August 08, 2025

Latest Highlight

News @ RB

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

(Photo: Reuters) Joint Statement: Rohingya Groups Call on U.S. Government to Ensure International Accountability for Myanmar Military-Planned Genocide December 17, 2018  We, the undersigned Rohingya organizations worldwide, call for accountability for genocide and crimes against...

Rohingya Orgs Activities

RB News December 6, 2017 Tokyo, Japan -- Legislators from all parties, along with Human Rights Now, Human Rights Watch, and Save the Children, came together to host the emergency parliament in-house event “The Rohingya Human Rights Crisis and Japanese Diplomacy” on December 4th. The eve...

Petition

By Wyston Lawrence RB Petition October 15, 2017 There is one petition has been going on Change.org to remove Ven. Wira Thu from Facebook. He has been known as Buddhist Bin Laden. Time magazine published his image on their cover with the title of The Face of Buddhist Terror. The petitio...

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

ရွေးကောက်ပွဲဝင်ခြင်းအဓိက ရည်ရွယ်ချက်မှာအခြေခံဥပဒေကို ပြင်ဆင်ရန်ဟု ဟု ဒေါ်အောင်ဆန်းစုကြည်ကဆို

Photo : EMG
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ရွေးကောက်ပွဲ မဲဆွယ်ခရီးစဉ် အဖြစ်ထားဝယ် မြို့သို့ရောက်ရှိစဉ်အတွင်း ပြောကြားသည့် မိန့်ခွန်း၌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည့် အဓိကဦးတည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအထဲမှ ပြည်သူများအကျိုးမဖြစ်စေသည့် အပိုင်းများအား ပြုပြင်ရန် ဖြစ်ကြောင်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲဝင်တဲ့ အခါမှာ အရေးကြီးတဲ့ ဦးတည်ချက်တစ်ခုဆိုပြီးတော့ သတ်မှတ် ထားတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်သူတွေကို အကျိုးမဖြစ်စေတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲဖို့ပဲ။ ဒါကျမတို့ လုပ်ကို လုပ်ရမယ်လို့ရင်ဆိုင်နေရပါတယ်” ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍ NLD ၏ သဘောထားကို ထားဝယ်မြို့၌ ပြောကြားသွားသည်။

ထို့ပြင် နိုင်ငံရေးပါတီတရပ်အနေဖြင့် ပြည်သူ့နှင့် နီးနီးစပ်စပ်နေနိုင်မှ အရည်အချင်းရှိသည့် ပါတီတရပ်ဖြစ်မည်ဟုလည်း ပြောဆိုသွားသည်။ “ ကျမတို့အခု တနင်္သာရီကို ဆင်းလာရတဲ့ အကြောင်းရင်းကတော့ ပြည်သူနဲ့ပြန်ပြီးနီးစပ်ဖို့ပဲဖြစ်တယ် “” ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ယနေ့ လာရောက်သော ခရီးစဉ်တွင် ထားဝယ်မြို့သာမက လောင်းလုံမြို့၊ မောင်းမကန် ကမ်းခြေတို့အထိ သွားရောက်ခဲ့ရာ လေဆိပ်မှ ထားဝယ်မြို့တွင်း၊ လောင်းလုံမြို့ နှင့် မောင်းမကန်ကမ်းခြေသို့ ခရီးစဉ် တစ်လျှောက် ပြည်သူ သောင်းနှင့်ချီ၍ စုဝေး၍ လိုက်ပါခဲ့ကြသည်ကိုတွေ့ရသည်။

လာမည့် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်ပေါင်း ၅၀ ကျော်ရှိ လစ်လပ်နေရာ ၄၈အနက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံမဲဆန္ဒနယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းနှင့် ပက်သက်၍ “ လုပ်ပေးချင်တဲ့စေတနာရှိရုံနဲ့ မပြီးပါဘူး။ လုပ်တတ်ကိုင်တတ်မှ ဒီစေတနာကို အကောင်အထည်ဖော်နိုင်မှာပါ “ ဟု ထားဝယ် NLD ရုံးခွဲတွင် ပြောကြားသောမိန့်ခွန်း တွင် ထည့်သွင်းပြောကြားသွားသည်။

“ အခုလိုမျိုးလာလိုက်တော့ လူတွေရင်ထဲမှာ ရင်းရင်းနှီးနှီးရှိသွားတာပေါ့။ နောက် Generation တွေက တစ်ခါမှ မတွေ့ဖူးဘူးလေ။ အဓိက ကတော့ မဲဆွယ် ဖို့လာတာပေါ့လေ။ ခုလိုမျိုး လူထုအားပေးမှုနဲ့ဆိုရင်တော့ နိုင်မယ်ထင်ပါတယ်။ ” ဟု ထားဝယ်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးစဉ်နှင့် ပက်သက်၍ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ခရီးစဉ်တွင် ထားဝယ်မှ တဆင့် လောင်းလုံမြို့နယ် အောက်ရေဖြူကျေးရွာ၊ ထိုမှ မောင်းမကန်သို့ နေ့လည်တစ်နာရီခန့်တွင် ရောက်ရှိပြီး ညနေ (၃) ခွဲ ၀န်းကျင်ခန့်တွင် ထားဝယ်မြို့ သို့ရောက်ရှိကာ ဗိုလ်ချုပ်လမ်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက်တွင် ညနေလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်လာပြီးနောက် ပဲခူးမြို့ခရီးစဉ်သည် ရန်ကုန်မြို့ပြင်ပ သို့ပထမဆုံး သွားရောက်သည့် ခရီးစဉ်ဖြစ်၍ ယခုထားဝယ်ခရီးစဉ်သည် နယ်လူထုနှင့်ထိတွေ့သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။

Source :Yangon Press International 

Write A Comment

Rohingya Exodus