Latest Highlight

(မြန်မာကို မြန်မာက ရှုတ်ချထိုက်သလော)
ရွှေဥဒေါင်း
သြဂုတ် ၁၆၊ ၂၀၁၁


“ဗမာလုပ်လိုကမှဖြင့် ဒီလိုချည်းပဲ”၊ “ဗမာတွေကိုက ဘယ်နေရာမှမကောင်းပါဘူး”၊ “ဘယ်တော့ဖြစ်နိုင်မှာလဲ၊ ဗမာလုပ် တာကိုး”၊ “ရွှေဗမာတွေကိုက ဘာတစ်ခုမှဖြစ်အောင်လုပ်နိုင်တာမရှိပါဘူး” အစရှိသော နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချစကားများသည် မကြာခဏဖြစ်ပေါ်လျက်ရှိသည်ကို ကြားမိကြပေလိမ့်မည်။ ထိုသို့သော အသုံး အနှုန်းသည် အင်္ဂလိပ်တို့လက်ထက်တွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့၍ အင်္ဂလိပ်တို့ပြေးခါနီး ကာလအပိုင်း အခြားတွင် အထွတ်အထိပ်သို့ ရောက်သဖြင့် အများဆုံးသုံးနှုန်းပြောဆိုကြသည်ဟု ဆိုရပေမည်။


ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ ထိုစကားကို သုံးနှုန်းပြောဆိုနေကြသော သူများသည် တရုတ်လူများ လည်းမဟုတ်။ ကုလားလူမျိုးများလည်းမဟုတ်။ တရုတ်နှင့် ကုလားကပြားများလည်းမဟုတ်။ မြန်မာစစ်စစ်ဆိုသော လူများ၏ပါးစပ်မှ ထွက်လာလေ့ရှိသည်အတွက်ကြောင့် သာ၍ ၀မ်းနည်းဖို့ကောင်းလှ၏။ အချို့သောသူတို့သည် ထို စကားမျိုးကို သုံးနှုန်းကြသောအခါတွင် ၀မ်းနည်းသောလေသံမျိုးလည်းမပါ။ ထိုကဲ့သို့ နှိပ်နယ်ချိုးဖဲ့ရခြင်းကိုပင် အရ သာရှိဟန်လက္ခဏာနှင့် လေးလေးနက်နက်ပက်ပက်စက်စက် ချိုးဖဲ့ပြောဆိုရက်သည်ကိုတွေ့ရပကား မြန်မာအစစ်ပင် ဟုတ်ပါလေ၏လောဟု ယုံမှားခြင်းပင် ဖြစ်ရလောက်ပေ၏။ တရုတ်လူးမျိုးက မြန်မာအားထိုမျှလောက် ချိုးချိုးဖဲ့ဖဲ့ပြော ဆိုခြင်းကို ကြားရဖူးသည်မရှိ။ ပြောလျှင်လည်း မြန်မာက ခံမည်မဟုတ်။ ကုလားလူးမျိုးက ဤမျှအထိ ရှုတ်ချခြင်းကို ကြားရဖူးသည်မရှိ။ ကြားရလျှင်လည်းမြန်မာက ခံမည်မဟုတ်။ အင်္ဂလိပ်က ပြောလျှင် ခံနိုင်ကြမည်မဟုတ်။ ရှုတ်ချပြောဆိုနေကြသူများကား မြန်မာများပင်ဖြစ်၏။ တရုတ်သည် တရုတ်လူမျိုးအားလည်းကောင်း၊ ကုလားသည် ကုလားလူမျိုးအားလည်းကောင် ထိုကဲ့သို့ လူမျိုးလိုက်ချီ၍ ရွတ်ချပြောဆိုခြင်းကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ရဖူးချေ။ မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် ‘မှိုးချိုးမျှစ်ချိုး’ တစ်တစ်ခွခွ လူမျိုးလိုက်ချီ၍ သိမ်းကျုံးရှုတ်ချပြောဆိုနေကြ သည်ဖြစ်ရာ ထိုကဲ့သို့ ရှုတ်ချပြောဆိုနေကြခြင်း၏ အကြောင်းရင်းမှာကား မြန်မာလူမျိုးကို မြန်မာလူမျိုးသည်သာလျှင် အထင်အမြင်သေးသိမ်နေကြသောကြောင့် ဖြစ်ချေ၏။ မိမိလူမျိုးကို မိမိတို့က ဤမျှလောက် အထင်အမြင်သေးသိမ် စုတ်ပဲ့နေကြပါလျှင် အခြားလူမျိုးတို့က အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။

မြန်မာလူမျိုးသည် ထို့ကဲ့သို့ ပက်ပက်စက်စက် ရှုတ်ချကဲ့ရဲ့ခြင်းခံထိုက်လောက်အောင် အကယ်ပင် ယုတ်ညံ့ သိမ်ဖျင်း သော လူမျိုးဖြစ်လေသလောဟု ရှေးဦးစွာဆန်းစ်ဖို့လိုပေ၏။ လူအသီးသီးဖြစ်စေ ဤနယ်သား၊ ထိုနယ်သား၊ ဤပြည် သား၊ ထိုပြည်သား၊ ဤတိုက်သား၊ ထိုတိုက်သား၊ ရှေ့တိုင်းသား၊ အနောက်တိုင်းသား စသည်ဖြင့် အစုလိုက်အုပ်လိုက် ပေါင်းစည်း၍ဖြစ်စေ၊ အကောင်းအဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်းသောအရည်အချင်းတွေချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိ။ ဆိုးယူတ်သော အရည်အချိုးတွေ ချည် စုပုံ၍နေသော လူဟူ၍လည်းမရှိ။ လူမျိုးဟူ၍လည်းမရှိ။ တိုက်သားဟူ၍လည်းမရှိနိုင်ကြောင်းကို ဦးခေါင်းပါသူဟူ သမျှ ၀န်ခံပေလိမ့်မည်။

● ပျင်းရိခြင်းနှင့် သတ္တ၀ါသဘော
ယင်းသို့ဖြစ်လျှင် မြန်မာလူမျိုးသည် အခြားလူမျိုးနည်းတူ ကောင်းမြတ်သော အခြင်းအရာနှင့် ညံ့ဖျင်းသော အခြင်းအရာတို့ ရောစပ်စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်။ အပြစ်အနာဆာကို ရှေးဦးစွာဖော်ပြရမည်ဆိုသော် လူမျိုးကွဲများက အပြစ်ဆိုတတ်ကြ၍ ကျွန်ုပ်တို့ကိုယ်တိုင် မငြင်းမကွယ်နိုင်သော ဖြောင့်ချက်ပေးကြရမည့်အချက်တစ်ခု သည်ကား ပျင်းရိခြင်းပင်ဖြစ်ပေ၏။ မြန်မာလူမျိုးသည် ကုလားနှင့်ဖြစ်စေ၊ တရုတ်နှင့်ဖြစ်စေ နှိုင်းစာလိုက်သော် ချောင်ချောင်လည်လည်လုပ်၍ ချောင်ချောင်နေထိုင်လိုသော စိတ်သဘောမျိုးရှိတတ်ကြောင်းကို ၀န်ခံကြရပေမည်။ ၎င်းစိတ်သဘောကိုပင် ပျင်းရိသည်ဟူ၍ ခေါ်ဆိုကြ၏။ ခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်ပါပေ၏။ သို့သော် ပျင်းရိခြင်း၊ လုံ့လ၀ီရိယရှိခြင်းစသော အခြင်းအရာတို့မည်သည် အကြောင်းနှင့် အကျိုးဖန်းတီးစီမံလျက်ရှိသော ဤလောကကြီး၌ မူလရင်းအကြောင်းများရှိကြရမည်သာဖြစ်၏။ သတ္တ၀ါဟူသမျှတို့၏ နဂိုသဘောရင်းမှာ တတ်နိုင်သမျှ အနည်းဆုံး အလုပ်လုပ်၍ အများဆုံး စည်းစိမ်သုခ ခံစားလိုကြမြဲ ဓမ္မတာဖြစ်၏။ တတ်နိုင်ခဲ့လျှင် အလုပ်နှင့် ပတ်သက်၍ လက်တစ်ဖက် မြှောက်ခါမျှနှင့်ပင် ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှုနှင့်တကွ စည်းစမ်ခံထားမှုအတွက်ပါ လုံလောက်စွာ ရလိုကြသည်သာဖြစ်၍ လက်တစ်ဖက်မြှောက်ကာမျှနှင့် လိုသလောက်ရခဲ့လျှင် လက်နှစ်ဖက်မြှောက်လိုသော သတ္တ၀ါ၍မရှိချေ။

● မြန်မာလူမျိုးအပြစ်လော
 ကျွန်ုပ်တို့မြန်မာပြည်သည် အင်္ဂလိပ်တို့မ၀င်ရောက်ဖူးသေးမီတစ်ခါက အလွန်တရာဆူဖြိုးချောင်ချိခဲ့သော တိုင်း ပြည်ဖြစ်သည်တစ်ကြောင်း၊ ၃၀ ၄၀ ပေးရသော ဘွတ်ဖိနပ်မျိုး၊ သက္ကလပ်အင်္ကျံမျိုး၊ တစ်နပ်စာအတွက် လေးငါးကျပ် တန်းသော အစားအစာမျိုး အစရှိသည်တို့ မရှိခဲ့ဖူးသည်တစ်ကြောင်းကြောင့် လူတစ်ယောက် အလုပ်လုပ်လိုက်လျှင် တစ်အိမ်ထောင်လုံးအတွက် စားဖို့၊ ၀တ်ဖို့၊ နေထိုင်ဖို့ လုံလောက်စွာ ရရှိခဲ့ကား ကျန်သော အိမ်သူအိမ်သားများသည် ၀တ်ကာ၊ စားကာ၊ သနပ်ခါးလိမ်းကာ၊ ခြင်းလုံးခတ်ကာဖြင့် ချောင်ချိသက်သာစွာ နေထိုင်နိုင်ကြ၏။ မော်တော်ကားစီးမှုအတွက်သူတစ်ပါးနှင့် ဂုဏ်ပြိုင်အားကျရန်လည်းမရှိ၊ သုံးထပ်တိုက်ကြီး တည်ဆောက်ခြင်းအားဖြင့် သူတစ်ပါးထက်သာအောင်ကြွားဝါလိုသော စိတ်ဆန္ဒမျိုးလည်းမရှိ၊ အလွန်စုတ်ပြတ်လွယ်၍ ပါးလွှာလှသောပဒုမ္မာ အင်္ကျံပါးမျိုးကို ၀တ်ဆင်လိုခြင်းလည်းမရှိ။ သောက်ရှူလိုခြင်းလည်းမရှိ။ ခပ်ချောင်ချောင်အလုပ်လုပ်၍ ခပ်ချောင် ချောင်နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထို့ကဲ့သို့ ၀မ်းစာအတွက်လည်းကောင်း၊ အားအတွက်လည်းကောင်၊ နေမှု ထိုင်မှုတွက်လည်းကောင်း လှုပ်ကာ လှက်ကာနှင့် လုံလောက်စွာရရှိခဲ့ကြသော လူမျိုးတစ်မျိုးသည် လွယ်လွယ်နှင့် တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာအားထုတ်လုပ်ကိုင်ရန် ပျင်းရိခြင်းရှိကြသည်မှာ အံ့သြဖွယ်ရာမဟုတ်။ သတ္တ၀ါတို့၏ ဓမ္မတာသဘောအတိုင်းမျှသာ ဖြစ်ချေ၏။ ထိုမျှလောက် အသက်မွေးချောင်ချိ လာခဲ့သော လူမျိုးသည် လျှာထွက်မတတ် အလုပ်လုပ်နိုင်မှ ၀မ်းခါး မ၀တ၀ မလှတလှ ရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုး၊ တရုတ်လူမျိုးများနှင့် စံထိုးနှိုင်းယှဉ်ခြင်းခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခြင်းခံကြရ ခြင်းမှာ အံ့ဖွယ်ရာမဟုတ်လှချေ။ အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သောအခြေရရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အ ကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင်ဖြစ်စေ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုးမီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာပျင်းရိကြမည်သာ ဖြစ်ချေ၏။ ပျင်းရိခြင်းကို အပြစ်တစ်ခုလုပ်၍ ပြောမည်ဆိုလျှင် ထိုအပြစ် သည် မြန်မာလူမျိုး၏အပြစ်မဟုတ်။ ၀မ်းစာရှာရန် ချောင်ချိခဲ့ဖူးသည့် မြန်မာပြည်၏အပြစ်ဟူ၍သာ ဆိုရန်ရှိပေ၏။

● အနှစ်တစ်ရာနှင့် တစ်နှစ်
 ထို့ပြင် ကျွန်ုပ်တို့ကို နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှ အုပ်စိုးသွားသည့် အဂ်လိပ်တို့ကလည်း မြန်မာများအား ပျင်းရိသည်ဟု စွပ်စွဲပြောဆိုသွားကြာသော်လည်း ၎င်းတို့ကိုယ်တိုင် ချွေးလုံး ချွေးပေါက်ကျအောင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် သွားကြသည်မှုရှိချေ။ ပန်ကာအောက်တွင် ကလောင်တံနှင့် လက်မှတ်ရေးထိုးရသော အလုပ်မျှလောက်နှင့် နင့် လောက်အောင် လခကြီးများယူလျက် ကာမဂုဏ်စည်းစိမ်းအမျိုးမျိုး ခံစားစံစားသွားကြခြင်း အားဖြင့် နမှုနာပြသွားကြ သည်ကိုသာလျှင် တွေ့မြင်လိုက်ကြရ၏။ ၎င်းတို့၏အနေအထိုင်ကို တွေ့မြင်ရခြင်းအားဖြင့် မြန်မာတို့၌ စည်းစိမ်ခံမှု အတွက် သွားရည်ကျရသော စိတ်မျိုးသာဖြစ်ပေါ်ကြ၍ ပင်ပန်းကြီးစွာအလုပ်လုပ်လိုသော စိတ်သဘောမျိုးမူကား အ လျှင်းပင်မဖြစ်ပေါ်နိုင်ခဲ့ချေ။ သို့ရာတွင် ယခုအခါ နိပ္ပန်တို့ရောက်လာကြရာတွင်မူကား “စစ်ဗိုလ်ကြီးတွေတောင် အလုပ် ကြမ်းလုပ်ကြသည်။ လူကြီးတွေတောင် လူငယ်တွေနှင့်အတူ အလုပ်လုပ်ကြသည်” ဟူသောစကားများသည် အရပ်ထဲ တွင် တစ်နေ့တခြားပြောဆိုစ ပြုလာကြပြီးဖြစ်ရကား ပင်ပန်းကြီးစွာအလုပ်လုပ်မှုနှင့် ပတ်၍ အင်္ဂလူမျိုးတို့က နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှနှင့် သင်ပြရန်မတတ်နိုင် သင်ခန်းစာကို နိပ္ပန်တို့က တစ်နှစ်ခန့် အတွင်းသင်ပြနိုင်သည်ဟု ဆိုရပေ မည်။

● ဂျာမနီပြည်၏စနစ်
ဤနေရာ၌ ဂျာမနီပြည်တွင်း ဟစ်တလာအသုံးပြုလျက်ရှိသော စနစ်ကိုဆိုရာအစိုးရတို့က မြန်မာပြည်တွင် အမြန်ဆုံး နည်းယူအသုံးပြုကြလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ ဂျာမနီပြည်၌ သူဌေးသားဖြစ်စေ၊ အမတ်ကြီး၏သာ ဖြစ်စေ၊ အရာရှိကြီး၏သာဖြစ်စေ လူလားမြောက်သောအချိန်အရွယ်တွင် အခြားသော လူဆင်းရဲများ၏သားများနှင့် အတူလမ်း ဖောက်ခြင်း၊ ကောက်ပဲသီးနှံစိုက်မျိုးခြင်းစသော ကူလီအလုပ်ကြမ်းမျိုးကို ၁၀ လတိုင်တိုင် လုပ်ကိုင်ဆောင် ရွက်ကြရ လေသည်။ သူဌေးသားနှင့် ထင်းခွေသမားသားတို့သည်လည်းကောင်း၊ အရာရှိသားများနှင့် ကူလီ၏သားသည်လည်း ကောင်း တစ်ခန်းတည်းအတူနေ၊ အတူအိပ်၊ အတူစားကြရလျက် လယ်ပြင်ထဲတွင် အင်္ကျံကိုတုံးလုံးချွတ် ကာ ပခုံးချင်း ယှဉ်လျက် ရက်ပေါင်း ၃၀၀ ကာပတ်လုံးတန်းတူညီတူ အလုပ်လုပ်ကြရလေသည်။ အိမ်မှ ထမင်းပို့ရခြင်း၊ အိပ်ရာလိပ် ပို့ရခြင်းမရှိစေရ။ တစ်တန်းတည်းစား၍ တစ်တန်းတည်းအိပ်ကြရလေသည်။ အင်္ဂလိပ်တို့ကိုအားကျခြင်းအားဖြင့် အလုပ်ကြမ်းကို ကြောက်ရွံ့၊ ဟန်ကြီးပန်ကြီး လုပ်ချင်တတ်လှသော ကျွန်ုပ်တို့ မြန်မာလူမျိုးလူငယ်များအတွက် ၎င်းစ နစ်ထက်ကောင်းမွန်သော စနစ်တစ်ခုကို ကျွန်ုပ်တို့စဉ်းစားစိတ်ကူး၍မရနိုင်အောင် ရှိချေတော့၏။ ထိုကဲ့သို့လေ့ကျင့် ပေးရလျှင် ပျင်းရိသည်ဟူသော စွပ်စွဲချက်သည်လည်း ပပျောက်သွားတန်ရာချေသည်။

● စွပ်စွဲချက်များ
 မြန်မာလူမျိုးကို စွပ်စွဲသော အချက်များအနက် ပျင်းရိခြင်းကို ထုတ်နုတ်လိုက်သည်ရှိသော ကောင်ကျစ်စဉ်းလဲခြင်း၊ မညီညွတ်ခြင်း၊ မရိုးဖြောင့်တတ်ခြင်း စသည့်အခြင်းအရာများ ကြားရဖူးတတ်၏။ မညီညွတ်ခြင်းဆိုသော အခြင်းအရာ မှာ အိမ်ရှင်ဖြစ်သောမြန်မာများကို ဧည့်သည်ဖြစ်သောကုလားများ၊ တရုတ်များနှင့်နှိုင်းစာလိုက်လျှင် အနည်းငယ် အောက်ကျနောက်ကျ ရှိနေသကဲ့သို့ မှတ်ထင်ရန်ရှိပေလိမ့်မည်။ သို့သေ် တစ်မြို့တစ်ရွာသည်းတို့ မည်သည် အခြား သောမြို့တစ်ရွာ၌ ဆုံစည်းကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် သည်းခံဆက်ဆံတတ်သည်ဖြစ်၍ ညီညွတ် သောဘောသည် ဓမ္မတာအလျောက် ပေါ်ပေါက်ရမြဲဖြစ်လေသည်။ ကျွန်ုပ်တို့ မြန်မာများသည်လည်း ကုလားပြည်၊ အင်္ဂလိပ်ပြည်၊ ဂျန်ပန်ပြည် စသည်တို့၌ တွေ့ဆုံကြသည့်အခါ အလွန်ညီညွတ်ကြည်ဟု ကြားရဖူးသောကြောင့် မြန်မာ လူမျိုးတို့ရဲ့ မညီညွတ်သောသဘောသည် သွေးထဲတွင် ပါဝင်နေသည်ဟု မဆိုစကောင်းပေ။
ကောက်ကျစ်စဉ်းလဲခြင်း၊ မရိုးဖြောင့်ခြင်းစသော စွပ်စွဲချက်တို့မှာ အိန္ဒိယတိုင်းသားများနှင့် ရောနှောဆက်ဆံခြင်း အလွန်းနည်းပါးသော သူတို့၏စွပ်စွဲချက်လောက်သာဖြစ်ချေ၏။ လူမျိုးတကာနှင့် ဆက်ဆံဖူးသူတို့ကမူကား မြန် မာလူ မျိုးကို ထုတ်နုတ်ရွေးချယ်၍ ကောက်ကျစ်စဉ်းလဲသော လူမျိုးဟုထုတ်ဖော်စွပ်စွဲခြင်းပြုကြမည်မဟုတ်ချေ။ စင်စစ်သော် ကား လောက၌ ရိုးဖြောင့်သော လူမျိုးဟူ၍ ချီးမွန်းရန်လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍လည်းကောင်း လူ မျိုးသီးခြားရှိနိုင်မည်မဟုတ်ပေရာ လူတစ်မျိုးနှင်တစ်မျိုး ပိန်မသာ လိန်မသာ မျှာလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုး ဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်းဆိုသော အခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏အခြေအနေအပေါ်၌ တည်နေ တတ်သည်ဖြစ်ပေရာ လူဆင်းရဲဟူ၍ အလွန်နည်းပါးလှသော ပါရမီလူမျိုးများအနက်တွင် သူခိုးဓားပြဟူ၍ အလွန်နည်း ပါးခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ကြပေသည်။

● ထူးခြားသောမြန်မာ့ဂုဏ်
မြန်မာလူမျိုး၏ ညံ့ဖျင်းသည်ဟူ၍ စွပ်စွဲခြင်းခံရသော အခြင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ရာ ယခုအခါ၌ မြန်မာတို့၏ကောင်းမြတ်သော ဂုဏ်အခြင်းအရာများအကြောင်းကို ဖော်ထုတ်ရေးသားရပေဦးအံ့။ သင်ကြား၍ တတ် မြောက်လွယ်ခြင်းအရာဌာန၌ မြန်မာလူမျိုးသည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ ‘ပါး ရည်နပ်ရည်’ ရှိခြင်း၊ အတိုအတွာဘက်၌ ဉာဏ်သွားခြင်းစသော အရာဌာနမျိုးတွင်မူကား မြန်မာသည်ကမမ္ဘာတွင် အ လွန်ကျွမ်းကျင်လိမ္မာသော ဗိုလ်ကပြားကလေးများက အချို့နေရာတွင် မြန်မာဉာဏ်ကို (ညစ်ပတ်ခြင်းမဟုတ်) အသုံး ပြုခြင်းအားဖြင့် အင်္ဂလိပ်များကိုနိုင်ရသည်ဟု ၀န်ခံပြောဆိုသည်ကိုကြားရဖူး၏။ စင်စစ်မှာ အသေးအဖွဲနှင့် ပတ်သက် သည့်ဖြတ်ထိုးဉာဏ်ပေါ်သောအခြင်းအရာမျိုးမှာ ကမ္ဘာပေါ်တွင် မျိုးလိုက် ရိုးလိုက်ချီ၍ မြန်မာတစ်မျိုးတည်း၌သာ ရှိ သည်ဟူ၍ ကျွန်ုပ်တို့ဆိုချင်၏။ အလွန်းနည်းပါးနပ်သော အခြားလူမျိုးတစ်ယောက်တလေ၌ ၎င်းဉာဏ်မျိုးတွေ့ရတတ် သည်မှန်သော်လည်း လူမျိုးလိုက်ခြံ၍ အနည်းနှင့်အများရှိတတ် လူမျိုးလိုက်ခြုံ၍ အနည်းနှင့်အများရှိတတ်သည် ကား မြန်မာတစ်မျိုးတည်းသာရှိ၏။ အခြားလူမျိုးပါးလျှင် မြန်မာအိပ်နေသလောက်ရှိသသည်ဟု ဆိုချင်၏။ ဤကား မြန်မာ လူမျိုး၏ ထူးကဲသောအချက်ပေတည်း။ ဤအခြင်းအရာကို ၀န်မခံလိုသောမြန်မာလူမျိုးတစ်ယောက်ရှိခဲ့လျှင် ထိုသူ၌ ထိုအရည်အချင်းမျိုး ချို့ငဲ့သောကြောင့်သာ ဖြစ်ရမည်ဟု ကျွန်ုပ်တို့ဆိုလို၏။

● မြန်မာနှင့် ဒါနမှု
ထို့ပြင် ပေးကမ်းစွန့်ကြဲခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုး၌ ထူးကဲသောအချက်ကို မကြားသေးမီက ကျွန်ုပ်တို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင်အောင်ရှိတော့၏။ ရန် ကုန်မြို့ကို နိပ္ပန်လေယာဉ်ပျံများက ရှေးဦးစွာဗုံးများကြဲချစဉ် မြို့သူမြို့သားများသည် မီးသင်္ဘော၊ မီးရထား စသည် တို့ဖြင့် အမြို့မြို့အရွာရွာတို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ၏။ ထိုစဉ်အခါ အရပ်ရပ်သောဆိပ်ကမ်း၊ အရပ်ရပ်သော ဘူ တာရုံစသည်တို့မှ မြို့သူမြို့သားများသည် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တို့ဖြင့် ရန်ကုန်မြို့မှ ‘ဗုံးပြေး’ ဒုက္ခိတ များအား ပေးဝေလှူဒါန်းကြရာ လမ်းတစ်လျှောက်လုံး စား၍မကုန်နိုင်၊ သောက်၍မကုန်နိုင်အောင် ရှိနေတော့၏။ တတ် နိုင်သူများက ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်းစသည်တို့ဖြင့် အထုတ်လိုက် ရက် ရောစွာပေးဝေကြရာ မကြွယ်ဝသူအလှူရှင်များကလည်း သရေစာ၊ ဆေးလိပ်၊ ကွမ်းထုပ်၊ လက်ဖက်ထုပ် စသည်တို့ဖြင့် တတ်အားသမျှ ဝေငှပေးကမ်းကြ၏။ တစ်ခုသောဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက် သည် မိမိတို့၏အခင်းမှ လတ်လတ်ဆတ်ဆတ် နှုတ်ယူလာခဲ့ဟန်လက္ခဏာရှိသ့် ပဲစားဥတွဲများ ကို လက်နှစ်ဖက်တွင် မနိုင့်တနိုင်ဆွဲလျက် ကျွန်ုတို့အနီးသို့ ချဉ်းကပ်ကာ…
“လမ်းစားဖို့ ယူသွားစမ်းပါမောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ်တိုင် စိုက်တဲ့ ပဲစားဥက လေးကို စားစေချင်လွန်းလို့ နှုတ်ပြီးယူခဲ့ရ၊ စားကြစမ်းပါမောင်ရယ်” ဟုပြောကာ အတွဲလိုက် ထည့်ပေးလိုက်ကြလေရာ ကျွန်ုပ်မှာ အဘိုးကြီးလင်မယား၏ သဒ္ဓါကြည်ဖြူရှိသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာမိ၏။

ကျွန်ုပ်တို့၏မီးရထားတွဲပေါ်၌ တရုတ်၊ ကုလားစသည့် အခြားလူမျိုးများလည်ပါရှိလေရာ ကျွန်ုပ်က “ခင်ဗျားတို့ တိုင်း ပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူနဲ့ ရက်ရက်ရောရောပေးလား ကမ်းလား လုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့လား” ဟု မေးလိုက် သဖြင့် ၎င်းတို့က မမြင်ဖူး၊ မကြုံဖူးကြောင်းနှင့် ၀န်ခံထွက်ဆိုကြ၏။ ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်း ဟူသောအဖြစ်ကို အလွန်တရာဝမ်းမြောက် ဂုဏ်ရောက်လျက် “ဟောဒါမှ ဗမာကွ” ဟု ဟစ်အော်မကြွေးကြော်သော် လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသနေဟန် လက္ခဏာရှိရကား အနီးတွင် လိုက်ပါ လာကြသော တရုတ်နှင့်ကုလားခရီးသည်များက “တော်ပါပေတယ်ဗျာ။ ခင်ဗျားတို့ဗမာတွေ အာကြီးစိတ်ကောင်း တယ်။ အားကြီးကူညီတယ်” ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံသွားကြရ၏။

“ရွှေဗမာတို့လုပ်လိုက်မှဖြင့် ဒီလိုချည်းပဲ” ဟု ရှုတ်ချရွတ်ဆိုလေ့ရှိသော မြန်မာများအား ဤအချက်ကို အထပ်ထပ် နှလုံးသွင်းစေလို၏။

● မြန်မာကို မြန်မာရှုတ်ချထိုက်သလော
 မြန်မာလူမျိုး၌ ညံ့ဖျင်းသောအချက်များရှိခြင်း၊ ကောင်းမြတ်သောအချက်များရှိခြင်းကို အပထား၍ မြန်မာလူမျိုး အကြောင်းကို မြန်မာအချင်းချင်းက မြိန်ရေရှက်ရေ ကဲ့ရဲ့ရှုတ်ချထိုက်သလောဟု စဉ်းစားဆင်ခြင်စေလိုသေး၏။ ကျွန်ုပ်တို့သည် ‘အမိမြန်မာပြည်’ ဟူသောစကားကို တိုင်းရေးပြည်မှုနှင့်ပတ်သက်သော နေရာတိုင်းသုံးနှုန်းကြသော စကားမျှသာဖြစ်ပေရာ အမိမြန်မာပြည်ကို ချစ်ခင်ခြင်းဆိုသည်မှာ မိမိတို့၏မြန်မာပြည်နှင့် မြန်မာလူမျိုးကို ချစ်ခင်ခြင်း မျှသာဖြစ်၏။ သို့ဖြစ်ရကား မြန်မာအမျိုးသားသည်ပင်လျှင် မြန်မာတို့၏ မိခင်ဖြစ်ချေ၏။ မြန်မာအမျိုးသားတို့၏ အ ကြောင်းကို ရှုတ်ချပြောဆိုခြင်းသည် အမိမြန်မာပြည်အကြောင်းကို ရှုတ်ချပြောဆိုရာရောက်၏။ အကြင်သူတစ် ယောက်၏ မိခင်သည် အကျင့်စာရိတ္တ မကောင်းသဖြင့် လင်ငယ်နေငြားအံ့။ ထိုသူသည် မိခင်လင်ငယ်နေသောအဖြစ် ကို မြိန်ရေ ရှက်ရေနှင့် ထုတ်ဖော်ကြေညာခြင်းပြုချေမည်လော။ မိခင်မကောင်းသောအဖြစ်ကို လူသူလေးပါးတို့ရှေ့၌ အခါအခွင့်သင့်တိုင်းဖော်ထုတ်စွပ်စွဲခြင်းပြုချေမည်လော။ စင်စစ်သော်ကား မိမိလူမျိုး၏ မကောင်းသောအဖြစ်၊ ညံ့ဖျင်းသိမ်ငယ်သောအဖြစ်တို့ကို ဖော်ထုတ်ရှုတ်ချသော မြန်မာအမျိုးသားသည် မိမိ၏မွေးသမိခင်ကြောင်းကို ပရိသတ်ဗိုလ်ထုအလယ်တွင် ဖော်ထုတ်ရှုတ်ချသောသူနှင့် ခြားနားခြင်းမရှိချေ။ ဤအခြင်းအရာနှင့်နှိုင်းစာသော် ‘ကိုယ့်ပေါင်ကိုယ်လှန်ထောင်း’ ခြင်းတည်းဟူသော ဥပမာသည် အလွန်ပျော့နေသေး၏။ မွေးသမိခင်အကြောင်းကို မြိန်ဖွယ်ရှက်ဖွယ် အားရပါးရ ရှုတ်ချကဲ့ရဲ့ခြင်းကဲ့သို့ မိုက်မဲသောအပြုအမူသည် ရှိမည်မဟုတ်ချေ။

ထိုပြင် မြန်မာလူမျိုး၏ အကျင့်စာရိတ္တကို မြန်မာကိုယ်တိုင်က ကဲ့ရဲ့ရှုတ်ချခြင်းသည် အဘယ်မျှလောက် အကျိုးဆုတ်ယုတ်ပျက်ပြားသည်ဟု စဉ်းစားဆင်ခြင်မိကြဟန်မတူချေ။ မြန်မိာု မြန်မာက ကဲ့ရဲ့ရှုတ်ချခြင်းသည် ယခုအခါတွင် အလွန်ခေတ်စားလျက်ရှိရကား တစ်ဦးကစ၍ ပြောလိုက်လျှင် အနီးရှိလူများက ၀ိုင်းဝန်းထောက်ခံလိုက် ကြသည်သာ များနေတော့၏။ မြန်မာကို ကဲ့ရဲ့ရှုတ်ချပြောဆိုသံ ဆယ်ကြိမ်ကြားသည့်အနက်တွင် တစ်ကြိမ်တလေမှာ မျှ တစ်ဦးတစ်ယောက်သောသူက ခုခံချေပပြောဆိုခြင်းကိုမျှ မကြားဖူးချေ။ ကုလားနှင့်တရုတ်တို့ကို ကဲ့ရဲ့ရှုတ်ချသံ ဆယ်ကြိမ်ကြားရသည့်အခါ ၎င်းတို့ဘကမှ ခုခံပြောဆိုသူ မြန်မာတစ်ယောက်တလေမျှဖြစ်စေ ပေါ်ထွက်တတ်ပေရာ မြန်မာကို မြန်မာက ရှုတ်ချကဲ့ရဲ့ရာတါင်မှ ခုခံချေပလိုသူ မြန်မာတစ်ယောက်တလေမျှ ထွက်ပြူဖော်မရခြင်းမှာ ၀မ်း နည်းဖို့ကောင်းလှ၏။

● ကာကွယ်ရန်နည်းလမ်း
 သို့သော် ဤကိစ္စမှာ ၀မ်းနည်းနေရုံမျှမပြီး။ မြနမာ၏အကျိုးကို ထိခိုက်လျက်ရှိသောကြောင့် ခုခံကာကွယ်ရန် နည်းလမ်းရှာကြံကြရပေမည်။ ထိခိုက်ပုံကား မြန်မာကို မြန်မာက အထင်အမြင်သေးသိမ်နေခဲ့လျှင် မြန်မာအချင်းချင်း ဖက်စပ်လုပ်ကိုင်ကြရမည့် လုပ်ငန်ကြီးများ၊ အစုစပ်ကုမ္ပဏီအလုပ်ကြီးများ စသည်တို့ကို မြန်မာများသည် ဘယ်သော အခါတွင် စတင်လုပ်ကိုင်နိုင်ရန်ရှိအံ့နည်း။ မည်သူမဆို အလုပ်ကြီးတစ်ခုကို လုပ်ကိုင်သည့်အခါ ငါသည် ဤအလုပ်ကို ထမြောက်အောင် စွမ်းဆောင်နိုင်သော အရည်အချင်းရှိသည်ဟု ယုံကြည်စိတ်ချနိုင်သော စိတ်သဘောမျိုးရှိထားဖို့ အ ရေးကြီးကြောင်းကို လူတိုင်းပင်နားလည်ရကြမည်ဖြစ်၏။ လူမျိုးကိုမီ၍ လုပ်ကိုင်ရသော အလုပ်မျိုးတွင်လည်းကောင်း၊ ၎င်းစိတ်သဘောမျိုးရှိဖို့ အလားတူအရေးကြီး၏။ စင်စစ်မှာ သာလွန်၍ပင်အရေးကြီး၏။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ် ချနိုင်သော စိတ်သဘောမျိုး မဖြစ်ပေါ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့မြန်မာလူမျိုးသည် မည်ကဲ့သို့သော အုပ်ချုပ် ရေးစနစ်မျိုးကိုရရှိသည်ဖြစ်စေ အလုပ်ကြီးအကိုင်ကြီးများ ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်မည်မဟုတ်ချေ။ အလုပ်ကြီး အကိုင်ကြီးများကိုဖြစ်အောင် မစွမ်းဆောင်နိုင်သေးသမျှကာလပတ်လုံး စီးပွားရေးဘက်တွင် ချို့ငဲ့၍ လူမျိုးကွဲများ အောက်မှာ အစဉ်မမြဲကြရမည် ဧကန်မလွှဲပေတည်း။

ယခုအခါ နိပ္ပန်ကို ရောက်လာခဲ့ကြသည့် ထိုက်တန်သော အုပ်ချုပ်ရေးမျိုး ပေးအပ်တော့မည်ဆိုရာ ကျွန်ုပ်တို့မြန်မာလူမျိုးများအဖို့ အလုပ်ကြီးအကိုင်ကြီးများ စတင်တည်ထောင်ရန် အခွင့်အလမ်းများသည် အတိုင်းမသိ အောင်ပေါ်ပေါက်ပေတော့မည်။ ထိုအခါတွင် မြန်မာကို မြန်မာက အထင်အမြင်သေးခဲ့လျှင် အလုပ်လုပ်ရန်ပင် ဖြစ်နိုင်မည်မဟုတ်သောကြောင့် မိမိလူမျိုးကို မိမိအထင်သေးအမြင်သေးသော စိတ်သဘောထားမျိုးကို ယခုမှစ၍ ပယ်ဖျောက်ရန် ကြိုးစားကြရပေလိမ့်မည်။ ကျွန်ုပ်တို့ ဆိုလိုရင်ကား မေးသမိခင်၏ မကောင်းသောအချက်တစ်ခုကို သိထားသောသားသည် ထိုအချက်ကို ပယ်ဖျောက်ရန် ခဲယဉ်းမည်မှန်သော်လည်း မိမိကိုယ်တိုင် ထိုအကြောင်းကို ထုတ်ဖော်ကြေညာခြင်းမှ ရှောင်းကြဉ်ခြင်း၊ သူတစ်ပါးတို့ပြောကြသည်ကို နှိပ်ကွပ်ဖုံးအုပ်ခြင်းစသည်ဖြင့် အရုပ်ဆိုး သည်ထက် မဆိုးရလေအောင် ကာကွယ်စောင့်ရှောက်နိုင်သော နည်းလမ်းရှိသေး၏။

မြန်မာတို့ ညံ့ဖျင်းသည်ဆိုသောအချက်များမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်းမဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ်ကောင်းမြတ်သော အချက်များသည် ဒုနှင့်ဒေးရှိနေသေးသည်ဖြစ်ပေရကား ကျွန်ုပ်တို့သည် မိခင်၏အရှက်ကို ကာကွယ်သည့်အလားကဲ့သို့ ကျွန်ုပ်တို့လူမျိုးကိ ကျွန်ုပ်တို့ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။ ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို သူတစ်ပါးတို့ဆိုသည်ကို ကြားရသောအခါ အကျိုးအကြာင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။ ဤစာကို ဖတ်ရှုရသော မိတ်ဆွေအပေါင်းတို့သည် အထက်ဖော်ပြာပါ အခြင်းအရာများကို ကျေနပ်နှစ်ခြိုက်သဖြင့် အထက်ပါနည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ပါတော့မည်ဟု သန္နိဌာန်ချထားကြပါမူ ကျွန်ုပ်တို့ရေးသားသတိပေးရကျိုးနပ်သည်ဟု သဘောထား၍ လူမျိုးကို အညွန့်တုံးအောင် ပြုလုပ်ရာရောက်သည့် အလေ့အကျင့်ဆိုးကြီးတစ်ခုသည်လည်း ကွယ်ပျောက်ရန် အခြေခံသွားပြီဟူ၍ ယုံကြည်မျှော်လင့်မိပေတော့သတည်း။
 

စာရေးဆရာ၊ (၁၃၀၅)

Credit : Moe Ma Ka


ကျနော်တို့မြန်မာပြည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို အကြောင်းပြဖို့ကြိုးစားရင်း စစ်အစိုးရ အဆက်ဆက်ရဲ့  ဦးနှောက် ရိုက်စားမှုကြောင့် ဖက်ဒရယ် စံနစ်ဆိုလိုက်တာနဲ့ အားလုံး လိုလိုက လက်တွန့်
ကုန်တယ်။

ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲတော့မယ့် သယောင်ယောင် ထင်ယောင်ထင်မှား ဖြစ်လာကြတယ်။ ဒါကြောင့် မြန်မာတွေဟာ ဖက်ဒရယ်စံနစ်နဲ့ ပတ်သက်လာရင် လေ့လာမှုနည်းတယ်လို့ မြင်မိတယ်။ ဖက်ဒရယ်စံနစ် ဆိုလိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ပိုင်နက်၊ ငါတို့နဲ့ မဆိုင်သလို (ရှောင်) နေကြတယ်။

ငြိမ်းချမ်းမှုမရှိဘဲနဲ့ တိုင်းပြည် ပြန်လည်မထူထောင်နိုင်။ တိကျခိုင်မာ မျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရှိမှ မြန်မာပြည် တွင်း နေထိုင်ကြတဲ့ လူမျိုးစုအားလုံး မိမိတို့နယ်မြေ၊ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ပြတ်ပြတ်သားသား တိတိကျကျ သိရှိကြမှာပါ။

တိုင်းရင်းသားတွေအပေါ် တရားမျှတမှုရှိဖို့ အဖြေရှာတဲ့ နေရာမှာ ဖက်ဒရယ် စံနစ်ဟာ အဖြေတခု ဖြစ်နိုင်စရာ
ရှိပါတယ်။ သို့သော် ဖက်ဒရယ် စနစ်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သတိရှိရန်လည်း လိုပါတယ်။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က ဖက်ဒရယ်စနစ်ကို နက်နက်ကြည့်ပြီး  ဖက်ဒရယ်စံနစ်မှာ ရင်ဆိုင်ရမယ့် စိမ်ခေါ်မှုများ (challenges)ကို တွေးတောနိုင်ကြဖို့ ဖြစ်ပါတယ်။

အချက်ကျကျ ဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားသင့်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဖြစ်တဲ့အတွက် (ဥပဒေ)
ရေးရာတွေ ပါဝင်လာသလို၊ နိုင်ငံရေးမူ (principles)နဲ့ အတွေး အခေါ်တွေ ပါဝင်လာတာမို့ အချိန်ယူ လေ့လာသင့် တယ်လို့ ယူဆမိလို့ပါ။

အမေရိကန်ဥပမာ

စာရေးသူ၏အမြင်ကိုပြောရလျှင် နိုင်ငံအများမှာ မျှတခိုင်မာတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ရေးဆွဲခဲ့သူများသည်၎င်း၊ ခိုင်မာသည်ထက် ခိုင်မာအောင် ပြင်ဆင်နိုင်ခဲ့သူများမှာ၊ တိုင်းပြည်ကို ကိုယ်စား ပြုနိုင်တဲ့ လူတော် နိုင်ငံရေးသမား များ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားစစ်လျှင် တိုင်းပြည် ကောင်းကျိုးကို ရှေ့ရှုနိုင်မှုကြောင့်လို့ ခံယူမိပါတယ်။

ဥပမာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ဟုဆိုလိုက်လျှင် အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် (စံ)အဖြစ် အများကသတ် မှတ်ကြရပါတယ်။ အမေရိကန် နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်မြောက်ရေးတွင် အဓိက ပါဝင်ဦးဆောင်သွားသူတဦးမှာ အမေရိကန် လွပ်လပ်ရေးတိုက်ပွဲတွင် ဗိုလ်ချုပ်ဂျော့ ဝါရှင်တန်၏ စစ်ဘက် လက်ထောက် ကိုယ်ရေး အရာရှိအဖြစ် ဆောင်ရွက်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း အက်လက်ဆန်ဒါးဟယ်မတင်
Alexander Hamilton ဆိုသူဖြစ်သည်။

အမေရိကန် နိုင်ငံရေးသမားများကို ဖက်ဒရယ်စံနစ် ဘာကြောင့်လိုကြောင်း သဘောပေါက် လက်ခံလာရန် ဖက်ဒရယ်လစ် စာတမ်း (၈၅) စောင်ကို ဂျိန်းမဒ္ဒာဆင် (James Madison ) နှင့် ဂျွန်ဂျေး (John Jay) တို့နှင့်အတူ ရေးပြပြီး ပြည်နယ်တွေ လက်ခံလာအောင် တိုက်တွန်း နိုင်ခဲ့လို့  အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ
ဥပဒေကို အတည်ပြု နိုင်ခဲ့ကြတာဖြစ်သည်။

စာတမ်း (၈၅) စောင်တွင် အများစုကို ရေးသွား သူမှာ အက်လက် ဆန်ဒါး ဟယ်မတင် ဖြစ်ပါတယ်။ နိုင်ငံခြားရေးနဲ့ ပတ်သက်လာလျှင် ဂျွန်ဂျေးရဲ့ စာတမ်း နံပတ် (၃) ကို ခုထိ မှီငြမ်း ကြရသလို၊ ဒီမိုကရေစီနှင့် ပတ်သက်လာလျှင် ဂျိန်းမဒ္ဒာဆင်၏ စာတမ်း နံပတ် (၅၁) သည် အလွန် တန်ဖိုးရှိပါတယ်။ လူ့အခွင့်အရေးများကို ကာကွယ်ဖို့နဲ့ ဗဟို
အစိုးရ (ဝါ) ဖက်ဒရယ် အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြင်ဆင် သတ်မှတ်ထားတဲ့ ပထမပြင်ဆင်ချက် ဆယ်ခု စုပေါင်း ပြီး Bills of Rights လို့ခေါ်ကြပါတယ်။

ဒီပြင်ဆင်ချက်တွေကို ပထမ ကွန်ကရက်သို့ ရေးဆွဲတင်သွင်း သူမှာ ဂျိန်းမဒ္ဒာဆင် ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို တချို့က အမေရိကန်ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၏ ဖခင်ဟု သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဂျိန်းမဒ္ဒာဆင်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတ ဖြစ်လာပါတယ်။

ဂျွန်ဂျေးဟာ အမေရိကန်လွပ်လပ်ရေးဖခင် တော်လှန်ရေးသမား တဦးအပြင် အမေရိကန် ပြည်ထောင်စုရဲ့ ပထမဦးဆုံးသော တရားသူကြီးချုပ် ဖြစ်လာပါတယ်။ အက်လက်ဆန်ဒါး ဟယ်မတင် ဟာ အမေရိကားမှာ
မွေးဖွားသူ မဟုတ်တဲ့ အတွက် သမ္မတ ဖြစ်ခွင့် မရှိပါ။

သို့သော် သူသည် ပထမဦးဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်ရုံမက နိုင်ငံတော်ဘဏ်ကို စတင် တည်ထောင်ခဲ့သူလည်း
 ဖြစ်ပါတယ်။ သမ္မတ ဂျော့ဝါရှင်တန်၏ အစိုးရအဖွဲ့မှာ အာဏာအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ခေတ်က အာဏာအကြီးဆုံးပါတီ ဖက်ဒရယ်လစ် ပါတီ (Federalist Party) ရဲ့ ခေါင်းဆောင်လည်း
ဖြစ်ပါတယ်။ ထိုစဉ် အခါက ဒီပါတီရဲ့အဓိက ပြိုင်ဖက် ပါတီမှာ ဒီမိုကရက်တစ်-ရီပတ်ဖလင်ကင်ပါတီဖြစ်ပြီး ဂျိန်း မဒ္ဒာဆင် နဲ့ သောမတ်ဂျက်ဖါဆင် တို့က ဦးဆောင်ကြပါတယ်။

သောမတ်ဂျက်ဖါဆင်သည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပြု အစည်းအဝေးပြုလုပ်စဉ်က ပြင်သစ်တွင် သံအမတ်အဖြစ်
တာဝန် ထမ်းဆောင်လျက် ရှိပေမယ့် သူ့မိတ်ဆွေ ဂျိန်းမဒ္ဒာဆင်က ဖြစ်စဉ် အလုံးစုံကို စာရေး အကြောင်းကြားလျက် ရှိပါတယ်။

ယနေ့ခေတ်မှာ အလွန်အရေးပါတဲ့ အုပ်ချုပ်ရေးနဲ့ ဘာသာရေးခွဲခြားရမည် (Separation of Church and State) ဟူသော (အသိ) ၊ (အဆို) ဟာ ပင်မဥပဒေမှာ မပါ ၊ သောမတ်ဂျက်ဖါဆင်၏ ဆွေးနွေးချက် များကို ကိုးကားကာ (စံ) အဖြစ် မှတ်ယူထားကြခြင်းပါတယ်။ ယနေ့ ခေတ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းအခုန်ဖြစ်ကြတိုင်း ဖက်ဒရယ်လစ် စာတမ်း (၈၅) ခု ကို ရည်ညွန်း ကြရပါတယ်။

ဥပမာ သမ္မတဘုရ် ၏ အီရတ်စစ်ပွဲ ကြီးကြပ်မှု အပေါ် အငြင်းအခုန်ဖြစ်ကြစဉ်က သမ္မတ ရာထူးနဲ့ အတူ တွဲဖက် ပါဝင်လာတဲ့ အာဏာ (Embedded Power of the Presidency) ဆိုတာကိုကိုင်ဆွဲပြီး ငြင်းဆိုခုခံခဲ့ကြပါတယ်။ ဖက်ဒရယ်လစ် စာတမ်းကို တိုင်တွယ်ပြီး ငြင်းဆို ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနဲ့ ပတ်သက်လာရင် ဖက်ဒရယ်လစ် စာတမ်းဟာ တိုင်တည်ကိုးကားစရာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဖက်ဒရယ်လစ် လူ့ဘောင်အဖွဲ့အစည်း (Federalist Society for Law and Public Policy Studies)ဟာ ၁၉၈၂ ခု နှစ်က ရေးလ် ၊ဟားဗတ် နှင့် ရှီကာကို တက္ကသိုလ်တွေက ဥပဒေ ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ကြရာက ယနေ့ဆိုလျှင် တရားသူကြီးချုပ် အဖွဲ့အဝင်တွေအပြင် နာမည်ကျော် တရားသူကြီးများနဲ့ ဥပဒေပညာရှင်များပါဝင်တဲ့ အဖွဲ့အစည်းကြီးဖြစ်နေပါပြီ။

လွပ်လပ်ရေး ခေါင်းဆောင်တွေရဲ့အတွေး၊ မူ (Principles) ၊ (အနှစ်)(Essence) တို့မှာအနှစ် ၂ဝဝ ကျော် သည့်တိုင် တန်ဖိုးရှိနေသေးကြောင်း သာဓကပင်ဖြစ်ပါတယ်။ အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကို ဦးဆောင် ရေးဆွဲသွား သူများမှာ လွပ်လပ်ရေးဖခင် နိုင်ငံရေးသမားများသာမက ဥပဒေပညာရှင်များ လည်းဖြစ်ကြပါတယ်။

စာဖတ်သူလူငယ်များကို သတိပြု စေလိုသည်မှာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ပုံသဏ္ဍန် (Form & Format) ဆိုတာနှင့် အနှစ်သာရ (Essence) တို့ကို ခွဲမြင်စေချင်ပါတယ်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွင် အာဏာကို တနေရာတည်းမှာ စုပုံမထားဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ တရားရေးဟူ၍ (ခွဲခြား) ထားပြီး တဘက်နှင့် တဘက် ထိန်းထားခြင်းကို အာဏာခွဲဝေမှု (Separation of Power) ဟု အမည်တပ်ကြပါတယ်။

နံမည်ကြီးသလောက် တန်ဖိုးရှိသော တခြား (မူ) တခုမှာ (လွပ်လပ်စွာ ပြောဆိုခွင့်) Freedom of Speech ဖြစ်ပါ
တယ်။ ဒီ (မူ) (Principles) ဆိုတာတွေဟာလည်း အမေရိကန် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေရဲ့ (အနှစ်သာရများ) ဖြစ်၍ တန်ဖိုးအရှိဆုံးဖြစ်ခြင်းကြောင့် အလေးပေး သတိပြုလေ့လာစေချင်ပါတယ်။

အမေရိကန်တို့ဆီမှ (မူ)  နဲ့ (အနှစ်)  တို့ကို ရယူနိုင်အောင် ကြိုးစားစေချင်တယ်။ ဖြစ်နိုင်လျှင် ဖက်ဒရယ်လစ် စာတန်းကို ဖတ်စေချင်ပါတယ်။ အင်တာနက်ပေါ်မှာ (အွန်လိုင်း) ဖတ်နိုင်ပါတယ်။

တရုတ်ဥပမာ

တရုတ်နိုင်ငံဟာ ကွန်မြူနစ်အမည်ခံ တပါတီ အာဏာရင်စံနစ် ဖြစ်တဲ့အတွက် ဘာဥပမာ ယူစရာ ရှိသလဲလို့ အပေါ်ယံကြော မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ သို့သော် အတွင်းကျကျ လေ့လာလျှင် တိန်ရှောက်ဖိန် ပြင်ဆင်ခဲ့
တဲ့ တရုတ်ပြည်ရဲ့ ပါတီ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတုယူစရာတွေ နေရှိပါတယ်။ တရုတ်ပြည် နိုင်ငံရေးမှာ ပါတီသည်သာ ပဓာဏ မဟုတ်ပေဘူးလား။

စာရေးသူရဲ့အမြင်ကို ပြောရပါလျှင် တိန်ရှောက်ဖိန်နဲ့ ချောင်အင်လိုင်းတို့ဟာ (၂ဝ) ရာစုနှစ်အတွင်း ထွန်းပေါက်လာ
တဲ့ အတော်ဆုံး ဉာဏ်အထက်မြက်ဆုံး နိုင်ငံရေးသမားများလို့ သတ်မှတ်နိုင်ပါတယ်။

တိန်ရှောက်ဖိန်ကို တရုတ်ပြည်ကြီးရဲ့ စီးပွားရေး တိုးတက်အောင် ပြောင်းလဲပေးခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်အဖြစ်
သာ ထင်လွယ်မြင်လွယ် မြင်မိကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးမတည်ငြိမ်ဘဲ ဘယ်နိုင်ငံမှ စီးပွားရေး ရေရှည် တိုးတက်ကြီးပွားအောင် မကြံဆောင်နိုင်ပါဘူး။

ဒါ့ကြောင့် နိုင်ငံရေး တည်ငြိမ်အောင် ဖေါ်ဆောင်ပေးသွားတဲ့ တိန်ရှောက်ဖိန်ရဲ့ ဦးဆောင်မှုဟာ စီးပွားရေးနည်းတူ တရုတ်တွေအတွက် လွန်စွာတန်ဖိုးကြီးပါတယ်။ ဒါ့ကြောင့် တရုတ်ပြည်စနစ်ကိုလည်း လေ့လာရုံမက အတုယူစရာ
တွေကို မြန်မာပြည်အတွက် ထည့်သွင်း စဉ်းစားသင့်ပါတယ်။

မော်စီတုံးက အာဏာအကြောင်း ကောင်းကောင်း နားလည်တဲ့ အာဏာရှင်စစ်စစ် ဖြစ်ပါတယ်။ အာဏာရှင်တိုင်း
ဖြတ်သန်းရတဲ့ အဆင့်(၂) ဆင့်ရှိပါတယ်။ အာဏာတည်ဆောက်ခြင်းနဲ့ အာဏာ ထိန်းသိမ်းခြင်း တို့ဖြစ်ကြပါတယ်။ အာဏာတည်ဆောက်တဲ့ ကာလမှာ၊  အတွင်းအပြင် ရန်သူနဲ့ ရန်သူလို့ ထင်ရသူတွေကို ဖယ်ရှား သုတ်သင်ရတဲ့ အတွက် တိုင်းပြည်တည်ဆောက်ရေးကို အများအားဖြင့် ဂရုမပြုနိုင်ကြပါဘူး။

အာဏာ တည်ဆောက်ပြီးသကာလ အာဏာ ထိန်းသိမ်းရေးကို ဦးစားပေးရပြန်ပါတယ်။ ဒါ့ကြောင့် အာဏာတည် မြဲသော အာဏာရှင်များသည် တိုင်းပြည် အုပ်ချုပ်ရေးထက် မိမိအာဏာ ထိန်းသိမ်းရေးကို အရေးပေးကြရပါတယ်။
မော် ကိုကြည့်လျှင် မော်သည် ဥက္ကဋ္ဌ ရာထူးကိုသာ ကိုင်ထားပါတယ်။ အုပ်ချုပ်ရေး (အစိုးရ)ကို ချောင်အင်လိုင်းနှင့်
သာ လွှဲထားပါတယ်။

ဒါပေမယ့် ပေါ်လစ်ဗြူရိုကအစ ဘယ်သူ ဘယ်နေရာခန့်ဆိုတဲ့ အာဏာကို မော်ကကိုင်ထားပြီး ထိပ်က ဘယ်သူ ဘာလုပ်နေတယ် ဆိုတာကို အချိန်ပြည့် ထိုင်ကြည့်နေရပါတယ်။ 

ဒီလောက် သတိရှိတာတောင် ခုန်ပြန် ကျော်လွှား အစီအစဉ် ခွက်ခွက်လန်အောင် ကျဆုံးပြီးနောက် မော် အပြစ်တင်
ခံရပါတယ်။ ပါတီနဲ့တိုင်းပြည်ကို လူရှောက်ချီနှင့် တိန်ရှောက်ဖိန်တို့က ပြန်လည် ကယ်တင်ခဲ့ကြရပါတယ်။

နှစ်ဦးစလုံးမှာ လူတော်များဖြစ်ပါတယ်။ လူရှောက်ချီက အုပ်ချုပ်ရေးမှာသာ တော်သည်မဟုတ် သဘောတရားရေးရာ တွင်လည်း အလွန်တော်ပါတယ်။ သမ္မတဖြစ်လာ ပြီးနောက် မော်ရဲ့ အရိုက်အရာကို ခံမည့်သူအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

သို့သော် လူ နှင့်တိန်တို့ (၂) ဦးသည် အာဏာရှင်အောက်တွင် ရှင်သန်နိုင်ရန် အရေးအကြီးဆုံးသော (လိုက်နာမှု) (Cardinal Rule) ကို သတိလက်လွတ်ခဲ့ကြတယ်။ အဲဒါကတော့ ဘယ်သောအခါမှ အာဏာရှင်ကို မကျော်ရ။ လူ
နှင့် တိန်တို့က မော်ကို အသိမပေးဘဲ အမိန့်တွေ ထုတ်လာကြပါတယ်။

မော် က ငါသေသွားသည့် အလား  ဒီ(၂) ယောက် လုပ်နေကြတယ်လို့ သတိပေးသည့်တိုင် သတိ မရှိခဲ့ကြပါဘူး။ ပါတီဗြူရိုကရက်များမှာ လူ နှင့် တိန် တို့ရဲ့ လူတွေ။ နောက်ဆုံး မော် က အတွေ့အကြုံနုနယ်တဲ့ လူငယ် ကျောင်းသား များကို အားယူပြီး ယဉ်ကျေးမှုတော်လှန်ရေးလို့ အမည်တပ်ကာ အာဏာပြန်သိမ်းခဲ့ရပါတယ်။ အမှန်က ကိုယ့်တပ်ကို ကိုယ်ပြန်နင်းခိုင်းခြင်းပင် ဖြစ်တယ်။ အန္တရယ် အလွန်ကြီးပါတယ်။ တိုင်းပြည် အလွန်နစ်နာခဲ့ပါတယ်။ လူသန်းနှင့် ချီ၍ သေကြေ ကြရတယ်။

သို့သော်  မော်စီတုံးသည် ပြိုင်ဘက် လူရှောက်ချီကိုသာ အသေနှိပ်ကွပ်ခဲ့သည်၊ တိန် ကိုအသေမသတ်။ အစိုးရကို ဦးစီးရန် တိန် ကို အသာလေးချောင်ထိုးထား ၊ (ချန်)  ထားခဲ့ပါတယ်။ ချောင်အင်လိုင်းရဲ့ ထောက်ခံ အားပေးမှုနဲ့
ပြန်ခေါင်းထောင်လာသော တိန်ရှောက်ပိန်ဟာ မော် သေသွားပြီး စစ်တပ်ရဲ့ ထောက်ခံ အားပေးမှုနဲ့ အာဏာပြန်ရ လာပါတယ်။

ဒီအခါမှာ အာဏာရှင် တဦးတည်းကို အာဏာ ပုံအပ်ထားတဲ့ အန္တရယ်ကို လက်တွေ့ ခံစားခဲ့ရတဲ့ အတွက် အာဏာကို တဦးတယောက် လက်ထဲ ထားမည့်အစား (စုပေါင်း ခေါင်းဆောင်မှု) ပုံသဏ္ဍန်ကို ပုံသွင်းခဲ့ပါတယ်။

ဒါ့အပြင် အရေးအကြီးဆုံးအချက်က တအုပ်စုမှ တအုပ်စုသို့ အာဏာလွှဲ ပြောင်းခြင်းကို ပါတီ ဖွဲ့စည်းပုံ ဥပဒေမှာ ထည့်ပြီး (စံနစ်) အဖြစ် ပုံလောင်းခဲ့ခြင်းပါ။ ဒါကို အင်္ဂလိပ် လို  Institutionalized လုပ်တယ်လို့ ခေါ်ကြပါတယ်။

ဒါ့ကြောင့် သုံးဆက်မြောက် (3rd generation)၊ လေးဆက်မြောက် (4th generation) ခေါင်းဆောင်များ ဆိုပြီး
ပေါ်ထွက်ခဲ့ပါတယ်။ လာမယ့်နှစ် ၊ ၂ဝ၁၂ တွင် ငါးဆက်မြောက် (5th generation) ခေါင်းဆောင်များ နေရာ ယူကြတော့မယ်။

စံနစ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်က သမ္မတ၊ ပါတီဥက္ကဋ္ဌ၊ စစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူး သုံးခု စလုံးကို ရယူပြီး ဝန်ကြီးချုပ်နှင့် တွဲကာ တာဝန်ယူရပါတယ်။ အာဏာလွှဲပြောင်း ပေးတဲ့အခါလည်း ထိပ်ဆုံး (၂)ဦးသာ မဟုတ် ထိပ်ပိုင်း ခေါင်းဆောင်
နေရာ ယူထားသူများ အုပ်စုလိုက် နေရာဖယ် ပေးကြရပါတယ်။

ဤသို့ စံနစ်တကျ စုပေါင်းခေါင်းဆောင်မှု နေရာဖယ်ပေးခြင်းရဲ့ အဓိက အကျိုးမှာ စီးပွာရေးနဲ့ ပါတီရဲ့ အောင်မြင်မှု များကို အနှောက်အယှက် မရှိဘဲ (ဆက်လက်) ဆောင်ရွက်နိုင်ခြင်း (continuity) ပင်ဖြစ် ပါတယ်။ တဦးတည်း အာဏာရှင်ဖြစ်ရန် အာဏာတိုက်ပွဲများမလို၊ အာဏာတည်ဆောက်မှုအတွက် အချိန်ဖြုန်းစရာမလို၊ အများ သဘောတူထားသော ပေါ်လစီများလည်း ဦးဆောင်သူအပေါ်မူတည်ပြီး မှောက်ချီလှန်ချီ ပြောင်းစရာမလို တပြေးညီ တိုးတက်ခွင့် ရရှိ နိုင်ပါတယ်။

တိန်ရှောက်ဖိန်၏ သစ္စာရှိမှုဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်သူတွေ အပေါ်ဖြစ်ပါတယ်။  မာက်စ်ဝါဒ အပေါ် မဟုတ်။ ဒါ့ကြောင့် လက်တွေ့ အကောင်အထည် မဖေါ်နိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို စွန့်လွှတ်တာ မကောင်းလှသော်လည်း လက်တွေ့ကျတဲ့ အရင်းရှင် ဈေးကွက် စီးပွာရေးစနစ်ကို ကူးပြောင်းကာ တရုတ်ပြည်သူ
သန်း ၃ဝဝ ကျော်ကျော်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ပါတယ်။

ပြည်သူ အားလုံး မဟုတ်သည့်တိုင်အောင် အများက ကွန်မြူနစ်အောက်မှာလို ဆင်းဆင်းရဲရဲ မနေရလျှင် ပြည်သူတွေ လည်း မဆူပူတော့။ တိန်တို့ တည်ထောင်ခဲ့သော ကွန်မြူနစ် ပါတီလည်း တည်မြဲ နေပေမည်။ ထို့အပြင် လာမည့် ၁၅ နှစ်၊ အနှစ် ၂ဝ ကာလ တွင် တရုတ်ပြည်ကြီးသည် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ ဖြစ်လာလျှင် တရုတ်တွေ ဂုဏ်ယူ
ကာ ပိုတိုးတက် ညီညွတ် လာစရာရှိပါတယ်။

တိန်ရှောက်ဖိန်ထားခဲ့တဲ့ စံနစ်မှာ အပြင်လူတွေ အသိနည်းတဲ့ စနစ်တခုက သက်တန်း(၂) ကြိမ်ပြီး၍ ရာထူး ဖယ်ပေး ရသော လူကြီးများဟာ အနားယူစရာမလိုပါ။ ပါတီ၏ထိပ် ဆုံးမှာ (ပါတီ)ကို စောင့်ရှောက်နေသော ပဲ့ကိုင် ဗြဟ္မာကြီး
များ (Elders)အဖြစ် ဆက်လက် ရပ်တည်နေပါသေးတယ်။

ဥပမာ တိန်ရှောက်ဖိန်လက်ထက်က ချောင်အင်လိုင်းရဲ့ မိန်းမ အပါအဝင်၊ သမ္မတဟောင်း လီ့ရှင်နင်း (Li Xiannian) တို့ပါဝင်သော (လူကြီး) (၆) ယောက် က ပါတီကို ပဲ့ကိုင် ပေးးသွားကြပါတယ်။ ရန်စီမင်းကို တိန်ရှောက်ဖိန်က အဆိုပြုတဲ့အခါ ဤလူကြီး (၆) ယောက်ကပဲ သဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ တဖန် တိန်ရှောက်ဖိန်ဆီမှ ကျန်ဇီမင်းကို တင်ခဲ့သူမှာ လီ့ရှင်နင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပါတီ အစည်းဝေးပွဲမှာ (၅)ဆက်မြောက်  ခေါင်းဆောင်တွေကို အပြီးသတ် ရွေးချယ်ရာ လက်ရှိခေါင်းဆောင် ဟူကျင်တောင်ရဲ့ လူ အရွေးချယ်မခံရ။ ဟူကျင်တောင်ရဲ့ (အား) ဖြစ်တဲ့ ကွန်မြူနစ် လူငယ်အုပ်စုနဲ့ အပြိုင်ဖြစ်တဲ့ Princelings  ဟုခေါ်သော (လူကြီးများ၏ သား သမီး)များ အုပ်စုက စီကျင်းပင် Xi Jinping အရွေးခံရပါတယ်။

စီကျင်းပင်၏ဖခင်မှာ မော်တို့ခေတ် တော်လှန်ရေးသမားကြီး ဖြစ်ပြီး ဒုဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူပါ။ ဒီလို ဟူကျင်တောင်ရဲ့ လူ အရွေးမခံရခြင်းမှာ ဟူ နဲ့ မတည့်တဲ့ ကျန်ဇီမင်း၊ (လူကြီး) အဖွဲ့တွင်ရှိနေလို့ဟု အကဲခတ်သူများ
က ယူဆကြပါတယ်။ ကျန်ဇီမင်း တယောက်တည်း မဟုတ် သူနဲ့ ခေတ်ပြိုင် အုပ်ချုပ်သူများလည်း လူကြီး အဖွဲ့တွင် ရှိနေရာ သူတို့မှာ ငြင်းပိုင်ခွင့် ရှိပါတယ်။

နောက် (၁ဝ) နှစ် တွင် (၆) ဆက်မြောက် ပါတီ ခေါင်းဆောင်ကို ရွေးချိန်ရောက်လျှင် ကျန်ဇီမင်းတို့လူစု ရှိကြတော့
မည်မဟုတ်။ ဟူ တို့အုပ်စုက ရွေးခွင့်ရကြမည်။ ဒါ့ကြောင့် လက်ရှိပါတီ ခေါင်းဆောင်က မျိုးဆက် တဆင့်ကျော်ကို
ရွေးခွင့်ရကြမည့် စံနစ်ဖြစ်ပေါ်လာရပါတယ်။ (မှတ်ချက်။ ကျန်ဇီမင်း သာမက ဟူဂျင်တောင်ကိုလည်း တိန်ရှောက်ဖိန် ကပင် ရွေးခဲ့ခြင်း ဖြစ်သည်။)

ဒီနေရာမှာ မီးမောင်းထိုးပြချင်တာ တခုရှိပါတယ်။ အာဏာရှင်များ သာမက ခေါင်းဆောင်တိုင်းဟာ မိမိအုပ်ချုပ်မှု
ကာလ ပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့မည့် (သမိုင်းနှင့် အမွေ) (Legacy) အတွက် စိတ်ပူကြရသည်။ တိန်ရှောက်ဖိန် တည်ထွင်ခဲ့တဲ့ စနစ် မှာ (လူတဦး) ရဲ့ အမွေထက် (ပါတီ) ရဲ့ အမွေ ကို (ရောင်ပြန်ဟပ်) စေခြင်း ဖြစ်တယ်။ (တိန်) ချခဲ့သော (ပေါ်လစီ)များ ဆက်လက် ရှင်သန်စေဖို့ အစီအမံများဖြစ်ပါတယ်။ ဒါ့ကြောင့်ကြည့်တတ်၊ မြင်တတ် သူများအဖို့ တိန်ရှောက်ဖိန်သည် လွန်စွာ ဉဏ်ပညာကြီးမား အလွန်အမြှော်အမြင်ကြီးသော ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဘက်မှာ ပြောင်မြောက်ရုံမက စီးပွားရေးဘက်တွင်လည်း ကိုင်တွယ်သွား ပုံများမှာ လွန်စွာ ပညာပါ လှသည်။ ဒါ့ကြောင့် ကွန်မြူနစ်စံနစ်ကို ခါးခါးသီးသီး ဆန့်ကျင်သော စာရေးသူက တရုတ်ပြည်အကြောင်း လေ့လာ
ရင်း တိန်ရှောက်ဖိန်ရဲ့ နိုင်ငံရေး အသိစွမ်းအား မြင့်မားပုံများကို သိမြင်လာတဲ့အခါ တိန်ရှောက်ဖိန်လို လူမျိုးကို မလေးစားဘဲ မနေနိုင်ပါ။

တရုတ်နိုင်ငံဟာ တပါတီအာဏာရှင် စံနစ်ဖြစ်တာကြောင့် အဓိက အာဏာ မဏ္ဍိုင်တွေထဲမှာ ပါတီ၊ အစိုးရ၊ စစ်တပ် ဆိုပြီး ခွဲခြားထားပေမယ့် ပါတီဟာ အဓိကပဲ။ ဒါ ကြောင့် ပါတီရဲ့ ရပ်တည်မှု ပုံသဏ္ဍာန် ဟာ အရေးကြီးလှပါတယ်။ ဖွဲ့သည်းအုပ်ချုပ်ပုံ ဥပဒေ ဆိုတာကလည်း အာဏာမဏ္ဍိုင်တွေကို ဖေါ် ဆောင်တာဟာ အခရာ ပဲ မဟုတ်လား။

တရုတ်ပြည် မှာ ဥပဒေ ပြု ကွန်ကရက် ဆိုတာရှိပေမယ့် ပါတီကချပေးတဲ့ ဥပဒေတွေကို အတည်ပြု ဖေါ်ထုတ်ပေးရ
တဲ့ ယန္တရား သက်သက်ပါပဲ။ တရုတ်ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ အစိုးရ အောက်မှာမရှိဘူး။ တော်လှန်ရေး ကာလ ကတည်းက စစ်တပ်ကို ပါတီက စစ်ကော်မရှင်က ဆင့်ထိန်းချုပ်ထားတယ်။

လူသိနည်းတဲ့ မော် ရဲ့  မိန့်ဆိုချက် တခုရှိသေးတယ်။ အဲဒါက ၁၉၂၉ ခုနှစ်မှာ မော် ရွတ်ဆိုခဲ့တဲ့ (ပါတီက သေနတ်
ကို ဦးစီးအုပ်ချုပ်ရမယ်တဲ့)။ ဒါကြောင့် စစ်တပ်ကို စစ်ကော်မရှင်က အုပ်ချုပ်ပြီး ၊ ပါတီက တခါ အပေါ်က တက်ထိုင် ထားတာပဲ။ တကယ်တော့ တရုတ် အုပ်ချုပ်ရေး စံနစ်မှာ အားလုံးကို ပါတီက ခွစီးထားတာပါပဲ။

နောက် အရေးကြီးတဲ့ အချက်က တရုတ်စနစ်မှာ ဒီမိုကရေစီ ဆိုတာက ပြည်သူအတွက် မဟုတ်။ ခေါင်းဆောင်တွေ ကို ပြည်သူက ရွေးခွင့်ရှိသည် မဟုတ် ၊ ပါတီကေဒါတွေကပဲ ရွေးခွင့် ရှိတာပါ။ အစိုးရ၊ ပြည်နယ်အစိုးရ၊ စစ်တပ်။ အားလုံးဟာ ပါတီ ကလူတွေ။ ပါတီအောက် မှာပဲ။ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ စစ်သား စစ်ဗိုလ် တွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်သလို တရုတ်ပြည်မှာလည်း ပါတီကေဒါတွေဟာ (အုပ်ချုပ်သူ လူတန်းစား) လာဖြစ်တာပဲ။

တရုတ်ပြည်ရဲ့  ထူးခြားတဲ့အချက်က တိန်တို့လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး တိုက်ပွဲမှာ အနိုင်ရလာတဲ့ အတွက် ပါတီခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် ရေရှည်ကို ကြည့်တတ်ပြီး အာဏာရဲ့ ဖျက်စီးမှုကြားက တိုင်းပြည်ချစ်တဲ့စိတ်၊ တိုင်းပြည်အတွက် ဆိုတာကို အတိုင်းအတာ တခုအထိ ထိန်းသိမ်းထားနိုင်တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ အမေရိကန် ပုံစံနဲ့ ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ် ပုံစံယှဉ်ရင် ဒီမိုကရေစီကပဲ (မျှတ) မှု ကိုပေးနိုင်တယ်ဆိုတာရှင်းပါတယ်။ ဒီ့ပြင် အမေရိကန် စံနစ်က အာဏာတဘက်စွန်း မရောက်အောင်ထိန်းထားတဲ့ (အနှစ်) တွေဟာ တန်ဖိုးကြီးမားလှပါတယ်။ ဒါကြောင့် အနှစ် (၂ဝဝ) ကျော်လာသည့်တိုင် တန်ဖိုး မပြယ်နိုင်ပါ။

တရုတ်ပြည်ကြီးမှာတောင် ဗဟိုက ပေါ်လစီကို ချုပ်ကိုင်ထားပေမယ့် အကောင်အထည်ဖေါ်တော့ ပြည်နယ်တွေကို လွတ်လပ်ခွင့် (Autonomy) ပေးးထားတာပဲ။ ဥပမာ မြန်မာနိုင်ငံအရေးဆိုရင် ယူနန် ပြည်နယ် အစိုးရ ကအဓိက တာဝန်ယူ ဖေါ်ဆောင်ရတာပါ။

လက်ရှိ တရုတ်ပါတီတွင်း မှာတောင် တပါတီစံနစ်ဟာ ပြည်သူကို ကိုယ်စားပြုရဲ့လား ဆိုပြီးမေးလာ ကြပြီ။ လက်ရှိစံနစ်နဲ့ လာဘ်စားမှုကို တိုက်ဖျက်နိုင်ပါ့မလားဆိုပြီး သံသယရှိလာကြပြီ။ ၂ဝ၁ဝ  နှစ် သြဂုတ်လ ၅ရက် မှာ သမ္မတဟောင်း လီ့ရှင်နင်းရဲ့ သားမက် ၊  တရုတ်ကာကွယ်ရေးတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကြီး
လူရာဇောင် (Liu Yazhou) က ရေရှည် (၁ဝနှစ်အတွင်း) မှာ တရုတ် ကွန်မြူနစ်ပါတီဟာ လက်ရှိ အာဏာရှင်စံနစ်
မှ ပို၍ ဒီမိုကရက်တစ်ကျသော စံနစ်သို့ ကူးပြောင်း ကြရမည်၊  တခြားထွက်ပေါက် မရှိဟု တရုတ် သတင်းသမား
တွေကို ပြောကြားခဲ့ပါတယ်။

နှစ်ရက် အကြာမှာ ပါမောက္ခ ဟူစင်ထောင် (Hu Xingdou) က တရုတ်ပြည်မှာ လူမူရေး တရားမျှတမှု ပျောက်ဆုံး
နေမှုဟာ တရုတ်ပြည်ကြီးကို အန္တရယ်လမ်းပေါ်သို့ တွန်းပို့နေသည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများပြု၍ တရုတ်
ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရပိုင်ခွင့်များကို ပြည်သူများကို ပြန်ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။ သူကပင် တရားမျှတတဲ့ လူမှုရေးကို အခြေခံသော အုပ်ချုပ်ရေးစံနစ် Constitutional Socialism ကိုထူထောင်ရမည်ဟု
ဝေါဟာရ အသစ်ကို ဖေါ်ဆောင်လာပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ ဤမျှရှည်ကြာစွာ အောင်မြင်ခြင်းက တရားဥကဒေစိုးမိုးရေး Rule of Law ကြောင့်
ဖြစ်ပါတယ်။ ငွေကြောင့်မဟုတ်။ တရုတ်တွေ ငွေကို ကိုးကွယ်နေခြင်းမှာမှားသည်။ တရုတ် ကွန်မြူနစ်ပါတီလည်း
ပြုပြင်ပြောင်းလဲရမယ်။ လက်ရှိအနေအထားအတိုင်း မသွားနိုင်ဟု ဆိုလာပြန်တယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်ဟာ အုပ်ချုပ်သူ လူတန်းစားလာဖြစ်တော့ အာဏာရဲ့ ဖျက်စီးမှုကို မခံနိုင်ဘဲ တိုင်းပြည် ချစ်တဲ့စိတ်၊ အမျိုးချစ်စိတ် ဆိုတာတွေဟာ ပျောက်ဆုံး ကုန်တယ်။ လတ်တလော အကျိုးအမြတ်တွေကို ဦးစားပေးကာ ရေရှည် တိုင်းပြည်အကျိုးကို မျက်ခြေပြတ်ခဲ့ကြတယ်။

အနှစ်ပါတဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တာ ၁၉၆၂ ခုနှစ် ကတည်းကပါ။ တရုတ်တွေတောင် တိုင်းပြည် တိုးတက်ခေတ်မှီလာတော့ ပြည်သူတွေရဲ့ လွပ်လပ်ခွင့်နဲ့ ရေရှည်အတွက် တရားဥပဒေ စိုးမိုးရေးကို စဉ်းစားလာတတ်ပြီ။

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အနှစ်ပါတဲ့အပြင် တိုင်းရင်းသား တွေ အပေါ် တရားမျှတတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရှိမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မြန်မာပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်ပြင်ရေးရင် ထည့်သွင်း စဉ်းစားနိုင်အောင်ပါ။

ဖက်ဒရယ် လို့ကြားလိုက်တာနဲ့ တိုင်းပြည်ဖျက်ပြီလို့ ကြောက်စရာ မလိုပါ။ ဖက်ဒရယ် စံနစ်မှာ ကောင်းတာတွေ
ရှိသလို ဖက်ဒရယ် ဆိုလိုက်တာနဲ့ အဖြေရပြီလို့ အားကိုးလွန် ဖို့မသင့်ပါ။ ဖက်ဒရယ် စံနစ်မှာ သတိရှိစရာ အချက်
တွေ အများကြီးရှိပါတယ်။ စံနစ်ဆိုတာ (သိ) မှ (ကိုင်တွယ်) တတ်မှ အကျိုးဖြစ်ထွန်းနိုင်တာပါ။

(ကိုးကား ။ General and scholar test reform waters By Wu Zhong, China Editor Aug 12, 2010 ကိုကားပါသည်။ )

အပိုင်း (၂) ကိုဆက်လက်ဖေါ်ပြပါမည်။
Credit : Mizzima News
By Zin Linn>>

In response to charges by Naypyitaw’s information minister Kyaw Hsan on 12 August, the Restoration Council of Shan State / Shan State Army (SSPP/SSA) issued a statement yesterday urging all parties concerned to revive the 1947 Panglong Agreement between the Burmese leader Aung San and leaders of the (then known as) Frontier Areas, Shan Herald Agency for News (S.H.A.N.) said.
“Armed conflicts emerged due to successive Burmese governments’ Greater Nation Chauvinism, injustices and violations of the terms of the Panglong Agreement,” it reads.
“Instead of regarding ethnic peoples as enemies and accusing them as subversive elements, it’s high time national reconciliation was being forget by the present authorities on the basis of equality, justice and the Panglong Agreement.”
The Panglong Agreement highlighted total autonomy in internal affairs, democracy and human rights for the peoples of the Frontier Areas.
Currently, the Panglong Agreement has been ignored by the Burmese military regime. The said agreement has been disregarded by the generals as they rule the country highhandedly. The Panglong Agreement was signed on Feb. 12, 1947, between General Aung San and leaders of the Chin, Kachin and Shan ethnic groups.
The agreement basically guaranteed self-determination of the ethnic minorities and offered a large measure of autonomy, including independent legislature, judiciary and administrative powers. However, the dream of equality and a federal union is far from being realized some six decades after signing the Panglong Agreement.
Information Minister Kyaw Hsan, during the 12 August press conference, had charged the SSA (Yawdserk), as the RCSS/SSA is known by Naypyitaw, to differentiate it from the other SSA led by Maj Gen Pang Fa, designated by Naypyitaw as SSA (Wanhai), as “committing destructive acts” especially the bombings in Naypyitaw, Mandalay and Pyin Oo Lwin on 24 June.
“This is sheer fabrication to defame the RCSS/SSA. If the RCSS/SSA really wanted destruction, it could have done more widely and on a larger scale.” counters the statement, according to SHAN report.
Kyaw Hsan, in his first press conference as leader of the newly formed Spokespersons and Information Team, also attacked the Kachin Independence Organization (KIO), Democratic Karen Buddhist Army (DKBA)’s Saw Labwe breakaway group and the Shan Stae Progress Party / Shan Sate Army (SSPP/SSA).
Most ethnic groups scoffed Kyaw Hsan’s accusations as groundless and nonsense. Kyaw San looks as if he has no knowledge about past history of his own country.
According to several ethnic groups in exile, and if not for the historic Panglong Agreement, there would not have been the Union of Burma. The said Panglong Agreement between the non-Burman leaders and General Aung San was the foundation of Union of Burma or Myanmar.
If the Panglong Agreement was not signed, the country would have been divided into two parts: Burma and the Frontier Areas, the late Shan leader U Shwe Ohn, a participant at the Panglong Conference, wrote in his “Toward the Third Union of Burma” (1993). He also believed that Burma would become independent in 1948, while the Frontier Areas would continue to remain under British rule. Federated Shan States was a part, and that would also have been an independent country by now, Shwe Ohn wrote.
If General Aung San did not promise equal opportunity and self-determination, the country might never have been founded under the title of the Union of Burma. The Panglong agreement was aimed at setting up a federal union on the foundation of equality and autonomy for every ethnic nationality.
According to some critics, the NLD headed by Aung San Suu Kyi supports the Panglong Agreement and self-determination for every ethnic nationality while the military-based President Thein Sein government strongly opposed it.
Thus, various ethnic leaders emphasized that they don’t have confidence in the new 2008 constitution which abandoned the Paglong principles.
Under the military-centered constitution, most ethnic leaders believe, the nation will not have a chance to create a genuine democratic federal union by any means.
A United Nations investigator says he will travel to Burma next week to evaluate progress on human rights since a nominally civilian government took office this year.

Tomas Quintana told VOA's Burmese service Tuesday that the details of his trip are not complete but that his main objective is to assess the human rights situation in the context of the new government. He said he hopes he will be permitted to talk to anyone in Burma who has an interest in meeting him.

Quintana noted he has been calling since 2009 for the Burmese government to release its political prisoners, who are estimated to number more than 2,100. He told VOA it is the “first and basic right” in any democracy for people to be able to express themselves freely.
Burma held its first elections in 20 years in November and at the end of March, a new government took office replacing a long-ruling military junta. However, opposition parties were unable to compete fairly and the new government remains dominated by past and present military officers and their allies.

Quintana has galvanized critics of the Burmese government by proposing that the United Nations establish a commission of inquiry to look into suspected crimes against humanity perpetrated by Burma's leaders.

The United States, Canada, Australia and 12 European Union countries have already spoken in support of such a commission.

VOA News
Source: Content partner // Human Rights Watch

The new Thai government should make human rights a priority when it issues its inaugural policy statement to parliament.
(Bangkok) - The new Thai government should make human rights a priority when it issues its inaugural policy statement to parliament, Human Rights Watch said in a letter to Prime Minister Yingluck Shinawatra on August 15, 2011. Yingluck is expected to give her statement to parliament on August 24, 2011.

The new government has broadly addressed the need to highlight reconciliation after the political violence of last year, but has not yet presented concrete plans on reversing the deteriorating human rights situation in the country, Human Rights Watch said.

"The Yingluck government can get off to a good start by demonstrating a firm commitment to ending Thailand's widespread human rights problems," said Brad Adams, Asia director at Human Rights Watch. "But talk of reconciliation after last year's violence will remain just talk unless those responsible for the violence are brought to justice."

The new Thai government needs to address a broad range of human rights issues, starting with the loss of life and destruction of property during the political upheavals of 2010, Human Rights Watch said. In addition, very few people have been held to account for the killings of more than 20 human rights defenders and community activists since 2001, thousands of victims of the armed conflict in the southern border provinces, and nearly 3,000 suspected drug dealers in the 2003 "war on drugs." In recent years, unlawful government interference with the media has expanded, including the forced closure of radio stations and websites. People holding dissident opinions, including those expressed on the internet, and those prosecuted under the lese majeste (insulting the monarchy) laws, have been subjected to harsh punishments.

The new government should also reverse current practices regarding the rights of refugees, asylum seekers, and migrant workers. The Thai government has yet to investigate "push-backs" to sea of boatloads of ethnic Rohingya asylum seekers and the forcible return of ethnic minorities fleeing hostilities in Burma last year. Throughout the country, police and other authorities continue to violate the basic rights of migrant workers with impunity.

Human Rights Watch also urged the Yingluck government to promote respect for human rights in its foreign policy, particularly related to its neighbor, Burma. Thailand should take a proactive position on accountability for serious human rights violations in Burma by publicly supporting the establishment of an international commission of inquiry for Burma.
 
 Human Rights Watch urged the Yingluck government to quickly take the following actions: 
  • Publicly order the military, police, and other government agencies to fully cooperate with official inquiries regarding human rights abuses.
  • Pass a cabinet resolution to provide the Truth for Reconciliation Commission in Thailand with much needed subpoena power and sufficient resources to enable it to act independently and effectively in its investigation of violence and abuses related to political confrontations last year.
  • Assess the status of those detained in connection with the protests by the United Front for Democracy against Dictatorship, known as the "Red Shirts," and the insurgency in the southern border provinces to ensure that they are properly treated in accordance with due process of law and human rights standards, including having appropriate pretrial release on bail.
  • End all restrictions on the media that violate the right to freedom of expression, and announce a concrete plan to revoke laws such as the Emergency Decree on Public Administration in Emergency Situation, the Computer Crimes Act, and the laws regarding lese majeste.

"Thailand's new government has a chance to reverse the ongoing human rights crisis at home and set a positive example for other countries in the region," said Adams. "Prime Minister Yingluck can prove that her government is truly reform-minded by including a clear plan to address human rights issues in its inaugural policy statement."

 Link:  :http://www.trust.org/alertnet/news/thailand-human-rights-agenda-for-new-government
Today’s post will attempt to highlight a human rights issue with a pressing need for further advocacy.

The Rohingya are an ethnic, linguistic, and religious minority group residing in the North Arakan State within Burma (Myanmar). Numbering around 725,000, they profess Sunni Islam, and although they are one of Burma’s numerous ethnic minorities, due to these differences they are effectively denied any citizenship rights under Burmese law. This brings with it dire consequences for the majority of this minority.

Since the Burmese government brought in their ‘Citizenship Law’ of 1982, the vast majority of the Rohingya have been considered neither ‘full’, ‘associate’, nor ‘naturalised’ citizens under Burmese law, and this has led to a situation where they are effectively denied any basic, fundamental human rights, often in the most confronting of circumstances. The Rohingya face violations of their human rights in the form of rape, torture, extrajudicial killings, restrictions on movement, forced labour, confiscation of land, extortion and arbitrary taxation, bans from employment in civil service and education, as well as effective denial of rights to marriage.

The denial of their citizenship thus equates in Burma to a denial of their fundamental human rights, and their consequent ‘statelessness’ means that not only do they face persecution at the hands of their own government, but also their protection cannot be guaranteed when to flee the abuse of rights within their homeland they migrate across the porous border to neighbouring Bangladesh. There, only around 28,000 Rohingyas are recognised as refugees and benefit from protection and assistance (albeit limited) in two camps overseen by the UNHCR. However, it is estimated that up to 200,000 more Rohingyas live outside these camps and are considered ‘irregular migrants’ by Bangladeshi authorities, and therefore they can gain no access to official protection.
This raises a problem inherent within the very nature of the international human rights system: sovereignty. Here, the Burmese government can hide behind the protective shield of sovereignty and impose its own citizenship requirements and restrictions, in doing so effectively denying the Rohingya any basic human rights and committing heinous violations of those rights. Due to the Rohingya’s statelessness and the concurrent sovereignty of Bangladesh and other neighbouring countries, these states can effectively deny the Rohingya fundamental protections, and in the end these peoples end up lost and without a home, having to decide their fates based on the lesser of two evils and facing persecution and/or inadequate protections of even their basic rights whichever way they turn.

Living in a world today with a global community that prides itself on being rights-respecting and helping those in need, why is nothing more being done for the dispossessed Rohingya? When the Burmese government appears to be undertaking what is arguably similar to other infamous and ghastly ‘ethnic cleansing’ programs carried on throughout horrific parts of our history, where is the international outcry and condemnation here that was so apparent in the past? While current affairs often speak of the Burmese government’s complete and utter disrespect for any semblance of democratic notions (especially in their treatment of Aung San Suu Kyi), why is there simultaneously not more advocacy for these most downtrodden of peoples?
The concept of sovereignty within the international system as raised above is something that does and will continue to do much damage to this minority, for as long as the Burmese government can continue to impose its own citizenship requirements as a ‘sovereign’ state, the vicious and tragic cycle of dispossession and violations of human rights for the Rohingya would seem to continue on. Surely in such circumstances the international community should forego its concerns with the ‘sovereign’ nature of the Burmese government’s dominion over citizenship matters and undertake real action in this area to improve respect and recognition for these peoples’ rights, for without such action the Rohingya will remain dispossessed and devoid of rights.

This is unacceptable.

Credit :http://jurapersonarum.wordpress.com/
  


Statement Supporting Establishment of UN-COI into War Crimes and Crimes against Humanity in Burma 
The Forum of Burmese in Europe ( F B E ) has resolved in its 17th Conference held in Paris on July 29-30, 2011 that the Forum unanimously supports the establishment of the UN-mandated Commission of Inquiry (UN-COI) into war crimes and crimes against humanity in Burma. The Forum will cooperate closely with the international actors and organizations in implementing the establishment of the UN-COI in the country.
Since 1992 the UN General Assembly (UNGA) has been calling on the military dictatorship in Burma to respect international law and Geneva Conventions. Since 1997 the UNGA has made 18 calls for inquiries into gross human rights violations. In its 20 resolutions on Burma, the UNGA  has described at least 15 different human rights abuses which could be classified as possible war crimes and crimes against humanity perpetrated by the Burmese military regime. These have been described as ‘major and repeated violations of international humanitarian law.’
The UN Special Rapporteur for Human Rights in Burma, Prof Tomas Ojea Quintana, has repeatedly recommended establishing such a Commission of Inquiry, warning that ‘ failing to act on accountability in Myanmar will embolden the perpetrators of international crimes and further postpone long-overdue justice.’ Former UN Special Rapporteurs on Burma, Prof Paulo Sergio Pinheiro and Yozo Yokota support it.
Fourteen Nobel Peace Laureates, including Archbishop Desmond Tutu, Mikhail Gorbachev, Elie Wiesel, Lech Walensa, etc. have called for the establishment of the UN-COI. Some of the world’s leading jurists have as well recommended it. A bipartisan women group of 13 US Senators recently urged Secretary of State Hillary Rodham Clinton to support establishment of an international commission of inquiry into war crimes in Burma. The Commissioner of the National Human Rights Commission of Royal Thailand, Dr Nirun Pitakwatchara has expressed recently his personal support for a Commission of Inquiry into crimes against humanity and war crimes in Burma, as an important mechanism to check and balance the power and accountability of the military regime. In last May, the Vice-Chair of the Indonesian National Human Rights Commission, Mr Nurkholis, called on ASEAN to support a UN investigation into business and human rights violations in Burma. Democracy leader Daw Aung San Suu Kyi has repeatedly expressed her strong support for COI, particularly when she addressed the US Congress by video link in June.
By now at least 16 countries have strongly expressed support for COI, including 12 EU member states as well as the United States, Canada, New Zealand and Australia. In February 2011, the Burmese regime rejected 16 separate requests for investigations into gross human rights abuses made by the UN Human Rights Council in Geneva as part of the Universal Periodic Review. In the past 20 years, the UNGA has made 18 calls on the Burmese regime to fully and promptly investigate gross human rights abuses, some of which may amount to war crimes and crimes against humanity, including use of sexual violence as a weapon of war, forced labour, deliberate targeting of civilians, use of torture, forced displacement, recruitment of child soldiers, imprisonment of over 2,000 political opponents, and persecution of ethnic minorities. These calls have been consistently ignored as serious violations of international humanitarian law and human rights law continue up to this day, gravely undermining lasting peace and national reconciliation in Burma.

The Forum of Burmese in Europe (F B E) calls on the EU Foreign Ministers, who will be drafting this year’s UNGA resolution on Burma in coming September, to fully support the inclusion in the resolution of a request to establish a Commission of Inquiry into international crimes in Burma. UN Secretary-General Ban Ki-moon, in his latest report on implementation of the Responsibility to Protect (R2P), emphasized that the ‘Responsibility to Protect is a universal principle, and it requires accountability.’ He further stated that R2P relies on the whole range of policy instruments, including the tools of investigation, fact-finding,……and conflict resolution laid out in Chapters VI and VIII of the UN Charter. As such the EU, as a key stakeholder , has both the moral leadership and imperative to heed the calls of the UN and uphold their Responsibility to Protect the suffering people of Burma from international crimes, committed by the Burmese regime and its institutions. It is therefore high time and imperative for the EU to demonstrate political will and leadership in establishing a Commission of Inquiry through a UNGA resolution. A Commission of Inquiry is not only necessary if the UNGA’s authority and credibility are to be upheld, it may as well serve to prevent future human rights violations in Burma, and may well contribute towards establishing a meaningful dialogue between the regime, the democracy movement, the ethnic leadership and the international stakeholders. It is as well a vital step towards national reconciliation. For the sake of justice, for the sake of ending impunity in Burma, and for the sake of the shaky credibility of the UN, it is now high time to act profoundly rather than a pretty lip-service.    

In Sincerity and Solidarity,
FBE Founding Members
August 15, 2011    

Contact persons:
Mr. MP Kyaw Thwin, Norway,      +47 90 88 34 48,    kyawthwin2004@yahoo.com
Dr. Win Naing, United Kingdom, +44 77 85 56 81 54, drwinnaing@yahoo.com  
Mr. Htin Kyaw, France,                   + 33 1 48 21 71 25,  htinkyaw9954@hotmail.com
Mr. Nwe Aung, Germany,                + 49 2173 907335,  NweAung@aol.com
                                                               Postfach 1738, D-40742 Langenfeld, Germany 

By လူထုစိန်ဝင်း >>

ပြီးခဲ့တဲ့အပတ်ကထွက်လာတဲ့ဂျာနယ်အားလုံးလိုလိုဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ်ဝမ်းသာအားရ ဖော်ပြကြတယ်။ဒါတင်မကဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြတာ တွေ့ရတယ်။
အားလုံး ကြိုဆိုထောက်ခံ
ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။'အလဲဗင်း' အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့
စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန်သွားတာမျိုးတွေ ရှိတယ်။
နေနဲ့ လကို တသလို
ဂျာနယ်ဆောင်းပါးရှင်တွေရေးတဲ့ ဆောင်းပါးအားလုံးမှာလည်း တွေ့ဆုံပွဲမှတစ်ဆင့် အဓိပ္ပာယ် ပြည့်ဝပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲများ ဖြစ်လာဖို့ မျှော်လင့်ကြောင်း သိသိသာသာ ဖော်ပြထားကြတယ်။ ပြည်သူအားလုံးကလည်း အလွန့်အလွန် လိုလား တောင့်တနေကြတယ်။ 'ကမ္ဘာဦးလူတို့ နေနဲ့လကို တောင့်တကြသလို'လို့ ပြောရင်တောင် ဒေါသသင့်ရာရောက်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ တန်း ရောက်နေပြီ ဖြစ်တဲ့ စာရေးသူတောင် ငြိမ်းချမ်းခြင်း စတဲ့ အမြိုက်အရသာတွေကို တစ်ကြိမ်တစ်ခါမှ ပြည့်ပြည့်၀၀ မခံစားခဲ့ရဖူးလေတော့ ငယ်ရွယ်သူတွေဆို ပိုဆိုးမှာပေါ့။
ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့
ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို ကြုံဖူးခဲ့ကြလေတော့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြရာမှာ အရင် အကြိမ်တွေနဲ့မတူ သတင်းမီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ တကယ်ထူးပြီ ဆိုပြီး ရွှင်လန်းအားရ ဖြစ်နေကြတယ်။ဒါတင်မက 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'ဆိုတဲ့ ပူးတွဲ ကြေညာချက်ကြောင့် ပိုပြီး အားတက်ကြရတာ ဖြစ်တယ်။
ခုအချိန်မှာတော့ ဒီမိုကရေစီဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး  . . .
ဘာကိုလိုလားတောင့်တသလဲ
ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးဆိုတာ ဘာလဲ။ ပြည်သူတွေက ဘာကို လိုလားတောင့်တ နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေကြပြီး ကျေးလက်ဒေသများမှာ နေထိုင်ကြတယ်။ အများစုက မူလတန်းနဲ့ အလယ်တန်း ပညာလောက်ပဲ သင်ခဲ့ကြရတယ်။ ကျေးလက် လူ့အဖွဲ့အစည်းမို့ အနေအထိုင် ရိုးသားတယ်။
လိုအပ်မှုလည်း နည်းတယ်။ဆန်းပြား ထွေလီမှု(sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို 'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်' မလုပ်တတ်ကြဘူး။
ချစ်တီးကို ကြောက်ရသလို
ရှစ်ဆယ်ရာခိုင်နှုန်းမက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ သာမန် ပြည်သူတွေအားလုံးရဲ့ လိုလားတောင့်တချက်က မိရိုးဖလာ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင်လေးတွေကို အေးအေးချမ်းချမ်း အကြောက်အလန့်ကင်းကင်း လုပ်ကိုင် စားသောက်ပြီး နေချင်တာလောက်ပါပဲ။ ဒါထက် တစ်ဆင့်တိုးပြီး တောင့်တရမယ် ဆိုရင်တော့ ထွန်တုံးပိတ်ချိန်တွေမှာ ရှင်ပြုနားသ အလှူမင်္ဂလာတွေ၊ ဘုရားပွဲတွေ ပျော်ပျော်ပါးပါး ကျင်းပချင်တယ်။ လွတ်လွတ်လပ်လပ် သွားချင်လာချင်တယ်။ ပြောချင် ဆိုချင်တယ်။ ကြည့်ချင် မြင်ချင်တယ်။ ဒီမိုကရေစီတွေ၊ အော်တိုကရေစီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကို နားမလည်ပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ ကိုယ့်လယ်လေး ကိုယ်စိတ်ချလက်ချ လုပ်ခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ သူ့ကျွန်ဘ၀ နေရစဉ်ကလို ချစ်တီးက လယ်လာသိမ်းမှာကို တကြောင့်ကြကြနဲ့ ကြောက်လန့်နေရတဲ့ ဘ၀မျိုး ဘယ်သူမှ ပြန်မရောက်ချင်ကြတော့ဘူး။
ပဋိညာဉ် ကတိက၀တ်နဲ့
ကိုးဆယ့်ငါး ရာနှုန်းလောက်ရှိတဲ့ ပြည်သူတွေ လိုလား တောင့်တနေကြတဲ့ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေနိုင်တဲ့ ဘ၀မျိုးကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးဖို့ အတွက် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရများနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တိုင်းကျိုးပြည်ကျိုးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပါမယ် ဆိုတဲ့ ပဋိညာဉ် ကတိက၀တ်နဲ့ နိုင်ငံ့ဘဏ္ဍာက လစာ ရိက္ခာကို ရယူခံစားနေကြသူများ မဟုတ်လား။ ဒီတာဝန်ကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ရင် ပဋိညာဉ် ချိုးဖောက်ရာ ရောက်ပါတယ်။
အားလုံးရဲ့ တာဝန်
နိုင်ငံ့တာဝန်ဆိုတာ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီး ဖြစ်တယ်။ အစိုးရဆိုတဲ့ အဖွဲ့အစည်း တစ်ခုတည်းအားနဲ့ မလုံလောက်ဘူး။ နိုင်ငံအရေး လုပ်မယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံး လူပုဂ္ဂိုလ်အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ လိုတယ်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ၊ သူ့ဝါဒ ကိုယ့်ဝါဒဆိုတဲ့ ဂိုဏ်းဂဏ အမြင်တွေနဲ့ မကြည့်ဘဲ တိုင်းပြည်အတွက်ဆိုတဲ့ ပန်းတိုင် တစ်ခုတည်းကို ကြည့်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ငါတို့မှ တိုင်းပြည်ချစ်တယ်၊ ငါတို့သာ တိုင်းပြည်ကို ကယ်တင်နိုင်တယ် ဆိုတဲ့ အတ္တစွဲနဲ့ မာန်မာန တိမ်သလ္လာဖုံးနေမှု တို့ကို လုံးဝ ဖယ်ရှားစွန့်ပစ်နိုင်ရမှာ ဖြစ်တယ်။
ကာလရှည်ကြာကင်းကွာ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိတော့မှာ ဖြစ်တယ်။ ဒီကာလရှည်ကြီး အတွင်းမှာ တစ်ပါတီ တစ်ဖွဲ့တစ်စည်းတည်းရဲ့ သဘောနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဖြစ်လေတော့
မုန်းတီးနာကြည်းမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုတွေ၊ ကိုယ့်အဖွဲ့အစည်း တည်တံ့ဖို့အတွက် ကိုယ်နဲ့မတူတဲ့ တခြား အဖွဲ့အစည်းအားလုံးကို ချေမှုန်းပစ်ရမယ် ဆိုတဲ့ အာဃာတတွေဟာ ဟိုဘက်ဒီဘက် အဖွဲ့အစည်းအားလုံးမှာ ရှိခဲ့ကြတယ်။ ဒါဟာ အပြစ်ဆိုစရာတော့ မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့၊ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တယ်။
တိုးတိုးသားမဟုတ်
ခုအချိန်မှာတော့ ဒီမိုကရေစီ ဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး။ အာဏာရ အစိုးရ ကိုယ်တိုင်က နေ့စဉ်နဲ့အမျှ တဖွဖွပြောနေတဲ့စကား ဖြစ်နေပြီ။ လတ်တလောလေးမှာတင် အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်' ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ သတင်းသမားတစ်ယောက်ရဲ့ မျက်စိထဲမှာတော့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်နေတာကြောင့် မျှော်လင့်ချက် ရောင်ခြည်ကလေး ခပ်ရေးရေး သန်းလာတယ်။
အပြန်အလှန်လေးစား
တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့၊ အောင်မြင်ဖို့ အတွက် ပထမဆုံး လိုအပ်ချက်က နှစ်ဖက်စလုံး ဒါမှမဟုတ် သုံးဖက်လေးဖက်စလုံးရဲ့ စိတ်အခံတွေမှာ သူ့ဘက်ငါ့ဘက် ဆိုတဲ့ အမြင်တွေကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။
သူ့ဘက်ငါ့ဘက်ဆိုတဲ့ အခြေခံ ကနေ တစ်ဆင့်တက်ပြီး 'ငါနဲ့မတူ ငါ့ရန်သူ'ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်လာစေပါတယ်။
မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ပန်းတိုင် အတွက် အတူ လက်တွဲလုပ်လို့ ရတာတွေကို အတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကိုရှာပြီး အရင်ဆုံး ကိုင်တွယ်သင့်ကြတယ်လို့ ယူဆပါတယ်။
အားရှိသူနိုင်မြဲ
မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးမှာ မတူညီတဲ့ မူဝါဒလမ်းစဉ်တွေ ရှိနေကြပေမယ့် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်ချင်တယ် ဆိုရာမှာ တူကြတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ကြတယ်။
တိုင်းပြည်နဲ့လူမျိုး ပျောက်မသွားဖို့ အသက်ပေး ကာကွယ်ကြမယ် ဆိုတဲ့ အချက်မှာ တူကြတယ်။ ဒီတူညီချက်တွေပေါ် အခြေခံပြီး ရှေ့ဆက် လုပ်စရာတွေ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အန္တရာယ်တွေကို စုပေါင်း
ကာကွယ်နိုင်ကြတယ်။ မြန်မာနိုင်ငံ ဆိုတာက လူဦးရေ ပေါက်ကွဲထွက်လုမတတ် များပြားတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံ သေးသေးလေး တစ်ခုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သူတို့ နိုင်ငံကြီးနှစ်ခုက
ပြည်နယ်တစ်ခုရဲ့ လူဦးရေလောက်တောင် ရှိတာ မဟုတ်ဘူး။ နောက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက ဒီမိုကရေစီခေတ်လို့ ဘယ်လောက်ပဲ အော်နေအော်နေ တကယ်တော့ 'အားရှိသူ အနိုင်ရစမြဲ' (might is right)ဆိုတဲ့ စစ်ဘုရင်ဝါဒက ကြီးစိုးနေဆဲ ဖြစ်တယ်။
အန္တရာယ်တွေ ရှိနေတယ်
လူဦးရေနည်းပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ အဖို့ စီးပွားရေး အရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဘက်ပေါင်းစုံက ၀ါးမြိုခံရနိုင်တဲ့ အန္တရာယ် အမြဲတမ်း ရှိနေတယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်
သယံဇာတတွေနဲ့ သစ်တောဝါးတောကြီးတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေတယ်။ အဲဒီနောက်က ကပ်ပါလာတဲ့ ဥတုရာသီ ဖောက်ပြန်မှုတွေနဲ့ အယ်လ်နီညိုတို့၊ လာနီညာ တို့ရဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ ဒီလို အန္တရာယ်တွေ ကျရောက်လာရင် အစိုးရ တစ်ဖွဲ့တည်း ခံရမှာ မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေသာ ခံရမှာ မဟုတ်ဘူး။ တစ်တိုင်းတစ်ပြည်လုံး ပြည်သူတွေအားလုံး ခံကြရမှာ။ သဘာဝဘေးဆိုး ကပ်ဆိုးတွေ ကြောက်စရာ ကောင်းသလို လူလုပ် ဘေးဆိုးကပ်ဆိုးတွေကလည်း ကြောက်စရာ ကောင်းပါတယ်။
မလွဲဧကံ
ဒီအန္တရာယ်တွေကို ဘုံရန်သူအဖြစ် သဘောထားပြီး 'အရေးကြီးက သွေးစည်းကြ' ဆိုသလို အားလုံး လက်တွဲ ကာကွယ်ကြဖို့ လိုတယ်။ 'ငါနဲ့မတူ ငါ့ရန်သူ' စိတ်ဓာတ်တွေ စွန့်ပစ်ပြီး ခံစရာရှိရင် အားလုံး အတူတူ ခံကြရမှာပဲ။ အားလုံး 'ဆိုးတူကောင်းဘက်'တွေပဲ ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယစိတ်တွေနဲ့ တံဆိပ် အမျိုးမျိုးတပ်၊ နာမည် အမျိုးမျိုး ပေးနေတာတွေ ရပ်ပစ်ပြီး တိုင်းပြည်နဲ့ လူမျိုး မပျောက်ဖို့ ဆိုတဲ့စိတ် တစ်မျိုးတည်းနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထု တစ်ရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရမှာ မလွဲဧကံပါပဲလို့ ပြောလိုက်ချင်ပါတယ်။
အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာကျောက်တူး

နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။
စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ၀ယ်စားရတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်နေရပါတယ်တဲ့။ ''ရွှေမရှိတာက ဘာမှမဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ်ရောက်မှာ ခင်ဗျ'
မျက်နှာစိမ်းတွေ
အနီးအနား ၀န်းကျင် ဒေသတွေက သာမက မန္တလေးလို နေရာက မျက်နှာစိမ်းတွေလည်း အများကြီး တွေ့မြင်ကြရတယ်တဲ့။ ခြံစောင့်ရရင် တော်ပါပြီ၊ သွားနေပြီး လုပ်စားကြပါ။ ထွက်သမျှ သီးနှံတွေ အကုန်ယူပါလို့ ပြောတာတောင် သွားနေချင်သူ မရှိတဲ့ နေရာတွေက ခြံမြေတွေကို သိန်းရာနဲ့ ထောင်နဲ့ချီ ပေးပြီး ၀ယ်တာကို မရောင်းချင်သူ ဘယ်သူရှိပါ့မလဲ။ ဒါသဘာဝပဲ။ အပြစ်တင်လို့လည်း မရဘူး။ မနေ့ကတောင် သန်လျင် သီလ၀ါဆိပ်ကမ်းသွားရာ လမ်းဘေးဝဲယာရှိ လယ်ကွက်တွေကို အ၀ယ်လိုက်နေလို့ တစ်ဧကကို သိန်း ၂၀ လောက်နဲ့ ရောင်းနေကြတယ် ဆိုတဲ့ သတင်းတွေ ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသေးတယ်။

ဇောကြီးလွန်းလို့

နိုင်ငံ တည်ဆောက်စ ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ကြ၊ မြို့ပြဖွံ့ဖြိုးတွေ လုပ်ဆောင်ကြ ဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ် တွေမို့ ဒီသတင်းမျိုးတွေဟာ သိပ်မဆန်းပါဘူး။ ဒါပေမဲ့ စည်းလွတ်ဝါးလွတ်တော့ မဖြစ်စေသင့်ဘူး။ ၁၉၅၀ ဦးပိုင်း ကာလက လွတ်မြောက်လာစ တရုတ်ပြည်မှာ တည်ဆောက်ရေးဇောတွေ ကြီးမားလွန်ကဲပြီး ကျေးလက်ဒေသက အိမ်တိုင်းအိမ်တိုင်းမှာ သံရည်ကျိုဖိုတွေ ရှိရမယ်။ သံတိုသံစတွေ စုဆောင်းရှာဖွေပြီး သံရည်ကျိုလုပ်ငန်း လုပ်ရမယ်။ သံနဲ့သံမဏိ များများ ထုတ်လုပ်နိုင်မှ မြန်မြန် စက်မှုနိုင်ငံကြီး တည်ဆောက်နိုင်မယ် ဆိုတဲ့' မဟာခုန်ပျံကျော်လွှား' (Great Leap Forward) စီမံကိန်းကြီး ချမှတ် လုပ်ဆောင်ခဲ့တာကြောင့် ကသောင်းကနင်း ဖြစ်မှုကြီး ကြောက်စရာကောင်းအောင် ပေါ်ပေါက်ခဲ့ဖူးတယ်။

သင်ခန်းစာယူသင့်

တောက လယ်သမားတွေ လယ်မစိုက်နိုင်တော့ စပါး မထွက်တော့ဘဲ ကြီးမားတဲ့ အငတ်ဘေးကြီး ကြုံတွေ့ခဲ့ရလို့ ပေါ်လစီ အမှားကို အမြန် စွန့်ပစ်ပြီး လယ်ယာစိုက်ပျိုးရေးကို ပြန်ပြီး ဦးစားပေးခဲ့ကြရတယ်။ ဒီအဖြစ်ကို
ကောင်းကောင်း သင်ခန်းစာ ယူသင့်တယ်။ စက်ရုံတွေ ဆောက်ပါ။ မြို့ပြတွေ တည်ဆောက်ပါ။ ဒါပေမယ့် စိုက်ပျိုးနေတဲ့ လယ်ယာတွေ နေရာမှာတော့ မဆောက်သင့်ဘူး။ မြန်မာပြည်မှာ မြေလွတ်မြေရိုင်းတွေ အများကြီး ရှိပါတယ်။
စက်မှုလုပ်ငန်းနဲ့ အိုင်တီလုပ်ငန်းက စိုက်ပျိုးရေး လုပ်ငန်းထက် ပိုအရေးကြီးတယ်လို့ မယူဆသင့်ဘူး။ ''ရွှေမရှိတာက ဘာမှ မဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ်ရောက်မှာ ခင်ဗျ'' ဆိုတဲ့ မာန်လည်က လူငယ်ပြောတဲ့ စကားကိုမျက်ကွယ် ပြုမထားသင့်ဘူး။

ကမ္ဘာမှာ နံပါတ်တစ်

မြန်မာနိုင်ငံသားဟာ ဘိုးစဉ်ဘောင်ဆက်က စိုက်ပျိုးရေးနိုင်ငံ ဖြစ်တယ်။ နယ်ချဲ့ လက်အောက် ကျရောက်နေစဉ် ကာလကတောင် ကမ္ဘာမှာ ဆန်တင်ပို့ ရောင်းချတဲ့ နံပါတ်တစ်နိုင်ငံ ဖြစ်ခဲ့တယ်။ ပတ်ဝန်းကျင် ဒေသ နိုင်ငံတွေ အားလုံးလောက် နီးပါးဟာ အရွယ်အစား ပမာဏအားဖြင့် မြန်မာနိုင်ငံထက် ကြီးမား ကျယ်ဝန်းကြတယ်။ မြေကွက်ဧရိယာ အများကြီး ရှိတယ်။ ဒါပေမဲ့ ရေမြေ အနေအထားနဲ့ ရာသီဥတု အခြေအနေက မြန်မာနိုင်ငံလောက် သပ္ပာယ ဖြစ်ပြီး မျှတတာ မရှိတာကြောင့် ဘယ်နိုင်ငံမှ ကောင်းကောင်း မစိုက်ပျိုးနိုင်ကြဘူး။ စိုက်ပြီးမိုးခေါင်လို့
သရောကြီး ခိုင်းတာနဲ့ ရိတ်သိမ်းခါနီးမှ မြစ်ရေ ချောင်းရေတွေ လျှံတက်လာလို့ ရွာကိုစွန့်ပြီး ကိုယ်လွတ် ရုန်းပြေးရတာနဲ့ အင်မတန် ဒုက္ခ ကြီးမားရှာကြတယ်။

အားလုံးပြိုသွားမယ်

မြန်မာနိုင်ငံမှာတော့ အပူလွန်လို့ အအေးလွန်လို့ လူတွေ အမြောက်အမြား သေကြရတာမျိုး မရှိသလို မိုးခေါင်လွန်းလို့၊ ရေကြီးလွန်းလို့ ဒုက္ခ ရောက်ရတာမျိုးလည်း ကြီးကြီးမားမား၊ များများစားစား မကြုံဖူးပါဘူး။ နာဂစ်ကတော့ ခြွင်းချက်ပေါ့။ နောက် ပြီးတော့ စိုက်ပျိုးရေး လုပ်ငန်းလို့ ပြောတဲ့အခါမှာ တောင်သူလ
ယ်သမားနဲ့ ကောက်စိုက်သမတွေကိုချည်း မြင်နေလို့ မဖြစ်ဘူး။ စိုက်ပျိုးရေးလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြရတဲ့ လူဦးရေဟာ နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စိုက်ပျိုးရေး ယိုင်နဲ့သွားရင် ရန်ကုန် ဘုရင့်နောင်လို ကုန်စည်ဈေးကွက်ကြီး တစ်ခုလုံး ပြိုကျသွားမှာပါ။ တစ်နိုင်ငံလုံးအနှံ့ ရှိနေတဲ့ ဆန်စက်တွေနဲ့ ဆက်စပ် လုပ်ငန်းတွေ၊ လှေသမ္ဗန်နဲ့ သင်္ဘောတွေ၊ မော်တော်ကားတွေလည်း လုပ်စရာ မရှိတော့ဘဲ ဖြစ်ကုန်ကြမှာပါ။

မရှိမဖြစ် လိုအပ်ချက်

အဲဒါကြောင့် မလွဲမသွေ လုပ်ကိုလုပ်ရမယ့် စက်မှု တည်ဆောက်ရေးများ လုပ်တဲ့အခါမှာ စနစ်တကျ စီမံကိန်းချပြီး လုပ်ဖို့ အထူးလိုအပ်တယ်။ ဒါ့အပြင် မမေ့အပ်တဲ့ အချက်တစ်ခုက ဒီမိုကရေစီစနစ် ထူထောင်ရာမှာ တိုင်းသူပြည်သား အားလုံးရဲ့ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်တယ် ဆိုတာ ဖြစ်တယ်။ စိတ်ရောကိုယ်ပါ အားတက်သရော ပါဝင် ဆောင်ရွက်ဖို့ ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ သူတို့အားလုံး အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်နေတယ်။ သူတို့ အကျိုးစီးပွားကို အမြဲတမ်း ကာကွယ် စောင့်ရှောက်ပေးနေတယ်လို့ သံသယ ကင်းကင်းနဲ့ လုံးဝ ယုံကြည် စိတ်ချမှု ရှိနေဖို့ လိုအပ်တယ်။

ကြိုးစားဆဲကာလ

အစိုးရ တစ်ရပ်ဟာ ပြည်သူအများကို လျစ်လျူရှုပြီး လူတစ်စု အဖွဲ့အတွက်သာ လုပ်ဆောင်နေတယ်။ လူတစ်စုတစ်ဖွဲ့ အကျိုးစီးပွားကိုသာ ကာကွယ် စောင့်ရှောက်နေတယ်လို့ ထင်မြင် ယူဆနေရင်တော့ ဘယ်တော့မှ စိတ်ပါလက်ပါ တက်တက်ကြွကြွ ပါဝင်လာမှာ မဟုတ်တာ သေချာတယ်။ ဒီနေ့ လက်ရှိ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အ၀ ရရှိဖို့ ကြိုးစားနေဆဲကာလ ဖြစ်တယ်။ အစိုးရ တာဝန်ရှိသူတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး တရား ဥပဒေကို မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် လိုက်နာ အကောင်အထည် ဖော်ကြဖို့ ပြောကြားနေကြတာ တွေ့ရတယ်။ ဒါအလွန်အရေးကြီးတဲ့ အချက် ဖြစ်တယ်။ တရားဥပဒေဟာ ပြည်သူတွေကို အမြဲတမ်း ကာကွယ် စောင့်ရှောက်တယ်။ မျက်နှာ နှစ်ဖက် မရှိဘူး။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးလို့ သူတို့ အမှန်တကယ် ယုံကြည်လာရင် ဘယ်လို အစိုးရမျိုး မဆို သူတို့ ထောက်ခံကြမှာ ဖြစ်တယ်။

လမ်းဘေးဈေးသည် ရှင်းတဲ့အခါ

ဒီလို အခြေအနေမှာ အဆင့် အသီးသီးက တာဝန်ရှိ ၀န်ထမ်းများဟာ စက်ရုံအလုပ်ရုံ (အစိုးရဖြစ်ဖြစ်၊ ပုဂ္ဂလိက ဖြစ်ဖြစ်) ဆောက်ဖို့ လယ်ယာမြေများ သိမ်းယူတဲ့ အခါ၊ လမ်းဖောက် တံတားဆောက်ဖို့ လူနေအိမ်ခြေများသိမ်းယူတဲ့အခါ၊ ယုတ်စွအဆုံး ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ ရှင်းလင်းတဲ့အခါ ဖြစ်ဖြစ် ဥပဒေဟာ နှစ်မျိုး မရှိဘူး ဆိုတာကို ပြတ်ပြတ်သားသား ပြဖို့ လိုပါလိမ့်မယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာနိုင်ငံသားတစ်ဦးချင်းစီရဲ့အကျိုးစီးပွားကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲမှာ ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းပေးထားခြင်း ဖြစ်တယ်။

မအပ်စပ်ဘူး

ဥပဒေထဲမှာ ပါတယ်ဆိုရုံနဲ့လည်း မပြီးသေးဘူး။ တကယ် လက်တွေ့ ကာကွယ်စောင့်ရှောက်ပေးဖို့ လိုတယ်။ ပလက်ဖောင်းပေါ်မှာ ဈေးမရောင်းရဘူး ဆိုရင် ဘယ်သူမှကို မရောင်းရတာမျိုး ဖြစ်သင့်တယ်။ ဒီမိုကရေစီ စနစ်
အောက်မှာ ပြည်သူပြည်သား အားလုံး တန်းတူညီမျှ အခွင့်အရေး ရှိတယ်။ အခွင့်ထူးခံ လူတန်းစား ဆိုတာ ဒီမိုကရေစီနဲ့ နည်းနည်းလေးမှ မအပ်စပ်ပါဘူး။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြားပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့အတွက် မြို့ပြဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။ ကျေးလက်ဒေသ အခြေခံအဆောက်အအုံကို လျစ်လျူရှုထားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ရာခိုင်နှုန်း နည်းပါးခြင်း၊ လယ်ယာမြေများကို အတင်းအဓမ္မသိမ်းယူခြင်း စတဲ့ အုပ်ချုပ်ရေးယန္တရား လစ်ဟာချက်တွေကြောင့် ကျေးလက်ဆင်းရဲနွမ်းပါးမှုတွေ မြင့်တက်လာပြီး၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေပါ ထပ်ဆင့် မြင့်တက်လာတတ်ပါတယ်။



ကျေးလက်ဆင်းရဲနွမ်းပါးမှုဆိုရာဝယ်

ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၀င်ငွေ၊ အလုပ်အကိုင်၊ အသုံးစရိတ်တွေအားလုံးဟာ စိုက်ပျိုးမွေးမြူရေး၊ တံငါနဲ့ ကျေးလက်အခြေပြု စက်မှုလုပ်ငန်း၊ ၀န်ဆောင်မှု စတာတွေအပေါ်မှာ တည်မှီနေပြီး၊ အများစုကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးရေးကဏ္ဍမှာ တည်မှီနေတဲ့အတွက် စိုက်ပျိုးရေးကဏ္ဍရဲ့ ကြိုတင်မမြင်နိုင်သော အခက်အခဲတွေဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်ရေရှားမှု၊ လေမုန်တိုင်းကျမှု၊ ရေကြီးမှု စတာတွေ ဖြစ်ပွားပြီး၊ လယ်ယာမြေတွေ ပျက်စီးသွားတဲ့ အခြေအနေတွေ ဖြစ်ပွားလာတဲ့အခါ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်လာတတ်ပါတယ်။

ကျေးလက်ဒေသရဲ့ သွင်ပြင်လက္ခဏာတရပ်က လူဦးရေထူထပ်မှု (population density) လျော့နည်းခြင်း ဖြစ်ပါတယ်။ ဒီလို လျော့နည်းမှုတွေဟာ အခြေခံအဆောက်အအုံ (basic infrastructure)၊ ၀န်ဆောင်မှု အားနည်းချက် စတာတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိတာကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေအတွက် အရံအတား ဖြစ်လာစေပါတယ်။ ကျေးလက်ဒေသထုတ်ကုန်တွေကို မြို့ပြကို တင်ပို့တဲ့အခါ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် ကြီးမားတာကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု (market competitiveness) ကျဆင်းလာပါတယ်။ ဒါကြောင့် ကျေးလက်နေပြည်သူတွေရဲ့ assets accumulation နဲ့ income volatility management ကို ထိခိုက်စေပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုမှာ ဆင်းရဲနွမ်းပါးမှု သဏ္ဍာန်တွေကလဲ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ မြို့ကြီးများနဲ့ နီးစပ်တဲ့ ကျေးလက်ဒေသ (Peri-urban areas) တွေမှာ ဈေးကွက်များသို့ ၀င်ရောက်နိုင်မှု အခွင့်အလမ်း များပြားခြင်း၊ အခြေခံအဆောက်အအုံနှင့် ၀န်ဆောင်မှုများရှိခြင်း စတာတွေကြောင့်၊ ဝေးလံခေါင်ဖျား ကျေးလက်ဒေသတွေမှာ ဖြစ်ပွား တတ်တဲ့ ဆင်းရဲနွမ်းပါးမှုသဏ္ဍာန်တွေနဲ့ ကွဲပြားခြားနားပါတယ်။ စစ်မက်ဖြစ်ပွားရာဒေသမှာ နေထိုင်ကြတဲ့ ကျေးလက် ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကလဲ အခြားဒေသတွေထက် ပိုပြီး ဆိုးရွားမှု ရှိနိုင်ပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို ပိုမိုးဆိုးရွားစေတဲ့ အရာတွေကတော့ ဓနရှင်မြေပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ အစိုးရရဲ့ လယ်ယာမြေမူဝါဒဆိုင်ရာ အားနည်းချက်များ၊ လယ်ခွန်၊ ယာခွန် ကောက်ခံမှုများ၊ လယ်ယာမြေများကို မတရားရား သိမ်းယူမှု၊ လယ်ယာထုတ်ကုန်များကို လက်ဝါးကြီးအုပ်မှု စတာတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ rural dualism ပြဿနာကြောင့် ကျေးလက်နေပြည်သူအများအပြား အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမား၊ ယာသမားတွေနဲ့ subsistence farming system အပြင် မြေပိုင်ရှင်ကြီးတွေနဲ့ commercial production system တွေကပါ အတူတကွ ယှဉ်တွဲတည်ရှိနေပါတယ်။


အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ လယ်သမား၊ ယာသမားတွေဟာ အရင်းရှင်၊ မြေရှင်တွေ၊ ငွေတိုး ချေးစားသူတွေရဲ့သွေးစုပ်ခြယ်လှယ် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခါးစည်းခံရကြရတာပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေ ဆိုးတွေကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဗျူရိုကရက်ယန္တရားက အားဖြည့်လိုက်တဲ့အခါ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေဟာ ဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်ဖို့ ခဲယဉ်းလာကြရပါတော့တယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း၊ ဥပဒေဘက်တော်သားများက မြေရှင်၊ အရင်းရှင်များဘက်မှ ဘက်လိုက်ခြင်း၊ ဆင်းရဲနွမ်းပါးသူများရဲ့ အသံများကို အလေးမထားခြင်း၊ ပြည်ပပို့ကုန်များအား ဦးစားပေးစိုက်ပျိုးစေခြင်း စတာတွေဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာလည်နေစေတဲ့ အကြောင်းတရားတွေပါပဲ။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများ

(၁) စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိခြင်းအားဖြင့် စိုက်ပျိုးရေးမဟုတ်သော အခြားကဏ္ဍများရဲ့ တိုးတက်ရေးကို stimulate လုပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ agroindustries တွေကနေ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အစားအစာ ဈေးနှုန်းများ ကျဆင်းစေခြင်း၊ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့အခြေချနေထိုင်မှုနှုန်းကို လျှော့ချပေးခြင်း စတာတွေကြောင့် မြို့ပြဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပေမယ့်၊ ထိရောက်စွာ လျှော့ချပေးနိုင်ရေးအတွက် အခြေအနေအချို့ကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုကို အာရုံစိုက်ခြင်းအားဖြင့် မြေယာဈေးကွက် (land markets) နဲ့ အရင်းအနှီးဈေးကွက် (Capital markets) တွေကို ထိခိုက်စေခြင်း မရှိရပါဘူး။ အရင်းအနှီးဈေးကွက်ကို ဖိနှိပ်မှုတွေ လုပ်လာတဲ့အခါ ဈေးကွက်ကို ထိခိုက်ပြီး ဖွံ့ဖြိုး တိုးတက်ရေးကို နှောင့်နှေးစေတတ်ပါတယ်။

ဈေးနှုန်း၊ အခွန်ကောက်ခံမှုနဲ့ ငွေလဲလှယ်နှုန်းဆိုင်ရာ မူဝါဒတွေကို စိုက်ပျိုးရေးကဏ္ဍတွေကို penalize လုပ်ခြင်း မရှိရပါဘူး။ ကျေးလက်ဒေသရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ပေးဖို့နဲ့ ကျေးလက်ဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်ငံလုံးအနှံ့ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဆင်းရဲ နွမ်းပါးသူတွေအတွက် safety nets တွေနဲ့ လူမှုထောက်ကူပြု အစီအစဉ်တွေကိုလဲ ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒတွေ ချမှတ်ရာမှာ ဈေးကွက်နဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ အချက်အလက်တွေကို ပဏာမထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေနဲ့ သက်ဆိုင်တဲ့ ဈေးကွက်တွေမှာ ထုတ်ကုန် (products), inputs နဲ့ ဘဏ္ဍာရေးဆိုပြီး ဈေးကွက် (၃) မျိုး ပါဝင်ပါတယ်။ အခြေခံ အဆောက်အအုံ ဆိုရာမှာ စီးပွားရေးအဆောက်အအုံ (လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးပေးရေး) နဲ့ လူမှုရေးအဆောက်အအုံ (ကျန်းမာရေး၊ ပညာရေး၊ ရေအလုံအလောက် ရရှိရေး) စတာတွေ ပါဝင်ပါတယ်။

ဒီအချက်အလက်တွေအပြင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေကို မိမိပိုင်လယ်ယာမြေအနည်းငယ်ကို ထွန်ယက် စိုက်ပျိုးသူများ၊ အခြားသူများ ပိုင်ဆိုင်သော လယ်ယာမြေများကို ငှားရမ်းပြီး ထွန်ယက်စိုက်ပျိုးသူများ၊ farm sector နှင့် non-farm sectors များတွင် အလုပ်လုပ်ကိုင်နေရသော မြေယာမဲ့အလုပ်သမားများ နဲ့ အမျိုးသမီးများ စတဲ့ အုပ်စုကြီး လေးမျိုး ခွဲခြားပြီး၊ အုပ်စုတခုချင်းစီအလိုက် သင့်လျော်မယ့် မူဝါဒတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

(၂) Land Inequality လျှော့ချခြင်း

မြေယာမဲ့ခြင်းနဲ့ လယ်ယာမြေအလုံအလောက်မရှိခြင်းတို့ဟာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းတခုဖြစ်ပါတယ်။ လယ်ယာမြေ အရည်အသွေး၊ အကြွေးရယူနိုင်မှုနှင့် ဈေးကွက်အခွင့်အလမ်းများ နည်းပါးခြင်း၊ ပြည်သူ့ရေးရာဝန်ဆောင်မှု အားနည်းခြင်း စတာတွေလဲ ပါဝင်ပေမယ့် land inequality ကတော့ predominant feature ဖြစ်ပါတယ်။ land inequality လျှော့ချခြင်း၊ မြေယာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ share-cropping tenancy contracts တွေကို စနစ်တကျ စီမံဆောင်ရွက်ခြင်း စတာတွေ ရှိမှသာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၃) Microfinance (အသေးစားငွေချေး) စနစ် ကျင့်သုံးခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူ အများစုဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အလုပ်အကိုင်တွေပေါ်မှာပဲ မှီခိုနေကြရပါတယ်။ အိမ်ထောင်စုဝင်ငွေ နည်းပါးပြီး၊ ၀င်ငွေရဖို့ ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ဓနရှင်၊ မြေရှင်၊ ကုန်သည်ပွဲစားတွေဆီက အကြွေးရယူသုံးစွဲရပြီး၊ ၀င်ငွေ ရလာချိန်မှာ အကြွေးတွေကို ပြန်ဆပ်ရတာကြောင့် ကြွေးယူသံသရာထဲကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ဒါကို ဓနရှင်၊ မြေရှင်တွေက အခွင့်ကောင်းယူပြီး အဆမတန် များပြားလှတဲ့ အတိုးနှုန်းတွေနဲ့ သွေးစုပ်ချယ်လှယ်ကြတာကြောင့် လယ်သမား၊ ယာသမားတွေဟာ နင်းပြားဘ၀ကို ကျရောက် ကြရပြန်ပါတယ်။ ဒီလို ဂုပ်သွေးစုပ်နေသူတွေ လျော့နည်းစေရေးအတွက် ကျေးလက်ဒေသမှာ Micro Finance Institutions (MFI) တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အသေးစားငွေချေးစနစ်ကို လူ့အဖွဲ့အစည်းအခြေပြု အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် target groups တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ပါတယ်။

(၄) အခြေခံအဆောက်အအုံ (Infrastructure) ဖွံ့ဖြိုးတိုးတက်မှု

ကျေးလက်ဒေသရဲ့ အခြေခံစီးပွားရေးအဆောက်အအုံနဲ့ လူမှုရေးအဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုခြင်းဟာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်ထွန်းလာစေနိုင်ပါတယ်။ ဒီလို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို၊ လူမှုရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းဖို့ လိုအပ်ပါတယ်။

စာတတ်မြောက်နှုန်း မြင့်မားရေး၊ မူလတန်းကျောင်းများ ကျေးရွာအနှံ့ ပေါ်ထွက်လာရေး၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေး ကူညီစောင့်ရှောက်မှုများ (ဥပမာ- အခမဲ့ကျောင်းကားများ ထားရှိရေး၊ ခရီးသည်တင်ကားများအား အခမဲ့ စီးနင်းခွင့် ရရှိရေး စသည်)၊ ကျေးလက်ဒေသ ဆရာ၊ ဆရာမများ အတွက် လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးခြင်းဖြင့် ဆရာ၊ ဆရာမ ရှားပါးမှု ပြဿနာများအား ဖြေရှင်းခြင်း၊ ကျေးလက်ဆေးပေးခန်းများ တိုးမြှင့်ဖွင့်လှစ်ရေး၊ ဒေသခံပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်များ ရေးဆွဲချမှတ်ရာတွင် သက်ဆိုင်ရာ ဒေသခံ ပြည်သူများ၏ အကြံဥာဏ်များအား တောင်းယူခြင်း စတာတွေဟာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ကူပြုပါတယ်။

(၅) စိုက်ပျိုးရေးနည်းပညာများအား သုတေသနပြုခြင်းနှင့် ဖြန့်ဖြူးအသုံးပြုခြင်း

စိုက်ပျိုးရေး နည်းပညာ စတာမှာ အများအားဖြင့် မြေယာနှင့် ရေအရင်းအမြစ်၊ ဇီဝဓာတုနဲ့ စက်မှု ဆိုတဲ့ ကဏ္ဍသုံးခု ပါဝင်ပါတယ်။ မြေယာနှင့် ရေအရင်းအမြစ် ကဏ္ဍမှာတော့ မြေဆီလွှာပျက်သုဉ်းမှု လျော့နည်းရေး၊ တသီးစားမှသည် နှစ်သီးစား၊ သုံးသီးစား နိုင်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး စတာတွေ ပါဝင်ပါတယ်။ ဇီဝဓာတု ကဏ္ဍမှာတော့ ဓာတ်မြေသြဇာအသုံးပြုခြင်း၊ သီးနှံအမျိုးအစားသစ်များပေါ်ထွက်ရေး၊ ထုတ်ကုန်များ အရည်အသွေး မြင့်မားရေး စတာတွေ ပါဝင်ပါတယ်။ စက်မှုကဏ္ဍမှာတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကဏ္ဍသို့ တိုးမြှင့်ရေး စတာတွေ ပါဝင်ပါတယ်။ နည်းပညာသစ်များကို လုပ်ငန်းရှင်များ အကူအညီနဲ့ သုတေသန ပြုပြီးတဲ့အခါ အချို့သော လုပ်ငန်းရှင်များက နည်းပညာများကို တောင်သူလယ်သမားများကို ဖြန့်ဖြူးအသုံးချစေခြင်း မရှိပဲ၊ လက်ဝါးကြီးအုပ်ထားတာတွေလဲ ရှိတတ်ပါတယ်။ ဒီလို အခြေအနေတွေ ဖြစ်လာတဲ့အခါ အစိုးရက ၀င်ရောက်စွက်ဖက်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

(၆) အစားအစာ လုံခြုံရေး (Food Security)
အစားအစာ လုံခြုံရေးဟာ ၂၁ရာစု ကမ္ဘာရဲ့ အမျိုးသားလုံခြုံရေး မူဝါဒတွေမှာ ထည့်သွင်းစဉ်းစားလာရတဲ့ အချက်ဖြစ်ပါတယ်။ ဥစ္စာဖြို၊ စားဖိုက ဆိုတဲ့ မြန်မာစကားရှိပါတယ်။ စားဝတ်နေရေးမှာ အစားအစာဟာ အိမ်ထောင်စုဝင်ငွေရဲ့ အများဆုံး ပမာဏကို အမြဲတစေ ဖြိုယူနေတဲ့ အရာဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ ကုန်ဈေးနှုန်း၊ လုပ်ခလက်စာ၊ အလုပ်အကိုင် အတက်အကျတွေ ဖြစ်ပွားလာတဲ့အခါမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ အစားအစာ လုံခြုံရေးကို ထိခိုက်လာစေပါတယ်။ အစာအဟာရ မပြည့်စုံမှုကြောင့် လူသားတွေရဲ့ စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ စွမ်းရည်တွေ ကျဆင်းလာတာနဲ့အမျှ ထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ အစားအစာ လုံခြုံမှု မရှိခြင်း (သို့မဟုတ်) လုံလောက်မျှတမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ negative externalities ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အစားအစာ လုံခြုံရေး မရှိတဲ့အခါ အစားအစာ ကူညီထောက်ပံ့မှု (food subsidies) တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အစားအစာ ကူညီထောက်ပံ့မှု လုပ်နိုင်တဲ့ သဏ္ဍာန်တွေကတော့ ရိက္ခာများ ထုတ်ပေးခြင်း၊ food stamps လို့ခေါ်တဲ့ လူတဦးချင်းစီအလိုက်၊ အိမ်ထောင်စုအလိုက် အစားအစာတွေ ၀ယ်ယူနိုင်တဲ့ ငွေကြေးပမာဏ တခုနှင့် ညီမျှသော အစားအစာ ၀ယ်ယူခွင့် လက်မှတ်များ ထုတ်ပေးခြင်း၊ ကျေးရွာအလိုက် supplementary feeding programs များ ဖော်ဆောင်ခြင်း စတာတွေ ဖြစ်ပါတယ်။

အချို့နိုင်ငံတွေမှာတော့ အိမ်ထောင်စုတခုချင်းစီရဲ့ ၀င်ငွေပေါ် မူတည်ပြီး ၀င်ငွေနည်းပါးသူများကို အစားအစာ ကူညီထောက်ပံ့ပေးမှုတွေ၊ အသက် ငါးနှစ်အောက် ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီထောက်ပံ့ ပေးမှုတွေ၊ ဒေသတခုချင်းအလိုက် လိုအပ်ချက်ပေါ်မှာ မူတည်ပြီး ဖြည့်ဆည်းပေးမှုတွေ ပြုလုပ်ကြပါတယ်။ အစိုးရတွေက ဦးဆောင်တဲ့ လုပ်ငန်းဆောင်တာတွေအပြင် အန်ဂျီအိုတွေနဲ့ အခြားစေတနာရှင်များက ကူညီထောက်ပံ့ပေးမှုတွေလဲ ရှိတတ်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုတာ မြို့ပေါ်က ချမ်းသာသူတွေဆီက အလှူငွေ ကောက်ခံပြီး၊ ကျေးလက်ဒေသ ပြည်သူတွေအတွက် အသုံးပြုခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံတော်က ဦးဆောင်ပြီး သင့်လျော်မယ့် အစိုးရဘတ်ဂျက်များ ချမှတ်အသုံးပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင့်လျော်သော မူဝါဒများ ချမှတ်ခြင်း၊ အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်း၊ land inequality လျှော့ချခြင်း၊ အရပ်ဘက်လူ့အဖွဲ့အစည်း အားကောင်းလာစေခြင်း၊ အစားအစာ လုံခြုံရေးအတွက် အန်ဂျီအိုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ခြင်း၊ မြေရှင်၊ အရင်းရှင်များကို ဘက်လိုက်သော တရားစီရင်ရေး စနစ်များနှင့် ဥပဒေများကို ဖယ်ရှားခြင်း၊ ဘက်လိုက်သော ဥပဒေဘက်တော်သားများကို အရေးယူခြင်း၊ rural dualism ပြဿနာများကို တိုက်ဖျက်ခြင်း၊ ဗျူရိုကရက် မြေရှင်စနစ်ကို ဖယ်ရှားခြင်း စသည့် မူဝါဒများ၊ လုပ်ငန်းဆောင်တာများဖြင့်သာ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု သံသရာစက်ဝန်းကို ရပ်တန့်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၈၊ ၂၀၁၁)

ရည်ညွှန်းကိုးကား။

Behrman, J. (1993) “Macroeconomic policies and Rural Poverty: Issues and Research Strategies”, in Quibria, M.G. (ed) Rural Poverty in Asia, Oxford University Press, Hong Kong

Ashley, C. and S. Maxwell (2001) ‘Rethinking Rural Development’, Development Policy Review, 19 (4), Overseas Development Institute, London

Lipton, M. (2004) ‘New directions for agriculture in reducing poverty: the DFID initiative’.

Marsh, S. P. and T. G. Macaulay (2002) ‘Land reform and the development of commercial agriculture in Vietnam: policy and issues’, Agribusiness Review, Volume 10.
နိဂုံး

နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည် စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊ အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊ မဆုပ်ကိုင်ထား ဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမ မွှေထားသည့် အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး ခြောက်ခု ထွက်ပေါ်လာပါသည်။

(၁) Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့် လမ်းစဉ်များဖြစ်သော လူထုလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲများကို ဖော်ဆောင်ကာ ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရ အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ။

(၂) Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ၀င်ရောက်ပြီး၊ တစတစ ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ။

(၃) Political Liberalization မှ democratic consolidation ဖြစ်အောင် ပြောင်းလဲ တည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင် တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ။

(၄) ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင် အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့ ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ။

(၅) Initial transition အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်းမရှိ၊ political liberalization အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်း မရှိသော ရောသမမွှေများ

(၆) political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ။

အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက် ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၄င်းတို့ ရူးကြောင်းကို လူထုက သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။

ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု လူအများက မြင်ထားလေ့ရှိသော်လည်း ထိုသူများသည် initial transition ၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ လူထုလှုပ်ရှားမှု လမ်းစဉ်များ၊ တော်လှန်ရေး လမ်းစဉ်များကိုလဲ လက်ခံယုံကြည် ဖော်ဆောင်ခြင်း မရှိကြ။ political liberalization အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင် political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။ ယင်းသို့ ကြိုးပမ်း၍ တော်လှန်ရေးပေါ်ပေါက်လာစေပြီး initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည် ဖြစ်လာပြန်သည်။

ယင်းသို့ဆိုလျှင် မည်သို့သော Civil Society ကို တည်ဆောက်ရမည်လဲဆိုသည်က မေးစရာရှိလာသည်။ အင်အားစုတိုင်း အင်အားဖြစ်သည် မဟုတ်ပါ။ တိုက်ခိုက်ရေးအင်အားနှင့် ထူထောင်ရေး အင်အားအတွက် တည်ဆောက်မှုသဏ္ဍာန်၊ ပြင်ဆင်မှု သဏ္ဍာန် မတူညီနိုင်ပါ။ evolution အတွေးအခေါ်အရ ပေါ်ထွက်လာသော အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု (collaboration) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအကြားတွင် စေ့စပ်ညှိနှိုင်းပေးမှု (Mediation) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် ပတ်သက်ခြင်း မရှိသော autonomous model ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ သို့တည်းမဟုတ် နောင်ချိန်ခါ revolution တရပ်အတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု (confrontational model) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား ဆိုသည်ကို ကွဲပြားစွာ သိဖို့ လိုအပ်လာပါသည်။

သို့မဟုတ်လျှင် အတွေးအခေါ်ရှုပ်ထွေးမှုများဖြစ်၍ အင်အားစုသော်လည်း အင်အား မဖြစ်ထွန်းပဲ ဖြစ်သွားတတ်သည်။ အခြေအနေအရ လိုသလို ပြောင်းယူလို့ရသည့် အင်အားဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ဖောင်တိန်ကိုင်သူများကို ချက်ချင်း သေနတ်ကိုင်ခိုင်းလို့ မရ။ သေနတ်ကိုင်နေသူများကို ချက်ချင်း ဖောင်တိန်ကိုင်ခိုင်းလို့မရ။ တူကိုင်နေသူများကို ချက်ချင်းဓားကိုင်ခိုင်းလို့မရ။ ဓားရေး ကျွမ်းနေသူများကို ချက်ချင်း တူကိုင်ခိုင်းလို့မရ။ ပြန်လည်ပြင်ဆင်လေ့ကျင့်ယူရပြန်သည်။ လေ့ကျင့်နေဆဲမှာပဲ အင်အားက ပြန်ကွဲထွက်သွားပြီး၊ အခြေအနေနှင့် သဟဇာတ မတည့်ပဲ ပြန်ဖြစ်သွားတတ်ပြန်သည်။

အလုပ်နှင့် အတွေးအခေါ်များကို ရောသမမွှေလိုက်လျှင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါသည်။ ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း၊ ရှေ့ဆက်မသွားပဲ ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊ ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည် လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊ မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ဘာလုပ်ရမည်မှန်းလဲ မသိ၊ ခရီးမတွင်ပဲ ဖြစ်ကြရတော့သည်။ ပိုဆိုးသည်က revolution နှင့် evolution အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားလိုက်လျှင် Initial Transition အတွေးအခေါ်က ဦးဆောင်သည့် လမ်းများမှာလဲ ဖြောင့်ဖြောင့်တန်းတန်းမရှိ၊ political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်သဏ္ဍာန် ဖြစ်လာတတ်ပါသည်။

အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း။

အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ် ကံကြမ္မာအတွက် အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန် စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့ ၀င်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့် ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ၀င်ရ၀င်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့် သက်သေပြ၍ ဖျောက်ဖျက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။

ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များေ၀၀ါးနေတတ်သဖြင့် ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


ခင်မမမျိုး (၂၇၊ ၁၀၊ ၂၀၁၀)

(စာကြွင်း (၁)- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည် ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊ လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ် တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်။


စာကြွင်း (၂)- မူရင်းဆောင်းပါး၏ နိဂုံးအား စာနှစ်ပိုဒ် ထပ်မံ ဖြည့်စွက်ထားပြီး (၂၅၊ ၇၊ ၂၀၁၁) တွင် ပြန်လည်ဖြန့်ဝေပါသည်။)


ရည်ညွှန်းကိုးကား

ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.


Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American Economic Review 81 (5), 1170-1188.


Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.


Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral Wars. Ithaca, NY: Cornell University Press


Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:

Cambridge University Press.


Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.


Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies

Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.


Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.


CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S. Strategy,” Foreign Affairs, 75: 33-51.


Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics. New York, NY: Penguin Books.


Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America. Baltimore: Johns Hopkins University Press.


GALA, Amin A. (1995): Egypt's Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J. Brill.


Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.


Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa. Princeton: Princeton University Press.


KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.


LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.


Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.


Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers


Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge


Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.


Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.


Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),

385-410.


Wolff, Holger C. (1999), Transition Strategies: Choices and Outcomes, Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.
Rohingya Exodus