Latest Highlight

နိုင်ငံရေးအကျဉ်းသားဟောင်း(စီအာရ်ပီပီ)အဖွဲ့ဝင် ဦးကျော်မင်းနှင့်တွေ့ဆုံမေးမြန်းခြင်း။

ဦးကျော်မင်း(CRPP)
ဦးကျော်မင်းနှင့်မိသားစုဝင်များသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင်ဖြင့် မြင်းခြံအကျဉ်း ထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ဦးကျော်မင်းသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြောက်ခံခဲ့ရသော အမတ်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (စီအာရ်ပီပီ) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင်ဖမ်းဆီးခဲ့ပါသည်။ ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၄၇ နှစ်နှင့် ဒဏ်ငွေ ၅ သောင်းချမှတ်ခဲ့သည်။ ဦးကျော်မင်း၏ မိသားစုဝင်များကို ၂၀၀၅ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့ပါသည်။

ဦးကျော်မင်းကိုဖမ်းဆီးအကျဉ်းချခဲ့ခြင်း အဓိကအကြောင်းရင်းနှစ်ရပ်မှာ (၁) ၂၀၀၅ ခုနှစ် ပြည်ထောင်စုနေ့တွင် စီအာရ်ပီပီ၏သဘောထားကျေညာချက်ထုတ်ပြန်ရာတွင် အဓိကပါဝင်ကူညီခဲ့ခြင်း (၂) ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း တို့ကြောင့်ဖြစ်သည်။

ဦးကျော်မင်းသည် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၆၉ ခုနှစ်မှစတင်ပြီး စစ်တွေမြို့တွင် ကျောင်းဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပညာရေးဒီပလိုမာကိုရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ်အမှုထမ်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ၈၈ အရေးအခင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ ဘူးသီးတောင်မြို့နယ်ကျောင်းဆရာများသမဂ္ဂတို့တွင်ပါဝင်လှုပ်ရှားမှုများကြောင့် အလုပ်မှထုတ်ပယ် ခြင်းခံခဲ့ရသည်။


(စီအာရ်ပီပီ)အဖွဲ့ဝင် ဦးကျော်မင်းနှင့်တွေ့ဆုံမေးမြန်းခြင်း။






  

  1. Saya gyi U kya Min...I highly appreciate your this effort, May Almighty Allah bless you & protect you AMEEN.


    Great interview ! Every Rohingya should be listen atleast once ....

  2. Nur Alam (a)Ko Ba Myint:
    I am very happy and thanks to Almighty Allah,for releasing our leader and appriciate to the respectful leader of current democratic gorvernment,especially to the president U thein sein.

  3. Long live our leader and politician U Kyaw Min.

  4. ကိုယ့်သမိုင်း ကိုယ်ရေးနေတာပါ ဆရာကြီးရယ်..ဘယ်သူ့ကိုမှ ကြောက်စရာမလိုပါဘူ။

  5. အရမ်းပြောင်မြောက်စွာပြောဆိုသွားတာအန်ကယ်လ်ကျော်မင်းကိုလေးစားပါတယ်။ ကျန်းမာရေးမကောင်းတဲ့အန်ကယ်လ်အပါအဝင်မိသားစုအားလုံးအမြန်ဆုံးကျန်းမာချမ်းသာနိုင်ကြပါစေလို့ ကျနော်လှိုက်လှိုက်လှဲလှဲဆုတောင်းမေတ္တာပို့သပါတယ်။

  6. လေးစားပါတယ်ဆရာ

  7. Wish and Pray that Peace be upon this world and all the people.

  8. မြန်မာ့မွတ်စလင်များအားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပါးပါးနပ်နပ်နေဖို့ အချိန်တန်ပြီ။အမျိုးမျိုးသောအသင်းကဖွဲ့ ဖြစ်နေရင်လျှင် ရည်ရွယ်ချက်တစ်ခုတည်းဖြစ်စေရပါမည်။ မိမိညီနောင်မွတ်စလင်မ်များ မတရားသတ်ဖြတ်စော်ကား နည်မျိုးစုံဖြင့်အနိုင်ကျင့်ခံနေရသော အချိန်အခါဖြစ်သည်။ညီနောင်မြန်မာ့မွတ်စလင်မများ လွတ်မြောက်စေဖို့ ကျန် မွတ်စလင်ညီနောင်များ၏တာဝန်တစ်ရပ်ဖြစ်သည့်ဆိုတာကို မမေ့ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Write A Comment

Rohingya Exodus