Latest Highlight


(ဆက်စပ်ဖတ်ရှူရန်အတွက် ၂၀၀၈ ခု နိုဝင်ဘာ ခေတ်ပြိုင်တွင် ဖော်ပြခဲ့သည့် ဘင်္ဂလားဒက်မြန်မာ ရေပိုင်နက်အငြင်းပွားမှု ကနဦးကာလ စစ်ရေးတင်းမာမှုကို ပြန်လည် တင်ပြခြင်းဖြစ်သည်။)
------------------------------------------------------
သတင်းထောက် ဟန်တင်အောင် ခေတ်ပြိုင် |



ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့်ရေပိုင်နက်မှ မြန်မာ စစ်သင်္ဘောများ ရုတ်တရက် ဆုတ်ခွာ သွားသော်လည်း မည်သည့်အကြောင်းကြောင့် ဆုတ်ခွာရသည်ကို မြန်မာစစ်အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ သို့သော် စစ်သွေးကြွနေသည့် မြန်မာစစ်အစိုးရ ဦးကျိုးရသည့် အကြောင်းရင်းကို စိစစ်ကြည့်ရန်လိုသည်။

အငြင်းပွားသည့်နေရာသည် ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်တွင်ဖြစ်သည်။ ထိုနေရာတွင် ရေနံရှာဖွေရေး ပဏာမလုပ်ငန်းဖြစ်သည့် ဟိုက်ဒရို ကာဘွန် ရှာဖွေရေး လုပ်ငန်းများကို ဒေးဝူးကုမ္ပဏီ သင်္ဘောများက လုပ်ကိုင်နေပြီး မြန်မာ ရေတပ် သင်္ဘော နှစ်စင်းက ကာကွယ် ပေးထားသည်။

မြန်မာဘက်က ရေနံရှာဖွေနေသည့်နေရာသည် ဘင်္ဂလားဒက်နိုင်ငံ ရေပိုင်နက်မှာဖြစ်သည့်အတွက် မြန်မာဘက် က ကျူးကျော်သည်ဟု စွပ်စွဲသည်။ မကြာခင် ဘင်္ဂလားဒက်နိုင်ငံမှ ရေတပ်သင်္ဘော လေစီး လွှတ်လိုက်သည်။ မြန်မာဘက်ကလည်း ဆက်ရှာဖွေမည်ဆိုပြီး အခြေအနေ တင်းမာနေစဉ် မြန်မာ ရေနံ ရှာဖွေရေး သင်္ဘောများ မြန်မာစစ်သင်္ဘောများ ရုတ်တရက် အချင်းဖြစ်သည့်နေရာမှ ဆုတ်ခွာသွား ခြင်းဖြစ်သည်။

အကယ်၍ မြန်မာနှင့် ဘင်္ဂလားဒက်နိုင်ငံ ၂ နိုင်ငံ ဘင်္ဂလားပင်လယ်အော်ထဲရှိ ရေပိုင်နက် အငြင်းပွားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်မည်ဆိုလျင် ၂ နိုင်ငံလုံး၏ ရေတပ်အင်အားကို ထဲ့တွက်ရန်လိုသည်။

မြန်မာရေတပ်တွင် စစ်သည်အင်အား ၁၆၀၀၀ ရှိပြီး ဘင်္ဂလားဒက်ရေတပ်တွင် စစ်သည်အင်အား ၂၈၀၀၀ ရှိသည်။ ရာခိုင်နှုန်းနှင့်ပြောရလျင် မြန်မာရေတပ် စစ်သည်အင်အားက ဘင်္ဂလားဒက် ရေတပ်စစ်သည် အင်အားထက် ၄၃ ရာနှုန်း နည်းနေသည်။



မြန်မာရေတပ်တွင် တိုက်ရေယာဉ်အသေးစား ၄စီး၊ ကမ်းလွန်ကင်းလှည့်စစ်ရေယာဉ် ၃ စီး၊ ကမ်းရိုးတန်း ကင်းလှည့် စစ်ရေယာဉ် ၁၂ စီး၊ ကမ်းတိမ် စစ်ရေယာဉ် ၆ စီး၊ မြစ်ကြောင်းကင်းလှည့်စစ်ရေယာဉ် ၃၆ စီး၊ စက်သေနတ်တင်ရေယာဉ် ၂၁စီး သာရှိသည်။

ဘင်္ဂလားဒက်ရေတပ်ကိုကြည့်လျင် မြန်မာရေတပ်ထက် ပိုခေတ်မှီ၏။ စစ်သင်္ဘောအင်အား လက်နက် အင်အားသာလွန်၏။ အထူးသဖြင့် ဒုံးကျည်တပ် လျှပ်တပြက် တိုက်ရေယာဉ်များတွင် ယခင် ဆိုဗီယက် နိုင်ငံထုတ် လက်နက်ကို တရုတ်ပုံစံပြောင်းထားသည့် ၀၂၁ Huangfeng ဒုံးကျည်များပါသည်။ ၀၂၄ Hegu class, Hoku class, Hogu class, Hougu class and Houku class စသည့် ဒုံးကျည်တပ် ရေယာဉ်များလည်း ပါသည်။ တရုတ်နိုင်ငံလုပ် တော်ပီဒို ဒုံးကျည်တပ် လျှပ်တပြက်တိုက်ရေယာဉ်များရှိသည်။

ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်တွင်း ရေတပ်အင်အားချင်း ယှဉ်ပြိုင်လျင် မြန်မာရေတပ် အရေးနိမ့်ဖို့ များသည်။ ရေတပ်အင်အားချင်း မယှဉ်နိုင်သည့်အတွက် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးသလားဟု စဉ်းစားရန်ရှိသည်။



ဘင်္ဂလားဒက် ရေတပ်မှ တရုတ်လုပ် Missile Craft



သို့သော် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးချိန်သည် မြန်မာဘက်က ရေပိုင်နက်ကျူးကျော်သည့်ကိစ္စ တရုတ်ကို ဘင်္ဂလားဒက်အစိုးရက ပြောပြီးချိန်နှင့်တိုက်ဆိုင်နေပြန်သည်။ ထို့ကြောင့် တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေးဆက်ဆံမှုအပိုင်းကိုပါ ဆန်းစစ်ကြည့်ဖို့လိုလာသည်။

၂၀၀၂ ခုမှစတင်ပြီး တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေး ဆက်ဆံမှု စတင်ခဲ့သည်။ ၂၀၀၆ ခုတွင် ဘင်္ဂလားဒက် ရဲများသုံးဖို့ ပစ္စည်းများကို တရုတ်ကလှူဒါန်းသည်။ မကြာခင် ဘင်္ဂလားဒက်သည် တရုတ်ထံမှ အက်-၇ တိုက် လေယာဉ် ၁၆ စီး ၀ယ်ခဲ့သည်။ ဘင်္ဂလားဒက်ရေတပ်မှ စစ်ဘောင်္များ လက်နက်များ အများစုမှာ တရုတ်နိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးအပိုင်းကကြည့်လျင်လည်း ၂၀၀၂ ခုတွင် တရုတ်မှဝယ်သည့် သွင်းကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ ၆၄သန်းကျော်ရှိပြီး ဘင်္ဂလားဒက်မှ တရုတ်ကို တင်ပို့နိုင်သည့်တန်ဖိုးက ဒေါ်လာ ၁၉ သန်းသာရှိသည့်အတွက် ဘင်္ဂလားဒက်က ကုန်သွယ်ရေးလိုငွေပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘင်္ဂလားဒက် တရုတ် ကုန်သွယ်မှုပမာဏက ဒေါ်လာ သန်းနှစ်ထောင်နီးပါး တက်လာသည်။ ၂၀၀၅ ခုနှစ်တွင် တရုတ်သည် ဘင်္ဂလားဒက်နိုင်သို့ အများဆုံး ကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်လာသည်။

သဘာဝဓါတ်ငွေ့ရှာဖွေရေးအပိုင်းမှာလည်း ဘင်္ဂလားဒက်နိုင်ငံတွင်း တရုတ်လုပ်ကိုင်ဖို့ ဘင်္ဂလားဒက်က ခွင့်ပြုထားခဲ့သည်။ ထို့ပြင် စစ်တကောင်းဆိပ်ကမ်းကိုပါ တရုတ်ရေတပ်သင်္ဘောများ ဆိုက်ကပ်ခွင့် ဘင်္ဂလားဒက်အစိုးရက ပေးခဲ့သည်။ ထိုအခွင့်အရေးကို အိန္ဒိယက လိုချင်သော်လည်း မရခဲ့ပေ။
မြန်မာနိုင်ငံမှ ၀ယ်မည့် ဓါတ်ငွေ့ကို သယ်ယူရာတွင် စစ်တကောင်းဆိပ်ကမ်းသည် အိန္ဒိယအတွက် အလွန်ရေးပါသည်။ သို့သော် အိန္ဒိယကို ဘင်္ဂလားဒက်က မျက်နှာသာမပေးခဲ့။ ထို့ကြောင့် ဘင်္ဂလားဒက်သည် တရုတ်နိုင်ငံအတွက် မြန်မာကဲ့သို့ အရေးပါသည့်နိုင်ငံဖြစ်နေသည်။



စီးပွားရေးရှုထောင့် ကာကွယ်ရေးရှုထောင့်တို့မှကြည့်လျင် ဘင်္ဂလားဒက် မြန်မာ ၂ နိုင်ငံလုံးသည် တရုတ်၏ ဖောက်သည် ၂ နိုင်ငံဖြစ်နေသည်။ မည်သည့်နိုင်ငံမျှ တရုတ်သြဇာနှင့် မကင်း။ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ အတွက် ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံကပင် တရုတ်ကို မေတ္တာရပ်ခံနေရသလို ဘင်္ဂလားဒက် ကိုကြည့်လျင်လည်း တချိန်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ရုံး ဖွင့်ခွင့်ပေး သည်ကို တရုတ်နိုင်ငံ မျက်ထောင့်နီသွားသဖြင့် ထိုင်ဝမ်ရုံးအမြန်ပိတ်ပြီး ၀န်ကြီးသစ်လဲပေးခဲ့ရသည်။

စင်စင် ဘင်္ဂလားဒက်နှင့် မြန်မာဖြစ်သည့် ပြဿနာသည် နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်သည့်ကိန်းထက်မပို။ တရုတ်က မျက်နှာရိပ်ပြလိုက်သည်နှင့် မြန်မာစစ်အစိုးရ တင်ပါ့ဘုရားဖြစ်သွားရသည်။ တရုတ်က ငါးခြောက်ဆိုသည့် မြန်မာစစ်အစိုးရက ဖုတ်ပြီးသားပါဟု ပြောရသည့် အခြေအနေမျိုးထက် မပိုပေ။

Source : by Swe Swe Kyi Facebook


တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက် ကျောင်းသားဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသားများ တက်ရောက်ကြောင်း သတင်းရရှိသည်။




ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မင်္ဂလာဒို့ရိုးရာခန်းမတွင် ကျင်းပသော ၂၄ နှစ်မြောက် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား၌ တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မင်္ဂလာဒို့ရိုးရာခန်းမတွင် ကျင်းပသော ၂၄ နှစ်မြောက် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က “တံတားနီဖြစ်စဉ်ကာလ၌ မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါဖြစ်စဉ်တွင် ပါဝင်လှုပ် ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် တက်ရောက်လာခြင်းဖြစ်ကြောင်း၊ အားလုံး ပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တခုကို ဖြစ်ပေါ်စေလိုကြောင်း၊ အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း” ပြောကြားသည်။


ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးတွင် အမှားအမှန်ဆိုသော အဖြေတခုတည်းသာ မရှိကြောင်း၊ မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုယ်နှင့်သာ သက်ဆိုင်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတလှမ်း၊ အဆင့် တဆင့်သာဖြစ်ကြောင်း၊ ထိုမှတဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊ ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း” လည်း ပြောကြားသွားသည်။

အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်ကြောင်း၊ တက်ရောက်သည့် ပရိသတ် ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။

အခမ်းအနားတွင် ကိုမင်းကိုနိုင်က သမိုင်းအမှန်များ၊ တရားမျှတမှုများအတွက် လွတ်လပ်မှုများ ပေးသင့်ကြောင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဝေ၊ စုဝေး ဆန္ဒထုတ်ဖော်ခြင်းစသည့် နိုင်ငံသားများ၏ အခွင့်အရေးများ ပေးသင့်ကြောင်း၊ ပြည်သူများ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရသင့်ကြောင်း ပြောဆိုသွားသည်။

ထို့နောက် ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ်လူငယ်များနှင့် တံတာနီအရေးအခင်းတွင် ပါဝင်ခဲ့သူများ စုဝေး၍ အင်းလျားကန်ဘောင်တွင် ၁၉၈၈ ခုနှစ်က ဖြစ်ရပ်ဟောင်းများကို စကားလက်ဆုံ ပြောဆိုခဲ့ကြကြောင်း၊ တံတားဖြူ ကားမှတ်တိုင်အနီးတွင် အာဏာပိုင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရ၊ ဖမ်းဆီး ထိမ်းသိမ်းခံရသည့် ကျောင်းသားများအတွက် အင်းလျားရေပြင်တွင် ပန်းခွေများမျှောကာ ဆုတောင်းကြကြောင်း သိရသည်။

တံတားနီ အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသည့် အသက် ၂၂ နှစ်အရွယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစည်သူဇေယျက “ကျနော့် စိတ်ထဲမှာ ဒီလောက်ဆိုးဝါးတဲ့အ ခြေအနေ ဘာကြောင့် ဖြစ်ခဲ့တာလဲလို့ ကိုယ့်ဟာကိုယ် မေးကြည့်မိတယ်။ လူကြီးတွေနဲ့ တွေ့တဲ့အခါလည်း ဒီမေးခွန်းကို မေးချင်ပါတယ်။ နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး ဘယ်တော့မှ မကြုံချင်တော့ပါဘူး” ဟု ပြောသည်။

၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တံတားဖြူမှတ်တိုင်အနီး၌ ရာနှင့်ချီသော ရန်ကုန် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ထိုစဉ်က မဆလ အာဏာရှင်အစိုးရ၏ လုံထိန်းရဲများက ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ယနေ့ကျင်းပသည့် တံတားနီနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို မူလစီစဉ်ခဲ့သောနေရာတွင် ကျင်းပရန် အဆင်မပြေဖြစ်ခဲ့သဖြင့် မင်္ဂလာဒို့ရိုးရာခန်းမသို့ ပြောင်းရွှေ့ကျင်းပကြခြင်းဖြစ်သည်။

ဒီကနေ့ ရန်ကုန်မြို့ အင်းလျားကန်ဘောင် မြင်ကွင်းများ ဖြစ်ပါတယ်။

၁၉၈၈ နဲ့ သက်ဆိုင်တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်လာကြသူတွေပါ။

တံတားနီ နဲ့ နှစ် ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့တဲ့ တံတားနီနေ့




Report of the Special Rapporteur on the situation of Human Rights in Burma that will be presented to the 19th session of the UN Human Rights Council on March 12th.




Human Rights Council discusses the Human Rights situation in Myanmar.Burma


The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန်

The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်းမီဒီယာတို့က အပြင်းအထန်ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်ဖြစ်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်လိုက်သည်။


ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။

ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။ The Messenger News Journal ၁၄ .၃.၂၀၁၂ နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၁၀) ပါ "The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် " သတင်းနှင့်ပတ်သက်၍ The Messenger ဂျာနယ်၏သဘောထားထုတ်ပြန်ချက် ကြေးမုံသတင်းစာ၏ အဆိုပါသတင်းဖေါ်ပြချက်သည်


(၁) စတုတ္ထမဏ္ဍိုင်အား တစ်ဖက်သက်ခြိမ်းခြောက်သည့် အသွင်ဆောင်နေခြင်း။ (၂) သတင်းအင်္ဂါရပ်နှင့် မညီညွှတ်သည့်အပြင် ပြည်တွင်းထုတ် သတင်းဂျာနယ်များအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေလိုသည့် ရည်ရွယ်ချက် ပါရှိနေခြင်း။ (၃) နိုင်ငံတော်သမ္မတကြီး၏ စတုတ္ထမဏ္ဍိုင်အပေါ် အလေးအနက်ပြုမှုအပေါ် အသိအမှတ်မပြုရာ ရောက်ခြင်း။ စသည့်အချက်များ ပါဝင်နေခြင်းကြောင့် The Messenger News Journal မှပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ ထို့အပြင်The Voice ဂျာနယ်၏ " ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ " သတင်းဖေါ်ပြချက်နှင့်ပတ်သက်၍ ကြုံတွေ့လာနိုင်သည့် အခြေအနေအားလုံးကို The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား လေးနက်စွာ အသိပေးအပ်ပါသည်။

The-Voice-8-13

Credit : ဒီမိုဝေယံ


 သည်ဗွိုက် ဂျာနယ်ပါ ၀န်ကြီးဌာနတချို့ ကျပ် သိန်းထောင်ချီ အလွဲသုံးမှု သတင်းနဲ့ ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်မယ် လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သည်ဗွိုက် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာန သတင်းတပုဒ်နဲ့ ပတ်သက်ပြီးတော့ သည်ဗွိုက် ဂျာနယ်ကို တရားဥပဒေ အရ ဆောင်ရွက်သွားမယ်ဆိုတာ တရားစွဲမယ်လို့ ရည်ညွန်းတာလို့ သည်ဗွိုက် က ယူဆပါသလား၊ ဘယ်လိုမျိုး ယူဆပါသလဲ။

“ကျနော်တို့ကတော့ တရားဥပဒကြောင်း ဆိုတာကတော့ အမျိုးမျိုး ရှိတယ်လေ။ အဲဒီထဲမှာလည်း တရားစွဲတဲ့ အဆင့်တခု ပါတာပေါ့နော်။ သူတို့ထဲမှာလည်း ပြောထားတာက တရားဥပဒေကြောင်း လို့ ပြောထားတဲ့ အတွက် ပြတ်ပြတ် သားသား မပြောတဲ့အတွက် ကျနော်တို့ကလည်း ထင်မြင်ချက် ပေးဖို့ ခက်ပါတယ်။ သူတို့ဖော်ပြတဲ့ သတင်းက သတ္ထုတွင်း ဝန်ကြီးဌာန ကပဲ ပြောတာ လား၊ ပြန်ကြားရေး ဌာနက ပြောတာလား ဆိုတာ မသဲကွဲပါဘူး။ သတင်းအင်္ဂါရပ် နဲ့ ကြည့်တဲ့ အခါကျတော့လည်း သတင်း ရင်းမြစ်ဆိုတာလည်း မတွေ့ရဘူးလေ။

အဲဒီတော့ ဒီမှာ ဖော်ပြတဲ့ သတင်းစဉ်ဆိုတာက နိုင်ငံတော်အစိုးရကို ရည်ညွှန်း နေကြ မဟုတ်လား။

“သတင်းစဉ်ဆိုတော့ ပြန်ကြားရေးက မြန်မာ့သတင်းစဉ် ပါပဲ။”

ဒီသတင်းရေးသားမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဖတ်ရတယ်။ သည်ဗွိုက် ဂျာနယ်က အရေးအသားမှာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ငွေတွေ မသွင်းတဲ့ ကိစ္စလည်း ကျနော်တို့ တွေ့ရတယ်။ စိုက်ပျိုးရေးနဲ့ လယ်ယာ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ကိစ္စတွေ လည်း ပါတယ်။ သတ္ထုတွင်း ဝန်ကြီးဌာနလည်း ပါတယ်။ အမှတ် ၁ စက်မှုဝန်ကြီးဌာနလည်း ပါတယ်။ မနေ့က အစိုးရပိုင် သတင်းစာတွေမှာ သတင်းဖော်ပြတာက သတ္ထုတွင်း ဝန်ကြီး ဌာနနဲ့ ပတ်သက်တဲ့ ရေးသားချက်က မဟုတ် မမှန်တာလို့ ရေးသားတယ် ဆိုတော့ ကျန်တဲ့ အချက်တွေက မှန်တယ်လို့ ဝန်ခံတဲ့သဘောလား။ ဘယ်လို ယူဆပါသလဲ။

“ဒါကိုတော့ သတင်းဖော်ပြတဲ့ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သတင်းစဉ်ကို မေးတာက ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ ကျနော်တို့ကတော့ သည်ဗွိုက်ဂျာနယ်မှာ ပါတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ပဲ ပြောလို့ ရတယ်လေ။ နောက်တခုက သူတို့ထဲမှာ ပါတဲ့ သတ္ထုတွင်း ဝန်ကြီးဌာနက ကျနော်တို့ကို ပြောထားတဲ့ အချက်တွေကလည်း ကျနော်တို့ မရေးတဲ့ အချက်တွေ ပါ ပါတယ်။ ဂျာနယ် ထဲမှာတော့ သတ္ထုတွင်း ဝန်ကြီး ဌာနနဲ့ ပတ်သက်ပြီး ရေးထားတာ တကြောင်းတည်းပဲ ရှိတယ်။”

သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးတော့ ဌာနတခုတည်းရဲ့ သတင်းနဲ့ ပတ်သက် လို့ ပြောလို့ရှိရင် သည်ဗွိုက် ဂျာနယ် က စကားလုံး အသုံးအစွဲပဲ ဖြစ်ဖြစ်၊ ဦးတည်ချက်ပဲ ဖြစ်ဖြစ် အာမခံ နိုင်လား။ တကယ်လို့ တရားစွဲမယ် ဆိုလို့ရှိရင် ရင်ဆိုင်ဖို့ အသင့်ရှိလား။

“ကျနော်တို့ဘက်က တရားတဘောင်ဆိုတဲ့ ကိစ္စမျိုးကို မရောက်ရင်တော့ အကောင်းဆုံးပေါ့လေ။ ရောက်မယ် ဆိုလို့ရှိရင်လည်း ဘယ်သူက ပိုပြီးတော့ သိက္ခာကျနိုင် မလဲ၊ ဘယ်သူက ပိုပြီး ထိခိုက်နိုင်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ကာယကံရှင်တွေ အနေနဲ့ စဉ်းစားဖို့ လိုတာပေါ့။ ကျနော်တို့ ဖော်ပြထားတဲ့ သတင်းကတော့ စာရင်း စစ်ချုပ်ရုံးကနေပြီးတော့ ပြည်သူ့လွှတ်တော်မှာ ရှိတဲ့ ပြည်သူ့ငွေစာရင်း ကော်မတီကို အစီရင်ခံထားတဲ့ အစီရင်ခံစာအပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက အတည်ပြုချက် ယူ မေးမြန်းပြီးတော့ အစီရင်ခံစာမှာ ပါတဲ့ အတိုင်း ဖော်ပြထားတာ။

ဒါကြောင့် ကျနော်တို့ဘက်ကတော့ ဒီကိစ္စက အဲဒီလောက် ခိုင်လုံ တိကျတယ်လေ။ ဒီလို ခိုင်လုံ တိကျတဲ့ သတင်းမျိုးကို တဖက်က ဥပဒေကြောင်း အရ လုပ်မယ် ဆိုလို့ ရှိရင် ရေရှည်မှာ ဘယ်သူက ထိခိုက် နစ်နာနိုင်သလဲ ဆိုတာတော့ စဉ်းစားဖို့လိုပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ ဥပဒေကြောင်းတို့ ဘာတို့ ဆိုတာမျိုး မလုပ်စေချင်ပါဘူး။ အဓိက ကတော့ မီဒီယာနဲ့ ဝန်ကြီးဌာန တချို့ရဲ့ တိုက်ပွဲ၊ ရန်ပွဲ အသွင် မဆောင်စေချင် ဘူး။ ပြည်ထောင်စု ဝန်ကြီးဌာနတွေ ကလည်း မီဒီယာတွေကို ကြောက်သွားတာမျိုး မဖြစ်စေချင် ဘူး။ အပြန်အလှန် နားလည်မှုလွဲတာ မဖြစ်စေချင်တာ သတင်းသမားတွေရဲ့ သဘောထားပါ။ ကျနော်တို့က သတင်းတွေကို မခိုင်လုံ၊ မတိကျဘဲနဲ့ ထည့်လို့ မရဘူး။ ဖြစ်စေချင်တာ ကတော့ ဝန်ကြီးဌာန အာဏာပိုင်တွေ ကလည်း သူတို့ကို မေးရင်တော့ အကုန်လုံးက ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး လုပ်နေတယ်လို့ အမြဲ ပြောတာကိုး။ မီဒီယာတွေကလည်း အတူတူပဲလေ။ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး လုပ်တာပဲ။ အဲဒီတော့ ပြည်သူ့အကျိုး နိုင်ငံအကျိုး လုပ်တာချင်းဆိုရင် ရည်ရွယ်ချက်ခြင်း၊ ရည်မှန်းချက်ခြင်း တူတဲ့သူတွေ အချင်းချင်း အနေနဲ့ ပဋိပက္ခ အသွင် မဆောင်စေချင်ဘူး။ အခု ကိစ္စက အဓိပ္ပာယ် ကောက်ယူမှု လွဲတာတွေ ရှိတယ်လေ။ နှစ်ဖက်စလုံးမှာပေါ့။ နှစ်ဖက်စလုံးမှာဆိုတာက ဝန်ကြီးဌာနတွေ အနေနဲ့ကလည်း စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ ပါတဲ့ ဝန်ကြီးဌာနတွေရဲ့ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စအတွက် ကျနော်တို့ သတင်းအပေါ်မှာ အကောက်အယူ လွဲတာတွေ၊ အဓိပ္ပာယ် ကောက်လွဲတာတွေ၊ ဘာသာပြန် လွဲတာတွေ ရှိတယ်။ သူတို့က ဘာကောက်လိုက်လဲ ဆိုတော့ သူတို့ သတင်းထဲမှာလည်း ဖော်ပြထားတဲ့အတိုင်းပေါ့။ ကျနော်တို့ဘက်က မဟုတ်မမှန် လုပ်ကြံ ဆိုတာမျိုးက ဒါ အဓိပ္ပာယ်ကောက် လွဲတယ်လို့ပဲ ကျနော်တို့က ကောက်ချက်ချပါတယ်။ သတင်းရေးသားတာမှာ တော်တော် များများက တရားစွဲမယ် ဆိုတာချည်း ကို ခေါင်းတတ်နေကြတာလေ။ ခေါင်းတတ်နေကြတော့ တဖက်ကလည်း ဒီလို အဓိပ္ပာယ်ကောက် လွဲပြီးတော့ တဖက်နဲ့ တဖက်ကြားမှာ နားလည်မှု ပိုဝေးသွားတာမျိုးကို မဖြစ်စေချင်ပါဘူး။

Source :DVB News

A young Burmese Rohingya refugee participates a demonstration outside the Office of the UN High Commissioner for Refugees (UNHCR) in Kuala Lumpur, Malaysia, last year. (Photo: AP)

A top U.S. envoy has voiced renewed concern for the plight of thousands of refugees displaced in upper Burma by ongoing fighting between government troops and ethnic Kachin rebels.

Derek Mitchell, speaking Thursday in Rangoon, acknowledged progress the government has been making in securing cease-fires with many of the country's key ethnic groupings. But he said peace in Kachin state remains elusive.

“In Kachin state, I think violence is still sticking out, inconsistent with the trends toward dialogue and confidence building and reconciliation that we have seen.”

Earlier this month, representatives of the Kachin Independence Organization met with a government delegation in a Chinese border town, looking to resolve the predicament of 60,000 Kachin refugees displaced by fighting since last June. A report from the Kachin News Group said the KIO was also seeking the withdrawal of government troops from all rebel territories.

No breakthroughs have been reported.

Western governments, led by the United States and the European Union, have pressed Burma to end the decades of conflict and make other political reforms in exchange for lifting sanctions originally imposed on the country's former military junta. U.S. officials have also linked sanction easements to government promises to ensure free and fair by-elections April 1.

The new government, which came to power last year, is dominated by former and current military officials. It has launched several initiatives aimed at ethnic and political reconciliation, including dialogue with political opponents and the lifting of some restrictions on the press.

Source here



‘They Call It Myanmar’: US filmmaker pries lid off daily life in military-dominated country


By Associated Press,

WASHINGTON — American professor Robert Lieberman went to Myanmar to train local filmmakers and shot his own documentary on the sly. The solo-filmed “They Call It Myanmar: Lifting the Curtain,” pries the lid off daily life in what has long been one of world’s most isolated and repressed places, examining its grinding poverty and tragic decades of military rule.

The film is a reminder that, despite recent upbeat news as Myanmar ventures on a reform path that has seen releases of political prisoners and easing of censorship, it remains a country with huge problems.

The movie is showing at selected theaters in the United States.

Lieberman, 71, took time off from his regular job teaching physics at Cornell University and traveled to Myanmar several times over two years, initially on a U.S. government-funded Fulbright program. He helped shoot health awareness commercials, then taught film at a university in the main city Yangon. He also accumulated 120 hours of his own footage, often filmed clandestinely.

Part documentary, part travelogue, “They Call It Myanmar” absorbs the country’s charms and cruelties and spills them out with disarming curiosity. He explains, both from his own perspective and the narrations by anonymous collaborators, just what life is like there and what makes its long-suffering people tick.

In a sense, the film already is outdated. Lieberman did the leg work before change began taking hold, although he sneaked back early last year to interview democracy leader Aung San Suu Kyi after she was released from her latest stretch of house arrest. The Nobel Laureate’s musings on the country also known as Burma, and its turbulent history, are part of the narrative.

Lieberman describes Myanmar as the second most-isolated country in the world after North Korea, but foreign journalists are now being allowed in to report, and there is public debate on issues such as human rights and ethnic conflict that just a year ago would have been off-limits.

While the isolation and climate of fear has eased, however, that has not translated yet into a shift in political power or improved living conditions. Lieberman’s film lays bare how far what was once one of Southeast Asia’s most prosperous countries has sunk.

His starting point is not the ruinous military rule that has led it to that point, but, refreshingly, something more simple and vital to Burmese identity: tanaka, a fragrant, light brown paste that people daub on their faces. Opening the movie that way makes sense, as many faces populate Lieberman’s film. They are filmed on the street, on trains, in temples, in markets and clinics, though some are blurred out to protect their identities.

The videography is often rough-and-ready but sometimes scenic. He takes in the historical treasures of the country, the famed Shwedagon Pagoda, the hundreds of ancient temples of Bagan, as well as exploring the importance of the predominant Buddhist faith.

He sometimes injects his own dashes of humor, like when he jokes on seeing a Buddha image covered thick with countless offerings of gold leaf: “Shall we grab it and run?”

The abiding theme, however, is deprivation. In one hard-to-watch scene, a young, shaven-headed girl with a deep ulcer cries in pain at an ill-equipped clinic. The doctor says the girl has tuberculosis, but her mother cannot afford the drugs to treat her.

A political prisoner, interviewed off-camera, tells how he was tortured by his jailers who put a bag on his head with two mice inside. He says to stop the mice biting him, he had to bite them back.

In the second half of the film, Lieberman looks at Myanmar’s turbulent modern history. There is rare archive footage of Suu Kyi’s father, national hero Aung San, speaking during a visit to Britain before he led the country toward independence after World War II, only to be assassinated months before it shook off its colony status.

The film then tells the compelling story of how Suu Kyi was catapulted to political prominence following a brutal military crackdown on democracy protesters in 1988. The military used deadly force again to put down Buddhist monk-led mass demonstrations in 2007. The junta’s reputation was sullied further by its initial refusal to allow in foreign aid after Cyclone Nargis in 2008, which killed 130,000 people.

But what is missing from “They Call It Myanmar” is what beckons now. Even hardened human rights activists and dissidents view the changes of the past year as the country’s most significant in the half-century since the military took power.

The film’s touching closing sequences tell of people’s aspirations. One Burmese tearfully speaks of how Myanmar is a proud country, but one that needs help to stand on its own feet. Another simply yearns “to speak, read and write poetry the way your heart tells you to do it.”

Online: http://www.theycallitmyanmar.com

Source here




Legal Reforms Should Meet International Human Rights Standards

Burma’s new law on assembly rejects the previous ban on demonstrations, but still allows the government to trump the Burmese people’s basic rights. There is a lot of excitement about changes in Burma these days, but the government shouldn’t be given credit for allowing some freedom just because none existed before. Instead, it should be pressed to make sure its laws meet international standards.
Brad Adams, Asia director at Human Rights Watch


(New York) – Burma’s new law on the right to peaceful assembly falls far short of international standards, Human Rights Watch said today. President Thein Sein signed the assembly law, the Law Relating to Peaceful Assembly and Peaceful Procession,on December 2, 2011.

Human Rights Watch urged Burma’s parliament to repeal the law’s provisions that fail to meet international human rights standards, such as imprisonment as a penalty for permit violations. In the meantime, the Home Affairs Ministry should consult with international organizations as it drafts regulations to mitigate some of the law’s harsh effects.

“Burma’s new law on assembly rejects the previous ban on demonstrations, but still allows the government to trump the Burmese people’s basic rights,” said Brad Adams, Asia director at Human Rights Watch. “There is a lot of excitement about changes in Burma these days, but the government shouldn’t be given credit for allowing some freedom just because none existed before. Instead, it should be pressed to make sure its laws meet international standards.”

The Burmese government has long used laws banning marches, demonstrations, and gatherings of more than five people to arrest, prosecute, and imprison peaceful protesters. While ostensibly accepting the right of peaceful assembly, the new law makes the right subject to the overbroad control and the discretion of the authorities, Human Rights Watch said. Under international law, legal restrictions on basic freedoms should be clearly and narrowly identified, strictly necessary, and proportionate.

The new assembly law requires anyone planning a demonstration to seek permission from the township police chief five days in advance. Permission is required for any gathering of “more than one person in a public area … in order to express their opinions.” The authorities are required to respond 48 hours before the planned gathering. If permission is denied, the authorities must offer reasons.

The law states that the police chief may only refuse a permit if the application is “contrary to Union security, prevalence of law and order, community peace and tranquility or public order and morality.” Organizers may appeal the decision to the state or regional level police authorities. The administrative appeals process is final, with no appeal to the courts allowed.

Holding an assembly without permission can result in a one-year prison sentence. Even if permission is granted, theassembly lawprovides criminal penalties of up to six months in prison for various types of conduct, such as giving speeches that contain false information, saying anything that could hurt the state and union, or “doing anything that causes fear, a disturbance or blocks roads, vehicles or the public.” These offenses are articulated in vague and uncertain terms, Human Rights Watch said.

The original bill banned shouting slogans at public assemblies. Parliament amended the final bill to allow slogans, but only if they are pre-approved.

“Requiring approval for the content of slogans shows just how far the government needs to go to understand basic freedoms,” Adams said. “Peaceful protesters shouldn’t go to jail just because a police officer may not like what they said.”

Burma has a long history of repression of peaceful protests. Pro-democracy marches in 1988 were put down by the authorities with lethal force. Security forces killed an estimated 2,000 protesters. Peaceful marches led by the opposition 88 Generation Students group in August 2007 and Buddhist monks in September 2007 were violently broken up. Human Rights Watch’s investigation documented killings by the security forces and hundreds of arbitrary arrests. Some protest leaders were sentenced to over 65 years in prison, and only released in the government’s January 2012 amnesty.

In 2011, the police forcibly dispersed several protests in Rangoon, the former capital. One small protest on October 27 led to the arrest of eight landless farmers and their lawyer, activist Phoe Phyu, for illegal assembly after they protested the forcible acquisition of their land by government-backed companies. Phoe Phyu, now free on bail pending trial, is also defending a group of farmers who led protests in the Irrawaddy Delta region in September. The authorities also arrested and briefly detained a rights activist, Myint Naing, in Bassien in November for filming the farmers’ protest and charged him with distributing unauthorized material under the Electronics Transactions Act.

The assembly law will not go into force until regulations are drafted. Human Rights Watch urged the Home Affairs Ministry to consult with relevant international organizations in drafting the guidelines to mitigate the harsh effects of the law. For instance, the regulations could provide guidance to police chiefs about criteria for granting a permit and the exercise of discretion in the administrative appeals process.

The regulations should state clearly that the assembly law is meant to facilitate gatherings and processions, and the enjoyment of the constitutional right to assembly, Human Rights Watch said. They should make clear that permits should not be refused merely because the gathering might disturb “community peace and tranquility.”

The regulations should clearly define, based on objective criteria terms such as to “frighten” or “disturb” the public, or “hurt the state.” They should clarify that criminal penalties should only be sought for acts of violence or incitement and not for the peaceful exercise of rights to expression, association, and assembly, such as giving false information in a speech or using unapproved slogans.

Since taking office in March 2011, Burma’s new government has introduced many bills into the national bicameral assembly, debating these laws in the three parliamentary sessions to date in a manner not seen in Burma for decades. Nevertheless, the passage of some laws has been shrouded in secrecy. Full drafts of legislation are often not distributed outside the parliament, and there has been little community consultation.

“The real test of new laws will be to see what happens when Burmese attempt to use them,” Adams said. “Burma’s government will deserve kudos for legal reform only when people are allowed to exercise their basic rights.”

Source : Human Rights Watch
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်  အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ ဖြစ်ပါမယ်။



Internal Water (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)


ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့် ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်း ရေပိုင်နက် ဟု ခေါ်။ ကုန်တွင်း ရေပိုင်နက် အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြား သင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။



Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)



အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေ နဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက် နှင့် အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို မထိပါးစေတဲ့၊ အန္တာရယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တာရယ်မရှိတဲ့ သင်္ဘော အနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့ သဘောနဲ့ (ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။



Contiguous Zone (အချုပ်အခြာ အာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)




Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထု ညစ်ညမ်းမှု နဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်။ ဥပမာ - အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က မိမိရဲ့ ကမ်းလွန်ရေပိုင်နက် ကို ကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။



Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်)



အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇၀ ကီလိုမီတာ/ ၂၃၀ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံ မှ Exclusive Economic Zones အတွင်း ထွက်သမျှ သဘာဝ သယံဇာတ ပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ ရှာ အကုန်ပါ။



ခု အထက်က ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက် အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) လို့ ခေါ်။



အထပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို ပုံ (၀) တွင်ကြည့်။



အဲ့သလို အတိအကျ သတ်မှတ်ထားပေမဲ့ (မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ့်  လို) အိမ်နီးချင်း နိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှာ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။



ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ့် က (နှစ်နိုင်ငံ)အခြေခံမျဉ်း သတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။



ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီ ဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာ ပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ ရပြီ။



ပုံ (၁) က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။



ပုံ(၂) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ (၂) အရ ဘင်္ဂလားဒေ့ရှ့် က ရေပိုင်နက် ဧရိယာ ပိုရဟု သတ်မှတ်နိုင်။



ပုံ(၃) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ ကမ်းရိုးတန်း ဧရိယာ အကျယ်အဝန်း။ မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈၇ ကီလိုမီတာ)၊ ဘင်္ဂလားဒေ့ရှ့်  (၄၁၃ ကီလိုမီတာ)။



ပုံ(၄) က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့် ) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။



ပုံ(၅) က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။



ပုံ(၆) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး (နောက်ဆုံး အတိုးအလျော့လုပ်ပြီး) သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။



ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူး ဆိုတာ သိသာထင်ရှားစေတယ်။



ပုံ(၆) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့ နေရာရှိတယ်။ အညိရောင် ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ (၇) တွင် ကြည့်။ အဲ့တာဟာ နိုင်ငံတကာ မှာ ထိစပ်နေတဲ့ ရေပိုင်နက် နယ်နိမိတ်တွေရှိတဲ့ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင် ဧရိယာ အတွင်း လုပ်ပိုင်ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတကာ နဲ့ မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။



ပုံ(၈) က နှစ်နိုင်ငံ ပင်လယ်နဲ့ ထိစပ်လို့ ပိုင်တဲ့ ရေပိုင်နက် ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ(၃) ရဲ့ သဘောတရားအတိုင်း မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ၊ ဧရိယာ ပိုကျယ်ဟု ဆိုနိုင်။



ပုံ(၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကို နှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။



ပုံ (၉) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin's Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။



နိဂုံး



စာရေးသူ ကိုယ်တိုင် ပင်လယ်ရေကြောင်း ဝေါဟာရတွေနဲ့ ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါဟာရ အမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံး မှန်ကန်အောင် ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား "ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်" ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟဖြစ်နေတာတွေကို ပျောက်စေလိုတဲ့ အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကို နားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော့် အမြင်ကို တင်ပြရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု နဲ့ အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့ နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။



ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမို စိတ်ပါဝင်စားပြီး အမှန်အတိုင်း နားလည်လက်ခံနိုင်ကြပါစေ။



ငြိမ်းချမ်းအေး



၁၅ မတ်လ၊ ၂၀၁၂





နောက်ဆက်တွဲ ရှင်းလင်းချက်။ ။



ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့ မင်းက ဆိုရင် ဘာကြောင့် နိုင်ငံတကာ သတင်းတချို့မှာ "ဘင်္ဂလားနိုင်တယ်" လို့ ရေးသလဲလို့ မေးကြတယ်။ အဲ့ဟာကို ရှင်းရရင် ကိုယ့်တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့ လို့ပြောရမယ်။ မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက်ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့ တွေ့ပြီး သူ့အမြင်၊ တရားရုံး ဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ ပြောတယ် (ပြောနိုင်တယ်)။ အဲ့သလို ပြောတဲ့ နေရာမှာ အမှန်ကိုအခြေခံပြီး ပြောရပေမဲ့ ကိုယ့် ပြည်တွင်း နိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီ ဂုဏ်တက်အောင် ပြောရတယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ "ဘင်္ဂလားနိုင်တယ်" ဆိုတဲ့ သတင်းတွေ တက်ရခြင်း ဖြစ်တယ်။



ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး တက်တယ်လို့ လက်လှမ်းမီသမျှ သတင်းမှာ မတွေ့ရ။ (EU sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံ ပြောလေ့မရှိ၊ ပြောနိုင်တဲ့ အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင် ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့ အသိဥာဏ်လည်း (အစိုးရ တစ်ဖွဲ့လုံး မှာ) မရှိ။



တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေးခဲ့တဲ့ ဥပဒေ ပညာရှင်တွေ၊ တတ်သိပညာရှင်တွေက လည်း သူတို့ အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့ သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။



အဲ့တော့ "ဘင်္ဂလားနိုင်တယ်" ဆိုတဲ့ သတင်းဘာကြောင့် ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။



Photo Source: itlos.org

Ref: ITLOS Final Judgement Report





ပုံ (၀) နိုင်ငံတာကာ ရေပိုင်နက် သတ်မှတ်မှု

ပုံ (၁)

ပုံ (၂)

ပုံ (၃)

ပုံ (၄)

ပုံ (၅)

ပုံ (၆)

ပုံ (၇)

ပုံ (၈)

ပုံ (၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ (၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ်ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကိုနှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။

ပုံ (၉) အတိုင်း နောက်ဆုံးသတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ်သွားတာက စိန့်မာတင်ကျွန်း (St. Martin’s Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိ မိတ်မျဉ်းက သက်ရောက်မှုမရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂ လားဒေ့ရှ်ပိုင်လို့သတ်မှတ်လိုက်တယ်။

● နိဂုံး
စာရေးသူကိုယ်တိုင် ပင်လယ်ရေကြောင်းဝေါဟာရတွေနဲ့ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါ ဟာရအမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံးမှန်ကန်အောင်ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား “ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်” ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟ ဖြစ်နေ တာတွေကို ပျောက်စေလိုတဲ့အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့ က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကိုနားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့အချက်အလက်တွေကိုအခြေခံပြီး ကျနော့်အမြင်ကို တင်ပြရမယ်ဆိုရင် တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှုနဲ့အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမိုစိတ်ပါဝင်စားပြီး အမှန်အတိုင်းနားလည်လက်ခံနိုင်ကြပါစေ။
++++++

နောက်ဆက်တွဲ ရှင်းလင်းချက်။ ။ ရေပိုင်နက် အငြင်းပွားမှုဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့မင်းကဆိုရင် ဘာကြောင့် နိုင်ငံတ ကာ သတင်းတချို့မှာ “ဘင်္ဂလားနိုင်တယ်” လို့ ရေးလဲလို့မေးကြတယ်။ အဲ့ဟာကိုရှင်းရရင် ကိုယ့်တိုင်းပြည်ကိုခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့လို့ပြောရမယ်။ မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက် ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့တွေ့ပြီး သူ့အမြင်၊ တရားရုံးဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ပြောတယ် (ပြောနိုင်တယ်)။ အဲ့သလို ပြောတဲ့နေရာမှာ အမှန်ကိုအခြေခံပြီးပြောရပေမဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီဂုဏ်တက်အောင် ပြောရ တယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့သတင်းတွေ တက်ရခြင်းဖြစ်တယ်။

ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးတက်တယ်လို့ လက်လှမ်းမီသမျှသတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံပြောလေ့မရှိ၊ ပြောနိုင်တဲ့အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင်ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့အသိဉာဏ်လည်း (အစိုးရတစ်ဖွဲ့လုံးမှာ) မရှိ။

တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေခဲ့တဲ့ ဥပဒေပညာရှင်တွေ၊ တတ်သိပညာရှင်တွေကလည်း သူတို့အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။

အဲ့တော့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့ သတင်းဘာကြောင့်ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။



Photo Source: wikipedia and itlos.org
Ref: ITLOS Final Judgement Report




Credit : by Nyein Chan Aye (facebook)



မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြောလိုက်ပါတယ်။
လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက်ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့တာပါ။


အရင်တုန်းက ဆန္ဒပြ လှုပ်ရှားမှုတွေကို တားမြစ်ထားတာကို ဥပဒေသစ်က အခုအခါ ခွင့်ပြုလိုက်ပေမဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် ယူရတာမျိုးလို ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေအပေါ် စိတ်အားတက်ကြွနေပေမဲ့လည်း အရင်က မရှိဖူးတာတွေ ရှိလာရုံနဲ့ အစိုးရကို အမှတ်ပေးမနေကြဘဲ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဖြစ်အောင် ဖိအားပေးသင့်တယ်လို့လည်း Human Rights Wtach အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ကြေညာချက်ထဲမှာ တိုက်တွန်းသွားတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက လွှတ်တော်တွင်းမှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့နဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေး ဝန်ကြီးဌာနလို အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ Human Rights Wtach အဖွဲ့က တောင်းဆိုထားပါတယ်။

Source :VOA
ယနေ့ သတင်းစာပါ နယ်စပ် အငြင်းပွားမှု ရှင်းတမ်း ... Credit : Sai Zaw





မြန်မာ- ဘင်္ဂလား​ဒေ့​ရှ် နှစ်နိုင်ငံ ပင်လယ် ​ရေပိုင်နက် နယ်နိမိတ် အငြင်း​ပွား​မှုကို ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာခုံရုံး​ (ITLOS)က တရား​မျှတစွာ ​ဆောင်ရွက်ခဲ့​တဲ့​ အတွက် ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​ပြီး​ ဖြစ်​ကြောင်း​ မြန်မာအစိုး​ရက နိုင်ငံပိုင် သတင်း​စာက​နေ ​ကြေညာလိုက်ပါတယ်။

ခုံရုံး​က သတ်မှတ်​ပေး​လိုက်တဲ့​ နယ်နိမိတ် သတ်မှတ်ချက်​တွေအရ မြန်မာ အစိုး​ရနဲ့​ နိုင်ငံတကာ ​ရေနံကုမ္ပဏီ​တွေ ပူး​ပေါင်း​ လုပ်ကိုင်​နေတဲ့​ ကမ်း​လွန် လုပ်ကွက်​တွေကိုလည်း​ ထိခိုက်မှု မရှိတဲ့​အတွက် လုပ်ငန်း​တွေကို အရှိန်အဟုန် မပျက် ဆက်လက် လုပ်ကိုင်သွား​မယ့်​ အ​ကြောင်း​လည်း​ သတင်း​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ဂျာမနီနိုင်ငံ ဟမ်း​ဘတ်မြို့​ အ​ခြေစိုက် ပင်လယ်ပြင် ဥပ​ဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး​ (ITLOS)ဟာ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ်နဲ့​ မြန်မာ အစိုး​ရက ​တောင်း​ဆိုတဲ့​ နယ်နိမိတ် အကြား​ ၂၁၅ ဒီဂရီ က​နေ နယ်နိမိတ် အသစ် အဖြစ် မတ်လ ၁၄ ရက်​နေ့​မှာ အပြီး​သတ် စီရင်ချက် ချမှတ် ပိုင်း​ခြား​ သတ်မှတ် ​ပေး​ခဲ့​တာ ဖြစ်ပါတယ်။

တရား​ရုံး​ ဆုံး​ဖြတ်ချက်အရ ဘင်္ဂလား​ဒေ့​ရှ်ဘက်က ​တောင်း​ဆိုထား​တဲ့​အတိုင်း​ ​ရေမိုင် ၂၀၀ အထိ ပိုင်ဆိုင်ခွင့်​ရရှိခဲ့​တာ ဖြစ်ပါတယ်။

ဒီ​ ရေပိုင်နက်ပြဿနာ အမှုရင်ဆိုင်ဖို့​ မြန်မာအစိုး​ရက ​ရှေ့​နေချုပ် ​ဒေါက်တာထွန်း​ရှင်နဲ့​ နိုင်ငံခြား​ရေး​ဌာနက ဒု-ညွှန်ချုပ် ​ဒေါ်လှမျိုး​နွယ်တို့​ကို ​စေလွှတ်ခဲ့​ပြီး​ နှစ်နိုင်ငံစလုံး​က နိုင်ငံတကာ​ရှေ့​နေ​တွေနဲ့​ တိုင်း​တာ​ရေး​ ပညာရှင်​တွေ ငှား​ရမ်း​ ​ဆောင်ရွက်ခဲ့​တာပါ။

နှစ်နိုင်ငံ ​ရေပိုင်နက် အငြင်း​ပွား​မှုဟာ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံမှာ သဘာဝ ဓာတ်​ငွေ့​ရှာ​ဖွေခွင့်​ ရရှိထား​တဲ့​ ​ဒေဝူး​ကုမ္ပဏီက ရခိုင်ကမ်း​လွန်ပင်လယ်ပြင်မှာ ​ရေနံရှာ​ဖွေ​ရေး​လုပ်ငန်း​တွေ စတင်လုပ်​ဆောင်ရာက စတင်ခဲ့​တာပါ။
ရေနံရှာသ​ င်္ဘော​တွေနဲ့​ အတူ မြန်မာ​ရေတပ် သ​င်္ဘောတချို့​ အငြင်း​ပွား​ဖွယ် ​ရေပိုင်နက်အတွင်း​ ဝင်​ရောက်လာခဲ့​တဲ့​အတွက်လည်း​ ဘင်္ဂလား​ဒေ့​ရှ် အစိုး​ရက မြန်မာသံအမတ်ကို ဆင့်​ခေါ် ကန့်​ကွက်မှု​တွေလည်း​ ပြုလုပ်ခဲ့​ဖူး​ပါတယ်။

ဘင်္ဂလား​ဒေ့​ ရှ် အစိုး​ရက​တော့​ နိုင်ငံတကာ တရား​ရုံး​ ဆုံး​ဖြတ်ချက်နဲ့​ ပတ်သက်ပြီး​ ​အောင်မြင်မှုတရပ်အဖြစ် နိုင်ငံပိုင် မီဒီယာ​တွေမှာ ​ဖော်ပြပါတယ်။ မြန်မာအစိုး​ရက​တော့​ တရား​မျှတစွာ ဆုံး​ဖြတ်ခဲ့​မှုအတွက် အစိုး​ရနဲ့​ပြည်သူ​တွေက ​လေး​စား​ချီး​ကျုး​ ဂုဏ်ပြုလျက်ရှိကြပြီး​ စီရင်ချက်ရလဒ်ကို ​ကျေနပ်လက်ခံတယ်လို့​ ဒီ​နေ့​ထုတ် နိုင်ငံပိုင်သတင်း​စာ​တွေမှာ အချပ်ပိုထုတ်ပြီး​ အကျယ်တဝင့်​ ​ဖော်ပြထား​ပါတယ်။ 
Source  :ဒီဗွီဘီ




နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦးက ထောင်ထဲမှာ ရှိနေသေးတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများအကြောင်း ဆွေးနွေးထားကြပါတယ်။



Source :Irrawaddy



By Zin Linn 

The Burmese government led by President Thein Sein seems to be neglecting its own promises – good governance, national reconciliation, poverty alleviation etc. – made during the presidential inaugural ceremony. The regime is dragging its feet to honor ethnic people’s equal rights and self-determination.

How much time does Burma need to bring about national reunion, a transition to democracy and full respect for human rights? The cost of further postponement will be paid in thousands of innocent lives, lost opportunities and prolonged civil war.

The ethnic Kachin people of Burma want a ceasefire in order to avoid war crimes in their regions. They are calling for a meaningful political dialogue among the stakeholders to reinstate peace in the war-torn state.

If the government has a true political reform plan, first, it should declare a one-sided ceasefire to show benevolence towards war victims and innocent civilians. Government must take into consideration that this war actually is wasting many lives of the country’s manpower.

Meanwhile, two days of peace talks between the Burmese government and the Kachin Independence Organization concluded in the Yunnanese border town of Ruili in China on Friday (March 9) without a comprehensive peace agreement being reached, according to Kachin News Group (KNG).

The ethnic armed groups do not trust fully on government’s offer for peace talks. The fact is that while offering peace plans, the government has been increasing its deployment of armed forces in the conflict zones. Besides, Burmese Army soldiers are roaming freely committing lots of crimes and human rights abuses in the ethnic territories.

The latest round of negotiations took place as clashes continued along a large front line that spans much of Kachin and significant parts of northern Shan state.

According to sources who attended the meeting, one of the major sticking points that remains is the government delegation’s refusal to accept the KIO demand that issues relating to the political cause of the conflict be addressed prior to a ceasefire being reached.

The government negotiation team was led by retired colonel turned parliamentarian Aung Thaung who is thought to be protégé of ex-military boss Than Shwe, while the KIO delegation was led by Sumlut Gam. During the second day talks, the KIO delegation rejected Aung Thaung’s standpoint that a political dialogue will initiate in parliament after a ceasefire agreement signed,according to KNG referring a trustworthy KIO official.

Aung Thaung’s stance comes from the government’s three-step plan – first to make ceasefire at state level talks, second to establish a Kachin ethnic political party and third the ethnic party has to put forward the ethnic questions to the parliamentary assembly where the problems have to solved out in line with the constitution.

According to Mizzima News, KIO Brigadier General Gun Maw, the KIO second commander-in-chief, said the KIO prefers its own three-step process.

The KIO three-step process suggests that the first step would be an agreement on the distribution of troops and their locations. Second step would be an all-inclusive forum similar to the Panglong conference, which would include all ethnic leaders and the government so as to work out long-standing political disagreements. The third and final stage would be to put into practice the agreement in whatever form is appropriate, Mizzima said.

“President Thein Sein said that they would have final discussions [on peace] in the Parliament. That is opposite to what the ethnic people want,” La Nang, a KIO spokesman, told Mizzima.

La Nang indicated that President Thein Sein’s “three steps to peacemaking” differ greatly from the way the KIO believes peace talks should be undertaken.

Following the end of the talks Burmese opposition news group Democratic Voice of Burma quoted KIO spokesman Brig-Gen Gun Maw that one of the other major points of disagreement between the two sides is the future of Burmese army bases in KIO territory.

Over the past 24 hours, government forces launched an offensive against KIO position’s in central Kachin State’s Sinbo region controlled by the Kachin Independence Army’s 5th Battalion, KNG said.

The government’s armed forces are behind war crimes and crimes against humanity. The human rights violations of Burmese soldiers in Kachin State, involving rape, forced labour, torture, the killings of civilians, and religious persecution are grave breaches of international laws.

It is also the duty of the current government to provide humanitarian assistance to thousands of war refugees and internally displaced populations in various ethnic states.

Source here


YangonThe media in Myanmar have gained new freedoms but also face a new threat in the form of lawsuits filed against them by the government. The state-run Kyemon daily reported Wednesday that the Ministry of Mines plans legal action against a reporter and the publisher of private weekly The Voice for a report alleging misappropriation of funds.The Modern weekly journal has already been sued on defamation charges by an engineer from the Construction Ministry.

He sued over a story alleging that truck drivers had bribed local engineers to allow them to use a bridge even though their vehicles exceeded its weight limit.Journalists were jailed, beaten and blacklisted while Myanmar was under decades of army rule, and the new elected but military-backed government continues to censor reporting about politics and other subjects it deems sensitive.

But since last year, when the nations long-entrenched military junta stepped down, censorship has ended on subjects such as health, entertainment, fashion and sports, and reporters are testing the limited freedom emerging.Publishers point out that the press is still not free.

The international media have wrongly reported that Myanmar is enjoying media freedom, but the censorship board continues to delete many stories and local journals are being sued one after another, said Dr. Than Htut Aung, CEO of the prominent Weekly Eleven Media group. He described the report in The Voice not published by him as correct and meeting ethical standards.

Source :AP




အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် ယနေ့ မွန်းလွဲ ၂ နာရီ၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးတွင် ယနေ့ မွန်းလွဲ ၂ နာရီ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် နေပြည်တော်တွင် အသုံးဝင်ပြီးအကျိုးလည်းရှိသည့်တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်ခဲ့သည့်အတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ထို့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ကန့်သတ်ထားသည့်အရေးကိစ္စများ မရှိပါကြောင်း၊ ယင်းအတွက် ၀န်ကြီးများနှင့် အခြားတာဝန်ရှိသူများအား ကျေးဇူးတင်ပါကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးကိုလည်း ကူညီရာရောက်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာ၊ ဖွံ့ဖြိုးရေး၊ လူမှုရေး စသည့်အခန်းကဏ္ဍတို့တွင် မည်ကဲ့သို့ ကူညီမှုများ ပြုလုပ်နိုင်မည်နည်းဆိုသည်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ကချင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ တိုင်းရင်းသားလူနည်းစုဒေသများတွင် ပြီးခဲ့သည့်လများ၊ သီတင်ပတ်များအတွင်း တိုးတက်မှုများ ရှိလာသည်ကို တွေ့ရပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေကြောင်းကို မြန်မာအစိုးရက ပြောကြားပါကြောင်း၊ ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက်စိုးရိမ်မိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ကူညီထောက်ပံ့ရန် အကန့်အသတ်ရှိနေသည်ကို သိရှိရပါကြောင်း၊ ယင်းအတွက် မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးလိုပါကြောင်း၊ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအား ကူညီထောက်ပံ့နိုင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့သွားမည်ကို ယခုဒီနေရာမှ ကြေညာပြောကြားလိုကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတကာ ထင်သာမြင်သာရှိမှု ဖြစ်ဖို့လိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲရလဒ်သည် အရေးကြီးကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
Source : EMG (Facebook)


သယံဇာတ ရင်းမြစ်ကြွယ်ဝသော ပင်လယ်ပြင် ဧရိယာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို အဆုံးအဖြတ်ပေးသည့်အနေဖြင့် နှစ်နိုင်ငံကြား ပင်လယ်နယ်နိမိတ်သစ်တစ်ခုကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ အထူးခုံရုံး (International Tribunal for the Law of the Sea) က မတ်လ ၁၄ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။

ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ပါ တချို့အစိတ်အပိုင်းများအပေါ် တရားသူကြီးအချို့ သဘောထား ကွဲလွဲခဲ့သော်လည်း ဆုံးဖြတ်ချက်ကိုမူ တစ်ကမ္ဘာလုံးမှ တရားသူကြီး ၂၃ ဦးက တညီတညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်သည်။ ''နှစ်ဖက်စလုံးဟာ တစ်စုံတစ်ရာကို ရရှိခဲ့ကြသလို တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးခဲ့ကြပါတယ်''ဟု ဂျာမန်တရားသူ ကြီး ရူဒီဂျာဝိုလ်ဖရမ်က ပြောကြားခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အောင်ပွဲဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီက ပြောကြားခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အနိုင်ရရှိခဲ့သော နေရာတွင် သဘာဝဓာတ်ငွေ့နှင့် ရေနံ တူးဖော်နိုင်ပြီဟုလည်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ သီးသန့် စီးပွားရေးဇုန် ရေမိုင် ၂၀၀ ကို တရားရုံးကသတ်မှတ်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု တောင်းဆိုထားသည့် စိန့်မာတင်ကျွန်း တစ်ဝိုက်နေရာတစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။


ပိုင်နက်အငြင်းပွားမှုမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး မြန်မာသည် အငြင်းပွားရေပိုင်နက်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည်ဟု ဘင်္ဂလားဒေ့ရှ်က စွပ်စွဲခဲ့သည့် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခ ဖြစ်လုနီးပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဘင်္ဂလားပင် လယ်အော်တွင် ကြီးမားသည့် သဘာဝဓာတ်ငွေ့သိုက်များ မြန်မာက တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သည်ဟု ပြောကြားထားသည့်နေရာတစ်ခုတွင် နောက်ထပ်တူးဖော်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် အလားတူ ပင်လယ်ပိုင်နက် အငြင်းပွားမှု ပြဿနာကို ၂၀၁၄ ခုနှစ်တွင် ဖြေရှင်းရန် မျှော်လင့်ထားသည်။


Source :EMG
Rohingya ... on the edge of the world.      Stateless Rohingya ... Running on Empty.


27. Mar -. 1. Apr

First floor.

The story of the Rohingya. Which is a minority in Burma. Or known. "The population is not the" be it anywhere in the world.



Rohingya ... on the edge of the world.

Date: March 27 - April 1, 2012
Venue: 1st Floor.
Organizer: Asian Resource Foundation in cooperation with the ASEAN Parliamentary Group for Myanmar.


Asian Resource Foundation in cooperation with the Member of Parliament for Myanmar, ASEAN would like to present an exhibition of photos."Rohingya ... on the edge of the world" by Suthep Bahadur Varin. The world's leading documentary photographers.The award winning Days Japan International Photojournalism Award, and National Press Photographers Association (NPPA) of 2008, America at the time of the repository is set up to three years. "Rohingya ... on the edge. "The story of the Rohingya. Which is a minority in Burma. Or known. "The population is not the" be it anywhere in the world. The story of life must be like to live in their homeland. Hitchhiking to escape from one place to another ... I hope you will find that they can get away with it, but they also found, however, his life and escape to infinity.Or may be run until the end of the world ....

Join the meaning of all of the Rohingya.Find that the Rohingya are not. Why are people so prone to push forward force sailed from home. Why did they not want to be. Where will they be recognized as a human. As fellow human beings. We should respond to the Rohingya problem is ... 

Please read in Thai Here










The Voice ဂျာနယ်၌ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲဆိုရန် မသင့်တော်ဟု ရှုမြင်ကြ


The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါရေးသားချက်များနှင့် ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ဟု ရှုမြင်ကြ၊ အစိုးရသတင်းစာပါ ရေးသားဖော်ပြချက်သည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိဟု ၀ါရင့် သတင်းစာဆရာများနှင့် ဥပဒေပညာရှင်များ သုံးသပ်

The Voice ဂျာနယ်၌ ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းပါ ရေးသားချက်များနှင့်ပတ်သက်ပြီး တရားစွဲရန် မသင့်တော်ကြောင်းနှင့် အစိုးရသတင်းစာပါ သတင်းရေးသား ဖော်ပြချက်များသည် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဥပဒေပညာရှင် များက သုံးသပ်ခဲ့ကြပါသည်။

မတ်လ ၁၄ ထုတ် အစိုးရ သတင်းစာများတွင် “The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ စာစောင်ထုတ်ဝေသူနှင့် သတင်းရေးသား သူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်”ဟု သတင်းဖော်ပြခဲ့ ခြင်းဖြစ်ပြီး အဆိုပါသတင်း၌ ဖော်ပြထားချက်များမှာ ကျင့်ဝတ်နှင့် ညီညွတ်ခြင်းမရှိကြောင်း သုံးသပ်ခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရ သတင်းစာများ၌ ဖော်ပြထားချက်မှာ “မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice ဂျာနယ် အတွဲ(၈)၊ အမှတ်(၁၃)တွင် “၀န်ကြီးဌာနအချို့ ၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော ခေါင်းစီးစာလုံးများဖြင့် သတင်းရေးသား ဖော်ပြခဲ့ရာ ယင်းသတင်း၌ သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ မမှန်မကန် ဖော်ပြမှုများ ပါဝင်နေကြောင်း သိရှိရသည်”ဟု သတင်းပထမပိုဒ် တွင် ဖော်ပြခဲ့ပါသည်။

ထို့နောက် သတင်းဒုတိယပိုဒ်တွင် “စာနယ်ဇင်းများသည် နိုင်ငံတော်၏ စတုထ္ထမဏ္ဍိုင်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွားအတွက် မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်သည့် အကြောင်းအရာများအပေါ် အခြေခံပြီး တိကျမှန်ကန်စွာ အပြုသဘောဆောင် ရေးသားရမည်ဖြစ်သည်။ သို့မှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်(၃) ရပ် အပါအ၀င် ဌာနဆိုင်ရာ အသင်း အဖွဲ့၊ လူပုဂ္ဂိုလ်များအနေဖြင့် မီဒီယာ၏ အပြုသဘောဆောင်သည့် ထောက်ပြ၊ ပြုပြင်၊ တည့်မတ်မှုများ အပေါ် လေးစားတန်ဖိုးထားပြီး လိုအပ်သည့် တည့်မတ်၊ ပြုပြင်၊ ထိန်းသိမ်း၊ အရေးယူမှုများကို ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်”ဟု ဖော်ပြခဲ့ ပါသည်။

သတင်းတတိယပိုဒ်တွင် “ယခု ကဲ့သို့ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ် သိက္ခာမရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန်စွပ်စွဲရေးသားပါ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမည်သာ ဖြစ်သည်”ဟု ဆက်လက်ဖော်ပြခဲ့ပါသည်။

သတင်းနောက်ဆုံးပိုဒ်၌ “သတ္တုတွင်းဝန်ကြီးဌာနသည် The Voice ဂျာနယ်တွင် ဖော်ပြပါရှိသကဲ့ သို့ ငွေကြေးအလွဲသုံးစားမှုနှင့် ငွေ စာရင်းလိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိမ်ချန်မှု၊ လွှဲပြောင်းဖော်ပြမှု လုံးဝမရှိ ခဲ့ကြောင်း၊ The Voice ဂျာနယ်တွင် ရေးသားထားသော သတ္တုတွင်းဝန်ကြီးဌာနနှင့် စပ်လျဉ်းသည့် ရေးသားချက်မှာ မှန်ကန်မှုမရှိ၊ သတ္တုတွင်းဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထု၏ ယုံကြည်အားထားမှုကို ယုတ်လျော့နစ်နာစေသော မမှန်မကန်စွပ်စွဲဖော်ပြ ရေးသားမှုများသာ ဖြစ်သည့်အတွက် The Voice ဂျာနယ်ထုတ်ဝေသူနှင့် သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သတင်းရရှိသည်”ဟု ဖော်ပြခဲ့ပါ သည်။

ထိုသို့ဖော်ပြခဲ့သော သတင်း၌ ခိုင်မာသော သတင်းရင်းမြစ် မပါရှိ ခြင်း၊ The Voice ဂျာနယ်တွင် ဖော် ပြပါထားသောအချက်များမှာ မမှန်မကန်စွပ်စွဲဖော်ပြ ရေးသားမှုများဖြစ် သည်ဟုဆိုလျှင်လည်း အဆိုပါဖော် ပြမှုကို ချေဖျက်ပြောဆိုနိုင်သည့် မှန်ကန်သောအချက်များကို ရေးသားမှု မရှိခဲ့ခြင်း၊ အထူးသဖြင့် သတင်း၌ သတင်းအင်္ဂါရပ်နှင့် သွေဖီသော ထင်မြင်ယူဆချက်များကိုသာ ဖော်ပြခဲ့ခြင်း အစရှိသော အချက်များက သတင်း စာကျင့်ဝတ်နှင့် ညီညွတ်မရှိကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများက သုံးသပ်ခဲ့ပါသည်။

“သတင်းစာက ဖော်ပြချက်ဟာ စွပ်စွဲချက်ပဲ ရှိပါတယ်။ သက်သေပြချက် အထောက်အထားကို ဖော်ပြနိုင် ခြင်းမရှိဘဲ တစ်ဖက်သတ်စွပ်စွဲချက် ကိုသာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ကျင့်ဝတ်နဲ့ မညီပါဘူး။ သတင်းစာတိုက်ကလူတွေဟာ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်တယ်၊ သိတယ်ဆိုရင် ဒီလိုသက်သေမရှိပဲ တစ်ဖက်သတ် စွပ်စွဲချက်ဖြစ်နေတဲ့ သတင်း မျိုးကို ထည့်ဖို့တောင် မလိုပါဘူး”ဟု ၀ါရင့်သတင်းစာဆရာကြီး လူထုဦး စိန်ဝင်းက ပြောပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင်က ဒီမိုကရေစီ ကျင့်စဉ်များကို လက်ခံကျင့်သုံးနေ ချိန်၌ အစိုးရ၀န်ကြီးများ အနေဖြင့် လည်း နိုင်ငံတော် သမ္မတကြီးကဲ့သို့ ဒီမိုကရေစီကျင့်စဉ်များကို နားလည် ရန်လိုအပ်ကြောင်း Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောပါသည်။

“ကျွန်တော့်အနေနဲ့ သမ္မတကြီးကို သမ္မတကြီးအနေနဲ့ clean goverment လို့ ဆိုထားပေမယ့် သမ္မတကြီးရဲ့ အစိုးရအဖွဲ့ဝင်တစ်ချို့ဟာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေမှာ အရင်ကလိုပဲ ရှိနေသေး တယ်။ ခေါင်းမလုံရင် အိမ်က ပျက်စီးမှာပဲလို့ ဝေဖန်ဖူးပါတယ်။ ဒါကို သမ္မတကြီးလို အစိုးရအဖွဲ့တာဝန်အ ရှိဆုံးသူကတောင် အစိုးရအဖွဲ့ ဂုဏ်သိက္ခာထိပါးတယ်လို့ မယူဆခဲ့ဘူး။ ဒါဟာ အမှန်တရားပဲလေ။ ဒါဟာ သတင်းမီဒီယာရဲ့ အလုပ်ပဲ။ အခု ကိစ္စမှာ The Voice အနေနဲ့ ဘာမှမှားယွင်းခဲ့တယ်လို့ မမြင်ပါဘူး။ မယူဆပါဘူး။ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအနေနဲ့လည်း သမ္မတကြီး လို ဒီမိုကရေစီကျင့်စဉ်တွေကို နားလည်ဖို့လိုမယ်”ဟု ဒေါက်တာသန်း ထွဋ်အောင်က ပြောကြားခဲ့ပါသည်။

အစိုးရသတင်းစာတွင် ဖော်ပြခဲ့သော သတင်းမှာကျင့်ဝတ်နှင့် လျော်ညီမှုမရှိသည့်အပြင် သတင်းပါ စွပ်စွဲချက်အတိုင်း တရားစွဲမည်ဆိုပါကလည်း အပြစ်ကျခံနိုင်စရာမရှိကြောင်း လူထုဦးစိန်ဝင်းက ဆက်လက်ပြော ကြားခဲ့ပါသည်။

“အခုကိစ္စမှာ တရားစွဲမယ်ဆိုရင်လည်း အပြစ်ကျခံရမှာ မဟုတ် ဘူး။ The Voice အပါအ၀င် ဂျာ နယ်တွေရေးခဲ့တာက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော်ကို အစီရင်ခံခဲ့တယ်။ ဒီ အစီရင်ခံစာကို ဂျာနယ်တွေက သတင်းပြန်ရေးခဲ့တာဖြစ်တယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီးသတင်းရေးတာဖြစ် တဲ့အတွက် ဒီထက်ခိုင်မာစရာ ဘာမှ မရှိတော့ဘူး။ ဂျာနယ်တွေမှာ လုံးဝ အပြစ်မရှိဘူး။ စတုထ္ထမဏ္ဍိုင်ပီသအောင် လုပ်ခဲ့တာပဲ ဖြစ်တယ်။ အခု အစိုးရသတင်းစာမှာ ဖော်ပြထားမှု က ဂျာနယ်တွေကို ခြိမ်းခြောက်တဲ့ သဘော ခြိမ်းခြောက်မှုဖြစ်နေတယ်။ ဂျာနယ်တွေကတောင် ပြန်ပြီးတရားစွဲဖို့ ကောင်းတယ်။ အစိုးရအဖွဲ့ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင် ခံစာကို ပြန်ပြီး သတင်းရေးသားတဲ့ သတင်းဂျာနယ်ကို တရားစွဲမယ်ဆို တာဟာ တရားစွဲမယ်ဆိုတဲ့သူတွေရဲ့ ဆင်ခြင်တုံတရား အင်မတန်နည်းပါးလို့ပဲလို့ ယူဆတယ်။ ဘယ် တရားရုံးမှ ဒီကိစ္စကို အရေးယူ ဆောင်ရွက်မယ်မထင်ဘူး”ဟု လူထုဦးစိန် ၀င်းက ပြောကြားပါသည်။

ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းနည်းတူ သတင်းစာဆရာကြီး ဦးသာဘန်းကလည်း အစိုးရသတင်းစာများ၏ သတင်းဖော်ပြမှာ ပေးတာရေး၊ ပါတာဖတ်ဖြစ်နေသည့်အတွက် အမြင်လွဲမှားမှုဖြစ်စေ ပြီး ကျင့်ဝတ်နှင့်အညီ တိတိကျကျ ရေးသားသင့်ကြောင်း ထောက်ပြခဲ့ပါသည်။

“တစ်ပါတီအာဏာရှင် ခေတ်မှာ သတင်းအမှန် ဖော်ပြမှုတွေကို ပိတ်ထား၊ ဆို့ထားခဲ့ရာက ဒီနေ့လို ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ ပြည်သူလူထု သိသင့် သိထိုက်တဲ့ အခုလို သတင်းတွေကို ဂျာနယ်တွေက ဖော်ပြလာတာဟာ ၀မ်းသာစရာကောင်း ပါတယ်။ တစ်ပါတီအာဏာရှင်ခေတ် မှာ သတင်းစာတွေရဲ့ ရပ်တည်ချက် ကတော့ အမှန်ကို ဖော်ပြတာမဟုတ်ပဲ သူတို့တွေက ပေးတာရေး၊ စာဖတ်ပရိသတ်တွေက ပါတာဖတ်ဆို တဲ့ ဆိုတဲ့အဆင့်ပဲ ရှိပါတယ်။ သတင်းဆိုတာကတော့ မှန်တာကိုရေးရမယ်။ တိတိကျကျဖြစ်ရမယ်။ မှန် တယ်ဆိုလည်း မှန်တဲ့အကြောင်း၊ မှားတယ်ဆိုလည်း မှားတဲ့အကြောင်း ကို တိတိကျကျဖော်ပြရမယ်။ အခု ကိစ္စမှာတော့ ဂျာနယ်တွေဘက်က တိတိကျကျ ဖော်ပြထားတာ ဖြစ်လို့ တရားစွဲလာမယ်ဆိုရင် ပြန်ပြီးတော့ ခုခံသွားရမှာပေါ့ဗျာ။ ဖြစ်နိုင်မယ်ဆိုရင် သတင်းဂျာနယ်တွေအနေနဲ့ ဖြစ် ခဲ့တဲ့ ငွေကြေးအလွဲသုံးစားဖြစ်မှုတွေ ကို အတွင်းကျကျ စုံစမ်းဖော်ထုတ်ပြီး ခိုင်မာတဲ့ရင်းမြစ်တွေနဲ့ သတင်းဖော် ပြသင့်ပါတယ်။ ဥပမာ – ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အလင်း သတင်းစာတိုက် ငွေကြေးအလွဲသုံးစား ပြုမှုရဲ့ နောက်ကွယ်က ကိစ္စမျိုးတွေ ကို အတွင်းကျကျ ဖော်ထုတ်ရေးသား သင့်ပါတယ်”ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးသာဘန်းက ပြောကြား ခဲ့ပါသည်။

အစိုးရသတင်းစာပါ သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး တရား လွှတ်တော်ရှေ့နေ ဦးသန်းမောင်က သုံးသပ်ခဲ့ရာတွင် အကြောင်းအရာအရ The Voice သတင်းဂျာနယ်၏ ဖော်ပြမှုသည် မှားယွင်းမှုဟု မဆိုနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

“အကြောင်းအရာအရ ကြည့်မယ်ဆိုရင် The Voice ရဲ့ဖော်ပြမှုက မှားယွင်းတယ်လို မဆိုနိုင်ပါဘူး။ သူတို့ရေးတဲ့ သတင်းကို ပြန်ကြည့်ရင်လည်း ဒီအချက်ကိုတွေ့ရမှာပါ။ သူတို့အနေနဲ့ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး ရေးသားခဲ့တယ်လို့ သူတို့သတင်း မှာ သတင်းရင်းမြစ် ဖော်ပြခဲ့ပါတယ်။ နောက်ပြီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ပြောစကားကိုလည်း သတင်းရင်းမြစ် ထုတ်ဖော်ပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ ဒီကိစ္စဟာ မှားယွင်နေတယ်၊ မှားယွင်းဖော်ပြမှု သာဖြစ်တယ်ဆိုရင် ဒီအချက်တွေကို ဖော်ထုတ်တဲ့၊ အဓိကတာဝန်ရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူတွေနဲ့သာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ The Voice နဲ့မဆိုင်ပါဘူး။ သူတို့သတင်းမှာလည်း ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး အစီရင်ခံ စာမှာပါတဲ့ အချက်အလက်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ စကားကိုပဲ ဖော်ပြတာပါ။ သူတို့ထင်မြင်ယူဆချက် မပါပါဘူး။ အများပြည်သူ သိသင့်သိထိုက်တာ ကိုပဲ သတင်းဂျာနယ်အနေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်”ဟု တရားလွှတ် တော်ရှေ့နေ ဦးသန်းမောင်က ပြောကြားခဲ့ပါသည်။

The Voice ဂျာနယ်၌ ဖော်ပြခဲ့သော သတင်းသည် ကျင့်ဝတ်နှင့်အညီ ဖော်ပြခဲ့ခြင်းဖြစ်သည့်အတွက် ယခုကိစ္စရပ်၌ Eleven Media Group အနေဖြင့် The Voice ဂျာနယ်ဘက်မှ ရပ်တည်သွားမည်ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

“နောက်တစ်ခုက ၀န်ကြီးတစ်ဦးရဲ့လစာက ၅သိန်းပဲ ရတယ်။ အခု အစိုးရအဖွဲ့ သက်တမ်းတစ်နှစ်အတွင်းမှာ သူနဲ့သူ့သားသမီးတွေပိုင်ဆိုင်မှု က သိန်း ၅၀၀၀၀လောက်ရှိသွားပြီ လို့ ခန့်မှန်းရတယ်။ အဲဒီတော့ ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။ ဒီကိစ္စမှာ The Voice ရဲ့ သတင်း ဖော်ပြချက်တွေဟာ ကျင့်ဝတ် နဲ့အညီ ဖော်ပြခဲ့တာဖြစ်တယ်။ ဒါကြောင့် Eleven Media Group အနေနဲ့ The Voice ဂျာနယ်ဘက်က ရပ်တည်သွားမယ်”ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န် ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံး သတင်းအနေဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

သတင်း၏ပထမပိုဒ်၌ “ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန များ၏ ကျပ်သိန်းပေါင်း ထောင်ချီသော ငွေကြေး အလွဲသုံးစားပြုမှုများ နှင့် ငွေစာရင်း မမှန်မကန် ဖော်ပြမှုများကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်”ဟု ဖော်ပြခဲ့သည်။

အဆိုပါသတင်း၌ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းစာ ပိုဒ်တစ်ပိုဒ်သာ ဖော်ပြခဲ့ပြီး ယင်းဖော်ပြချက်မှာ”သတ္တုတွင်း ၀န်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံကိန်း၏ အစု ရှယ်ယာ ၅၀ရာခိုင်နှုန်းအား ဒေါ်လာ သန်းတစ်ရာဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်က ပေးချေရမည့်အစား နိုင်ငံခြား ကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်”ဟု ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

Source :ELEVEN MEDIA GROUP

မစ္စတာ Derek Mitchell ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားတွေ ဆောင်ရွက်နေတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဆောင်ရွက်ချက်တွေအကြောင်း မေးမြန်းခဲ့သလို ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။


RFA
ရှေ့ဆက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် တွေ့ရစဉ်။ (Photo courtesy of Messenger News Journal)၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဟာ တစ်နာရီခန့်ကြာတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဘက်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီနဲ့ မနီလာသိန်းတို့ တက်ရောက်ခဲ့ပါတယ်။
မစ္စတာ ဒဲရက်မစ်ချယ်နဲ့အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေနဲ့ မြန်မာ အမေရိကန်ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မစ္စတာ ဒဲရက်မစ်ချယ်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံလွှတ်တော်က လုပ်ဆောင်နေတာတွေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ သံမှူးအဆင့်အထိ ပြန်လည်ခန့်အပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို တဆင့်ချင်း လျှော့ချသွားဖို့ရှိတယ်လို့ ပြောဆိုနေကြပါတယ်။
Source  :RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်
မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်

 အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး Mr.Derek Mitchell သည် မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက်ခရီးစဉ်အဖြစ် မတ်လ ၁၁ရက်နေ့တွင် လာရောက်ခဲ့ပြီး ယနေ ၁၄-၃-၂၀၁၂ ညနေ ၄နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် နှစ်နာရီနီးပါးခန့် တွေ့ဆုံးဆွေးနွေးကြကြောင်းသိရသည်။



ထိုသို့တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သတင်းထောက်များအားရှင်းလင်းပြောကြားရာတွင် အမေရိကန်နိုင်ငံ၏ မြနိမာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်Mr.Derek Mitchell က ´´ခုနှစ်လအတွင်း မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက်လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများမှာ အလွန်ပင်အကျိုးရှိသည့် ဆွေးနွေးမှုဖြစ်ပါကြောင်း၊ နေပြည်တော်တွင် တွေဆုံဆွေးနွေးမှုများမှာလည်း အလွန်အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်ကြောင်း ၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ ခွင့်ပြုရေးအတွက် နေပြည်တော်တွင် ဆွေးနွေးခဲ့သော်လည်း တိကျသေချာသောအာမခံမှုမျိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးနိုင်ခဲ့ခြင်းမရှိပါကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ရေးသည် မိမိတို့အတွက် အလွန်အရေးကြီးပါကြောင်း´´ ဟု ရှင်းလင်းပြောကြားပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အောက်ပါအတိုင်းဆက်လက်ပြောကြားပါသည်။

´´လာမယ့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို စဉ်ဆက်မပြတ်စောင့်ကြည့်စေလိုကြောင်း၊ ပြည်သူသည်သာ ပထမဆိုသည့်နိုင်ငံရေးမျိုးကို မိမိတို့လိုလားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် ပြည်သူများကို ကိုယ်စားပြုနိုင်ရေးအတွက် မိမိတို့၏ရာထူးများကို အပြည့်အ၀အသုံးချသင့်ကြောင်း´ စသည်ဖြင့် ပြောကြားခဲ့ပါသည်။

မြန်မာ့မီဒီယာသတင်းများမှကောက်နှုတ်ဖော်ပြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံကို နေအိမ်များတွင် မချိတ်ရန် စစ်သားများကို ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ရှိ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်း ဆိုသူက ပြောဆို သတိပေးကြောင်း Youtube တွင် တွေ့ရသော ရုပ်သံဖိုင်အရ သိရသည်။

ထိုရုပ်သံဖိုင်မှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားသည်ဟု ယူဆရသည့် လူငယ်စစ်သည်တဦးနှင့် ဆက်သွယ်မေးမြန်းခန်း မှတ်တမ်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အကျီင်္ ၀တ်ဆင်ခြင်း မပြုရန်လည်း သတိပေးထားသည်ဟု ဆိုသည်။

ရေတပ်စခန်းတခုသို့ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် သွားရောက် စစ်ဆေးစဉ် အဆိုပါ ဒုတိယဗိုလ်မှူးကြီးက ပြောဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

Youtube တွင် စစ်သည်၏ အမည်၊ တွေ့ဆုံမေးမြန်းသည့် နေရာကို ဖော်ပြထားခြင်း မရှိချေ။

စစ်သည်၏ ပြောကြားမှု ကောက်နုတ်ချက်

"ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ပြောတာ၊ ဒီအခန်းထဲမှာ ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်ပြီးတော့ မင်းကို ငါမေးမယ် တဲ့၊ မင်းက ရဲဘော်၊ ဒုတိယဗိုလ်မှူးကြီးပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာ အရာရောက်မယ် ထင်လဲ တဲ့။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလို ရေးပြီး အမိန့် ချချင်သလို ချမယ် တဲ့။ မင်းကို ဒုတိယဗိုလ်မှူးကြီး (တွေ စုပြီးတော့မှ) မင်းကို ထောင်အနှစ် ၇၀ လောက် ချပစ်လို့ ရတယ် တဲ့။ နိုင်ငံရေးလုပ်လို့ တဲ့။ ကျနော်တို့ လုပ်တာ နိုင်ငံရေး တခုမှ မပါဘူး။ ဘယ်ပါတီနဲ့မှ အဆက်အသွယ် မလုပ်ဘူး။ ၂၈ ရက် ပြည့်တဲ့အချိန်မှာ ကျနော့်ကို အချုပ်ထဲက လာထုတ်တယ်၊ ကျနော့်ကို သင်္ဘောမှာ အကန်အသတ်မရှိ (လေဘာ) လျှော့တယ်။ --

ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ကို လာစစ်တယ်၊ တန်းစီပြီး စကားပြောတယ်၊ တန်းစီပြီး စကားပြောတဲ့အချိန်မှာ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းက ဘာပြောလဲ ဆိုတော့ အိမ်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ မချိတ်ရဘူး တဲ့၊ ချိတ်ရင် လိုင်းကနေ နှင်ထုတ်မယ် တဲ့။ ရဲဘော်တွေကို လိုင်းထဲကနေ နှင်ထုတ်တော့ ဘယ်နားသွားနေမလဲ။

(ချိတ်တဲ့လူ) အများကြီး ရှိတယ်။ ကျနော့်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းအင်္ကျီ ဘုရားပွဲဈေးက ၀ယ်တာ။ ထောင့်ငါးရာပဲ ပေးရတယ်။ အဲဒီ အင်္ကျီ ကျနော် ၀တ်တယ်။ ကျနော့်ကို မ၀တ်နဲ့ တဲ့။ ကျနော် ပိုက်ဆံပေးပြီး ၀ယ်ထားတာလေ။ ထောင့်ငါးရာပေးပြီး ၀ယ်ထားတာလေ။ သူတို့ ပေးရတာ မဟုတ်ဘူး။ ဒုတိယဗိုလ်မှူးကြီးဇော်ဝင်းထွန်းပဲ၊ သူပဲ ပြောတာ။

ကျနော် ဇန်န၀ါရီလ လစာ မရဘူး၊ ဖေဖော်ဝါရီလ လစာ မရဘူး"

Source : Moe Maka

Rohingya Exodus