ဦးစိန္တာ၏ ရခိုင်နိုင်ငံတော်- (၂) | ဌေးလွင်ဦး

ဦးဌေးလွင်ဦးနှင့် အာဆီယံအတွင်းရေးမှုးချုပ် မစ္စတာဆူရင်းပစ္စ၀မ် တို့ မြန်မာမွတ်စလင်အရေးနှင့် ရိုဟင်ဂျာ အရေးအား ဆွေးနွေးစဉ်
၁၉၄၂ ခုနှစ်- ရခိုင်ခွဲထွက်ရေး ခေါင်းဆောင် ဘုန်းကြီးဦးစီန္တာရဲ့ ပရောဂဖြင့် ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့ အထိကရုန်းကြီးကို- အမှန်တကယ်မှာ ဗမာလူမျိုး ဗိုလ်ရန်နိုင်ရဲ့ ပရောဂ ဖြစ်ပြီးတယ်၊ ဂျပန်ခေတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထားတဲ့ ရခိုင်ဘက်သို့ ဗိုလ်ရန်နိုင်ရဲ့ စစ်ကြောင်း ချီတက်လာစဉ် လမ်းခရီးမှာ လုယက်မှုများ၊ မုဒိန်းမှုများ၊ မတရားသတ်ဖြတ်မှုများ များစွာ ကျူးလွန်ခဲ့ပြီး အဲ့ဒီရာဇ၀တ်မှုများအား လမ်းကြောင်းလွှဲရန် မွတ်စလင်၊ ဗုဒ္ဓဘာသာ အဓိကရုန်းကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာအေးကျော် အပါအ၀င် ရခိုင်သမိုင်းသုတေသီ တစ်ချို့က ပြောဆိုကြတယ်။
ဒီအဆိုကို ရိုဟင်ဂျာ ပညာရှင်များက လက်မခံပါ။ ဒီစကားက “လူလိမ္မာ ပိန္နဲသီးစား လူမိုက်ပါးသုတ်” ခြင်းသာ ဖြစ်တယ်။ ဗမာနဲ့ ငါတို့ကြားမှ ဘာပြသနာမှာ မရှိခဲ့၊ ၁၉၄၂ ခု အထိကရုန်း မဖြစ်မှီကပဲ--၊ ရခိုင်ဗုဒ္ဓဘာသာ များ ကြားထဲမှာ ဂျပန်အားကိုးနဲ့ မွတ်စလင်မုန်းစိတ်များကို ဦးစိန္တာအုပ်စုက လှုံ့ဆော်ပြီးသား ဓါတ်ခံက ရှိနေပြီလို့ ပြောဆိုကြတယ်။
မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေး ရယူခြင်းကို ဦးစိန္တာက လက်မခံပါ။ ရခိုင်ပြည် (ရခိုင်နိုင်ငံတော်)ကို ဗမာ လက်အောက်က သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်သာ ခွဲထွက်ဘို့ ဦးစိန္တာက ရွယ်ရွယ်ခဲ့တယ်။
ရခိုင်နဲ့ ပတ်သက်ပြီး မြန်မာတို့ရဲ့ ခံစားချက်၊
မြန်မာဘက်ကလည်း ရခိုင်ဆိုတာ မြန်မာနိုင်ငံရယ် စတင်ထူထောင်တဲ့ ပုဂံခေတ်ကတည်းကစ မြန်မာနိုင်ငံရဲ့ လက်အောက်ခံ နိုင်ငံဖြစ်ခဲ့တယ်။ အင်းဝမင်း မင်းခေါင် လက်ထက်ရောက်မှ မြောက်ဦးမင်း နရမိတ်လှက ဘန်ဂေါစစ်သား ထောင်ပေါင်းများစွာကို ဦးဆောင်တဲ့ မွတ်စလင်ဗိုလ်ချုပ် လ၀ီခန်ရဲ့ အကူအညီနဲ့ ၁၄၂၉ ခုနှစ်မှာ ဗမာကို တော်လှန်ပုန်ကန်ခဲ့တာ ဖြစ်တယ်။ အင်းဝ ခေတ်ကစ ဗမာအင်ပါယာကို အရှေ့ဘက် (ယိုးဒယား)ဘက်သာ ဦးတည် ချဲ့ထွင်နေတာ ဖြစ်လို့ ရခိုင်ဘက်ကို မကြည့်အားပေမယ့်- ရခိုင်၊ မွန်၊ ရှမ်း တို့ဟာ ဗမာရဲ့ လက်အောက်ခံနယ်တွေ ဖြစ်တယ်လို့ စိတ်မှာ စွဲမှတ်နေခဲ့ တယ်။ ဗမာဘက်မှာ အင်းဝ မင်းဆက်၊ တောင်ငူ (ညောင်ရမ်း)မင်းဆက်၊ ကုန်းဘောင်မင်းဆက်များ ပြောင်းသွား ခဲ့ပေမယ့် ရခိုင်ဘက်မှာ မြောက်ဦး မင်းဆက်က အပြောင်းအလဲမရှိ မြောက်ဦးနေပြည်တော်ကို ထိမ်းသိမ်း ထားနိုင်ခဲ့တယ်။
မြောက်ဦး မင်းဆက် ဘယ်လိုပင် အားကောင်းအားကောင်း မြန်မာနိုင်ငံရယ်လို့ စတင်ထူထောင်ပြီးကတည်းက မြန်မာထဲမှာ တည်ရှိလာတဲ့ ဗမာများ သတ်မှတ်တဲ့ ရခိုင်ပြည်ဟာ- မြန်မာနိုင်ငံနဲ့ အဆက်အသွယ် မပြတ်တည် ရှိခဲ့တယ်။ မြောက်ဦးမင်းဆက်ကို တော်လှန်ပုန်ကန်တဲ့ အုပ်စုတွေက မနိုင်ရင် မြန်မာနိုင်ငံထဲကို ထွက်ပြေး တိမ်း ရှောင်တာမျိုးရှိသလို၊ မြန်မာသူလျှိုများကလည်း မြောက်ဦးနေပြည်တော်မှာ အမြဲတမ်းရှိနေခဲ့တယ်။ တစ် နည်းအားဖြင့် မြန်မာက ယိုးဒယားဘက်ကို ဦးလှည့်နေရပေမယ့် မြန်မာလူတွေက မြောက်ဦးနေပြည်တော်ကို အချိန်မလပ် စောင့်ကြည့်နေခဲ့တယ်လို့ ဆိုနိုင်တယ်။
မြောက်ဦးခေတ် အစပိုင်းမှာ မြောက်ဦးဘုရင်များဟာ ဘင်္ဂလားစစ်သည်များရဲ့ အင်အားနဲ့ မြောက်ဦးနိုင်ငံတော် အားကောင်းနေခဲ့ပေမယ့်-၊ မြောက်ဦးခေတ်နှောင်းပိုင်းမှာ အာဏာမက် ရခိုင်ဗုဒ္ဓဘာသာ တစ်စုက မွတ်စလင်နဲ့ ရခိုင်အကြား စတင်သွေးခွဲခဲ့တယ်။ မြောက်ဦးနေပြည်တော်ရဲ့ အဓိက စစ်အင်အား ကမန် (ရခိုင်တိုင်းရင်းသား များက အစ္စလာမ် သာသနာသို့ ကူးပြောင်းလာသူ)များကိုလည်း ဘုရင်နဲ့သွေးခွဲပြီး-၊ တပ်ကို ဖြိုခွဲစေခဲ့တယ်။ တစ်ပြိုင်နက်မှာ မြန်မာဘက်ကို အားသန်တဲ့ ရခိုင်တောင်ပိုင်းနဲ့ ဘင်္ဂလားဘက်ကို အားသန်တဲ့ မြောက်ပိုင်းအုပ် စု စတင်သွေးကွဲလာခဲ့တယ်။ ရခိုင်တောင်ပိုင်းက အချိန်မရွေး ဗမာနဲ့ ပူးပေါင်းဘို့ အနေအထားများ ဖြစ်တည် လာခဲ့တယ်။
ဒီအခြေအနေမှာ ဗမာက မြောက်ဦးအင်ပါယာကို ပြန်လည်သိမ်းပိုက်ဘို့ အခွင့်အခါ သာခဲ့ပြန်တယ်။ ဒါကြောင့် ကုန်းဘောင်မင်း ဘိုးတော်ဘုရားလက်ထက် ၁၇၈၄ မှာ မြောက်ဦးနိုင်ငံတော်ကို ဗမာက သိမ်းပိုက်လိုက်တော့ တယ်။
ဌေးလွင်ဦး