မြန်မာနိုင်ငံမှာ အီးယူ ဥရောပသမဂ္ဂဆိုင်ရာရုံးကို ဒီကနေ့ စနေနေ့မှာ တရားဝင် ဖွင့်လှစ်မယ်လို့ အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံး အကြီးအကဲ Catherine Ashton က မနေ့က မြန်မာပြည်ကို မထွက်ခွာခင်မှာ ပြောကြားလိုက်ပါတယ်။

အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံးအကြီးအကဲ Catherine Ashton ဖြစ်ပါသည်။
ဘရူးနိုင်း နိုင်ငံကနေ ထွက်ခွာလာတဲ့ Catherine Ashton ဟာ ဒီကနေ့ မြန်မာပြည်ကို လေယာဉ်နဲ့ ဆိုက်ရောက်မှာဖြစ်ပြီး သူကိုယ်တိုင် အီးယူ ရုံးခန်းကို ဖွင့်လှစ်မှာပါ။ အခုလို ရုံးခန်းဖွင့်လှစ်လိုက်တာဟာ ဥရောပသမဂ္ဂရဲ့ လုပ်ငန်းတွေကို အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့အတွက် ပထမခြေလှမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အီးယူရုံးအနေနဲ့ အရင်ဆုံး ဖွံဖြိုးရေးဆိုင်ရာမှာ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဘရူးနိုင်းနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ အီးယူနဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့အစည်းအဝေးမှာ Catherine Ashton က ပြောသွားပါတယ်။
အီးယူရဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲအဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လက်နက် ကူးသန်းရောင်းဝယ်ရေးကလွဲလို့ မြန်မာအပေါ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကိုတစ်နှစ်ဆိုင်းငံလိုက်ပါတယ်။
အီးယူရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ ဆိုရင် မြန်မာအနေနဲ့ ဒီထက်မက အပြောင်းအလဲတွေ ဖြစ်အောင် ကြိုးစားလုပ်ဆောင်ဖို့ လိုကြောင်း အီးယူ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရုံးအကြီးအကဲ Catherine Ashton က ပြောသွားပါတယ်။

RFA
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အစည်းအဝေး တက်ရောက်ရေးနဲ့ ပတ်သက်ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ခေါင်းဆောင်တွေကို တိုင်းရင်းသားနဲ့ ဒီမိုကရေစီ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လာမဲ့ တနင်္ဂနွေနေ့မှာ သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း အမြန်ဆုံး ပါဝင်လာရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့ အနေနဲ့ အခုလို သွားရောက်တွေ့ဆုံဖို့ စီစဉ် တာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်လာဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လွှတ်တော်တွင်း ဒီမိုကရေစီ အင်အားစုပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ၁၀ ခုလောက်က လွှတ်တော်အမတ်တွေ စုပေါင်း လက်မှတ်ရေးထိုးတဲ့စာကို ဧပြီလ ၂၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေကလည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ မနေ့က စာရေးသား တောင်းဆိုခဲ့ပါတယ်။
ပထမအကြိမ် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးဟာ ဧပြီ ၃၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး စတုတ္ထ ပုံမှန်အစည်းအဝေးကို လာမဲ့ ဇူလိုင်လမှာ ပြန်လည် ကျင်းပမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အီတလီနိုင်ငံခြားရေးဝန်းကြီး တွေ့ဆုံ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပျော့ပြောင်းပေမယ့် ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ၂၆ ရက်နေ့က ပြောဆို လိုက်ပါတယ်။ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ အီတလီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီ ဒီ ဆန် အဂါဒါMr. Giuliomaria TERZI DI SANT’ AGATA နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ သူက အခုလို ပြောဆို လိုက်တာပါ။ ဒါ့အပြင် NLDလွှတ်တော် တက်ရေး မတက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေး ကိစ္စအနေနဲ့မချဲ့ကားစေချင်ကြောင်းသူ့အနေနဲ့သမ္မတဦးသိန်းစိန်ကိုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည် ကဆိုပါတယ်။ဒီသတင်းစာရှင်းလင်းပွဲမှာအီတလီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျူလီယို တာဇီကလည်း မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ရပ်တန့် မသွားစေလိုကြောင်း ပြောဆို သွားခဲ့ပါတယ်။

မနှစ်က တရုတ်ပြည် ရှန်ဟိုင်းရောက် ဗိုလ်ကျော်ဆန်း

၁။ ဦးကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)

၂။ ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး)
ယခုနှစ် ၆လပိုင်းက တရုတ်ပြည်ရောက် ဧရာဝတီ လျှပ်စစ်ပရော်ဖက်ဆာ ဦးဇော်မင်း

၃။ ဦးဇော်မင်း (အမှတ် ၁လျှပ်စစ်ဝန်ကြီး)

၎။ ဦးဝင်းမြင့် (စီးပွားကူးသန်း ဝန်ကြီး)
၅။ ဦးကျော်စွာခိုင် .. (အမှတ် (၁) စက်မှုဝန်ကြီး)
တို့အား ပြည်ထောင်စု ၀န်ကြီးများ ဘ၀မှ အနားပေး လိုက်ပြီ ဖြစ်ပါကြောင်း သမ္မတရုံးမှ လာသည့် သတင်းများအရ သိရပါ သည်။
သတင်း --- ဒီမိုဝေယံ

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတစ်နေရာကို တွေ့ရစဉ် (Photo-Google Images)
ရန်ကုန်၊ ဧပြီ ၂၈
ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်း အတွက် ငွေကြေးထောက်ပံ့ရန်ကူညီနိုင်ရန်
ဂျပန်-ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော သုံးနိုင်ငံ ပူးပေါင်းအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမည်ဖြစ်ကြောင်း အီတလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်း က ပြောကြားသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့ အဓိက ပူးတွဲ လက်မှတ်ရေးထိုးထားသော ယင်းစီမံကိန်းကို ချေးငွေ ဆက်လက် ထောက်ပံ့ရန် ဂျပန် အစိုးရက သဘောတူထားပြီးဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
"နှစ်ရှည်ချေးငွေအတွက် သဘောတူချက်ကို ဒီနှစ်အကုန် အပြီးသတ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ယင်းက ဆိုသည်။
ကုမ္ပဏီ အနေနှင့် ယင်း၏ ရေရှည် ဘဏ္ဍာရေး အစီအစဉ်ကို ယခုနှစ်ကုန်တွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
"ဂျပန် ၀င်လာမယ်ဆိုတော့ ၀မ်းသာနေကြတယ်။ ထိုင်းလုပ်တာထက်စာရင်တော့ သာမယ်။ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဂျပန်တွေလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်"ဟု စီမံကိန်း တည်ဆောက်လျက်ရှိသည့် နဘုလယ်ဒေသမှ အသက် ၄၀ အရွယ် ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပါဝင်သော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) ကို တည်ထောင်ထားသည်။
The Voice Weekly

ကိုရီးယား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ Kotra မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ကိုရီးယား နိုင်ငံမှ အထည်ချုပ် စက်ရုံများ၊
Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း စက်ရုံများ၊ တာယာ စက်ရုံများနဲ့ သတ္တု တူးဖော်ရေး လုပ်ငန်း တွေဟာ မြန်မာနိုင်ငံမှာ လာရောက် စီးပွားရေး အရ ရင်းနှီးမြှုပ်နှံ သွားဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ အထည်ချုပ် လုပ်ငန်းမှာ စက်ရုံ ၁၀ ရုံခန့်၊ Electronic ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်း များမှာ စက်ရုံ ၃ ရုံခန့်နဲ့ ပြည်တွင်း တာယာ စက်ရုံများမှာပါ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတွက် ကိုလည်း ကိုရီးယား နိုင်ငံမှ Korea Resource Coporation(Kores) မှ တာဝန်ရှိ သူများဟာ သက်ဆိုင်ရာ ၀န်ကြီး ဌာနနဲ့ တွေ့ဆုံမှုများ ပြုလုပ်ပြီး ပြည်တွင်းမှာ ကွင်းဆင်း တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုရီးယား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ဖို့ အတွက် ယခုလ အတွင်းမှာ နေပြည်တော်မှ တာဝန်ရှိသူ များနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်းလည်း သိရပါတယ်။
MRTV-4
How can we best support a transition towards full reform in Burma? How might we best support human rights there? Isn't the first step a full freedom from fear that necessitates an elimination of the eminent threat of violence? The answers may not be simple, but there are certain steps that are. Tom Andrews' recent articles in the Washington Post (here) and The Hill (here) call for a continuance of sanctions against Burma/Myanmar. He sees the maintenance of sanctions as an important tool to continue the reform process. I'm tended to think that Daw Aung San Suu Kyi has a more authoritative voice with which to speak on the issue of sanctions, and think that if there is going to be advocacy for a solution it should focus on the provision of the needs of the victims of fighting and on a cessation of violence.
It is hard to overstate the degree of distrust present in Burma's central government and its minority nationalities. The violence and abuse there is tearing a region asunder. The violence committed in northern Burma by the military is repellent and the needs of the civilian population there increase daily. While it is the Tatmadaw that initiated this latest phase of conflict in Kachin State, there is a history of both sides failing a human rights litmus test. Witness the persistent use of child soldiers by government and ethnic forces, including the KIA itself. Even if conflicts are resolved, there will be a sustained and considerable need for rebuilding trust and respect for its diverse population (consider the Rohingya, an ethnic group that not even major advocacy organizations have defended enough and with scant coverage in the major media). Burma needs to develop a consistent application for the rule of law, to build a virtually nonexistent infrastructure that can serve all of its peoples, to address the serious crisis in education and public health, and nearly countless other critical projects that people will suffer in the absence of having completed. None of these things can be addressed without resolving the continuing conflicts around the borders of Burma.
Let us note that Daw Aung San Suu Kyi has endorsed the suspension of sanctions by the EU and has also maintained her calls for an end to all armed hostilities and for the release of the remaining prisoners of conscience. The fact of the matter is that transition processes are often uneven, frequently feature reversals, and are always bumpy. Witness the evolution of South Africa in removing the binds of apartheid or the fitful struggles in Cambodia towards reconciliation after civil war.
While it may be a necessary element of the process to maintain some sanctions until there is progress with political prisoners and other parts of the reform process, it is imperative that there be a demilitarization of the conflict regions and an embrace of a nonviolent process. International observers, trusted third-party negotiators, and the validation of local interests will all need to be part of the process. But it is difficult to imagine a way forward with all sides continuing to hold weapons that can be reintroduced at any time. Burma's conflict regions must disarm and demilitarize. There is only peace in nonviolence.
I have dedicated much of my life to working to advance the causes of human rights and basic dignity of all but have, as is inevitable, become attached to some particular causes within the broader concerns for justice. As the child of a very Irish family in Pittsburgh, it was unsurprising that I became concerned by The Troubles in Northern Ireland after watching the religious-based strife that was tearing communities asunder. After the signing of the Good Friday Agreement, acrimony continued by both Unionist and Republican splinter groups and confidence-building was shaky in trying to untangle a conflict with a forty year history. I couldn't speak for all sides, but I could speak as a Catholic and as a person of Irish ancestry and speaking out is what was necessary. On March 23, 2000, the International Herald Tribune published my call for there to be no funds for armed struggle and no support for violent struggle (a reprint can be found on the HRAC blog or here). The time for deciding who was "most wrong" was over. The only way to proceed was for both sides to disarm as a necessary step, the first step and not the last, in confidence-building. Is it really impossible to propose an observed and sanctioned move towards nonviolence in Burma? Northern Ireland still has flare-ups and problems and the issues facing Burma are of a much greater magnitude. But I still remain firm in my conviction that there can be a conspiracy of hope and a move towards a politics of peace.

A Myanmar boy walks past a pile of wooden logs in Yangon on April 19, 2012. The Asian Development Bank (ADB) said on Friday it was prepared to resume giving financial aid to Myanmar after a 24-year suspension, but only once the government repaid nearly US$500 million (S$620 million) in debt. -- PHOTO: AFP
MANILA (AFP) - The Asian Development Bank (ADB) said on Friday it was prepared to resume giving financial aid to Myanmar after a 24-year suspension, but only once the government repaid nearly US$500 million (S$620 million) in debt.
ADB president Haruhiko Kuroda said the Manila-based multilateral institution was ready to help the formerly junta-ruled country emerge from decades of economic quagmire, following recent significant political reforms.
But Mr Kuroda said Myanmar owed the ADB US$490 million, and the newly appointed quasi-civilian government must repay the money before any new financial assistance could be extended.
'At this stage, that is one big hurdle... to restart financial assistance to Myanmar because the government has accumulated arrears vis-a-vis ADB, the World Bank and other bilateral donors,' Mr Kuroda told reporters.
'And that must be cleared before we can start financial assistance.'
Mr Kuroda said that unlike bilateral donors, multilateral lending agencies had little wiggle room to waive off debts.
'I would like to emphasise that as far as multilaterals are concerned, we have not much flexibility,' Mr Kuroda said.
But he stressed the Manila-based bank was prepared for 'constructive engagement' with the government in Myanmar, and help it revive its economy as it slowly transitions into democracy.
Mr Kuroda noted that Myanmar was the fourth most populous country in South-east Asia, and this had a huge potential labour pool that presented opportunities for investment.
The country also has big reserves of untapped natural resources, Mr Kuroda said, without giving specific figures.
'The potential for the Myanmar economy is really huge,' Mr Kuroda said.
'We are hopeful that with the engagement by the international community, including ADB, the Myanmar economy can be developed rapidly and the living standards of its people can be substantially improved,' he said.
Myanmar was an original member of the ADB, which has been providing soft loans and grants to the region's developing countries since its founding in 1966 in a bid to help improve the lives of the poor.
The ADB cut off Myanmar from aid in 1988, when the military regime violently crushed a public uprising led by students and activists.
The World Bank announced on Thursday that it would open an office in Myanmar in June. Mr Kuroda said the ADB had no plans yet to do the same, although it could happen.
၂၀၀၇ခုနှစ်ကသံဃာနှင့်ဒီမိုကရေစီလှုပ်ရှားသူများအကြမ်းဖက်နိမ်နှင်းခံခဲ့ရသည့် ရွှေဝါရောင်တော်လှန်ရေး၏ မှတ်တမ်းတင် ဓာတ်ပုံ များကို အင်တာနက် စာဖတ်သူများအကြား ဖြန့်ဝေလေ့ရှိသည်မှာ မဆန်းပေ။

Face Book များတွင် ပျံ့နှံ့နေသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး၏ ၂ ပုံတွဲ ပုံ
သို့သော် ယခုအပတ် တနင်္လာနေ့ကမှ ကျမ်းသစ္စာကျိန်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် တပ်မတော်သားကိုယ်စား လှယ် ၅၉ ဦးတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာများအား ဦးဆောင်နှိမ်နင်းခဲ့သူ တဦးဖြစ်သည့် ပဲခူးမြို့ အခြေစိုက် တပ်မ ၇၇ မှ ဗိုလ်မှူးကြီးတဦး ၏ ပုံကို လူမှုကွန်ရက် Face Book တွင် ဖြန့်ဝေလာရာ ရုတ်ချည်း ဆိုသကဲ့သို့ ပျံနှံ့သွားခဲ့သည်။
ယင်း ဗိုလ်မှူးကြီး ၏ လက်ရှိ လွှတ်တော်တွင်းဓာတ်ပုံ နှင့် ၂၀၀၇ ခုနှစ် ရန်ကုန်မြို့လယ် ဆူးလေ စေတီရှေ့တွင် အမိန့်ပေးပုံကို တွဲဆက်ထားပြီး ဖြန့်ဝေလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်အရာရှိကြီးသည် ရွှေဝါရောင်တော်လှန်ရေးအတွင်း တပ်မ ၇၇ လက်အောက်တွင် ဒု ဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်နေပြီး ဆက်သွယ်ရေးစက်ကို ကိုင်ကာ တပ်များကို အမိန့်ပေးနေသူတဦး ဖြစ်ခဲ့ကြောင်း ယင်းဓာတ်ပုံနှစ်ပုံက ပေါ်လွင်ထင်ရှားနေစေခဲ့ သည်။
ရန်ကုန်မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုကို နှိမ်နင်းရန် စစ်အစိုးရဟောင်းက တပ်မ ၇၇ နှင့် တပ်မ ၆၆ တို့ကို တာဝန်ပေးခဲ့ ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆိုအရ သံဃာ အပါး ၃၀ မှ ၄၀၊ အရပ်သား ၅၀ မှ ၇၀ သေဆုံးဖွယ်ရှိကြောင်း နှင့် လူ ၂၀၀ ခန့် အရိုက်အနှက်ခံခဲ့ရကြောင်း သိရသည်။
ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအတွင်း ဂျပန်သတင်းထောက် ကန်ဂျီး နာဂါအိ လည်း လမ်းပေါ်တွင် ပစ်သတ်ခံခဲ့ရသည်။

လွှတ်တော်တွင်း တွေ့ရသော တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့်တနင်္လာနေ့ကကျင်းပဆဲလွှတ်တော်တွင်းရှိတပ်မတော်သားကိုယ်စားလှယ်များ ပြောင်းလဲခန့်ထားရာတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၈ ဦး၊ ဗိုလ်မှူးကြီး ၁၄ ဦး၊ ဒု ဗိုလ်မှူးကြီး ၃၇ တို့ဖြင့် အစားထိုးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာ တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ပါဝင်သည်။ ယင်း တပ်မတော်သား ကိုယ်စားလှယ်များကို ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် ခန့်အပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Face Book စာမျက်နှာပေါ်တွင် အဆိုပါ ဗိုလ်မှူးကြီးနှင့် ပတ်သက်၍ ပြောဆိုဝေဖန်နေကြရာ သူဘယ်သူလဲဟု သိလိုနေကြသည်။

သြစတြေးလျ လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့် အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်တွင် ဧပြီလ ၂၁ ရက်နေ့က လွှတ်တော် အမတ် ဦးဇေယျာသော် လွှတ်တော်တက်လျှင် ဝတ်ဆင်ရမည့် အမျိုးသား ဝတ်စုံ စမ်းသပ်ဝတ်ဆင်နေစဉ် (ဓာတ်ပုံ - Reuters / Soe Zeya Tun) “မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သြစတြေးလျ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLD မှ လွှတ်တော်အမတ်တချို့ လွှတ်တော်တက်ရောက်ခြင်းမရှိဘဲ သြစတြေးလျနိုင်ငံ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အခုအခြေအနေမှာ ကျမ်းကျိန်လွှာ အခက်အခဲကြောင့် ကျနော်တို့ လွှတ်တော် မတက်နိုင်သေးဘူး။ ဒါပေမယ့်လည်း ခရီးသွားမယ့်သူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်နေတော့ လွှတ်တော်ရုံးကိုတော့ တရားဝင် အကြောင်းကြားထားတယ်။ ကျနော်တို့ ခရီးသွားနေစဉ်မှာ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေလို့ တခြားအမတ်တွေ လွှတ်တော်တက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ခရီးလွန်နေလို့ လွှတ်တော် မတက်နိုင်တဲ့အကြောင်း ပါတီကနေ တရားဝင်ခွင့်တိုင်ပေးမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်တဦးက နိုင်ငံရေးပါတီများအကြား ချစ်ကြည်ရေးရင်းနှီးမှုဆိုင်ရာ ခရီးစဉ်မျိုးဖြစ်ကြောင်း ပြောသည်။
“ဒါက ဟိုဘက်ပါတီက ဖိတ်တယ်။ ဒီဘက်က သွားတယ်။ ချစ်ကြည်ရေးပုံစံပါပဲ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီတချို့မှ ပါတီဝင်များနှင့် အမတ်တချို့လည်း ၂၀၁၁ ခုနှစ်အတွင်း ဖိတ်ကြားမှုများအရ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားဝင် သွားရောက်ခဲ့ကြသည်ဟု သိရှိရသည်။
NLD လွှတ်တော်အမတ်များ ဦးဆောင်သွားရောက်ကြမည့် သြစတြေးလျခရီးစဉ်သည် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။
By- အောင်သက်ဝိုင်း(ဧရာဝတီ)

မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားခဲ့တဲ့ St. Martin ကျွန်း မြန်မာအခေါ် ရှင်မဖြူကျွန်း နားက သဘာဝ ဓါတ်ငွေ့ လုပ်ကွက် ၂ ခုဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင် နက်ထဲမှာ မရှိပဲ၊ မြန်မာရေပိုင်နက်ထဲမှာသာ ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရေပိုင်နက် တရားရုံး ITLOS က ဆုံးဖြတ်လိုက်ပါတယ်။ သဘာဝဓါတ်ငွေ့ လုပ်ကွက် A1 နဲ့ A3 ၂ ခုစလုံး ဟာ မြန်မာ့ရေပိုင်နက် အတွင်းမှာသာ ဖြစ်ပြီး ၂ခုပေါင်း ထွက်ရှိနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ ဟာ ကုဗပေ ၆ တရီလီယမ် ရှိပါတယ်။ အဲဒီ လုပ်ကွက် ၂ ခုစလုံးမှာ အိန္ဒိယအစိုးရပိုင် GAIL India ကုမ္ပဏီက ရင်းနှီးမြှပ်နှံမှု ပမာဏ ၂၅ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
A1 လုပ်ကွက်ကို ရွှေလို့အမည်ပေးထားပြီး A3 လုပ်ကွက်ကို ရွှေဖြူလို့ အမည်ပေးထားပါတယ်။ လာမယ့် ၂၀၁၃ ခုနှစ်မှာ အဲဒီလုပ်ကွက် ၂ ခုကနေ တရက်ကို သဘာဝဓါတ်ငွေ့ ကုဗပေ သန်း ၂၀၀ တင်ပို့ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက အဲဒီ A1 နဲ့ A3 လုပ်ကွက်နားမှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ပိုင်ဆိုင်မှု အငြင်းပွားပြီးစစ်ရေးအရတင်းမာလာခဲ့ရာမှာဘင်္ဂလားဒေ့ရှ်က ရေတပ်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့အတွက် မြန်မာအစိုးရနဲ့ ပူးတွဲဖက်စပ်လုပ်နေတဲ့ ဒေ၀ူးကုမ္ပဏီ လုပ်ငန်းတွေ St. Martin ကျွန်းအနီးကနေ ရုပ်သိမ်းပေးခဲ့ရပါတယ်။
RFA Burmese
လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ရုံးပြန်ဖွင့်မယ်လို့ ကမ္ဘာ့ဘဏ် က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ရန်ကုန်မှာဌာနေကိုယ်စားလှယ်အသစ်တစ်ယောက်နဲ့အတူရုံးပြန်ဖွင့်၊၀န်ထမ်းတွေခန့်ပြီး မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးရေးအစီအစဉ်သစ်တစ်ရပ် ချမှတ်နိုင်အောင် လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ စတင် ကောက်ယူစုဆောင်းမယ်လို့ ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox က ပြောပါတယ်။
ဒါပေမဲ့ မြန်မာ အစိုးရ က ကမ္ဘာ့ဘဏ် နဲ့ တခြားအဖွဲ့အစည်းတွေကိုပေးချေစရာ ရှိနေတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ကိစ္စလည်း ရှိနေတယ်လို့ ဆိုပါတယ်။
မိမိတို့ရဲ့ အဓိက ပန်းတိုင်က မြန်မာပြည်သူတွေကို ကူညီဖို့ဖြစ်ပါတယ်၊ မြန်မာ ဟာ ပြင်ပကမ္ဘာ နဲ့ နှစ်ကာလ ကြာရှည် အဆက်ပြတ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် လူထုဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာပြဿနာတွေ အတွက် အစိုးရ နဲ့အတူ ဆောင်ရွက်နိုင်ဖို့ မဟာဗျူဟာ တစ်ရပ် ပြင်ဆင်နေပါတယ်၊ ဒါတွေ အပြည့်အ၀ မဆောင်ရွက်နိုင်သေးခင်မှာ အကြွေးကိစ္စ ရှင်းဖို့လိုပါတယ်လို့ Pamela Cox က ပြောဆို ပါတယ်။
မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ် ကို အမေရိကန်ဒေါ်လာ ( ၃၉၃ ) သန်း၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) နဲ့ တခြားဌာနတွေအပေါ် ဒေါ်လာ သန်းငါးရာလောက် ပေးချေစရာ ရှိနေပါတယ်။ မြန်မာ အစိုးရဟာ အကြွေး မဆပ်တဲ့အတွက် ကမ္ဘာ့ဘဏ်က ၁၉၈၇ ခုနှစ်ကစပြီး အစီအစဉ်တွေ ရပ်ဆိုင်းခဲ့ပါတယ်။
ကမ္ဘာ့ဘဏ် ရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ ဒု ဥက္ကဋ္ဌ Pamela Cox ဟာ ဇွန်လအတွင်း မြန်မာနိုင်ငံ ကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်ဖန်တီးရေး စတဲ့ ကိစ္စ တွေကို စူးစိုက် ဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်းလည်း
ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းတိုးတက်မှု တချက်ခြင်းအပေါ်မှာ လုပ်ရပ်တခုချင်းအလိုက် တုံ့ပြန်ကိုင်တွယ်နေတယ် လို့ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။ ဒီလိုဖြစ်ထွန်းမှုတွေ နောက်ကြောင်းပြန်လှည့်သွားရင်လည်း၊ အရေးယူမှု လျှော့ပေါ့ထားတာတွေ ချက်ခြင်းဆိုသလို ပြန်လည်တင်းကျပ်နိုင်တဲ့ အနေအထားမှာ အသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။အခုအခြေအနေအရတော့အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ လူထုအပေါ်အကူအညီတွေထိထိရောက်ရောက် ပေးနိုင်တော့မယ်လို့လည်းအမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးပါမယ်။ မနေ့က ပြုလုပ်တဲ့ အမေရိကန်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ မြန်မာ့အရေး ကြားနာမှုမှာ အမေရိကန်ပြည်ထောင်စု အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ မျှော်မှန်းထားချက်တွေကို လွှတ်တော်တာဝန်ရှိသူတွေကို ရှင်းပြသွားတာပါ။ အထူးသဖြင့် မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဘယ်လို ရှေ့ဆက်ဆောင်ရွက်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ အထက် လွှတ်တော်ကနေ အမေရိကန် အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို ခေါ်ယူ ကြားနာ စစ်ဆေးမေးမြန်းတဲ့ပွဲဖြစ်ပါတယ်။ လက်ရှိ အစိုးရပိုင်းအနေနဲ့ကတော့ ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဖြစ်ထွန်းမှုတွေအပေါ်တဆင့်ပြီးတဆင့်အရေးယူမှုတွေ လျှော့ချသွားပြီး၊ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ကောင်းလာရေး ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အာရှပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ယွန်းက ပြောသွားပါတယ်။
“ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံအပြောင်းအလဲတွေအပေါ်မှာ အခိုင်အမာအခြေအနေတွေနဲ့ ကျနော်တို့ တုံ့ပြန် ဆက်ဆံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကုန်ပိုင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံကြောင်းနဲ့ လုပ်ရပ်တခုချင်းအပေါ်မှာ မဟာဗျူဟာကျကျ တုံ့ပြန်သွားမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ချပြခဲ့ပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း မြန်မာနိုင်ငံထဲကျန်ခဲ့တဲ့အမေရိကန်စစ်သည်ရုပ်အလောင်းရှာဖွေမှုတွေ ပြန်လုပ်ခဲ့ပါတယ်။ နိုင်ငံ တကာငွေကြေးအဖွဲ့အစည်းတွေရဲ့ လေ့လာအကဲဖြတ်အဖွဲ့တွေ မြန်မာနိုင်ငံသွားရောက်မယ့်ကိစ္စ ထောက်ခံ သွားမယ်ဆိုတာ ကတိပြုခဲ့ပါတယ်။ဇန်န၀ါရီလအတွင်း နိုင်ငံရေးအကျဉ်းသား၂၅၀ ကျော် ပြန်လွတ်လာတဲ့ နောက်ပိုင်းမှာတော့ နှစ်နိုင်ငံ သံအမတ်ကြီးအဆင့် ပြန်ထားမယ်လို့ ကျနော်တို့ ကြေညာခဲ့ပါတယ်။”
“ကြားဖြတ် ရွေးကောက်ပွဲအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ ဧပြီ ၄ ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က နောက်ထပ် ခြေလှမ်း အဆင့်တွေကို ကြေညာပါတယ်။ ဒီအထဲ မြန်မာနိုင်ငံမှာ USAID ရုံးပြန်ထားမယ်ဆိုတာနဲ့၊ UNDP ရဲ့ ပုံမှန် အစီအစဉ်လုပ်ငန်းတွေကို ထောက်ခံသွားမယ်ဆိုတာ ပါဝင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချဖို့ ပြင်ဆင်ဆောင်ရွက်နေပေမယ့် လူပုဂ္ဂိုလ်အချို့နဲ့ လုပ်ငန်းအဖွဲ့အချို့အပေါ် ပစ်မှတ်ထား အရေးယူမှုတွေကိုတော့ ဆက်ထားမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းက ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကိုတော့ တဦးချင်းအလိုက် အရေးယူမှုတွေကို ပြန်လည် လျှော့ပေးထားပါတယ်။ ဒါပေမယ့်လည်း အလှည့်အပြောင်းတခုခုမှာ တင်းနိုင်လျှော့နိုင်တဲ့ လုပ်ပိုင်ခွင့်တော့ အမေရိကန် အစိုးရပိုင်းက တာဝန်ယူထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွန်ကြားရေးမှူး Adam Szubin က ပြောပါတယ်။
“ရင်းနှီးမြုပ်နှံမှုနဲ့ ငွေကြေး ၀န်ဆောင်မှုဆိုင်ရာနဲ့ပတ်သက်ပြီးတော့ နောက်ထပ်အဆင့်တွေ လှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောထားသလို ဒီခြေလှမ်းတွေဟာ အရေးယူမှုအားလုံးကို ရုပ်သိမ်းလိုက်တဲ့သဘော မဟုတ်ပါဘူး။ အရင်စစ်အစိုးရရဲ့ အပေါင်းအသင်း နီးစပ်သူတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား အရေးယူထားမှုအချို့ ဆက်ထားရှိမှာပါ။ အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေရဲ့ လုပ်ငန်းသဘော ဘောင်ကို ပြုသာပြင်သာအောင်လည်း လုပ်ထားပါတယ်။ မြန်မာနိုင်ငံက တိုးတက်ဖြစ်ထွန်းမှုတွေ နောက်ပြန်လှည့်ပြီဆိုတာနဲ့ ကျနော်တို့မှာ အခုလို လျှော့ပေးထားတာတွေကို ပြန်လည် အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့်လည်း ရှိထားပါတယ်။”
အခုလိုအရေးယူမှုတွေ လျှော့ပေးတာဟာ မြန်မာလူထုနဲ့ မြန်မာခေါင်းဆောင်ပိုင်းထဲက ပြုပြင်ပြောင်းလဲရေး အင်အားစုတွေကို အားပေး အကူအညီပေးနိုင်ဖို့ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ အခု အခြေအနေမှာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာကူညီရေးအဖွဲ့ USAID အနေနဲ့ မြန်မာပြည်သူလူထုအတွက် ထိထိရောက်ရောက် တိုက်ရိုက် ကူညီ ဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိလာတယ်လို့ USAID ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေးမှူး သံအမတ်ကြီး Nisha Biswal က ပြောပါတယ်။
“မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်ကို အခုနှစ် နှောင်းပိုင်းမှာ ခန့်ထားဖို့ရှိသလို လာမယ့် နွေကျရင်တော့ လုပ်ငန်းအစီအစဉ်တွေအားလုံး ပြန်စဖို့ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို တိုက်ရိုက် အကူအညီပေးနိုင်မယ့် အခြေအနေတွေ ရှိလာတော့မှာပါ။ မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက် ထောက်ပံ့ကူညီနိုင် မှာပါ။ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို အကူအညီ ပေးနိုင်မှာပါ။
လူနည်းစု တိုင်းရင်းသားတွေအပါအ၀င် လိုအပ်ချက်တွေရှိနေတဲ့ အစုအဖွဲ့တွေကို ဆက်ပြီး ကူညီသွားနိုင်မှာပါ။ အစိုးရအဖွဲ့တွင်းနဲ့ အစိုးရအပြင်ဘက်က ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ အစုအဖွဲ့တွေကို ထိစပ်ကူညီသွားနိုင်မှာပါ။ အထူးသဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် စွမ်းဆောင်ရည်တွေ မြင့်တက်လာဖို့ အားဖြည့် ကူညီသွားနိုင်မှာပါ။ အခြားအလှုရှင် အသိုင်းအ၀ိုင်းတွေနဲ့လည်း ထိထိရောက်ရောက် ဆက်စပ်လုပ်ကိုင်သွားနိုင်မှာပါ။ အရေးကြီးဆုံးကတော့ အခုဖြစ်ထွန်းလာတဲ့ အခြေအနေသစ်အပေါ်မှာ မူတည်ပြီးတော့၊ ဒီအကူအညီလုပ်ငန်းတွေကို ကျမတို့ ပိုပြီးတော့ ကြီးကြပ်ကွပ်ကဲခွင့် ရရှိလာမှာဖြစ်ပါတယ်။”
အခု အထက်လွှတ်တော် ကြားနာစစ်ဆေးမှုကို ဦးဆောင်ပြုလုပ်သူကတော့ အထက် လွှတ်တော် နိုင်ငံခြားဆက်ဆံရေး အာရှပစိဖိတ်ဒေသဆပ်ကော်မတီဥက္ကဋ္ဌ ဂျင်ဝက် ဖြစ်ပါတယ်။ မကြာခင်ကပဲ သူဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး၊ မြန်မာ အာဏာပိုင်တွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့တာပါ။ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ လိုလားသူလို့ အများက သိကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အပြောင်းအလဲကို နောက်ခံ မတူတဲ့ ခေါင်းဆောင်နှစ်ဦးက အဓိက မောင်းနှင်နေတယ်လို့ သူက ပြောသွားပါတယ်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ ခေါင်းဆောင်နှစ်ဦး ကနေ ပြင်ဆင် ဆောင်ရွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နောက်ခံသမိုင်းကြောင်း အတွေ့အကြုံမတူ ကြပါဘူး။ နောက်ခံတွေ မတူညီကြပေမယ့် ဒီခေါင်းဆောင်နှစ်ဦးစလုံးဟာ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ အတူတကွ ဆောင်ရွက်နေကြပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့ တိုင်းပြည် အတွက် ပေးဆပ်မှုနဲ့ ရဲစွမ်းသတ္တိတွေကို ကျနော် လေးစားပါတယ်။”
မြန်မာ့အရေး အခုလို လွှတ်တော်ကြားနားမှုတွေဟာ အမေရိကန် လွှတ်တော်နှစ်ရပ် အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဘယ်လို ဆက်ပြီး ကိုင်တွယ်မလဲ ဆိုတာ အဖြေထုတ်နိုင်အောင် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို အများပြည်သူရှေ့ မေးမြန်းကြားနာတဲ့ပွဲဖြစ်ပါတယ်။
ဒီ အရေးယူမှုတွေကို အမေရိကန်လွှတ်တော် နှစ်ရပ်ကနေ ဥပဒေအဖြစ် အတည်ပြု ပြဌာန်း ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအားဖြင့် အမေရိကန်အစိုးရပိုင်းကနေ လွှတ်တော်နဲ့ ညှိနှိုင်းပြီးတော့ မြန်မာနိုင်ငံ တိုးတက်မှုအနေအထားမှာ အဲဒီ ဥပဒေပြဌာန်းချက်တွေကို တချက်ခြင်း ယာယီလျှော့ပေါ့ ဆိုင်းငံ့ပေးနေတဲ့ သဘောဖြစ်ပါတယ်။
By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)