Latest Highlight


ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။




ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။


ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။




သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။

ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။


ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။





ထိုင်းမြန်မာ နယ်စပ်ကို ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံများကိုစုစည်းတင်ပြလိုက်ပါတယ်။






မယ်လစခန်းရှိ မြန်မာများ


လြုံခုံရေးတင်းကျပ်စွာဖြင့်




ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘော်ဒီကတ် မမ





မယ်လစခန်းရှိ လူမျိုးပေါင်းစုံ ကြိုဆိုမှု


သံစူးကြိုး ကြားမှ ကလေးငယ်


ဒုက္ခသည်စခန်းရှိ နေအိမ်များ






၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်တဲ့ ဇိုမီးပါတီရဲ့ ပါတီ ပြန်လည် ထူထောင်ခွင့်လျှောက်ထား တာကို ပယ်ချထားတဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် က ပြန်လည် ပြင်ဆင် လိုက်ပါတယ်။

ဇိုမီးဆိုတဲ့ တိုင်းရင်းသားဆိုတာ မရှိတာကြောင့် ဇိုမီးအမျိုးသား ကွန်ဂရက် ပါတီ (Zomi National Congress Party) ပြန်လည် မှတ်ပုံတင် ဖို့ လျှောက်ထား တာကို ပယ်ချထားရာကနေ ကော်မရှင် က ပြန်လည်ြ ပင်ဆင်လိုက်တာပါ။

ဒါပေမယ့် ၁၉၉၀ တုန်းက အနိုင်ရခဲ့တဲ့ နဂိုနာမည်ဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) အစား ဇိုမီး နာမည်ပါတဲ့ တခြား နာမည်တခုယူပြီး ၁ ပတ် အတွင်း ပြန်လျှောက်ဖို့ အကြောင်းကြားလာတယ် လို့ ပါတီခေါင်းဆောင်ဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

“ဇိုမီးကို မရှိဘူး၊ ဇိုမီးဆိုတဲ့ လူမျိုး မရှိဘူးဆိုတာ. ကျနော်တို့ အကိုးအကားတွေနဲ့ ပြတော့ ဒီလိုဆိုလို့ရှိရင် ကျနော်တို့ လျှောက်ပြီးသားကို ဟိုတုန်းက အဟောင်းကို လက်မခံတဲ့ သဘောပေါ့ဗျာ။ ဒါပေမယ့် ဇိုမီးပါတဲ့ ပါတီတခုခု ၇ ရက်အတွင်းမှာ ပြန်တင်ဖို့ ဇိုမီးနေရှင်နယ်ကွန်ဂရက်ဆိုတာ ကြီးကျယ်လွန်းလို့လား မသိဘူးလေ။ မနေ့က. နောက်ဆုံးရက် သူတို့ပေးထားတာ ၃၁ ရက် မေလ ဆိုတော့ အဲဒီမှာ ၁၂ နာရီကျော် ၁ နာရီ ၁၅ မိနစ်မှာ သူတို့ဖုန်းနဲ့ ဦးတင်အေး ကော်မရှင်ဥက္ကဋ္ဌ သူကိုယ်တိုင်အပါအဝင် အားလုံး စုံစုံလင်လင် ဆွေးနွေးပြီးတော့မှ အဲဒီလိုလုပ်တဲ့အခါမှာ ခင်ဗျားတို့ပြောတာ ခင်ဗျားတို့ တင်ပြတာတွေ လက်ခံသွားတယ်။ ချင်းဆိုတာ ဇိုမီး၊ ဇိုးမီးဆိုတာ ချင်း ဆိုတော့ ခင်ဗျားတို့ စကားမို့လို့ အဲဒါနဲ့ အပါအဝင် တခုခု ထပ်တင်ပါ ဆိုတာပါပဲ။ ကျနော်တို့လည်း အများနဲ့ဆိုင်တဲ့ဟာတွေတော့ လုပ်မှာပါ။”

ပါတီအနေနဲ့ အစည်းအဝေးလုပ်ပြီးရင် အများသဘောတူတဲ့ အမည်နဲ့ မှတ်ပုံတင်ဖို့ လုပ်မယ်လို့ ပူကျင့်ရှင်းထန်က ပြောပါတယ်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) ဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တခြား တိုင်းရင်းသားပါတီတွေလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ ဖျက်သိမ်းခံထားရာ ကနေ အခုတော့ တရားဝင် ပါတီအဖြစ် ရပ်တည်ဖို့ ပြန်လည် ကြိုးပမ်းလာတဲ့ နောက်ဆုံး ပါတီဖြစ်ပါ တယ်။
DVB
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု ထိန်းချုပ်ထားတာတွေကို သီတင်းပတ် အနည်းငယ်အတွင်း ရပ်စဲပေးတော့မယ်လို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအခု ဇွန်လ ကုန်  ကစပြီး ပြည်တွင်းထုတ် မဂ္ဂဇင်းနဲ့ ဂျာနယ်တွေကို စောင့်ကြည့်တာတွေ ဆက်လက် လုပ်ဆောင်တော့မှာ မဟုတ်ကြောင်း ၊ ဆင်ဆာ ဖြတ်တောက်တာတွေလည်း ရှိတော့မှာ မဟုတ်ကြောင်း ဦးတင့်ဆွေက ရန်ကုန်မြို့နေအိမ်မှာ လာရောက်တွေ့ဆုံတဲ့ အေအက်ဖ်ပီ သတင်းထောက်ကို ပြောခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရနဲ့  လွှတ်တော်တို့က ဒီမိုကရေစီအရေး လုပ်ငန်းစဉ်တွေ ချမှတ်နေတဲ့အချိန်မှာ စာပေစိစစ်ရေးလို အဖွဲ့မျိုးရဲ့ အလုပ်ဟာ မရှိသင့်တော့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေ က ပြောကြားသွားပါတယ်။

RFA-Burmese





(ဓာတ်ပုံ- eleven media)

Popular New Journal, 1June 2012 — “မြန်မာပြည်သည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံနှင့် သဟဇာတဖြစ်သည့် နိုင်ငံသာ ဖြစ်သင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား”

ဆယ်စုနှစ် နှစ်ခုကျော်နေအိမ်တွင် အကျယ်ချုပ်ခံရပြီးနောက်
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများကို
ဝေဖန်ပြောကြားလိုက်သည်။


တရုတ်နှင့် အမေရိကန် တို့သည် မြန်မာပြည်ကို
စစ်တလင်းအနေနှင့် သဘောထားပြီး မဟာဗျူဟာ အပြိုင်အဆိုင် သြဇာလွှမ်းမိုးရန်
ကြိုးစားနေကြပုံကို လည်းသူကသတိပေးခဲ့သည်။ တက်ရောက်လာသော
ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏
ပိုမိုကောင်းမွန်သောအနေအထားအတွက် လေးလေးနက်နက် စဉ်းစားပေးကြရန်အတွက်လည်း
တိုက်တွန်းလိုက်သည်။

အာဏာရှင် အုပ်ချုပ်ရေးနှစ်(၅၀)အဆုံးတွင်
နိုင်ငံ၏အနာဂတ်ကို သတိထားသင့်ကြောင်းလည်း သူကပြောကြားခဲ့သည်။
နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုအချို့ ပြေလျော့သွားပြီးနောက်
နိုင်ငံခြားကုမ္ပဏီများသည် သဘာဝ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအား
အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော်
ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှပ်နှံမှု မြောက်များစွာ ရောက်လာခြင်းကို
သူစိုးရိမ်ကြောင်း မြန်မာနိုင်ငံတွင် ခြေကုပ်ရရန် နိုင်ငံတကာ
ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာပြီး နိုင်ငံ၏ လူ့မလိုင်တစ်စု
ကောင်းကျိုးအတွက်သာ ဖြစ်သွားနိုင်ကြောင်းပြောကြားခဲ့သည်။
“ရင်းနှီးမြှပ်နှံမှုတွေကြောင့် အဂတိလိုက်စားမှုတွေ ပိုဖြစ်လာတာကို
ကျွန်မတို့ မလိုချင်ဘူး။ ရင်းနှီးမြှပ်နှံမှုကြောင့် လူတန်းစား
မညီမျှမှုကို ပိုမဖြစ်လာစေချင်ဘူး။ ရင်းနှီးမြှပ်နှံမှုတွေကြောင့်
အခွင့်ထူးခံလူတန်းစားတွေပိုများလာတာမလိုချင်ဘူး” ဟုသူကပြောကြားခဲ့သည်။
သဘာဝသယံဇာတ ကြွယ်ဝသော်လည်း ဆင်းရဲသည့် မြန်မာနိုင်ငံသည် သမိုင်းစဉ်အရ
တရုတ်အစိုးရနှင့် ရင်းနှီးခဲ့သည်။ သို့သော် အမေရိကန်အစိုးရက စီးပွားရေး
ပိတ်ဆို့မှုများကို လျှော့ချကာ မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးအောင်
ပေါင်းသင်းလာသည်။

“ကျွန်မအနေနှင့် မြန်မာနိုင်ငံကို အမေရိကန်နှင့် တရုတ်ရဲ့
စစ်မြေပြင်အနေနှင့် မမြင်ရဖို့ အမြဲသတိထားနေမိတယ်။”
ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို သူကပြောကြားခဲ့သည်။

“ဒီလိုမဖြစ်သင့်ဘူး။ ဒီနိုင်ငံကြီး ၂ နိုင်ငံနှင့် သဟဇာတ ဖြစ်တဲ့
နိုင်ငံပဲ ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့သည်။
“လျှပ်စစ်ပြတ်တောက်မှုတွေ ခံစားနေရတဲ့ မြန်မာပြည်ကနေ မကြာခင်က ကျွန်မ
ထွက်ခွာလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ဘန်ကောက်မှာ
မြင်ရတဲ့မြင်ကွင်းမျိုး ရန်ကုန်မှာ အခု မြင်ရတာနဲ့ မခြားပါဘူး”

စနေနေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းသို့သွား၍
မြန်မာစစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံကာ တနင်္ဂနွေနေ့တွင်
မြန်မာနိုင်ငံသို့ ပြန်မည်ဖြစ်သည်။ ထို့နောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့တွင်
နိုင်ငံတကာ အလုပ်သမား သမဂ္ဂ ညီလာခံတွင်မိန့်ခွန်းပြောကြားခြင်း၊ နော်ဝေးနိုင်ငံ အော်စလို
မြို့တွင် မိန့်ခွန်းပြောကြားခြင်းများပြုလုပ်၍ နိုဗယ်ဆုကို လက်ခံရယူမည်
ဖြစ်သည်။ ထို့နောက် ဗြိတိန်သို့ သွား၍ မိသားစုနှင့် တွေ့ဆုံပြီး
လန်ဒန်ပါလီမန်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

Ref : AFP



Photo - AFP
" စီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား၊ တိုင်းပြည်တွင်း တရား ဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်း"

မြန်မာအစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် တရား ဥပဒေစိုးမိုးခိုင်မာမှု အတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင် သွားရန် လိုအပ်ကြောင်း ဇွန်လ ၁ ရက်က ဘန်ကောက်မြို့တွင်ပြုလုပ်သည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် တရားဥပဒေစိုးမှု အပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် လုံခြုံစိတ်ချ ရသောအာမခံချက် လိုအပ်ကြောင်း အလေးအနက်ထားပြောကြားခဲ့သည်။“ မြန်မာနိုင်ငံမှာ  ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ” မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၄င်းအပြင် မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေး ရန် တောင်း ဆိုခဲ့သည်။   မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း ၄င်းကဆိုသည်။ “ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။ အဆိုပါ ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည် များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အရှေ့ အာရှစီးပွားရေးဖိုရမ်တွင် ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
By: Popular Myanmar News Journal


Forced labour continues to be widely and systematically practiced in northern Arakan State in Burma and little has changed for the Rohingya population, said a report by the Arakan Project titled “Forced Labour Still Prevails: Overview of forced labour practices in North Arakan” released on Friday.

MizzimaDespite the democratic reform agenda pursued by the central government and a Memorandum of Understanding with the International Labour Organization signed in March calling for the elimination of forced labour by 2015, there has been little progress in northern Rakhine State, the report said.

A decrease in forced labour has been observed in certain areas where Garrison Engineers took control of some infrastructure projects and employs paid labour, but villagers in other areas continue to receive regular orders to work on road construction by the NaSaKa (border security forces). The work also involves serving as sentries and porters without remuneration and with penalties if they do not comply, the report said.

“We have never received any wages, not even a cup of tea, from the Army or the NaSaKa for all the work we do for them year after year. Instead, we are insulted and harassed if we do not work properly,” said a 21-year-old Rohingya farm labourer from Buthidaung Township.

In Mid-May 2012, the NaSaKa requisitioned up to 250 villagers from four village tracts in South Maungdaw on a daily basis to excavate a diversion canal on the Myin Hlut River, said the report.

It said the presence of children among forced labourers, some as young as 9 or 10, is pervasive. Children are sometimes beaten on a worksite if they do not perform their work satisfactorily. The Arakan Project interviewed a 10-year old boy who was struck with a stick by a NaSaKa man who had caught him playing in the camp.

The report said the district administration has instructed village authorities not to supply forced labour to the Army, the NaSaKa or the police. But these directives have been ignored by the security agencies and the civilian administration is not in a position to challenge them, it said.

While an ILO Governing Body evaluation mission in early May reported that “there had been a substantial reduction in, or in some cases a cessation of forced labour, particularly in the last few months,” the Arakan Project’s investigations have shown a very different reality in that state.

“In Northern Rakhine State at least, Myanmar has yet to take concrete steps to effectively implement two key recommendations of the 1998 ILO Commission of Inquiry – eradicate the practice and prosecute perpetrators – and to translate formal commitments into action on the ground in all regions of the country. It would therefore be premature for the ILO to lift the measures adopted in 2000,” said Chris Lewa, director of The Arakan Project.

Source : Mizzima

The Arakan Project report can be accessed at: here
DOWNLOAD here






Aung San Suu Kyi urged Burma's government to carry out urgent judicial reform to cement recent political progress and foster clean investment in the country
Myanmar's pro-democracy leader Aung San Suu Kyi smiles during the World Economic Forum on East Asia in Bangkok
Myanmar's pro-democracy leader Aung San Suu Kyi smiles during the World Economic Forum on East Asia in Bangkok Photo: REUTERS/Chaiwat Subprasom
 
Addressing world business leaders in Bangkok in her first international engagement after more than two decades of isolation, Suu Kyi said Burma needed the "rule of law" more than legal safeguards for foreign investors.
"Investors in Burma, please be warned – even the best investment law would be of no use whatsoever if there is no court clean enough and independent enough to be able to administer these laws justly," she said.
"Good laws already exist in Burma but we do not have a clean and independent judicial system. Unless we have such a system it is no use having the best laws in the world."
Companies are hungrily eyeing resource-rich Burma since political reforms prompted some international sanctions to be eased.
But in her 15 minute address to the World Economic Forum on East Asia, Suu Kyi seized the chance to call for an ethical approach from the assembled foreign business chiefs and Asian political leaders.
Calling for a "healthy scepticism" towards Burma's creeping reform under the quasi-civilian government, she decried a lack of change to the country's broken legal system and asked delegates to think "deeply" about what is good for Burma.
"For a moment please don't think too much of the benefit investment will bring to investors.
"We don't want investment to mean further corruption. and greater inequality."
Instead she said it was integral to empower civic society and create jobs to defuse a "time bomb" of high youth unemployment.
Suu Kyi has stolen the show at the Bangkok forum, drawing crowds of well-wishers and photographers, during her first trip abroad in 24 years.
Having spent 15 of the past 22 years under house arrest, she has taken an increasingly global role as Burma sheds its pariah status, meeting top world dignitaries in Rangoon and encouraging easing of Western economic sanctions.
Analysts say that foreign travel will give Suu Kyi greater access to a global community eager to see her in person and allow her to meet ordinary people as well as world leaders.
Reflecting on her trip after decades inside Burma, the pro-democracy leader said as she flew into Bangkok she was struck by the city's illuminated nightscape.
"I had just left a Burma that was suffering electricity cuts ... I thought thirty years ago the scene that met my eyes landing in Bangkok, would not have been very different from landing in Rangoon."
After Friday's speech she will attend a forum session on Asian women.
Since arriving in neighbouring Thailand on Tuesday, the pro-democracy icon has followed a hectic schedule, shuttling between forum meetings and trips to visit Burma migrants.
Europe is next on the horizon, where Suu Kyi will address an International Labour Organisation conference in Geneva and give a speech in Oslo to finally accept the Nobel Prize she was awarded in 1991.
She also intends to travel to Britain, where she lived for years with her family, and will address parliament in London.

Sources:
 

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေးဖိုရမ် နောက်ဆုံးနေ့ မှာ ဒေါ်အောင်ဆန်း စုကြည် ဟာ တယောက်ချင်းမေးမြန်းချက် ကို ဖြေ ကြားတဲ့ အစီအစဉ်နဲ့ အာရှအမျိုးသမီးတွေရဲ့ အနာ ဂတ်ဆွေးနွေး ၀ိုင်း အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မြန်မာ့ အရေး ကမ္ဘာ့အရေး ဆိုင်ရာ သတင်းစာ ရှင်းလင်း ပွဲတွေကို ကျင်းပခဲ့ပါတယ်။ အဲဒီ့ ဖိုရမ်မှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။


KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံစဉ်။
အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ သဘောတူညီချက် ရဖို့အတွက် ဒီတွေ့ဆုံပွဲမှာ ကြိုတင် ညှိနှိုင်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ KIO အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၁) ရက်နေ့ကလည်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။
RFA
ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေခင်းက ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong နဲ့ ထိုင်းအစိုးရ အိမ်တော်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Chalerm Yoobamroong တို့ ထိုင်းအစိုးရ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
အဲဒီလို တွေ့ဆုံရာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးနဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင် စာရွက်စာတမ်း ရှိမယ်ဆိုရင် ထိုင်း အလုပ်သမားတွေနဲ့ တန်းတူ တနေ့ကို ဘတ်ငွေ ၃၀၀ ရရှိမှာ ဖြစ်ပြီး ထိုင်းအလုပ်သမားတွေ အတွက် ဆောင်ရွက်ပေးနေတဲ့ ဘတ် ၃၀ ကျန်းမာရေး အစီအစဉ်ကိုပါ ရရှိမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်း ဝန်ကြီးချုပ်က ပြောရာမှာ-ထိုင်းနိုင်ငံ အနေနဲ့ ဒုက္ခသည်တွေကို နေရပ် အတင်းအကြပ် ပြန်ပို့တဲ့ မူဝါဒ မရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံအတွင်း အန္တရာယ် မရှိတော့ဘူးဆိုရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ညပိုင်း ကမ္ဘာ့စီးပွားရေး ညီလာခံက တည်ခင်းမယ့် ညစာစားပွဲမှာ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ် နဲ့ တွေ့ဆုံဖို့ ရှိပြီး မနက်ဖြန်မှာ ထိုင်း-မြန်မာ နယ်စပ်က မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းကလည်း မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးတဲ့ ရုံးကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အလုပ်သမား ၂၀၀၀ ကျော်ကို စကားပြောဆိုခဲ့ပါသေးတယ်။

ဒီအကြောင်းသတင်းသွားယူတဲ့ RFA သတင်းထောက် ကိုအောင်မြတ်စိုးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။



ကျောင်းသား သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ရန်ကုန်မြို့ လှိုင်နယ်မြေရှိ ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ဒီကနေ့ ၂၀၁၂ ခုနှစ် ဇွန်လ ၁ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ကျင်းပဖွဲ့စည်းခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မဆုစန္ဒီဦးမှ ဆောင်ရွက်ပြီး ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိသည့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ အပါအဝင် ကျောင်းသား ၁၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။









ရက်စွဲ – မေ ၂၉ ၊ ၂၀၁၂



သို့ 

အယ်ဒီတာ၊

နိရဉ္စရာ သတင်းဌာန



နိရဉ္စရာ သတင်းဌာနမှ မေလ ၂၉ ရက်နေ့  ထုတ်ပြန်သည့်
ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ
ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုညတွင်းချင်း ဖမ်းမိ

ခေါင်းစဉ်ပါ သတင်း နှစ်ပုဒ်သည် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ သည့်အတွက် Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ဖြစ်၍ မိမိတို့  အထူးကန့် ကွက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေးဘာသာရေးကိစ္စအသွင်ဖြင့် ရေးသားဖော်ပြထားသည့်အတွက် မီဒီယာကျင့်ဝတ် ချိုးဖောက်ခြင်းဖြစ်သည်။

ရာဇ၀တ်မှုကျူးလွန်သူများသည် လူမျိုးတိုင်းဘာသာတိုင်းတွင်ရှိသည်။ နစ်နာသူများသည်လည်း လူမျိုးတိုင်း ဘာသာတိုင်းတွင်ရှိသည်။ လူမျိုးဘာ သာခြားကို ကျူးလွန်သကဲ့သို့  လူမျိုးတူဘာသာတူချင်း ကျူးလွန်ခြင်းလည်းရှိသည်။

ဗမာစစ်တပ်က တိုင်းရင်းသား အမျိုးသမီးများအား မတရားပြုကျင့်သောအခါ ဗမာဗုဒ္ဓဘာသာက ကျူးလွန်သည်ဟု ဘယ်တုန်းကမှ မသုံးနှုန်းခဲ့ကြပါ။ ထိုနည်းတူ ၂၀၁၀ ဇန်န၀ါရီလတွင် မုဒိန်းပြုကျင့်ခံရသည့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးအမှုကို သတင်းပို့ ရာတွင် ကျူးလွန်သူ၏ လူမျိုးနှင့် ဘာသာကို မဖော်ပြခဲ့ဘဲ နစက ၀န်ထမ်းဟုသာ ဖော်ပြကြသည်။

ရာဇ၀တ်မှုသည် ကျူးလွန်သူများနှင့်သာဆိုင်ပြီး ရာဇ၀တ်ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူရမည် ဖြစ်သည်။ သို့ ရှိရာ လူမျိုး၊ ဘာသာနှင့် ပူးတွဲဖော်ပြခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ လူမျိုးရေး ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြသနာများပေါ်ပေါက်စေရန် တွန်းအားပေးရာရောက်သည်။

ရာဇ၀တ်မှုသတင်းအား လူမျိုးရေး ဘာသာရေး သတင်း အသွင်ရောက်စေသည့် အထက်ပါ သတင်းနှစ် ပုဒ်အား ပြန်လည်ပြင်ဆင်ပေးပါရန်နှင့်၊ နောက် နောင်တွင်လည်း ရာဇ၀တ်မှု ကျူးလွန်သူများအား လူမျိုးရေး၊ ဘာသာရေးတို့ ဖြင့် ယှဉ်တွဲခြင်းမပြုရန် လေးစားစွာ တိုက်တွန်းအကြောင်း ကြားအပ်သည်။



MMSY Media (news.mmsy.info)

မြန်မာမွတ်စလင်မ်သတင်း (myanmarmuslim.net)

ဆက်သွယ်ရန် - news@mmsy.org



မိတ္တူ




အယ်ဒီတာနှင့် တာဝန်ရှိသူများ

- ဘီဘီစီ (မြန်မာပိုင်း) - မဇ္ဈိမ

- ဘီအိုအေ (မြန်မာပိုင်း) - မြန်မာတိုင်မ်း

- အာအက်အေ (မြန်မာပိုင်း) - Eleven Media

- ဒီဗွီဘီ - The Voice

- ဧရာဝတီ – 7 Days News

Source here


မြတ်ဦး



အမျိုးသမီးများကိုစော်ကားမှုအား လူမျိုးဘာသာအခြေခံဖြင့်လုံ့ ဆော်တင်ပြခြင်းသည် တရားဥပဒေစိုးမိုးရေးလား၊ စနစ်ဆိုးသက်ဆိုးရှည်ရေးလား။

မြန်မာအစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း ဘာသာရေး ပြသနာများဖန်တီးကာ နိုင်ငံရေး အာရုဏ်လွဲပေးလျက်ရှိ သည်။ ပြည်သူများက အစိုးရကို ဆန့် ကျင်လာပြီဆိုလျှင် မငြိမ်မသက်ဖြစ်လာပြီဆိုလျှင် ဘာသာရေးပြသနာ မီးထွန်းရှာကာ အာရုဏ်လွဲပေးလျက်ရှိ ရာ ယခုအချိန်တွင် မြန်မာအစိုးရသည် ပြည်သူများ လျှပ်စစ်မီးရရှိရေးဆန္̕ဓပြမှုများ အပြင် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်နေမှုများအပေါ် အခဲ မကျေမှုများနှင့် ပတ်သက်ပြီး အကျပ်တွေ့ နေဟန်ရှိသည်။ သို့ ရှိရာ လူမျိုးရေး ဘာသာရေး ပြသနာများ အစပေးလာမည်ကို အထူးသတိထားရန်လို သည်။

အစိုးရ လုပ်ထုံးလုပ်နည်းတခုမှာ မြန်မာအမျိုးသမီးများအား ကုလားများ စော်ကားသွားသည်ဆိုသည့် သတင်းဖြန့် ကာ အစပျိုးပေးတတ်သဖြင့် ယခု သမယတွင် ဤကဲ့သို့  အဖြစ်များကို အထူးဂရုပြုရမည်။ ဂရုပြုရမည့် နည်းလမ်းတွင် ရာဇ၀တ်မှုပေါ်လာပါက ရာဇ၀တ်မှုကို ရာဇ၀တ်မှုကဲ့သို့ သာ သတင်း များတွင်ဖော်ပြဆွေးနွေးရမည်။ လူမျိုးရေး ဘာသာရေးများ ဆွဲချိတ်၍ ပြည်သူများအား လှုံ့ဆော်၍ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်လာပါက အစိုးရ ထောင်ချောင်မိသည့်အပြင် တိုင်းပြည်ငြိမ်းချမ်းရေးလမ်းကြောင်းမှ ဆွဲချသူများလည်းဖြစ်ပေမည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏ ၂၀၀၇ ခုနှစ် ဆောင်းပါးဖြင့် ပြန်လည် ဆွေးနွေးတင်ပြလိုသည်။


Photo: thejuriexpert.com

အမျိုးသမီးများအား မတရားပြုကျင့်မှုသည် လူမျိုးတူ ဘာသာတူများအချင်းချင်းအတွင်း၌ဖြစ်တတ်သကဲ့သို့ လူမျိုးမတူ၊ ဘာသာမတူသူများမှပြုကျင့် သည်လည်းဖြစ်တတ်သည်။ ဘာသာလူမျိုးတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အမျိုးသမီးတဦးဦး သို့ မဟုတ် တစ်စုကိုမတရားပြုကျင့်သည်ဆိုလျှင် ထိုပြု ကျင့်မှုမှာ ရာဇဝတ်မှုဖြစ်၍ ရာဇဝတ်ဥပဒေများအရ အရေးယူရမည်။ ထိုပြစ်မှုများကို ကိုယ်ကျင့်တရား အလွန်ယုတ်ညံ့သူများကသာ ကျူးလွန်တတ်ကြ သည်။

ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူရန်မှာ အစိုးရ၏တာဝန်ဖြစ်သည်။ အစိုးရက အရေးမယူဘဲ လျစ်လျူရှုနေလျှင် အစိုးရအားတိုက်တွန်းနိုးဆော်ရပေ မည်။ သို့ ရာတွင် မြန်မာသတင်းများတွင် ရာဇ၀တ်မှုများကို ဘာသာလူမျိုးများဖြင့် ဖော်ပြလေ့ရှိသည်ကို သတိပြုမိသည်။

ဒီလူမျိုး ဒီဘာသာဝင်တွေက ဒီလိုမတရားပြုကျင့်နေပါသည်လို့  ဖော်ပြခြင်းသည် လျော်ကန်မှုမရှိပေ။ တလွှဲဆံပင်ကောင်းရာကျသည်။ အမျိုးသမီးများ အား မတရားပြုကျင့်ခြင်းသည် ကျူးလွန်သူလူတစ်ဦးတစ်ယောက်နှင့်သာဆိုင်သည့် ကိစ္စဖြစ်သည်။ လူတစ်မျိုးလုံးနှင့်မဆိုင်၊ သူကိုးကွယ်သည့်ဘာသာ နှင့်လည်း မသက်ဆိုင်ပေ။ သူ့ ပြစ်မှုကြောင့် လူမျိုးရေး ဘာသာရေး ပြသနာများလည်း မဖြစ်သင့်ပါ။ ကျူးလွန်သူကိုသာ တရားဥပဒေအရ ထိထိရောက်ရောက်အရေးယူရမည်။

မြန်မာနိုင်ငံအတွင်းတွင် ရာဇဝတ်မှုကျူးလွန်သူများကို အရေးယူလေ့ရှိသည်မှာငြင်းကွယ်၍မရပါ။ မြန်မာပြည်တွင် ဗမာလူမျိုးသည် လူများစုဖြစ်သည်။ အ စိုးရဝန်ထမ်းများမှာလည်း ဗမာအများစုဖြစ်သည်။ သို့သော် အမျိုးသမီးများကို မတော်မတရားကျူးလွန်သူသည် ဗမာဖြစ်နေပါက ဗမာလူမျိုးဖြစ်သည်ဆို ကာ လူမျိုးပေါ်အခြေခံ၍ အရေးမယူပါ။ လူမျိုးအခြေခံရအလည်း လျစ်လျူမရှုပါ။ ထို့ကြောင့် လူမျိုးအမည် ဘာသာအမည်ကိုင်ပြောခြင်းသည် ရာဇဝတ်မှု အား လူမျိုးရေး ဘာသာရေး ပဋိပက္ခဆီသို့ ဦး တည့်ပေးရာရောက်ပါသည်။ တကမ္ဘာလုံးက ဝိုင်းတိုက်နေသည့် Racism ကျူးလွန်ခြင်းဖြစ်သည်။

Racism သည် မြန်မာတစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တရားမျှတ ရေးတို့ကို အဟန့်အတားဖြစ်စေသည်။ Anthropology (မနုသဗေဒ) (သို့ ) Political Psychology (နိုင်ငံရေး စိတ်ပညာ) ရှုထောင့်မှကြည့်လျှင် လူမျိုးတစ်မျိုး (သို့မဟုတ်) ဘာသာတစ်ခု အား မုန်းတီးသည့်စိတ်ဖန်တီးခြင်းသည် ထိုလူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းကိုသာ မုန်းတီးစေသည်သာမက၊ အခြားလူမျိုးများနှင့် ဘာသာများအ ကြားတွင်ပါ မုန်းတီးစိတ်ကိုဖန်တီးတတ် သည့်သဘာဝရှိသည်။ အဘယ်အကြောင့်ဆိုသော် ဖန်တီးပေးလိုက်သောစိတ်သည် “လူမျိုးမုန်းတီးစိတ်” ဖြစ် သည့်အတွက် မည်သည့်လူမျိုးအပေါ်တွင်မဆို ထိုစိတ်ကျရောက် တတ်သည်။ ထိုစိတ်သည် မိမိနှင့် မတူသည့်အုပ်စုတိုင်း (differences) အား စိမ်းကားသည့်စိတ်၊ မရင်းနှီးသည့်စိတ်၊ ရွံမုန်းသည့်စိတ်၊ မယုံကြည် ချင်သည့်စိတ်၊ မုန်းတီးစိတ် ၊ နှင့် မပူးပေါင်းဖယ် ခွာလိုသည့်စိတ် များကိုဖန်တီးပေး သည်။


Photo: Glocal Prov

လူ့အဖွဲ့အစည်းထဲတွင် ထိုမုန်းတီးစိတ်များ ကိန်းအောင်းလာသည့်အခါ တိုင်းရင်းသားများ၊ ပြည်သူများကြားတွင် ညီညွတ်မှု နှင့် ရင်းနှီးနားလည်မှု၊ သည်းခံတတ်မှုတို့ ကို ဖျက်ဆီးစေတတ်ပါသည်။

ဘာသာရေးမုန်းတီးမှုကိုဖန်တီးခြင်းသည် ဖိနှိပ်သူများအာဏာတည်မြဲရေး အတွက် အရေးပါသည့်  မဟာဗျူဟာအား အထောက် အကူပြုရာရောက်စေ သည်။ မြန်မာစစ်အစိုးရ ဆက်ဆက်တွင် ဘာသာရေးမုန်းတီးမှုဖန်တီး၍ အမြင်ကျဉ်း အစွန်းရောက်သူများ၏စိတ်တွင်း၌ မွတ်စလင်၊ ခရစ်ယာန်နှင့် တရုတ်မုန်းတီးရေးစိတ်ကို Reserve အဖြစ် သိုမှီးထားသည်။ နိုင်ငံရေး အကျပ်အတည်းကြုံလာတိုင်း (သို့မဟုတ်) အစိုးရ၏ အာဏာကို ထိပါး မည့် နိုင်ငံရေးမငြိမ်သက်မှုပေါ်လာတိုင်း ထိုသိုမှီးထားပေးသော ဘာသာရေးမုန်းတီး စိတ်ကိုထုတ်သုံးကာ ပြည်သူများ၏ နိုင်ငံရေးအာရုံကို ဘာသာရေး ပဋိပက္ခဖက်သို့ အာရုံလွဲပြောင်းပေးလိုက်ခြင်းဖြင့် ပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှု အားကျဆင်း သွားစေခဲ့သည်။ ဥပမာများ အမြောက်အများ ရှိပြီးဖြစ် သည်။ ၁၉၈ရ ငွေသိမ်းနောက်ပိုင်း ကုလား-ဗမာ အဓိကရုဏ်းများ၊ ဒီပဲယင်းအပြီး ဘာသာရေးအဓိကရုန်း ဖန်တီးပေးခဲ့ခြင်းများမှာ သာဓကများဖြစ်သည်။ ယခုအခါ လျှပ်စစ်မီးဆန္ခပြနေမှုများနှင့် ပတ်သက်၍ အစိုးရအကျပ်ရိုက်နေပုံထောက်၍ သတိထားသင့်သည်။

နိဂုံးချုပ်ရလျှင် မိမိတို့၏တိုက်တွန်းနိုးဆော်ချက်၊ အသိပေးကြေညာချက်များသည် တိုင်းပြည် ငြိမ်းချမ်းတော့မည့်ဆဲဆဲတွင် လှည့်ဖျားခံလိုက်ရပြီး အစိုးရအလိုကျ နိုင်ငံရေးအာရုံလွဲပေးသည့်အဖြစ်မှ အထူးသတိပြု ရှောင်ရှားရမည်။ ရာဇ၀တ်မှုများ ကြုံလာပါက ရာဇ၀တ်မှုမဖြစ်သာ တင်ပြပြောဆိုပြီး လူမျိုးဘာသာများချိတ်ဆွဲတင်ပြပြောဆိုခြင်းဖြင့် လူမျိုးဘာသာပြသနာမသွင်သို့ မရောက်စေရန် အထူးဂရုပြုရမည်။

မှတ်ချက်။ ဤဆောင်းပါးပါအချက်နှင့် အမြင်များသည် စာရေးသူ၏ အမြင်များသာဖြစ်သည်။

credit: MMSY

မြန်မာဟာ အာဆီယံအတွက် အရေးပါတဲ့အဖွဲ့ဝင်နိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတာကိုလဲ အာရှသာမက ကမ္ဘာ့နိုင်ငံတွေကပါ ကြိုဆိုပါကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်စူဝန်က ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် မေ၃၁ မြင်ကွင်းတွေကို ဦးပီတာအောင်က တိုက်ရိုက်သတင်းပေးပို့ ထားပါတယ်။ (ရိုက်ကူး ကိုသက်)
ဒီဗွီဘီ









နယူးဒေလီ (မဇ္ဈိမ) ။ ။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ IA က ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထား သည့် ဆုကို ကမ္ဘာကျော် ရော့ခ် အဆိုတော် ဘိုနို Bono က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တွင် အပ်နှင်းပေး မည် ဖြစ် သည်။

IA ၏ အမြင့်ဆုံးဂုဏ်ပြုမှုတရပ်ဖြစ်သည့် Ambassador of Conscience ဆုကို ၂၀၀၉ ခုနှစ်ကတည်းကဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားခြင်း ဖြစ်ပြီး ဇွန် ၁၈ ရက်နေ့တွင် ဒပ်ဗလင်မြို့သို့ ဆိုက်ရောက်လာသည့်အခါ ကိုယ်တိုင် လက်ခံရယူမည် ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျက်သရေနဲ့ သတ္တိဟာဖြင့် အခြေမခိုင်တဲ့ ကမ္ဘာကြီးကို ဒီမိုကရေစီဆီ တိမ်းညွှတ်သွားစေနိုင်ပါတယ်” ဟု U2 အဖွဲ့၏ ခေါင်းဆောင် ဘိုနို က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကမ္ဘာ့နိုဘယ်ငြိမ်း ချမ်းရေးဆုကို လက်ခံရယူပြီးနောက် ဒပ်ဗလင်သို့ သွားရောက်ကာ IA ဆုကို လက်ခံရယူမည် ဖြစ်သည်။

မဇ္ဈိမသတင်းဌာန




ဒီနေ့ဟာ ဒီပဲယင်း လုပ်ကြံမှုကြီး ( ၉)နှစ်ပြည့်တဲ့ မေ ၃၀ နေ့လည်းဖြစ်တဲ့အတွက် မုံရွာက လူငယ်တွေ စုပေါင်းပြီး ဆွမ်းကပ်၊ ဇီဝိတ ဒါန အဖြစ် သွေးလှူ စတာတွေ လုပ်ကြတယ်လို့ သိရပါတယ်။




ဒီလို ကောင်းမှုကုသိုလ်တွေလုပ်ခဲ့ပြီး လူမသိ သူမသိ ကျဆုံးသွားကြတဲ့ ရဲဘော်များအတွက် အမျှ --- အမျှ --- အမျှ ပေးဝေခဲ့ကြကြောင်း



ဓာတ်ပုံများ - Monywa Maung's facebook




undefined
Ad Hoc Commission on Depayin Massacre (Burma)
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: Ad Hoc Commission on Depayin Massacre- Burma)

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။


ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သြစတေးလျ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းရင်း အဲဒီလို ပြောသွားတာပါ။

မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အထူးအရေးကြီးတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ၂၀၃ ခုကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီလို့ ပြောပါတယ်။

အဲဒီ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေက ရေကာတာတွေနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ အေဘီစီ သတင်းဌာနက ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးသွားရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ကုန်သွယ်ရေး အချက်အခြာနိုင်ငံ ဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနဲ့ ဥရောပတိုက်က နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သက်သာလာမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး တိုးတက်လာမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
RFA
DUBLIN (AP) — Bono will present Myanmar opposition leader Aung San Suu Kyi with Amnesty International's highest honor when she visits Dublin next month as part of her first international tour in 24 years, the U2 singer and other organizers of an Irish tribute concert announced Wednesday.

Suu Kyi is scheduled to visit Dublin on June 18, a day after collecting her Nobel Peace Prize in Oslo, Norway. Suu Kyi was awarded the Nobel in 1991, and Amnesty's Ambassador of Conscience award in 2009. She was unable to claim either award in person until now because she was under house arrest for 15 of the past 24 years and, even when free, afraid to leave Myanmar in case the country's military junta barred her return.

Bono devoted a series of U2's 2009 concerts to Suu Kyi, demanding her release from house arrest, and unveiled the Amnesty award at one Dublin concert that year. He said the June 18 event would be the first time he's ever met the 66-year-old pro-democracy activist.

"It's so rare to see grace trump military might, and when it happens we should make the most joyful noise we can," Bono said in a prepared statement. "Aung San Suu Kyi's grace and courage have tilted a wobbly world further in the direction of democracy. We all feel we know her, but it will be such a thrill to meet her in person."

Suu Kyi was elected to Parliament in Myanmar, also known as Burma, last month; took her seat May 2; and launched an international tour Tuesday starting in neighboring Thailand. She's also scheduled to address both houses of the British Parliament during her European tour next month.

She is expected to visit Dublin solely to be guest of honor at the concert, called Electric Burma.

Bill Shipsey, an Amnesty official organizing the concert, said others taking part would be actress Vanessa Redgrave, the Riverdance troupe, and folk-rock singer Damien Rice.

Bob Geldof, like Bono an Irish rocker-turned-humanitarian, also will be involved in the concert. Geldof praised Suu Kyi as a "heroine of dignity, integrity, courage and steely moral vigor (who) lost her freedom and her family in order to gain a nation. Ireland is ennobled by her visit."
 


ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိနေသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ၀န်ကြီးချုပ်ဟောင်းလည်းဖြစ် အတိုက်အခံ ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာ အဘီဆစ် ဝေချာချိဝ တို့ ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ရှန်ဂရီလာ ဟော်တယ်တွင် ယနေ့ မေလ ၃၀ ရက်နေ့ ညနေပိုင်းက တွေ့ဆုံကြောင်း သတင်းရရှိပါတယ်။

ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ အသေးစိပ် မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းကလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစုရှိတဲ့ မဟာချိုင်ဒေ သ ကို သွား ရောက် ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် အားပေးစကား များပြောကြား ခဲ့ပါသေးတယ်။

ဒီအပြင် အလုပ်သမား များအရေးကိုလည်း ဥပဒေလမ်းကြောင်းတွေနဲ့ အညီ အားပေးကူညီလုပ်ဆောင် သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေ့လယ်ပိုင်းကလည်း တည်းခိုရာ ဟော်တယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါသေးတယ်။

သတင်းများအရ ဇွန်လ ၂ ရက်နေ့မှတော့ စီစဉ်ထားတဲ့ ခရီးစဉ်တခုဖြစ်တဲ့ မဲလ ဒုက္ခသည်စခန်းကို သွားပြီး မြန်မာဒုက္ခ သည်တွေနဲ့ တွေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်း မြန်မာအတိုက်အခံများ အများစု ရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လာရောက်မယ်လို့ ဆိုပါတယ်။

မဲဆောက်မှာတော့ မြန်မာပြည်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိတယ်ဆိုပေမယ့် KNU ကရင် အမျိုးသား အစည်းအရုံးအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ချက်ရှိပေမယ့် အခုထိ မသေချာ မရေရာဘူးပဲ ဖြစ်နေပြီး လာရောက်ဆက်သွယ် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

Sources:
နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ကျောင်းသား သမဂ္ဂ ပေါ်ထွန်းရေး ကြိုးပမ်းနေသူတွေလည်းဖြစ်တဲ့ ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့ နှစ်ဦးဟာ အရင် အကျဉ်းထောင်တွေက ပြန်လွတ် လာပြီးနောက် ပိုင်း အစေးသင်ကျောင်းတက်ခွင့်သာ ရခဲ့ကြရာ အခုတော့ နေ့ကျောင်းပြန်တက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် မော်ကွန်းထိန်းက သူတို့ထံ သမ္မတ၏ ခွင့်ပြုချက်နဲ့ ကျောင်းပြန်တက်ခွင့်ရှိ တာကို အကြောင်းကြားလာတာလို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုအပြီး ဖမ်းဆီးထောင်ချခံခဲ့ကြရပြီး လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ လွတ်ငြိမ်းချမ်းသာ အမိန့်နဲ့ ပြန်လွတ်လာခဲ့ကြတာပါ။
အကျဉ်းထောင်တွေက ပြန်လွတ်လာပြီးနောက်ပိုင်းမှာ ကျောင်းပြန်တက်ခွင့်ရရေး ကြိုးစားခဲ့ကြပေမယ့် အဝေးသင်တက္ကသိုလ်တက်ရောက်ခွင့်သာ ပေးခဲ့တာလို့ သိရပါတယ်။
ကိုဒီငြိမ်းလင်းက အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သလို ကိုရဲမြတ်ဟိန်းတော့ အနောက်ပိုင်း တက္ကသိုလ် သင်္ချာအထူးပြု ပထမနှစ်ကျောင်းသားဖြစ်ပါတယ်။

Sources:


မြန်မာ့ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကိုထိုင်းနိုင်ငံစမွတ်စခွန်ခရိုင်မဟာချိုင်​ဒေသက မြန်မာ အလုပ်သမား​တွေ ​ထောင်နဲ့​ချီပြီး​ ကြိုဆိုခဲ့​ကြပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကမ္ဘာ့​စီး​ပွား​ရေး​ဖိုရမ်တက်​ရောက်ဖို့​ မ​နေ့​ည ထိုင်း​စံ​တော် ၉ နာရီခွဲမှာ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ကို ​ရောက်ရှိပြီး​နောက် ဒီ​နေ့​မနက်ပိုင်း​ မဟာချိုင် သွား​ရောက်ပြီး​ မြန်မာအလုပ်သမား​တွေကို မိန့်​ခွန်း​ပြောကြား​ခဲ့​ပါတယ်။ ရုပ်/သံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းသားများ အနေဖြင့် အခမဲ့ ပညာရေး သင်ယူခွင့်ရမည်ဟု နိုင်ငံတော်အစိုးရက ကြေညာထားသော်လည်းရန်ကုန်မြို့တွင်းရှိ ကျောင်းတချို့တွင်   ငွေကြေးကို အလှူငွေအဖြစ် ပြောင်းလဲ ကောက်ခံမှုများ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ် ကျေးရွာတရွာမှမူလတန်းကျောင်းသားများ(ဓာတ်ပုံ-KIC)
ယခု ကျောင်းအပ်ရာသီ၌ ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှ ကျောင်းများတွင်မူလတန်း ကျောင်းသားတဦးလျှင် အနည်းဆုံးအလှူငွေ၁၀၀၀ကျပ်၊အလယ်တန်း ကျောင်းသားတဦးလျှင်၂၅၀၀ကျပ်နှင့်အထက်တန်းကျောင်းသား တဦးလျှင် ၃၀၀၀ ကျပ်ခန့် ပေးဆောင်နေရကြောင်း မိဘများကဆိုသည်။
“ကျမကလေးက မူလတန်းဆိုတော့ အခမဲ့ပညာရေးလို့ သိထားတာ။ တကျပ်မှ ပေးစရာမလို ဘူးလို့ ကြေညာ ထားပေမယ့်အလှူငွေဆိုပြီး တောင်းတယ်။ဗလာစာအုပ်၆အုပ်ပဲရတယ်။ ခါတိုင်းနှစ်တွေ ထက်စာ ရင်တော့ တော်ပါသေးတယ်။ ခဲတံနဲ့ဖတ်စာအုပ်ကိုတော့ အပြင်မှာ ၀ယ်ရတယ်” ဟု တောင် ဒဂုံမြို့နယ်ရှိ ကျောင်းသား မိဘတဦးကဧရာဝတီသို့ ပြောသည်။မူလတန်းများအားအတန်းတင်စာမေးပွဲ တနှစ်လုံးအတွက်ကျပ်၁၀၀၀သာ ကောက်ခံမည် ဖြစ်ကြောင်း၊သို့သော်အလယ်တန်းနှင့်အထက်တန်း ကျောင်း သားများအတွက်ယခုကောက်ခံသော ငွေသည်အသေမဟုတ်သေးကြောင်း၊လိုအပ်ပါကထပ်မံကောက်သွား မည်ဖြစ်ကြောင်း   ကျောင်းအပ်သည့် နေ့တွင် ဆရာ/ ဆရာမများက ပြောထားသည်ဟု ရန်ကုန် သင်္ဃန်းကျွန်း မြို့နယ်နေ မိဘများက ဆိုသည်။
“မူလတန်းကလေးတွေကို ထပ်မကောက်တော့ဘူးသာ ပြောတာ၊ ဒါပေမယ့် လလယ်လည်း ရောက်ရော ဘာတွေထပ်ပြီး ကောက်ဦးမှာလဲ ဆိုတာ စဉ်းစားရင်း လန့်နေတယ်” ဟု ကျောင်းသား မိဘတဦးက ပြောသည်။
နိုင်ငံတော် အစိုးရက မူလတန်းပညာရေးကို အခမဲ့သင်ယူနိုင်ရန် ကြေညာထားသကဲ့သို့ ချို့တဲ့ ပညာသင် စရိတ်အဖြစ် မူလတန်းကျောင်းသား တဦးလျှင် တလ ၅၀၀၀ ကျပ်၊ အလယ်တန်းတဦးလျှင် တလ ၆၀၀၀ ကျပ်နှင့် အထက်တန်း တဦးလျှင် တလ ၈၀၀၀ ကျပ် ပေးအပ်သွားမည်ဟုလည်း ပြောဆိုထားသည်။
အလယ်တန်း ပညာသင်ဆုများကိုလည်း မြို့နယ်တမြို့နယ်လျှင် တဦးနှုန်းဖြင့် အစိုးရက ထောက်ပံ့သွား မည်ဖြစ်ကြောင်း၊ အလယ်တန်း ပညာသင်ဆုကို မူလတန်း စာမေးပွဲအပြီးတွင် နောက်ထပ်စာမေးပွဲ တခု ထပ်မံ ဖြေဆိုစေကာ ထူးချွန် ကျောင်းသားတဦးလျှင် တလ ကျပ် ၁၀၀၀၀ ထောက်ပံ့သွားမည်ဟု ရန်ကုန် သင်္ဃန်းကျွန်းမြို့ နယ် ပညာရေးမှူးကပြောကြားကြောင်း မိဘများထံမှ သိရသည်။
“ချို့ တဲ့ပညာသင် စရိတ်ကတော့ လျှောက်တဲ့ဦးရေ နည်းမယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တော်တော်လေး အလုပ် ရှုပ်တယ်။ ချို့တဲ့တဲ့သူ တော်တော်များများက ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေကို အဓိက သွားကြတယ်။ အဲဒီမှာက ဘာမှ မရှုပ်ဘူးလေ’’ ဟု ရန်ကုန် လှိုင်သာယာမြို့နယ်အတွင်းနေ ကျောင်းသားမိဘ တဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ နာမည်ကျော် ဒဂုံ အထက ၁ ကျောင်းတွင်မူ ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းသား တဦးလျှင် အလှူငွေ သိန်းချီ၍ ကောက်ခံနေသေးကြောင်း ဒေသခံ မိဘများထံမှ စုံစမ်းသိရသည်။
သင်္ဃန်းကျွန်း မြို့နယ်ရှိ ကျောင်းသားမိဘ တဦးကလည်း “ပိုက်ဆံတော့ ပေါ်တင် မတောင်းတော့ဘူး။ ဒါပေမယ့် အခန်းကောင်းကောင်းမှာ နေချင်ရင် ပိုက်ဆံပိုပေးကြ ဆိုပြီး တောင်းတာ ရှိတယ်။ တချို့မိဘတွေကျတော့ ဆရာ၊ ဆရာမတွေက မတောင်းရသေးဘူး ကိုယ့်ကလေး နေရာကောင်းကောင်းရဖို့ ဆိုပြီး ကန်တော့တာတို့၊ အတင်းပေးတာတို့ လုပ်ကြတယ်” ဟု ပြောသည်။
ပညာရေး ဝန်ထမ်းများ၏ လစာငွေမှာ အသုံးစရိတ်နှင့် ကာမိခြင်း မရှိသောကြောင့် ယခုကဲ့ သို့သော ကျောင်းဖွင့်ရာသီတွင် ကျောင်းသား မိဘများထံမှ နည်းအမျိုးမျိုးဖြင့် ငွေကြေးတောင်းခံခြင်း၊ အိမ်တွင်အခကြေးငွေယူ၍အတန်းသားများအားကျူရှင် ပြရခြင်းတို  ပြုလုပ်နေရခြင်း ဖြစ်ကြောင်း ကျောင်းသား မိဘများက ဝေဖန်ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတော် အစိုးရသည် ယခင်နှစ်များက ပညာရေး အသုံးစရိတ်ကို အစိုးရ ဘက်ဂျက်၏ ၂ ရာခိုင်နှုန်းသာ အသုံးပြုခဲ့ သော်လည်း ယခုနှစ်တွင် ၄ ဒဿမ ၇၁၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမည်ဟု သိရသည်။

ဧရာဝတီ
 


(ဓာတ်ပုံ - AP)
မေ ၂၉ အင်္ဂါ - ဘန်ကောက်လေဆိပ်ကို ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါတယ်။ (အပေါ်ပုံ)

မေ ၃၀ ဗုဒ္ဓဟူး - ဒီမနက် မြန်မာပြည်အငယ်စား (little Burma) လို့ လူသိများတဲ့ ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသကို သွားပါတယ်။ ဒါကတော့ ထိုင်းနိုင်ငံ ခရီးရဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်။ ဒီနေရာဟာ မြန်မာပြည်သားတွေ ထောင်သောင်းချီ ရောက်ရှိပြီး အလုပ်လုပ်ကိုင်နေတဲ့ နေရာ ဖြစ်ပါတယ်။

နေ့ခင်းပိုင်း ဘန်ကောက်မြို့ Shangri-La ဟိုတယ်ကို ပြန်ပါမယ်။ ဟိုတယ်မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ/World Economic Forum ကို တက်ရောက်မှာပါ။

မေ ၃၁ ကြာသပတေး - ညီလာခံကျင်းပရာ ဟိုတယ်မှာ ရှိပါမယ်။

ဇွန် ၁ သောကြာ - ညီလာခံအစီအစဉ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ Klaus Schwab နဲ့ ပြောဆိုဆွေးနွေးမှု ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်က World Economic Forum ကို အစပြု စီစဉ်ခဲ့သူပါ။
Asian Women as the Way Forward ဆိုတဲ့ အစီအစဉ်မှာ ၀င်ရောက်ဆွေးနွေးပါမယ်။ (မနက် ၁၁ နာရီ )

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လာရောက်ခဲ့ဖူးတဲ့ ထိုင်းအတိုက်အခံခေါင်းဆောင် အဖိဆစ်ဝေ့ချာချီဝ နဲ့တွေ့ပါမယ်။ (အချိန် မသိရသေး)

ဇွန် ၂ စနေ - ကရင်ပြည်နယ် မြ၀တီမြို့နားမှာ တည်ရှိတဲ့ မယ်လ/ဘဲကလော် ဒုက္ခသည်စခန်းကို သွားမှာပါ။
မဲဆောက်မြို့ ဒေါက်တာစင်သီယာဆေးခန်းကိုလည်း အရောက်သွားဖို့ အစီအစဉ်ရှိပြီး နယ်စပ်က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ပါမယ်။

ဇွန် ၃ တနင်္ဂနွေ - ရန်ကုန်ကို ပြန်ပါမယ်။

ညွှန်း - The Nation - http://www.nationmultimedia.com/business/Full-four-days-for-Aung-San-Suu-Kyi-30183050.html
Rohingya Exodus