Latest Highlight

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)
ဆောင်းပါးရှင်- ရွှေဓူဝံ


မြန်မာ့လူမှု ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကို ကြည့်၍ အရောင်ပြောင်းသွားသော လူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။


ယနေ့နိုင်ငံတော်သည် ထင်သာမြင်သာရှိသော နိုင်ငံရေးစံနစ် အပြောင်းအလဲနှင့်အတူ စီးပွားရေးအခွင့် အလှမ်းနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ယခင်စစ်အစိုးရ လက်ထက်နှင့် မတူသော ပတ်ဝန်းကျင်တစ်ခုသို့ ကူးပြောင်းနေပြီဖြစ်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီခေါင်းဆောင်ကြီးနှင့် ယခင်စစ်ဗိုလ်ချုပ်ကြီးဟောင်း ပြုပြင် ပြောင်းလဲရေး လိုလားသူဟု ဆိုသော သမ္မတကြီး ဦးသိန်းစိန်တို့၏ နိုင်ငံရေးကစားကွက်အောက်တွင် အခွင့် အရေးသမား လူလည် စီင်္းပွားရေးသမားကြီးများ၏ သာတဲ့ဘက်ကို ကူးပြောင်းမည့် ခြေလှမ်းကြီးများကို သိသာ ထင်ရှား မြင်တွေ့ နေရပါသည်။ ထိုလူလည် စီးပွားရေးသမားများသည် “သာကူး”များသာဖြစ်ပြီး လက်ရှိကြံ့ဖွတ် အစိုးရကို ညာဘက်အိပ်ကပ်ထဲ ထည့်ပြီး၊ NLD ၏ နိုင်ငံရေးလှုပ်ရှားမှု ရေချိန် မြင့်တက်လာမှုကို အဓိက ထောက်ပံ့မှုပေးပြီး ဘယ်ဘက်အိတ်ကပ်သို့ ပြောင်းနေကြပြီ ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နေသူ လူလည်ကြီး များ၏ လောဘမသတ် နိုင်သည့် လုပ်ရပ်များကို အပိုင်းလိုက် တင်ပြသွားပါမည်။


















နိုင်ငံရေးမှ စီးပွားရေး၊ စီးပွားရေးမှ နိုင်ငံရေးသို့ ပြောင်းလဲမည့်သူ (သို့မဟုတ်)
စစ်တပ်ကို အသုံးချသောနိုင်ငံရေးသမား ဦးချစ်ခိုင်(NLD-GE)


ဧဒင်ဥက္ကဌကြီး ဦးချစ်ခိုင်ဆိုတာနဲ့ စစ်တပ်ပိုင် အဆောက်အဦးတွေကို လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့် ရရှိပြီး ထိပ်ထိပ်ကြဲ သူဌေးကြီးဖြစ်လာတယ်ဆိုတာ လူတိုင်းသိကြပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက နပခ၊ ရပခ စစ်နယ်မြေများအတွင်း စစ်တပ်ဆောက်လုပ်ရေးတွေကို ကန်ထရိုက်တာအဖြစ် ကော်မရှင်စား လုပ်ကိုင်ခဲ့တဲ့ ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့ပေါင်းစားပြီး ၂၀၀၀ ပြည့်လွန်နှစ်များကစပြီး မက်ခရိုစီးပွားရေးလုပ်ငန်း ရှင်ကြီး ဖြစ်လာခဲ့ပါသည်။


ဒီလိုမျိုး စစ်တပ်နဲ့လုပ်ကိုင်စားသောက်နိုင်တာ ဘ၀အကျိုးပေးကောင်းတယ်လို့ ဆိုရပေမည်။ ဦးချစ်ခိုင်ဟာ ယခင် မဆလလက်ထက်က ဗိုလ်ချုပ်လှဦးရဲ့တူမနဲ့ယူပြီး၊ ဗိုလ်ချုပ်လှဦးရဲ့ အရှိန်အ၀ါနဲ့ စစ်တပ် ကိုသုံးဖို့ အခွင့်အရေး ရခဲ့ရသည်။


ဗိုလ်ချုပ်လှဦးဟာ လူတော်တစ်ဦးဖြစ်ပြီး ဦးခင်ညွှန့်(ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးအောင်တောင်း (စက်မှု(၁) ၀န်ကြီးဟောင်း)တို့ရဲ့ ဆရာဖြစ်ခဲ့ဖူးသည်။ ဒါ့ကြောင့် ဦးခင်ညွှန့်နှင့် ဦးအောင်တောင်းတို့ အာဏာစက် ပြင်းထန်နေချိန်မှာ ဦးလှဦးရဲ့ အထောက်အပံ့နဲ့ ဦးချစ်ခိုင်ကို မဟာအခွင့်အရေးများ ပေးခဲ့ပါသည်။ အထူးသဖြင့် ရှမ်းပြည်ဧရိယာ အတွင်းက စီးပွားရေး အခွင့်အလမ်းတွေကို ရရှိခဲ့ပြီး အေးသာယာ ဂေါက်ကွင်းနားကမြေကို အလကားနီးပါး ရရှိခဲ့လို့ ဂေါက်ကွင်းနဲ့ ဟိုတယ်လုပ်ကိုင်ခွင့်ကို နှစ်ရှည်လများ အခမဲ့ လုပ်ခွင့်ရခဲ့တယ်လို့ ဆိုရပေမည်။


အထူးသဖြင့် စစ်တပ် ဆောက်လုပ်ရေးလို့ခေါ်တဲ့ GE တပ်များက အဆောက်အဦး အကြီးအမား ဆောက်လုပ်ရေး အားလုံးကို ဦးချစ်ခိုင်ရဲ့ ဧဒင်ဆောက်လုပ်ရေးက ရရှိခဲ့ပြီး တည်ဆောက်ရေး ကုန်ကျငွေတွေကို သူတင်ပြသလောက် ခွင့်ပြု ချက်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ဒါ့ကြောင့် ဦးချစ်ခိုင်ရဲ့ ချမ်းသာပိုင်ဆိုင်မှု အားလုံးနီးပါးဟာ စစ်တပ်ကိုမှီခိုပြီး ရလာခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သတ်မှတ်ခဲ့ကြသည်။ စစ်တပ်ကြောင့် ချမ်းသာလာတဲ့ ဦးချစ်ခိုင်ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ စစ်တပ်ကလူကြီးများရဲ့ ကိုယ်ပိုင်အိမ်တွေကို တာဝန်ယူ ဆောက်လုပ် ပေးခဲ့ရပါသည်။


စစ်တပ်ကြောင့် သူဌေးကြီးဖြစ်လာတဲ့ ဦးချစ်ခိုင်ဟာ ၂၀၁၂ ခုနှစ်အထိ နေပြည်တော်က စစ်တပ်တည် ဆောက်ရေး လုပ်ငန်းကြီးများကိုလည်း GEတပ်နဲ့ ပူးပေါင်းပြီး ယခုတိုင်ရရှိဆဲပါ။ ၂၀၁၂ ခုနှစ်အလွန် ကြံ့ဖွံ့အစိုးရရဲ့ ဘက်ဂျက်ခွဲတမ်းရ စစ်တပ်လုပ်ငန်းကြီးများ လျော့ကျလာချိန်မှာတော့ လူလည်ကြီး ဦးချစ်ခိုင်ဟာ စစ်တပ်နဲ့လမ်းခွဲဖို့ ခြေလှမ်းသစ်ကို စနေပြီလို့ ဆိုရပေတော့မည်။ သူရဲ့ခြေလှမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲက သူရဲ့မူလယုံကြည် ကိုးကွယ်ရာ တကယ့်မိခင် NLD ပါတီကြီးနဲ့ ပြန်လည်ပူးပေါင်းပြီး NLD အမတ်ဖြစ်ရေး လမ်းကြောင်းဖြစ်ပါသည်။


၁၉၈၈ အရေးအခင်းမှာ တကယ့် နိုင်ငံရေးသမားစစ်စစ် NLD ဦးချစ်ခိုင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်များမှာ NLD ကိုလမ်းခွဲခဲ့ပြီး အဲဒီအချိန်တုန်းက အာဏာသုံးရပ်ကိုချုပ်ကိုင်ထားတဲ့ စစ်တပ်စီးပွားရေးကို ကူးပြောင်း ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုစဉ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးရဲ့ စောင့်ကြည့်ခံရသူဖြစ်လို့ NLDနဲ့ ကင်းကင်းနေခဲ့ရသူလို့ ဆိုရပေမည်။ ဗိုလ်ချုပ်လှဦး မျက်နှာကြောင့် လုပ်ပိုင်ခွင့်ပေးရာမှ စစ်တပ်ရဲ့တည်ဆောက်ရေး လုပ်ငန်းကြီးများရဲ့ ၃ ပုံ ၂ ပုံကိုရရှိခဲ့ပြီး ကြီးပွားချမ်းသာလာခဲ့ခြင်းကို စီးပွားရေးနယ်ပယ်၊ စစ်တပ်နယ်ပယ် မှာ လူတိုင်းသိရှိကြပါသည်။


စစ်တပ်အတွင်းမှာ ဒုတပ်ချုပ် အရှိန်အ၀ါကိုသုံးခဲ့လို့ ရပခတိုင်းမှုး အဆက်ဆက်က ဦးချစ်ခိုင်ကို ရွံကြောက်ဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စစ်တပ်စီးပွားရေး နယ်ပယ်ကနေ ဆုတ်ခွာပြီး သူရဲ့မိခင်ရင်း NLD ရဲ့လှုပ်ရှားမှုများမှာ နောက်ကွယ်ကတက်ကြွစွာ ပံ့ပိုးလုပ်ကိုင်ပေးနေပါပြီ။ စစ်တပ်ရဲ့အရိပ်ရှိနေလို့ NLD ပါတီကို ရဲရဲဝံ့ဝံ့ မပူးပေါင်းသေးပေးမဲ့ သူယုံကြည်ခဲ့တဲ့နိုင်ငံရေးပါတီကြီးအတွက် အင်အားပြန်လည် တောင့်တင်းအောင် စစ်တပ်ကြောင့်ရရှိလာတဲ့ ငွေကြေးတွေကို အသုံးချတော့မည် ဖြစ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေး ခရီးစဉ်ကုန်ကျစရိတ် အားလုံးကို ဧရာဝတီတိုင်း ဆန်စပါး ထုတ်လုပ်ကြီးကြပ်ရေး ဥက္ကဌ ဦးချစ်ခိုင်က ထောက်ပံ့ပေးခဲ့မှု အပေါ် NLD CEC များက သတိထား ကြိုဆိုခဲ့ပါသည်။
ဒါ့ကြောင့် ဧဒင်ဥက္ကဌကြီးဟာ NLD နိုင်ငံရေးသမားအဖြစ် ၁၉၈၈ မှ ၁၉၉၀ ပြည့်နှစ်အထိ ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်တန်ခိုးအာဏာ ကြီးထွားချိန်မှာ (၁၉၉၀ မှ ၂၀၁၁) NLD အနီရောင်မှ GE အစိမ်းရောင် ပြောင်းလဲခဲ့သူဖြစ်ကြောင်း Wikileaks မှတ်တမ်းများအရ သိရပါသည်။ ယခုအခါမှာတော့ အစိမ်းရောင် GE ကိုယ်စားလှယ်အဖြစ်မှ NLD အနီရောင်ကို ပြန်ပြောင်းတော့မဲ့ စီးပွားရေးအောင်မြင်သော နိုင်ငံရေးသမား စစ်စစ်ကြီးက NLD ပါတီဝင်များကို ဘယ်လို အသုံးချအုံးမလဲဆိုတာ စောင့်ကြည့်လျက် ရှိပါသည်။
_____________________________________________________________
_____________________________________________________________
အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၂)
အမဲမှ အဖြူ သို့ ပြောင်းလဲလာသူ(သို့မဟုတ်)ခေတ်သစ်မူးယစ်ဘုရင် Steven Law
(ဆောင်းပါးရှင်-ရွှေဓူဝံ)


ပြီးခဲ့တဲ့နှစ် ၂၀၁၁ခုနှစ် ၁လပိုင်းက မြစ်ဆုံဆည် စီမံကိန်းမှ စတီဗင်လော (ခ) ဦးထွန်းမြင့်နိုင်


ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ သုံးစွဲလေ့ရှိပါ သည်။


Steven Law ဟာ ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် နေထိုင်တတ်သလို မူးယစ်ဆေးဝါးကြောင့် ရရှိလာတဲ့ငွေမဲတွေကို ယခင်စစ်အစိုးရ လက်ထက် လူကြီးများနဲ့ပေါင်းပြီး ငွေဖြူ လုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဦးရှစ်လုံးလို့ နာမည်ကြီးသည့် ယခု ဒုသမ္မတ(၁) ဦးတင်အောင်မြင့်ဦးကို Steven Law အဓိက ချဉ်းကပ်နိုင်ခဲ့ပြီး ဦးတင်အောင်မြင့်ဦး၏ လက်ရင်းတပည့် ဗိုလ်ကြီးအေးချစ်(ငြိမ်း)နှင့် ပူးပေါင်းပြီး အရပ်ဘက်၊ စစ်ဘက်စီးပွားရေးဂွင် အားလုံးကို လက်မလွှတ်တမ်း ရယူထားပါသည်။


Steven Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက် လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့် ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့် ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။ သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည် ၄င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများစသည့် စီးပွားရေးနယ်ပယ် အသီးသီးတွင် ၀င်ဆန့်လာ ခဲ့ပြီး စစ်အစိုးရ မျက်နှာသာပေးမှုအရ ထိပ်တန်း စီးပွားရေးသမားကြီး ဖြစ်လာခဲ့ပါသည်။


ဇနီးဖြစ်သူ စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်း(Hondi) အကြီးအကျယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး Steven Law ရဲ့ငွေမဲတွေကို စင်္ကာပူနိုင်ငံရှိ UOB ၊ OCBC ၊ DBS ကဲ့သို့သော ဘဏ်ကြီးများမှာ အကောင့်ဖွင့်သိမ်းဆည်း ထားလို့ အမေရိကန် CIA က စောင့်ကြည့်ခံနေရပါသည်။ Cecillia Ng သည် သူ့ယောက်ျား Steven Law ပိုင်သည့် Asia World ၏ ပြည်ပကုမ္ပဏီခွဲသုံးခုဖြစ်သော စင်္ကာပူအခြေစိုက် Golden Aron.Pte, S.H Ng Trading Company, K0kang Singapore Pte.Ltd များကို ဦးဆောင် လုပ်ကိုင်နေလျက် ရှိပါသည်။ မူးယစ်ဆေးဝါး အပါအ၀င် မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေများနှင့် မညီမညွတ်သည့် တရားမ၀င် စီးပွားရေးလုပ် ငန်းများမှ ရရှိသည့် ၀င်ငွေအားလုံးကို လွှဲပြောင်းရယူရန် ၄င်းကုမ္ပဏီများကို အသုံးပြုလျက် ရှိပါသည်။


Steven Law ၏ မူးယစ်ဆေးဝါးကျော်ဇောမှုနှင့် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပြုမှုများကြောင့် ယခင် စစ်ထောက်လှမ်းရေးများက ပြည်တွင်းစီးပွားရေး နယ်ပယ်မှာ နေရာပေးခြင်း မရှိသဖြင့် သူ့အဖေရဲ့ဇာတိမြေ ကိုးကန့်ဒေသကို အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်သာ ရင်းနှီး ကျွမ်းဝင်မှုရှိအောင် ကြိုးစားခဲ့ပါသည်။ပါးရေနပ်ရေရှိပြီး စီးပွားရေး အကွက်မြင်သည့် တရုတ်လူမျိုးပီပီ ထိုစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်းမှုးကို ချဉ်းကပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေမဲများဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြီးအကျယ် ထောက်ပံ့ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုင်းမှုးကြီး၏ အရင်းနှီးဆုံး တရုတ် လောပန်းကြီး ဖြစ်ခဲ့ပါသည်။၎င်းနောက်တိုင်းမှုးကြီး စစ်ထောက်ချုပ်ဖြစ်လာခဲ့ပြီး စစ်ထောက်လှမ်းရေးများ ပြုတ်သွားချိန်မှာ တော့ Asia World ကုမ္ပဏီမှာ ကံဇာတာတက်ခဲ့ရပါသည်။


ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင် လာခဲ့ပါသည်။


အထူးသဖြင့် ဦးရှစ်လုံး တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင် ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး) နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့် သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့် ၀ယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည် ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏ လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်တွင် စစ်တပ်စီးပွားရေးသာမက အရပ်ဘက်ဝန်ကြီးဌာန စီမံကိန်းလုပ်ငန်းကြီးများ ကိုပါ လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ငွေမဲမှငွေဖြူပြောင်းခြင်း၊ ငွေဖြူများတိုးပွားအောင် လုပ်ခြင်းတို့ကို ၄င်းရရှိခဲ့သည့် စီးပွားရေး အခွင့်အလမ်းများအား အသုံးချနိုင်ခဲ့ပြီး ယခုအခါ ထိပ်ထိပ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။

အေရှားဝေါ(လ်) ကုမ္ပဏီ မြစ်ဆုံဆည် စီမံကိန်းမှ ဝန်ထမ်းကဒ် (ဓာတ်ပုံ ဒီမိုဝေယံ)

တရုတ်ကုမ္မဏီကြီးများ၏ ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင် လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။


၂၀၀၈ ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။


အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ ၄င်း၏စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာခဲ့ခြင်းကို အများက အံ့အားသင့်ခဲ့ကြရပါသည်။


၁၉၉၅ ခုနှစ်ခန့်က မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည် မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ (Asia News) သတင်းဌာနတွင် ဒေါ်လာသန်းပေါင်းများစွာ ရှယ်ယာပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ၄င်းရှယ်ယာများသည် သူတစ်ဦး တည်းပိုင် ဟုတ်-မဟုတ် ဆိုတာ ခေတ်သစ်မူးယစ်ဘုရင် ကိုချူးသာ သိရှိနိုင်မည်ဖြစ်ပါသည်။

ရွှေဓူဝံ

________________________________________________________________

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၃) 






တော်ဝင် ဦးကိုကိုထွေးအရောင်ပြောင်းသော လူလည်ကြီးများ


ဘဘမှ မမ သို့အရောင်ပြောင်းသွားလေသူ (သို့မဟုတ်) တော်ဝင် ဦးကိုကိုထွေး

တော်ဝင်မိသားစု ကုမ္မဏီ ဥက္ကဌကြီး ဦးကိုကိုထွေးဆိုတာနဲ့ ဘဘဦးထွန်းကြည်ကို ပြေးမြင်မိပါသည်။ ဘဘရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် စီးပွားရေးနယ်ပယ်မှာ ဦးကိုကိုထွေး တစ်ယောက် လူလားမြောက် ခဲ့ရပါသည်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်များနဲ့ မန္တလေးသားစစ်စစ်တွေက ချစ်ခင်မြတ်နိုးဆဲလို့ ဆိုရပေမည်။ ဗိုလ်ချုပ် ထွန်းကြည်၏ လုပ်ရည်ကိုင်ရည်ကြောင့် မန္တလေးမြို့ဟာ ယနေ့လို စည်ကားသော စီးပွားရေးမြို့တော် ဖြစ်ခဲ့ရသည်။ မန္တလေးမြို့ကြီး ဖွံ့ဖြိုးခဲ့မှုနဲ့အတူ မန္တလေးသား ဦးကိုကိုထွေးဟာ ဘဘတိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ကို ချဉ်းကပ်ခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများမှတဆင့် ယနေ့ကဲ့သို့ ကျိကျိတက် ချမ်းသာလာသူဆိုတာ မန္တလေးတစ်မြို့လုံးသာမက စီးပွားရေးသမားများအချင်းချင်း သိကြပါသည်။


ဘဘကြောင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ရပြီး ဘဘ ကုန်သွယ်ရေးဝန်ကြီးဘ၀မှာ ကျပ်သန်းပေါင်း ရာချီ၊ ဒေါ်လာသန်းပေါင်းဆယ်ချီတဲ့ ပါမစ်အမျိုးမျိုးကို ရရှိခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခြေခိုင်ခဲ့ ရပါတော့သည်။ ဘဘပြုတ်သွားခဲ့ချိန်မှာ ကကလှမ်းကို ချဉ်းကပ်ခဲ့ပေမဲ့ ဘဘရဲ့တပည့်ဖြစ်နေတာ ကြောင့် ကကလှမ်းက ဒုတိယတန်းစား ဗိုလ်မှုးကြီးအဆင့်လောက်ကိုပဲ ထိုးဖောက်နိုင်ခဲ့လို့ ဦးကိုကိုထွေး တစ်ယောက် နအဖလက်ထက်မှာ မှေးမှိန်နေခဲ့ရပါသည်။ ကကလှမ်းပြုတ်ပြီး ချိန်မှာတော့ ဘဘရဲ့တပည့် ဦးအောင်တောင်း (ယခင်စက်မှု(၁)၀န်ကြီးဟောင်း) အဆက်အသွယ်မှ တဆင့် သစ်လုပ်ငန်းဘက်ကို ကူးပြောင်းခဲ့ပြီး တော်ဝင်ပလာဇာကဲ့သို့ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်ခဲ့ရပြန်သည်။


ကြံ့ဖွံ့အစိုးရသစ် လက်ထက်မှာတော့ သစ်တောတွေ ထပ်မခုတ်ဖို့ ထိန်းချုပ်မှုတွေရှိလာလို့ တော်ဝင် ဥက္ကဌကြီးဟာ အရောင်ပြောင်းတတ်သူ ပီပီ စီးပွားရေး နယ်ပယ်သစ်ကို လျှောက်လှမ်းဖို့ ခြေလှမ်းသစ်ပြင်ခဲ့ပါ တော့သည်။ ဒီလိုခြေလှမ်းသစ်လှမ်းရာမှာ မအူမလယ်နဲ့ စီးပွားရေးနဲ့နိုင်ငံရေး လေလုံးမကွဲပဲ ယခင့်ယခင် ဘဘ ဘဘ နဲ့ လုပ်နေရာက ယခုချိန်တွင် မမ မမ (အမေစု)ဆိုပြီး ပြောင်းလဲနေပါသည်။


ယခင်တုန်းက မမကိုမတရားဖိနှိပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးများနှင့် ပလဲနံပသင့်ခဲ့သူ၊ မမကိုရန်သူသဖွယ် ဆက်ဆံခဲ့တဲ့ ဘဘရဲ့တပည့်အရင်းဖြစ်သူ စစ်အစိုးရက ချီးမြှင့်ထားတဲ့ သီရိသုဓမ္မမဏိ ဇောတဠရ မအူမလယ် ကိုကိုထွေးဟာ အခုကျမှ မမ မမ ဆိုတာပါးစပ်က မချဘဲ ဒီမိုကရေစီ ဘက်တော်သားဆိုပြီး အရောင်ပြောင်းလဲ လာပါသည်။ ဒါ့ကြောင့် ဒီလိုအပြောင်းအလဲမြန်သူကို ဒီမိုကရေစီလိုလား သူများအနေနဲ့ အယုံအကြည် မလွန်ကဲစေဖို့ သတိပြု သင့်ပါသည်။


မမ(အမေစု)ရဲ့ ပြောစကားအရဆိုရင် သူ့ရဲ့ချမ်းသာ ကြွယ်ဝမှုတွေဟာ အကျင့်ပျက် လာဘ်စားသူများနှင့် ပူးပေါင်း ပြီးရရှိခဲ့တာ ဟုတ်မဟုတ်ဆိုတာ ဆန်းစစ်ကြည့်ရပါမည်။ စစ်အစိုးရလက်ထက် စီးပွားရေး အထူးအခွင့်အရေး ရရှိခဲ့သူ လက်တဆုပ်စာ လူလည်ကြီးများအနက် ထိပ်တန်းသူဌေးကြီး မဖြစ်ခဲ့တဲ့ တော်ဝင်ဥက္ကဌကြီးက နိုင်ငံရေး အပြောင်းအလဲကြောင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလုဆဲဆဲ အခြေအနေမှာ မအူမလယ်နှင့် ရောယောင်ပြီး ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်လာခြင်းကို အနှစ်(၂၀)ကျော် ဘ၀နာနာနှင့် ပေးဆပ်ခဲ့ရတဲ့ ၈၈ ကျောင်းသားများမှ သူ့ကို မလိုလား မနှစ်သက်ကြဘူးဆိုတာ သိစေချင်ပါသည်။


ဒါပေမဲ့လည်း တော်ဝင်ဥက္ကဌကြီးရဲ့ လက်တလော ဆောင်ရွက်ချက်များသည် ၈၈ ကျောင်းသားများ၏ ကြွေးကြော်ချက်ဖြစ်သည့် အမေစု (မမ) ကိုဝိုင်းရံရေး ဆန္ဒသဘောထား တူညီခြင်းကိုတော့ အသိအမှတ်ပြုရ ပေမည်။သို့ဖြစ်၍ ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ဒီိမိုလှုပ်ရှားသူများအတွက် ငွေကြေးထောက်ပံ့ မှုများပေးကာ ဘဘ မှ မမ သို့ အရောင်ပြောင်းသွားလေသူ မအူမလယ်ကြီးအဖြစ် တော်ဝင်ဥက္ကဌကြီး ဦးကိုကိုထွေးအား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။

ရွှေဓူဝံ

Source :ဒီမိုဝေယံ




ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၁၅ ရက် ၁၂ နာရီ တွင် လှည်းကူးမြို့သို့ ရောက်ရှိပြီး ၁၂နာရီ ၃၀ မိနစ်တွင် လှည်းကူးအားကစားကွင်း ပရိတ်သတ်များကို မိန့်ခွန်းပြောကြားခဲ့သည်။“ကျမတို့ အနေနဲ့ ပြိုင်ဘက်ပါတီ တွေကို ရန်သူလို့ သဘောမထားပဲ မိတ်ဆွေလိုပဲ သဘောထားပါတယ်။



ရန်သူလိုသဘောထားတယ်ဆိုတာ ဒီမိုကရေစီ စနစ်မှာ မဖြစ်သင့်ပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။အလားတူ လှည်းကူးမြို့တွင် ဝင်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းကိုလည်း မဲပေးကြဖို့ သူမက တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ လူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်လာစဉ် လမ်းတစ်လျောက်နှင့် တက်ရောက်လာသူ ပရိတ်သတ်မှာ တစ်သိန်း နီး ပါးရှိကြောင်း သိရသည်။


ဓာတ်ပုံများ - ဧရာဝတီ

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ခရီးစဉ် မှတ်တမ်း ဓာတ်ပုံတွေ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ လှည်းကူးကို သွားရင် မိနစ် ၄၀ ၀န်းကျင် ကြာမယ်လို့ ဂူဂဲလ်မြေပုံက တွက်ချက်ပြပါတယ်။

ဒါပေမယ့် လှည်းကူးကို တန်းပြီးသွားတာ မဟုတ်ပါဘူး။ မရမ်းကုန်းမြို့နယ် ရုံးဖွင့်ပွဲမှာ မိန့်ခွန်းပြောခဲ့သလို မင်္ဂလာဒုံမြို့နယ်ကိုလည်း ၀င်ခဲ့ပါတယ်။




ဟာပြောပွဲစင်မြင့်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တွေ့ရတဲ့ NLD ရဲ့ လှည်းကူးမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်း












““ကျွန်မတို့ အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက် တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ တချို့ပြည်သူတွေက တရားဥပဒေစိုးမိုးေ ရးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို ပြောပြပါရစေ။
မနေ့ကဆိုရင် ဒီထဲက ပရိသတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့အဖွဲ့ချုပ်တာဝန်ခံများက ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကိုတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာကမူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလိုစုစည်းနိုင်တာ။ ဒါ ဥပဒေစိုးမိုးရေးပဲ””
(ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်အားကစားကွင်းတွင် ငါးသောင်းခန့်ရှိသော ပြည်သူလူထုကြီးအား ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
Source :ရန်ကုန်တိုင်းမ် & ဧရာဝတီ - MIzzima- 7day news journal

ပြည်သူု့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်၊ ဒုတိယအတွင်းရေးမှူး ချုပ်မစ္စတာ ဗီဂျေနမ်ဘီးယား အား ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် ယနေ့ နေ့လယ်ပိုင်းက လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။


''မြန်မာနိုင်ငံအနေနဲ့ ပြည်ပ ရောက်နေတဲ့ သူတွေကို ပြန်လာ နိုင်ရေး ကိုလုပ်ပေး မယ်။ မြန်မာတွေ နိုင်ငံမဲ့ မဖြစ်စေရဘူးလို့ ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးတော့ sanction က အစိုးရ ကို ကန့်သတ်တာလား။ ပြည်သူကို ကန့်သတ်တာလား ဆိုတဲ့ အချက်တွေကို အပြန် အလှန် ဆွေးနွေးဖြစ်ပါတယ်'' ဟု ဆွေး နွေးပွဲသို့ ဝင်ရောက်ခွင့် ရရှိသော ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကန့်သတ်ထား သောပိတ်ဆို့မှု များသည် မြန်မာအစိုး ရထက် ပြည်သူ တို့၏ စားဝတ် နေရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ပိုမိုထိခိုက်နေကြောင်း ၊ ပြည်သူများအတွက် တကယ်တမ်း ကူညီမည် ဆိုပါက မြန်မြန်ဆန်ဆန် ပြုလုပ်နိုင် ရန် အတွက် စဉ်းစားရန် လိုအပ်နေကြောင်း ၄င်းက ဆွေး နွေးပွဲ ရလဒ်ကို အကျဉ်းချုပ် ပြော ကြားသည်။

''ဒီမိုကရေစီ ပြောင်းလဲတဲ့နေ ရာမှာ နိုင်ငံရေးတစ်ခု တည်းပြောင်းလို့ မရဘူး။ လူမှုရေး၊ စီးပွားရေးပါ ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် သူတို့ ကရော ဘယ်လိုကူညီနိုင်မလဲ။ အပေါ်ကချည်းပဲသွားပြီး အောက်က မလိုက်နိုင်လို့လဲ မဖြစ်ဘူးဆိုတာ တွေ ပြောဖြစ် ပါတယ်''ဟု ၄င်းက ဆိုသည်။

၎င်း၏အဆိုအရ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေး၊ သားငါးထုတ် လုပ်ရေး စသည့် အချက်များသည် ပြည်တွင်းတွင် ဖူလုံမှုအပြည့်အဝ ရှိနေပြီး ပြည်ပနိုင်ငံများသို့ ပံ့ပိုးလိုပါ က ကုလအနေဖြင့် ဝိုင်းဝန်း ကူညီ ပေးသွားရန်လိုအပ်သည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

Source : ပေါ်ပြုလာဂျာနယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အနေဖြင့် မြန်မာနိုင်ငံအား စီးပွားရေး လုပ်ကွက် တခုအဖြစ်သာ မရှုမြင်ရန် ပြောဆိုလိုက်သည်။

Southern People Weekly မဂ္ဂဇင်း မျက်နှာဖုံးတရုတ်နိုင်ငံ Guangdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းနေရချိန်ဖြစ်တာမို့ တရုတ်ပြည်သူတွေ အနေနဲ့ ကျမတို့ကို ပိုပြီး နားလည်မှုပေးနိုင်ဖို့၊ နောက်ပြီး ကျမတို့နိုင်ငံကို စီးပွားရေး အခွင့်အလမ်းတခုအနေနဲ့ပဲ မမြင်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အခါတွင် နှစ်နိုင်ငံပြည်သူများ၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် တရုတ်အပါအ၀င် အမေရိကန်နိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်းလည်း ပြောသည်။
တရုတ်က ရင်းနှီးမြှုပ်နှံထားသည် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ရပ်တန့်ထားရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

တချိန်တည်းတွင်ပင် မြန်မာ-အမေရိကန် ဆက်ဆံရေးသည် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက် တိုးတက်လာပြီး သံတမန်အဆင့် ပြန်လည်ထားရှိရန် စီစဉ်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွင် နည်းပညာအထောက်အကူ ရရှိစေရန် ပိတ်ဆို့မှုတချို့ အမေရိကန်က လျှော့ပေါ့ပေးခြင်းများ လုပ်ဆောင်နေသည်။

အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က အာရှနှုန်းစံတန်ဖိုးများနှင့် အနောက်တိုင်းနှုန်းစံတန်ဖိုးများ ဆန့်ကျင်ဘက်ဖြစ်သည်ဆိုသော အချက်ကို ငြင်းပယ်ကြောင်း၊ ထို့အပြင် တရုတ်နှုန်းစံတန်ဖိုးနှင့် အိန္ဒိယနှုန်းစံတန်ဖိုး မတူနိုင်သကဲ့သို့ မြန်မာ နှုန်းစံတန်ဖိုးကလည်း တသီးတခြားဖြစ်ကြောင်း ပြောထားသည်။

အဆိုပါမဂ္ဂဇင်းက တရုတ်သတင်းထောက် Yang Xizo ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် ယမန်နှစ်က ရန်ကုန်သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းနှင့် နီးစပ်သူများက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သံအမတ်ကြီး Li Junhua တို့ တွေ့ဆုံဆွေးနွေးသည့်ကိစ္စကို တရုတ်ဘာသာဖြင့် ရေးသားဖော်ပြသည့် Asia Weekly ကလည်း မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခြင်း မရှိကြောင်းသိရသည်။

အနှစ် နှစ်ဆယ်အတွင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်တရုတ်အရာရှိဖြစ်သော သံအမတ်ကြီးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မရောက်ဖူးသေးကြောင်းနှင့် အလည်အပတ်သွားရန် ဆန္ဒရှိသည်ဟု ပြောကြားကြောင်း သိရသည်။

Source :ဧရာဝတီ


တပ်မတော်နှင့် ပြည်သူအကြား နားလည်မှု ပြန်လည် တည်ဆောက်၍ ပြည်သူ၏ ယုံကြည် အားထားမှု ရယူနိုင်ရေးနှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေး တောင်းဆိုကြကြောင်း သိရသည်။


၂၀၁၀ ပြည့် မတ်လ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား၌ မြင်တွေ့ရသည့် တပ်မတော်သားများ (ဓာတ်ပုံ - AP)စစ်တပ်၏ အခန်းကဏ္ဍ လွှမ်းမိုးကြီးစိုးနေခြင်းကို လျှော့ချပြီး ပြည်တွင်းစစ်ရပ်စဲ၍ ပြည်ပရန် ကာကွယ်ရေး အတွက်သာ ဦး တည်ရေး၊ ကြည်း၊ ရေ၊ လေ တပ်မတော်သုံးရပ် စလုံးကို တပြေးညီ ကျစ်လျစ်ခေတ်မီရေး စသည်တို့ကို ကိုယ်စားလှယ်များက တင်ပြဆွေးနွေး ခဲ့ကြကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။

“အရပ်ဘက်ဌာနတွေရဲ့ အကြီးအကဲတွေ အားလုံးကို စစ်တပ်က အငြိမ်းစားတွေ ခန့်ထားတာ ရပ်တန့်ပေးဖို့၊ ဒီလုပ်ရပ်ဟာ အရပ်ဘက် ၀န်ထမ်းတွေရဲ့တက်လမ်းတွေကို ပိတ်ပင်ရာ ရောက်တော့ စစ်တပ်အပေါ်မှာ အမြင်မကြည်မှုတွေ ဖြစ်နေတာတွေ ကို ပြေပျောက်သွားစေချင်တဲ့ အတွက်ပါ”ဟု ဒေါက်တာ အေးမောင် က ဆိုသည်။

မလွှဲ မရှောင်သာ ခန့်ထားရမည်ဆိုပါက ရဲ ဌာနကဲ့သို့ နေရာမျိုး၌ စစ်ယူနီဖောင်းဖြင့်သာ ခန့်ထားရေး စသည့် စစ်တပ်၏ အခန်း ကဏ္ဍများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောသည်။
ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက“ရေတပ် သဘောင်္ကျင်းမှာ လုပ်ခဲ့တဲ့အင်ဂျင်နီယာကို ကုန်းပေါ်က စက်ရုံမှာ ခန့်ထားတော့ သဘောသဘာဝ လုံးဝကွာနေတဲ့ အတွက် အဆင်မပြေမှုတွေနဲ့ ကြုံရတယ်”ဟု ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီဖြစ်၍ ပြည်သူ၏ အခွန်ငွေများဖြင့် သုံးစွဲရမည်ဖြစ်သောကြောင့် ပြည်သူ ယုံကြည်အားထားရသည့် တပ်မတော်ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

“တပ်မတော်သည် အမိ၊ တပ်မတော်သည် အဘ ဆိုတဲ့ ဆောင်ပုဒ်နေရာမှာ ပြည်သူ သည်သာ အမိ၊ ပြည်သူသည်သာ အဘ ဆိုတဲ့စ ကားရပ်ကို အစားထိုး ပြောင်းပေးဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ဦးသိန်းညွှန့် က ပြောသည်။
ကလေး စစ်သား စုဆောင်းမှု ပပျောက်ရေး အပါအ၀င် တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး ကိစ္စကိုလည်း မြှင့်တင်
ပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်ဟု ဦးသိန်းညွှန့် က ဆိုသည်။
“စီးပွားရေးကောင်းမှ တပ်မတော်အင်အားရှိမယ်၊ စီးပွားရေးကောင်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရမယ်၊ နှစ်ပေါင်း ၆၀ ကျော် ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေနဲ့ တိုက်ခိုက်နေရတဲ့အတွက် ဖွံ့ဖြိုးမှု နှေးကွေးနေရတာပါ”ဟုလည်း ၎င်းကပြော သည်။

စစ်တပ်အရာရှိများ ဦးစီးသော စီပွားရေး ဦးပိုင်ကုမ္ပဏီ လီမီတက် နှင့်တပ်မတော်တို့အကြား မည်သို့ ဆက်စပ်ပတ်သက်မှု ရှိ သည်ကိုလည်း ပြည်သူများအား ရှင်းလင်းစွာထုတ်ပြန်ပေးရန် ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး ကလည်း စစ်တပ်က ပြည်သူများ၏ လယ်ယာမြေများကို အဓမ္မသိမ်းယူခြင်းများ နိုင်ငံတ၀န်း ဖြစ်ပေါ်နေမှု၊ စစ်တပ်ပိုင် မြေ၌သာ တပ်ရိက္ခာ စိုက်ပျိုး မွေးမြူရေး လုပ်ရန်၊ လယ်သမားများ၏ အခွင့်အရေး အပြည့်အ၀ ရရန်နှင့်အကာအကွယ်ပေးရန်များကို တင်ပြ ဆွေးနွေးခဲ့ကြောင်း ပြောသည်။
စစ်တပ်လက်အောက်၌ စစ်တက္ကသိုလ် အပြင် တပ်မတော်နည်းပညာ တက္ကသိုလ်၊ ဆေး တက္ကသိုလ်၊ ဆေးဘက် ပညာသင် တက္ကသိုလ် စသည်ဖြင့် ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သီးသန့်ထားရှိခြင်းသည် တပ်မတော်နှင့်ကျောင်းသားများအကြား အ ယူ အဆများ လွဲမှားနိုင်သည့်အတွက် အရပ်ဘက်ဘွဲ့ရကျောင်းသားများကို တပ်မတော်၏ပညာရှင်အပိုင်း၌ နေရာပေးထားခြင်း မျိုး လုပ်ဆောင်ရန် ဆွေးနွေးကြကြောင်းလည်း သိရသည်။
“ဒီလိုမျိုး သီးသန့် တက္ကသိုလ်တွေကြောင့် ဆက်ဆံရေး အမြင်မကြည်မှုရှိတာတွေ ပြေပျောက်သွားဖို့ရယ်၊ ဒီ တက္ကသိုလ် တွေ ကို ပယ်ဖျက်လိုက်ရင် စစ်တပ်ရဲ့ အသုံးစရိတ်တွေလည်း လျော့ကျသွားမှာပါ”ဟု ဒေါက်တာအေးမောင် က ဆိုသည်

တပ်မတော်အား ပြည်ထောင်စု တပ်မတော်အဖြစ်တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုံနှင့်ပါဝင် ဖွဲ့စည်းရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ဒေါက်တာအေးမောင် က ပြောသည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဗိုလ်မှူးကြီး ဌေးနိုင်နှင့် ဗိုလ်မှူးကြီး တင့်ဆန်းတို့ က တပ်မတော် အင်အားရှိရန်လိုအပ်ကြောင်းကို အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်၍ ရှင်းလင်းပြီး အရပ်ဘက်ဌာနများတွင်လည်း တာဝန် ထမ်း ဆောင်ရန် တပ်မတော်မှ အငြိမ်းစားများအား စနစ်တကျလေ့ကျင့်ပေးထားပြီး ဖြစ်ကြောင်းတို့ကို ပြန်လည်ချေပ ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။
စစ်တပ်၏ အခန်းကဏ္ဍလျှော့ချရေးနှင့်ပတ်သက်၍ ဒီမိုကရက်တစ် အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် စစ်တပ်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်က နှစ်သက်မှုမရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။

လက်ရှိ မြန်မာ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားသည် ၃ သိန်း ၀န်းကျင် ရှိကြောင်း စစ်ဘက် အသိုင်းအ၀န်းက ပြော ဆိုထားပြီး စစ်တပ် အသုံး စရိတ်ကို လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် တနိုင်ငံလုံး စရိတ်၏ ၁၅ ရာခိုင်နှုန်းနီးပါး လျာထားကြောင်း အစိုးရ ထုတ်ပြန်ချက်အရ သိရသည်။

Source :ဧရာဝတီ


An MSF doctor examines a baby at the MSF project in Kutupalong makeshift camp. Bangladesh 2010 © Giulio Di Sturco/VII Mento 


By Bill Davis, MA, MPH 

Last week, the Special Rapporteur on the Situation of Human Rights in Myanmar called on the Burmese government to officially engage ethnic minority groups in serious dialogue and grant them fundamental rights. He specifically referenced the rights of the Rohingya in this call to action.

The Rohingya are one of the most persecuted minorities in Burma. Forced labor, extortion, restrictions on movement, forced deportation, and rape (pdf) by Burmese authorities have all been documented by human rights groups.

Many Rohingya have fled the atrocities in Burma for neighboring Bangladesh. However, the situation there is nearly as bad. According to the UN High Commissioner for Refugees, only 28,000 out of some 400,000 Rohingyas are officially recognized by the Bangladeshi authorities as refugees.
The undocumented Rohingya live in squalor, are regularly harassed by the local police, and are not able to access international humanitarian aid. PHR’s March 2010 emergency report, Stateless and Starving: Persecuted Rohingya Flee Burma and Starve in Bangladesh, found atrocious water and sanitation conditions, severe food insecurity, and multiple human rights violations, including arbitrary arrest and forced expulsion by Bangladeshi authorities.

Little progress has been made on a political solution to this problem. In a December 2011 meeting between Burmese President Thein Sein and Bangladeshi Prime Minister Sheikh Hasina, Thein Sein said Burma would allow documented Rohingya refugees from Bangladesh safely back into Burma. But since the vast majority of Rohingya in Bangladesh are not documented, it is unlikely that they will be allowed to return. Agreements like this serve to improve Burma’s image in the international community, but in fact do nothing to alleviate the suffering of hundreds of thousands of Rohingya.

If the Burmese government is truly serious about building lasting peace, it should immediately change the way it treats Rohingya. PHR strongly urges the Burmese government to end forced expulsions of Rohingya individuals, and to recognize the rights of all Rohingya, documented and otherwise.

PHR calls on the Bangladeshi government to cease arbitrary arrests of Rohingya and to allow aid organizations to help all Rohingya refugees. The human rights violations that have happened for decades against Rohingya are far too serious to be ignored by Burma’s reforms.


Bill Davis is the Director of the Burma Project at PHR.

Source here



A report from Irish Centre for Human Rights about the Rohingya in Western Burma. The Report is based on extensive research and on a fact-finding mission to Burma, Thailand and Bangladesh conducted by experts in international criminal investigation. As well as interviewing organisations working in the region, investigators met with Rohingya victims in and around refugee camps in Bangladesh. The Rohingyas’ plight has been overlooked for years and the root causes of their situation still remain under-examined. The Irish Centre for Human Rights’ Report identifies and discusses some of these causes and concludes the Rohingyas have been victims of human rights violations amounting to crimes against humanity.

The Report affirms that people committing, allowing, aiding and abetting these crimes must be held accountable. The international community has a responsibility to protect the Rohingyas, to respond to the allegations of crimes against humanity and ensure that violations and impunity do not persist for another generation.

Read More Here
Download Here
Download Here


Crimes against Humanity in Western Burma: The Situation of the Rohingyas
တပ်မ​ တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်ကို တနှစ်ပြည့်​ပြီး​တဲ့​ ​နောက်မှာ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က​နေ ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့​ နိုင်ငံ​တော်ပြန်တမ်း​ ထုတ်ပြန်ပြီး​ ကာကွယ်​ရေး​ဦး​စီး​ချုပ်အဖြစ် အတည်ပြု ပြန်လည်ခန့်​အပ်လိုက်ပါတယ်။

တနှစ်အတွင်း​ မှာ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ မြန်မာတပ်မ​တော်ကို ဘာ​တွေ လုပ်​ဆောင်နိုင်ခဲ့​သလဲ ဆိုတဲ့​အမြင်နဲ့​ ပတ်သက်ပြီး​ ဒီဗွီဘီ သတင်း​ထောက် ကိုမင်း​လွင်က ပြည်ပအ​ခြေစိုက် ဒီမိုက​ရေစီနဲ့​ဖွံဖြိုး​တိုး​တက်​ရေး​အင်အား​စုမှ ဦး​ဌေး​အောင်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ တပ်မ​တော်အ​ပေါ် ဘာ​တွေလုပ်​ဆောင်ခဲ့​လဲ။

“ဗိုလ်ချုပ်ကြီး ​ မင်း​အောင်လှိုင်အ​နေနဲ့​ သူကာကွယ်​ရေး​ ဦး​စီး​ချုပ်တာဝန် ထမ်း​ဆောင်​နေတဲ့​ သက်တမ်း​မှာ သူအ​နေနဲ့​ ပြည်တွင်း​စစ် ပြန်ပြီး​တော့​ ရင်ဆိုင်လာရတာ ရှိတယ်။ အထူး​သဖြင့်​ ဗမာ့​တပ်မ​တော်အ​နေနဲ့​ ​နောက်ပိုင်း​မှာရှိတဲ့​ ​ကေအိုင်အိုနဲ့​ တိုက်ပွဲ​တွေမှာ အပြင်း​အထန် ဖြစ်ပွား​ပြီး​တော့​ အကျအဆုံး​တွေ များ​ခဲ့​တဲ့​ အ​နေအထား​တွေလည်း​ ရှိတယ်။ အဲဒါ​ကြောင့်​ ဒီသမ္မတက အပစ်အခတ် ရပ်စဲဖို့​ အမိန့်​ပေး​တာ​တောင်မှ မလိုက်နာဘဲနဲ့​ အခုထိ စစ်ဆင်​ရေး​တွေ နွှဲ​နေတဲ့​ အ​နေအထား​မျိုး​တွေရှိတယ်။ ​နောက်တချက်က ပြန်ကြည့်​မယ်ဆိုရင် အ​မေရိကန် ပြည်​ထောင်စုအ​နေနဲ့​ သမ္မတဦး​သိန်း​စိန် အစိုး​ရနဲ့​ ဆက်ဆံ​ရေး​တွေ ပြန်ပြီး​တော့​ ​ပြေလည်လာတဲ့​အ​ပေါ်မှာ တပ်မ​တော်ကိုလည်း​ ချဉ်း​ကပ်လာတဲ့​ပုံမျိုး​၊​ ကမ်း​လှမ်း​လာတဲ့​ ပုံစံမျိုး​ရှိတယ်။ အ​မေရိကန်ရဲ့​ အထူး​ကိုယ်စား​လှယ် ဒဲရစ်မီရှယ်က​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​တဲ့​ သာဓက​တွေလည်း​ ရှိတယ်။ ​နောက်တခုက ကာကွယ်​ရေး​ဦး​စီး​ချုပ် မင်း​အောင်လှိုင်အ​နေနဲ့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​တွေ့​ဆုံတဲ့​ ​နေရာမှာ နိုင်ငံတကာအ​နေနဲ့​ သံသယရှိ​စေတဲ့​ တပ်မ​တော်အ​နေနဲ့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​က​နေ ​နောက်​ကြောင်း​ပြန်လှည့်​သွား​မလား​ ဆိုတဲ့​ စိုး​ရိမ်ချက်​တွေအ​ပေါ်မှာ သူ့​အ​နေနဲ့​ ​နောက်​ကြောင်း​ပြန်လှည့်​သွား​စရာ မရှိပါဘူး​ဆိုတဲ့​ ကတိပြု ​ပြောကြား​သွား​တာမျိုး​ကို ကျ​နော်တို့​အ​နေနဲ့​ ထူး​ခြား​ချက်အ​နေနဲ့​ ​တွေ့​ရတယ်။”

ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ကို လူပုဂ္ဂိုလ်တ​ယောက်အ​နေနဲ့​ ဘယ်လိုလူစား​မျိုး​လို့​ သုံး​သပ်​ပြောဆိုလို့​ ရမလဲ။

“တခု​တော့​ ရှိပါတယ်။ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ပဲ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေကိုယ်တိုင်က စိတ်ကြိုက်​ရွေး​ချယ် တာဝန်​ပေး​ခဲ့​တာပဲ​လေ။ အဲဒီ​တော့​ ဘာပဲဖြစ်ဖြစ် ​ယေဘုယျ ​ပြောမယ်ဆိုရင်​တော့​ သူ့​အ​နေနဲ့​က​တော့​ အထက်က​ပေး​တဲ့​ အမိန့်​၊​ အထူး​သဖြင့်​ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေရဲ့​ ဩဇာသက်​ရောက်မှုက ပိုများ​နေတယ်လို့​ ကျ​နော်တို့​ ​ပြောလို့​ရနိုင်ပါတယ်။”

ကျ ​နော်တို့​တွေ ကြား​သိရသ​လောက် ဥပမာ သံတမန် အသိုင်း​အဝိုင်း​က​နေ သတင်း​တွေ ထွက်​နေတဲ့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ဟာ စစ်တပ်ကို professional army မျိုး​ ဖြစ်​စေချင်တယ်လို့​ အ​မေရိကန် ကိုယ်စား​လှယ်​တွေကို သူ​တွေ့​ဆုံတဲ့​အခါမှာ ​ပြောပြတယ်ဆိုပြီး​တော့​၊​ ဦး​ဌေး​အောင်တို့​ အ​နေနဲ့​ ဘယ်လို သုံး​သပ်ပါသလဲ။

“ဟုတ်ပါတယ်။ ဒါက​တော့​ နဝတ၊​ နအဖ သူတို့​ အာဏာ စသိမ်း​ကတည်း​က တပ်မ​တော်ကို ​ခေတ်မီပြီး​ အင်အား​တောင့်​တင်း​တဲ့​ တပ်မ​တော်ဖြစ်​အောင် တည်​ဆောက်မယ်ဆိုပြီး​ သူတို့​စီမံချက်​တွေ ချပြီး​ လုပ်ခဲ့​တာပဲ​လေ။ ဒါ​ပေမယ့်​လည်း​ အ​နောက်နိုင်ငံ​တွေက ပိတ်ဆို့​အ​ရေး​ယူမှု​တွေ လုပ်ထား​တဲ့​ အ​နေအထား​မှာ သူတို့​ စိတ်ကြိုက် တပ်မ​တော်ကို အစွမ်း​ထက်မြက်​အောင် မလုပ်နိုင်ခဲ့​ဘူး​။ သူတို့​ အ​နေနဲ့​ မလွှဲသာ မဖြစ်သာ တရုတ်နိုင်ငံလို၊​ ​မြောက်ကိုရီး​ယား​လို နိုင်ငံမျိုး​နဲ့​ ဆက်ဆံခဲ့​ရတယ်။ အဲဒီ နိုင်ငံ​တွေက​နေပြီး​ ​ဈေး​ပေါ​ပေါနဲ့​ ​ရောင်း​ချတဲ့​ လက်နက်ပစ္စည်း​တွေကို ဝယ်ယူသုံး​စွဲခဲ့​ရတာမျိုး​ ရှိတယ်။ အဲဒီ အ​နေအထား​နဲ့​ ကြည့်​မယ်ဆိုရင် မြန်မာနိုင်ငံအ​နေနဲ့​ လူအင်အား​အရ များ​ပေမယ့်​ စစ်​ရေး​စွမ်း​ရည်မှာ​တော့​ အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံကို လိုက်မမီတဲ့​ သ​ဘော ရှိတယ်​လေ။ ဒီ​တော့​ အ​မေရိကန်နဲ့​ ဦး​သိန်း​စိန်အစိုး​ရ ဆက်ဆံ​ရေး​ ပြန်​ကောင်း​လာတဲ့​ အ​ပေါ်မှာ မြန်မာတပ်မ​တော်ကိုလည်း​ပဲ အ​မေရိကန်တပ်မ​တော်က ကမ်း​လှမ်း​လာတဲ့​ အ​နေအထား​တွေ ရှိတယ်။ မကြာ​သေး​ခင်ကပဲ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင် ထိုင်း​နိုင်ငံကို သွား​ပြီး​ ထိုင်း​မှာ အ​မေရိကန်က နှစ်စဉ် စစ်​ရေး​လေ့​ကျင့်​မှု​တွေမှာ မြန်မာ့​တပ်မ​တော်အ​နေနဲ့​လည်း​ ပါဝင်ဖို့​ သူတို့​ကမ်း​လှမ်း​လာတဲ့​ အ​နေအထား​မျိုး​ စုံစမ်း​နေတဲ့​ အ​နေအထား​မျိုး​ ရှိတာကို ကျ​နော်တို့​ ​တွေ့​ရတာ ရှိတယ်။

“​ နောက်တခုကလည်း​ အစဉ်အဆက်ကို ဦး​နေဝင်း​လက်ထက်ကတည်း​က ကြည့်​မယ်ဆိုရင် မြန်မာ့​တပ်မ​တော်အ​နေနဲ့​ အ​မေရိကန်မှာ စစ်ဦး​စီး​ သင်တန်း​တွေ သွား​တက်တာမျိုး​၊​ ​နောက်တခုက မြန်မာ​ထောက်လှမ်း​ရေး​ အ​နေနဲ့​လည်း​ အ​မေရိကန် စီအိုင်​အေမှာ သွား​ပြီး​ သင်ကြား​တာမျိုး​တွေ ရှိတယ်။ အခုလည်း​ပဲ အ​မေရိကန် စီအိုင်​အေ ညွန်ချုပ်ကိုယ်တိုင် မြန်မာပြည်ကိုလာဖို့​ ပြင်ဆင်​နေတယ်လို့​ ကြား​ရတယ် ဆို​တော့​ ​ရေရှည်မှာ​တော့​ ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်အ​နေနဲ့​ သူ့​အ​နေနဲ့​ ဆန္ဒ ရှိမယ်ဆိုရင် အ​မေရိကန် စစ်​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်လာနိုင်တယ်။ အဲဒီလို လုပ်တာဟာ တနည်း​အား​ဖြင့်​လည်း​ မြန်မာ့​တပ်မ​တော် အ​နေနဲ့​ စစ်​ရေး​စွမ်း​ရည်ပိုင်း​မှာ​ရော၊​ လက်နက်​ခေတ်မီတဲ့​ အပိုင်း​မှာပါ အများ​ကြီး​ ​ပြောင်း​လဲနိုင်တယ်လို့​ ကျ​နော်က ယူဆပါတယ်။”

တကယ်လို့ ​ သူရည်မှန်း​သလိုမျိုး​ မြန်မာ့​တပ်မ​တော်ကို professional army လမ်း​ကြောင်း​ပေါ် ​ရောက်သွား​တဲ့​အခါကျရင် မြန်မာ့​တပ်မ​တော်က​ရော ​ရေရှည် အနာဂတ် မြန်မာ့​နိုင်ငံ​ရေး​မှာ ဝင်​ရောက်စွက်ဖက်တာ၊​ ​နှောင့်​ယှက်တာမျိုး​တွေ အဲလို ဖြစ်လာနိုင်ဖို့​ ရှိလား​။

“တခု​တော့​ ရှိပါတယ်။ အဲဒါက​တော့​ သူတို့​အ​နေနဲ့​ စိုး​ရိမ်စိတ်​တွေ ​ပျောက်ကွယ်သွား​မယ် ဆိုရင်​တော့​ ဗမာ့​တပ်မ​တော်အ​နေနဲ့​ ဒီမိုက​ရေစီနိုင်ငံ​တွေရဲ့​ တပ်မ​တော်နည်း​တူ၊​ professional တပ်မ​တော်အ​နေနဲ့​ ပြန်ပြီး​တော့​ အသွင်​ပြောင်း​လာနိုင်ပါတယ်။ ဒါ​ပေမယ့်​ လတ်တ​လော အ​နေအထား​မှာ​တော့​ ကျ​နော့်​ရဲ့​ အမြင်အရက​တော့​ သူတို့​မှာ စိုး​ရိမ်စိတ်​တွေက နက်နက်ရှိုင်း​ရှိုင်း​ ရှိ​နေ​သေး​တယ်။ စိုး​ရိမ်စိတ် ဆိုတဲ့​နေရာမှာ သူတို့​ရဲ့​ အကျိုး​စီး​ပွား​တွေအတွက် ပါသလို ပြည်​ထောင်စု တကယ်ပြိုကွဲသွား​မှာကိုလည်း​ တကယ်စိုး​ရိမ်တဲ့​ အချက်​တွေ တပ်မ​တော်ရဲ့​ အစိတ်အပိုင်း​တချို့​မှာ ရှိ​နေနိုင်ပါတယ်။ အဲ့​တော့​ ဒီစိုး​ရိမ်ချက်​တွေကို ​ပျောက်သွား​အောင် မြန်မာပြည်မှာ ပါဝင်ပတ်သက်​နေတဲ့​ မြန်မာနိုင်ငံသား​တိုင်း​က ကြိုး​စား​ လုပ်​ဆောင်ကြမယ်ဆိုရင်​တော့​ သူတို့​အ​နေနဲ့​ တဖြည်း​ဖြည်း​ ယုံကြည်မှု​တွေ ရလာတာနဲ့​အမျှ တပ်မ​တော်ဟာ နိုင်ငံ​ရေး​နဲ့​ တိုက်ရိုက်​ပေါ့​ ဆက်စပ်မှု မရှိဘဲနဲ့​ အခုလို နိုင်ငံ​ရေး​ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ မပါဝင်ဘဲ တပ်မ​တော်ဟာ ကာကွယ်​ရေး​ တာဝန်​တွေကိုသာ ထမ်း​ဆောင်တဲ့​ professional army ဖြစ်လာနိုင်တဲ့​ အလား​အလာ​တွေ အများ​ကြီး​ရှိတယ်လို့​ ကျ​နော်က ထင်ပါတယ်။”

Source :မင်းလွင် DVB 

ဓါတ်ပုံ(ရဲတိုက်-ဖေ့စ်ဘုတ်)
သရုပ်ဆောင်ရဲတိုက်က အန်အယ်လ်ဒီပါတီကို ၀င်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မီဒီယာ ကို ယနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ ၀င်ဖို့ဆုံးဖြတ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးYPI က ဆက်သွယ် မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။

YPI။ ။ကိုရဲတိုက်ကပါတီဝင်မယ်ဆိုတော့ ပါတီဝင်ပြီး NLD ကို ထောက်ခံတာနဲ့ မဝင်ဘဲနဲ့ထောက်ခံတာနဲ့ ဒီတိုင်းဘယ်အရာက ထူးခြားမယ်ထင်လို့ အစ်ကိုဝင်တာလဲ။

ရဲတိုက်။ ။ပထမဦးဆုံးအမေစုပြောတဲ့စကားတစ်ခွန်းကိုသတိရမိပါတယ်။ အနုပညာရှင်တွေလဲ တာဝန်ရှိတယ်လို့ Freedome (Freedom film festival) မှာအမေ ပြောသွားတာ။ အဲ့ဒီတာဝန်ကို ကျွန်တော် အရင် ကျေအောင် ကြိုးစားရင်းနဲ့ ကျန်တာတွေကိုပါ တာဝန်ယူချင်လာတယ်။ အပြင်အနုပညာ ရှင်အနေနဲ့ အားပေးတာထက် ပါတီဝင်ပြီးတော့ အားပေးတာပိုပြီးတော့ အားကိုးရမယ် မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ပါတီဝင်ဖြစ်တာပါ။

YPI။ ။ ရှမ်းပြည်နယ်ဘက်ကိုသွားဖို့ရှိတယ်ဆိုတော့ အောင်နိုင်ရေးတွေအတွက် ကူညီဖို့တွေရှိ လား၊ အခြားဘာတွေ ကူညီဖို့ရှိသေးလဲ။

ရဲတိုက်။ ။ ကျွန်တော်တတ်နိုင်တဲ့ဘက် ၊တတ်နိုင်တဲ့နေရာကနေ အကုန်လုံး ကူညီသွားမှာပါ။ ရှမ်းပြည်နယ်မှ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား ကျွန်တော်တို့ အနုပညာရှင်တွေကို လိုက်သင့်တယ်၊ လိုက်ခဲ့ဖို့ခေါ်ရင် လိုက်မှာပါ။

YPI။ ။ NLD ပါတီကို အခုလက်ရှိအခြေအနေမျိုးမှာ ဘာလို့ဝင်ချင်စိတ်ပေါက်ရတာလဲ။ အစ်ကို့အနေနဲ့ နိုင်ငံရေးကိုပို စိတ်ဝင်စားလားလို့လား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကြောင့်လား။

ရဲတိုက်။ ။ နှစ်ခုစလုံး မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန်မှ လေးစားမိပါတယ်။ လက်တလောမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေအားလုံးကိုလည်း ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းလည်းဝမ်းသာမိတယ်၊ မုဒိတာလည်းပွားမိပါတယ်၊ ကျေလည်းကျေနပ်မိပါတယ်၊ အားလည်းတက်မိတယ်။

YPI။ ။ အနုပညာရှင်တစ်ယောက်က ပါတီနိုင်ငံရေး လုပ်မယ်ဆိုတော့လေ အဲ့ဒီလုပ်ငန်း နှစ်ခုမှာ ရောထွေးမှု မရှိနိင်ဘူးလား။

ရဲတိုက်။ ။ မရှိနိုင်ပါဘူးလို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာနဲ့ ၊ပရဟိတကိုတွဲလုပ်တုန်းကလည်း ရောထွေးမှု မရှိခဲ့ပါဘူး။ အချိန်ပိုင်းခြားပြီး သူအလုပ်နဲ့ သူလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံရေးဆိုတာ တကယ်တော့ ကျွန်တော် ရင်ထဲမှာ ခံယူထားတာက နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ အင်အားကို တောင်းဆိုတဲ့အတွက် ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ အားဖြည့်ပေးပါဆိုတဲ့ စကားကို ယုံယုံကြည် ကြည်နဲ့ အားဖြည့်ပေးတာပါ။

YPI။ ။ အစ်ကို့ကို နောက်ပိုင်းမှာ နိုင်ငံရေးသမားလို့မြင်စေချင်သလား။ အနုပညာရှင် မင်းသားတစ်ယောက်လို့မြင်စေချင်သလား။

ရဲတိုက်။ ။ ကျွန်တော့်ကို မြန်မာနိုင်ငံသားတစ်ယောက် လိုမြင်ပေးရင်ရပါပြီ။

YPI။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုတာ တစ်ခုတည်းနဲ့ ဝင်တာလား။ အစ်ကိုရဲ့ ယုံကြည်ချက်ကြောင့်လား။ အစ်ကိုရဲ့ နောက်ဆုံးယုံကြည်ချက်တစ်ခုကို ပြောပြပေးပါ။

ရဲတိုက်။ ။ ကျွန်တော်ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။












Source :YPI


Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - Eleven Media Group)
 ရွေးကောက်ပွဲ သန့်ရှင်းလျှင် ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်သည်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ယနေ့ ပြောဆိုလိုက်သည်။

ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Dirk Niebel နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့မနက် ၁၁ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံအပြီး င်းပပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။




“ကြားဖြတ်ရွေးကောက်ပွဲက လုံးဝ တရားမျှတ သန့်ရှင်းလွတ်လပ်တယ် ဆိုရင်၊ ဆန္ဒမဲပေးမှုတွေက လွတ်လပ်မျှတတယ် ဆိုရင်ဥရောပသမဂ္ဂ အနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ စဉ်စားတာတွေ စလုပ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Mr. Dirk Niebel ကလည်း ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတရေးနှင့် မဲဆွယ်စည်းရုံးမှုများ လွတ်လပ် တရားမျှတစွာ လုပ်ခွင့်ရှိရေးသည် မြန်မာ့ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်အတွက် လွန်စွာအရေးကြီးကြောင်း ပြောသည်။ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်တွင် ကြားဖြတ်ရွေးကောက်ပွဲက အဓိက အရေးပါသကဲ့သို့ အပြောင်းအလဲဖြစ်စဉ် အတွက်လည်း အလွန် အရေးကြီးကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသာမက မဲဆွယ်စည်းရုံးမှုများသည်လည်း လွတ်လပ်၍ တရားမျှတ ရမည် ဖြစ်ကြောင်း သူကဆိုသည်။
“မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ လိုအပ်တာကိုလည်း ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားဖို့ ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲပြီး နောက်ပိုင်း၊ လွှတ်တော်ထဲမှာ အတိုက်အခံတွေ ရောက်ရှိလာပြီးတဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီး တည်ငြိမ်ဖို့ လိုပါတယ်” ဟု ဂျာမန်ဝန်ကြီးက ရှင်းပြသည်။


ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတ လွတ်လပ်ရေးသည် မဲပေးသည့်နေ့ တနေ့တည်းကို ကြည့်၍မရဘဲ ရွေးကောက်ပွဲဖြစ်စဉ် တခုလုံးကို ခြုံကြည့်ရန် လိုအပ်ကြောင်း၊ ခြိမ်းခြောက်မဲပေးခိုင်းမှု၊ မဲဝယ်မှုများ မရှိရန်လည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

“မဲဆွယ်စည်းရုံးမှုအပါအဝင် ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံး တရားမျှတ လွတ်လပ်မှ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ ခေါ်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂသည် ရှင်းလင်းပြတ်သားသော လမ်းပြမြေပုံရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတ လွတ်လပ်ရန်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန်၊

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ဆောင်ရွက်ရန်တို့သည် အဓိက ကျပြီး အရေးကြီးသော အချက်များဖြစ်ကြောင်း ဂျာမန်ဝန်ကြီးက သတင်းထောက်များကို ပြောသည်။
“အမျိုးသား ပြန်လည်သင့်မြတ်ရေး သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ စတင်ရမှာဖြစ်ပြီး အချိန်တိုအတွင်း ပြီးမြောက် အောင်မြင်ရမယ်။ အဲဒါကို စတင်ရမယ်။ နောက်ပြီး ဧပြီလမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်မှုတွေ လုပ်ပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက် တိုးတက်မှု ရှိသလဲ ဆိုတာအပေါ် မူတည်ပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင်ပင် ဥရောပကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ Mr.Andris Piebalgs နှင့်လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့သည်။
ဥရောပ သမဂ္ဂအဖွဲ့ဝင်များသည် မြန်မာအစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတရန် ပြင်ဆင် ထားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Source -ဧရာဝတီ


By မသင်းသီရိ



ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Vijay Nambia) ဟာ ဒီကနေ့ နေပြည်တော်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအပြင် ရွေးကောက်ပွဲနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ကျင်းပနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒဆိုင်ရာ ညီလာခံကိုလည်း မစ္စတာ ဗီဂျေးနမ်ဘီးယား တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနဲ့ အမြင်သဘောထား တွေကိုလည်း ရှင်းပြခဲ့ပါတယ်။ အခု မစ္စတာ ဗီဂျေးနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်းနဲ့အတူ နေပြည်တော်မှာ လုပ်နေတဲ့ စီးပွားရေးဆိုင်ရာ ညီလာခံအကြောင်းတွေကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား ဟာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် တနင်္လာနေ့ မနက်မှာတော့ နေပြည်တော်က အစိုးရပိုင်း တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံတယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးတယ် ဆိုတာကိုတော့ မစ္စတာ ဗီဂျေးနမ်ဘီးယား ဆီကနေ မသိရသေးပါဘူးလို့လည်း ပြောပါတယ်။

“ဗီဂျေးနမ်ဘီးယားက ဒီနေ့ မနက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ပါတယ်ခင်ဗျ။ နောက်ပြီးတော့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့တယ်။ ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တယ်။ ပြီးတော့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးနဲ့ တွေ့တယ်။ နောက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တွေ့ပါတယ်ခင်ဗျ။”

မနက်ဖြန်မှာလည်း မစ္စတာ နမ်ဘီးယားဟာ နေပြည်တော်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး နောက်ထပ် အစိုးရ အဖွဲ့ထဲက တာဝန်ရှိသူတွေ လွတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ဗီဂျေးနမ်ဘီးယား ဟာ နေပြည်တော်က MICC မှာ ကျင်းပနေတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညီလာခံ ဖြစ်ပြီး အဲဒီမှာ မစ္စတာ နမ်ဘီးယားက လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားတွေပေါ် ကုလသမဂ္ဂရဲ့ သဘောထားတွေကို ရှင်းပြသွားတယ်လို့ ဒီညီလာကို တက်ရောက်နေတဲ့ ဗဟုအဖွဲ့က ဦးဇော်ဦးက ပြောပါတယ်။

“သူကတော့ ဒီ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာတဲ့ဟာကို ဇောင်းပေးပြီး ပြောသွားတာပဲလေ။ ဒီ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုကလည်း ဆက်စပ်နေတယ်။ ဒီစီးပွားရေး ဖွံ့ဖြိုးမှု နောက်ကနေ ထပ်ချပ်မကွာ လိုက်လာပြီးတော့ တကယ် အဓိပ္ပာယ်ရှိတဲ့ ဖွံ့ဖြိုးမှု တစ်ခုဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျနော်တို့ ဦးစားပေး ဆွေးနွေးတာဖြစ်တဲ့ အတွက်ကြောင့် သူ့အနေနဲ့ကလည်း သူရဲ့ နိုင်ငံရေးအရ ကြားဝင် ဆောင်ရွက်မှုတွေ၊ အောင်မြင်မှုတွေ၊ ဒါတွေဟာ အထောက်အကူ ပြုနေတယ် ဆိုတဲ့ ကိစ္စကိုလည်း သူက ပြောသွားတဲ့ဟာကို ကျနော်တို့ နားထောင်ခဲ့ရပါတယ်။”

ဒါ့အပြင် ဒီညီလာခံကို အခု မြန်မာနိုင်ငံကို ရောက်နေတဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင်နာ မင်းကြီး Andris Piebalgs လည်း တက်ရောက်ခဲ့ပြီး အီးယူကနေ မြန်မာနိုင်ငံကို နောက်ထပ်တိုးပေးမယ့် အကူအညီ ကိစ္စတွေကိုလည်း ရှင်းပြသွားတယ်လို့ ပြောပါတယ်။

“အဓိက ကတော့ ဒီ အီးယူက မြန်မာနိုင်ငံမှာ ပြောင်းလဲနေတဲ့ ဖြစ်စဉ်အပေါ်မှာ အင်မတန်မှ ကျေနပ် အားရမှုရှိတယ်။ ပြီးရင် လာမယ့်နှစ်ကနေ စပြီး နောင် ရေရှည် အတွက် ဖွံ့ဖြိုးမှုတွေ အတွက်မှာ သူတို့ အနေနဲ့ ကူညီနိုင်မယ့် အစီအစဉ်တွေကိုပါ အခုကတည်းက တပါတည်း စဉ်းစားနေတယ်။ နိုင်ငံတကာ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေရဲ့ ရှေ့မှာပဲ ကျနော်တို့ လုပ်နိုင်မယ့် အနေအထားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ အနေနဲ့လည်း ဒါကို စဉ်းစားပြီးတော့ ပိုပြီး ကူညီနိုင်မယ့် လမ်းစတွေ ပွင့်လာတာကို တွေ့ရတယ် ဆိုပြီး ပြောသွားပါတယ်။”

ဒါ့အပြင် UNDP ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး အာဂျေး ချီးဘာ (Dr. Ajay Chhibber) လည်း တက်ရောက်ပြီး ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒီညီလာခံဟာ မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်လာအောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေရုံတင်မကဘဲ ကျန်းမာရေးနဲ့ ပညာရေး ဘက်တွေကိုပါ အထောက်အကူ ပြုဖို့အတွက် ဦးစားပေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို နိုဘဲလ်ဆုရ ဒေါက်တာ ဂျိုးဇက် စတစ်ဂလစ် (Dr.Joseph Stiglitz ) နဲ့ အတူ မြန်မာစီးပွားရေး ပေါမောက္ခဟောင်းတွေ ဖြစ်ကြတဲ့ ဦးလှမြင့်၊ ဦးရော်နယ်ဖင်လေး အပြင် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးမြင့် အပြင် တခြား နိုင်ငံတကာ နဲ့ ပြည်တွင်းက စီးပွားရေးပညာရှင်တွေနဲ့အတူ အစိုးရ ပိုင်းတွေပါ တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အဲဒီမှာ စီးပွားရေးပညာရှင် ဒေါက်တာ ဂျိုးဇက် စတစ်ကလစ်က မြန်မာနိုင်ငံအတွက် အကြံပြုချက် ၆ ချက်နဲ့ ဆွေးနွေးသွားတယ် လို့လည်း ဦးဇော်ဦးက ပြောပါတယ်။

“နံပါတ်တစ်က ကျနော်တို့ ဒီလယ်ယာ ကဏ္ဍဖွံ့ဖြိုးမှုကို ဆက်ပြီး လုပ်ဖို့လိုတယ်။ နောက်တစ်ချက်က ကျနော်တို့ ဝင်ရောက်လာတဲ့ အထူးသဖြင့် သဘာဝ အရင်းအမြစ်တွေကနေ ရလာမယ့် ဘဏ္ဍာငွေတွေ အပေါ် သုံးစွဲမှုအပေါ်မှာ ပိုပြီးတော့ ခြိုးခြိုးခြံခြံ အကျိုးရှိရှိ အသုံးချနိုင်ဖို့ အရေးကြီးတယ်၊ လူသားအရင်းအမြစ် တွေကို ပြုစုပျိုးထောင်ရေးကလည်း ပထမ အရေးကြီးတယ်။ ဒီနေရာမှာ ကျန်းမာရေး နဲ့ ပညာရေး ကဏ္ဍအပေါ်မှာ ပိုပြီး အကျိုးရှိရှိ အသုံးချနိုင်တယ် ဆိုတာကလည်း အစိုးရ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံတကာနဲ့လည်း ကျနော်တို့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်။ အဲဒါတွေ လုပ်မယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံဟာ အောင်မြင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ် ဆိုပြီးတော့ ပြောသွားတာ တွေ့ရပါတယ်။”

ဗဟုအဖွဲ့က ဦးဇော်ဦး ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပနေတဲ့ ဒီညီလာခံကို မြန်မာအစိုးရနဲ့အတူ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးအပြင် သမ္မတ အကြံပေးအဖွဲ့က ဦးမြင့်ရဲ့ MDRI အဖွဲ့နဲ့အတူ အီးယူကလည်း ပံ့ပိုးကူညီခဲ့တယ်လို့ ဒီပွဲကို စီစဉ်သူတွေက ပြောသလို နိုင်ငံတကာနဲ့ ပြည်တွင်းကပါဆိုရင် ဦးရေ ၄၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

Source : VOA Burmese























DOWNLOAD HERE
__________________________________________________________


MULTI-RELIGIOUS PRAYERS FOR BURMA From Burma Digest

Muslim Doah Prayers by Maulana Hafiz Abdullah 

In the name of Allah, Most Gracious, Most Merciful- – -
Praise be to Allah, The Lord of the Universe,
The Possessor of the Day of Judgment.
We worship only You and we seek Your help only.

Ya Allah, please kindly guide all of our Burmese citizens from this deep darkness into light, into the Straight safe Path. The Path of those on whom You have bestowed Your Mercy.
Oh Allah, we, Burmese citizens are weak and have no power to fight back or resist the cruel, unjust present military leaders. Give enlightenment, repentance and redemption to all of us including our enemy, the present rulers. Please kindly change and soften the heart of the present leaders to give way for the new and better government.

Ya Allah, please kindly remove the oppressors and relieve all of us from the inhumane present government. Please replace them with the kindhearted new government who would rule Burma with justice, fairness and according to the written laws without any bias or corruption.

Oh Allah, please kindly heal our diseases and our wounds. The whole Burma is now infested with physical diseases, mental deteriorations and we are facing the manmade and natural disasters one after another. Economy and business are going downwards steeply but our earning power is low, inflation is out of control and commodity prices are rising daily. Some of us have even loss our jobs. Please have Mercy on all of us, protect us from all the dangers, disasters including the long protracted civil war and restore unity and peace among all of us. Please soften our hardened hearts to love and respect each other to be able to live happily together.

Dear Allah, kindly release Daw Aung San Suu Kyi, all the political leaders and all the political prisoners of Burma. Kindly restore their mental and physical strength to lead our country into a new progressive era.

Please forgive all of us from all the major and small sins, the sins we knowingly committed and accidentally committed. .Yah Allah, give all of our citizens: peace, health, wealth, unity and loving kindness. Because of the incompetent and corrupt military rulers, all of us are poor, downtrodden and looked down by the whole world. Have mercy on all of us, give us hope and elevate the status of all of us. Please grant us success in each and every field we have tried and even we haven’t or could not try or imagine yet.

Amin
Maulana Hafiz Abdullah

On behalf of the expatriate Burmese Muslim Religious leaders.

မြန်မာနိုင်ငံပညာရေးကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါက်တာမြင့်ကြည်ကအဆိုပြုခဲ့ရာ အတည်ပြုခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇန်န၀ါရီလ ၃၀ ရက်က ကျင်းပခဲ့ရာ ယင်းအဆိုကို လွှတ်တော်က တည်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများအဖြစ် အဆင့်မြှင့်တင်ပြုစုရန်နှင့် ခေတ်နှင့်အညီအသုံးချမှု လက်တွေ့ သင်ကြားပို့ချမှုများဖြင့် အသိဉာဏ်နှင့်ကျွမ်းကျင်မှုကို ပြုစုပျိုးထောင်ပေးရန်တို့အတွက် နှစ်စဉ်ဘာသာရပ်သင်ကြားရေးအဖွဲ့ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး မွမ်းမံရေးဆွဲ အတည်ပြုချက်ရယူ၍ သင်ကြားပို့ချလျက်ရှိကာ တတ်မြောက်မှုကို ဖော်ထုတ်သော စစ်ဆေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်တချို့သည် အာဆီယံတက္ကသိုလ်များ ကွန်ရက်အဖွဲ့ဝင် တက္ကသိုလ်များဖြစ်၍ အခြားအဖွဲ့ဝင် ထိပ်တန်းတက္ကသိုလ်များ၏ ပညာရေးအဆင့်မီစေရေးအတွက် ထိုတက္ကသိုလ်များ၏ အုပ်ချုပ်မှုစနစ်နှင့် လိုက်လျောညီထွေရှိသော အုပ်ချုပ်မှုစနစ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း တက္ကသိုလ်များကို နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် မူဝါဒနှင့်ကိုက်ညီမှု ရှိမရှိကိုသာစိစစ်ပြီး ကိုက်ညီပါက လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ခွင့်ပေးထားကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Ph.D Thesis များနှင့် တခြားဘာသာရပ်ဆိုင်ရာအထူးပြု Level အလိုက် ဆောင်ရွက်လျက်ရှိသော သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာ၍ လက်တွေ့နယ်ပယ်တွင် တိုက်ရိုက်အသုံးချနိုင်သော အသုံးချသုတေသနများ ပိုမိုဆောင်ရွက်ခြင်းကို အားပေးလျက်ရှိပြီး ရရှိလာသော သုတေသန တွေ့ရှိချက်များကို သုတေသနစာတမ်းများအဖြစ်ပြုစု၍ သုတေသန ရလဒ်များနှင့် တွေ့ရှိချက်များအား အသုံးချနယ်ပယ်တွင် ပေါင်းစပ်ဆောင်ရွက်ရန် အသိပေးလျက် ရှိကြောင်း နိုင်ငံတကာ ပညာသင်ဆုများဖြင့် ပါရဂူဘွဲ့သင်တန်းသား (၁၀၈) ဦး၊ မဟာဘွဲ့သင်တန်းသား (၉၆) ဦး၊ သုတေသန သင်တန်းသား (၁၄၈) ဦး၊ Training သင်တန်းသား (၈၀၆) ဦး၊ Study Tour (၅၀၃) ဦး၊ ဆွေးနွေးပွဲတက်ရောက်သူ (၈၉၈) ဦး စုစုပေါင်း (၂၅၈၆) ဦးတို့အား ပြည်ပသို့စေလွှတ်ခဲ့ပြီး နှစ်စဉ်တိုးချဲ့စေလွှတ်လျက်ရှိကြောင်း အခြေခံပညာကဏ္ဍတွင် ပညာရေး ရည်မှန်းချက်များနှင့်အညီ ဆရာအပါအ၀င် ပညာရေးဝန်ထမ်းများ၏ လူမှုဘ၀နှင့် အရည်အသွေးမြင့်မားရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မိဘ၊ ဆရာပူးပေါင်း၍ ကျောင်းသားများ၏ ပညာရည်တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။


ရေးသားသူ - ထွန်းထွန်း (အင်တာနက်ဂျာနယ်)


မန္တလေးမြို့ဘာသာပေါင်းစုံ စည်းလုံး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မနေ့ညနေ (၅)နာရီမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမဲ့ နေရာအသုံးခွင့် မရလို့ ပွဲပျက်သွားခဲ့ပြီး လမ်းဘေးမှာ အကျဉ်းရုံး ကျင်းပခဲ့ရ ကြောင်းသိရပါတယ်။

ဆုတောင်းပွဲအတွက် မန္တလေးဈေးချိုဟိုတယ် မင်္ဂလာခန်းမ ကိုငှားရမ်းခဲ့ရာမှာ ဟိုတယ်က သဘောတြူပီး စရံ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကျင်းပဖို့ ရက်အနည်းငယ် အလိုမှာ မန္တလေးမြို့တော်ဝန်က လက်မခံဖို့ ဟိုတယ် တာဝန်ခံကို ဖုန်းဆက ပြောဆိုလိုက်တဲ့ အတွက် ဆုတောင်းပွဲ ပျက်သွားခဲ့ရတယ်လို့ ပွဲစီစဉ်သူ မြန်မာမူဆလင် အသင်းက ကိုမောင်မောင်က အာအက်ဖ်အေကိုပြောပါတယ်။


ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကို ၁၂-၂-၂၀၀၁၂ နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ခွင့်ပြုမိန့် တောင်းခံခဲ့ပါတယ် ၊ ခွင့်ပြုမိန့် ရရှိသည့်အတွက် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီးခါမှ ပျက်ပြယ်သွားရသည့် အကြောင်းကို ကျင်းပရန်စီစဉ်ထားသည့် မန္တလေးဈေးချိုဟော်တယ်အောက်တွင် မကျင်းပဖြစ်သည့်အကြောင်းအား ဘဒ္ဒန္တ ဦးဝိစိတ္တဘိဝံသ(ရှင်ဝီရသူ) နာယကဆရာတော် ၊ ဓမ္မသဟာရတိုက် ၊ မစိုးရိမ်တိုက်သစ် ၊ မန္တလေးမြို့မှ ရှင်းလင်းပြောခဲ့သည်။
ဒီဆုတောင်းပွဲကို မကြာသေးခင်ကမှ သမ္မတလွတ်ငြိမ်းခွှင့်နဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဆရာတော် ဦးဝိရသူ နဲ့ တိုင်ပင်ပြီး အခုလို ဘာသာပေါင်း စုံချစ်ကြည်ရေး ဆုတောင်းပွဲကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ် မန်နေဂျာက တိုင်းအစိုးရ ဝန်ကြီးရုံး က ခွင့်ပြုအမိန့်စာ ပြနိုင်ရင် ငှားရမ်းမယ် ဆိုတဲ့အတွက် ဌာနဆိုင်ရာ အဆင့်ဆင့်ရဲ့ ခွင့်ပြုအမိန့် ရရှိခဲ့ပြီး ဖြစ်ကြောင်းလည်း ကိုမောင်မောင် က ပြောပါတယ်။

သတ်မှတ်ထားတဲ့ နေ့ရက်မှာ ဈေးချိုဟိုတယ်ကို သွားတဲ့အချိန်မှာတော့ ဟိုတယ် ဝန်ထမ်းတွေက အဝင်တံခါးကို သော့ခတ်လိုက်တဲ့အတွက် ဆရာတော် ဦးဝိရသူ ကြွရောက်လာတဲ့အခါ ဈေးချိုဟိုတယ်ရှေ့က ပလက်ဖေါင်း ပေါ်မှာပဲ ဝတ်ပြု ဆုတောင်းပွဲကို အကျဉ်းရုံး ကျင်းပခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ဆုတောင်းဝတ်ပြုပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ ခရစ်ယာန် ဘာသာဝင်စုစုပေါင်း လူဦးရေ ၁၀၀ နီးပါးနဲ့ အကျဉ်းရုံး ကျင်းပခဲ့ပါတယ်။

Source :RFA မြန်မာ

ဖွင့်ပွဲ အခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၏ ရုံးခန်းဖွင်ပွဲအခမ်းအနားကို ယနေ့ ၁၃ ရက်နေ့ နံနက် ရှစ်နာရီခွဲတွင် ဓမ္မစေတီလမ်း၌ ကျင်းပပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ရုပ်ရှင်လောကသားများ၊ အရှင်ဆန္ဒာဓိက၊ နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြသည်။








(ဓာတ်ပုံ-ဥက္ကာကိုကို)

Source  : 7 Days News Journal





Bogyoke Aung San, Daw Su (his mother), Daw Khin Kyi and their children

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး'
ရေးသူ-ဒေါ်အောင်ဆန်းစုကြည် -မြန်မာပြန် - ဒေါက်တာအောင်ခင်


ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲ ခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်း ရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း(၃၀) အကြာတွင် ဖြစ်ပါသည်။

နတ်မောက် နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ်သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက်လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသား ဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သား အရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘောကျ၍ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ် ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်း စောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်း စာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင် သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ်မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ် ဖြစ်ပါသည်။

မိမိ၏ နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံချောင်း အမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ်ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာ မဟုတ်သော်လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော်လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံ ထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ် ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်းကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင် ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနား ကြင်နာခဲ့ ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့ သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သော ကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန် နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူငယ် အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုးချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေး အကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန်များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည် မဟုတ်သော အမျိုးသားရေး စိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များလည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။

အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်းသော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်” ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင် အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံး အနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့၏။

သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက် တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင် ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြား ခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး ကို ဆောင်ရွက်ရာ ရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံရေးသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင် ၀င်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီလူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက် အလေးထားပါသည်။

နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ် ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

အောင်ဆန်းစုကြည်

Source : 88 New Generation Blog

Open letter to the International Institute of Advanced Islamic Studies (IAIS) Malaysia to help lobby for the Myanmar Muslims in Malaysia.
Former PM Tun Dr. Mahathir Mohamad With Dr. Ko Ko Gyi 
As a Minority Religious Group in Myanmar, Myanmar Muslims must try to made peace not only with the majority Bamas but with all the other Minority Ethnic Groups and Minority Religious Groups. We must not only engage with the people but with the government, military, opposition and all the democratic forces i.e. we must engage and try to work together with all the people on the both side of the political divide.

Some of the Muslims from Myanmar tried to migrate, temporarily or permanently: as refugees, asylum seekers, undocumented migrants and some with the Work Permits or Employment Passes.

But we are surprised that even in the Muslim Dominant countries like Malaysia, we are discriminated unfairly when compared to other migrants. We understand that most of the governments need to maintain a cordial diplomatic relations with Myanmar Government for the economic reasons. And also understand that they could not freely open the door to Myanmar Migrants only as there are other races and religious groups who would jump the bandwagon to migrate into your country.

But when they could welcome other Muslim Migrants like: Acehnese, Indonesians, Southern Thais, Southern Pilipinos, Bosnians etc but I am sad to see that they have the heart to neglect the Muslims from Myanmar.

I still remember the Former Deputy Home Minister late Tan Sri Megat Junid Megat Ayoub’s statement in the Malaysian newspapers, about 25 yrs ago, that Rohingyas were not recognized as refugees, must be arrested as the illegal immigrants, must be subject to work in the prisons to earn for their deportation fees. And one Former PM went to Thailand and spoke in the Bangkok Post’s interview to push back the Rohingya boat people into the deep Indian Sea and not to allow them to land on ASEAN shores.

So please kindly lobby with the Malaysian Government, ASEAN and OIC to kindly change their hostile attitude on the Muslim Migrants from Myanmar.


Dr. U Ko Ko Gyi
Malaysia

Source here










Theme: ‘Islam in Myanmar: Past, Present & Future’

Topics and Speakers:

1) Islam in Myanmar: Past Decade and Historical Background
Dr Nay Aung Kyaw @ Mohammed Ali Hassan

2) Muslim Identity and Demography in Myanmar: Current Trend and Future Challenges
Su Nge Nge Kyaw@ Khairunisa Binti Mohd Ali

3) Islam and Muslim in Myanmar: Current Situations and Contemporary Issues
Ustaz Akbar Shah @ U Tun Aung

Moderator:
Emeritus Professor Dato’ Dr Osman Bakar
Deputy CEO, IAIS Malaysia
21.1.2012



source :International Institute of Advanced Islamic Studies (IAIS) Malaysia



ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်) နှင့် အင်တာဗျူး"

မန္တလေးကို တက်လာတာဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ မစ်ရှင်အနေနဲ့ ကျနော် တက်လာတာပါ။ ကျနော်ကိုယ်တိုင် မြောက်ပိုင်းကိုရောက်ခဲ့ဖူးသူတယောက် အနေနဲ့ ဒီပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။ အဲ့တော့ ကိုထွန်းအောင်ကျော်ကို ကျနော့် အနေနဲ့ ကောင်းကောင်းကြီး သိပါတယ်။ အလားတူပဲ ရန်ကုန်ကနေသွားတဲ့ ကိုမောင်မောင်ကြွယ်ကိုလဲ ကောင်းကောင်းကြီး သိပါတယ်။ ကျနော် ရဲရဲတင်းတင်း ပြောရဲပါတယ်။ သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ပါဘူး၊ ကျောင်းသားတွေပါ။ ကျနော့်အသက်နဲ့ ပုံလောင်းပြီးတော့ ကျနော် ဒီကနေ့ ပြောရဲပါတယ်" 


















ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မြ၀တီကျောင်းတိုက်မှာ ကျင်းပတဲ့ မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့မှာ ပန်းချီဆရာ ဆူးမြင့်သိန်းက Tomorrow Performance အမည်နဲ့ မြောက်ပိုင်း ABSDF ကျောင်းသားတပ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေဖြစ်စဉ် စိတ်ခံစားမှုတွေကို ဖော်ကျူးပြသတဲ့ သရုပ်ဖော်ပြကွက်ကို ခင်းကျင်းပြသခဲ့ပါတယ်။ ဒီ သရုပ်ဖော် အခမ်းအနားကို မြောက်ပိုင်းဒေသမှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသားတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ပါတယ်။ သရုပ်ဖော် ပြကွက်ကိုတော့ မနက် ၉း၃၀ ကနေ စတင်ခဲ့တာဖြစ်ပြီး မနက် (၁၀း၁၀) မိနစ်ခန့်မှာ ပြီးဆုံးခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျဆုံးသွားတဲ့ ABSDF ကျောင်းသားရဲဘော်တွေအတွက် ရည်စူးပြီး မနက် (၁၀း၃၀) မှာတော့ သံဃာတော် အရှင်သူမြတ်တွေကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။






















Source : Burma VJ


Rohingya Exodus