Latest Highlight



ဒီဇင်ဘာလမှာ တွေ့ရတဲ့ NLD ခေါင်းဆောင်များနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လူကြီးများ

ရွေးကောက်ပွဲကော်မရှင်ရဲ့ အလွဲများထဲက နောက်ဆုံးပေါ် အလွဲတခု အွန်လိုင်းမှာ တက်လာတဲ့အတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။

ထိုမအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေးရွာတွင် ယခု၂နာရီထိုးခါနီးအချိန်ထိ တာဝန်ရှိသူများမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိပေးသေးခြင်းအတွက် ကျေးရွာလူထုမှာ လူစုမခွဲကြသေးဘဲ ထိုင်သပိတ်ဆင်နွှဲနေကြပါသည်။

ရွာနီးရှိ ငါးမွေးကန်မှ ယာယီနေထိုင်သူ လုပ်သား(၄၀)မှာ မဲပေးခွင့်ရပြီး အမြဲတမ်းနေထိုင်သူ ၄၀၃ ယောက်မှာ မဲပေးနိုင်သူ စာရင်းတွင် မပါဝင်၍ ရွာသားများ၏ ဒေါသကို ပိုမိုဆွပေးသလိုဖြစ်နေပါသည်။

ကျေးရွာဥက္ကဋ္ဌက မနက်တွင် ဖြေရှင်းပေးမည် ပြောသည့်အခါ ရွာသားများက မနက်တွင် မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပြောဆိုကာ မနက်လင်းသည့်အချိန်ထိ ထိုင်သပိတ် ဆင်နွှဲတောင်းဆိုမည်ဟု နယ်ခံများမှ သတင်းပေးပို့လာပါသည်။

Source here




ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၁)

ဝါင်္သခ ည....(AFP Photo)
ဒေါ်အောင်ဆန်းစုကြည် နတ်စင်ကုန်း မဲရုံသို့ဝင်ကြည့်ပြီး ရန်ကုန်သို့ ပြန်မည်

နံနက် ၉ နာရီခွဲ ၊ ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ YPI

ဒေါ်အောင်ဆန်းစုကြည်သည် ငှက်အော်စမ်းမှ ကော့မှူးသို့ရောက်ရှိလာပြီး မကြာမီအချိန်ပိုင်းတွင် နတ်စင်ကုန်း မဲရုံကိုကြည့်ရှုပြီးနောက် ရန်ကုန်သို့ တန်းပြန်တော့မည်ဟု ကော့မှူးမှ သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်


ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
-----------------------------------------------------------
မဲရံမှူး စည်းကမ်းချိုးဖေါက်

လားရှိုး-နံနက် ၉နာရီ ၄၀ မိနစ် ၊ ဧပြီ ၁ ရက်၊ YPI

လားရှိုးမဲဆန္ဒနယ်မြေ အမက (၁၂) ကျောင်းဝင်းထဲက မဲရုံအမှတ် (၄) မှာ မဲထည့်နည်း နားမလည်တဲ့ မဲဆန္ဒရှင်တွေကို ကြံ့ခိုင်ရေး အကွက်လက်ညှိုးထိုးပြပြီး ခြစ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကို ပါတီ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာကို မကန့်ကွက်ဖို့ တားမြစ်ပါတယ်။

ဒါတင်မက မဲရုံစည်းကမ်းနဲ့ မကိုက်ညီပဲ နယ်မြေမှူးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း မဲရုံထဲ ၀င်ရောက်နေတယ်လို့ သိရပါတယ်။ လုံခြုံရေးတွေ ၀င်ရောက်နေတဲ့ကိစ္စကိုတော့ မဲရုံမှူးက မသိနားမလည် လို့ပါဆိုပြီး တောင်းပန်ကြောင်း သွားရောက်ကြည့်ရှုတဲ့ ကျားဖြူ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

လားရှိုးက မဲရုံတွေမှာ ကြိုတင်မဲ အနည်းငယ်စီသာ ရှိကြောင်း စုံစမ်းသိရပါတယ်။

Yangon Press International


_____________________________________________________________________
အန်အယ်လ်ဒီအမတ်လောင်း ဦးဖြိုးဇေယျာသော် (Interview)

နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှာ တပ်မတော်သားမဲရုံမှာကြိုတင်မဲအရေအတွက်များနေ
(မနက်ရှစ်နာရီခွဲ)
နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်က တပ်မတော်သားတွေ မဲပေးရတဲ့ မဲရုံသုံးရုံအနက် မော်တော်ယာဉ်တပ်ရင်းမဲရုံမှာ မဲပေးနိုင်သူ (၂၀၁၆) ဦးမှာ ကြိုတင်မဲပေးသူ (၈၈၉) ဦး ရှိနေတာကတော့ များတယ်လို့ ယူဆတယ်လို့ အဲဒီနယ်ကနေ ၀င်ပြိုင်တဲ့အန်အယ်လ်ဒီအမတ်လောင်း ဦးဖြိုးဇေယျာသော်က ပြောဆိုပါတယ်။

________________________________________________________________
ကော့မှူးမြို့ပေါ်မှာ မဲရုံ ၃ ရုံမှမဲပေးပြီး ထွက်လာသူ ၁၂ ဦးကို ကျပန်းမေးမြန်းကြည့်ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ကြောင်း ပြောသည်။

______________________________________________________________

 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁၀)


ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြော

င်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးစဉ်


နေပြည်တော်ကောင်စီနယ် ဇဗ္မူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက် အ.ထ.က ၅ မဲရုံအမှတ် ၁/၁ ၊ ၂/၂ သို့ပြည်ထောင်စုဝန်ကြီး ဦးတင့်စန်း လာရောက်မဲပေးခဲ့ပြီး "၂၀၁၀ ရွေးကောက်ပွဲနဲ့ အခုကြားဖြတ်ရွေးကောက်ပွဲ မဲပေးရတာအတူတူပါပဲ။ နိုင်ငံတော်အကြီးအကဲတွေကလည်း နိုင်ငံ တိုးတက်ဖို့လုပ်နေပါတယ်။ ၂၀၁၀ ပြီးတော့လဲ ပွင့်လင်းလာတာမြင်ရတာပဲ အခုရွေးကောက်ပွဲပြီးရင်လဲ ဒီထက်ပိုပြီး ပွင့်လင်းလာတာ မြင်ရမှာပါ " ဟုPopular News ဂျာနယ်၏ မေးခွန်းတိုအားပြန်လည် ဖြေကြားခဲ့သည်။

Popular Myanmar News Journal

_____________________________________________________________



ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၉)

ပခုက္ကူမြို့ အမှတ်(၅)ရက်ကွက် မဲ၇ုံ (၁) ၏ တည်နေရာ မူလသက်မှတ်ထားသောနေရာမှ ယနေ့မဲပေးသည့်နေ့တွင် နေရာပြောင်းလဲသွားပါကြောင်း.. အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူ ကိုဖိုးရှုပ်မှ ပြောကြားပါသည်။

ပခုက္ကူမြို့ အမှတ် (၃)ရက်ကွက် အမက (၁၇)ကျောင်းအတွင်း မဲရုံအမှတ် (၅)တွင် မဲဆန္ဒရှင်ပြည်သူမှ မဲလက်မှတ် လဲခိုင်းရာ မဲရုံမှူးမှ မဲလက်မှတ်အသစ်လဲမပေးပါ။ ၄င်းမဲရုံတွင် တိုင်းကော်မရှင် ရောက်ရှိနေ၍ ၄င်းတို့ကိုယ်တိုင်မှလည်း လဲခွင့်မပေးနိုင်ကြောင်း၊ လဲခွင့်မရှိကြောင်း NLD အဖွဲ့ဝင် ဒေါ်နွေနွေလှိုင်မှ သတင်းပို့ပါသည်။

ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက် ၅ လမ်းတွင် တည်ရှိသော မဲရုံအမှတ် (၆) တွင် မဲရုံမှူး ဦးမောင်ဝင်း၏ ဇနီး ဒေါ်မော်လီ (အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး) နှင့် ဒေါါ်အေးတို့သည် မဲရုံဝင်းအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီ အားမဲထည့်ရန် မဲဆွယ်စည်းရုံးနေကြောင်း NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဒေါ်မူမူခိုင်မှ သတင်းပို့ပါသည်။ ၄င်းမဲရုံတွင် မဲဆန္ဒရှင်များ လဲခိုင်းသော ဆန္ဒမဲလက်မှတ်များ လဲခွင့်မရပါ။

ပခုက္ကူမြို့ (မြို့သစ်) တွင် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် (၁၀၀)ကျော်သည် ဆန္ဒမဲပေးခွင့်မရပါ။ မှတ်ပုံတင် အိမ်ထောင်စုဇယားများ ယူဆောင်သွားသော်လည်း ပေးခွင့်မရရှိပါ။ အဆိုပါနေရာတွင် ပခုက္ကူမြို့ ပြည်သူ့လွတ်တော် ကိုယ်စားလည်လောင်း ဦးပိုက်ကိုနှင့် သတင်းထောက် အဖွဲ့များလည်း ရောက်ရှိကြောင်း ဦးခင်မောင်ရွှေမှ သတင်းပို့ပါသည်။
Myanmar News Now



ယနေ့ မဲရုံတခုအားမြင့်တွေ့ ရစဉ် (ဓါတ်ပုံ-NLD)


___________________________________________________________________

 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၈)


ဓါတ်ပုံ(NLD)
စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်မဲရုံတွင်မဲရုံ

ကိုယ်စားလှယ်များအားတစ်နေကုန်ထိုင်နေရမည်။
လမ်းလျှောက်ခွင့်မရှိကြောင်းမဲရုံမှူးက ခြိမ်းခြောက်မှုများရှိနေကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စစ်ကိုင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မတ် ၃၁ ရက်ည ၈ နာရီက ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာ၌ NLD ကသတင်းဓာတ်ပုံ ရိုက်ယူရာမှ နှစ်ဖက်ပဋိပက္ခဖြစ်ပွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ဗီဒီယိုရုံပိုင်ရှင်၏သား ဓားထိုးခံရ၍ သေဆုံးသွားကြောင်းသိရသည်။

7Day News Journal
------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
Yangon Press International
--------------------------------------------------------------------------------------

မရမ်းကုန်း ၉ ရပ်ကွက် မဲရုံ ၈ မဲစာရင်းစတင်ပိတ်၊ NLD တစ်မဲသာရ မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် မဲရုံနံပါတ် ၈ မဲစာရင်းကုန်သွားပြီဖြစ်သဖြင့် မဲရေတွက်ရာ NLD ပါတီမှ တစ်မဲသာရရှိခဲ့ကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။
မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၇၃ ယောက်ရှိပြီး ကြိုတင်မဲ ၁၀၁ မဲရှိကြောင်း စုံစမ်းသိရှိရသည်။
လက်တလောစာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ၁၆၇ မဲ ၊ ပယ်မဲသုံးမဲ၊ မြန်မာကွန်ရက်မှ တစ်မဲ၊ NLD မှ တစ်မဲသာရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီမဆိုထားနှင့် ပယ်မဲပင်လျှင် NLD ကို ဖြတ်တက်သွားကြောင်း တွေ့ရှိရသည်။ weekly express times

_______________________________________________________________
The Voice Weekly
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်ရှိ ပြည်တော်သာ မဲရုံတွင် မဲစာရင်းတွင် မပါဝင်သူနှင့် မဲစာရင်းတွင် ပါဝင်သော်လည်း မဲပေးခွင့်မရသူ ၁၀၀ ဦးခန့် ရှိနေကြောင်း၊ ၎င်းတို့၌ အချို့မှာ မဲစာရင်းတွင် မပါဝင်သူများ ဖြစ်ပြီး အချို့မှာ မဲစာရင်းတွင် အမည်ပေါက် ပါဝင်သော်လည်း ဖခင်အမည် လွဲမှားနေခြင်းကြောင့် မဲပေးခွင့် မရရှိသူများ ဖြစ်ကြောင်း သိရသည်။

______________________________________________________________
7Day News Journal
စစ်ကိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ၌ မဲပေးနိုင်သူ ၁၂၀၀ ရှိရာတွင် ကြိုတင်မဲမည်မျှပေးပြီးရှိသလဲဟု မေးမြန်းရာ၌ ကျေးရွာကော်မရှင် တာဝန်ရှိသူတစ်ဦးက ကြိုတင်မဲအရေအတွက်ကို မပြောနိုင်ဘူးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းကျေးရွာ၌ မဲပေးရန် ပြန်လာသော ဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသား တစ်ဦးသည် မဲစာရင်း၌ နာမည်မပါ၍ မဲပေးခွင့်မရခဲ့ကြောင်း၊ ထို့အတူ သမ၀ါယမ ကျောင်းသူတစ်ဦးနှင့် GTC ကျောင်းသားတစ်ဦးတို့ကလည်း ယင်းရွာ၌ပင် နေထိုင်ပြီး မဲပေးခွင့်မရခဲ့ကြောင်း ဖြေကြားကြသည်။ ယင်းကဲ့သို့ အထောက်အထားအပြည့်အစုံရှိပါလျက် မဲပေးခွင့်မရသူပေါင်း ၁၇၀ ဦးခန့်ရှိကြောင်းသိရသည်။

__________________________________________________________________
Yangon Media Group
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဇဗ္မူသီရိ မြို့နယ် မဲရုံ အမှတ် ၁ / ၂ တွင် မဲပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါမဲဆန္ဒနယ်တွင် နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရခေါင်းဆောင် အများအပြားက မဲထည့်ကြမည် ဖြစ်ပြီး
ယခုအချိန်ထိ နိုင်ငံတော်သမ္မမရောက်ရှိသေးပေ။
____________________________________________________________________
7Day News Journal
မရမ်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ်(၂)သို့ နံနက် ၉ နာရီထိုးရန် ၅ မိနစ်အလိုတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေနှင့် သားဖြစ်သူ ကိုဇော်နိုင်ဦးတို့

လာရောက်မဲပေးခဲ့ကြသည်။ မဲပေးခြင်းနှင့်ပတ်သက်၍ ဦးခင်ညွန့်အားမေးမြန်းရာ အများဆန္ဒနဲ့ထပ်တူ မဲပေးခဲ့ပါကြောင်း ပြန်လည်ဖြေကြားပြီး ပါတီနိုင်ငံရေးမလုပ်၊

အမျိုးသားနိုင်ငံရေးသာလုပ်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားသည်။ သားဖြစ်သူ ကိုဇော်နိုင်ဦးက မဲပေးရာတွင် NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်အား

ပေးခဲ့ကြောင်း ယင်းသို့ပေးရခြင်းမှာ လူပုဂ္ဂိုလ်အရ လေးစား၍ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားသည်။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၇)

ယနေ့နံနက် ၈နာရီ ၄၅ ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့်(၂)များသို့ NDF ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိမ်း(အဆိုတော် ရသ)၀င်ခွင့်မရကြောင်းသတင်းရရှိ။

ယနေ့နံနက် ၈နာရီ ခွဲခန့်တွင် သိရသောစာရင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရထား မဲရုံအမှတ်(၁)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ သိမ်ဖြူရထား မဲရုံအမှတ်(၃)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ ကန်မြောက် မဲရုံအမှတ်(၁)နှင့်(၂)တို့ဝယ် ကြိုတင်မဲ ၁၂၅ မဲ၊ သာယာကုန်း မဲရုံအမှတ်(၄)၀ယ် ကြိုတင်မဲ ၂၈ မဲတို့ရှိနေကြောင်းသိရသည်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်မဲရုံတွင

် အကျွေးအမွေးများပြုလုပ်နေသဖြင့် မဲဆွယ်စည်းရုံးမှုလေလောဟု စုံစမ်းကြည့်ရာ မဲရုံတာဝန်ရှိသူများက မဲပေးသူမျုားကိုကျွေးခြင်းမဟုတ်ကြောင်း မဲရုံအမှုထမ်းများကိုသာ ကျွေးခြင်းဖြစ်ကြောင်းသိရပါသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်အမည်စာရင်းဝယ် နာမည်များထပ်နေခြင်းတွေ့ရှိရဟု မဲဆန္ဒရှင် တစ်ဦးကပြောသည်။
"ဒီလိုဗျာ... မဲစာရင်းမှာ အမှတ်စဉ် ၁ ကနေ ၁၀၀ အထိပါတယ်ဆိုပါတော့။ အဲဒီမှာ ကျွန်တော့် နာမည်က နှစ်နေရာတောင်ပါနေတာတွေ့ရတယ်။ ဒီတော့ ပေးလိုက်တဲ့မဲက ဘယ်လိုများဖြစ်သွားမလဲ။ ပယ်မဲများဖြစ်သွားမလားလို့ စိုးရိမ်နေတယ်ဗျာ။ ကျွန်တော့်လိုပဲ ကြုံတဲ့သူ နှစ်ယောက်လောက်ရှိတယ်လို့သိရတယ်
ဗျ"ဟု သူကပြောသည်။

ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီ သံတမန်များသွားရောက်လေ့လာမည်
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) ရှိ အမှတ် ၅၇ အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံသို့ မကြာခင်အချိန်အတွင်း သံတမန်များသွားရောက်လေ့လာမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခန့်က သတင်းရရှိသည်။ ယင်းအချိန်အတွင်း ဇဗ္မူသီရိမြို့နယ် တွင်း၌ တရုတ် ဘရူနိုင်းနှင့် အမေရိကန် နိုင်ငံများမှ သွားရောက်လေ့လာနေပြီဟု သတင်းရရှိသည်။ ဥတ္တရ သီရိမြို့နယ်တွင်း၌ မဲပေးခွင့်ရှိသူဦးရေ ၅သောင်း ၆ထောင်ကျော်ရှိပြီး အထက်ပါ မဲရုံ၌ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၃ ထောင်ကျော်ရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယင်းရပ်ကွက် ၌ မဲပေးခွင့်ရှိသူဦးရေမှာ ၈ ထောင်ကျော်ရှိသည်ဟု သိရှိရသည်။


ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီအချိန်အတွင်း သံတမန်များ သွားရောက်လေ့လာမည်
Popular Myanmar News Journal
____________________________________________________________
 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆)


လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နံနက် ၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင် ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။ ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို မောင်းနှင်၍ ထွက်ခွာသွားသည်။

ဓာတ်ပုံ- သန်းဌေး


နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာတွင် အသက် (၁၃) နှစ်အရွယ် မြစ်ကြီးနားမှ လာရောက်သော ကလေးငယ်တစ်ဦးသည် မဲရုံ၌ မဲပေးနေသည်ကို ဗီဒီယိုကင်မရာဖြင့် ရိုက်ယူရာ၌ ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ကျောင်းဆရာတစ်ဦးဖြစ်သူ ဦးတင်မိုးအောင်က အဆိုပါ ကင်မရာအား ကလေးထံမှ သိမ်းယူလိုက်ပြီး ၄င်း၏ အုပ်ထိန်းသူအား ဆင့်ခေါ်ထားကြောင်းသိရသည်။ ကော်မရှင်ဥက္ကဋ္ဌက 7Day News ၏ မေးမြန်းမှုကို ယင်းကိစ္စအား မြို့နယ်ကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး ကင်မရာကိုလည်း မြို့နယ်ကော်မရှင်ထံ အပ်နှံသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

7DAY NEWS JOURNAL
ပခုက္ကူမြို့ပေါ်အတွင်း ကောက်ခံထားသည့် ကြိုတင်မဲအရေအတွက်သည် လက်ခံနိုင်သည့် အခြေအနေတွင်ရှိကြောင်း ပခုက္ကူ NLD မှ သိရသည်။ ပခုက္ကူမြို့တွင် မဲရုံအများဆုံးနှင့် မဲပေးနိုင်သည့် လူဦးရေ ၇၈၄၈ ဦးရှိပြီး အမှတ်(၃) ရပ်ကွက်တွင် ကြိုတင်မဲ ၁၂၈ မဲသာရှိကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"တခြားနေရာတွေမှာလည်း ကြိုတင်မဲက ဆယ်ဂဏန်းလေးတွေလောက်ပဲရှိတယ်" ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။
-------------------------------------------------------------------------------------
နယ်စပ်စည်ပင်ဝန်ကြီးက သတင်းမီဒီယာများအား မဲရုံမှ ကိုက် ၅၀၀ အကွာမောင်းထုတ် ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၂၀ မိနစ်


နေပြည်တော် ဇမ္ဗူသီရိ မဲရုံ ၁/၁ အထက ၅ မဲရုံတွင် သမ္မတဦးသိန်းစိန် မဲလာထည့်မည်ကို သတင်းမီဒီယာများ စောင့်ဆိုင်လျှက်ရှိကြရာ နယ်စပ်စည်ပင်ဝန်ကြီး ဦးသိန်းညွန့် မဲလာထည့်အပြီး စောင့်ဆိုင်းနေကြသည့် မီဒီယာများအား ကိုက် ၅၀၀ အကွာအဝေးအတွင်း ရောက်ရှိနေသဖြင့် ဖယ်ရှားကြရန် ပြောဆိုသွားသည်ဟု YPI သတင်းထောက်မှ သတင်းပေးပို့သည်။
လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ လည်းယင်းမဲရုံတွင် မကြာမီ မိနစ်ပိုင်းက မဲထည့်ပြီးစီးသွားပြီဖြစ် သည်။

_______________________________________________________
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)


မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။


မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
By: Popular Myanmar News Journal


မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊မဲရုံများမြင်ကွင်း
By: National League for Democracy

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးအရှေ့ရပ်ကွက်တွင် မဲရုံ ၄ ရုံ၌ လာရောက်မဲပေးသူ အမျိုးသမီး ၁၂ ဦးအား ကျပန်းမေးမြန်းရာ ၁၁ ဦးက NLD အားမဲပေးခဲ့သည်ဟု ဖြေကြားကြပြီး ကျန်တစ်ဦးက ပြည်ခိုင်ဖြိုးအား မဲပေးခဲ့သည်ဟု ဖြေကြားသည်။

နေပြည်တော်ခရိုင် ဇမ္ဇူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မဲရုံအမှတ်( ၂၇၊ ၂၈) နှစ်ရုံတွင် မဲပေးရမည့်သူများမှာ ACE ကုမ္ပဏီမှ ဖြစ်ပြီး၊ မဲဆန္ဒရှင် ၂၃၀၀ ရှိသည်။ ယနေ့နံနက် မဲပေးကြရာ၌ ကိုက် ၅၀၀ အကွာ၌ လာရောက်မဲပေးသူ ကုမ္ပဏီဝန်ထမ်းများအား တစ်ဦးလျှင် ငွေတစ်ထောင်၊ ရေသန့်တစ်ဗူးနှင့် ထမင်းတစ်ထုပ် ဝေငှကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဒေါ်စန္ဒာမင်းမှ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေးကမူ "၄င်းကုမ္ပဏီက သူ့ဝန်ထမ်းတွေကို မနက်စာ ကျွေးနေကျမို့လို့ ကျွေးတာပါ"ဟု ပြန်လည်ဖြေကြားသည်။
ACE ကုမ္ပဏီမှ အသက် ၂၀ အရွယ် အမျိုးသားဝန်ထမ်း တစ်ဦးကမူ ပြည်ခိုင်ဖြိုးကို မဲပေးခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
7Day News Journal
_____________________________________________________________

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄)





လားရှိုးမြို့၊ အထက (၄) ကျောင်းအတွင်းရှိမဲရုံတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေးပြီး ပြန်ထွက်လာကြသော ဒေသခံများကို ယနေ့ နံနက်ပိုင်းက တွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည်သည် ၃ မိနစ်ခန့်မဲရုံတွင် ကြည့်ရှုခဲ့ပြီးနံနက် ၇ နာရီ ၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားပြီး၊ ငှက်အော်စမ်းမှတစ်ဆင့် ကော့မှူးမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။

ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁)တွင် ရွာ၏ အသက်ကြီးဆုံးအဘွားဖြစ်သူ အသက် (၉၅) နှစ်အရွယ်ရှိ ဒေါ်အေး မဲလာရောက်ပေးလျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၃)အမျိုးသားလွှတ်တော်အတွက် လားရှိုးမြို့နယ် မြို့ပေါ်ရှိ မဲရုံများတွင် ယခု ၇ နာရီ ၁၅ မိနစ်အထိ မဲလာရောက်ပေးသူ ၄၀ ဦး ရှိသည်။
တန့်ယန်းမြို့နယ် အထက(၁) မဲရုံတွင် တရုတ်လူမျိုး၊ မွတ်ဆလင်လူမျိုးများအပါအ၀င် တိုင်းရင်းသားများ အယောက် ၂၀၀ ကျော် မဲပေးလာပေးသွားပြီဖြစ်ကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောသည

်။
မိုင်းရယ်မြို့နယ်တွင် ဒေသအနေအထားအရ နံနက်စောစော ဘုရားဝတ်ပြုခြင်း၊နံနက်စာချက်ပြုတ်ခြင်းများရှိသောကြောင့် မဲလာပေးသူနည်းပါးနေပြီး ၉ နာရီ ၁၀ နာရီခန့်မှ လူစည်ကားမည်ဖြစ်ကြောင်း မိုင်းရယ် NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သိန္တွီမြို့နယ် အမက တောင်ညွန့်တွင် အယောက် ၁၀၀ နီးပါး မဲလာပေးသွားပြီဖြစ်သည်။ ယင်းမြို့သည် နံနက် ၆ နာရီမထိုးခင်ကတည်းက မဲပေးမည့် သူများ လာရောက်စောင့်ဆိုင်းနေသည်ဟုသိရသည်။
"NLD ကို မဲထည့်မယ့်သူတွေများမယ်လို့ ယုံကြည်တယ်။ မဲပေးရတာတော့ သိပ်မထူးခြားပါဘူး။ ၂၀၁၀ တုန်းက NLD မရှိလို့ ကြားဖြူကိုထည့်တယ်။ အခု NLD ရှိပြီ" ဟု လားရှိုးမြို့ အထက (၄)တွင် လာရောက်မဲပေးသွားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးညီအစ်မနှစ်ဦးကပြောသည်။
တောင်ငူမြို့၊ ၁၈ ရပ်ကွက် ကြာနီကန်အနောက်ခြမ်းမဲရုံအမှတ်(

၁)တွင် မဲဆန္ဒရှင်တစ်ဦးအား NLD အင်္ကျီဝတ်ဆင်လာ၍ အင်္ကျီပြန်လဲခိုင်းကြောင်းသိရသည်။ ထို့အပြင် အဆိုပါ မဲရုံတွင် မဲပေးမည့်သူများစုပြုံရောက်ရှိလာ၍ မဲစလစ်ပြားနှင့် မှတ်ပုံတင် ထပ်ထားရန် မဲရုံမှူးကပြောကြားနေသည်ကိုတွေ့ရသည်။
တောင်ငူမြို့နယ်တွင် ၁၈ ရပ်ကွက်ရှိပြီး မဲပေးနေကြပြီဖြစ်သည်။ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးသူတစ်ဦး၏ ပြောဆိုချက်အရ ယခုကြားဖြတ်ရွေးကောက်ပွဲသည် ပိုမိုလွတ်လပ်မှုရှိကြောင်းသိရသည်။

မဲပေးသူတစ်ဦးက "အရင်အခေါက်ထက် ပိုလွတ်လပ်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘူး။ NLD ကိုမဲပေးခဲ့တယ်။ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရပ်တည်ချက်အတိုင်း ဖြစ်လို့ပဲ" ဟု ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် ကြိုတင်မဲပေးမှုအနေအထားမှာ ယခုနှစ်တွင် ၂၈၃ မဲရှိပြီး၊
ယခင်ရွေးကောက်ပွဲကာလက ကြိုတင်မဲပေးမှုမှုမှာ ၁၈၀၀ ၀န်းကျင်ရှိခဲ့သဖြင့်များစွာလျေ

ာ့နည်းသွားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
မဲပေးချိန် ၁ နာရီခန့်ရှိပြီဖြစ်သော်လည်း မဲပေးသူအရေအတွက်နည်းနေသေးပြီး အချို့သော မဲရုံများတွက် လျှပ်စစ်မီးပြတ်တောက်နေမှုများကြောင့် မီးစက်များနှိုးကာ
ဆောင်ရွက်နေကြသည်။

မိတ္ထီလာမြို့နယ်ရှိ မဲရုံများတွင် မဲပေးကြရာ၌ မဲစာရင်းမပါသူ များပြားနေကြောင်း၊ ၂၀၁၀ မဲပေးစဉ်ကပေးခဲ့သော်လည်း ယခုမပါရှိကြောင်း ယမန်နေ့က ရပ်ကွက်ရုံးသို့ အသိပေးပြောခဲ့ကြောင်း မဲပေးသူများထံမှသိရသည်။


7Day News Journal

_____________________________________________________________________

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃)


မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )
မဲစာရင်းတွင် မပါသူများ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့်လာရောက်သော်လည်း မဲပေးခွင့်မရ
၂၀၁၂ ၊ ဧပြီ ၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်

မြောင်းမြမြို့ ထောင်ရောင်နေလမ်း မဲရုံရဲ့ ကိုက် ၁၀၀ အကွာမှာ လုံခြုံရေး လက်ပတ် ပတ်ထားသူ ၂ ဦးက လမ်း တစ်ဖက် တစ်ချက်စီမှာ စောင့်ပြီး မဲစာရင်းတွင် မပါသော်လည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့် လာပါက မဲရုံမှူးက စိစစ်ကာ မဲပေးခွင့်ပြုမည်ဟု ကော်မရှင်က ယခင်ရက်များက ပြောဆိုထားသဖြင့် ယူဆောင်၍ မဲလာပေး သူများအား ပြန်လွှတ်နေသည်ဟု မြောင်းမြရောက် YPI သတင်းထောက်က သတင်းပေးပို့သည်။

Yangon Press International
_____________________________________________________________________


ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂)



မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )
ဧပြီ ၁၊ နံနက် ၇ နာရီ

မဟာအောင်မြေမြို့နယ်မှာ ကြိုတင်မဲ စုစုပေါင်း ၂၉၃ မဲသာရှိကြောင်း မြို့နယ်ကော်မရှင်က သတင်းထောက်များအား တရားဝင်ပြောဆိုသည်။

နေပြည်တော် ဇမ္ဗူသီရိမှာ မှတ်ပုံတင်နံပါတ်မှားနေသော်လည်း

မဲပေးခွင့်ရသည်ဟု မဲပေးခဲ့သူက ပြောသည်။ နေပြည်တော် ပြန်ကပြေး အထက ၄ မဲရုံမှာ မဲစာရင်းကို ယမန်နေ့ညနေတွင်မှ ကပ်သဖြင့် မဲပေးသူများ မိမိအမည်ရှာဖွေနေရသည့် အခက်အခဲကြောင့် အချိန်ကြန့်ကြာမှုရှိနေ၊ ရှာမတွေ့သူက များသဖြင့် အချို့က စိတ်ပျက်၍ မပေးတော့ဟု ပြောဆိုမှုများ ကြားသိနေရသည်။

ပုသိမ်မြို့တွင်မဲပေးသူ ခပ်ကျဲကျဲသာတွေ့မြင်နေရကြောင်း YPI သတင်းထောက်များက ပေးပို့သည်။


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မှတ်ပုံတင်နံပါတ်အမှားများဖြင့် မဲစာရင်းပြုစုထားသည်ကို တွေ့ရစဉ်။ မတ်လ ၃၁ ရက်၊ (သတင်းဓါတ်ပုံ-ဆိုင်းဆွတ်-YPI)

Yangon Press International
____________________________________________________________________
 ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁)


မင်္ဂလာတောင်ညွန့်မြို့နယ် ရှိမဲရုံတရုံရှေ့တွင် ပြည်ပ သတင်းထောက်များက မဲရုံအနီးတွင် သတင်းယူနေကြစဉ် -ဧပြီ ၁ ရက်၊ သတင်းဓါတ်ပုံ-အိမ့်ခိုင်ဦး )

မန္တလေးမှာ မဲရုံဖွင့်ပြီ ၊ နေပြည်တော်မှာ ကားနဲ့သယ်လာပြီးမဲပေးဖို့ စီစဉ်ထား၊
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၁)
နံနက် ၆ နာရီမိနစ် ၂၀၊ ဧပြီ ၁ ရက်၊ ၂၀၁၂ -YPI

မန္တလေး မဟာအောင်မြေမြို့နယ်တွင် မဲပေးမည့်သူများ မဖွင့်မီလာရောက် စောင့်ဆိုင်းနေကာ ဖွင့်သည်နှင့် မဲပေးလျှက်ရှိကြ၊ ၂၀၁၀ ထက်ပိုမိုစိတ်ဝင်စားလျှက်ရှိသည်


မဲပေးပြီးသူ ၁၂ ဦးအား မေးမြန်းရာ အားလုံး ဒီချုပ်ကို ပေးခဲ့သည်ဟု YPI သို့ပြောသည်။

နေပြည်တော် ဇမ္ဗူသီရိတွင်မူ ACE (ဟိုတယ်၊ အားကာ ၀န်ကြီး ဦးတင့်ဆန်းပိုင် ဆောက်လုပ်ရေး ကုမ္ပဏီ) လုပ်ငန်းခွင်တွင် အလုပ်သမား ၁၆၀၀ ကျော်မဲပေးခွင့်ရမည်ဖြစ်၍ ကားကြီးများဖြင့် ခေါ်ယူလာကာ အလုပ်သမားများ မဲရုံရှေ့တွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။

အလုပ်သမားများအား ကုမ္ပဏီမှ ယမန်နေ့ညကတည်း က မှာကြားထားသည်မှာ ယနေ့ ကားဖြင့်အသွားအပြန်ပို့ပေးမည်၊ ထမင်းကျွေးမည်၊ နေ့တွက်ခ ၁၀၀၀ ကျပ်ပေးမည်၊ ကြံ့ခိုင်ရေးကို မဲပေးပါဟု မှာကြားထားကြောင်း အလုပ်သမားတဦးက YPI သို့ပြောသည်။
၎င်းတို့ ယခုမဲပေးမည့်နေရာသည် ဇမ္ဗူသီရိမြို့နယ် ဂုံမင်းအင်း၊ ရှားတော၊ သဲကြီးကုန်း ကျေးရွာအုပ်စုတွင်ဖြစ်သည်။

အောင်ပန်း
ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်တွင်မူ ၆ နာရီ ၁၀ မိနစ်ထိ မဖွင့်သေးသည့် မဲရုံများတွေ့နေရသည်။ မဲပေးသူ အနည်းငယ်မျှသာတွေ့သေးသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။
Yangon Press International


 ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးအောင်သောင်းနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းစဉ် နတ်နွားတော်ပို့ရွာအနီး ဦးကံစိန် (အသက် ၃၈ နှစ်) ကို စည်းရုံးရေးယာဉ်တန်း ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တွင် အဆိုပါ သေဆုံးသူ၏ ဇနီးသည်ကို အခုအချိန်အထိ လျော်ကြေး ပေးလျော်ခြင်း မရှိသည့်အပြင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှူးနှင့် ပြရာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့မှ ကြားက ဝင်ရောက် ဆောင်ရွက်နေသည်ဟု သိရပါသည်။

“ကျမ အိမ်သားက တဖက်ရွာကို ဧည့်သည်လိုက်ပို့ရင်း အတိုက်ခံရတာပါ။ ကျမ အခု အိုးမဲ့အိမ်မဲ့ဖြစ်နေပါပြီ၊ ကျမမှာ ၈ နှစ်သားနှင့် ၄ နှစ်သမီးရယ် စုစုပေါင်း မိသားစု ၃ယောက် ရှိပါတယ်။ ကလေးလေးတွေပဲ ကျန်ခဲ့တော့ ဘာမှ လုပ်ကိုင် မစားသောက်တတ်သေးပါဘူး။ အိမ်ထောင်ရှင်ကလဲ ဒီလိုဖြစ်သွားတော့ ကျမကလဲ အရင်တုန်းက ဘာမှ မလုပ်ရတော့ ဘယ်လိုကို ဆုံးဖြတ်ရမှန်း မသိသေးပါဘူး။ အခု ပြရာကျေးရွာဘေးက ထန်းတောမှာ တဲထိုးပြီး မိရိုးဖလာ ထန်းတက်ပြီး နေနေရပါတယ်။” ဟု သေဆုံးသူ၏ ဇနီးဖြစ်သူ မဗေဒါက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

အဆိုပါ ယာဉ်တိုက်မှုကို ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်သည့်အတွက် သေဆုံးပြီး နောက်တရက်မှာပဲ ဈာပန အခမ်းအနားကို သေဆုံးသူ၏ ဇနီးဖြစ်သူ ကပဲ ဆောင်ရွက်လိုက်ရသည်ဟု သိရပါသည်။

မတ်လ ၂၂ ရက်နေ့မှာတော့ နွားထိုးကြီးရဲစခန်းမှ စခန်းမှူးမှ ဦးကံစိန်၏ ဇနီးဖြစ်သူကို ကားပိုင်ရှင်က တွေ့ဆုံစကားပြောချင်လို့ပါ ဆိုပြီး ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရပါသည်။ “ကျမ ဘာလုပ်ကိုင်စားလဲ၊ မိသားစု ဘယ်နှယောက် ကျန်လဲ” စတဲ့ မေးခွန်းတွေသာ မေးမြန်းပြီး ပြန်လွှတ်လိုက်သည်ဟု မဗေဒါက ပြောပါသည်။

မတ်လ ၃၀ ရက်နေ့မှာ ကားဒရိုင်ဘာရဲ့ ညီမနှင့် အမဖြစ်သူတို့ ပြရာကျေးရွာသို့ ရောက်ရှိလာပြီး ပြရာကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အပါအဝင် မဗေဒါကို လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

“လျော်ကြေးအနေနဲ့ ဘာမှ ပြောတာမျိုး မရှိသေးပါဘူး၊ မနစ်နာအောင်လို့ ကြည့်ကျက် လုပ်ပေးပါမယ်၊ အခု လာမည့် ၃ ရက်နေ့ကို စခန်းကို လာခဲ့ပါ၊ အုံနာကလဲ စကားပြောချင်တယ်၊ စခန်းမှာပဲ စကားပြောရအောင်၊ နောက်ပြီးတော့ အုပ်ချုပ်ရေးမှူးကို ဥက္ကဌအနေနဲ့ စာရွက်မှာ တံဆိပ်တုံး ထု၊ ခင်ဗျား နာမည်နဲ့ လက်မှတ်ပါ ထိုးပြီး ယူလာခဲ့ပါ လို့ ပြောသွားပါတယ်၊ ကြားထဲက ကျမ အရီးတယောက်က ညီးတို့ ဘယ်လောက်များ တို့ကို ထောက်ပံ့မလဲလို့ ပြောတော့ ဒရိုင်ဘာညီမက အဲတာတော့ သူတို့ မသိရကြောင်း၊ စခန်းကိုပဲ လာခဲ့ပါလို့ ပြောသွားပါတယ်” လို့ မဗေဒါက ပြောပါသည်။

သေဆုံးသူ ဦးကံစိန်ကို တိုက်မိခဲ့သည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးဆင်းခဲ့သည့် ဦးအောင်သောင်းနှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာ ဖြစ်သည်လို့ သတင်းရရှိပါသည်။

By ဇာဏီ
Source : Burma vj Media 





ပါမောက္ခပညာရေးမဂ္ဂဇင်း . ၃၁ မတ်လ ၂၀၁၂ —- ပြည်သူများအပေါ် ရက်စက်လှသော၊ အဂတိလိုက်စားမှု အဓမ္မလုပ်အားခိုင်းစေမှု မူးယစ်ဆေးဝါးအမှု တို့ဖြင့် နာမည်ဆိုးထွက်သော၊ တိုင်းရင်းသား သူပုန်တွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းပြီး လူအခွင့်အရေးအရေး ချိုးဖောက်မှု မျိုးစုံဖြင့် နာမည်ကြီးလှသော၊ ချမ်းသာတဲ့နိုင်ငံကို ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲ ရောက်သွားအောင် အလွဲစီမံခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရသည် လွန်ခဲ့သည့်နှစ်က ဗိုလ်ချုပ်ဟောင်းအများစုနှင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရကို အာဏာလွှဲခဲ့ပြီး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရိပ်အယောင်၊ တိုင်းရင်းသား သူပုန်တပ်တွေနှင့် အပစ်ရပ်စဲရေး၊ စီးပွားရေးကို ခေတ်မှီအောင် ပြုပြင်ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်ခဲ့သည်။

ထိုအပြောင်းအလဲများအပေါ် တကယ်မှ ဟုတ်ရဲ့လား၊ ဟန်ပြလား၊ နောက်ပြန်လှည့်နိုင်သလား စသဖြင့် စောကြောနေသူများအတွက် ဦးနှောက်မုန်တိုင်းဆင်ဖို့ အချက် (၄) ချက်ကို တင်ပြထားပါသည်။ ၄င်းအချက်များသည် CSMonitor.com ၏ အာဘော်မျှသာ ဖြစ်ပါသည်။

လက်ဇောင်းထက်သည့် အာဏာရှင်ကို ကြောက်သည်လည်းတပါး

မနှစ်က အနားယူသွားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မျက်မြင်ဒိဌ သမိုင်းအဖြစ်အပျက်များ အပေါ် သင်ခန်းစာ ယူသွားတာ ဖြစ်နိုင်သည်။ အစဉ်အလာအားဖြင့် မြန်မာပြည်က အာဏာရှင်တိုင်း သူ့ထက် လက်ဇောင်းထက်သည့် အာဏာရှင်ပေါ်သောအခါ နေ့ချင်းညချင်း အကျဉ်းစံဘ၀၊ သို့မဟုတ် အိမ်ချုပ်ဘ၀ ရောက်ရ၊ ဆွေမျိုးသားချင်းတွေ စည်းစိမ်ချမ်းသာတွေလည်း ပျက်စီးရသည့် အခြေအနေများနှင့် အဆုံးသတ်ရလေ့ ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတွက်မူ အရပ်သားအစိုးရကို ထိုးတင်ပေးလိုက်သည့်အတွက် သူ့ကို ဒုက္ခပေးလောက်သည့် နောက်ထပ် အာဏာရှင်တယောက်ပေါ်ပေါက်လာမည့်အရေးကို တွေးပူစရာမလိုတော့ပေ။ လက်ရှိ အာဏာသည် စစ်တပ်၊ အစိုးရအဖွဲ့၊ တဖြည်းဖြည်းအသက်ဝင်လာသော လွှတ်တော် အသီးသီးတို့တွင် ဖြန့်ကျက် ပျံ့နှံ့ကုန်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက်လည်း သဘာဝ သံယံဇာတကြွယ်ဝသော မြန်မာပြည်ကို သူထင်တိုင်းကျဲ အုပ်ချုပ်ခဲ့သည့်အချိန်က စုမိဆောင်းမိသည့် စည်းစိမ်ချမ်းသာ မပွန်းမပဲ့ဘဲ ကားလိပ်နောက်ကွယ်တွင် တိုးတိုးသက်သာ နေနိုင်သည်။



ပေါက်ဖော်ကြီး တရုတ်လက်မှ ရုန်းထွက်လိုခြင်းလည်း တပါး



စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အနောက်ကမ္ဘာနှင့် ဝေးကွာနေသော စစ်အစိုးရသည် အိမ်နီးချင်း ပေါက်ဖော်ကြီး လက်ထဲသို့ တစတစ ကျရောက်ခဲ့ရသည်၊ နိုင်ငံတကာ နိုင်ငံရေး ဇာတ်ခုံတွင်လည်း တရုတ်က အကာအကွယ် ပေးပြန်သဖြင့် စစ်အစိုးရနှင့် ခွဲမရသည့် သွေးသောက် ရဲဘော်ဖြစ်ခဲ့ရပြန်သည်။

မန်မာ စစ်ဗိုလ်ချုပ်တွေကို အဓိက လက်နက်ထောက်ပံ့ပေးသည်က လည်း တရုတ်၊ ကုန်သွယ်ရေးမှာလည်း ၃၅ ရာခိုင်နှုန်းက တရုတ်၊ အငြင်းပွားဖွယ် ရေကာတာများကိုလည်း တရုတ်ကုမ္မဏီများ လက်ကို ၀ ကွက် အပ်ခဲ့သည်။



မကြာသေးခင်နှစ်များ အတွင်းမှာ တရုတ် စီးပွားရေးသမားတွေ မြန်မာပြည်မြောက်ပိုင်းကို ဒီရေလို တလိမ့်လိမ့် ၀င်ခဲ့ကြသည်။ အမှန်တကယ် မြန်မာလူမျိုးတွေက တရုတ်အပေါ်မှာ မယုံကြည်သလို၊ စစ်တပ်ကိုယ်တိုင်ကလည်း တရုတ်အစိုးရက ထောက်ပံ့ပေးခဲ့သည့် ကွန်မြူနစ်သူပုန်ကို ကာလအတန်ကြာ၊ အသက်ပေါင်းများစွာပေးပြီး တိုက်ခဲ့ရသည့် အတွေ့အကြုံကို ဘယ်တော့မှ မမေ့ပေ။



စစ်အစိုးရအနေဖြင့် တရုတ်အပေါ် လုံးလုံးလျားလျားမှီခိုလာသဖြင့် ရှက်လာသဖြင့်၊ အနောက်နိုင်ငံတွေနှင့် ဆက်ဆံရေး ထူထောင်ပြီး တရုတ်ကို ထိန်းညှိရန် နည်းလမ်းကို ရှာဖွေလာသည်။ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကြောင်းပြု၍ အမေရိကန်နှင့် ဥရောပသမဂက ချမှတ်ထားသော စီးပွားရေးဒဏ်ခတ်ပိတ်ဆို့များကို ရုပ်သိမ်းစေလိုသည်။



အကောင်းဆုံးနည်းလမ်းက နိုင်ငံရေးကို ဖွင့်ပြီး မြန်မာပြည်ကြီးလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါပြီဟု ပြသပြီး ကမ္ဘာကြီးကို စည်းရုံးရန် ပင်ဖြစ်သည်။ သို့နှင့်ရွေးကောက်များပေါ်ပေါက်လာရသည်။

စီးပွားရေးဒဏ်ခတ်မှုနှင့် စီးပွားရေးဒုက္ခအပေါင်းတို့မှ ချုပ်ငြိမ်းလိုခြင်းလည်းတပါး



မြန်မာပြည်တွင် ၁၉၈၈ ခုနှစ်မတိုင်ခင် အရှေ့ပိုင်း ၂၆ နှစ်လုံးလုံး ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက အုပ်ချုပ်ခဲ့သည်။ စီးပွားရေးအရ မြောက်ကိုရီးယား လမ်းကြောင်းနှင့်ဆင်ပြီး တူသောအဆိုးကိုသာ ပေးခဲ့လေသည်။



နောက်ပိုင်းတွင် စီးပွားရေးတံခါး ပြန်ဖွင့်ခဲ့သဖြင့် အကျိုးရလဒ်တစုံတရာ ရလာသည်ဟု ဆိုနိုင်သည့်တိုင်အောင် မြန်မာစစ်အစိုးရအရာရှိများသည် အရှေ့တောင်အာရှတခွင့် ခရီးသွားသည့်အခါတိုင်း ခေါ်မကြား၊ အော်မကြား နောက်ကျခဲ့မှန်း ပိုပိုသိလာကြသည်။

လွန်ခဲ့သော နှစ်ငါးဆယ်က မြန်မာပြည်သည် ကမ္ဘာတွင် ဆန်စပါးအများဆုံး တင်ပို့သော နိုင်ငံဖြစ်ခဲ့လင့်ကစား ယခုအခါ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး တိုင်းပြည်ဘ၀ရောက်နေသည်၊ ဗိုလ်ချုပ်ကြီးများကိုယ်တိုင်းလည်း အရှက်ရ၊ ဂုဏ်သိက္ခာကျစရာဖြစ်ရသည်။ မြန်မာပြည်သည် ၂၀၁၅ အရောက်တွင် အာဆီယံ ဘုံဈေးကွက်ကို ပေါင်းစည်းရန် သံဓိဌာန်ချထားသဖြင့် ၂၁ ရာစု စီးပွားရေးဘ၀ကို အမီလိုက်ရန် နိုင်ငံတကာက ဘက်စုံထောင့်စုံ အကူအညီလိုအပ်သည်။



ထို့အတွက် အနောက်နိုင်ငံများက ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းသွားရန်လိုအပ်လာသည်။ ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း (ဒီမိုကရက်တိုက်ဇေးရှင်း) လိုအပ်လာသည်၊ အနည်းဆုံး အနောက် ကမ္ဘာက ကျေနပ်သည့်အခြေအနေ လိုအပ်လာသည်။



အာရတ်နွေဦး ပစ္စရော – ဟောတု

မြန်မာပြည်အဖြစ်အပျက်များက အာရတ်နွေဦးကို အာရှဇာတ်သွင်းထားသော အပြောင်းအလဲမျိုး မဟုတ်ပြန်ပေ။ မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာပြည်မှာ ဒီမိုကရေစီလမ်းပြမြေပုံဆိုသော အစီအစဉ်ကို အာရတ်နွေဦး မတိုင်ခင် နှစ်ပေါင်းအတန်ကြာတည်းက ချမှတ်ထားလေသည်၊ အရှေ့အလယ်ပိုင်းက အဖြစ်အပျက်များကြောင့် ကြောက်ဖျားမဖျားခင် ကတည်းက ဖြည်းဖြည်းနှေးနှေး ရွေ့ခဲ့ကြပေသည်။

ပို၍ အရေးကြီးသည့်ကိစ္စမှာ အစိုးရသည် ၁၉၈၈ နှင့် ၂၀၀၇ လူထုအုံကြွမှုများကို အောင်မြင်စွာ (ရက်ရက်စက်စက်) နှိမ်နင်းနိုင်ခဲ့သဖြင့် မြန်မာပြည်အပြောင်းအလဲသည် လူထုလှုပ်ရှားမှုများကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာ သည်လည်း မဟုတ်ပြန်ပေ။ အပြောင်းအလဲဖြစ်စဉ်သည် အထက်မှ လာသော ပုံစံဖြစ်သည်၊ ဗိုလ်ချုပ်များကိုယ်တိုင်က အပြောင်းအလဲ အပြောင်းအလဲလုပ်ရန် သူ့အကြောင်းနှင့်သူ (တခြားအချက်များတွင် ဖော်ပြခဲ့ပြီး) ရှိခဲ့သည်။

အရှေ့အလယ်ပိုင်း အာရှနွေဦး၏ မငြိမ်သက်မှုများကို မြင်တွေ့ရသောအခါတွင် ငါတို့ အမြော်အမြင်ကြီးလှပါတကားဟု သူတို့ကိုယ်သူတို့ အမှတ်ပေးကောင်းပေးနေကြလိမ့်မည်။

ညီစောလွင်

Source: Christian Science Monitor

—မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲကို (CNN) စီအင်န်အင်န်က ကော့မှုးကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။  

မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း​ တတိယ​မြောက် ကျင်း​ပမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူ​တွေ၊​ နိုင်ငံတကာ မီဒီယာ​တွေက ​ရွေး​ကောက်ပွဲမတိုင်ခင် ရက်ပိုင်း​ အလိုကတည်း​က စိတ်ဝင်တစား​ ​စောင့်​ကြည့်​လေ့​လာ သတင်း​ယူ ​ရေး​သား​ ​ဖော်ပြ​နေကြပါတယ်။

ဧပြီ (၁)ရက်မြန်မာ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ဥ​ရောပသမဂ္ဂ၊​ အ​မေရိကန်၊​ က​နေဒါ ဩစ​တြေး​လျ၊​ ဂျပန် အိနိယနဲ့​ အာဆီယံ အဖွဲ့​ကြီး​တို့​က နိုင်ငံတကာ ​ရွေး​ကောက်ပွဲ ​လေ့​လာသူ​ပေါင်း​ ၁၅၀ ​ကျော်က မဲ​ပေး​မှုကို ​စောင့်​ကြည့်​ကြမှာပါ။ နယူး​ယောက်မြို့​ အ​ခြေစိုက် ကုလသမဂ္ဂ ရုံး​ချုပ်က ကိုယ်စား​လှယ် ကိုယ်တိုင် ​ရွေး​ကောက်ပွဲ အတွက် လာ​ရောက်မယ်လို့​ ကုလသမဂ္ဂက မတ် ၃၁ ရက်​နေ့​မှာ သတင်း​ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်း​နဲ့​ ပြန်ကြား​ရေး​ ဌာနက​တော့​ မြန်မာ့​ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ မြန်မာ့​သမိုင်း​ အတွက် အတိမ်း​အ​စောင်း​ မခံဘဲ အသည်း​အသန် အ​ရေး​ပါတဲ့​ အချိန်ကာလလို့​ လွတ်လပ်တဲ့​ ပညာရှင်တ​ယောက်ရဲ့​ စကား​ကို ကိုး​ကား​ဖော်ပြပါတယ်။

ထိုင်း​လွှတ်​တော်ရုံး​က​တော့​ ကိုယ်စား​လှယ် ၃ ​ယောက်ကို လွှတ်ခဲ့​ပြီး​ ထိုင်း​ မီဒီယာ ၃ ခု က​တော့​ ​ကော့​မှူး​၊​ မရမ်း​ကုန်း​နဲ့​ မင်္ဂလာ​တောင်ညွန့်​ မြို့​နယ်တို့​က မဲရုံ​တွေကို ​စောင့်​ကြည့်​ မှတ်တမ်း​တင် ကြမှာပါ။

ဩစ​တြေး​လျနိုင်ငံက ​လေ့​လာသူ ၅ ဦး​က​တော့​ ဧရာဝတီတိုင်း​ကို သွား​မှာ ဖြစ်ပြီး​ ​နောက်တဦး​က​တော့​ မ​ကွေး​တိုင်း​ကို သွား​မယ်လို့​ ဩစ​တြေး​လျသံရုံး​က ​ပြောပါတယ်။ လူ့​အခွင့်​အ​ရေး​အတွက် နိုင်ငံတကာအဖွဲ့​ချုပ် (FIDH)၊​ လူ့​အခွင့်​အ​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဆိုင်ရာ အာရှဖို့​ရမ်(Forum-Asia)၊​ မြန်မာ့​အ​ရေး​ အာဆီယံကွန်ယက်(Asean-Burma)နဲ့​ မြန်မာ့​ဒီမိုက​ရေစီ အတွက်ဖိုရမ် (FDB) တို့​ က​တော့​ ပုံမမှန်မှု​တွေနဲ့​ စိစစ်​ရေး​တွေ​ကြောင့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်း​ပျက် ဖြစ်​နေပြီလို့​ ​ပြောပြီး​ ပြုပြင်​ပြောင်း​လဲ​ရေး​လုပ်ဖို့​ တိုက်တွန်း​တဲ့​ ​ကြေညာချက် တ​စောင် ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ့​လူ့​အခွင့်​အ​ရေး​ဆိုင်ရာ ကုလသမဂ္ဂ အထူး​သံတမန် ​သောမတ်စ် အို​ဟေး​ ကင်တား​နား​က ဒီကြား​ဖြတ်​ရွေး​ ​ကောက်ပွဲဟာ အစိုး​ရအတွက် ဒီမိုက​ရေစီ ပြုပြင် ​ပြောင်း​လဲ​ရေး​ အ​ကောင်အထည်​ဖော်ရာမှာ တိုး​တက်မှု ရှိ မရှိ အဓိက စမ်း​သပ်ချက်ဖြစ်တယ်လို့​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ၂၀၁၀ ​ရွေး​ကောက်ပွဲဟာ ချို့​ယွင်း​ချက် အပြစ် အနာအဆာ​တွေ ရှိခဲ့​လို့​ နိုင်ငံတကာ စံချိန်ကို မပြည့်​မီခဲ့​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ဒါ​ကြောင့်​ ဒီမိုက​ရေစီ ​ပြောင်း​လဲမှု အတွင်း​ စိန်​ခေါ်ချက်​တွေကို ​ဖြေရှင်း​ရမယ့်​ အခွင့်​အ​ရေး​ကို လက်လွတ်ခဲ့​တယ်။ ပိုပွင့်​လင်း​လာတဲ့​ ​ခေတ်သစ်မှာ ဒါမျိုး​အဖြစ်အပျက် ထပ်ပြီး​ မဖြစ်သင့်​ဘူး​လို့​လည်း​ ​ပြောပါတယ်။

ဧပြီ ၁ ရက်​နေ့​မှာ ကျင်း​ပမယ့်​ မြန်မာနိုင်ငံ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​အောင်မြင်မှုရဲ့​ အ​ရေး​ပါပုံကို အ​မေရိကန် အစိုး​ရဗျူဟာနဲ့​ ဘက်​ပေါင်း​စုံ​ရေး​ရာဌာန ဒု – လက်​ထောက် အတွင်း​ရေး​မှူး​ နီရဗ်ပ​တေး​က အာဆီယံ အတွင်း​ဝန်များ​ရုံး​အတွင်း​ ​ဟော​ပြောပို့​ချချက်အပြီး​ မတ် ၃၀ ရက်​နေ့​က ​ပြောပါတယ်။ ဒီအ​ကြောင်း​ကို​တော့​ ဆင်ဟွာ သတင်း​ဌာနက ​ဖော်ပြတာပါ။ အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုး​ရရဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာဖို့​ ဖိတ်ကြား​ချက်အ​ပေါ် အာဆီယံ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ရုံး​က မြန်မာ့​နိုင်ငံ​ရေး​ ဖြစ်စဉ်ကို ပံ့​ပိုး​ရတာ ​ကျေနပ်ဝမ်း​မြောက်​ကြောင်း​ တုံ့​ပြန်​ပြောဆိုပါတယ်။ အမျိုး​သား​ရင်ကြား​ ​စေ့​ရေး​ကို အား​ပေး​ဖို့​ ​မေ်ွာ်လင့်​ထား​တဲ့​ သိသာထင်ရှား​တဲ့​ နိုင်ငံ​ရေး​ ဖြစ်စဉ်ပဲလို့​လည်း​ ​ပြောပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ စစ်အုပ်ချုပ်​ရေး​အောက်မှာ နှစ် ၅၀ နီး​ပါး​ ​နေခဲ့​ရတဲ့​ ပြည်သူ​တွေရဲ့​ အ​ကြောက်တရား​နဲ့​ တိတ်ဆိတ်မှုကို ဖယ်ရှား​ဖို့​ အစိုး​ရရဲ့​ ကတိပြုချက်ကို စစ်​ဆေး​တဲ့​ စမ်း​သပ်ချက်ပဲလို့​ အကဲခတ်​တွေရဲ့​စကား​ကို ကိုး​ကား​ပြီး​ မတ် ၃၁ ရက်​နေ့​မှာ ထုတ်လွှင့်​တဲ့​ စီအန်အန် သတင်း​ဌာနက ​ကြေညာပါတယ်။ စီအန်အန်သတင်း​ဌာနဟာ မြန်မာ​ရွေး​ကောက်ပွဲကို ပြည်တွင်း​က​နေ တိုက်ရိုက်ထုတ်လွှင့်​ပြသမှု​တွေလည်း​ပြုလုပ်​နေပါတယ်။

အေအက်ဖ်ပီ သတင်း​ဌာနက​တော့​ အ​မေရိကန်က မြန်မာ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် ​လေ့​လာသူ ၂ ဦး​ ​စေလွှတ်​ကြောင်း​ သတင်း​ ထုတ်ပြန်ပါတယ်။ မြန်မာအစိုး​ရရဲ့​ ဖိတ်ကြား​ချက်အရ ​စေလွှတ်တာလို့​လည်း​ ​ဖော်ပြပါတယ်။

အ​မေရိကန်​လေ့​လာသူ ၂ ဦး​ဟာ မတ် ၂၈ ရက်က​နေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ ​နေထိုင်ပြီး​ မဲ​ပေး​မှု အ​ခြေအ​နေကို ​လေ့​လာမယ်လို့​ အ​မေရိကန် အစိုး​ရ ​ပြောခွင့်​ရသူ ဗစ်တိုရီး​ယား​ နူလန်း​က ​ပြောပါတယ်။ ​လေ့​လာသူ ၂ ဦး​အပြင် အ​မေရိကန် စာနယ်ဇင်း​သမား​တွေနဲ့​ နိုင်ငံတကာ စာနယ်ဇင်း​သမား​တွေ အ​ပေါ်လဲ ​မေ်ွာ်လင့်​ချက် ထား​ကြောင်း​ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

မတ် ၃၀ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့​စ် သတင်း​စာက​တော့​ ​ရွေး​ကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်း​တွေကို ခြယ်မှုန်း​ ​ဖော်ပြထား​ပါတယ်။ နာဂစ်မုန်တိုင်း​အပြီး​ ပြန်လည်ထူ ​ထောင်​ရေး​ အား​ထုတ်စဉ်က ​ဒေသခံ လုပ်အား​ပေး​ အုပ်စု​တွေနဲ့​ ချိတ်ဆက်ပြီး​ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ခဲ့​တယ်။ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာလည်း​ ​ဒေသခံ ​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​သူ အ​ယောက် ၂၀၀၀ ​ကျော်က သတင်း​အချက်အလက်​တွေကို ဗဟိုကို ​ပေး​ပို့​လိမ့်​မယ်လို့​ လွတ်လပ်​သော ​ရွေး​ကောက်ပွဲအတွက် အာရှကွန်ယက်က ​ဒေသခံ အရာရှိနဲ့​ ၈၈ မျိုး​ဆက်အုပ်စု အဖွဲ့​ဝင်ဦး​တင်​မောင်​ထွေး​ကို ကိုး​ကား​ပြီး​ ​ဖော်ပြထား​ပါတယ်။ မြန်မာ့​ရွေး​ကောက်ပွဲ ​စောင့်​ကြည့်​ ​လေ့​လာသူများ​ ​ခေါင်း​စဉ်​အောက်မှာ ​ဒေသခံ ​စောင့်​ကြည့်​သူ​တွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ ​စောင့်​ကြည့်​ဖို့​ ခွင့်​ပြုချက် ရထား​ကြောင်း​လည်း​ ​ဖော်ပြပါတယ်။

မတ် ၃၀ ရက်​နေ့​ထုတ် ​ဝေါလ် စထရိတ် ဂျာနယ်က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ သတင်း​ စာရှင်း​လင်း​ပွဲအတွင်း​ ​ပြောဆိုချက်ကို ​ဖော်ပြပါတယ်။ ​ရွေး​ကောက်ပွဲအပြီး​ အ​နောက်နိုင်ငံ ​တွေက မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ ဒဏ်ခတ်မှု​တွေ ရုတ်သိမ်း​သင့်​ မသင့်​နဲ့​ ဆက်စပ် သတင်း​ ထုတ်ပြန်ပါတယ်။

ကြား​ဖြတ်​ရွေး​ကောက်ပွဲ အတွင်း​ ပုံမမှန်မှု​တွေ​ကြောင့်​ ​ရွေး​ကောက်ပွဲအတွင်း​ တရား​မ်ွတမှုရှိ မရှိ စိုး​ရိမ်မှု​တွေ အသည်း​အသန် မြင့်​တက်​နေတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က မတ် ၃၀ ရက်​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲ အတွင်း​ ​ပြောဆိုလိုက်တာပါ။ တကယ်လို့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဟာ လွတ်လပ်ပြီး​ တရား​မ်ွတခဲ့​ရင် အ​မေရိကန်နဲ့​ ဥ​ရောပနိုင်ငံ​တွေက ဒဏ်ခတ် ပိတ်ဆို့​မှု​တွေကို ဧပြီလက စပြီး​ ​စောနိုင်သမ်ွ ​စော​စော ရုပ်သိမ်း​ပေး​ချင်တယ်လို့​ ​ပြောခဲ့​ပြီး​ပါပြီ။ အ​မေရိကန်က​ရော ဥ​ရောပကပါ သူတို့​ဆုံး​ဖြတ်တဲ့​အခါ ​ဒေါ်​အောင်ဆန်း​စု့​ကြည်ရဲ့​ အကြံပြုချက်ကို အ​လေး​အနက် ထား​မယ်လို့​ ​ပြောခဲ့​ဖူး​ပါတယ်။

ရိုက်တာ သတင်း​ဌာနက​တော့​ မတ် ၃၁ ရက်​နေ့​မှာ မဲဆွယ်ပွဲ အခင်း​အကျင်း​တွေနဲ့​ မဲရုံ​တွေမှာ ပြင်ဆင်​နေပုံ​တွေကို ထုတ်လွှင့်​ ပြသ​နေပါတယ်။

ဒီဗွီဘီ

မြင့်လှိုင်၊ 




Time Magazine here

အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့ပြည်သူတွေကို လွှမ်းမိုးနိုင်တဲ့ ပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ကြိုတင် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းတွင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ ပါဝင်ပါတယ်။ တိုင်းမ် မဂ္ဂဇင်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံ မျက်နှာဖုံးနဲ့ ထုတ်ဝေခဲ့ဘူးသလို တိုင်းမ်မဂ္ဂဇင်းရဲ့ ထင်ရှား ကျော်ကြားသူ ၁၀၀ စာရင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခဲ့ပြီး ဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု အခြေစိုက် မဂ္ဂဇင်းတခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို ထပ်မံ ထည့်သွင်းမှုဟာ အဆန်းတကြယ် မဟုတ်ပေမယ့် ဦးသိန်းစိန်ရဲ့ အမည်ကို ထည့်သွင်းခဲ့တာကတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာစစ်အရာရှိဟောင်း ဦးသိန်းစိန်မတိုင်မီ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေဟာ ဆာဒန်ဟူစိန်၊ ကဒါဖီ၊ ကင်မ်ဂျုံအီးတို့နဲ့အတူ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး အာဏာရှင်တဦးရဲ့ လက်အောက်က နိုင်ငံ၊ လွတ်လပ်မှု မရှိဘဲ နှစ်ပေါင်း ၅၀ ကြာ တံခါးပိတ် ဖိနှိပ်ခံထားရတဲ့နိုင်ငံအဖြစ် အနောက်နိုင်ငံအသိုင်းအ၀ိုင်းမှာ လူသိများပါတယ်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးခဲ့ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေး ရရှိစေခြင်း အပါအ၀င် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အချိန်တိုအတွင်း ပြုလုပ်လာခဲ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံ အစိုးရများအကြားမှာ နာမည်ကောင်းရလာသူ ဖြစ်ပါတယ်။ ဦးသိန်းစိန်နဲ့ ပတ်သက်ပြီး တိုင်းမ်မဂ္ဂဇင်းက ဖော်ပြတဲ့အခါ ဦးသိန်းစိန်ဟာ ကမ္ဘာကြီးက အံ့အားသင့်သွားစေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဦးသိန်းစိန်ကို တိုင်းမ် ၁၀၀ စာရင်းထဲ ထည့်သွင်းဖို့ သင့်၊ မသင့် မဲပေးကြရာမှာ (အခု သတင်းရေးသားချိန်အထိ) မဲပေးသူ ၈၈၉ ဦး (၅၀.၈၃ ရာနှုန်း) က ထည့်သွင်းသင့်တယ်လို့ ပြောကြပြီး ၈၆၀ ဦး (၄၉.၁၇ ရာနှုန်း) ကတော့ မထည့်သွင်းသင့်ဘူးလို့ ဆိုပါတယ်။ ဦးသိန်းစိန်ကို ဆန္ဒပြုလိုသူများအနေနဲ့ here ကနေ ဆန္ဒပြုနိုင်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဆန္ဒပြုသူ ၂၈၇၉ ဦး (၈၆.၉၈ ရာနှုန်း) က တိုင်းမ် ၁၀၀ စာရင်းထဲတွင် ပါဝင်သင့်တယ်လို့ သဘောထားပေးကြပြိး ၄၃၂ ဦး (၁၃.၀၂ ရာနှုန်း) ကတော့ မပါဝင်သင့်ဘူးလို့ မဲပေးထားကြပါတယ်။ ၂၀၁၁ ဇန်န၀ါရီ ၁၀ ရက်နေ့က ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင် The Fighter အမည်နဲ့ တွဲဖက်ကာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ဖော်ပြခဲ့သလို တိုင်းမ် ၁၀၀ စာရင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်အမည်ကို ယခင်က ထည့်သွင်း ဖော်ပြခဲ့ဘူးပါတယ်။ ထို့အပြင် မြန်မာနိုင်ငံက ဘလော့ဂ်ဂါ နေဘုန်းလတ်ဟာလည်း တိုင်းမ် ၁၀၀ စာရင်းဝင်တဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် ဆန္ဒပြုလိုသူများအနေနဲ့hereအင်တာနက်စာမျက်နှာမှတဆင့် ဆန္ဒပြုနိုင်ကြပါတယ်။

၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် နောက်ဆုံး မဲပေးနိုင်တဲ့ နေ့ရက်ကတော့ ၂၀၁၂ ဧပြီ ၆ ရက်နေ့အထိ ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းက အယ်ဒီတာတွေက အပြီးသတ် ရွေးချယ်ကြကာ ဧပြီ ၁၇ ရက်နေ့တွင် စာရင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ဒီနှစ် တိုင်းမ် ၁၀၀ စာရင်းတွင် အဆိုတော် အဒဲလ်၊ နစ်ကီ မနာ့(ဂ်ျ)၊ ရီယားနား၊ ဘီယွန်းစေး၊ လေဒီဂါဂါ တို့ ပါဝင်သလို တရုပ် ဒု သမ္မတ Xi Jinping ၊ မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်၊ ရုရှားခေါင်းဆောင် ဗလာဒီမီယာ ပူတင်၊ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနဲ့ သမ္မတကတော် မစ်ရှယ်လ် အိုဘားမား၊ ပြင်သစ် သမ္မတ နီကိုလတ်စ် စာကိုဇီတို့လည်း ပါဝင်ကြပါတယ်။ အားကစားသမားများထဲကတော့ အချိန်တိုအတွင်း ရုတ်ချည်း နာမည်ကြီးသွားတဲ့ အမေရိကန် ဘတ်စကက်ဘောသမား (နယူးယောက် နစ်က် အသင်းက ) ဂျာရမီ လင်းမ်၊ ကမ္ဘာကျော် ဘော်လုံးသမား လိုင်ယွန်နယ် မက်စီ တို့ ပါဝင်ပြီး အမေရိကန်အိုင်ဒယ်လ် အစီအစဉ်က အစီအစဉ်ကြေငြာသူ ရိုင်ယဲန် စီးကရက်၊ အမေရိကန် ရုပ်သံ အစီအစဉ်တွေမှာ နာမည်ကြီးတဲ့ အိုပရာ ၀င်းဖရီး၊ ရုပ်ရှင်မင်းသား ဂျော့ရှ် ကလူနီ၊ ဖေ့စ်ဘွတ် တည်ထောင်သူ မာ့က် ဇက်ကဘတ်တို့လည်း ၂၀၁၂ တိုင်းမ် ၁၀၀ စာရင်းအတွက် လျာထားသူစာရင်းထဲမှာ ပါဝင်ကြပါတယ်။

တိုင်းမ်မဂ္ဂဇင်းက ၂၀၁၂ အတွက် ရွေးချယ်မယ့် ကမ္ဘာပေါ်က ပြည်သူတွေကို သြဇာလွှမ်းမိုးနိုင်သူ ၁၀၀ လျာထားသူများ စာရင်းမှာ ထူးထူးခြားခြား မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်တို့ ပါဝင်ခြင်းဟာ နိုင်ငံတကာမျက်နှာစာရဲ့ ထူးခြားချက်တခု ဖြစ်သလို ထိုပုဂ္ဂိုလ် နှစ်ဦးစလုံး ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့မယ်ဆိုရင်တော့ ပိုလို့တောင် ထူးခြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။



Original Source here
သတင်း - ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန် တိုင်းမ် မဂ္ဂဇင်း ၁၀၀ - 

Credit : Burma Today

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၏ ယနေ့(၃၁.၃.၂၀၁၂)ရက်နေ့သတင်းများ
by Ye Min Tun

မိတ်ဆွေများခင်ဗျား....
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၏ ယနေ့(၃၁.၃.၂၀၁၂)ရက်နေ့သတင်းများကို ပေးပို့လိုက်ပါသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်



(၃၁.၃.၂၀၁၂) သတင်းများ

ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမှတ်(၁၀) မဲရုံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ

ဖျာပုံမြို့နယ်

မဲရုံစုစုပေါင်း - ၂၅၁ ရုံ

မဲပေးမည့်သူလူဦးရေစာရင်း - ၁၄၄၇၃၅ ယောက် (နောက်ဆုံးအချုပ်မရသေးပါ)

ပါဝင်အရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းနှင့် ကိုယ်စားပြုပါတီများ

၁။ ဦးမန်းသိန်းလှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၂။ ဦးသိန်းဌေး(ခ)ဦးကျော်လင်း ခေတ်သစ်ပြည်သူ့ပါတီ

၃။ ဦးသိမ်းဆွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၎။ ဦးအေးကြိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ



ဒေးဒရဲမြို့နယ်

မံရုံပေါင်း - ၁၇၉ ရုံ

မဲပေးနိုင်သည့်လူဦးရေ - ၁၄၆၃၈၈ ယောက် (နောက်ဆုံးစာရင်းချုပ်)

အုပ်စုပေါင်း - (၉၃) အုပ်စု

ကျေးရွာပေါင်း - (၂၇၉) ရွာ

ပါဝင်အရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းနှင့် ကိုယ်စားပြုပါတီများ

၁။ မန်းသိန်းလှ - တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၂။ ဦးသိန်းဌေး -



ဒေးဒရဲမြို့နယ်သတင်း

ဒေးဒရဲမြို့နယ် ဆားကျင်းကျေးရွာတွင် တိုးအပိုင် (၂) မဲရုံတွင် မဲစာရင်း၌ အမည်စာရင်းထပ်သော ဦးရေစုစုပေါင်း ၁၁၅ဦးရှိနေသည်ကိုလည်း စုံစမ်းသိရှိရပါသည်။ အချို့ထပ်သူများမှာ ၄ကြိမ်ခန့်ထပ်သည်ကို တွေ့ရှိရသည်ဟု သတင်းပေးပို့သူများမှ ပြောဆိုပါသည်။ထိုမဲရုံတွင်ပင် လူမရှိသော ပြောင်းရွေ့ပြီးသား လူ၂၉ဦး အပိုပါနေသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုမဲစာရင်းတွင် မဲပေးရမည့်သူ ၃၈ဦး၏ စရင်းပါမလာကြောင်းကိုလည်း တွေ့ရှိရသည်။ ရပ်ကွက်ကျေးရွာ ကော်မရှင် ဦးနိုင်ဝင်းကိုလည်း အသိပေးအကြောင်းကြားထားပြီး ဖြစ်သော်လည်း မြို့နယ်ကော်မရှင်မှ စာရေးမလာသေး၍ မတင်ရသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု သိရပါသည်။တံတားဦးမြို့နယ်၊ အမှတ်(၁)နယ်မြေ၊ သာဂေါင်ရပ်တွင် အိမ်ထောင်ဦးစီးဦးလှမင်းအပါအ၀င် မိသားစုဝင်(၇)ယောက်လုံး မဲပေးနိုင်သူစာရင်းတွင် ပါရှိမလာကြောင်း သတင်းပေးပို့လာပါသည်။ မဲစာရင်းပြုစုရန် လွန်ခဲ့သည့် တစ်လလောက် စာရင်းလာကောက်သည့်အချိန်က စာရင်းမှတ်သွားသော်လည်း မဲစာရင်းထွက်လာသောအခါ ကျန်ရှိနေပါသည်။ ထို့ကြောင့် မိသားစုဝင်များမှ မကျေမနပ်ဖြစ်၍ သတင်းပေးပို့လာပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ရက်သည် စေတနာ့ဝန်ထမ်းနိုင်ငံသား စောင့်ကြည့်လေ့လာသူများနှင့် စေတနာ့ဝန်ထမ်း အမာခံ ကွန်ရက်အဖွဲ့ဝင်များဖြင့်သာ လေ့လာစောင့်ကြည့်လျက်ရှိပါသည်။



မရမ်းကုန်းမြို့နယ်သတင်း

မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီ အမှတ် ၅/ ၉၅၇ ၅ရပ်ကွက် မစန်းစန်းရင်တို့ အိမ်ထောင်စုစရင်းတွင် မစန်းစန်းရင် တစ်ဦးသာ မဲပေးနိုင်သည့်စရင်းတွင် ပါခဲ့ပြီး ဦးအောင်မော်သိန်း၊ ကိုဟန်မော်သိန်းတို့ နှစ်ဦးမှာ မဲပေးမည့်စရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရသောကြောင့် မဲပေးခွင့်မရှိသည့် သဘောမျိုးဖြစ်နေလျှက်ရှိပါသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့သုံးဦးစလုံးမဲပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ ၃၀.၃.၂၀၁၂နေ့ ညနေ ၃နာရီအချိန်မှ မဲစရင်းကပ်ထားခဲ့သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ၄င်းလည်းမည်သို့မှ မတတ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုအတူ ရွှေနှင်းဆီလမ်း မဲရုံအမှတ် ၄ တွင် မဲစာရင်းမပါသူ ၁၀၀ကျော်ရှိသည်ဟုလဲသိရှိရပါသည်။



မအူပင်မြို့နယ်သတင်း

၃၀.၃.၂၀၁၂နေ့တွင် မအူပင်မြို့နယ် မလက်တိုအုပ်စု ရွာတွဲမှ ၁၅ရွာအတွင်း စုစုပေါင်း ၁၃၀၆၂ဦး မဲစရင်းများရှိသည့်အနက် နောက်တိုးမဲပေးမည့်သူ ၁၅၀ခန့်ပါမလာပဲ ဖြစ်နေပါသည်။ ၄င်းတို့က ၂၁.၃.၂၀၁၂နေ ရပ်ကျေးရွာကော်မရှင်ကို အကြောင်းကြားထားသည်။ ၁ရပ်ကွက်နှင့် ၂ရပ်ကွက်တွင်လည်း အလားတူ အဖြစ်အပျက်မျိုးများ ရှိကြောင်းသိရှိရပါသည်။ ပန်းတင်အင်းကျေးရွာ ရေနက်ဆိပ်ကမ်းအနားတွင် ကိုကံဝင်ယောက္ခမ ဒေါ်မွှေးအား ကြိုတင်မဲကောက်ယူရာတွင် ပြည်ခိုင်ဖြိုးပါတီအား အမှန်ခြစ်ရန် အတင်းခိုင်းစေသွားခဲ့သည်ဟုသိရှိရပါသည်။ ခိုင်းစေသည့်သူမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ကြောင်းလည်း သိရှိရပါသည်။



လောင်းလုံမြို့နယ်သတင်း

၃၀.၃.၂၀၁၂ နေ့လည် ၁၁နာရီခန့်က လောင်းလုံမြို့နယ်ရွာဟောင်း ၀လေရွာကော်မရှင်အတွင်းရေးမှူး ဒေါ်နွဲ့မှ လူ၂၄ယောက်အား ကြိုတင်မဲကောက်ယူခဲ့သည်။ ၁၀ယောက်အား ၄င်းစိတ်ကြိုက် ပြည်ခိုင်ဖြိုးပါတီအား ခြစ်သွားခဲ့သည် ဟုဆိုသည်။ ဒေါ်စန်းနွဲ့မှ ကော်မရှင်ရုံးသို့ တိုက်ရိုက်မပို့ပဲ အိမ်သို့ ယူသွားပြီး ခြစ်ခဲ့သည်ဟု သိခဲ့ရပါသည်။ မဲပေးသူများမှ သွားပြောသည့်အခါမှ ကော်မရှင်ရုံးသို့ သွားပို့ခဲ့သည်ဟု သိရှိရပါသည်။



နေပြည်တော်သတင်း

နေပြည်တော်၊ ဒက္ခိဏမြို့နယ် ကျားကူးအရှေ့ရွာမှ မဲရုံတွင် ဒေါ်သိန်းညွှန့် ခြေထောက်ကျိုးနေသဖြင့် ကြိုတင်မဲသွားထည့်ရာ NLD ပါတီကို ထောက်ခံမဲ့ခြစ်ခိုင်းရာတွင် ကြံ့ခိုင်ရေးပါတီ ရပ်ကွက်ကော်မရှင် အဖွဲ့ဟောင်းဖြစ်သူ ဦးနိုင်အေးမှ ခြစ်ခိုင်းသည့် NLD ပါတီကို ထောက်ခံမဲမခြစ်ပဲ ကြံခိုင်ရေးပါတီသို့ ခြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယ္ခုအခါ ရပ်ကွက်ကျေးရွာကော်မရှင်ထံသို့ တိုင်ကြားခဲ့ပြီး မြို့နယ်ကော်မရှင်သို့ ဆက်လက်တိုင်ကြား သွားမည်ဟုလဲ သိရှိရပါသည်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်၌ မဲပေးပိုင်ခွင့်ရှိသူအရည်အချင်းနှင့် ပြည့်စုံသော်လည်း မဲစာရင်းတွင် မပါဝင်သူများစွာ ကျန်ရှိနေကြောင်း သိရှိရပါသည်။



ဒေးဒရဲမြို့နယ်သတင်း

၂၈.၃.၂၀၁၂နေ့က ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကျော်သူမှ ရွာလူထုကို အရှေ့ကျောင်းဓမ္မာရုံတွင် အစည်းအဝေးခေါ်ယူခဲ့သည်။ မဲပေးပုံပေးနည်းများကို ပြောကြားပြီး အခုဒီသောကြာရွာမှာ အလယ်တန်းကျောင်းခွဲချပေးဖို့ အားလုံးစီစဉ်ပြီးသွားမှ အစီအစဉ်ပျက်သွားတယ်လို့ သိရပါသည်။ အဲဒီအကြောင်းအရင်းက NLD ကိုအားပေးတဲ့ သူများတဲ့အတွက်ကြောင့် ဖြစ်ရတာ၊ ဘယ်သူတွေကြောင့် ဒီလိုပျက်သွားတယ်ဆိုတာ ပြောဖို့တောင်မလိုတော့ဘူးဟု ဒီကျောင်းခွဲပြန်ကျဖို့ ဘယ်သူကိုအားပေးရမယ်ဆိုတာ အားလုံးကသိကြမှာပါဟု ပြောဆိုပြီး အာဏာအသုံးချကာ ချိန်းခြောက်မှုများဖြင့် စည်းရုံးသွားကြောင်းသိရှိရပါသည်။

ဒေးဒရဲမြို့နယ် ဆားကျင်းကျေးရွာတွင် ဒေါ်အောင်စုကြည်အား အသရေဖျက်ထားသော ဗီဒီယိုခွေများကို ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ကိုအောင်ဇော်ဦးမှ ရယူသော အခွေအားနီးစပ်ရာ အိမ်များ၊ လဘ္ကက်ရည်ဆိုင်များတွင် ပြသခဲ့ကြောင်းသိရပါသည်။ ထိုအခွေတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်အမြင်လွဲမှားစေသော စာတန်းများထိုးထားသည့် ရုံပုံသေများဖြစ်သည်။ မေးခွန်း ၂၁ခုကိုလည်းမေးထားပြီး ဖြေနိုင်သူများကို ဆုငွေချမည်ဟုလည်းပါဝင်သည်ဟု သိရှိရပါသည်။ ထိုအခွေအဖြစ် စာတန်းများတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏သားသမီးများကို မြန်မာစကားသင်မပေးဘူးလား ဆိုသည့်မေးခွန်းများလည်း ပါသည်ဟု သိရသည်။ ဒေးဒရဲမြို့ပေါ်ဆင်ခြေဖုံး ဆန်စက်တန်းတွင်လည်း အဆိုပါအခွေနှစ်ခွေ ရောက်ရှိနေကြောင်း၊ မြို့ပေါ်တွင်လည်း နေရာ ၄နေရာခန့်တွင် အခွေများဖြန့်ဝေထားကြောင်း သိရသည်။ ထိုအခွေသည် စုစုပေါင်း မိမိနစ် ၂၀ခန့််ကြာမြင့်သော အခွေဖြစ်သည်ဟု သိရှိရပါသည်။



ဒဂုံဆိပ်ကမ်းမြို့နယ်သတင်း

ဒဂုံဆိပ်ကမ်းမြို့နယ် မဲရုံများ၌ ကြိုင်တင်မဲပေးသည့် မဲများအနက် မဲခြစ်ရမည့်နေရာများတွင် ဖယောင်းများ သုတ်ထားသောကြောင့် ဆန္ဒပြု မှတ်ချက်များ ရေးခြစ်၍ မရကြောင်း သိရှိရပါသည်။ပြင်ဦးလွင်မြို့တွင် ပြည်ခိုင်ဖြိုးအသင်းဝင်များအား ကြိုတင်မဲပေးခွင့်ကဒ်ပြား တစ်ဦးလျှင် ၃ ကဒ်စီထုတ်ပေးထားကြောင်း သိရှိရပါသည်။ မဲရုံနံပါတ် ၃ တွင် မဲပေးခွင့်ရသည့် ကဒ်ပြားများဖြစ်ကြောင်း သိရပါသည်။



ဖျာပုံ-နောက်ဆက်တွဲသတင်းများ

၃၀-၃-၂၀၁၂ ညနေ (၄)နာရီအချိန်တွင် ဖျာပုံမြို့ဒေါ်ငြိမ်းကျေးရွာမဲရုံအမှတ်(၂)မှ မဲပေးရမည့်အဖိုး အဖွားများ မလာရောက်နိုင်သဖြင့် မြေးဖြစ်သူမ၀တ်ရည်မှ ကြိုတင်မဲလာယူရန် (ရပ်၊ကျေး) ကော်မတီသို့ သတင်းပို့ခဲ့သည်။ ထိုအခါအဖွဲ့ဝင်ဖြစ်သူ ကိုကျော်နိုင်ဦးမရှိသည့်အတွက် ကော်မရှင်အဖွဲ့ဝင်ကိုမင်းလွင်က ရ.ယ.ကရုံးသို့ မ၀တ်ရည်အားလာခဲ့ရန်ဖိတ်ခေါ်ပြီး စာရေးမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က အဖိုး၊ အဖွားသုံးဦး စလုံးအတွက် ကိုယ်စားမဲပေးသွားရန် မ၀တ်ရည်အားပြောခဲ့သည်။ ထို့ကြောင့်မ၀တ်ရည်က သုံးဦးစလုံးအတွက် အန်အယ်လ်ဒီကို မဲပေးခဲ့သည်။ ထိုအခါ မဲစာအိတ်ကိုပိတ်မည့်အချိန်တွင် ကိုမင်းမင်းဦးနှင့် ကိုမင်းလွင်တို့က စာအိတ်ကိုမပိတ်ခိုင်းပဲ “ဒီအတိုင်းထားလိုက်ပါ” ဟုပြောခဲ့ပြီးယူသွားခဲ့ကြသည်။ ထို့ကြောင့် မ၀တ်ရည်က (ရပ်၊ကျေး)ကော်မရှင်ဥက္ကဌ ကိုမင်းဦးကိုပြောသည့်အခါ ကိုမင်းဦးက ၎င်းလည်းနားမလည်ပါဟု ပြန်လည် ဖြေကြားခဲ့သည်။ ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာ၏ စုစုပေါင်းမဲရုံ(၉)ရုံတွင် ကြိုတင်မဲသွားရောက်ကောက်ခံစဉ် NLD ၏ ပုံစံ(၈)၀င် တရားဝင်မဲရုံကိုယ်စားလှယ်များ လိုက်ပါစောင့်ကြည့်ခွင့် လုံးဝမပြုဟု (ရပ်၊ကျေး) ကော်မရှင်က ငြင်းဆိုသည်။

ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွင်အမည်ပါသော်လည်း မှတ်ပုံတင်မရှိပါက မည်သည့်အထောက်အထား ရှိသည်ဖြစ်စေ မဲပေးခွင့်လုံးဝမရှိကြောင်း ညွှန်ကြားထားသည်။ ထို့ကြောင့် ကျေးရွာလေးတစ်ရွာတွင်ပင် မှတ်ပုံတင်မရှိသူဦးရေမှာ ၅၀နှင့်၁၀၀ကြားခန့်ရှိနေသည်။



မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်းသို့ ၀င်ခွင့်မရ

ရွေးကောက်ပွဲကော်မရှင်က မဲရုံကိုယ်စားလှယ်နှင့် အရန်ကိုယ်စားလှယ်စုစုပေါင်း(၂)ဦးကို သက်ဆိုင်ရာမဲရုံများသို့ ၀င်ခွင့်ပြု ထားသော်လည်း (၃၀.၃.၂၀၁၂)ရက်နေ့က ဖျာပုံမြို့နယ်၊ မြို့ကုန်းရပ်ကျေးရွာကော်မရှင်က မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်များကို လုံး၀၀င်ခွင့်မပြုဘဲ မဲရုံအပြင်ဖက်ဝရန်တာမှာသာ နေခွင့်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာတွင်လည်း မဲရုံအမှတ်(၉)၊ ကမန္တကျေးရွာတွင်လည်း မဲရုံအတွင်းသို့ သက်ဆိုင်ရာ မဲရုံကိုယ်စားများကို မဲရုံအတွင်းသို့ ၀င်ခွင့်မပြုဘဲ မဲရုံပြင်ပတွင်သာ နေခွင့်ပြုထားပါသည်။

ဖျာပုံမြို့နယ်၊ ကနိကျေးရွာတွင်လည်း ရပ်ကျေးကော်မရှင်ဥက္ကဌဦးညိုမြင့်က မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်တစ်ဦးသာ ၀င်ခွင့်ပြုမည်ဟု ပြောခဲ့ပါသည်။



ယနေ့(၃၁.၃.၂၀၁၂)၊ နေ့လည် (၁၂း၀၀)အချိန်တွင် ဂျာမန်မှ ZDF German Television (Asia Bureau) မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။.



ယနေ့(၃၁.၃.၂၀၁၂)၊ နံနက်(၁း၃၀)အချိန်တွင် Election Monitoring Netwok အား ABC သတင်းဌာနမှ လာရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။


____________________________________________________________

သုံးခွမြို့နယ်တွင် လူဦးရေ ၁၅၈၈၃၀ ရှိပြီး မဲပေးနိုင်သည့်ဦးရေမှာ ၁၁၂၇၉၀ ဖြစ်ကြောင်း၊ မဲရုံပေါင်း ၁၃၅ ရုံရှိကြောင်းနှင့် မြို့နယ်ကော်မရှင်က ကြိုတင်မဲ ၂၀၀၀ မကျော်စေရကြောင်း ပြောကြားထားပြီး ယင်းအနက် ၁၆၅၀ ကို NLD က ရရှိခဲ့ကြောင်း သိရသည်။ Source :EMG
__________________________________________________________
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
`ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်`လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည် 
Source~  မြစ်မခ 


______________________________________________________________
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများအတွက် လစ်လပ်မဲဆန္ဒနယ် (၄၀)ကျော်တွင် ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်များ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးရသတင်းများကို ဤနေရာတွင် မိနစ်အလိုက် အချိန်နှင့် တစ်ပြေးညီ စုစည်ဖေါ်ပြအပ်ပါသည်။

31 March 2012 23:13

"ပြည်သူတွေရဲ့ စီးပွားရေး အခက်အခဲတွေ၊ ကုန်ဈေးနှုန်း အခက်အခဲတွေ၊ လယ်ယာမြေ သိမ်းခံရတာတွေကို တွေ့နေရပါတယ်။ ပထမဆုံးလုပ်ပေးချင်တာကတော့ လယ်သမားတွေရဲ့ ထွက်ကုန်တွေကို ပြည်ပကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနိုင်အောင်ပါ။ တချို့မဲစာရင်းတွေ မှားတာတွေကတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိသေးလို့ပဲ မြင်ပါတယ်။ အချိန်မှီ ပြုပြင်နိုင်ခဲ့တာတွေ ရှိသလို၊ မပြင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ မြန်အောင်မြို့နယ်က ဒေါင့်ကျအုပ်စု၊ ညောင်တုန်းလဲအုပ်စု၊ ရင်းတိုက်ကုန်းအုပ်စု၊ ထောက်ကျံ့အုပ်စုတွေကို မနက်ဖြန် အဓိကထားပြီး သွားမှာပါ။ ပြည်သူတွေကို အဓိက ပြောချင်တာကတော့ မိမိနိုင်ငံအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်ကိုရွေးချယ်တာ ပိုကောင်းပါတယ်"

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းလှိုင်

31 March 2012 23:01

"ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး တို့လိုအပ်နေတာ တွေ့ရပါတယ်။ မနက်ဖြန်မှာ မြန်အောင်မြို.နယ်မှာရှိတဲ့ မြို့ပေါ်နဲ့က နောင်ကို အဓိကထားသွားမှာပါ။ တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ထားပါတယ်။ ပြည်သူတွေအားလုံးက ပြည်ထောင်စုကြံ.ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယုံကြည်အားပေးပါ။ နိုင်ငံနဲ့ လူမျိုးအနာဂတ် လိုအပ်ချက်အားလုံးကို ကျန်တဲ့ နှစ်ကာလအတွင်းမှာ အစွမ်းကုန် ဆောင်ရွက်ပေးပါမယ် ဟု ပြောကြားခဲ့ပါတယ်။"

31 March 2012 22:55

ကော့မှူးမြို့နယ် ၀ါသိင်္ခရွာသို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများနှင့်အတူ ယနေ့ညဦးပိုင်းက တွေ့ရစဉ်
31 March 2012 22:10

"ကော်မရှင်ကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာလုပ်ဆောင်နေသည်။ မြို့နယ်ကော်မရှင်ကိုကျော်ပြီး လုပ်တာဘာမှမရှိ၊ ကြိုတင်မဲကိစ္စလည်း ပါတီအနေဖြင့် ၀င်ရောက်စွက်ဖက်မှု မလုပ်ကြောင်းဆို၊ မဲဆွယ်ကတည်းက စည်းကမ်းတကျလုပ်ဆောင်ပြီး ချိုးဖောက်မှုမလုပ်ကြောင်းပြော၊ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း တရားမျှမျှတတသာလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။"

ဦးရန်နိုင်စိုး မြို့နယ်အတွင်းရေးမှူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စာလှယ်လောင်းဦးတင့်လွင် ကျေးရွာမဲရုံကိုယ်စာလှယ်လောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသွားရောက်နေသဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

31 March 2012 2205

"စည်းမျဉ်းစည်းကမ်းအတိုင်းသတင်းယူနိုင်သည်၊ မဲရုံအတွင်း ၀င်ရောက်ပြီး ဓာတ်ပုံရိုက်ခွင့်မပေးနိုင်၊ မြင်သာထင်သာသည့်နေရာမှနေ၍ သက်ဆိုင်ရာရပ်ကျေးကော်မရှင်ထံ ခွင့်တောင်းပြီးဓာတ်ပုံရိုက်နိုင်သည်။ မဲပေးသူများကို အနှောင့်အယှက်လုံးဝမဖြစ်စေရ၊ ပါတီတစ်ခုခုအတွက် မဲဆွယ်သည့်သဘောမျိုးအမူအရာမျိုးဖြင့် မဲပေးသူများအားအင်တာဗျူးမပြုလုပ်ရ၊ ပါတီတစ်ခုခု၏အလံနှင့် အရောင်တူအင်္ကျီမ၀တ်ဆင်ရဟု ပြောကြားသည်။ ကော်မရှင်အဖွဲ့ဝင်များ သက်ဆိုင်ရာ ရပ်ကျေးနယ်မြေအသီးသီးသို့ ၃၀ရက်နေ့နှင့် ၃၁ရက်နေ့အတွင်း သွားရောက်ပြီဖြစ်ကြောင်း သိရပြီး ဖြစ်ပေါ်လာသော၊ ရှိလာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်အောင် ပြင်ဆင်ထားသည်ဟု မြို့နယ် ကော်မရှင်တာဝန်ရှိသူများက ဆိုပါသည်။ မဲရုံများပိတ်ပြီးနောက် မဲစာရင်းရေတွက်မှုကိုလည်း ဓာတ်ပုံရိုက်ခွင့်မပေးနိုင်ကြောင်း၊ မဲရလဒ်များကိုလည်း မြို့နယ်နှင့် ခရိုင်မှ မထုတ်ပြန်ပေးနိုင်ကြောင်းနှင့် တိုင်းကော်မရှင်မှသာ တောင်းယူရန်ပြောပါသည်။ ၂၀၁၀ပြည့်နှစ်ေ၇ွးကောက်ပွဲတွင် ညနေ ၇နာရီဝန်းကျင်တွင် အနိုင်အရှုံးရလဒ်သိရှိနိုင်ကြောင်း သိရပါသည်။"
ဦးကျော်မောင် ဥက္ကဋ္ဌ မြို့နယ်ကော်မရှင်၊ ဦးတင်မြင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်

31 March 2012 22:00

"ရွာတိုင်းရွာတိုင်းက ဒေါ်အောင်စုကြည်နဲ့ ဒီချုပ်ဆိုတာနဲ့ အဖွဲ့ဆိုတာနဲ့ လာစရာမလို မဲပေးဖို့ အသင့်ဆိုတာချည်းပဲ။ တချို့ပါတီတွေဆိုရင် လူစုဖို့တောင်ခက်ခဲတယ်။ ရွာဘုန်းကြီးလှူပြီး ဘုန်းကြီးကတစ်ဆင့် လူစုရတာ တွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၉၀ ရွေးကောက်ပွဲမှာ တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ် တစ်ဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကြောင့် မဲပေးတာပိုများမှာပါ။ အခက်တွေလည်းရှိပါတယ်။ တချို့ရွာတွေဆို အအုပ်ချုပ်ရေးမှူးတွေကြောင့် ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူတို့က မျက်နှာလို မျက်နှာရ လုပ်ချင်တယ်။ လက်ပါးစေတွေလိုမျိုး စိန်ခေါ်၊ ခြိမ်းခြောက်၊ နှောင့်ယှက်ချင်ကြတယ်။ ဥပမာ မန်းကျည်းကြုံရွာဆို မဲစာရင်းကပ်တာ နောက်ကျတယ်။ မုန်းစလှဲရွာဆိုလည်း ၃၁ရက်နေ့ထိ မဲစာရင်းမကပ်သေးဘူး။ ကပ်စရာသင်ပုန်းမရှိလို့ပြောတယ်။ တချို့လည်းအမှန်ပြောတာဖြစ်မှာပါ။ သာဂရမှာလည်း မဲစာရင်းကပ်တာ နောက်ကျတော့ လူသုံးရာကျော် မဲ ပေးခွင့်မရတော့ဘူး။ ကျောင်းတော်ရာကျေးရွာအုပ်စုဆိုရင် လူဦးရေ ၃၄၁၁ရှိတာမှာ ၁၁၄၀မှာ မှတ်ပုံတင်မရှိလို့မေးပေးခွင့်မရဘူးဖြစ်တယ်။ မြို့နယ်လ၀ကကို ပြောမရတော့ ခရိုင်၊ တိုင်းအဆင့်ထိပြောရတယ်။ ယာယီ မှတ်ပုံတင် လုပ်ပေးမယ်လို့ပြောပေမယ့် အချိန်မီဖို့ ခက်ခဲပါတယ်။ မြို့နယ် ကော်မရှင်ကနေ မတ်လ ၁၇ရက်နေ့က မဲစာရင်းကူးခွင့်ရပါတယ်။ စာရင်းမှားတာတွေလည်း ရှိတယ်။ ကုန်းဇောင်းတို့၊ ပေတောတို့မှာ ရာချီပြီးလျော့တယ်။ ကော်မရှင်ကိုပြောတော့ ကော်မရှင်က ပြန်စိစစ်ပြီး ဖြည့်ပေးတာလည်းရှိတယ်။

အနှောင့်အယှက်ပေးတာတွေလည်း ရှိတယ်။ ဇီးတောအုပ်စု ကျောင်းစုကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆို၊ သူက မကွေးတိုင်းဒေသကြီးဝန်ကြီးတစ်ဦးရဲ့ညီတော် တယ်ပြောတယ်။ သူက အုပ်ချုပ်ရေးမှူးလုပ်လာတာ နှစ် ၂၀ရှိပြီ။ ကျွန်တော်တို့မဲဆွယ်တာ၊ စည်းရုံးရေးဆင်းတာ၊ မဲဆွယ်စာရွက်ကပ်တာကအစ သူ့ကျေးရွာမှာတော်တော်ခက်ခက်ခဲခဲလုပ်ရတယ်။ နောက် နန်းတော်ကျွန်း အုပ်ချုပ်ရေးမှူးဆိုလည်း ကျွန်တော်တို့ မဲဆွယ်စာရွက်စာတမ်း တွေကို ဆုတ်ဖြဲတာမျိုးလုပ်တယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲမှာ ကျွန်တော့်အနေနဲ့ ၇၀ရာခိုင်နှုန်းနိုင်မယ်၊ ၃၀ရာခိုင်နှုန်း အနှောက်အယှက် ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကြိုတင်မဲကိစကတော့ ၃၁ရက်နေ့ ညနေပိုင်းထိ ကျွန်တော်တို့ဆီ သတင်းမတက်ပါဘူး။ ၃ရာခိုင်နှုန်းထက် ကျော် မကျော်၊ စည်းကမ်း သတ်မှတ်ချက် ညီ မညီ မသိသေးပါဘူး။ ရွေးကောက်ပွဲနေ့မှပဲ သက်ဆိုင်ရာ မဲရုံကိုယ်စားလှယ်တွေကို မေးရမှာပါ။ ဒီရွေးကောက်ပွဲမှာ အခုလောက်မဲဆွယ်ခွင့်ရတာ ခန့်မှန်းထားတာထက် ပိုကောင်းပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့ တွေဆုံညိနှိုင်းမှုကြောင့် ရတာပါ။"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပွင့်ဖြူမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို

ပွင့်ဖြူမြို့နယ် -မဲပေးနိုင်သူဦးရေ ၁၁၃၀၅၃မြို့ပေါ်ရပ်ကွက် ၄ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၂စု၊ စုစုပေါင်း ၅၆၊ မဲရုံပေါင်း ၂၀၉ရုံ



31 March 2012 21:21

“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး

“မနက်ဖြန်ကျရင် အစောဆုံးသွားပြီးမဲပေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေစုကို ချစ်လို့ပေါ့”

ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ ကုန်စုံဆိုင်ရှင်တစ်ဦး

“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့တွေ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ သိလာပြီ။ အရင်တုန်းက ရွေးကောက်ပွဲအတွေ့အကြုံမရှိတာရယ် အဆွယ်ကောင်းတာရယ်ကြောင့် သူများပေးတဲ့ မဲပဲလိုက်ပေးခဲ့တယ်။ အခုတော့ ကျွန်တော်တို့တွေမှာ အတွေ့အကြုံရှိလာပြီ။ ဘယ်သူ့ကိုပေးရမယ်ဆိုတာ သိလာတယ်။ ဒီတစ်ခေါက် ကျွန်တော်ပိုင်တဲ့မဲကို ပေးဖြစ်အောင်ကို ပေးမယ်” ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာမှ တောင်သူတစ်ဦး
“ကျွန်တော့်အိမ်မှာ မိသားစုခြောက်ယောက်ရှိတယ်။ အားလုံးမဲပေးပိုင်ခွင့်ရှိတဲ့ အသက်အရွယ်တွေချည်းပဲ။ ဒီတော့ ကျွန်တော်တို့မဲကို ပေးဖြစ်အောင်ပေးမယ်။ ကျွန်တော်တို့နိုင်ငံအပြောင်းအလဲဖြစ်ဖို့လိုနေတယ်။ ဒီလိုအပ်ချက် ကို လုပ်နိုင်မယ်လို့ထင်တဲ့သူ၊ လွတ်တော်ထဲမှာ ပြောရဲဆိုရဲရှိတဲ့သူတယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့သူကို မဲပေးမယ်။ အရင် ၂၀၁၀ မဲပေးတုန်းက ဘာခံစားမှုမှမရှိခဲ့ဘူး။ ဒီတစ်ခေါက်တော်တော်လေး စိတ်လှုပ်ရှားတယ်။ မနက်ဖြန်အတွက် ကြိုပြီးရင်ခုန်မိတယ်။ တကယ်အလုပ်လုပ်မယ့်သူအတွက် တစ်မဲဆိုလည်းတစ်မဲ တန်ဖိုးရှိတယ်”

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၃)တွင် နေထိုင်သူတစ်ဦး

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ အမှန်တကယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ပဲ နိုင်မှာပါ”

ဦးကျော်သီဟ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်



31 March 2012 22:01

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် သေချာမှု မရှိသေးကြောင်းသိရ

တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်ခုတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် မတ်လ ၃၁ ရက်နေ့အထိ သေချာမှုမရှိသေးကြောင်း တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျေးရွာအုပ်စု ရှစ်ခုက မဲရုံဖွင့်လို့ရမရ ဒီနေ့ထိ မသေချာသေးပါဘူး။ ကော်မရှင် အနေနဲ့ကတော့ မဲပေးခွင့်ရှိသတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ''ဟု မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။

မဲရုံဖွင့်လှစ်ရန် အခက်အခဲရှိသည့် ကျေးရွာအုပ်စု ရှစ်ခုမှာ နမ့်လပ်၊ ကောင်းလန်း၊ နားဝိန်၊ ပန်ဖီ၊ နမ့်စိုင်၊ ခမ်းပုန့်၊ မန်ကောင်းနှင့် နမ့်အွန်အုပ်စုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာအုပ်စုရှစ်ခုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အရေအတွက်မှာ ၁၀၉၈ ဦးရှိကြောင်း သိရသည်။

''အဲဒီ ကျေးရွာအုပ်စုတွေမှာ မဲရုံဖွင့်ပြီး မဲပေးခွင့် ရ မရ မနက်ဖြန်မှပဲ သိရမှာ။ ကော်မရှင် အဖွဲ့ခွဲကလူတွေလည်း အဲဒီရွာတွေဘက် ဆင်းသွားကြပြီ။ အခြေအနေပေးရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ကျေးရွာအုပ်စုတွေမှာ ဘာကြောင့် မဲရုံဖွင့်လှစ်ဖို့ ခက်ခဲရတာလည်းဆိုရင် အဖွဲ့အစည်းတစ်ခုရဲ့ နယ်မြေသဘောမျိုး ဖြစ်နေပြီး သူတို့နဲ့ ညှိနှိုင်းနေရတယ်။ သူတို့နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် အဲဒီရွာတွေနဲ့ အနီးစပ်ဆုံးမှာ မဲရုံဖွင့်ပြီး ဆောင်ရွက်ပေးသွားမယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''မဲရုံဖွင့်လှစ်ဖို့ ခက်ခဲတယ်လို့ မြို့နယ်ကော်မရှင်ကနေ ခရိုင်ကိုတင်ပြတဲ့ ကျေးရွာအုပ်စု ၁၀ ခု ရှိခဲ့တယ်။ အဲဒီအထဲက တောင်သျိုးနဲ့ မန်လွယ်ဆိုတဲ့ နှစ်ခုမှာ မဲရုံဖွင့်လှစ်ဖို့ ပြန်ခွင့်ပြုလိုက်လို့ အခုရှစ်အုပ်စုပဲ မဲရုံဖွင့်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရှစ်အုပ်စုအတွက် မဲရုံတွေကို တောင်လျိုးနှင့် မန်လွယ်ရွာတွေမှာပဲ အုပ်စုခွဲပြီး မဲရုံဖွင့်ပေးမယ်လို့လည်း ကြားတယ်။ မဲရုံဖွင့်ဖို့ ခက်ခဲတယ်လို့ တင်ပြရတဲ့ အကြောင်းအရင်းက အဲဒီဒေသမှာရှိတဲ့ အဖွဲ့အစည်းတစ်ခုက ခွင့်မပြုလို့ သိရပါတယ်''ဟု ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲရုံ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

တန့်ယန်းမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၇၀၄၄၆ ဦးရှိကြောင်း၊ မရုံဖွင့်လှစ် ရန်ခက်ခဲသည့် အဆိုပါကျေးရွာအုပ်စုရှစ်ခုရှိ မဲရုံ ရှစ်ရုံ အပါအ၀င် တန့်ယန်းမြို့နယ် တစ်မြို့နယ်လုံးတွင် မဲရုံ ၅၆ ရုံရှိကြောင်း သိရသည်။

31 March 2012 21:37

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခွင့် မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း အန်အယ်ဒီပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကြိုတင်မဲကောက်ခံခွင့်မရှိသူများက ကြိုတင်မဲများ ကောက်ခံနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကြိုတင်မဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး စာရေးမတို့မှ လိုက်လံကောက်ခံနေပြိး ယင်းကောက်ခံမှုအား မြို့နယ်ကော်မရှင်ရုံးမှ မသိရှိကြောင်း သိရသည်။ ကြိုတင်မဲကောက်ခံခြင်းကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကောက်ခံခွင့်ရှိသော်လည်း အချို့နေ၇ာများတွင် မတ်လ ၂၉ ရက်နေ့ကတည်းက ကောက်ခံနေသည်ကို တွေ့ရကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

“ကြိုတင်မဲ ကောက်ခွင့်မရှိတဲ့သူတွေက ကြိုတင်မဲတွေ လိုက်ကောက်နေတယ်။ ကြိုတင်မဲဆိုတော့ ထည့်ချင်သူတွေ ဆန္ဒရှိမှ ထည့်ရမှာပါ။ အဲဒိလို ကြိုတင်ကောက်တာကို ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက မသိဘူး။ ဒါကြောင့် မေးခွန်းထုတ်စရာက ဒီကြိုတင်မဲ စာရွက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတွေက ဘယ်လိုရသလဲပေါ့။ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ရပ်ကွက်ကြိး ၁၂ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၆၀ ရှိပါတယ်။ အခု ကြိုတင်မဲကောက်တာတွေက အရမ်းကို များနေတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြာခဲ့သည်။

ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်ပြီး တားဆီးပေးပါရန် မြို့နယ်ကော်မရှင်ကို တိုင်ကြားထားကြောင်း၊ ကော်မရှင်ကလည်း သူတို့ ဒီကိစ္စကိုမသိရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောပြခဲ့သည်။

“အန်တီက ပေါင်တစ်ဖက်မကောင်းလို့ လမ်းမလျှောက်နိုင်တဲ့အတွက် ကြိုတင်မဲပေးရတာပါ။ ဒီနေ့မနက် အန်တီကို ကြိုတင်မဲလာကောက်သွားတယ်။ အန်နီကတော့ အန်အယ်ဒီပါတီကို အမှန်ခြစ်လိုက်တယ်။ ဒါပေမဲ့ စာအိတ်ထဲကိုတော့ ကိုယ်တိုင်မဲစာရွက်မထည့်ရဘူး။ မဲလာတောင်းခံတဲ့သူတွေပဲ စာအိတ်ထဲကို ထည့်လိုက်တယ်”ဟု ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက မတ်လ ၃၁ ရက်နေ့တွင် ပြောပြခဲ့သည်။

31 March 2012 21:32

ကျောက်ပန်းတောင်း မြို့နယ် ရပ်ကွက်များ၏ မဲစာရင်းများတွင် မိသားစုလိုက် မဲစာရင်း ကျန်ခဲ့ခြင်းများရှိပြီး သေဆုံးသူအချို့မှာ မဲစာရင်းတွေပါဝင်နေကြောင်း သိရ

ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များ၏ မဲစာရင်းများ ကြေညာရာတွင် မိသားစုအလိုက် မဲစာရင်းကျန်ရှိခဲ့သည့် အဖြစ်အပျက် အများအပြားရှိနေပြီး သေဆုံးသူများမှာမူ မဲစာရင်းတွင် ပါဝင်နေကြောင်း မဲစာရင်းတွင် မပါဝင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရပ်ကွက်များတွင် မဲစာရင်းများကို ကပ်ထားသည်ကို ရပ်ကွက်နေ ပြည်သူများ သိရှိစေရန် တရားဝင် ကြေညာခြင်းမျိုး မရှိကြောင်း၊ မဲစာရင်းကပ်သည်ကို မသိရှိသောကြောင့် မဲစာရင်းများ မကြည့်ခဲ့ရကြောင်း၊ မဲစာရင်းကပ်သည်ကို သိရှိပြီး သွားရောက်ကြည့်ရှူသူများတွင်လည်း မိသားစုလိုက် မဲစာရင်းတွင် ကျန်ရှိခဲ့ခြင်းများ၊ သေဆုံးသူအချို့ကို မဲစာရင်းတွင် ထည့်သွင်းထားခြင်းများ ရှိနေကြောင်း မဲစာရင်းတွင် မပါဝင်သူများက ပြောကြားခဲ့သည်။ မဲစာရင်းတွင် မပါဝင်သောကြောင့် ကော်မရှင်ရုံးသို့ သွားပြောရာ အလုပ်ရှုပ်ခြင်းကြောင့် မပါဝင်ခြင်းဖြစ်သည်ဟု ပြန်ပြောခဲ့ကြောင်း၊ မဲပေးရမည့်အချိန် နီးကပ်သည်အထိ မဲပေးရမည့်စာရင်းတွင် မပါဝင်သေးကြောင်း သိရသည်။

“ကျွန်မက မဲစာရင်းမှ လုံးဝမကိုမပါတာ။ ကျွန်မအဲဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက စာရေးမကိုမဲစာရင်း မပါတာဘာကြောင့်လဲလို့ သွားမေးတော့ အလုပ်ရှုပ်လို့ မပါတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မတို့ နှစ်အိမ်ကျော်က သေဆုံးသွားတဲ့ သားအဖနှစ်ယောက်ကျတော့ မဲစာရင်းထဲမှာပါနေတယ်။ ပြီးတော့ မဲစာရင်းကိုလာ ကြည့်ဖို့အတွက်ကိုလည်း ကြေညာတာမရှိဘူး။ အခြားဟာမျိုးတွေကိုသာကြေညာတယ်။ မဲ စာရင်းကိုတော့ လူမြင်ကွင်းမှာ ကြေညာတာမတွေ့ရဘူး။ ကျွန်မက မဲပေးတာနဲ့ပတ်သက်ပြီး အာရုံစိုက်နေလို့သာ မဲစာရင်း ကပ်တယ်ဆိုတာကို သိတာ။ မဲစာရင်းမပါတော့ မဲမပေးရတော့ဘူး။ အဲဒီအတွက် ကျွန်မအရမ်းကို ဒေါသထွက်တယ်။ ဒါကလုံဝးကို မဖြစ်သင့်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်တွင် နေထိုင်သူ မအေးအေးခိုင်က ပြောပြခဲ့သည်။

“အန်တီတို့ကတော့ မိသားစု (၇) ယောက်လုံး မဲစာရင်းထဲ မပါတာပါ။ အိမ်နီးနားချင်း လင်မယားနှစ်ယောက်ကျတော့ ဟိုတလောက သေသွားတာ အခု မဲစာရင်းထဲမှာ ပါနေပြီ။ မနက်ဖြန်ပဲ မဲပေး၇တော့မယ်။ အခုထိ မဲစာရင်းထဲမှာ မပါတာ တော်တော်လေးကို ဒေါသထွက်ဖို့ ကောင်းတယ်။ အန်တီက အရမ်းကို မဲပေးချင်တာ။ အန်တီတို့မိသားစု (၇) ယောက် မဲပေးခွင့်မရရင် (၇) ယောက်စာ လျော့သွားမယ်လေ။ အန်တီတို့ရပ်ကွက်ထဲမှာ ရပ်ကွက်ရဲ့ သုံးပုံ တစ်ပုံလောက်က မဲစာရင်းထဲ မပါဘူးဖြစ်နေတယ်”ဟု လွတ်လပ်ရေး ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မိသားစုလည်း မဲစာရင်းထဲမှာ လုံးဝကိုမပါဘူး။ ၂၀၁၀ တုန်းကတောင် မဲပေးခဲ့ရတယ်ဗျာ။ အခုမဲစာရင်းထဲမပါတော့ ၀မ်းနည်းတယ်ဗျာ”ဟု ကျောက်ပန်းတောင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း မဲပေးခွင့်ရှိသူဦးေ၇ ၂၀၆၀၀၇ ဦးရှိမည်ဖြစ်ပြီး မဲရုံပေါင်း ၃၈၃ ရုံရှိမည်ဖြစ်ကြောင်း သိရသည်။

31 March 2012 21:11

တောင်တွင်းကြီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကြိုတင်မဲများ ကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်းဥပဒေနှင့် မညီညွတ်သော ကိစ္စများ ဖြစ်ပေါ်နေ

တောင်တွင်းကြီးမြို့နယ်တွင် ကြား ဖြတ်ရွေးကောက်ပွဲအတွက် မဲးပေးနိုင်ရန် မဲစာရင်းတွင် အိမ်ထောင်စု တစ်စုလုံးမပါဝင်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီစည်းရုံးရေးမှူး တာဝန်ပူးတွဲ ရယူထားရုံမက ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်နေခြင်း၊ ကိုယ်တိုင်လည်း ပြည်ထောင်စုံကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မဲထည့်ရန် ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်းနှင့် လျှို့ဝှက်မဲပေးခြင်း ဥပေဒေနှင့် မကိုက်ညီသော ကိစ္စများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင် တောင်တွင်းကြီးမြို့နယ် ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များက တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်း၊ ပန်းတောငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည် အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင် အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင် ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင် လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊ ၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့် လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများမှ သက်ဆိုင်ရာသို့ တိုင်ကြားထားပြီး အလားတူဖြစ်ရပ်များ ရှိမရှိကိုလည်း ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် စည်း ကမ်းနဲ့ မညီညွတ်သော ဖြစ်ရပ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်သောင်းက ''မဲရုံ ၂၈၄ ရုံမှာ မဲရုံ ကိုယ်စားလှယ် နှစ်ဦးအပြင် အခြားကိစ္စရပ်တွေပါ ဖြေရှင်းနိုင်ရန်အတွက် သင်တန်းပေးထားပြီးသားပါ။ ကျေးရွာတွေမှာ ဒီလိုမသမာတဲ့ ကိစ္စတွေကို အဆင့်ဆင့် တိုင်ကြားထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ ၁၅ ရက်အတွင်းမှာ ဒီအမှုတွေနဲ့ပတ်သက်ပြီး အမှုဖွင့် အရေးယူဖို့အတွက် ဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လုပ်ချင်တိုင်း လုပ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ ပါတီအနေနဲ့ အနီးကပ် လေ့လာစောင့်ကြည့်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် တောင်တွင်းမြို့နယ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးအောင်ကြည်ညွန့်မှ အခုဖြစ်နေတဲ့ မဲသမာမှုကိစ္စတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှတပြီး သန့်ရှင်းတဲ့ အဖြေထွက်လာမယ့် အခြေအနေကို ထိခိုက်မှုရှိလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်နေတယ်ဆိုတာကို သက်သေ အချက်အလက် အပြည့်အစုံနဲ့ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အချို့ကိစ္စရပ်တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်မယူကြဘူး''ဟု ပြောဆိုခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၃ အုပ်စု၊ ကျေးရွာ ၂၇၅ ရွာရှိပြီး မဲပေးနိုင်ခွင့် ဦးရေမှာ အမျိုးသား ၈၁၈၁၃၊ အမျိုးသမီး ၉၂၈၆၆ စုစုပေါင်း ၁၇၄၆၇၀ ဦးရှိပြီး မဲရုံ ပေါင်း ၂၈၄ ရုံရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်မှ ဦးမောင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဦးအောင်ကြည်ညွန့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမောင်ဝင်း(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)နှင့် ဦးအောင်သန်းတင့်(ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ)တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

31 March 2012 20:53

ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး အပါအ၀င် ၈ ဦးအား ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား

ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊ ယာကြီးတော(အရှေ့)ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးမှူး၏ ဦးမြမောင်၏ သားဖြစ်သူသည် အဆိုပါကျေးရွာတွင် နေထိုင်သူ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးနှင့် မဲစာရင်းတွင်ပါဝင်သူ ၇ ဦး၊ စုစုပေါင်း ၈ ဦးတို့အား မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် ယင်းကိစ္စကို အရေးယူပေးပါရန် အမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် (ကျောက်ပန်းတောင်းမြို့နယ်)မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် သက်ဆိုင်ရာ ကျေးရွာကော်မရှင်၏ တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲထည့်ခိုင်းခြင်းကြောင့် ယခုကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

''သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်ဘဲ မဲပေးခိုင်းတာရယ်၊ စိတ်မနှံ့တဲ့သူကို မဲထည့်ခိုင်းတာရယ်ကြောင့် မြို့နယ်ကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။ စိတ်မနှံ့တဲ့သူက မဲပေးလို့ မရဘူးဆိုတာ သိထားပါတယ်''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မဲပြားတွင်ပါရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမှန်ခြစ်နိုင်မည့် နေရာတွင် ဖယောင်းများ သုပ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းကြောင့် စိစစ်ပေးပါရန် မြို့နယ် ကော်မရှင်သို့ ယင်းကိစ္စကို စိစစ်ပေးပါရန် ကျောက်ပန်းတောင်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ အသိပေးအကြောင်းကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

''မဲပြားမှာပါတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို အမှန်ခြစ်ရမဲ့နေရာမှာ ဖယောင်းတွေသုပ်ထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ‘ဖယောင်းသုပ်ထားတာဟာ အမှန်ခြစ်ရင် မထင်အောင်၊ မထင်တဲ့အတွက် နောက်တစ်ခါ ထပ်ခြစ်ပြီး ပယ်မဲဖြစ်အောင် လုပ်သွားမဲ့သဘောပါ။ ‘မဖြစ်သင့်တဲ့ ကိစ္စမို့လို့ မြို့နယ်ကော်မရှင်အဖွဲ့ကို စိစစ်ပေးဖို့ အသိပေး အကြောင်းကြားထားပါတယ်။ ကော်မရှင်က ဘာမှတော့ အကြောင်းပြန် မကြားဘူး''ဟု ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပြခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းကြည်တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

source : EMG



 ဧပြီလ ၁ ရက်မှာ ကျင်း​ပမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေကို မဲ​ပေး​နိုင်​အောင် အစိုး​ရက မစီစဉ်​ပေး​ဘူး​လို့​ ပြည်ပ​ရောက် မြန်မာပြည်သား​တွေက ​ပြောပါတယ်။

စင်ကာပူ​ရောက် မြန်မာနိုင်ငံသား​တွေဟာ အခုကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မဲ​ပေး​ဖို မြန်မာသံရုံး​က ဘာမှ မ​ပြောပါဘူး​လို့​ စင်ကာပူ​ရောက် မြန်မာ​တွေက ​ပြောပါတယ်။

၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ဆန္ဒခံယူပွဲတုန်း​က မဲ​ပေး​ရ​ပေမယ့်​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​ကလည်း​ မဲမ​ပေး​ခဲ့​ရဘူး​လို့​ သူတို့​က ​ပြောပါတယ်။

စင်ကာပူ​ရောက်မြန်မာတဦး​က “ဟိုတ​ခေါက်တုန်း​ကသာ ဆန္ဒခံယူပွဲ မို့​လို့​သာ​လေ သူက Yes or No ၂ခုပဲ ​ပေး​ရတာကိုး​။ အဲဒီလိုမျိုး​တုန်း​က ​ပေး​ရတာ။ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲ​တွေ တုန်း​ကလည်း​ ​ပေး​မှ မ​ပေး​ရတာ ဒီမှာ​လေ။ အခု ဒီမဲကလည်း​ ဘာမှ မြကား​ဘူး​။”လို့​ ​ပြောပါတယ်။

ထိုင်း​နိုင်ငံ​ရောက်​နေတဲ့​ ယာယီနိုင်ငံကူး​လက်မှတ် ကိုင်​ဆောင်တဲ့​ မြန်မာနိုင်ငံသား​ သိန်း​ပေါင်း​များ​စွာကို မဲ​ပေး​နိုင်​ရေး​ကိစ္စကို မြန်မာသံရုံး​က ဘာမှမ​ပြောလို့​ မသိပါဘူး​လို့​ ဘန်​ကောက်မှာ​နေတဲ့​ မြန်မာအလုပ်သမား​အ​ရေး​ ​ဆောင်ရွက်သူ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။

“ဒီ​နေ့​ဒီအချိန်အထိ ကျ​နော်တို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်တဲ့​ အဖွဲ့​တွေကို​ရော၊​ အလုပ်သမား​ တဦး​ချင်း​စီကိုပါ ဘန်​ကောက် မြန်မာသံရုံး​ က​နြေပီး​တော့​ ကြိုတင်မဲ ကိစ္စ​ရော၊​ မဲထည့်​မယ့်​ ကိစ္စ​တွေ​ရော အ​ကြောင်း​ကြား​မျိုး​ မရှိ​သေး​ဘူး​။”

ဂျပန်နိုင်ငံက မြန်မာတခိျု့​က​တော့​ ဇန်နဝါရီလဆန်း​ပိုင်း​ကတည်း​က ကြိုတင်မဲ​ပေး​ရတာ ရှိတယ်လို့​ တိုကျိုမြို့​က မြန်မာတဦး​က ​ပြောပါတယ်။

“ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ​လောက်ကတည်း​က သူတို့​ နီး​စပ်တဲ့​လူ​တွေ စာရင်း​ ​ပေး​ပို့​တာ​ပေါ့​။ ပြီး​ခဲ့​တဲ့​ တပတ်ကဆိုရင် မဲသွား​ပေး​တာမျိုး​တွေ ရှိပါတယ်။ အများ​စုက​တော့​ မဲ​ပေး​ခွင့်​ မရြကဘူး​ပေါ့​လေ။”

သံရုံး​က ဒီ​နေ့​ထိ မဲ​ပေး​ဖို့​ ဘာမှ အ​ကြောင်း​မြကား​ဘူး​လို့​ မ​လေး​ရှား​ရောက် မြန်မာတဦး​က ​ပြောပါတယ်။

“မဲ​ပေး​ဖို့​အတွက် သံရုံး​ကို သွား​ထည့်​ဖို့​က…။ ဒါ​ပေမယ့်​ မဲဘယ်မှာ​ပေး​မှန်း​ မသိဘူး​ ဖြစ်​နေတယ်​လေ အဲဒီလို၊​ ဘာမှ မသိဘူး​။”

Source : DVB



 ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမရွေးကောက်ခံမဲဆန္ဒနယ်မြေဖြစ်သည့် ကော့မှူးမြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်ဖြစ်သည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော့မှူးမဲဆန္ဒနယ်မြေသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ကား နေအိမ်မှထွက်ခွာစဉ် ပြည်တွင်း၊ ပြည်ပမှ သတင်းသမားများနှင့်အတူ မတ်လ ၃၁ ရက် ၂ဝ၁၂ ခုနှစ် ညနေ ၄ နာရီအချိန်က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဝါးသိင်္ခကျေးရွာတွင် စနေနေ့ည ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့်
ပြည်တွင်းပြည်ပ သတင်းသမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။

နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့်
ရွေးကောက်ပွဲ သတင်းအချက်အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

Source :ရန်ကုန် (မဇ္ဈိမ)






ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ မှ NLD ကိုယ်စားလှယ်လောင်ဒေါက်တာသန်းငွေ နှင့် တွေ့ ဆုံမေးမြန်းနေစဉ်






မတ်လ ၃၁ ရက်နေ့  ၂၀၁၂

ရှမ်းပြည်နယ် ကလောမြို့ နယ် အမျိုးသားဒီမိုကရေဒီအဖွဲ့ ချုပ်ရုံးမှာ မတ်လ ၃၁ ရက်နေ့ 
နေ့ လည် ၁ နာရီ ၄၀ မိနစ်က ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သံရုံး မှ မဲရုံးများ ၊
မဲစရင်းများ ၊ ကြိုတင်မဲများနှင့်ပါတ်သတ်၍ လာရောက် လေ့လာမေးမြန်းခဲ့ပါတယ်။


ဂျာမနီသံရုံး ကောင်စစ်ဝန်ဒုတိယသံအမတ် အိုလီဗာဘိးန် ဇလာ နှင့် အဖွဲ့  ကို ကလောမြို့ 
နယ် အဖွဲ့ ချုပ်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်သန်းငွေ မှ လက်ခံဖြေကြားပေးခဲ့ပါတယ်။

ကလောမြို့ မှာ ၀င်ရောက်ယှဉ်ပြိုင်မဲ့ ပါတီ ၅ ဖွဲ့ အကြောင်း၊ မဲရုံ ကြီးကြပ်မှုများ ၊ မဲရုံတွင်
ပါတီ ၅ ဖွဲ့ မှ လာရောက်မည့်ကိုယ်စား ၁၀ ဦးနှင့် NGO အကြောင်းများမေးမြန်းခဲ့ပါတယ်။
အဲဒီနောက် မဲရုံများကို လိုက်လံကြည့်ရှု ပြီး မဲရုံများမှာ မဲလိမ်ထားတာတွေ ရှိမရှိနဲ့ ကြိုတင်
မဲစရင်းအများအကြောင်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Source :Myanmar News Now

Rohingya MPs Documents Submitted to Parliament Officially for Rohingyaship and First Class Citizenship. 
A copy of document (attached) of U Shwe Maung & U Aung Zaw Win submitted to Parliament officially.




DOWNLOAD HERE



Rohingya Exodus