Latest Highlight


ဒီမိုကရေစီစနစ်မှာ တပ်မတော်ဟာ အမိ၊ တပ်မတော်ဟာ အဖ မဟုတ်ဖူး။ အလားတူပဲ ဒီမိုကရေစီစနစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမိ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖ မဟုတ်ဖူး။ ပြည်သူလူထုသာ အမိ၊ ပြည်သူလူထုသာ အဖ ဖြစ်တယ်။ ပြည်သူလူထုက သူတို့ဆန္ဒကို ဖော်ဆောင်ပေးဖို့ အစိုးရကို အတိုက်အခံကို ရွေးချယ် တာဝန်ပေးရတာမျိုးဖြစ်တယ်။ အစိုးရပဲ ဖြစ်ဖြစ်၊ တခြားအတိုက်အခံပဲ ဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ဆောင်ပေးရမယ့် တာဝန်က သွေဖည်လာပြီဆိုရင် ဒီတာဝန်ကို သက်ဆိုင်ရာအားလုံးကို သတိပေးဖို့ ပြည်သူအားလုံးမှာ တာဝန်ရှိတယ်။

ဖျာပုံတရားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ရွေးကောက်ပွဲဝင်မှာကို ကန့်ကွက်ဝေဖန်မှုတွေကို တုံ့ပြန်ပြောသွားတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ နေရာအားလုံး ရရင်တောင် ဒီအမတ်အရေအတွက်က ထိထိရောက်ရောက် လုပ်နိုင်မယ့် အရေအတွက်မဟုတ်တဲ့အတွက် ဘာထူးမှာလဲဆိုပြီး ဝေဖန်တာကို အရေအတွက်က အဓိက မကျပါဘူးတဲ့၊ အရည်အချင်းက အဓိကကျပါတယ်ဆိုပြီး ပြောသွားတယ်။ ဒါဟာ စိတ်တိုင်းကျစရာကောင်းတဲ့ အဖြေမဟုတ်ဘူး။ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အရွေးခံရလို့ လွှတ်တော်ထဲရောက်ရင် သူတို့အရည်အချင်းနဲ့ ကျန်တဲ့လူတွေကို စည်းရုံးသိမ်းသွင်းနိုင်မယ်ထင်လို့ ပြောတာပဲလား။

ကမ္ဘာတဝှမ်းက လွှတ်တော်တွေကို ကြည့်ရင် အမတ်တယောက်က သူ့ပါတီက ချပေးတဲ့လိုင်းအတိုင်း မဲပေးရတာပဲ။ အဆိုတခုကို လွှတ်တော်မှာ မဲခွဲပြီဆိုရင် ဒီအဆိုကို ကြံ့ဖွံ့ပါတီက မကြိုက်ရင် ကြံ့ဖွံ့ပါတီ အမတ်အားလုံးက မကြိုက်ဘူးဆိုတဲ့ မဲပဲ ပေးရတယ်။ ကြံ့ဖွံ့အမတ်တယောက်တလေက ချွန်ပြီး ဆန့်ကျင်ဘက်မဲ ပေးရင် အဲဒီကြံ့ဖွံ့အမတ်ကို သူ့ပါတီ စည်းကမ်းထိန်းသိမ်းရေးမှူးက သတိပေးတန် သတိပေးပြီး နောက်ဆုံး တခြားတယောက်ယောက်နဲ့ အစားထိုးပစ်တဲ့ထိ လုပ်မှာပဲ။ ဒီတော့ ကြံ့ဖွံ့ပါတီ အမတ်တဦးချင်းဆီကို စည်းရုံးသိမ်းသွင်းပြီး ကိုယ်ဖြစ်စေချင်တဲ့ ပေါ်လစီတွေ ချမှတ်နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။


“ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။”
လွှတ်တော်ထဲမှာ ဘယ်အဆို တင်တင် လွှတ်တော်အမတ်တယောက်ရဲ့ မဲကို တမဲပဲ သတ်မှတ်တယ်။ အောင်ဆန်းစုကြည်မို့ သူ့မဲက သူများမဲထက် ပိုသာတယ်ဆိုတာ လက်လွတ်စပယ် ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်ကသာ အရည်အချင်းက အရေအတွက်ထက် အရေးကြီးတယ် ပြောနေပေမယ့် ဟိုတနေ့က အန်အယ်လ်ဒီကနေ မိထ္ထီလာမှာ အမတ်အဖြစ် ဝင်အရွေးခံမယ့် ဗိုလ်ကြီးဟောင်း ဝင်းထိန်နဲ့ ဘီဘီစီ ဆက်သွယ်မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါရင် ပြည်သူလူထုက မဲထည့်မှာပဲလို့ ခပ်ပေါ့ပေါ့ ပြောတယ်။ နောက်လိုက်တွေက ကိုယ့်အရည်အချင်းထက် ခေါင်းဆောင်အရှိန်အဝါကို မှီပြီး လိုက်မယ့်သူတွေ၊ ကိုယ်ပိုင်အရည်အချင်းမရှိသူတွေ ဆိုတဲ့ သဘောသက်ရောက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းက အဓိက ဆိုတဲ့အပြောကို သူ့ပါတီက လူတွေဆီက ထွက်လာတဲ့ စကားတွေက ပြန်ချေနေတာကို ပြနေတယ်။

လွှတ်တော်ထဲမှာ ၂၀ဝ၈ ဖွဲ့စည်းပုံကို လက်ရှိ အန်အယ်လ်ဒီ ကျင့်သုံးနေတဲ့ပုံစံနဲ့ တိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့အတွက်က ရှင်းနေပြီးသားပါ။ ရှင်းနေပြီးသားကို အချိန်ကုန်ခံ၊ ကြောင့်ကြစိုက်ပြီး ရှင်းသထက်ရှင်းအောင် တချို့က ကျကျနန တင်ပြပေးလာတာတောင် (Swe Swe Kyi Facebook ရဲ့ wall ပေါ်က ပို့စ်ကို ကြည့်ပါ။) ခုလက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို ဇွတ်ကြီး အကောင်းမြင်တဲ့ လူတွေကလည်း ဒီပုံစံနဲ့ သွားမှရမယ်ဆိုတာ ရှင်းနေတာပဲဆိုပြီး ပြောတယ်။ ရုပ်ပုံတခုကိုပဲ ကျနော်တို့က စက်ဝိုင်းလို့ ရှင်းရှင်းကြီး မြင်နေပြီး သူတို့က စတုရန်းလို့ ရှင်းရှင်းကြီး မြင်နေပြီဆိုရင် သဘောထားကွဲလွဲမှုဟာ သာမန်ကာလျှံကာ သဘောထားကွဲလွဲမှု မဟုတ်တော့ဘဲ တကယ့်ကို ကြီးမားနက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီး ဖြစ်နေပြီ။ ဒီတော့ ဒီလောက်ကြီးမား နက်ရှိုင်းတဲ့ သဘောထားကွဲလွဲမှုကြီးကို ဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်သင့်တယ်။

လွှတ်တော်ထဲ ဝင်ပြီးလုပ်မှ ရမယ်ဆိုတာ ရှင်းနေတာပဲလို့ ပြောတဲ့အုပ်စုရဲ့ စဉ်းစားချက်ကို အဓိက ပင့်ထောက်ထားတဲ့ အကြောင်းပြချက်တွေကို ကြည့်ရင် လွှတ်တော်ထဲ မဝင်ရင် တရားဝင် ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ဒါ့ကြောင့် တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်နိုင်ဖို့ လွှတ်တော်ထဲ ဝင်ကို ဝင်ရမယ်လို့ အကြောင်းပြတယ်။ တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်ဖို့ အရေးကြီးတယ်ဆိုတာကလည်း တရားဝင်ပါတီအဖြစ်နဲ့ ရပ်တည်နိုင်မှ နိုင်ငံရေးကို ဆက်လုပ်နိုင်မှာမို့လို့ ဆိုပြီး ထပ်အကြောင်းပြကြတယ်။ ဒါပေမယ့် လွှတ်တော်ထဲ မဝင်ရင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မရပ်နိုင်၊ နိုင်ငံရေးလုပ်လို့ မရနိုင်ဘူး ဆိုတာ လက်ခံရင်တောင် လွှတ်တော်ထဲ ဝင်လိုက်တာနဲ့ နိုင်ငံရေး လုပ်နိုင်ပြီလို့ ကောက်ချက်ချလို့မရဘူး။ လွှတ်တော်ထဲမှာ ရှိနေတဲ့ အတားအဆီးတွေ စိန်ခေါ်မှုတွေဟာ မျက်ရည်ခံထိုးပြရုံနဲ့ ကျော်လွှားနိုင်တဲ့ အတားအဆီးတွေ မဟုတ်ဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီနဲ့ သူတို့ကို ထောက်ခံနေသူတွေက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ပြီး ချော့လိုက်တာနဲ့ အားလုံးပျော့ပြီး သူ့နောက်လိုက်လာမယ် ထင်နေကြတယ်။

လွှတ်တော်ထဲ ဝင်ရုံကလွဲပြီး တခြားလမ်းမရှိဘူးလို့ ပြောတဲ့အခါ ဖြစ်နိုင်ခြေရှိတဲ့ လမ်းအားလုံးကို စဉ်းစားရဲ့လား ဆိုတာလည်း မေးစရာပဲ။ အန်အယ်လ်ဒီက လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးဟာ ပြည်သူလူထု ထိခိုက်နစ်နာစေမယ်၊ လွှတ်တော်နည်းလမ်းက ထိခိုက်နစ်နာမှုမရှိဘဲ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်လို့လည်း အကြောင်းပြပြန်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီ လွှတ်တော်ထဲ ဝင်တဲ့အခါ ကျတော့ရော ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ လျော့သွားအောင် အန်အယ်လ်ဒီက ဘာလုပ်ပေးမှာလဲ။ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမားတွေ ဖိနှိပ်ခံရတာတွေကို သူတို့ဘက်က လူသိရှင်ကြား ထောက်ခံမှုပြဖို့ သူတို့ရဲ့ အားကိုးအားထားရာဆိုတာ ပြနိုင်ဖို့၊ ဦးဂမ္ဘီရကို မတရား ဖိနှိပ်အနိုင်ကျင့်နေတာကို ကြားက ဝင်ပြောဖို့ဆိုတာ လမ်းပေါ်ထွက်စရာ မလိုပါဘူး။ အဲ့သလို လမ်းပေါ်ထွက်စရာမလိုဘဲ လူသိရှင်ကြား ပြောရုံပြောဖို့ကိုတောင် နှာစေးနေတဲ့နောက် လွှတ်တော်ထဲရောက်ရင် အားလုံး လုပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘယ်လိုယုံရမလဲဆိုတာ မေးစရာဖြစ်နေတယ်။

ဒီတော့ စစ်အုပ်စု ငြိုငြင်မှာမို့ ဖြစ်နိုင်ခြေရှိတဲ့ ရွေးစရာ နည်းလမ်းတွေထဲက ကိုယ်မလုပ်ချင်တဲ့ ဒါမှမဟုတ် မလုပ်ဝံ့တဲ့ လမ်းကြောင်းကို ရွေးစရာနည်းလမ်းအဖြစ် စကတည်းက မစဉ်းစားဘဲ ပယ်ထားပြီး ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို စကတည်းက ကြိုတင်နှပ်ကြောင်းပေးထားတာလားဆိုတာ ယူဆစရာ ဖြစ်လာတယ်။ စစ်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်ပေးရင် တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုလျော့ကျအောင် လုပ်နိုင်မယ်ဆိုပြီး ပေးတဲ့ ဆင်ခြေနဲ့ အန်အယ်လ်ဒီက လွှတ်တော်ထဲရောက်အောင် ပို့ပေးရင် ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ်ဆိုတဲ့ ဆင်ခြေနှစ်ခုဟာ တပုံစံထဲပဲလား ဆိုတာကို ခု ဦးဂမ္ဘီရတို့ကိစ္စ၊ အလုပ်သမားသပိတ်တွေ၊ လယ်သမားတွေ လယ်သိမ်းခံရတဲ့ ကိစ္စတွေကို ကြည့်ပြီး မေးစရာဖြစ်လာနေတယ်။

တကယ်က ကိုယ့်ပြည်သူလူထု ဆင်းရဲမွဲတေမှု လျော့ကျစေချင်ရင် စစ်အုပ်စုအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ယိုးမယ်ဖွဲ့မနေဘဲ လုပ်နိုင်တာတွေ ရှိတာပဲ။ အစိုးရက ပြည်သူလူထုအတွက် စေတနာကို မရှိလို့ကို မလုပ်တာ။ အန်အယ်လ်ဒီအနေနဲ့လည်း ပြောခဲ့တဲ့ လူထုကို၊ အကာအကွယ်မဲ့ရှာသူတွေကို ဖိနှိပ်တဲ့ ကိစ္စတွေမှာ သူတို့ဘက်ကနေ လူသိရှင်ကြား ရပ်တည်ပေးဖို့ဆိုတာ ဘာဖြစ်မှ ညာဖြစ်မှ လုပ်နိုင်မယ်ဆိုပြီး အကြောင်းပြနေတယ်ဆိုရင် စစ်အုပ်စုဆင်ခြေနဲ့ အန်အယ်လ်ဒီဆင်ခြေ အတူတူပဲလားဆိုပြီး မေးစရာ ဖြစ်လာနေတယ်။ တချို့ကတော့ အန်အယ်လ်ဒီက လူသိရှင်ကြား ထောက်ခံတယ်လို့ မပြောပေမယ့် ကချင်ဒေသတွေကို ဒေါ်စုကိုယ်တိုင် ငွေလှူတယ်။ နောက် လယ်သမားတွေ မြေသိမ်းခံရတဲ့ ကိစ္စ၊ တိုင်ရီ အလုပ်သမားတွေ ဆန္ဒပြနေတဲ့ ကိစ္စတွေမှာ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့တွေကို လွှတ်တယ်ဆိုပြီး ကျိုးကြောင်းခိုင်လုံမှုမရှိတဲ့ ဆင်ခြေမျိုးတွေနဲ့ ဖာထေးပေးကြတယ်။

တကယ်က မစုစုနွေးက သူ တိုင်ရီ အလုပ်သမားတွေဆီ သွားတာ အန်အယ်လ်ဒီက လွှတ်လို့ သွားတာလို့ ပြောသံမကြားဘူး။ ပါတီဝင်တယောက်က သူ့သဘောနဲ့သူ သွားတာနဲ့ ပါတီကို ကိုယ်စားပြုသွားတာ လေးနက်မှုချင်း ဘာမှမဆိုင်ဘူး။ အဲသလို မဆိုင်တာကို ဆိုင်သယောင် ပြောတာကိုက ရိုးသားမှုမရှိတာကို ပြနေတယ်။ နောက်တခုက အန်အယ်လ်ဒီက ဦးဂမ္ဘီရတို့၊ ကိုဖိုးဖြူတို့၊ မစုစုနွေးတို့လုပ်နေတဲ့ သက်ဆိုင်ရာ အာဏာရှိသူတွေကို တိုက်ရိုက်အရေးဆိုတဲ့ ပုံစံ၊ မတရားတဲ့ အာဏာတွေ ဥပဒေတွေကို ဖီဆန်တဲ့ ပုံစံမျိုးကို မူအားဖြင့် လက်မခံဘူး။ ဒီအချက်ဟာ အဓိက အချက်ပဲ။ အဲဒီ့အတွက်ကြောင့် ဒီလူတွေကို သူတို့နဲ့ မဆိုင်သလို သဘောထားနေတာ။ သူတို့အမြင်မှာ အန်အယ်လ်ဒီကို ဒီလူတွေနဲ့ တွဲမြင်နေတာ အန်အယ်လ်ဒီအတွက် အာဏာပိုင်တွေ ငြိုငြင်စရာဖြစ်မယ်လို့ တွက်နေတယ်။ အာဏာပိုင်တွေ မျက်မုန်းကျိုးအောင် မလုပ်မိဖို့ သတိထားနေရင်းနဲ့ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုရမယ့် အဖွဲ့အစည်းဟာ ပြည်သူ့ဆန္ဒကို မသိကျိုးကျွန်ပြုရုံမက ပြည်သူ့ဆန္ဒကို ဖော်ဆောင်တဲ့ အလုပ်တွေကိုပါ ကိုယ်နဲ့မဆိုင်ဘူးလို့ သဘောထားနေတယ်။

ဒေါ်နော်အုန်းလှရဲ့ လှုပ်ရှားမှုတွေကို အန်အယ်လ်ဒီက အဖွဲ့ချုပ် ဒုက္ခရောက်အောင် တမင်လုပ်နေတာ၊ ဒေါ်နော်အုန်းလှကို မယုံရဘူးဆိုပြီးတောင် သွားပုပ်လေလွင့် ပြောသေးတယ်။ ဒါ ကျနော်ကိုယ်တိုင် နားနဲ့ ကြားခဲ့ရတာ။ နောက်တခါ ခုအချိန်ဟာ အင်မတန်မှ သိမ်မွေ့တဲ့ အချိန်ကာလမို့ ဒေါ်အောင်ဆန်းစုကြည်က လူထုကို အကုန်ထုတ်မပြောသေးတာကို ဝေဖန်မစောသင့်ဘူးလို့ ပြောကြတယ်။ အမှန်က ခုလို အပြောင်းအလဲကို ဖော်ဆောင်နေတဲ့ကာလမှာ ခေါင်းဆောင်လုပ်သူအနေနဲ့ ပိုတောင်မှ ပွင့်လင်းထင်သာမှု ရှိသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေရဲ့အကျိုးဆက် ဒါမှမဟုတ် ထိရောက်တဲ့ အပြောင်းအလဲ မရှိခြင်းရဲ့အကျိုးဆက်ကို ပြည်သူလူထုက အဓိက ရင်ဆိုင်ရမှာမို့လို့ပဲ။ အစိုးရ ချထားတဲ့ ခွင်ထဲမှာ ဝင်ကစားနေရတဲ့အချိန်မှာ အမှားအယွင်းကို ပြည်သူလူထုက အရင်ဆုံးခံရမှာ။ ဒါ့ကြောင့် အန်အယ်လ်ဒီက ဘာ့ကြောင့် ဝင်ကစားတယ်၊ ဘယ်လို ကစားမလဲ ဆိုတာ ပြည်သူလူထု ရှင်းရှင်းလင်းလင်း သိခွင့်ရှိတယ်။ တကယ်တော့ တရားဝင်ပါတီအဖြစ်နဲ့ ဆက်ရပ်တည်မှ ဖြစ်မယ်ဆိုတဲ့ အပြောက ဒေါ်အောင်ဆန်းစုကြည် အပြင်ထွက်လာပြီးမှ ကြားလာရတဲ့ စကားပါ။ ဘာလို့ဆို ဦးဝင်းတင်ကိုယ်တိုင်က နိုင်ငံရေးပါတီရယ် ဆိုပြီး ရှိမှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူးလို့ ပြောဖူးတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကနေ ပြန်မလွတ်သေးခင် အန်အယ်လ်ဒီက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ပြီး နောက်ပိုင်း အန်အယ်ဒီပါတီရဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်မှုကို မေးခွန်းထုတ်လာကြချိန်မှာ သူတို့ရဲ့ ပြောခွင့်ရတာဝန်ခံ ဉီးဉာဏ်ဝင်းကိုယ်တိုင်က ပြည်သူလူထုရဲ့ရင်ထဲမှာ အန်အယ်လ်ဒီ ရှိတယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ ပျက်မသွားဘူး၊ ရှိနေတာပဲဆိုပြီး ပြည်ပမီဒီယာတခုနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တယ်။ ဒီတော့ ပါတီရှိမှ နိုင်ငံရေးလုပ်နိုင်မယ် ဆိုတာထက် မှန်ကန်တဲ့ဘက်က ရပ်ပြီး အားနည်းသူ၊ အကာအကွယ်မဲ့သူ ပြည်သူလူထုအတွက် သူတို့ကိုယ်စား ဖိနှိပ်ချုပ်ချယ်သူကို ပြတ်ပြတ်သားသား ရင်ဆိုင်တဲ့နည်းနဲ့ နိုင်ငံရေးမီးကို မသေအောင် ဆက်ဖိုထားနိုင်တယ်ဆိုတဲ့ အယူအဆကို အန်အယ်လ်ဒီဟာ မှန်ကန်တဲ့နည်းအဖြစ် ဆုပ်ကိုင်ခဲ့ဖူးတာပဲ။

အန်အယ်လ်ဒီက တိကျရေရာမှုမရှိတဲ့ အပြောတွေကို ပြောနေတာကို ထိန်းကျောင်းဖို့ ပြည်သူလူထုမှာ တာဝန်ရှိတယ်။ ပြည်သူလူထုမှာ အဓိက တာဝန်အရှိဆုံးလို့တောင် ပြောရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို ကိုယ်က ပုံဖော်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူ ချပေးထားတဲ့ ပုံစံခွက်ထဲမှာ ကျေကျေနပ်နပ်နဲ့ မနေသင့်ဘူး။ ငါ့နောက်က လိုက်ခဲ့လို့ ပြောတာနဲ့ ကျေကျေနပ်နပ် လိုက်နေလို့ မရဘူး။ ကိုယ်နဲ့တကွ ကိုယ့်ပြည်သူလူထုကို ကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ်ကို ဘာလုပ်လုပ် မျက်စိမှိတ်ထောက်ခံတာဟာ အချောင်သမားစိတ်ဓာတ်ပဲ။ လူမုန်းခံရဲရမယ်၊ မှန်တယ်ထင်ရင် ပြောရဲရမယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုဟာ အမိ၊ ပြည်သူလူထုဟာ အဖတဲ့။ သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်က သူတို့ရဲ့ ကျေးကျွန် အစေအပါး၊ သားသမီးပေါ့။ ဒီတော့ သားသမီး မကောင်း မိဘခေါင်း မဖြစ်ရအောင် ကိုယ့်သားသမီးနဲ့ တူတဲ့၊ ကိုယ့်ကို ကိုယ်စားပြုမယ့်လူကို လမ်းမှားမရောက်အောင် လမ်းညွှန်ရမယ့် တာဝန်ရှိတယ်။ ခေါင်းဆောင်လုပ်သူက ပေးနေတဲ့ ကတိတွေကို သူ့အနေနဲ့ တကယ်တည်နိုင်စွမ်းရှိမရှိကို တာဝန်သိတဲ့ ပြည်သူလူထုက သတ္တိရှိရှိ ထောက်ပြဝေဖန်သင့်တယ်။

ဒီတော့ ဘာတွေ ထောက်ပြဝေဖန်သင့်လဲ။ အခုလောလောဆယ်မှာ ဇေကမ္ဘာက မြေတွေ သိမ်းနေတဲ့ ကိစ္စ၊ တိုင်ရီ ဖိနပ်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှု၊ ဆရာတော် ဦးဂမ္ဘီရကို မတရား အနိုင်ကျင့်နေတဲ့ ကိစ္စတွေကို အန်အယ်လ်ဒီက အစိုးရကို အရေးဆိုပေးဖို့ တောင်းဆိုသင့်တယ်။ စုပေါင်းလက်မှတ်ထိုးပြီး အန်အယ်လ်ဒီကို သွားတင်ပြတာတွေ လုပ်သင့်တယ်။ အန်အယ်လ်ဒီကို ဒီနည်းနဲ့ နည်းလမ်းမှန်ပေါ် လျှောက်နိုင်အောင် ထိန်းကျောင်းသွားရမယ်။ ဒီလိုပြောတာဟာ ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ကနေ့ချိန်ထိ ပြည်သူလူထုရဲ့ဆန္ဒကို ဖော်ထုတ်ပေးနိုင်မယ့် အဖွဲ့အစည်းအဖြစ်နဲ့ မြင်နေသေးလို့ပဲ။ အန်အယ်လ်ဒီကသာ ပြောခဲ့တဲ့ ကိစ္စတွေကို လူသိရှင်ကြား တခုခု စပြောလိုက်ပြီဆိုရင် အန်အယ်လ်ဒီကို သံသယရှိနေသူတွေရဲ့ ယုံကြည်မှုဟာ တက်လာမှာပဲ။

ပြည်သူလူထုမှာ အင်အားမရှိဘူးလို့ တချို့က ထင်နေကြတာ တကယ်တော့ မှားတယ်။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်အစိုးရမှ လူထုထောက်ခံမှုမရှိဘဲ မရပ်တည်နိုင်ဘူး၊ နိုင်ငံရေးမလုပ်နိုင်ဘူး။ ဖျာပုံတရားပွဲမှာ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်မှာကို ဝေဖန်သူတွေကို ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောလာတာကိုက ဒီဝေဖန်မှုတွေရဲ့အရှိန်ကို သူသတိပြုမိလို့ ပြောလာရတာပဲ။ ဒီတော့ ခုပြောခဲ့တဲ့ နည်းတွေနဲ့ ပြည်သူလူထုဟာ သူတို့ကို ကိုယ်စားပြုမယ့် အဖွဲ့အစည်းကို ကိုယ်လိုချင်တဲ့လမ်းကြောင်းအတိုင်း လျှောက်အောင် ထိန်းကျောင်းသွားနိုင်တယ်ဆိုတာ ပြရမယ်။ ပြည်သူလူထုတရပ်လုံးမှာ တာဝန်ရှိတယ်။
ဝတုတ်

Source here

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်


အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်းပစ်ဆူဝမ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်လာတဲ့ တချိန်တည်းမှာပဲ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်းမြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ (AIPMC) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ လူ့အခွင့်အရေးတွေ နဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေတာဟာ စိုးရိမ်စရာ ဖြစ်နေတုန်းပဲလို့ ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာအစိုးရက ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ သေချာ အခိုင်အမာ ဖြစ်လာနိုင်ဖို့အတွက် အကူအညီပေးသင့်တယ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Agung Putri Astrid က ပြောလိုက်ပါတယ်။

“ဒေါက်တာ ဆူရင်းပစ်ဆူဝမ် အနေနဲ့ မြန်မာနိုင်ငံမှာ အများ ယုံကြည် လက်ခံနိုင်လောက်ပြီး ပွင့်လင်း မြင်သာတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် အားပေးသင့်ပါတယ်။ မစ္စတာ ဆူရင်း မြန်မာနိုင်ငံကို သွားရောက်တာဟာ အာဆီယံဥက္ကဋ္ဌ တစ်ယောက် ဖြစ်တဲ့ သူ့အတွက်တော့ အလွန်ကို အရေးပါတဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတဲ့ သူတွေ အားလုံးနဲ့ ကျိန်းသေ ဆွေးနွေးနိုင်ဖို့အပြင် အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကိုလည်း အပြည့်အ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ အပြည့်အ၀ ဖြစ်လာဖို့အတွက် အသွင်ကူးပြောင်းမှုတွေ တိုးတက်လာဖို့အတွက် အစိုးရကိုလည်း အကူအညီ ပေးသွားလိုပါတယ်။”

အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးအဖြစ်နဲ့ ဒီကနေ့မှာ စတင် ရောက်လာတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့အတွက် ဖိတ်ကြားချက်နဲ့ အခုလို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုပေမဲ့လည်း တဘက်မှာလည်း မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စိုးရိမ်နေရဆဲဖြစ်ကြောင်း မစ္စ် Agung Putri Astrid က ပြောပါတယ်။

“လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ်မှာ ကျမတို့ အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မူဝါဒတွေဟာ သိပ်ပြီးတော့ ခိုင်မာမှုမရှိတဲ့ မူဝါဒတွေ အပေါ်မှာ တည်ဆောက်ထားတယ် ဆိုတာကိုလည်း ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတည်ငြိမ်တဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကျမတို့ မတွေ့ရပါဘူး။ အစိုးရတွင်းမှာရော ပါလီမန်အတွင်းမှာရော ၊ တခြား တနိုင်ငံလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေမှာပါ မတွေ့ရသေးပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာပါ တကယ်တမ်း အပြောင်းအလဲကို ဖော်ဆောင်ချင်တယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို အခိုင်အမာ တည်ဆောက်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကလွဲပြီး ကျန်တဲ့ကိစ္စတွေမှာတော့ အာဆီယံအဖွဲ့ဟာ စိုးရိမ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။”

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ပြောဆိုတာတွေ ရှိနေပေမဲလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အဲဒီကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်တာတွေ ဖြစ်စေတယ်လို့ သူမက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေး နေတာတွေဟာ အတော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ဖြစ်နေတာကို ကျမတို့ တွေ့နေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း အဲဒီလို ဆွေးနွေးပြောဆိုတာဟာ တဘက်နဲ့ တဘက် အပြန်အလှန် သဘောတူညီမှုတွေ မရတာတွေကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရဘက်မှာလည်း ပွင့်လင်းမြင်သာမှု မရှိသလို ဘယ်လိုပုံစံမျိုးနဲ့ လုပ်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အခြေခံမူ မရှိတာကိုလည်း တွေ့ရပါတယ်။ မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတိုင်းရင်းသားအရေး ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေလို့ ဖြစ်ပါတယ်။”

အာဆီယံအတွင်းရေးမှူးချုပ်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံသွားဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ မြန်မာအစိုးရနဲ့ တွေ့ဆုံဆွေးနွေးစဉ်အတွင်းမှာ လာမယ့် ၂၀၁၄ ခုနှစ် ကျရင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ပဋိညာဉ်ကို လိုက်နာပြီး အဖွဲ့ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ ဆွေးနွေးသွားဖို့ လိုတယ်လို့လည်း AIPMC က တိုက်တွန်းပါတယ်။ မစ္စတာ ဆူရင်း အနေနဲ့ သူ့ရဲ့ ဒီခရီးစဉ်အတွင်းမှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့်ကိစ္စအပြင် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အားကစားပွဲကိစ္စ နဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတယ်လို့ ပြောပါတယ်။


Source :ကိုရန်နိုင် (VOA Burmese)



________________________________________________________

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်နှင့် တွေ့ဆုံမေးမြန်းခြင်း

နာဂစ်သည် အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့

အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်သည် မြန်မာ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ နှင့် ၂၁ ရက် အတွင်း အလည်အပတ် လာရောက်ရန်ရှိရာ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ရော်ဂျာ မစ်တန်က ဒေါက်တာဆူရင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။ အသက် ၆၂ နှစ်ရှိ ဒေါက်တာဆူရင်ပစ်ဆူဝမ်သည် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖြစ်ပြီး ယခုနှစ်တွင် သူ၏အာဆီယံအတွင်းရေးမှူးချုပ် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ဟားဗတ်တက္ကသိုလ်ဆင်း ဒေါက်တာ ဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။

(ကိုကို ဘာသာပြန်သည်။)
အတွဲ ၂၈ ၊ အမှတ် ၅၅၇ ( ၁၇ - ၂၃ ၊ ၂ ၊ ၂၀၁၂)

ဟားဗတ် တက္ကသိုလ်ဆင်း ဒေါက်တာဆူရင်သည် ရှင်းလင်းပြတ်သားစွာ ပြောဆိုတတ်သူ ဖြစ်ရာ သူ့အရင် အာဆီယံအတွင်းရေးမှူးချုပ်များထက် ထင်ရှားသည်။

ထက်မြတ် သူတစ်ဦးဖြစ်သည့်အလျောက် မိမိအယူအဆကို ထုတ်ဖော် ပြောဆိုရန် မည်သည့်အခါမျှ တွန့်ဆုတ်သူမဟုတ် သဖြင့် တစ်ခါတစ်ရံ ဒေသတွင်းမှ ခေါင်းဆောင်တချို့၏ ငြိုငြင်မှုကို ခံရတတ်သူဖြစ်သည်။

သူ၏ အကြီးမားဆုံးစွမ်းဆောင် အောင်မြင်မှုတစ်ခုမှာ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း 'နာဂစ်' တိုက်ခတ်ခံရစဉ်က ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကို ယခင်ကရှိခဲ့သည့် ယုံကြည်ချက်များကို ဘေးဖယ်ထား၍ မြန်မာကို အကူအညီပေးကြရန် စည်းရုံးနိုင်ခဲ့ခြင်းပင် ဖြစ်တန်ရာသည်။

ထိုအချိန်တွင် ဒေါက်တာဆူရင်က "လူ လေးသန်းလောက် ထိခိုက်


ခဲ့ရပြီး ၁၄၀,၀၀၀ လောက် သေဆုံးခဲ့ကြရတယ်။ ဒါဟာကျွန်တော်တို့ အားလုံးအတွက် ကြီးမားတဲ့ လူသားချင်းစာနာမှု တာဝန်ကြီးတစ်ခု ဖြစ်တယ်"ဟု ပြောကြားခဲ့သည်။

ဒေါက်တာဆူရင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အခြားထိပ်တန်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်။

ထို့နောက် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသသို့ သွားမည်။ ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု မျှော်လင့် ရသည်။

* ခင်ဗျား မြန်မာပြည်ကို ဘာကြောင့် သွားမှာလဲ။

ကျွန်တော့ကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ထားတယ်။ မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌဖြစ် လာတော့မှာမို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရာမှာ ကျွန်တော်တို့ အကူအညီ ပေးနိုင်တာတွေ ပေးရအောင်လို့ပါ။ အဖွဲ့ဝင် နိုင်ငံအားလုံးကို ဒီလိုအကူ အညီပေးမြဲပါ။ ဒါပေမယ့် မြန်မာအတွက်တော့ အထူးစပယ်ရှယ်ပေါ့။ နောက်နှစ်နှစ်ကြာရင် ဥက္ကဋ္ဌအဖြစ် တရားဝင် လွှဲတော့မှာမို့ပါ။ ဒီဆုံးဖြတ် ချက်ချပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ အလွန် နက်ရှိုင်းပြီး အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်မျက်မြင် ကိုယ်တွေ့ကြည့်ချင်ကြားချင်ပါတယ်။
* ၁၉၉၇ တုန်းက မြန်မာကို အာဆီယံ ထဲဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကြောင့် သံသယ ရှင်းသွားသလား။

မြန်မာနိုင်ငံဟာ သူ့ရဲ့လမ်းပြမြေပုံ အတိုင်း တစ်သမတ်တည်းရှိခဲ့ပါတယ်။ အာဆီယံဝင်ခွင့်ရသွားတော့ ဒါကို အကောင်အထည်ဖော်ဖို့ သူတို့ယုံကြည်မှု ပိုရှိသွားတာပါ။ အခုသူတို့ တံခါးဖွင့်ဖို့ ပြင်ဆင်နေကြပြီ။ အာဆီယံမူဘောင်ထဲကနေပြီး ဒေသနဲ့ ပြန်လည်ဆက် သွယ်ဖို့ လုပ်နေကြပါတယ်။ တစ်ခါတလေ သူတို့ကို နှုန်းမြှင့်တင်ဖို့ ကျွန်တော်တို့ အားပေးကြတယ်။ တစ်ခါတလေ ပြင်ပကမ္ဘာက စိတ်မသက်မသာ ဖြစ်ကြရတာတွေကို သူတို့ကို ပြန် ဖောက်သည်ချရတယ်။ တစ်ခါတလေ ကျတော့လည်း မြန်မာပြည်မှာ ဖြစ်ပျက် နေတာတွေကို ကမ္ဘာကို ရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားကြရပါတယ်။

* နာဂစ်မုန်တိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေက ဒီဖြစ်စဉ်အပေါ်ဘယ်လို သက်ရောက်မှုရှိခဲ့ပါသလဲ။

နာဂစ် ဆိုက်ကလုန်းမုန်တိုင်းဟာ အလှည့်အပြောင်းပါပဲ။ ၂၀၀၈ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ ကျွန်တော်ဟာ အာဆီယံအတွင်း ရေးမှူးဖြစ်ခဲ့တာမို့ ကျွန်တော့ကို 'နာဂစ်'က အသင်းဝင်အဖြစ် ရေဖျန်းမင်္ဂလာပြုပေးခဲ့တာလို့ ကျွန်တော် ပြောပြောနေခဲ့တာပါ။ ဒီ အဖြစ်ဆိုးကြီးကို မြန်မာခေါင်းဆောင်များနဲ့အတူ ကျွန်တော်တို့ကိုင်တွယ် လုပ်ကိုင်ကြရင်း မြန်မာနိုင်ငံကို တံခါးဖွင့်ပြီး တစ်ကမ္ဘာလုံး က အကူအညီတွေ စုလာအောင် ကြံဆောင်ခဲ့ရပါတယ်။ ခင်ဗျား မှတ်မိချင် မှတ်မိမှာပါ။ နာဂစ် အကူအညီပေးဖို့ ရန်ကုန်မှာ လုပ်တဲ့ ကွန်ဖရင့်မှာ မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန်သဘောထားတဲ့ နိုင်ငံတွေက အထက်တန်းအရာရှိတွေတောင် တက်ရောက်ခဲ့ကြ ပါတယ်။ ဒီမှာတင် မြန်မာအစိုးရဟာ ကမ္ဘာက သူတို့ကို လုံးဝ ရန်လိုမုန်းတီးကြတာ မဟုတ်ဘူး။ ခြွင်းချက်တွေထားဖို့ စိတ်ဆန္ဒတွေ ရှိကြသေးတယ်ဆိုတာ သူတို့ မြင်တွေ့သွားကြပါတယ်။

* အာဆီယံရဲ့ ပါဝင်ဆောင်ရွက်မှုတွေက ဘာတွေပါလဲ။

ပထမမြန်မာအစိုးရအား နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တံခါးဖွင့်ပေးဖို့ နားချရတယ်။ ဒုတိယအနေနဲ့ နိုင်ငံတကာက လှိမ့်ဝင်လာတဲ့ အကူအညီတွေကို ကြီးကြပ်စီမံရာမှာ ကူညီရတယ်။ 'နာဂစ်'အပေါ် တုံ့ပြန်လုပ် ဆောင်မှုတွေဟာ ယနေ့မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အစလို့ဆိုနိုင်ပါတယ်။ ဒါ့အရင်က မြန်မာနိုင်ငံဟာ အထီးကျန်နေခဲ့ပြီး ပြင်ပကမ္ဘာနဲ့ သိပ် အနေမကျခဲ့လှပါဘူး။ ကျွန်တော်တို့ ၀င်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့နဲ့ ဆက်ဆံလို့ရတယ်ဆိုတာကို မြန်မာတွေ သဘောပေါက်သွားတယ်။ သူတို့ နေသာထိုင်သာရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တယ်။ ကမ္ဘာက ၀င်လာပြီး သူတို့အပေါ်မှာ စီးပိုးမှာ မဟုတ်ဘူးဆိုတာတွေကို သဘောပေါက်သွားတယ်။ ဒါကြောင့် ဒါဟာ အလှည့်အပြောင်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ တံခါးဖွင့်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူတို့ကိုယ်ပိုင်လမ်းပြ မြေပုံကို အားဖြည့်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

* မြန်မာက ဘာကြောင့်ဒီပြုပြင် ပြောင်းလဲရေး စလုပ်တာလဲ။

ပွင့်လင်းဖို့၊ ပွင့်ပွင့်လင်းလင်းနေဖို့ ဆန္ဒတွေကို မြန်မာတွေမျိုသိပ်ထားခဲ့ရတဲ့ သဘောပါ။ ပွင့်လင်းလိုက်လို့ ရလာနိုင်တဲ့ အကျိုးရလဒ် တွေကို မြန်မာခေါင်းဆောင်တွေ တွက်မိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြည်တွင်း တည်ငြိမ်မှုကို သူတို့ စိတ်ချထားနိုင်ပြီလို့ ခုသူတို့ ယုံကြည်ထားတယ်။ ဒီတော့ နောက်ထပ် နှောင့်နှေးနေရင် ဒေသတွင်း တိုးတက်မှုတွေရဲ့ အကျိုးရလဒ်တွေကို မခံစားရရုံပဲ ရှိမှာပဲ။ ဘာကြောင့် နောက်ချန်နေခဲ့ရမှာလဲ၊ မှန်ပါတယ်။ အတူလုပ်ဆောင်ဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ ဒီလောက်အကြာကြီး အထီးကျန်နေခဲ့ရပြီးတော့မှ ချက်ချင်းထပြီး "ကောင်းပြီဟေ့၊ ငါတို့ တံခါးဖွင့်ဖို့ အဆင်သင့်ပဲ"လို့ ရုတ်တရက်ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အာဆီယံက ဒီဖြစ်စဉ်အရှိန်ရအောင် ကူညီခဲ့တယ်။ ဒီလမ်းအတိုင်း ဆက်လျှောက်ရင် သူတို့ အကျိုးပဲဆိုတာကို သေချာ အာမခံပေးတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အာဆီယံဟာ သူတို့အားထားနိုင်တဲ့ အကြောင်းရင်းတစ်ခုပဲ။ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာနိုင်ပြီလို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာလည်း ဒီအတိုင်းပါပဲ။

* နောက်ကြောင်းပြန်မလှည့်နိုင်ဘူးလား။

ကျွန်တော်တို့အနေနဲ့ သူတို့နောက်ကြောင်း ပြန်မလှည့်ဖို့ သေချာစေချင်တာ အထူးပြောဖို့တောင် မလိုပါဘူး။ "အာဆီယံဆိုတဲ့ ဝေါဟာရဟာ 'နောက်ကြောင်းပြန်မလှည့်ခြင်း'ပါ။ အရှိန်အဟုန်ကောင်းနေတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ သူတို့ဟာ မှန်ကန် တဲ့ လားရာအတိုင်း ရွေ့လျားနေတယ်။ အလွန်လျင်မြန်စွာ ရွေ့လျားနေတယ်။ စေတနာကောင်း ရေတံခါးတွေ ပွင့်သွားခဲ့ပြီ။ ဒါပေမယ့် နောက်ကြောင်းပြန် မလှည့်တော့ဘူးလို့တော့ ကံသေကံမ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဒါကြောင့်လည်း မြန်မာကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရွေ့လျားရာမှာ ကျွန်တော်တို့ဟာ သူတို့ကို ထောက်ခံ ကူညီပါ့မယ်လို့ ပြောနေတာပါ။ ဒါကို ကမ္ဘာကိုလည်း ကျွန်တော်တို့ ရှင်းပြမယ်၊ တစ်ချိန်တည်းမှာ ကမ္ဘာက ဘာတွေ မျှော်လင့်နေတယ် ဆိုတာကိုလည်း မြန်မာကို ရှင်းပြမယ်။

* မြန်မာနိုင်ငံမှာ နောက်ထပ် ဘာတွေ မြင်ချင်ပါသေးသလဲ။

အပြောင်းအလဲလက္ခဏာတွေကို ထိပ်ဆုံးကနေပြီး အစိုးရဌာနအဆင့်ဆင့် အထိ သက်ရောက်သွားတာကို တွေ့ချင်မြင်ချင်တယ်။ ဒါကို အားဖြည့်ပေးဖို့ ဖွံ့ဖြိုးလာဖို့ လိုအပ်တယ်။ ဒါကိုလည်း ထင်သာမြင်သာရှိဖို့ လိုအပ်တယ်။ သူတို့ အပေါ်မှာ ကမ္ဘာနဲ့ အာဆီယံက ယုံကြည်မှု ဘယ်လောက်ရှိတယ်၊ သူတို့အပေါ် ဘယ်လိုအားဖြည့်မှုတွေ ပေးနိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး အပြောင်း အလဲဖြစ် ပေါ်မှု အနှေးအမြန်ရှိလိမ့်မယ်။
* 'အာရပ်နွေဦး'မှာလို 'မြန်မာနွေဦး' က တခြားအာဆီယံနိုင်ငံတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဒါဟာ အာဆီယံရဲ့ အကျပ်အတည်းပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား အုပ်ချုပ်ရေးဖွဲ့စည်းပုံတွေဟာ အမျိုးမျိုး ကွဲပြားကြ တယ်။ တချို့နိုင်ငံတွေမှာ တစ်ပါတီစနစ်ရှိနေတုန်းပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလို ကာလရှည်ကြာတဲ့ စစ်အာဏာရှင် အုပ်ချုပ်ရေး မျိုးတော့ မရှိကြဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲများကို ကမ္ဘာက မည်မျှစိတ်လှုပ်ရှားစွာ စောင့်ကြည့်နေ ကြတယ် ဆိုတာကို တစ်ပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေက တစ်ချိန်ချိန်မှာ သတိပြုမိလာပြီး သူတို့လည်း မြန်မာနိုင်ငံမှာလို အပြောင်းအလဲတွေလုပ်ဖို့ စဉ်းစားလာနိုင်ပါတယ်။ အတက်အကျရှိပါတယ်။ တစ်ခါတလေ သိပ်မြန်တယ်။ တစ်ခါတလေ စိတ်လှုပ်ရှား တုံ့ပြန်မှုမရှိပါဘူး။ ခြုံကြည့် လိုက်ရင်တော့ ဦးတည်လားရာက ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးဆီကို ဦးတည်နေပါတယ်။ မှန်ပါတယ်။ နိုင်ငံအတွင်း မှာရှိတဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ ခြားနားမှုရှိပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာက အပြောင်းအလဲ အတွက် ပေါင်းရုံးစုစည်းရာ ဗဟိုချက်ဖြစ်တဲ့ မဒမ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးမရှိကြပါဘူး။

* ဒီခရီးစဉ်မှာ ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မှာလား။

ကျွန်တော့ခရီးစဉ် နောက်ဆုံးနေ့မှာ သူနဲ့တွေ့ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူနဲ့ မတွေ့ဖူးသေးဘူး။ သူ့ရဲ့ စိတ်ထဲ ဘာတွေရှိ နေတယ်၊ အာဆီယံက သူ ဘာတွေမျှော်လင့်တယ်ဆိုတာတွေကို ကျွန်တော် ကြားချင်တယ်။ အတိတ်မှာတုန်းကတော့ ကျွန်တော်တို့ ဟာ အစိုးရနဲ့ပဲ ဆက်ဆံခဲ့ကြရတယ်။ အတိုက်အခံနဲ့ မတွေ့ကြရဘူး။ အာဆီယံရဲ့ အစဉ်အလာက ဒီလိုရှိတယ်။ ဒီတော့ အဖွဲ့ဝင် နိုင်ငံအချို့ဆီက တုံ့ပြန်လာမှုတွေကို ဂရုထားခဲ့ကြရတယ်။ ဒါပေမယ့် မြန်မာကိုယ်တိုင်ကပင်လျှင် အခြေအနေတွေကို ပြောင်း လိုက်ပြီ။ သူဟာ ထိုင်းဝန်ကြီးချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ခဲ့တယ်။ သူဟာ တားမြစ်ထားတဲ့ ပုဂ္ဂိုလ်မဟုတ် တော့ဘူး။ အရင်တုန်းကတော့ အာဆီယံဥက္ကဋ္ဌက သူ့ဆီ သွားတွေ့ဖို့ ကြိုးစားရင် ဒါဟာ သံတမန်ရေး စည်းကမ်းကို ချိုးဖောက်တာပဲ။ နိုင်ငံရေးအရ မှားယွင်းတဲ့လုပ်ရပ်ပဲ။ ခုတော့ လုံးဝပြောင်းပြန်ဖြစ်သွားပြီ။ ဘာလို့ မဖြစ်ရမှာလဲ။ သူ့ရဲ့ပါတီကိုလည်း မှတ်ပုံတင်ပြီးပြီ။ သူကိုယ်တိုင် တက်တက် ကြွကြွ ပါဝင်နေပြီး သူရဲ့ပါတီဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေပြီ။ ဒါတွေ အားလုံးဟာ အသိအမှတ်ပြုသင့် ပြုထိုက်တာတွေပဲ။ ကျွန်တော်တို့ အားပေးရမှာပေါ့။

* မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အဓိကစိုးရိမ်မှုတွေကဘာတွေလဲ။

ကျွန်တော် စိုးရိမ်နေတာက စင်ကာပူ နဲ့ ဘန်ကောက်မှာ ခုကတည်းက စုရုံးပြီး မြန်မာနိုင်ငံက သယံဇာတနဲ့ စီးပွားရေး အခွင့်အလမ်း တွေကို စားဖို့ ၀ါးဖို့ ဟန်ပြင်နေကြတဲ့လူတွေပဲ။ အာဆီယံ လုပ်ရမှာ၊ ကျွန်တော် လူတစ်ယောက်အနေနဲ့ လုပ်ဖို့လိုအပ်တာ၊ မြန်မာနိုင်ငံ ရဲ့ မိတ်ကောင်းဆွေကောင်းတွေလုပ်ဖို့ လိုအပ်တာက အရေးအကြီးဆုံးအချက်ဟာ မြန်မာလူထု သက်သာချောင်ချိရေးပဲဆိုတာ မြန်မာ့ခေါင်းဆောင်တွေကို အသေအချာ သတိပေးဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ သယံဇာတနဲ့ အခွင့်အလမ်းတွေကို စီမံခန့်ခွဲရာမှာ လူသား မျက်နှာကို ကြည့်ရမယ်ဆိုတာ သေချာစေဖို့ပါပဲ။ စီးပွားရေးစွန့်ဦးလုပ်ကိုင်လိုတဲ့ စိတ်ဓာတ်ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်သုံးရေတွေ၊ လျှပ်စစ်ဓာတ်အားတွေရဲ့အပေါ်မှာ အရိပ်မိုးမနေစေရပါဘူး။ မညီမျှမှုတွေနဲ့ ဖရိုဖရဲ မငြိမ်သက်မှုတွေ ပိုဆိုးလာ စေမယ့် တံခါးဖွင့်တာမျိုးကိုတော့ ကျွန်တော်တို့ မလိုချင်ပါဘူး။

Source : Myanmartimes


ယခုလပိုင်းများမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်တွေအမျိုးအစားမျိုးစုံလာရောက်နေကြသည်။ အလည်လာသူတွေရော၊ အလုပ်ကိစ္စ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာအစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေနှင့်တွေ့ဖို့ကအစ၊ အကူအညီပေးဖို့လာရောက် လေ့လာသူတွေ အလယ်၊ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲဆိုတာကို သတင်းရေးဖို့ နိုင်ငံခြား သတင်းစာဆရာတွေ အဆုံး လာရောက်နေသည့် ပမာဏက ယခုဆယ်စုနှစ်ပိုင်းမှာ မကြုံဘူးလောက်အောင် ဖြစ်နေသည်။

တလောက ဗြိတိန်နိုင်ငံထုတ် Financial Times သတင်းစာက မြန်မာနိုင်ငံလက်ရှိ အဖြစ်အပျက်ကို Burma burn-out ဆိုသည့် စကားလုံးဖြင့် ရည်ညွှန်းရေးသားလိုက်သည်။ အန်ဂျီအိုများ၊ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပြောင်းလဲသည့် အခြေအနေကိုလိုက်၍ လုပ်ဆောင်ရန် လူအင်အား၊ အဖွဲ့အစည်းအင်အား မလုံလောက်သည့် အခြေအနေကို ဖေါ်ညွှန်းပြောဆိုထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တို့တွင် နိုင်ငံခြားသားများ၊ မြန်မာဋ္ဌာနေ အန်ဂျီအိုများ၊ ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သူများဖြင့် စည်ကားနေသည်။ စာရွက်စာတမ်းတွေ ဖိုင်တွေကိုင်လျှက် ၀င်လိုက်ထွက်လိုက်ဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တစွန်းတစ ထင်ဟပ်ပြသလိုရှိသည်။

နိုင်ငံတကာမှ သတင်းထောက်တွေလည်း တဦးပြီး တဦးဝင်လာနေသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရကိုယ်စားလှယ်များနဲ့ အတူ သတင်စာဆရာ ဗီဇာရရှိသဖြင့် ခါတိုင်းနဲ့မတူ ဗီဒီယိုကင်မရာအကြီးကြီးဖြင့် ရုပ်သံသတင်းရိုက်သူတွေရှိသလို သတင်းစာအတွက်နေပြည်တော်မှ အရာရှိကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့်ရ၍ နေပြည်တော်ထိ တက်သွားသူတွေလည်း ရှိသည်။

ယခင်က တိုးရစ်ဗီဇာကိုပင် ရဖို့ မသေချာသည့်အနေအထားမှ ယခုအခါ သတင်းထောက် ဗီဇာရနိုင်လာသည်အခြေအနေမျိုးကို အနောက်နိုင်ငံမှ သတင်းစာဆရာများက ဒီအချက်များကို ကြည့်ကာ မြန်မာနိုင်ငံပြောင်းလဲနေပြီဟု ပြောကြ ရေးကြသည်မှာ သူ့အတွေ့အကြုံနှင့် သူတော့မှန်ကန်နေပါလိမ့်မည်။


နိုင်ငံရေး အင်အားစုတွေ

စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတဲ့ အစိုးရလက်ထက် တလျှောက်လုံး အစိုးရက အတိုက်အခံ မလိုလားအပ်တဲ့ အင်အားစုဟု သတ်မှတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၊ ၂၀၀၇ စက်တင်ဘာ ကျောင်းသား ခေါင်းဆောင်များကို မကြာမီက လွှတ်ပေးလိုက်တဲ့အချက်ဟာ မြန်မာနိုင်ငံရေးမှာ အလှည့်အပြောင်းတခုဟု ဆိုနိုင်ပါလိမ့်မည်။

ယင်းအင်အားစုတွေ လွတ်မြောက်လာပြီးနောက်မှာ ယခင်က လုပ်ခွင့်မရှိခဲ့ဘူးတဲ့ ပြည်တွင်းမီဒီယာ အင်တာဗျူးတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ တွေ့ဆုံပွဲ၊ ဖွင့်လှစ်ပွဲ နိုင်ငံခြား အစိုးရ အဖွဲဝင်များနဲ့ တွေ့ဆုံခြင်းတွေ မြင်တွေ့လာရသည်မှာ ယခင်နှင့်တော့ မတူဟုနားလည် နိုင်ပါသည်။

ယခင်က အသံမကြားချင်သည့် ကျောင်းသားသမဂ္ဂဆိုသည်ကို အသိအမှတ်မပြုသေးသည့်တိုင် ပေါ်ပေါ်ထင်ထင် ဖွဲ့ဖို့ကြိုးစားနေကြပြီ။ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအရ ခွင့်ပြုပြီးဖြစ်သော်လည်း နည်းဥပဒေများ မထွက်ရှိလာသေးသဖြင့် တရားဝင် မဖွဲ့ရသေး။ မကြာမီ အလုပ်သမား အဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ တရားဝင် ပေါ်ထွက်လာဖို့ အခြေအနေများတွေ့မြင်နေရသည်။

ကန့်သတ်ချက်များစွာဖြင့် လှုပ်ရှား လုပ်ကိုင်ခွင့်အခက်အခဲရှိနေဦးမည် မှန်သော်လည်း ယခင်ကလို ပုန်းရှိုးကွယ်ရှိုး လုပ်ဆောင်ရသည်နှင့်စာလျင် အများကြီးလုပ်ခွင့်သာလာပြီ ဟုဆိုရမည်ဖြစ်သည်။

ယခင်က လုပ်ခွင့်မရခဲ့သည့် နှစ်လည်နေ့များ၊ အထိမ်းအမှတ်နေ့များကိုလည်း ယခုအခါ ပေါ်ပေါ်ထင်ထင် လုပ်နိုင်လာသည့် အခြေအနေမျိုးဖြစ်သည်။ စိတ်ဝင်စားသည့် လူထုပရိသတ်လည်း တက်ရောက်ရဲသည့် အခြေအနေမျိုးဖြစ်လာသည်။

ဒါတွေက နိုင်ငံရေး သမားတွေ၊ အစိုးရခေါင်းဆောင်တွေ ရည်ညွှန်းသည့် အပြောင်းအလဲ၏ လက္ခဏာများ ဖြစ်လိမ့်မည်။

မပြောင်းလဲသေးသည့် အရာများ

ခေတ်ပြောင်းလာပြီဟု ဆိုရာတွင် အပေါ်ပိုင်းက အရင်ပြောင်းသည် အောက်ခြေကို နောက်တဖြေးဖြေး ရောက်လိမ့်မည်ဟု ယေဘုယျအားဖြင့်နားလည်ကြသည်။ သို့သော် လုံးဝ မပြောင်းလဲသေးသည့် ကဏ္ဍများလည်း အများအပြားရှိနေရာတွင် အောက်ခြေရှိ လူထုနှင့် ပတ်သက်သည့် ကိစ္စရပ်များသာမကပါ။ အချို့မှ အပေါ်မှ အောက်ခြေတိုင် မပြောင်းလဲသလောက်ရှိသည်ကိုတွေ့နေရသည်။

ယင်းကဏ္ဍတွေက ဘာတွေလဲဟု ဆိုလျှင် တရားစီရင်ရေး ၊ သာသနာရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။

တရားစီရင်ရေး အပိုင်းမှာ ပွင့်လင်းမှု အရိပ်အယောင် ယခုချိန်ထိ မမြင်တွေ့ရသေးပေ။ လာဘ်စားမှုများ၊ ငွေများ တရားနိုင်ခြင်းများ ဖြစ်နေဆဲ ဖြစ်သည်။ အမှုအခင်းဖြစ်ပြီဆိုလျှင် ငွေထုပ်နှင့် တရားသူကြီး၊ အစိုးရ ဥပဒေအကျိုးဆောင်၊ တရားရုံး အသီးသီးကို လိုက်ဖြည့်နိုင်လျှင် အမှုနိုင်ဖို့ ရာခိုင်နှုန်းများနေပြီဖြစ်သည်။ ပွင့်လင်းလာသည့် မြန်မာနိုင်ငံ၏ လတ်တလော အကျိုးဆက်များ ဤနယ်ပယ်မှာ လုံးဝမမြင်တွေ့ရသေးပေ။

သာသနာရေး နှင့်ပတ်သက်လျင်လည်း သံဃမဟာနာယက အဖွဲ့က သံဃာထုရဲ့ အမြင်များကို ထည့်သွင်းစဉ်းစားခြင်း မျိုး မတွေ့ရသေးပေ။ သံဃားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ စီရင်ချက်များမှာ နကိုအခြေအနေအတိုင်းသာ ရှိနေသေးသည်ကိုတွေ့နေရသည်။

ထို့အတူ မြန်မာ့ဆက်သွယ်ရေး နှင့် ပတ်သက်လျှင်လည်း ဖုန်းဝန်ဆောင်ခများ ကြီးမြင့်ခြင်း၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွင် ပြိုင်ဆိုင်မှု ဈေးကွက်ဖွင့်ပေးခြင်း မရှိသေးပေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် ၅ထောင်တန် ဖုန်းကဒ် ကိစ္စတွင် မြန်မာဆက်သွယ်ရေး လုပ်ငန်းက သုံးသိန်းဖုန်းအစီအစဉ် ရောင်းဖို့ စီစဉ်ပြီးသားဖြစ်နေရာ ဈေးမလျှော့ချင်သဖြင့် ၅ ထောင်တန်ဖုန်း မဖြစ်နိုင်ဟု မျက်စေ့မှိတ်ငြင်းနေခဲ့သည်။ ပထမပိုင်းတော့ နည်းပညာအရ မဖြစ်နိုင်ဟု ပြောရာမှ နောက်ဆုံး ဆက်သွယ်ရေး ဥပဒေအရ မဖြစ်နိုင်ဟု ပိတ်ကာပြောတော့သည်။ ဆက်သွယ်ရေး ဥပဒေဆိုသည်မှာ ပြုပြင်၍ မရသည့်အရာ မဟုတ်ပေ။
ဤ သာဓကတို့မှာ အပြောင်းအလဲသို့ မလိုလားသူများ၏ မိမိတို့ နေရာ၊ ရာထူး၊ အကျိုးစီးပွားကာကွယ်မှုများ ဖြစ်သည်။


သာမန်လူထုတွက် အပြောင်းအလဲ

ကိုယ့်အခွင့်အရေးကို တိုးချဲ့ယူနိုင်သူများက အခွင့်အရေး ရလာကြသည်မှာ မှန်ပါသည်၊ ကိုယ့်အခွင့်အရေးအတွက် တိုးချဲ့မယူတတ်သည့် သာမန်ပြည်သူတွေရဲ့ အခွင့်အရေးတွေရော တိုးတက်လာပါသလား။ သာမန်လူထုမှာ ယခုချိန်ထိ ကိုယ့်အလုပ်အကိုင်နှင့် ပတ်သက်သည့် အခွင့်အရေးများ တိုးတက်မလာသေးပေ၊ အလုပ်သမားများ လုပ်ခအတွက် ဆန္ဒပြတောင်းဆိုရာတွင် သတ်သတ်မှတ်မှတ် အဖွဲ့အစည်း မဖွဲ့စည်းနိုင်သေးပေ၊
သမဂ္ဂဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း လက်တွေ့ ကျင့်သုံးဖို့ နည်းဥပဒေ မထွက်သေးပေ၊ လယ်သမားများလည်း လယ်မြေတွေ အသိမ်းခံနေရဆဲဖြစ်သည်။ စီးပွားရေး အခွင့်အလမ်း များပြားလာသည်နှင့် အတူ မြေယာသိမ်းခံရမည့် အန္တရာယ် ပိုမိုများလာသည်။
အလုပ်အကိုင် ရှားပါးခြင်း နှင့် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကလေးစစ်သားစုဆောင်းမှု အန္တရာယ်လည်း ရှိနေဆဲဖြစ်သည်။
ယခုဖေါ်ပြသည့် အချက်အလက်များက အောက်ခြေလူထုအဖို့ အပြောင်းအလဲရဲ့ အကျိုးဆက်ကို မခံစားရသေးသည်ကို ညွှန်းဆိုလျှက်ရှိသည်။

ခြုံပြောရလျှင် အပြောင်းအလဲဆိုသည်ကို ကြိုဆိုရမည်ဖြစ်သည်။ ယခုလို အခွင့်အလမ်းမျိုး ၊ ပွင့်လင်းမှု လမ်းစမျိုး လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ ခုအတွင်း မပေါ်ထွက်ခဲ့သည်ကို ၀န်ခံရမည်ဖြစ်သည်။ ယင်းပွင့်လင်းမှု လမ်းစကို မပျောက်သွားအောင် ဆုပ်ကိုင် ချဲ့ယူရမည်ဖြစ်သလို သာမန်လူထု ခံစားနိုင်ဖို့ လုပ်ဆောင်ရမည်မှာ နိုင်ငံရေး သမားတို့၏ တာဝန်ဟု ထင်ပါသည်။
Source : သန်းစိုးလှိုင် (Moemaka)


ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး) 

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များအနှောင့် ယှက်ဖြစ် နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြား လိုက်သည်။


ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရမ်းရာတွင် အထစ် အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီးကျင်းပခွင့် ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ တွင်မြစ်ကြီးနား၊ မတ်လ ၃ ရက်နေ့ ၄ ရက်နေ့များ တွင် မန္တလေးမြို့၊ မတ်လ ၅ ရက်နှင့် ၆ ရက်တွင် နေပြည်တော်၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ မွန်ပြည်နယ် များသို့ စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းကဆိုသည်

Source :ဒီမိုဝေယံ


        ဦးအောင်လင်းထွဋ်  ( Photo Moe Makha)


တပ်မှူးတပ်သား ပြောစကား (၁၀၀)

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ထွန်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပေး ဖို့ စစ် ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း၊ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဗီအိုအေရဲ့ စတူဒီ ယိုထဲကို ဖိတ်ခေါ်ပြီး ဗီအိုအေ၀ိုင်းတော်သားကိုကျော်ကျော်သိန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ တွေ့ဆုံမေးမြန်းခန်း ကို ဗီအိုအေ မြန်မာပိုင်းရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ ဒီရုပ်သံလွှင့်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အစီအ စဉ် အစအဆုံးကို ဗီအိုအေမြန်မာပိုင်း ရေဒီယိုအစီအစဉ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကနေ နှစ်ပိုင်း ခွဲပြီး လွှင့်ထုတ်တာမှာ အပိုင်း(၁)ကို တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ တင်ဆက်ခဲ့ပြီးပါပြီ။ ဒီတစ်ပတ်မှတော့ ကိုကျော်ကျော်သိန်းနဲ့ ဦးအောင်လင်းထွဋ်တို့ရဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွှန့်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း(၂)အဖြစ် ဆက်ပြီး တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဦးကျော်ကျော်သိန်း။ ။ အခုနောက်ဆုံး လွှတ်တဲ့အထဲမှာ ဦးအောင်လင်းထွဋ် သိပြီးသားပါ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်တဲ့အထဲမှာ ပါလာပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့် လွတ်လာတဲ့ အခါမှာ ဦးအောင်လင်းထွဋ်ရဲ့ ပထမဦးဆုံးတုန့်ပြန်မှု စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ်သက်ပြီးတော့ သူလွတ်လာတာကို ကျနော် ၀မ်းသာ တယ်ပြောရမှာပဲ။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ လွတ်လာပေမယ့် အများထင်ထားကြသလို ဘာမှ ပြန် မလုပ်နိုင်ပါဘူး။ လွှတ်လိုက်ကတည်းကိုကလည်း ပုဒ်မ (၄၀၁) (အလုံးစုံ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သော၊ သမ္မတ၏ လုပ်ပိုင်ခွင့်အရပေးအပ်သည့်)လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်လိုက်တယ်လို့ ကျနော် တို့ သဘောပေါက်တယ်။ အခုအချိန်လည်း ကျနော်တို့ အင်တာနက်တွေ၊ ဂျာနယ်တွေမှာ တွေ့ရတယ်။ အင် တာဗျူးတွေ ဖတ်ရတယ်။ နောက် ကျနော့်ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆီက ကျနော်သိရှိချက်တွေ အရ ဗိုလ်ချုပ်ကြီးခင်ညွန့်အနေနဲ့ ဆက်ပြီးတော့ နိုင်ငံရေးလုပ်ဖို့ အစီအစဉ်မရှိဘူး။ သူလုပ်ခဲ့ကိုင်ခဲ့တဲ့ အတွေ့ အကြုံတွေတော့ရှိတယ်။ သူ့အနေနဲ့ဝန်ကြီးချုပ်ဘ၀က နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံ၊ ထောက် လှမ်း ရေးအတွေ့အကြုံ၊ ငြိမ်းချမ်းရေးအတွေ့အကြုံ ဒါတွေနဲ့ပတ်သက်ပြီးတော့မှ မေးလာလျှင်တော့၊ ပြန်ပြီး share လုပ်မယ့်သဘော၊ ဝေငှမယ့်သဘောတော့ ရှိပါတယ်။ သူ့အနေနဲ့ကတော့ နောင်တက်လာမယ့် မျိုး ဆက်သစ်ပေါ့လေ၊ ဘယ်သူတွေပဲဖြစ်ဖြစ် အသက်ငယ်တဲ့လူငယ်ပိုင်းတွေကို လိုအပ်တဲ့အခါ လာမေးတဲ့အခါ မှာ ပြောပြမယ်ဆိုတဲ့ အနေအထားမျိုးလောက်ပဲ ရှိပါတယ်။

ဦးကျော်ကျော်သိန်း။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ လူတွေထဲမှာ၊ အဓိကအားဖြင့် နိုင်ငံ ခြားတိုင်း ပြည်တွေက သံတမန်တွေ ရှိမယ်၊ နောက် ပညာရှင်တစ်ချို့ ရှိမယ်။ သူတို့ပြောတဲ့စကားက ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ moderate ပေါ့နော်၊ အလယ်အလတ်သမားဖြစ်တယ်။ သဘောထားအလယ်အ လတ်ရှိတယ်။ မတင်းမာဘူးပေါ့။ အဲဒီ အချက်ကို ဦးအောင်လင်းထွဋ် သဘောတူလား။

ဦးအောင်လင်းထွဋ်။ ။ ကျနော် သဘောတူပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ဂျာနယ်တစ်ခုမှာ ပြောခဲ့ဖူး တယ်။ သူဟာ အတွင်းရေးမှူး(၁)၊ ၀န်ကြီးချုပ်၊ ဒါတွေ ဖြစ်ခဲ့တယ်။ သူ့ရဲ့အထက်မှာ ဘယ်သူတွေရှိတယ် ဆို တာ အားလုံး သိပါတယ်။ ဒီရဲ့ policy ကို သူက အကောင်အထည် ဖေါ်ရတဲ့လူပါ။ အခုမှ မဟုတ်ပါဘူး။ ကျနော်တို့ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ 2001 လောက်ကတည်းက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့တယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည်က 1996 Visit Myanmar Year ကို သပိတ်မှောက် တယ်။ ပြီးတော့ NLD က အမျိုးသားညီလာခံကနေ ထွက် တယ်။ ထွက်ပြီးတဲ့နောက်ပိုင်း အပေါ်ဆုံးက ဗိုလ်ချုပ်မှူးကြီးကနေ ကျနော်တို့ကို NLD ကို မင်းတို့ အမြစ်ပြတ်ခြေမှုန်းရ မယ်ဆိုလို့ ထောက်လှမ်းရေးက လူမိုက်အငှားခံခဲ့ရတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်တုန်းကဆိုလျှင် အားလုံး သိကြပါတယ်။ NLD နဲ့ ပတ်သက်တဲ့လူတွေကို ဆွေမျိုးသားချင်းက အစ၊ ကလေးတွေနေတဲ့ ကျောင်းကအစ၊ ကျနော်တို့ က ပြဿနာရှာပေးရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ပြဿနာမရှာလျှင်လည်း မင်းတို့ ဘာလို့မလုပ်လဲ ဆိုတာမျိုး တွေက ရှိကြတယ်။ အဲဒီလို လုပ်လာရာကနေမှာ 1997 မှာ အာဆီယံကို မြန်မာနိုင်ငံ ၀င်တာရှိ တယ်။ အဲဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတကာနဲ့ထိတွေ့မှုတွေ ရှိလာပြီ။ 1999, 2000 လောက် ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြန်ထားလိုက်ပြီးပြီ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးခင်ညွန့်အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ့နိုင်ငံရေးမှာ ပစ်ပယ်လို့ မရဘူး၊ ဒေါ်အောင်ဆန်းစု ကြည်မပါဘဲ လုပ်လို့မရဘူးဆိုတဲ့ conclusion တစ်ခု ချခဲ့ တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီပေါ်မူတည်ပြီး မှလည်း 2000, 2001 လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် ပြီးတော့ ဆွေးနွေးခဲ့ကြတယ်။ ဒီဆွေးနွေးချက်တွေပေါ် မူတည်ပြီးတော့မှ 2002 May မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်။ အဲဒီအချိန်မှာ ကျနော်က အမေရိကားကို ရောက်ပါတယ်။ အဲဒီအချိန်တုန်းကလည်း စနစ်တကျ ပါပဲ။ အဲဒီ အချိန်တုန်းက ကျနော်တို့ DCI (lobby ကုမ္ပဏီ) အမေရိကားမှာ ငှားတယ်။ အမေရိကားမှာ သမ္မတ Bush တက်ခါစပေါ့လေ။ ကျနော်တို့ lobby group တွေငှားပြီးတော့မှ အမေရိကန်အစိုးရနဲ့ ပြေရာပြေကြောင်း ပြော ပါတယ်။ အမေရိကန်အစိုးရကလည်း ကျနော်တို့ကို ပြောပါတယ်။ အခုလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပေါင်းပြီးမှ မင်းတို့လုပ်ပါဆိုတဲ့ အနေအထားမျိုး၊ ပေါင်းလို့ရှိလျှင် သူတို့လက်ခံမယ်ဆိုတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမိုင်းစာမျက်နှာအသစ် ပြန်ဖွင့်မယ်ဆိုပြီး ကြေညာပြီး တော့ ပြန် လွှတ်လိုက်တယ်။ ၀ါရှင်တန်မြန်မာသံရုံးကနေပြီးတော့မှ ကျနော်တို့ကိုယ်တိုင်ပဲ ဘယ်သူမှမသိခင်မှာ ကြေ ညာပေးလိုက်တာပါ။ အဲဒီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတော့ အခုလိုပဲနယ်လှည့် ခွင့် ပးတယ်။ နောက်ဆည်တွေ၊ တမံတွေ လိုက်ပြတာတွေ ရှိတယ်။ ပြီးတော့ အားလုံး ခြုံပြောရလျှင်တော့ 2003 ဒီပဲယင်း မှာ ကျနော်တို့ ဇာတ်လမ်း အဆုံးသတ်သွားပြီးတော့မှ ဒုက္ခရောက်သွားတယ်လို့ပဲ ပြောရမှာပဲ။

ဦးကျော်ကျော်သိန်း။ ။ ဒီပဲယင်းက တစ်ကဏ္ဍ ဖြစ်ခဲ့တာပေါ့လေ။ ဆိုတော့…ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ပတ် သက်ပြီး ပြောမယ်ဆို ကျနော်တို့ fair to say (တရားမျှမျှတတ ပြောမယ်ဆိုရင်) ပေါ့နော်၊ သူပြန်လွတ်လာ ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်လင်းထွဋ်လည်း အင်တာနက်ပေါ်မှာ တွေ့မှာပါ၊ အဓိကအားဖြင့်တော့ ပြည် ပ ရောက်နေတဲ့ မြန်မာအသိုင်းအ ၀ိုင်းကြားထဲမှာ အမျိုးမျိုး ပြောကြဆိုကြတာတွေ ရှိပါတယ်။ သဘောထား အမျိုးမျိုးပေးကြတာတွေ ရှိပါတယ်။ ဒီနေရာမှာ ကျနော်တွေးမိတဲ့ အတွေးလေးတစ်ခုကတချိန်တုန်း က ထောက်လှမ်းရေးယန္တယားကို ဦးဆောင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စ တွ၊ တစ်နည်းအားဖြင့်ဖမ်းခဲ့တာတွေ၊ ထောင်ကျခဲ့တာတွေ၊ သေ ဆုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး တစ်ချိန်က စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ပြောလျှင်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် မှာကော ဘယ်နှစ်ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ ပြောလို့ ရပါသလဲ။

ဦးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်မှာလည်း တာဝန်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတင် မဟုတ်ပါဘူး။ နောက်ဆုံး ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကိုယ်တိုင် ဒီထောက်လှမ်းရေး အဖွဲ့အစည်းထဲမှာ နေခဲ့ရတာကိုး။ ဒါပေမယ့် ခုနကပြောသလို စနစ်ပေါ့၊ စစ်အာဏာရှင် စနစ်အောက်မှာ ကျနော်တို့က သားကောင် ဖြစ်ခဲ့ကြပါတယ်။ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်တင် မဟုတ်ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အားလုံးလည်း ပါပါတယ်။ ကျနော်တို့ အနေအထားအရလည်း ကျနော်တို့ မကောင်း တာလေးတွေ လုပ်ခဲ့ရတာရှိတယ်။ ခုနက ပြောသလိုပေါ့ဗျာ။ NLD အမြစ်ပြတ်ခြေမှုန်းရေး ကျနော်တို့ ကိုယ် တိုင်မဟုတ်တောင်မှ ကျနော်တို့အဖွဲ့အစည်းက လုပ်ရတာကိုးဗျ။ NLDနဲ့ ပတ်သက်လျှင် NLD ပါတီဝင် တွေ ကို ရေဖြတ်၊ မီးဖြတ်ကအစ အပြစ်ရှာပြီး လုပ်ခဲ့ရတာ။ မလုပ်လို့ လည်းမရဘူး။ အာဏာရှင်တို့ရဲ့သဘော သဘာဝအရ ခင်ဗျားသိတဲ့အတိုင်း၊ ကျူပင်ခုတ်ကျူငုတ်မကျန်၊ သားစဉ်မြေးဆက်အကုန်လုံးကို ဒုက္ခ ပေး တာ ကိုး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း ဒီတိုင်းပါပဲ။ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးခင်ညွန့် နှစ်ခါပြောဖူးတယ်။ သူ ထွက် ချင်တယ် ဆိုပြီး။ တစ်ခါက ၁၉၉၇ လောက်မှာ တစ်ခါပြောဖူးတယ်။ နောက်တစ်ခါက ၁၉၉၉ ကျနော် အမေရိကား မထွက်ခင်ပေါ့လေ။ ကျနော် ဒီမရောက်ခင်မှာ ပြောခဲ့ဖူးတယ်။ စိတ်ဓါတ်ပျက်တာပေါ့လေ၊ အဲဒီအချိန်မှာ သူ စိတ်မ ကောင်းစွာနဲ့ ပြောခဲ့တယ်။ ငါထွက်ချင်တယ်တဲ့၊ ငါထွက်လျှင် မင်းတို့ ဒုက္ခရောက် လိမ့်မယ်တဲ့။ မင်းတို့ကြောင့် ငါဆက် နေနေရတယ် ဆိုတဲ့ စကားတစ်ခု ပြောခဲ့ဖူးတယ်။ အလားတူပဲ အဲဒီ အချိန်တုန်းက ၀န်ကြီးတစ်ချို့ ဗိုလ်ချုပ်ခင်ညွှန့်ကို လာပြောတာတွေရှိတယ်။ ဗိုလ်ချုပ် ကျနော့်ကို ထွက် ခွင့် ပေးပါ။ ထွက်ခွင့်ဆိုတာ အေးအေးဆေးဆေး ထွက်ချင်တာ ပေါ့ဗျာ။ ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားမပြောနဲ့ ကျနော်တောင် ထွက်ချင်တာ ထွက်လို့မရဘူးဆိုတဲ့ အနေအထားမျိုး ပြန် ပြောတယ်။ ဆိုတော့ ကျနော်တို့ က ၀င်ပြီးတဲ့အချိန်မှာ အရှင်ထွက် ထွက်ဖို့က မလွယ်တဲ့ အနေအထားမျိုး ရှိပါတယ်။ တာဝန်မရှိဘူးလား ဆိုတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း တာဝန်ရှိတယ်။ ကျနော်တို့လည်း တာဝန်ရှိတယ်။ ကျနော် ပြောပြောနေ တဲ့ ခရစ်စတီးကျွန်းကိစ္စဆိုလျှင် ကျနော်လည်းပါသွားတော့ ကျနော့်မှာလည်း တာဝန်ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သေသွားတဲ့လူတွေအတွက်ကို ကျနော် ဘာမှ မလုပ်ပေးနိုင်ဘူး။ အခု ကျနော်ပြောခွင့်ရလို့ အဲဒီမှာ သေ သွားတဲ့လူတွေအတွက်ကို ကျနော် ပြောပြောနေ တာ။ ဒီအမှုကိစ္စပေါ်လာလို့ အစစ်ခံကြရလို့ ကျနော့်ကို ထောင်ချမယ် ဆိုလည်း ကျနော် ထောင်ကျခံရမယ့်သဘော၊ သေဒဏ်ပေးလည်း သေဒဏ် ကျခံ ရမယ့်သဘော ရှိတယ်။ ဒါပေမယ့် ကျနော့်လိုပဲ ကျနော်တို့ကို အမိန့်ပေးတဲ့ သူတွေကိုလည်း အရေးယူရလိမ့် မယ်။

ဦးကျော်ကျော်သိန်း။ ။ စောစောကပြောတဲ့ ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုတဲ့ စကားလိုပေါ့။ ဒါ ၁၉၈၈ နောက်ပိုင်း ပေါ့လေ၊ တကယ်ကတော့ ၁၉၈၈ မတိုင်ခင်ကတည်းက။ သို့သော် ၁၉၈၈ နောက်ပိုင်း မှာ ပိုပြီးသိသာလာတာပါ။ ၁၉၈၈နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ထောက်လှမ်းရေး၊ စစ်ထောက်လှမ်းရေး၊ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းတဲ့ အချိန်ထိ ထောက်လှမ်းရေးယန္တယားဆိုတာက ဖိန့်ဖိန့် တုန် ကြောက်ခဲ့ကြရတဲ့ ယန္တယားကြီးပါ။ လူတွေကို အကြောက်တရားနဲ့ ကြီးစိုးခဲ့တာပါ။ ဒီလိုယန္တယားမျိုး ဒီနေ့ ဒီအချိန်မှာ ပြန်ကြည့်မယ်ဆိုလျှင် အနာဂတ် မြန်မာနိုင်ငံမှာ ပြန်ပေါ်လာနိုင်တဲ့ အလားအလာ ရှိသေး တယ်လို့၊ ဦးအောင်လင်းထွဋ် အခုအချိန်မှာ မြင်ပါသလား။

ဦးအောင်လင်းထွဋ်။ ။ ရှိသေးတယ်ဗျ။ အခုအချိန်မှာ SB(Special Branch-ရဲအထူးသတင်းတပ်ဖွဲ့)၊ စရဖ (ကာကွယ် ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) လို့ခေါ်တဲ့ စစ်ထောက် လှမ်းရေး အဖွဲ့ကော ရှိနေတုန်းပဲ။ ဒီအတိုင်းပဲ သွားတယ်။ အခု စရဖမှာ ရှိတဲ့လူတွေက ကျနော့်တပည့်တွေ ပဲ။ ကျနော် ထောက်လှမ်းရေး သင်တန်းကျောင်းမှာ (၅) နှစ် သင်တန်းဆရာ လုပ်ခဲ့တာကိုး။ နောက်ဆုံး သင် တန်းဆရာဘ၀က၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တက်တုန်းက ကျနော် သူတို့ကို lecture ပို့ချခဲ့တဲ့ကောင်ပါ။ အဲဒီတော့ အခုထိတော့ ဒီညာဉ်တွေညာဉ်ဆိုးတွေကတော့ မပျောက် သေးဘူး။ ဘယ်လိုပြောရမလဲ ဆိုတော့ တောမှာ နေပြီးတော့မှ ကျနော်တို့ စစ်သားဆိုတာ တပ်ရင်းမှူး၊ တပ်စုမှူးက တောမှာ ဗိုလ်ကျချင် တိုင်း ကျကြတယ်ဗျာ။ မြို့ပေါ်တက်တော့လည်း အဲဒီအကျင့်က ပါနေတုန်းပဲ။ ဒီအကျင့်တွေက ခုထိ မပျောက်သေးဘူးဗျ။ အဲဒီတော့ ဒီအကျင့်တွေ ပျောက်ဖို့ဆိုတာ တပ်မတော်ကိုလည်း ပြင်ဖို့ ဆင်ဖို့ train လုပ်ဖို့ က လိုတယ်ဗျ။ ဒီလို စည်းမရှိကမ်းမရှိ လုပ်ချင်တာလုပ်လို့ ဘာမှ မဖြစ်ဘူးဆိုတာမျိုး မရဘူး။ အခု သူတို့ လုပ်လာကြ ပါပြီ။ ဒီနေ့ ကြားရတဲ့သတင်းမှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ကို ဖမ်း ထားပြီးမှ ပြန်မလွှတ်တဲ့ကိစ္စကို နေပြည်တော်မှာ တရားရုံးတင်မယ်ဆိုတာ ဒါကောင်းတဲ့ သတင်းပါ။ ဒီလို မျိုးကိစ္စတွေဟာ ပွင့်ပွင့်လင်းလင်း ပြောလာဖို့ လိုတယ်။ တောထဲမှာ လူမသိသူမသိ အသတ်ခံရ မုဒိန်းကျင့် ခံရတာတွေအများကြီး ရှိခဲ့တယ်။ ဒါတွေကို အရေးယူပေး ရမယ်။

ဦးကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဦးအောင်လင်းထွဋ်။

ဦးရော်နီညိမ်း။ ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၃) ရက်နေ့က နေအိမ် အကျယ်ချုပ်ချ ခံထားရနေရာက သမ္မတ ဦးသိန်းစိန် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီးလွတ်မြောက်လာခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ် ကြီးဦးခင်ညွှန့်နဲ့ ပတ် သက်ပြီး ဗီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ ဗိုလ်မှူးဟောင်းဦးအောင်လင်း ထွဋ်တို့ရဲ့ တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)ကို ထုတ်လွှင့်တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

Credit :ဗီအိုအေ 




ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်ခြေဖုံးမြို့နယ်များတွင် ပွင့်လင်းရာသီတွင် နေအိမ်ပြုပြင်တည်ဆောက်မှုများ ပိုမိုများပြားလာပြီး စည်ပင်မှပြုပြင်တည်ဆောက်ခွင့်ရရန် ရပ်ကွက်ထောက်ခံစာပြုလုပ်ရာတွင် ငွေကျပ်ငါးသောင်းခန့်အထိ တောင်းခံမှုများရှိလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပြသည်။

´အိမ်ပြင်ဆောက်ဖို့ ရပ်ကွက်ထောက်ခံစာသွားလုပ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ငွေကျပ်ငါးသောင်းတေင်းတယ်။ ငွေမပေးနိုင်လို့ ဥက္ကဌကိုလိုက်ပြီးညှိမှ ငွေတစ်သောင်းခွဲနဲ့ ဈေးတည့်ပြီး အလှူငွေဆိုပြီးထည့်ခဲ့ရတယ်´ဟု လှိုင်သာယာမြို့နယ် အမှတ် ၂ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရပ်ကွက်များအတွင်း နေအိမ်များပြုပြင်တည်ဆောက်ကြရာတွင် ရပ်ကွက်ထောက်ခံစာမပါရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၏ လာရောက်ဟန့်တားမှုများ၊ ငွေတောင်းခံမှုများရှိသဖြင့် နေထိုင်သူများမှာ ရေရှည်အတွက် လူမှုရေးအရ နားလည်မှုဖြင့် ထောက်ခံစာပြုလုပ်ရာတွင် အလှူငွေများကို မဖြစ်မနေပေးဆောင်ကြရကြောင်း ပြည်သူအချို့နှင့် အိမ်ဆောက်လက်သမားများက ပြောပြကြသည်။
´ရပ်ကွက်အုပ်ချုပ်ရေးမှာ ဘာထောက်ခံစာလုပ်လုပ် အခကြေးငွေတောင်းခံပိုင်ခွင့်မရှိပါဘူး။ ထောက်ခံစာကို အလကားလုပ်ပေးရမှာပါ´ဟု မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူးအဆင့်ရှိသူတစ်ဦးက ပြောပါသည်။

ထို့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှိ ဥက္ကဌအပါအ၀င်အဖွဲ့ဝင်များမှာ လုပ်ခလစာရရှိမှု မရှိကြကြောင်း စုံစမ်းသိရှိရသည်။


Source : ဇော်ဇော်ထွေး (မက်စင်ဂျာဂျာနယ်)





ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLDတာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

Source : RFA Burmese





တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန်ကိစ္စကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ လက်ခံတင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။
ဒီတင်သွင်းခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ ရတဲ့ လစာနဲ့ အသုံးစရိတ် ညီမျှမှု မ၇ှိတာကြောင့် နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဆန္ဒပြနေခဲ့တာ အခုဆိုရင် ၁၂ ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်ရီဆန္ဒပြအလုပ်သမားတွေကို လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ သောက်ရေသန့်တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။



မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြနေမှုကို ခေတ္တရပ်နားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ တရားဥပေဒေ အရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဆန္ဒပြ အဆောင်နေ အလုပ်သမားတွေကို တိုင်ရီဖိနပ်စက်ရုံက အ၇င်က ည ၆ နာရီကနေ ၁၀ နာရီအထိ ၅နာရီ ရေလွတ်ပေးရာကနေ အခုအခါ ည၇နာရီကနေ ၉နာ၇ီအထိ ၂နာရီသာ ရေပေဝေတော့တယ်လို့ သိရှိရပါတယ်။

source: Burma VJ Media




လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရပါသည်။


လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထားတောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရာသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန် ဦးဂမ္ဘီရအား သုံးကြိမ်တိုင်ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်တွင် မရန်းကုန်းမြို့နယ် ကမ္ဘာကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမသို့ ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန်မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမသြ၀ါဒများအတိုင်း လိုက်နာသီတင်းသုံးနေထိုင်ရန်နှင့် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်း အရေးယူခံရမည်ဖြစ်သည်ကို ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဦးဂမ္ဘီရသည် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာထုတစ်ရပ်လုံး၏ကိုယ်စား အချက် ၁၀ ချက်ပါစာကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအား တင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အတွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၎င်းအားပေးပို့သော အကြောင်းကြားစာပါ ''ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျုးလွန်နေသော'' ဟုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေည၀ါဘုန်းကြီး ဦးပညာသီဟအား သာဓုဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက် ရှုံ့ချကြောင်း စသည်တို့ ပါဝင်သည်။




ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ၀ိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားလွှာတင်သွင်း ရေးမိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက ''၎င်းကိစ္စမှာ မိမိလို သံဃာတစ်ပါးအတွက် လိုအပ်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း'' ပြန်လည်ပြောကြားခဲ့သည်။

ဦးဂမ္ဘီရ၏ လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ဦးဂမ္ဘီရ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဂုဏ်များကိုပါ ထိပါးစေရုံသာမက သံဃာထုအား ၀ိနည်းစည်းမျည်းစည်းကမ်း၊ ၀ိနည်းဓမ္မကံ၊ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲ ရှိလာစေမည်ဖြစ်သည်။ ထိုမျှမက သက်တော်၊ ၀ါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီး ၄၇ ပါးဖြင့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ''ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း''ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲလာစေနိုင်သည့် အလားအလာရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပြီး ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း သဘောထားဆန္ဒရှိတော်မူကြသည်။
သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံလုပ်ထုံလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူနိုင်ငံသား တိုင်းလိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ်ဖောက်ဖျက်ကျူးလွန်သည့်အပြင် ရဟန်းနှင့်မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိပါက ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ(ခ)စန္ဒောဘာသ(ခ)ညီညီလွင် (၃၃)နှစ်အား ၀ိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source :EMG

The UNHCR Senior Protection Unit
Dhaka , Bangladesh
Date : 18/2/2012

Subject: An appeal for emergency equity and legal step against illegal hand

Persons Responsible:

1. Dr Jakarea (Jiko) 
2. Dr Shahidduzzaman Chawdary
3.Nurse Rukiya 
4. Nurse Shinku 
5. Nurse Salena 6. Shajan

Dear Sir/Madam,

With humble and due respects to state that we, the general Rohingya refugee under UN Refugee Agency, would like to apprise the sorrow that befell on Nur Begum, wife of Hamid Hossain, MRC no. 80026, shed no. 43/E when she visited doctor for treatment on Feburary 18, 2012 at 12:30 pm.

The above mentioned Dr. Jakarea (Jiko) has beaten her inhumanly instead of providing medical treatment. Due to the abuse, she has been referred to Coxs Bazar Hospital for the emergency treatment. It is sadly to state that the doctors and nurses in the camps
always misconduct the codes of medicine and negelect their responsibilities treating Rohingya patients.

This is a case of violation of professionalism in medical field, as well as violation of human rights and abusing of weaker women by male and/or female healthcare providers.

Therefore, we are humbly requesting your office to look at the matter quickly and take necessary steps against the mentioned healthworkers.

Yours faithfully;
Rohingya Refugees, Kutupalong Camp
၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာ ၆၆၆၀ စောင် တင်ပြတိုင်ကြားသည့် အထဲတွင် တရားသူကြီး၊ တရားစီရင် မှုများအပါအ၀င် လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “နိုင်ငံတော်သမ္မတရဲ့တာဝန်ပေးချက်အရ သမ္မတရုံးဝန်ကြီး ဌာနအနေနဲ့ Good Governance and Clean Government အတွက် သမ္မတရုံးကို ရောက်ရှိ လာတဲ့ တင်ပြစာတွေထဲက စိစစ်ပြီးတဲ့ အမှုပေါင်း ၂၇၈၀ စောင်၊ ဆက် လက်စိစစ်ဆဲက ၁၉၅၁ စောင်၊ အဆင့်မမီနှင့် အကြိမ်ကြိမ် တိုင်ကြားမှု ၁၉၂၉ စောင်ရှိပါတယ်။ အဲဒီအမှုတွေမှာ တရားသူကြီးကို တိုင်ကြားမှု ၄၉ စောင်၊ တရားစီရင်မှုကိုတိုင် ကြားမှု ၈၆ စောင်၊ ရှေ့နေကို တိုင်ကြားမှု ၃၉ စောင် ရှိပါတယ်။ တရားမမှုမှာတော့ အမွေမှု ၂၄ စောင်၊ မြေမှု ၃၆၆ စောင်၊ ရာဇ၀တ်မှုကတော့ အလွဲသုံးစားမှု ၅၁ စောင်၊ လူသတ်မှု ခြောက်စောင်၊ မုဒိမ်းမှုကိုးစောင်၊ အမျိုးသမီးမှုရှစ်စောင်၊ ညှင်းပမ်းနှိပ်စက်မှု ၂၉ စောင်၊ လိမ်လည်မှု ၆၄ စောင်၊ လာဘ်ပေးလာဘ်ယူမှု ၄၁ စောင်၊ ဘာသာရေးဆိုင်ရာ ၆၉ စောင်၊ အလုပ်သမား အချင်းချင်း တိုင်ကြားမှု ၁၃၂၅ စောင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားမှု ၂၁၉ စောင်၊ တပ်မတော်ဆိုင်ရာ ၇၀ စောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ၁၂၆ စောင်၊ ဆရာဝန်တိုင်ကြားမှု ၁၂ စောင်၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းတိုင်ကြားမှု ၄၆ စောင်၊ စည်ပင် ၀န်ထမ်း ၇၂ စောင်၊ ပညာရေးဝန်ထမ်း ၇၄ စောင်ရှိပါတယ်။ အဲဒီထဲ ကစိစစ်ပြီး မှန်ကန်ကြောင်း တွေ့ရသူတွေကို ကျူးလွန်သော ပြစ်မှုအလိုက် ထောင်ချထုတ်ပစ်ခြင်း၊ ထုတ်ပစ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ အဆင့် လျှော့ခြင်း၊ အဆင့်တိုးမြှင့်မှုကိုရပ် ဆိုင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ မှတ်တမ်းဝင် သတိပေးခြင်း၊ နှုတ်ဖြင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ပြီး အရေးယူထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တိုင်ကြားတင်ပြရာတွင်လည်း နစ်နာသူကိုယ်တိုင် တိကျသည့် အထောက်အထားဖြင့် တိုင်ကြားတင်ပြ ချက်များကိုသာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး မမှန်မကန်တိုင်ကြားသူများကို မှတ်တမ်းဝင် သတိပေးခဲ့ ပြီးနောင်တွင် မနာလိုဝန်တိုမှု၊ လုပ်ကြံ မှု၊ အသရေဖျက်လိုမှု ကြောင့် မမှန် မကန်တင်ပြ တိုင်ကြားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၀န်ထမ်းများ အပါအ၀င် နိုင်ငံသားအားလုံးက တာဝန်သိသိ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source :EMG
Photo :Wikipedia

Rangoon - The international community should lift restrictions on UN programmes in Burma to support its government's reforms, a visiting senior UN official said Friday.

"Now is the time to step up support and to adjust existing policies in order to help build conditions for sustaining the reform and for the betterment of Myanmar’s peoples," said Vijay Nambiar, special adviser on Myanmar to UN Secretary General Ban Ki-moon.

"It is urgent that the government delivers on the socio-economic needs of the people so that they start benefiting in real terms from the reforms so far," he said at the end of a five-day visit to Burma.

The statement seemed directed at the United States, which is the largest contributor to the UN budget at 22 per cent and which has blocked UN agencies in Burma from working directly with the government for the past two decades. The restrictions were meant to punish the former ruling military junta for its poor human rights record and refusal to make political reforms.

The civilian, albeit pro-military government that came to power in March after the country’s first elections in 20 years has pushed through a series of political and economic reforms that have prompted a flood of high-levels visits to the once-pariah state.

"The changes currently under way in Burma have attained an unprecedented level of initiative as recognized by a range of stakeholders across the political spectrum," Nambiar said as he prepared to leave Burma after talks with President Thein Sein, legislative Speaker Shwe Mann and opposition leader Aung San Suu Kyi.//DPA

source here
Photo : myanmartimes
၂၀၁၂ ခုနှစ် မတ် ၁ ရက်မှ စတင်၍ (၀၁-၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း(လိုင်းဖုန်း)များကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့်ကတ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ် ဏမနစငေိ စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့်ပုံစံများကို အော်တိုတယ်လီဖုန်းရုံး အမှတ်(၁၀၃) လမ်း (၄၀) ကျောက်တံတားမြို့နယ်တွင် အခမဲ့ရယူဖြည့်သွင်း ဆန္ဒပြုနိုင်ကြောင်း သိရှိရသည်။

ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ရာ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း၊ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ကြောင်း၊ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် ၁-၃-၂၀၁၂ ရက်မှ စတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ဖုန်းတွင် ငွေဖြည့်ကတ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်သည်။

Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး ကြိုတင်ငွေပေးသွင်းထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက် ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည်ဖြစ်သည်။

ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့်ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ Prepaid Top-Up-card များကို အမှတ်(၁၀၃) လမ်း(၄၀) ကျောက်တံတားမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ်(၄၆၅/၄၆၉) မဟာဗန္ဓုလလမ်း ပန်းဘဲတန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းရုံးတို့တွင် ဦးစွာ ရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီဖုန်းအခွန်ငွေ လက်ခံသည့် စခန်းများတွင်ပါ ရောင်းချပေးသွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်း-၁၈၇၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

Source : Planet 






ဓါတ်ပုံ(ဘားမားဗီဂျေ)

ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုစောစောသွားခဲ့ပါတယ်. ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကိုထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်. (ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ. အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်။

အဲဒီယူနီဖောင်းတွေချွတ်ပေးပါ.အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.) ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်။

ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ.

ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်။

ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး. ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်။

ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)

________________________________________________________
ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ




ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။

By: Shwe Thanzin







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝတို့အား တွေ့ရစဉ်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းနည်းတူအနီးကပ်စောင့်ကြည့်နေပါကြောင်း၊ မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့်တိုးတက်ပြောင်းလဲမှုများကြောင့် ၎င်းင်းတို့အနေဖြင့် ကျေနပ်အားရမိပါကြောင်းနှင့် အဆိုပါတိုးတက်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု မျှော်လင့်ကြောင်းတို့ကိုလည်း ပြောကြားခဲ့သည်။



ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘီးဆစ် ၀ိဇ္ဇာဇီဝက မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်သူံးမှုလုပ်ငန်းစဉ်ကို ထောက်ခံအားပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအတွက်ပါအရေးကြီးကြောင်းးတို့ကို ပြောကြားခဲ့သည်


Source : EMG
Photo: Burma VJ media


























မြန်မာနိုင်ငံ အင်္ဂလိပ်စာသင်ကြားရေး

၁၈၃၅ ခုနှစ်တွင် အိန္ဒိယအစိုးရ ဥပဒေတာဝန်ခံ လော့ဒ် မက်ကောလေးက ပညာရေးအကြံပြုစာတမ်း တစ်ခုကို ထုတ်ပြန်ရာတွင်
၁။ အရှေ့တိုင်းပညာ လေ့လာမှုအစား အင်္ဂလိပ်ဘာသာစာပေကိုလေ့လာရန်၊ အားပေးရန်၂။ အင်္ဂလိပ်ဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ် အသုံးပြုရန်
၃။ အသားအရောင်အားဖြင့် ညိုသော်လည်း အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ အင်္ဂလိပ်လိုတွေးခေါ်ကာ၊ အင်္ဂလိပ်စိတ်ပေါက်နေသော လူတန်းစားတစ်ရပ်မွေးထုတ်၍ ယင်းတို့ကို တိုင်းရင်းသားလူမျိုးများနှင့်

အုပ်စိုးသူတို့အကြားတွင် ပေါင်းကူးတံတားသဖွယ်ဆောင်ရွက်ရန်ဟူ၍ အဓိကမူသုံးရပ်ကိုချမှတ်ကာ ကိုလိုနီ ခေတ်တွင် အင်္ဂလိပ်စာကို သင်ကြားပေးခဲ့သည်။ ဗြိတိသျှအစိုးရကလည်း မက်ကောလေးအကြံပြုချက် အတိုင်းလက်ခံပြီး ကိုလိုနီပညာရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြုပြီး နယ်ချဲ့အင်္ဂလိပ်တို့ကိုဆန့်ကျင်ရေးနှင့် ပထမအကြိမ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ် စတင်ပေါ်ပေါက်လာခဲ့သည်။ သပိတ်ကိုအကြောင်းပြု ပြီး ကိုလိုနီပညာရေးနှင့် ကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်ကာ အမျိုးသားပညာရေး အကောင်အထည်ဖော် ကြသည်။ အမျိုးသားကျောင်းများကို ၁၉၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြသည်။

အမျိုးသားပညာရေး၏ အဓိကရည်ရွယ်ချက်များတွင် “မြန်မာဘာသာကို အဓိကမဏ္ဍိုင်ဘာသာအဖြစ်အသုံး ပြုရန်” ဆိုသည့် ရည်ရွယ်ချက် တစ်ချက်ပါဝင်နေသည်။ ထို့ပြင် “မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့ ယဉ်ကျေးမှုကို အခြေခံရန်နှင့် ဗုဒ္ဓဘာသာ သင်ခန်းစာများ၊ မြန်မာစာပေ၊ မြန်မာသမိုင်း၊ ပြည်သူ့နီတိနှင့် နိုင်ငံရေးအခြေခံ များသင်ကြားရန်” ဆိုသည့် ဦးတည်ချက်ကလည်း မြန်မာစာကိုဦးစားပေးရန် ဖြစ်လာစေသည်။
၁၉၄၂-၄၃ ဂျပန်ခေတ်တွင် “ကမ္ဘာ့အဆင့်မီပညာရေးစနစ်တစ်ခုကို ဖော်ထုတ်မည်” နှင့် “မြန်မာဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ်ပြဋ္ဌာန်းမည်။ အင်္ဂလိပ်ဘာသာအစား ဂျပန်ဘာသာသင်ကြားမည်” ဟူ၍ သတ်မှတ် ခဲ့ပါသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်တွင်လည်း “သင်ကြားမှုမဏ္ဍိုင်ဘာသာအဖြစ် မြန်မာဘာသာကို ပြဋ္ဌာန်းရန်” ဆိုသည့်မူကို ဆက်လက်ကျင့်သုံးပါသည်။

တော်လှန်ရေးကောင်စီခေတ်
ပညာရေးတွင် ပြုပြင်ပြောင်းလဲကြည့်ခြင်းကို တော်လှန်ရေးကောင်စီခေတ် မြန်မာနိုင်ငံတော်၏ အာဏာကို တော်လှန်ရေးကောင်စီအနေဖြင့် စတင်တာဝန်ယူသည့် ၁၉၆၂ ခုနှစ်မှစတင်သည်ဟု ဆိုနိုင်ပါသည်။ တော်လှန်ရေးကောင်စီခေတ်ကို ၁၉၆၂ ခုနှစ်မှ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ၁၉၇၄ ခုနှစ် ဇန်န၀ါရီလအထိဟူ၍ သတ်မှတ်နိုင်ပါသည်။

တော်လှန်ရေးကောင်စီခေတ်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုများကို ပြုပြင်ပြောင်းလဲလာသကဲ့သို့ ပညာရေးတွင်လည်း ပညာရေးစီမံခန့်ခွဲမှုများအား ပြုပြင်ပြောင်းလဲလာကြောင်းတွေ့ရသည်။

တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်မတိုင်မီ ပညာရေးကို ကိုလိုနီပညာရေးအား အလျဉ်းသင့်သလို မွမ်းမံ ဖာထေးထားသည့် ပညာရေးစနစ်ဟူ၍ သတ်မှတ်ထားသည်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားအတွက် စာရေး၊ စာချီနှင့် အရာရှိအရာခံ ထုတ်လုပ်ရေးသာ အဓိကဖြစ်သည်။

လက်တွေ့ဘ၀နှင့် စပ်ဟပ်ခြင်းမရှိ၊ နိုင်ငံခြားလောင်းရိပ်မိကာ ပုံတူကူးချမှုများရှိနေသည်ဟု သုံးသပ်သည်။ ထိုအယူအဆမှာ အမျိုးသားရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးဖြင့် တော်လှန်ရေးကိုဆောင်ရွက်ခဲ့သူများ၏ ကျွန်စိတ်ဓာတ်ဆန့်ကျင်ရေးအယူအဆ လက်ကျန်အငုတ်များကို ဆက်လက် အကောင်အထည်ဖော်ထုတ်ခြင်းသာ ဖြစ်သည်ဟု ယူဆမိပါသည်။

တော်လှန်ရေးကောင်စီ၏ ပညာရေးမူဝါဒများ
တော်လှန်ရေးကောင်စီတက်ပြီးနောက် ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့သည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုများကို တော်လှန်ရေးကောင်စီက ပြုလုပ်ရာတွင် ပညာရေး ကိုပါ စနစ်သစ်ပညာရေးအဖြစ် ပြဋ္ဌာန်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။

တော်လှန်ရေးကောင်စီအနေဖြင့် စနစ်သစ်ပညာရေးသည် ပညာရေးစနစ်ကို သာမန်ဖာထေး ပြောင်းလဲနေခြင်းမဟုတ်ဘဲ လူမှုစနစ်သစ် တစ်ရပ်အတွက် လိုအပ်သောပညာရေး တော်လှန်ရေးကိုပါ ဆင်နွှဲနေခြင်းဖြစ်ကြောင်း ခံယူကာ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပညာရေးစနစ်သစ်၏ အောင်ပွဲသည် ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးအောင်ပွဲ အဖြစ်ပါလက်ခံကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြောင်း တွေ့ရသည်။

၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပိတ်ထားသော တက္ကသိုလ်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ သည်။ စနစ်သစ်တက္ကသိုလ်ပညာရေးတွင် ဆိုရှယ်လစ်စနစ်နှင့် ဆိုရှယ်လစ်ခေတ်ကို အထောက်အကူပြုနိုင် မည့် လုပ်သားကောင်းများပေါ်ထွန်းရေးဆိုသည့် ဆိုရှယ်လစ်စိတ်ဓာတ်များကို အတင်းရိုက်သွင်းထား ကြောင်းတွေ့ရသည်။

စနစ်သစ်ရည်မှန်းချက်ချက်များတွင်

၁။ မြန်မာ့ဆိုရှယ်လစ်လောကကို တည်ဆောက်ရာတွင် ကျွမ်းကျင်စွာ ပါဝင်လုပ်ဆောင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်

၂။ ဆိုရှယ်လစ်စီးပွားရေး၊ လူမှုရေးစသော လုပ်ငန်း အရပ်ရပ်တွင် တိုးတက်မှုရှိအောင် စွမ်းဆောင်နိုင်မည့် ပညာရှင်များ မွေးထုတ်ပေးရန်

၃။ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုမည့် ပညာနှင့်သိပ္ပံပညာတို့ကို ဦးစားပေး၍ လေ့ကျင့် သင်ကြားရန်

၎။ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးလုပ်ငန်း အောင်မြင်မှုကို ရှေးရှုကာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ရန်
၅။ ဆိုရှယ်လစ်အတွေးအခေါ်နှင့် လျော်ညီသည့် စိတ်ထားနှင့်လည်းကောင်း၊ လျော်ညီသည့် ကျင့်ဝတ် သိက္ခာတို့နှင့်လည်းကောင်း ပြည့်စုံအောင် လေ့ကျင့်သင်ကြားရန်

၆။ လုပ်အား ဂုဏ်ယူစိတ်ရှိအောင် လေ့ကျင့်သင်ကြားပေးရန်
၇။ မြန်မာ့ဆိုရှယ်လစ်လောကကို တည်ဆောက်ရာတွင် ပါဝင်နေကြသော လုပ်သားပြည်သူတို့၏ ပညာ အမြော်အမြင်ကိုလည်းကောင်း၊ ကျွမ်းကျင်မှုကိုလည်းကောင်း အစဉ်မပြတ် တိုးတက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ရန်တို့ဖြစ်ပါသည်။
နိုင်ငံတော်မူဝါဒအရ ဆိုရှယ်လစ်စနစ်ကို ဦးတည်သွားတော့မည်ဖြစ်သဖြင့် ဆိုရှယ်လစ်ပညာရေးဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း ပညာရှင်အများစုသည် ဖြစ်သင့်သည်ထက် ဖြစ်ချင်သည် ကို လိုက်လံ အကောင်အထည်ဖော်ပေးနေရသလိုဖြစ်နေကြောင်း တွေ့ရသည်။

အထူးသဖြင့် တော်လှန်ရေး ကောင်စီ၏ မူဝါဒများ လမ်းညွှန်ချက်များအတိုင်း ဖော်ဆောင်နေပါသည်။ သိသာထင်ရှားသည့် ကိစ္စတစ်ရပ် မှာ “မြန်မာဘာသာကို သင်ကြားမှုမဏ္ဍိုင်အဖြစ်သတ်မှတ်လိုက်ခြင်း” ဖြစ်သည်။

ဆိုရှယ်လစ်အတွေးအခေါ်အရ အသွင်အမျိုးမျိုး ပုံသဏ္ဍန်အဖုံဖုံတို့ဖြင့် ထိုးဖောက်ဝင်ရောက်လာနေသော နိုင်ငံခြားအလေ့အကျင့်၊ နိုင်ငံခြားဓလေ့ထုံးစံ၊ မှားယွင်းသော အတွေးအခေါ် အယူအဆစသော နိုင်ငံခြား ယဉ်ကျေးမှု လွှမ်းမိုးခြင်းများကို တားဆီးဖယ်ရှားနိုင်ရန်အတွက်ဟူသည့် အကြောင်းပြချက်ဖြင့်လည်း ၁၉၆၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကိုပြဋ္ဌာန်းကာ ၁၉၆၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျောင်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။

အခြေခံတွင် အင်္ဂလိပ်စာ အခြေမခိုင်တော့ခြင်း

၁၉၆၁-၆၂ ပညာသင်နှစ်မှစတင်ပြီး မူလတန်းလွန်ပညာရေးအဖွဲ့က ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအသစ် ဖြင့် သင်ကြားရာတွင် မူလတန်းအဆင့်၌ အင်္ဂလိပ်စာကို သင်ကြားခြင်း မရှိတော့ပေ။ မြန်မာစာ၊ အခြေခံ သင်္ချာ၊ နိုင်ငံသမိုင်း၊ ပထ၀ီဝင်၊ အခြေခံ အထွေထွေသိပ္ပံဘာသာရပ်များကိုသာ စာမေးပွဲဘာသာများအဖြစ် ပြဋ္ဌာန်းလိုက်သည်။ အလယ်တန်းအဆင့်မှစတင်ပြီး အင်္ဂလိပ်စာကို စတင်သင်ကြားသည်။ အထက်တန်း အဆင့်တွင်လည်း မယူမနေရဘာသာရပ်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ထည့်သွင်းသင် ကြားသည်။

၁၉၇၇-၇၈ ခုနှစ် စာသင်နှစ်မှစတင်ပြီး အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို နိုင်ငံတော်၏ ပြောင်းလဲနေ သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်တို့ကြောင့် ၁၉၈၅-၈၆ စာသင်နှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်းအသစ်ဖြင့် ပြောင်းလဲသင်ပြန်သည်။ ၁၉၈၁ ခုနှစ် စာသင်နှစ်မှစတင်ပြီး မူလတန်းအဆင့် တွင် အင်္ဂလိပ်စာကို ပြန်လည်သင်ကြားရသည်။ နှစ်ပေါင်း ၂၀ ခန့် အခြေခံမှစတင်ပြီး အင်္ဂလိပ်စာနှင့် အဆက်အသွယ်ပြတ်ခဲ့ရခြင်းဖြစ်သည်။

တက္ကသိုလ်အဆင့်တွင် မြန်မာဘာသာဖြင့်သာ သင်ကြားလာခြင်း

တော်လှန်ရေးကောင်စီက အင်္ဂလိပ်စာသင်ကြားရေးကို အဆင့်လျှော့ချနေချိန်တွင် ဖြစ်သင့်သည်ထက် ဖြစ် ချင်သည်ကို လိုက်လံအကောင်အထည်ဖော်ပေးနေကြသည့် ပညာရှင်များကလည်း “မည်သည့်ပညာရပ်ကို မဆို အထိရောက်ဆုံးသင်ကြားနိုင်ရေးမှာ တိုင်းရင်းသားဘာသာပင်ဖြစ်ကြောင်း” “ဤစနစ်မှာ စပ်ကူး မတ်ကူးကာလတွင် အခက်အခဲများ ရှိတန်သလောက် ရှိနိုင်သော်လည်း ရေရှည်တွင် အကျိုးထူးရှိမည့် စီမံချက်ဖြစ်ကြောင်း” ၀ိုင်းဝန်းထောက်ခံပေးကြသည်။ ပြီးနောက် ဘီအေ၊ ဘီအက်စ်စီ၊ ဒီဂရီအဆင့်အထိ မြန်မာဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် စီမံကြတော့သည်။

၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ချမှတ်သည့် တက္ကသိုလ်ပညာရေးစနစ်သစ်မူတွင် ပညာရပ်အား လုံးကို မြန်မာဘာသာဖြင့်သင်ကြားရေးသည် အခြေခံမူတစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဘာသာရပ်အား လုံးကို မြန်မာဘာသာဖြင့်ပြန်ဆိုထားသော ကျောင်းသုံးစာအုပ်များနှင့် ရည်ညွှန်းစာအုပ်များကို ၁၉၆၆ ခုနှစ်မှစတင်ထုတ်ရန် ကြိုးပမ်းကြသည်။

တက္ကသိုလ်ဘာသာရပ်များကို အဘယ်ကြောင့် မြန်မာလိုသင်ရသနည်းဆိုသည့် အကြောင်းပြချက်တွင်

၁။ မြန်မာဘာသာဖြင့်သင်လျှင် ကျောင်းသားများ ပိုမိုနားလည်စေခြင်း
၂။ တပည့်များနားလည်စေရန် လှည့်ပတ်ပြောရာ၌ ဆရာများတွင်လည်း အခက်အခဲများရှိခြင်း
၃။ ပညာရပ်တစ်ခုသည် ထိရောက်မှုနှင့် ပြည့်ဝစွာအသုံးချနိုင်မှုရှိစေရန် နိုင်ငံအနှံ့ ပျံ့နှံ့နေရန်လိုသည်။

ထို့ကြောင့် နိုင်ငံခြားဘာသာနှင့်ဆိုလျှင် ပျံ့နှံ့နိုင်စွမ်းအားနည်းသဖြင့် မြန်မာဘာသာဖြင့်သာ ဖြန့်ဖြူးရန်လို အပ်ခြင်း
၎။ နိုင်ငံအတွင်းရှိ ပြည်သူတို့၏စိတ်ဓာတ်ကို မြန်မာစာဖြင့် မြှင့်တင်ပေးရန်လိုအပ်ခြင်း
၅။ နယ်ချဲ့တို့ကို အထင်ကြီး လေးစားစိတ်ပပျောက်စေရေး၊ မိမိကိုယ်ကို အထင်သေးစိတ်များ ပပျောက် စေရေး
၆။ကမ္ဘာ့ပညာရပ်များကို မြန်မာလိုလေ့လာနိုင်သည်ဟု သိလာပြီး၊ နိုင်ငံခြားအထင်ကြီးလေးစားစိတ်များ ပပျောက်သွားရေး
၇။ ခေတ်အဆက်ဆက် ပညာရေးစနစ်ဟောင်းများ၏ အံမ၀င် ခွင်မကျမှုများကြောင့် မျက်မှောက်ခေတ် ကျောင်းသားများ အင်္ဂလိပ်လိုသင်ကြားခြင်းကို အပြည့်အ၀ မခံယူနိုင်တော့ခြင်း
၈။ ကျောင်းသားများ အင်္ဂလိပ်လိုရေးထားသည့် စာအုပ်စာတန်းများကို ကောင်းစွာ မဖတ်နိုင်၊ ကောင်းစွာ သဘောမပေါက်နိုင်သောအခြေအနေများဖြစ်လာခြင်းကြောင့် မြန်မာဘာသာဖြင့်သာ သင်ကြားပေးရန်မှ တပါး အခြားနည်းလမ်းမရှိတော့ခြင်း

အထက်ပါအကြောင်းပြချက်များဖြင့် ညံ့သည်ကို ကောင်းအောင်မလုပ်၊ ညံ့သည်ကို ဖြုတ်ချလိုက်ပြီး၊ ဖိနပ်နှင့်ခြေထောက် မတော်သည်ကို ခြေထောက်အားဖြတ်ခိုင်းလိုက်ခြင်းကြောင့် တက္ကသိုလ်ကျောင်း အဆင့်တွင် အင်္ဂလိပ်စာ ပိုပြီးညံဖျင်းလာကြရသည်။

အဘယ်ကြောင့် အင်္ဂလိပ်စာကို လေ့လာသင်ကြားကြသနည်း

ကမ္ဘာတွင် အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကား (mother tongue) အဖြစ် အသုံးပြုနေသူပေါင်း သန်း ၄၀၀ ကျော်ရှိလာပြီဖြစ်သည်။ ဒုတိယဘာသာစကား (second language) အနေဖြင့် အသုံးပြုသူများ ကလည်း ထိုဦးရေနီးပါးလိုက်နေသည်။ နိုင်ငံခြားဘာသာစကားအနေဖြင့် အင်္ဂလိပ်စာကို လေ့လာနေသူ စုစုပေါင်းမှာ ယနေ့ဆိုလျှင် သန်း ၇၅၀ ခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်စာကို လေ့လာသင်ကြားရခြင်း အကြောင်းရင်းများစွာအနက်မှ အရေးကြီးပါသည့် အချက်များကို ကောက်နုတ်တင်ပြလိုပါသည်။

၁။ စာအုပ်၊ သတင်းစာအများစုကို အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေကြသည်။ လေဆိပ်နှင့် လေဆိပ်ဆက် သွယ်ရေးစနစ်အားလုံးကို ကမ္ဘာတွင် အင်္ဂလိပ်လိုသာသုံးကြသည်။ နည်းပညာ၊ အားကစား၊ ခေတ်ပေါ် သီချင်း၊ ကြော်ငြာများအားလုံးတွင်လည်း အင်္ဂလိပ်စာနှင့်သိပ်မကင်းပေ။

၂။ ယေဘုယျအားဖြင့် အင်တာနက်တွင် အများဆုံးအသုံးပြုကြသည့် ကမ္ဘာသုံးဘာသာစကားမှာ အင်္ဂလိပ်စာသာဖြစ်သည်။
၃။ အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင်များ၊ ဆေးဆိုင်များတွင် သိသင့်သည့်အချက်များကို အညွှန်း အနေဖြင့် အင်္ဂလိပ်လိုသာရေးကြသည်။

၎။ အင်္ဂလိပ်စာသည် လေ့လာသင်ယူရန် အလွယ်ဆုံးဟူ၍ လက်ခံထားကြသည်။ အက္ခရာရေးပုံစနစ်၊ စာလုံးပေါင်းပုံအနေအထား၊ သဒ္ဒါ၊ ၀ါကျတည်ဆောက်ပုံများသည် အခြားဘာသာများထက် လေ့လာရန် လွယ်ကူသည့် အနေအထားတွင်ရှိသည်။

၅။ အင်္ဂလိပ်စကားဖြင့် ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဆက်သွယ်ပြောဆိုနိုင်သည့် အနေအထားသို့ရောက် လာသည်။ အင်္ဂလိပ်စာကို ကမ္ဘာ့စာ (Global Language) ဟုပြောလာသည်။ နိုင်ငံတိုင်းတွင် ပိတ်ထားသည့် တံခါးများကို အင်္ဂလိပ်စာဖြင့် သွားဖွင့်နိုင်သည်ဟု ပြောလာကြသည်။

၆။ ဈေးကွက်စီးပွားရေးစနစ်တွင် အင်္ဂလိပ်လိုမပြောမဆို မဆက်သွယ်တတ်လျှင် ခေတ်နောက်ကျကျန်ခဲ့ မည်။ အင်္ဂလိပ်လိုနားလည်ထားလျှင် အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေနိုင်သည်။ အလုပ်ခေါ်စာ များတွင် အင်္ဂလိပ်လို ရေးနိုင် ဖတ်နိုင် ပြောနိုင်သူများကို ဦးစားပေးခေါ်သည်။

၇။ ပညာရေးနှင့်ပတ်သက်ပြီး သတင်းအချက်အလက်အများဆုံးကို ဖော်ပြပေးနိုင်သည်မှာ အင်္ဂလိပ်စာ သာဖြစ်သည်။ နိုင်ငံတကာသို့ ပညာသင်ထွက်လျှင်လည်း အင်္ဂလိပ်စာဖြင့်သာ ဆက်သွယ်သင်ကြားကြရ သည်။ နိုင်ငံခြားထွက်ပြီး ပညာဆက်သင်ချင်သူများအတွက် အင်္ဂလိပ်စာကို အနည်းဆုံး medium အဆင့် လောက်တော့ သင်ကြားသွားရန်လိုသည်။

အထက်ပါအချက်များကြောင့် နိုင်ငံတကာတွင် အင်္ဂလိပ်စာကို သင်ကြားနေကြခြင်းဖြစ်ပြီး၊ မျိုးချစ်စိတ် ကြောင့် အင်္ဂလိပ်စာမသင်ကြားရေးမူဝါဒများ ချမှတ်ခြင်းသည် ခေတ်မမီတော့ကြောင်း နိုင်ငံတိုင်း သဘောပေါက်ခဲ့ကြပါသည်။

ကိုယ်တွေ့အင်္ဂလိပ်စာသင်ကြားရေး

ကျွန်တော်မူလတန်းကျောင်းစတက်စဉ်က ခရစ်ယန်ကျောင်းတွင် မိဘများကထားပေးသဖြင့် နေရသည်။ အိမ်နှင့်နီးသောကြောင့်လည်းကောင်း၊ ကားလမ်းမကူးရသောကြောင့်လည်းကောင်း မိဘများက ထို ကျောင်းကို ရွေးချယ်ခြင်းဖြစ်ပါသည်။ ကျောင်းစတက်စဉ် KG-1 မှစတက်ရသည်။ KG-1 အောင်လျှင် KG-2 နှင့် KG-3 ပြီးမှ ပထမတန်းရောက်သဖြင့် အင်္ဂလိပ်ကျောင်းတွင် ၃ နှစ်နေမှ တစ်တန်းရသည့်သဘောဖြစ် သည်။ ကျောင်းစတက်လျှင် အသက် ၅ နှစ်သတ်မှတ်ပေးထားသဖြင့် ၈ နှစ်နေမှ ပထမတန်းရောက်ပါသည်။

ကျောင်းစတက်ကတည်းက A,B,C,D စသင်သည်။ မြန်မာစာကို ဒေါင်းတံဆိပ်ဖတ်စာသင်သည်။ ကျောင်း သုံးဖတ်စာအုပ်များကို ဈေးအတွင်းရှိ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်တွင် ကြိုက်သလောက်သွားဝယ်နိုင် သည်။ အင်္ဂလိပ်စာကိုလည်း Reader ဖတ်စာ၊ Grammar နှင့် Poem ဆိုပြီး သုံးမျိုးသင်သည်။

ကဗျာသည် ရွတ်ဆိုရန်အတွက်ဖြစ်သဖြင့် ကဗျာတွေအလွတ်ကျက်ရသည်။ ကဗျာမရလျှင် ကရင်ဆရာမကြီးများက ဗိုက်ခေါက်ဆွဲလိမ်တတ်သည်။ အင်္ဂလိပ်စာကို ဖတ်စာ၊ သဒ္ဒါ၊ ကဗျာသင်သည့်ဆရာ သုံးယောက်တာဝန်ယူ ရသည်။ ဖတ်စာသင်သည့်ဆရာထံတွင် လက်ရေးလှလည်း တင်ရသည်။

ခရစ်ယန်ကျောင်းဖြစ်သဖြင့် မနက်ကျောင်းတက်သည်နှင့် ဗုဒ္ဓဘာသာဖြစ်သော်လည်း ဘုရားသခင်ထံ ခုံတန်းပေါ်ဒူးထောက် ဆုတောင်းပြီးမှ စာသင်ကြရသည်။ ခရစ်စမတ်ပွဲလုပ်လျှင် ဘောင်းဘီဝတ်ပြီးတက်ရ သည်။ လက်ဆောင်ပေးရသည်။

ကိုယ်လည်းပြန်ရတတ်သည်။ ကျောင်းကပွဲကို ခမ်းနားစွာကျင်းပသည်။ ကျောင်းတွင်း နှုတ်ဆက်၊ အပြင်ထွက်၊ အမိန့်ပေးစကားအားလုံးသည် အင်္ဂလိပ်လိုသာဖြစ်သည်။ ယခင်က မြန်မာလိုတစ်လုံးပြောလျှင် ဒဏ်ကြေး ၅ ပြားဆောင်ရသည်ဟု သိရသော်လည်း ကျွန်တော်တို့ခေတ်တွင် ထိုစနစ်မရှိတော့ပါ။

ကျွန်တော် ၅ တန်းရောက်သည့်နှစ်တွင် မူလတန်းကို ၇ နှစ်အစား သူငယ်တန်းမှ စတုတ္ထတန်းအထိ ၅ နှစ် သာရှိတော့သည်။ မူလတန်းအဆင့်တွင် အင်္ဂလိပ်စာမသင်တော့ပဲ ၅ တန်းရောက်မှ အင်္ဂလိပ်စာ စသင် သည်ဆိုသော်လည်း ကျွန်တော်တို့တွင် အခြေခံများပါလာပြီးဖြစ်သဖြင့် အင်္ဂလိပ်ဖတ်စာကို တန်းသင်သည်။ နောက်ပိုင်း ၅ တန်းရောက်မှ အခြေခံပြန်သင်ကြောင်းသိရသည်။

ကျွန်တော် ၉ တန်းနှင့် ၁၀ တန်းအရောက်တွင် အင်္ဂလိပ်စာအပြောင်းအလွှဲ အတော်လေးများသည်။ မှားမှန် ရောထွေး အမှန်ရွေး၊ ကွက်လပ်ဖြည့်တွေ အင်္ဂလိပ်စာတွင်ဖြစ်လာသည်။ စာမေးပွဲပေးမှတ်ကလည်း အင်္ဂလိပ်စာကို အမှတ် ၁၀၀ မှ ၁၂၀ သို့ပြောင်းသည်။ အမှတ် ၅၀ ရမှအောင်စနစ်ဖြစ်သွားသည်။

၁၀ တန်း နှစ်တွင် Making Friend with Chimpanzee စသည့် အင်္ဂလိပ်ဖတ်စာ အကြောင်းအရာ ခေါင်းစဉ်ပေါင်းများစွာ ပေါင်းထားသည့် ဖတ်စာကိုသင်ရသည်။ Grammar ကို ယခင်ကလို လေးလေးနက်နက် သင်ကြားခြင်း မရှိတော့။ ကျွန်တော်ကျောင်းဆရာဖြစ်ပြီး အင်္ဂလိပ်စာသင်ချိန်မှာပင် ၁၀ တန်းအင်္ဂလိပ်စာ သုံးမျိုးပြောင်း ကာ သင်ကြားခဲ့ရသည်။

ကျွန်တော် တက္ကသိုလ်ရောက်တော့ အင်္ဂလိပ်လို ဘာသာရပ်အတော်များများကို မသင်တော့သော်လည်း ဆရာများက အင်္ဂလိပ်စာအုပ်တွေကို ညွှန်းသည်။ သို့သော် မှား/မှန်ရွေး၊ ကွက်လပ်ဖြည့်အဆင့်လောက်သာ ဖြေဆိုနေရသဖြင့် အင်္ဂလိပ်စာကို မည်သူမျှ စိတ်ဝင်စားခြင်းမရှိပါ။

တက္ကသိုလ်အဆင့်တွင် အင်္ဂလိပ်စာကို Comprehension သဘောလောက်ဖြင့် peragraph အတို တစ်ခုပေးကာ ကွက်လပ်ဖြည့်၊ မေးခွန်းဖြေခိုင်းခြင်းကို သာမန်မေဂျာများတွင် ဒုတိယနှစ်လောက်အထိသာ မယူမနေရဘာသာ အဖြစ် သင်ကြား ပေးပါသည်။

ကျွန်တော်တို့ ငယ်စဉ်က အင်္ဂလိပ်ဖတ်စာတစ်အုပ်လုံးကို အထက်တန်း၊ အလယ်တန်းအဆင့်တွင် Story များဖြင့်သင်ကြောင်း သိရပါသည်။ ဥပမာ တော်စတွိုင်း၏ ၀တ္ထုတိုများကဲ့သို့သော retold သဘောစာများ ဖြစ်ပါသည်။ တက္ကသိုလ်အဆင့်တွင်လည်း ရှိတ်စပီးယားကို မူရင်းအတိုင်းသင်ခဲ့ဖူးသူများရှိကြောင်း သိရပါ သည်။ ထိုခေတ်ထိုအခါက ထိုစာများကို သင်ကြားပို့ချနိုင်ခဲ့သည့် ဆရာများရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ ခေတ်ကျမှ ညံ့သွားရခြင်းသည် မသင်စေခြင်းကြောင့်ဖြစ်သောကြောင့် ပေါ်လစီနှင့်ဆိုင်သွားပါသည်။

လွတ်လပ်ရေးမရမီက မျိုးချစ်စိတ်များဖြင့် မြန်မာစာသည် တို့စာ၊ မြန်မာစကားသည် တို့စကား၊ တို့စာကို ချစ်ပါ၊ တို့ပြည်ကိုချစ်ပါ၊ တို့အမျိုးကိုချစ်ပါ တစ်စာစာအော်ခဲ့ကြသည်။ အော်သင့် အော်ထိုက်သောကာလ၊ အော်ရမည့်ကာလလည်းဖြစ်ပါသည်။ မျိုးချစ်အာဇာနည်များ၏ မြန်မာ့စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့သော ကြောင့်လည်း လွတ်လပ်ရေးကို အရယူနိုင်ခဲ့သဖြင့် နယ်ချဲ့တို့ကို စိတ်ဓာတ်ဖြင့် အောင်ပွဲဆင်နိုင်ခဲ့သည် ဟူ၍လည်း ဆိုနိုင်ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် အင်္ဂလိပ်စာကို ကျွန်စာ၊ ကျွန်စိတ်ဖြင့် မုန်းတီးနေသော ခေါင်းဆောင်များ သည် အစွဲတစ်ခုဖြင့် ဖြုတ်ချခြင်း၊ လျှော့ချခြင်းများပြုလုပ်လာကြသည်။ အင်္ဂလိပ်စာကို နေရာမပေး၊ ခေတ်ကို ကမ္ဘာ့အမြင်ဖြင့်မကြည့်ဘဲ မြန်မာ့အမြင်ဖြင့်သာကြည့်လိုက်သည်။ နေမ၀င်အင်ပါယာကြီးရှင်များ ကို အောင်နိုင်လိုက်သဖြင့်လည်း စိတ်ကြီးတွေဝင်ကာ အင်္ဂလိပ်စာကိုပစ်ပယ်လိုက်ခြင်းကြောင့် အင်္ဂလိပ်စာ တွင် မျိုးဆက်ပေါင်းများစွာ အလှမ်းကွာခဲ့ရသည်။

မျိုးဆက်တစ်ဆက်တွင် ကျောင်းသားတပည့်ဖြစ်ခဲ့သူများ သည် နောက်မျိုးဆက်တစ်ဆက်ကိုပြန်ပြီး ဆရာလုပ်ကောင်းလုပ်နိုင်ပါသည်။ ညံ့သောသူများ၏ မွေးထုတ် လိုက်သူများဖြင့် တော်သောသူများဖြစ်မလာနိုင်သောကြောင့် ကမ္ဘာတွင် မ၀င်ဆန့်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဆိုရှယ်လစ်ခေတ်တွင် ကွန်မြူနစ်သတင်းစာဆရာကြီးတစ်ယောက်က `အင်္ဂလိပ်စာသည် အတန်းနှင့်မဆိုင်၊ သင်ချင်မှ သင်နိုင်သည်။

သူလည်း ဘာအတန်းမှမတက်ဘဲ မာ့က်စ်ဝါဒအရင်းကျမ်းကို ဖတ်နိုင်ခဲ့သည်´ ဟု ဂုဏ်ယူဝင့်ကြွားကာ ပြောခဲ့ပါသည်။ လမ်းစဉ်ပါတီကိုထူထောင်စဉ်ကလည်း ပါတီအတွင်း ပညာတတ်များ နည်းပါနေခြင်းကို ထုတ်ဖော်ပြောပြ ၀န်ခံခဲ့ရပါသည်။ မြန်မာပြည်မှ နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ပြီး မှ အင်္ဂလိပ်လိုမသင်ယူနိုင်သဖြင့် ပြန်လာခဲ့ရသည်ဆိုသော ခေတ်တစ်ခေတ်လည်း ရှိခဲ့ဖူးပါသည်။

အမြင် မကျယ်သော၊ မျိုးချစ်စိတ်အရင်းခံ ကျွန်စော်မနံချင်ပါဘူးဆိုသည့် policy maker များ၊ နီးရာဓားကြောက်၊ ပြန်မပြော နားထောင်၊ ခိုင်းသည့်အတိုင်းလုပ်၊ ဖြစ်သင့်သည်ထက် ဖြစ်ချင်သည်ကို အကောင်အထည်လိုက်ဖော်ပေးနေသည့် ပညာရှင်များ၊ တစ်ပါတီစနစ်ဖြင့် ဆိုရှယ်လစ်ပညာရေးသည် လူတန်းစားနှင့် နိုင်ငံတော်ဦးစားပေး၊ နယ်ချဲ့အရင်းရှင်စနစ်မုန်းတီးများကို ၀ါဒသဘောထား တစ်ရပ် အနေဖြင့် လှုံ့ဆော်ပေးကာ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်လူမျိုးမုန်းတီးရေး ရိုက်သွင်းခဲ့မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံကို စင်ကာပူလိုနိုင်ငံမျိုးနှင့် နှိုင်းယှဉ်ကြည့်လျှင်ပင် မည်မျှကွာခြားသွားကြောင်း သိနိုင်ပါလိမ့်မည်။


တင်ညွန့်

Source here



လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်အား ကန့်သပ်ခြင်းသည် ညွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အနှောက်ယှက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၇ရက်နေ့ ဖျာပုံမြို့တွင် ပြောကြားလိုက်သည်။

“လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်း တွင် ပြင်ဆင်ထားသော်လည်း သက်ဆိုင်ရာမှ တားမြစ် လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့စီစဉ်လိုက်ရကြောင်း NLD ဖျာပုံကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားသည်။

အလားတူ မန္တလေးမြို့၌လည်း အားကစားကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် မရလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ယင်းအကြောင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲကော်မရှင်သို့ စာတင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ်၌လည်း ဟောပြောမည့်အားကစားကွင်း ကို ဟောပြောခွင့်မပြုသည့်အတွက် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲကော်မရှင်ကို အသိပေးလိုက်ခြင်းကြောင့်သာ ဟောပြောခွင့် ပြန်လည်ရရှိကြောင်း NLD လှည်းကူးကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဥပဒေစိုးမိုးရေးကို ယုံကြည်တာနဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်မတို့ကလုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည်။



၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်သည့် ကန့်သပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးရန်နှင့် အထောက်အကူဖြစ်မည့် စည်းမျဉ်း စည်းကမ်းများကိုလည်း အကောင်အထည်ဖော်ပေး ရမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည် ဟု ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲတိုင်းအတွက် အရေးကြီးတာကတော့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ပါပဲ။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်တို့လည်း ပါပါတယ်။ ကျွန်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ပြီး ဒီအကြောင်းတွေကို ဆွေးနွေးခဲ့သေးတယ်”ဟု Ojea Quintana က ဆိုသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဝိုင်းဝန်း ကူညီရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတရန် နိုင်ငံတကာကဖိအားပေးသည့်အပြင် အမေရိကန်နိုင်ငံနှင့် ဥရောပ နိုင်ငံများက ပိတ်ဆို့ထားမှုများဖြေလျှော့ရေးအတွက် ယင်းအချက်သည်လည်း အရေးပါကြောင်း ပြောကြားထားသည်။

Source :သတင်း....Transparency Myanmar
အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတတွေ၊ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၈၇ ယောက်အပေါ် ပြည်ဝင်ခွင့် ပိတ်ပင် တားဆီးထားမှုကို ရုပ်သိမ်းလိုက်တယ်လို့ ဥရောပသမဂ္ဂ ကောင်စီကနေ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ရုပ်သိမ်းလိုက်တယ် ဆိုပေမဲ့ ဥရောပမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အပေါ် ထိန်းချုပ်ထားတာတွေကတော့ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပေါ် ဥရောပသမဂ္ဂ အနေနဲ့ ပြန်လည် သုံးသပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီအရေးယူ ပိတ်ဆို့ထားမှုတွေရဲ့ သက်တမ်းဟာ အခုလာမယ့် ၂၀၁၂ ဧပြီလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Source: VOA Burmese
_________________________________________________________


EU Eases Burma Sanctions

The European Union on Friday eased some sanctions against Burma in response to political reforms initiated by the Southeast Asian country's nominally-civilian government, which took power last year.

The Council of the European Union says it has suspended visa restrictions on 87 top Burmese officials, including the president, vice presidents, members of parliament and their family members. The move follows the government's release of hundreds of political prisoners in January.

EU spokesman Michael Mann described a climate of hope in EU dealings with the new government, after decades of repressive military rule.

"We are hoping that [the sanctions easement] will encourage the regime in Burma-Myanmar to make further reforms and to release further prisoners," said Mann. "We are currently reviewing our policy, our overall policy on Burma-Myanmar, and, you know, we will take decisions in the coming months depending on what happens on the ground."

The new Burmese government has also cleared the way for democracy leader Aung San Suu Kyi to run for public office in by-elections April 1. The Nobel laureate had spent much of the past two decades under house arrest, gaining her release in late 2010 as the military junta relinquished power.
 မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကန့် သတ်မှုများကို မကြာသေးခင်က ပယ်ဖျက်လိုက်သည့် နော်ဝေနိုင်ငံက ဘန်ကောက်အခြေစိုက် အာရှနည်း ပညာတက္ကသိုလ်(အေအိုင်တီ)မှ တစ်ဆင့် မြန်မာ ကျောင်းသားများအတွက် သီးသန့်ပညာသင်ဆုအစီအစဉ်တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က စတင် လိုက်သည်။ နော်ဝေငွေကြေး သန်း ၃၀ (အမေရိကန် ဒေါ်လာ ခြောက်သန်းခန့်) သုံးစွဲမည့် ယင်းအစီအစဉ်သည် ဥရောပသမဂ္ဂ နိုင်ငံတစ်နိုင်ငံက မြန်မာကျောင်းသားများအတွက် သီးသန့်ရည်ရွယ်စီစဉ်သည့် ပထမဆုံး အစီအစဉ်ဖြစ်သည်။ တစ်နှစ်လျှင် မဟာတန်းကျောင်းသား အယောက် ၄၀ ဖြင့် သုံးနှစ်ပေးအပ်မည့် ယခုအစီအစဉ်နှင့် ဆက်စပ်၍ မကြာမီအတွင်း တက္ကသိုလ်လျှောက်လွှာလက်ခံ ဌာနတစ်ခုကို ရန်ကုန်တွင်လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း အာရှနည်းပညာ တက္ကသိုလ် ကျောင်းအုပ်က ဖေဖော်ဝါရီ လ ၆ ရက်နေ့က ကြေညာသည်။

၂၀၁၂ – ၂၀၁၃ ပညာသင်နှစ်မှ စ၍ အေအိုင်တီဝင်ခွင့်ရ မည်သည့် မြန်မာနိုင်ငံသားမဆို ယင်းပညာသင်ဆု လျှောက်ထားနိုင်ပြီး သင်တန်းစရိတ် အားလုံး၊ သုတေသနစရိတ်၊ ပညာသင် ဆုကြေးငွေသား၊ နေထိုင်စရိတ်၊ အသွား အပြန် လေယာဉ်စရိတ်နှင့် ပေါင်းကူး အစီအစဉ်နှစ်ခုအတွက် လိုအပ်သည့် စရိတ်အားလုံးပါဝင်မည် ဖြစ်သည်။

ပညာသင်ဆုရွေးချယ်မှုကို နိုင်ငံ အဆင့်အဖွဲ့တစ်ဖွဲ့က ပဏာမအဆင့် လူတွေ့ရွေးချယ်ကာ အေအိုင်တီက အပြီးသတ် ရွေးချယ်မည်ဟု ၎င်းကျောင်းအုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Source : စန္ဒာလွင် ( The Myanmar Times )


Rohingya Exodus