မီဒီယာ၊ စစ်တပ်နှင့်ရခိုင်ပဋိပက္ခ
မြန်မာနိုင်ငံမှာနှစ်ပေါင်းခြောက်ဆယ်ကျော်အဖိနှိပ်ခံခဲ့ရသည့်မီဒီယာများလွတ်လပ်ခွင့်ရသည့်အခါ အ များမျှော် လင့်ထား သကဲ့ သို့ဖြစ် မလာပဲ နိမိတ်မကောင်းသည့် ဘက်သို့ဦးတည်နေ သည်ကိုလွန်ခဲ့ သည့် ရက် သတ္တ ပတ် ကတွေ့လိုက်ရသည်။
အသစ်ပုံနှိပ်ထုတ်ဝေမှုများတွင်ဘက်လိုက်ခြင်း၊ အမျိုးသားရေးအစွန်းရောက်ခြင်းနှင့် အခွင့်အရေး အားလုံးရုပ်သိမ်းခံထားရသည့် အစိုးရ၊ တိုင်းရင်းသား ရခိုင်နှင့်မြန်မာများ ၏မုန်းတီး စက်ဆုပ်ခြင်း ကိုရထားသောရိုဟင်ဂျာများအကြောင်းကိုပွင့်ပွင့်လင်းလင်းရေးသားနေသည်။
ထိုင်းနိုင်ငံရှိချင်းမိုင်တက္ကသိုလ်မှလာမည့်ကြာသပတေးနေ့တွင်ဆွေးနွေးပွဲစကားဝိုင်းတစ်ခုပြုလုပ်ရန်စီစဉ်လျက်ရှိပြီး၊ မြန်မာနိုင်ငံ၏ ပြောင်းလဲဖြစ်ပေါ် နေသောမီဒီယာအနေအထားကို ဧရာဝတီ သတင်းဌာ နမှအယ်ဒီတာချုပ်အောင်ဇော်နှင့် Yangon Press International ကိုတွဲဖက်တည် ထောင် သူမွန်မွန်မြတ် တို့မှအဓိကပြောကြားသူများပါဝင်မည်ဖြစ်သည်။ ဤဆွေးနွေးပွဲတွင်မြန်မာနိုင်ငံ၏မီဒီယာများရောက်ရှိ နေသောစိုးရိမ်စရာလမ်းကြောင်းနှင့်ပတ်သက်၍အချိန်မှီမေးခွန်းများထုတ်၍လေးလေးနက်နက်ဆွေးနွေး မည်ဖြစ် သည်။
လွတ်လပ်လာခဲ့သောမီဒီယာအသစ်စက်စက်များ၊ အထူးသဖြင့်ပြည် တွင်းနှင့်မြန်မာ ဘာသာဖြင့် ထုတ်ဝေသောဂျာနယ်များသည် ရိုဟင်ဂျာများ ကိုနိုင်ငံ တွင်းနှစ်ပေါင်း ရာနှင့်ချီ ၍နေထိုင် လာ ခဲ့သော် လည်း၊ ထိုရိုဟင်ဂျာများအားနိုင်ငံခြားသားဟူ၍နိုင်ငံသားများနှင့်ယှဉ်ကာ လက်ရှိဖြစ်ပွား နေသော ရခိုင်အရေးအခင်းတွင်ဘောင်ခတ်ကာ ပြည်တွင်းတွင် သတင်းဆိုးဖြင့်ကျော် ကြားနေသော စစ်တပ် ၏ ပုံရိပ်ကို အကောင်းဘက်သို့ပို့နေ သည်။ ဤအပြု အမှု သည်နှစ်ပေါင်း ၆၀ ကျော်ဖိနှိပ်၍ အုပ် ချုပ်ခဲ့သော စစ်တပ်ကိုမေ့ပျောက်၍ လူမျိုး၊ ဘာ သာနှင့်နိုင်ငံ ကိုကာ ကွယ်ရန် မြန်မာနိုင်ငံပြည် သူပြည် သား များမှဖိတ်ခေါ်နေသကဲ့သို့ဖြစ်သည်။
ရခိုင်အရေးအခင်းစတင်သည့် ဇွန်လ (၈) ရက်နေ့တွင်မီဒီယာများမှ ရိုဟင်ဂျာများကို ဘင်္ဂလီများ၊ နိုင်ငံကို ကျူးကျော်လာသူများနှင့်တရားမ၀င် လာရောက်အခြေချသူများဟုစတင်ခေါ်ဝေါ်ခဲ့သည်။ ဘင်္ဂလီနိုင်ငံခြားသားများမှနိုင်ငံကိုတိုက်ခိုက်လာသည့်ပုံစံသွင်း၍ ပြည်သူပြည်သားများ အားလုံးကို ရိုဟင်ဂျာနှင့်ဆက်နွယ်၍တစ်ဖက်သို့သိမ်းသွင်းခဲ့သည်။
အရေးအခင်းစတင်ဖြစ်သည့်နေ့မှစ၍မြန်မာနိုင်ငံမှဂျာနယ်များအပြိုင်အဆိုင်သတင်းများကိုအတိုအထွာပင် လျှင်အချိန်နှင့်အမျှမကြာခဏဆို သလိုနောက်ဆုံးသတင်းများအဖြစ်လွှင့်ထုတ်ခဲ့သည်။ အထင် ရှားဆုံး သတင်းဌာနများမှာ The Weekly Eleven, The Voice Weekly, Yangon Media Group, 7Days News နှင့် Popular Myanmar News တို့ဖြစ်သည်။ ဒါကာမြို့အခြေစိုက် Narinjara သတင်းဌာနသည် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုတွင်အရေးပါသောမီဒီယာဖြစ်သည်။
ထိုမီဒီယာများ၏အစီရင်ခံမှုများသည်နိုင်ငံတကာစံချိန်စံညွန်းနှင့်ဆန့်ကျင်နေသည်။ နိုင်ငံတကာ ဖဒရယ်စာနယ်ဇင်းမှ လူမျိုးရေးနှင့်ဘာသာရေး ခွဲခြားမှုများကိုဆန့်ကျင်သည်။ သည်းခံနိုင် မှုပျောက်ဆုံးအောင်နှင့်အရေးအခင်းဖြစ်ပွားအောင် (သို့မဟုတ်) ၀ါဒဖြန့်ချီမှုများကိုရှုံ့ချသည်။ မြန်မာမီဒီ ယာများသည်ဆန့်ကျင်ဘက်မှုများကိုအပြည့်အ၀ပြုလုပ်ခဲ့ပြီး၊ အရေးအခင်းတွင်မီးလောင်ရာလေပင့်ခဲ့သည်။
ထိုမီဒီယာများ၏ Facebook စာမျက်နှာများတွင် အတည်မပြုရသေးသော၊ အထောက်အထား အခိုင်အလုံမရှိသောသတင်းများတင်၍ ဖြန့်ချီကြ သည်။ ဥပမာအားဖြင့် - ပညာရှိဆန်သော အဖွဲ့အစည်း တစ်ခုဖြစ်သော Myanmar E-gress ၏ပုံနှိပ်ထုတ်ဝေရေးလက်နက်ဖြစ်သော The Voice Weekly မှ စေတီရှေ့တွင်ခေါင်းလောင်း မြည်နေသည်ဟု အဓိပ္ပာယ်ရသော စာတစ်ကြောင်းရေး သား၍လွှင့် တင်ခဲ့သည်။ ထိုစာတကြောင်း ကြောင့်စာဖတ် ပရိသတ်များမှာ မည်ကဲ့သို့အဖြစ် အပျက်များဖြစ်နေ သည်ကိုစိုးရိမ်ကြောင့်ကြပူပန်မှုပေါင်းစုံဖြစ်ခဲ့ရသည်။ ရိုဟင်ဂျာများမှ သောက်ရေ ကန်ထဲသို့ အဆိတ်ခတ် သည်ဟူသောအတည်ပြု၍မရသောသတင်းများကိုလွှင့်တင်ခဲ့သည်။ စာဖတ်ပရိသတ် များ မှာဒေါသထွက်၍ “အကုန်လုံးသတ်ပစ်” ဟူ၍ပြန်လည်ရေးသားခဲ့ကြသည်။ ဂျာနယ် များမှ ရိုဟင်ဂျာများ ကို ဘင်္ဂလီအကြမ်း ဖက်သမားများဟုအချိန်တိုင်းတွင် ရေးသားခဲ့သည်။
၅ မိနစ်၊၁၀ မိနစ်တစ်ကြိမ်ကျစီ ကျူးကျော်လာသူများ၊ မတရားမ၀င်အခြေချနေထိုင်လာသူများ၊ နိုင်ငံခြားသားများဖြစ်သောရိုဟင်ဂျာများမှ ရခိုင်ရွာဘယ်နှစ်ရွာအားမီးရှို့လိုက်ပြီးဖြစ်ကြောင်း၊ ရခိုင်ဘယ်နှစ်ယောက် ကိုသတ်ပစ်လိုက်ပြီးဖြစ်ကြောင်းရေးသားလွှင့်တင်ခဲ့ကြသည်။
သတင်းများအားလုံးသည် ရခိုင်ဗုဒ္ဓဘာသာဝင်များဒုက္ခခံစားနေရသည့် အထူးသီးသန့် သတင်းများ သာဖြစ်ခဲ့သည်။ မီဒီယာများမှရိုဟင်ဂျာ ကလေး၊ လူကြီး၊ အမျိုးသမီး ၁၀ ယောက်သေ သည့်သတင်း၊ အိမ် များနှင့်ဗလီများမီးရှို့ခံရသည့်သတင်းများရေးသားခဲ့ခြင်းမပြုခဲ့ပေ။
မီဒီယာများသည်လုံခြုံရေးတပ်ဖွဲ့ဝင်များမှမြို့များကိုကျူးကျော်ဝင်ရောက်လာသောရိုဟင်ဂျာအုပ်စုများရန်မှအောင်မြင်စွာကာကွယ်နိုင်ပြီးဖြစ် ကြောင်းရေးသားဖြန့်ချီခဲ့ပြန်သည်။ ထိုရိုဟင်ဂျာအုပ်စုများမှာ အကြမ်းဖက်မှုများကိုရှောင်ကွင်း၍တိမ်းရှောင်နေသူများ (သို့မဟုတ်) အကြမ်းဖက်မှု တွင်ပါဝင် တိုက်ခိုက်နေသူများ ဆိုသည်ကိုရှင်းလင်းခဲ့ခြင်းမရှိခဲ့ချေ။
ထိုမီဒီယာများ၏တရားဝင်စိတ်ကူးသည် အမျိုးသားရေးစိတ်ဓါတ်၊ နိုင်ငံလုံခြုံရေးနှင့် ကျူးကျော် လာသော ဘင်္ဂလီများ၏နိုင်ငံနှင့်တိုင်းရင်းသား ညီအစ် ကိုမောင်နှမ များကိုတိုက်ခိုက် သည့်ရန် ကို အခြေခံသည်။
ရိုဟင်ဂျာလူငယ်မှအိမ်နီးချင်းများသို့တိုက်ခိုက်နေပုံများသာလွှင့်တင်ခဲ့သည်။ ရခိုင်များမှာ အိမ်များကိုမီးရှို့နေသည့်ပုံ၊ ဓါးရှည်များကိုင်ဆောင် သည့်ပုံများကိုမူ မိမိကိုယ် ကိုမိမိကာ ကွယ်နေ သည် ဟုရိုးစင်းစွာရေးသားခဲ့ကြသည်။
မီဒီယာများအမျိုးသားရေးအရကာကွယ်နေရသည့်ပုံစံဖြင့်နိုင်ငံတကာအသိုင်းအ၀ိုင်းကိုပုံသွင်း၍ကြိုးစားခဲ့သည်။ ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှား မှုကိုရှေ့တန်းမှဦးဆောင်သော The Weekly Eleven အမျိုးသားရေး အစွန်းရောက်မီဒီယာမှ နိုင်ငံတကာသတင်းဌာနများကိုအင်္ဂလိပ်ဘာသာ ဖြင့်ဖြန့်ဝေခဲ့သည်။ Asia News Network မှပေးပို့သောသတင်းများရေးသားသောအခါ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့သည်။
The Weekly Eleven မှနိုင်ငံခြားမီဒီယာများကို မြန်မာနိုင်ငံ၏ ပုံရိပ်နှင့်ပြည် သူပြည်သား များ၏ဂုဏ် သိက္ခာ ကျဆင်းအောင် ရခိုင်နှင့်ဘင်္ဂလီ ရိုဟင်ဂျာများ အကြားဖြစ် ပွားနေသော ပဋိပက္ခ ကိုတစ် ဖက် သတ် ဘက်လိုက်ရေးသားနေသည်ဟုစွပ်စွဲခဲ့သည်။
Thomas Fuller မှနယူးယောက်တိုင်းမ်သတင်းစာကြီးတွင်တုံ့ပြန်ရေးသားရာတွင် - နိုင်ငံ၏ အကြီးမားဆုံးအပတ်စဉ်ထုတ်သတင်းစားများမှ တစ်စောင်ဖြစ်သည့် Eleven Media Group ၏ အွန်လိုင်း စာမျက်နှာပေါ်တွင် မွတ်စလင်များကိုမုန်းတီးသည့်စာများကို စာဖတ်သူများမှရူးရူး မူးမူးရေး သားနေသည့် အရှိန်မှာအလွန်မြင့်မားလာကြောင်း - ရေးသားခဲ့သည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသောအရေးအခင်းသည်နိုင်ငံတကာသတင်းဌာနများဖြစ်သော ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီနှင့် ဧရာဝတီတို့ကိုခက်ခဲသောအခြေအနေသို့ပို့ခဲ့သည်။
ထိုနိုင်ငံတကာမီဒီယာများ၏ သတင်းသမားများအများစုမှာရိုဟင်ဂျာဆန့်ကျင်သူများဖြစ်သည်။ နိုင်ငံတကာစံချိန်စံညွန်းနှင့်ဝိုင်းရံထားသော ကြောင့် ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကိုပွင့်ပွင့် လင်း လင်း လုပ်ခွင့်မရကြပေ။ ထိုကြောင့်ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားသူများမှ ထိုသတင်း သမားများကို လာဘ်စား၍နိုင်ငံကိုရောင်းစားနေသူဟုစွပ်စွဲကြသည်။
သို့သော်ဤအရေးအခင်းတွင်မည်သူအနိုင်ရရှိခဲ့သနည်း။
အစိုးရနှင့်စစ်တပ်သည် ရာပေါင်းများစွာသော လှည့်စားခံရသူများရှေ့မှောက်တွင် အကျိုးအမြတ် ရရှိသွားသည့်အပြင်ပိုမို၍ထင်ပေါ်ကျော် ကြားလာနေသည်။ နိုင်ငံတော် သမ္မတရုံး အကြီးတန်း ၀န်ထမ်း တစ်ဦးဖြစ်သည့် ဗိုလ်မှူးဟောင်းဇော်ဌေး (ခ) မှူးဇော်၏လှုပ်ရှားမှုများသည် အရာထင်လာခဲ့သည်။
အကြမ်းဖက်မှုကြီးဖြစ်ပွားသည့်နေရာသည်ဆက်သွယ်ရန်မလွယ်ကူသောနေရာဖြစ်သောကြောင့်စာနယ်ဇင်းသမားများအလွယ်တကူရောက်ရှိ ရန်မလွယ်သည့်အချိန်တွင် မှူးဇော်သည် မီဒီယာများ ကိုဇာတ်လမ်းများဖန်တီး၍ပေးခဲ့သည်။ သူသည်မကြာခဏရခိုင်ပဋိပက္ခကိုသူ၏ Facebook တွင်ရေးသား လွှင့်တင်ခဲ့သည်။ မီဒီယာများသည်သူမှတဆင့်ကူးယူ၍ဖြန့်ချီခဲ့ကြသည်။
မှူးဇော်သည်လွန်မြန်စွာကျော်ကြားလာပြီး အစိုးရ၏ လုပ်ငန်းစဉ်များနှင့် အရေးအခင်းနှင့် ပတ်သက်၍တွန်းအားဖြစ်စေမည့်စာများကို သူ၏ Facebook ရှိ ၉၉၀၉ subscribers နှင့် သူငယ်ချင်း ၅၀၀၄ ယောက် ကိုဖြန့်ချီခဲ့သည်။ မှူးဇော်သည်နိုင်ငံတော်လုံခြုံရေးခေါင်းစဉ်တပ်၍ ၀ါဒဖြန့် ချီခဲ့သည်။ အကယ်၍ ထိရောက်စွာအရေးမယူနိုင်ခဲ့လျှင် နိုင်ငံတော်၏ အချုပ်အချာ အာဏာကို ထိပါးလာလိမ့် မည်ဟုရှင်း လင်းစွာရေးသားဖော်ပြ ခဲ့သည်။ အစိုးရမှထိုသို့မဖြစ်ပွားရန် အကောင်း ဆုံးကြိုး စားနေ သည် ဟုရေးသားခဲ့သည်။
အမေရိကန်နိုင်ငံသို့လည်ပတ်စဉ်အတွင်း (၄-၇-၂၀၁၂) နေ့တွင်မှူးဇော်မှ - ယနေ့လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့နှင့်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှရှင်းလင်းစွာပြောကြားခဲ့သည်။ အကယ်၍ အမေရိကန်အပါအ၀င်နိုင်ငံအချို့မှရိုဟင်ဂျာ (နိုင်ငံမဲ့လူများ) ကိုလက်ခံ နိုင်လျှင်ကျွန်ုပ် တို့မှသင်္ဘော (သို့မဟုတ်) အခြားသောလမ်းများဖြင့်သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးကို နားလည်ပါကြောင်း၊ သို့သော်နိုင်ငံလုံခြုံရေးကိုအလေးထားပါကြောင်း - ရေးသားခဲ့သည်။
မှူးဇော်၏ပရိသတ်များမှထောက်ခံကြောင်းနှင့်ချီးမြှောက်၍စာပြန်ရေးသားခဲ့ကြသည်။ (၁၀-၇-၂၀၁၂) နေ့ထိ ၉၂၁ယောက်မှထိုစာကိုကြိုက်နှစ် သက်ကြောင်း “Like” လုပ်ခဲ့သည်။
အစောပိုင်းတွင် ရန်ကုန်အခြေစိုက်အပတ်စဉ်ထုတ်ဝေသောကုမုဒြာဂျာနယ်မှ အမျိုးသားစာပုံနှိပ် ဆုရသတင်း သမားတစ်ဦးဖြစ်သည့် နှင်းရတနာဇော်မှသူမ၏ Facebook Wall တွင် - လုံးဝထောက်ခံ၊ အားပေး၊ ကြိုက်နှစ်သက်ပါသည် မှူးဇော် - ဟုရေးသားခဲ့သည်။
အစိုးရ၊ စစ်တပ်နှင့်ရဲများ သည်နိုင်ငံနှင့်အချုပ် အခြာအာဏာကိုကာကွယ်စောင့်ရှောက် သည့် အ မည်ဖြင့်အောင်မြင်ကျော်ကြားမှုကိုအကျိုး အမြတ်အဖြစ်ရရှိနေပြီဖြစ်သည်။ စစ်တပ် အားမီးလောင်နေ သည့် နယ်မြေများကို ကိုင်တွယ်ထိန်းချုပ်ရန်ခေါ်နေရပြီဖြစ်သည်။
Facebook အသုံးပြုသူတစ်ဦးမှ မှူးဇော်၏အထက်ပါရေးသားချက်အောက်တွင်ရေးသားရာ၌ - အစိုးရ မှမြန် မာပြည် သူပြည်သားများအားလုံး၏ တကယ့်လိုလားချက်ကိုဖြည့်ပေးပြီးဖြစ်သည်။ မီး ၂၄ နာရီ မလာ လျှင်သော်လည်းကောင်း၊ ကုန်ဈေးနှုန်းမြင့်တက်၍သော်လည်းကောင်း၊ မချမ်းသာသေး သည့် တိုင်နေနိုင်ကြောင်းနှင့် အစိုးရအား ချစ်ခင်လေးစား သွားရခြင်းအကြောင်း မှာခွေးဘင်္ဂလီများ ကိုမောင်း ထုတ်နိုင်ခဲ့သော ကြောင့်ဖြစ်သည် - ဟုပါဝင်သည်။
အကျဉ်းချုံး၍ဖော်ပြရလျှင်ရခိုင်အကြမ်းဖက်မှုကြီးသည် မြန်မာများပြောသကဲ့သို့ - ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်အားပစ်လိုက်ခြင်း - ဖြစ်သည်။ ငှက်နှစ်ကောင်တည်းမဟုတ်ပေ။ သုံးကောင်ဖြစ်ပါသည်။ ရိုဟင်ဂျာများကျသွားပြီး၊ စစ်တပ်ပြန်ဝင်လာသည်။ နိုင်ငံခြားနှင့်နိုင်ငံတကာ လက်အောက် ခံမီဒီယာများစိတ်မချရ - ဟူသောငှက်သုံးကောင်။ ။
Asia Sentinel တွင်မြန်မာသတင်းသမားတစ်ဦးရေးသားသော Burma's Irresponsible New Media ကိုဆီလျော်အောင်ဘာသာပြန်သည်။ အကယ်၍မှားယွင်းမှုရှိပါကဘာသာပြန်သူ၏အားနည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။
မေယုနဒီ
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ကိုယ်ပိုင်အကောင်းဆုံးသစ္စာဖောက်မှုဖြင့် စစ်အာဏာရှင် ကို န လန်ထူနိုင်အောင်ဖေးမပေးခြင်း၊
မြန်မာနိုင်ငံအနောက်ပိုင်းတွင်လူများစုဖြစ်သည့်ဗုဒ္ဓဘာသာဝင်များနှင့်လူနည်းစုဖြစ်သည့်မွတ်စလင်များကြား ဂိုဏ်းဂဏနစွဲအဓိကရုဏ်းမှ နှစ်ဖက်စလုံးတွင်လူပေါင်းများစွာအသက်ဆုံးရှုံးခြင်း၊ အရေ အတွက် အကန့်အ သတ်မရှိအိုးအိမ်များဖျက်ဆီးခြင်းတို့အပြင် လူပေါင်းများစွာ ဒုက္ခ သည်ဘ၀ သို့ ရောက် ရှိ သွားသည်။
လူမျိုးရေးပဋိပက္ခတွင်အခြားသောအရာများရှိသော်လည်း ထူးခြားသောထိရောက်မှုနည်းပါးသည်။ အရေးကြီးသည့်အချက်မှာနိုင်ငံရေးဦးတည် ချက်ပြောင်းလဲပေးရန်ဇာတ်လမ်းပုံစံဖြင့်အစပျိုးပေးခဲ့သည်။ အံ့သြဖွယ်ရာကောင်းလှသည်မှာ တရားမ၀င်ရောက်ရှိနေထိုင်နေသောမွတ်စလင် များ မှတည် ငြိမ်းအေး ချမ်းစွာနေ ထိုင်သောမြန်မာအသိုင်းအ၀ိုင်းအားခြောက်လှန့်နေသည့်အသွင်ဖြင့် ထင် ရှားသောမြန်မာ့ဒီမိုကရေစီအရေးလှုပ် ရှားသူများမှပြည်သူလူထု၊ စစ်တပ်နှင့်ပူးပေါင်း၍ မွတ် စလင်များ ကိုမောင်းထုတ်ရန်စီစဉ်ခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်ကျော်အချိန်ကအာဏာရခဲ့သောစစ်တပိုင်းအစိုးရမှ စစ်တပ်ကိုပြည် သူလူ ထု ကာကွယ် သူများအသွင်သို့ပြောင်းလဲခဲ့သည်။ လွှတ်တော်အတွင်းရှိတာဝန်ရှိသူများ၊ နိုင်ငံတ ကာရောက်မြန်မာ့အရေး လှုပ်ရှားသူများမှ တောင်အာရှအနွယ်ဝင် ရှစ်သိန်းခန့်ရှိသောရိုဟင်ဂျာ များ သည်နိုင်ငံ အတွက်စစ်တပ် ထက်ပင်ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်ဟုထင်မြင်ယူဆခဲ့ကြသည်။ ထိုစစ်တပ်သည် ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာဖိနှိပ်သကဲ့သို့ ထောင်ပေါင်း များစွာအစိုး ရ ဆန့်ကျင်ရေး သမားများကို အကျဉ်းချ ၍သော်လည်းကောင်း၊ နိုင်ငံပြင်ပသို့ရောက်စေ ခြင်းဖြင့်လည်းကောင်း၊ ဖိနှိပ်ခဲ့သည့်စစ်တပ်ပင်ဖြစ်သည်။ ဤသို့ဖြစ်ပွားရခြင်းမှာလည်း နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်နေသည့် စစ်တပ်နှင့် လူနည်းစု တိုင်းရင်းသားများအကြားဖြစ်ပွားနေသောပြည်တွင်းစစ်ကဲ့သို့၊ နိုင်ငံတော်ပြုပြင်ပြောင်း လဲရေး အသွင် ကူးပြောင်း မှုကို မလိုလားသောအဖွဲ့အစည်းအချို့မှာတစ်ဖွဲ့ကြောင့်ဖြစ်မည်။
နိုင်ငံတော်အစိုးရမှအမျိုးသားရေးအစွန်းရောက်များ၏ရပ်တည်ချက်များကိုလက်ဆောင်အဖြစ်ရလိမ့်မည်။ ၁၉၆၇ ခုနှစ်တရုတ်ဆန့်ကျင်ရေး အုံ့ကြွမှု၊ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်ရိုဟင်ဂျာဆန့် ကျင်ရေး အုံ့ကြွမှု တို့ကို ကြည့်ခြင်းအားဖြင့် ယခုတလောဖြစ်ပွားနေသောရိုက်နှက်သတ်ဖြတ် အုံ့ကြွမှုတွင် အစိုးရပါ ၀င်ပတ် သက်နေသည် ဟုယုံကြည်ရသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှထုတ်ပြန်ချက်အရ - နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များမှလတ်တလောဖြစ်ပွားနေသောအကြမ်းဖက်မှု၌ တိုင်းရင်းသားလူ နည်းစုရိုဟင်ဂျာများ ကိုညှင်းပန်းနှိပ်စက်နေသည်ဟုသိရသည်။ လက်ရှိဖြစ်ပွားနေသောအုံ့ကြွမှုသည် အစိုးရမှရင် ဆိုင်နေရသော မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်၊ လျှပ်စစ်မီတာခ များတိုး၍ကောက်ခံခြင်း ကြောင့်ဖြစ်ပွားလာသောအုံ့ကြွမှုနှင့် ရန်ကုန်မြို့အနှံ့အပြား တွင်ဖြစ်ပေါ်နေသော အလုပ်သမားများအုံ့ကြွမှုတို့ကိုအာရုံ ပြောင်းစေရန်ဖန်တီးသည့်အုံ့ကြွမှုကြီးဖြစ်သည်။ ထိုအုံ့ကြွမှု ကြီးသည်လည်း ဒေါ်အောင်ဆန်းစုကြည်အားအလွန်ခက်ခဲသောအခြေအနေသို့ တွန်းပို့ခြင်း၊ နိုင်ငံရေး အရ လက်မခံနိုင်သောအခြေအနေအဖြစ်သို့တွန်းပို့ခြင်း (ရိုဟင်ဂျာကိုကာကွယ်ခြင်းဖြင့် ထောက်ခံ မဲအများစုဆုံးရှုံးခြင်း) တို့ကိုဖြစ်စေသည်။ တစ်ယူသန်သမားများ ကိုပြည်သူ့ အကျိုး လို လားသော ၀ါဒီများအဖြစ်သို့ပြောင်းလဲ၍ထုတ်ပေးခြင်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် မပြတ် မသားပြောကြားခြင်းနှင့် မြန်မာနိုင်ငံ၏နိုင်ငံသားဥပဒေကိုပြင်ဆင်ရန်ကို ယခုပြဿနာ ဖြေရှင်း ရန်နည်း လမ်းအဖြစ်ရွေးချယ်၍ပြောကြားခဲ့သည်။
ယခုရိုဟင်ဂျာဆန့်ကျင်ရေးကိုဦးဆောင်သူမှာ၂၀၁၀နိုဝင်ဘာရွေးကောက်ပွဲတွင်ရခိုင်ပြည်နယ်တွင်ဒုတိယနေရာအများဆုံးအဖြစ်အနိုင်ရခဲ့သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီဖြစ်သည်။ ထိုပါတီ မှကြေ ညာချက် ထုတ်ပြန်ရာတွင် ရိုဟင်ဂျာလူများကို တရားမ၀င်အခြေချနေထိုင်သော ဘင်္ဂလီများဟုရေးသားပြီး လူဦးရေတိုးပွား မှုသည်အလွန်စိုးရိမ်ဖွယ်ရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရိုဟင်ဂျာများ ကိုရခိုင်များနှင့်ရောနှော၍ မထားရန်နှင့်နိုင်ငံခြားနိုင်ငံများသို့ပို့ရန်ရေးသားခဲ့သည်။ ပါတီခေါင်းဆောင်ဒေါက် တာအေးမောင်မှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံအားဒီမိုကရေစီ နိုင်ငံသို့ပြောင်း လဲရန်အကြီး မားဆုံး အခွင့်အရေးဟုပြောဆိုပြီး လွှတ်တော်သို့တက်ရောက်ရန်လွန်ခဲ့သောဧပြီလတွင်ကြိုဆိုခဲ့သည်။ များမကြာမီ တွင်မြန်မာနိုင်ငံအား အစ္စရေးနိုင်ငံကဲ့သို့ပြောင်းလဲရန်ပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းတို့၏နယ်မြေကိုအနိုင်ကျင့်၍ ထိန်းသိမ်းနေခြင်းဖြစ်သည်။ ဒေါက်တာအေးမောင်မှမြန် မာပြည် သူလူထုကိုဉာဏ်နီဉာဏ်နက်သုံး၍ ရခိုင်ပြည်ကိုအကြိမ်ကြိမ်ကျူးကျော်လာ မည့်ရိုဟင်ဂျာများ ကိုမောင်း ထုတ်ခြင်းဖြင့် ရခိုင်ပြည် ကို ကာကွယ်ရန်ပြောဆိုသည်။
အေးမောင်တစ်ဦးတည်းမဟုတ်ပဲ ဘာသာရေးတာဝန်ရှိသူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသောသူများမှ နာဇီတို့၏လူမျိုးရေးဘာသာရေး ဖိနှိပ်မှုအသွင်ကိုဆင်တူယိုးမှားတု၍ အဓိကပါဝင်လှုပ်ရှားနေကြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းအပြီးနှစ်ပေါင်းများစွာအကျဉ်းချခံခဲ့ရ သောကျောင်းသားခေါင်းဆောင်၊ စစ်တပ်အားဆန့်ကျင်သူကိုကိုကြီးမှ ရိုဟင်ဂျာများသည်အကြမ်းဖက်သမားဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုမဟုတ်ကြောင်းအခိုင်အမာပြောဆိုသည့်အပြင် မြန်မာနိုင်ငံ၏အချုပ်အချာအာဏာကိုထိပါးနေကြောင်းပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုမှုသည် လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့်အစိုးရဦးဆောင်သူအမာလိုင်းသမားဖြစ်သော ဌေးဦးကိုရိုင်းပင်းကူညီစောင်မခြင်းသာ ဖြစ်သည်။ ဌေးဦးမှနဂါးမင်းစီမံချက်ကဲ့သို့ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့ရာတွင်မူဂျာဟစ်ဆန့်ကျင်ရေးဟုဆိုကာ ၁၉၇၀ ခုနှစ်များတွင်ပြုလုပ်ခဲ့ပြီး၊ ရိုဟင်ဂျာများစွာကိုဖမ်းဆီး၍နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင်ရိုဟင်ဂျာနှစ်သိန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။
အကြမ်းဖက်ခြင်းအကြောင်းပြ၍ရိုဟင်ဂျာများကိုညင်သာစွာခွဲခြားလိုက်ခြင်းဖြစ်သည်။ နိုင်ငံအများ အပြားတွင်ရှိသည့်လွတ်လပ်သောတော်လှန် ရေးသမားများ ပမာလက်နက် ကိုင်ခဲ့သော်လည်း လက်နက် ကိုင်လမ်းစဉ် ကိုလွန်ခဲ့သောဆယ်စုနှစ်ကျော်တွင်စွန့်လွှတ်ခဲ့သည်။ လူတချို့မှ ယခုကဲ့သို့ လူမျိုးရေး ခွဲခြားခြင်း များ မည်ကဲ့သို့ရောက်ခဲ့ရသနည်းမေးမြန်းရာတွင် - စက်တင်ဘာလ ၁၁ တွင်ပါဝင်ခဲ့သော အလ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိ သည်ဟုစွပ်စွဲသော်လည်း အထောက်အထားမခိုင်လုံပဲ၊ ပြစရာသက်သေမရှိပဲ မလိုမုန်းတီးမှုများဖြင့် စွပ်စွဲနေခြင်းသာဖြစ်ကြောင်း ထင်ရှားသည်။
နိုင်ငံတကာတွင်အမွှန်းတင်ခံရ၍နာမည်ကြီးနေသောအစိုးရဆန့်ကျင်ရေးသမားများ၏ အပြင်ပန်း ကျင့်စဉ်ကျင့်ဟန်များကိုမည်ကဲ့သို့မှတ် ကျောက်တင်စီစစ်မည်နည်းဟုမေးခွန်းထုတ်လာပါက ဒီမိုကရေစီ လှုပ်ရှားမှုကိုမှန်ကန်စွာအဓိပ္ပာယ်ဖော်ဆောင်ရာတွင်အငြင်းအခုံဖြစ်စရာ ရှိနေသေး သည်ဟုထင်မှတ်ရပေသည်။ ကျွန်ုပ်တို့အနေနှင့်မိမိကိုယ်မိမိဆန်းစစ်သင့်သည်မှာ ကျွန်ုပ်တို့လက်ခံ သည့်ဒီမိုကရေစီသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့်စံညီသောဒီမိုကရေစီလော၊ သို့တည်းမဟုတ် စစ်အစိုးရ၏အလိုကျလူမျိုးစုများအကြားသည်းခံနိုင်မှုကင်းမဲ့သည့် ဗန်းပြဒီမိုကရေစီလော။ မြန်မာအစိုးရအတိုက်အခံများအနေဖြင့် အစိုးရ၏မူဝါဒများဆိုင်ရာကိုအကြံပေးရန်မကြိုးစားပဲ ရိုးစင်းစွာအစိုးရကိုဆန့်ကျင်နေကြသည်။ Harvard ၏ လူ့အခွင့်အရေး Carr Centre မှ Elliot PrasseFreeman အီးမေးလ်ရေးသားရာတွင် - အခုတော့ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ၊ သူတို့ရဲ့လူ့အ ခွင့်အရေးဆိုတာနိုင်ငံတော်အာဏာကိုဆန့်ကျင်ရုံပဲ၊ နိုင်ငံရေးများနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့သူတို့မရပ်တည်နိုင်ခဲ့ဘူး - ဟုပါရှိသည်။
အစိုးရဆန့်ကျင်ရေးသမားများမည်သည့်အတွက်ကြောင့်ရပ်တည်ခဲ့ရသနည်း။ ထိုသူများ၏ရုပ်ပုံများအနည်းငယ်ဖုံးအုပ်နေပါသည်။ အစိုးရဆန့် ကျင်ရေးသမား များအားလုံးကိုဆိုလိုခြင်းမဟုတ်သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အများစုမှာ ရိုဟင်ဂျာများတူညီသောအခွင့် အရေးရသင့်ခြင်း၊ မရသင့်ခြင်းနှင့်ပတ် သက်၍ထိုကဲ့သို့ရပ်တည်နေခြင်းဖြစ်သည်။
သို့သော်ရိုဟင်ဂျာများအရေးကိုကိုင်တွယ်လိုသူများသည် အစဉ်အလာရှိခဲ့သောတူညီစွာအခွင့်အရေးရရှိရေး နိုင်ငံတကာလူ့အခွင့်အရေးများကို စွန့်ပစ်လိုက်ပြီး၊ ဒီမိုကရေစီအမည်တပ်၍ သူစိမ်းရန်ကြောက်ြ ခင်း တရား များဟောခြင်းဖြင့်အစားထိုးခဲ့သည်။ အခြားသူစိမ်းရန်ကြောက်ခြင်း အကြောက်တရားသည် မြန်မာအသိုင်းအ၀ိုင်းအတွင်းဖြစ်ပြီး၊ ထိုကဲ့သို့အကြောက်တရားများကိုလွန်ခဲ့သောရာစုနှစ်၌ တရုတ် ဆန့်ကျင်ရေး၊ အိန္ဒိယဆန့်ကျင်ရေးအုံ့ကြွမှုများတွင်သာကြုံတောင့်ကြုံခဲတွေ့ခဲ့ရသည်။ လွန်ခဲ့သောနှစ် ၅၀ အတွင်းဖြစ်ပွားခဲ့သော စစ်တပ်နှင့်ပြည်သူလူထု ကြား၊တိုက်ပွဲများအကြောင်းမှာ လည်း အဖြူအမည်းသဲကွဲ၍သရုပ်ပေါ်နေသည်။
ဒီမိုကရေစီအင်အားစုများ၏အသံများသည်လည်းတိုင်းရင်းသားလူနည်းစုနှင့်ပတ်သက်၍သွားပုပ်လေလွင့်ပြောဆိုခြင်း၊ လူမျိုးရေးခွဲခြားခြင်း တို့ကို၎င်းတို့၏ရှေးအစဉ်အလာရန်သူဖြစ်သည့်စစ်တပ်နှင့်တူညီနေသည်။ ထိုသို့ရပ်တည်မှုသည် ရိုဟင်ဂျာသည်တနိုင်ငံလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည် ဟုဆိုနေသော် လည်းအဘယ်ကြောင့်ဆိုသည်ကိုရှင်းပြခြင်းမရှိပဲရပ်တည်နေခြင်းဖြစ်သည်။ ရိုဟင်ဂျာများသည် အမိုးပွင့် ထောင်ထဲတွင်နေရကဲ့သို့ဖြစ်ပြီး ခရီးသွားလာခွင့်များကိုလည်းကန့်သတ်ထားသည့်အပြင် အလွန်တင်းကျပ်စွာထိန်းသိမ်းရာတွင်နိုင်ငံအားခြိမ်း ခြောက်ရန်အခွင့်အလမ်းအနည်းငယ်သာရှိသည်။ ထိုကဲ့သို့စဉ်းစားခြင်းမှာလည်းအကြောင်းအရာအနည်းငယ်သာဖြစ်သည်။
ယခုကဲ့သို့ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည်ပြင်ပမှသူ များ၏ခြိမ်းခြောက် မှုကိုအချိန်ကြာမြင့်စွာ ခံခဲ့သည်ဟုယူဆနေခြင်းမှာ - ပြင်ပကမ္ဘာနှင့် သီးခြားနေခဲ့ရခြင်း၊ စစ်အစိုးရ၏ ရိုဟင်ဂျာများသည် ဂျီဟာဒ်လုပ်မည့်သူများ၊ လူနေမှုအဆင့်အတန်းမပြည့်ဝသူများ၊ ဘာသာရေးအရသိမ်း သွင်းသူများ၊ မုန်းတီးစရာကောင်းသော ပုံပန်းသဏ္ဍန်ရှိသူများဟုဝါဒဖြန့်ချီခဲ့ခြင်းကြောင့်ဖြစ်သည်။ ဟောင်ကောင်နိုင်ငံကောင်စစ်ဝန်ရဲမြင့် အောင်၏စာတွင်ရေးသားရာတွင် ရိုဟင်ဂျာများသည် အခြားသောမြန်မာ များ၏သင့်တင့်သောအသားအရောင်နှင့်နှိုင်းယှဉ်ပါက ဘီလူးများကဲ့သို့ ရုပ်ဆိုးသည် ဟုပါရှိသည်။
ရိုဟင်ဂျာများ၏မူရင်းနိုင်ငံကိုအမြဲတစေဝေဖန်နေကြသည်။ ရိုဟင်ဂျာဆန့်ကျင်ရေးသမားများမှ ရိုဟင်ဂျာများသည် ၁၉၆၀ နှစ်ပိုင်းတွင်ရခိုင် ပြည်နယ်သို့ရောက်ရှိလာကြသည်ဟုပြောကြားသော်လည်း၊ ရိုဟင်ဂျာခေါင်းဆောင်များကမူ ရှေးယခင်မျိုးနွယ်များမှရခိုင်ပြည်တွင်ရာစုနှစ် ပေါင်းများစွာ ရှိနေခဲ့ သည်ဟုပြောသည်။ အများစုမှပြောကြားသည်မှာဤအကြောင်းအရာကြောင့်သာရိုဟင်ဂျာများကိုအစိုးရနှင့်ပြည်သူလူထုမှ လူမဆန်စွာညှင်းပန်းနှိပ်စက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ရိုဟင်ဂျာများသည်ယခုမှရောက်ရှိလာသူများမဟုတ်ဟုအငြင်းပွားလျှင် ဒီမိုကရေစီ အရေးလှုပ်ရှား သူများ အတွက်လွန်စွာခက်ခဲသွားပြီး၊ ရိုဟင်ဂျာများကို စတင်ညှင်းပန်ြး ခင်းပြု ခဲ့သော အစိုးရနှင့် ထပ် တူသော အသံသာထွက်ပေါ် လာသည်။
နိုင်ငံအတွင်းတွင်ဥပဒေနှစ်မျိုးဖြင့်အုပ်ချုပ်နေသည်။ ရိုဟင်ဂျာများသ ည် အခြားသောနိုင်ငံ သားကဲ့သို့အခွင့်အရေးမရသည့်အပြင်၊ များမကြာမီက ပြည်တွင်းသို့ရောက်ရှိလာသော တရုတ်များကဲ့သို့ပင် အခွင့်အရေးမရရှိကြပါ။ တရုတ်များ၏လူဦးရေ သည်ရိုဟင်ဂျာထက် အဆပေါင်းများ စွာကြီး မားသည်။ ရိုဟင်ဂျာလူနည်းစုသည် တရုတ် လူများစု ထက်ပို ၍ခြိမ်းခြောက်နေသလော။ ကျွန်ုပ်တို့အား တစုံတဦးမှသေချာရှင်းလင်းစွာပြောဆို မှသာအဘယ် ကဲ့သို့ခြိမ်းခြောက် မှုများရှိသည်ကိုဖြေကြားနိုင်မည်။ အင်္ဂလန်နိုင်ငံအခြေစိုက် Burma Democratic Concern ကဲ့သို့အဖွဲ့မှ ရိုဟင်ဂျာများသည် ယခင်ကရခိုင်ထောင်ပေါင်းများစွာသတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲ၍ကြောက်လန့်အောင်ပြုလုပ်နေပြီး၊ အခြား အဖွဲ့ အစည်း များမှာ ရိုဟင်ဂျာကဲ့သို့ဒုက္ခသည်များကိုလက်မခံနိုင်ဟုအငြင်းပွားနေပါသည်။
မြန်မာနိုင်ငံ၏ပထမဆုံးစစ်အာဏာရှင် နေ၀င်းမှ ၁၉၆၀ ခုနှစ်များတွင်အိန္ဒိယများကိုမောင်းထုတ်၍၊ မွတ်စလင်များကိုစစ်တပ်သို့ဝင်ရောက် အမှုထမ်းခြင်းပိတ်ပင်ခဲ့ပြီး၊ ရိုဟင်ဂျာထောင်ပေါင်း များစွာကိုနိုင်ငံ အတွင်းမှမောင်းထုတ်ရန်မူဝါဒဖြင့် နိုင်ငံသားဥပေဒေကိုပြဋ္ဌာန်းခဲ့သည်။ ထိုမူဝါဒ သည်ဘာသာရေး စစ်ပွဲများအသွင်ဆောင်စေခဲ့ပြီး၊ မြန်မာနိုင်ငံသည်သီးခြားအဖြစ်ကမ္ဘာတွင်ရပ်တည်ခဲ့၍ စီးပွားရေးကျဆင်း ပျက်ဆီး ခဲ့ရသည်။ ယခုအခါဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ရိုဟင်ဂျာများ ဆန့်ကျင်ရေး အတွက်နေ၀င်း၏အမွေအနှစ်ကိုဆက်လက်ခံယူနေကြ သည်။
အမှန်တကယ်အားဖြင့်လေးနက်စွာဆင်ခြင်ရန်လိုအပ်သည်။ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် အနွှံတာခံမှု၊ ထောင်ပေါင်းများစွာ သေဆုံးခဲ့ခြင်း၊ နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ခြင်း တို့ကြောင်းနိုင်ငံတ ကာ၏အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။ ၀မ်းနည်းစရာကောင်းသည့် အဖြစ်အပျက်ဖြစ် ပွားရေး အတွက်တိုက်ပွဲဝင်သူများသည် သူတော်ကောင်းအယောင်ဆောင်သူများဖြစ်ပြီး၊ ထိုသူ များကြောင့်နူး ညံ့သိမ်မွေ့သော မျှော်လင့်ချက်များပြိုကွဲပျက်စီးခဲ့ရသည်။
Francis Wade ၏ Burma’s misled righteous ကိုဆီလျော်အောင်ဘာသာပြန်သည်။ အဓိပ္ပာယ် လွဲမှားလျှင်ဘာသာပြန်သူ၏အားနည်းချက် သာဖြစ်ပြီး၊ RB ၏မှားယွင်းမှုမဟုတ်ပါကြောင်း။
မေယုနဒီ
မေယုနဒီ
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
More than 400,000 Rohingya have fled from Myanmar to neighbouring Bangladesh By BBC News September 17, 2017 Myanmar's de ...
-
ပါလီမန်အမတ်ဦးရွှေမောင်ပြည်သူ့လွတ်တော်တွင်ရခိုင်ပြည်နယ်၌ဖြစ်ပွါးခဲ့သောအရေးအခင်းနဲ့ ပတ်သက်၍ဆွေးနွေးတင်ပြခြင်း။ (14th day of regular ses...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
At Baggona, a village three miles far from and lies to the South of Maung Daw of Arakan state, more than 80 Rohingya women and girls have be...
-
RB News May 17, 2013 Maung Daw, Arakan - After the warnings on Mahasen cyclone had been issued, the displaced Rohingyas from the ...
-
12/07/2012 Joint press release HUMANITY GONE ...
-
The custodian of Two Holy Mosques King Abdullah bin Abdul Aziz Al Saud Aug 11 The custodian of Two Holy M...


