Latest Highlight


နော်ဝေနိုင်ငံခြားရေးဝန်ကြီး Mr.Jonas Gahr Store နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ကနေ ည ၇ နာရီ ၁၅ မိနစ် အထိ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။


Source : Shwe Myitmakha Media Group & Burma VJ 

ကျနော်များ ဗမာမွတ်စလင်လူငယ်များကွန်ယပ်မှ လူငယ်များသည် လူသားချင်းစာနာထောက်ထား သေား ကူညီဆောင်ရွက်ခြင်း အစီစဉ်တစ်ရပ်အနေဖြင့် ၁၈.၁၂ .၂၀၁၁နေ့မှစတင်ပြီ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဒေသအတွင်းရှိ ဆီးချို သွေးချို ဝေဒနာရှင်များအား နွေးထွေးပျူငှာစွာဖြင့် တိုင်း တာစစ်ဆေးပေးလျှက်ရှိပါသည်။

ယ္ခုအခါ ဝေဒနာရှင်ပေါင်း ငါဆယ်ကျော်တို့အား တိုင်းတာစစ်ဆေးပေးခဲ့ပြီးဖြစ်ပါသည်။

ကျနော်များ ဗမာမွတ်စလင်လူငယ်များကွန်ယပ် (BMY) အဖွဲ့ဝင်လူငယ်များသည် အရပ်ဖက်လူအဖွဲ့ အစည်းတရပ်အနေဖြင့် ရပ်တည်ဆောင်ရွက်လျှက်ရှိပြီ ရှေ့ဆက်ပြီး လူသားချင်း စာနာထောက် ထားသောအကူညီပေးရေးလုပ်ငန်းစဉ်များကို တက်အားသရု ဆက်လျက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူကြီးမင်းများအား အသိပေးအပ်ပါသည်။

စိတ်ပါဝင်စားသူသောလူငယ်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွတ်လာခြင်းအပေါ် ကျမအနေနှင့် အထူးပင် ၀မ်းသာမိပါသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရ အပေါ်၌လည်း အထူးပင် ကျေးဇူးတင်မိပါသည်။

သို့သော်လည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေပါသေး သဖြင့် အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အထူးသဖြင့် ကျန် ရှိနေသေးသော အကျဉ်းသားများထဲတွင် ဒုတိယအကြိမ် အညတရသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသော သရက်ထောင်မှ ကိုသန်းဇော် သည်လည်း တဦးအပါအ၀င် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကိုသန်းဇော်လွတ်မြောက်ရေး အတွက် အဓိကတာဝန်ရှိသူတဦးဖြစ်သော ဗိုလ် ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထံသို့ ယခုလို ပန်ကြားချက်ကို ပေးပို့လိုက်ရပါသည်။

ဦးခင်ညွန့်သည် လွတ်ငြိမ်းချမ်းသာခွင့်မှ လွတ်လာလာခြင်း မီဒီယာနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်ကို တွေ့ခဲ့ရပါသည်။ ထိုပွဲ၌ ပြောဆိုသွားသည်မှာ မိမိသည် လွတ်မြောက်လာခြင်း အရင်ဆုံး တွေ့ဆုံခဲ့သူမှာ မီဒီယာဖြစ်ပြီး နောင်တွင်လည်း မိမိပြောဆိုလိုသည်များကို မီဒီယာမှတဆင့် ပြောဆိုသွားမည်ဟု အတိအလင်း ဖေါ်ပြခဲ့ပါသည်။
သို့ဖြစ်ပါသောကြောင့် ယခုလို မီဒီယာမှတဆင့် ပန်ကြားရခြင်း ဖြစ်ပါသည်။

ကျမတို့၏ အညတရသူရဲကောင်း ကိုသန်းဇော် သည် သန်လျင် ရေနံချက်စက်ရုံ ဗုံးဖေါက်ခွဲမှု စွပ်စွဲချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက် နေ့တွင် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

ထိုအချိန်က ဦးခင်ညွန့်သည် န၀တ စစ်ကောင်စီ၏ အတွင်းရေးမှုး (၁)၊ စစ်ထောက် လှမ်းရေးအဖွဲ့၏ အမြင့်ဆုံး အာဏာပိုင်တဦး ဖြစ်ပြီး ဒီဖမ်းဆီးမှုတွင်လည်း တာဝန်အရှိဆုံးသူ တဦးပင် ဖြစ်ပါသည်။



ကိုသန်းဇော်သည် မိမိ အမှန်တကယ် မကျူး လွန်ခဲ့သော အမှုကို ကျူးလွန်ခဲ့ပါကြောင်း ထောက်လှမ်းရေးအဖွဲ့မှ အမျိုးမျိုး လူမဆန်စွာ ညှင်းပန်းနှိပ်စက်ကာ ၀န်ခံ လက်မှတ်ရေးထိုးစေ ခဲ့ပါသည်။

ကိုသန်းဇော်သည် အစပိုင်းတွင် လုံးဝ ၀န်ခံ ခြင်း မရှိခဲ့ပါ။ နောက်ဆုံး မိမိ၏ အသက် ဆုံးရှုံးရ တော့မည့် အနေအထား ရောက်သောအါ၌ မဟုတ်မမှန် လုပ်ကြံ ပြောဆိုမှုကို ၀န်ခံဖြောင့် ချက် ပေးခဲ့ရသဖြင့် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါ သည်။ ထိုမှ အယူခံဝင်ကာ ထောင်ဒဏ် တ သက်တကျွန်း ကျခဲ့ရပါသည်။
ကိုသန်းဇော်ကို စီရင်ချက်ချပြီး မကြာခင်မှာပဲ KNU မှ ဗိုလ်ချုပ်ကြီး စောဘိုမြ ကိုယ်တိုင် သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုသည် မိမိတို့အဖွဲ့၏ လုပ်ဆောင်ချက် ဖြစ်သည်ဟု ၀န်ခံ ကြေညာခဲ့ပါသည်။

ဗိုလ်ချုပ်မြ၏ အတိအလင်း ၀န်ခံချက်ကို လည်း ဗိုလ်ချုပ်ခင်ညွန့်တို့ အသိပင်ဖြစ်ပါ သည်။ တရားခံ အစစ်များက သူတို့ လုပ်ပါ သည်ဟု ၀န်ခံဖြောင့်ချက်ပေးတာတောင် တရား ခံအစစ်မဟုတ်သည့် ကိုသန်းဇော်တို့အား ဆက်လက် အရေးယူ ဖမ်းဆီးထားခဲ့ပါသည်။
တရားဥပဒေ၌ အပြစ်ရှိသူ တရားခံ (၁၀ ) ဦး လွတ်မြောက်သွားခြင်းထက် အပြစ်မဲ့သူ တရားခံ (၁) ဦးအား မှားယွင်း ဖမ်းဆီးမိခြင်းက ပို၍ အပြစ်ကြီးသည် ဟု ဆိုပါလျှင် ယခုကဲ့သို့ မိမိ ကိုယ်တိုင် မကျူးလွန်ရပါပဲ မတရားသဖြင့် နှိပ်စက် ညှုင်းပန်းကာ ၀န်ခံဖြေင့်ချက်ပေးစေပြီး

တရားခံအဖြစ် သွတ်သွင်းကာ ထောင်ချခြင်းကို ခံရသော ကိုသန်းဇော်သည် များစွာ ထိခိုက်နစ် နာခဲ့ရပါသည်။ မွေးရာပါ လူ့အခွင့်အရေးများ ဆုံရှုံးခဲ့ရပါသည်။ ပြန်လည် အစားထိုး ၍မရနိုင် တော့သည့် ပျိုမြစ်နုနယ်သည့် ဘ၀၏ တန်ဖိုး အရှိဆုံး အစိတ်အပိုင်းများအား အဆုံးရှုံး ခံလိုက် ရပြီုးဖြစ်ပါသည်။

“ ကိုယ်ချင်းစာတယ်ဆိုတာ အဖြစ်ခြင်းတူမှ ကိုယ်ချင်းစာနိုင်တာ “ ဟု ဆိုပါလျှင် ဦးခင်ညွန့် ကိုယ်တိုင်လည်း မိမိသည် အပြစ်တစုံတရာ မရှိပါပဲ မတရားသဖြင့် ထောင်သွင်းအကျဉ်းချ ခံရသည်ဟု မိမိကိုယ်မိမိ ထင်ခဲ့ပါလျှင် အဖြစ် ခြင်းတူသော ကိုသန်းဇော်အပေါ်တွင် ပိုမို ကိုယ် ခြင်းစာနာ နိုင်လိမ့်မည်ဟု ထင်မိပါသည်။

ဦးခင်ညွန့်အနေဖြင့် ဒီမိုကရေစီကို တကယ်လို လားသူ၊ တကယ်ချစ်မြတ်နိုးသူတဦး ဖြစ်ပါက အမှန်တရားကို ဖေါ်ထုတ်ပေးပြီး၊ အမှန်တရား ဘက်မှ မားမားမတ်တ် ရပ်တည်ပေးစေလိုပါ သည်။
 
ကိုသန်းဇော်သည် အမှန်တကယ် တရားခံတ ဦး မဟုတ်ဘူးဆိုတာကို အသိဆုံးလူသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သာ ဖြစ်ပါ၍ မိမိ သိရှိထားသော အမှန်တရားကို လူသားးချင်း စာနာထောက်ထားသောအားဖြင့် အမှန်တရား ဘက်မှ ရပ်တည်ကာ ကိုသန်းဇော် လွတ်မြောက်ရေးအတွက် သမ္မတ ဦးသိန်းစိန် အစိုးရထံသို့ ၀န်ခံ ပြောဆို ပေးပါရန် မေတ္တာရပ် ခံ ပန်ကြားအပ်ပါသည်။

လေးလေး (တိုကျို)
ကော်မတီဝင်တဦး
အညတရသူရဲကောင်းဆု ချီးမြှင့်ရေးကော်မတီ
တိုကျိ၊ ဂျပန်။



Full Transcript here


မကြာသေးမီက ဒီမိုကရေစီအပြောင်းအလဲများနှင့် ပတ်သက်၍ “မြန်မာပြည် ခရီးသစ်အစတွင် မျှော်လင့်ချက် ရောင်ခြည်သစ်များ ရှိနေကြောင်း” အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုလိုက်သည်။

နှစ်ပတ်လည် ပြည်ထောင်စုပွဲ အခမ်းအနား၌ ပူးတွဲ ကွန်ဂရက်လွှတ်တော်သို့ ယမန်နေ့က ပြောကြားသော မိန့်ခွန်းတွင် ယင်းသို့မှတ်ချက်ချသွားခြင်းဖြစ်ပြီး မြန်မာပြည်အရေးနှင့် ပတ်သက်၍ အကောင်းမြင်သော သဘောကို ထင်ဟပ်သွားသည်။

သမ္မတ အိုဘားမား အစိုးရသက်တမ်းအတွင်း မြန်မာပြည် ဒီမိုကရေစီပြောင်းလဲလာမှုသည် အောင်မြင်မှုများထဲမှတခုအဖြစ် အမေရိကန်တွင် ရှုမြင်ကြသည်။

အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရန် ပြင်ဆင်နေပြီး ယခုရက်များအတွင်း မြန်မာနိုင်ငံသို့ သီးခြားစီ အလည်အပတ်လာရောက်သည့် အမေရိကန် လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်၊ ဂျွန် မက်ကိန်းတို့ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အပြုသဘောဆောင်သော မှတ်ချက်များ ပေးထားသည်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများနှင့် ပတ်သက်၍မူ မက်ကော်နယ်က တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ဂျွန်မက်ကိန်းကလည်း လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိရန်နှင့် နိုင်ငံတကာ လေ့လာသူများကို စောင့်ကြည့်ခွင့်ပေးရန် တိုက်တွန်းထားပြီး ပိတ်ဆို့မှု ရုပ်သိမ်းရေးကို သမ္မတ အိုဘားမားအစိုးရက အလျင်စလို မလုပ်သင့်ဟု အကြံပြုထားသည်။

အခမ်းအနားတွင် သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုသည် ပစိဖိတ်ဆိုင်ရာ အင်အားစု တခုအဖြစ် “ပူးပေါင်းဆောင်ရွက်မှုမှာ ကျနော်တို့ဟာ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရရေး လုပ်ဆောင်မှုကနေ အစာရေစာငတ်မွတ်မှု၊ ရောဂါဘယ တိုက်ဖျက်ရေး ဦးဆောင်မှုပေးတဲ့ လုပ်ငန်းစဉ်တွေအထိ၊ ကျနော်တို့ရဲ့ ရန်ဘက်တွေကို ကိုင်တွယ်နိုင်မှုကနေ ကျနော်တို့ရဲ့ အကျင့်သိက္ခာ စံနမူနာ စွမ်းအားကို ခိုင်မြဲအောင် လုပ်နိုင်မှုအထိ အမေရိကန် ပါဝင်နေခဲ့ပါတယ်” ဟု ပြောဆိုသွားပြီး နိုင်ငံခြားရေးမှုဝါဒ အောင်မြင်မှုများကို ပြောဆိုသွားသည်။

အမေရိကန်သြဇာ ကျဆင်းနေပြီဟု ပြောဆိုသူများကိုလည်း သမ္မတ အိုဘားမားက ဝေဖန်ပြောဆိုသေးသည်။

“ကျနော်တို့နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ကမ္ဘာတဝန်းက ခေါင်းဆောင်တွေဆီကနေ ဒီလိုစကားမျိုး မကြားရပါဘူး” ဟု သမ္မတ အိုဘားမားက ဆိုသည်။

အမေရိကန် သြဇာနှင့် ပတ်သက်၍ ယင်းသို့ ပြောဆိုမှုသည် ယခုနှစ်များအတွင်း အမေရိကန်အပေါ် ပိုမိုအကောင်းမြင်လာသည့် တိုကျိုမှ ဘာလင်အထိ၊ ကိပ်တောင်းမှ ရီယိုအထိရှိ လူထု၏ ခံစားချက် မဟုတ်ကြောင်း၊ ကမ္ဘာကြီးသည် ပြောင်းလဲနေပြီး နေရာတကာတွင် ထိန်းချုပ်ရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ၎င်း၏ သမ္မတ သက်တမ်း ကာလတလျှောက်တွင် ကမ္ဘာ့ရေးရာများ၌ အမေရိကန်သည် မရှိမဖြစ်လိုအပ်သည့် နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း၊ ယင်းသို့ တည်ရှိအောင်လည်း ရည်ရွယ် လုပ်ဆောင်နေကြောင်း သမ္မတ အိုဘားမားက မိန့်ခွန်းတွင် ပြောဆိုသွားသည်။

Source : White House & Irrawaddy
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဘနာဇီရာဘူတိုဒီမိုကရေစီဆို ယနေ့ နေ့လည်ပိုင်းက သူမ၏နေအိမ်တွင် ဘူတို၏ မိသားစုဝင်များက ပေးအပ်ခဲ့သည်။


လက်ရှိပါကစ္စတန်သမ္မတသည် ၂၀၀၇ ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဘနာဇီရာဘူတို၏ခင်ပွန်းဖြစ်ပြီး ယနေ့နေ့လည်၂နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့လာရောက်တွေ့ဆုံခဲ့သည်။ ဘူတိုဒီမိုကရေစီဆုတံဆိပ်ကို ဘူတို၏ သမီးအငယ်ဖြစ်သူ အာစီဖာဘူတိုက ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည် ။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးအတွက် ကာလရှည်ကြာစွာ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် စွန့်လွှတ်အနစ်နာခံမှုများအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘနာဇီရာဘူတိုသည် ပါကစ္စတန်နိုင်ငံ၏ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ သူမကို ဂုဏ်ပြုကာ ပါကစ္စတန်ပြည်သူ့ပါတီက ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ပထမဆုံးလက်ခံရရှိသူလည်းဖြစ်သည်။




















Credit: 7 Days Journal
______________________________________________________


Pakistan president honours Daw Aung San Suu Kyi 

 Pakistan's President Asif Ali Zardari Wednesday presented Myanmar's Aung San Suu Kyi with an award in recognition of her long struggle for democracy as he visited the military-dominated country.

“I'm sure she will be this century's leader to be remembered by the coming generation,” Zardari said as he bestowed on the opposition leader the Shaheed Benazir Bhutto Award for Democracy, created in memory of Pakistan's assassinated former prime minister.
Suu Kyi, a Nobel Peace Prize winner, has spent most of the past two decades under house arrest. She was released from her latest stint of detention just days after 2010 elections, following half a century of outright military rule.

“We want to stop as far as possible the suffering of families in our country,” Suu Kyi said at the award presentation in Yangon.

“I hope the day will come when our two countries will be able to cooperate very closely to ensure that the rights of families and people everywhere are safeguarded by sound, secure values.”Suu Kyi held about 45 minutes of talks with Zardari in private.

Pakistan has been ruled by generals for around half its existence and Suu Kyi's past has resonated strongly with democracy advocates there.

Zardari's own relations with Pakistan's military are increasingly tense amid allegations that a secret memo was written at his behest last May in a bid to prevent a feared military coup after US troops killed Osama bin Laden.

Zardari is under huge pressure at home with the courts trying to re-open corruption cases against him in Switzerland and a probe into allegations that his government sought US help to curb the military.

He held talks with Myanmar President Thein Sein in the capital Naypyidaw on Tuesday on upgrading relations, and promoting economic and trade cooperation.
A new nominally civilian government took power in Myanmar last year but its ranks are filled with former generals.

Even so, the regime has surprised observers with a series of reforms, including talks with Suu Kyi, who has been allowed to stand in April by-elections, and the release of hundreds of political prisoners.


မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှ စ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ရှေ့ နှစ်လလောက်က စပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း သိသာစွာ ကောင်းမွန်လာတော့မှာပါ။ လက်ရှိ အင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခု SEA-ME-WE3 နေရာမှာ SEA-ME-WE5 ကို အစားထိုးတပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။

အဲ့ဒါကိုတော့ China Unicom နှင့် တရုတ်ဝန်ကြီးရဲ့ အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ” ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network တိုးချဲ့ခြင်း လုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟု ဆိုသည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့် အင်တာနက် Service ကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ “အခုလို တစ်လထက်တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် ရေရှည်ရပ်တည်ဖို့ အတွက် အဆင်ပြေလာကြမှာပါ။ တကယ်တမ်းတော့ ဖုန်းနဲ့ အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ်” ဟု ဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ အင်တာနက်လိုင်းများမှာ ၂၀၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များ အနေဖြင့် ထိခိုက်နစ်နာမှု များစွာ ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

Source : ပြည်မြန်မာ
BROUK presented Rohingya history, culture and language at Social gathering in London with other Ethnics group from Burma at Burma Campaign UK Office in London,United Kingdom.



                           

    BROUK President presenting Rohingya history

BROUK Join secretary Yasmine Ara presenting about Rohingya culture 


















BROUK Cultural and Education secretary Md Siddque presenting Rohingya Language



Audience at Social Gethering Organised by BROUK with other Ethnic Groups from Burma




   ကိုမင်းကိုနိုင် မိန့်ခွန်း (Burma VJ -Video)

ပဲခူးရွှေမော်ဓောဘုရားအဆင်းတွင် ယာဉ်ထိန်းရဲအရာရှိတစ်ဦးကိုကိုမင်းကိုနိုင်မှ““ကျနော်တို့ပြန်တော့မယ်။ အခုလိုကူညီတာ ကျေးဇူးတင်ပါတယ်””ဟု ဆိုကာ လက်ဆွဲနှုတ်ဆက် ခဲ့သည်။ ပဲခူးမြို့တစ်လျှောက်တွင် ကိုမင်းကိုနိုင်တို့ စီးနင်းလာသော ယာဉ်တန်းအား ယာဉ်ထိန်းရဲများက လမ်းရှင်းကူညီခဲ့ကြသည်။
(ဓာတ်ပုံ- ကိုပိုင်-JPaing)










“ကျနော်တို့ ထောင်ကျခဲ့ပေမယ့် အကျဉ်းမကျခဲ့ပါဘူး။ ကျနော်တို့ကိုခြိမ်းခြောက်ခဲ့တဲ့ ကြောက်အောင်လုပ်ခဲ့တဲ့လူတွေ ကိုယ်၌ကိုယ်က အုတ်နံရံတွေ အထပ်ထပ်နဲ့ သူတို့ကိုယ်သူတို့ အကျဉ်းကျအောင်လုပ်ထားတာကို သတိမထားမိကြပါဘူး။ အတိတ်ထဲပိတ်မိနေတဲ့ အတိတ်အကျဉ်းသားေ...တွ အဖြစ်က လွတ်မြောက်စေချင်ပါတယ်။ ကိုယ်ကလွဲရင် တခြားသူတွေကို မယုံမကြည်ဖြစ်နေတဲ့ သံသယအကျဉ်းသားတွေအဖြစ်က လွတ်မြောက်စေချင်ပါတယ်””

(၈၈ ကျောင်းသားခေါင်းဆောင်ကိုကိုကြီး ယနေ့နံနက် ၁၀ နာရီ ၄၅ ခန့်က ပဲခူးမြို့တွင်ပြုလုပ်သည့် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲတွင် ပြောသွားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်။ )

ကိုမင်းကိုနိုင် ပဲခူးမြို့သို့ရောက်ရှိချိန်တွင်သက်ဆိုင်ရာအာဏာပိုင်များနှင့်ယာဉ်ထိန်းရဲတွေက ကိုမင်းကိုနိုင်သွားမည့်လမ်းကြောင်းကို ကူညီဆောင်ရွက်ပေးသည်။ကိုမင်းကိုနိုင်ကလည်း ကူညီဆောင်ရွက်ပေးတဲ့ဒေသခံအာဏာပိုင်တွေကို ရင်းနှီးစွာဖြင့်လိုက်လံနှုတ်ဆက်သည်။
၂၄.၁.၂၀၁၂နေ့လည်၁၁း၃၀လောက်တွင်ကိုမင်းကိုနိုင်သည်ပဲခူးရွှေမော်ဓောဘုရားကိုသွားရောက်ဖူးမြော်သည်။ ပဲခူးမြို့ခံများကသောင်းသောင်းဖြဖြကြိုဆိုကြသည်။ဘုရားတွင်လှူမည့်ပန်းများကိုလဲ ဒေသခံပြည်သူများက ကိုမင်းကိုနိုင်အားပေးသည်။


Source :The messenger journal &  Burma vj media network


(Times of India မှ 23 January 2012 ရက်စွဲပါ AFP ၏ Suu Kyi becomes key to complex Myanmar politics ကို ဘာသာ ပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အရေးပါသောကဏ္ဍတွင် တိုး၍ ပါဝင်လာလျက်ရှိသည်။ သူမသည် စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သော ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သူ ဗိုလ်ချုပ်များကို ထောက်ခံလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး ရက်မကြာမီတွင် နေအိမ်အကျယ်ချုပ်မှ လွတ်လာခဲ့ပြီး ထိုအချိန်မှစ၍ အရေးပါသောနေရာတွင် ရောက်လာခဲ့သည်။ သူမသည် ပြီးခဲ့သည့်နွေရာသီက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် ဧပြီလ ၁ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော သူမအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းသည် ယခင်စစ်အစိုးရ၏ ခေါင်းဆောင်မှုချဉ်းကပ်ပုံမှ ကွဲထွက်ပြီး သမိုင်းဝင် အပေါင်းလက္ခဏာ ဆောင်သောပြောင်းလဲမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အရေးယူမှု ချမှတ်ထားသော အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို နွေးထွေးလာစေသည်။ စောင့်ကြည့်လေ့လာသူများက ပြောကြားရာတွင် အစိုးရသစ်၏ ပါဝါချိန်ခွင်လျာသည် ပြုပြင်ပြောင်းလဲရေးသမား အငြိမ်းစားဗိုလ်ချုပ်ကြီးနှစ်ဦး ဖြစ်သည့် ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့အပေါ်တွင်သာ ရှိနေရာမှ ဒေါ်အောင်ဆန်းစုကြည်သည် တတိယ ပလေယာတစ်ဦး ဖြစ်လာသည်ဟု ဆိုကြသည်။

“စစ်တပ်က မျိုးဆက်သစ်တွေဟာ သူမနဲ့အတူတကွ အလုပ်လုပ်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး သူမကလည်း အဲဒီ မျိုးဆက်သစ်တွေနဲ့ အတူ အလုပ်လုပ်ဖို့ သဘောတူခဲ့ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ “ဘဝမှာ တစ်ခါသာ ရနိုင်တဲ့ ပြောင်းလဲမှုအတွက် အခွင့်အလမ်းကို ကျွန်တော်တို့ ပထမဆုံးတွေ့ရပါပြီ” ဟု ယင်းက ဆိုသည်။

ယခင်စစ်အစိုးရတွင် နံပါတ်သုံးခေါင်းဆောင်ဖြစ်ခဲ့သူ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို့ ရောက်လာမည်ကို ကြိုဆိုကြောင်း အခမ်းအနားတချို့တွင် ပြောကြားခဲ့သည်။ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်မုန်းတီးသဖြင့် နှစ်ပေါင်းများစွာ အကျဉ်း ချထားခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည်အဖို့ ဦးရွှေမန်း၏ မှတ်ချက်မှာ အလွန်ကြီးမားသော နိုင်ငံရေးအရ ပြန်လည်မွေးဖွားခြင်း အထိမ်းအမှတ်ပင် ဖြစ်သည်။

ဦးသန်းရွှေသည် တရားဝင်အနားယူသွားပြီဟု ဖော်ပြကြသော်လည်း ဩဇာရှိနေဆဲဟု အများက ယုံကြည်လျက် ရှိသည်။ စောင့်ကြည့်လေ့လာသူ များက အလေးအနက်ထား ပြောကြားသည့်အချက်မှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အချိန်မရွေး ပျက်သွားနိုင်ကြောင်း၊ စစ်တပ်တွင်း ပြောင်းလဲမှုများအတွက် တုန်လှုပ်ပြီး စိုးရိမ်နေမည် ဖြစ်ကြောင်း ဆိုသည့်အချက်ဖြစ်သည်။ အများစုက ပြုပြင်ပြောင်းလဲရေးသမားများ အောင်မြင်မည် သို့မဟုတ် မအောင်မြင်မည်ကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ ယခုစနစ်သစ်သည် အများ၏ အားကောင်းစွာ ထောက်ခံမှုရရေးအတွက် စီးပွားရေးအရ အောင်မြင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေလျက် ရှိသည်။ ထို့ကြောင့် အစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုနှင့် အရေးယူမှုများ ရုတ်သိမ်းသွားရန် လိုလားလျက်ရှိသည်။ ထိုကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာလွှမ်းမိုးမှုမှာ ကြီးမားလှသည်။ သူမအပေါ် အီးယူနှင့် အမေရိကန် တို့က သဘောကျလေးစားလျက်ရှိရာ ပြည်သူ့အမြင်အတွက် သူမသည် အားကောင်းစွာ ဩဇာလွှမ်းမိုးလျက်ရှိသည်။

“ကျွန်တော်တို့က သူမကို ဗီတိုအာဏာ လုံးဝပေးတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် သူမ ယုံကြည်စိတ်ချတာနဲ့အမျှ ကျွန်တော်တို့ကလည်း စိတ်ချယုံကြည်မှာပါ” ဟု ဆီနိတ်တာ Joseph Lieberman က မကြာသေးမီက ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်းက သူမသည် နိုင်ငံခြားမှ ခေါင်းဆောင်များ လာရောက်သည့်အခါ မရှိမဖြစ် ဆွေးနွေးဖက် ဖြစ်လာခဲ့ပြီး ထိုအခါမျိုးတွင်လည်း သူမအနေဖြင့် အစိုးရအား မဝေဖန်မိအောင် သတိထားဆွေးနွေးသည်ကို တွေ့ရသည်။ “သူမဟာ ထင်ရှားတဲ့ ဇာတ်ကောင်တစ်ဦး (Icon) ဘဝကနေ အန္တရာယ်တွေပါဝင်နေတဲ့ မရှောင်သာတဲ့ ဝိရောဓိတွေကြားမှာ နိုင်ငံရေးသမားတစ်ဦးအဖြစ် အသွင်ပြောင်းသွားပါတယ်” ဟု သူမထံ မှန်မှန်လည်ပတ်လေ့ရှိသော စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

ဖခင်ဖြစ်သူဦးရွှေမန်းအား ကူညီလုပ်ကိုင်ပေးနေသော သားဖြစ်သူ ဦးတိုးနိုင်မန်းက အစိုးရ၏ ထိပ်တန်း ပြုပြင်ပြောင်းလဲရေးသမားနှစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်ရေးသည် တိုင်းပြည်အနာဂတ်အတွက် သော့ချက်ဖြစ်သည်ဟု ယုံကြည်ထားသည်။ “သူတို့သုံးဦးဟာ နောက်ထပ်ငါးနှစ် အတူတကွ အလုပ်လုပ်နိုင်ပါသေးတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ဒီအခွင့်အလမ်းကို ယူနိုင်မယူနိုင် ဆိုတာကတော့ သူတို့အပေါ် တည်ပါတယ်။” ဟု ယင်းက AFP သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်နှင့် စကားပြောပြီးနောက် နိုင်ငံရေး ပင်မရေစီးကြောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အချို့ကောလဟာလများက သူမသည် မကြာမီ အစိုးရအဖွဲ့တွင်းသို့ ရောက်ရှိနိုင်သည်ဟု ဆိုသော်လည်း မဖြစ်နိုင်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

ဗိုလ်ချုပ်ကြီးများသည် ပါလီမန်ဒီမိုကရေစီကို သယ်ဆောင်လာသူများဖြစ်သော်လည်း ဥပဒေပြုရေးတွင် စစ်တပ်မှ လွှမ်းမိုးနေဆဲ ဖြစ်ရာ သူမ အနေဖြင့် အခန်းကဏ္ဍသစ်အတွက် အလျင်အမြန်လေ့လာနေရသည်။ “ဒေါ်အောင်ဆန်းစုကြည်အဖို့ သူတစ်ခါမှမကြုံဖူးတဲ့ အခြေအနေကို ရောက်နေပါတယ်” ဟု စောင့်ကြည့်လေ့လာသူမှာ ဆိုသည်။ သို့သော်သူမသည် ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန်လည်း ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားသည်။ ထိုကိစ္စကို NLD မှ ခွဲထွက်ထားသော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ အဖွဲ့ဝင်များက ခါးသီးသော်လည်း ထိုလမ်းကို သိရှိထားပြီဖြစ်သည်။ NDF က NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းကို မှားယွင်းသည်ဟု ယုံကြည်သူများဖြစ်သည်။

NDF ခေါင်းဆောင်ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးကတည်းက ယင်းတို့နှင့် အဆက်အသွယ်မရှိခြင်းအပေါ် နားမလည်ဖြစ်ရကြောင်း ဆိုသည်။ လွန်ခဲ့သော တစ်နှစ်ခွဲကတည်းက ဝင်ခဲ့မည်ဆိုပါက အသိအမှတ်ပြုလိမ့်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။ “အဲဒီအချိန်တုန်းက မင်းတို့မှန်ပါတယ်။ ငါတို့ မှားခဲ့ပါတယ်လို့ ပြောဖို့အင်အား ရှိမယ်မထင်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။ “သူမဟာ ကျွန်တော်တို့ထက် အများကြီး ကြီးကျယ်တဲ့သူပါ။ ကျွန်တော်တို့ကို တွေ့ဖို့အချိန်ရမယ် မထင်ပါဘူး။” ဟုလည်းဆိုသည်။ သို့သော် သူမသည် အတိုက်အခံတို့၏ စစ်မှန်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ကြောင်း ဝန်ခံသည်။ “ပြည်သူတစ်ရပ်လုံး အပေါ်မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

Credit  : Yangon Chronicle
____________________________________________________________
Suu Kyi becomes key to complex Myanmar politics

By Didier Lauras (AFP) 

YANGON — Aung San Suu Kyi is playing an increasingly important role in Myanmar, helping shore up a fragile alliance of former junta generals whose recent reforms have amazed observers, analysts say.

After half a century of total military domination, the Southeast Asian nation held widely-criticised elections in 2010 after ordering some of its members to shed their army uniforms to lead a "civilian" government.

Suu Kyi, released from house arrest days after that poll, has since taken a pivotal position, following talks with President Thein Sein last summer and her subsequent decision to run in an April 1 by-election.

The 66-year-old's participation in the upcoming vote is one of a series of positive changes that have marked a break with the old junta approach to leadership and led to thawing relations with the West, which has imposed tough sanctions on the isolated nation.

Observers say power in the new regime balances between two key former generals turned eager reformers -- the president and Shwe Mann, the speaker of the lower house of parliament -- with Suu Kyi becoming a third key player.

"The new generation (of military leaders) has come to terms with her and she has come to terms with the new generation," said Aung Tun Thet, who works as an advisor for the UN in Yangon after many years abroad.

"For the first time now, I see an opportunity for change you get once in a lifetime."

Shwe Mann, previously the junta number three, has on several occasions said Suu Kyi would be welcome in parliament.

The comments mark a dramatic political rebirth for a woman who was so hated by former strongman Than Shwe that she spent most of the last two decades locked up.

Than Shwe is officially described as retired, but many believe he is still relatively influential.

Observers stress that the current reform process is very fragile, with a small minority in the army outraged -- or scared -- by the changes.

While a cabal close to Myanmar's top leaders pushes for more transformations, many are cautiously waiting to see whether the reformers will succeed.

The new system will soon need economic success and investment to win stronger popular backing -- hence the regime's desire for Western support and the lifting of sanctions.

And this gives massive leverage to Suu Kyi, whose iconic status both in the European Union and the United States has given her a very powerful influence on public opinion.

"I wouldn't say we're giving her a total veto but to the extent that she has confidence in the process, we will have confidence in the process of change in Myanmar," US Senator Joe Lieberman told reporters in Bangkok recently.

In recent months, the opposition party leader has been an indispensable interlocutor during the visits of foreign dignitaries. And she is careful not to criticise the government.

"She transformed from an icon to a politician with all the risks and contradictions that entails," said an observer who visits her regularly.

Shwe Mann's son Toe Naing Mann, who is helping his father in his new role, believes that the common political goals uniting Suu Kyi and the two top regime reformers, all in their late 60s, are the key to the country's future.

"The three of them can work now together for about five years. It is their first chance and also their only chance. If they cannot cash in this opportunity, they will be held responsible," he told AFP.

Suu Kyi and her National League for Democracy (NLD) decided in May 2010 to boycott the general elections that year.

Her talks with Thein Sein have since convinced her to rejoin mainstream politics, to the point of rumours she will soon be in the government, speculation that she has not ruled out.

As the generals become heralds of parliamentary democracy, albeit with a legislature still dominated by the army, she is quickly learning a new role. "Suu Kyi is in uncharted waters," said the observer.

But she is clearly determined to remain leader of the democracy movement.

This is acknowledged, despite some bitterness, by members of the National Democratic Force (NDF), which split from the NLD in 2010 to contest the November election, convinced that the boycott was a mistake.

NDF head Khin Maung Swe, who was in prison for around 20 years for his involvement in the NLD, does not understand why Suu Kyi has not been in contact since she decided to run in the April by-election.

He said he would have appreciated her admission that he was probably right, a year and a half ago.

"They have no guts to say to us: 'Guys you were right, we were wrong at the time'," he said. "She is too far away above our heads, she has no time to see us."

But he admits she is "of course" the patron saint of the opposition.

"She is the only person who can have an influence all over the people."

Rohingyas carry water from a pond near a refugee camp in Cox's Bazar, August 19, 2011. REUTERS/Andrew Biraj/ 


BANGKOK – More than 40,000 Rohingya children in western Myanmar have been deprived of rights to travel, go to school or to marry in future, because their parents had an unauthorised marriage or exceeded a two-child limit, a report said  Rights groups say the Rohingyas, a Muslim minority in predominantly Buddhist Myanmar, face some of the worst discrimination in the world, have suffered abuses and deprived of free movement, education and employment under the country's former military rulers and now under the current government. They are also denied Myanmar citizenship. 

These blacklisted children are refused birth registration, and so are not included in the family list and get hidden during the authorities’ population checks, said the report, which human rights organisation Arakan Project on Thursday submitted to the United Nations’ Committee on the Rights of the Child. 

“All Rohingya children suffer unmitigated discrimination with regard to education, health care and access to food,” the report said. 

The report say there are close to 750,000 Rohingyas in the country’s Northern Rakhine State and hundreds of thousands more scattered in Bangladesh, Malaysia and the Middle East following exoduses in the past few decades. 

Families with blacklisted children also suffer from “unending extortion” by local authorities because the parents can be arrested for hosting an unregistered guest, the report added. 

According to The Arakan Project, Rohingyas need official authorisation to marry and the authorities can take several years to grant it. Those who marry have to sign an undertaking that they will have no more than two children, and marriage or cohabitation without authorisation is punishable by up to 10 years’ imprisonment. 


REGISTRATION 


The authorities have started a process of registering these children in the past two months, but some parents fear this is a ploy to prosecute them for unauthorised marriage, The Arakan Project said. Registered Rohingya children hardly fare any better, as they are denied citizenship and remain stateless, the report said. 

Rohingya children in Myanmar are exposed to preventable diseases due to chronic malnutrition and a lack of access to healthcare, while many are subjected to forced labour. 

Four in every five Rohingyas in Myanmar are illiterate, the report said. The main reason for Rohingya children not attending school is widespread poverty as children must contribute to the family income, it said. 

“Forced labour has a severe economic impact, driving down the poor already surviving hand-to-mouth into abject poverty, exposing children to hunger and malnutrition,” the report said. 

The report cites the story of a 9-year-old Rohingya boy who looked after a neighbouring farmer’s cows for the whole day for a fee. He said he was forced to carry loads, repair roads or cut grass for the local authorities and the army for free. 

“Being hungry is very painful. When I am hungry I feel like crying,” said the boy who is registered as the son of his grandmother, after his parents married without official authorisation and had to flee to Bangladesh. 

“When there is no food, my grandmother borrows rice from the neighbour but sometimes the neighbours cannot give any rice to her because they also have no rice,” he added. 


THE RIGHT TO IDENTIFICATION 


Myanmar’s nominally civilian government, which took power last March after half a century of iron-fished military rule, has surprised both its citizens and foreign countries with the speed of its reforms. 

The government has begun peace talks with ethnic rebels, relaxed its strict media censorship and allowed trade unions and protests. 

However, “deeply discriminatory policies” against the Rohingyas remain. The authorities justify these policies as illegal immigration management and population control, said Chris Lewa, coordinator of The Arakan Project. 

This discrimination is rooted in the belief, both by the government and by many in Myanmar, that the Rohingyas are a product of recent migration from Bangladesh, the report said. 

Consistently referred to as ‘illegal immigrants from Bangladesh,’ Myanmar’s Rohingyas are deprived of one of the most basic human rights – the right to an identification. 

“Rohingya children, in particular, bear the full brunt of the devastating impact of these (discriminatory) policies, which gravely impair their physical and mental development as children and will affect the long-term future of their community,” the report said. 

(Editing by Rebekah Curtis)

Source: alertnet





၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၆ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း တွေ့ဆုံကြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် အဖြစ် ယနေ့ညနေ ခြောက်နာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) နေအိမ် တွင် တွေ့ဆုံကာ ညစာစားခဲ့ကြကြောင်း သိရသည်။ ယခုလ ၁၃ ရက်နေနေ့က စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက် လာကြသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံပြီး ၀န်းရံအားပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ယခုလ ၂၁ ရက်က တော်ဝင်စင်တာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေငြာ ခဲ့သည်။ တွေ့ဆုံမှုသို့ မီဒီယာများ ၀င်ရောက်သတင်းယူခွင့်မရကြောင်း သိရသည်။
_________________________________________________________

ကျွန်တော်တို့ မတွေ့ဖြစ်တာ ကြာပြီ။ ကျွန်တော်တို့တွေ လွတ်တဲ့အချိန်မှာ အန်တီက နေအိမ်အကျယ်ချုပ်ကျနေတယ်။ အန်တီ လွတ်တဲ့အချိန်မှာ ကျွန်တော်တို့က အကျဉ်းကျနေတယ်။ ဒီနေ့ တွေ့ဆုံမှုဟာ တကယ့်ကို ပျော်ပျော်ပါးပါးပါပဲ။ မိသားစုပုံစံ ကျွန်တော်တို့ တွေ့ဆုံကြတာပါ။ ဒီနေ့ အန်တီပြောတဲ့ထဲမှာ အန်တီ့မှာ မြေး ၂ ယောက်ရှိတယ်။ ဒါပေမဲ့ တစ်ယောက်ကိုပဲ အန်တီတွေ့ဖူးတယ်လို့ ပြောတာလေးကိုတော့ ကျွန်တော့စိတ်ထဲမှာ မှတ်မှတ်ရရဖြစ်မိတယ်

ကိုဂျင်မီ ( ခ ) ကိုကျော်မင်းယု
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်


Source : 7day Journal & Messenger Journal


(CNN) -- Pakistani President Asif Ali Zardari will leave for Myanmar on Tuesday to discuss economic ties with the country and to visit longtime democracy advocate Aung San Suu Kyi. 

During his two-day trip, Zardari will speak with Myanmar President Thein Sein about promoting economic and trade cooperation between the two countries, according to a statement from Zardari spokesman Farhatullah Babar.

The two sides will also consider ways to promote cooperation in oil and gas sector, the statement said. 

Zardari will also visit Suu Kyi, a Nobel Peace Prize winner, in Yangoon, Babar said. Myanmar has been ruled by a military junta since 1962, but the generals are loosening their grip on the country after coming under criticism for their human rights record and as the economy suffered from economic sanctions. 
'
Sein, a former general, became president in March 2011 after elections that were criticized by democracy activists. But his rapid introduction of reforms has raised hopes of a lasting improvement in civil liberties within the country.

_____________________________________________________________

ပါကစ္စတန်သမ္မတ နေပြည်တော် ရောက်


ပါကစ္စတန်သမ္မတ Asif Ali Zardari ဟာ နှစ်ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ ပါကစ္စတန် သမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါပြီ။ အခုညပိုင်းမှာပဲ သမ္မတ အိမ်တော်မှာ ညစာစားဖို့ ရှိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးမယ်လို့ ပါကစ္စတန်သမ္မတရဲ့ရုံးက ကြိုပြီးသတင်းထုတ် ပြန်ထားတာရှိပါတယ်။ ပါကစ္စတန် နိုင်ငံကို အာစီယံအသင်းနဲ့ အပြည့်အ၀ ဆွေးနွေးဖက်နိုင်ငံအဖြစ် သတ်မှတ်ရေးကိစ္စကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုလည်း ဆွေးနွေးကြလိမ့်မယ် လို့ မျှော်လင့်ရတယ်လို့ ဆိုပါတယ်။ မနက်ဖြန်ကျရင်တော့ ပါကစ္စတန်သမ္မတ ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပါလိမ့်မယ်။ ပြီးရင် သတင်းစာရှင်းလငးပွဲလည်း လုပ်ပါလိမ့်မယ်။

ပါကစ္စတန်သမ္မတနဲ့အတူ သူ့ရဲ့ သားနဲ့သမီးလည်း မြန်မာပြည်ကို လိုက်ပါလာခဲ့ကြတာပါ။ သမ္မတ Zardari ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီမှာ သူ့ရဲ့သား Bilawal Zardari Bhutto က ဥက္ကဋ္ဌ ပါ။ ၂၀၀၇ ခုနှစ် မှာ လုပ်ကြံခံရလို့ သေဆုံးခဲ့ရတဲ့ သမ္မတ Zardari ရဲ့ ဇနီး ၀န်ကြီးချုပ်ဟောင်း ဘနီဇီယာဘူတိုဟာလည်း ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့သူတဦးပါ။ ပါကစ္စတန်ပြည်သူ့ပါတီက ဘနီဇီယာဘူတိုရဲ့ ဒီမိုကရေစီဆုကို ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Zardari ဟာ ရန်ကုန်မြို့မှာရှိတဲ့ မဂိုဘုရင် စပါးရှားရဲ့ အုတ်ဂူကိုလည်း သွားပြီး ဂါရ၀ပြုဖို့ ရှိပါတယ်။



Source : VOA Burmese & CNN



ဒီမိုကရေစီလမ်းကြောင်းလျှောက်လှမ်းရေး ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဖိအားပေးတိုက်တွန်းမှုများ အားကောင်းခြင်း၊ မြန်မာ့ စစ်ခေါင်းဆောင်ဟောင်းများ ကိုယ်တိုင် မအောင်မြင်သော မူဝါဒများကို သဘောပေါက် ဝန်ခံလာခြင်းနှင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း သို့ နောက်မဆုတ်တမ်း စတင် ခြေလှမ်းလှမ်းနေခြင်းတို့ကို အငြင်းပွားစရာရှိမည် မထင်ပါ။


                                              ဦးအောင်လင်းထွဋ်  ( Photo Moe Makha)

သို့သော် နှစ်ပေါင်း ၅၀ တိုင်နိုင်ငံ၏ အလုံးစုံအာဏာကို ထိန်းချုပ်ခဲ့သော မြန်မာ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းသို့ လက်တွဲခေါ်ယူသွားနိုင်ရေး၊ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးတို့ကိုမူပြည်သူလူထုအနေဖြင့်မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းစဉ်းစားပေးရန် လိုမည်ဖြစ်ပါသည်။

မြန်မာ့ တပ်မတော်၏ ဆောင်ပုဒ်တွင် “ရဲဘော် မကောင်းတာ မရှိခေါင်းဆောင် မကောင်းတာသာရှိ ပါသည်” ဟု ရှိသည်။ ဆိုလိုသည်မှာ တပ်မတော်တွင်ခေတ် အဆက်ဆက် စစ်အာဏာရှင် စစ်ဦးစီးချုပ် တဦးမှလွဲ၍ လက်အောက် ကျန်ရှိသူ အားလုံးသည် ရဲဘော်များသာ ဖြစ်ကြပါသည်။ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်၏ အောက်တွင် “ပေးတာယူ ၊ ကျွေးတာစား ပြန်မပြောနဲ့ ထောင်ထဲရောက်သွားမည်” ဆိုသည့် ဆောင်ပုဒ်အောက်တွင် စစ်ကျွန်ဘဝဖြင့် အားလုံးနေခဲ့ကြသူများ ဖြစ်ကြသည်။ စစ်အာဏာရှင်ကြီးက သူ့အာဏာကိုသာ မထိပါးစေနှင့်၊ ကျန်တာလုပ်ဟု လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းကြောင့် လည်း တပ်မတော်သည် သံဃာနှင့် ပြည်သူများ၏ မုန်းတီးနာကျည်းမှုကို ခံနေရသည်။ ထို့ကြောင့် တပ်မတော်သားတို့ အနေဖြင့်လည်း ပြည်သူနှင့် အတူပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် လက်တွဲလျှောက်လှမ်းနိုင်ရေး လမ်းဖွင့်ပေးရမည် ဖြစ်သည်။

ဒီမိုကရေစီစနစ်နှင့်အညီမြန်မာ့တပ်မတော်ဖြစ်ရေးအတွက်အဓိကအားဖြင့်တပ်မတော်အရာရှိအရာခံ အကြပ်တပ်သားများ၏အတွေးအခေါ် ပြုပြင်ပြောင်းလဲရေးသည် အရေးအကြီးဆုံးအချက်ဖြစ်ပါသည်။အခြေခံတပ်သားအဆင့်၊ ဗိုလ်လောင်းအဆင့်တို့ တပ်မတော်ထဲ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ဝါရင့်ဗိုလ်လောင်း၊ ဝါရင့်စစ်သည်များ၏ အပြစ်ပေးနှိပ်စက်ခြင်း၊ အနုနည်းဖြင့်ဆုံးမခြင်းတို့ ခံခဲ့ရသည်။ ဤသို့အားဖြင့် “မြန်မာနိုင်ငံတွင် တပ်မတော်သည်သာ ပြည်သူလူထု၏ အားကိုးရာဖြစ်သည်”၊ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တိုင်းတပါးကို အားကိုးပြီး မြန်မာနိုင်ငံမှခွဲထွက်၍ သီးခြားလွတ်လပ်သော နိုင်ငံထူထောင်လိုသူများဖြစ်ကြသည်”၊ “ပြည်တွင်းအတိုက်အခံ အဖွဲ့စည်းများသည်လည်း တပ်မတော်ကိုဖြိုခွဲပြီး နိုင်ငံရေးအာဏာကိုရယူကာ နိုင်ငံကိုရောင်းစားမည့်သူများဖြစ်သည်” အစရှိသည်ဖြင့်ဝါဒဖြန့်ချိရေးစကားလုံး ပေါင်းစုံဖြင့် ဦးနှောက်ဆေးကြောခြင်း (BrainWash) ကို စစ်ဗိုလ် စစ်သားတိုင်း ခံခဲ့ရသည်။

့ကြောင့် လက်ရှိခေတ်နှင့်အညီ ပြောင်းလဲရမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ လက်တွဲနိုင်ရေးအတွက် အထက်ပါ အတွေးအခေါ်များကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက ပြန်လည်၍ ဦးနှောက်ဆေးကြောပေးခြင်းပြုလုပ်ရပေမည်။

တပ်မတော်သည်အမိန့်အာဏာဖြင့် ဖွဲ့စည်းထားသောကြောင့်တပ်ကို တာဝန်ယူသော အရာရှိတပ်စုမှူးမှသည်စစ်ဦးစီးချုပ် အဆင့်ဆင့်သည်တပ်မတော် အတွေးအခေါ်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင်ပါဝင်ရန် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။တပြိုင်တည်းမှာပင်တခြားအဆင့် စစ်သည်အားလုံးကိုလည်း“ပြည်သူသည်သာအမိ၊ ပြည်သူသည်သာအဖ”ဆိုသည့်ဆောင်ပုဒ်ကိုနားလည် သဘောပေါက်ရေးတန်ပြန်လုပ်ဆောင်သွားရမည်ဖြစ်သည်။

ယနေ့ မြန်မာ့တပ်မတော် အရာရှိကြီးငယ် အများစုသည်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်တရုတ်၊ရုရှား၊ အိန္ဒိယနိုင်ငံများတွင်သာ စစ်ပညာ လေ့လာဆည်းပူးခွင့်ရရှိခဲ့သည်။စစ်လက်နက်ပစ္စည်းများကိုလည်း အဆိုပါနိုင်ငံများနှင့်မြောက်ကိုးရီးယားနိုင်ငံမှ ရောင်းချပေးခဲ့သည့် လက်နက်နှင့်နည်းပညာများကိုသာကိုင်တွယ်သုံးစွဲနေကြသည်။ထို့ကြောင့်အနောက်နိုင်ငံ တပ်မတော်များနှင့် ကင်းကွာခဲ့ပြီးအတွေးအခေါ်ပိုင်းဆိုင်ရာတွင်အာဏာရှင်တပ်မတော် အတွေးအခေါ်ကို မသိမသာသွတ်သွင်းခံထားရသူများ ဖြစ်သည့်အတွက် ဒီမိုကရေစီတပ်မတော်တခု၏ သိက္ခာ၊ ပြည်သူလူထုအပေါ် ကျင့်ကြံဆက်ဆံရမည့် စည်းကမ်းများကို မေ့လျော့နေသည့်သဘော မြင်တွေ့နေရသည်။

အမှန်တကယ်တွင်မြန်မာ့တပ်မတော်သည်လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသောတပ်မတော်၊ဗိုလ်ချုပ်အောင်ဆန်းစတင်ထူထောင်သော တပ်မတော်ဖြစ်သကဲ့သို့တပ်မတော်၏ နည်းဥပဒေများသည်လည်းစည်းကမ်းစနစ် ကောင်းမွန်သော ဗြိတိသျှတပ်မတော်နှင့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိရှိသော ဂျပန်တပ်မတော်တို့ကို အခြေခံပြီး ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်သည်။ယနေ့တိုင်လည်း အဆိုပါစည်းမျဉ်းစည်းကမ်းများ တည်ရှိနေဆဲဖြစ်သည်။

ဥပဒေကို စာအုပ်အထဲတွင်သာထားပြီးစစ်အာဏာရှင်၏ နှုတ်ကထွက်လာသောအမိန့်ဖြင့်တပ်မတော်ကို စေခိုင်းနေခြင်းကြောင့်သာတပ်မတော်သည်သံဃာကို သံဃာမှန်းမသိ၊ပြည်သူကို ပြည်သူမှန်းမသိ၊တိုင်းရင်းသားအချင်းချင်းကို ရန်သူဟု သတ်မှတ်နေကြသည်။အကယ်၍ နှုတ်မိန့်ကို အာခံခဲ့ပြန်လျှင်လည်းကျူပင်ခုတ်ကျူငုတ်မကျန်အောင် အဖိုးအဖွား အဖေအမေမကျန်သားစဉ်မြေးဆက် ဒုက္ခရောက်အောင် လုပ်ပြခဲ့သည့်အတွက်ကြောင့်လည်း မည်သူမျှ မလှန်ရဲ။ဒုတိယ စစ်ဦးစီးချုပ်မှသည် တပ်သားအထိ တပ်မတော်သည်အာဏာရှင်စနစ်၏ အောက်စစ်ကျွန်သဖွယ် နေခဲ့ရသည်။ထို့ကြောင့်တပ်မတော်ကိုလည်း စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးပြည်သူများအနေဖြင့်လည်း ကယ်တင်ရမည်ဆိုသည်ကိုသတိမမေ့ဖို့ လိုပါသည်။

တပ်မတော်အား ဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲနိုင်ရေး လက်ရှိအခြေအနေတွင် သမ္မတ ဦးသိန်းစိန်၊ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိနေသောဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး စဉ်းစားချင့်ချိန်ပြီးပြေပြေလည်လည် ပူးပေါင်းဆောင်ရွက်နိုင်မှသာလမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။

စစ်သားများ၏စိတ်ထဲတွင် အရိုးစွဲနေသော ယူဆချက်တခု ရှိသည်။ “ငါတို့ အသက်တောင် အသေခံရဲသေးတာပဲ၊ငါတို့ကို လာမစော်ကားနဲ့၊ဘယ်သူမှ ဂရုမစိုက်ဘူး” ဆိုသည့်အချက်ဖြစ်သည်။စစ်သားကိုညင်ညင်သာသာပြောတတ်ဆိုတတ် စည်းရုံးတတ်ရန် လိုသည်။အတိုက်အခံရော အစိုးရပါ စစ်သားများ၏ ခံစားချက်ကို နားထောင်ပေးရန် လိုသည်။

မြို့နေစစ်ဗိုလ်ချုပ်တစုနှင့် မိသားစုကိုသာကြည့်ပြီးအများထင်သကဲ့သို့ စစ်တပ်ကြီးတခုလုံးကောင်းစားနေသည် မဟုတ်ပါ။တချို့နယ်စွန်နယ်ဖျားများတွင် မြို့နေပြည်သူလူထုထက် ဒုက္ခရောက်နေသူစစ်သည်နှင့် မိသားစုအများအပြား ရှိပါသည်။စစ်အာဏာရှင်စနစ်၏ ဒဏ်ကို ပြည်သူလူထုနှင့်အတူ စစ်သားများလည်း ခံကြရသည်။ ထို့ကြောင့် ပြည်သူလူထုကလည်း မိဘသဖွယ်သဘောထားပြီး စစ်ကျွန်ဘဝရောက်နေသော တပ်မတော်သားများကိုအပြောမဟုတ်လက်တွေ့ကျကျ နွေးထွေးစွာ လက်ကမ်းကြိုသင့်ပါသည်။တပ်မတော်သားများဘက်မှလည်းပြည်သူဘက်မှ ကြိုဆိုလာသောလက်များကို ယုံယုံကြည်ကြည်ဖြင့်လက်ခံပြီး မိဘရင်ခွင်ကို ပြန်ဝင်ရန် အချိန်တန်ပြီဟုတိုက်တွန်းချင်ပါသည်။

အစိုးရအနေဖြင့် တပ်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်မျိုးဖြစ်ရန် ရည်ရွယ်သကဲ့သို့ စစ်မှုထမ်းအားလုံးကိုလည်း စိတ်ဓာတ် စည်းကမ်းနှင့် ရပိုင်ခွင့်များ ပြည့်ပြည့်ဝဝရရှိရေးလည်း ဆောင်ရွက်ပေးရန် လိုမည်ဖြစ်သည်။ထို့အပြင်လျော့လျဲပြန့်ကျဲစွာ မြန်မာနိုင်ငံ နေရာအနှံ့ ဖွဲ့စည်းထားသော တပ်များကိုကျစ်လစ်သိပ်သည်းစွာ ပြန်လည်စုဖွဲ့သင့်သည်။

စစ်တပ်အင်အား အဆမတန်ချဲ့သည့်အတွက် တပ်သားသစ် စုဆောင်းမရသောအခါ အရွယ်မရောက်သေးသော ကလေးပါမကျန် စစ်သားစုရသည့် အဖြစ်မျိုး နောင်မဖြစ်ပေါ်လာစေရန် ဖြစ်သည်။ စစ်သည်နှင့်မိသားစုတို့၏ အတွေးအခေါ်အသစ်များ ဒီမိုကရေစီစနစ်နှင့်အညီ ပြုပြင်ပြောင်းလဲလာရေး တပ်တွင်းသင်တန်း၊ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ယခင်အတွေးအခေါ်ဟောင်းများကို ပစ်ပယ်ပြီး ဒီမိုကရေစီအတွေးအခေါ် အကြောင်းများကို စတင်ပို့ချသင့်ပြီဖြစ်သည်။

ယခင် စစ်အာရှင်စနစ်၏အမွေးဆိုးများကြောင့်ပြည်သူလူထုအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များကို ရပ်တန်းကရပ်သင့်ပြီး စစ်တပ်ထဲမှ ပြစ်မှုကျူးလွန်သူမှန်သမျှကိုကျောသားရင်သား မခွဲခြားဘဲစစ်ဥပဒေအရ အရေးယူပြရန် လိုသည်။လက်ရှိကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍လည်းသာသည်နာသည် သဘောမထားဘဲတပ်မတော်ဘက်မှစတင်၍ အပစ်ရပ်စဲရေးကို ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ်သည်။တပ်မတော်အနေဖြင့် ပြည်တွင်းစစ်ကိုရပ်စဲပြီးပြည်ပရန်ကို ကာကွယ်သည့် တခုတည်းသော တပ်မတော်ဖြစ်ရေးဦးတည်ဆောင်ရွက်သွားသင့်သည်။

အတိုက်အခံနှင့် ပြည်သူလူထုအနေဖြင့်တပ်မတော်အပေါ် နားလည်လက်ခံပေးရန်လိုသည်။ သို့မှလည်း ဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းရမည့် တပ်မတော်၏ ခြေလှမ်းများသည် ရဲရဲဝံ့ဝံ့ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်နိုင်ပါသည်။၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီးအနိုင်ရပါတီကြီး၏ အမတ်တစ်ဦးက အမှတ်မထင် ပြောလိုက်သော “ငါတို့ အာဏာရလျှင် စစ်တပ်ဗိုလ်မှူးကြီးနှင့်အထက်အားလုံးကို အရေးယူရမည်” ဆိုသောစကားလုံးသည် ပြောသူအနေဖြင့်မေ့ကောင်းမေ့နိုင်ပေသော်လည်းခံရသူအနေဖြင့်မမေ့နိုင်ဘဲ “အာဏာလွှဲမပေးတော့လည်း ဘာဖြစ်လဲ၊ နောင်အနှစ် ၂၀ ဆက်အုပ်ချုပ်မယ်” ဆိုသည့်အတွေးအခေါ်မျိုး ဝင်ရန် အချက်တချက်ဖြစ်ခဲ့သည်။

ယနေ့အချိန်အခါမျိုးသည်လည်းအထိမခံနိုင်သေးသည့် အခြေအနေမျိုး ရှိနေသေးသည့်အတွက်သမ္မတက နောက်ကြောင်းပြန်မလှည့်ဟု ဆိုသော်ငြားလည်းစစ်တပ်ကိုမူ အပြတ်ပြောရန် မသင့်ဆိုသည်ကို ထောက်ပြလိုပါသည်။ ထို့ကြောင့် အတိုက်အခံအဖွဲ့များအနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့မတွက်ဘဲအရေးပါမှုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသိအမှတ်ပြုသကဲ့သို့ ပြည်သူများမှလည်း လက်ခံရန်လိုပါသည်။

ဒီမိုကရေစီနိုင်ငံများမှ တပ်မတော်များအနေဖြင့်လည်း မြန်မာ့တပ်မတော်ကို ပစ်ပယ်မထားဘဲအာဏာရှင် အုပ်ချုပ်ခဲ့သော တပ်မတော်ကို ပြန်လည်ဆွဲထုတ်သင့်ပါသည်။ ထို့အပြင် ဒီမိုကရေစီတပ်မတော်များ နေထိုင်ကျင့်ကြံ လုပ်ဆောင်ရမည့် နည်းနာများကို မြန်မာ့တပ်မတော်သို့ မျှဝေပေးသင့်သည်။
ဒီမိုကရေစီ နိုင်ငံကြီးများအနေဖြင့်လည်းလက်ရှိမြန်မာ့တပ်မတော်မှ အရာရှိကြီးငယ်များကို ခွဲခြားဆက်ဆံခြင်းမပြုတော့ဘဲ တခြားဒီမိုကရေစီနိုင်ငံငယ်များ၏တပ်မတော်များနည်းတူအရာရှိကြီးများကို ဖိတ်ခေါ်ခြင်း၊အရာရှိငယ်များကို ကာလတို၊ ကာလရှည် သင်တန်းများ ပေးခြင်းဖြင့်မြန်မာ့တပ်မတော်ကိုဒီမိုကရေစီနားမျက်စိများကို ဖွင့်ပေးရန် လိုမည်ဖြစ်သည်။ ထို့အပြင် စစ်ပစ္စည်းများ ဝယ်ယူခွင့် ပိတ်ပင်ထားမှုများကိုလည်းအဆင်ပြေသလို ဖြေလျှော့သွားစေလိုပါသည်။သို့မှသာအာဏာရှင်နိုင်ငံကြီးများ၏ လောင်းရိပ်မှ အကြွင်းမဲ့ လွတ်မြောက်သွားမည်ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အလိုလား အတောင့်တဆုံးဖြစ်သည့်ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိရေးကို ဖြည့်စွမ်းပေးနိုင်သည့်အထဲတွင်တပ်မတော်သည်အရေးပါသည့် အခန်းကဏ္ဍမှ ရှိနေပါသည်။ထို့ကြောင့်တပ်မတော်သားများအနေဖြင့်လည်းမိမိတို့၏ အကျိုးစီးပွားထက်တိုင်းပြည်၏ အကျိုးစီးပွားကို ကြည့်ရန်လိုပါမည်။

အတိတ်ကာလမှအမှားများကို နောင်ဖြစ်မလာစေရန်လည်း ဆင်ခြင်သွားရမည်ဖြစ်သည်။တမြေတည်းနေ တရေတည်းသောက်ကြသော သွေးရင်းသားရင်း ညီအစ်ကိုမောင်နှမချင်းမပစ်မခတ် မသတ်မဖြတ်ကြတော့ဘဲချစ်ချစ်ခင်ခင် နေသွားသင့်ပါပြီ။ ဒီမိုကရေစီစနစ်နှင့်အညီ လျှောက်လှမ်းနိုင်သောမြန်မာ့တပ်မတော်အမြန်ဖြစ်လာစေချင်ပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည်တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိမြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင်အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)


Credit: Irrawaddy (Burmese)
When the Panglong Agreement was signed in 1947 the Shan, Chin and Kachin want to speed up their own search for freedom together with the Myanmar brothers based on the principle of equality mutual trans and recognition and not to integrate their societies and their lands into the Myanmar Buddhist society or the Myanmar kingdom.

Here the concept of coming together means coming in difference and not one being merge into another. The idea of Bogoke Aung San was to build a Union of Burma, an entirely new country through a state building and not to create a nation through nation-building. In the submission of the Union constitution to the AFPFL at Jubilee Hall on May 1947, Bogyoke Aung San himself has said, “When we build our new Burma, shall we build it as a Union or a Unitary State? In my opinion it will not be feasible to set up a Unitary State. We must set up a Union with a properly regulated provision to set up the rights of the ethnic nationalities.”

However Myanmar contemporary historians never emphasized this phrase and wish that the people of Burma especially the ethnic nationalities would forget it. Even the arch supporter of the Burmese Junta Dr Maung Maung points out that,
“The Union States should have their own separate constitutions, their own organ of states, viz parliament, government and Judiciary.”

It should be recollected that on the eve on the historic Panglong Conference to be exact on 11th Frb.1947 Bogyoke Aung San said, “The dreams of a unified and free Burma has always haunted me...We who are gathered here tonight are engaged in the pursuit of the same dream. We have in Burma many indigenous peoples, the Karen, the Kachin, the Shan, the Chin, the Burman and others. In other countries too there are many indigenous peoples, many races. Thus races do not have rigid boundaries. Religion is no barrier either for it is a matter of individual conscience...If we want the nation to prosper; we must pool our resources, manpower, wealth, skills and work together. If we are divided, the Karen, the Shan, the Kachin, the Chin, the Barman, the Mon and the Arakanese, each pulling in a different direction, the Union will be torn, and we will come to grief. Let us come and work together.”

Bogyoke Aung San has a clear idea of nation building and see the writing on the wall that the old concept of one religion, one race and one language had gone obsolete. He rejected the religiously orientated ethno-nationalism that misled religion with politics. He thus declared,“Religion is a matter of individual conscience, while politics is social science. We must see to it that the individual enjoys his rights, including the rights to freedom of religious beliefs and worship. We must draw clear lines between politics and religion because the two are not the same thing. If we mix religion and politics then we offend the spirit of religion itself.”

Myanmar Chauvinism

This is the essence of coming together but as everybody knows it Bogyoke Aung San and his key leaders were assassinated on 9th July 1948 and it was U Chan Htun the only proficient person whom the leaders had put their trust on him shows his Mahar Bamar mentality by betraying Bogyoke Aung San and the ethnic nationalities of Burma by completely changing his vision made it a unitary state. According to U Chan Htun’s interpretation was that the Myanmar did not form their own ethnic state, instead they combine the power of the Myanmar national State with the whole sovereign state of the Union of Burma. Thus while one ethnic group; the Myanmar control the sovereign power of the Union, that is, the administrative, legislative and judiciary of the Union of Burma, the other ethnic nationalities automatically became a vassal state of the Myanmar race. And this is exactly of what is happening today.

In order to control these ethnic nationalities it first set up the military base in Ba Htoo near Lawk Sauk in Southern Shan State, then it slowly expanded it to Nam Sang, Liang Khio, Mong Hsat in Shan states and now they have several military bases in Chin, Kachin and Karen states. Since that time the various Burmese administrations have treated the ethnic nationalities as a colonial power instead of the Union of Burma.

The government use religion as an integration process which gives rise to the resentment of the non Buddhist especially among the ethnic nationalities. This spoil the theory of unity in diversity itself Although Buddhism has been a powerful integrative force in the traditional Myanmar society and is used to start as a rallying point against the British colonialist it was of little use in the settings of a multi cultural and multi religious context especially for a multi ethnic plural society. U Nu made an attempt to achieve homogeneity by imposing religious and cultural assimilation. In 1953 the ministry of Religious and Culture was created to promote the process of assimilation and eventually in 1961 Buddhism was declared a state religion.

General Ne Win came to power in 1962 he went a step further by removing the rights and culture of the ethnic nationalities as a means of creating homogeneous unitary state. This he made it by declaring the Burmese language as the only official language to be used in the country and making Burmese as the medium of teaching in all levels of education from primary to University. No doubt the standard of education fell. He also prohibited the right for the ethnic peoples to learn their own languages. Hence national building both for U Nu and Ne Win was based on the notion of one language, one language and one religion. While U Nu opted for cultural and religious assimilation in Buddhism as a means of integration Ne Win used the national language policy and denied the rights of the ethnic nationalities as a means of creating a homogeneous society.

Hence the changing of the country’s name from Burma to Myanmar was an important step in assimilating the ethnic nationalities and it was done by force, and for the last half a century the Burmese Tatmadaw had implemented by killing the ethnic nationalities, destroying their livelihood, using rape as a weapon, waging war on ethic nationalities religion and culture by means of various persecution, destroying the identity of the ethnic nationalities.

Under the pretext of nation building, successive administrations have not only violated the basic human rights but also all categories of collective rights. Under cover of national sovereignty, the rights of self determination are rejected and in the name of national integration the right to follow different religions to practice different cultures, and to speak different languages are deprived and in the name of national assimilation the rights to uphold different identities and traditions are denied. In other words ethnic cleansing and cultural genocide has been going on for more than half a century. Either the ethnic nationalities must be integrated within the majority culture destroying their original cultural roots, or they must be denied the opportunity to enhance their cultural identity through political means. They seem to be inspired by Pakistan and Malaysia that make Muslim and Nepal that make Hindu as the state religion. Hence this is the basic philosophy of the Mahar Myanmar mentality which is the crux of the Burmese problem.

Currently there are two types of Myanmar, Democracy loving Myanmar who really believes in the Union of Burma and those Mahar Myanmar who still believe and interpret history only from their narrow nationalistic Myanmar perspective. The latter is hegemonic and myopically nationalistic believe that linear progression of Myanmar, save the colonial interlude of a century from a Buddhist kingdom originating in Pagan to today's modern nation-state are considered as a Mahar Myanmar is somewhat akin to Adolf Hitler’s Nazi theory of the superiority of the Aryan race. Hence these Mahar Myanmar did not have an ounce of the Union Spirit and is unable to accept any ethnic nationality as an equal. They construe that they are imbue with a special quality far superior than others and that they must always be leaders in every aspect of society.

On the other hand the Pyidaungsu Myanmar are those genuine Burma especially from upper Burma known as Ah Nyar of our beloved Bogyoke Aung San’s lineage that want to share equally their weal and woe with the ethnic nationalities. They are the real followers of Bogyoke Aung Sau and are desirous to build the country in a modern way, humane and want to take a place in the hall of civilized nations. They did not want to be a pariah nation.

No Tolerance

The Burmese administrations never teach the tolerance of other religion such as the minority religions adherence of Christians, Muslims, and Hindus etc. They never mentioned that some of the heroes of Pagan dynasty such as Byatwi and Byattawere Muslim brothers. Every historian on Burma will agree that in the Pagan temples all are not dedicated to Theravada type of Buddhism only but also there are temples of Mahayana type and Hindu temples dedicated to Lord Vishnu. Again the Pagan temples were built by the Greeks and Roman architect whom the Burmese kings invited them and in many temples of Pagan the Christian cross were painted which shows that Christianity have reached the first Burmese dynasty. The first Church was built in Pagan and when the Irrawaddy River changed course it was swept away. The first Burmese Christian king was Natshinnaug, the famous poet and so on. This clearly indicates that tolerance of religion existed since that days and now with the Myanmarnization of the military Junta, no such minority religion or ethnic nationalities language were tolerated.

The idea that Myanmar are a superior race and that they have vanquished not only the ethnic nationalities but also the neighbouring countries were ingrain in them wittingly or unwittingly.

This is exactly the Mahar Myanmar spirit. Hence, the conclusion seems to be that all the ethnic nationalities must follow their lead and like it or not must agree with them, there is no such thing as consensus or self determination. They could not comprehend the Union Spirit Not only these Mahar Myanmar believe in this approach but also propagate and interpreted in such a way that the majority of the international community who scarcely know where Burma is came to have a vague idea on this approach. Unless one is a scholar in the study of Burmese history, one could not comprehend the general outline of the Burmese problem and the current crisis. In the Myanmar mindset they construe the other ethnic nationalities especially those who are residing on the hills such as Shan, Chin, Kachin, Karenni are wild heathen and such a categorization did not exclude their eventual incorporation into civilization by acculturations.

So it was not ethnic diversity but cultural practice which divided people socially not necessarily politically. The Myanmar also looks down on the Arakanese and Mon. They are not categorize as hill people as they worship the same Theravada Buddhism but the Myanmar view that these Arakanese are Mon are the conquered race and people and is not worth the political thought. What more prove is wanted when both the Arakanese and Mon were not invited to the 1947 Panglong Conference and was taken for granted as part of Myanmar. This is the essence if not crux of the Mahar Myanmar mentality.

Hence in the case of the Union of Burma, firstly it can be explained as the capture of the state by the majority Myanmar ethnic group as arising out of the impact of the introduction of the modern state system upon which the authority structure of the Myanmar society stands. This definitely, dispels and dislocated the elites and the masses of the existing system many of who belong to the ethnic nationalities.

Secondly the domination of the state by one ethnic group the Myanmar ethnic group that give rises to the “Ethnocratic Tendencies” in which the state act as an agency for that community in promoting its ethnic values as the core component of the nationalist ideology.

Thirdly, ethnic struggles are explainable as the reaction to this disruptive penetration of the peripheral communities by the weak ethnocratic state. This penetration provoked the collapse of the old authority structure existing before the 2nd world war in the British era and dislocated the old societal cohesion. It was replaced by the new emergent elites with new levels and forms. This is the apex of the ethnic nationalities struggle against the Myanmar ethnic dominate state.

Does history treat dictatorships with kindness and understanding? Will the future hold sympathy, garlands and accolades for the Junta? A military dictatorship is best viewed as a transitory phenomenon, in the manner that certain weeds flourish briefly when the topsoil is freshly disturbed. But there is a limit to how long topsoil is freshly disturbed, as against being cultivated. Sturdy plants inevitably displace the transient species. This order of succession of plant communities is immutable in nature. Ecosystem analogies are appropriate to understand the phenomena of the Junta, as its fate is also tied to the futures of disturbed conditions. The Junta is ruthlessly repressive on people and exploitative on resources. It has uncontrolled growth. If the Junta machine were compared to the thermodynamic phenomena, the primary characteristic would be that it is extremely energy intense. The generals rule is that the more energy intense. An occurrence is, the greater the problems of sustaining it will become, and the shorter the expected life-span will tend to be. The Junta’s phenomenon is a turbulence or conflagration that is doomed to burn out and to completely collapse on it. This is absolutely inevitable.

The inviolable laws of nature remind us that the Junta will implode and it is certain to leave behind unspeakable destruction and debris. That will be the challenge for the coming up nation-builders after the quasi civilian government is gone.

Encouragement of Mahar Myanmar Mentality

Studying the contemporary history of the world, country after country, there are few examples where a single ethnic group has taken control over the state and used its powers to exercise control over others. In retrospect there has been far less national building than many analysts had expected or hoped, for the process of state building has rendered many ethnic groups devoid of power or influence. The Myanmar Ethnocratic state is the current situation where the state acts as the agency of the dominant Myanmar/Burma ethnic community in term of ideologies, its policies and its resources distribution. This is because it involves three propositions.

First the Myanmar dominated ethnocratic state, is one in which recruitment to the state élite positions in the Tatmadaw, civil services and government is disproportionately and overwhelmingly from the majority Myanmar ethnic group only. Even if there is recruitment from other ethnic groups like Shan, Mon or Karen or any other ethnic race it is only after their assimilation into the dominant ethnic culture. Moreover the state elites use their positions to promote their Myanmar interest, rather than acting as either as an autonomous state bureaucracy or as representative of the socio economic class strata from where they originate.

Second, the Myanmar employs the cultural attributes and values as the core elements for the elaboration of national ideology, and the state’s choice of national symbols all derived primarily from the culture of the Myanmar ethnic majority. Thus the national identity which is employed to define the multi ethnic society is neither ethnically neutral nor multiethnic but is rather a Myanmar mono ethnic. Lucien Pye wrote, “In reflecting the communal base of political parties it tend to represent total ways of life….Nationalist movements in particular have tended to represent total ways of life because such parties are inclined to feel they have a mission to change all aspects of life within their society, even conceiving themselves as a prototype of what their entire country will become in time. Members of such movements frequently believe that their attitudes and views on all subjects will become the commonly shared attitudes and views of the entire population.”

The third attribute to the Myanmar Ethnocratic state is that the state’s institutions-its constitution its laws and its political structures- serve to maintain and reinforce the monopolization of power by the ethnic segment. Thus the channels which the state provides for participation are such as to either restrict all avenues for politics or to secure the disproportionate representation of the ethnic segment.

Whatever the part played by colonial and post-colonial history and politics, it is a fact that now ethnicity is now a serious matter. The Mahar/Myanmar and some foreign scholars endeavour to prove that monarchy as an example of central authority able to unite across ethnic and cultural divides. Incidentally this is the theory which the Burmese military dictatorship tries to impose. They try to find the abstract idea of ethnic community, that commanded primary loyalty and that a Myanmar king could act as the patron of ethnic e.g. Mon princely clients, and vice versa. That the vacuum of central authority, after the fall of the monarchy, was further exposed through British colonial policy of administering the regions in a fractured model, as contrasted with the central control that the Dutch used in governing colonial Indonesia.

"Not all Myanmar are Buddhists and yet all recognize and acknowledge the centrality of Theravada Buddhism for their Burman identity," Writes F.K.L. Chit Hlaing;

Regarding Christianity, Gravers conjectures that conversion implies political identification, and that Christianity is subsequently identified with modernity and the right to a homeland. Yet religion need not serve a unifying role, as a means of identification it can prove equally divisive.

The most prominent example of religion proving destructive within an ethnic group revolves around the 1994 split of the Democratic Karen Buddhist Organization from the Karen National Union. Though both groups go to lengths to state and show that both religions are represented and respected in their ranks, the truth remains that a significant number of Karen saw identification as Buddhist, or Christian, as conceivably more advantageous than maintaining a strict adherence to the precept of pan-Karen identity.

As the architects of modern Burma including several ethnic leaders were assassinated their vision of modern union of Burma on a just and equal state for every ethnic nationality residing in the Union of Burma was smashed. The vision and dream of the assassinated leaders were explicitly written in the first 1947 constitution where each ethnic state has its own constitution and have been enshrined in the right of the ethnic minorities to practise their culture. This was proven in the State flag where the five stars clustered around the larger star which represents the Myanmar ethnic group. This symbolizes the unity in diversity rather than assimilation and Buddhism was never been employed as a state ideology.However it should be remember that the development of a state structure dominated by the ethnic Myanmar personnel and values did not by itself precipitated the other ethnic rebellion. It was only when the state began to try to expand its control beyond the core areas of the colonial constituted a threat and launched vigorously couple with political centralization then it started the unrest.

Given the fundamental differences of belief, value and organization that connote pluralism, the monopoly of power by one cultural section is the essential precondition for the maintenance of the total society in its current form. Until and unless the new leaders have a wide vision and stop this forced Myanmarnization then there will be little or no peace in my beloved country.

Footnotes

David C William & Lian h Sakkhong; “Designing Federal Union in Burma. p20

See Bogyoke Aung San’s speech pp 306-307

U Maung Maung Burmese National Minorities 1940-1989- p170

See the speeches of Aung San also reprinted by Chao Tzang and LH Sakhong in The New Panglong Initiative, Rebuilding the Union of Burma p 13

See the speech of Aung San delivered on 20th Jan. 1946

Speeches of Bogyoke Aung San especially on 20th Jan. 1946

David C William & Lian h Sakkhong; “Designing Federal Union in Burma”. p17
Pe: Tin (Shan State) In Burmese 0d'l&ocifcspfarmif. &Srf;rlWSifhjynfaxmifpkawmifa&; p 16

Cady; John F -A History of Modern Burma p 636

Read the Temples of Pagan in any Burmese history books

Brown, David: The State and Ethnic Politics in Southeast Asia, London school of Economics p36
For example displacing of all the ethnic commanders and replace with the Myanmar ethnic group

La Raw Dr.Maran:>b> The Nation-State of Burma and the Victimization of Its Co-founders in Burma Debate Nov./Dec 1996

La Raw Dr.Maran: The Nation-State of Burma and the Victimization of Its Co-founders in Burma Debate Nov./Dec 1996

Myron; Weiner in “Political change in Asia, Africa and the Middle East.”
e.g. It change the country`s flag without telling or consent of the people.

Lucian W Pye Politics, personality and nation Building: Burma search for identity. New Haven London pp 17 18 Yale University Press

Smith: Christopher. Exploring Ethnicity in Mizzima News

Source:  Asian Tribune




၁၃-၁-၂၀၁၂ နေ့ဟာ အင်မတန် ၀မ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့နေ့ ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူအားလုံးလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပျော်ကြတယ်။ ဒီလိုပျော်စရာကောင်းတာ မျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူးလို့ တွေးကြည့်မိတယ်။

တစ်နိုင်ငံလုံးပျော်

အင်းစိန်ထောင်ကြီးရှေ့မှာ လူတွေထောင်နဲ့ချီ စုဝေးရောက်ရှိနေပြီး ထောင်ထဲကထွက်လာသူတွေကို လက်ခုပ်သံတွေညံနေတဲ့ကြားက ပြေးဖက်သူက ဖက်၊ ပန်းစည်းပေးသူက ပေး၊ ပြုံးမျက်ရည်တွေနဲ့ ငေးသူက ငေးဖြစ်နေကြတဲ့မြင်ကွင်းမျိုးလည်း ဘယ်နိုင်ငံမှ ကြုံဖူးကြမယ်မထင်ပါဘူး။ မြန်မာလူမျိုးတွေအဖို့တော့ တစ်ကြိမ်တစ်ခါသာမဟုတ်ဘူး ဒီလိုပျော်စရာနေ့မျိုးတွေ ခဏခဏကို ကြုံတွေ့ခဲ့ကြဖူးတယ်။ ရှည်လျားတဲ့ နှစ်ငါးဆယ်ကာလကို ထည့်မပြောတော့ပါဘူး။ ဒီသုံးနှစ်လောက်အတွင်းမှာ ကို အကြိမ်တွေမနည်းလှဘူး။ မှတ်မှတ်ရရဆို ဦးဝင်းတင်လွတ်တုန်းက တစ်ကြိမ်ဒီလိုပျော်ခဲ့ကြရတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် အပျော်ကြီးပျော်ခဲ့ကြတယ်။

ရင်ထဲကအလုံးကြီးကျ

အခု ဇန်န၀ါရီ ၁၃ ရက်ကျတော့ မနက်အိပ်ရာကထလိုက်တာနဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့သတင်းကို အရင်ဆုံး စကြားလိုက်ရတယ်။ ခွန်ထွန်းဦးနဲ့ မင်းကိုနိုင်အပါအ၀င် အနှစ် နှစ်အလလ မျှော်လင့်စောင့်စားနေရသူတွေ အားလုံး ပြန်ထွက်လာပြီတဲ့။ နားနဲ့ကြားရတာကိုအားမရလို့ ကွန်ပျူတာကိုကြည့်လိုက်တော့ အားလုံးလွတ်တဲ့အကြောင်း ၀က်ဘ်ဆိုက်သုံး လေးခုမှာ ရေးထားတာတွေ့တော့မှ စိတ်ချသွားတယ်။ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ထွက်ပြီးကတည်းက ဒီတစ်ခါပါမှာလား သေချာပြီလားနဲ့ ရင်တမမဖြစ်နေခဲ့တာ အခုမှရင်ထဲက အလုံးကြီးကျသွားတော့တယ်။ ညကဆို တစ်ညလုံး မပျော်တစ်ချက် ပျော်တစ်ချက် ဖြစ်နေခဲ့ရတယ်။

ဘယ်ကလူကြီးလဲ

နံနက် ၁၀ နာရီလောက် သတင်းထောက်တွေရဲ့ အမေးကို ဖြေနေတဲ့ မင်းကိုနိုင်ရဲ့အသံကိုကြားလိုက်ရတော့ စိတ်ချသွားပြီး လွတ်လွတ်လပ်လပ် ပျော်သွားတယ်။ သာယာဝတီ ထောင်ကလွတ်တဲ့ မနီလာသိန်းက သမီးလေးကိုပြန်တွေ့ရတော့ အရမ်း ပျော်တယ်။ ဒါပေမဲ့ သမီးလေးကတော့ သူ့ကိုစိမ်းနေသေးတယ်လို့ ပြောတာကြားလိုက်ရတော့ ရင်ထဲမှာ မကောင်းဘူး။ ဆို့သွားတယ်။ ကိုယ်လည်း သူ့လို နှစ်ခါကြုံဖူးခဲ့တာကိုး။ ပထမအကြိမ်မှာသားကို သုံးလအရွယ်နဲ့ ထားခဲ့ရတယ်။ ဒုတိယအကြိမ်ကျတော့သမီးက ၁၀ လသမီး။ နှစ်တွေ အကြာကြီးနေမှ ပြန်တွေ့ကြရတော့ အစမှာ ခပ်စိမ်းစိမ်းပါပဲ။ ''အမေဘယ်ကလူကြီးလဲ''လို့ အမေးမခံရတာ ကိုပဲ ကျေးဇူးတင်နေရသေးတယ်လေ။

ရုပ်သံနဲ့ မျက်စိမခွာ

၁၃ ရက်နေ့တစ်နေ့လုံး ရုပ်သံ စက်ရှေ့မှာပဲ ထိုင်နေတယ်။ လာသမျှလူတွေကိုလည်း ဒီဗီဘီနဲ့ပဲ ဧည့်ခံလိုက်တယ်။ တဂွမ်ဂွမ်နဲ့ ဆက်သမျှ ဖုန်းတွေကိုလည်း ရုပ်သံကြည့်ရင်း ဖြေလိုက်တယ်။ အသက်ကြီးလာတော့ လူကပိုပြီး ပူတတ်တယ်။ ဘာပြောပြော အိမ်ရောက်ပြီဆိုမှ စိတ်ချနိုင်မှာမို့ ရုပ်သံနဲ့ မျက်စိမခွာဘဲ စောင့်ကြည့်နေမိတယ်။ ရုပ်သံ ဖန်သားပြင်ပေါ်က ပျော်ရွှင်မြူးတူးနေကြတဲ့ လူတွေကိုကြည့်ရင်းနဲ့ စာအစမှာရေးခဲ့တဲ့ 'ဒီလိုပျော်စရာ ကောင်းတာမျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူး' ဆိုတဲ့အတွေး ၀င်လာခဲ့တာဖြစ်တယ်။

အကျဉ်းစခန်းတွေထဲက

အဲဒီလို တွေးမိတာနဲ့တစ်ဆက်တည်း ဒုတိယကမ္ဘာစစ်ကြီးပြီးပြီးချင်း အကျဉ်းစခန်းတွေထဲက အသက်မသေဘဲ ကျန်ရစ်နေသူတွေထွက်လာတာကို မိဘဆွေမျိုးသားချင်းတွေနဲ့ ဇနီးသားမယားတွေက ရင်တထိတ်ထိတ်နဲ့ စောင့်ကြိုနေကြတဲ့မြင်ကွင်း တွေ မျက်စိထဲပြန်မြင်လာတယ်။ ကိုယ်ရှာနေသူကို တွေ့လိုက်ရတဲ့အခါ သူတို့မျက်နှာတွေပေါ်မှာ ၀မ်းသာခြင်းနဲ့ ၀မ်းနည်းခြင်းခံစားမှု နှစ်မျိုးတစ်ပြိုင်တည်းဖြစ်ပေါ်လာတာကို အရအမိ ရိုက်ယူထားနိုင်တဲ့ ဓာတ်ပုံဆရာရဲ့လက်ရာ ဓာတ်ပုံစာအုပ်ကို သေတ္တာတွေထဲမှာ ပြန်ရှာဦးမှပဲလို့ ခေါင်းထဲမှာ မှတ်ထားလိုက်တယ်။

ခွပ်ဒေါင်းအောင်လံ တလူလူ

ရုပ်မြင်သံကြားရှေ့မှာ တစ်နေ့လုံးထိုင်နေတယ်လို့ဆိုရပေမယ့် အာရုံကတော့ အပြည့်မရောက်ပါဘူး။ ဧည့်သည်တွေ ၀င်လိုက်ထွက်လိုက်၊ ဖုန်းသံတဂွမ်ဂွမ်မြည်လိုက်ဖြစ်နေတော့ အာရုံတွေလည်း ဟိုရောက် ဒီရောက်ပါပဲ။ အသေအချာ မျက်စိထဲ မှာစွဲသွားတဲ့မြင်ကွင်းကတော့ သရက်ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ကို သရက်မြို့သူမြို့သားများက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုတဲ့မြင်ကွင်းဖြစ်တယ်။ သရက်လိုမြို့ငယ်လေးမှာတောင် လူစုလူဝေးက ရာနဲ့ချီပြီးရှိတယ်။ သရက်မြို့သူမြို့သားများရဲ့သတ္တိကို လေးစားမိသလို မင်းကိုနိုင်ကိုချစ်ကြတာကိုလည်း ကျေနပ်အားရဖြစ်မိတယ်။ အောင်လံဘက်ကိုကူးတော့ ပရိသတ်က ကမ်းလုံးညွတ်မတတ်ရှိပြီး ခွပ်ဒေါင်းအလံတွေလည်း လေမှာ တဖျပ်ဖျပ် လွင့်ပျံနေကြတော့တယ်။

သည်းသည်းလှုပ်အောင်ချစ်ကြ

မင်းကိုနိုင်ခမျာ အိမ်ပြန်ခရီးကို အသော့နှင်မသွားနိုင်ဘူး။ ပြည်သူတွေက ဟိုကထွက်တား၊ ဒီကထွက်တားနဲ့ တစ်တားတည်းတားနေကြလို့ ရောက်လေရာအရပ်မှာ နှုတ်ဆက်စကားတွေ ပြောရတယ်။ ပန်းကုံးစွပ်တာ ခံရတယ်။ အောင်သပြေတွေ ကမ်းတာယူရတယ်။ ပြည်သူတွေက ချစ်ကြတာကိုး။ အသက်ထင်ရှားရှိ နေဆဲမှာ တစ်တိုင်းတစ်ပြည်လုံးက 'သဲသဲလှုပ်' အောင်ချစ်ကြတဲ့ နိုင်ငံရေးသမားဆိုလို့ တစ်သက်မှာနှစ်ယောက်ပဲ တွေ့ဖူးတယ်။ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်။ နောက်တစ်ဦးက မင်းကိုနိုင်။

ငါတကောကောတတ်

ဒေါ်အောင်ဆန်းစုကြည်က အခုသမ္မတ ဦးသိန်းစိန်အစိုးရနဲ့ လက်တွဲပြီး လွှတ်တော်နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်။ ဒီမိုကရေစီလမ်းခရီးမှာ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ဆိုတာ မရှိမဖြစ် အင်္ဂါရပ်တွေဖြစ်တယ်။ ဒါပေမဲ့ ပြီးပြည့်စုံပြီလို့တော့ မဆိုနိုင်ဘူး။ ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့နဲ့ တက်လာပြီးမှ အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားတဲ့ အစိုးရမျိုးတွေလည်း အများကြီးရှိခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကမ္ဘာ့နိုင်ငံတိုင်းမှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီက 'ကိုယ်စားပြုဒီမိုကရေစီ' စနစ် ဖြစ်တယ်။ ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးကောက်ပြီး လွှတ်တော်ထဲ ပို့လိုက်ပေမယ့် ကိုယ်စားလှယ်တွေဟာ လွှတ်တော် ထဲရောက်ပြီးတဲ့အခါ ပြည်သူ့ဆန္ဒကို ဦးထိပ်ပန်ဆင်ခြင်းမပြုတော့ဘဲ ငါ တကောကောတာမျိုးတွေ ဖြစ်လေ့ရှိတယ်။
ဒီအချိန်မှာ ပြည်သူရဲ့ အရေးကိစ္စမှန်သမျှကို ပြည်သူတွေ အလိုကျ လုပ်ကိုင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး မရှိမဖြစ် လိုအပ်ပါတယ် ...


ပြည်သူ့ဒီမိုကရေစီ

အကောင်းဆုံးကတော့ တိုင်းရေးပြည်ရာ ကိစ္စမှန်သမျှမှာ ပြည်သူပြည်သားတွေအားလုံး ပါဝင်ဆွေးနွေးဆုံးဖြတ်တဲ့ 'တိုက်ရိုက်ဒီမိုကရေစီ' ဒါမှမဟုတ် 'ပြည်သူ့ဒီမိုကရေစီ' ဖြစ်တယ်။ ဒါပေမဲ့ ဒါကလက်တွေ့လုပ်ဖို့ မဖြစ်နိုင်သေးဘူး။ ဒီအချိန်မှာ ပြည်သူရဲ့ အရေးကိစ္စ မှန်သမျှကို ပြည်သူတွေအလိုကျ လုပ်ကိုင်ဆောင်ရွက်မယ့် အဖွဲ့အစည်းမျိုး မရှိမဖြစ်လိုအပ်ပါတယ်။ ထောင်ကလွတ်လာတဲ့ မင်းကိုနိုင်တို့ လူငယ်အားလုံးက သူတို့ဟာ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး။ ပြည်သူတွေရဲ့ အရေး ကိစ္စမှန်သမျှကို ပြည်သူတွေရဲ့ ရှေ့ကရပ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြတာကို ကြားရတော့ အများကြီး စိတ်ချမ်းသာသွားတယ်။

အဖွဲ့အစည်းတွေအများကြီး

သူတို့လူငယ်တွေကို ပြည်သူတွေက ချစ်ကြတယ်။ ယုံကြည်အား ကိုးကြတယ်။ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကအတိုင်း ၀န်းရံပေးရင်း ပြည်သူတွေရဲ့အသံကို ကိုယ်စားပြုပေးမယ့် အင်အား တောင့်တင်းတဲ့အဖွဲ့အစည်းကြီးအဖြစ် မြင်တွေ့လိုကြတယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးပါတီတွေအပြင် တခြားအသင်းအပင်း အဖွဲ့အစည်းတွေလည်း မရေမတွက်နိုင်လောက်အောင် ရှိမြဲဖြစ်တယ်။ လိုအပ်လာရင် သူတို့လူငယ်တွေဟာ ၈၈ မျိုးဆက်လူငယ်များဆိုတဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် အရပ်ဘက်လူထုအဖွဲ့အစည်းတစ်ရပ်အဖြစ်ရှိနေရင် သိပ်ကောင်းပါလိမ့်မယ်။

အားကိုးအားထားပြုနိုင်တဲ့

နိုင်ငံရေးပါတီဆိုတာက လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းကျင့်ဝတ်တွေရှိတယ်။ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မှန်တိုင်းပြောမဖြစ်ဘဲ ထိန်းချုပ်ရတာတွေရှိတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်မရွေး သူတို့ရှေ့က မားမားမတ် မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့် အဖွဲ့အစည်းမျိုး လိုအပ်တယ်။ ဒီမိုကရေစီခေတ်ရောက်ရင် နိုင်ငံသားအားလုံးရဲ့ အရေးကိစ္စအမျိုးမျိုးကို ဆောင်ရွက်ဖို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေလည်း အများကြီးရှိလာဖို့ လိုအပ်လိမ့်မယ်။ ၈၈ မျိုးဆက်လူငယ်တွေက နဂိုကတည်းက ပြည်သူချစ်တဲ့အဖွဲ့ဖြစ်တော့ ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူ ထု အားကိုးအားထားပြုနိုင်မယ့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း သိစေလိုက်ရပါတယ်။

Credit here


Rohingya Exodus