Latest Highlight



၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုင်းဖြင့် ဖြိုခွဲခံခဲ့ရသည်။

ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးအစိုးရ လက်ထက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ပေးရန် လက်ရှိအစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ယနေ့ တောင်းဆိုလိုက်သည်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကာလအတွင်း ပထမဆုံးပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင်ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေး ကော်မတီတို့ ပူးတွဲ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်၌ အထက်ပါ တောင်းဆိုချက်အပြင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များတွင် သင်တန်းများ ပြန်ဖွင့်ခွင့်ပေးရန်နှင့် သမဂ္ဂ၏ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တို့ကိုပါ တောင်းဆိုခဲ့သည်။

ထို့ပြင် ဗကသ အဖွဲ့အနေဖြင့် အထက်မြန်မာပြည် အောက်မြန်မာပြည် ကွဲပြားနေမည်မဟုတ်ဘဲ ခေါင်းစဉ်တစ်ခုတည်းအောက်မှာသာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“မြန်မာပြည် အရပ်ရပ်က အခြေခံကျောင်းတွေမှာလည်း သမဂ္ဂတွေ ပေါ်ထွက်လာဖို့ ဆက်လက် လှုပ်ရှားသွားမယ်”ဟု မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများ သမဂ္ဂ၏ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကိုကို ကပြောသည်။

ထို့အပြင် ၄င်းတို့အနေဖြင့် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသားလူ့အခွင့်အရေး စသည့်မူ၅ချက်ကို ဆုပ်ကိုင်ကာ ဆောင်ရွက်သွားမည်ဟု ဘဏ္ဍာရေးမှူး ဒေါ်ဟန်နီဦးက ပြောသည်။

မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင်ဗကသတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂများ အဖွဲ့ချုပ်(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်။

 ဗိုလ်ချုပ်နေ၀င်းလက်ထက် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့တွင် တက္ကသိုလ်များအား စည်းကမ်းအသစ် များ ပြဌာန်းလိုက်ရာမှ ကျောင်းသားများ မကျေနပ် သဖြင့်ဆန္ဒပြခဲ့သည်။ထို့နောက် ယင်းနေ့ ညနေပိုင်းတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။

Source :YPI News

_____________________________________________________

၇ ဂျူလိုင် အမှတ်တရ / ၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု


တော်လှန်ရေးကောင်စီဖွဲ့စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင် ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ့ကြသည်မှာ သိသာထင်ရှားသည်။

အိမ်စောင့်အစိုးရခေတ်တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိကရေစီ ၀ါဒီများနှင့် ကွန်မြူနစ်ဟု ယူဆသူများအား ဒလကြမ်း ဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခမ်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလိုမရှိကြောင်း၊ ကန့်ကွက်စာတမ်းများသည် မတ်လ ၂ ရက်နေ့မှ စတင်၍ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦး နှင့် မဟာမိတ် အဖွဲ့၊ ရခိုင်သံဃတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ.အများက ဆန့်ကျင်ကန့်ကွက်စာများ ထုတ်ပြန်ကြသဖြင့် အစိုးရ သစ်၏ ပြည်ထဲရေး ၀န်ကြီးဌာနအဖို့ ပထမလုပ်ငန်းအဖြစ် ဆန့်ကျင်စာတမ်းများကို လိုက်လံသိမ်းဆည်း နေရသည်။ လက်ဝဲနိုင်ငံရေးပါတီကြီး ဖြစ်သော ဗမာပြည်အလုပ်သမားပါတီက စစ်တပ်က အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ "လူထုဆန္ဒနည်း မပါပဲစစ်တပ် နည်းသက်သက်ဖြင့် အာဏာသိမ်းနည်းကို ယေဘူယျ အားဖြင့် ပါတီက မနှစ်သက်ကြောင်း" ဟုဆန့်ကျင်ကြောင်း လက်မခံကြောင်းနှင့် ကြေငြာ၏။

ရဲဝံ့ပြတ်သားစွာ ကြေငြာသော အဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း ကြေငြာကြသည်။ ကြောငြာချက်နှင့်အညီ စစ်တပ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် တော်လှန်ရေး အစိုးရနှင့် ထိပ်တိုက်တွေ့ကြရလေသည်။တပြည်လုံးရှိ တက္ကသိုလ် ကျောင်းသားများသည် စစ်အစိုးရ ဆန့်ကျင်ရေး အစည်းအဝေးများကို မတ်လဆန်းကပင် ကျင်းပ၍ ဆန္ဒပြကြသဖြင့် ရန်ကုန် တက္ကသိုလ် အာဏာပိုင်များက ကျောင်းဆောင်များ အတွက် စည်းကမ်းသစ် အမိန့်များကို ထုတ်ပြန်သောအခါ လှုပ်ရှားမှုများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဂျူလိုင် ၃ ရက်နေ့မှ စတင်ကာ "စည်းကမ်းသစ်ကို အလိုမရှိ" ဟုကြွေးကြော်သံများကို အော်ဟစ်သော ရန်ကုန်ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် ပတ်ဝန်းကျင် ဒေသများသို့ လှည့်လည်ဆန္ဒ ပြကြသည်။

ဂျူလိုင် ၅ ရက်နေ့တွင်ကမာရွတ် ရဲဌာနာရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့် ပစ်ခတ်လူစုခွဲကြသည်။ ကျောင်းသားတဦးဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှု ပြင်းထန်လာခဲ့တော့၏။ ဂျူလိုင် ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျောင်းသားများသည် တက္ကသိုလ် ပရ၀ုဏ် တခုလုံးမှ တံခါးများကိုသော့ခတ်ပိတ်ဆို့ ပြီး "ဒီမီုကရေစီ ခံတပ်ကြီး" ဟုဆုင်းဘုတ်များ တင်ကာ ဒီမီုကရေစီ တရားပွဲများကို အသံချဲ့စက်နှင့် ဟောပြောကြသည်။

မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုး ဟောပြောနေကြရာ "တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှုးကြီးများသည် ၃ ယောက်ပေါင်း ၇ တန်းသာအောင်သူများဖြစ်ကြသည်" စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြလေသည်။ ထိုအချိန်တွင် တက္ကသိုလ် တ၀ိုက်တွင် တာဝန်ချထားသည့် ရဲအဖွဲ.ကို ရုပ်သိမ်းကာ စစ်သားများကို တပ်စွဲထားလေပြီ၊ စစ်ကားတစင်းတွင် အသံဖမ်းစက် တခုတပ်ဆင်ထားသည်။ ထိုအသံဖမ်းစက်က ကျောင်းသားတို့က အသံချဲ့စက်မှ ဟောပြောသမျှကို ဗိုလ်နေ၀င်း၏ အိမ်တော်သို့ တိုက်ရိုက် အသံလွှင့်ပေးရသည်။ ဂျူလိုင် ၇ ရက်နေ့တွင်မူ ပြင်းထံစွာဟောပြောသော ကျောင်းသားများ၏ ဟောပြောချက်များကို နားမခံနိုင်သဖြင့် ဒေါသ အမျက်ချောင်းချောင်းထွက်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့ အသံလွှင့် စကားဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။

တက္ကသိုလ် တ၀ိုက်တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲသူ ဒုတိယဗိုလ်မူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေးသဖြင့် လက်နက်မပါပဲ မိမိတို့ အဆောင်တွင်း ၌ ဆန္ဒပြကြသည့် ကျောင်းသားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသား အများတို့ကိုပါ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပစ်ခတ် သတ်ဖြတ်ကြသည်။ စစ်သားတို့သည် ဂျီ သရီး သေနတ် သစ်များကို ပထမစတင် အသုံးပြုကာ လက်တည့်စမ်း သတ်ဖြတ်ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်တွင် တပ်ဆင်သည်။ ဂျီ သရီး သေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ထုတ်ပေးခဲ့ရာ၌ ခုခံမှု မရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသတ်ရန်လက်ယား နေသူ ဗိုလ်နေ၀င်းအဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ကျောင်းသား ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိသည်ဟု အစိုးရက ကြေငြာ၏။ သေစာရင်း အမှန်မှာ ကျောင်းသား ၁၀၀ ကျော်ရှိသည်။

ကျောင်းဝင်းအတွင်းသို့ ပစ်ခတ်သတ်ဖြတ်ပွဲ ပြီးသောအခါ တကသအဆောက်အဦးကို စစ်တပ်က ၀ိုင်းထားပြန်၏။တက္ကသိုလ် သမဂ္ဂ အဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက်အဦးကြီး ဖြစ်သည်သာမက မြန့်မာ့ နိုင်ငံရေး သမိုင်းတွင်နယ်ချဲ့ဆန့်ကျင်ရေး ခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအမှတ်ပြုထားသည့် ဗိမာန်ကြီး ဖြစ်သည်။ ၁၉၂၂ ခုနှစ် တက္ကသိုလ်ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသား ခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများ ဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ၁၉၂၇ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ သမဂ္ဂအဆောက်အဦကို မျိုးချစ်မြန်မာ သဌေး ဦးညိုက တည်ဆောက်လှူဒါန်းသည်။

အဆောက်အဦးကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးနှင့် ကျမ္မာရေး ကိစ္စများကို အသုံးပြုရန် ဦးတည်သဖြင့် အင်္ဂလိပ် တက္ကသိုလ် အဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံ အဖို့ အန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမ္မဂ ခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့သည်။ ဦးဘဖေ၊ ဒေါက်တာ ဗမော် စသော ခေါင်းဆောင်များသည် တကသ ခန်းမမှ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်းတကသ အသင်းကို ကျောင်းသား ခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှ စတင်ပြီး နယ်ချဲ့ တိုက်ပွဲ စစ်မြေပြင်၏ ခံတပ် အဆောက်အဦးကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နှက်နှင့် တိုက်ခိုက်နှင်ထုတ်မှု အထိအရှိန် အဟုန် ပြင်းထံခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။

ဗိုလ်နေ၀င်း တက္ကသိုလ်ရောက်ရှိချိန်တွင် တကသ လှုပ်ရှားမှုများ ကြီးစွာ ဖြစ်ပေါ်ခဲ့သော်လည်း ကျောင်းသားများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုပဲ ကျောခိုင်းနေခဲ့သည်။

"ပြောကြဟောကြတာတွက လေကုန်သည်၊ သူ့အဖို့လည်ပတ်၊ ဘောလုံးကစားရန်ပင် အချိန်မလောက်၊ သူ့လမ်းနှင့်သူ မှန်မှန် ချီတက်လျှက်ရှိခဲ့ပေသည်"

ဟုဒေါက်တာမောင်မောင်ရေးသည့် ဗိုလ်နေ၀င်း အတ္ထုပတ္တိ စာအုပ်ကြီးတွင် သူကပြောခဲ့သည်။ ဤ တကသ အဆောက်အဦကြီးမှ ကိုနု ကိုအောင်ဆန်းတို့ လူငယ်တစု နိုင်ငံက ကိုးစားသော ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို သူက အမြဲ မနာလိုဖြစ်နေခဲ့သည်။ နယ်ချဲ့တော်လှန်ရေး အရေးတော်ပုံကြီး၌ သူမပါခဲ့သောကြောင့်မကျေ မနပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲဝင် တကသ အဆောက်အဦကြီးကိုသူ မကြည့်လို။

ထို့ပြင် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးပဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုံးအောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်း သိရှိသောအခါ တကသ ခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန် ရည်ရွယ်ချက်နှင့် တကသ အဆောက်အဦကြီးကိုပါ အပြီးအပြတ်ဖျက်ဆီးရန် အမိန့်ပေးခဲ့ပြန်သည်။သမဂ္ဂရုံးကို ဖြိုပြီးနောက် ဗိုလ်နေ၀င်း ဥက္ကဌ အဖြစ်ဆောင်ရွက်သော တော်လှန်ရေးကောင်စီက"စည်းကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ်တဒေသကို သုံး၍ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်"
ဟုကြေငြာခဲ့၏။ ထိုကြေငြာချက်မှာ စစ်တပ်ကို အံတုကြလျှင် ယခုထက်ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံပေးသည့် သဘော သက်ဝင်၏။ ထိုမျှမကသေး တကသ အဆောက်အဦကို ဖျက်ပြီးနောက် လူထုအား အသံလွှင့် မိန့်ခွန်းပေးရာတွင် သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေး များသည် လက်နက်ဟူ၍ အပ်တို တချောင်းမှ မရှိကြသည်ကို သူသိပါလျက်နှင့် လက်နက် ကိုသူပုန်အဖွဲ့ကြီးများကို ရင်ဆိုင်နေသည့် သဖွယ် ပုံကြီးချဲ့ပြီး

"ဓားကို ဓားခြင်း၊ လှံကိုလှံခြင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်"
ဟုဒေါသဟုန်း ဒေါသသံနှင့် အသံလွှင့်၍ ပြောခဲ့ပြန်သည်။ ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်ကြီး တစုသည် ဂျူလိုင် ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ်ထားသည့် တကသ အဆောက်အဦကြီး ကို ဗုံးခွဲ ဖျက်ဆီးမှုကြီး တို့ကို ဒေါသမွှန်သဖြင့် စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူတို့၏ စစ်တပ်အဖို့ မတရားကြီးမားသော ရာဇ၀တ်မှုကြီး ဖြစ်နေသည်ကို စဉ်းစားမိကြသည်။ နူးညံ့ သိမ်မွေ့သော လိပ်ပြာကလေးကို အမြောက် နှင့် ပစ်ခတ် သတ်ဖြတ်သကဲ့သို့ ရာဇ၀င်ရိုင်းနေသည်ကို တစိမ့်စိမ့် တွေးတော၍ မြင်တွေ့မိကြသောအခါ တနေ့တွင် လူထုက ဒဏ်ခတ် လေမည်ကို ကြောက်သွေးဖြာလာကြသည်။ မတရားမှုကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြေသောအခါတွင် တရားခံသည် မိမိ မဟုတ်ပါဟု တဦးကို တဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိအပြစ် မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုကြသည်။ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယ ဥက္ကဌ ဗိုလ်မူးချုပ် အောင်ကြီးတို့သည် တဦးကိုတဦး တရာခံဖြစ်လေဟန် ဖော်ကောင်လုပ်ကြသည်။ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီးကြီးများသည် သာမာန် သူခိုး လူဆိုးအဖွဲ့ ကလေးမျှပင် ညီညွတ်မှု မရှိ၊ အမှားကို ၀န်ခံရန် သတ္တိတစက်မှ မရှိသူရဲဘောကြောင်သူများ ဖြစ်ကြောင်းပေါ်လွင်လာတော့သည်။ ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ အောင်ကြီးက

"တကယ် အမိန့်ပေးတဲ့စာယူလာပြီး မရမ်းကုန်းကို ပေးလာသူ ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေ ဂျီအီးဖိုး အင်ဂျင်နီယာ တပ်ခွဲကိုမှာယူ၊ အဲဒီမှာ မလုံလောက်လို့ စီအဒီ ပင်မစစ် ပစ္စည်းသိုလှောင် ရေးသွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက်ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေဟာ ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ တပ်က အင်ဂျင်နီယာ တပ် ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ နံနက်လင်းအားကြီးမှ ဖြစ်ပါတယ်၊ လက်မှတ်ထိုးမည့် အရာရှိကြီးကြီးမားမား မရှိလို့ဒုက္ခရောက်နေတုန်း လမ်းလျှောက်ရင်း ရောက်လာတဲ့ ဗိုလ်မှူးကြီး မင်းသိန်းဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲတဲ့အမိန့် လက်မှတ်ထိုးပေးဖို့၊ ဗိုလ်ထွန်းရီ က ပြောလို့ ၊ သူကလက်မှတ်ဝင်ထိုးပြီးဒိုင်းနမိုက် ခွဲတာဖြစ်ပါတယ် တရားခံ ဖြစ်ရှာတဲ့ ဗိုလ်အောင်ကြီး ဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နှင့် ဗိုလ်ချုပ် အိမ်လိုက်အသွား ပါမောက္ခချုပ် ဆရာကြီး ဦးကာ ကို ဗိုလ်လှဟန်က သမဂ္ဂဖြိုဖို့ အမိန့်ရတယ်လို့ ပြောတာ ထပ်ကြားရတော့ အရဲစွန့်ပြီး၊ ဗိုလ်ကျော်စိုး ရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊အဲ့ဒီကိစ္စကိုရပ်ထားပေးပါ၊ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါမယ် ဆိုပြီး၊ ဟိုရောက်တော့လဲ ဘာမှ မပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူ ဖြစ်ပါတယ် "ဟုသူ၏ စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားကာ ဖြေရှင်းသည်။
ဗိုလ်နေ၀င်းက တဖန် အကြီမ်ကြိမ်ဖြေရှင်းသည်။ သူ၏ နောက်ဆုံးနေ့ လူထုကလက်မခံတော့သဖြင့် မဆလ ဥက္ကဌကြီး ရာထူးမှ ထွက်ပေးရသောနေ့တွင် ပင် လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက်ဆုံး အကြိမ်ဖြစ်နိုင်တာမို့ ကျောင်းသားများက ကျွန်တော်နှင့် တော်လှန်ရေး ကောင်စီတဖွဲ့လုံးအပေါ် အထင်လွဲနေသည့် အဖြစ်အပျက်တခု တင်ပြပါရစေဟု ပါတီညီလာခံမှ ထပ်မံ ရှင်းပြန်၏။ တက္ကသိုလ် သမဂ္ဂအဆောက်အဦး ကို ၁၉၆၂ ခုနှစ် ဂျု လိုင် ၈ ရက်နေ့နံနက်တွင် ဖေါက်ခွဲ ဖျက်ဆီးခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ပထမ ဂျူလိုင်လ ၇ ရက်နေ့ညနေ ကျွန်တော် ဆောင်ရွက်ခဲ့သည့် အပိုင်းကို ဖေါ်ပြမှ ပြည့်စုံမည် ဖြစ်၍ ဖေါ်ပြပါမည်။ ထိုနေ့ ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံ ကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေ မေးရာ ဆရာကြီး ဦးကာတို့မိသားစုအား ဘေးကင်းသည့် နေရာသို့ ပိုထားပြီဖြစ်ကြောင်းပြောပါသည်။ ဆူပူသူ ကျောင်းသား ခေါင်းဆောင်များကို ဖမ်းမိပြီလားဟု မေးရာ မမိသေးကြောင်း သမဂ္ဂ အဆောက်အဦးတွင်း အချို့ရှိကြောင်း ပြောသဖြင့် ကျွန်တော်က ရဲများ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါအတိုင်း ညွန်ကြားပါသည်။

(က) သမဂ္ဂ အဆောက်အဦး အတွင်းရှိ သူများကို အဆောက်အဦးတွင်းမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက် မလာပါက လက်နက်ကြီးများ သုံးမည်ဆိုသည့် အချက်ထဲ့ပြောရန်

(ခ)အသာတကြည် ထွက်၍ အဖမ်းမခံပါ ရီကွိုင် လက် ဂန်းဖြင့် ပစ်ဖမ်းရန် လိုအပ်ပါက ရီကွိုင်လက် ဂန်းသုံးရန်၊ အထက်ပါအချက်တို့ကို မမှောင်ခင် ပြီးအောင် ဆောင် ရွက်ရန်။

ဒီနေရာမှာ အရေးကြီးတာ ကျွန်တော်ပြောပါမယ်။ ဖေါက်ခွဲ ဖျက်ဆီးရန် အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော် နှင့် တကွ တော်လှန်ရေးကောင်စီဝင် အချို့တို့ မပါခဲ့ပါ။ ဂျူလိုင်လ ၈ ရက်နေ့နံက်တွက် ဗုံးကြီးကြီး တလုံး ပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သော မြည်ဟီးသံကြီး ကြားရသဖြင့် စုံစမ်းတော့မှ သမဂ္ဂ အဆောက်အဦး ကို(ဒိုင်းနမိုင်း) တို့နှင့် ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါသည်။ အခြားတော်လှန်ရေးကောင်စီဝင် အတော်များများ လည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါသည်။

သို့သော် အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီ အချို့တို့ဖြင့် ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီအားလုံးနှင့် လုံခြုံရေးတာဝန် ယူရသော လုံခြုံရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်မှူးကြီး ဘနီ၊ ထောက်လှမ်းရေး ဗိုလ်မှူးကြီးမောင်လွင် ရမင်းကြီး ဦးဘအေးတို့ ရောက်နေကြပါသည်။ ထို ဂျူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦးကို ဖြိုလိုက်ကြောင်း သိပြီး နောက် ဗိုလ်ကျော်စိုး ကို ခေါ်၍မေးရာ ၇ ရက်နေ့ညနေက ကျွန်တော်က သမဂ္ဂအတွင်း ၀င်ရောက်နေသည့်ဆူပူသူ ခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် ရီကွိုင်းလက်ဂန်းကိုသုံနိုင်သည်ဆိုသည့် အချက်ကို သမဂ္ဂအဆောက်အဦကို ဖျက်ခိုင်းသည် ယူဆသဖြင့် ဖျက်လိုက်သည် ဟုဖြေပါသည်။ ဒီလိုဆိုရင်လည်း ဓား ဓားချင်း၊ လှံလှံ ချင်းဆိုသည့် စကားလုံးများ ပါသည့် ကြေငြာချက်ကို အသံလွှင့်လိုက်ပါသည်။ နောက်သုံးလေး လကြာပြီးနောက် ကျွန်တော် အရက်မူးမူးနှင့် သမဂ္ဂ အဆောက်အဦကို ဖျက်ဖို့ အမိန့်ပေးသည်ဟု နိုင်ငံခြားသတင်းစာ ဆရာတို့ အသိုင်းအ၀ိုင်း ပြောဆိုနေသည်ကို ကြားရ၍ ဗိုလ်ကျော်စိုးကို ကျွန်တော် အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ် လို့ ကျွန်တော် တယောက်ထဲကို တရားခံ လုပ်ထားတယ်။ အဲ့ဒါကြောင့် ဂျူလိုင် ၇ ရက်နေ့က အဖြစ်အပျက်ကို ပြောပြခိုင်းပါသည်။ အဲ့ဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက် အမှန်ကို ပြောပြပါတော့သည်။ အရင်က တော်လှန်ရေးကောင်စီ တက်ခါစတွင် စိတ်ဝမ်းကွဲကြတာတွေ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါသည်။

အဖြစ်အပျက် အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင့် ရုံရှိလူစုထဲမှ တဦးတယောက်က ဖျက်ပစ်လျှင် ကောင်းမည်ဟု ပြောရာမှ ဖျက်သင့် မဖျက်သင့်ကို ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်ကို အသိပေးပြီး ဗိုလ်ချုပ်သဘောတူ လျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။ ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီး တင်ပြမည်၊ သဘောတူ မတူ အဖြေကို သူယူခဲ့မည်ပြောပြီး ကိုလှဟန်ကို ခေါ်၍ကားနှင့် ထွက်သွားပါသည်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ ပြန်လာပြီး ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟု ပြောသဖြင့် အသံလွင့် ရုံရှိလူသိုက်တို့ သမဂ္ဂအဆောက်အဦး ကို ဖျက်ဖို့ ပစ္စည်းများ စုပြီး ဖျက်ပစ်လိုက်ပါသည်။ ထိုအဖြေကို ရပြီးနောက် ဗိုလ်အောင်ကြီးမပါပဲ ကျန်တော်လှန်ရေး ကောင်စီဝင်များကို ခေါ်၍ ဗိုလ်အောင်ကြီး ကျွန်တော်ကို မတင်ပြပဲနှင့် ကျွန်တော်၏ သဘောကို မမေးပဲနှင့် အသံလွှင့်ရုံရှိ လူသိုက်ကို ကျွန်တော်သဘောတူ လိုက်သည်ဟု ပြောသည့် အကြောင်းတင်ပြခဲ့ပါသည်။............ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ ရှင်းပြသည်။

ဗိုလ်နေ၀င်း၏ နောက်ဆုံးနေ့ မျက်ဖြေ လင်္ကာ စာတန်းကြီးမှာ ကာရန်မပါ စာသားမချောပါ။ အဖြစ်မှန်ကို ကိုယ်တွေ့မျက်မြင် သိရှိခဲ့သော သတင်းထောက်များ အဖို့ စာရှည်ကြီးကို လုံးစေ့ပတ်စေ့ ဖတ်ပြီး ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီးနှင့် တော်လှန်ရေးကောင်စီဝင် စစ်ဗိုလ်ကြီးများသည် လမ်းကြိုလမ်းကြားမှ ခါးပိုက်နှိုက် အဖွဲ့၏ အဆင့်ပင်မရှိ။ အရေးကြုံက မိမိကိုယ် လွတ်ရုံးကာ လွယ်ကူစွာ လုပ်ဖေါ်ကိုင်ဖက် ကို တရားခံဟု လက်ညှိုးထိုး၍ ဖေါ်ကောင် လုပ်ကြသည်ကို သိသာထင်ရှားစွာ မြင်တွေ့ကြရပေသည်။

ဂျူလိုင် ၇ ရက်သွေးချောင်းဆီး လူသတ်ပွဲကြီးနှင့် ပတ်သက်၍(က) ဗိုလ်နေ၀င်းက စောစောက မသိ သေနတ်သံကြားမှ သိရသည်ဟု ဖြေရှင်းခြင်းသည် လိမ်ညာသော မုသားဖြစ်သည်။ ကျောင်းသားတို့ ဟောပြောချက်ကို သူ့ထံသို့ ကြိုးမဲ့ အသံလွှင့်ခွက်နှင့် လွှင့်ကြားပေးသောကြောင့် ကျောင်းသားများ၏ အသံကို စိတ်ဆိုးကာ သတ်ဖြတ်မိန့်ထုတ်သည်မှာ ဗိုလ်နေ၀င်း ကိုယ်တိုင်ဖြစ်သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်က မိမိသည် ဗိုလ်နေ၀င်း၏ အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလ ပါတီပျက်သောအခါတွင် ဖြေရှင်းဖေါ်ထုတ်ခဲ့သည်။

(ဂ) ကျောင်းသားများ လက်ချက်နှင့် ရဲ ၇ ဦး ၈ ဦး ဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းက ပြောသည်မှာလည်း လိမ်ညာသော မုသားဖြစ်သည်။ အဆောင်ဝင်း တံခါး မှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပ ရှိ စစ်တပ်က ပစ်ခတ် သတ်ဖြတ်ချိန်တွင် တက္ကသိုလ် ပတ်ဝန်းကျင်တွင် ရဲတယောက်မှမရှိ၊ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန် မဖြစ်နိုင်

(ဃ) တကသ အဆောက်အဦး မျက်နှာကြက်တွင် ကျောင်းသား ခေါင်းဆောင်များကို သတ်ဖြတ်ရန် ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေ အမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်အောင်ကြီးလည်း တာဝန်ရှိသည်။

(င) တကသ ကို ဖျက်ဆီးပြီး နောက်တနေ့ နံနက် ဘာကြောင့် ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ ကြေငြာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကို ပြင်ရမည့် တာဝန်သည် မိမိတို့ အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစိတ် တဒေသကို သုံး၍ ဖြေရှင်းလိုက်ရခြင်း ဖြစ်သည်။ ဟု သတင်းစာတို့မှ ထုတ်ပြန် ခဲ့ပါလျှက် တော်လှန်ရေးကောင်စီ ဥက္ကဌ က မိမိ မသိပါ၊ မိမိ ပါဝင်ခြင်း မရှိပါဟု ပြောသည်မှာလည်း မဟုတ်မမှန်သော မုသားဟု ထင်ရှားသည်။

(စ) ယခုဖြစ်ပျက်သည့် ကိစ္စသည် ကျောင်းသား ကိစ္စတခုတည်းမဟုတ်ပဲ နိုင်ငံရေး အမှောင့် ပရောဂ ဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ ရိပ်စားမိပါတယ်" ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင် အသံလွှင့်ချက်၌ ကျောင်းသားတို့နောက်မှ ဗကပ တို့ ပါလေဟန် ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ဖြစ်သည်၊ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိလက်နက်ချ ဗကပ များကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပ များ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့ လှုပ်ရှားမှုသည် ပြင်ပ ပယောမပါသည်ကို သိပါလျှက် သတ်ဖြတ်မှုကြီး နှင့် ဖျက်ဆီးမှုကြီးကို လူထုက လက်ခံအောင် လီဆယ်ပြောဆိုချက်သာ ဖြစ်သည်။

(ဆ)ကျောင်းသားများအား သတ်ဖြတ်ပြီးနောက် "ကျွန်တော်တို့ကို အပြောဘ၀မှာ နစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်အောင် ရည်စူးပြီး တမင်လုပ်နေကြတယ် ဆိုလျှင်တော့ ကျွန်တော် နောက်ထပ်ဘာမှ မပြောတော့ပါဘူး အနည်းဆုံး ဓားကို ဓားချင်း လှံကို လှံချင်း ဆိုင်ဘို့သာ ရှိပါတော့တယ်" ဟုပြောသည်မှာ ဒေါသသံနှင့် တုံရီနေသည်ကို ကြားရသူ လူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှ ဆင်းပေးရသော ၈၈ ခုနှစ်က စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်သည်။ မိုးပေါ်ထောင်ပြီး ဖေါက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူ လုပ်တဲ့သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့ ဟု ပြောခဲ့သော မိန့်ခွန်းမှာ အသံ တမျိုးတည်း ရှိသည်ကို လူထုက သတိရကြသည်။

(ဇ)ထိုစဉ်က လက်တွေ့သတ်ဖြတ် ရုံမျှမက နှုတ်မှ လည်း စစ်ကြေငြာခဲ့ပါလျှက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည် သူဖျက်သည် ငါဖျက်သည် ဟု တဦးကို တဦးက လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ ခေါင်းရှောင်ကြစေကာမူ ဗိုလ်နေ၀င်းသည် အဓိက တရားခံ ဖြစ်သည်ကို လူထုကမေ့မရနိုင်ပေ။

ဤအချက်များကို ထောက်ရှု့၍ တပ်မတော်ကြီးကို ဦးစီးကြသော ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများသည် ဘိန်းစားခါးပိုက်နှိက် အဖွဲ့ဝင်တို့မျှပင် သတ္တိမရှိ လွန်စွာ သူရဲဘော ကြောင်ကြသည်ကို သိသာထင်ရှားစွာ မြင်သိနိုင်ကြပေသည်။ ဗိုလ်နေ၀င်း နှင့် စစ်ဗိုလ်တစုသည် အင်္ဂလိပ် နယ်ချဲ့ကို တိုက်ခဲ့သော ကျောင်းသား နိုင်ငံရေး လှုပ်ရှားမျှုများတွင် သူတို့ပါဝင်ခဲ့ခြင်း မရှိသဖြင့် ကျောင်းသားများ၏ လွတ်လပ်ရေးတိုက်ပွဲ ကဏ္ဍကို သမိုင်းမှ ဖျောက်လိုကြသည်။ သမဂ္ဂ အဆောက်အဦကို အယူသီး ဘာသာခြားတဦး အခြားဘာသာ အဆောက်အဦးကို မမြင်လိုကြသကဲ့သို့ ဖျက်ဆီးခဲ့ကြသည်။ ကျောင်းသားခေါင်းဆောင်များ သမဂ္ဂ၌ ပုန်းနေကြသည်ဟု သတင်းရသဖြင့် သတ်ဖြတ်ရန် သွေးဆာနေသောကြောင့် ဖျက်ဆီးကြသည်။

နိုင်ငံ တည်စမှ စတင်ပြီး တပ်မတော်သည် သူတို့ကဲ့သို့ သူရဲဘောကြောင်ပြီး ဗိုလ်နေ၀င်းနှယ် လောဘရမက် လွန်ကဲသူတို့၏ လက်တွင်းသို့ ကျရောက်ရသည်မှာ နိုင်ငံ၏ ကံကြမ္မာ သာဖြစ်ချေတော့၏။ဗိုလ်နေ၀င်းသည် လူသတ်ပွဲကြီး အပီးတွင် ခေါင်းရှုတ်သဖြင့် အပန်းဖြေဦးမည်ဟုဆိုကာ ဥရောပသို့ ဂျူလိုင် ၉ ရက်နေ့က အပန်းဖြေ ခရီးထွက်သောအခါ ဗိုလ်အောင်ကြီးအား တိုင်းပြည်ကို အပ်၍ မင်းပဲကြည့်လုပ်တော့ကွာ ဟု တာဝန်ပေးအပ်ခဲ့သည်။ ဥရောပသွား ဗိုလ်နေ၀င်းည် အမှန်တကယ် အပန်းဖြေသွားသည်ဖြစ်၏။ မြန်မာနိုင်ငံတွင် မြင်းပွဲများ ကျင်းပခြင်းမပြုရဟု တော်လှန်ရေးကောင်စီဥက္ကဌ အာဏာဖြင့် သူကိုယ်တိုင် အမိန့်ထုတ်ခဲ့သည်။ သို့သော် ငယ်စဉ်ကပင် လောင်းကစား ၀ါသနာထုံခဲ့သောကြောင့် လောင်းကစားပွဲ မသွားရသဖြင့် ပျင်းရိ ငြီးငွေ့စေသည်။ အပန်းဖြေခရီးကို အင်္ဂလန်ပြည် လန်ဒန်မြို့သို့သွားကာ မြင်းပြိုင်ပဲ ခွေးပြိုင်ပွဲများသို့ သွားရောက် လောင်းကစားခြင်းဖြင့် အပန်းဖြေခဲ့သည်။ ထိုခရီးပြီး နောက်နှစ်များတွင် တနှစ်လျှင် ငါး ကြီမ်နှုန်းခန့် ဥရောပသို့သွားကာ လောင်းကစားပွဲများ အပန်းဖြေလေ့ရှိခဲ့သည်။

ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂကိုဖျက်ဆီးပြီး ဥရောပသို့ အပန်းဖြေ မထွက်မှီကလေးတွင် ဗိုလ်နေ၀င်းက ကျောင်းသားများအား မအေ နှမ ရိုင်းစိုင်းစွာ ဆဲဆိုကာ အမိန့်ပေးခဲ့သေးသည်။ "မအေ x တွေ၊ ကျောင်းမတက်ကြစေနဲ့ ၊ တက္ကသိုလ်အားလုံး ပိတ်ထား......." ဟု သားသမီးချင်း ကိုယ်ချင်း မစာမနာ အမိန့်ထုတ်ခဲ့သည်။ သူ၏ခေတ် တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုပေါ်တိုင်း တက္ကသိုလ်များကို နှစ်ရှည် လများ ပိတ်ရန် အမိန့် ထုတ်လေ့ ရှိရာ သူ၏ တပည့်စစ်အစိုးရများကလည်း ထိုလမ်းစဉ်ကို ဆက်လက်ကျင့်သုံးကြသဖြင့် စစ်အစိုးရများ ခေတ်၌ ပေါက်ဖွားသည့် မြန်မာ လူငယ်များ အထက်တန်းပညာ မတတ်ကြပဲ လူညွန့်တုံးကြရရှာလေသည်။

ကြေးမုံဦးသောင်း

Read More here



မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေး ဌာန Department for International Development- DFID ၏ အကူအညီဖြင့် ပြုလုပ်သော ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အခြေခံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်
လေ့လာခဲ့သည်။

မြိုင်မြို့နယ်ရှိ ပေပင်တိုက်နှင့် ကျစ်တီးရွာ နှစ်ရွာတွင် DFID ၏ အကူအညီဖြင့် ပြုလုပ်နေသည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရန်ကုန်အခြေစိုက် ဗြိတိသျှနှင့် သြစတြေးလျ သံအမတ် တို့နှင့် အတူ ဗြိတိသျှ သံရုံး၏ အစီအစဉ်ဖြင့် အင်္ဂါနေ့က သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ်..

ညောင်ဦးမှ ကြိုဆိုနှုတ်ဆက်နေသူ ပြည်သူလူထု..


ကားပေါ်မှ လက်အုပ်ချီလျှက်... မြင်ကွင်း


ပခုက္ကူမှာ ဖြတ်သန်းသွားချိန်မှာ တိုးကြကြိတ်ကြနဲ့ ဝမ်းပန်းတသာ ကြိုဆိုနေတဲ့ ပြည်သူလူထု


 ဗြိတိန်နိုင်ငံရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတဲ့ မြိုင်မြို့နယ်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက်ပါ..








မြိုင်မြို့နယ်က ကျေးရွာတွေမှာ ဗြိတိန်အစိုးရရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အခြေခံအပ်ချုပ်သင်တန်းကို ဝင်ရောက်လေ့လာစဉ်...။


ဓာတ်ပုံများ Ap,Getty Images, Reuters 
Credit : ဒီမိုဝေယံ


By Fayas (Kaladan Press)

It is indeed a matter of serious concern that Arakan north remain as dangerous as ever, courtesy of the persistent harassments being perpetrated by the Burma’s border security force (Nasaka), army, despite a number of changes in Burma after elections in November 2010. 

Photo :Arakankotawchay
According to reports in the last few days, the situation in north Arakan appears to have worsened. For instances, from January 19 to 21 (within three days) the Nasaka arrested 20 villagers from Kawarbill village of Maungdaw Township while going to forest to collect firewood and are being detained in Nasaka headquarters of Kawarbill (Kyigan Pyin). They were arrested by the Nasaka of Nasaka headquarters because some of villagers gave complaints to the Parliament members about the Nasaka’s harassments when the parliament members held a meeting inviting local villagers at Kawarbill village on January 12. 

Presently, Nasaka seriously restricts the movement of Rohingya people, increases in night sentry at villages and taking huge amount to give permission to build or renovate houses. Besides, the Nasaka specially creates a new chapter of black list of Rohingya kids. All these were made after giving speech on January 12 in public meetings held in Maungdaw north by U Aung Zaw Win and U Htay Win, the upper house and lower house parliament members respectively. The two MPs are the members of Union Solitary and Development party (USDP). 

The parliament members are U Aung Zaw Win (Upper Parliament member) and U Htay Win (Lower Parliament member), both are from Union Solidarity and Development Party and arrived at Maungdaw on January 9, from Rangoon. In the meeting, the parliament members asked to the participants to appraise any difficulty they have been facing in their villages. Getting this opportunity, some of the villagers appraised the harassments of Nasaka against the Rohingya community. This made Nasaka very angry and tried to take revenge on the villagers whenever they got a chance. As a result, they arrested 20 villagers while going to forest for firewood collection and brought to the Nasaka headquarters where they were detained. After that they asked the arrestees to come back the said parliament members from Rangoon to release them. The parliament members are assaulted by them. 

The arrestees are not fed from the camp and the relatives of the victims have to pay Kyat 2,000 per head everyday for their food, moreover, they paid extra Kyat 20,000 per each for excluding from torture. 

On January 24, a group of Nsaka from Nari Bill out-post camp went to the house of Mohamed Sidique (60), son of Oli Ahmed, hailed from Nari Bill west village of Maungdaw Township and took away 100 bamboos from his house without giving any allegation. The current value is about Kyat 40,000 per 100 bamboos. He bought it from Bawli Bazar for his house’s renovation and had already paid Kyat 3,000 tax to the concerned authority. He has not committed any fault. The Nasaka is doing against the Rohingya community as they like because there is no action against the culprits, but they are rewarded. 

So far, the Nasaka and army are taking forced labor from villagers and force them--- to carry water for their kitchen, collect firewood from nearby forest, clean their latrines, grow paddy and vegetables in their compound, build camp and renovate the houses in the camp and to cut bamboos from the forest, etc. They also force the villagers to give night sentry at their own village. It makes them very difficult to the villagers. 

If a villager wants to go from one place to another, he/she will pay Kyat 500 to the Nasaka whether it has documents or not from the concerned authority. 

Since January 21, the Nasaka personnel of Nasaka area No.6 of Maungdaw Township have been trying to arrest Maulana Ismail (40), hailed from Paung Zaar village of Maungdaw Township as he had appraised the Nasaka’s harassments in the said meeting which was held on January 12. The Nasaka is moreover trying to arrest other villagers who gave complaints against the Nasaka in the meeting which was held by the parliament members in Maungdaw north. 

President Thein Sein has introduced a series of political and economic reforms. He has announced cease-fires with armed ethnic minorities that have been fighting the government for decades. Many groups have reached a truce with the government, while others are in negotiations. He has also relieved restrictions on the media, and a significant number of political prisoners were released in recent months.
We believe that the government only wants in order to get recognition from the international community by showing they are working towards peace in the country. The main thing the government needs to change is the 2008 constitution because the military has able to take all the main positions in the government. It is also required to release all political prisoners, freedom of the press and freedom of movement. 

Last year, the USDP members and Nasaka Director gave assurance on stopping harassments against the Rohingya community in north Arakan. But, so far, there are so many forced labors, restriction of movements, restriction of marriage and arbitrary extortion. On one side they have a cease-fire, while on the other side there is brutality practiced against minorities. 

Nasaka has now resorted to medieval (AD 1100-1500) forms of harassments against the Rohingya community. The bigger question now is whether the ongoing trend of reform can bring a durable peace and stability to the country.

Source : Kaladan Press


Photo : Irrawaddy Blog
Letter from Burma: Vaclav Havel

When I decided that the first Letter from Burma of 2012 should be about the late Vaclav Havel, I wondered how I should entitle the article. My thoughts immediately went to the little red heart he usually drew as part of his signature. Perhaps I should write about him as "The Heart President" or "The Heart Leader" or "The Dissident with A Heart" or "The Intellectual with A Heart?" In the end I decided that the name Vaclav Havel alone was more potent and meaningful than any fancy title I could think up.

It was during the first year of my house arrest, 1989, that the name of Vaclav Havel became familiar to me. The Velvet Revolution, the Civic Forum, the electoral victory that turned the premier dissident of Czechoslovakia into the first President of the newly democratic republic: I learnt about it all from my small portable radio and shared in the euphoria of political transformation in that far off land. However, I did not realize at that time that Vaclav Havel would become a personal friend.

It is a little strange to speak of a man I had never met and with whom I had barely corresponded as a personal friend. It was his vigorous and warm personality and his total commitment to the support of movements for democracy and human rights the world over that made his friendship so real and vibrant and made me feel we were linked to one another by close ties of understanding. He nominated me for the Nobel Peace Prize in 1991 because he believed it would help to focus international attention on our struggle. Had he allowed his name to be put forward as a candidate that year I am convinced he would have been the chosen laureate. He surely valued the Nobel Peace Prize, for he would not have wanted to give to the cause of democracy and human rights something on which he did not value himself. But it was a matter of chivalry: "Their need is greater than mine."

When my family were permitted to visit me in 1992, my husband brought me a copy of The Power of the Powerless. I have just flicked quickly through the pages of this now shabby, well-thumbed volume and reread some of the phrases I underlined in the book. "... an examination of the potential of the 'powerless' -- can only begin with an examination of the nature of power in the circumstances in which these powerless people operate ..." "... freedom is indivisible ..." "... not standing up for the freedom of others, regardless of how remote their means of creativity or their attitude to life, meant surrendering one's own freedom ..." "A better system will not automatically create a better life. In fact the opposite is true: only by creating a better life can a better system be developed ..." Ideas that seem simple yet which enmesh with basic human aspirations only when formulated with clarity by an exceptional mind.

A high intellect is no substitute for a generous heart, and it is the latter that I appreciate most in Vaclav Havel. He was a rare dissident, one who did not forget fellow dissidents in remote parts of the world even after he became the Head of State of his own country. His heart was not only generous but appealingly light, expressing its solidarity with ordinary people everywhere in the simplest way. His To the Castle and Back begins with the words: "I've run away. I've run away to America. I've run away for two months with the whole family; that is, with Dasa and our two boxers, Sugar and her daughter Madlenka." The gleeful declaration of flight and the place (right at the heart of the family) that he accorded to his dogs drew me across miles and years into the warm circle of his home. How did a man so far from ordinary manage to retain the common touch?

Vaclav Havel spoke to me once on the telephone, about a year ago. He was already in poor health and his voice was weak but he managed to convey his joy at my release from house arrest and his concern for all of us who were still far from our democratic goal. Even in his final illness he did not forget us. The last letter he wrote to me was placed in my hands a few days after his death by one of his old friends, Mr. Sasakawa Yohei.

"Dear Friend," the letter began, "Over the years I sent you a number of letters inviting you to attend various international conferences and other events that I organized. I did it being perfectly aware that the chances of you attending are non-existent but I still did it out of principle and to remind the authorities that confiscated my letters to you that we constantly think of you and support you." The spirit with which he championed the cause of the oppressed had remained intact. His interest in our struggle, too, had continued strong: "Dear friend, I am following the recent developments in your country with a very, very cautious optimism." He ended his letter on a practical, modest note. "... if there is anything we can do to help -- for example -- and only if you wish -- to share some of our transformational experience with you we shall gladly do it."

I will feel the absence of my friend as we continue along the road he walked before us. (By Aung San Suu Kyi)

(Mainichi Japan) January 30, 2012

Source here


_________________________________________
 မြန်မာပြည်မှပေးစာ

ဗက္ကလက် ဟာဗယ်လ်

၂၀၁၂ ခုနှစ်အတွက် ပထမဆုံးမြန်မာပြည်မှပေးစာအဖြစ် ကွယ်လွန်သူ မစ္စတာ ဗက္ကလဗ် ဟာဗယ်လ် ရဲ့အကြောင်းပဲဖြစ်သင့်တယ်လို့ ကျွန်မဆုံးဖြတ်လိုက်တဲ့အခါ ဒီဆောင်းပါးကို ဘယ်လိုခေါင်းစဉ်တပ် သင့်သလဲလို့ ကျွန်မအံ့သြတွေးတော်မိခဲ့ရပါတယ်။ ကျွန်မအတွေးတွေဟာ ရုတ်ခြည်းဆိုသလို သူ့ရဲ့ ထိုးမြဲလက်မှတ်တစိတ်တပိုင်းအဖြစ် ရေးဆွဲလေ့ရှိတဲ့ အနီရောင်အသည်းပုံကလေးဆီ ရောက်သွားခဲ့ပါ တယ်။ ကျွန်မဟာ သူ့ကို“အသည်းသမ္မတ” ဒါမှမဟုတ် “အသည်းခေါင်းဆောင်” ဒါမှမဟုတ် “အသည်း နဲ့လှုပ်ရှားသူ” ဒါမှမဟုတ် “အသည်းနဲ့ပညာရှင်” လို့ရေးသင့်ပါသလား။ နောက်ဆုံးတော့ ကျွန်မစဉ်စား တဲ့ အမည်ဆန်းတွေထက် ပိုမိုတဲ့ စွမ်းရည်နဲ့အဓိပ္ပါယ်ရှိမှာမို့ “ဗက္ကလပဗ် ဟာဗယ်လ်” သီးသန့်ကိုပဲ အမည်ပေးဘို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်မ ပထမဆုံး နေအိမ်အကျယ်ချုပ်အချခံရတဲ့ ၁၉၈၉ ခုနှစ်အတွင်းမှာပဲ “ဗက္ကလဗ် ဟာဗယ်လ်” အမည်နဲ့ ရင်းနှီးလာခဲ့ပါတယ်။ ကတ္တီပါတော်လှန်ရေး၊ ပြည်သူ့စင်မြင့်၊ ရွေးကောက်ပွဲအောင်ပွဲ တွေဟာ ချက်ကိုစလိုဗေးကီးယားရဲ့ တော်လှန်ရေးသမားဝန်ကြီးချုပ်ကို ဒီမိုကရက်တစ်ပြည်ထောင်စုအသစ်ရဲ့ ပထမဦးဆုံးသမ္မတအဖြစ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတွေအားလုံးကို ကျွန်မရဲ့အိတ်ဆောင်ရေဒီယိုက လေးကနေ ကြားသိလေ့လာ နိုင်ခဲ့ပါတယ်။ အဲဒိအဝေးတနေရာက နိုင်ငံရေးအသွင်ပြောင်းလဲမှုရဲ့ ဝမ်း သာပျော်ရွှင်မှုကိုလဲ မျှဝေ ခံစားခဲ့ရပါတယ်။ ဒါပေမင့် အဲဒိအချိန်မှာ “ဗက္ကလပဗ် ဟာဗယ်လ်” ဟာ ပုဂ္ဂိုလ်ရေးမိတ်ဆွေဖြစ်လာလိမ့်မှာကိုတော့ မထင်ခဲ့မိပါ။

ကျွန်မ တခါမှမတွေ့ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်ရေးမိတ်ဆွေအဖြစ် စာရေးခဲ့ဘူးခြင်းမရှိခဲ့တဲ့ အမျိုးသားတဦး အကြောင်းပြောရတာကတော့ အနည်းငယ် ဆန်းပြားနေသလိုပါပဲ။ သူ့ရဲ့ဉာဏ်ကြီးဖြတ်လတ်ပြီး နွေးထွေးတဲ့ပင်ကိုယ်စရိုက်နဲ့ ကမ္ဘာတလွှားမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုကိုပံ့ပိုးပေးတဲ့ သူ့ရဲ့ဥဿုံသန္နိဋ္ဌာန်ချမှတ်မှုတွေဟာ သူရဲ့ရင်းနှီးခင်မင်မှုကို စစ်မှန်သွက်လက်စေခဲ့ပါတယ်။ ကျွန်မ တို့ကို တဦးနဲ့တဦး နားလည်မှုဖြင့် တရင်းတနှီး နီးနီးစပ်စပ်နှောင်ဖွဲ့ဆက်သွယ်ပေးခဲ့တယ်လို့ ကျွန်မကို လည်းခံစားမိစေပါတယ်။ သူက ကျွန်မကို ၁၉၉၁ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင် သွင်းပေးခဲ့ပါတယ်။ ကျွန်မတို့ရဲ့လှုပ်ရှားမှုကို နိုင်ငံတကာရဲ့အာရုံစိုက်လာဘို့ဆုံမှတ်အဖြစ် အထောက် အပံ့ဖြစ်မယ်လို့ သူကယုံ ကြည်တာကြောင့် အခုလို အမည်တင်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲဒိနှစ်အ တွက် သူကိုယ်တိုင်ပင်အမည်တင်သွင်းခံထိုက်ပြီး အရွေးခံရမှာလို့ ကျွန်မယုံကြည်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို သူကိုယ်တိုင်အသေအချာတန်ဘိုးထားခဲ့ပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အ ခွင့်အရေးကိစ္စအတွက် သူကိုယ်သူတန်ဘိုးမဖြတ်ခဲ့တဲ့အရာကို သူ မပေးလိုသောကြောင့်ဖြစ်ပါတယ်။ ဒါပေမင့် ဒီစိတ်ဓါတ်ဟာ အားနွဲ့သူအပေါ်ယဉ်ကျေးကြင်နာစွာဆက်ဆံမှုအဖြစ် - “သူတို့ရဲ့လိုအပ်မှု ဟာ ကျွန်တော်ရဲ့လိုအပ်မှုထက်ကြီးမားပါတယ်” ဆိုတာပါ။

၁၉၉၂ ခုနှစ်မှာ ကျွန်မမိသားစု ကျွန်မထံအလည်လာခွင့်ရစဉ် ကျွန်မရဲ့ခင်ပွန်းသည်က “အာဏာမဲ့တို့ ရဲ့ အာဏာ”ဆိုတဲ့စာအုပ်ယူလာခဲ့ပေးပါတယ်။ အခုအခါမှာ လက်မနဲ့ကောင်းစွာလှန်လှောထားကာ ဟောင်းနွမ်းနေတဲ့အဝတ်အဖုံးစာအုပ်ရဲ့ စာမျက်နှာများကို ကျွန်မ ခပ်မြန်မြန်လေးလှန်ကြည့်မိပါတယ်။ ကျွန်မမျဉ်းသားထားတဲ့ အပိုဒ်အချို့ကို ပြန်ဖတ်ကြည့်မိပါတယ်။ “… အာဏာမဲ့များရဲ့ အလားအလာ စွမ်းရည်များကို စစ်ကြောခြင်း -- အာဏာမဲ့ပြည်သူများဆောင်ရွက်နိုင်တဲ့ အခြေအနေများတွင်ရှိ အာဏာရဲ့သဘာဝရဲ့စစ်ကြောလေ့လာခြင်းမှသာအစပြုနိုင်သည်…” “… လွတ်လပ်ခြင်းဟာခွဲခြမ်း လို့မရနိုင် …” “… ဖန်တီးမှုရဲ့သူတို့ရဲ့နည်းလမ်းတွေ သို့မဟုတ် ဘဝအတွက် သူတို့ရဲ့ရည်မှန်းချက် တွေ ဘယ်လောက်အလှမ်းကွာနေပါစေ၊ အခြားသူများရဲ့ လွတ်လပ်မှုအတွက် မရပ်တည်နိုင်တာဟာ မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခြင်းကို အရှုံးပေးလိုက်တာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ် …” “သာလွန် ကောင်းမွန်တဲ့စံနစ်တခုဟာ သာလွန်ကောင်းမွန်တဲ့ဘဝတခုကို အလိုအလျောက်ဖန်တီးမပေးပါ။ အမှန် တကယ်က ပြောင်းပြန်ဖြစ်ရပ်ကအမှန်ပါ - သာလွန်ကောင်းမွန်တဲ့ဘဝကိုဖန်တီးခြင်းကသာ သာလွန် ကောင်းမွန်တဲ့ စံနစ်တခုကို ဖြစ်ပေါ်တိုးတက်စေမှာပါ …” ထူးခြားတဲ့စိတ်ဓါတ်ရဲ့ ရှင်းလင်းတင်ပြချက် ဖြင့် စံနစ်တကျပုံစံဖော်ထုတ်ပေးလိုက်တဲ့အခါမှသာ အခြေခံလူသားလိုအင်ဆန္ဒတွေနဲ့ ဆက်နွယ်ရော ယှက်နေခြင်းကို လွယ်ကူစွာမြင်နိုင်စေတဲ့ အကြံဉာဏ်များဖြစ်ပါတယ်။

အဆင့်မြင့်ပညာတတ်တယောက်ဟာ သဘောထားကြီးတဲ့နှလုံးသားကိုအစားထိုးလို့မရပါ။ ကျွန်မ မစ္စ တာ ဗက္ကလဗ် ဟာဗယ်လ်ကို လေးစားတန်ဘိုးအထားဆုံးက ဒီ “သဘောထားကြီးတဲ့နှလုံးသား” ကြောင့်ဖြစ်ပါတယ်။ သူဟာရှားရှားပါးပါး တော်လှန်ရေးသမားတဦးဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့အကြီးအကဲ ဖြစ်လာတာတောင်မှ ကမ္ဘာ့ဝေးလံတဲ့အရပ်များရှိ တော်လှန်ရေးမိတ်ဆွေများကို မမေ့ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့နှလုံးသားဟာ သဘောထားကြီး မြင့်မြတ်ရုံတင်မက စာနာမှုရှိစွာပေါ့ပါးနေပြီး၊ အရိုးအစင်းဆုံးဖြင့် အရပ်ရပ်ရှိ သာမန်ပြည်သူများနဲ့ သွေးစည်းညီညွတ်နေပါတယ်။ သူ့ရဲ့စာအုပ် “ ရဲတိုက်အသွားအပြန်” (To the Castle and Back) မှာ “ ကျွန်ုပ်ထွက်ပြေးခဲ့တယ်။ အမေရိကကို ကျွန်ုပ်ထွက်ပြေးခဲ့တယ်။” ဆိုတဲ့ စကားလုံးများနဲ့ စတင်ခဲ့ပါတယ်။ မိသားစုအားလုံးနဲ့အတူ ၂ လတာ ကျွန်ုပ်ထွက်ပြေးခဲ့ပါတယ်။ မိသားစုဆိုတာက “ဒါဆာ” ရယ်၊ ကျွန်ုပ်တို့ရဲ့ ဘောက်ဆာ ခွေး ၂ကောင်ဖြစ်တဲ့ “ရှူးဂါး”ခွေးမနဲ့ သူရဲ့ သမီး “မဒ်လဲန်ခါ” ပါပဲ။ ထွက်ပြေးခြင်းနဲ့နေရာ(မိသားစုရဲ့အလယ်မှာ သူ့ခွေးများကို ထည့်သွင်းသတ် မှတ်လိုက်ခြင်း)ကို ဝမ်းမြောက်ပျော်ရွှင်တဲ့ကြေညာချက်ဟာ မိုင်ပေါင်းဝေးစွာက နှစ်ပေါင်းစွာက ကျွန်မ ကို သူ့အိမ်ရဲ့ နွေးထွေးတဲ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်လိုက်ပါတယ်။ သာမန်စီမံထိန်းသိမ်းမှုရဲ့ အဝေးမှာ ရှိနေတဲ့လူတယောက်ဟာ အများထိတွေ့မှုကို ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့်။

လွန်ခဲ့တဲ့ တနှစ်က မစ္စတာ ဗက္ကလဗ် ဟာဗယ်လ်က ကျွန်မကို တခါ ဖုံးဆက်ခဲ့ပါတယ်။ သူဟာ ကျန်း မာရေးမကောင်းတဲ့အခြေအနေမှာ ရောက်နေခဲ့ပါတယ်။ သူ့အသံဟာပျော့တော့နေခဲ့ပါတယ်။ ဒါပေ မင့် ကျွန်မ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာမှုကို ဝမ်းသာကြောင်း ပြောပေးခဲ့ပါတယ်။ နောက် ကျွန်မတို့ရဲ့ ဒီမိုကရေစီပန်းတိုင်က အလှမ်းဝေးနေတာကိုလဲ စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်။ သူရဲ့နာမကျန်းဖြစ်နေတဲ့နောက်ဆုံးအချိန်အထိ သူဟာ ကွန်မတို့ကို မမေ့ခဲ့ပါဘူး။ ကျွန်မအတွက် သူ ရေးခဲ့တဲ့ နောက်ဆုံးစာကို သူကွယ်လွန်ပြီးရက်အနည်းငယ်အကြာမှာ သူရဲ့မိတ်ဆွေဟောင်းတဦးဖြစ် တဲ့ မစ္စတာ ဆဆခါဝ ယိုဟိအဲ က ကွန်မလက်ထဲကိုထည့်ပေးခဲ့ပါတယ်။

“ခင်မင်ရပါတဲ့ မိတ်ဆွေ” လို့ စာကို အစချီထားပါတယ်။ “ကျွန်တော်စည်းရုံးကျင်းပခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများနဲ့ အခြားအခမ်းအနားများစွာကိုတက်ရောက်ဘို့ ဘိတ်ကြားတဲ့စာတွေကို ခင် ဗျားထံ နှစ်ပေါင်းအတော် ကြာကြာ ကျွန်တော်ပေးပို့ခဲ့ပါတယ်။ မိတ်ဆွေတက်ရောက်နိုင်မဲ့အခွင့်အ လမ်းတွေမရှိဘူးဆိုတာ ကျွန်တော်အသေအချာသတိထားခဲ့မိပေမင့် နည်းလမ်းအပြင်ကနေ ကျွန် တော်ဆက်လုပ်ခဲ့တာပါ။ ကျွန်တော့်စာတွေကို သိမ်းဆည်းတဲ့ အာဏာပိုင်တွေကို ကျွန်တော်တို့တတွေ ခင်ဗျားကို အစဉ်သတိရနေတယ်ဆိုတာနဲ့ အမြဲတမ်းထောက်ခံနေတာကို သတိပေးနေခဲ့တာပါ။”

အဖိနှိပ်ခံများအရေးကို ရပ်တည်ကာကွယ်ပေးနေတဲ့ သူ့ရဲ့စိတ်ဓါတ်က တည်ရှိနေဆဲဖြစ်ပါတယ်။ ကျွန် မတို့ရဲ့ လှုပ်ရှားမှုအပေါ် သူ့ရဲ့စိတ်ဝင်စားမှုကတော့ ဆက်လက်ရှင်သန်ကြီးမားလျက်ရှိနေပါတယ်။

“ခင်မင်ရတဲ့မိတ်ဆွေရေ၊ ခင်ဗျားတို့နိုင်ငံမှာ လတ်တလောတိုးတက်မှုတွေကို အလွန့်အလွန်သတိထား ရမဲ့ အကောင်းမြင်မှုတွေနဲ့ ကျွန်တော်က လေ့လာစောင့်ကြည့်နေလျက်ပါ။”

သူ့ရဲ့စာကို လက်တွေ့ကျတဲ့အညင်သာဆုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ “… ကျွန်ုပ်တို့ကူညီနိုင်မဲ့ တခုခု -- ပုံစံအားဖြင့် -- ကျွန်ုပ်တို့ရဲ့အသွင်ကူးပြောင်းရေးအတွေ့အကြုံကိုမျှယူဘို့ သင်ဆန္ဒရှိခဲ့ရင် - ကျွန်ုပ်တို့ က ဝမ်းမြောက်စွာ လုပ်ဆောင်ပေးပါ့မယ်။”

ကျွန်မတို့ရှေ့က သူလျှောက်သွားတဲ့လမ်းတလျောက် ကျွန်မတို့ဆက်လှမ်းနေစဉ် ကျွန်မရဲ့မိတ်ဆွေမရှိ တော့တာကို ကျွန်မခံစားရပါလိမ့်မယ်။



ဒေါ်အောင်ဆန်းစုကြည်

(မိုင်အိနိချိ ဂျပန်) ဇန္နဝါရီ ၃၀၊ ၂၀၁၂

(၂၀၁၂ ခု ဇန္နဝါရီ ၃၀၊ နေ့ထုတ် ဂျပန်နိုင်ငံ၏ မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်၏ “ဗက္ကလဗ် ဟာဗယ်လ်” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည် )

မောင်မောင်လှကြိုင်

၂၀၁၂-၀၂-၀၂





By လင်းသန့်

စစ်အာဏာရှင် စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်း များစွာ၏ဘ၀ ပျက်ခဲ့ရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသည်။

“ဘ၀ပျက်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အနေနဲ့ ကိုယ့်အချင်းချင်း ရိုင်းပင်းကူညီနိုင်ကြဖို့ အချင်းချင်း ကွက်လပ်တွေ ဖြည့်ဖို့ လိုတယ်”ဟု လည်း ယမန်နေ့က ရန်ကုန်မြို့ အင်းလျားကန် စိမ်းလန်း စိုပြည် ဥယျာဉ်တွင် ကျင်းပသော နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားတွင် ၎င်းက ထည့်သွင်း ပြောကြားသည်။


ယမန်နေ့က ကျင်းပသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကြိုဆိုတွေ့ဆုံပွဲ၌ တွေ့ရသည့် ကိုမင်းကိုနိုင် (ဓာတ်ပုံ - မိုးမခ)

အဆိုပါ အခမ်းအနားတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့က အမှာစကားများ ပြောကြား ခဲ့ပြီး မကြာခင်က ပြန်လည်လွတ်မြောက်လာသည့် ကိုဝင်းမော်(ရွှေသံစဉ်)လည်း တက်ရောက်၍ ဂီတ အနုပညာရှင် ကိုရဲလွင်၊ ကိုနေ၀င်း တို့နှင့်အတူ တေးဂီတဖြင့် ဖျော်ဖြေသည်။

ကိုမင်းကိုနိုင်ကလည်း သရက်အကျဉ်းထောင်တွင် စပ်ဆိုခဲ့သည့် သီချင်းတပုဒ်ကို မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ လူ ငယ် တဦး၊ ကိုမင်းကိုနိုင်၏ ညီမငယ် မသန္တာ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ညီအစ်ကို မောင်နှမများနှင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီရေးအတွက် ဘ၀များကို စွန့်လွှတ် ဆောင်ရွက်ရင်း အကျဉ်းကျခဲ့ကြရသည့် နိုင်ငံရေး အကျဉ်းသား ဟောင်းများအနေဖြင့် ဘ၀ရှင်သန် ရပ်တည်ရေး၊ အနာဂတ်ဘ၀ ထူထောင်ရေးတို့ အတွက် အခက်အခဲများ ရှိနေ၍ အချင်းချင်း ရိုင်းပင်း ကူညီသွားနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူ တဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ဧရာဝတီကို ပြောသည်။

ကိုကိုကြီးကလည်း“လက်တွေ့ ထိထိရောက်ရောက် ကူညီပေးနေကြတဲ့ မျိုးဆက်သစ်တွေ၊ တခြား ကူညီပေးနေကြတဲ့ ညီ အစ်ကို တွေ၊ ညီနောင်တွေ၊ သူတို့တွေကိုလည်း အလေးအနက် ဂုဏ်ပြုတဲ့အကြောင်း၊ တန်ဖိုးထားတဲ့ အကြောင်း အခမ်း အနားမှာ ကျနော်ပြောပါတယ်”ဟု ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် သံတိုင်နှင့် အုတ်နံရံ ပုံသဏ္ဌာန် ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်း၊ မီးထွန်းညှိထားသော ဖယောင်းတိုင်များကို ရေမျှော ဆုတောင်းခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

ယမန်နေ့ က အခမ်းအနား ၌ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း လက်မှတ်ထိုး လှုပ်ရှားမှု လုပ်ဆောင်ခဲ့သူများ ၏ အမှတ်တရ ပစ္စည်းကိုလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပေးအပ်ခဲ့သည်။

“ဧရာဝတီ မြစ်ကြီးဟာ ငါတို့ အသွေးအသားနဲ့ထပ်တူပြုပြီး ခံစားကြမယ်ဆိုတဲ့ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ခဲ့ကြတဲ့အတွက် ကြောင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ဆည်စီမံကိန်းကြီးကို ရပ်တန့်ပစ်ခဲ့ရတဲ့အထိ အောင်ပွဲခံနိုင်ခဲ့တာဟာ တမျိုးသားလုံး စည်း လုံး ညီညွတ်မှုကို ပြသတာပဲ”ဟု ကိုကိုကြီး က ပြောသည်။

အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပကြသူများမှာ ဦးစွာလွတ်မြောက်ပြီးနှင့်သော နိုင်ငံရေးအကျဉ်းသား ဟောင်းများဖြစ်ပြီး အချင်းချင်း ရိုင်းပင်းကူညီနိုင်ရန် စုဖွဲ့ထားကြသူများ ဖြစ်သည်။

ကိုကိုကြီးက“ကျနော်တို့ ဆုံးရှုံးနစ်နာခဲ့ရတာတွေ သား မြေးတွေအထိ ဆက်ပြီး ခံစားရမယ့် ဝေဒနာတွေကို ကျနော်တို့ လက် ထက် မှာ နုတ် ပယ်ပေးဖို့၊ ဖြေလျော့ ပေးဖို့ အားလုံး တပေါင်းတစည်းတည်း ဝိုင်းဝန်းကြိုးပမ်း ကြပါစို့ လို့ တိုက်တွန်းပါတယ်”ဟု အခမ်းအနား တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော် လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Source : Irrawaddy News ( Burmese)


ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသရဲ့ ပြောချင်လွန်းလို့ ဆောင်းပါး။






ဇန်န၀ါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဗဟန်း ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ညာဏလမ်းက စာရေးဆရာမ ခင်လှိုင်ကြူ အိမ်မှာ ပြုလုပ်တဲ့ သူ့ခင်ပွန်း ခရမ်း ဦးတင်မောင်ဝင်း နှစ်ပတ်လည် ဆွမ်းကျွေးပွဲကို ကျွန်တော် သွား ရောက်ခဲ့ပါတယ်။ ၁၉၉၁ခု ဇန်န၀ါရီလမှာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ အင်းစိန်ထောင်တွင်း သူကွယ်လွန်ခဲ့ပါတယ်။ ထောင်ကို မရောက်ခင် ရေကြည်အိုင်မှာ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ်၊ မြန်မာ့အသံ ဦးကျော်ဦးရယ် အတူတူနေခဲ့ရတယ်။ အင်းစိန် သီးသန့်ထောင်ကျတော့ ကိုတင်မောင်ဝင်း၊ ဗိသုကာ ဦးကျော်မင်းနဲ့ ကျွန်တော် တစ်ခန်းတည်း သုံးယောက်နေရတယ်။ နောက်လူချင်းခွဲပစ်ပြီး မကြာခင် ကိုတင်မောင်ဝင်း ဆုံးသွားတာပါ။ ရန်ကုန်တက္ကသိုလ်မှာကတည်းက သမဂ္ဂနဲ့ ကျောင်းသား ညီညွတ်ရေးတပ်ဦးမှာ အတူ လက်တွဲလုပ်ခဲ့ကြလို့ ညီအစ်ကိုလို သံယောဇဉ် ကြီးခဲ့တဲ့ ကိုတင်မောင်ဝင်း ဆုံးပြီဆိုတာ ကြားတော့ ကျွန်တော် အရမ်း စိတ်ထိခိုက်ခဲ့ရတယ်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျွန်တော့် ဘေးအခန်းက သုံးခွကိုစိန်ဝင်း (ရန်ကြီးအောင်) ဆုံးပြန်တယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတစ်ယောက်ပါ။

ဒီမိုကရေစီကို မြင်သွားချင်ပါသေးတယ်

အခုဆိုရင် ဗိသုကာ ဦးကျော်မင်းလည်း ထောင်တွင်းပါ ရောဂါလက်စနဲ့ ကွယ်လွန်သွားပါပြီ။ မြန်မာ့အသံဦးကျော်ဦးကတော့ အခု လေဖြတ်ပြီး စကားမပြောနိုင်တော့ပါ။ ကျွန်တော်တစ်ယောက်ကတော့ ကံကောင်း ထောက်မလို့ ကြွင်းကျန် ရှင်သန်ပြီး ကျွန်တော့် စာတွေနဲ့ စာဖတ်သူပြည်သူ များကို ဆက်သွယ်ခွင့်ရနေပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးချိန်အထိတော့ ကျွန်တော် အသက်ရှည်ချင် သေးတယ်ဗျာ။

ဒဂုန်တာရာမွေးနေ့

လူလတ်ပိုင်းအရွယ်မှာ ကျဆုံးခဲ့သူတွေအကြောင်း ပြောပြီးတော့ အသက် ၉၀ ကျော်အထိ ကျက်သရေရှိရှိ နေပြနေသူ ဆရာဒဂုန်တာရာအကြောင်း ပြောရပါဦးမယ်။ ဇန်န၀ါရီ ၁၈ ရက်မှာပဲ ကျင်းပတဲ့ တာမွေ မဟာသန္တိသုခ ကျောင်းတိုက်က ဆရာ ဒဂုန်တာရာရဲ့ အသက် ၉၄ နှစ် မွေးနေ့အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ကျွန်တော် သွားရောက်ခဲ့တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဆရာဟာ အရွယ်ရောက်လူလားမြောက် ချိန်ကစလို့ အခုအထိ ပြည်သူဘက်က တစ်သမတ်တည်း ရပ်တည်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ စာပေစာမျက်နှာမှာ ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့သူဖြစ်တာကြောင့် ဆရာ့ရဲ့မွေးနေ့ကြိုဧည့်ခံပွဲ အခမ်းအနားဟာ တက်ရောက် ဂါရ၀ပြုသူ ဧည့်ပရိသတ်တွေ ပျားပန်းခတ် မျှ ကြက်ပျံမကျလို့ ဆိုရလောက်အောင် အထူးကို စည်ကားသိုက်မြိုက် လှတယ်ဗျ။



ဆရာဒဂုန်တာရာထက် လလောက်ကြီးတဲ့ ၀ါးခယ်မ သခင်သိနိးမောင်နဲ့ ဆရာတာအောက် ၁၁နှစ်ငယ်တဲ့ ဆရာ ဟံသာဝတီ ဦးဝင်းတင်ကိုလည်း ဇရာကို အန်တုပြီး ရှင်သန်နေတဲ့ လက္ခဏာနဲ့ တွေ့ရတယ်ဗျာ။ အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း လမ်းလျှောက်တုတ်အားပြုပြီး တရွေ့ရွေ့ လှမ်းကာ အရောက်လာတာ တွေ့ရတယ်။ တော်ဘုရားကလေးရဲ့ ကျန်ရစ်သူ ဇနီး ဒေါ်ခင်မေကိုလည်း ပြုံးနေကျ အပြုံးလေးနဲ့ တွေ့ရ နှုတ်ဆက်လိုက်ရတယ်။ အခမ်းအနား အစီအစဉ်မှူး လုပ်တဲ့ မုံရွာ ဦးအံ့မောင်သည်ပင် အသက် ၈၀ ရှိပါပြီင်္။ ဆရာအံ့ဟာ ဆရာဒဂုန်တာရာရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး ငြိမ်းချမ်းရေး ပန်ကြားချက်တွေကို မပြတ်မလပ် ထုတ်ပြန်နေပါတယ်။

၈၈ သတင်းစာရှင်းလင်းပွဲ

ကျက်သရေရှိလှတဲ့ ဆရာအိုကြီးတွေကို ဂါရ၀ပြုပြီးတဲ့နောက် ဇန်ဝါရီ ၂၁ ရက်ကျတော့ ပြည်လမ်းက တော်ဝင်စင်တာမှာ ကျွန်တော်တို့ရဲ့ နောက် မျိုးဆက်နှစ်ဆက်က လူငယ်တွေကို အလေးပြုရပြန်ပါတယ်။ ဆရာ ဒဂုန်တာရာက သခင်အောင်ဆန်း၊ သခင်နုနဲ့ သူတို့ခေတ် (၁၃၀၀ပြည့်အရေး တော်ပုံခေတ်) က အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့တဲ့ လူငယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်တယ်။ ၁၉၆၂ခုနှစ်က လူငယ်တွေကို ဒုတိယ မျိုးဆက်လို့ သတ်မှတ်ပါတယ်။ ကျွန်တော့်ရဲဘော်ကြီး ဗကသကိုလှရွှေကတော့ ၁၉၈၈ မင်းကိုနိုင်၊ ကိုကိုကြီးတို့ မျိုးဆက်ကို တတိယမျိုးဆက်၊ သူတို့နောက် ကျော်ကိုကို၊ စည်သူမောင်၊ ဖြိုးဖြိုးအောင်တို့ မျိုးဆက်ကို စတုတ္ထမျိုးဆက်လို့ တင်စားပါတယ်။

ဝမ်းနည်းဝမ်းသာ ခံစားမိ

တော်ဝင်စင်တာ ခန်းမကြီးထဲက ၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်းကို ကျွန်တော်ထိုင်ကြည့်ရင်း စိတ်ထဲ ၀မ်းနည်း ၀မ်းသာကြီး ဖြစ်နေမိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ ဘယ်လိုမှ စိတ်ကူးထဲတောင်ထည့်လို့မရတဲ့ မြင်ကွင်းလို့ပဲ ပြောရမယ်ဗျာ။ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ပြုံးချို၊ လှမျိုးနောင်၊ အောင်သူ၊ အံ့ဘွယ်ကျော်၊ နီလာသိန်း၊ မီးမီး။ ဇန်န၀ါရီ ၁၃ ရက်နေ့ကမှ ထောင်အသီးသီးက လွတ်လာကြသူတွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါ့။ သူတို့တွေ ထောင်ထဲရောက်နေတုန်း အပြင်မှာ လုပ်နိုင်သလောက် ဆက်လုပ်ခဲ့ကြတဲ့ စိုးထွန်းနဲ့ ထွန်းမြင့်အောင်ကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။

နိုင်ငံရေးခေါင်းဆောင်လောင်းတွေ


၈၈ တွေကို ကျွန်တော်က တိုင်းပြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်လောင်း များအဖြစ် ထိုင်ကြည့်ပြီး အကဲခတ်ရင်း ပီတိဖြစ်နေတာပါ။ သူတို့ထဲက အများစုဟာ ကျွန်တော်တို့ နိုင်ငံမှာ အလွန်လိုအပ်နေတဲ့ အရည်အချင်းပြည့် စံမီတန်းမီ နိုင်ငံရေးသမားများအဖြစ် နေရာယူကြတော့မှာ ဖြစ်ပါတယ်။ သူတို့ ရှောင်လွှဲချင်ရင်တောင်မှ ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ တိုင်းပြည်က သူတို့ကို တောင်းဆိုနေပါပြီ။



တိုင်းပြည်က မျှော်လင့်နေပါတယ်

ကျွန်တော်တို့နိုင်ငံမှာ စံမီတန်းမီနိုင်ငံရေးသမားတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဆရာဒဂုန်တာရာရဲ့ စံနှုန်းအရပြောရရင် သူတို့ခေတ် ပထမမျိုးဆက်က ကုန်လုပါပြီ။ သက်ရှိထင်ရှားကျန်သူတွေကလည်း အသက် ၉၀ တစ်ဝိုက်တွေ ဖြစ်နေကြပြီ။ ဒုတိယမျိုးဆက်ကျတော့ အသက် ၇၀ တစ်ဝိုက်ရောက်ကုန်ကြပြီ။ ဒါကြောင့် တတိယမျိုးဆက်နဲ့ စတုတ္ထမျိုးဆက်ကို တိုင်းပြည်က မျှော်လင့်နေတာပါ။

ရှေ့လူတွေထက်တော်ရမယ်


လက်ရှိနိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ထဲရောက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့နေရာကို မျိုးဆက်သစ်တွေက မလွှဲမသွေ ၀င်ယူကြရမယ့် အချိန်တစ်ချိန် ရောက်လာမှာဖြစ်တယ်။ မျိုးဆက်သစ် နိုင်ငံရေးသမား တွေဟာ ရှေ့ကလူတွေထက် တော်မှ ဖြစ်မယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံရာမှာ တော်ရုံမျှမက တိုင်းပြည်ရဲ့အရေးအရာတွေမှာ အမြော်အမြင်ကြီးသူတွေ၊ စိတ်ကူးစိတ်သန်းကောင်း ထုတ်လုပ်နိုင်သူတွေ၊ တိုင်ပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်သူတွေ ဖြစ်ဖို့ ပြင်ဆင်ထားကြရပါမယ်။

ဗျူရိုကရက်အမြင်

တော်ဝင်စင်တာ ခုနစ်ထပ်က ဆင်းအလာမှာ ကျွန်တော်နဲ့ သိကျွမ်းတဲ့ ဗျူရိုကရက်အငြိမ်းစားတစ်ယောက်နဲ့ အောက်ထပ်တစ်နေရာမှာ တွေ့ပါတယ်။ သူ့ဇနီးနဲ့ ဈေးလာဝယ်တယ်လို့ ဆိုပါတယ်။ သူက ကျွန်တော့်ကို ဘယ်က လာတာလဲမေးလို့ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲက ပြန်လာတာ ပြောတော့ ]]တယ်ဟုတ်ပါလား။ သူတို့က ဘာတွေ ပြောလဲ၊ ပါတီတွေဘာတွေ ထောင်ဦးမတဲ့လား၊ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည် ခေါင်းဆောင် လုပ်ကြဦးမတဲ့လား}} စတဲ့ ခပ်ရင့်ရင့် မေးခွန်းတွေ မေးတယ်။ ကျွန်တော်က အဲသလိုလူမျိုးတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ သူတို့ဟာ တစ်သက်လုံး ဗျူရိုကရက်စိတ်နဲ့နေခဲ့ကြတာ။ လုပ်သက်လေး ရလာတဲ့အခါ တာဝန်ကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ လှည့်နေကြတယ်။ ၈၈ မျိုးဆက်တွေ ထောင်ကျခံနေကြတဲ့အချိန်မှာ သူတို့က သားသမီးတွေကို နိုင်ငံခြားကျောင်းတွေမှာထားပြီး ပညာထူးချွန်အောင် တွန်းအားပေးတယ်။ နိုင်ငံရေးနဲ့ ကင်းကင်းနေဖို့ အထူးသွန်သင်ဆုံးမတယ်။ သားသမီးတွေ အလုပ်အကိုင် ကောင်းကောင်း ရအောင်၊ သူတို့အတွက် စားသာမယ့် တိုင်းပြည်မျိုးကို ရောက်အောင် မစမယ့် လူတွေကို ဆည်းကပ်တယ်။ ဖါးရမယ့်လူတွေကို ဖါးတယ်။ နိုင်ငံရေးသမားတွေကို အထင်မကြီးရုံမက အထင်သေးတယ်။ စစ်ဗိုလ်တွေကိုလဲ ကွယ်ရာ မှာ အတင်းချတယ်။ ရှေ့တင်ကျတော့ ခါးကို ၄၅ ဒီဂရီစောင်းအောင် ညွတ်ပြီး အရိုအသေပေးတယ်။

၈ လေးလုံး အရေးတော်ပုံအကြောင်းပြောရင် သူတို့က ၈ လေးလုံး ဆူပူမှုလို့ ပါးစပ်က ထွက်တယ်။ နိုင်ငံရေးသမားတွေကို ကလေကချေတွေလို့ မြင်တယ်။ နိုင်ငံရေးသမားတွေ ထောင်ချခံရတာကို ရာဇ၀တ်ပြစ်မှု ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတာလို့ ယုံယုံကြည်ကြည်ပြောတယ်။ အစိုးရမင်းများကို ရာရာစစ အန်တုချင်တဲ့ကောင်တွေ ခံရတာတောင်နည်းသေးလို့ ပြောဝံ့တယ်။

သူတို့ခေါင်းဆောင်ဖြစ်လာရင်

အဲသလိုလူတွေကို ကျွန်တော်က တကယ်ရွံတယ်။ သူတို့ အင်္ဂလိပ်လို၊ ပြင်သစ်လို မွှတ်နေအောင် ပြောပြီး ခေတ်ဆန်ဆန် နေတာကို တချို့က အထင်ကြီးပေမယ့် ကျွန်တော်က လုံးဝ အထင်သေးတယ်။ သူတို့ စိတ်ဓာတ်ကို အထင်သေးတာပါ။ သူတို့ ကျွမ်းကျင်တဲ့ ဗျူရိုကရေစီ စီမံခန့်ခွဲရေးမှာတော့ တော်ကြပေမှာပေါ့။

ကျွန်တော်က ခပ်ချဉ်ချဉ်နဲ့ သူ့ကို ရယ်ရွှန်းဖတ်ရွှန်း ပြောခဲ့ပါတယ်။

]]ဟုတ်တယ်ဗျို့၊ သူတို့ဟာ တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာဖို့များတယ်။ အဲဒီအခါကျရင် ခင်ဗျား ဒီနိုင်ငံမှာ နေဦးမလား}}

သူက အမ်းတန်းတန်း ဖြစ်သွားပြီးမှ ]]ဟာ ခင်ဗျားကလဲ ကျုပ်က ဘယ်သွားရမှာလဲ။ အသက်ကြီးပြီလေ။ သူတို့တွေ တက်လာတော့လဲ အလိုက်အထိုက်ပေါ့ဗျာ}}

ကျွန်တော်က မြန်မြန် နှုတ်ဆက်ပြီး သူ့ကို ကျောခိုင်းထွက်လာခဲ့ပါတယ်။

၂၄၊ ၀၁၊ ၂၀၁၂
Credit  here


     Date :Thursday 9 Feb 2012, Time : 16.00-18.00 

The Rohingyas, a Muslim minority group in Burma, were made stateless in 1982 by the military dictatorship. Thousands of Rohingyas have fled brutal suppression in their home country to poverty, misery and abuse in neighbouring Bangladesh. Bangladesh does not accept them as refugees while Burma don´t want them back.
This film describes the nightmarish legal limbo they are living in.

The Rohingyas of Burma are stateless and have been living in misery for decades. They are a forgotten people. Why is it so difficult to find a solution to their situation and to give them a life with dignity? 

We screen the film The Exodus of The Rohingyas, which is followed by a debate

Participants:
  • Tun Khin, President of the Burmese Rohingya Organization UK. 
  • Johan Meyer, Refugee Policy Director at the Norwegian Ministry of Foreign Affairs.
  • Erik Abild, Political Advisor at the Norwegian Refugee Council. 

Moderator: Kristian Stokke, Professor at the Department of Sociology and Human Geography, University of Oslo. 

_________________________________________________

About the Rohingyas (in Norwegian) here

Velkommen - og spre gjerne videre! 

Vennlig hilsen 
Åse Sand 
Den norske Burmakomité / Norwegian Burma Committee 
Det norske menneskerettighetshuset 

Kirkegata 5 
0153 Oslo, Norge 
Mobil: + 47 915 76 251 
www.twitter.com/Burmakomite

Source here
 Mr.Tomás Ojea Quintana
မြန်မာအစိုးရ၏ ဖိတ်ကြားချက အရ လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်ရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။

“မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်တို့ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုလာတဲ့အဖွဲ့က မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အရေးကြီးတဲ့အချိန်မှာ လာရောက်တာပါ။ ကျွန်တော့်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ သွားရောက်ခဲ့တဲ့ ခရီးစဉ်နောက်ဆက်တွဲ အနေနဲ့ရော ယခု တိုးတက်မှုတွေအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အကဲဖြတ်ဖို့ပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana က ဇန်န၀ါရီလ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tomás Ojea Quintana ၏ ခြောက်ရက်ကြာမြင့်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိကြောင်းလည်း သိရှိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ် သြဂုတ်လက ပထမဆုံးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် မေလမှ စ၍ စတင်ဆောင်ရွက်နေသည်။ ၎င်းနောက်ဆုံး လာရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လက ဖြစ်သည်။

Source : EMG

David William Donald Cameron , Prime Minister of the United Kingdom

(UKPA) David Cameron has hailed Burmese pro-democracy leader and Nobel laureate Aung Sang Suu Kyi as a "figure of brilliance" who should steer the West's response to the opening up of Burma.

The Prime Minister was speaking after EU leaders in Brussels vowed to ease EU "restrictive measures" following her release after seven years of house arrest in November 2010.

A summit statement said important changes taking place in Burma "are opening up important new prospects for developing the relationship between the European Union and Burma".

Mr Cameron commented: "I spoke to Aung Sang Suu Kyi at the weekend and asked her about how quickly she thought the re-engagement process should take place between countries in the West in the EU, with the Burmese regime.

"I think it is very important that we listen carefully to her, an absolute figure of brilliance in terms of what she has been through and what she is now going to achieve in that country.

"I think the message is that, yes, we should be engaging, but we should do it in stages and we should look very carefully to make sure that the by-elections that they are going to hold are fair, that prisoners go on being released, that they go on opening up and moving towards democracy.

"And as they do that I think there are opportunities for the EU and I'm delighted that the council (summit) has made such a clear statement tonight."

The EU statement said: "We will continue to ease the EU's restrictive measures if pour expectations are met. The members of the European Council reiterate the EU's readiness to assist Burma in advancing reforms."

Source here


ဒီနေ့ ဒီလိုပွဲမျိုးကို ယောင်လို့တောင် မမက်ခဲ့ဖူးပါဘူး။ ကျွန်တော့်အရှေ့က နောင်တော်အစ်မတော်တွေဟာ ဟိုး ၁၉၆၂ ဇူလိုင် ၇ အရေးတော်ပုံကတည်းက စပြီး ကျောင်း သားအရေးတော်ပုံတွေ စခဲ့တာ။ ဒီမိုကရေစီအရေးတိုက် ပွဲတွေ ဝင်ခဲ့တာ ရခဲ့သမျှတွေဟာ ဆုလာဒ်တွေ မရှိခဲ့ပါ ဘူး။ နံပါတ်တုတ်တွေ မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊ လက်ထိပ်တွေ၊ ခြေထိပ်တွေ၊ ခြေကျင်းတွေ ပြီး တော့ အုတ်နံရံလေးဘက်ကြားကို ရောက်ရတယ်။ စစ် ကြောရေး စခန်းတွေထဲမှာ လူစဉ်မမီအောင် ဘဝပေးခဲ့ ရတာတွေ အများကြီးပါ။ ကျွန်တော်တို့ရှေ့က အစ်ကို တော် အစ်မတော်တွေ ပေးဆပ်ခဲ့ရတဲ့အပေါ် ကျွန်တော် တို့ လိုက်ပါခဲ့ရတာပါ။ ဒီနေ့ ဒီအချိန်မီးရောင်စုံတွေနဲ့ ပြိုးပျက်နေတဲ့ အပြုံးတွေကြားထဲမှာ ပြန်ဆုံကြတယ်ဆို ပေမယ့် တကယ်ဆိုရင် ကြည်နူးဖို့ ကောင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အပြည့်အဝ မကြည်နူးနိုင်ဘူး။ ခုပဲ ကျွန်တော့်ကို ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ရဲဘော်တွေဆီက သတင်းစကားတွေ၊ စာတိုလေး တွေ ကျွန်တော့်ဆီ ရောက်လာတယ်။ စင်ရဲ့ နောက်မှာ ပဲ ကျွန်တော်ဖတ်ရတော့ ဆို့ဆို့နင့်နင့် ခံစားရပါတယ်။ အို ကံတရားက သူတို့ကိုမှ ရွေးပြီးတော့ ရက်ရက်စက် စက် နှိပ်ကွက်လေရော့သလား တွေးမိပါတယ်။ အများ ကြီး ပြန်လာကြတဲ့အထဲမှာ ဘာလို့ သူတို့ ကျန်နေခဲ့တာ လဲ။ တစ်ခုခုတော့ မှားနေပြီ။ လူတွေရဲ့ ဘဝ၊ လူတွေ ရဲ့ အသက်ကို အဲသလို အလောင်းအထပ်တွေ လုပ်တာ မျိုးတွေ၊ သံသယတွေ ထပ်ပြီး မခံစားနိုင်တော့ပါ။

လူတွေရဲ့ ဘဝတွေ မိခင်တွေရဲ့ မျက်ရည်တွေကို ပေး ဆပ်ပြီးတော့မှ အပေးအယူလုပ်ရတဲ့ စနစ်ဆိုးကြီးတွေ အမြစ်မကျန်အောင် ကျွန်တော်တို့ လက်ကျန်ဘဝတွေ ကို ဆက်ပြီး လိုအပ်ရင် ပေးဖို့ အသင့်ပါပဲလို့ ကြုံတုန်း ကတိပြုပါတယ်။ ကျွန်တော် ဘာမှ ပြင်ဆင်မထားရ ဘူး။ ဒီလိုပွဲမျိုးဟာ အပြည့်အဝ လွတ်လွတ်လပ်လပ် ခံစားလို့ ကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ စိတ်ထဲ မှာ လိပ်ပြာမလုံဘူးဗျာ။ အမှန်အတိုင်းပြောရရင် ကျွန် တော်ဆိုရင် သရက်ထောင်ထဲမှာ တစ်ယောက်တည်းကျန် ခဲ့တဲ့ ကိုသန်းဇော်ရဲ့ မျက်နှာကို စေ့စေ့မကြည့်ဘဲနဲ့ ကျွန် တော်ကျောခိုင်းပြီး ထွက်ခဲ့ရတာ။ တစ်ယောက်တည်း ကျန်ခဲ့တဲ့သူတွေ အများကြီးရှိတယ်။ သူတို့အတွက် ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ ပေးရပါမယ်။ အဲ ဒီအတွက် ကျွန်တော်စဉ်းစားတယ်။ ဟောဒီအားလုံးက သူတို့ ကြားသွားအောင် စကားတစ်ခွန်းလောက်များ အတူတကွ ပြောပေးနိုင်ကြမလားလို့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသမားများ၊ အမြန်ဆုံး လွတ်မြောက်ပါ စေ ဆိုတာလောက်ပါပဲ။ ထောင်နံရံတွေ ပဲ့တင်ထပ်သွား အောင် ကျွန်တော်တို့ အော်နိုင်ပါတယ်။ စဉ်းစားထား တာ ညီအစ်ကိုတွေ ပြန်ဆုံချိန်တစ်နေ့နေ့မှာတော့ ဒေါ်လာ တွေကို ရောင်စုံပုသိမ်ထီးကလေးလုပ်ပြီး မြိုင်မြိုင်ဆိုင် ဆိုင် ခါးပတ်တွေကြားမှာ ဧရာဝတီဆိုတဲ့ အသံ ဦးရွှေ ရိုးကနိုင်ပါစေဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန်တွေး လာခဲ့ပေမဲ့ ညီအစ်ကိုတွေ ပြန်မဆုံနိုင်သေးဘူး။ ဘာဖြစ် လို့လဲ ကျွန်တော်တို့ရဲ့ လျှာတွေကပဲ ခါးလို့လား စနစ် ဆိုးရဲ့ အသီးကပဲ ခါးနေသလား၊ ကျွန်တော်စဉ်းစား တယ်။ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ လျှာတွေ ခါးလို့ မဟုတ်ဘူး။ စနစ်ဆိုးကိုက ခါးနေလို့ပါ။ ခေတ် သစ်စနစ်သစ်တစ်ခုရဲ့ ချိုမြိန်တဲ့ အရသာကို ကျွန်တော် တို့လည်း ငတ်ငတ်မွတ်မွတ်ကြီး သုံးဆောင်ချင်လှပါပြီ။ နောက်လာမယ့် မျိုးဆက်တွေအတွက်ပါ ကျွန်တော်တို့ အပင်စိုက်သူတွေလို စိုက်ခဲ့တဲ့ အပင်ဟာ ၂၃ နှစ်အကြာ မှာ တစ်စုံတရာသော အတိုင်းအတာ ရောက်ခဲ့ပါပြီ။ သီးချိန်တန်ပါပြီ။ ပွင့်ချိန်တန်ပါပြီ။ အဲဒီ အသီးအပွင့် တွေကို ဆက်ပြီးခံစားဖို့အတွက် ထိန်းသိမ်းဖို့ တာဝန်ရှိ ပါတယ်။ စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အသီးအ ပွင့်တွေကို ဝိုင်းပြီး ကာကွယ်ကြမယ်မဟုတ်လား။


(ခဏ သူတို့ ဘာဖြစ်ချင်လဲ မေးလိုက်ဦးမယ်) ကျွန်တော်အသံ ကောင်းတဲ့ သူလည်းမဟုတ်လို့ ထောင်ထဲမှာကျတော့ နောက်ဆုံးရေးခဲ့တဲ့ သီချင်းရှိပါတယ်။ ကျွန်တော်ကိုယ် တိုင်က ရေးသားပြီးတော့ ကျွန်တော်နဲ့ အတူနေခဲ့တွဲ့နညနမအေငသညျွှလေန က ကိုရဲခေါင်ထွဋ်က သံစဉ်ကို တာဝန်ယူထားပါတယ်။ အဲဒီသီချင်းကိုပဲ ကျွန်တော့် ညီ၊ ညီမတွေက ဝိုင်းပြီး ဆိုမယ်ဆိုရင် ပိုပြီး ကျက်သရေ မင်္ဂလာ ရှိမယ်။ ပြီးတော့ ခမ်းနားမယ် မြင်ပါတယ်။ သဘောတူပါလား။(တူပါတယ်ဟုသံပြိုင်အသံနှင့်လက်ခုပ်သံများ)





မမီးမီး ခေါ် မသင်းသင်းအေး

ပွဲမကျင်းပမီ မြင်ကွင်း


ဘလော့ဂါ နေဖုန်းလတ်


ကို ကိုကိုကြီး ကျေးဇူတင်စကားပြောကြားစဉ်

မနိုဘယ်အေး


ဧရာဝတီမြစ်ဆုံ အမှတ်တရဓါတ်ပုံကို ကိုမင်းကိုနိုင်က ဒေါ်ရွှေဇီးကွက်ထံမှ လက်ခံရယူပြီးကျေးဇူးတင်စကားပြောကြား

Source : YPI & Messenger Journal
Honorable Canadian Award
နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ဒီမိုကရေစီတိုက်ပွဲဝင်လာခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိJamia Milia Islamia တက္ကသိုလ်က မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ တက္ကသိုလ်က အထူးအစည်းအဝေး ခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ဖို့ ရှိပါတယ်။

 ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး ဘွဲ့အပ်နှင်းမယ့်အကြောင်း ပြောမယ်၊ တစ်ကယ်လို့ သူကလက်ခံနိုင် မယ်ဆိုရင်၊ ဒီကိုလည်း လာရောက်ဖို့ အချိန်ပေးနိုင်မယ်ဆိုရင် အထူးတွေ့ဆုံပွဲနဲ့ ဘွဲ့အပ်နှင်းဖို့ရှိပါတယ်"ဟု Vice Chancellor ဖြစ်သူ Najeeb Jungက တက္ကသိုလ်တွင် ပြုလုပ်နေသော "Myanmar: Bridging South and Southeast Asia" ခေါင်းစဉ်ဖြင့် ဟောပြောနေစဉ် ပြောဆိုခဲ့ကြောင်း သိရသည်။


_________________________________________________________
Jamia wants to honour Aung San Suu Kyi

New Delhi,  After honouring living legends like the Dalai Lama and Amartya Sen, Jamia Milia Islamia wants to confer an honourary doctorate on Myanmar's pro-democracy icon Aung San Suu Kyi. Suu Kyi, who had spent almost 15 years under house arrest under Myanmar's military junta, is among the names that have been discussed by the University for bestowing the honour. Sources said while the University was keen to honour the symbol of resistance against a totalitarian regime, the process of accomplishing this was a long one. "Her name has been suggested at the University's decision-making bodies during discussions on the kind of people we would like to honour," said a source.

Vice Chancellor Najeeb Jung too said at a seminar at the University that the institution would like to extend this honour to the Myanmar icon. Jamia had in 2010 honoured Tibetan spiritual leader the Dalai Lama wuth an honourary degree, followed by another Nobel Laureate Sen, whose work on welfare economics, particularly on the causes of famine, has won him international acclaim. Suu Kyi, who is now on a campaign trail for an upcoming parliamentary byelection, won the Nobel Prize for Peace in 1991 for her indefatigable struggle for democracy and human rights in her country.
__________________________________________________________________
ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်းခံရသည့် ဂုဏ်ပြုဆုများ
Daw Aung San Suu Kyi’s International Awards, Honors & Appointments  ( 1 9 9 0 - 2 0 12 )

1. Honorary Fellow St. Hugh’s College (Oxford, UK) 1990

2. Thorolf Rafto Human Rights (Norway) 1990

3. Sakharov Freedom of Thought (European Parliamnet) 1991

4. Noble Peace Oslo, Norway 1991

5. Honorary Member International EN (Norwegian Center) 1991

6. Humanities Human Rights Award (USA) 1991

7. Honorary Member International PEN (Candian Center) 1991

8. Marisa Bellisario Price Italy 1992

9. Annual Award of the International Human Rights Law Group (USA) 1992

10. Honorary President Students’ Union London School of Economics and Political Science (UK) 1992

11. Honorary Member International PEN (English Center) 1992

12. Honorary Life Member University of London Union (UK) 1992

13. Honorary Professional Fellowship Law and Society Trust (SriLanka) 1992

14. Honorary Doctorate in Political Science Thammasat University (Thailand) 1992

15. International Simon Bolivar prize UNESCO 1992

16. Prix Litteraire des Droits de I’Homme Nouveaux Droits de I’Homme, France 1992

17. Honorary Member World Commission on Culture and Development (UNESCO) 1992

18. Member Academie Universelle des Cultures (Paris) 1993

19. Rose Prize arbejderbevaegelsens International Forum/ International Forum of

the Danish Labour Movement, Copehagen 1993

20. Victor Jara International Human Rights Center for Human Rights and Constitutional Law,

Los Angeles, USA 1993

21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993

22. Honorary Doctorate of Law University of Toronto (Canada) 1993

23. The Freedom of the City Commune of Giugliano, Italy 1993

24. Bremen Solidarity City of Bremen, Germany 1993

25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of
      Progressive Women, Madrid) 1993

26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994

27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994

28. The Freedom of the City Aversa, Italy 1995

29. Liberal International Prize for Freedom Britain’s Liberal Democracy Party, UK 1995

30. Honorary Doctorate of Laws Queen’s University, Canada 1995

31. Jawaharlal Nehru Award for International Understanding (for 1993) India 1995

32. Gandhi Award Simon Fraser University, Canada 1995

33. Honorary Doctorate of Civil Law University of Oxford 1995

34. IRC Freedom Award International Rescue Committee 1995

35. Companion of the Order of Australia 1996

36. Liberal International Prize (UK) 1996

37. Asia Human Rights of Law (Japan) 1996

38. W. Averell Harrimen Democracy Award National Democratic Institute U.S.A 1996

39. Rajiv Shmirti Parashka [ Rajiv Gandhi Memorial Award] India 1996

40. Empty Chair Award Women of the Year Lunch, London, UK 1996

41. Honorary Doctorate of Law Charles University in Prague, Czech Republic 1997

42. Honorary Doctorate of Letters Sydney University of Technology, Australia 1997

43. Honorary Doctorate of Letters California Chapman University, U.S.A 1997

44. Honorary Doctorate of Law Natal University, South Africa 1997

45. Honorary Doctorate of Law America University, Washington D.C, U.S.A 1997

46. Distinguished Alumni Award Central University/ Delhi University 1997

47. Honorary Citizenship of Rome (Italy) (May 23, 1997)

48. Honorary Doctorate of Letters Glasgow University (UK) 1997

49. Pearl S. Buck Woman’s Award Pearl S. Buck Foundation (USA) 1997

50. International Award St. Angela’s Peace and Justice Group, Waterford (Eire) 1997

51. Profiles in Courage Award Kennedy Society of Denmark 1997

52. Honorary Doctorate Cambridge University (June 1998) 1998

53. Freedom of the City (Oxford, UK) 1998

54. Honorary Doctorate of Laws University of Wales, Cardiff 1998

55. Honorary Doctorate of Laws University of Bristol (UK) 1998

56. Honorary Doctorate of Laws University of Melbourne (Australia) 1998

57. Honorary degree Universite’ catholique de Louvain, Belgium – December 1998

58. Honorary Degree University of Bath (UK) – December 1998

59. Honorary Degree Bucknell University – May 1999

60. Freedom Award International Republican Institute, USA (October 1999) 1999

61. The Freedom of the City of Dublin Award Ireland (November 1999)

62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000

63. Presidential Medal of Freedom Award U.S.A (December 2000) 2000

64. Collage United Nations Prize 2001 Germany (June 2001) 2001

65. International Social Welfare Prize University of Southern California School of Social Work

(December 8) 2001

66. AI Neuharth Free Spirit Award U.S Foundation, Washington, USA 2003

67. MTV Humanitarian Award, “Free Your Mind” MTV Europe, EDINBURGH,UK 2003

68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004

69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004

70. TIME’s Asia’s Hero 2004 TIME MAGAZINE 2004

71. The Honorary Citizen of Paris France 10/ 12/ 2004

72. Honorary Doctorate in Politics, Philosophy and Economics Rangsit University,

Thailand 13/ 12/ 2004

73. Outstanding Women in Buddhism United Nations Gender and Religious Department 8/ 03/ 2005

74. Honorary Degree in Political Science Thammasat University,Thailand 19/ 06/ 2005

75. Freedom of the City Award The City Council of Edinburgh, Scotland 16/ 06/ 2005

76. Freedom of Galway City Galway city, Ireland June 2005

77. UNISON Honorary Membership UNISON, Britain’s largest trade union, June 2005

78. Olof Palme Prize Sweden, February 2006

79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006

80. New Statesmen Magazine Hero New Statesmen Magazine, May 2006

81. Netaji Subhas Chandra Bose International Deshprem Award, India 2007, March 2007

82. An honorary doctorate (LLD) honoris causa Award from University of Cape Town,

South Africa, December 2007

83. Freedom of Glasgow (the freedom of Scotland’s largest city) 2007

84. Rome for Peace and Humanitarian Action 2007

85. Special Award for Lifetime Achievement in Politics 2007

86. “Abogados de Atocha” international prize from Spain, 22 January 2008

87. Congressional Gold Medal, United States of America, 24 April, 2008

88. Honorary Canadian Citizenship, May 6, 2008

89. The Freedom of the City, June 10, 2008

90. Catalonia International Prize 2008, MOTHERS OF COURAGE (shard with Dr. Cynthia Maung),

November, 2008

91. Honorary Member of the Club of Madrid, November 20, 2008

92. Honorary Council Member, December 20, 2008

93. Trumpet of Conscience Award, January 19, 2009

94. Freedom of the City of Glasgow, March 4, 2009

95. Mahatma Gandhi International Award for Peace and Reconciliation – MAGI Award, May 22, 2009

96. Democracy and Peace Award of Japanese Diet Member’s League Japanese Diet Members’

League in support of Democracy in Myanmar, Tokyo, Japan (2009, June 19)

97. The Honorary Doctor of Laws (LLD) at Derry’s Millennium Forum, the University of Ulster in Derry,

Ireland, UK on Tuesday, July 7, 2009. (2009, June 24)

98. The Ambassador of Conscience Award the recipient of Amnesty International’s highest honorary

(Irish band U2 is publicly announcing Aung San Suu Kyi’s award Monday night at a Dublin concert.)

(2009, July 27)

99. Benazir Bhutto Shaheed Award for Democracy instituted. The Pakistan People’s Party,

Islamabad, Pakistan. (2010, June 21)

100. Honorary Individual Membership. Council of Asian Liberals and Democrats

(CALD) (2010, June 29)

101. Queen of Myanmar’s Democracy and Human Rights. Manav Ekta Parishad, India

(2010, November 25)

102. National Order of the Legion of Honour (2011, Janauary 16)

103. ‘Shaheed Benazir Bhutto Award for Democracy (2012 ,Janauary 25).....



By ဇာဏီ ၊

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာ ကမ်ပိန်းပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ ကိုဝေဖြိုး နှင့် ကိုဇာနည်ထွန်း တို့ကို ပြည်မြို့နယ် တရားရုံးမှ စီရင်ချက် ချဖို့ ဒီကနေ့ ရုံးချိန်းခေါ်ထားပြီး စီရင်ချက် မချဖြစ်ပဲ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

"ဗီနိုင်းစ ဆိုတာ မြန်မာပြည်မှာ ကြော်ငြာတွေ ပိုစတာတွေ အများကြီး ထုတ်ကြတယ်။ ကလေးတွေက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဗီနိုင်းစတွေကို ပြည်မှာရော ၊ အင်းမ ဘက်မှာရော ကပ်တယ်။ ဘာဖြစ်လို့ ကပ်လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ချင်လို့ ကပ်တယ်။ အဲတာကို ကပ်ပေမယ့် ပုံနှိပ်ထုတ်ဝေမှုနဲ့ မငြိဘူး။ ဘာလို့လဲဆိုတော့ ပုံနှိပ်ဆိုတာ စာရွက်ပေါ်မှာပဲ ပုံနှိပ်လို့ရတာ အခုဟာက ဗီနိုင်းစ ဖြစ်တဲ့အတွက် ဗီနိုင်းစက်ပေါ်မှာပဲ လုပ်လို့ရတယ်။ အဲစက်က ဘယ်ကရလဲဆိုတော့ ဒီကလေးတွေမှာ မရှိဘူးလေ။ GW က ဇေယျာသော် ပေးလို့ ကျနော်တို့ ကပ်တယ်ဆိုတာ ဝန်ခံတယ်။ အဲတာကို ပုံနှိပ်ဥပဒေအရ မငြိဘူးဆိုတာကို ဒီနေ့ ငြင်းထားတယ်လေ ။အဲတော့ သဘက်ခါကို အမိန့်ချမယ်။ ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဆိုတာ စာရွက်၊စာတမ်း စသည်ဖြင့် အဲတာတွေပေါ်မှာပဲ ချလို့ရတာ။အဲတာကြောင့် ပုံနှိပ် ထုတ်ဝေခွင့်ကို ငြင်းထားတယ်။ အဲတာကို ဒီနေ့ အမိန့်ချမယ်ဆိုပြီး လုပ်တယ်။ ရုံးချိန်းသို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ ကလေးတွေအပါအဝင် လူ ၃၀၊၄၀ လောက် လာရောက်နားထောင်ကြပါတယ်။ အဲလို လူတွေများတော့ သူတို့ အမိန့်မချဖြစ်ပဲ တရားရုံးက ရုံးချိန် မရှိဘူးဆိုပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ကို ပြောင်းလိုက်တယ်။ " လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

" သူ ထောင်ကျသွားပစေ။ ကိစ္စ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သူ ကပ်တယ်။ အဲဒီ ကပ်တာမှာ သူ မလွတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်နေတယ်။ အဲတာကို သူ ဝမ်းသာတယ်"လို့ ကိုဇာနည်ထွန်းက ရုံးချိန်းထွက်လာစဉ် သူရဲ့ရှေ့နေ ဦးမြင့်အေးကို ပြောခဲ့ပါတယ်။

" အခု နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတကြီးက လွှတ်နေတယ်။ လာမည့် ၁၃ ရက်နေ့မှာလဲ လွှတ်မယ်လို့ ကြားနေရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဗီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ ကျနော့ အမှုသည်နှစ်ယောက်က မလွတ်သေးတာတော့ ကျနော်တော်တော် စိတ်မကောင်းဘူး။ ဒီအမှုမှာ တရားဥပဒေက စိုးမိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။ တရားသူကြီးချုပ် ဦးမြင့်ဆွေကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ်။ တရားသေ လွှတ်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။"လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

ကိုဝေဖြိုးနှင့် ကိုဇာနည်ထွန်းတို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ပြည်မြို့နှင့် အင်းမမြို့တို့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရေး ဗွီနိုင်းပိုစတာများကို ကပ်ခဲ့သူများဖြစ်ပြီး အင်းမ ရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ နှင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ပုံနှိပ် ဥပဒေ ပုဒ်မ ၁၇ သည် အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ဒဏ် ချမှတ်လို့ရပါတယ်။

တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးမှ အပြီးသတ် လျှောက်လဲချက်







Source : Burma VJ
ရိုဟင်ဂျာဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူး၊ ယခင် ARAKAN, ယခုရခိုင်ပြည်မှာကိုယ်ပိုင်စာပေ၊
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးစံ သီးသန့်ရှိနေတဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်း၊
First Weekly, Vol 1, No.11 မှာတပတ်အရင်က မေသဒ္ဓါရေးသားဖေါ်ပြထားတဲ့ “ရိုဟင်ဂျာ
ဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူးဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ပြန်ကြေညာ”
ဟူသောသတင်းဆောင်းပါးအား တုန့်ပြန်ဖြေကြားချက်။

နေ့စွဲ့။ ။၃၀ ရက်၊ဇန္နဝါရီလ၊၂၀၁၂ ခုနှစ်။

ရခိုင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဒေါ်စောခင်တင့် ၊ဒုဥက္ကဌ ဦးသန်းမောင်၊ အတွင်းရေးမှူး
ဦးလှမြင့် အပါအဝင် ရခိုင်တိုင်းရင်းသား ၁၆၀၀၀ ကျော်အမည်နှင့်လက်မှတ်ပါသူများအားပထမဆုံး
မေးခွန်းတစ်ခုလောက်မေးချင်တာက-

ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးနှစ်မျိုးစလုံးကိုရောပြီ်း ARAKAN လို့ဘယ်သူတွေကခေါ်တာလဲ?ဆိုတာပါဘဲ။
ကမ္ဘာ့သမိုင်းသုတေသီများရဲ့အဆိုအရတော့ ARAKAN ဆိုတာဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ခေတ် (အာဏာရှင်ခေတ်) ကပြောင်းပေးလိုက်တဲ့ ယခုရခိုင်ပြည်ကိုခေါ်တာလို့ အားလုံးကသိကြပါတယ်။
အာဏာရှင်မတိုင်ခင်ကတော့ ယခုရခိုင်ပြည်ကို ARAKAN ပေါ့။အဲဒီ ARAKAN ဒေသမှာနေတဲ့လူတွေအား
လုံးကို ARAKANESE ပေါ့။ဒါရှင်းပါတယ်။ ARAKAN မှာနေတဲ့လူဟာ ARAKANESE ဖြစ်ရမှာပေါ့။
BURMAမှာနေတဲ့လူတွေကို BURMESE လို့ခေါ်သလိုပေါ့။

ဒါပေမဲ့ရိုဟင်ဂျာတွေကရိုဟင်ဂျာဆိုတဲ့နာမည်အပြင် ARAKANNYA လို့သုံးကြတာတော့ရှိပါတယ်။အဓိပ္ပါယ်ကတော့ ARAKAN မှာနေတဲ့လူလို့ပြောကြတာပါဘဲ။

အားလုံးသိထားတာကလဲအာရ်ကန်မှာရခိုင်လူမျိုးတစ်မျိုးတည်းနေနေကြတာမဟုတ်ဘူးဆိုတာပါဘဲ။ဒါကြောင့်ရခိုင်လူမျိုးတစ်မျိုးတည်းကိုဘဲARAKAN,ARAKANESEလို့ခေါ်တယ်ဆိုရင်………………”မရှိကိုအရှိလုပ်၊အရှိကိုမရှိလုပ်၊” တတ်တဲ့ အင်မတန်မှသေးနုပ်သိမ်ဖျင်းတဲ့အယူသည်းမှုရှိနေတဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်စွဲထားတဲ့ တစ်ပါတီအာဏာရှင်စနစ်၊စစ်အာဏာရှင်စနစ်ကိုအားပေးထောက်ခံထားနေဆဲဖြစ်တဲ့ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေဘဲ ဖြစ်မယ်လို့ထင်ပါတယ်။

Read More here
Download here











First Weekly, Vol 1, No.11 မှာတပတ်အရင်က မေသဒ္ဓါရေးသားဖေါ်ပြထားတဲ့ “ရိုဟင်ဂျာ
ဟာ ရခိုင်လူမျိုးနဲ့ မဆိုင်ပါဘူးဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ပြန်ကြေညာ”
ဟူသောသတင်းဆောင်းပါး



Rohingya Exodus