Latest Highlight


ဇွန်လ ၇ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ကျူးလွန်မှုများကို ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) အနေဖြင့် လက်မခံနိုင်ကြောင်း ယင်းပါတီ အတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။

“ဥပဒေအရရော၊ လူမှုရေးအရရော လက်ခံလို့မရဘူး။ ပြစ်မှုအတိုင်းအတာအရ အရေးယူရမယ်။ ဒီနေရာမှာ မွတ်စလင်တို့၊ ဗမာတို့ ဆိုတာထက် ပြစ်မှုကျူးလွန်သူ တရားခံ၊ တရားလိုလို့ သတ်မှတ်ပြီးကို အရေးယူ ရမယ်။ ထပ်ပြီး ကြီးထွား မလာအောင် လုပ်ရမယ်” ဟု ၄င်းကဆိုသည်။
ယမန်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်တွင် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံစဉ် ဦးဌေးဦးက ထိုသို့ပြောဆိုခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့ ကျောက်နီမော် မုဒိန်းကျင့် သတ်ဖြတ်မှုနှင့် တောင်ကုတ်မြို့တွင် ၁၀ ဦး အသတ်ခံရမှုများ၊ ရန်ကုန်မြို့တွင် နောက်ဆက်တွဲ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားခဲ့သည့်အပေါ် ဦးဌေးဦးက ထိုသို့ မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

့အပြင် ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း ပြစ်မှုကျူးလွန်သူများကို လျင်မြန်စွာ အရေးယူ ကိုင်တွယ်သင့်ကြောင်း၊ သို့မှသာ ဥပဒေစိုးမိုးရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။
ရခိုင်ပြည်နယ် သတ်ဖြတ်ကျူးလွန်မှုများ ဖြစ်ပွားသည့်ကိစ္စကို အစိုးရထုတ်သတင်းစာနှင့် မီဒီယာများက ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြရာ၌ မွတ်စလင်ကုလားဟု သုံးနှုန်းခဲ့သောကြောင့် ဝေဖန်ခံ ခဲ့ရပြီး နောက်တနေ့တွင် ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူများ ဟု ပြင်ဆင်ဖတ် ရှုရန် ကြေညာ ခဲ့သည်။
လူမျိုးကွဲများအပါအ၀င် တိုင်းရင်းသားပေါင်းစုံ နေထိုင်သည့် မြန်မာပြည်တွင် လွတ်လပ်စွာယုံကြည်ရာကို ကိုးကွယ်ခွင့်ရရှိရန် လိုကြောင်းလည်း ဦးဌေးဦးက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော သတ်ဖြတ်ကျူးလွန်မှုများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း လိုက်ကြောင်း ဇွန်လ ၆ ရက်နေ့စွဲဖြင့် ကြေညာထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း အပါအ၀င် ရခိုင်ပြည်နယ် ဥပဒေအရာရှိ၊ ရဲမှူး၊ အထူးစုံစမ်းစစ်ဆေးရေးမှူး စသည့် ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည်။ ယင်း စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးကို လည်း ရေရှည်စီမံကိန်း ချပြီး ဖြေရှင်းပေးရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတော်က သိရှိစေရန် ပုံမှန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု များသည် ကောင်းမွန်သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာစေရန် မကြိုးပမ်းသင့်ကြောင်း ဦးဌေးဦးက ဖြေကြားသည်။

သဘာဝ အရင်းအမြစ် ပေါများသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်မှစတင်ကာ ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့တို့ကို အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချနေသော်လည်း ပြည်သူများမှာမူ လျှပ်စစ်မီး လုံလောက်စွာ မရရှိပေ။
အဆိုပါ ရောင်းချမှုများနှင့် ပတ်သက်ပြီး ဦးဌေးဦးက “ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား ဆောက်လုပ်ရေးတွေမှာ ငွေလိုတယ်။ ဒါကြောင့် ရောင်းချရတာပါ”ဟု ဆိုသည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများဆုံး အငြင်းပွားဖွယ် အနိုင်ရရှိခဲ့သော အာဏာရပါတီဖြစ်သည်။

ဧရာဝတီ




7 June, 2012

CSW CONDEMNS RELIGIOUSLY-MOTIVATED VIOLENCE IN BURMA AND CALLS FOR RELIGIOUS FREEDOM, TOLERANCE AND HARMONY

Christian Solidarity Worldwide (CSW) today condemned rising religious intolerance in Burma, and the killing of ten Muslims in Arakan State on 3 June, and called on the government, democracy movement and all the people of Burma to work to improve inter-faith relations, protect religious freedom and promote religious harmony.
Tensions escalated in Arakan State after three Muslim men were accused of raping and killing a Buddhist Arakanese (Rakhine) woman. A mob of Arakanese Buddhists attacked a bus carrying Muslim pilgrims. The mob beat ten people to death, set the bus on fire and defiled some of the corpses.

Yesterday, Aung San Suu Kyi, leader of the National League for Democracy (NLD), met representatives of the Muslim community and condemned the attacks, calling on the Buddhist majority to protect the rights of minorities.

The recent outbreak of anti-Muslim violence follows a steady increase in racist propaganda against Muslims generally, and the Rohingya people in particular. The Rohingyas are an ethnic minority in Arakan State, who have been denied citizenship despite living in Burma for generations.

CSW’s East Asia Team Leader Benedict Rogers said: “The reports and images of the attack on Muslims last Sunday are horrific and shocking. People of all religions and none are appalled by such brutality and intolerance and no one who cares about human rights can stay silent. Burma is a multi-ethnic, multi-religious nation and as it continues its struggle for democracy and human rights, it must work to build a nation in which people of all religions and ethnicities are included, involved and given a stake. Religious freedom is a core human right, as set out in Article 18 of the Universal Declaration of Human Rights, and yet in Burma Buddhist monks have been jailed, Christian churches attacked, crosses destroyed, and Muslims subjected to inhumane discrimination and violence. We call on the government, the democracy movement and the people of Burma to stop rising racism, end intolerance and unite with religious minorities to promote inter-faith dialogue, harmony and religious freedom for all.”

For further information or to arrange interviews please contact Matthew Jones, Public Affairs Officer at Christian Solidarity Worldwide, on +44 20 8329 0063, email matthewjones@csw.org.uk or visit www.csw.org.uk.

Christian Solidarity Worldwide (CSW) is an organisation working for religious freedom through advocacy and human rights, in the pursuit of justice.


Benedict Rogers

East Asia Team Leader
Christian Solidarity Worldwide
PO Box 99
New Malden
Surrey
KT3 3YF
T: +44(0)2083290041
F: +44(0)208 942 8802

Christian Solidarity Worldwide (CSW) is a Christian organisation working for religious freedom through advocacy and human rights, in the pursuit of justice.
ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ဖြစ် ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေး ဖို့ ဆိုပြီး  အဖွဲ့တဖွဲ့ ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းလိုက်ပါတယ်။ အစိုးရရဲ့ ဒီလုပ် ရပ် ကို ရခိုင် လူမှုအဖွဲ့အစည်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့အ စည်းတွေ နဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကြိုဆိုကြပါ တယ်။ စုံစမ်းရေးအဖွဲ့ အနေနဲ့ အခုဖြစ်ရပ်တွေတင် မဟုတ်ဘဲ ရခိုင်ပြည် နယ် မှာ နေထိုင်ကြ သူတွေ အကြား သဟဇာ တရှိစွာ နေထိုင်နိုင် မယ့် အခြေအနေတရပ်ကို ဖန်တီးနိုင်ရေး အစိုးရကို အကြံပြုပေးနိုင်ရင် ပိုကောင်းမယ် ဆိုတဲ့ သဘောထားမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော် သိန်း က တင်ပြ ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရဲအရာ ရှိကြီးတွေ၊ အုပ်ချုပ် ရေးမှူးတွေ၊ ဥပဒေ အရာရှိတွေ စသည်အားဖြင့် ၁၆ ဦးပါ စုံစမ်းရေး အဖွဲ့ ကို ပြည်ထောင်စု အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာပါ။ ရခိုင်ပြည်နယ်အတွင်း တည် ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေတဲ့ လူစုလူဝေးနဲ့ အုပ်စုဖွဲ့ပြီး ဥပဒေ မဲ့ ပြုမူဆောင်ရွက်မှုတွေ၊ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ တဲ့ အပေါ် ဖြစ် ရပ်မှန် ဖော်ထုတ် နိုင်ရေးနဲ့ ဥပဒေနဲ့အညီ အရေးယူနိုင်ရေး တို့အတွက် ဆိုပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း တာဝန်ပေးလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖွဲ့စည်းတာကို ကြိုဆိုပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်က နံပတ်တစ် ပြောချင်တာက စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်တယ် ဆိုတဲ့အပေါ်မှာ ကျနော် ကြိုဆိုတယ် ပေါ့နော်။ နောက်တခုက ဘာလဲဆိုတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း အတိအကျ စုံစမ်းပြီးတော့မှ ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတ ရား ပြု ကျင့် ပြီး သတ်ဖြတ် ပစ်ထားတဲ့ တရားခံတွေကိုလည်း ထိထိရောက်ရောက် အရေး ယူ ဆောင် ရွက် စေ  ချင်     ပါတယ်။ အလားတူပါပဲ၊ တောင်ကုတ်မှာ ခရီးသည်တင် ကားပေါ်ကနေ ဆွဲချပြီး သတ်ခံ လိုက်  ရတဲ့ ၁၀ ယောက် အတွက်ကိုလည်း  ထိထိရောက်ရောက် တရားခံတွေ ရှာဖွေပြီး အရေး ယူ ပေးစေ ချင်ပါ တယ်။"

ဒီလိုဖြစ်ရပ်မျိုးတွေ နောက်မဖြစ်အောင် တားဆီးနိုင်ရေးအတွက် အခုလို ဆောင်ရွက်တာမျိုးကို ကြိုဆိုပါတယ်လို့ အစ္စလာ့မ်တံခွန် အဖွဲ့က ကိုဝဏ္ဏရွှေကလည်း ပြောပါတယ်။

"ကျနော်တို့အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ် ဆိုတာက ကျနော်တို့ ရည်ရွယ်ချက်ကလေ အပြစ်ရှိတဲ့ လူတွေကို အရေးယူဖို့ ဆိုတာထက် ကျနော်တို့က ဒီအပြုအမူမျိုးကို နောက်နှောင် မဖြစ်ပေါ်အောင်ဆိုတာ ဒီလိုတွေပဲ ဆောင်ရွက်ရပါတယ်။ အဲဒီအတွက် ကြိုဆိုပါတယ်။"

မေလ ၂၈ ရက်နေ့က ကျောက်နီမော်ရွာသူ မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မ  ပြုကျင့်ပြီးတော့ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာပါ။ ဇွန်လ ၃ ရက်နေ့မှာတော့ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူအုပ်စုတခုက အကြမ်းဖက် တားဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေထိ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတာပါ။

အကြမ်းဖက်ဖြစ်ရပ်တွေ ဖြစ်ပြီးပြီးချင်းမှာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေဘက်က အရေးယူ လုပ်ဆောင်ပုံ နှေးကွေးတယ်လို့ ဝေဖန်ကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ထောင် စုအစိုးရက အခုလို စုံစမ်းရေးအဖွဲ့ ဖွဲ့လိုက်တာကို ရခိုင် အမျိုးသားကွန်ယက် ကလည်း ကြိုဆိုပါတယ်။

"လက်ရှိအစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ အလေးထား ဆောင်ရွက်လာတာကို ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်။ ၀မ်းသာပါတယ်လို့ ကျနော်တို့အနေနဲ့ ပထမ ပြောပါရစေ။ လက်ရှိအစိုးရရဲ့ ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ ဒီကိစ္စအပေါ်မှာ ပြည်သူလူထု သဘောထား လက်ခံပြီးတော့ သိမ်မွှေ့စွာ အမြန်ဆုံး ပြေ လည်အောင် ဖြေရှင်းပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့အနေနဲ့သတိ ပေးခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည် နယ် အစိုးရအနေနဲ့ ဒီ ကိုင်တွယ်ပုံမှာ နူးညံ့သိမ်မွှေ့စွာ အမြန်ဆုံး ပြေလည်အောင် မဖြေရှင်း  ခဲ့နိုင်လို့ ဒီပြဿ နာနဲ့ ဒီအကျိုးဆက်တွေ ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ယုံကြည် ယူဆပါတယ်။ အခုတော့ ဒီကြောင့် အခု ပြည်ထောင်စု အစိုးရအနေနဲ့ အမျိုးသား စုံစမ်းရေး ကော်မရှင် ဖွဲ့လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အများကြီး ကြိုဆိုပါတယ်၊ လက်ခံပါတယ်၊ ၀မ်းသာပါတယ်လို့ ပြောပါရစေ။"

ရခိုင်အမျိုးသားကွန်ယက်က ကိုတင်ထူးအောင် ပြေပြခဲ့တာပါ။

စုံစမ်းရေးအဖွဲ့အနေနဲ့ အခုဖြစ်ရပ်တွေ အပေါ်မှာသာမက ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူ လူမျိုးစု အသီးသီးရဲ့ အမြင် သဘောထားတွေကို သိရအောင် စုံစမ်းပြီး ရေရှည် ပြေလည်နိုင်ရေး နည်းလမ်းတွေကိုပါ အကြံပေးနိုင်စေချင်တယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

"ရခိုက်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ခံစားချက်၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူနဲစုတွေရဲ့ ခံစားချက်ကို အကုန်လုံးကို လေ့လာပြီးတော့မှ သဟဇာတ ဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးနိုင်ဖို့ အစိုးရကို အစီရင်ခံစာ တင်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ နောက်တခုက ရခိုင် တိုင်းရင်းသားတွေ အနေနဲ့ကလည်း တဖက်က ဘင်္ဂလားဒေ့ရှ်က ပြိုဆင်းလာမယ့် အန္တရာယ်ကို အရမ်း စိတ်ပူနေတာကိုး။ အရမ်း စိတ်ပူနေတယ် ဆိုတဲ့အခါကျတော့ ဒါက ကျနော်တို့ရဲ့ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီလေ။ အမျိုးသားရေး ပြဿနာ ဖြစ်လာပြီဆိုတော့ ဒီပြဿနာတွေအတွက် တိကျ ခိုင်မာတဲ့ ပေါ်လစီရေးရာ ကိစ္စတွေ ထုတ်ပေးစေချင်ပါတယ်။ အကြံလည်း ပေးစေချင်ပါတယ်။ အားလုံးအတွက်ကို ကျနော် ပြော တာပါ။"

စုံစမ်းရေးအဖွဲ့အနေနဲ့ မှုခင်းဖြစ်ပွားရတဲ့ အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ၊ အုပ်စုဖွဲ့ ကျူးလွန်သူတွေကို ဦးဆောင်သူတွေ၊ ပြစ်မှုကျူးလွန်သူတွေ၊ အခင်း မဖြစ်ပွားမီနဲ့ ဖြစ်ပွားပြီိးတဲ့နောက် ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်တာ ဒါမှ မဟုတ် ဆောင်ရွက်နိုင်တဲ့အခြေအနေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့ ရဲ့ ထင်မြင်  ယူဆချက်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေနဲ့အတူ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံတိုက်ရိုက်တင်ပြအစီရင်ခံရမယ်လို့အစိုးရအဖွဲ့ကညွှန်ကြားထား ပါတယ်။



VOA By ကိုကျော်ကျော်သိန်း
စောဇင်ညီ(မြစ်မခ)

ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟုအစ္စလာမ်သာသနာရေးကောင်စီကသတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိ ရှိ ရသည်။

ဘာသာဝင်ကောင်းမပာုတ်ပာုသတ်မှတ်ရခြင်းမှာအစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအားအလိုမတူဘဲ ပေါင်း သင်းဆက်ဆံ၍မရကြောင်း၊အလိုတူပါကလည်းမိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်း ဆက်ဆံခွင့်ရှိ သဖြင့်ဘာသာရေးကျင့်ဝတ်နှင့်မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံအစ္စလမ်သာသ နာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

“ကျွန်တော်တို့ဘာသာမှာ မွတ်စလင်လူမျိုးတွေက အဲ့ဒီလို မုဒိန်းကျင့်လို့ရဖို့နေနေသာသာ လက်ထပ် ရင် တောင် လူကြီးတွေ သဘော တူမှရ တာပါ။ဒါကြောင့်သူတို့က ဘာသာဝင်ကောင်းတွေ မပာုတ်ပါ ဘူး။”ပာုဦးဝဏ္ဏရွှေက ပြောသည်။

အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ မွတ်စလင်အမျိုးသားသုံးဦးထဲမှ တစ်ဦးမှာလက်ထပ်ရန် ငွေလိုရာမှ ကျောက်နီမော် ရွာသူ (၁၆)နှစ်အရွယ် အမျိသမီးငယ်အားအတင်းအဓ္ဓမ ရွှေ၊ ငွေလက်ဝတ်လက်စားများယူ၍ တစ်ယောက် တစ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“သူတို့ ဘာသာသနာဝင်ကောင်းတွေ မပာုတ်ပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာနောက်ထပ်လူကောင်း (၁၀) ယောက် အသက်စတေး ရတာတော့ နှမြောစရာပါ၊ လတ်တလောဆိုတော့ ဒေါသ အလျောက်ဖြေရှင်း ကြတာ ဖြစ်မှာပါ။” ပာု ဦးဝဏ္ဏရွှေက ဆက်ပြောသည်။

အထက်ပါ မုဒိန်းမှုနောက်ဆက်တွဲအနေဖြင့် တောင်ကုတ်မြို့တွင်မွတ်စလင်လူမျိုး(၁၀)ဦးအား ရွာသား များက အကြမ်းဖက် သတ်ဖြက်မှုဖြစ်ပွားခဲ့သည်။

ထိုအချက်ကြောင့် မွတ်စလင်လူမျိုးများက တရားဥပဒေအရအမြန်ဆုံးဖြေရှင်းပေးရန် ဇွန်လ ၅ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်အား ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေအညီ အရေးယူနိုင်ရေး အတွက်ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒု-၀န်ကြီး အပါအ၀င် အရာရှိ(၁၆)ဥိးပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့အားဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ကဇွန်လ(၆)ရက်နေ့   နေ့စွဲဖြင့် သတင်း ထုတ်သည်။

by Shwe Myitmakha Media Group



front
ငွေစက္ကူသစ်၏ မျက်နှာဘက်

Back
ငွေစက္ကူသစ်၏ ကျောဘက်

၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟို ဘဏ် ငွေကြေး ဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။
နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၉ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။
မြန်မာငွေကျပ် ရာဇ၀င်အချို့
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။
၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ၊ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။
ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟို ဘဏ် ငွေကြေး ဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၄ ခုနှစ် နောက်ပိုင်း ငွေစက္ကူ အမျိုးအစားပေါင်း ၁၈ မျိုး ထုတ်ဝေခဲ့ပြီး ယခု အကြိမ်မှာ ၁၉ ကြိမ်မြောက် ထုတ်ဝေသည့် ငွေစက္ကူ အမျိုးအစားသစ် ဖြစ်ကြောင်း မှတ်တမ်းများ အရသိရသည်။

နောက်ဆုံး ထုတ်ဝေထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
၁၉၉၄ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့သည့် ငွေစက္ကူ အမျိုးအစားသစ် ၁၈ မျိုးတွင် အမှတ်အသားများ ထည့်သွင်းရာ၌ အမျိုးအစား သုံးမျိုးမှ လွဲ၍ ကျန် ၁၆ မျိုးအား ခြသေ့င်္ရုပ်ပုံများသာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက် နေ့တွင် ထုတ်ဝေသည့် ၅၀ ပြားတန် ငွေစက္ကူတွင် စောင်းရုပ်ပုံ၊  ၁၉၉၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၁ ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေသည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူတော်နှင့် လွှတ်တော်ပုံ စသည့် သုံးမျိုးမှလွဲ၍ ကျန်အမျိုးအစားများတွင် ခြင်္သေ့ရုပ်ပုံ သုံးစွဲထားခြင်းဖြစ်သည်။
ယခုအစိုးရသစ် လက်ထက်တွင် ထုတ်ဝေသည့် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်၌ အလယ်ပိုင်း တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေ ခက် နှစ်ခက်၊ မျက်နှာ ချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားကြောင်း၊ အရောင်မှာ အပြာရောင် ဖြစ်ကြောင်း၊ ကျောဖက်တွင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားကြောင်း၊ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားကြောင်း သိရသည်။

ငါးထောင်ကျပ်တန် ထုတ်ဝေစဉ်က သတင်းထုတ်ပြန်ပြီး တစ်ရက်တာ အချိန်အတွင်း၌သာ လှုပ်လှုပ်ရှား ရှားဖြစ်ခဲ့ပြီး ကာလတို ဈေးကွက်မှာ တစ်ရက်အလွန်ကာလ၌ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက် ခဲ့ကြောင်း၊ ရေရှည်ဈေးကွက် အလားအလာနှင့် အချို့ဈေးကစားသူများ၏ နည်းစနစ်များကို ခန့်မှန်းတတ်သည့်နောက် ထင်သလို မဖြစ်ခဲ့ပဲ ဈေးကွက်လှုပ်ရှားမှုမှာ တစ်ရက်သာ ခံခဲ့ခြင်းဖြစ်သည်ဟု မှတ်တမ်းများ အရ သိရသည်။

အရွယ်အစား             ။ ။ ၁၅x၇ စင်တီမီတာ
ပေါ်လွင်သည့် အရောင် ။ ။ အပြာရောင်
မျက်နှာစာဘက်     ။ ။ ထိပ်ပိုင်းတွင် 'မြန်မာနိုင်ငံတော်ဗဟိုဘဏ်' စာတမ်းရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့အနုပညာ လက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ်ထားပါ သည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထား သည့် မြန်မာစာတန်း 'တစ်သောင်းကျပ်'ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထား ပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူတန်ဖိုးများကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂ လိပ်နှစ်ဘာ သာဖြင့် ရိုက်နှိပ်ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာ ပါရှိပါ သည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။
မင်းတုန်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် မန္တလေးနေပြည်တော်၌ ဒင်္ဂါးစက်ရုံကို တည်ထောင်ခဲ့ပြီး တစ်ကျပ်၊ ငါးမူး၊ တစ်မတ်၊ တစ်မူး၊ တစ်ပဲ စသည်ဖြင့် စုစုပေါင်း ၅ မျိုးအား သွန်းလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်မှ မြန်မာငွေကြေး စနစ်တွင် ကျပ်၊ ပဲ၊ ပိုင် စနစ်မှ ကျပ်၊ ပြားစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

၁၉၅၂ ခုနှစ်တွင် တစ်ပြား၊ ငါးပြား၊ ဆယ်ပြား၊ ၂၅ ပြား၊ ၅၀ ပြား နှင့် ၁ ကျပ်စေ့များ ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတို့နောက်မှ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် အမျိုးအစား ငွေစက္ကူ အမျိုးအစားများကို ထုတ်ဝေ အသုံးပြုခဲ့ကြကြောင်း သိရသည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် အဆိုပါ အမျိုးအစားများထဲမှ ၂၅ ကျပ်၊ ၅၀ကျပ်နှင့် ၁၀၀ ကျပ်တန်များမှာ သုံးစွဲခွင့် မရတော့ကြောင်း သိရသည်။ ၁၉၈၅ ခုနှစ်တွင် ၇၅ ကျပ်တန် အမျိုးအစား ငွေစက္ကူ ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် သြဂုတ်လတွင် ၁၅ ကျပ်တန် နှင့် ၃၅ ကျပ်တန် ငွေစက္ကူများ ထုတ်ဝေ သုံးစွဲခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် အဆိုပါ အမျိုးအစားများ သုံးစွဲခွင့် မရရှိတော့ကြောင်း သိရသည်။

ထို့နောက်တွင်မှ ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန် အမျိုးအစား ငွေစက္ကူများ၊ ဗိုလ်ချုပ်အောင် ဆန်းရုပ်ပုံပါ ငွေစက္ကူအမျိုးအစားများ ထုတ်ဝေခဲ့ပြီး လက်ရှိသုံးစွဲနေသည့် ငွေစက္ကူများ နည်းတူသုံးစွဲခွင့် ရှိနေသေးကြောင်း သိရသည်။

ကျောဘက်   ။ ။ ထိပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး  ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။


မြန်မာငွေကျပ် ရာဇ၀င်အချို့ 
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရက ဦးဆောင်းပြီး ငြိမ်း ချမ်းရေး တည်ငြိမ်ရေး ထိန်း သိမ်းနိုင် ဖို့ ကော်မီ တီ တစ်ရပ် ကို ဘာသာ ပေါင်းစုံ က ပုဂိုလ်တွေ မြို့မိမြို ဖတွေ ဒီကနေ့ ဖွဲ့စည်း လိုက် ပါတယ်။ အဲသလို ဖွဲ့စည်း လိုက်တာကို ရခိုင်ပြည်နယ် သစ်တောနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းတင်က ဘီဘီစီကို ပြောပြရာ မှာ၊ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေး ကော်မီတီကို အဖွဲ့ (၃) ခုနဲ့ ဖွဲ့ထားပြီး လူအင်အား ၄၀ နီးပါး ပါဝင်တယ်လို့ ဆိုပါတယ်။စစ်တွေမြို့မှာ လူမျိုးရေး အဓိကရုဏ်းတွေ မပေါ်ပေါက်အောင် ထိန်းသိမ်းသွားကြမှာ ဖြစ်ပြီး၊ အင်္ဂါနေ့ ကလည်း ဘာသာပေါင်းစုံက လူကြီးတွေဟာ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်ပေါ်နိုင်တဲ့ ရပ်ကွက်တွေကို သွားပြီး ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်ဖို့ သွာရောက် ပြောဆို ခဲ့ကြတယ်လို့ သိရပါတယ်။တခြား ဖြစ်စဉ် တစ်ခုမှာတော့ ဇွန်လ ၃ ရက်နေ့က ရဲစခန်းကို သွားဝိုင်းတဲ့ အတွက် ပစ်ခတ်ခံရပြီး ဒဏ်ရာ ရရှိသွားတဲ့သူ ၁၀ ဦး ထဲက ၄ ဦး ကို ဒဏ်ရာ ပြင်းထန်တဲ့ အတွက် ရန်ကုန် အရိုးကု ဆေးရုံမှာ ကုသဖို့ လေယာဉ်နဲ့ ဒီကနေ့ ယူသွားခဲ့တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က အတည်ပြု ပြောကြားပါ တယ်။ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကတော့ လူနာ တစ်ဦးစီကို ထောက်ပံ့ကြေး ကျပ်နှစ်သိန်းစီ ထောက်ပံ့ပေး တယ်လို့ ဆိုပါတယ်။ စစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူမူမှာ လူ ၉ ဦးကို ထိန်းသိမ်းလိုက်ပြီး အဲဒီအထဲက ၃ ဦး ကို လွှတ်ပေးလိုက်ကာ ကျန်လူတွေကိုတော့ ဆက်လက် စစ်ဆေးနေတုန်း ဖြစ်တယ်လို့ သိရပါတယ်။ 
BBC
*******************************************************

ရခိုင်ဒေသ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်း

undefined
(ဓာတ်ပုံ - ဧရာဝတီ)
ရခိုင်ဒေသ၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် ဘာသာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ထိုအဖွဲ့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒေသခံ ရပ်မိ ရပ်ဖများနှင့် အစ္စလမ်ဘာဝင် ရပ်မိရပ်ဖများ စသည်တို့ပါ ၀င်ပြီး စုစုပေါင်း လူ ၄၀ ဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အဖွဲ့တဖွဲ့ကို စစ်တွေမြို့၌ ယမန်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများနှင့် အစ္စလမ်ဘာသာဝင်များ အားလုံးငြိမ်းချမ်းစွာ နေထိုင် သွားလာနိုင်ရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ မဖြစ်ပွားရေး စသည်တို့အား ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့မှ  ၀န်ကြီး ဦးအောင်သန်းတင်က ပြောဆိုသည်ဟု နိရဉ္စရာ သတင်းဌာန၌ ရေးသားထားသည်။
“အဓိကကတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ မပေါ်ပေါက်ရေး ကြိုးပမ်း တားဆီးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့တာ ပါပဲ။ အခု စစ်တွေမှာ ကောလာဟလတွေ သိပ်ပျံ့နေတယ်။ ဒါတွေဟာ မှားသလား မှန်သလားဆိုတာကို ဒီအဖွဲ့က သေချာ စိစစ်ပြီး ရခိုင်တွေ ဘက်ကိုရော၊ အစ္စလမ် ဘာသာဝင်တွေ ဘက်ကိုရော သက်ဆိုင်ရာ ခေါင်းဆောင်တွေက ရှင်းပြသွားမယ်” ဟု ဦးအောင်သန်းတင်က ဆို သည်။
ရခိုင်ပြည်နယ် ရမ်းဗြဲမျြို့နယ် ကျောက်နီမော် ဒေသ၌ အမျိုးသမီး တဦးအား အမျိုးသား ၃ ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ခဲ့ခြင်း၊ ပစ္စည်းများ လုယူခဲ့ခြင်း ကိစ္စနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌  လူ ၁၀ ဦး အသတ် ခံရသည့် ကိစ္စ၊ စစ်တွေမြို့၌ လူထု အုံကြွမှု ဖြစ်ပေါ်ခဲ့၍ ရဲတပ်ဖွဲ့က ပစ်ခတ် နှိမ်းနင်းခဲ့သည့် ကိစ္စတို့အား စုံစမ်းဖော်ထုတ်ရေးအတွက်လည်း ပြည်ထောင်စု အစိုးရ က စုံစမ်းရေး အဖွဲ့ ဖွဲ့စည်းလိုက်သည်။
ထိုအဖွဲ့၌ ပြည်ထောင်စု အဆင့် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဒု ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိချုပ် ဦးစံရွှေမောင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေဝင်း စသည်ဖြင့် ဌာနဆိုင်ရာ ၀န်ထမ်း စုစုပေါင်း ၁၆ ဦး ပါဝင်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
၎င်းအဖွဲ့သည် မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ အုပ်စုဖွဲ့ ကျူးလွန်ရန် လှုံ့ဆော်သူများ၊ ဦးဆောင်သူများ၊ ပြစ်မှု ကျူးလွန် သူများ၊ အခင်း မဖြစ်မီနှင့်ဖြစ်ပြီး ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေများကို လုပ်ဆောင် သွားမည်ဟု အစိုးရ သတင်းစာများက ဆိုသည်။
ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ စတင်ခဲ့ရာ ကျောက်နီမော် ဒေသ၊ တောင်ကုတ်မြို့၊ စစ်တွေမြို့၊ ကျောက်ဖြူ မြို့တို့ ၏ အခြေအနေသည် တည်ငြိမ်နေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ ဖြစ်သည့် ဘူးသီးတောင်၊ မောင်တောမြို့များ၌ လုံခြုံရေး အခြေအနေကို ပုံမှန်ထက် အနည်းငယ် တိုးမြှင့်ထားကြောင်း၊ တောင်ကုတ် မြို့၌ အသတ်ခံခဲ့ရသည့် လူ ၁၀ ဦး၏ ရုပ်ပုံများအား ဘူးသီးတောင်မြို့၌ ဖြန့်ဝေ ခဲ့သည့် အတွက် ဒေသခံတချို့ကို  ရဲတပ်ဖွဲ့ က ယမန်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ယနေ့တွင် ပြန်လည်လွှတ်ပေးခဲ့ပြီ ဖြစ်ကြောင်းဘူးသီးတောင် ဒေသခံများက ပြော သည်။
သံတွဲမြို့၏အခြေအနေသည်လည်းတည်ငြိမ်ကြောင်း၊ တောင်ကုတ်မြို့ပဋိပက္ခနှင့်ဆက်စပ်၍ ခေတ္တပိတ်ထားခဲ့ သည့် သံတွဲ နည်းပညာ ကောလိပ် (GTC) ကျောင်းသည်လည်း ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

 

Violent clashes between Buddhists and Muslims in Myanmar is threatening to overshadow reconciliation efforts. There is fear among the Buddhist majority that the country is being invaded by Muslims.Wednesday, June 6th 2012, 05:30 AM


AFP/AFP/GETTYIMAGES
Muslim women hold their children at their house in Sittwe, capital of Myanmar's western Rakhine state

An eruption in religious tensions in Myanmar has exposed the deep divisions between the majority Buddhists and the country's Muslims, considered foreigners despite a decades-long presence.

The violence threatens to overshadow reconciliation efforts in the country formerly known as Burma, where there has been a series of dramatic political reforms since almost half a century of military rule ended last year.

The trigger for the latest surge in sectarian tensions was the rape and murder of a woman in western Rakhine state, which borders Bangladesh, for which three Muslim men have been detained, according to state media.

On Sunday a mob of hundreds of people attacked a bus, believing the perpetrators were on board, and beat 10 Muslims to death.

"These innocent people have been killed like animals," said Abu Tahay, of the National Democratic Party for Development, which represents the country's much-persecuted stateless Muslim Rohingya community.

"If the police cannot control the situation, maybe the (unrest) is going to spread," he said, adding that the biggest fear was for Rakhine state, where there is a large Muslim minority population including the Rohingya.

In Myanmar's main city Yangon, dozens of Muslims protested on Tuesday calling for justice.

Muslims entered Myanmar en masse for the first time as indentured laborers from the Indian subcontinent during British colonial rule, which ended in 1948.

But despite their long history, they have never fully been integrated into the country.

"For many people, a Burmese is a Buddhist by definition. Buddhism forms an essential part of their identity," said Jacques Leider, a historian at the French School of the Far East based in northern Thailand.

"The situation is explosive and from friction to the clashes is only a matter of lighting the fuse," he told AFP shortly before the latest violence.

Myanmar's Muslims -- of Indian, Chinese and Bangladeshi descent -- account for an estimated four percent of the roughly 60 million population, although the country has not conducted a census in three decades.

Pockets of sectarian unrest have occasionally broken out in the past across the country, with Rakhine state a flashpoint for tensions.

In February 2001, the then-ruling junta declared a curfew in the state capital Sittwe after clashes between Muslims and Buddhists.

The authorities this week warned against "anarchic acts" after the mob killings and an attack on a police station by an angry crowd in Sittwe.

But violence is only the most visible expression of a pervasive discrimination, according to Muslim groups.

Ko Aung Aung, of the exiled Burmese Muslim Association (BMA), said travel, justice and access to education and employment were all affected.

"The daily relationship with Buddhists is good as long as you know your limited ground and do not cross it," he said.

For the majority of people "any crime is a crime", but when a Muslim is suspected "it could be a good reason to riot against them," added Ko Aung Aung, who fled Myanmar in 2004 fearing for his safety because of his activism.

"Riots are always possible at any place and any time. So we must be very careful," he said.

Sittwe has a Muslim population of around 100,000 and dozens of mosques.

But a Muslim leader in the town, who asked not to be named, told AFP there was "no religious freedom", adding that authorities rarely granted permission for new mosques to be built, or repairs to be carried out.

Rights violations also affect other religious groups in Myanmar, including Buddhist monks who participated in a failed uprising in 2007 and who continue to be arrested and harassed, according to Amnesty International.

Myanmar's community of 750,000 Rohingyas, who are confined to the north of Rakhine and considered by the UN to be one of the most persecuted minorities in the world, are singled out for particular disdain.

In Sittwe even pronouncing the word Rohingya can ignite passions among people who view them at best as unwanted immigrants from Bangladesh and at worst "invaders".

"They are fighting to own the land, occupy the entire state," said Khaing Kaung San, a local activist in education and other areas. "They don't need weapons, just by their numbers they can cover the entire land."

It is a sentiment echoed by Shwe Maung, of the Rakhine Nationalities Development Party, which represents the ethnic Rakhine people.

Talking about hostility to Muslims in general, he said: "One day it will be a serious problem, they caused trouble in Thailand, Europe, USA. They try to make trouble in Rakhine State."

Despite decades of isolation, Muslims have also suffered from the images of violence associated with radical Islam, according to a foreign researcher, who asked not to be identified.

He said Myanmar's devout Buddhists had been particularly shocked by the destruction of the giant Buddhas of Bamiyan by Afghanistan's Taliban regime.

"There is a feeling, a fear among the country's Buddhists about being invaded," he added.

Source here


ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr.Bob carr က ရိုဟင်ဂျာအပါအ၀င်ရန်ကုန်တိုင်း လူမျိုးစုရေးရာဝန်ကြီး နှင့်တိုင်းရင်း သားပါတီများရင်ကြားစေ့ရေးအတွက်ဆွေးနွေးရာတွင် NDPD,NDF,RNDP, ရှမ်း၊ကရင်၊မြန်မာ၊ဒီမိုက ရေစီပါတီများယနေ့ ရွှေတောင်တန်းလမ်းရှိ Australia သံအမတ်ကြီးနေအိမ် တွင်တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်း ရရှိသည်။


Australia ForeignMinister Mr.Bob carr နှင့် ရန်ကုန်တိုင်း လူမျိုးစုရေးရာ
ဝန်ကြီး နှင့်တိုင်းရင်း သားပါတီများရင်ကြားစေ့ရေးအတွက်ဆွေးနွေးပုံ(၁)


Australia ForeignMinister Mr.Bob carr နှင့် ရန်ကုန်တိုင်း လူမျိုးစုရေးရာ
ဝန်ကြီး နှင့်တိုင်းရင်း သားပါတီများရင်ကြားစေ့ရေးအတွက်ဆွေးနွေးပုံ(၂)


Australia ForeignMinister Mr.Bob carr နှင့် ရန်ကုန်တိုင်းလူမျိုးစုရေးရာ ၀န်ကြီး အပါအင်အမှတ်တရဓါတ်ပုံ

Source :danyawadi 



ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာမူဆလင်ကိုယ်စားလှယ်များတွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)

ခု မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူတဦးချင်း ကျူးလွန်တဲ့ ရာဇဝတ်မှု မှတဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာကာ အကြမ်းဖက် သတ်ဖြတ်မှု၊ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံကြီးသားပီသဖို့၊ တနည်းအားဖြင့် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း ဖော်ဆောင်လာနိုင်ဖို့ လေ့လာ၊ ဆင်ခြင်စရာတွေ အများကြီး ရှိနေတယ်။ ဘာသာ၊ လူမျိုး တင်းမာမှု အသွင်ဆောင်လာခြင်းမှာ ဆွေးနွေး သုံးသပ်စရာ လက်ငင်းအကြောင်း (Immediate Cause) တွေ၊ နောက်ခံကားချပ် ဇစ်မြစ်အကြောင်း (Underlying Root Cause) တွေ အများကြီးရှိတဲ့အပြင် လူအများစုရဲ့ ပုဂ္ဂလိက သဘော တုန့်ပြန်မှုတွေမှာပါ ဆင်ခြင်သတိပြုစရာတွေ အများကြီး ရှိနေတယ်။

ရခိုင်လူထုဟာ စစ်အစိုးရ အဆက်ဆက် နဲ့ လက်ရှိ အစိုးရ ခေတ်မှာ မတရား ဖိနှိပ်မှုမျိုးစုံကို ပြည်မမှ မြန်မာအများစုထက် ပိုခံစားခဲ့၊ ခံစားနေကြရတယ်။ ဒါ့အပြင် အရင် ဖိနှိပ်မှု ပိုပြင်းထန်တဲ့ စစ်အစိုးရ ခေတ်မှာ တောင် ရခိုင်လူထုဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ မတရားမှုကို အမြဲတွန်းလှန် ဆန္ဒပြလေ့ရှိတယ်။ လက်ရှိ အထိုက်အလျောက် ပိုမိုလွတ်လပ်တဲ့ သဘောဆောင်တဲ့ အရပ်သားတပိုင်း အစိုးရခေတ်မှာ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုဖြစ်လာနိုင်စရာရှိတယ်။

လူမျိုး၊ ဘာသာ သွေးထိုးနိုင်မှု လောင်စာ ကလည်း ရခိုင်မှာ အဆင်သင့်ရှိနေတယ်။ ရခိုင် ဒေသဟာ ဘင်္ဂလားဒေ့ရှ် နဲ့ နယ်မြေချင်းထိစပ်နေတဲ့ အတွက် လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ ဟိုးအရင်ကတည်း အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ ဘာသာ၊ လူမျိုး မတူသူတွေကြား ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ သဘော၊ ဆတ်ဆတ်ထိ မခံနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ လူတော်တော်များများဟာ လူမျိုး၊ ဘာသာ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေဟာ အမြဲတမ်းလိုလို အသိဥာဏ် ထက် စိတ်ခံစားမှုအပေါ် မူတည်ပြီး တုန့်ပြန်ဆောင်ရွက်လေ့ရှိတတ်တယ်။ အရပ်စကားနဲ့ ပြောရရင် လူမျိုး၊ ဘာသာ ကိစ္စက အညှာလွယ်ပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် စနစ်တကျ ပိတ်ဆို့ပြီး ဝါဒဖြန့် မှိုင်းတိုက် ဖျက်စီးခံခဲ့ရတဲ့ မြန်မာပြည်က လူအများစု အတွက် ပိုလို့ အညှာလွယ်ပါတယ်။

ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး အဆင့်အတန်းမြင့် ဒီမိုကရေစီစံနှုန်း၊ အကျင့်အကြံ၊ အတွေးအခေါ်တွေ အမြစ်တွယ် ရှင်သန်နေပြီး ဖြစ်တဲ့ တိုင်းပြည်ကြီးတွေမှာလည်း အနည်းနဲ့ အများ ဆိုသလို ကျန်ရှိနေသေးတယ်။ အကြောင်းက လူတွေဟာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ ရာသီဥတု၊ ပထဝီ၊ အစားအသောက်၊ ဓလေ့ ထုံးစံ၊ လူမျိုးစု၊ ကိုးကွယ် ယုံကြည်မှု စတဲ့ သဘာဝရဲ့ (တနည်းအားဖြင့် ရွေးချယ်ခွင့်မရှိလို့) ကွဲပြားခြားနားမှုတွေအရ အုပ်စုလေးတွေ ကွဲပြားနေပြီး အုပ်စုသဘောဆောင်တဲ့ အပြုအမူ၊ အပြောအဆို၊ ဘက်လိုက်မှုတွေ ဖြစ်လာလေ့ရှိလို့ပါ။

ဒီလို သဘောမှာ နှစ်တွေနဲ့ချီ ပိတ်ဆို့ခံခဲ့ရလို့ ရေတွင်းထဲက ဖားသူငယ်လို ရေတွင်းရဲ့ဘောင်သတ်ခြင်းခံရတဲ့ အမြင်၊ အတွေးအခေါ်နဲ့သာ ရှင်သန်နေတဲ့ ဗမာ့ လူ့အဖွဲ့အစည်းမှာ လူမျိုး၊ ဘာသာစွဲ ပြင်းထန်မှု များတဲ့ စိတ်အခံ အခြေအနေနဲ့ စိတ်နှလုံး ထိခိုက် တုန်လှုပ်ဖွယ် အဖြစ်အပျက်ဆိုးတွေကို မြင်ရ၊ သိရ၊ ကြားရတော့ စိတ်နှလုံး ခံစားမှု နဲ့ပဲ တုန့်ပြန်ခဲ့ကြတော့တယ်။ ထိန်းကွပ်စရာ အသိဥာဏ် အခံက နဂိုကမှ နည်းနေတော့ အကျိုးဆက်က ပိုဆိုးစေတာပေါ့။

မျက်မှောက်ခေတ်လို အင်တာနက် နည်းပညာ၊ သတင်း ဆက်သွယ်ရေး၊ ရုပ်သံ နည်းပညာတွေ ကျယ့်ပြန့်တဲ့ခေတ်မှာ ပထမ ရာဇဝတ်မှု သတင်းဟာ နည်းပညာရဲ့ အကူအညီနဲ့ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် လူတွေကြားကို ရောက်ရှိခဲ့တယ်။ သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ကျယ်ပြန့်လာတဲ့သဘောကို ဘာမှ အပြစ်ပြောစရာမရှိပါ။ သို့သော် စတင် တင်ပြတဲ့ ဒေသခံ ဌာနေတိုင်းရင်းသားကို ကိုယ်စားပြုဟန်ရှိတဲ့ မီဒီယာရဲ့ သတင်းတင်ပြပုံ နဲ့ ထပ်ဆင့် ဖြန့်ဝေသူတွေရဲ့ ပြုမူပုံတွေမှာ စကားပြောစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်သဏ္ဍာန် မတည်မငြိမ်ဖြစ်နေမှုရဲ့ လက်တလော အကြောင်းလည်း ဖြစ်ပါတယ်။

အဓမ္မ သားမယား ပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု ဖြစ်စဉ်ကို တင်ပြတဲ့ သတင်းမီဒီယာရဲ့ ကျူးလွန်သူတွေလို့ စွပ်စွဲခံရတဲ့ သူတွေအပေါ် ဘာသာ၊ လူမျိုး မတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ်။ ဌာနေတိုင်းရင်းသားဘက်ကို ကိုယ်စားပြုပြီး ကျယ်ပြန့်တဲ့ သဘောဆောင်တဲ့ မတရားမှုတွေ၊ ရာဇဝတ်မှုတွေ ရှိနေလို့ ရှိနေကြောင်း လူအများ အသိမှတ်ပြုမှုရအောင် ပုံဖော်ချင်ရင်လည်း အနိဌာရုံ ဓာတ်ပုံတွေထက် အခြား အားကောင်းတဲ့ အချက်အလက်တွေ၊ အလားတူ အဖြစ်အပျက်တွေ စုစည်းပြီး စုံစမ်း တူးဖော် သတင်းတင်ပြဟန် (Investigative Report) နဲ့ မီဒီယာ၊ စာနယ်ဇင်း ကျင့်ဝတ် သိက္ခာ ရှိရှိတင်ပြလို့ ရပါတယ်။

ဒီလို အဖြစ်အပျက် မှတ်တမ်းတင်စာတွေကို ဒေသဆိုင်ရာ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ဒေသခံ ဌာနေတိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ကိုပေးပို့ပြီး သူတို့မှ တဆင့် ပြည်နယ် နဲ့ ဗဟို အစိုးရကို တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး အလေးပေးအောင်လည်း တိုက်တွန်းနှိုးဆော်နိုင်ပါတယ်။ အစိုးရ (သို့) စုံစမ်းရေးကော်မရှင် (သို့) တရားရုံး စတဲ့ အများပြည်သူ သိစရာမလိုတဲ့ အဖွဲ့အစည်းတွေကို တင်ပြတဲ့အချိန်မှသာ တကယ့် အဖြစ်အမှန် ဓာတ်ပုံ အထောက်အထား (ဘယ်လောက် အခြေအနေဆိုးဆိုး၊ အနိဌာရုံ ဖြစ်ဖြစ်) ဝေဝေဆာဆာနဲ့ ခိုင်ခိုင်လုံလုံ တင်ပြဖို့လိုပြီး အများပြည်သူကို ဖြန့်ဝေတဲ့ သတင်းတင်ဆက်မှုမှာတော့ သတင်းကျင့်ဝတ်၊ သတင်းကောင်း ဂုဏ်ရည်ကို ထိန်းခြင်းအားဖြင့် လူတွေရဲ့ စိတ်နှလုံး ဆွဲကိုင်လှုပ်စေမယ့် အနိဌာရုံ ဓာတ်ပုံတွေ၊ ဘာသာ၊ လူမျိုး ကွဲပြားသူချင်း သွေးကွဲစေတဲ့ စကားလုံး၊ အသုံးအနူန်းတွေကို ရှောင်ကြဉ် ရမှာဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အင်တာနက် ဘလော့တွေ၊ လူမှုကွန်ယက်စာမျက်နှာတွေ မှ တဆင့် သာမန်လူတိုင်းက အသက်မွေးဝမ်းကြောင်း ပညာရပ် တခုဖြစ်တဲ့ သတင်း၊ မီဒီယာ တွေရဲ့ လုပ်ငန်းတာဝန်တွေကို ဝါသနာအရ အပျော်တမ်းလုပ်ဆောင်နေမှုဟာ သတင်းခေတ်လူသားရဲ့ သဘောသဘာဝ ဖြစ်တဲ့ အပြင် မတူကွဲပြားကျယ်ပြန့်တဲ့ အမြင်တွေကို ထုတ်ဖော်နိုင်လို့ အပြုသဘောအနေနဲ့ ကြိုဆိုရမှာဖြစ်တယ်။ သို့သော် ကိုယ်တိုင် စနစ်တကျ လေ့လာသင်ယူထားခြင်းမရှိတဲ့ သတင်းဖြန့်ဖြုးခြင်း ဘာသာရပ်တခုကို နေ့စဉ် ကိုယ်ပိုင် စာမျက်နှာတွေမှတဆင့် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ သတင်း၊ မီဒီယာ တွေ ယေဘုယျ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို လေ့လာဖို့လိုပါမယ်။ အသုံးအနှုန်း နဲ့ တင်ပြပုံ အားလုံးဟာ သိက္ခာ၊ ကျင့်ဝတ်အညီ ဖြစ်ဖို့လိုပါမယ်။

ခု လူအများစု မိမိရဲ့ အွန်လိုင်း ကိုယ်ပိုင်စာမျက်နှာတွေပေါ်မှ ရာဇဝတ်မှုသတင်းကို တင်ပြပုံ၊ ဖြန့်ဝေပုံ သတင်းကျင့်ဝတ်နဲ့ မညီဖြစ်နေတာကို အဓိက ဆိုလိုတာဖြစ်ပြီး ရာဇဝတ်မှု သတင်းကို လူမျိုး၊ ဘာသာ ကွဲပြားမှု အသားပေး ဖော်ပြပြောဆိုကာ လူမျိုး၊ ဘာသာ မုန်းတီးရေးတွေ ဖြစ်ပေါ်စေဖို့ (မသိလို့ပဲ ဖြစ်စေ၊ မရည်ရွယ်ပဲနဲ့ ဖြစ်စေ) အင်တိုက်အားတိုက် ကူညီနေသလိုဖြစ်နေပါတယ်။

ရာဇဝတ်မှု လို သတင်းမှာ ဘာသာ၊ လူမျိုး ကိုထည့်ခြင်းကတော့ ဘာအကြောင်းပြချက်နဲ့မှ (ဘယ်လိုနည်းနဲ့မှ) မဖြစ်သင့်တဲ့ ကိစ္စပါ။ ရာဇဝတ်မှု ဖြစ်တယ်။ ကျူးလွန်ကြောင်း သံသယ ဖြစ်ခံရတဲ့ သူတွေ အဖမ်းခံထားရတယ်။ သူတို့ကို တရားရုံး မှာ တရားဥပဒေ နဲ့ အညီ အပြစ် ရှိ မရှိ စုံစမ်းဖော်ထုတ်မယ်။ အပြစ်ရှိရင် ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျခံစေမယ်။ တရားရုံး လုပ်ငန်းစဉ်တလျောက် တရား၊ ဥပဒေနဲ့ ညီမညီ၊ အဂတိ ကင်းမကင်း၊ တရားမျှတမှု ရှိမရှိ သက်ဆိုင်ရာ ဒေသက လူမှုအဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက စောင့်ကြည့်မယ်။ တရားရုံးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ (သို့) နောက်ဆုံး တရားစီရင်ချက်က တခုခု ချွတ်ချော်ရင် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုတော့ လုပ်ဆောင်သင့်တယ် စတဲ့ မေးခွန်းထုတ်မှုတွေ၊ ဆန္ဒသဘောထား တင်ပြ တောင်းဆိုမှု တွေကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေ နဲ့ သတင်း၊ မီဒီယာက လုပ်ဆောင်မယ်။ ဒါဟာ ရိုးရှင်းတဲ့ တရားဥပဒေစိုးမိုးတဲ့ ယဉ်ကျေးတဲ့ လူ့ဘောင် အဖွဲ့အစည်းမှာ ဖြစ်ရမယ့် ဖြစ်စဉ် နဲ့ လုပ်ငန်းသဘောတွေပါ။ ရာဇဝတ်မှုနဲ့ မသက်ဆိုင်တဲ့ ကျူးလွန်သူ နဲ့ ကျူးလွန်ခံရသူတွေရဲ့ ဘာသာ၊ လူမျိုးကွဲပြားမှု ကို ထည့်စရာ အကြောင်းမရှိပါ။

တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်တွေမှာလည်း ဘာသာ၊ လူမျိုး ကွဲပြားသူတွေကြား ဖြစ်တဲ့ ရာဇဝတ်အမှုအခင်းတွေမှာ မလိုလားအပ်တဲ့ ပယောဂတွေ ကပ်ပါလေ့ရှိပါတယ်။ ပထမ ရာဇဝတ်မှု ဖြစ်ဖြစ်ချင်း အကျူးလွန်ခံရသူရဲ့ မိသားစုဝင်က တရားဥပဒေရဲ့ အဆုံးအဖြတ်ကို မစောင့်နိုင်ဘဲ စိတ်ခံစားမှုနဲ့ ကိုယ်တိုင် လက်စားချေ ခြင်းဖြင့် ပြန်လည် ရာဇဝတ်မှု ကျူးလွန်မိတာတွေ ရှိလေ့ရှိပါတယ်။ ဒီလို အခြေအနေဟာ မတူကွဲပြားတဲ့ လူအုပ်စု နှစ်ခု အကြားမှာ အမုန်းတွေ၊ သံသယတွေ တိုးပွားလာစေပြီး လွတ်လပ်တဲ့ တရားစီရင်မှု ကို ထိခိုက်စေတတ်ပါတယ်။

လက်ရှိ ဗမာ့လူ့အဖွဲ့အစည်း (ပညာအရည်အချင်း၊ လက်ရှိနေထိုင်တဲ့ နိုင်ငံ မသက်ဆိုင်) မှ ဗမာတွေ အွန်လိုင်းမှာ သုံးနှုန်းပြောဆိုတဲ့ အသုံးအနှုန်း နဲ့ လုပ်ဆောင်နေတဲ့ အပြုအမူ အများစုဟာ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် အင်မတန် အားနည်းနေပါတယ်။ ပထမဆုံးအနေနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မှာ လူတွေ စံနှုန်း အနေနဲ့ ဘယ်လို အရာတွေကို အမှန် လို့ သတ်မှတ်ထားတယ်၊ ဘယ်လိုအရာတွေကိုတော့ အမှား လို့ ခံယူတယ်၊ ဘယ်လို အပြုအမူ၊ အပြောအဆိုကတော့ဖြင့် ကျင့်ဝတ်နဲ့ မညီဘူး၊ ရှက်စရာကောင်းတယ် အစရှိတဲ့ လူပီသတဲ့ အတွေးအခေါ်၊ အနေအထိုင်၊ အသုံးအနှုန်းတွေကို လေ့လာပြီး အမှန်တကယ် ကျင့်ကြံနေထိုင်ရပါမယ်။ မိမိရဲ့ လူ့ကျင့်ဝတ်၊ လူ့သိက္ခာနဲ့ အညီ ပြုမူ၊ ကျင့်ကြံ၊ ပြောဆို လူပီသစွာ နေထိုင်တတ်မှုကို ဂုဏ်ယူတတ်ရပါမယ်။ ဗမာပီသဖို့၊ တရုတ်ပီသဖို့၊ အိန္ဒိယ ပီသဖို့ ထက် လူပီသဖို့က အရေးကြီးတယ်ဆိုတာကို နားလည်လက်ခံရပါမယ်။

ဒီနေရာမှာ လူအများ သိစေ၊ ကြားစေနိုင်တဲ့ နေရာတွေမှာ သုံးနှုန်းတဲ့ အခေါ်အဝေါ် သုံးစွဲမှုတွေရဲ့ အတိမ်အနက်၊ အကျိုးအပြစ် ကို သိနားလည်ပြီး လူ့ကျင့်ဝတ်နဲ့ အညီ ပြောဆို တတ်ဖို့ အင်မတန် အရေးကြီးတဲ့ အကြောင်းကို ဆက်လက်ဆွေးနွေးပါမယ်။ ဥပမာ ခု ဖြစ်ခဲ့တဲ့ ရခိုင် လူသတ်မှုသတင်းကို အစိုးရ မီဒီယာ အပါအဝင် မီဒီယာ တချို့နဲ့ လူအများစုက အသတ်ခံရသူတွေကို “ကုလား” ဆိုတဲ့ အသုံးအနှုန်း သုံးနေတာ တွေ့ရတယ်။ ပြည်ပ အခြေစိုက်၊ အထူးသဖြင့် အနောက်နိုင်ငံ ရောက် မြန်မာ ဗီဒီယာ တွေက မူဆလင် လူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတယ်။ ဒါကို တချို့က သိပ်မကျေနပ်တဲ့ သဘောနဲ့ ခနဲ့တဲ့တဲ့ ပြောတာတွေလည်း ဖတ်ရတယ်။ ခနဲ့ သူတွေထဲမှာ အတန်းပညာတတ်လို့ ခေါ်ဆိုနိုင်သူတွေ ပါတာတွေ့ရတော့ လက်ရှိ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအားနည်းနေမှုက ပိုမို သိသာထင်ရှားစေပါတယ်။

“ကုလား” ဆိုတဲ့ ဝေါဟာရဟာ မည့်သည့် ဝေါဟာရမှ ဆင်းသက်လို့ဖြစ်စေ၊ ရှေးယခင် မည်ကဲ့သို့ အဓိပ္ပာယ်နဲ့ သုံစွဲခဲ့သည် ဖြစ်စေ လက်ရှိ ခေတ်ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းနဲ့ မသင့်လျော်တဲ့အတွက် လူအများကို သက်ရောက်မှုရှိတဲ့ သတင်းရေးတာ၊ ဖတ်တာ၊ ကြေညာတာလို နေရာမျိုးမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းခြင်းအားဖြင့် မသုံးရပါ။ သုံးလို့ရှိရင် Pejorative (ရင့်သီးသလို) ဖြစ်လို့ပါ။ ဒါမျိုး လူမျိုးစု (သို့) လူအုပ်စု တစုကို ထိခိုက် နေနိုင်စေတဲ့ အသုံးအနှုန်းတွေကို ရှောင်ကြည်သုံးစွဲခြင်းကို အင်္ဂလိပ်လို Political Correctness (PR) ဖြစ်အောင် သုံးခြင်းလို့ ခေါ်ဆိုပါတယ်။

သတင်းဌာန တွေသာမက လူ့ကျင့်ဝတ် သိတဲ့၊ ရှိတဲ့ တဦးချင်း လူပုဂ္ဂိုလ်တွေလည်း လူအများကို သက်ရောက်စေတဲ့ နေရာမျိုးတွေမှာ ပြောဆို ပြုမူရင် PR ဖြစ်အောင် သုံးစွဲရပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လူပီသတဲ့ လူတွေရဲ့ အပြုအမူပါ။ PR ဖြစ်အောင် ပြောဆို ပြုမူခြင်းဆိုတာ လူမျိုး၊ ဘာသာ ကိစ္စတခုတည်း မဟုတ်ပါ။ အတွေးအခေါ်၊ ယုံကြည်မှု၊ ယဉ်ကျေးမှု၊ ကျား/မ လိင်ကွဲပြားမှု၊ အလုပ်အကိုင်၊ ကိုယ်အင်္ဂါ ချို့ယွင်းမှု စတဲ့ သီးခြားသဘောဆောင်တဲ့ ကွဲပြားမှုတွေကို နင်းပြီး ပြောဆို၊ သုံးစွဲခြင်း မပြုတာအားလုံးကို ဆိုလိုတာပါ။

ဥပမာပေးရရင် “အသိဥာဏ်ဖွံ့ဖြိုးမှု နှေးကွေးသူ၊ ချို့ယွင်းသူ” “Intellectually disabled” လို့ သုံးစွဲမှ PR ဖြစ်မှာပါ။ အဲ့လို မဟုတ်ပဲ “ငပေါ” “သောက်ရှုး” “Retard” လို့ သုံးစွဲရင် ရိုင်းစိုင်းလို့ပါ။ မျက်စိမမြင်သူကို “အမြင်အာရုံ ချို့တဲ့ နေသူ” “Visually Impaired”၊ နားမကြားသူကို “အကြားအာရုံချို့တဲ့နေသူ”"Hearing Impaired” လို့သာ သုံးစွဲရပြီး “မျက်ကန်း” “Blind”၊ “နားပင်း” “Deaf” လို့ သုံးစွဲရင် သူတပါးရဲ့ ချို့ယွင်းမှုကို နှိမ်ပြီး ခေါ်သလိုဖြစ်လို့ ရှောင်ကြဉ် ရပါမယ်။ အလားတူပဲ လူမျိုးစု ကွဲပြားမှု နဲ့ ပတ်သက်ရင် အာဖရိက အနွယ်ဝင် အမေရိကန်တွေကို “အာဖရိကန် အမေရိကန်” “African American” လို့ပဲ သုံးစွဲရပြီး “ငမည်း..၊ နီဂရို” “Black (or) Negro” လို့ မသုံးစွဲရပါ။ လူဖြူ ကိုလည်း “ဥရောပ အနွယ်” “Caucasian” လို့သုံးစွဲမှ ယဉ်ကျေးပါတယ်။

ကျား/မ ခွဲခြားမှု သဘော မဖြစ်ပေါ်စေဖို့အတွက်လည်း “ဥက္ကဌ” ကို “Chairperson” လို့သာ ယေဘုယျ သဘော သုံးနှုန်းရပြီး ကျားဗဟိုပြု “Chairman” လို့ မသုံးရပါ။ အလုပ်အကိုင်တွေမှာ ကျား/မ ခွဲခြားမှု မရှိအောင် “မီးသတ်သမား” “Firefighter”၊ ရဲအရာရှိ “Police Officer” စသည်ဖြင့် လိင်ခွဲခြားမှု မရှိ သုံးစွဲရပြီး “Fireman”၊ “Policeman” လို့ မသုံးစွဲရပါ။ လိင်တူခြင်း ကာမ တိမ်းညွတ်သူတွေကို “အခြောက်” လို့ လူသိရှင်ကြား မသုံးစွဲသင့်ပါ။ “လိင်တူချစ်သူများ” လို့သာ ယဉ်ယဉ်ကျေးကျေး၊ လူတဦးချင်းရဲ့ လွတ်လပ်တဲ့ အခွင့်အရေး ကို စာနာနားလည်စိတ်ရှိရှိနဲ့ သုံးစွဲရမှာပါ။

ဒီလို အသေးစိတ် သတိထားပြောဆိုနေမှုတွေကို နေရာတိုင်းမှာ လုပ်နေရမယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ယဉ်ကျေးတဲ့ လူတယောက် အနေနဲ့ နားလည် သဘောပေါက်ထားဖို့လိုပြီး သင့်တော်သလို အသုံးပြုတတ်ရပါမယ်။ အထူးသဖြင့် လူအများ မြင်နိုင်၊ ကြားနိုင်၊ သိနိုင်တဲ့ နေရာတွေမှာ မတူကွဲပြားခြားနားတဲ့ အုပ်စု တစုကို မထိခိုက်စေအောင် သုံးနှုန်းတတ်ရပါမယ်။

အထူးသဖြင့် ယဉ်ကျေးမှုပေါင်းစုံ၊ လူမျိုးစုံ ဒွေးရောယှက်တင် နေထိုင်ဆက်ဆံလာနေတဲ့ မျက်မှောက်ခေတ် ခေတ်သစ် ကမ္ဘာမှာ မတူညီတဲ့ လူမျိုးစု အချင်းချင်း အထင်အမြင်လွဲမှားစရာ၊ ခွဲခြားမှု သဘော ဆောင်တဲ့ အသုံးအနှုန်း၊ အပြောအဆို၊ အပြုအမူတွေကို ရှောင်ရပါမယ်။ မြန်မာတွေ အမေရိကန် နိုင်ငံသား ဖြစ်သွားရင် မြန်မာ-အမေရိကန် (Burmese-American) လို့ပဲ ခေါ်ဆိုကြပါတယ်။ အလားတူပဲ လက်ရှိ ဗမာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆို သုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။

မြန်မာ-ခရစ်ယာန်၊ မြန်မာ-မွတ်ဆလင်၊ မြန်မာ-ဟိန္ဒူ၊ မြန်မာ-တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ-အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တဦးချင်း စံနမူပြု သုံးစွဲခြင်းဖြင့် မတူကွဲပြားခြားနားမှုတွေ ရှိနေလို့ အတွေးအခေါ်၊ ဓလေ့ ထုံးစံ၊ အနေအထိုင် ကွဲပြားနေတဲ့၊ တနည်းအားဖြင့် သဘာဝ အပိုင်းအခြားတွေ ရှိနေလို့ စိတ်နှလုံးချင်း နီးစပ်၊ ထိစပ်ဖို့ ခက်ခဲနေသယောင်ရှိနေတဲ့ လူသားအချင်းချင်း တဦးအပေါ်တဦး စာနာနားလည်စိတ် ပိုလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာနိုင်မှာ ဖြစ်ပါတယ်။ လူသားအားလုံးမှာ ဘုံအဖြစ်တည်ရှိနေတဲ့ လူသားအချင်းချင်း ချစ်ခင်လေးစား စာနာထောက်ထားမှု၊ ချစ်ခြင်း မေတ္တာ တွေနဲ့သာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကို တည်ထောင်နိုင်ပြီး နိုင်ငံလည်း ကာယ၊ စိတ္တ သုခချမ်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းအေးသည် ဩစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့တွင် နေထိုင်လျက်ရှိသည့် အိုင်တီနည်းပညာရှင် တဦးဖြစ်သည်။





photo - AP

The Fresh News ,7June 2012 —- မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူ့အင်အားနှင့် ဖြစ်ရန်လိုအပ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဘော့ဘ်ကားက ဇွန် ၆ရက်နေ့ ညနေ ၄နာရီခွဲတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ လာရောက်တွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သြစတြေးလျ ပြည်သူများကို ကိုယ်စားပြု၍ လာရောက်ခွင့်ရခြင်းအတွက် ၀မ်းမြောက်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအတွက် ဦးဆောင်မှု ပြည်သူအများ လွတ်လပ်ရေးရရှိရန် ကြိုးစားမှုများအတွက် ဒေါ်စုမှာ များစွာသောသြစတြေးလျပြည်သူများ၏ သူရဲကောင်းလည်းဖြစ်ကြောင်း၊ သြစတြေးလျတွင် မြန်မာလူမျိုး၊ အများအပြားရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးရှိသည့်ဆွေးနွေးမှုများစွာပြုလုပ်ခဲ့ကြောင်း ၊ သြစတြေးလျစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန်လေ့လာနေသကဲ့သို့ တာဝန်ယူမှုရှိရန်လည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အရည်အသွေးမီပညာရေးလိုအပ်သလို အနာဂတ်တွင် သြတြေးလျအနေဖြင့် ပိုမိုကူညီထောက်ပံ့သွားနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သြစတြေးလျဟာ ရာစုနှစ်တစ်ခုခန့်ကတည်းက မြန်မာပြည်သူများနှင့်ထိတွေ့ ဆက်ဆံမှုရှိခဲ့သည့်နိုင်ငံဖြစ်ကြောင်း၊ စစ်မှန်သည့် ဆက်ဆံရေးရရှိရန်မှာ တူညိမှု၊တန်းတူညီတူရှိမှုအပေါ်တွင် မူတည်ကြောင်း သြစတြေးလျသို့ မည့်သည့်နှစ်တွင် သွားမည်ကို မသိသေးသောလည်း သွားရောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။

မစ္စတာဘော့ဘ်ကားကမူ ဒေါ်အောင်ဆန်းစုကြည်မှာ နောက်နှစ်(၂၀၁၃) သြစတြေးလျသို့ လာရန်သဘောတူခဲ့သည်ဟု ပြောခဲ့သည်။

သြစတြေးလျအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှေးဟောင်းအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ရန်ပုံငွေပံ့ပိုးပေးသွားမည်ဟုလည်း သိရသည်။ မစ္စတာဘော့ဘ်ကားမှာ ယနေ့ (ဇွန် ၇ရက်)တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌တွေ့ဆုံမည်ဟု သိရသည်။

KSS, HM(6-6-2012)


By ကိုသားညွန့်ဦး

ရခိုင်ပြည်နယ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့ အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာအာဏာပို်င်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်စေရေး ထိန်းထိန်း သိမ်းသိမ်းလုပ်ကိုင်ကြဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အစုအဖွဲ့အားလုံးကို တိုက်တွန်းထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအပေါ်မှာ အပြန်အလှန် မကျေမနပ်ဖြစ် ပြီး နောက်ထပ် မငြိမ်သက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မကင်းရှိတာကြောင့် အခြေအနေတွေအပေါ်မှာ နားလည်မှုရှိရှိနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း သွားတာပါ။ မတူကွဲပြားတဲ့အမြင်တွေ၊ နောက်ခံတွေအပေါ်မှာ နားလည်သည်းခံပြီး ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့အစည်းဖြစ်ဖို့ မြန်မာလူမျိုးတွေ ကိုယ်တိုင် အားလုံး ပါဝင်ဆောင် ရွက်ကြရမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှ ပစိဖိတ်ရေးရာ ပြောခွင့်ရသူ Darragh Paradiso က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“အပြန်အလှန်နားလည်သည်းခံမှုရှိတဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေးတွေကို လေးစားတဲ့ လူ့အဖွဲ့အစည်း၊ တရားဥပဒေစိုမိုးမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အစိုးရနဲ့အတူ နောက်ခံပေါင်းစုံ အလွှာပေါင်း စုံက မြန်မာလူမျိုးတွေအားလုံး ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့ အချက်ကို အလေးအနက် ထားရမယ်လို့ ထင်ရပါတယ်။”

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသူတွေအတွက်လည်း ၀မ်းနည်းကြေကွဲမိတယ်လို့လည်း ပြောပါတယ်။

“မူစလင်ဘုရားဖူး ၁၀ ဦးကို လူအုပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဒီသတင်းအပေါ်မှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရပါတယ်။ နယ်စပ်ဘက်မှာ ဇွန်လ ၃ ရက်နေ့က ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အဲဒီ မူစလင်တွေကို အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်ဆိုတဲ့ သတင်းကြားရတာ တကယ်တော့ အကြမ်းဖက်မှုပါပဲ။ ဒီ အသက်ဆုံးရှုံးရသူတွေအတွက် ၀မ်းနည်းကြေကွဲရပါတယ်။”

ဒီလို အကြမ်းဖက်ဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ကိုလည်း Darragh Paradiso က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားပါတယ်။

“ဒီ အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။ ဥပဒေစိုမိုးရေး အတွက် ဒီအဖြစ်အပျက်သတင်းကို စုံစမ်း စစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အစုအဖွဲ့အားလုံးအနေနဲ့လည်း ထိန်းထိန်းသိမ်းလုပ်ကြဖို့၊ အကြမ်းဖက်မှုတွေမလုပ်ဖို့၊ ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားပြီး ခွဲခြားဆက်ဆံမှုတွေမလုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။”

ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူများစုက လူနည်းစုကို နားလည်ဂရုဏာထားနိုင်ကြဖို့နဲ့၊ ပြဿနာ ပိုပြီး ကြီးထွားမလာအောင် ဂရုစိုက်ကြဖို့ တိုက်တွန်းသွားပါတယ်။

“ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာ ထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရား ထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်း နေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကပဲ မူစလင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပြဿနာတွေ ကို အေးအေးချမ်းချမ်းဖြေရှင်းနိုင်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ရခိုင်တောင်ကုတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရသတင်းစာပါ အသုံးအနှုန်းကို မကျေနပ်လို့ ရန်ကုန် မူစလင်အချို့ တနေ့က ဆန္ဒပြတာ ရှိခဲ့ပေမဲ့ မနေ့ကတော့ အခြေအနေတွေအားလုံး ငြိမ်ငြိမ်သက်သက်ရှိခဲ့ပါတယ်။

ဒီ အဖြစ်အပျက်တွေကြောင့် လူမျိုးရေးအဓိကရုဏ်းပုံစံ ပြဿနာ မကြီးလာအောင် နိုင်ငံရေး အဖွဲ့ အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေကတော့ သက်ဆိုင်ရာလူထုကို တိုက်တွန်းတာတွေ လုပ်နေပါတယ်။ အစိုးရကတော့ ရခိုင်ပြည်နယ်တွင်း ၂၀၁၂ မေလနဲ့ ဇွန်လထဲ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရိုက်နှက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ဖို့၊ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ၁၆ ဦးပါ အဲဒီ စုံစမ်း စစ်ဆေးရေးအဖွဲ့ဟာ ဖြစ်ရပ်မှန်ပေါ်ရေးအတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ သက်သေခံ ဥပဒေတို့နဲ့အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား နိုင်ငံတော်သမ္မတထံကို တိုက်ရိုက် အစီရင်ခံမယ်လို့ သိရပါတယ်။

Source : VOA burmese



သောင်းထိုက်


Photo: Mandalay Gazette

ရခိုင်ပြည်နယ် တောင်ကုတ်မှာဖြစ်သွားတဲ့ စုပြုံလူသတ်မှုရဲ့အစကဘာလဲ?

မြန်မာအစိုးရ မီဒီယာက မွတ်စလင်ကုလားဆိုပြီးကြေညာတာကနောက်မှပါ။ ရခိုင်လူ သတ်မှုဖြစ်အောင် အဓိက မှိုင်းတိုက်ပေးခဲ့တာကတော့ ရခိုင်သတင်းဌာန နိရဉ္စရာပါပဲ။

ဒီသတင်းဌာနဟာ ရခိုင်လူသတ်မှုအတွက် အဓိက ပထမ တာဝန်ရှိပြီး ဒီလူသတ်မှုအ တွက် တာဝန်ယူရမှာဖြစ်ပါတယ်။ ဒီအချက်ကို မှေးမှိန်သွားစေလို့ မဖြစ်ပါဘူး။ ဘာ ကြောင့်လဲဆိုရင် သတင်းမီဒီယာတခုရဲ့  ပါဝါကိုကိုင်ထားပြီး တာဝန်ယူမှုနဲ့ သတင်းမီ ဒီ ယာကျင့်ဝတ်မရှိလို့ အပြစ်မဲ့ ပြည်သူ ၁၁ ဦး အသက်ပေးခဲ့ရတာပါ။ ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှုမှာ ရေဒီယို အော်ပ ရေတာ ကိုင်ပြီး လူသတ်စိတ်ကြွအောင် မှိုင်းတိုက်ပေးခဲ့ တဲ့ ဟူတူလူမျိုး စစ်ရာဇ၀တ်ကောင်တွေရဲ့  လုပ်ရပ်နဲ့ အလား သဏ္ဍာန်အတူတူပါပဲ။

နိရဉ္စရာသတင်းဌာနက ဘယ်လို လူသတ်မုန်းတီးစိတ် မှိုင်းတိုက်ခဲ့လည်းဆိုတာ သုံးသပ် ပြပါမယ်။ နိရဉ္စရာမှာ တင်ပြခဲ့တဲ့ သတင်း ၄ ပုဒ်ဟာ လူသတ်စိတ်ကြွစေတဲ့ သတင်းတွေ ပါ။ ဓားသွားကို သွေးပေးခဲ့တဲ့ ကလောင်သွား တွေပါပဲ။ အဓိကချပြသွားတဲ့ အိုင်ဒီယာ တွေကတော့

(၁) အစ္စလာမ်ဘာသာဝင်၊ မွတ်စလင်မ်၊ ကုလား ၃ ယောက် ရခိုင်အမျိုးသမီးတယောက် (၁၆ နှစ်လို့ မှားယွင်းစွာ ဖော်ပြခဲ့) ကို အဓမ္မပြုကျင့်ပြီး ရက် ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ခဲ့တယ်ဆိုတဲ့အချက်

(၂) မွတ်စလင်မ်တွေဟာ အဲ့ဒီရပ်ရွာမှာ သောင်းကျန်းနေပြီး ရပ်ရွာလူထုကို ခြောက်လှန့် နှောင့်ယှက်နေပေမဲ့ အစိုးရက ဘာမှမလုပ်ပေးတဲ့အချက်ကို ဦးတည်ပြီး

ကုလား၊ မွတ်စလင်မ်၊ အစ္စလာမ်ဘာသာဝင်ဆိုတဲ့ စကားလုံးတွေ ရောထွေးသုံးပြီး ရခိုင်အမျိုးသမီးကို မတရား ရက်ရက်စက်စက်လုပ်သွားတယ်ဆိုပြီး ထပ်ကာထပ်ကာ တင်ပြခဲ့တဲ့အတွက် ရခိုင်လူထုကို ပိုပြီး စိတ်ဆိုးစေ တယ်။ လူမျိုးခြား ဘာသာခြားတွေက ငါတို့ ကို အဲ့ဒီလို စော်ကားနေတယ်ဆိုတဲ့ ဒေါသတွေကို ဆွပေးခဲ့တယ်။ ဒေါသထွက်နေတဲ့ ရခိုင်ပြည်သူတွေဟာ နိရဉ္စရာရောချသလိုပဲ ရိုဟင်ဂျာ၊ ဘင်္ဂလီ၊ မြန်မာမွတ်စလင်မ်၊ ကုလား၊ တိုင်းရင်း သား အစ္စလာမ်ဘာသာဝင် ဘာမှမခွဲခြားတော့ပဲ ကားပေါ်မှာပါလာတဲ့ မွတ်စလင်မ် မှန်သမျှ ဆွဲချပြီး ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ပါတော့တယ်။ (နိရဉ္စရာသတင်းထုတ်ပြန်ပုံကို ပူးတွဲ ကဏ္ဍတွင်ရှုပါ။)

မီဒီယာကျင့်ဝတ်ဖောက်ပြီး သတင်းဖုံးတာလား တိုက်ဆိုင်တာလားတော့မသိပါ၊ မွတ်စလင်မ်တွေ အသတ်ခံရတဲ့ နေ့ မှာပဲ တောင်ကုတ်ကာ ကားချော်လို့  လူ ၈ ယောက်သေတယ်ဆိုပြီး ဖော်ပြခဲ့တယ်။ နောက်ပိုင်း သတင်းတွေ တက်လာမှ ဒီသတင်းပြန်ဖော်ပြတယ်။ ရခိုင်အမျိုးသမီးကိစ္စမှာ ဘာသာရေးကို တငင်ငင်ဖော်ပြခဲ့ပေမဲ့ မွတ်စ လင်မ် အသတ်ခံရတဲ့သတင်းမှာတော့ ဗုဒ္ဓဘာသာတွေကို စုဖွဲ့ ပြီး ရိုက်သတ်တယ်ဆိုပြီး မပြောတာက မသိနားမ လည်လို့  အစ္စလာမ်ဘာသာကို ထည့်ရေးမိတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ လူမျိုးရေး မုန်းတီးစိတ်ဆွပေးတယ် ဆိုတာ ထင်ရှားနေပါတယ်။

ပိုပြီးတော့မှ ထူးခြားတာက နိရဉ္စရာသတင်းဌာန ၀ဘ်ဆိုဒ်ဟာ ၂၀၀၅ ကတည်းက ရခိုင်အမျိုးသမီးကေ့စ်နဲ့မှ လူဝင်ကြည့်မှုအများဆုံးဆိုပြီး အောင်ပွဲခံခဲ့ ပါတယ်။ ရခိုင်ပြည်နယ်မှာ မုဒိန်းမှု၊ လူသတ်မှု၊ အဓမ္မလုပ်အား ပေးမှု၊ မြေသိမ်းမှု ပေါင်းစုံဖြစ်နေပေမဲ့ ခုလို အဓမ္မမှုတခုကို ခုတုံးလုပ်ပြီး လူမျိုးရေးဘာ သာရေးတွေရောပြီး နာမည်ကြီး အောင် အမြတ်ထုတ်သွားတာ ပေါ်လွင်နေပါတယ်။

ဒါကြောင့် တကယ်တန်းတော့ ဒီလူသတ်မှုကို မှိုင်းတိုက်ပေးခဲ့တာကတော့ နိရဉ္စရာသတင်းဌာနဖြစ်တဲ့အတွက် အဲ့ဒီသတင်းဌာနမှာ အပြည့်အ၀ တာဝန် ရှိပါတယ်။ ဒီကိစ္စအတွက် နိရဉ္စရာက တနေ့ တချိန်မှာ တာဝန်ယူပေးရမှာဖြစ်ပါတယ်။

ပူးတွဲ -

နိရဉ္စရာသတင်းတင်ပြပုံ (ဒန်ငြာရှိန်းဆောင်းပါးမှ-)

ရခိုင်သတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

- ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

- မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

- ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

- တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသောမွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

- သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

- တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

- အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

- မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

- အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

- မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

- အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

- စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း



ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ”ပါသတင်းမှာ

- ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

Source : MMSY


၁။ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီ လူ့ဘောင်သစ်သို့ ရောက်ရှိစေရန် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ ဆောင် ရွက်ပေးနေ သ ကဲ့သို့ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ် ကို လေးစား လိုက်နာရေးအ တွက်ကိုလည်း အဆင့်ဆင့်လေ့ ကျင့်ပေး လျက်ရှိပါသည်။

၂။ ရခိုင်ပြည်နယ်အတွင်း၌ ၂၀၁၂ ခုနှစ် မေလနှင့်ဇွန်လအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုဒမိုးရေး ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ပြုမူဆောင်ရွက်မှုများ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ် မှုများဖြစ်ပေါ် ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များအပေါ် ဖြစ်ရပ်အမှန် ဖေါ်ထုတ်နိုင်ရေး နှင့် ဥပဒေနှင့် အညီ ရေးယူနိုင်ရေး တို့အတွက် အောက်ဖေါ်ပြပါ စုံစမ်း စစ်ဆေးေ ရး အဖွဲ့ကို ဖွဲ့စည်းတာ ဝန်ပေး လိုက်သည်။
















Source here












ရခိုင်လူမျိုးတွေနဲ့ မူစလင်လူမျိုးတွေကြားမှာ ရခိုင်ပြည်နယ်ဘက်က စခဲ့တဲ့အခြေအနေကို တရားဥပဒေ စိုးမိုးရေးအမြင်နဲ့ ထိန်းသိမ်းစေချင်ပြီး လူထုအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လူများစုအနေနဲ့ လူနည်းစုပေါ်မှာ ဂရုဏာထားဖို့ကိုလည်း သတိပေးပြော သွားပါတယ်။ သူ့ရဲ့ မကြာသေးခင်က ထိုင်းခရီးစဉ်၊ မကြာခင်သွားမယ့် ဥရောပ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြော သွားတာပါ။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။


ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ်သုံးဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်နဲ့ နောက် ဆက်တွဲ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို လူအုပ်စုက အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စိုးရိမ်ချက်တွေနဲ့အတူ တိုက်တွန်း ပြောဆိုခဲ့တာပါ။


တရားဥပဒေစိုးမိုးရေးနဲ့ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ လှုံ့ဆော်သူ ရှိနေနိုင်သလားဆိုတဲ့ သူ့ရဲ့ စဉ်းစားချက်တွေကို အကျယ်တ၀ံ့ ပြောဆိုခဲ့ပါတယ်။


ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက ဖြစ်ရပ်ကို တရားဥပဒေနဲ့အညီ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေးပိုင်းမှာ ထောက်ပြခဲ့ပါတယ်။ ဒ့ါအပြင် နိုင်ငံအတွက် အကျိုးရှိသလား မရှိသလား မဆင်ခြင်ဘဲ လှုံ့ဆော်တာမျိုးကလည်း မလိုလား အပ်ဘဲ ပြဿနာတွေကို ကြီးထွားနိုင်စေတယ်လို့ဆိုပြီး လူတိုင်းအတွက် လုံခြုံမှုရှိတဲ့နိုင်ငံမျိုး ဖြစ်စေ ချင်ကြောင်း ပြောသွားပါတယ်။


“ကျမတို့နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံရှိတယ်ဆိုတဲ့ဟာမျိုး ဖြစ်စေချင်တယ်။ နိုင်ငံတနိုင်ငံရဲ့ သိက္ခဟာ ဒီနိုင်ငံက ပြည်သူလူထုရဲ့လုံခြုံမှုနဲ့ စိတ်ချမ်းသာမှုအပေါ်မှာတည်တယ်။ စိတ်ချမ်းသာမှုဆိုတာ လုံခြုံမှုက စရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒီနိုင်ငံမှာ ကျမတို့ရဲ့ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျမတို့ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိတဲ့ နိုင်ငံမျိုးဖြစ်စေ ချင်တယ်။”


ရာဇ၀တ်မှု စ ဖြစ်ပြီဆိုတာနဲ့ ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်မယ်ဆိုရင် ပြဿနာမီးဇာ ပိုကြီး လာမှာမဟုတ်ဘူးဆိုတာ ကို ထောက်ပြပြီး လူထုအနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်းသင့်တယ်ဆိုတာ ကိုလည်း အကြံပေး တိုက်တွန်းသွားပါတယ်။


“ကျမတို့ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြဿနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျမတို့ရဲ့ပြည်သူလူထု အားလုံးကလည်း ကိုယ့်လူအသိုင်းအဝိုင်းရဲ့ အေးချမ်းမှုအတွက်၊ ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက် ထိန်းထိန်း သိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့။ နောက်ဆုံးကျတော့ ကျမတို့ဟာ ပုထုဇဉ်လူသားတွေချည့်ပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ လူတိုင်း လူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ကျမတို့ ပြည်သူပြည်သားတွေကို ပြေလည်မှု ရှာစေချင်ပါတယ်။”


ရခိုင်ပြည်နယ်ဘက်က အကြမ်းဖက်ဖြစ်ရပ်တွေကနေ လူမျိုးရေးနဲ့ ဘာသာရေးအဓိကရုဏ်းတွေထိ ကျယ်ပြန့် ဖြစ်ပွားမလာစေဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေအပါအ၀င် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက မေတ္တာရပ်ခံပြီးတော့ ၀ိုင်းဝန်း တိုက်တွန်းနေကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီကိစ္စအပေါ် အကျယ်တ၀ံ့ ပြောဆိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။


နောက်ဆုံးမတော့ လူများစုက လူနည်းစုအပေါ်မှာ ဘယ်လို သဘောထားမျိုး ထားသင့်တယ်ဆိုတာနဲ့ သူတို့အနေနဲ့လည်း ကူညီနိုင်တာ၊ လုပ်ပေး နိုင်တာ မှန်သမျှ လုပ်သွားပါမယ်လို့ ပြောခဲ့ပါတယ်။


“နောက်တခုကတော့ ကျမ ပြောကိုပြောရမယ်။ ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်းနေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”


မေလ ၂၈ ရက်နေ့၊ ကျောက်နီမော်ဖြစ်ရပ်နဲ့ ဇွန်လ ၃ ရက်နေ့၊ တောင်ကုတ်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားနဲ့ အကြံပေး တိုက်တွန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။


မေလ ၅ ရက်နေ့က ရန်ကုန်မြို့ နေရာတချို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြသေးပေမဲ့ ဒီကနေ့ မှာတော့ နိုင်ငံတ၀န်း အခြေအနေက အေးဆေးငြိမ်သက်နေပါတယ်။ အစိုးရသတင်းစာမှာ မေလ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ အသုံးအနှုန်းကိုလည်း ဒီကနေ့မှာ ပြင်ဆင်ချက် ပြန်လည် ထည့်သွင်းထားတာ တွေ့ ရပါတယ်။ အကြမ်းဖက် သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ အကုန်လုံးကိုလည်း တရားဥပဒေနဲ့အညီဖြစ်စေဖို့ တာဝန်ရှိ အဖွဲ့အစည်းတွေ ကရော သက်ဆိုင်ရာ ရပ်မိရပ်ဖတွေကပါ ၀ိုင်းဝန်း ကြိုးစားနေကြတယ်လို့ ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းခဲ့သူတွေက ပြောကြပါတယ်ခင်ဗျား။
undefined
ဓါတ်ပုံ(ချော-အစိမ်းရောင်လွင်ပြင် - ဘလော့ဂ်)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(က)နှင့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသာဦးအား မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။
                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
--------------------------------------------------------------------------

ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၁၄/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်)
ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ခ)နှင့် ပြည်ထောင် စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(ခ)တို့အရ အောက်ပါဒုတိယဝန်ကြီး များအား မိမိသဘောဆန္ဒ အလျောက် ဒုတိယဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-
(၁)       ဦးတင့်လွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
(၂)       ဦးစိုးအောင် စွမ်းအင်ဝန်ကြီးဌာန
                                                                                                    
                                                                                                                                                          
                                                                                                                                                  (ပုံ) သိန်းစိန်
                                                                                နိုင်ငံတော်သမ္မတ
                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သမ္မတရုံးဝက်ဆိုဒ်







လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍မေတ္တာရပ်ခံကြေညာချက်/ရက်စွဲ-၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှု အဖွဲ့အစည်း ဖြစ်သည်။

၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ တရားဥပဒေကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့်ကိစ္စများသာ ဖြစ်သည်။

၎။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ၊ ပျံ့ပွားကျယ်ပြန့်လာခြင်း မရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။

၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်များကို ရပ်တန့်သွား စေနိုင်ပါသည်။

၆။ သို့ဖြစ်ပါ၍ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။


- ကိုတင်ထူးအောင် (09 4210 74398)၊ ကိုကျော်ဝင်းချေ (09 732 23921)၊ ရခိုင်အမျိုးသားကွန်ရက်
- ကိုကိုကြီး (09 7321 5574)၊ မြအေး (09 4320 4620)၊ ၈၈ မျိုးဆက်ကျောင်းသားများ၊
- ဦးမြင့်ထွန်း (09 5128 649)၊ ဦးဝဏ္ဏရွှေ (09 513 7704)၊ အစ္စလာမ့်တံခွန်အဖွဲ့၊
- ကိုကမ်လမ်ခုပ် (09 7324 8503)၊ စိုင်းမင်းလွင် (09 73022001)၊ တိုင်းရင်းသား လူငယ်များကွန်ရက်။


Posted in: ကြေညာချက်

ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ သတင်း စာ ထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသား အချို့နှင့် ပတ်သတ်လို့ မကျေနပ် သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရ ဘက် က ပြန် လည် ပြင် ဆင် ပေးသွား ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံး အနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုေ တာ့ ဆွေးနွေးနေ ဆဲ လို့ ပြောပါ တယ်၊ ဒီအကြောင်း ကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊

ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့  ဆိုပြီး ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊

ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊

“သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။”

ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။

“တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ”

အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊

“ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ.. ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့ အသိပေးတာတွေ လုပ်ပါတယ်”

ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့ ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိုးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

By သင်းသီရိ (ဗွီအိုအေ-မြန်မာပိုင်း)


"ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆို တာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ် မှု့ကို ထိထိမိမိနဲ့မှန်မှန် ကန်ကန်ကိုင်တွယ်လိုက် နိုင်မယ်ဆိုရင်မီးစကနေမီးတောက်အထိမဖြစ်နိုင်ဘူး။

အခုဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံး ကလည်းကိုယ့်အသိုင်းအ၀ိုင်းရဲ့ အေးချမ်းမှုကို၊ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက်ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေ ချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။

ကျွန်မတို့ဟာပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင် တယ်၊လုံလုံခြုံခြုံနေချင်တယ်။အဲဒီဟာကို ခေါင်းထဲမှာ ထည့်ပြီးတော့ ပြည် သူပြည်သားတွေ ပြေ လည်မှု ရှာစေချင်တယ်။"
ဒေါ်အောင်ဆန်းစုကြည်

အစ္စလာမ်ဘာသာဝင်များနှင့်လတ်တလောဖြစ်ပွားနေသောကိစ္စရပ်များနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်၏အမြင်ကိုသတင်းထောက်တစ်ယောက်ကမေးမြန်းရာ“ဒီလိုပြသနာတွေဖြစ်လို့ရှိရင် ကျွန်မအတွေး က ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်။နံပတ်၁ကတော့ ဥပဒေစိုးမိုးရေးဘဲ။ နှစ်ကတော့ လှုံ့ဆော် တဲ့သူများရှိ သလားဆိုတဲ့ စိုးရိမ်ပူပန်မှု့။ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဆုံးပြသနာ တစ်ခုဖြစ်ပြီ၊ ရာဇ၀တ်မှု့တစ်ခုဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေဟာ ကြီးမားသွားနိုင်စရာ မရှိဘူး။ ပြသနာ တစ်ခုမရှင်းလိုက်တာနဲ့ နောက်တစ်ခုထပ်ပြီး ကြီးကြီးကျယ် ကျယ်ပေါ်လာပြီ ။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာအဖွဲ့တွေကရှင်းလင်းရမယ့်ပြသနာ။ ရာဇ၀တ်မှု့ ကျူး လွန်ခဲ့တဲ့သူတွေကို အမြန်ဆုံးအရေးယူရ မှာက ရဲအဖွဲ့နဲ့ဆိုင်တယ် ။ဥပဒေတရားရုံးတွေနဲ့ဆိုင်တယ်။ အဲဒါတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင် ပြသနာတွေကိုထိန်းထားလို့ရတယ်။ မြန်မြန်ဆန်ဆန်မ လုပ်နိုင်ရင် ပြသနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ကြီးသွားမယ်။ ပြည်သူအများကလည်း စိုးရိမ်ပူပန်နေ မယ်လို့ ကျွန်မထင်တယ် ။အခြေ အနေတွေကိုမတည်ငြိမ်အောင်လှုံဆော်နေတဲ့သူတွေ များရှိသလား ။

ကျွန်မကတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမဆိုလုံလုံခြုံခြုံ ရှိတယ်ဆိုတာ မျိုးဖြစ်စေ ချင်တယ် ။ နိုင်ငံ တစ်နိုင် ငံ ရဲ့သိ က္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့လုံခြုံမှု့နဲ့ဆက်စပ်မှု့ရှိတယ် ။ စိတ်ချမ်း သာမှု့ဆို တာလုံခြုံ မှု့ကစရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာစရာမရှိဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့ ပြည် သူပြည် သားတွေအားလုံး လူမျိုးမရွေး ဘာသာမရွေး ၊ကျွန်မတို့ ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး ၊လူမျိုးမရွေးဘာသာမရွေးလုံခြုံမှု့ရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်။
ကျွန်မတို့ အတန်တန် ဥပဒေစိုးမိုးရေးဆိုတာကိုပြောနေတာဟာ ပထမဆုံးဖြစ်တဲ့ရာဇ၀တ်မှု့ကို ထိထိမိမိနဲ့ မှန်မှန်ကန်ကန်ကိုင်တွယ်လိုက်နိုင်မယ်ဆိုရင် မီးစကနေ မီးတောက်အထိမဖြစ်နိုင်ဘူး။ အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျွန်မတို့ ပြည်သူလူထုအားလုံးကလည်း ကိုယ့်အသိုင်း အ၀ိုင်းရဲ့ အေးချမ်းမှုကို၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုအတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့မလုပ်ပါနဲ့။ ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာ ကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အား ကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သား အားလုံး ချစ်ချစ်ခင်ခင်နဲ့ နေထိုင် တာကိုမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်မတို့အနေနဲ့ ကူညီနိုင်မယ်ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေပိုကြီးထွားသွားအောင်လို့ လုပ်မိတာမျိုးကိုတော့ ကျွန်မတို့ သတိထားပြီးရှောင်မယ်။”ဟု ပြန်လည်ဖြေကြားခဲ့သည်။

7Day News Journal
An eruption in religious tensions in Myanmar has exposed the deep divisions between the majority Buddhists and the country's Muslims, considered foreigners despite a decades-long presence.
 
The violence threatens to overshadow reconciliation efforts in the country formerly known as Burma, where there has been a series of dramatic political reforms since almost half a century of military rule ended last year.
 
The trigger for the latest surge in sectarian tensions was the rape and murder of a woman in western Rakhine state, which borders Bangladesh, for which three Muslim men have been detained, according to state media.
 
On Sunday a mob of hundreds of people attacked a bus, believing the perpetrators were on board, and beat 10 Muslims to death.
 
"These innocent people have been killed like animals," said Abu Tahay, of the National Democratic Party for Development, which represents the country's much-persecuted stateless Muslim Rohingya community.
 
"If the police cannot control the situation, maybe the (unrest) is going to spread," he said, adding that the biggest fear was for Rakhine state, where there is a large Muslim minority population including the Rohingya.
 
In Myanmar's main city Yangon, dozens of Muslims protested on Tuesday calling for justice.
Muslims entered Myanmar en masse for the first time as indentured labourers from the Indian subcontinent during British colonial rule, which ended in 1948.
But despite their long history, they have never fully been integrated into the country.
 
"For many people, a Burmese is a Buddhist by definition. Buddhism forms an essential part of their identity," said Jacques Leider, a historian at the French School of the Far East based in northern Thailand.
 
"The situation is explosive and from friction to the clashes is only a matter of lighting the fuse," he told AFP shortly before the latest violence.
 

Myanmar's Muslims -- of Indian, Chinese and Bangladeshi descent -- account for an estimated four percent of the roughly 60 million population, although the country has not conducted a census in three decades.
 
Pockets of sectarian unrest have occasionally broken out in the past across the country, with Rakhine state a flashpoint for tensions.
 
In February 2001, the then-ruling junta declared a curfew in the state capital Sittwe after clashes between Muslims and Buddhists.

The authorities this week warned against "anarchic acts" after the mob killings and an attack on a police station by an angry crowd in Sittwe.
 
But violence is only the most visible expression of a pervasive discrimination, according to Muslim groups.

Ko Aung Aung, of the exiled Burmese Muslim Association (BMA), said travel, justice and access to education and employment were all affected.

"The daily relationship with Buddhists is good as long as you know your limited ground and do not cross it," he said.

For the majority of people "any crime is a crime", but when a Muslim is suspected "it could be a good reason to riot against them," added Ko Aung Aung, who fled Myanmar in 2004 fearing for his safety because of his activism.

"Riots are always possible at any place and any time. So we must be very careful," he said.

Sittwe has a Muslim population of around 100,000 and dozens of mosques.

But a Muslim leader in the town, who asked not to be named, told AFP there was "no religious freedom", adding that authorities rarely granted permission for new mosques to be built, or repairs to be carried out.

Rights violations also affect other religious groups in Myanmar, including Buddhist monks who participated in a failed uprising in 2007 and who continue to be arrested and harassed, according to Amnesty International.

Myanmar's community of 750,000 Rohingyas, who are confined to the north of Rakhine and considered by the UN to be one of the most persecuted minorities in the world, are singled out for particular disdain.

In Sittwe even pronouncing the word Rohingya can ignite passions among people who view them at best as unwanted immigrants from Bangladesh and at worst "invaders".

"They are fighting to own the land, occupy the entire state," said Khaing Kaung San, a local activist in education and other areas. "They don't need weapons, just by their numbers they can cover the entire land."

It is a sentiment echoed by Shwe Maung, of the Rakhine Nationalities Development Party, which represents the ethnic Rakhine people.
 
Talking about hostility to Muslims in general, he said: "One day it will be a serious problem, they caused trouble in Thailand, Europe, USA. They try to make trouble in Rakhine State."


Despite decades of isolation, Muslims have also suffered from the images of violence associated with radical Islam, according to a foreign researcher, who asked not to be identified.

He said Myanmar's devout Buddhists had been particularly shocked by the destruction of the giant Buddhas of Bamiyan by Afghanistan's Taliban regime.

"There is a feeling, a fear among the country's Buddhists about being invaded," he added.
 
Rohingya Exodus