Latest Highlight


ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်ထားတဲ့ ကား ၁ စီး ဟာ မန္တလေး နန်းတွင်းကို ၀င်ရောက်ရာမှာ ကားမှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို တပ်လုံခြုံရေးက ခွာခိုင်းလို့ ခွာပေးခဲ့ရပါတယ်။


ပြီးခဲ့တဲ့ မတ် ၁၈ရက် ညနေက မန္တလေး နန်းတွင်းက မြနန်း စံကျော် ရွှေနန်းတော် ကို သွားရောက် လည်ပတ်ကြတဲ့ အမေရိကန် လူမျိုး ကမ္ဘာလှည့် ခရီးသည်တွေ တင်ဆောင်ထား တဲ့ ကား ၁ စီးဟာ ၁၉လမ်း အရှေ့ဘက်ပေါက် က အ၀င်မှာ အခုလို ဖြစ်ခဲ့တာပါ။


ခရီးသည်တွေ တင်ဆောင်လာတဲ့ ဒရိုင်ဘာ က သူကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“မီးစိမ်းပြလို့ မုခ်ဦးကနေ ၀င်ပါတယ်။ ကားကို တားပါတယ်။ လူကြီး တားခိုင်းလို့ တားတယ် ဆိုတော့ ရပ်ပေးလိုက်ပါတယ်။ မှန်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ခွာပေးပါလို့ ကျနော့်ကို ခိုင်းပါတယ်။ ကျနော်က ဗိုလ်ချုပ်ကို ရိုသေ လေးစားလို့ ကပ်ထားတာ။ ဘာဖြစ်လို့ ခွာပေးရမှာလဲလို့ မေးတော့ အရာရှိက ခွာခိုင်းလို့ပါတဲ့။ အဲဒီအရာရှိကို လွှတ်လိုက်လို့ ကျနော်ခိုင်းပါတယ်။ အဲဒီအချိန်မှာ အရာရှိ ရောက်မလာပဲ တပ်သားတယောက် ရောက်လာပါတယ်။ မခွာရင် ၀င်မရဘူးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျနော်က ဗိုလ်ချုပ်က ကျနော်တို့ ဖခင်ပဲ။ ဘာဖြစ်လို့ သူ့ကို ခွာခိုင်းရတာလဲ ဆိုတော့ အထက်က ညွှန်ကြားထားလို့ပါတဲ့။ အထက်ကညွှန်ကြားတာ ဗိုလ်ချုပ်ပုံကို ညွှန်ကြားတာလား။ တခြား စတစ်ကာတွေကို ညွှန်ကြားတာလား ဆိုတာ မေးပါတယ်။ မည်သည့် စတစ်ကာကို မဆို ကပ်ထားတဲ့ ကားတွေကို ခွာကို ခွာရမယ်လို့ ကျနော့်ကို အမိန့်ပေးထားလို့ ပါတဲ့။”
ဗိုလ်ချုပ်ပုံလာခွာတဲ့ ရဲဘော်ကို သူ့ကားရှေ့က ကမ္ဘာလှည့်ခရီးသည်တွေ တင်ထားတဲ့ ကား ၁ စီးမှာ ကပ်ထားတဲ့ ကုမ္ပဏီ ကြော်ငြာ စတစ်ကာတွေ ကျတော့ ဘာလို့ မခွာလဲ မေးခွန်း ထုတ်ရာမှာ ပြန်မဖြေနိုင်ဘဲ၊ သူ့ကို နားလည်ဖို့ အကြိမ်ကြိမ် တောင်းပန်သွားတယ် လို့ ပြောပါတယ်။
သူ့ကားနောက်ဘက်မှာ ကပ်ထားတဲ့ အန်အယ်လ်ဒီပါတီ တံဆိပ် အမှတ်အသား စတစ်ကာကို ခွာပြီး နောက် ကျန်တဲ့ ဗိုလ်ချုပ်ပုံကို မခွာဖို့ ပြောတာလဲ မရဘူးလို့ သူက ဆက်ပြောပြပါတယ်။

“ကျနော့် ကားရဲ့ နောက်မှာ အန်အယ်ဒီကို မဲပေးပါဆိုတဲ့ မိန်းကလေးတဦး လက်ထောင်နေ တဲ့ ပုံလေး ပါတယ်။ ခွာချင်ရင် နိုင်ငံခြားသားတွေ ရှေ့မှာ ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ပုံတော့ မခွာနဲ့၊ နောက်မှာ အန်အယ်လ်ဒီ ဆိုတဲ့ တံဆိပ်ပါတယ်။ အဲဒီ တံဆိပ်ကို သွားခွာပါ ဆိုတော့ မဟုတ်ဘူး။ ဒီပုံကိုမှ ခွာချင်တာ။ ရှေ့တည့်တည့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကို ခွာခိုင်းတယ် ဆိုတော့ ကမ္ဘာလှည့်ခရီးသည်တွေက သိသွားပြီလေ။”

အရင်က အန်အယ်လ်ဒီပါတီ အမှတ်တံဆိပ် စတစ်ကာတွေ ကပ်ထားတဲ့ ကား ၁ စီးလဲ ဒီနေရာမှာ အလားတူ ခွာခိုင်းလို့ ခွာပေးခဲ့ရတယ် လို့ သိရပါတယ်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့ စည်းရုံးရေး ခရီးစဉ်အပြီး နောက်နေ့မှာ အဲ့ဒီလို ခွာခိုင်းခဲ့တာပါ။

အခုတခါတော့ အန်အယ်လ်ဒီ တံဆိပ်အပြင် ကားရှေ့ လေကာမှန်မှာ ကပ်ထားတဲ့ ၃ လက်မ ပတ်လည် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကိုပါ ခွာပေးခဲ့ရတာ ဖြစ်ပါတယ်။
 
Source :ဒီဗွီဘီ


မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည်တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။



ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)


ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တာပါ။


ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသမှူး ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီကျော်လောက်မှာ အစိုးရတပ် ခမရ ၅၇၃ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက်တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာတာနဲ့ သူတို့ ၀င်သိမ်း လိုက်တာ ဖြစ်တယ်။” လို့ပြောပါတယ်။
ပြီးခဲ့တဲ့အပတ် မတ် ၁၁ ရက်နေ့ မနက်ကလည်း အစိုးရတပ် ခမရ ၅၇၃ ဟာ ကျိုင်းတုံခရိုင် မိုင်း ယောင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော် တပ်ရင်း ၁၀၈ အဖွဲ့ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်ကတော့ အစိုးရတပ်ရင်းဘက်က ရှမ်းပြည်တပ်မတော်ကို ထိုင်း နယ်စပ်ဘက် ဆုတ်ခွာဖို့နဲ့ နယ်မြေကျဉ်းလာအောင် ဖိအားပေးရင်း ထိုးစစ် ဆင်နေတာ ဖြစ်တဲ့ အကြောင်းနဲ့ ရှမ်းပြည်တပ်မတော် ဘက်ကတော့ ခုခံစစ်နဲ့ ပြန်တိုက်နေရတာ လို့ ပြောပါတယ်။
၂၀၁၂ ဖေဖော်ဝါရီနဲ့ မတ်လ ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် ခရိုင်ထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း ၅ ခုလောက် ဆုတ်ပေးခဲ့ရတယ် လို့ သိရပါတယ်။

အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စ ရှမ်းပြည်တပ်မတော် ဘက်က ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဆီ စာရေးပို့ခဲပြီး အဲဒီ့ စာအရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဘက်က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့တုန်းက ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါသေးတယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်ဘက်က တိုက်ပွဲ မဖြစ်ပွားရေး တာဝန်ယူပေးမယ် လို့ ပြောသွားပေမယ့်လည်း တိုက်ပွဲတွေ နောက်ထပ် ဖြစ်ပွားနေဆဲပဲ လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။ 


Source: ဒီဗွီဘီ




လက်ရှိ အစိုးရက ရေးဆွဲနေသော မီဒီယာ ဥပဒေ အပါအ၀င် သတင်းမီဒီယာ လွတ်လပ်ခွင့် နှင့် ပတ်သက်ပြီး ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)၊ တိုင်းရင်းသား မီဒီယာများပါဝင်သည့် သတင်း မီဒီယာ ၁၁ ဖွဲ့ပူးပေါင်းဖွဲ့စည်း ထားသော (Burma News International(BNI) အဖွဲ့များက သဘောထား ကြေညာချက်ကို ပူးတွဲ ထုတ်ပြန် လိုက်ပါသည်။

၁၉ ရာစုမှ စတင်ခဲ့သည့် မြန်မာ့ သတင်း မီဒီယာ သက်တမ်းသည် ယခု ကာလအထိ ဆိုလျှင် နှစ်ပေါင်း (၁၇၀) ကျော်ပင် ရှိပြီ ဖြစ်ပါသည်။ သတင်းစာ ခေတ်ဦး ကတည်းက လွတ်လပ်ခဲ့သည့် မြန်မာ့ မီဒီယာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းမှ စတင်ကာ ဥပဒေ၊ အမိန့်၊ စည်းမျဉ်း စည်းကမ်း ပုံစံမျိုးစုံဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ် ကန့်သတ် ခံခဲ့ရသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှု အရေးအခင်း မဖြစ်ပွားခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်၊ တော်လှန်ရေးကောင်စီ ခေတ် များမှ စတင်၍ မြန်မာ့ သတင်း မီဒီယာအပေါ် တင်းကျပ်ကန့်သတ်မှုများမှာ ပိုမိုသိသာလာခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း န၀တ ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် သတင်း မီဒီယာ လောကကို ပိတ်ပင်တားဆီးမှုများမှာ ဆိုရွားသည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်လည်း ဆုံးရှုံးခဲ့ရသည်ကို အများသိပြီး ဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းမှစတင်ပြီး ကွန်ပျူတာ အင်တာနက် အသုံးပြု၍ သတင်းအချက် အလက် စီးဆင်းမှုကို အဓိက ပိတ်ပင်သော အီလက်ထရွန်နစ် ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်။

လက်ရှိ အစိုးရအနေဖြင့် မီဒီယာ ဥပဒေသစ် တရပ်ပေါ်ထွန်း လာရန် ကြိုးပမ်းဆောင်ရွက်မှု နှင့် တချို့ဥပဒေများကို ခြွင်းချက်ဖြင့် ကန့်သတ်မှု လျှော့ချပေးလာသည် ကို တွေ့ရှိ ရပါသည်။ သို့သော် မြန်မာ့ သတင်း လွတ်လပ်မှု အဆင့်သည် နိုင်ငံတကာ စံချိန်းစံညွန်း အားဖြင့် ဆိုလျှင် လွတ်လပ်မှု မရှိသည့် စာရင်းတွင် နောက်ဆုံးကပင် ကပ်လျက် ရှိနေသေးပါသည်။

မြန်မာ့ မီဒီယာ ဥပဒေသည် သတင်းလွတ်လပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်များ အပေါ်တွင် အခြေတည်ပြီး သတင်း သမားများလုံခြုံရေးနှင့် လုပ်ပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ တရပ် ဖြစ်ရန် အထူး အရေးကြီးသည်။

ထိုသို့သော မီဒီယာ ဥပဒေ တရပ်ကို ရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ရှိ ကျွမ်းကျင် သည့် မြန်မာ့ မီဒီယာ သမားများ အပါအ၀င် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ပညာရှင်များကိုလည်း ဖိတ်ခေါ် ဆွေးနွေးသင့်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့် နိုင်ငံ့ရေးရာ ပြဿနာ ရပ်များအတွက် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး နှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတွင် မြန်မာ့ မီဒီယာများ နှင့် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါသည်။

သို့သော် ဆင်ဆာတည်းဖြတ်သည့် ဘုတ်အဖွဲ့သည် ဆက်လက် ရှိနေဆဲပင် ဖြစ်ပြီး တိုင်းရင်းသားဒေသအတွင်း အဖြစ်အပျက်များကို ထုတ်ဖော်ရေးသားခွင့်လည်း အကန့်အသတ်နှင့်ပင် ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ပြည်တွင်း ပြည်ပ ရှိ မြန်မာ မီဒီယာ လောကသားများ အနေဖြင့် သွေးစည်းညီညွတ်စွာဖြင့် ပွင့်လင်းမြင်သာသည့် လွတ်လပ်သော လူ့ဘောင်တရပ် ပေါ်ထွန်း လာစေရေး အတွက် အတူတကွ ယှဉ်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံ သတင်း မီဒီယာ လွတ်လပ်ခွင့် အတွက် ဖော်ပြပါ အချက်များကို လိုက်ပါဆောင်ရွက်ရန်လည်း တိုက်တွန်းလိုပါသည်။

၁။ မြန်မာ့ မီဒီယာ ဥပဒေသစ် ရေးဆွဲရာတွင် ပြည်တွင်းပြည်ပရှိ ကျွမ်းကျင်သည့် မြန်မာ မီဒီယာသမားများ ပါဝင်ရန်၊ တိုင်းရင်းသား မီဒီယာများကိုလည်း အထူးပင် ဖိတ်ခေါ်သင့်ပြီး နိုင်ငံတကာရှိ ကျွမ်းကျင်သည့် မီဒီယာသမားများကိုလည်း ဖိတ်ခေါ်ရန် ဖြစ်သည်။

၂။ အစိုးရအဖွဲ့အစည်း ဌာနအသီးသီးမှ ချမှတ်ထိန်းချုပ် ကန့်သတ်နေသည့် အီလက်ထရွန်နစ် ဥပဒေ အပါအ၀င် တည်ဆဲ ဥပဒေများ ကိုလည်း (လုံးဝ) ဖျက်သိမ်းရန် ဖြစ်သည်။

၃။ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ပြည်တွင်းပြည်ပရှိ မြန်မာ့ သတင်းမီဒီယာများအနေဖြင့်လည်း သံန္နိဌာန်ချ၍ သွေးစည်း ညီညွတ်စွာ လုပ်ဆောင်ရန် လိုပါသည်။

၎။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး နှင့် အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း အထူးပင် အလေးထားစေလိုပါသည်။

၅။ ပွင့်လင်းမြင်သာ၍ လွတ်လပ်သော ဒီမိုကရက်တစ် လူ့ဘောင်တရပ် ပေါ်ထွန်းနိုင်ရေး အတွက် တိကျ မှန်ကန်စွာ ရေးသား ထုတ်ဝေနေသော ပြည်ပရောက် မီဒီယာများသည် မရှိမဖြစ် လိုအပ်နေသေးသောကြောင့် လက်ရှိအခြေအနေမှ ယိုယွင်း မသွားစေရေး အတွက် ဆက်လက် ပံ့ပိုးကူညီ သွားကြရန်လည်း တိုက်တွန်းအပ်ပါသည်။

(ပူးတွဲကြေညာချက် မတ်လ ၁၉၊ ၂၀၁၂)

Contact person :
Khin Maung Win
Deputy Executive Director/Deputy Chief Editor
Email: kmw@dvb.no
Office Tel. +47 22 86 84 72; Mobile +47 452 766 49; Fax +47 22 86 84 71
Office Address: Wessels Gate 4, 0165 Oslo, Norway
Postal Address: P.O Box 6720, St. Olavs Plass, 0130 Oslo, Norway
www.dvb.no

Aung Zaw
Editor
Irrawaddy Publishing Group
Mobile: (66 81) 882 1309
Office Phone: (66 53) 273 062 Ext. 201
Fax: (66 53) 273 986
E-mail: aungzaw@irrawaddy.org
www.irrawaddy.org

U Khuensai Jaiyen
Development Officer
Burma News International(BNI)
+ 66 81 531 2837
secretary.bni@gmail.com
www.bnionline.net


source : DVB

By Kazi Fahmida Farzana
PhD Candidate, National University of Singapore




Citation Farzana, K. F. (2011). Music and Artistic Artefacts: Symbols of Rohingya Identity and Everyday Resistance in Borderlands. ASEAS – Austrian Journal of South-East Asian Studies, 4(2), 215-236.

This study looks at the creation of music and art by Rohingya refugees in Bangladesh as a symbol of social resistance and identity. Ethnographic research on the Rohingyas’ use of music and art suggests that these non-conventional means play an important role in communicating their coherent identity and expressing their resistance to the discrimination and oppression experienced in their country of origin as well as in their exile in Bangladesh. This informal resistance is used to keep their memory alive, to transmit that history through verbal and visual expressions to the new generations, and to communicate information about themselves to outsiders. This article posits that these forms of expression, while suggestive of their identity and everyday resistance, occur mostly in an informal and indirect form, rather than in direct confrontation and protest. These informal means also refl ect the
Rohingyas’ pragmatism and coping strategies for living in the borderlands.

Read full Report here




မောင်တော (ကုလားတန်)။ ။ မြန်မာအစိုးရ ၏ လက်အောက်ခံ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှုဌာန(နစက) မှ နှစ်စဉ် စစ်ဆေးလျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများ၏ လူဦးရေး စာရင်း ကောက်ယူရေး (၂၀၁၁ ခုနှစ်၊ ဆွဲတင်စစ် လုပ်ငန်း) ကို ဇန်နိုဝါရီ ၁ ရက်နေ့မှ စ၍ ယနေတိုင် ပြုလုပ်နေသဖြင့် ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး နှင့် လူမှုရေး ကဏ္ဍများတွင် များစွာ ထိခိုက် ဆုံးရှုံး နစ်နာ လျက် ရှိကြောင်း မောင်တောမြို့မှ နိုင်ငံရေးသမား တဦး၏ ပြောပြချက်အရ သိရသည်။

လူဦးရေး စာရင်း ကောက်ယူစစ်ဆေးရေး(သို) ဆွဲတင်စစ် လုပ်ငန်း သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို မြန်မာနိုင်ငံ လူဦးရေးစာရင်းမှ ဖယ်ထုတ် နိုင်သည့်ကို၎င်း၊ ရိုဟင်ဂျာ လူမျိုး ဘယ်လောက်ကို ရခိုင်ပြည်နယ်မှ လျော့နိုင်သည့်ကို၎င်း လေ့လာ စစ်ဆေးပြီး မည်သည့် စီမံကိန်းဖြင့် ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ပြုလုပ်သော စစ်ဆင်းရေးသာ ဖြစ်သည်ဟု ၎င်းကပင် ပြောသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် အိမ်ထောင်စု အလိုက် လူဦးရေးကို ဓါတ်ပုံတင်ထားခြင်း၊သေဆုံးသူများ နှင့် အိမ်မှ ထွက်ခွါသွားသူများ၊ စစ်ဆေးစဉ်မရှိသူများကို အိမ်ထောင်စု စာရင်းမှ ဖယ်ထုတ်ခြင်း၎င်း၊ တနေရာ မှ တနေရာသို့ လက်ထပ်ပြီး ပြောင်းရွေ့သော်၎င်း၊ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပြောင်းရွေ့သော်၎င်း၊ မွေးဖွါးခလေးများကို တရားမ၀င် ခလေးဟူ၍သော်၎င်း ပြောဆိုပြီး စာရင်းတင်မပေးပြီး စာရင်းမဲ့ဖြစ်အောင် ပြုလုပ်လေ့ရှိသည်ဟု မောင်တောမြို့မှ မြိုခံ လူကြီးတဦးက ပြောသည်။

ထို့အပြင် ၎င်း နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်အတွက် ရိုဟင်ဂျာလူမျိုးများ၏ စီးပွါးရေးမှာလည်း ပျက်စီးသွားနေသဖြင့် စာဝတ်နေရေး ခက်ခဲ့လျက်ရှိကြောင်း ပြောပြသည်။

နစကများ၏ လူဦးရေးစာရင်း ကောက်ယူ စစ်ဆေးရေးတွင် ရိုဟင်ဂျာ လူမျိုးများထံမှ အတင်းအဓမ္မ ငွေ ကောက်ခံနေသည့်နည်းများမှာ အိမ်ထောင်စု တစ်စု ကို ဓာတ်ပုံရိုက်ရန် အတွက် ရိုက်ခ ၂၅၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ အိမ်ထောင်စု စာရင်းမှ လူတစ်ဦး သေဆုံလျှင် ဖယ်ဖျက်ရန် ၁၀၀၀မှ ၃၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မွေးဖွားလာသောကလေးတစ်ဦး ကို အိမ်ထောင်စု စာရင်းသို့သွင်းလျှင် မွေးတိုးခ ၅၀၀၀မှ ၇၀၀၀ကျပ်ထိ ကောက်ခံခြင်း၊ နစက နယ်မြေ တခု အတွင်းရှိ ကျေးရွာ အုပ်စု တခုမှ တခုသို့ ပြောင်းဝင်/ထွက်လျှင် အိမ်ထောင်စု တစုလျှင်- ၁၀၀၀၀ ကျပ် နှင့် နှစ်ဖက် စလုံးမှ ၂၀၀၀၀ကျပ် ကောက်ခံခြင်း၊ အိမ်ထောင်စုတခု မှ တစ်ဖက်နိုင်ငံသို့ အိမ်ထောင်စုဝင် တဦးဦး ထွက်ပြေးလျှင် ဘင်္ဂါလားပြေးအဖြစ် သတ်မှတ်ခ ၄၀၀၀ မှ ၆၀၀၀ ကျပ် ထိ ကောက်ခံခြင်း၊ ဘာသာရေး အဆောက်အအုံ တခုလျှင် ဓာတ်ပုံရိုက်ခ ၁၀၀၀၀ ကျပ်ထိ ကောက်ခံ ခြင်း၊ မလိုအပ်ဘဲ အိမ်ထောင်စုစာရင်းလဲလှယ်ခ တစ်စောင်လျှင် ၅၀၀၀ ကျပ်ထိ ကောက်ခံခြင်း၊ မလဲလှယ်ပါက မူလ အိမ်ထောင်စု စာရင်းကို စုတ်ပြဲ၍ အမှိုက်ပုံးထဲသို့ ပစ်တည် ခြင်း၊ အိမ်ထောင်စုဝင် တဦးဦးမှာ ဖြစ်မှုတစ်ခုခုရှိပါက ဓာတ်ပုံရိုက်မပေးဘဲ ငွေ ၅၀၀၀၀ မှ ၅ သိန်းအထိ တောင်းယူရရှိမှသာ ဓာတ်ပုံရိုက်ပေးခြင်း၊
နယ်မြေမှူး၊စခန်းမှူး၊စစ်ဦးစီး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် မသင့်သည့် အိမ်ထောင်စုအချို့ကို မိမိ ဒေသ တွင် ရှိသော်လည်း ဘင်္ဂါလား ပြေးအဖြစ် သတ်မှတ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်ခြင်း တို့ကို ဤ စစ်ဆေးရေးတွင် နစကများသည် ရိုဟင်ဂျာ လူမျိုးများထံမှ ငွေ အတင်းအဓမ္မ တောင်းလျှက် ရှိနေသဖြင့် ရိုဟင်ဂျားလူမျိုးများ၏ ဘ၀မှာ တဖြည်းဖြည်း ဆုတ်ဖြဲလျက်သာရှိနေကြောင်းပြောပြသည်။

၂၀၁၂ ခု မတ်လ ၁၁ ရက်နေ့တွင် အောက်ပြူးမကျေးရွာတွင် ဆွဲတင်စစ် လုပ်ငန်း ဆောင်ရွက်နေစဉ် အောက်ပြူးမကျေးရွာနေ ဦးအေဇာဟူဆိန်း(ဘ)ဦးဖွေရာမတ်ဆိုသူအား အောက်ပြူးမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသန်းသည် ဆွဲတင်စစ် လုပ်ငန်းဆောင်ရွက်သည့်နေရာ မှ ၎င်း၏ဆိုင်ကယ်ပေါ်တင်၍ အမှတ်(၅) နယ်မြေ သို့ ခေါ်ယူ၍ ချုပ်ထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးဘသန်းနှင့် စစ်ဦးစီးအဖွဲ့တို့ပူးပေါင်းပြီး ငွေကျပ် ၈ သိန်း အတင်းတောင်းယူပြီးမှသာ အချုပ်ခန်းမှ လွှတ်မြောက်ပေးလိုက်ကြောင်း သိရှိရပါသည်။

အတည်မပြုနိုင်သော သတင်းအရ နစကများ၏ လူဦးရေး စာရင်းစစ်ဆေးရေးတွင် နှစ်စဉ် ရိုဟင်ဂျာ လူမျိုးများ ထံ မှ ငွေ ကျပ်သိန်းပေါင်း ၂၅၀၀၀ ရရှိနေကြောင်း၊ ၎င်းငွေများသည် ပြည်ထဲရေး ၀န်ကြီးအဆင့်ထိ ရောက်ရှိ နေသဖြင့် နစက ကွက်ကဲရေးမှူး ဦးအောင်ကြီးသည် ရခိုင်ပြည်မြောက်ပိုင်း မှ ပြောင်းရွေ့ခြင်း မရှိ ရကြောင်း ဖြစ်ကြောင်း ပြောသည်။

Source :KPN



KNU ခေါင်းဆောင်တဦး ဖြစ်သော ပဒို မန်းငြိမ်းမောင်ကို အစိုးရက ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် တသက်တကျွန်းနှင့် ထောင် ၃ နှစ် ချမှတ်ထားရာမှ ယနေ့ ပြန်လည်လွှတ်ပေးလိုက်ကြောင်း KNU က ပြောသည်။ မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်းလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ရပြီးနောက် မတရားအသင်း ကြေညာထား သည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရား အသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ခြင်းဖြစ်သည်

ဘင်္ဂလားဒေရှ့်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ ဒုက္ခသည်များ အနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်များ ရရှိမှ သာ မြန်မာနိုင်ငံသို့ ပြန်သွားမည် ဖြစ်ကြောင်း “နော်ယာပါရာ” ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဒုက္ခသည် ခေါင်းဆောင် တဦး က ပြောသည်။

“ကျနော်တို့ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ယာယီခိုလှုံရန် အတွက် လာခြင်း ဖြစ်ပါတယ်။ အမြဲတန်း နေထိုင်ရန် လာခြင်း မဟုတ၊် နိုင်ငံရေးအခြေအနေ ကောင်းမယ်ဆိုရင် ပြန်သွားမှာဖြစ်တယ်” ဟု ပြောသည်။

နေရပ်သို့ ပြန်သွားနိုင်ရန် အချက် ၄ ချက်ပါဝင်သော တောင်းဆိုချက် တခုကို ဒုက္ခသည်များက တောင်းဆို ထားသည်။

၎င်းတောင်းဆိုချက်များမှာ နိုင်ငံသားရပိုင်ခွင့်၊ နိုင်ငံသားနှင့် တိုင်းရင်းသားဖြစ်မှု၊ အခြားတိုင်းရင်းသားများ နည်းတူ တန်းတူ အခွင့်ရရှိရေး၊ ရိုဟင်ဂျာလူမျိုးများအား ကွက်ပြီး ဖိနှိပ် ချုပ်ချယ်မှုကို ရုပ်သိမ်း ပေးရန် နှင့် ဆုံးရှုံးခဲ့သော ပစ္စည်းပစ္စယများ အတွက် လျော်ကြေး ပေးရန်တို့ ဖြစ်သည်။

အကယ်၍ အထက်တွင် ဖော်ပြထားသော အချက်လက်များကို ဖြည့်စွက်ပေးခြင်း မရှိပဲ အတင်းအဓမ္မ နေရပ်သို့ပြန်ပို့မည် ဆိုပါက ဒုက္ခသည်များ အနေဖြစ် စခန်း မှ ထွက်ခွါ သွားရန်သာ ရှိကြောင်း ဒုက္ခသည် စခန်း မှ တာဝန်ရှိသူ တဦးကပြောသည်။

မတ်လ (၁၃) ရက်နေ့က ဘင်္ဂလားဒေရှ့်နိုင်ငံ စားနပ်ရိက္ခာ နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ၀န်ကြီး မူဟာမတ်အဒူရာဇက်သည် ဥပရောပနိုင်ငံများဆိုင်ရာ အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ EskoKentrschynshyi နှင့် တွေ့ဆုံခဲ့ပြီး ဒုက္ခများကို နေရပ်သို့ ပြန်လည် ပို့ဆောင်ရေးတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ဝန်ကြီးမှ ဒုက္ခသည် စခန်း ၂ ခုဖြစ်သော ကူတူးပါလောင် နှင့် နော်ယါပါရာ စခန်းနှစ်ခုတွင် ဒုက္ခသည် စုစုပေါင်း ၂၄၀၀၀ ရှိပြီး ဒုက္ခသည် စခန်းအနီး တ၀ိုက် နှင့် ဘင်္ဂလား- မြန်မာ နယ်စပ်တလျှောက်တွင် ၄င်း၊ တခြား ဘင်္ဂလားဒေရှ့်နေရာ အနှံ့အပြားတွင် ၄င်း၊ ၃ သိန်းမှ ၄ သိန်းအထိ နေထိုင် နေကြောင်း၊ ၄င်းတို့ကြောင့် မလိုလားအပ်သော လူမှုရေး ပြသနာများ ဖြစ်ပေါ်နေကြောင်း၊ စီးပွားရေးအရ လည်း ထိခိုက် နှစ်နာနေကြောင်း ပြောခဲ့သည်။

ဝန်ကြီး၏ မေးခွန်း နှင့် ပတ်သတ်ပြီး EU အဖွဲ့က ဖြေကြားခဲ့သည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များ မိမိနေရပ် သို့ ပြန်သွားရန် အတွက် Euro ယူရို သန်း ၁၀၀ ကိုအကူညီပေးမည် ဖြစ်ကြောင်းပြောဆိုသည်။

မြန်မာ အစိုးရ၏ နှိပ်စက်ဖိနှိပ် မှုကြောင့် ၁၉၉၀ ခုနှစ်မှစ၍ ထွက်ပြေးလာသည့် ဒုက္ခသည်များအား လူမှုရေး အရ ဆောင်ရွက် ပေးနေသော NGOs များကိုလည်း အကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ပြောသည်။ ယင်းအကူညီ ကို ဒုက္ခသည်များ၏ အခြေအနေကို လေ့လာစုံစမ်းပြီးမှသာ ပေးခဲ့ခြင်းဖြစ်သည်။

ဘင်္ဂါလာအစိုးရ၏ ပေါ်လစီမှာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ပြန်ရန် အားပေးကူညီသည့် NGOs များကို သာ ဒုက္ခသည်စခန်း များတွင် သွားရောက် လုပ်ကိုင်ခွင့် ပြုမည် ဖြစ်သော်လည်း၊ ၎င်း NGO များသည် သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်များ၏ ခွင့်ပြုချက်များဖြင့်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

ဆက်လက်ပြီး ဒုက္ခသည်များ အရေးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် ပေးနေကြောင်း ၊ NGOs များ၏ ဒုက္ခသည်စခန်းများအတွင်း လုပ်ဆောင်ချက်များကို ကန့်သတ်ထားခြင်းမှာ နောက်ထပ်ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလာဒေရှ့်နိုင်ငံသို့ ၀င်ရောက်ခြင်းကို အားမပေး စေလိုကြောင်း ၎င်းဝန်ကြီးကပင် ပြောပြသည်။

အစည်းအဝေး တက်ရောက်သော ဥရောပနိုင်ငံများ အဖွဲ့တွင် စုစုပေါင်းပုဂ္ဂိုလ် ၇ ဦးပါဝင်ပြီး ဥရောပနိုင်ငံများ ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် William, သံမှူး Fabrizir Senesi,လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအဖွဲ့ တာဝန်ခံ David Hill, အထူးကျွမ်းကျင်သူများ ဖြစ်ကြသော Oliver Brouant, Abdul Awal နှင့် Christopher Gadrey တို့ ပါဝင်သည်။

ဘင်္ဂါလာဒေရှ် နိုင်ငံ ၊ နေရာချထားရေး နှင့် ဒုက္ခသည်များဆိုင်ရာ ကော်မီရှင်အဖွဲ့ဝင် ဆာလာယုဒ္ဒိန် က မူ “ဒုက္ခသည်များကို ယခု နေရပ်သို့ ပြန်ပို့ရန် အစိုးရ၏ စီစဉ်နေခြင်းကို မသိရသေးကြောင်း၊ အကယ်၍ ပြန်ပို့မည်ဆိုပါက အတင်းအဓမ္မ ပို့မည်မဟုတ်ကြောင်း၊ ဒုက္ခသည်များ၏ ၆၀ ရာခိုင်းနှုန်းမှာ ဒုက္ခသည်စခန်းတွင် မွေးဖွားခဲ့သည့် ကလေးများသာဖြစ်ကြောင်း၊ ဒုက္ခသည်များ မိမိနိုင်ငံသို့ ပြန်သွားမည်ဆိုပါက ကလေးများ အတွက် ကောင်းမွန်မည်သာဖြစ်တယ်” ဟုပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွင် နေထိုင်သည်မှာ နှစ်ပေါင်း ၂၃ နှစ် ကြာသွားပြီးဖြစ်သည်။

Source :KPN


 သမဂ္ဂတွေ ဖွဲ့စည်းခွင့်(Messenger ဂျာနယ် ယခုအပတ်ထုတ်)

ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ ကန့်လန့်ကာဖွင့်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းဟာ တစ်လျှောက်လုံး ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့ သမိုင်းဖြစ်တယ်ဗျ။ သူ့ကျွန်မခံလိုတဲ့ မြန်မာအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တော်လှန်ပုန်ကန်မှုတွေ၊ ဘုရားကျောင်းကန် ပရ၀ုဏ် များအတွင်း ဘယ်သူမှ ဖိနပ်မစီးရေး၊ အင်္ဂလန်နိုင်ငံက ထုတ်လုပ်တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ မသုံးစွဲရေး၊ ဗြိတိသျှ ဘုရင်ခံအစိုးရနဲ့ မဆက်ဆံရေး (ဘူးအသင်း) လှုံ့ဆော်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ၁၉၂၀ မှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရဲ့ အညွှန့်အဖူး တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အထင်အရှား မြင်တွေ့ခဲ့ကြရတဲ့ ပထမ ကျောင်းသားသပိတ်ကသာ ခေတ်သစ်မြန်မာ့သမိုင်းအပေါ် သက်ရောက်မှု အကြီးဆုံး အဖြစ်အပျက်၊ တစ်နည်း ပြောရရင် အနာဂတ် မြန်မာနိုင်ငံ လျှောက်လှမ်းရမယ့် ခရီးလမ်းကြောင်းကို ညွှန်ပြလိုက်တဲ့ အချိုးအကွေ့ အလှည့်အပြောင်း ဖြစ်ခဲ့တယ်ဆိုတာ အားလုံး အသိဖြစ်တယ်ဗျ။ ဒါကြောင့် လည်း ]အမျိုးသားအောင်ပွဲနေ့} သတ်မှတ်ဖို့ စဉ်းစား ရွေးချယ်ကြတဲ့အခါ အခြားနေ့ရက်တွေကို ကျော်လွှားပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေ ကျောင်းထဲက သပိတ်မှောက်ထွက်ခွာလာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို တညီတညွတ်တည်း ရွေးချယ်သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်ဗျာ။

မတရားတာ ငုံ့မခံတဲ့ စိတ်ဓာတ်

အဲဒီကစလို့ ကျောင်းသားတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ တစ်သားတည်း တစ်ဆက်တစ်စပ်တည်း ရှိလာခဲ့ကြတာ ယနေ့ထိတိုင် ဖြစ်တယ်ဗျ။ ရှုပ်ထွေး သိမ်မွေ့နက်ရှိုင်းပြီး အသိရခက်တဲ့ နိုင်ငံရေးဝန်းကျင် အနေ အထားတွေအပေါ် မူတည်ပြီး အချို့သော သမိုင်းကာလ အခိုက်အတန့်တွေမှာ ကျောင်းသားတွေရဲ့ ရပ်တည်လှုပ်ရှားမှုတွေဟာ လွန်ကျွံတာ၊ အစွန်းရောက်တာတွေ ရှိခဲ့ကောင်း ရှိခဲ့မှာ ဖြစ်ပေမယ့် မြန်မာကျောင်းသားထု တစ်ရပ်လုံးရဲ့ မတရားတာကို ငုံ့မခံနိုင်တဲ့စိတ်ဓာတ်၊ မိဘပြည်သူတွေရဲ့ ခံစားချက်ကို မေ့လျော့လျစ်လျူရှုခြင်း မပြုနိုင်တဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေကတော့ သမိုင်းတစ်လျှောက် ဘယ်တော့မှ ဖုံးဖိဖျောက်ဖျက် ထားလို့မရအောင် ထင်ထင်ရှားရှား ငွားငွားစွင့်စွင့် တည်ရှိနေခဲ့တာဖြစ်တယ်ဗျ။

ဒါကြောင့်လည်း ]]လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ပခုံးပေါ် ကျရောက် လာတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်သလား၊ မထမ်းဆောင်ဘူးလားဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်}} ဆိုတဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားအတိုင်း သမိုင်းခေတ်တိုင်းရဲ့ ခေါ်သံကို ပထမဆုံး ထူးသူတွေဟာ ကျောင်းသားတွေဖြစ်တယ်ဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်သူတိုင်း မြင်တွေ့ဝန်ခံကြရတာဖြစ်ပါတယ်ဗျ။



ခေတ်တိုင်းမှာ ရှေ့တန်းက

ကိုလိုနီလက်အောက် မြန်မာ့သမိုင်းမှာ အရေးပါတဲ့ စာမျက်နှာတွေကို သပိတ်သုံးလုံးနဲ့ ရေးသားမှတ်တမ်းတင်ခဲ့ကြတဲ့ မြန်မာ ကျောင်းသားတွေဟာ ကျွန်ခေတ်ကို တစ်ဆစ်ချိုးပစ်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဖွဲ့စည်းရာမှာလည်း ရှေ့ဆုံးတန်းက ပါဝင်ခဲ့ကြတယ်ဗျာ။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုဟာ အစောပိုင်းမှာ ဖဆပလ အဖွဲ့ကြီး၊ နောက်ပိုင်းမှာ နိုင်ငံရေး ပါတီများ လက်ထဲသို့ ရောက်ရှိသွားပြီး ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ (နှိုင်းယှဉ်ချက်အရ) သဘာဝကျစွာပဲ မှေးမှိန်ဖျော့တော့သွားခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေး တစ်ခေတ်ပြောင်းခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ အရေးအခင်း အဆက်ဆက်မှာ မြန်မာကျောင်းသားတွေဟာ ရှေ့တန်းကို ပြန်ထွက်လာခဲ့ကြရပြန်တယ်ဗျ။

အခုအချိန်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ငါးဆယ်ကြာ လျှောက်လှမ်းခဲ့တဲ့ လမ်းပေါ်ကနေ ဂငယ်ကွေ့ ပြန်ကွေ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို တစ်ကျော့ပြန် ကျင့်သုံးနေပြီဖြစ်တယ်ဗျ။ ဒီအပြောင်းအလဲဟာ ဦးခေါင်းကစတဲ့ အပြောင်းအလဲ (ံနေိ-ျအမေအ ခ့ညေါန) ဖြစ်တဲ့အပြင် အဲဒီ ဦးဆောင် ပြောင်းလဲနေတဲ့သူ အားလုံးလိုလိုဟာ အစိုးရဟောင်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေ ဖြစ်ကြ တာမို့ အစပိုင်းမှာ သံသယတွေ ကြီးကြီးမားမားရှိခဲ့ကြပေမယ့် အခုနောက်ပိုင်း တစ်စတစ်စ တိုးတက် မြင်တွေ့ လာနေကြရတဲ့ ပကတိ အရှိတရားတွေကြောင့် ပြည်သူများအတွင်း အဲဒီသံသယတွေ တဖြည်းဖြည်းချင်း လွင့်ပြယ်စပြုလာနေတာကို ကျွန်တော် ခံစားနေရတယ်ဗျ။



အလုပ်သမားသမဂ္ဂတွေ ပေါ်လာတော့မယ်

မကြာသေးခင်ကလည်း အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေနည်း ဥပဒေတွေ ထွက်ပေါ်လာခဲ့ပြီး အဲဒီဥပဒေ မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်ကြောင်း သမ္မတရဲ့ အမိန့်လည်း ထွက်ပေါ်လာတာကြောင့် မကြာခင်မှာ အလုပ်သမား သမဂ္ဂတွေ အလျှိုလျှို အပြိုင်းအရိုင်း ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်ဗျ။ အဲသလိုပဲ တစ်လျှောက်လုံး ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းတည်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဟာလည်း မကြာခင် ရုပ်ရှင်လောကသားများကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်လာတော့မယ်ဆိုတဲ့ အသံတွေ ကြားနေရ တယ်ဗျ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ စာပေနဲ့စာနယ်ဇင်းလောကမှာလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိမယ့် သမဂ္ဂ တွေ မကြာခင် ပေါ်ထွက်လာတော့မှာ ဖြစ်တယ်ဗျ။

ဒီအချိန်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာ တက်



ဒီမိုကရေစီနဲ့ အရပ်ဘက် အဖွဲ့များ

တကယ်တော့ လွတ်လပ် အမှီအခိုကင်းတဲ့ သမဂ္ဂတွေဆိုတာ လူထုအခြေ ပြု အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ ပါဝင်တယ်ဗျ။ ဒီမိုကရေစီဆိုတာကလည်း လူထုဆန္ဒကို အလေးထားတဲ့ နိုင်ငံရေးစနစ်ဖြစ်တာမို့ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လပ်တက်

ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာတော့ ကျောင်းသားသမဂ္ဂဆိုတာ အုပ်ချုပ်သူ လူတန်းစားအတွက် သရဲတစ္ဆေ သို့မဟုတ် မစင်ဘင်ပုတ် ဖြစ်ခဲ့တယ်ဗျာ။ ကျောင်းသားသမဂ္ဂဆိုတာ အားအားရှိ ဆူချင်ပူချင်ပြဿနာရှာချင်တဲ့ လူ့အမှိုက်သရိုက်ကလေးတွေ စုဝေးရာ နေရာအဖြစ် ယခင်အုပ်စိုးသူတွေက မြင်ခဲ့ကြတယ်ဗျာ။

ဒါပေမယ့် ဒီကနေ့လို ခေတ်ပြောင်းသွားချိန်မှာတော့ အဲဒီ အတွေး အခေါ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကြရတော့မှာ ဖြစ်တယ်ဗျ။ ဒီအခြေ အနေမှာ တာဝန်ရှိသူများအနေနဲ့ မသိလိုက်ဘာသာ နေမလား၊ ကူညီပံ့ပိုး မလား ဆိုတဲ့ လမ်းနှစ်လမ်းအနက် လမ်းတစ်လမ်းကို ရွေးချယ်ကြရဖွယ် ရှိတယ်ဗျာ။ မောင်ဝံသ ၁၃ ၀၃ ၁၂



မောင်ဝံသ ယခုပတ်ထုတ် TRUE News ဂျာနယ်ပါ မှန်တာပြောသစ္စာ ဆောင်းပါး

မြန်မာသူဌေးကြီးများအတွက် မုဒိတာ

မကြာသေးခင်တစ်ရက်က အင်တာနက်သတင်းတစ်ပုဒ်မှာ ကမ္ဘာ့သူ

ဒီနှစ် ကမ္ဘာ့အချမ်းသာဆုံးသူ

သူ့နောက်မှာ အစဉ်အလိုက်ရှိနေကြတာက ဒေါ်လာ ၆၁ ဘီလျံ

ကမ္ဘာ့အဆင့်မှာ နံပါတ် ၉၊ အာရှအဆင့်မှာ နံပါတ်တစ်ချိတ်တဲ့သူကတော့ ကျွန်တော်တို့နဲ့ နားသိပ်မစိမ်းလှတဲ့ ဟောင်ကောင်အခြေစိုက်စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး လီကာရှင်းဖြစ်တယ်လို့ ဆိုတယ်ဗျ။ သူ့ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅.၅ ဘီလျံဖြစ်တယ်လို့ သတင်း မှာ ဖော်ပြထားတယ်ဗျာ။



ဆင်းရဲသားများရဲ့ဘဝ

ဒီသတင်းကို ကျွန်တော် စိတ်ဝင်တစား အင်တာနက်က ဒေါင်းလုတ်လုပ်ပြီး ဖတ်ဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ တစ်လောလေးက ကျွန်တော့် မိတ်ဆွေတစ်ယောက် ကျွန်တော့်ဆီ အလည်လာရင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတယ်။ ကျွန်တော့် မိတ်ဆွေက ရန်ကုန်မြို့ အစွန်အဖျားက မြို့သစ်တစ်ခုမှာ နေသူဖြစ်တယ်ဗျ။ သူ့မိန်းမက အဲဒီမြို့သစ်ရဲ့ ပျံကျဈေးလေးတစ်ခုမှာ ဈေးရောင်း တော့ အဲဒီဈေးမှာ နေ့တိုင်းလိုလို ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို သူ့ယောက်ျားကို ပြောပြ၊ သူ့ယောက်ျား ကမှတစ်ဆင့် ကျွန်တော် သိရတာဖြစ်တယ်။

အဖြစ်အပျက်တွေကတော့ သိပ်မဆန်းပါဘူးဗျာ။ အဲဒီဈေးထဲက ပျံကျဈေးသည်လေးတွေရဲ့ ဒုက္ခသုက္ခပေါင်းစုံအကြောင်းပါ။ ဈေးသည် အားလုံးနီးပါးဟာ မတ်တိုး၊ ကျပ်တိုး၊ နေ့သွင်း စတဲ့ေ



ဘာလို့ မြန်မာမပါသေးတာလဲ

အဲဒီဇာတ်လမ်းပေါင်းစုံကြားရပြီးတဲ့နောက် စိတ်မသက်မသာ မအီမလည်ဖြစ်နေခဲ့တဲ့ ကျွန်တော်ဟာ သဘာဝသယံဇာတ အင်မတန်မှ ပေါ



ကိုယ်တိုင် ထုတ်မပြောကြပါ

ကမ္ဘာပေါ်မှာ ဘယ်သူဌေးကြီးမှ သူတို့ ဘယ်လောက်ချမ်းသာတယ်ဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိကြတာမို့ င်္သမဘနျ မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သူ



အချမ်းသာဆုံးမြန်မာ

ကျွန်တော်တို့နိုင်ငံကို အနောက်နိုင်ငံအချို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ကာလအတွင်း နာမည်ပျက်သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်စာရင်းတွေ ထုတ်ပြန်လေ့ရှိတယ်ဗျ။ အဲဒီစာရင်းမှာ ပါဝင်ခဲ့သူတစ်ယောက်က သူဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးထဲက တစ်ယောက်ဖြစ်ပါတယ်လို့ ပြောဆိုတာကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရဖူးတယ်။ ထိုပုဂ္ဂိုလ်က သူ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ကိန်းဂဏန်းနဲ့ ထုတ်ဖော်မပြောသွားပါဘူး။ အလားတူ ဖော့ဘ်စ် မဂ္ဂဇင်းကလည်း (အားကိုး အားထားပြုနိုင်လောက်တဲ့စာရင်းအင်း ကိန်းဂဏန်းရဖို့ ခက်ခဲလို့နဲ့တူရဲ့) သူ့ရဲ့စာရင်းထဲမှာ မြန်မာပြည်က သူမုဒိတာစိတ်ထား

ဗုဒ္ဓရှင်တော်မြတ်ဘုရားက မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား ပွားများ ရမယ်လို့ ဟောပြောသွန်သင်ခဲ့တယ်ဗျာ။ အဲဒီမှာ မုဒိတာဆိုတာ ကိုယ့်ထက် အခြေအနေ အဆင့်အတန်း ပိုမိုမြင့်မားတဲ့လူတွေနဲ့ ပတ်သက်ပြီး ချစ်ခင် နှစ်သက်တဲ့စိတ်၊ သူတို့ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ထားရမယ်လို့ ဆိုတာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ မိမိတို့ဘ၀ထက် ပိုမိုကောင်းမွန်မြင့်မားတဲ့ ဘ၀ကို ပိုင်ဆိုင်နေသူများကို အခြေခံ အားဖြင့် မနာလိုဝန်တိုစိတ်၊ ကောင်းကျိုးမလိုလားတဲ့စိတ် မရှိကြပါဘူးဗျာ။



ကျေးလက်သူဌေးများ

ကျွန်တော်က ကျေးလက်တောရွာမှ ကြီးပြင်းခဲ့သူဖြစ်လေတော့ မြန်မာ့ဓလေ့စရိုက်စစ်စစ်တွေကို ငယ်စဉ်ကတည်းက တွေ့မြင်နေခဲ့တယ်။ တောရွာတွေမှာလည်း လယ်သူဌေးတွေ၊ စပါးသူဌေးတွေ ရှိတယ်။ သူတို့ထဲမှာ စိတ်ပုပ်သူတချို့ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်တို့ ဇာတိဒေသမှာတော့ စိတ်ထားကောင်းတဲ့ တောသူဌေးတွေ များပါတယ်။ ပိုက်ဆံချမ်းသာလာရင် သူဌေးတွေဟာ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာ ဖြစ်အောင် ကြိုးစားကြတယ်။ ရပ်ရွာကောင်းကျိုးကို တတ်နိုင်သမျှ ရွက်ဆောင်ပေးကြတယ်။ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုရားပွဲ၊ စုပေါင်းရှင်ပြု၊ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေမှာ သူတို့က ရှေ့ကနေ အလှူဒါန ပြုကြတယ်။ ရပ်ရွာလူထုနဲ့ အဆင်ပြေအောင် ဆက်ဆံတယ်။ သည်တော့ ရပ်ရွာကလည်း သူတို့ကို ပြန်လည် စောင့်ရှောက်ကြတာပေါ့။



ဖောင်ဒေးရှင်းများ

အနောက်နိုင်ငံများက သူဌေးကြီးတွေ ဖောင်ဒေးရှင်းအသီးသီး တည်ထောင်ပြီး အလှူကြီးတွေပေးနေချိန်မှာ အာရှတိုက်က တရုတ် ကုလားသူဌေးတွေ အဲဒီဘက်မှာ စိတ်မ၀င်စားကြတာ၊ ကိုယ့်ဖို့ပဲကြည့်ပြီး တစ်ကိုယ်ကောင်းဆန်ကြတာကို ကျွန်တော် ဆောင်းပါးအချို့ ရေးခဲ့ဖူးတယ်။ မြန်မာနိုင်ငံက သူဌေးတွေကို ရော့ကဲဖဲလားတို့ ဘီလ်ဂိတ်တို့ ၀ါရင်းဘူဖေးတို့လို အလှူရှင်ကြီးတွေအဖြစ် မြင်ချင်တဲ့အကြောင်း တိုက်တွန်းရေးသားခဲ့ဖူးပါတယ်။ ပြေတီဦးတို့၊ ရဲတိုက်တို့လိုအနုပညာရှင်တွေ ဖောင်ဒေးရှင်းထောင်ပြီး လူမှုရေး ကူညီထောက်ပံ့နေကြတာကို ကျွန်တော်တို့ မုဒိတာဖြစ်ရပါတယ်။ ကျွန်တော့် အသိမိတ်ဆွေတွေထဲမှာ ဘဏ်သူဌေးကြီးတချို့ပါပါတယ်။ ဆန်စပါးလုပ်ငန်း လုပ်ကိုင်တဲ့ သူဌေးကြီးလည်း ပါတယ်။ သူတို့လည်း ဖောင်ဒေးရှင်းတွေ တည်ထောင်ပြီး သိန်းထောင်နဲ့ချီတဲ့ အလှူတွေပေးနေကြတယ်။ စာကြည့်တိုက်တွေ ထောင်တယ်။ အတိုးမဲ့ငွေချေးတာတွေလုပ်တယ်။ သူတို့က အလှူတွေကို ဂုဏ်မဖော်လိုဘူး၊ မဏ္ဍပ်တိုင်မတက်ချင်ဘူးဆိုလို့ နာမည် မဖော်ဘဲထားရတယ်ဗျ။



ဟံသာဝတီ ဦးဝင်းတင်

သူဌေးမဟုတ်ဘဲ သတင်းစာဆရာ နိုင်ငံရေးသမားဘ၀ကနေ ဖောင်ဒေး ရှင်း တည်ထောင်ပြီး ဆင်းရဲဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတဲ့ ဟံသာဝတီ ဦးဝင်းတင်လို လူမျိုးလည်း ရှိသေးတယ်ဗျ။ သူ့အလှူတွေကျတော့ စေတနာရှင် ပြည်သူတွေက ၀ိုင်းဝန်းလှူဒါန်းတာကို ဆရာကြီးက ပေးသင့်သူတွေထံ ပြန်လည် ခွဲဝေပေးအပ်တာမျိုး ဖြစ်ပါတယ်။

မည်သို့ရှိစေ၊ မြန်မာနိုင်ငံက လူသိထင်ရှား သူဌေးကြီးများရော၊ ရွက်ပုန်းသီး သူဌေးများရော၊ သူဌေးမဟုတ်သည့်တိုင် မိမိတို့ရဲ့ အမည်နာမဂုဏ်သတင်းကြောင့် စေတနာရှင်များကို စုစည်းပေးနိုင်သူ (မိုးလေ၀သဒေါက်တာထွန်းလွင်လို) ပုဂ္ဂိုလ်များက မိမိတို့တတ်နိုင်သလောက် စွမ်းအားများဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူလူချင်းစာနာထောက်ထားရေး အလှူဒါနများပြုလာကြရင် ဆင်းရဲသားများ ယခုထက် အသက်ရှူချောင်လာ ကြမယ်လို့ မျှော်လင့်မိကြောင်းပါဗျာ။

မောင်ဝံသ

Source : Maung Wuntha
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။

“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတိုအတွင်းမှာ တိုးတက်နိုင်ပါတယ်။”

တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။

“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီစော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည်ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”

စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက်တရား ကင်းသလောက် သိန္နီ ဒေသခံတွေကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။

“လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော်လုပ်ရဦးမှာပေါ့။”

သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်းပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကိုသွားပြီးတော့ သူ့မိသားစုကို အားပေးစကားပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”


ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။

Source : VOA





တရားဥပဒေ စိုးမိုးရေးကို တကယ်တမ်း စတင် လုပ်ဆောင်ရတဲ့ နေရာဟာ ဥပဒေပြု လွှတ်တော် ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးနိုင်မှ --- ထပ်ပြီး ပြောရရင် အစိုးရနဲ့ လူထု နှစ်ရပ်စလုံးအပေါ် တရားဥပဒေ စိုးမိုးနိုင်မှ အဂတိ လိုက်စားတာ အပါအဝင် အခြားကိစ္စပေါင်းများစွာကို တိုက်ဖျက်နိုင်မှာ၊ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အစိုးရရဲ့ အမိန့်၊ ကြေညာချက်၊ စည်းကမ်းတွေနဲ့ မလုံလောက်တဲ့အတွက် ဥပဒေပြဌာန်းပေးရတာ ဖြစ်ကြောင်း ရှင်းသွားပါပြီ။

ဒါဟာ ရှက်စရာကိစ္စ မဟုတ်ဘဲ ဂုဏ်ယူစရာသာ ဖြစ်ပါတယ်။ ဝမ်းသာအားရ ကြိုဆိုရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြပြီး ကောင်းသထက်ကောင်းအောင် ပြုပြင်ရင်းနဲ့ ဂုဏ်ယူနေကြပါတယ်။

မြန်မာနိုင်ငံမှာ အခုဆိုရင် လွှတ်တော်ဟာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ခြေချနိုင်ဖို့ အားယူနေပါပြီ။ နည်းနည်းတော့ ဒယိမ်းဒယိုင် ဖြစ်နေတာ ရှိပါတယ်။ ပိုပြီးအားကောင်းလာစေဖို့ နိုင်ငံရေးသမားကောင်းတွေကို အားဖြည့်ရမှာ ဖြစ်ပါတယ်။ အရည်အချင်း မပြည့်ဝသူတွေနေရာမှာ ပြည့်ဝသူတွေနဲ့ အစားထိုးရမှာလည်း ဖြစ်ပါတယ်။

လွှတ်တော်မှန်သမျှဟာ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင် သယ်ပိုးနေတာ ဖြစ်တယ် ဆိုတဲ့ ခံယူချက်ကို ပြည်သူကို ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ်တွေက အမြဲသက်သေထူ ထိန်းသိမ်းနေရမှာ ဖြစ်ပါတယ်။

မကြာခင် ထွက်လာတော့မယ့် အဂတိ တိုက်ဖျက်မှု ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက လေ့လာကြပါ။ လိုအပ်တာတွေကို ပြတ်ပြတ်သားသား ထောက်ပြကြပါ။ အဂတိလိုက်စားမှုကို ဒီတကြိမ်မှာ လုံးဝ အမြစ်ပြတ် တိုက်ဖျက်နိုင်မှ မြန်မာနိုင်ငံဟာ ဂျပန်၊ စင်ကာပူတို့လို ခိုင်မာတဲ့ တိုးတက်ဖွံ့ဖြိုးမှုမျိုးကို မြန်မြန်ဆန်ဆန် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတာတွေကိုလည်း ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

စက်မှုစီမံကိန်းတွေ ဘယ်လောက်ပဲကောင်းကောင်း၊ နိုင်ငံခြားနဲ့ နိုင်ငံပိုင် ငွေရင်းမြှပ်နှံမှုတွေ ဘယ်လောက်များများ အဂတိ လိုက်စားမှုတွေ ရှိနေသရွေ့ တိုင်းပြည်မတိုးတက်ဘဲ ခရိုနီတွေသာ ကြီးပွားချမ်းသာသွားမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကိုလည်း ဘယ်တော့မှ တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ဘာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လိုအပ်သလဲလို့ သိနိုင်ကြမှာ ဖြစ်ပါတယ်။

ပြည်သူတွေမှာ အစိုးရကို ဝိုင်းဝန်း တည့်မတ် ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ အစိုးရကို ပြည်သူတွေက ရွေးချယ်ထားတာ ဖြစ်ပြီး၊ အစိုးရဘက်က တာဝန်မကျေရင် နောက်ထပ် အစိုးရအသစ်နဲ့ အစားထိုးပိုင်ခွင့်တောင် ရှိပါတယ်။

ပြည်သူတွေ မပါရင်၊ ပြည်သူတွေက လစ်လျူရှုထားရင် အစိုးရကို လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်သွားနိုင်ပါတယ်။ အရှင်းဆုံးကတော့ … ပြည်သူက အစိုးရကို ကြိုးဆွဲ တည့်မတ်ပေးရတာသာဖြစ်ပြီး အစိုးရက ပြည်သူကို ကြိုးဆွဲ ထိန်းကျောင်းပေးရတာ မဟုတ်ပါဘူး။

ဥပဒေပြု လွှတ်တော်က ဥပဒေပြုရပါတယ်။ ဒီအတွက် ပြည်သူတွေက လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးထားတာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူတွေအတွက် မှန်မှန်ကန်ကန် အကျိုးဖြစ်ထွန်းစေအောင် လွှတ်တော်အမတ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ရတယ်လို့ လူအများ သိနေကြပါတယ်။ ဒါ့အပြင် လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးရပါသေးတယ်ကိုလည်း သိထားကြရပါမယ်။

စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလာရုံနဲ့ ဒီမိုကရေစီလို မခေါ်နိုင်သေးပါဘူး။ အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်လာရုံနဲ့လည်း ဒီမိုကရေစီ ပန်းတိုင်ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ အသွင်ကူးပြောင်းရေးကာလမှာ ကနဦးအနေနဲ့ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ အခြေခံဥပဒေ၊ လွှတ်တော်၊ ရပိုင်ခွင့်များစတဲ့ ဒီမိုကရေစီ အခြေခံတွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် လွတ်မြောက်ခြင်း နှစ်ခုနဲ့လည်း ထပ်မံ ပေါင်းစပ်ဖို့ အရေးကြီးပါတယ်။ ပထမလွတ်မြောက်ခြင်းဟာ လူတိုင်း အကြောက်တရားမှ လုံးဝ လွတ်မြောက်ခြင်း ဖြစ်ပြီး ဒုတိယလွတ်မြောက်ခြင်းတော့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုမှ လွတ်မြောက်ခြင်း ဖြစ်ပါတယ်။

လွင်အောင်စိုး


ကိုရီးယားသမ္မတ မစ္စတာလီမြောင်ဘတ် (LeeMyungBak)သည် ၎င်း၏ ပထမဆုံးခရီးစဉ်အဖြစ်မြန်မာနိုင်ငံကို လာရောက်ရန်ရှိနေကြောင်း သိရကာ မြန်မာပါဝင်သော အာဆီယံ + ၃ အနာဂတ် လုပ်ဆောင်မှုများအတွက် လာရောက်ခြင်း ဖြစ်ဖွယ်ရှိကြောင်း ၇-၃-၂၀၁၂ ရက်က သိရသည်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်သော မစ္စတာလီမြောင်ဘတ်အနေဖြင့် ၎င်း၏သမ္မတသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် လာရောက်မည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကာ နှစ်နိုင်ငံ အာဏာရပါတီများ၏ အတွေ့အကြုံများ ဖလှယ် ဆွေးနွေးကြမည်ဟု သိရသည်။ ''ဒါက ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်သလို ခေါင်းဆောင်ပိုင်းတွေရဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စိတ်ဝင်စားမှုပိုတဲ့ ခရီးစဉ်ဖြစ်မယ်'' ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကပြောကြားသည်။

မစ္စတာလီသည် New Frontier Partyမှ ၀င်ရောက်ရွေးကောက်ခံခဲ့ပြီး သမ္မတဖြစ်လာခဲ့သူ ဖြစ်ကာ ခရစ်ယာန် ဘာသာဝင်တစ်ဦး ဖြစ်ကြောင်းနှင့် သား သမီးလေးဦး ရှိကြောင်း သိရသည်။ ''အာဆီယံရဲ့ ပြင်ပနိုင်ငံတစ်ခုဖြစ်တဲ့ ကိုရီးယားရဲ့ ခေါင်းဆောင်လာမဲ့ ကိစ္စကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ စနစ်တစ်ခု ပြောင်းလဲနေပြီဆိုတာကို လာကြည့်တဲ့ သဘောမှာရှိတယ်''ဟု UMFCCIမှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ ပြောကြားသည်။''ဒီလိုမျိုးပဲ ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားမယ်ဆိုရင် ဒါ့ထက်ပိုပြီး ကောင်းတဲ့ နိုင်ငံတကာက လုပ်ငန်းစုံနဲ့၊ လူကြီးပိုင်းတွေ ဆက်တိုက်ဝင်လာနိုင်တယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ မစ္စတာလီသည် အာရှ၏ ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့အဆင့် G-20 Seoul Summitကို အောင်မြင်စွာ ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

Source :SMG





 လွန်ခဲ့တဲ့ သုံးလေးနှစ်က ကျောင်းဖွင့်ချိန်မှာ သားကို ကျောင်းအပ်ဖို့  ကျောင်းကို ရောက်ခဲ့တယ်..။ ကျောင်းဝင်းထဲ ၀င်ဝင်ချင်း အခန်းမှာ ဆိုင်းဘုတ်အကြီးကြီးနဲ့  “ကျား ရှာဖွေခန်း” လို့  ရေးထားတဲ့  အခန်းတခန်းကို တွေ့ရလို့  ရင်တွေ ပန်းတွေ တုန်သွားတယ်..။

ဘယ်နှယ့်  မြို့ လည်ကောင် မြို့ ကျက်သရေဆောင် ကျောင်းဝင်းထဲမှာ တောကောင်တွေ ၀င်နေပြီလား.. ဘုရား.. ဘုရား ပေါ့..။ နောက်မှသိရတာက ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေ ဖြေချိန်တုံးက စာဖြေကျောင်းသားတွေကို စာမေးပွဲခန်းထဲ မ၀င်ခင် ခိုးကူးစာရွက်တွေ မသမာတာတွေ ပါ မပါ စစ်ဖို့  လိုအပ်ရင် ခန္ဓာကိုယ်တခုလုံးကို လှန်လှော ရှာဖွေဖို့  အထူးစီမံထားတဲ့ အခန်းပါတဲ့။ အော်.. ဒါဆို “မ ရှာဖွေခန်း” လည်း ရှိဦးမယ်ပေါ့..။

ကိုယ်တွေ ခေတ်က တခါမှ မကြားဖူးခဲ့တဲ့  အစီအမံတွေပါလား။ အင်းလေ..အဲဒီ အချိန်က တိုင်းပြည်ကို ခုလို လွှတ်တော်နဲ့ ဘာနဲ့ ပြည်သူကိုယ်စားပြုပါတယ်လို့ တွင်တွင်ပြောနေတဲ့ အရပ်သား(တပိုင်း) အစိုးရမင်းများ အုပ်ချုပ် နေချိန် မဟုတ်ပေဘူးကိုး..။ စစ်တပ်က အာဏာသိမ်းထားတဲ့  စစ်မင်းများ အုပ်ချုပ်နေချိန်ကိုး။ စစ်ပုံစံနဲ့ ခပ်တင်းတင်း ခပ်ကြပ်ကြပ်ပေါ့ ..။

တခါမှ မမြင်ဘူး မကြားခဲ့ဘူးတဲ့ မြင်ကွင်းတွေပါ။ ကျောင်းတွေမှာ စစ်တပ်လို ရှာဖွေရေး အခန်းတွေနဲ့မို့  ကြည့်မကောင်း ဘ၀င်မကျ..။ ရန်သူ့ နယ်မြေ ၀င်စီးနေတာကျ နေတာပဲလို့ တွေးမိနေတယ်။ အဲဒါနဲ့ မေးစမ်းကြည့်တော့ တချို့  ကျောင်းသားတွေကလည်း ခိုးကြတာ တရားလွန်တယ်တဲ့။ ခိုးနည်းကို မျိုးစုံနေတာပဲတဲ့။ ခိုးကူး စာရွက်ကလေးတွေကိုက ဈေးကွက်တခု ရှိသတဲ့။ ဒီလို ခိုးစရာ အထောက်အကူတွေ လွယ်လွယ်ရနေတော့ ကလေးတွေ ခိုးတာ ဘာဆန်းလဲတဲ့ ..။

တချို့ ကလည်း ပြောကြတယ်..။ တတိုင်းပြည်လုံး သူ့ နေရာနဲ့ သူ ခိုးနေကြတာ ကလေးတွေလည်း အတုမြင် အတတ်သင် ပေါ့တဲ့ ..။ အော်..စစ်အုပ်ချုပ်ရေးခေတ်ကိုး..။

ကျောင်းသားတွေဖက် မေးစမ်းကြည့်တော့  ကျောင်းသားတွေကတော့ ဒီလုပ်ရပ်ကို ဘယ်သူမှ သဘောမကျကြဘူး။ စာတကယ်ကျက်ထားတဲ့ မခိုးတဲ့ ကျောင်းသားတွေခမျာ စာမေးပွဲဖြေကာနီး စိတ်အနှောင့်အယှက် ဖြစ်ကြရတာပေါ့။ တချို့ဆို တုန်ရင်ပြီး ကျက်ပြီးသားစာတွေတောင် မေ့ကုန်ကြရသတဲ့။ ရှာတဲ့  ဆရာတွေထဲမှာလည်း တချို့  ဆရာတွေကတော့ သိပ်မလုပ်ချင်ကြပါဘူး။ အထက်အဆင့်ဆင့်က အမိန့်နဲ့  ခိုင်းလို့သာ လုပ်ရရှာတာကိုး..။ စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။ စတိလောက် အဟန့် လောက်ပဲ စစ်ကြရှာသတဲ့..။

တချို့ ဆရာတွေကတော့ တော်တော်ဆိုးသတဲ့ ..။ ရလာတဲ့  အာဏာ ရွေးစိလောက်ကို ဂုဏ်မောက်ပြီး အတွင်းခံပါမကျန် လှန်ကြသတဲ့ ..။ ကျောင်းသားတော်တော်များများက မခံချင်ကြဘူး..။ တချို့ ကလေးတွေများ… တော်တော် သိတယ်..။ ဒါ..လူ့အခွင့် အရေး ချိုးဖောက်တာတဲ့။ အင်းလေ.. စစ်အုပ်ချုပ်ရေးခေတ်ကိုး။
ကိုယ်တွေ ငယ်ငယ်တုံးကကော ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့လားလို့ ပြန်တွေးကြည့်တော့ ဒီလောက် မြင်မကောင်းရှုမကောင်း မရှိပါဘူး။ ဘာပဲပြောပြော ဒီနေရာမှာ ကိုယ့်ဖေဖေကို ကျေးဇူးတင်ရတယ်..။ ငယ်ငယ်ထဲက သူ့ သွန်သင်ဆုံးမ မှုကြောင့်  စာမေးပွဲခန်းထဲမှာ စာမရရင်တောင် ခိုးချဖို့တော့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးဘူး..။ မဖြေနိုင်ရင် အိပ်ချင်အိပ်နေမယ်..။ ဒါမှမဟုတ်.. ဂဏန်းအကြီးကြီးတွေကို မြှောက်လိုက် စားလိုက်နဲ့  အလုပ်ရှုပ်နေလိုက်တာပဲ။ ကိုယ့်ကလေးတွေ ကျတော့လည်း ခပ်တင်းတင်း ဂုဏ်လုပ်ပြောနိုင်ခဲ့တယ်။ ဟေ့.. တို့တွေ ငယ်ငယ်ကတည်းက ကျောင်းတက်လာတဲ့  တလျှောက်လုံး ဘယ်တုန်းကမှ စာခိုးမချခဲ့ဖူးဘူးလို့လေ။

အခု သားတို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ဖြေနေတာ တ၀က်ကျိုးမှ သတိရပြီး သားတို့ သူငယ်ချင်းတသိုက်ကို မေးကြည့်မိတယ်။ ကျားရှာဖွေခန်း ဆိုတာ ရှိသေးလားလို့။ စိတ်ထဲမှာတော့ မရှိလောက်တော့ဖူး ထင်တာပေါ့။ ခေတ်ပြောင်းသွားပြီလေ..။ စစ်အုပ်ချုပ်ရေး ခေတ်မဟုတ်တော့ဘူးလေ။ လွှတ်တော် နဲ့ ဘာနဲ့လေ။ လူ့အခွင့်အရေး ကော်မရှင်တွေ ဘာတွေ ရှိနေပြီလေ..။ သန့်ရှင်းသော အစိုးရရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတွေ စတင်ကြဖို့  နိုင်ငံတော် သမတကြီး မိန့် ခွန်းခြွေခဲ့တာတောင် ၁နှစ်ပြည့်ပြီလေ။

သားတို့  သူငယ်ချင်းတသိုက်က ရှိတယ်လို့ ပြန်ဖြေတော့  ကိုယ်အရမ်း အံ့သြသွားပါတယ်။ သားတို့ သူငယ်ချင်းတသိုက်က တယောက်တပေါက်နဲ့ အတွေ့ အကြုံတွေပြောပြကြတယ်။ ကျားရှာဖွေခန်းကြီးထဲကို ဖြတ်ရတဲ့အကြောင်းပေါ့ ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ စာမေးပွဲ ဖြေကာနီး စိတ်အနှောင့်အယှက် ဖြစ်ရတာ ဘယ်ကောင်းမလဲနော်..။

ထုံးစံအတိုင်း ဆရာတချို့ ကတော့ ခေတ်ပြောင်းချိန်ကို မသိတဲ့  ရှေးရိုးစွဲ အထက်လူကြီးတွေ အမိန့်အရ တာဝန်ကျေရုံ လုပ်ကြပေမဲ့ တချို့ဆရာတွေကျတော့လည်း ဟိုလှန်သည်လှောနဲ့  တော်တော်ရစ်သတဲ့။ သားသူငယ်ချင်းတယောက်က အင်္ကျီအိတ်ထဲမှာ အောင်သပြေရွက်ကလေးတွေ ထည့်ထားတာကို အထပ်ထပ် အပြန်ပြန် လာစစ်နေသေးသတဲ့။

ကိုယ်ကတော့  စိတ်ပူစွာနဲ့ ..သားတို့ ကော ပြသနာတက်သေးလားလို့ မေးတော့ “သားတို့မှာ အစဉ်အလာ မရှိဘူးလေ” လို့  တညီတညာတည်း ပြန်ဖြေကြပါတယ်။ သားတို့ သူငယ်ချင်းတသိုက်ရဲ့ အဖြေကိုကြားတော့ ကြက်သီးမွေးညှင်း ထအောင် ပီတိဖြစ်ရင်း ကိုယ်ကျေနပ်မိပါတယ်။

ဟုတ်တယ်နော်။ လူတွေမှာ သမိုင်းကြောင်းလို့ခေါ်တဲ့ အစဉ်အလာတွေ ရှိကြတယ်။ ကောင်းတဲ့  အစဉ်အလာတွေ ရှိသလို မကောင်းတဲ့ အစဉ်အလာတွေလည်းရှိတတ်ပါတယ်။ အစဉ်အလာကောင်းတွေကို ထိန်းသိမ်း စောင့်ရှောက်ကြ ရင်း၊ မကောင်းတဲ့ အစဉ်အလာတွေကိုလည်း မကောင်းမှန်းသိပြီး ပြုပြင်နိုင်ကြရင် မကောင်းပေဘူးလား…။

နောက်နှစ် နောက်နှစ်တွေမှာ ကျောင်းဆိုတဲ့  ပညာ ဖြန့်ဝေတဲ့ မင်္ဂလာကျက်သရေရှိတဲ့ နေရာမျိုးမှာ စစ်ကြောရေးစခန်းလို ရန်သူ့နယ်မြေ ရောက်နေသလို နိမိတ်တွေထင်ဟပ်နေတဲ့ ကျားရှာဖွေခန်းတွေထားတဲ့ အစဉ်အလာဆိုးတွေ လုံးဝ ပပျောက်ပါစေ။

အဲဒီလို ပပျောက်စေဖို့ ကျောင်းသားတွေဖက်ကလည်းမသမာတဲ့ စာဖြေနည်းတွေကို လုံးဝမသုံးဘဲ ကိုယ့်တာဝန် ကိုယ်သတ္တိရှိရှိယူရတဲ့ အစဉ်အလာကောင်းတွေကိုမွေးယူကြပါစေ။ တကယ်ခေတ်ကောင်းကို အစဉ်အလာ ကောင်းကောင်း ပြောင်းပါစေ။ ။

နီဇူလိုင် (ပါမောက္ခ ပညာရေးမဂ္ဂဇင်း)







စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ မျက်နှာပေးတစ်မျိုးကတော့ အာရုံစူးစိုက်ပြီး ဘယ်ကားမှာများ ကျွန်မပါလာလိမ့်မလဲလို့ အကြည့်ပါပဲ။ ခရီးရှည်တဲ့အခါ တစ်ချိန်လုံးအမိုးဖွင့်ပြီးနေလို့က မလွယ်ပါဘူး။ ဒီတော့ထိုင်ပြီးပြတင်းပေါက်ကပဲနှုတ်ဆက်ရင် အဆင်ပြေမဲ့ နေရာတွေမှာ ထိုင်နေတော့ ကျွန်မဘယ်ကားမှာ ပါသွားမှန်းမသိလို့ စိုက်ငေးနေရင်း လွတ်သွားသူတွေလဲရှိပါတယ်။

အဲဒီလိုဖြစ်ရင် ကျွန်မစိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်တုန်းက စောင့်နေမှန်းလဲမသိ စောင့်ရကျိုးမနပ် ဖြစ်သွားလေရဲ့လို့ အားနားမိတယ်။ အချို့နေရာတွေမှာ သတိပြုမိတာက မျက်လုံးမကောင်းသူတွေ၊ မစွမ်းမသန်သူတွေ တန်းစီတဲ့အခါ လာလမ်းဘက်အကျဆုံးနေရာတွေမှာ နေကြတယ်။ ပိုပြီး လွယ်လွယ်မြင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်မှာပါ။

ဒါပေမဲ့ ကားက တစ်ခါတစ်လေ ချက်ချင်းအရှိန်မသတ်နိုင်တော့ အဲဒီလိုပုဂိုလ်တွေကို လွန်သွားပြီးမှ ရပ်နိုင်တယ်။ ပြန်ဆုပ်လို့ကလည်း မရ။ အခြားစောင့်နေသူတွေကလည်း ၀ိုင်းလာတော့ ကိုယ်အင်္ဂါအားနည်းသူတွေဟာ နှုပ်ဆက်တဲ့အထဲ ၀င်မတိုးနိုင်ဖြစ်ရပါတော့တယ်။

ကျွန်မတို့ သုံးခွအသွား သာကေတအနား ဖြတ်သွားတဲ့အခါက စောင့်နေသူတွေရဲ့ အစွန်မှာ ချိုင်းထောက်နဲ့ အမျိုးသားတစ်ယောက်ကို ကျော်သွားပြီးမှ ကားအရှိန်သတ်သွားတော့ ပြတင်းပေါက်နားရောက်လာတဲ့ လူငယ်တစ်ယောက်ကို ကျွန်မက ပြန်ပြေးခိုင်းပြီး ချိုင်းထောက်နဲ့လူကို ကျွန်မနှုတ်ဆက်လိုက်ကြောင်း ပြောပေးပါဆိုတော့ လူငယ်ကလည်း ပြန်ပြေးသွားပါတယ်။

ကျွန်မတို့လဲ ရှေ့ဆက်ထွက်ရလို့ ပါးလိုက်တဲ့စကား ရောက်သွား မရောက်သွား မသိလိုက်ရပါဘူး။ ခရီးစဉ်တစ်ခုမှာတော့ ချိုင်းထောက်ကိုလက်တစ်ဖက်နဲ့မြှောက်ပြီး ခြေတစ်ဖက်နဲ့ ခုန်လို့ တက်တက်ကြွကြွ နှုတ်ဆက်ကြိုဆိုတဲ့ အမျိုးသားကြောင့် အားတွေပြည့်ခဲ့ရပါတယ်။

ဒီလိုနေရာအတော်များမှာ မသန်းစွမ်းသူတွေနဲ့ မနှုတ်ဆက်ဖြစ်လိုက်တာကို ၀မ်းနည်းစွာနဲ့ ဒီဆောင်းပါးကပဲ တောင်းပန်ပါရစေ။ လူစုလေးတွေ ခပ်ကျဲကျဲစောင့်နေတဲ့ မြို့ပြင်လမ်းတွေမှာ ခရီးချိန်ဇယားနဲ့ကိုက်အောင် တက်နိုင်သလောက် ကြိုးစားရလို့ ကားအရှိန်မသတ်နိုင်ဘဲ ပြတင်းပေါက်ကသာ လက်ပြသွားရပါတယ်။
စောင့်နေတဲ့သူတွေ တွေ့လိုက်တဲ့အခါရှိသလို မတွေ့လိုက်တဲ့အခါလည်း ရှိပါတယ်။

မန္တလေး-စစ်ကိုင်းသွားလမ်းမှာ လူတစ်ရပ်လောက်တောင်မရှိတဲ့ လူသားနေအိမ်လို့တောင် ခေါ်ဖို့ရာခက်တဲ့ အင်မတန်စုတ်ပြတ်နေတဲ့ တဲယဲ့ယဲ့လေးတစ်ခုမှာ တန်းစီပြီး လက်ဝှေ့ယမ်းစောင့်နှုတ်ဆက်နေတဲ့ မိသားစုလေး။ ကျွန်မက အသားကုန်လက်ပြပေမဲ့ မမြင်လိုက်ကြ။ မျက်နှာတွေပေါ်မှာက မျှော်လင့်ချက်အပြုံးလေးတွေနဲ့ ကျန်ခဲ့တယ်။ ဒါတွေကို ၀မ်းနည်းနေမဲ့အစား ဒီလိုမိသားစုလေးတွေ ဆင်းရဲနွမ်းပါးခြင်းမှ လွတ်ကင်းဖို့သာ ကြိုးစားရမှာပဲလို့ ကျွန်မကိုယ် ကျွန်မ ဖြေသိမ့်ရပါတယ်။

ကျွန်မတို့ တတ်နိုင်သမျှ ကြိုးစားပြီး ရပ်နှုတ်ဆက်နေသူများက ဘီးဆင်ကုလားထိုင်များပေါ်က မသန်စွမ်းပုဂိုလ်တွေ၊ ဘေးကဖေးမ ပေးထားရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ယခု ကျွန်မကိုယ်တိုင်က ၆၇နှစ်နီးပြီဆိုတော့ ကျွန်မကို သမီးလို့ခေါ်ပြီး ဆုပေးနိုင်တဲ့သူတွေကလည်း နည်းလာပြီလေ။ ဒါကြောင့် ဒီလိုမိဘအရွယ်တွေနဲ့ တွေရတဲ့အခါ အထူးကြည်နူးမိပါတယ်။

မိဘတွေအကြောင်းပြောရင်း ကြုံလို့ ကျွန်မသုံးနေကျ စကားလေးအကြောင်း ရှင်းပြချင်ပါတယ်။
တစ်ခါက ကျွန်မကို တပ်မတော်အရာရှိတစ်ဦးက မိန့်ခွန်းတွေပြောတဲ့အခါ ဖေဖေလို့ ပြောမဲ့အစား တပ်မတော်သားတွေအကြား ထင်ထင်ရှားရှားဖြစ်သွားအောင် "ဗိုလ်ချုပ်အောင်ဆန်း" လို့သုံးနှုန်းပါတဲ့။ အကြံပေးတဲ့သူရဲ့ စေတနာကိုနားလည်ပေမဲ့ ကျွန်မ မလိုက်လျှောဖြစ်နေရပါတယ်။ "ဖေဖေ" ဆိုတာက ကျွန်မအတွက် မေတ္တာတွေ၊ နွေးထွေးမှုတွေ အပြည့်နဲ့ ငယ်ငယ်လေးကတည်းက ကျွန်မဘ၀ကနေ ပျောက်ကွယ်သွားခဲ့ပေမဲ့ မကွဲမကွာ အနားမှာရှိနေသေးသကဲ့သို့ ဖန်တီးပေးတဲ့ အသုံးအနှုန်းပါပဲ။ ဒါကြောင့် ကိုယ်တိုင် အဘွားအရွယ်ရောက်နေတာတောင် " ဖေဖေ " လို့ပဲသုံးနှုန်းတာကို မျက်လုံးချင်းဆုံရုံနဲ့ စကားဖလှယ်နိုင်တဲ့ ပြည်သူတွေ နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ( တစ်သက်လုံးမှာ သုံး၊ လေးခါမျှ " ကျွန်မဖခင် ဗိုလ်ချုပ်အောင်ဆန်း " လို့ ပြောခဲ့ရတဲ့ အချိန်အခါ တစ်ခုကတော့ ရုပ်မြင်သံကြားမှာ လွှင့်မဲ့ မိန့်ခွန်းဖြစ်ပါတယ်။ )
ပြည်သူတွေနဲ့ ပြောခဲ့တဲ့စကားတွေက ဆက်ရန်ရှိပါသေးတယ်။

အောင်ဆန်းစုကြည်။

(မိတ်ဆွေ အများ ဖတ်နိုင်အာင်လို့ ဒီလှိုင်းဂျာနယ် အတွဲ ၁ ။ အမှတ် ၉ ။ မှာရေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကား မှ ကူးယူဖေါ်ပြပါတယ်။ ဓါတ်ပုံကတော့ အင်တာနက် ကယူတာပါ။ ကြိုက်လို့ကူးထားတာ ကြာပါပြီ။ ခုမှသုံးတော့ ပိုင်ရှင်ကို မဖေါ်ပြနိုင်တာ နားလည်စေချင်ပါတယ်။)

by Zay Latt (Facebook)

________________________________________________________

ဒေါ်အောင်ဆန်းစုကြည်  မြောင်းမြလူထုဟောပြောပွဲ သွားရောက်ခဲ့စဉ်

- မြောင်းမြမြို့နယ်အတွင်းရှိ မဲစာရင်းများတွင် အိမ်ထောင်စုတစ်ခုလုံး မပါရှိခြင်း၊ ပါဝင်သော်လည်း ကွဲလွဲမှားယွင်းခြင်း၊ သေဆုံးပြီးသူများ ပြန်လည်ပါဝငင်နေခြင်း၊ မှတ်ပုံတင်နံပါတ်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်းများရှိကြောင်း မြို့ခံမဲဆန္ဒရှင်များက အထောက်အထားဖြင့်ပြောကြား

လွန်ခဲ့သည့် မတ်လဆန်းပိုင်းက ထုတ်ပြန်ကြေညာခဲ့သည့် မဲပေးရမည့် လူဦးရေစာရင်းတွင် လွဲမှားမှုများစွာ ဖြစ်ပေါ်နေကြောင်း မြောင်းမြမြို့မှ မဲဆန္ဒရှင်များက အထောက်အထားများဖြင့် ပြောကြားခဲ့ကြသည်။
ကွဲလွဲမှားယွင်းသည်ဟု ဆိုရာ၌ အိမ်ထောင်စုတစ်ခုလုံး မဲပေးရမည့် စာရင်းတွင် ပါဝင်မလာခြင်း၊ အိမ်ထောင်စုတစ်ခုတွင် တစ်ဦးကျန်၊ နှစ်ဦးကျန် ကျန်ရှိနေခြင်း၊ မှတ်ပုံတင်တစ်ခုတည်းဖြင့် မဲဆန္ဒရှင်တစ်ဦးထက် ပိုမိုပါဝင်နေခြင်း၊ မှတ်ပုံတင်များ မှားယွင်းခြင်း၊ နေရပ်များ မှားယွင်းခြင်း၊ အဖအမည်များ မှားယွင်းခြင်းအပြင် သေဆုံးပြီးသူများ ပါဝင်ခြင်းများရှိကြောင်း သိရသည်။

”ကျွန်မတို့ မိသားစုက ၂၀၁၀ ပြည့်နှစ်မှာ မဲပေးခဲ့ကြပါတယ်။ မဲပေးဖို့ စာရင်းကြေညာတော့လည်း ပါလာပါတယ်။ ကျွန်မတို့ မိသားစုမှာ မဲပေးခွင့်ရှိတာ ငါးဦးရှိပါတယ်။ အခု မဲပေးရမယ့် စာရင်းကပ်တာကိုသွား ကြည့်တော့ တစ်မိသားစုလုံး ပါမလာဘူး။ ကျွန်မတို့က ဒီမှာပဲအိမ် တိုင်တွင်းစွတ်နဲ့ တစ်သက်လုံး နေလာတာ။ အိမ်ထောင်စုစာရင်း အပြည့်အစုံ ရှိတယ်။ မှတ်ပုံတင်ရှိတယ်။ လမ်းမတန်းမှာလည်း နေတယ်။ အိမ်ကျော်သွားစရာ အကြောင်းကို မရှိတာပါ။ ကင်းစောင့်ခ၊ မီးခနဲ့ ရပ်ကွက်က ကောက်သမျှ ကုန်ကျစရိတ်တွေကျတော့ တစ်ခါမှ အိမ်ကျော်သွား တာမရှိဘူး။ မဲပေးရမယ့် စာရင်းကျတော့ တစ်မိသားစုလုံး ကျန်ခဲ့တယ်။ ကျွန်မတို့နားမှာပဲ အိမ်ထောင်စုလိုက် ကျန်ခဲ့တာတွေ တော်တော်ရှိတယ်” ဟု အမှတ်(၉)ရပ်ကွက် အတွင်းနေ ထိုင်သူတစ်ဦးက ပြောပါသည်။

”ကျွန်တော်တို့က မဲစာရင်းမှာ တော့ပါတယ်။ မှတ်ပုံတင်တွေ လွဲနေတယ်။ တစ်ဦးကျန်၊ နှစ်ဦးကျန်တွေ အများကြီးပဲ။ အဖေနာမည်တွေ လွဲနေတာ၊ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် လွဲနေတာတွေက အများဆုံးပဲ။ တစ်နေ့လုပ် တစ်နေ့စားလည်း ဖြစ်သလို ဘယ်သူ့ပြောရမှန်း မသိတာနဲ့ မပြောဖြစ်တဲ့သူ အများကြီးရှိပါတယ်” ဟု သူဌေးကုန်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

”ကျွန်မတို့က ရပ်ကွက်ထဲမှာ၊ လမ်းထဲမှာ သာရေးနာရေးနဲ့ ရပ်ကွက်အရေးအတွက် ရပ်မိရပ်ဖလို နေတာပါ။ မသိတဲ့သူ တစ်ယောက်မှ မရှိဘူး။ မဲစာရင်းကောက်တဲ့ ရပ်ကွက်တာဝန်ရှိသူတွေလည်း အကူအညီလိုရင် အမြဲလာနေကျပါ။ ဒါပေမယ့် မဲပေးရမယ့် စာရင်းမှာ ပါမလာဘူး။ တစ်မိသားစုလုံး မပါတာ။ ရပ်ကွက်အတွက် လိုအပ်တာ လာကောက်တဲ့အခါ မေးကြည့်တော့ ပါပါ မပါပါ သိပ်မှအရေးမကြီးတာလို့ ပြောသွားတယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။

”ရပ်ကွက်ထဲမှာတော့ သတင်းက အစုံပဲ။ မဲတစ်မဲကို ကျပ် ၄၀၀၀၀ လောက်နဲ့ ပေးဝယ်မယ်။ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းတဲ့သူတွေက စည်းရုံးရေးလို့ မပြောဘဲနဲ့ လယ်သမားတွေကို ငွေထုတ်ချေးမယ်ဆိုတဲ့ သတင်းမျိုးနဲ့ စုခေါ်ပြီး အဲဒီရောက်မှ အောင်နိုင်ရေးအတွက် ပါတီတစ်ခုက မဲဆွယ်တာမျိုးဖြစ်တာတွေလည်း ကြားနေရတယ်။ အောင်နိုင်ရေးအတွက် ဟောပြောတဲ့ နေရာကိုလာဖို့ ပါတီတစ်ခုကနေ တစ်ဦးကို ကျပ် ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ပေးမယ်ဆိုပြီး ခေါ်တာတွေ လည်းရှိတယ်၊ မရှိတဲ့သူတွေကတော့ သွားတယ်လို့လည်း ကြားရတယ်” ဟု မြောင်းမြမြို့ခံတစ်ဦးကလည်း ပြောကြားခဲ့ပါသည်။

”ခရိုင်ကော်မရှင်က ပြင်ဆင်ပေးမယ်ဆိုတာ ဥပဒေမှာ ပါပြီးသားပဲလို့ ပြောတယ်။ မြို့နယ်ကော်မရှင်ကတော့ ပထမမေးတော့ ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ ရတယ်ပြောတယ်၊ နောက်တစ်ကြိမ်မေးတော့ ပြင်ဆင်ပေးလို့ မရဘူးလို့ ပြောပြန်ရော။ တချို့ ရပ်ကျေးကော်မရှင်တွေကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြင်ဆင်ပေးဖို့ တင်ပြတာကို မဲဆွယ်တယ်ထင်ပြီး လုပ်ပေးဖို့အကြောင်းကို အတိအကျမပြောဘူး”ဟု မတ်လ ၁၇ ရက်နေ့အထိ အခြေအနေကို မြောင်းမြမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အောင်နိုင်ရေးတာဝန်ခံ ဦးမြင့်လွင်က ပြောကြားခဲ့ပါသည်။

Source :EMG








BBC,—- မင်းကုန်းကျေးရွာအုပ်စု အောင်ချမ်းသာမှာမဲဆွယ်စည်းရုံးပြီး အပြန်မှာ ကျေးရွာကလူငယ် တစုကလေးခွနဲ့ ပစ်ပြီးတိုက်ခိုက်လို့ အတူပါလာတဲ့ လူငယ် အမျိုးသမီတယောက်ဒဏ်ရာရသွားပါတယ်။

လူငယ်၃ဉီးတို့တိုက်ခိုက်တာဖြစ်ပြီး လောက်လေးခွကိုင်လူငယ်တယောက်နဲ့ဆဲဆိုသူတယောက်ကိုဖမ်းမိထားပါတယ်။ အဲဒီထဲမှာ ကျော်ကိုကိုဆိုသူက တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဉီးမင်းသူက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူအမျိုးသမီးကို ပျဉ်းမနားဆေးရုံကိုပို့ထားရပါတယ်။

အခု နေပြည်တော် ဥတ္တရသီရိမြို့နယ်မဲဆ္ဒနယ်ဟာ အရင် ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တဲ့နေရာတွေဖြစ်ပါတယ်။

အောက်ခြေကျေးရွာလူထုအများစုရဲ့ ထောက်ခံမှုရနိုင်လို့ အခုလို ဆောင်ရွက်တာဖြစ်နိုင်ကြောင်းနဲ့ ဒါဟာမကောင်းတဲ့အလေ့အထ တခုဖြစ်တယ်လို့ ဉီးမင်းသူက ဘီဘီစီကိုပြောသွားပါတယ်။

Source :BBC
မိခင်ကွယ်လွန်သွားခဲ့တာဆယ်နှစ်တင်းတင်းပြည့်သွားပါပြီ။မိခင်ရဲ့ရင်ထဲကပဲ့တင်သံတွေကကျမကိုအမြဲလွှမ်းမိုးနေခဲ့ပါတယ်။မိခင်က သာမန်အိမ်ရှင်မ တစ်ဦးပါ။ အတန်းပညာ မသင်ကြားခဲ့ပေမဲ့သားသမီးကိုး ယောက်ကို အတန်းပညာသာမက ဘာသာရေး၊လူမှုရေးဖက်မှာလဲ အရည်အချင်းပြည့်မီအောင် ပြုစုပျိုးထောင် ပေးခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးခရီးစဉ်အကြောင်း သူမနားလည်သမျှ ကျမတို့ကို နားရည်ဝအောင် ပြောပြခဲ့ပါတယ်။ သူမရဲ့မိခင်နဲ့ ပတ်သတ်ပြီး ပြောပြဒါကတော့ သူမရဲ့မိခင်ကို မမှတ်မိတဲ့အကြောင်း၊ သူမရဲ့မိခင်ကို အိမ်မက်ထဲမှာ မြင်ရပါစေကြောင်း သူမအမြဲဆုတောင်းတယ်လို့ ပြောပြပါတယ်။ ဒါပေမဲ့သူမမှာ သမီးခြောက်ယောက် ရှိတဲ့အတွက် သူမရဲ့မိခင်ကို မြင်ရသလို ခံစားရတယ်လို့ လဲတခါတခါ ပြောပါတယ်။မိဘရဲ့အရိပ်၊မိဘရဲ့တန်ဖိုးကြီးမားပုံကိုလဲနားလည်သ ဘောပေါက်အောင် ပြောပြလေ့ရှိပါတယ်။ ဆုံးပါးသွားတဲ့သူမရဲ့မိခင်ရုပ်လွှာကိုစွဲလန်းခဲ့တဲ့ကျမမိခင်ဟာအလွန်သနားစရာကေင်းပါတယ်။

မိခင်ဟာခင်ပွန်းသည်ရဲ့ နောက်ဆုံးထွက်သက်အထိ ဇနီးကောင်းတစ်ဦးအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။မိခင်ဟာအောင်မြင်တဲ့ မိခင်တစ်ဦး ဖြစ်ပါတယ်။ အသက်ကိုးဆယ်နှစ်နှစ်အရွယ်တွင် ဆုံးပါးသွားပါတယ်။ ဒါပေမဲ့သူမရဲ့ နောက်ဆုံးဘ၀ခရီးမှာ သောကတွေရင်ဝယ်ပိုက်ခဲ့ရပါတယ်။ ကျမရဲ့ဖခင်ဆုံးပါးသွားပြီး နောက်ပိုင်းမိခင်ဟာ ရခိုင်ရိုးမကိုကျော်ပြီး ကျမရှိရာသို့ ရောက်လာခဲ့ပါတယ်။ မိခင်ကဆေးကုသဖို့လာခဲ့ဒါပါ။မိခင်ရောက်လာပြီးနှိုင်ငံရေးအခြေအနေပြောင်းလဲသွားပါတယ်။ရိုဟင်ဂျာတွေကိုရခိုင်ရိုးမကို ကျော်ဖြတ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ မိခင်ခမျာအိမ်ပြန်ရ ခက်သွားပါတယ်။ မိခင်ရဲ့ အိမ်၊မိခင်ရဲ့သားသမီးတွေကို ပြန်တွေ့ဖို့မဖြစ်နိုင်တော့ပါ ။

မိခင်ဟာနေ့စဉ်နဲ့အမျှ ပူဆွေး သောက ရောက်နေခဲ့ပါတယ်။ ရိုးမရဲ့တစ်ဘက်က သားသမီးတွေ၊ဆွေမျိုးသားချင်း တွေ… စတဲ့ရိုဟင်ဂျာတွေ တနေရာမှတနေရာသို့ လွတ်လပ်စွာ ခရီး သွား လာ ခွင့်မရှိ၊ လွတ်လပ်စွာ သွားလာပြီး ဆေးကုသခွင့်မရှိ၊ အရွယ်ရောက်သူတိုင်း အိမ်ထောင်ပြုခွင့်မရှိ၊ အဆင့်မြင့်ပညာသင်ကြားခွင့်မရှိ ၊ဒါတင်မကသေးပါ ခွဲခြား ဆက်ဆံခြင်း တွေလဲနေရာတိုင်းမှာ တွေ့ရပါတယ်။ ဒီလိုခက်ခဲတဲ့လူနေမှုဘ၀နဲ့အသက်ရှင်နေရတဲ့သားသမီး ရိုဟင်ဂျာသွေးချင်း သားချင်းတွေအတွက် မိခင်က ရတက်မအေးခဲ့ပါ။ ဒါနဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲမှာ မိခင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့ ရိုဟင်ဂျာတွေရဲ.အခွင့်အရေးတွေလဲ ပြန်လည်ရရှိလိမ့်မယ်လို့ မျှော်လင့်ချက်များစွာ ထားခဲ့ပါတယ်။

ကျမတို့ငယ်ငယ်တုန်းက မိခင်က ဒုတိယတမ္ဘာစစ်ကြောင့် ပြေးလွှားခဲ့ရတဲ့အကြောင်း၊ လူမျိုးရေးအဓိကရုန်းဖြစ်လို့ပြေးခဲ့ရပုံ၊ ဂျပန်တွေအကြောင်းတို့ကို ပုံပြင်ဆန်ဆန် ပြောပြခဲ့ပါ သေးတယ်။ သခင်အောင်ဆန်းရဲ့ လွတ်လပ်ရေးခရီးစဉ်တွေလဲ မိခင်ဆီက ကြားဖူးပါသေးတယ်။ သခင်နုရဲ့ ကျေးဇူး ကြီးမားပုံ၊ ရိုဟင်ဂျာတွေ တိုင်းရင်းသားအဖြစ်မားမား မတ်မတ် ရပ်တည်ခဲ့ပုံတို့ကိုလဲ အကျယ်တ၀င့် ပြောပြဖူးပါတယ်။ အဲဒီကနေကျမရင်ထဲစိမ့်ဝင်လာခဲ့တာပါ။

အခုတလော ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခရီးစဉ်တွေကို မြင်ရတဲ့အခါတိုင်း မိခင်ကိုပိုပြီးသတိရပါတယ်။ မိခင်သာရှိခဲ့ယင် သိပ်ပျော်မှာ သေချာပါတယ်။ ဒါပေမဲ့..မိခင်ဟာ သားသမီးတွေကိုလဲ မြင်ခွင့်မရခဲ့ပါ။ လွမ်းစိတ်တွေရင်မှာ သိမ်းဆည်းပြီး လူ့လောကကြီးကို ကျောခိုင်းသွားပါပြီ။ မိခင်ရဲ့ကြီးမားတဲ့ ဆန္ဒကို ဘယ်တော့မှ ဖြည်ဆည်းလို့ မရတော့ပါ။ တရားမျှတတဲ့ နိုင်ငံတော်ကြီးမှာ လူတန်စားမခွဲ၊ အသားအရောင်မခွဲ၊ လူမျိုးမခွဲ၊ဘာသာမခွဲဘဲ အားလုံးပျော်ရွှင်စွာ နေနိုင်ကြပါစေ….မိခင်တိုင်းမိခင်တိုင်း …..သားသမီးနဲ့ ဝေးနေရတဲ့ ဒုက္ခ ၊မိမိချစ်တဲ့ နိုင်ငံတော်နဲ့ဝေးနေရတဲ့ ဒုက္ခ..မတရားတဲ့ နိုင်ငံတော်အစိုးရရဲ့ ဒုက္ခ… စတဲ့ ဒုက္ခ အပေါင်းမှ ကင်းဝေးကြပါစေ။ ပျော်ရွှင်တဲ့မိသားစုဘ၀ကိုလဲ ပိုင်ဆိုင်နိုင်ကြပါစေ။ မိခင်များ.........ကျန်းမာကြပါစေ။။



ဒေါ်ခင်လှ။

Download here


Burmese Muslims visiting Southern Cross University Zaw Minn Htwe (left) and Myo Win ( - ABC North Coast)
By Samantha Turnbull

The official policy of the Government of Burma is that all ethnic, religious and language groups are equal. Two Burmese Muslims visiting Southern Cross University tell a different story.

Myo Win didn't choose to be born in a Muslim house, but he was. And that house happened to be built in a country where Muslim people have long been persecuted.

Burma, also known as Myanmar, was ruled by a military junta from 1962 until last year.

The generals who ran the country have been accused of many human rights abuses and the diverse population itself has been riven by religious and ethnic tensions.

Myo first felt the sting of discrimination as a young child.

"I noticed that most of the students and even the teachers at the school, they are discriminating especially for minority people," said Myo.

"They think we are the stranger, we are foreigner, even though our forefathers were born in Burma."

Zaw Minn Htwe, also a Muslim, was regularly called a 'kalar' growing up in Burma.

"It's an insult, especially for Muslim people," he said.

"It means we are not from Burma."

The discrimination reached its worse for Zaw when Buddhist monks attacked his family's tea shop in 2003.

"They wanted to take revenge because people had destroyed a Buddhist statue in Afghanistan," he said.

"We haven't heard about Afghanistan before and we don't know anyone from Afghanistan but they target us.

"One day they came to our tea shop, we had to hide in our house and then they destroyed it.

"I was so scared, really afraid of the people.

"At that time I could not trust anyone, even our neighbor they do not protect us."


Education the answer



Rather than retaliate or flee Burma as many Muslims have done in the past, Zaw and Myo wanted to discover what the true motivation was behind the Burmese Buddhists' hatred towards them.

They came to realise the Burmese education system, or lack thereof, was the problem.

"They are no educated, they do not think separately with religion and people," said Zaw.

"I started to think about the underlying reason, why they hate us. The reason is nothing.

"The main problem is the education they are receiving because the education system in Burma is established by the government to brainwash people."

Myo said it wasn't just the Buddhist majority to blame.

"Even the Muslim community also encourages stereotypes," he said.

"They are not really encouraged to study."

Myo and Zaw said the Burmese education system was made up of rote-based learning and critical thinking was not allowed.

Myo set up a program called SMILE Education in 2007, with the aim of introducing new methods of learning to Burmese people.

"We encourage to study because we have so many identity issues we cannot defend because our people are not educated," said Myo.


Learning from Australia

Myo and Zaw are now visiting Southern Cross University's Tweed campus to learn more about Western research methodology.

"We think to make change we need proper research because all research done by government is cheated data so we cannot rely on it," said Zaw.

"We are focusing our learning on how to develop cultural research in our country and set up an education community in Burma that can bring change to the future of Burma."

They hope to set up a research centre in Burma and to one day see tertiary institutions like SCU in their home country.

"I hope if we really try to work in this kind of establishment with linkage to good governance... we can establish this type of institution in the future,'' said Myo.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြိ့ကိုသွားရောက်တဲ့ ရွေေးကာက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကြိုဆိုနေကြပုံ မြင်ကွင်း




ရန်တိုင်းအောင်လူထုဟောပြောပွဲမိန့် ခွန်း ကောက်နှုတ်ချက်


ဒေါ်အောင်ဆန်းစုကြည် လားရှိုး ရန်တိုင်းအောင်ကွင်း လူထုဟောပြောပွဲမှာ မိန့် ခွန်း ပြောကြားနေစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)

မတ်လ ၁၇၊ ၂၀၁၂ (YPI)

လားရှိုးမြို့ လူထုအခြေအနေနှင့် ပတ်သက်ပြီး

“အရင်တခေါက်လာတုန်းက အခြေအနေနဲ့ မတူဘူး၊ ပြည်သူတွေက ကြောက်နေကြတယ်။”

အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီတခုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်”

တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး

“တိုင်းရင်းသား လူမျိုးလည်း စုံတယ်၊ လူဦးရေကလည်း များတယ်ဆိုတော့ တယောက်နဲ့ တယောက် နားလည်မှုရှိရပါမယ်”

“ပြည်သူတွေအနေနဲ့ အပြောင်းအလဲ လိုချင်ရင် မဲရုံကို သွားပြီး ကိုယ်လိုချင်တဲ့သူကို မဲပေးလိုက်ရုံပဲ၊ ပြည်သူတွေလည်း မပင်ပန်းဘူး။”
တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍

“ ကျွန်မတို့ နိုင်ငံဟာ ပထ၀ီအနေအထားအရ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်း နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။
ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ”

တပ်မတော်သားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့
“နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အဲဒီလူတိုင်းထဲမှာ တပ်မတော်သားတွေလည်း ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ” “ တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြပါ”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ဝန်းကျင်မှ စတင်သည့် မိန့်ခွန်းမှာ မွန်းလွဲ ၃နာရီ ခွဲတွင် ပြီးဆုံးသွားပြီဖြစ်သည်။

_____________________________________________

လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထု




ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်နေသည့် လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို



ရန်တိုင်းအောင် ကွင်းတွင် တွေ့ရသော လားရိုးမြို့က လူထုများ ..ဓာတ်ပုံ ဆိုင်းဆွတ်


ဒေါ်အောင်ဆန်းစုကြည်သည် ညနေသုံးနာရီတွင် လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းသို့ ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြောနေပြီဖြစ်သည်။ လားရှိုးတက္ကသိုလ်ရှေ့မှ ကွင်းအထိ သူမနောက်သို့ လိုက်ပါလာကြသော လူထုမှာ သုံးသောင်းခန့်ရှိပြီး ကွင်းအတွင်းစောင့်ဆိုင်းနေကြသည့်လူထုမှာ ငါးသောင်းခန့်ရှိသည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခါမှ မကြုံဖူး သေးဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို စတင်မိတ်ဆက်လိုက်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို

By GREG CONSTANTINE


Reporting from Bangladesh, Pulitzer Center grantee Greg Constantine discusses a web of issues faced by the Rohingya community—an ethnic minority group stripped of citizenship in Myanmar (Burma). Their plight exemplifies the consequences of statelessness worldwide. Constantine has been documenting the implications of statelessness for the past six years, exposing the impact that the denial of citizenship has on different ethnic minorities around the world. His work emphasizes how citizenship is being used as a tool by governments to disenfranchise particular groups of people, and the implications that statelessness has not only for individual security but also international stability.





Source Here



ANSWERS TO WRITTEN PARLIAMENTARY QUESTIONS
HOUSE OF COMMONS
Burma

9 Feb 2012 Valerie Vaz: To ask the Secretary of State for Foreign and Commonwealth Affairs what discussions he has had with the Government of Burma on the recruitment of child soldiers into the Burmese Army. [94435]

Mr Jeremy Browne: The use of child soldiers continues to be a problem in the Burmese military and some armed ethnic groups. Many children continue to work, largely due to poverty, and there remains no code of conduct to protect working children. There is little protection under the law for how children are treated within the Burmese police justice system.
The Secretary of State for Foreign and Commonwealth Affairs, my right hon. Friend the Member for Richmond (Yorks) (Mr Hague) visited Burma on 5-6 January 2012. During his visit the Foreign Secretary urged further reforms and emphasised the importance of an end to conflict, humanitarian access, political dialogue and national reconciliation.

We will continue to work closely with civil society organisations and UN agencies on children’s issues. We support the work of the International Labour Organization in highlighting the problems and need for action on child labour and underage recruitment in the military. We raised the use of children in armed conflict in Burma in the UN Security Council in November. We supported a reference in the resolutions on Burma at the Human Rights Council and UN General Assembly, calling on the Government to end the recruitment of child soldiers by the armed forces and other armed groups, to intensify measures to ensure the protection of children in armed conflict, and to intensify its co-peration with the UN in this area. The Department for International Development’s Operational Plan for 2011-15 aims to support more than 200,000 children
through primary school in Burma.

DOWNLOAD FULL REPORT HERE




မြတ်လေးငုံ

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။

တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။

ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။

source :Yangon Chronical


အခုသမ္မတကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ ဥပဒေနဲ့မကိုက်ညီလို့ တရားမဝင်အဖွဲ့အစည်းအဖြစ် ဒီကနေ့မနက်ပိုင်း ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအရ အမျိုးသားအဆင့် တနည်းအားဖြင့် ဗဟိုအဆင့် လူ့အခွင့်အရေးကော်မရှင်ကို သမ္မတက ဖွဲ့ခွင့်မရှိတဲ့အတွက် ပြည်တောင်စု လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ရှေ့နေ ဦးသိန်းညွှန့်ကပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တရားမဝင်ဘူးလို့ မြင်တွေ့လာရတာကတော့ အစိုးရက တင်လာတဲ့ ဘတ်ဂျက်ငွေတွေဟာ ဥပဒေနဲ့အညီ အကျိုးရှိရှိအသုံးပြုနိုင်သလားဆိုတာကို လွှတ်တော်က အသေအချာ စီစစ်နေတာ ကြောင့် အခုလိုမြင်တွေ့လာရတာဖြစ်တယ်လို့ လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

မြန်မာ့လူအခွင့်အရေး ပိုကောင်းအောင် သီခြားလွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တခု လိုအပ်ချက်အရ သမ္မတဉီးသိန်းစိန်က လွန်ခဲ့တဲ့၆လကအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။တကယ်လို့ လွှတ်တော်တွေ့ရှိချက်အရ တရားမဝင်တဲ့ဖွဲ့စည်းမှုမျိုး ဖြစ်ရင် ဘယ်ပုံစံနဲ့ ဆက်လက်ရပ်တည်မယ်ဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဉီးစစ်မြိုင်ကတော့ လူ့အခွင့်အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းအဖြစ်ရုတ်သိမ်းပြီး သမ္မတရုံးရဲ့ခွင့်ပြုနိုင်တဲ့ ဘတ်ဂျက်ခေါင်းစဉ်အောက်ကနေ သီးခြားဆက် လက်ရပ်တည်သွားမှာ ဖြစ်တယ်လို့ ဘီဘီစီကိုပြောသွားပါတယ်။

Source  : ဘီဘီစီ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့တွင်ပါဝင်သူ သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ (ဓာတ်ပုံ - UN Photo/Jenny Rockett)


မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတခုအဖြစ် ရပ်တည်ရမှာဖြစ်တာ ကြောင့် ဗဟိုအဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးစဉ် - လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတခုအဖြစ် တင်ပြထားတာကို တွေ့ရှိခဲ့တာကြောင့် ကန့်ကွက်ကြောင်း အဆိုကို လွှတ်တော် အမတ်တွေက တင်သွင်းခဲ့ကြတာ ပါ။ ဒါကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့မှာ အတည်ပြုလက်ခံခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြပေးပါ ခင်ဗျာ။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်အမတ်တွေ ဆွေးနွေးနေကြတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဒီကနေ့ သောကြာနေ့မှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဟာ ဗဟိုအဖွဲ့အစည်း မဟုတ်ကြောင်းကို အတည်ပြု ကြေညာခဲ့တာပါ။ နိုင်ငံတော်သမ္မတရုံးအပါအဝင် ဗဟိုအဖွဲ့အစည်း ၁၃ ဖွဲ့အတွက် အသုံးစရိတ် တင်ပြထားမှု စာရင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အတွက်လည်း ပါဝင်နေတာကြောင့် ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအဖွဲ့ အစည်းတခု မဖြစ်နိုင်ကြောင်း ကန့်ကွက်ပြီး အသုံးစရိတ် ကျပ်ငွေ ၁၃၃ သန်း တင်ပြတောင်းခံမှုကို အတည်မပြုဖို့ ပြည်ထောင်စု လွှတ်တော် နာယကထံကို အမတ်တွေက အဆိုတင်သွင်းခဲ့တာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူလွှတ်တော် အမတ်တဦးဖြစ်တဲ့ ဦးဖေသန်းက ပြောပြ ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂ - စ) အရလည်းကောင်း၊ ပြည်ထောင်စုအစိုးရဥပဒေအရ လည်းကောင်း၊ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ဗဟိုအဖွဲ့အစည်းတွေကို လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ ဖွဲ့စည်းနိုင်တယ်။ ဒါကြောင့် ဒီလို နည်းလမ်းတကျမဟုတ်တဲ့ ဖွဲ့စည်းထားမှုဟာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် လွှတ်တော်မှာ ဘားဂျက် တင်ပြ တောင်းခံရန် မလိုအပ်ကြောင်း - လျာ ထားငွေကို ၁ဝဝ ရာခိုင်နှုန်းအပြည့် ရပ်ဆိုင်းထားသင့် ပါကြောင်းအဆိုကို တင်ပြခဲ့ပါတယ်။”

အစောပိုင်းမှာတော့ - ဒီအဆိုဟာ ဥပဒေကြောင်းအရ အငြင်းပွားစရာကိစ္စတခု ဖြစ်နေတာကြောင့်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင် ဖွဲ့စည်းမှုဟာ ဖွဲ့စည်းပုံဥပဒေအရ မှန်ကန်မှု ရှိ - မရှိ စစ်ဆေးဖို့ ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြည်ထောင်စုနာယက က တာဝန်ပေးအပ်ခဲ့ပါတယ်။ မတ်လ ၁၆ ရက် သောကြာနေ့မှာ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ ထွက်လာပြီး ပြည်ထောင်စု နာယက က ဖတ်ကြားခဲ့ ပြခဲ့ကြောင်းလည်း အမတ် ဦးဖေသန်းက ဆက်ပြောပြပါတယ်။

“၂၁ ရက်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့ နာယက က ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ပြရာမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက် အနှစ်ချုပ်ကတော့လေ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းသည့် ၅ ရက် ၉ လ ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြပြီး သဘောထား ရယူခြင်း မရှိခဲ့တာကြောင့် ဥပဒေအရ ရပ်တည်ပိုင်ခွင့်မရှိဘူး။ အဲ့ဒီကော်မရှင်ဖွဲ့စည်းခြင်းဟာ ဥပဒေနဲ့ ညိညွတ်မှုမရှိကြောင်း သဘောထားမှတ်ချက်ပေးပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း အဲ့ဒီအချက်ကို လက်ခံ ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းကနေပြီးတော့ ဒီကနေ့ လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။”

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သဘောထားကို သိနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရရှိခဲ့ပါဘူး။ ဒီနှစ်ဆန်းပိုင်းကတော့ အီးယူ ဥရောပသမဂ္ဂကနေ မြန်မာ နိုင်ငံကို အကူအညီတွေ ပေးသွားဖို့ စီစဉ်ထားတဲ့အထဲမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်လည်း ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာလ ၅ ရက် ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့ထဲမှာ စစ်အစိုးရ အရာရှိဟောင်းတွေ ပါဝင်နေတာမို့ အစိုးရသြဇာက လွတ်လပ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဟာ လွတ်လပ်မှုမရှိတဲ့အတွက် ပြည်သူတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာအောင် အားကိုးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဝေဖန်ခဲ့ဖူးပါတယ်။
တခါ ဒီ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်လို့ပဲ လွှတ်တော် အမတ်တွေက ပြင်ဆင်ချက်အဆို တင်သွင်းပြီး အသုံးစရိတ် ဖြတ်တောက်ရာမှာ - မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ စက်မှုလုပ်ငန်းစီမံကိန်းအတွက် ဘဏ္ဍာငွေ ချမပေးဘဲ ၁ဝဝ ရာခိုင်နှုန်း ရပ်ဆိုင်းဖို့ လွှတ်တော်တွင်း မဲအပြတ်အသတ်နဲ့ အတည်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော် သမ္မတရုံး အထူး ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းတွေထဲက လုပ်ငန်းပမာဏ ၃၂ ရာခိုင်နှုန်းနီးပါး လျှော့ချဖို့၊ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ အပါအဝင် တခြား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း အသုံးစရိတ်ကို လွှတ်တော်က လျှော့ချခဲ့ပါတယ်။

ဒီလို ၂၁ ရက်ကြာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပခဲ့ပြီးနောက် မတ်လ ၁၆ ရက် သောကြာနေ့မှာပဲ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းကို လုံးဝ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း က ပြောပြခဲ့ပါ တယ်။ ဒ့ါအပြင် ဒီကနေ့ သောကြာနေ့ အစည်းအဝေးဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်ကို IPU ခေါ် နိုင်ငံတကာ ပါလီမန်ဆိုင်ရာသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးကိုလည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်ရှင်။

Source :VOA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် ဦးဆောင်တဲ့ အဖွဲ့ဟာ မန္တလေးတိုင်းကို သွားရောက်ပြီး ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေကို လေ့လာ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။


မတ်လ ၁၅ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ တွင် တွေ့ရသော အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ်


ဒဲရက်မစ်ချယ်နဲ့ အဖွဲ့ဟာ မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း တာဝန် ရှိသူတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ရှိသူတွေကို ဒီမနက် တွေ့ဆုံပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ သာမက နယ်တွေက နိုင်ငံရေး အခြေအနေ နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အကြို ကာလ အခြေအနေ တွေကို အဓိက စုံစမ်းမေးမြန်းတယ် လို့ တွေ့ဆုံရာမှာ ပါဝင်သူ မန္တလေးတိုင်း ပါတီ တာဝန်ရှိ သူ ဦးမျိုးနိုင်က ပြောပါတယ်။ အောင်နိုင်ရေး အဖွဲ့ထဲမှာလည်း ပါကြတဲ့ ကျောက်ပန်းတောင်း မြို့နယ်မှာ ပြိုင်မယ့် ဒေါက်တာဇော်မြင့်မောင်နဲ့ နွားထိုးကြီးမှာ ပြိုင်မယ့် ဦးပေါခင်တို့က ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ရှင်းပြ ခဲ့ကြတယ် လို့ ပြောပါတယ်။

“ဒေါက်တာ ဇော်မြင့်မောင် ရှင်းပြတဲ့ အခါကျတော့ မဲစာရင်းနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ အခက်အခဲ ဖြစ်တယ်။ အချိန်လုံလောက်မှု နည်းတယ်။ သူတို့ မနေ့ကထိ မဲစာရင်း ကူးလို့ မပြီးသေးဘူး။ နောက်တခါ မဲစာရင်း ထပ်နေတာတွေ၊ မှားနေတာတွေ အများကြီး တွေ့ရတယ်။ အဲ့ဒီ အခက်အခဲတွေဟာ သူတို့ပေးတဲ့ အချိန် အတိုင်းအတာ အတွင်းမှာ လုပ်ဖို့ ခက်ခဲတယ် ဆိုတာတွေကို အဓိက ထား ပြောခဲ့တယ်။”
နေပြည်တော်နဲ့ ရန်ကုန်မှာ နိုင်ငံရေး ပါတီတွေ၊ ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကိုယ်စားလှယ်ဟာ မနေ့ကပဲ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ် သန့်ရှင်းမျှတဖို့ လိုတယ်လို့ ရန်ကုန် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒါကြောင့် ဘာကြောင့် မန္တလေးမှာ ထပ်မံ စုံစမ်း မေးမြန်းရတာလဲလို့ မေးကြည့်တဲ့အခါ ဦးမျိုးနိုင်က နေပြည်တော်မှာ ကြုံရတဲ့ အခြေအနေနဲ့ ကျန်နယ်တွေရဲ့ အခြေအနေတွေ နှိုင်းယှဉ် နိုင်အောင် လာရောက် စုံစမ်းတာလို့ ဖြေဆိုပါတယ်။
“ပြောတာကတော့ ရှင်းပါတယ်။ သူတို့ဟာ ပြည်ထောင်စု ကော်မရှင် နဲ့တွေ့ခဲ့ပြီ။ ပြည်ထောင်စုကော်မရှင်ဟာ ၂၀၁၀ နဲ့ မတူတဲ့ အခြေအနေကောင်းတွေ တွေ့ရပြီ။ ဒါပေမယ့် အောက်ခြေမှာ ရှိတဲ့ တိုင်း၊ ရပ်/ကျေးမှာ ရှိတဲ့ ကော်မရှင်တွေမှာက ကျနော်တို့ တင်ပြတဲ့ အတိုင်း ကွဲလွဲနေတာ တွေ့ရတယ်။ ဒါကြောင့် ရန်ကုန်နဲ့ နေပြည်တော် မှာသာ မကဘဲ မြို့ကြီးတွေမှာ ရှိတဲ့ မြို့နယ်တွေက အန်အယ်လ်ဒီ တွေနဲ့ တွေ့ဆုံ မေးမြန်း နေတာလို့ သုံးသပ်လို့ ရပါတယ်။”
မစ္စတာ ဒဲရက်မစ်ချယ်နဲ့ အဖွဲ့ဟာ မန္တလေးတိုင်း ပြည်ခိုင်ဖြိုးပါတီ က တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျင်းပမယ့် မဲဆန္ဒနယ် နေရာ ၄၈ စလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီနဲ့ ပြည်ခိုင်ဖြိုးတို့က နေရာပြည့် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Source  :ဒီဗွီဘီ

ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ၀တ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။



Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်)နှင့် သမီး မနှင်းထက်ထက်အောင် ဖြစ်ပါသည်။


ဦးအောင်မြင့်ဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့ သိရပါတယ်။

မနေ့က နေ့လည်တစ်နာရီလောက်မှာ ဗဟန်းရဲစခန်းက ဦးအောင်မြင့်နဲ့ သမီးမနှင်းထက်ထက်အောင်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်လမ်းက စုပေါင်းရုံး အမှတ် ၄ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောရေးစခန်းမှာ တစ်ညလုံးစစ်ဆေးခဲ့တယ်လို့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်က ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးအောင်မြင့်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။ ဦးအောင်မြင့်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ တစ်ကြိမ် ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

မနှင်းထက်ထက်အောင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

Source : RFA


Rohingya Exodus