေတဲ့ တရုတ်နိုင်ငံတို့ ရှိ နေတယ် ဆိုတာကို မေ့ထားလို့ မရပါ။
မြန်မာမတိုင်မှီ ၀င်လာတဲ့ လူမျိုးတွေက သက်ဆိုင်ရာ ဒေသနိုင်ငံများ ထူထောင်ခဲ့ပေမယ့်- သူတို့ကို နိုင်ငံအဖြစ် အိန္ဒိယနဲ့ တရုတ်တို့က အသိအမှတ်မပြုပေးခဲ့ဘူး- ဆိုလိုတာက အဲ့ဒီဒေသတွေဟာ သူတို့ဆီက ပဲ့လွင့်သွားတဲ့ လူတွေက ရပ်ရွာထူထောင်ထားသလိုလို၊ သို့မဟုတ် သူတို့လူမျိုးတွေက မြို့တွေထူထောင်ထားလို့ သူတို့ကပဲ ပိုင်ဆိုင်သလိုလို၊ သို့မဟုတ် မြေလွတ်မြေရိုင်းတစ်ခုမှာ ဘယ်သူမဆို ၀င်ရောက်ရွာတည်ပြီး နေထိုင်နိုင်တယ်- ငါတို့ရဲ့ အင်ပါယာကို လိုအပ်ရင် အဲ့ဒီ ဒေသများထိ လွှမ်းမိုးထားလို့ ရတယ်လို့ ခံယူထားသလိုလိုမျိုးတွေနဲ့ ရှိနေ ခဲ့တယ်။
၁၁ ရာစုမှာ နန်ဇို ဘုရင့်နိုင်ငံရဲ့ လက်အောက်က ရုန်းထွက်ပြီး ဗမာများ ၀င်ရောက်လာခဲ့တယ်။ ဗမာတို့က ပျူ များကို သိမ်းပိုက်နိုင်ငံထူထောင်လိုက်တယ်၊ အခုမြန်မာပြည်အောက်ပိုင်း ကမ်းရိုးတန်းဒေသမှာ သူ့အရင်က ထူ ထောင်ပြီး ရှိနေတဲ့ မွန်တွေကိုပါ သိမ်းပိုက်လိုက်တယ်။ အနောက်ဘက်တောင်တန်းကြီးရဲ့ အနိမ့်ပိုင်းများကို ဖြတ်ကျော်ပြီး လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တောင်ကုတ်လောက်ကစ ဗမာထူထောင်ထားတဲ့ ပုဂံအင်ပါယာထဲကို သိမ်းသွင်းနိုင်ခဲ့တယ်၊-- အဲ့ဒီ အချိန်ကစ အိန္ဒိယကို စိုးမိုးထားတဲ့ ချိုလာအင်ပါယာကနဲ့ တရုတ်ပြည်မှာ စိုးမိုးထား တဲ့ ဆွန်မင်းဆက်တို့က ပုဂံကို အင်ပါယာ တစ်ခုအဖြစ် အသိအမှတ်ပြုပေးလိုက်တယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဟာ အချုပ်အခြာပိုင်တဲ့ ကိုယ်ပိုင်ဧရိယာနဲ့ အင်ပါယာနိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်။
ဒါပေမယ့် မြန်မာ့သမိုင်းမှာ မပေါ်လွင် တိမ်ငုတ်နေတဲ့ အရာတစ်ခုက ဧရာဝတီမြစ်ဖျားက ဆင်းလာတဲ့ ဗမာ များက မြန်မာနိုင်ငံရယ်လို့ မထူထောင်မှီကတည်းက မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ ကုလားတန် မြစ်ဖျား ဘက်က ဆင်းလာတဲ့ လူမျိုးက သီးခြားနိုင်ငံငယ်လေး ရှိပြီးသား ဖြစ်နေပါတယ်။ အဲဒီမှာ နိုင်ငံရှိပြီးသား ဖြစ်တယ်၊ ပုဂံအင်ပါယာက မသိမ်းသွင်းမှီကတည်းက လူတွေရှိပြီးသား ဖြစ်တယ်၊ အဲ့ဒီ လူတွေက ဘယ်က လာခဲ့ပါသလဲ။- အောက်မှာ ပုဂံခေတ်က မြန်မာနိုင်ငံရဲ့ မြေပုံကို ကြည့်ပါ။-
http://en.wikipedia.org/wiki/Pagan_Kingdom
ပုဂံခေတ် ဆိုတာ အထက်မှာ ပြောပြီးတဲ့အတိုင်း ၁၁ ရာစုမှာမှ ပေါ်လာတဲ့ အင်ပါယာ ဖြစ်ပါတယ်။ ၁၁ ရာစု မတိုင်မှီ နှစ်ပေါင်းထောင်နဲ့ချီပြီး အနောက်ဘက်ဒေသမှာ တိုင်းနိုင်ငံက တည်ရှိပြီး ဖြစ်နေပါပြီ။- ရခိုင်သမိုင်းအရ ဘီစီ ၃၃၂၅ ခုကတည်းက မာရယူမင်းက နိုင်ငံကို တည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပုဂံအင်ပါယာ မထွန်း ကား မဖြစ်ပေါ်မှီ နှစ်ပေါင်း ၄၀၀၀ ကျော် ရှေ့ကျနေပါတယ်။
ဗမာမ၀င်မှီ နှစ်ပေါင်း ၄၀၀၀ ကျော်တည်ရှိတဲ့ နိုင်ငံက လူသားတွေဟာ ဘယ်က လာခဲ့ပါသလဲ။ သမိုင်းကို ပြန် လိုက်ရင် သူတို့တွေဟာ အိန္ဒိယ အင်ပါယာဘက်က ဖြတ်ပြီး လာခဲ့တဲ့သူများသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်က အိန္ဒိယအင်ပါယာရဲ့ မြေပုံဟာ မသေချာသေးပေမယ့်- မြန်မာအင်ပါယာ မပေါ်မှီ နှစ်ပေါင်း ၁၅၀၀ စော ပြီး တည်ရှိတဲ့ အိန္ဒိယ မာဂဓ အင်ပါယာရဲ့ စတည်မှုနဲ့ ကျယ်ပြန့်လာတဲ့မြေပုံကို ကြည့်ပါ။
http://en.wikipedia.org/wiki/Magadha
http://en.wikipedia.org/wiki/Mauryan_Empire
ဗမာမ၀င်မှီ နှစ်ပေါင်း ၄၀၀၀ ကျော်တည်ရှိတဲ့ နိုင်ငံက လူသားတွေဟာ ဘယ်က လာခဲ့ပါသလဲ။ သမိုင်းကို ပြန် လိုက်ရင် သူတို့တွေဟာ အိန္ဒိယ အင်ပါယာဘက်က ဖြတ်ပြီး လာခဲ့တဲ့သူများသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀၀၀ ကျော်က အိန္ဒိယအင်ပါယာရဲ့ မြေပုံဟာ မသေချာသေးပေမယ့်- မြန်မာအင်ပါယာ မပေါ်မှီ နှစ်ပေါင်း ၁၅၀၀ စော ပြီး တည်ရှိတဲ့ အိန္ဒိယ မာဂဓ အင်ပါယာရဲ့ စတည်မှုနဲ့ ကျယ်ပြန့်လာတဲ့မြေပုံကို ကြည့်ပါ။
http://en.wikipedia.org/wiki/Magadha
http://en.wikipedia.org/wiki/Mauryan_Empire
ဒီမြေပုံအရ မြန်မာနိုင်ငံ အနောက်ပိုင်း အခု ရခိုင်ဒေသ မြောက်ပိုင်းက လူသားတွေဟာ မာဂဓ အင်ပါယာ ထဲက ၀င်ရောက်လာတဲ့ မာဂဓ မျိုးနွယ်များသာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရခိုင်သမိုင်းဆရာ တစ်ချို့ရဲ့ အဆိုအရလည်း ရခိုင်ဆိုတာ- လက်ဦးအစက မာဂဓ လူမျိုးတွေ ဖြစ်တယ်၊ ဗုဒ္ဓဘာသာ အဓိက လွှမ်းမိုးရာ ဖြစ်ပြီး ဗမာများထက် အလွန်တရာ ရှေးကျစွာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့သူများ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ မဏိပူရမှာ ရှိနေတဲ့ ရခိုင်များကို မော့ဂ်ဒ် (မဂဓ ဒေသမှ လူမျိုး)လို့ ခေါ်နေဆဲ သတ်မှတ်နေဆဲ ဖြစ်ပါတယ်။
ဒီနောက်မှာ အိန္ဒိယရဲ့ ကမ္ဘာကျော် အင်ပါယာ ပြည့်ရှင် အာသောကရဲ့ မောရိယ အင်ပါယာကြီး တစ်ဆက်တည်း ပေါ်ထွန်းလာခဲ့ပါတယ်။ အဲ့ဒီ အင်ပါယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းတောင်အောက်ပိုင်းဒေသများဟာ မင်းဘဏ္ဍာ ဆက်သ လက်အောက်ခံ တိုင်းနိုင်ငံငယ်များ ဖြစ်ခဲ့ပါတယ်။ မြေပုံမှာ ကြည့်ပါ။
http://en.wikipedia.org/wiki/Maurya_Dynasty
ဒီနောက်မှာ အိန္ဒိယရဲ့ ကမ္ဘာကျော် အင်ပါယာ ပြည့်ရှင် အာသောကရဲ့ မောရိယ အင်ပါယာကြီး တစ်ဆက်တည်း ပေါ်ထွန်းလာခဲ့ပါတယ်။ အဲ့ဒီ အင်ပါယာထဲမှာ ရခိုင်ဒေသနဲ့ ချင်းတောင်အောက်ပိုင်းဒေသများဟာ မင်းဘဏ္ဍာ ဆက်သ လက်အောက်ခံ တိုင်းနိုင်ငံငယ်များ ဖြစ်ခဲ့ပါတယ်။ မြေပုံမှာ ကြည့်ပါ။
http://en.wikipedia.org/wiki/Maurya_Dynasty
ဒီကာလဟာ ပုဂံအင်ပါယာ မပေါ်ထွန်းမှီ နှစ်ပေါင်း ၁၂၀၀၊ ၁၃၀၀ ကတည်းက တည်ရှိနေတဲ့ လူတွေ ဖြစ် ပါတယ်။
မာဂဒတွေရဲ့ စကားက မာဂဓ တွေရဲ့ စကားက မာဂဓီ စကားဖြစ်တယ်။ အဲ့ဒီ ဘာသာစကားကို ရှင်ဂေါတမ ဘုရား ရှင်လက်ထက်က ရှင်ဂေါတမပွင့်ပေါ်ရာ အရပ်မှာ အများသုံး ဘာသာစကား အဖြစ် လူသိများပါတယ်။ ရှင်ဂေါတမ ကိုယ်တိုင်ကတော့ အို့ဓ် ဘာသာစကားကို ပြောတယ်လို့ ဂျာမန်သမိုင်းပညာရှင် မောရစ်ဝင်တာနစ် က သူ့ရဲ့ History of Indian culture –Buddhism ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားပါတယ်။
ဒီနေ့ ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာလို့ ခံယူသူများ ပြောတဲ့ စကားဟာ မြန်မာများက ပါဠိဘာသာစကားလို့ သတ်မှတ်ထားတဲ့ မာဂဓ ဘာသာစကားနဲ့ အလွန်တရာ နီးစပ်နေတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာတို့ရဲ့ ဘာသာ စကားဟာ မိုင်ပေါင်းထောင်ချီကွာဝေးနေတဲ့ နီပေါလ်ဘာသာစကား၊ မဏိပူရ် ဘာသာစကားများနဲ့လည်း အတော့ကို နီးစပ်နေပါတယ်။
ဒီလို ပြောလို့ မြန်မာအမျိုးသားရေးဝါဒီများ အနေနဲ့ စိတ်မဆိုးအပ်ပါ။ ကျွန်တော်က ရိုဟင်ဂျာ တစ်ဦး မဟုတ်ပါ။ ဒါပေမယ့် ရခိုင်ပြည်မှာ အတူနေတဲ့ ရိုဟင်ဂျာ လူမျိုးများရဲ့ ဘာသာစကားများကို နီးစပ်ရာ သူငယ်ချင်းများက တစ်ဆင့် ထမင်းစားရေသောက်လောက် တတ်မြောက်ပါတယ်။
ဆယ်တန်းအောင်ပြီး မြန်မာစာ မေဂျာကို ယူတော့ ပါဠိစာပေကို စတင်သင်ယူရပါတယ်။ ဒီအခါမှာ ပါဠိစာပေကို သင်ယူရတာ အလွန်လွယ်ကူနေတာကို တွေ့ရပါတယ်။ ဥပမာ ပါဠိစာမှာ အဟံ ဘတ္တံ ခါဒန္တိ- ကျွန်ုပ်သည် ထမင်းကို စားသည်။ ဆိုတဲ့ ၀ါကျဟာ ရိုဟင်ဂျာ ဘာသာစကားက ဟမ်း ဘတ် ခိုက်တဲ ဆိုတဲ့ စကား ဖြစ်နေပါ တယ်။ ဒီလို အသံကွဲရတာက- မြန်မာပါဠိက မြန်မာသံလုပ်ပြီး မြန်မာစာနဲ့ ရေးထားတဲ့ စာဖြစ်နေလို့ပါ- ဥပမာ What is this? ဆိုတာကို မြန်မာလို ၀ှတ် (တ) အက် (စ်) ဿဲ့စ် (စ်) ဆိုသလိုပါ။ ဒါကို အင်္ဂလိပ်စကားပြော တက်ကယ်မတတ်သူက အသံထွက်အတိုင်းကျက်ထားပြီး ၀ှတ်တ အက်စ ဿဲ့စ လို့ ဖတ်ပြီး ပြောနေသလိုပါ။
အချို့နေရာများမှာတော့ မူရင်းအသံ စ သို့မဟုတ် ဆ ကို မြန်မာက သ အဖြစ် ပြောင်းထားတာမျိုး ရှိပါတယ်။ ဥပမာ ၀က်သားကို ပါဠိမှာ သူရက (သူရ်က)လို့ ခေါ်ပါတယ်။ ဒါကို ရိုဟင်ဂျာစကားမှာ ဆူဝဲလ် လို့ခေါ်ပါတယ်။ မနုဿ လူသားကို မနုဆ် လို့ခေါ်ပါတယ်။ အရပ်သုံး စကားလုံးထဲမှာပဲ မြောက်များစွာသော ရာနှုန်းများက တူညီနေတာကို အလွယ်တစ်ကူတွေ့နိုင်ပါတယ်။
စကားကိုမတတ်တဲ့ စာသံနဲ့ မူလဇစ်မြစ် စကားသံ မတူညီဘူး ဆိုတာတေ့ စာတတ်သူတိုင်း ဆင်ခြင်မိမယ် ထင်ပါတယ်။
ဒီလို ဆိုရင် ရခိုင်မြောက်ပိုင်းနေ လူသားတွေဟာ ဗမာများရောက်ပြီးမှ အဲ့ဒီ ဒေသကို ရောက်လာတာလား၊ သို့မဟုတ် သူတို့တွေက Native တွေလား ဆိုတာတော့ ရိုးသားသူတိုင်း မြင်နိုင်လောက်မယ် ထင်ပါတယ်။
အမှား ထောက်ပြမယ် လို့ ရည်သန်သူများ အနေနဲ့ ပညာတတ်ဆန်ဆန် ယဉ်ကျေးစွာ ဆွေးနွေးလိုသူတိုင်းကို အချိန်မရွေး ဖိတ်ခေါ်ပါတယ်။
Wiki မှ History of Burma, History of Rakhine နှင့် History of India များကို ကိုးကားတင်ပြသည်။
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး

နိုင်ငံတစ်ခုကို စည်းလုံးညီညွတ်မှုများနဲ့ အခြေခံပြီး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ နိုင်ငံချစ်သူ တိုင်းဟာ- မိမိနိုင်ငံရဲ့ ဖြစ်တည်လာတဲ့ သမိုင်းကို အတတ်နိုင်ဆုံး အမှန်အတိုင်း သိဘို့၊ လက်ခံဘို့ လိုအပ်ပါ တယ်။ သမိုင်းမှန်ကို သိမှ- ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က ကောင်းတာလုပ်ခဲ့လို့ ငါတို့ တိုင်းပြည်ကြီး တိုးတက်ခဲ့တယ်လို့ အတုယူနိုင်သလို-၊ ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က မကောင်းမှုများနဲ့ အာဏာပြခဲ့လို့ ငါတို့တစ်တွေ ဒုက္ခရောက်ခဲ့ရတယ်- လို့ သင်ခန်းစာယူနိုင်ပြီး- ကောင်းတဲ့ဘက်ကို အတုယူပြီး နိုင်ငံကို တည် ဆောက်လို့ ရနိုင်ပါတယ်။
ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြသနာဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ လူမျိုးရေး ပြသနာ၊ တစ်ချို့နိုင်ငံတွေ မှာ ဘာသာရေးပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ ဘာသာတူ ဂိုဏ်းကွဲ ပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေး သီအိုရီ ပြသနာနဲ့ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးပြသနာ ဆိုပြီး တည်ရှိနေဆဲပါ။
ဒီအထဲမှာ တိုးတက်တဲ့ပွင့်လင်းတဲ့နိုင်ငံများက စီးပွားရေးပြသနာများသာ ရှိနေပြီး- ကျန် လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးတွေ လွင့်ပျယ်ပပျောက်နေပါပြီ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဆိုပါတော့- သူတို့မှာ စီးပွားရေး ပြသနာပဲ ရှိနေပါတယ်။ စီးပွား ဘယ်လောက်ကျသွားတယ်- အလုပ်လက်မဲ့ ဘယ်လောက်များလာတယ်- ဆို တာမျိုးပါ။ ဒါတွေကို အစိုးရတစ်ရပ်က ဖြေရှင်းတဲ့အခါမှာ အဲ့ဒီ အစိုးရကို ထောက်ခံအားပေးရတဲ့ ပြည်သူတွေက လည်း အားရကျေနပ်ကြပါတယ်။ လူတစ်ဦးချင်းရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ လူတစ်ဦးချင်းစီက စိတ် ဓါတ်ခိုင်မာစွာနဲ့ ကြိုးစားယူတဲ့ သဘောမျှသာ ဖြစ်နေတယ်။
နိုင်ငံရေးပြသနာကြောင့်- အာဏာရှင်စနစ် ဆိုတာ ပေါ်ပေါက်လာနိုင်သလို၊ လူမျိုးရေး ပြသနာကြောင့် အမျိုးသားရေး ၀ါဒီများ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ အဲ့ဒီ ပြသနာကို ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်းက အဆိုးဝါးဆုံး သော ပြသနာများကို ကြုံရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါက်ကွဲလုဆဲဆဲ ဗုံးကြီးကို ရင်ခွင်ထဲမှာ ထည့်ထားရသလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ချမ်းသာမှု မရရှိနိုင်ပါ။
လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပြသနာ၊ အမျိုးသားရေး ပြသနာ၊ ဘာသာရေးပြသနာ၊ စီးပွားရေးပြသနာ အားလုံး ပေါင်းပြီး ကြုံကြိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပြသနာတွေကြောင့် နိုင်ငံရေး အယူသည်းတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စိတ်ရှိသူများ၊ အမျိုးသားရေး အယူသည်းတဲ့ လူမျိုးရေးဗိုလ်ကျ အမျိုးသားရေးဝါဒီ များ၊ ဘာသာရေးခွဲခြားတဲ့ ဘာသာရေးမောင်ပိုင်စီး အာဏာရှင်များ၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ မသမာ စီးပွားရေးသမားများ ကြီးစိုးရာ အရပ်ကြီး ဖြစ်နေတယ်။
ဒီအခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင်များက သူ့အာဏာအတွက် လူထုကြီးကို နည်းမျိုးစုံနဲ့ လိမ်လည်တယ်။ ဘာသာရေးသမားတွေက အာဏာတည်နေတဲ့ ဘာသာတစ်ခု အတွက် နောက်လိုက်ဒကာများကို ဘာသာခွဲခြား အမုန်းဓါတ်တွေ သွင်းပေးတယ်၊ အမျိုးသားရေးဝါဒီတွေက လူမျိုးရေး သမိုင်းတွေကို လိမ်လည်ပြီး သမိုင်းမှန်ကို ဖုံးဖိဖျောက်ဖျက် လာတယ်၊ စီးပွားရေးသမားတွေက နီးစပ်ရာ အာဏာပိုင်များကို ပေါင်းပြီး တရားသည် မတရာ သည် မရှိ လူထုကို လှည့်စား ပါးပါးလှီးလာတယ်။ ဒါတွေ အားလုံးကို တစ်ကယ် ခံရတာက ပြည်သူများသာ ဖြစ် ပါတယ်။
ပြည်သူများမှာလည်း အာဏာရှင်နဲ့ အမျိုးသားရေးဝါဒီများရဲ့ စနစ်တကျရေးဆွဲ ပြဌာန်းတဲ့ ပညာရေးစနစ် အောက်က ကြီးပြင်းလာရတော့- အဖြူထည် သတ္တတစ်ခုကို ရွှေရည်ငွေရည် စိမ်ထားသလို အရောင်စွဲနေတော့ တယ်။ စာသင်ကျောင်းများ နေရာတိုင်းမှာ တိုးပွားလာလေ- အရောငက်ဆိုးခံရလေ ဖြစ်လာပြီး ဘွဲ့ရ ပညာတတ် လို့ နာမည်ခံလေ- သမိုင်းလိမ်အောက်မှာ ကျင့်သားရ ဒဏ်သေပြီး ခေါက်ရိုးကျိုးလေ ဖြစ်လာပါတယ်။ ဒီလို ဦးနှောက်ဓါတ်စာနဲ့ ကြီးပြင်းလာရသူ များလာတော့- လူများစုကြီးက မှန်မှားမသိ အမျိုးသားရေးဝါဒီတွေ ဖြစ်လာ ပြန်တယ်။-
အာဏာရှင် စနစ်ဆိုးအောက်မှာ ဒဏ်ခံရတာ များလွန်းလို့ အာဏာရှင်ကို မုန်းစိတ်တွေ ဖြစ်လာပေမယ့်- သူတို့ရင်ထဲက အမျိုးသားရေးဝါဒီကြီးက သူတို့ဘ၀ စိုးမိုးပြီး ဖြစ်နေတာကို သူတို့ မသိနိုင်တော့ပါ။ သာမန် လူထုကို မဆိုထားနဲ့ ဆယ်တန်း အောင်ဘွဲ့ရ ဆိုသူတွေတောင်- ရှင်ဂေါတမ ဗုဒ္ဓသည်ပင် မြန်မာနိုင်ငံထဲက မိတ္ထိ လာမြို့နားမှာ မွေးဘွား ပွင့်ပေါ်ခဲ့တယ်လို့ စွဲမှတ်နေသူတွေက ရာနှုန်းများနေပါသေးတယ်။- ကမ္ဘာ့အလယ်မှာ အတော့ကို မျက်နှာပူစရာ ကိစ္စပါ။
ခေတ်စနစ်ပြောင်းလာပြီး ကမ္ဘာ့ဗဟုသတ အတော်အတန် ရှိလာတဲ့ လူတစ်ချို့ကလည်း လူများစုကြီးရဲ့ အကြည်ညိုပျက်မှာ စိုးလို့- မှန်တာမှားတာ ခဏထား ကုလားကိစ္စ လက်ဝင်မနှိုက်နဲ့ ဆိုတဲ့ အများကြိုက် လိုက် လျှော ဆင်ခြင်မှားကို လက်ကိုင်ပြု ၀ါဒီတွေ အဖြစ် အသွင်ပြောင်းလာတာကို တွေ့ရပြန်ပါတယ်။ ပကတိ အမှောင်ကျနေတဲ့ လူထုကြီးကို အမုန်းခံပြီး မီးရှုးတစ်ဆောင် အဖြစ် ပေါ်လာတဲ့ လူသား ဆိုတာ ရှာမတွေ့နိုင် လောက်အောင်ကို ဖြစ်ရတော့တယ်။
တစ်ကယ့် အမှောင်ကျနေတဲ့ လူထုကို မှန်မှန်မှားမှား အလိုလိုက်နေခြင်းဟာလည်း လူထုကို နှက်သတ်တာနဲ့ တူနေပြီလို့ တွေးမိဘို့တော့ လိုပါမယ်။ တိုင်းပြည်နဲ့ လူထုကို တစ်ကယ်စေတနာနဲ့ ချစ်ရိုးမှန်ရင် ငါနေရာ ရဘို့ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး ဗဟုသုတ ရှိသူတိုင်းက လူထုအတွက် မီးရှုးတန်ဆောင် ဖြစ်သင့်တယ်။
တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် အငြိုးအာဃာတများကို ဖယ်ရှားပြီး တိုင်းပြည်ရဲ့ သမိုင်း၊ တိုင်းပြည်ရှိ လူမျိုးအားလုံးရဲ့ သမိုင်းများကို စနစ်တကျ ဖေါ်ထုတ်သင့်တယ်။ ပူးပေါင်းလေ့လာသင့်တယ်။ အနာဂါတ် အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
ဥပမာ- မြန်မာလူမျိုးအများစုကြီးက မိမိတို့ရဲ့ ကိုးကွယ်ပူဇော်ရာ ဘုရားရှင်ဟာ အန္ဒိယ လူမျိုးဖြစ်တယ် ဆိုတာ မေ့လျှော့နေသလို- မိမိတို့ဆီကို ဗုဒ္ဓသာသနာ ရောက်လာရတဲ့ မွန်လူမျိုးတွေရဲ့ ကျေးဇူးကြောင့် ဆိုတာကိုလည်း မေ့ပျောက်နေပါတယ်။ ဒီထက်ပိုဆိုးတာက ပုသိမ်၊ ပဲခူး၊ သံလျှင်၊ ရန်ကုန်က အစ မြန်မာပြည်အောက်ပိုင်း တစ် ခုလုံးက- လက်ရှိ ဗမာ ဆိုသူများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က ပကတိ မွန်အစစ်များ ဖြစ်ခဲ့တယ်- ဗမာများက မွန်ဘုရင်များကို စစ်နိုင်ပြီး ဗမာစကား မပြောမနေရ ပြဌာန်းမှုမျိုး (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေ ကျင့် သုံးခဲ့ခြင်း) ကြောင့် သူတို့တွေဟာ မွန်စကားပြော ပျောက်ဆုံးသွားပြီး ဗမာစကားပြောတဲ့ လူသားတွေ ဖြစ်လာခဲ့ ရတယ် ဆိုတာများကိုတောင် မသိတော့တဲ့ လူက ၉၀ ရာနှုန်းကျော် ရှိနေပါတယ်။ တစ်ကယ်တော့ ဒီအဖြစ်က မိမိတို့ရဲ့ မိဘဘိုးဘွား မျိုးစဉ်မျိုးဆက် သမိုင်းကို ကျေးဇူးကန်းသလို ဖြစ်နေပါတယ်။ သမိုင်းကို သမိုင်း အဖြစ် သာ တင်ပြခြင်း ဖြစ်ပါတယ်။ မွန်ပြည်ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ပါ။ မွန်စင်စစ် ဗမာအရေခွံဝတ် ထားပြီး ဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်း လူထုကလည်း မွန်ခွဲထွက်ရေးကို စိတ်မ၀င်စားတော့ပါ။ (မွန်များ ဗမာ ဖြစ်သွားရခြင်း အကြောင်းကို Mon People လို့ ရိုက်ပြီး Wiki မှာ ဖတ်ကြည့်ပါ။)
သူ့လူမျိုးကို သူချစ်ပြီး ရပ်တည်နေတဲ့ မွန်တွေကိုတော့ ဗမာအစိုးရလက်ထက် အဆက်ဆက်မှာ နားလည်မှု တည်ဆောက်ရေး၊ ဖြူစင်ရိုးသားတဲ့ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုစိတ် ဖြစ်တည်ရေးကို မဆောင်ရွက်ဘဲ မွန်သောင်းကျန်းသူများလို့ သခိုး ဂျပိုး စာရင်းသွင်းက ၀ါဒဖြန့်မှိုင်းတိုက်ထားပါတယ်။ လူထုကလည်း အဲ့ဒီ အရောင်တင်မှုအောက်မှာ ယုံကြည်မှု ခိုင်မာလာပြီး-၊ တစ်ကယ်လို့ မွန်တွေဟာ သောင်းကျန်းသူတွေ သူခိုး ဂျပိုးတွေ အဖျက်ကောင်တွေ ဖြစ်ခဲ့ရင် ငါတို့ကို အမွေပေးလိုက်တဲ့ ဗုဒ္ဓဘာသာဟာလည်း သူခိုးဂျပိုးတို့ဆီက တစ်ဆင့် ကူးစက်လာတာ- လို့ ဖြစ်နေမယ်။ ဒီတော့ အာဏာရှင်တွေ မှိုင်းတိုက်သလို မွန် လူမျိုးတွေဟာ သူခိုး ဂျပိုး လူမျိုးတွေ မဖြစ်နိုင်ဘူး- ရယ်လို့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတောင် မရှိတော့ပါ။
ပကတိ သဘောမှာ လူသားတွေဟာ ရိုးသားမှုကို ကြိုက်ပါတယ်။ အေးချမ်းမှုကို မြတ်နိုးပါတယ်။ စည်းလုံး ညီညွတ်ပြီး တိုးတက်ကောင်းစားရေးကို ခုံမင်ပါတယ်။- အလားတူပဲ ခွဲခြားဆက်ဆံမှုကို မုန်းတီးပါတယ်။ နှိပ် ကွပ်မှုကို နားကျည်းပါတယ်။ သမိုင်းဖျောက်မှုကို ရွံရာစက်ဆုတ်ပါတယ်။
နားကျည်းမှုများမှသည် လက်စားချေမှု- လက်တုံ့ပြန်မှုဘက်ဆီသို့ ဦးတည်သွားနိုင်ပါတယ်။
ဆက်လက် ဖေါ်ပြပါမည်။
ဌေးလွင်ဦး
New York, USA

မြန်မာ နိုင်ငံရေး သမားလောကမှာ ရိုဟင်ဂျာတို့ကို တိုင်းရင်းသား အဖြစ် အသိအမှတ် မပြုလိုမှုကို အခြေခံပြီး- ရိုဟင်ဂျာတွေ ပြောတဲ့ စကားဟာ ဘင်္ဂလီစကား ဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုထားတဲ့ လူမျိုးနွယ် တစ်ခုခုရဲ့ ဘာသာစကားကို မတတ်မြောက်ဘူး- လို့ မှန်းဆပြောနေသူများ ကိုလည်း ထုနဲ့ဒေး တွေ့နေရပါတယ်။
တစ်ချို့ကလည်း ရိုဟင်ဂျာတွေဟာ ယဉ်ကျေးမှုအရ သီးခြားဖြစ်နေတယ်၊ အခြားလူ့အသိုင်းအ၀ိုင်းနဲ့ ၀န်မဆန့် ဘူးလို့ စွပ်စွဲတာတွေလည်း အကြီးအကျယ် ရှိနေတယ်။
ဒါတွေအားလုံးက လုံးဝ အမုန်းတရားကို အခြေခံပြီး ဗဟုသုတမဲ့စွာ လျှောက်ပြောနေတဲ့ အရာများသာ ဖြစ် တယ်လို့ ပြောလိုပါတယ်။
(၁) ဘာသာစကားကို ထောက်ပြလိုတယ်- ရခိုင်ဒေသလို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်း မြောင်ဒေသမှာ တရားဝင် သတ်မှတ်ထားတဲ့ လူမျိုး ၇ မျိုးရှိနေတယ်။ အဲ့ဒီမှာ ဒိုင်းနက်၊ ချင်း၊ မာရ်မာကီး၊ ခမွီး၊ ကမန်၊ ရခိုင် နဲ့ မြိုလူမျိုးတို့ ဖြစ်တယ်။ ဒီလူ မျိုး ၇ မျိုးမှာ ကမန်နဲ့ ရခိုင်က လူမျိုးတူ ဘာသာကွဲ ဖြစ်တယ်၊ ယဉ် ကျေးမှု ဓလေ့ ဘာသာစကား အကုန်တူညီတယ်။ ကျန် ၅ မျိုးက သူ့ဓလေ့နဲ့ သူ့ဘာသာစကား သီးခြား ဖြစ်နေ တယ်။ ဒီအထဲမှာ ဒိုင်းနက်တို့ ခမွီး တို့က ရခိုင်ထက် ရှေ့ကျတဲ့ လူမျိုးစုတွေ ဖြစ်တယ်။
ရိုဟင်ဂျာတွေ ပြောနေတဲ့ ဘာသာစကားနဲ့ တရားဝင် တိုင်းရင်းသား အဖြစ် သတ်မှတ်ထားတဲ့ ဒိုင်းနက်လူမျိုးစု ပြောနေတဲ့ ဘာသာစကားဟာ ၁၀၀ ရာနှုန်း တူညီနေတယ်။ ပညာရှင် ခံယူထားသူများ လေ့လာကြည့်ပါ။ ဒါဟာ ရိုဟင်ဂျာတို့က တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို မတတ်ဘူးလို့ ပြောနေတာ- လုံးဝ မှားယွင်းနေတဲ့ သက်သေအဖြစ် လုံလောက်မယ် ထင်ပါတယ်။ တောနယ် တောင်တန်းဒေသမှာ နေတဲ့ ဒိုင်းနက်တို့က ဘာသာ တစ်ခုကို ရွေးချယ်ကိုးကွယ်ခြင်း မရှိသေးဘဲ- တောနတ်၊ တောင်နတ်၊ ရိုးရာနတ်များကို ကိုးကွယ်နေသူများပါ တယ်။ သူတို့ထဲက ပညာတတ်များထွက်ပေါ်လာခြင်းလည်း ရာနှုန်းနည်းပါးပါတယ်။ တနည်းအားဖြင့် သူတို့ထဲ က နိုင်ငံသုံး မြန်မာစကားနဲ့ မြန်မာစာကို တတ်မြောက်သူ လူဦးရေ ရာနှုန်းက ရိုဟင်ဂျာများလောက် မများပါ။
ကျောင်းနေခွင့်ရ ရိုဟင်ဂျာများက မြန်မာစကားနဲ့ မြန်မာစာကို ကျွမ်းကျင်စွာ တတ်မြောက်ပါတယ်။ အချို့ဆိုရင် မိခင်ဘာသာစကားကိုတောင် မပြောနိုင်တော့ဘဲ- မြန်မာစာ မြန်မာစကားနဲ့ပဲ ကျင်လည်နေတဲ့ မျိုးဆက်ပေါင်း လည်း ထုနဲ့ဒေး ဖြစ်နေပါတယ်။
အလွန်ခေါင်ပြီး ကျောင်းနေခွင့်မရတဲ့ ရိုဟင်ဂျာများက မြန်မာစကားကို မတတ်မြောက်ပေမယ့်- သူတို့ရဲ့ ဘာသာ စကားကိုယ်တိုင်က မြန်မာနိုင်ငံတွင်း အသိအမှတ်ပြု တိုင်းရင်း ဘာသာစကား ဖြစ်တဲ့ ဒိုင်းနက်ဘာသာ စကားကို ရာနှုန်းပြည့် တတ်မြောက်နေသူများ ဖြစ်ပါတယ်။ ဒီဘာသာ စကားအပြင် အခြားသီးခြား ဘာသာ စကား ရိုဟင်ဂျာများမှာ မရှိပါ။
(၂) သီးခြား ယဉ်ကျေးမှု- လို့ မြင်နေတဲ့ အမြင်က နိုင်ငံရေးကို မကျွမ်းကျင်သူများရဲ့ သာမန်လူထုရဲ့ သုံးသပ်မှု မျှသာ ဖြစ်ပါတယ်။ မြောက်ဦးဘုရင်နိုင်ငံကို မြန်မာများ မသိမ်းပိုက်မှီ- မြောက်ဦးနှောင်းပိုင်းကာလ ကတည်းက ရိုဟင်ဂျာတွေဟာ စတင်ဖိနှိပ်ခွဲခြားခံနေခဲ့ရပါတယ်။ မြောက်ဦးနန်းတွင်း အာဏာလုမှုများကြားမှာ ဗမာများကို အားထားပြီး အာဏာလိုချင်သူများက မြောက်ဦးဘုရင်အဆက်ဆက် အားထားခဲ့တဲ့ ရိုဟင်ဂျာများကို စတင်ဖိနှိပ် တယ်လို့ ဆိုရမှာပါ။ ဒီလို ချိုးနှိမ်နိုင်မှ မြောက်ဦးဘုရင်တို့ရဲ့ လက်ကိုင်လူထု ဦးကျိုးသွားပြီး မြောက်ဦးဘုရင်တို့ ရဲ့ လက်က အာဏာကို လုယူနိုင်မှာ ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေမှာ ရိုဟင်ဂျာ အများစုက သူတို့ယုံကြည်တဲ့ အစ္စလာမ်သာသနာရဲ့ ဓမ္မသတ်တွေထဲက စစ်ကာလ ဓမ္မသတ် ဖြစ်တဲ့ ဒါရိုဟရာ့ဘ် အရေးပေါ် အခြေအနေကို ရိုဟင်ဂျာလူထုကြားမှ စတင်ကျင့်သုံးရပါတယ်။ အဲ့ဒီ မှာ- အထူးသဖြင့် အမျိုးသမီးများကို အဓမ္မပြုကျင့်ခံရခြင်းမှ တတ်နိုင်သမျှ ကာကွယ်ပေးနိုင်အောင် အမျိုးသမီး များ အရွယ်ရောက်လာရင် အိမ်ထဲမှာပဲ နေရမယ် ဆိုတဲ့ မူနဲ့၊ မိမိဘုရင်နဲ့ မိမိတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ချိုးဖဲ့ပြီး ပြဌာန်းသင်ကြားပေးတဲ့ ပညာရေးစနစ်များကို အားမပေးရ ဆိုတဲ့မူများ ဖြစ်ပါတယ်။ ဒီ ဓမ္မသတ်တွေကို ကျင့်သုံး ပြီး လူထုကို ထိန်းသိမ်းခဲ့လေတော့ အမျိုးသမီးများဟာ အဓမ္မပြုကျင့်ခံရခြင်းမှ အတော်အသင့် လွတ်မြောက် ပေမယ့် အခြားတစ်ဘက်မှာ ပြင်ပ ဗဟုသုတများ ဆုံးရှုံးခဲ့ရပါတယ်။ အလားတူ လူငယ်အများစုကလည်း စာသင်ကျောင်းတွေရဲ့ ပညာရေးမှုကို ဆန့်ကျင်ခဲ့တော့ အခြားသော သူများနဲ့ ဗဟုသုတမှာကွာခြား သွားခဲ့ပါ တယ်။ ဒါဟာ သူ့မြေ၊ သူ့ဘုရင် သူ့ဇာတိကို ချစ်လို့ ဖြစ်ခဲ့တဲ့ သမိုင်းရကြောရိုးများသာ ဖြစ်ပါတယ်။
ဒီအခြေအနေဟာ အရေးပေါ် အခြေအနေ ဆိုပေမယ့် အရေးပေါ် အခြေအနေက နှစ်ကာလ ကြာလာတော့ ဓလေ့လို ဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲမှာတောင် ရိုဟင်ဂျာများကို အသိအမှတ်ပြုတဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်က စ ရိုဟင်ဂျာတွေဟာ လူမျိုးတွင်း အတွင်းပြောင်းလည်းရေးမှုကို ချခဲ့ပြီး တတ်နိုင်သမျှ ပညာဆည်းပူးခဲ့ ပါတယ်။ မြန်မာစာနဲ့ မြန်မာစကားကို မြတ်မြတ်နိုးနိုး သင်ယူ သင်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ကျန်လူမျိုးစုများနဲ့ နှိုင်းယှဉ်ကြည့်ပါ။ ရိုဟင်ဂျာ လူမျိုးများရဲ့ နိုင်ငံချစ်စိတ်၊ ပြည်မနဲ့ ပူးပေါင်းနေထိုင် လိုစိတ်က- ဒီနေ့ထိ အကြီးအကျယ် ကိန်းဝပ်နေပါတယ်။ မြန်မာစာ မြန်မာစကားကိုလည်း တတ်မြောက်မှုမှာ ကျန်တိုင်းရင်းသားများထက် ရာနှုန်း မနည်းပါ။
ရှမ်း၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်၊ ကချင်- အားလုံး ရာနှုန်းပြည့် မြန်မာစကားကို မတတ်မြောက်ပါ။ အလားတူ ဗမာ လူများစုကြီးက တိုင်းရင်းသား ဘာသာစကားတစ်ခုကို တတ်မြောက်သူ အလွန့်အလွန်နည်းပါးပါတယ်။ ရိုဟင်ဂျာကို အလွန်မုန်းတီးနေတဲ့ လွှတ်တော် အမတ်တစ်ယောက်က တိုင်းရင်းသား ဒိုင်းနက်လူမျိုးများဆီကို စည်းရုံးရေး ခရီးသွားမယ် ဆိုရင်- သူတတ်နေတဲ့ မြန်မာစကားက အသုံးမ၀င်တော့ပါ။ ရိုဟင်ဂျာတစ်ဦးကို စကားပြန်အဖြစ် ခေါ်သွားရင် သူတတ်ထားတဲ့ မြန်မာစကားထက် အဆပေါင်းများစွာ အသုံးဝင်ကြောင်းကို လက်တွေ့ တွေ့ရပါလိမ့်မယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်စကားကို ပြောဆိုတဲ့ လူမျိုးက ကမန်နဲ့ ရခိုင်သာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ စကားကို ပြောဆိုတဲ့ လူမျိုးက ဒိုင်းနက်၊ ရိုဟင်ဂျာ၊ မာရ်မာကီး သုံးမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ရခိုင်စကား ထက် ပိုပြီး ရိုဟင်ဂျာစကားကို လူမျိုးစု အများက တိုင်းရင်း ဘာသာစကား အဖြစ် အသိအမှတ်ပြုထားခြင်း ဖြစ်ပါ တယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်စကားကို ပြောဆိုတဲ့ လူမျိုးက ကမန်နဲ့ ရခိုင်သာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ စကားကို ပြောဆိုတဲ့ လူမျိုးက ဒိုင်းနက်၊ ရိုဟင်ဂျာ၊ မာရ်မာကီး သုံးမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် ရခိုင်စကား ထက် ပိုပြီး ရိုဟင်ဂျာစကားကို လူမျိုးစု အများက တိုင်းရင်း ဘာသာစကား အဖြစ် အသိအမှတ်ပြုထားခြင်း ဖြစ်ပါ တယ်။
ရိုဟင်ဂျာများမှာ သူ့ဘာသာ သူ့ဘာသာစာပေကို သင်ကြားခွင့်ရရှိရေး စာသင်ကျောင်းဖွင့်ခွင့် ရရှိရေး တောင်း ဆိုခြင်းလည်း မရှိပါ။ နိုင်ငံက ခွဲထွက်ဘို့ ကြိုးစားခြင်းလည်း မရှိပါ။ သူများတွေ ပြောနေတဲ့ ဖက်ဒရယ်မူ (အတွင်း သဘောမှာ ခွဲထွက်ရေးမူ)ကိုလည်း ရိုဟင်ဂျာများ လုံးဝ လက်မခံပါ။ သူတို့သည် အခြားသော လူသား များ ကဲ့သို့ လူသား ဖြစ်တယ် ဆိုတဲ့ အသိအမှတ်ပြုပေးမှုကိုသာ တောင်းဆိုနေပါတယ်။ သူတို့ရဲ့ ကာယ၊ ဉာဏ၊ ဓန တွေအားလုံးကို မြန်မာနိုင်ငံအတွက် ပေးဆက်ဘို့ပဲ တောင်းဆိုနေပါတယ်။ ဒီလို လူမျိုးစုကို နှင်ထုတ်နေပြီး ခွဲထွက်ရေးအတွက် အမြဲကြံစည်နေသူများကိုသာ ရင်ဘတ်ထဲ ဆွဲသွင်းနေတဲ့ အဖြစ်က အင်မတန် အံ့သြဘို့ ကောင်းနေပါတယ်။
မိမိရဲ့ နိုင်ငံကို တစ်ကယ်ချစ်ပြီး အတူတကွ နေထိုင်လိုသူများကို ဘယ်ခွဲထွက်ရေး သမားကမှ ကြည်ဖြူမှာ မဟုတ်ပါ။ သူတို့ရဲ့ မကြည်ဖြူမှုကို အလိုလိုက်ပြီး- ရိုဟင်ဂျာ မုန်းတီးရေး ဖြန့်ချီနေတဲ့ မြန်မာ့နိုင်ငံရေး သမားများ ကို “ပထွေးကို ကြက်ဥတိုက်နေသူများ” လို့ ကမ္ဘာက သတ်မှတ်နေပါပြီ။ တိုင်းပြည်ကို တစ်ကယ်ချစ်သူများက တိုင်းပြည်ခွဲထွက်ရေး၊ ခွဲထွက်ရေး အတွက် လမ်းစ၊ ခွဲထွက်ရေးသမားတို့ရဲ့ ၀ါဒ မှိုင်းများကို ပြတ်ပြတ်သားသား သတ္တိရှိရှိ ရင်ဆိုင်ပစ်ဘို့ လိုနေပါပြီ။
ဌေးလွင်ဦး
ဌေးလွင်ဦး

လူကောင်းတစ်ဦး ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ အလုပ်တစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်ပစ်တာမျိုးကို ဗမာ စကားမှာ “လက်နဲ့ရေးတာ ခြေနဲ့ဖျက်တယ်”လို့ ပြောဆိုတယ်။ ဒီလို အလုပ်မျိုးကို လုပ်ဆောင်သူများက လူရိုး လူကောင်းများ မဟုတ်ပါ။
အခုတစ်လော အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ “မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”မှာ လူကြီးလူကောင်း ဆိုသူ များကိုယ်တိုင်က ဒီအမှုမျိုးကို အားရပါးရ ကျူးလွန်နေကြတာများ တွေ့ရပါတယ်။
ထိုင်းနယ်စပ် နယ်စပ်၊ တရုတ်နယ်စပ်က တော်လှန် ရေးအုပ်စု ထဲက ခေါင်းဆောင် တစ်ချို့ကလည်း ရိုဟင်ဂျာ မိမိဘာမှ မသိတဲ့ ရခိုင် ပြည်နယ်က လူမျိုးစု ပြသနာများမှာ အများကြိုက်လိုက်လျှော ဆင်ခြေမှားနဲ့ သံယောင် လိုက်ပြီး “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဘာညာ ထပြောတာတွေလည်း ရှိသေးတယ်။ အဲ့ဒီ အထဲက ခေါင်းဆောင် ဆိုသူ တစ်ချို့ကို “ရခိုင် ပြည်နယ်မှာ လူမျိုး ဘယ်နှစ်မျိုးရှိသလဲ၊ လူမျိုးတစ်မျိုးစီက ဘယ်ဒေသတွေမှာ နေထိုင်သလဲ၊ သူတို့ရဲ့ ဓလေ့ စရိုက်က ဘာတွေလဲ၊”လို့ မေးလိုက်ရင်- တစ်စွန်းတစ်မှ မသိ၊ ပါးစပ်ဟနေပြီး-၊ ဘာဗဟုသုတမှ မရှိဘဲ ကုလားမုန်းစိတ်နဲ့ “ရိုဟင်ဂျာ မရှိဘူး” ဆိုတာလောက်ပဲ ကြက်တူရွေးလို အလွတ်ကျက်- တယောထိုးနေလေ့ ရှိတယ်။
မွတ်စလင် ဆိုရင် တစ်ဘက်သတ် အမုန်းစိတ်နဲ့ အရာရာကို ဆုံးဖြတ်လေ့ရှိတယ်။ မွတ်စလင် ဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ် “လူ” ဆိုတဲ အသိတရားလောက် ထားပြီး “လူ-လူချင်း ကိုယ်ချင်းစာ စိတ်နဲ့ တွေးကြည့်ဘို့ကို မေ့လျှော့ နေကြတယ်။” ဒီလောက် စိတ်ဓါတ်နဲ့ပဲ နောက်လိုက် နှစ်ယောက်တစ်ပိုင်းပေါ် ဗိုလ်ကျပြီး လူမျိုးစု ခေါင်းဆောင် ဘာညာ ထအော်နေတာ- လူရှက်ရမှန်းတောင် သိရဲ့လား- မသိဘူး။
လွှတ်တော် ဆိုတဲ့ အထဲမှာလည်း ကြည့်ပါ။ လူကြီးလူကောင်းလို့ ထင်နေတဲ့ ပုဂ္ဂိုလ်များက ဘာ ဗဟုသုတမှ မရှိ- ထင်ရာ လျှောက်အော်နေတယ်။ အတော်လည်း အထင်ကြီးဘို့ ကောင်းတဲ့ ဗဟုသုတများပါ။ ရွာထဲမှာ- “နွားမအုပ် ဂျိုကုပ်ကုပ် ဗိုလ်လုပ် နေရင်”ရင် သူ့နွားမတွေကြားထဲမှာ သူဟာ အရှက်မကွဲနိုင်ပေမယ့်၊ ဘာပြော ပြော ကမ္ဘာကသိ နေတဲ့ ခေတ်ကြီးမှာ မြန်မာခေါင်းဆောင်တွေ ပြောလေသမျှ “ဒီလောက် ဗဟုသုတ ရှိတဲ့ သူကများ လူထုကိုယ်စားလှယ် ဖြစ်နေရသလား၊ ဒီလို ဆိုရင် ဒီလူထုက ဒီထက် ပိုပြီး တုံးနေတာတာပေါ့၊” လို့ မြန်မာ တစ်ပြည်လုံးကိုပါ အရှက်ခွဲသလို ဖြစ်နေတော့တယ်။
တကယ် သိနေတဲ့ လူတွေက ကမ္ဘာမှာ အများကြီးပါ။ မြန်မာကို မြန်မာစ ပြန်သင်ပေးမယ့် နိုင်ငံခြားသားများက ရေတွက်လို့ မကုန်နိုင်အောင် ရှိနေတယ်။ ဒီနေ့ ဗမာလို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ကချင် အကြောင်း၊ ကချင် သမိုင်းကို လုံးဝ မသိ၊ ကရင်လို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ချင်းအကြောင်း၊ ချင်းသမိုင်းကို လုံးဝ မသိ၊ မွန်လို့ ခံယူနေသူထဲ ၉၉.၉၉၉၉ ရခိုင်အကြောင်း ရခိုင်သမိုင်း ရခိုင်ဒေသ ဆိုတဲ့ သမိုင်းကြောင်းကို လုံးဝ မသိ-၊ တစ်ဦးနဲ့ တစ်ဦး မျက်မမြင် ဆင်စမ်းပြီး- ထင်ရာတွေ လျှောက်ပြောနေကြတာ များ- အဲ့ဒါတွေ အားလုံးကို သိနေတဲ့ ကမ္ဘာ့ ပညာရှင်တွေက မြန်မာနိုင်ငံသားတွေကို မူကြိုက ကလေးလေးတွေ လို ယူဆနေရတယ်။
သာမန်လူထုက သူ့အလုပ်နဲ့သူ ဖြစ်နေလို့ တစ်ဦးအကြောင်း တစ်ဦး မသိတာ ဘာမှ အပြစ်မရှိပေမယ့်- မြန်မာ နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးသမားတွေ၊ သမိုင်းပညာရှင်တွေကတော့ သိကိုယ်သိရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံက သမိုင်းပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးနွယ် တစ်ခုရဲ့ ဖြစ်တည်မှုကိုတောင် သိအောင် မလေ့လာ ရင်- သူတို့ကိုယ် သူတို့ ပညာရှင်လို့ ဘွဲ့ရအောင် ဘာတွေကိုများ လေ့လာနေပါသလဲ၊ စာတမ်းပြုစုနေပါသလဲ၊ နိုင်ငံတော်က ပေးစာကမ်းစာ လစာများကို အလကား လိမ်စားနေပါသလား- ဆိုတဲ့ မေးခွန်းတွေ တန်းစီပြီး ထွက်လာဦးမှာပါ။
အလားတူပဲ နိုင်ငံတစ်ခုလုံးကို ဦးဆောင်မယ်၊ တိုးတက်အောင်လုပ်မယ်၊ အကျိုးပြုမယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများက လည်း မိမိနိုင်ငံမှာ တည်ရှိနေတဲ့ လူသားတွေ၊ လူမျိုးတွေ၊ ဓလေ့စရိုက်တွေကိုတောင် မသိဘဲ- ဒီနိုင်ငံတစ်ခုလုံး ကို ဘယ်လို ဦးဆောင်မှာလဲ။ မိမိအိမ်မှာ သားသမီး ဘယ်လောက်ရှိမှန်းမသိဘဲ ဒီမိသားစု အားလုံးကို အလုပ် အကျွေးပြုမယ်လို့ ကြုံးဝါးနေတာများ မိမိအိမ်တွင်းကတောင် ယုံကြည်လက်ခံနိုင်ပါ့မလား။ ဆိုတာလောက်ကို ဆင်ခြင်စေလိုတယ်။
ပိုဆိုးတာက ရိုးရိုး မသိတာထက်-၊ တမင် မသိဟန်ဆောင်တဲ့ ကိစ္စပါ။ သမိုင်းတစ်ခုကို မသိလို့ မသိဘူး ပြောတာ- သူ့မှာ သိအောင်လေ့လာဘို့ အခွင့်အရေးရှိနေပါတယ်။ သိနေလျှက်နဲ့ သမိုင်းကို ဖျောက်တာက သူ့ အတွက် လေ့လာမယ် လို့ ပြောဘို့ အချိန်နောက်ကျသွားပါပြီ။ “ကျွန်တော်တို့ သမိုင်းကို ဖျောက်မိတာ မှားပါတယ်၊” လို့ ၀န်ခံရမယ့် အချိန်ကိုသာ ရောက်လာပါတယ်။
လူကြီး လူကောင်း တစ်ဦး လုပ်နေပြီး- အမှားဝန်ခံရတဲ့ အဆင့်ကို ရောက်လာရရင် မသင့်တော်ပေမယ့်- ၀န်ခံရ မယ့် အချိန်ကို ရောက်လာနေပါပြီ။ အခု- အချိန်မှီစဉ်မှာ ၀န်ခံလိုရင် ၀န်ခံလို့ရအောင်--၊ ရခိုင်သမိုင်းဆရာ ရမ္မာဝတီ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ရေးသားတဲ့ ရခိုင်ရာဇ၀င်သစ်ကျမ်း ပထမ အုပ် စတုတ္ထတွဲ-က သမိုင်းတစ်ချက်ကို လက်ဆောင်ပေးလိုက်ပါမယ်။
“၁၂၃၄-၃၇၊- ခု၊ ငနှလုံးမင်း လက်ထက်၊ ကုလားနှင့် သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ- ငနှလုံးမင်းသည် ပြည်စိုးကြီး ဓမ္မဇေယျကို ရဲမက် ငါးသောင်းပေး၍ ကုလားပြည်သို့ ကုလားပြည်သို့ ချီတက် တိုက်ခိုက်စေသည်။ ထိုစစ်ပွဲ အောင်နိုင်ပြီးနောက် ငနှလုံးမင်း၏ အမိန့်အရ စစ်သူကြီး ဓမ္မဇေယျသည် ကုလား ထက်ဝက်ကို သုံ့ပန်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။-
ထိုအနက်- ဆင်စာ၊ မြင်းစာစုရန် သုံ့ပန်း ၁၀၀၀၀။ ဒိုင်းဝင်းကာ သုံ့ပန်း ၂၀၀၀။ သစ်ဝါးခုတ် သုံ့ပန်း ၁၀၀၀။ လယ်ယာလုပ် သုံ့ပန်း ၁၀၀၀၀။ ဟင်းသီးဟင်းရွက် စိုက်ပျိုး ဆက်သ သုံ့ပန်း ၂၀၀၀။ မိဘုရား၊ သားတော် သမီးတော်များ အလုပ်အကျွေးပြုရန် သုံ့ပန်း ၂၀၀၀။ ကမန်လေးသည်တော်များ အတွက် သုံ့ပန်း ၁၀၀၀။ ထမ်းစဉ်ထမ်း သုံ့ပန်း ၂၀၀။ တံငါလုပ်ငန်း သုံ့ပန်း ၁၀၀၀။ ရက်ကန်းလုပ်ငန်း သုံ့ပန်း ၁၀၀၀။ မိလ္လာလုပ်ငန်း (ရခိုင် အခေါ် ဟရီ) သုံ့ပန်း ၁၀၀၀။ လက်သမား သုံ့ပန်း ၅၀၀၊ ပန်းတိမ်း ပန်းဘဲ သုံးပန်း ၁၀၀၀။ (စုစုပေါင်း လူဦးရေ ၃၂၇၀၀) ကို ဖြစ်စေတယ်။
ဒီသမိုင်းချက်မှာကိုက- ကုလားနဲ့ သက် ပူးပေါင်းဆိုသွမ်းတယ် ဆိုတဲ့ စကားကို ကြည့်ရင်- အဲ့ဒီ လူမျိုးနှစ်မျိုးက နဂိုကတည်းက ရှိနေတယ်။ သူတို့က ဘုရင့်အာဏာကိုတော်လှန်ပုန်ကန်တယ် ဆိုတဲ့ စကား အနက်ကို ပေးတယ်။ ဒါကို ထားလိုက်ပါ။- အဲ့ဒီခေတ် အဲ့ဒီ အခါ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်က) မြောက်ဦးနိုင်ငံတော် မှာ လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒီ လူဦးရေထဲကို သုံ့ပန်း အဖြစ် ဖမ်းလာတဲ့ လူဦးရေ သုံးသောင်း နှစ် ထောင်ခုနစ်ရာက ဘယ်လို ၀င်ရောသွားသလဲ။ သုံ့ပန်းတွေက အကုန်လုံး ရခိုင်ဗုဒ္ဓဘာသာတွေ ဖြစ်ကုန် သလား၊ ဒါမှ မဟုတ် ရခိုင်ဗုဒ္ဓဘာသာတွေက သုံ့ပန်းတွေကို မျိုးမပွားရလေအောင် အကုန်သတ်ပစ်ခဲ့သလား၊ ဒါမှ မဟုတ် သုံ့ပန်းတွေကို သင်းကွပ်ပစ်ခဲ့သလား။- ပညာရှင် လွှတ်တော်အမတ်ကြီးများ စဉ်းစားစေလိုတယ်။
ရမ္မာဝတီ ဆရာတော် မှတ်တမ်းတင်ထားတဲ့ သမိုင်းကို ခြေနဲ့ဖျက်လို့ ရမယ်ထင်ရင်လည်း ဖျက်ကြပေါ့။ ဖျက်ရင်း ဖျက်ရင်း မြောက်ဦးနန်းတော်ထဲက အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီကို ဖျက်ခဲ့တာတောင် ကမ္ဘာမှာ ပေါ်လာ နေပြီ။ အဲ့ဒီ ဗလီကလည်း နန်းတော်ထဲမှာ မွတ်စလင်တွေ မရှိဘဲ- မြောက်ဦးဘုရင်တွေက အပျင်းပြေ ဆောက် ထားတာလို့ ထင်နေရင်တော့--၊ အဲ့ဒီလောက် အသိဗဟုသုတ ကင်းမဲ့တဲ့ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဦးဆောင်မှု မှာ သာယာယဇ်မူးနေတဲ့ လူသားတွေရဲ့ ဇာတ်က မကြာမှီ နိဂုံးချုပ်သွားရမှာပါ။ လူမျိုးတစ်မျိုးကို မြှင့်တင်တာ အသိပညာ ဖြစ်သလို၊ လူမျိုးတစ်မျိုးကို တိမ်မြုပ်ပျောက်ကွယ်သွားစေတာလည်း အသိပညာ ဖြစ်တယ် ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံသားများ သတိထားမိနိုင်ကြပါစေ။
ဌေးလွင်ဦး
နိုင်ငံတစ်ရပ်ကို ဧရိယာ သတ်မှတ် ထူထောင်စဉ်- နိုင်ငံတော်အတွင်း ပါဝင်သူအားလုံး နိုင်ငံသား ဖြစ်၍၊ ထိုသို့ ဧရိယာမသတ်မှီကပင် နဂိုရှိရင်းစွဲ လူမျိုးနွယ်စုအားလုံး တိုင်းရင်းသား ဖြစ်သည်။ သို့သော် တိုင်းရင်းသားမှာ ခွဲခြားသတ်မှတ်ခံ နိုင်ငံနယ်ခြားအလျှောက် သတ်မှတ်ချက်ကွဲသွားနိုင်သည်။ ဥပမာ- အခါ လူမျိုးစုသည် ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်၊ ဗီယက်နာမ်- ငါးနိုင်ငံ၌ ပျံ့နှံ့နေသည်။ ထိုလူမျိုးစုအား မြန်မာအနေဖြင့် တိုင်းရင်းသား သတ်မှတ်ရာတွင် မြန်မာနိုင်ငံသား အခါ လူမျိုးစုနှင့် ထိုင်းနိုင်ငံသား အခါ လူမျိုးစု ရှုပ်ထွေးမှု မရှိစေရန် သတ်မှတ် ရမည့် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ရှိသမျှသော တိုင်းရင်းသား အားလုံးမှာ အနည်းဆုံး နှစ်နိုင်ငံ၊ သို့မဟုတ် သုံးနိုင်ငံ၌ တည်ရှိနေသည်။ ဥပမာ ကချင်လူမျိုးစုသည် အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံတွင်လည်းကောင်း၊ ရခိုင်လူမျိုးစု သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတွင်လည်းကောင်း၊ ရှမ်းလူမျိုးစုသည် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံတွင်လည်းကောင်း တည်ရှိနေသည်။ ၎င်းတို့မှာ နိုင်ငံကိုယ်စီ လွတ်လပ်ရေး ရယူ ဧရိယာ သတ်မှတ် ပြီးမှ ပြောင်းရွေ့သွားခဲ့ခြင်း မဟုတ်ဘဲ- သူတို့၏ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ရာ အရပ်ဒေသအား နိုင်ငံတစ်ရပ်စီ က ဧရိယာ သတ်မှတ်စဉ် ပိုင်းခြားခံလိုက်ရခြင်းသာ ဖြစ်သည်။ သို့အတွက် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိ၏ ဧရိ ယာအတွင်း ပါဝင်လာသော နယ်မြေမှ တိုင်းရင်းသားအစုကို အတည်ပြုသတ်မှတ်ပေးရမည် ဖြစ်သည်။
အနီးဆုံးနှင့် အလွယ်ကူဆုံး ဥပမာတစ်ခုမှာ ၁၉၉၀ နောက်ပိုင်းတွင်မှ ဒဂုံမြို့သစ်များကို တည်ဆောက်၍ ရန်ကုန် ဧရိယာအား ချဲ့လိုက်သောအခါ- ပဲခူးတိုင်းပိုင်ဖြစ်သော ငမိုးရိပ်ချောင်း၏အရှေ့ဘက် တိုးကြောင်ကလေးမှသည် တိုင်းရင်း (၃)၊ ဇက်ပင်၊ လေးဒေါင့်ကန် အားလုံး ရန်ကုန်တိုင်းဧရိယာထဲ၌ ပါဝင်သွားသည်။ ၁၉၉၂ ခုနှစ်ထိ စံပြဈေးအလွန် ငမိုးရိပ်တံတားထိပ်နားမှ တိုးကြောင်လေး ဘုန်းကြီးကျောင်း- ဆိုင်းဘုတ်သည် “ပဲခူးတိုင်း” ဟူ သည့် ခေါင်းစီးအောက်၌ ရှိခဲ့သည်။ ထိုနယ်မြေတို့အား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်သောအခါတွင် အဆိုပါ အရပ်ဒေသများမှ လူသားများ မြေများ အိုးအိမ်များ ဘုရားကျောင်းကန်များအားလုံး ရန်ကုန်တိုင်းအတွင်းသို့ ပါလာခဲ့သည်။-
ထိုဒေသမှ လူများအား- “ဤနယ်မြေအား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်ပြီ၊ သို့ဖြစ်၍ သင်တို့ ပဲခူးတိုင်းသား များအနေဖြင့် ဤနေရာမှ စွန့်ခွာလျှက်- ပဲခူးတိုင်းထဲမှ တစ်နေရာရာတွင် အခြေချကြ၊”ဟု မောင်းထုတ်ခွင့်မရှိ ချေ။ ရန်ကုန်အစိုးရအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်း မရှိခဲ့ချေ။ ဧရိယာ မသတ်မှတ်မှီက ရှိနေခဲ့သော လူ၊ မြေ၊ ဘုရားကျောင်းကန်နှင့် ရှိသမျှသော ၀တ္ထုတို့မှာ ခေါင်းစဉ်ပြောင်းသွားသော အရိပ်အောက်သို့ ရောက်ရှိခဲ့ ခြင်းသာ ဖြစ်သည်။
အလားတူပင် နယ်စပ်ဒေသမှ တိုင်းရင်းသားတို့သည်လည်း သက်ဆိုင်ရာ ဧရိယာ သတ်မှတ်ချက်အလျှောက် အရိပ်လွှမ်းမိုးမှုအား ခံလိုက်ရခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံဟု သတ်မှတ်ထားသော ဧရိယာထဲတွင် ဧရိယာ နယ်နမိတ် သတ်မှတ်စဉ် တည်ရှိနေသော တိုင်းရင်း သားတို့မှာလည်း ထိုပုံစံနှင့် တစ်ထပ်တည်း တူညီနေပေသည်။ သို့သော် မီဇိုချင်း၊ ကိုးကန့်နှင့် ရိုဟင်ဂျာတို့မှာ တိုင်းရင်းသားဟု သတ်မှတ်မှု၌ အငြင်းပွားဘွယ် ဖြစ်နေပေသည်။
ထိုသုံးမျိုးအနက်တွင်မှ ရိုဟင်ဂျာတို့၏ ပြသနာမှာ အကြီးကျယ်ဆုံးဖြစ်နေ၍ ကိုးကန့်ပြသနာမှာ အမှေးမှိန်ဆုံး ဖြစ် နေသည်။ ထိုသို့ဖြစ်နေရခြင်း အရင်းအမြစ်မှာ ရိုဟင်ဂျာများက အစ္စလာမ်သာသနာကို ကိုးကွယ်၍ ယဉ် ကျေးမှုဓလေ့ သီးသန့်ဖြစ်နေကာ ကိုးကန့် များက ဗုဒ္ဓဘာသာနှင့် ၀င်ရောနိုင်သောကြောင့် ဖြစ်သည်။ မီဇိုချင်းတို့ မှာ ယဉ်ကျေးမှုဓလေ့ သီးသန့်ဖြစ်သော်လည်း ခရစ်ယာန်ဖြစ်နေသဖြင့် မွတ်စလင်နှင့် နှိုင်းယှဉ်လျှင် ပြသနာအ ရေးနောက်သို့ ဆုတ်နေပေသည်။
ထိုလူသားမျိုးနွယ်တို့၏ သမိုင်းကို သေချာစွာ လေ့လာသင့်သည်။ (ကျွန်ုပ်ယုံကြည်သည်မှာ မြန်မာ သမိုင်း ပညာရှင်များ အနေဖြင့် ဤမျှ ဗဟုသုတမဲ့မည် မဟုတ်ပါ။ သို့သော် အမျိုးသားရေးနှင့် ဘာသာရေးအယူ ရော ပြွန်းလွှမ်းမိုးစိတ်က အမှန်တရားအား ဖုံးဖိထားခြင်းသာ ဖြစ်တော့သည်။) ထို့နောက် ကျောသားရင်သား မခွဲခြား သော တိကျပြတ်သားသည့် ဥပဒေဖြင့် တစ်နိုင်ငံလုံးအပေါ်၌ ကျင့်သုံးသင့်သည်။ ဥပဒေအား မျက်နှာလိုက် တတ်သော အမျိုးသားရေးဝါဒီတို့သည် အနိုင်ကျင့်ခံရသော တိုင်းရင်းသားတို့ အပေါ်၌သာ မဟုတ်ဘဲ- မိမိ အချင်းချင်းလည်း ဗိုလ်ကျလိုစိတ် ဖိစီးနေမည်သာ ဖြစ်သည်။ ထိုသို့သော လူသားများက တိုင်းပြည်ကို ဦးဆောင်ခွင့်ရနေလျှင် သို့မဟုတ် ပြည်သူများက ထိုသို့သော ခေါင်းဆောင်များအား လိုလားနေလျှင် ထိုတိုင်း ပြည်အနေဖြင့် မည်သို့မှ လူရာဝင်တိုးတက်လာမည် မဟုတ်ပေ။ တစ်တိုင်းပြည်လုံး နစ်နာရမည့် ချောက်ထဲသို့ သာ ဦးတည်နေပေသည်။
ရိုဟင်ဂျာ အရေး ပြသနာ၌ - “ရိုဟင်ဂျာ” ဟူသည့် အမည်နာမသည်လည်း ဆွေးနွေးစရာ တစ်ရပ် ဖြစ်နေသည်။ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံ၌ မြန်မာတို့၏ ပထမဆုံး အစိုးရအနေဖြင့် “ရိုဟင်ဂျာ” ဟူသည့် ဝေါဟာရအား တရားဝင်လက်ခံလျှက် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၎င်းသည်ပင် မြန်မာနိုင်ငံဟု နယ် နမိတ်သတ်မှတ်စဉ် “ရိုဟင်ဂျာ- ဟူသည့် ဝေါဟာရဖြင့် လူမျိုးစု တည်ရှိနေသည့် ခိုင်လုံသော အထောက် အထားဖြစ်သည်။ လွတ်လပ်ရေး ရယူစဉ်က မရှိ ခဲ့ဘဲလျှက် နောက်နောင်မှ ၀င်လာခဲ့သော်- အငြင်းပွားနေမှုမှာ ယုတ္တိတန်လှသည်။
သူတို့အား “ဘင်္ဂလီ” ဟု သမုတ်ခေါ်ဝေါ်နေခြင်းသည် လူမျိုးတစ်မျိုးအား မတော်မတရား စွပ်စွဲနေခြင်းသာ ဖြစ်သည်။ ၎င်းတို့နှင့် စစ်တကောင်းလူမျိုးတို့ အနွယ်အားဖြင့် တူညီသော်လည်း- မြန်မာဟူသည့် လူမျိုးထဲတွင် ပင် မြန်မာ၊ ရခိုင်၊ အင်းသား၊ ကန့်ဂေါ၊ ထားဝယ် ဟူ၍ လူမျိုးစု ထပ်မံကွဲပြားနေသကဲ့သို့- ရိုဟင်ဂျာ ဟူသည် စစ် တကောင်းလူမျိုးမှ ထပ်ဆင့်ကွဲသော လူမျိုးစု တစ်စု ဖြစ်သည်။ ဗမာမှ ရခိုင်တို့အား သီးခြားတိုင်းရင်းသား သ ဖွယ် လက်ခံနိုင်ပါလျှက် “စစ်တကောင် လူမျိုးနွယ် (၎င်းသည် ဘင်္ဂလီနှင့် လုံးဝ မတူပါ၊ -ဗမာနှင့် ရှမ်းကဲ့သို့ ဖြစ်သည်)မှ “ရိုဟင်ဂျာ”တို့အား သီးခြား လက်မခံနိုင်ခြင်းမှာလည်း အလွန်တရာ ဗဟုသုတ လိုအပ်နေခြင်းသာ ဖြစ်ပေသည်။ စစ်တကောင်းလူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးတို့မှာ ဘာသာစကား၊ ဓလေ့ထုံးတမ်း အရ၊ ဗမာနှင့် ရခိုင် တို့ထက် ပိုမိုကွဲပြားလျှက် ရှိနေသည်။
လူမျိုးတစ်မျိုး၏ အကြောင်းဇစ်မြစ်အား ပြည့်စုံစွာ မသိဘဲလျှက် သော်လည်းကောင်း၊ သိနေလျှက် ဖုံးဖိထား လျှက်သော်လည်းကောင်း အမျိုးသားရေးဝါဒီများ လွှမ်းမိုးသော ဓါတ်ခံဖြင့် သော်လည်းကောင်း- ကမ္ဘာ့အလည် ၌ ဗြောင်လိမ်နေရသည့် ဒုက္ခမှာ သိက္ခာမဲ့လွန်း၍- ရှက်ဖွယ်လိလိပင် ဖြစ်ပေသည်။
မြန်မာ သမိုင်းဆရာများ အနေဖြင့်သော်လည်းကောင်း၊ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် သော်လည်းကောင်း မိမိတို့၏ သိက္ခအား မိမိတို့ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်သင့်ပေသည်။ သို့မဟုတ် မိမိ တို့ဘက်မှ လုံးဝမှန်ကန်သည်ဟု ယူဆလျှင်- တိကျသေချာသော အထောက်အထားများဖြင့် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် ကမ္ဘာ့ခေါင်းဆောင် ကိုယ်စားလှယ်များရှေ့မှောက်၌ အခိုင်အမာ နှစ်ဦးနှစ်ဘက် ဆွေးနွေးတင်ပြ ဆုံး ဖြတ်သင့်ပေသည်။
ပြည်ထောင်စု ဟူသည့် သဘောအား မကျေညက်ဘဲလျှက် ပြည်ထောင်စု တစ်ခု ထူထောင်မည်ဟု ကြွေးကြော် နေခြင်းမှာ စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပေသည်။ လူမျိုးတူ၊ ဘာသာတူချည်း စုနေသည့် အရပ်ဒေသအား ပြည်ထောင်စုဟု မည်သို့မျှ ခေါ်တွင်နိုင်ခြင်း မရှိပေ။
ဌေးလွင်ဦး
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၁) : ဒီမှာဖတ်ရန်
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၂) : ဒီမှာဖတ်ရန်
ဦးဌေးလွင်ဦးနှင့် အာဆီယံအတွင်းရေးမှုးချုပ် မစ္စတာဆူရင်းပစ္စ၀မ် တို့ မြန်မာမွတ်စလင်အရေးနှင့် ရိုဟင်ဂျာ အရေးအား ဆွေးနွေးစဉ်
ဓည၀တီ၊ ဝေလာလီ၊ လေးမြို့၊ မြောက်ဦး ဆိုတဲ့ အမည်နာမနဲ့ ရပ်တည်ခဲ့တဲ့ နိုင်ငံငယ်ဟာ အင်္ဂလိပ်ခေတ်မှာ အာရ်ကန်နိုင်ငံရယ်လို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မယူမှီထိ အဲ့ဒီ နိုင်ငံငယ်ကို “ရခိုင်နိုင်ငံ” ခေါ်တွင်စေရမယ်လို့ ပြန်တမ်း မရှိဘူး။ သံကွဲမြန်မာရခိုင် လူမျိုးနွယ် လူမျိုးစု နေထိုင်ခြင်းကို အမှီသဟဲပြုပြီးသာ ရခိုင်နိုင်ငံရယ်လို့ အလွယ်ပြော၊ အလွယ်သုံးတာမျိုးသာ ရှိခဲ့တယ်။ ဒါကြောင့် မြန်မာတို့က အဲ့ဒီဒေသကို ရခိုင် ဒေသတိုင်း၊ ရခိုင်ပြည်နယ်လို့ လွတ်လပ်ရေးရပြီးနောက် သုံးနှုန်းပြောဆိုပေမယ့်- တစ်ခြားတစ်ဘက်မှာ ကမ္ဘာ ကို Arakan လို့ အင်္ဂလိပ်လိုရေးပြီး ခပ်တည်တည်နဲ့ ဗြောင်လိမ်နေခဲ့ရတယ်။ အဲ့လို ခပ်တည်တည်နဲ့ နှစ်ပေါင်း ငါးဆယ်လောက် ဗြောင်လိမ်နေပြီး- ကမ္ဘာက အသားကျလောက်ပြီထင်တဲ့အခါ- ၁၉၈၈ နောက်ပိုင်း စစ်တပ်က အာဏာသိမ်းတက်လာတဲ့ အစိုးရလက်ထက် မှာမှ Rakhine State ဖြစ်တယ်လို့ ပြောင်းလဲလိုက်တယ်။
Burma ကို Myanmar လို့ ပြောင်းတဲ့အပေါ် အချေအတင်၊ အငြင်းအခုံတွေ ရှိပေမယ့်- Arakan ကို Rakhine လို့ ပြောင်းတဲ့အပေါ် ဘယ်သူ့အသံကိုမှ မကြားခဲ့ရဘူး။ ရခိုင်တွေက အဲ့ဒီနယ်မြေကို သူတို့ရဲ့ လူမျိုးနာမည်နဲ့ ကိုယ်ပိုင်လိုချင်တာ အလိုပြည့်သွားသလိုပဲ။ သမိုင်းကို ဖြေးဖြေးချင်း လှည့်ယူသွားတဲ့ သဘောလို့ ဆင်ခြင်မိဘို့ လိုတယ်။
ရခိုင်လူမျိုးထဲမှာ ဦးစိန္တာ ဆိုတဲ့ ခွဲထွက်ရေးသမား တစ်ဦး ပေါ်ထွန်းခဲ့တာ ဦးစိန္တာဝါဒီများ ဖြစ်တဲ့ ဦးအေးကျော်၊ ဦးအေးချမ်းလို ရခိုင်ဗုဒ္ဓဘာသာကလွဲ အကုန်မုန်းဝါဒီတွေ ပေါ်လာခဲ့တာ- ဗမာများ အတွက် အကြီးအကျယ် အမြတ်ထွက်သွားခဲ့တယ်။ အကြောင်းက- မြန်မာဘက်က ရခိုင်ကို သီးခြားလွတ်လပ်တဲ့နိုင်ငံ အဖြစ်ဘယ်လိုမှ အဖြစ်မခံနိုင်၊ ရခိုင်ဆိုတာ ဗမာလူမျိုးထဲမှာ တစ်စု (သံကွဲမြန်မာ)လို့ သတ်မှတ်ထားခဲ့ပြီး၊ ရခိုင်များကြီးစိုးတဲ့ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ဆိုတာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံရယ်လို့ မပေါ်ထွန်းမှီ- ပျူမြို့ပြ နိုင်ငံတစ်ခုကဲ့သို့သာ ဖြစ်ခဲ့တယ်- မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်တာနဲ့ ပုဂံခေတ်ကစပြီး မြန်မာနိုင်ငံထဲမှာ ထည့်သွင်း သတ်မှတ်ထားတဲ့ အရာ ဖြစ်တယ်။ အုပ်ချုပ်မှု သဘောတရားအရ ဥပဒေစိုးမိုးနိုင်အောင် အခွန် ဘဏ္ဍာဆက်သရတဲ့ လက်အောက်ခံအဆင့် ဘုရင်ခွဲသဘော ထားခဲ့တယ်လို့ပဲ အရိုးစွဲ ခံစားနေခဲ့တယ်။ အဲ့ဒီ နိုင်ငံငယ်ဟာ ဗမာများကို တော်လှန်ပုန်ကန်လိုတိုင်း ဘင်္ဂလားဘက်ကို ပူးပေါင်းစစ်ကူတောင်းပြီး ဗမာကို တော်လှန်ခဲ့တယ်။ ဘင်္ဂလားဘက်နဲ့ ပြေလည်ခဲ့တဲ့ မြောက်ဦးခေတ်ရဲ့ ရှေ့ပိုင်း နှစ်ပေါင်း ၃၀၀ လောက် ကြီး ကျယ်ခမ်းနားတဲ့ သီးခြားနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒါကြောင့် ဘင်္ဂလားနဲ့ ရခိုင်လူမျိုး ပြေလည်နေရင် ဗမာရဲ့ ရခိုင်အပေါ် အချုပ်အခြာဟာ အာမခံချက် လျှော့နည်းနေတယ်လို့ - ဗမာအစိုးရ အဆက်ဆက်က မြင်ခဲ့ တယ်။
မြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေး ယူစဉ်မှာ ဗိုလ်ချုပ်အောင်ဆန်းက မြောက်ဦးပိုင်နယ်မြေအားလုံးကို ရယူဘို့ ကြိုးစားခဲ့တယ်။ လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားစဉ်-၊ ကရာချိလေဆိပ်မှာ ပါကစ္စတန်ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီဂျင်းနားနဲ့တွေ့စဉ်- Arakan ဒေသကို အရှေ့ပါကစ္စတန်ထဲမှာ မထည့်ဘဲ မြန်မာကို ပေးဘို့ တောင်း ဆိုခဲ့တယ်။ အလီဂျင်းနားကြီးက သားအရွယ်လောက်သာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သတ္တိ၊ ခေါင်းဆောင်မှု များကို အသိအမှတ်ပြုပြီး- “မင်းသဘောအတိုင်းပဲ”လို့ လိုက်လျှောခဲ့တယ်။
ဗိုလ်ချုပ်တို့ ကျဆုံးသွားတော့- အောင်ဆန်းအက်တလီစာချုပ်ကို ဖျက်သိမ်းပြီး နုအက်တလီ စာချုပ်ကို ပြန်ချုပ် တော့ ဦးစိန္တာဝါဒီ အမတ် ဦးအောင်ဇံဝေက Arakan ထဲက မွတ်စလင် လူများစုဒေသများကို ဖဲ့ထုတ်လိုက်ပြီး ဘင်္ဂလားကို အလကားပေးပစ်လိုက်တယ်။ မြန်မာနိုင်ငံကို မွတ်စလင်များရာ ဘူးသီးတောင် မောင်တောကို ချန်လှပ်ပြီး မေယုတောင်တန်းက စပြီး နယ်နမိတ် သတ်မှတ်ဘို့ ဦးနုကို တင်ပြခဲ့တယ်။ ဦးနုရဲ့ နယ်မြေ သတ်မှတ်ရေး အတိုင်ပင်ခံအဖွဲ့က နှစ်နိုင်ငံ လုံခြုံရေးအရ မေယုတောင် တန်းအစား မေယုမြစ်ကို နယ်ခြား သတ်မှတ်လိုက်တော့ ဘူးသီးတောင်နဲ့ မောင်တောဒေသက မြန်မာထဲကို ပါဝင်လာခဲ့တယ်။ ဒါပေမယ့် ဦးနုက စစ်တကောင်းလူမျိုးနဲ့ မြန်မာထဲကို ပါလာတဲ့ ရခိုင်မွတ်စလင် လူမျိုးကို တစ်ဖြေးဖြေးကွဲသွားလေအောင်- ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို လက်ခံခဲ့တယ်။ အချိန်ကြာလာရင်- လူမျိုးနှစ်မျိုး သီးသန့်ဖြစ်သွားပြီး နယ်မြေ လုံခြုံရေး၊ တိုင်းပြည်ချစ်စိတ် ခိုင်မာလာစေဘို့ ရည်ရွယ်ခဲ့တယ်။ (လူမျိုးတူတယ်လို့ ခံစားနေသ၍ သံယောဇဉ် ရှိနေမယ်။ အချင်းချင်း ဖေးမနေမယ်၊ လူဝင်ရောမှု ပိုမိုများပြားနေမယ်- ဒါတွေကို စနစ်တကျ စဉ်းစားပြီး ဆုံး ဖြတ်ခဲ့တာ ဖြစ်တယ်။)
နိုင်ငံရေး ပရိယာယ်ကို မသိ၊ စစ်တိုက် သတ်ဖြတ်ပြီး အာဏာပိုင် ဖြစ်လာသူများကတော့- လူမိုက်ဆန်ဆန် မျိုး ပြုတ်သတ်ဖြတ်၊ မောင်းထုတ်လိုက်ရင် ပြီးပြီလို့ ယူဆပြီး- ထင်ရာလျှောက်လုပ်လိုက်ရင် ကိစ္စပြတ်သွားမှာပဲလို့ ဉာဏ်တိုတိုကို အရောင်တင်ခဲ့တော့- နိုင်ငံတော်အရေးက ပိုမိုရှုပ်ထွေးလေတော့တယ်။
ဦးစိန္တာဝါဒီများကလည်း မွတ်စလင်များကို မောင်းထုတ်ပြီး ဘင်္ဂလားမှာ ပါသွားတဲ့ ရခိုင်များကို အစားထိုးဘို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဗမာများဘက်ကလည်း မသိမသာလွတ်ပေးထား လိုက်တယ်။ နိုင်ငံရေးအရ လေဖြတ်သူကို ရေခဲရေလောင်းပေးတဲ့ သဘောလို့ ခံယူခဲ့ခြင်း ဖြစ်တယ်။
ဒီကြားထဲမှာ မွတ်စလင်များ အတွက် အခြေအနေဆိုး တစ်ရပ်ပေါ်ထွက်လာပြန်တယ်- အဲ့ဒါက ပါကိစ္စတန်က နေ ဘင်္ဂလားဒေ့ရှ် အဖြစ် ခွဲထွက်တဲ့ ပွဲပါ။ ၁၉၇၃ ခုနှစ်ထိ ပါကိစ္စတန်က ခွဲထွက်တော့ မြန်မာပြည်ဘက်ကို စစ် ပြေးဒုက္ခသည်တွေ၊ စီးပွားရေးဒုက္ခသည်တွေ ၀င်လာခဲ့ပြန်တယ်။- ၀င်လာသူအများစုက ဘင်္ဂလီရခိုင်နဲ့ ဘင်္ဂလီ မွတ်စလင် နှစ်မျိုးလုံး ဖြစ်တယ်။ ဒါကို ဦးနေ၀င်းလက်ထက်မှာ ပြန်မောင်းထုတ်တော့ ဦးတင်ဦးက ခေါင်းဆောင် ခဲ့တယ်။ ဦးတင်ဦးပဲ လူမျိုးရေး အယူစွဲရှိနေတာလား၊ သို့မဟုတ် လေဖြတ်နေတဲ့ ဦးစိန္တာဝါဒကို ဆက်လက်မွေး မြူလိုက်တာလား မပြောတတ်ပါ။ ၀င်လာသူတွေထဲက ဘင်္ဂလီရခိုင်များကို မြန်မာရခိုင်များနဲ့ ရောပေးထားလိုက် ပြီး ဘင်္ဂလီမွတ်စလင်များကိုသာ မောင်းထုတ်ခဲ့တယ်။ ဒီကြားထဲ ဘင်္ဂလီရခိုင်ကို မောင်းထုတ်ရမယ့် အစား ရခိုင်မွတ်စလင်တွေကို အစားထိုး မောင်းထုတ်လိုက်တယ်။ အဲ့ဒီမှာ အနောက်သား ဘင်္ဂလီရခိုင်များကို ပြည် နယ်ကောင်စီမှာ လူကြီးပိုင်းထိ နေရာပေးထားခဲ့တယ်။ (ဥပမာ ဗိုလ်မှုးကျော်မောင်ကို ကြည့်ပါ။) ဒီမှာလည်း ရည်ရွယ်ချက်က ရှိနေပြန်တယ်။ အနောက်သားတွေက သူတို့ကို နိုင်ငံခြားသား ဘင်္ဂလီလို့ မမြင်ရအောင် နိုင်ငံ ခြားသား ဘင်္ဂလီဆိုတာ မွတ်စလင်တွေ ဖြစ်တယ်လို့ သူတို့ဘက်ကို ကာကွယ်ပြီး သူများကို လက်ညှိုးထိုးတဲ့ စိတ်ရှိတယ်။ ဒီလို လက်ညှိုးထိုးနေတော့- “သူခိုးက လူပြန်ဟစ်” - စွပ်စွဲခံရသူက စွပ်စွဲသူကို မုန်း-၊ ဒီလို သံသရာ လည်ပြီး ဗမာဆီက ခွဲထွက်ရေးကို မလှည့်နိုင်အောင် ဖြစ်တော့တယ်။
တစ်ပြိုင်နက်မှာ ဦးစိန္တာဝါဒီတွေက မွတ်စလင်ကိုမုန်း၊ ခရစ်ယာန် (အချိုချင်း)များကို နှိမ် ရခိုင်ဗုဒ္ဓလူမျိုးကြီးဝါဒ ကို ရိုက်သွင်းလာတော့- လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့ မြောက်ဦးနိုင်ငံဟာ အလိုလိုနေရင်း ဘင်္ဂလားဘက်နဲ့ အမုန်း ပွားနေခဲ့တယ်၊ ချင်းလူမျိုးများရဲ့ မကျေလည်မှုကို ခံယူနေခဲ့တယ်။ သူ့ကိုယ်သူ လေဖြတ်နေအောင် သူ့ဟာသူ ဖန် တီးနေခဲ့တယ်။ ဒီအခြေအနေကို ဗမာဘက်က အားဆေးတိုက်ပေးလိုက်ယုံနဲ့ အိပ်ယာထဲက ပြန်ထစရာ အကြောင်းမရှိ ဖြစ်နေမှာ သေချာနေတယ်။- ဦးစိန္တာအနေနဲ့ ရခိုင်ကို သီးခြားနိုင်ငံထောင်ဘို့ ကြိုးစားလေ- လေဖြတ်လေ- နောက်ဆုံး ရခိုင်လူမျိုးဆိုတာ တိမ်ကောပပျောက်သွားတော့မှာ ဖြစ်တယ်။
ဦးစိန္တာဝါဒကို လက်ခံတဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စု- ခိုင်မိုးလင်းတို့၊ ခိုင်စိုးနိုင်အောင်တို့ ဆိုတာ လည်း- လုံးပါးပါးလာကာ နောက်ဆုံး လူဆယ်ယောက်လောက်သာ ရှိပြီး မီဒီယာအားကိုးနဲ့ ဟိတ်ဟန် ထုတ်နေရတဲ့ အဆင့်သာ ကျန်လိုက်တော့တယ်။
ဗမာများရဲ့မူက ရခိုင်မှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင် နဘန်းလုံးနေခြင်းကို “ကြက်လည်းပန်းစေ၊ ယာလည်းညက် စေ” သီအိုရီနဲ့ ကျင့်သုံးခဲ့ခြင်း ဖြစ်လေတော့ ဦးစိန္တာရဲ့ ရခိုင်နိုင်ငံတော်ဟာ အိမ်မက်ထဲက စိတ်ကူးယဉ်မှု တစ်ခု သာ ဖြစ်ခဲ့ရပါတော့တယ်။
ဌေးလွင်ဦး
ဦးဌေးလွင်ဦးနှင့် အာဆီယံအတွင်းရေးမှုးချုပ် မစ္စတာဆူရင်းပစ္စ၀မ် တို့ မြန်မာမွတ်စလင်အရေးနှင့် ရိုဟင်ဂျာ အရေးအား ဆွေးနွေးစဉ်
၁၉၄၂ ခုနှစ်- ရခိုင်ခွဲထွက်ရေး ခေါင်းဆောင် ဘုန်းကြီးဦးစီန္တာရဲ့ ပရောဂဖြင့် ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အထိကရုန်းကြီးကို- အမှန်တကယ်မှာ ဗမာလူမျိုး ဗိုလ်ရန်နိုင်ရဲ့ ပရောဂ ဖြစ်ပြီးတယ်၊ ဂျပန်ခေတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ ရခိုင်ဘက်သို့ ဗိုလ်ရန်နိုင်ရဲ့ စစ်ကြောင်း ချီတက်လာစဉ် လမ်းခရီးမှာ လုယက်မှုများ၊ မုဒိန်းမှုများ၊ မတရားသတ်ဖြတ်မှုများ များစွာ ကျူးလွန်ခဲ့ပြီး အဲ့ဒီရာဇ၀တ်မှုများအား လမ်းကြောင်းလွှဲရန် မွတ်စလင်၊ ဗုဒ္ဓဘာသာ အဓိကရုန်းကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာအေးကျော် အပါအ၀င် ရခိုင်သမိုင်းသုတေသီ တစ်ချို့က ပြောဆိုကြတယ်။
ဒီအဆိုကို ရိုဟင်ဂျာ ပညာရှင်များက လက်မခံပါ။ ဒီစကားက “လူလိမ္မာ ပိန္နဲသီးစား လူမိုက်ပါးသုတ်” ခြင်းသာ ဖြစ်တယ်။ ဗမာနဲ့ ငါတို့ကြားမှ ဘာပြသနာမှာ မရှိခဲ့၊ ၁၉၄၂ ခု အထိကရုန်း မဖြစ်မှီကပဲ--၊ ရခိုင်ဗုဒ္ဓဘာသာ များ ကြားထဲမှာ ဂျပန်အားကိုးနဲ့ မွတ်စလင်မုန်းစိတ်များကို ဦးစိန္တာအုပ်စုက လှုံ့ဆော်ပြီးသား ဓါတ်ခံက ရှိနေပြီလို့ ပြောဆိုကြတယ်။
မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေး ရယူခြင်းကို ဦးစိန္တာက လက်မခံပါ။ ရခိုင်ပြည် (ရခိုင်နိုင်ငံတော်)ကို ဗမာ လက်အောက်က သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်သာ ခွဲထွက်ဘို့ ဦးစိန္တာက ရွယ်ရွယ်ခဲ့တယ်။
ရခိုင်နဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခံစားချက်၊
မြန်မာဘက်ကလည်း ရခိုင်ဆိုတာ မြန်မာနိုင်ငံရယ် စတင်ထူထောင်တဲ့ ပုဂံခေတ်ကတည်းကစ မြန်မာနိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့တယ်။ အင်းဝမင်း မင်းခေါင် လက်ထက်ရောက်မှ မြောက်ဦးမင်း နရမိတ်လှက ဘန်ဂေါစစ်သား ထောင်ပေါင်းများစွာကို ဦးဆောင်တဲ့ မွတ်စလင်ဗိုလ်ချုပ် လ၀ီခန်ရဲ့ အကူအညီနဲ့ ၁၄၂၉ ခုနှစ်မှာ ဗမာကို တော်လှန်ပုန်ကန်ခဲ့တာ ဖြစ်တယ်။ အင်းဝ ခေတ်ကစ ဗမာအင်ပါယာကို အရှေ့ဘက် (ယိုးဒယား)ဘက်သာ ဦးတည် ချဲ့ထွင်နေတာ ဖြစ်လို့ ရခိုင်ဘက်ကို မကြည့်အားပေမယ့်- ရခိုင်၊ မွန်၊ ရှမ်း တို့ဟာ ဗမာရဲ့ လက်အောက်ခံနယ်တွေ ဖြစ်တယ်လို့ စိတ်မှာ စွဲမှတ်နေခဲ့ တယ်။ ဗမာဘက်မှာ အင်းဝ မင်းဆက်၊ တောင်ငူ (ညောင်ရမ်း)မင်းဆက်၊ ကုန်းဘောင်မင်းဆက်များ ပြောင်းသွား ခဲ့ပေမယ့် ရခိုင်ဘက်မှာ မြောက်ဦး မင်းဆက်က အပြောင်းအလဲမရှိ မြောက်ဦးနေပြည်တော်ကို ထိမ်းသိမ်း ထားနိုင်ခဲ့တယ်။
မြောက်ဦး မင်းဆက် ဘယ်လိုပင် အားကောင်းအားကောင်း မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်ပြီးကတည်းက မြန်မာထဲမှာ တည်ရှိလာတဲ့ ဗမာများ သတ်မှတ်တဲ့ ရခိုင်ပြည်ဟာ- မြန်မာနိုင်ငံနဲ့ အဆက်အသွယ် မပြတ်တည် ရှိခဲ့တယ်။ မြောက်ဦးမင်းဆက်ကို တော်လှန်ပုန်ကန်တဲ့ အုပ်စုတွေက မနိုင်ရင် မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်း ရှောင်တာမျိုးရှိသလို၊ မြန်မာသူလျှိုများကလည်း မြောက်ဦးနေပြည်တော်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တစ် နည်းအားဖြင့် မြန်မာက ယိုးဒယားဘက်ကို ဦးလှည့်နေရပေမယ့် မြန်မာလူတွေက မြောက်ဦးနေပြည်တော်ကို အချိန်မလပ် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုနိုင်တယ်။
မြောက်ဦးခေတ် အစပိုင်းမှာ မြောက်ဦးဘုရင်များဟာ ဘင်္ဂလားစစ်သည်များရဲ့ အင်အားနဲ့ မြောက်ဦးနိုင်ငံတော် အားကောင်းနေခဲ့ပေမယ့်-၊ မြောက်ဦးခေတ်နှောင်းပိုင်းမှာ အာဏာမက် ရခိုင်ဗုဒ္ဓဘာသာ တစ်စုက မွတ်စလင်နဲ့ ရခိုင်အကြား စတင်သွေးခွဲခဲ့တယ်။ မြောက်ဦးနေပြည်တော်ရဲ့ အဓိက စစ်အင်အား ကမန် (ရခိုင်တိုင်းရင်းသား များက အစ္စလာမ် သာသနာသို့ ကူးပြောင်းလာသူ)များကိုလည်း ဘုရင်နဲ့သွေးခွဲပြီး-၊ တပ်ကို ဖြိုခွဲစေခဲ့တယ်။ တစ်ပြိုင်နက်မှာ မြန်မာဘက်ကို အားသန်တဲ့ ရခိုင်တောင်ပိုင်းနဲ့ ဘင်္ဂလားဘက်ကို အားသန်တဲ့ မြောက်ပိုင်းအုပ် စု စတင်သွေးကွဲလာခဲ့တယ်။ ရခိုင်တောင်ပိုင်းက အချိန်မရွေး ဗမာနဲ့ ပူးပေါင်းဘို့ အနေအထားများ ဖြစ်တည် လာခဲ့တယ်။
ဒီအခြေအနေမှာ ဗမာက မြောက်ဦးအင်ပါယာကို ပြန်လည်သိမ်းပိုက်ဘို့ အခွင့်အခါ သာခဲ့ပြန်တယ်။ ဒါကြောင့် ကုန်းဘောင်မင်း ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ မြောက်ဦးနိုင်ငံတော်ကို ဗမာက သိမ်းပိုက်လိုက်တော့ တယ်။
ရခိုင်တို့ရဲ့ ထုံးစံအတိုင်း ဘန်ဂေါနဲ့ သွေးခွဲလိုပြီး ရခိုင်သီးခြား နိုင်ငံ ဖြစ်ချင်ရင် ဗမာကို ပြေးပေါင်းသလို၊ ဗမာ အောက်ကို ရခိုင်တို့ ကျဆုံးပြန်ရင်လည်း ဘန်ဂေါဘက်ကို ပြေးကပ်ပြန်တယ်။ ဒီနေရာမှာ ကြားညပ်နေတာက ဘန်ဂေါနဲ့ ဘာမှ မဆိုင်တဲ့ စစ်တကောင်း လူမျိုးစု ဖြစ်နေတယ်။ စစ်တကောင်း လူမျိုးစုဟာ ဘိုးစဉ်ဘောင်ဆက် သမိုင်းစဉ်တစ်လျှောက် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးနေပြည်တော်များရဲ့ လက်အောက်မှာ နေခဲ့ ရသူများ အမှုထမ်းခဲ့ရသူများ၊ တိုင်းရေးပြည်ရေး ဆောင်ရွက်ခဲ့ရသူများ၊ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ခဲ့ရသူများ ရခိုင်နဲ့အတူ ဒိုးတူဘောင်ဖက် တစ်မြေတည်းနေ တစ်ရေတည်းသောက် နိုင်ငံတော်ကို ထူထောင်ခဲ့သူများ ဖြစ် ကြတယ်။ သူတို့ဟာ ဘန်ဂေါနဲ့ နယ်စပ်ဖြစ်နေလို့ ဘန်ဂေါဘက်က ကျူးကျော်လာသူများကို ဒိုင်ခံတော်လှန်ပေး ခဲ့ရတဲ့ စစ်သားများ၊ ပြည်သူများလည်း ဖြစ်နေတယ်။ စစ်တကောင်းရဲ့ အနောက်ဘက် အခြမ်းဆိုရင် ဘန်ဂေါက အုပ်ချုပ်လိုက်၊ ရခိုင်က အုပ်ချုပ်လိုက် ကြားညပ်နေရတဲ့ အဖြစ်နဲ့ အမြဲရင်ဆိုင်နေရတယ်။
ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး
ဌေးလွင်ဦး
![]() |
| ဦးဌေးလွင်ဦးနှင့် အာဆီယံအတွင်းရေးမှုးချုပ် မစ္စတာဆူရင်းပစ္စ၀မ် တို့ မြန်မာမွတ်စလင်အရေးနှင့် ရိုဟင်ဂျာ အရေးအား ဆွေးနွေးစဉ် |
ဤစကားလုံးကို သုံးလိုက်၍ မြန်မာရခိုင် တိုင်းရင်းသား စစ်စစ်များအား စော်ကားခြင်း မဟုတ်ပါ။ ရာဇ၀င်ထဲရှိ ရခိုင်နိုင်ငံတော်အား စော်ကားခြင်းလည်း မဟုတ်ပါ။ ရခိုင်ပြည် တောင်ပိုင်း မြောက်ပိုင်း သွေးခွဲခြင်းလည်း မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံကို ရိုးသားစွာ ချစ်သည့် မြန်မာနိုင်ငံရေးသမားများနှင့် မြန်မာရခိုင်စစ်စစ်တို့ ဆင်ခြင်နိုင်ကောင်းစေဘို့သာ ရည်ရွယ်ပါတယ်။
ရခိုင်နိုင်ငံတော်လို့ ပြောဆိုနေကြတဲ့ စကားလုံးဟာ သမိုင်းမှာ မှားယွင်းနေပါတယ်။ ရခိုင်လူမျိုးစုတစ်စုတည်းက မောင်ပိုင်စီးပြီး အမည်နာမ ကင်းပွန်းတပ် ခေါ်ဆိုထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ပင်လယ်ကမ်းမြောင်ဒေသကြီးဟာ နိုင်ငံတစ်ရပ်အနေနဲ့ ဘီစီ ၃၃၂၅ ခုနှစ်ကတည်းက တည်ရှိခဲ့တယ်လို့ သမိုင်းမှာ ဖေါ်ပြပြီး- ရခိုင်နေပြည်တော် ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ နာမည်နဲ့ နိုင်ငံကို ထူထောင်ခဲ့ခြင်း မဟုတ်ပါ။ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး- ဆိုတဲ့ နေရာဒေသအမည်များနဲ့သာ တိုင်းပြည်အဖြစ် ထူထောင်ခဲ့တာ ကိုတွေ့ရပါတယ်။
ဓည၀တီနေပြည်တော်ခေတ်မှသည် မြောက်ဦးနေပြည်တော်ခေတ်အထိ တိုင်းပြည်အုပ်ချုပ်မှု ဧရိယာဟာ စစ်တ ကောင်းမှသည် မော်ဒင်စွန်းထိ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ဦးခေတ် အေဒီ ၁၄၃၃ ခုနှစ် မင်းစောမွန် (မွတ်စလင်အမည် အလီခန်)က စပြီး အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ သတ်မှတ်ထားတဲ့ နိုင်ငံရဲ့ ထက်ဝက် စစ်တကောင်းနယ် တစ်ခုလုံးနဲ့ ဒါ့က်ကားထိ ဓည၀တီနိုင်ငံတော်ထဲမှာ ပါဝင်ခဲ့ပါတယ်။ မြောက်ဦး နေပြည်တော် နိုင်ငံရဲ့ နောက်ဆုံးမင်း မဟာသမ္မတရာဇာ နန်းတက်လာတော့၊ သူဟာ ရမ်းဗြဲ- ဇိန်ချောင်း ဇာတိဖြစ်လို့ မြောက်ပိုင်းသားများက မကျေမနပ် ဖြစ်လျှက် ကုန်းဘောင်မင်း ဘိုးတော်ဦးဝိုင်းဆီမှာ စစ်ကူတောင်းပြီး တောင်ပိုင်းသား သမ္မတမင်းကို ထီးနန်းဖြုတ်ချစေခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာ မြောက်ဦးနေပြည်တော်ကို ဗမာက သိမ်းလိုက်တယ်။ ဒီလိုသိမ်းလိုက်တော့လည်း- မြောက်ဦးနေပြည်တော် ပိုင်မြေသည် မောင်းတောမြို့မှ ဂွမြို့ထိ ဖြစ်စေရမည်ဟု သတ်မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်ကို သိမ်းပိုက်သည် ဆိုခြင်းမှာ မြောက်ဦးနေ ပြည်တော် ပိုင်ဆိုင်ရာ နယ်နမိတ်အားလုံးကို သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗမာများရဲ့ လက်အောက်မှာ မနေလို လို့ အင်္ဂလိပ်ကို စစ်ကူတောင်းပြီး ဗမာကို ပြန်လည်တော်လှန်ခဲ့ပြီး ၁၈၂၆ ခု ရန်တပို စာချုပ်အရ အင်္ဂလိပ် လက်အောက်ကို ရောက်သွားတဲ့ မြောက်ဦးနေပြည်တော်ဟာ- မောင်းတောမှ ဂွမြို့ထိ ဖြစ်စေရမယ်လို့ သတ် မှတ်ချက် မရှိခဲ့ပါ။ မြောက်ဦးနေပြည်တော်က ပိုင်စိုးအုပ်ချုပ်ခဲ့ရာ ဒေသတစ်ခုလုံးကို အင်္ဂလိပ်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက မင်းတွေ ခေတ်တွေပဲ ပြောင်းသွားတယ်၊ မြောက်ဦးနေပြည်တော်ရဲ့ အကျယ်အ၀န်းနဲ့ အဲ့ဒီမှာ နေခဲ့တဲ့ တိုင်းရင်းမျိုးနွယ်စုတွေက ပျောက်ပျက်သွားခြင်း မရှိခဲ့ပါ။
ဘီစီ ၃၃၂၅ ခုနှစ်- ဓည၀တီခေတ်ကစ စစ်တကောင်းထိ ကျယ်ဝန်းခဲ့တဲ့ နိုင်ငံတစ်ခုကို ၁၉၄၈ (နု- အက်တလီ) စာချုပ်မှာမှ ပိုင်းခြားခံလိုက်ရခြင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ မင်းတွေက မွတ်စလင်ဘွဲ့ မခံယူခဲ့တဲ့ အကြောင်းရင်းက အဲ့ဒီ ခေတ်တွေက အစ္စလာမ်သာသနာလည်း မပေါ်သေးသလို၊ စစ်တကောင်း ဒေသကိုလည်း အစ္စလာမ် သာသနာမရောက်သေးပါ။ အဲ့ဒီ ဒေသကို အစ္စလာမ်သာသနာက အေဒီ ၁၂ ရာစု လောက်မှစတင်ရောက်လာခဲ့တာပါ။ ဒီရာစုတွေ မတိုင်မှီ ရှေးပဝေဏသီကပဲ ဒီလူမျိုးတွေဟာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့နေပြည်တော်အတွင်းနေ လူမျိုးများ ဖြစ်ပြီး- သူတို့ဟာ သူတို့ လွတ်လပ်စွာ ဘာသာကူး ပြောင်း သွားခဲ့ခြင်းသာ ဖြစ်တယ်။ အဲ့ဒီ ခေတ်က ဘုရင်မင်းများကလည်း တိုင်းသူပြည်သားများ ကြိုက်နှစ်သက် ရာကို ကိုးကွယ်ယုံကြည်စေခဲ့လို့ သူတို့ကိုယ်တိုင် သာသနာပြောင်းခွင့် ရခဲ့ခြင်း ဖြစ်တယ်။ မဂိုမင်းတွေက နယ်လု သာသနာပြုခဲ့ခြင်း မဟုတ်ပါ။ မဂိုမင်းများ စစ်တကောင်းနယ်ကို ရောက်လာတဲ့ သမိုင်းက ၁၆၆၆ ခုနှစ် ဖြစ်တယ်။ ဒီမတိုင်မှီကတည်းက မြောက်ဦးပြည့်ရှင် မင်းစောမွန်က အလီခန် ဆိုတဲ့ မွတ်စလင်ဘွဲ့ကို ကိုယ်တိုင် ခံယူပြီး ဖြစ်နေခဲ့ပါပြီ။ ၁၆၆၆ ခုနှစ်မှာ မဂိုမင်းတွေ စစ်တကောင်းကို သိမ်းပိုက်ခဲ့ပေမယ့်- သူတို့က စစ်တကောင်း နယ်ကို မြောက်ဦးနေပြည်တော်ထံပဲ ပြန်အပ်ခဲ့ပါတယ်။
နေပြည်တော် တစ်ခုတည်း အတွင်း နေထိုင်ခဲ့တဲ့ လူမျိုးစုံဟာ အဲ့ဒီနေပြည်တော်အတွင်းမှာ လွတ်လပ်စွာ သွားလာနေထိုင် အခြေချခဲ့ပါတယ်။ ရခိုင်ဗုဒ္ဓဘာသာများ စစ်တကောင်းနယ်ထဲမှာ အင်နဲ့အားနဲ့ တည်ရှိသလို၊ ရိုဟင်ဂျာများ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲထိ အင်နဲ့အားနဲ့ တည်ရှိနေခဲ့ပါတယ်။ မြန်မာပြည်မထဲက မွန်နဲ့ ဗမာကဲ့သို့ တည်ရှိနေခဲ့ပါတယ်။ (ဒီကိစ္စက သမိုင်းလိမ် မဟုတ်ပါ။ ရခိုင်ရာဇ၀င်ကျွမ်းကျင်သူ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများရဲ့ သမိုင်းအထောက်အထားအားဖြင့် သော်လည်းကောင်း၊ ယုတ္တဗေဒအားဖြင့် သော် လည်း ကောင်း ဖျောက်ဖျက်၍ မပျောက်နိုင်သေးသော လက်တွေ့ သမိုင်းအထောက်အထားများဖြင့် သော်လည်း ကောင်း မည်သူနှင့်မဆို ရှင်းနိုင်ပါတယ်။)
ကိုလိုနီဖြစ်ရတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေ လွတ်လပ်ရေး ရတော့မယ် ဆိုတော့-၊ အင်္ဂလိပ်တို့ရဲ့ ဘုရင်ခံခွဲ အုပ်ချုပ်မှု ဒေသတစ်ခုစီကို နိုင်ငံတစ်ခုအဖြစ် လွှဲအပ် လွတ်လပ်ရေးပေးရတော့မှာပါ။ ဒီအချိန်အခါမှာ ဘာသာရေးအရ ဖြစ်စေ၊ သမိုင်းအရဖြစ်စေ သီးခြားဖြစ်တည်ခဲ့တဲ့ ဒေသနဲ့ လူမျိုးများက ခွဲထွက်ရေးကို လုံးပန်းခဲ့ပါတယ်။ အနီး စပ်ဆုံး အိန္ဒိယပြည်ကို ကြည့်ပါ။ အင်္ဂလိပ်မအုပ်ချုပ်မှီက မဂိုလ်မင်းများ လက်ထက် တစ်နိုင်ငံတည်း ဖြစ်ခဲ့တဲ့ ဒေသကြီးကို လွတ်လပ်ရေး ရယူစဉ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်လို့ ခွဲယူခဲ့ကြပါတယ်။ ပြသနာက ခေါင်းဆောင်ချင်း အာဏာလုတဲ့ ကိစ္စပါ။ အလီဂျင်းနားကြီးနဲ့ ဂန္ဒီကြီးတို့ အချင်းချင်း အစာကြေအောင် မဆွေးနွေးနိုင်ခဲ့တာက စတယ်လို့ ဆိုရပါမယ်။ လူများစုကြီး ဖြစ်တဲ့ ဟိန္ဒူများက လူနည်းစု မွတ်စလင်တွေကို ဖိနှိပ်လာရင် ဘယ်လို လုပ်မလဲ ဆိုတာ ဥပဒေ မပြုနိုင်ခဲ့လို့ မွတ်စလင်များက စိုးရိမ်ပြီး မွတ်စလင်များရာ နယ်များကို သီးခြားခွဲယူ ခဲ့ရတဲ့ အဖြစ်ပါ။ ဒီလို နိုင်ငံခွဲယူတာက အရေးမကြီးဘူး ပြသနာက နိုင်ငံခွဲတဲ့အခါမှာ မွတ်စလင်များ မွတ်စလင် များရာဒေသကို ပြောင်း၊ ဟိန္ဒူများက ဟိန္ဒူများရာ ဒေသကိုပြောင်း- (မပြောင်းချင်ရင်လည်း အတင်းအဓမ္မ ပြောင်း)နဲ့ လူသန်းပေါင်းများစွာ သေကျေခဲ့ရပါတယ်။
လွတ်လပ်ရေး သမိုင်းတစ်လျှောက် အိန္ဒိယနဲ့ ဆင်တူခဲ့တဲ့ မြန်မာဟာ အိန္ဒိယ အတုကို အကုန်ခိုးချခဲ့တယ်လို့ ပြောနိုင်တယ်။ အဓိက ပြသနာက ရခိုင်က စခဲ့ပြန်တယ်။ ရခိုင်ဘုန်းကြီး ဦးစိန္တာဟာ ရခိုင်ကို မြန်မာက သီးခြားခွဲ ထွက်ပြီး သီးခြားနိုင်ငံ ထူထောင်လိုခဲ့တယ်။ ဒါပေမယ့် သူ့အိပ်မက် ရခိုင်နိုင်ငံ ဆိုတာ မြောက်ဦးနေပြည်တော် လွတ်လပ်ရေးဆုံးရှုံးခဲ့တဲ့ နိုင်ငံတစ်ခုလုံး မဟုတ်ဘဲ- ရခိုင်ဗုဒ္ဓဘာသာများသာ သီးသန့်နေထိုင်တဲ့ ရခိုင်နိုင်ငံ တော် အဖြစ် စိတ်ကူးယဉ်ခဲ့တယ်။ ဒီအတွက် ပါကစ္စတန်နဲ့ အိန္ဒိယ လူချင်း ကူးပြောင်းနေရာရွှေ့မှုကို အတုယူပြီး ရခိုင်ဒေသက မွတ်စလင်များကို စစ်တကောင်းထဲကို မောင်းထည့်၊ စစ်တကောင်းဒေသက ရခိုင်ဗုဒ္ဓဘာသာများ ကို ရခိုင်ပြည်ထဲကို မောင်းထည့်တဲ့ စီမံချက်ကို စတင်ခဲ့တယ်။ ဒီကိစ္စကို သူနဲ့ အပေါင်းပါ တစ်စုသာ လက်ခံခဲ့ပြီး သာမန်ပြည်သူကြီး ဘယ်မှာနေနေ ကိုယ့်ဒေသကို ကိုယ်ချစ်နေတော့ ရွေ့ပြောင်းရ ခက်ခဲခဲ့တယ်။
ဒီအတွက် လူဆိုးလူမိုက် တစ်ချို့ကို မွေးပြီး မွတ်စလင်လူနည်းစုနေ ကျေးရွာများက မွတ်စလင်တွေရဲ့ အိမ်တွေ ကို မီးရှို့၊ မွတ်စလင်တွေကို သတ်ဖြတ်မောင်းထုတ်ခဲ့တယ်။ ဒီတော့ မွတ်စလင်တွေဘက်ကလည်း မခံမရပ်နိုင် ဖြစ်- မွတ်စလင်များတဲ့ ဒေသက ရခိုင်ဗုဒ္ဓဘာသာ အိမ်တွေကို မီးရှို့၊ ရခိုင်ဗုဒ္ဓဘာသာများကို မောင်းထုတ် အပြန် အလှန်ဖြစ်ကုန်တယ်။ ဒီကစ လူမျိုးရေး အဓိကရုန်းကြီး ဖြစ်သွားတယ်။ ဒီကိစ္စကြီးက မြန်မာပြည် လွတ်လပ်ရေး ရလုရလု အချိန် ၁၉၄၂ ခုနှစ်က ဖြစ်ရပ်ပါ။ လွတ်လပ်ရေး ရပြီ ဆိုတာနဲ့ ပါကစ္စတန်ကို အတုခိုးပြီး- ဦးစိန္တာက ရခိုင် ဗုဒ္ဓဘာသာ နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပါတယ်။
ဦးစိန္တာရဲ့ ရည်ရွယ်ချက်ကို စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ တို့မှာ ရှိတဲ့ ဆရာတော်ကြီးတွေက သဘောမတူ ခဲ့ဘူး။ ဆရာတော်ကြီးများက ဘုန်းကြီးနဲ့ နိုင်ငံရေး မပတ်သက်လို့ ခံစားခဲ့တယ်။ ဒါကြောင့် ဦးစိန္တာကို ကန့်ကွက် ခဲ့တယ်။ အထူးသဖြင့် ရမ်းဗြဲဆရာတော်၊ သံတွဲဆရာတော်ကြီးများက ကန့်ကွက်ခဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် ရမ်းဗြဲနဲ့ သံတွဲနယ်က လူတွေကို ဗမာလူ- (အောက်သား)များလို့ ကင်ပွန်းတပ်ခဲ့တယ်။
ဦးစိန္တာရဲ့ လှုပ်ရှားမှု အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရခိုင်များကို အတော်အတန် သွင်းနိုင်ခဲ့သလို၊ ရခိုင်ပြည်ထဲ က မွတ်စလင်များကိုလည်း အတော်အတန် မောင်းထုတ်နိုင်ခဲ့တယ်။ အထူးသဖြင့် လူနည်းစုနေ နေရာဒေသ များမှာ ဖြစ်ခဲ့တယ်။
ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး
ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး
နိုင်ငံ နယ်နမိတ်တစ်ခု ပီပီပြင်ပြင် တည်ရှိ၍ ထိုနယ်နမိတ်ကို ရေးဆွဲသတ်မှတ်စဉ် နိုင်ငံနယ်နမိတ်အတွက် မျိုးစဉ် မျိုးဆက် နေထိုင်ခဲ့သော လူသား ထိုနိုင်ငံ၏ ဥပဒေရိပ်အောက်မှ နိုင်ငံသား အဖြစ်သတ်မှတ်ပေးရမည်။ နိုင်ငံတိုင်းတွင်၊ နိုင်ငံနယ်နမိတ် သတ်မှတ်ပြီး နောက်ပိုင်းမှ ၀င်ရောက်လာသူနှင့် နိုင်ငံ နယ်နမိတ် သတ်မှတ် လိုက်စဉ် နိုင်ငံအတွင်း၌ ရှိနေသူ ဟူ၍ ရှိသည်။
နိုင်ငံအတွင်း ရှိနေသူသည်- ထိုနိုင်ငံ၏ ဥပဒေအောက်မှ လူသား ဖြစ်၍- နိုင်ငံအပြင်ပသို့ ရောက်သွားသော သူများမှာ သက်ဆိုင်ရာ အချုပ်အခြာပိုင်သည့် နိုင်ငံ၏ ဥပဒေအောက်မှ လူသားများဖြစ်သည်။ ဤနေရာတွင် ချွင်းချက် အခြေအနေတစ်ရပ်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ယူစဉ်တွင် နိုင်ငံနယ်နမိတ် အား သတ်မှတ်စဉ်တွင် သီဘောမင်း၏ မိသားစု အပါအ၀င် အချို့သော မိသားစုများသည် နိုင်ငံပြင်ပတွင် ရှိနေ သည်။ ထိုမိသားစုမျိုးထဲမှ မြန်မာနိုင်ငံသား အဖြစ်ခံယူလိုသူ တစ်ချို့ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံသား ခံယူ လိုလျှင် ခွင့်ပြုပေးနိုင်သည်။ အလားတူ နိုင်ငံခြားမှာ မြန်မာနိုင်ငံအတွင်းသို့ လာရောက်နေထိုင်သူ ဥပမာ အင်္ဂလိပ်ခေတ် တာဝန်ထမ်းဆောင်သည့် ဥရောပလူမျိုးများ၊ အိန္ဒိယ လူမျိုးများ၊ တရုတ် လူမျိုးများအား သူတို့၏ စိတ်ဆန္ဒအလျှောက် မိမိတို့၏ ဇာတိနိုင်ငံသို့ ပြန်လိုက ပြန်နိုင်သည်၊ ဆက် လက်နေထိုင်လိုက နေထိုင်နိုင်သည် ဟူသည့် အခွင့်အရေးကို ပေးရမည် ဖြစ်သည်။ သို့သော် သူတို့နှင့် မြန်မာတိုင်းရင်းသူ တစ်ဦးဦး သွေးနှော ကပြား ဖြစ်နေသူများကို နိုင်ငံသား ပေးကို ပေးရပေမည်။
ထိုသို့သော အခြေအနေပေါ် မူတည်၍ နိုင်ငံတိုင်းတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ တိုင်းရင်းသား ဟူ၍ အမျိုး အစား သုံးမျိုး သတ်မှတ်ပေးထားသည်။
နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ္မရေး- ဆောင်ရွက်ပိုင် ခွင့်၊ ခံစားနိုင်ခွင့်များ၌ တန်းတူညီမျှ ဖြစ်စေရပေမည်။ သို့သော် (တိုင်းတစ်ပါး၌ မွေးပြီး) နိုင်ငံသား ဖြစ်လာသူ အား တိုင်းပြည်၏ အဓိက ဦးဆောင်နေရာမှ ချန်လှပ်ထားနိုင်သည်။ (ဥပမာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မပြု ဟူ၍ ဖြစ်သည်။)
ဧည့်နိုင်ငံသား ဟူသည် သက်တမ်းသတ်မှတ်ချက် ရှိရမည်။ လူသားမျိုးနွယ်တစ်ခုအား ကာလအပိုင်းအခြားမရှိ ဧည့်နိုင်ငံသား သတ်မှတ်ထား၍ မရချေ။ ကမ္ဘာ့နိုင်ငံကြီးများတွင် ၅ နှစ်၊ ၃ နှစ်၊ ၇ နှစ် စသည့်ဖြင့် သတ်မှတ်ထား ၍၊ အာရှ- အာဖရိက နိုင်ငံများတွင် လူတစ်ဦး၏ သက်တမ်းတစ်လျှောက် သတ်မှတ်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံခြားမှ ၀င်လာသူတစ်ဦးသည် သူ့သက်တမ်းတစ်လျှောက် ဧည့်နိုင်ငံသား အဖြစ်ဖြင့်သာ နေထိုင်ရမည် ဖြစ် သည်။ သို့သော် သူ့သားသမီးများနှင့် မသက်ဆိုင်ချေ။
တိုင်းရင်းသား- တိုင်းရင်းသည်ဟူသည်မှာ မူလဇစ်မြစ် လူမျိုးဖြစ်သည်။ သို့သော် ၎င်းတို့သည်လည်း အမှန်တစ် ကယ်တွင် မူလဇစ်မြစ် မဟုတ်ချေ၊ ထိုဒေသတစ်ခု၌ မျိုးစဉ်မျိုးဆက် နေထိုင်ခဲ့သည်မှာ ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ချီ၍ နေထိုင်ခဲ့သော လူမျိုးနွယ်ကို ခေါ်ဆိုသည်။ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား မဟုတ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း တိုင်းရင်းသား မဖြစ်နိုင်ချေ။
ဥပမာ- ကချင်တိုင်းသည် မြန်မာနိုင်ငံ နိုင်ငံသား မဟုတ်ချေ။ ကချင်လူမျိုးပေါင်း သန်းနှင့်ချီ၍ တရုတ်နိုင်ငံသား များအဖြစ် တည်ရှိနေသည်။ အလားတူ ကရင်လူမျိုးပေါင်း ငါးသိန်းခန့် ထိုင်းနိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရှမ်းလူမျိုးပေါင်း သန်းနှင့်ချီ၍- တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရခိုင်လူမျိုး ပေါင်း သန်းနှင့်ချီ၍ အိန္ဒိယနိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရိုဟင်ဂျာ လူမျိုးပေါင်း သန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။
ထို့ကြောင့် တိုင်းရင်းသား ဟူသည်မှာ သူ့မျိုးနွယ်၊ သူ့လူ့သဘာဝ၊ သူ့ဝန်းကျင်၊ သူ့ယဉ်ကျေးမှုနှင့် တည်ရှိနေ သော လူမျိုးတူစုဖြစ်၍-၊ သက်ဆိုင်ရာ နိုင်ငံအတွင်း ကျရောက်သွားသော လူအစုအဝေး၊ လူမျိုးနွယ်သာ ဖြစ် သည်။ နိုင်ငံနယ်နမိတ် သတ်မှတ်စဉ် အခြားနိုင်ငံဘက်သို့ ပါသွားသဖြင့်- မိမိနိုင်ငံအတွင်း ထိုလူမျိုးစုအား နိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်၍ မရချေ။
တိုင်းရင်းသား တစ်စုချင်းသည် သူ့လူမျိုးတူရာအား သံယောဇဉ်ရှိနိုင်သည်၊ ချစ်ခင်ပတ်သက်နိုင်သည်။ ဆက်ဆံ ဆက်သွယ်နိုင်သည်။ သို့သော် နိုင်ငံသား ဖြစ်ခွင့်အား ဝေခြမ်းပေး၍ မရနိုင်ချေ။ ဥပမာအားဖြင့် မြန်မာကရင်မှ ထိုင်းကရင်တို့အား သံယောဇဉ်ရှိမည်ပင်။ မြန်မာမွန်များက ထိုင်းမွန်တို့အား သံယောဇဉ်ရှိမည်ပင်- မည်သို့မျှ တားဆီး၍ မရနိုင်ချေ။ သို့သော် ထိုင်းလွှတ်တော်ထဲတွင် ပေးထားသော မွန်အမတ် ၁၈ ဦး၏ နေရာအား မြန်မာ မွန်များက တက်ယူ၍ မရနိုင်ချေ။ ထို့အတွက် ထိုင်းအစိုးရကလည်း ခွင့်ပြုမည် မဟုတ်ချေ။ အလားတူ ထိုင်းနိုင်ငံသား မွန်တို့၏ သူ့နိုင်ငံအတွင်း ခံစားခွင့်များအား မြန်မာမွန်တို့အား မပေးနိုင်ချေ။ အလားတူပင် ဘင်္ဂဘီရခိုင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ ခံစားခွင့်အား ရယူထားသည်။ အကယ်၍ ပြည့်ပြည့်၀၀ မရခဲ့လျှင်လည်း ထိုဘင်္ဂလီရခိုင်တို့ အနေဖြင့် ဘင်္ဂလီအစိုးရအား တော်လှန်ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်။ သို့သော် ဘင်္ဂလီရခိုင်များ အနေဖြင့် မြန်မာအစိုးထံတွင် ထိုအခွင့်အရေးအား တောင်းဆိုခွင့် မရှိချေ။
လူမျိုးနွယ်တစ်ခု၏ မိမိတို့ နေထိုင်အခြေချနေခဲ့ရာ ဒေသအား နိုင်ငံပိုင်းခြား သတ်မှတ်လိုက်ခြင်းကြောင့် ကွဲပြား သွားရသော တိုင်းရင်းသားတို့အား သက်ဆိုင်ရာ နိုင်ငံမှ အပြည့်အ၀ တာဝန်ရှိပေသည်။
ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားမျိုးနွယ်များ စုပေါင်း၍ နိုင်ငံ ထူထောင်ခြင်းကို မခေါ်ဆိုပေ။ လူမျိုးနွယ် များစုနေခြင်းကို မျိုးနွယ်စု ဟုသာ ခေါ်ဆိုနိုင်ပေမည်။ ပြည်ထောင်စုဟူသည့် အဓိပ္ပါယ်သက်ရောက်ရန် နိုင်ငံအနှံ့ ဥပဒေသက်ရောက်စိုးမိုးစေရန် ဥပဒေအားဖြင့် စီရင်စုများတည်ဆောက်ရပေမည်။ တိုင်းဒေသများ နယ်နမိတ်သတ်မှတ်လျှက် တစ်နိုင်တစ်ပိုင် ဥပဒေ ကို စောင့်ရှောင့်ထိန်းနိုင်မည့် နယ်နမိတ်များ သတ်မှတ်ရ မည်။ ထိုနယ်နမိတ်တို့အား သက်ဆိုင်ရာဒေသရှိ လူများစု လူမျိုးနွယ်အမည်နာမဖြင့် မသတ်မှတ်သင့်ပေ။ ပြည်နယ်တိုင်း၊ တိုင်းဒေသတိုင်းတွင် လူမျိုးစုံတည်ရှိနေသည် ဖြစ်ရာ မြို့ပြလူနေမှုတည်ဆောက်ရေးပုံစံတကျ- ထိုဒေသရှိ ထင်ရှားသော မြို့အား ကိုယ်စားပြု၍ သော်လည်းကောင်း၊ မြစ်၊ တောင်တန်း တို့အား ကိုယ်စားပြု၍ သော်လည်းကောင်း ပြည်နယ်အမည်ကို သတ်မှတ်သင့်သည်။ ထိုသို့ သတ်မှတ်ထားသည့် ပြည်နယ်အတွင်း တွင် မှီတင်းနေထိုင်သည့် မည်သည့် လူမျိုးနွယ်မဆို တရားမျှတ၍ လူ့အခွင့်အရေးကို အာမခံသည့် ဥပဒေ၏ အရိပ်ကို ညီမျှစွာ ခံစားခွင့်ရှိစေရပါမည်။ ထိုတိုင်းဒေသများ စုစည်းထားခြင်းဖြင့် တည်ဆောက်သည့် နိုင်ငံတော် သည်သာ- ပြည်ထောင်စု ဟူသော အမည်နာမဖြင့် ကိုက်ညီပေမည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ရာတွင်- ပြည်ထောင်စု မပြိုကွဲစေရန် ပြင်းထန်ပြတ်သားသော ဥပဒေတစ်ရပ်အား ဆက်လက်ပြဌာန်းရပေမည်။ ၎င်းမှာ ပြည်ထောင်စုအား ဖြိုခွဲသူ၊ ခွဲထွက်သူ၊ ခွဲထွက်ရန် လှုံ့ဆော်သူအား နိုင်ငံ၏ အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး အပြစ်ဒဏ် (ဥပမာ- သေဒဏ်) အဖြစ် ပြဌာန်းထားရပေမည်။ အလားတူ ပြည် ထောင်စုအတွင်း လူသားမျိုးနွယ်ချင်း စိတ်ငြိုငြင်စေမည့် လူမျိုးရေး စကားများ ပြောဆိုသူ၊ ပုတ်ခတ်သူ၊ ခွဲခြားသူ တို့အား အလားတူ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ထားရပေမည်။
သို့မဟုတ်လျှင်- အနှိမ်ခံနေမည့် အစား သေရခြင်းက ပို၍မြတ်သည်ဟု ခံစားချက်များ ဖြစ်ပေါ်လာလျှက်- အနှိမ်ခံရသည့်မျိုးနွယ်တို့က အသေခံကာ ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်များ ပြည်လည်ရှင်သန်လာနိုင်သည်။ ထိုအခါ ခွဲထွက်သူအား သေဒဏ် ဟု ချမှတ်ထားလင့်ကစား ထိုဥပဒေမှာ အသုံးဝင်တော့မည် မဟုတ်ချေ။
လူတစ်ဦးတစ်ယောက်ချင်းစီမှာ လွတ်လပ်ညီမျှသော ဥပဒေ၏ စောင့်ရှောက်မှုအား ရရှိနေလျှင် အာဏာမက် သော လူယုတ်မာတစ်စု၊ သို့မဟုတ် မတည်မငြိမ်မှုအား အကြောင်းပြ၍ စီးပွားရှာလိုသော လူယုတ်မာတစ်စုမှ လွဲ၍ သာမန်ပြည်သူအများစုကြီးမှာ ခွဲထွက်ရေးကိုသော်လည်းကောင်း၊ နိုင်ငံရေးကိုသော်လည်း စိတ်ဝင်စား တော့မည် မဟုတ်ချေ။
ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး islammyanmar.com
သို့မဟုတ်လျှင်- အနှိမ်ခံနေမည့် အစား သေရခြင်းက ပို၍မြတ်သည်ဟု ခံစားချက်များ ဖြစ်ပေါ်လာလျှက်- အနှိမ်ခံရသည့်မျိုးနွယ်တို့က အသေခံကာ ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်များ ပြည်လည်ရှင်သန်လာနိုင်သည်။ ထိုအခါ ခွဲထွက်သူအား သေဒဏ် ဟု ချမှတ်ထားလင့်ကစား ထိုဥပဒေမှာ အသုံးဝင်တော့မည် မဟုတ်ချေ။
လူတစ်ဦးတစ်ယောက်ချင်းစီမှာ လွတ်လပ်ညီမျှသော ဥပဒေ၏ စောင့်ရှောက်မှုအား ရရှိနေလျှင် အာဏာမက် သော လူယုတ်မာတစ်စု၊ သို့မဟုတ် မတည်မငြိမ်မှုအား အကြောင်းပြ၍ စီးပွားရှာလိုသော လူယုတ်မာတစ်စုမှ လွဲ၍ သာမန်ပြည်သူအများစုကြီးမှာ ခွဲထွက်ရေးကိုသော်လည်းကောင်း၊ နိုင်ငံရေးကိုသော်လည်း စိတ်ဝင်စား တော့မည် မဟုတ်ချေ။
ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး islammyanmar.com
လက်ရှိ မြန်မာအာဏာပိုင်များနဲ့ တိုင်းရေးပြည်ရေး မငြိမ်မသက်မှုများကို တွေ့နေရတော့ ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လန်းစစ်မှာ နေခဲ့စဉ်က အိမ်ချင်းကပ်နေထိုင်တဲ့ မဇိုလီနာရဲ့ စကားလေးကို သတိရမိပါတယ်။ သူ့ခမြာ- ကလေး ၄ ယောက်၊ ယောက်ျားမရှိ။ တနေ့မှာ သူက စိတ်တိုနေပြီး သူ့ကလေးတွေကို “နင်တို့လေ-- ငါ့ရဲ့ လင်ပါသားသမီးတွေ ဆိုရင် နှတ်ခမ်းဆီသုတ် ပါးချည်းရိုက်ပစ်မယ်၊”လို့ အော်ဟစ်နေတယ်။
သူ့စကားကို ကျွန်တော်က နားမလည်တော့- အမ၊ အမက ကလေးတွေကို ဆူတာ တစ်မျိုးပဲ။ “နှတ်ခမ်းဆီသုတ် ပါးရိုက်မယ် ဆိုတာ ဘာလဲ- ကျွန်တော်တောင် နားမလည်ဘူး ကလေးတွေက နားလည်ပါ့မလား” လို့ ပြော တော့- သူ ကလေးတွေကို စိတ်တိုနေတာ ပြေသွားပြီး- ကျွန်တော့ကို “ဆရာကလည်း-၊ ဒီကလေးတွေက ကျွန်မစကားကို နားမထောင်ဘူး- ရိုက်ချင်ထောင်းချင်စိတ်ကို ဖြစ်စေတယ်။ ကျွန်မသားသမီး အရင်းဆိုတော့ ရိုက်လည်း အပြစ်ပြောမယ့်လူက မရှိဘူးလေ။ တစ်ကယ်လို့ သူတို့က လင်ပါသားသမီးဆိုရင်- သူတို့ အပြစ်ဘယ်လောက်လုပ်လုပ် ရိုက်ဘို့ လင်ရဲ့ မျက်နှာကို ထောက်နေရမယ်။ ဒီတော့ နှတ်ခမ်းမှာ ဆီသုတ်ထား လိုက် ပြီးရင်- ရှင့်ကလေးတွေက ကျွန်မစေတနာကို နားမလည်ဘူး၊ ဒီလောက် ဆီပြန်ဟင်းနဲ့ ကျွေးတာတောင် မစားဘူး ခံငြင်းတယ်၊ ဒါကြောင့် စိတ်တိုတိုနဲ့ ရိုက်ပစ်လိုက်တာ၊ မယုံရင် သူတို့နှတ်ခမ်းကို ကြည့်ပါလား- ဆီတောင် မခြောက်သေးဘူး၊” ဆိုပြီး ပြောလို့ ရတာပေါ့တဲ့။ (ကျွန်တော် တော်တော် သဘောကျမိခဲ့သည်။)
အခုတစ်လော- ရခိုင်ပြည်နယ် ကိစ္စတွင် နိုင်ငံတော်အစိုးရသာ သာမက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ- ခေါင်းကိုက်နေရသော ကိစ္စ ဖြစ်နေသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ငယ်သံ ပါအောင် အော်ဟစ်တောင်းဆိုနေကြသူများပင်- မွတ်စလင် အတွက် ထည့်စဉ်းစားထားခဲ့ဟန် မရှိကြောင်း ပေါ် လွင်နေသည်။ မွတ်စလင်နှင့် ပတ်သက်လာလျှင် တစ်ဘက်စောင်းနင်း မြင်နေသည်။ လတ်တလောနှစ်ပေါင်း များစွာမှ စ၍ ဒီနေ့ထိ ပူပူနွေးနွေး ၀င်လာမစဲ တစ်သဲသဲ တရုတ်လူမျိုးများ ကိစ္စကို ခေါင်းထဲတွင် ရေခဲ ရိုက်ထားပြီး-၊ နှစ်ပေါင်းများစွာမှ ၀င်လာခဲ့၍ ၀င်ရောက်မှု ပြတ်စဲခဲ့သည်မှာလည်း နှစ်ပေါင်းများစွာကြာနေပြီ ဖြစ် သော အိန္ဒိယမျိုးနွယ်၊ ဘင်္ဂလားဒေ့ရှ်မျိုးနွယ်တို့အား “ကုလားတွေ ၀င်လာနေသည်” ဟု မကြာခဏ ပြန်လည် နွေးပေးနေသည်။
ထိုမှ ကြားညပ်၍ မြန်မာပြည်ဘွား မွတ်စလင်တို့အား လူထုမှ အမြင်စောင်းစေရန် မကြာခဏ ၀ါဒဖြန့်နေသည်။ သွေးခွဲနေသည်။ ဘင်္ဂလားဒေ့ရှ်မှ ၀င်လာခဲ့သော ဘင်္ဂလီရခိုင်နှင့် ဘင်္ဂလီ ရိုဟင်ဂျာတို့မှ ဘင်္ဂလီရခိုင်တို့အား ဖုံးဖိထားပေးလျှက်- ဘင်္ဂလီရိုဟင်ဂျာ တစ်ချို့ကိုသာ လက်ညှိုးထိုးနေသည်။ ထိုမျှမက မြန်မာရိုဟင်ဂျာအားလုံး ကိုပါ- ဘင်္ဂလီများ ဖြစ်သည်ဟု စွပ်စွဲနေသည်။
လက်ရှိ ရခိုင်အမျိုးသား တိုးတက်ဖွံ့ဖြိုးရေး ပါတီ၏ ဦးဆောင်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအေးမောင်သည်ပင် ၁၉၅၃-၅၄ ခုနှစ်ကမှ ဘင်္ဂလားဒေ့ရှ်မှ ၀င်လာသော ဘင်္ဂလီ မိဘစစ်စစ်မှ မွေးသော ဘင်္ဂလီရခိုင်ဖြစ်နေသည်ကို မသိဟန်ပြုလျှက်- နှစ်ပေါင်းထောင်နှင့်ချီ အမြစ်တွယ်နေသည့် ရိုဟင်ဂျာတို့အား ပေါ်လစီချ နှိပ်ကွပ်နေသည်။ ဘင်္ဂလီရခိုင်တို့က မြန်မာနိုင်ငံအင်အား ချိနဲ့စေရေးကိုသာ ကြံဆောင်နေပြီး ဗမာ့အခက် ရခိုင့်အကွက် (ရခိုင်နိုင် ငံခွဲထွက်ရန်) ဟု ခံယူထားသူများကို အားပေးမြှောက်ပင့်နေခဲ့သည်။ မြန်မာနိုင်ငံသား အဖြစ် မြန်မာနှင့်အတူ ငြိမ်းချမ်းစွာ အတူပူးပေါင်းနေလိုသော ရိုဟင်ဂျာတို့အား အတင်းဖယ်ထုတ်နေခဲ့သည်။ ခွဲထွက်လိုသူတို့အား အားကောင်းစေရန် ပြုစုလျှက်၊ ပူးပေါင်းနေလိုသူတို့အား ချိနဲ့စေရန် ပေါ်လစီချမှတ်ထားခြင်းမျိုးဖြင့် မည်ကဲ့သို့ ပြည်ထောင်စု တည်ဆောက်နိုင်မည်နည်းဟုပင် တွေးမိဟန်မရှိချေ။
ရိုဟင်ဂျာများကိုသာမက မြန်မာတစ်ပြည်လုံးရှိ မွတ်စလင်တို့အား ရသည့်နည်းဖြင့် နှိပ်ကွပ်ရန် ပေါ်လစီမျိုးစုံ ချမှတ်ထားသည်။ ဗမာဗုဒ္ဓဘာသာနှင့် ဗမာမွတ်စလင် ညီညွတ်ချစ်ခင်နေမှုများအား စီမံချက်တကျ ဖြိုခွဲပစ်ခဲ့ သည်။ ထိုသို့ မွတ်စလင်မုန်း စိတ်ဓါတ်များ သီးပွင့်လာသော အကျိုးဆက်ကြောင့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။
ထိုပြသနာမှာ ဖုံးမရ၊ ဖိမရ တစ်ကမ္ဘာလုံးက သိမြင်လာ၍ ပွက်လောရိုက်လာသည်။ ထိုအခါ- နိုင်ငံတော်တွင် လူဝင်မှုဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် အပူတစ်ပြင်းလိုအပ်လာသည်ဟု နိုင်ငံရေးသမားတိုင်း ဆင်ခြင်လာတော့ သည်။ သို့သော် သူတို့၏ ဆင်ခြင်မှုတိုင်းတွင် ထိုနိုင်ငံသား စီစစ်ရေး ဥပဒေ ဆိုသည်မှာ ရိုဟင်ဂျာနှင့် မွတ်စလင် တို့အတွက်သာ ရည်ရွယ်နေပြီး- နိုင်ငံခြားမှ ၀င်လာသူ ရခိုင်၊ တရုတ်တို့အား ရည်ရွယ်ပြောဆိုခြင်း မဟုတ် ကြောင်း သိသာ ထင်ဟပ်နေပြန်သည်။
နိုင်ငံတော်ကို တစ်ကယ်ချစ်လျှင် နိုင်ငံတော်၌ ပြဌာန်းသော ဥပဒေသည် နိုင်ငံတွင်းရှိ လူအားလုံးအတွက် သက်ရောက်စေရမည် ဖြစ်သည်။ တရုတ်နှင့် ရခိုင်ဗုဒ္ဓဘာသာတို့အား ချန်လှပ်ထားလျှက် မွတ်စလင်အတွက် သာ ရည်ရွယ်ခဲ့လျှင်- ထိုအမှုသည် ကမ္ဘာက အမြင်ကောင်းအောင်- “နှတ်ခမ်းဆီသုတ်လျှက် မြန်မာမွတ်စလင် တို့ အားပါးရိုက်ခြင်းသာ ဖြစ်တော့သည်။”
မြန်မာမွတ်စလင်တို့ အနေဖြင့် တစ်ပြေးညီသက်ရောက်သော ဥပဒေနှင့် ပေါ်လစီများကိုသာ လိုလားပါသည်။ မိမိအနေဖြင့် ဥပဒေက သတ်မှတ်သည့် အတိုင်း ကပြား ဖြစ်သည်ဆိုလျှင် ကပြား ဟု ခံယူရဲသည်။ သို့သော် ထိုသို့ ကပြားဟု သတ်မှတ်သော ဥပဒေသည် တရုတ်ကိုသော်လည်းကောင်း၊ ၀င်လာသော ရခိုင်ဘင်္ဂလီကို သော်လည်းကောင်း တစ်ပြေးညီ သက်ရောက်မှု ရှိစေရမည် ဖြစ်သည်။ ၎င်းတို့ အပေါ်တွင်လည်း မတော်မ တရား ဆောင်ရွက်ရန် မလိုပါ။
ထိုသို့မဟုတ်- တစ်ဘက်စောင်းနင်း မတရား ပြုမူလျှင် မည်သည့် မတရားသည့် ဥပဒေ၊ ပေါ်လစီ၊ အမိန့်၊ ခွဲခြား ဆက်ဆံမှုကိုမဆို- တရားမျှတမှုအားရှေ့ရှုသူတို့က လက်ခံမည် မဟုတ်ပါ။ ထိုအခါ မြန်မာပြည်နှင့် မြန်မာအာ ဏာတို့သည် ကမ္ဘာ့အလယ်၌ ဆက်လက် အရှက်သိက္ခာမဲ့နေရမည်ပင် ဖြစ်ပေသည်။
လေးစားစွာဖြင့်
ဌေးလွင်ဦး
ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး
ဌေးလွင်ဦး
ကျွန်ုပ်သည် ၁၉၈၈ ခု မြန်မာ့ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွင် ဒေသဆိုင်ရာ ဦးဆောင်ဆော်သြ လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ ကျောင်းသားတပ်မတော် (ABSDF) ၏ ရဲဘော်ဟောင်းတစ်ဦး ဖြစ်သည်၊ နိုင်ငံရေး အယူအဆ ကြောင့် ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသူ တစ်ဦး ဖြစ်သည်။
နိုင်ငံရေးဘ၀ကျင်လည်မှု၊ တော်လှန်ရေးဘ၀ ကျက်စားမှုများ အလျှောက် တိုင်းရင်းသားတို့၏ ဆန္ဒနှင့် သဘော သဘာဝတို့အား တစ်စုံတစ်ရာ ကျွမ်းဝင်သူဟု မိမိကိုယ်မိမိယုံကြည်သည်။ လက်နှက်ကိုင်တော်လှန်ရေးတွင် တစ်စုံတစ်ရာ ပတ်သက်ခဲ့ပြီးနောက်-၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးများကို လက်နှက်ကိုင် ဖြေရှင်းနေ၍ မရဟု ခံစားမိလာသဖြင့်- လက်နက်ကိုင်တော်လှန်ရေးအစား နှစ်ဦးနှစ်ဘက် တွေ့ဆုံ ညှိုနှိုင်း အဖြေရှာရေးဘက်ကို အားသန်လာခဲ့သည်။ သို့ဖြင့် ကျွန်ုပ်၏ နိုင်ငံရေးသယ်ပိုးဝန်ဆောင်ခြင်းများ၌ ရည်ရွယ် ချက်တို့အား ၂၀၀၀ ခုနှစ်မှ စတင်၍ လမ်းစဉ်ပြောင်းလဲခဲ့သည်။
သို့ဖြစ်၍ ကျွန်ုပ်အား သဘောထားပြောင်းသူ၊ စစ်အစိုးရဘက်သို့ တိမ်းညွတ်သူ စသည်ဖြင့် ပြောဆိုခံရမှု များလည်း များစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် သူတို့၏ ပြောဆိုမှုများထက် ကျွန်ုပ်၏ အမိမြေ မြန်မာနိုင်ငံတော် ကြီး ပြိုကွဲသွားမည်ကို စိုးရိမ်စိတ်က အကြီးအကျယ် လွှမ်းမိုးနေသဖြင့်- မည်သူ၏ စွပ်စွဲချက်များကမှ ကျွန်ုပ်အား မထိရောက်ခဲ့ချေ။
ပြည်တွင်းစစ် ဖြစ်နေရခြင်းသည် စစ်စားရိတ်များကုန်ကျခြင်း၊ သေကျေပျက်စီးရခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက် စီးခြင်း၊ ရန်လိုမုန်တီးမှု တိုးပွားခြင်းများနှင့် ညှိမရနိုင်သော ပြသနာများ ဆက်လက်ခိုင်မာနေခြင်းများ အစဉ် အရှိန် အဟုန်ဖြင့် တိုးလျှက်သာ ရှိသည်။ ပြည်သူအများ၏ စားဝတ်နေရေးမှာ ကျဆင်းသည်ထက် ကျဆင်းလာ ရခြင်းသာ အဖတ်တင်ပေသည်။ လူမျိုးနွယ်တိုင်းမှ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် မိမိ၏ လူမျိုးကို အမှန်တစ်ကယ် ချစ်လျှင်၊ တန်ဘိုးထားလျှင် - မိမိ၏ လူမျိုးအား ပညာမဲ့နေရသည့် အဖြစ်၊ စီးပွားပျက်နေရသည့် အဖြစ်၊ ကျီးလန့်စာစား နေနေရသည့် အဖြစ်- တိုင်းတစ်ပါးသို့ ထွက်ပြေးလျှက် ပြည့်တန်ဆာလုပ်စားနေရသည့် အဖြစ်များမှ အမြန်ဆုံးကယ်တင်ရန် စဉ်းစားရပေမည်။
သို့သော် အင်အားကြီးသော အုပ်စုများမှလည်း ကြီးနိုင်ငယ်ညှင်း ပြုလုပ်နေသည်များကို ရပ်ဆိုင်းရပေမည်။ မိမိ က မိမိနိုင်ငံဟု သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်းမှ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူသားအား လုံးအပေါ် တစ်ဦးတစ်ယောက်ချင်းစီ၏ အပေါ်၌ လူ့အခွင့်အရေးကို ပေးတတ်ရမည်။ လူမျိုးနွယ်တို့၏ ယဉ်ကျေး မှု ဓလေ့ထုံးတမ်းများအား နားလည်ပေးတတ်ရမည်။ မျက်နှာလိုက်မှု ကင်းရှင်းသည့် ဥပဒေစိုးမိုးမှုအား ကျယ် ပြန့်ထိရောက်စွာ ဖြန့်ကျက်နိုင်ရပေမည်။ သို့အတွက် လူများစု ဖြစ်သော မြန်မာများတွင် ပိုမို၍ တာဝန်ရှိနေပေ သည်။ မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဥပဒေ၏ ခွဲခြားမှုများကို ခံရခြင်း၊ တိုင်းရင်းသားများအပေါ် မတော် မတရား အတင်းအဓမ္မသွေးနှောသည့် ပေါ်လစီများ၊ အတင်းအဓမ္မသာသနာပြုသည့် ပေါ်လစီများ၊ ဘာသာရေး လူမျိုးရေး စိတ်ဝမ်းကွဲစေရန် ဖန်တီးပေးသည့် ပေါ်လစီများကို လုံးဝ ဖျောက်ဖျက်ပစ်ရပေမည်။ ထိုသို့ပြုလုပ်စီမံ ပေးနိုင်သော ခေါင်းဆောင်များ၊ ပြုလုပ်စီမံလိုသော ခေါင်းဆောင်များ မြန်မာလူမျိုးထဲမှာ ပေါ်ထွန်းလာရန် အရေးကြီးပေသည်။
ထိုသို့ ပြည်နယ် ပြည်မ နှစ်ဦးနှစ်ဘက် ပေါ်ထွန်းလာသော ခေါင်းဆောင်ကောင်းများ အချင်းချင်း ညှိနှိုင်းလျှက် စည်းလုံးခိုင်မာသော မပြိုကွဲနိုင်သော ပြည်ထောင်စု တစ်ရပ်အား ထူထောင်ရမည် ဖြစ်သည်။ နိုင်ငံနယ်နမိတ် တစ်ခုအတွင်း အချင်း တိုက်ခိုက်သတ်ဖြတ်နေရသော ပြည်ထောင်စုသည် နူရာဝဲစွဲ ပြည်ထောင်စုသာ ဖြစ်နိုင်၍၊ ဘေးဘယာကင်းရှင်းသည့် ပြည်ထောင်စု မဖြစ်နိုင်ဟူသည့် အချက်ကို ခေါင်းဆောင်များ၏ နှလုံးသားတွင် အသိအမှတ်ပြုရန် အရေးကြီးပေသည်။
တိကျသေချာသော ပြည်ထောင်စုတွင်- နယ်နမိတ်သတ်မှတ်မှုအလျှောက်၊ တိုင်းရင်းသား၊ တိုင်းရင်းသား အခွင့် အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို မျက်နှာလိုက်မှု ကင်းရှင်းစွာ စနစ်တကျ သတ်မှတ်ရန် လိုအပ်ပေ သည်။ မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာလူမျိုးဟု သတ်မှတ်ထားသော လူမျိုးမှ အပ ကျန်တိုင်းရင်းသားတိုင်းမှာ နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ နေ လူမျိုးများ ဖြစ်သည်။ ဥပမာ- မွန်လူမျိုးသည်- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော လူမျိုးဖြစ်သည်။ ထိုင်းနိုင်ငံလွှတ်တော်တွင် မွန်လူမျိုး အမတ်များရှိသည်။ မွန်လူမျိုးများကို Native လူမျိုးများဟု အသိအမှတ်ပြုသည်။ မွန်ဘုန်းကြီးကျောင်းများ ဘန်ကောက်ထဲတွင်ပင် ရှိနေသည်။
အလားတူ ကရင်လူမျိုးသည်- ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည် ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ကချင်လူမျိုးသည် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံတွင်ရှိနေသော လူမျိုးဖြစ်သည်။ ချင်းလူမျိုးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးများ ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သုံးနိုင်ငံ တွင် တည်ရှိနေသော လူမျိုးများအား- သက်ဆိုင်ရာ နိုင်ငံတိုင်းမှ နိုင်ငံ နယ်နမိတ် သတ် မှတ်သည့်အခါ မိမိနိုင်ငံအတွင်းပါဝင်လာသော လူသားများအား တိုင်းပြည်၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုပေးခဲ့သည်။ ထိုဝတ္တရားအား ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရိုဟင်ဂျာများနှင့် စပ်လျှဉ်း၍ ၀တ္တရား ပျက်ကွက်နေပါသည်။
အကြောင်းပြချက်များမှာ ယုတ္တိမတန်လှပေ။
(၁) ရိုဟင်ဂျာတို့အား အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများ ၀င်လာမည်ကို စိုးရိမ်သောကြောင့်ဟု အကြောင်းပြသည်။ သို့ဖြစ်လျှင် မြန်မာရခိုင်များကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဒလဟော ၀င်နေသည်ကို အဘယ်ကြောင့် မမြင်ချင်ဟန် ဆောင်နေကြသနည်း ဟူသည်ကို စဉ်းစားရပေမည်။ ထို့ပြင် မွန်များကို အကြောင်းပြု၍ ထိုင်းနိုင်ငံမှ မွန်များ ၀င်လာမည်ကို မစိုးရိမ် သလော၊ ရှမ်းများကို အကြောင်းပြု၍ ထိုင်းနိုင်ငံမြောက်ပိုင်းတစ်ခုလုံးမှ လူဦးရေသန်းပေါင်းများစွာ ၀င်လာမည် ကို မစိုးရိမ်သလော၊ တရုတ်ပြည်မှ ရှမ်းများ ၀င်လာမည်ကို မစိုးရိမ်သလော- စသည်ဖြင့် မေးခွန်းမေးရပေတော့ မည်။
(၂) ရိုဟင်ဂျာဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ အကြောင်းပြပြန်သည်။ သူတို့သည် ရခိုင်မွတ်စလင်ဟု ခံယူစဉ်ကလည်း မြန်မာရခိုင် ဗုဒ္ဓဘာသာများက မလိုလားခဲ့။ (ထိုကိစ္စအား လွတ်လပ်ရေး ရပြီးစ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာကျောင်းသား သမဂ္ဂ၌ ရိုဟင်ဂျာဟု ခံယူချင်သူများနှင့် ရခိုင်မွတ်စလင်ဟု ခံယူချင်သူများ အချေအတင် ဖြစ်ခဲ့ရသည်။) မည်သို့ဆိုစေ- သူတို့သည်လည်း အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူရှိသည့် တိုင်းရင်းသား ဖြစ်ကို ဖြစ်ရပေမည်။
မိမိ၏ နိုင်ငံနယ်နိမိတ်ထဲတွင် တည်ရှိသော လူမျိုးအားလုံးအား တရားသဖြင့် တိုင်းရင်းသား နိုင်ငံသား အခွင့် အရေးများ ပေးရမည် ဖြစ်ပြီး။ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်လာသော လူများကို မည်သည့် တိုင်း ရင်းသားနှင့် လူမျိုးတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ- သီးခြားဥပဒေတစ်ရပ် ရှိနေရပေမည်။ ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီးနောက်မှ ၀င်လာသော ရခိုင်ဗုဒ္ဓဘာသာများ၊ တရုတ်များ၊ ရိုဟင်ဂျာ (စစ်တကောင်းများ) မွန် များ၊ ရှမ်းများ၊ ကချင်များ၊ အိန္ဒိယမျိုးနွယ်များအား သီးခြား သတ်မှတ်ရမည် ဖြစ်သည်။ လူမျိုးတစ်မျိုးအား သူ၏ ကိုးကွယ်ယုံကြည်မှုကြောင့်၊ သူ၏ မျိုးနွယ်ကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် မတရားသဖြင့် ဥပဒေ သော် လည်းကောင်း၊ ပေါ်လစီသော်လည်းကောင်း စီမံချမှတ်မှုများကို လုံးဝ မကျူးလွန်သင့်ပေ။ မတရားမှုအား ခုံမင် နေသော လူသားစုသည် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်တိုင်းပြည်အတွက်မဆို ဆူပူ အုံကြွမှုအတွက် မီးစာများ၊ ပြည်တွင်းစစ်အတွက် သော့ချက်များသာ ဖြစ်ပေသည်။
တိုင်းပြည်ကို ချစ်သော၊ တိုင်းပြည်တိုးတက်ရေးကို လိုလားသော၊ မိမိလူမျိုး ဆင်းရဲနွမ်းပါးနေရသည်ကို မကြည့် ရက်သော မည်သည့် မြန်မာနိုင်ငံသားသည် မဆို ဆူပူအုံကြွရခြင်းအတွက် စတည်စေသည့် စိတ်ဓါတ်များကို ပြုပြင်ရပေမည်။ လူယုတ်မာတို့၏ လှုံ့ဆော်မှုတို့သည် “ငါတို့ တိုင်းပြည် ငါတို့လူမျိုးကို ဖျက်ဆီးနေခြင်း”ဟု သိမြင်နိုင်ရန် ကြိုးစားရပေမည်။ အချင်းချင်း သတိပေးရပေမည်။ လူယုတ်မာတို့အား ရွံမုန်းမုန်းပစ်ရပေမည်။ တိုင်းပြည်ကောင်းစားရေးနှင့် အမှန်တရားအတွက် အမုန်းခံ၍ ပြောရဲရပေမည်။
နိုင်ငံသား အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး- ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး (ABSDF ရဲဘော်ဟောင်း)
တိကျသေချာသော ပြည်ထောင်စုတွင်- နယ်နမိတ်သတ်မှတ်မှုအလျှောက်၊ တိုင်းရင်းသား၊ တိုင်းရင်းသား အခွင့် အရေးနှင့် နိုင်ငံသား အခွင့်အရေးများကို မျက်နှာလိုက်မှု ကင်းရှင်းစွာ စနစ်တကျ သတ်မှတ်ရန် လိုအပ်ပေ သည်။ မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာလူမျိုးဟု သတ်မှတ်ထားသော လူမျိုးမှ အပ ကျန်တိုင်းရင်းသားတိုင်းမှာ နှစ်နိုင်ငံ၊ သုံးနိုင်ငံ၊ လေးနိုင်ငံ နေ လူမျိုးများ ဖြစ်သည်။ ဥပမာ- မွန်လူမျိုးသည်- ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော လူမျိုးဖြစ်သည်။ ထိုင်းနိုင်ငံလွှတ်တော်တွင် မွန်လူမျိုး အမတ်များရှိသည်။ မွန်လူမျိုးများကို Native လူမျိုးများဟု အသိအမှတ်ပြုသည်။ မွန်ဘုန်းကြီးကျောင်းများ ဘန်ကောက်ထဲတွင်ပင် ရှိနေသည်။
အလားတူ ကရင်လူမျိုးသည်- ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရှမ်းလူမျိုးသည် ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ကချင်လူမျိုးသည် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် မြန်မာနိုင်ငံတွင်ရှိနေသော လူမျိုးဖြစ်သည်။ ချင်းလူမျိုးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးဖြစ်သည်။ ရခိုင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးတို့သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတွင် ရှိနေသော လူမျိုးများ ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ သုံးနိုင်ငံ တွင် တည်ရှိနေသော လူမျိုးများအား- သက်ဆိုင်ရာ နိုင်ငံတိုင်းမှ နိုင်ငံ နယ်နမိတ် သတ် မှတ်သည့်အခါ မိမိနိုင်ငံအတွင်းပါဝင်လာသော လူသားများအား တိုင်းပြည်၏ တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုပေးခဲ့သည်။ ထိုဝတ္တရားအား ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရိုဟင်ဂျာများနှင့် စပ်လျှဉ်း၍ ၀တ္တရား ပျက်ကွက်နေပါသည်။
အကြောင်းပြချက်များမှာ ယုတ္တိမတန်လှပေ။
(၁) ရိုဟင်ဂျာတို့အား အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂလီများ ၀င်လာမည်ကို စိုးရိမ်သောကြောင့်ဟု အကြောင်းပြသည်။ သို့ဖြစ်လျှင် မြန်မာရခိုင်များကို အမှီသဟဲပြု၍ ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များ ဒလဟော ၀င်နေသည်ကို အဘယ်ကြောင့် မမြင်ချင်ဟန် ဆောင်နေကြသနည်း ဟူသည်ကို စဉ်းစားရပေမည်။ ထို့ပြင် မွန်များကို အကြောင်းပြု၍ ထိုင်းနိုင်ငံမှ မွန်များ ၀င်လာမည်ကို မစိုးရိမ် သလော၊ ရှမ်းများကို အကြောင်းပြု၍ ထိုင်းနိုင်ငံမြောက်ပိုင်းတစ်ခုလုံးမှ လူဦးရေသန်းပေါင်းများစွာ ၀င်လာမည် ကို မစိုးရိမ်သလော၊ တရုတ်ပြည်မှ ရှမ်းများ ၀င်လာမည်ကို မစိုးရိမ်သလော- စသည်ဖြင့် မေးခွန်းမေးရပေတော့ မည်။
(၂) ရိုဟင်ဂျာဟူသည့် ဝေါဟာရနှင့် စပ်လျှဉ်း၍ အကြောင်းပြပြန်သည်။ သူတို့သည် ရခိုင်မွတ်စလင်ဟု ခံယူစဉ်ကလည်း မြန်မာရခိုင် ဗုဒ္ဓဘာသာများက မလိုလားခဲ့။ (ထိုကိစ္စအား လွတ်လပ်ရေး ရပြီးစ ရန်ကုန် တက္ကသိုလ် ရိုဟင်ဂျာကျောင်းသား သမဂ္ဂ၌ ရိုဟင်ဂျာဟု ခံယူချင်သူများနှင့် ရခိုင်မွတ်စလင်ဟု ခံယူချင်သူများ အချေအတင် ဖြစ်ခဲ့ရသည်။) မည်သို့ဆိုစေ- သူတို့သည်လည်း အခြားတိုင်းရင်းသားများကဲ့သို့ တန်းတူရှိသည့် တိုင်းရင်းသား ဖြစ်ကို ဖြစ်ရပေမည်။
မိမိ၏ နိုင်ငံနယ်နိမိတ်ထဲတွင် တည်ရှိသော လူမျိုးအားလုံးအား တရားသဖြင့် တိုင်းရင်းသား နိုင်ငံသား အခွင့် အရေးများ ပေးရမည် ဖြစ်ပြီး။ လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်လာသော လူများကို မည်သည့် တိုင်း ရင်းသားနှင့် လူမျိုးတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ- သီးခြားဥပဒေတစ်ရပ် ရှိနေရပေမည်။ ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီးနောက်မှ ၀င်လာသော ရခိုင်ဗုဒ္ဓဘာသာများ၊ တရုတ်များ၊ ရိုဟင်ဂျာ (စစ်တကောင်းများ) မွန် များ၊ ရှမ်းများ၊ ကချင်များ၊ အိန္ဒိယမျိုးနွယ်များအား သီးခြား သတ်မှတ်ရမည် ဖြစ်သည်။ လူမျိုးတစ်မျိုးအား သူ၏ ကိုးကွယ်ယုံကြည်မှုကြောင့်၊ သူ၏ မျိုးနွယ်ကြောင့်ဟူသည့် အကြောင်းပြချက်ဖြင့် မတရားသဖြင့် ဥပဒေ သော် လည်းကောင်း၊ ပေါ်လစီသော်လည်းကောင်း စီမံချမှတ်မှုများကို လုံးဝ မကျူးလွန်သင့်ပေ။ မတရားမှုအား ခုံမင် နေသော လူသားစုသည် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်တိုင်းပြည်အတွက်မဆို ဆူပူ အုံကြွမှုအတွက် မီးစာများ၊ ပြည်တွင်းစစ်အတွက် သော့ချက်များသာ ဖြစ်ပေသည်။
တိုင်းပြည်ကို ချစ်သော၊ တိုင်းပြည်တိုးတက်ရေးကို လိုလားသော၊ မိမိလူမျိုး ဆင်းရဲနွမ်းပါးနေရသည်ကို မကြည့် ရက်သော မည်သည့် မြန်မာနိုင်ငံသားသည် မဆို ဆူပူအုံကြွရခြင်းအတွက် စတည်စေသည့် စိတ်ဓါတ်များကို ပြုပြင်ရပေမည်။ လူယုတ်မာတို့၏ လှုံ့ဆော်မှုတို့သည် “ငါတို့ တိုင်းပြည် ငါတို့လူမျိုးကို ဖျက်ဆီးနေခြင်း”ဟု သိမြင်နိုင်ရန် ကြိုးစားရပေမည်။ အချင်းချင်း သတိပေးရပေမည်။ လူယုတ်မာတို့အား ရွံမုန်းမုန်းပစ်ရပေမည်။ တိုင်းပြည်ကောင်းစားရေးနှင့် အမှန်တရားအတွက် အမုန်းခံ၍ ပြောရဲရပေမည်။
နိုင်ငံသား အခွင့်အရေးနှင့် တိုင်းရင်းသား အခွင့်အရေး- ဆက်လက်တင်ပြပါမည်။
ဌေးလွင်ဦး (ABSDF ရဲဘော်ဟောင်း)
![]() |
| ဦး ဌေးလွင်ဦး islammyanmar.com |
ပြုပြင်ပြောင်းလဲရေး ခေတ်တစ်ခုကို ဖြတ်သန်းနေစဉ်မှာ စေတနာနဲ့ ဆောင်ရွက်ပေးနေသူများကို အနှောင့်အယှက် ဖြစ်စေမယ့်ပွဲ ရခိုင်ပြည်နယ်က စတင်ခဲ့တယ်။ ရခိုင်တစ်မျိုးလုံး တစ်နယ်လုံး နာမည် ပျက်ရတော့တယ်။
ပြသနာက ရာဇ၀တ်မှု၊ ဒီအမှုမျိုးကို မြန်မာတစ်နိုင်ငံလုံးမှာ ဒီတစ်မှုတည်း ဖြစ်ခဲ့တာ မဟုတ်၊ မြန်မာ နိုင်ငံက ထောင်တွေထဲမှာကြည့်လိုက်ရင် မုဒိန်းမှု၊ မုဒိန်းလူသတ်မှု၊ မုဒိန်းလူသတ် ပစ္စည်းလုမှု၊ မုဒိန်း လူသတ် ပစ္စည်းလု အလောင်းဖျောက်မှု- အမျိုးမျိုးကို ကျူးလွန်သူ အများစုဟာ လူ့သဘာဝ လူများစု ကြီးထဲပဲ ဖြစ်တတ်တယ်။ လူများတော့ အမှုများတဲ့ သဘောပါ။ ရာဇ၀တ်ကောင်ကို ရာဇ၀တ်မှုအတိုင်း စီရင်တာကို ဘယ်သူကမှ မကျေမနပ် မဖြစ်ခဲ့ဘူး၊ ရာဇ၀တ်ကောင်တိုင်းကိုလည်း ဥပဒေအရ အရေးယူ ထောင်ချနေတာပဲ။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါ။
ဒါပေမယ့် ရခိုင်ပြည်နယ် ကျောက်ထရံရွာက ရာဇ၀တ်မှုကို ဘာသာရေးအဖြစ် ဖန်တီးလိုက်တာ ဘယ် သူလဲ၊ မီဒီယာ လို့ ပြောကြတယ်။ ဒီလို ဆိုရင် မီဒီယာက- ပြောလိုက်ယုံနဲ့ လူတွေက လိုက်လုပ် သလား- ဆိုတာ မေးစရာ ဖြစ်လာပြန်တယ်။ မီဒီယာ- ဆိုတာ သတင်းထုတ်ပြန်တဲ့ အုပ်စုဖြစ်သလို၊ ပြသနာတစ်ခုကို မီးလောင်စေဘို့ မီးစချပေးတဲ့ အရာလည်း ဖြစ်တယ်။ ဒါပေမယ့် နဂိုက ဓါတ်ခံ လောင်စာ မရှိရင် ဘယ်လောက် မီးရှို့ရှို့- လောင်ဘို့ ဆိုတာ မဖြစ်နိုင်ဘူး။
ရခိုင်နယ်မှာ--၊ ရခိုင်လို့ ခေါ်ဆိုအပ်တဲ့ လူသားများက ရခိုင်ပြည်ရဲ့ အလယ်ပိုင်းမှာ နေတာများတယ်။ တောင်ပိုင်း သံတွဲက ဂွမြို့ထိ ဗမာများနေတယ်။ (မှတ်ပုံတင်မှာ နှစ်ပေါင်းများစွာ လူမျိုး ရခိုင်လို့ ရေး သားရပေမယ့် မိမိကိုယ်မိမိ ဗမာလို့သာ ခံယူတယ်၊ ဗမာစကားကိုပဲ ပြောဆိုတယ်၊ ရခိုင်များကို ဓါတ်ခံ သဘောအားဖြင့် ငြိုငြင်မှုရှိတယ်။)
ရခိုင်ပြည် အလယ်ပိုင်း တောင်ကုတ်ကစ- ဘရုံကာ ကျွန်းများထိ ရခိုင်လူမျိုးများ နေထိုင်တယ်။ လူငယ် အများစု အရက်ကြိုက်တယ်၊ သွေးပူတတ်တယ်၊ သွေးဆူတတ်တယ်၊- ရခိုင်ပြည်မြောက်ပိုင်း မှာ ရခိုင်အမည်ခံ ဘင်္ဂလီများ နေထိုင်တယ်။ ဒီလိုပြောရင် စစ်တွေက မောင်းတောထိ ရှိနေတဲ့ ရခိုင် ဆိုသူများက ဒေါသဖြစ်မှာ သေချာတယ်။
လူဆိုတာ ဘာသာကို လိမ်လို့ရမယ်၊ ရုပ်ရည်ကို လိမ်လို့ မရဘူး၊ စစ်တွေမြို့ကို သွားကြည့်လိုက်ပါ-၊ ရခိုင်လို့ ပြောနေသူတွေ ရာနှုန်း ဘယ်လောက်က ရခိုင်ရုပ်ထွက်ပါသလဲ။ ကိုယ်တွေ့လေ့လာကြည့်ပါ။ လူနည်းစု တရုတ်ကပြားအနည်းအပါးက- အသားဖြူတယ်-၊ ဗမာ-ရခိုင် ရုပ်ဖြစ်တယ်။ ကျန်ရခိုင် လို့ ဆိုသူများက အသားမဲတယ်၊ အသားညိုတယ်၊ နှာခေါင်းချွန်တယ်- ခပ်ကြမ်းကြမ်းပြောရရင် အားလုံး ကုလားချည်းပါပဲ။ သူတို့ပြောနေတဲ့ ရခိုင်စကားဆိုတာလည်း- စင်စစ်ရခိုင်စကား မဟုတ်ပါ။ ကုလားသံ ကုလားလေယူလေသိမ်းနဲ့ ပြောနေတဲ့ ရခိုင်စကားသာ ဖြစ်သာ ဖြစ်တယ်။ ခြုံပြောရင် (အင်မတန် လူနည်းစုလေး လောက်ပဲ ရခိုင်အစစ် ရှိနိုင်တယ်။)
ရခိုင်ပြည်နယ်အတွင်း အနေနီး- ဒေသချင်းစပ်နေပါလျှက် သူတို့က ဘာဖြစ်လို့ ရုပ်ရော၊ စကားသံရော လုံးဝနီးပါး မတူညီအောင် ကွာခြားနေပါသလဲ။ လူမျိုးဆိုတာ ဇာတိဖျောက်လို့ မရပါ။ ရမ်းဗြဲကျွန်းနဲ့ မိုင် ပေါင်းများစွာ ကွာခြားပြီး- ဆက်စပ်မှု လုံးဝ မရှိတဲ့ ဧရာဝတီတိုင်း ဖျာပုံ ဒေသရှိ ရခိုင်များကို ကြည့်ပါ။ သူတို့တွေက စကားရော၊ ရုပ်ပါ ရခိုင်အစစ်များနဲ့ တူညီနေပါတယ်။ ဆင်နေပါတယ်။
တစ်ကယ်တော့စစ်တွေဒေသ အပါအ၀င် ရခိုင်မြောက်ပိုင်း ရခိုင်အမည်ခံများက ဘင်္ဂလီကုလားများ သာ ဖြစ်တယ်ဆိုတာ- ရုပ်ရည်ရော၊ အကျင့်စရိုက်ရော၊ အသံရောက သက်သေဖြစ်နေပါတယ်။ “ငါ စစ်တွေမှာ ကောလိပ်တက်တော့၊ အစ္စလာမ်သာသနာကို လက်ခံလို့ ငါ့ကို ကုလားလို့ ပြောသူ တစ်ချို့ ရှိတယ်။ ငါက “ငါကုလားလား၊ မင်းကုလားလား- မင်းရုပ်ကိုမင်း မှန်မှာ ပြန်ကြည့်လိုက်ပါ” ပြောတော့- နောက်ပိုင်း အသံတွေ ပိတ်သွားတယ်။ အခုလည်း- စစ်တွေ ရခိုင်များကို ကိုယ့်ရုပ်ကိုယ် မှန်ထောင် ကြည့်ခိုင်းလိုက်ပါ။ ဒါလောက် လက်တွေ့- သက်သေ ခိုင်လုံတဲ့ အချက်မရှိနိုင်တော့ဘူး။ ဒါမှ မဟုတ် မြန်မာနိုင်ငံက မီဒီယာ ဆိုသူတွေ စစ်တွေမြို့ကို သွားရောက်ပြီး- အားမနာတမ်း မှတ်တမ်းတင်ခိုင်း ကြည့်လိုက်ပါ။ မြို၊ ခမွီး၊ သက်၊ ချင်းနဲ့ တရုတ်ကပြားတွေကို ဓါတ်ပုံရိုက်ယူလာပြီး- စစ်တွေ ရခိုင်လို့ ပြောရင်တော့- တစ်မျိုးပေါ့လေ။
တိုင်းရင်းသားများက ရိုးတယ် သူ့လယ်နဲ့သူ၊ သူ့တောင်ယာနဲ့သူ၊ သူချောင်းနဲ့သူ ရှာဖွေစားသောက် နေ ထိုင်တာများတယ်။ အာဏာရယူနည်းကို သတိမရသူများတယ်။ မြန်မာပြည်မမှာ တရုတ်များဝင်လာပြီး အာဏာရအောင်ယူတတ်သလို၊ ရခိုင်ပြည်မှာလည်း ဘင်္ဂလီများဝင်လာပြီး အာဏာရအောင် ဖန်တီး တတ်တယ်။ ရခိုင်ပြည်နယ်ရဲ့ အာဏာအရှိဆုံး ရာထူး- ပြည်နယ်ကောင်စီ ဥက္ကဌ အဖြစ် ဘင်္ဂလား သား စစ်စစ် ဗိုလ်မှုးကျော်မောင် နေရာယူသွားတာကိုပဲ ကြည့်ပါ။ (ပါတီကောင်စီခေတ် ကုန်သွားပေမယ့် သမိုင်းက ဖျက်လို့ မပျက်သေးဘူး၊) သူကောင်စီ ပြည်နယ်ကောင်စီ ဥက္ကဌဖြစ်ဘို့ သူ့နယ်မှာ သူ့ကို ထောက်ခံတဲ့ ဘင်္ဂလီ ဘယ်လောက်များသလဲ ဆင်ခြင်ကြည့်ပါ။ (တိုင်းရင်းသား ရခိုင်တွေက အ နောက် သားကို မကြည်ဖြူဘူးဆိုတာလည်း ထည့်တွက်ပါ။)
ဘင်္ဂလီရခိုင်များက စစ်တွေရှိ တရုတ်ကပြားများကို ပေါင်းထားတယ်၊ နိုင်ငံခြားသား အတူတူပဲလေ။ ဗုဒ္ဓဘာသာကို အကြောင်းပြပြီး ပေါင်းလိုက်တယ်။ ကျန်တိုင်းရင်းသားများကို ဘာသာရေးနဲ့ မှိုင်းတိုက် လိုက်တယ်။ အာဏာရှိ ပိုက်ဆံရှိတဲ့ လူတွေက ဘုန်းကြီးကျောင်းဆောက်ပေးတယ်၊ စေတီပုတိုး တည် ပေးတယ်။- တိုင်းရင်းသားများက ကျေနပ်နေတော့တယ်။
ဒီကတစ်ဆင့် ရခိုင်တစ်ပြည်နယ်လုံးကို လွှမ်းမိုးနိုင်ဘို့-၊ ဗုဒ္ဓဘာသာများတဲ့ အရပ်တွေမှာ လူမွေးခဲ့ တယ်။ အဓိက သူတို့ရသွားတဲ့ နယ်က တောင်ကုတ်လို့ ဆိုနိုင်တယ်။ တောင်ကုတ်မြို့က သမိုင်းစဉ် တစ်လျှောက် ဘာပြသနာမှ မရှိခဲ့ဘူး။ ၁၉၈၂ ကျော်လောက်မှ တရုတ်ကပြား ကျောက်တောင် ဆိုတဲ့ လူတစ်ဦးကို ဘင်္ဂလီရခိုင်များက မွေးလို့ရခဲ့တယ်။ ကျောက်တောင်ဟာ နေ့ချင်း၊ ညချင်း ချမ်းသာလာ တယ်၊ ချမ်းသာလာတော့ သြဇာရှိလာတယ်။ တိုင်းရင်းသား မဟုတ်တော့ ဒေသကို မညှာ၊ ဒေသတွင်း ထွက်သမျှ သယံဇာတများကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မှောင်ခို အကြီးအကျယ် လုပ်ခဲ့တယ်။ ဟိုမှာ သူ့ရဲ့ ဆရာသမား ဘင်္ဂလီရခိုင်တွေ ကူညီနေတာကိုး။ ဒီလိုနဲ့ တောင်ကုတ်မြို့မှာ မွတ်စလင်မုန်းတီးရေး ကို စတင်မျိုးစေ့ချခဲ့တယ်။-
အခုလည်း ကျောက်ထရံက ရာဇ၀တ်မှု တစ်ခုကို ကျောက်တောင်ရဲ့ မျိုးစေ့များက ထပ်ဆင့် ဖေါက်ခွဲ ပေးလိုက်တယ်။ အဲ့ဒီ အတွက် ကျူးကျော်သူ ဘင်္ဂလီရခိုင်များက နောက်ကလောင်စာ ထည့်ပြီးသား ဖြစ်နေတယ်။- ဒီပြသနာကို အကြောင်းပြပြီး စစ်တွေမှာ အကြီးအကျယ် ပုံကြီးချဲ့လိုက်တယ်။ ကျန်ဒေ သများ (ဥပမာ- မောင်းတော)က သွေးဆူတုံးခဏ ဖြစ်ခဲ့ပေမယ့်၊ နေ့ချင်းညချင်း ပြန်ငြိမ်းသွားနိုင်ပြီး- စစ်တွေမှာ ဘာကြောင့် မငြိမ်းနိုင်သလဲ- ဆိုတာက သက်သေဖြစ်နေတယ်။
သူတို့က သူတို့သမိုင်းကို ဖျောက်ပြီး ရခိုင်အဖြစ်ခံယူ-၊ တစ်ကယ့်တိုင်းရင်းသား အစစ်ဖြစ်တဲ့ မွတ်စလင် များကို ခပ်တည်တည်နဲ့ မောင်းထုတ်ဘို့ ကြိုးစားခြင်း ဖြစ်တယ်။ ဒီအဖြစ်က နိုင်ငံအတွင်း ကျူးကျော်ခြင်းသာ မက၊ နယ်မြေကိုပဲ လုယူခြင်း ဖြစ်နေတယ်။
ဘင်္ဂလီများဟာ တစ်ခြားတစ်ဘက်မှာ ပြည်ပအင်အားစုတွေကို နောက်ကွယ်က ပံ့ပိုးပြီး နိုင်ငံခွဲထွက် ရေးကိုပါ လှုံ့ဆော်ပေးနေတယ်။ ဒီလိုလှုံ့ဆော်တာမှာ ရည်ရွယ်ချက် ၂ ခုရှိတယ်။ (၁)က ရခိုင်ဗုဒ္ဓ ဘာသာတွေအကြား- ဗမာကိုမုန်းပြီး ညီညွတ်လာအောင်- သူတို့ ဘင်္ဂလီဗုဒ္ဓဘာသာများကို အားကိုး လာအောင် ဖြစ်တယ်။ (၂)က သူတို့ကိုယ် ဘင်္ဂလီလို့ လူထုက မမြင်လေအောင် မွတ်စလင်တွေကို ဘင်္ဂလီတွေလို့ ပုံအောထိုးချထားနိုင်အောင် ဖြစ်တယ်။
ဒီဖြစ်စဉ်အားလုံးကို ပြန်ကြည့်ရင် ငါတို့ တိုင်းရင်းသား ရခိုင်တွေရော၊ မြန်မာတစ်နိုင်ငံလုံးပါ- တရုတ် ကပြားများနဲ့ ဘင်္ဂလီရခိုင်တို့ရဲ့ ၀ါဒဖြန့်မှုအောက်မှာ အကြီးအကျယ်ခံလိုက်ရတယ် ဆိုတာပါ။ ရခိုင် စစ်စစ် တိုင်းရင်းသားများနဲ့ မြန်မာနိုင်ငံသားများကို ခုတုံးလုပ်ပြီး- ဘင်္ဂလီများက ရိုဟင်ဂျာများကို ပြသနာရှာတဲ့ ပွဲသာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်အရေးအခင်းဟာ ဘင်္ဂလီနဲ့ ရိုဟင်ဂျာတို့ရဲ့ အထိက ရုန်းလို့ မှတ်တမ်းတင်ရမှာပါ။
(ဒါတွေကို ဖေါ်ထုတ်လို့ ငါ့ကို ဆဲချင်ဆဲပါစေ၊ သတ်ချင်သတ်ပါစေ၊ ငါ ကရုစိုက်မှာ မဟုတ်ပါ။ တစ် ကယ့် term ၀င် လက်တွေ့ ဘယ်သူနဲ့မဆို ဆွေးနွေးနိုင်ကြောင်း အာမခံပါတယ်။- တိုင်းရင်းသားစစ်စစ် ရခိုင်များ၊ မြန်မာနိုင်ငံကိုချစ်တဲ့ မြန်မာနိုင်ငံသားများ၊ အမှန်တစ်ကယ် ဒီမိုကရေစီနဲ့ လူအခွင့်အရေးကို လူလိုသားများ၊ တစ်ကယ့်သမိုင်းအမှန်ကို ဖေါ်ထုတ်လိုတဲ့ ဖြူစင်တဲ့သမိုင်းပညာရှင်များ အတွက် အထောက်အပံ့ဖြစ်စေဘို့ပဲ ရည်ရွယ်ပါတယ်။ ငါရေးတဲ့ သမိုင်း မှန်ကန်ကြောင်း အချိန်ကာလတစ်ခုမှာ အဖြေပေါ်လာမှာပါ။)
ဌေးလွင်ဦး
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
More than 400,000 Rohingya have fled from Myanmar to neighbouring Bangladesh By BBC News September 17, 2017 Myanmar's de ...
-
ပါလီမန်အမတ်ဦးရွှေမောင်ပြည်သူ့လွတ်တော်တွင်ရခိုင်ပြည်နယ်၌ဖြစ်ပွါးခဲ့သောအရေးအခင်းနဲ့ ပတ်သက်၍ဆွေးနွေးတင်ပြခြင်း။ (14th day of regular ses...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
At Baggona, a village three miles far from and lies to the South of Maung Daw of Arakan state, more than 80 Rohingya women and girls have be...
-
RB News May 17, 2013 Maung Daw, Arakan - After the warnings on Mahasen cyclone had been issued, the displaced Rohingyas from the ...
-
12/07/2012 Joint press release HUMANITY GONE ...
-
The custodian of Two Holy Mosques King Abdullah bin Abdul Aziz Al Saud Aug 11 The custodian of Two Holy M...
.png)

