Latest Highlight



တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်အမှာစကား










ရန်ပုံငွေပွဲမှာ အဆိုတော်အားလုံး လက်မှတ်ထိုးထားတဲ့ ၁၂၅ သိန်းတန် တီရှပ်

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။

ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။

“အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ” ဟု ဒေါ်မာလာဝင်းက ပြောသည်။

သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။







ကျွန်မ တက္ကသိုလ်ကျောင်းသူဘဝတုန်းက ကဗ္ဘာကျော် Beatles အဖွဲ့ရဲ့ ရှိုးတစ်ခုကို ရောက်ခဲ့ပါတယ်။ အဲဒါပြီးတော့ နှစ် ၄၀ကျော်ပြီးတော့ဒါပထမဦးဆုံး ဒီလို ဂီတရှိုး ပွဲတော်တစ်ခုကို ရောက်ခဲ့တာ ဖြစ်ပါတယ်။ အနှစ်လေးဆယ်ကျော်ပြီးတော့စောင့်ခဲ့ရတာ စောင့်ရကျိုးနပ်ပါ...တယ်။ ကျွန်မပြော ချင်တာက တစ်ချို့အရာတွေက ဘယ်လောက်ကြာကြာပဲစောင့်ရစောင့်ရ စောင့်ရ ကျိုးနပ်ပါတယ်လို့ ပြောချင်ပါတယ်။ ( တေးဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆက် စကားပြောကြားခြင်းမှ ) by ဒီမို ဖက်တီး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ်နေတာဖြစ်ပါတယ် ။ အဲ့ဒီပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ပရိသတ်တွေ အများအပြား လာရောက် အားပေးခဲ့ကြတာဖြစ်ပါတယ်။


တက်ရောက်အားပေးသူ လူဦးရေ ၂သိန်းကျော် တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံတေးဂီတ ဖျော်ဖြေပွဲသမိုင်းမှာ မကြုံစဘူး အအောင်မြင်ဆုံး၊ အစည်ကားဆုံး ရံပုံငွေ ဖျော်ဖြေရေး ဂီတပွဲတော်ဖြစ်ပါတယ်...။ ဒေါ်အောင်စုကြည် တက္ကသိုလ် ကျောင်းသူဘဝမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ဘီတဲလ် တေးဂီတဖျော်ဖြေပွဲပြီးရင် အနှစ်လေးဆယ်ကျော်အတွင်း ပထမဦးဆုံး ပြန်လည်တက်ရောက် ဖြစ်ခဲ့တဲ့ ဂီတပွဲတော်ဖြစ်တယ်လို့ ဆိုပါတယ်....။




(ဓာတ်ပုံများ.. ဇော်တူး၊ ဒီမိုဝေယံ)

နာမည်ကျော် Acid အဖွဲ့ရဲ့ သရုပ်ဖော် ဝတ်ဆင်ဖျော်ဖြေမှု (ဓာတ်ပုံ အနဂ္ဂ)

credit : demowaiyan & dawnmanhon


(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်) 

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် ဝေဖန်နေသူများနှင့်ကြီးမားလာသည့် အရှေ့ဘက်မှ ပြည်ပအန္တရာယ် (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)အခုတလော ဒေါ်အောင်ဆန်းစုကြည် ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုတွေက ဘက်ပေါင်းစုံ စွပ်စွဲမှု ပုံစံအမျိုးမျိုးနဲ့ ထိုးနှက်လာကြပါတယ်။ ဒီလိုထိုးနှက်တာကတော့ သေသေချာချာ ပြန်ဆန်းစစ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လုပ်လို့ မအောင်မြင်တာဖြစ်ရင် ၀ိုင်းထိုးနှက်ကြတာ မဟုတ်ဘဲ အပေါင်းလက္ခဏာ ပြလာတာမြင်ရရင် မဲမဲမြင်တာနဲ့ ကျီးကန်းအော်သလို ၀ိုင်းအော်နေတာ သိသာ ထင်ရှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံ နေရရင် ငြိမ်နေကြပြီး လွတ်လာတာနဲ့ အာဃာတကြီးကြီးနဲ့ ငါ့စကားနွားရ ပြောဆိုစွပ်ဆွဲ နေကြတာ ထူးဆန်းနေပါတယ်။

တခါအဲဒီလိုအော်နေတာ အများစုက မိန်းမလို မိန်းမရ နံမည်တောင် မထုတ်ဖေါ်ရဲကြသူတွေက ခပ်များများပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နာမည်နဲ့ တစ်တစ်ခွခွ ဟုတ်တာရော မဟုတ်တာရောစွပ်စွဲပြီး ကိုယ်တိုင်ကတော့ ခေါင်းမှီးခြုံ အော်တော်တော်သတ္တိရှိတဲ့ လူတွေပါလား။ မိန်းမသား တစ်ယောက်ကိုတောင် သတ္တိရှိရှိ ရင်မဆိုင်ရဲကြဘူး။ ဒီပဲယင်းမှာ မှောင်ရိပ်ခို မိန်းမတွေကိုမှ သတ်ရဲတဲ့ သန်းရွှေ အဖွဲ့တွေရဲ့ လက်ထောက်တွေလို့ ပြောလို့ရနေတယ်။ မဟုတ်ဘူးဆိုရင်တောင် ဒီပဲယင်း မှောင်ရိပ်ခို မိန်းမယာဉ်တန်းကို သတ်တဲ့ စိတ်ဓါတ်နဲ့ တထေရာတည်းပါဘဲ။ ဒီလိုအောက်တန်းကျတဲ့ သူတွေဟာ လုပ်ပိုင်ခွင့်ရှိရင် အင်တာနက်ပေါ်က အော်နေတာ အားမရဘဲ လုပ်ကြံကြမယ့် လူတွေ ဆိုတာ ၀န်ခံနေတာဘဲ ။ 

အောင်ဆန်းစုကြည်ကိုမဝေဖန်ရဘူး မဟုတ်ပါဘူး။ လူဘဲ အမှားမရှိသူမှ မဟုတ်တာ။ အမှားမလုပ်ဘူး ဆိုတောင် လုပ်ရပ်တိုင်း အပေါင်းလက္ခဏာ အိုကေတွေ အမှန်တွေချည်းဘယ် ရနိုင်ပါ့မလဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူပါဘဲ မှားနိုင်တယ် အရှုံးတွေရှိနိုင်တယ်။ ရှိခဲ့ပါတယ်။ ဒါအပြစ်မဟုတ်ပါဘူး။ လူတစ်ယောက်ကို product (ရလာဒ်) ကိုဘဲကြည့်တာထက် process volition@motive (စေတနာ/ရည်ရွယ်ချက်)ကို အခြေခံ သုံးသပ်ရပါမယ်။ ဒါကအခု အနောက်နိုင်ငံက ကျောင်းတွေက ကလေးတစ်ယောက်ရဲ့ မှတ်တမ်းတွေမှာ ကလေးအပေါ် သုံးသပ်ချက်ရေးရာမှာ ပြောင်းလျဲင့်သုံးလာတဲ့ သုံးသပ်နည်းဖြစ်ပါတယ်။ ရလဒ်ကိုသာ သုံးသပ်သူဟာ ပစ္စည်းတစ်ခုရဲ့ ဈေးနုန်း (price) ကိုသာ သိပြီး အဲဒီပစ္စည်းရဲ့ တန်ဖိုး (အရည်အသွေးတန်ဖိုး -value)ကို နားမလည်တဲ့သူဘဲ။ ( know the price but not the value) တနည်းပန်းချီကား တစ်ချပ်ကို ဘယ်လောက်တန်သလဲ သာကြည့်တဲ့ ပန်းချီကားကို ငွေ အကျိုးအမြတ်အတွက် ၀ယ်ယူတဲ့ အနုပညာဝယ်/ ရောင်းပွဲစား စိတ်ဓါတ်နဲ့ အနုပညာရှင်လက်ရာကို မြတ်နိုးလို့ ပန်းချီရဲ့ အနှစ်သာရကို ခံစားချက်နဲ့ တန်ဖိုးဖြတ်သူရဲ့ ဝယ်ယူမှုဟာ မနိုင်းယှဉ်ကောင်းတဲ့  ကိစ္စနှစ်ခုလိုပါဘဲ အင်မတန်ကွာခြားပါတယ်။

ၚေ

တနည်းထပ်ဥပမာပေးရရင် တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားနဲ့ သူတော်လှန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အဆင့်အတန်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေက အများကြီး ရာထူးကြီး စည်းစိမ်ကြွယ်ဝကြပြီး ဒီချေဂွေဗားရားနင့် တိုက်ခဲ့တဲ့ စစ်ဗိုလ်ကြီးတွေဘယ်သူတွေဆိုတာ ကနေ့ခေတ်လူတွေ သိသူခပ်ရှားရှား ချေဂွေဗားရားကတော့ ကျနော်တို့ နှလုံးသားထဲမပြောပါနဲ့ ကျေးလက်က လယ်သမားတွေတောင် ပုံလေးပြလိုက်တာနဲ့ ဒါစံပြသူရဲကောင်း။ 

ကနေ့ ဗိုလ်ချုပ်အောင်ဆန်းပုံ မြန်မာနိုင်ငံသားတွေကို အသာထားပါဦး နိုင်ငံခြားတိုင်းပြည်တွေမှာ လူအတော်များများက သိကြပါတယ်။ သန်းရွှေပုံကိုလဲ သိကြပါတယ် သိကြတာချင်းကတော့ မတူဘူးပေါ့။ သန်းရွှေလက်ထောက် ဗိုလ်ချုပ်ကြီးတွေပါဘဲ။ သူတို့ပုံတွေပြလို့က ဒီအကောင်က ဘာကောင်လဲ အမေးခံရပါမယ်။ တန်ဖိုး(value) ဆိုတာ ဒါပါဘဲ။ ရာထူးဆိုတာက price ပါ။ အဲဒီလိုကွာခြားပါတယ်။ အခု ဝေဖန်နေသူတွေဟာ productကို အချောင်ခို လိုက်လိုကြတဲ့သူတွေ ဖြစ်နေပါတယ်။ နာမည် မထုတ်ဖေါ်ရဲတာကလဲ တရက် ဒေါ်စု လုပ်ရပ်တွေ အောင်မြင်ရပ်တည်လာရင် ပြေးဖါးဖို့ စိတ်နဲ့ နာမည် မထုတ်ဖေါ်ဘဲ အချောင်နှိုက်ဖို့ စောင့်နေတဲ့ စိတ်ဓါတ်တွေပါ။ 

အောင်ဆန်းစုကြည်ကို ကျနော်က ဇွတ်မှိတ် ထောက်ခံနေတာတော့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့က ၈၈၈၈- လုံးစစဖြစ်ပြီး သြဂုတ်လ-၁၄ / ၁၅- ရက်နေ့မှာ ကျနော်သူ့ဆီ စတင်ဝင်ရောက် ဆက်သွယ်ပါတယ်။ စတင် ဆက်သွယ်စကထဲက ကျနော်ကလဲ ဝေဖန်စရာရှိရင် နည်းနည်း တဲ့ဒိုးဘဲ ပြောတတ်သူ အရေးအခင်းကာလ ကတော့ တကယ့်ကို တဲ့ဒိုး ပြောဖြစ်နေတဲ့ ကာလဆိုတော့ ကျနော်အမြင်မတွေ့တာ ပြောထဲ့တာပေါ့။ လူကနဂိုလ်ကတည်းက သံတမန်ရေး diplomacyကို သိရင်တောင် အဲဒီလို လှလှပပလေးတွေ ပြောရတာကို မလုပ်ချင်တဲ့သူဆိုတော့ ပြောပြီဆိုရင် တဲ့ဒိုးဘဲ။ ပထမဆုံးတည်ရတာက ဦးတင်မြ၊ ရုပ်ရှင်မင်းသားကြီးထွန်းဝေနဲ့ သူတို့နဲ့ပါလာတဲ့ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း တို့ကိုစတင် ကန့်ကွက်တော့တာပါဘဲ။ သူတို့ကလည်း ကျနော်ကို ပြန်ညစ်ပတ်ပေါ့။

ၚေ

က်ဒုတိယ ကန့်ကွက်ရတာက ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာ ရွေးတဲ့ကိစ္စ။ သူတို့က သိမ်ဖြူကွင်းရွေးတယ်။ ကျနော်က ရွှေတိဂုံအနောက်မုခ်။ ကျနော်က တစ်ယောက်ထဲ။ စကားများကြရတာပေါ့။ နောက် တစ်ခုကတော့ ဒေါက်တာမောင်မောင်က ကျောင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကိစ္စနဲ့ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ဆွေးနွေးဖို့ တိုက်တွန်းတော့ နှစ်ဖက် အမြင်ကွဲလွဲတော့ စကားပြော အဆင်မပြေခဲ့ပါဘူး။ 

နာ

တကယ်တော့ ဦးထွန်းဝေ ပြောဘူးထားတာ ရှိတယ်။ မြန်မာပြည် အမြန်ဆုံး တိုးတက်ချင်ရင် တရုတ် အမျိုးသားတွေကိုသာ စီးပွားရေး ဖွင့်ပေးလိုက်ပါ။ ဆယ်နှစ်အတွင်း ထိုင်းကို ကျော်သွားစေရမယ် ဆိုတာ ကြားဖူးထားတော့ ဒီလူတွေဟာ ဘယ်လိုလူတွေလဲဆိုတာသာ စဉ်းစားကြည့်ကြပါတော့။ သူ့အိမ်က ဘောက်ထောက် ပြည်သာယာဘက်မှာပါ... သွားကြည့်ကြပါ။ တရုတ်ရုပ်ရှင်ကားထဲကလို အိမ်အတွင်းမှာ တစ်ခန်းနဲ့ တစ်ခန်းကူးတဲ့နေရာဟာ တံခါးမဟုတ်ဘဲ အ၀ိုင်းကြီးတွေပါ။ နောက်သူ့အိမ်ကို တရုတ်တွေချည်း ဆုံမိကြရင် ဗမာစကားမပြောကြေး လုပ်တတ်တယ်ကြားဖူးတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ ပီကင်းရေဒီယိုကနေ နေ၀င်း-စန်းယု စစ်အစိုးရ အော်နေတာက သူ့ညီမလို့ပြောကြတယ်။ တရုတ်က ၁၉၉၀ ရွေးကောက်ပွဲမှာမှ မဟုတ်ပါဘူး။ ရှစ်လေးလုံးကတည်းက ဗိုလ်တင်မြ(သခင်တင်မြ)တို့ ဦးထွန်းဝေတို့နဲ့ ကြံစည်ခဲ့တာပါ။ 

နာက်ပါတီထောင်ပြီးတော့လဲ ဧပြီလ မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့ကိစ္စတစ်ခုနဲ့ အဲ့ဒီအချိန်က လူအဝင်၊ အထွက်များတော့ အဖွဲ့ချုပ်ရုံးမှာ ဆေးလိပ်တို၊ ကွမ်းတံတွေးတွေ ဗလပွ ညစ်ပတ်နေတဲ့ကိစ္စ ကအစ ညီဖြစ်သူကနေ တဆင့် သူ့လက်ထဲကို ဝေဖန်တဲ့ စာထည့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တခါထဲဖတ်ပြီး သူလည်း မြစ်ကြီးနားခရီးစဉ်မှာ ပြောခဲ့တဲ့စကားတခုကို သူလည်း စကားပြော လောသွားပါတယ်နဲ့ ရုံးမှာ ဆေးလိပ်၊ ကွမ်းယာကိစ္စ ပြုပြင်ပါမယ်လို့ ပြောပါတယ်။ သူက ၀န်ခံစရာရှိရင် ချက်ချင်းဝန်ခံပါတယ်။ အဲဒါကတော့ ချီးမွမ်းရပါတယ်။ ငါက လူထုတရပ်လုံး ထောက်ခံထားသူဆိုပြီး မာန မထားပါဘူး။

ဒီပဲယင်းခရီးစဉ် မထွက်ခင် ကလည်း သူနဲ့တွေ့ဆုံခွင့် တောင်းပါသေးတယ်။ တခြားလူတစိမ်း လေးဦးနဲ့ တစ်ပြိုင်တည်း တွေ့ခွင့်ပေးမယ်ဆိုလို့ မတွေ့ခဲ့ပါဘူး။ အခုလဲ သူသွားနေတဲ့ တွေ့ ဆုံဆွေးနွေးရေး ဆိုတာကို ကျွန်နော်မကန့်ကွက်ပါဘူး။ လက်ခံပါတယ်။ ဒါပေမယ့် သူလိုတော့ အချိန်ဘောင်မပါဘဲ ရိုက်ဖို့ ဒုတ်ထုတ်မပြဘဲ ပါးစပ်လေးနဲ့ တောင်းဆိုနေတာကိုတော့ လုံးဝသဘောမတူပါဘူး။ ကျနော်က ၀န်ထမ်းလစာ စစ်သည်တော်လစာ၊ နေ့စားအလုပ်သမား၊ လစာတိုးရေး လိုင်းတင်မယ်သာ အသံထုတ်လိုက်ပါ တွေ့ဆုံဆွေးနွေးရေးမှ အပလီအပလာ မပါတဲ့ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး အစစ်အမှန်ရစေရမယ် တင်ပြနေသူပါ။ အမေရိကန်သမ္မတကြီး ရော်နယ်ရီဂင် စကားကိုကိုးကားပြီး TO HAVE A NICE TALK , MOVE THE WHOLE COUNTRY စကားဝိုင်း ကောင်းကောင်းဖြစ်လာဖို့ တတိုင်းတပြည်လုံးကို လှုပ်နှိုးလိုက်ပါ တင်ပြနေသူပါ။

ဆိုလိုတာကတော့ ကျနော်အမြင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အမြင်၊ ဒေါ်အောင်ဆန်းစုကြည် အလုပ်တွေ ကွဲလွဲတာတွေတော့ ရှိပါတယ်။ ခံယူချက် ကွဲလွဲမှုလည်း ရှိပါတယ်။ ဒါဒီမိုကရေစီဘဲ။ နောက်သူက တာဝန်ခံရတာက လူထုတစ်ရပ်လုံး။ အကြီးဆုံးပါတီ။ ကျနော်က တာဝန်ခံရတာ မရှိဘူး။ ရှိတာကလဲ အဖွဲ့သေးသေးလေး။ ထစ်ဆို ချထဲ့လိုက်ပြီးသား အဖွဲ့။ သေးပေမယ့်လည်း ဦးသိန်းစိန်ကို ခေါင်းခဲစေတဲ့အဖွဲ့။ ဒီလိုပြောတော့ ကြွားတယ်ပြောကြမယ်။ နေပြည်တော် အတွင်းစည်းဝန်းထဲ ၀င်ဆန့်ရင် စုံစမ်းကြည့်ပါ။ သန်းရွှေလက်ထက်က အလွန်အရေးပါတဲ့ လ/၀ကို စီမံကွပ်ကဲရသူ ဗိုလ်ချုပ်တစ်ယောက် အပါအ၀င် ဗိုလ်မှုးကြီးတွေ၊ ဗိုလ်မှုး၊ ဗိုလ်ကြီးတွေ ကျနော့်အဖွဲ့နဲ့ ဆက်နွယ်ပြီး ဖမ်းထားတာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပါ။ လူနှစ်ဆယ်ကျော်ပါတယ်။ နာမည်တွေတော့ မထုတ်ပြန်ချင်ပါဘူး။ သူတို့အမှုကို အခုလောလောဆယ် ဒု-သမ္မတ ကိုင်တွယ်နေပါတယ်။ အထဲထဲအထိ ၀င်ဆန့်သူဆိုရင် သိကြပါတယ်။ 

အခုဝေဖန်သူတွေထဲမှာ နာမည်ဝှက်နဲ့ လူကဆိုရင် ဒီနှစ်အစပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်လို့ တစ်တစ်ခွခွ သုံးစားမရအောင် ဝေဖန်တယ်။ တနည်း ရွေးကောက်ပွဲမ၀င်ခင် ၂၀၀၈-နာဂစ်ဥပဒေကြီးကို ဒူးထောက်ခိုင်းပြီး ကာကွယ်ပါ့မယ်။ ကျိန်ဆိုခိုင်းတာကြီးကို မလုပ်ရကောင်းလား ဝေဖန်တယ်။ အဲဒီလို ပါတီမှတ်ပုံမတင်လို့ အခုဘေးရောက်နေပြီ ဘာညာ အော်တယ်။ ပြည်သူတစ်ရပ်လုံး အားထားရတဲ့ပါတီဟာဒေါ်အောင်ဆန်းစုကြည်ကြောင့် မြောင်းထဲရောက်ရပါပြီ တတွင်တွင်အော်တယ်။ သွားပြီ၊ ဘာညာပေါ့... သူ့စေတနာကို ဖေါ်ပြလိုက်ရတာ အမောသား။

အခုဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးတယ်။ အခုဆွေးနွေးရတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်လျှောက်လုံး တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်။ ပြီးအခုဖြစ်လာတဲ့ တွေ့ဆုံရမှုကလည်း ဘယ်ဘက်က အလျှော့ပေးရတာလဲဆိုတာ ရှစ်တန်း ကျောင်းသားတွေကတောင် သိပါတယ်။ ဒီလိုတွေ့ဆုံတာဟာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို တသက်လုံး ငြင်းပယ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဘက်က ဒါပထမဆုံး လိုက်လျောလာခဲ့တာ။ ဒါဟာ ကျနော်တို့အတွက် အောင်ပွဲ။ ပြည်သူအများစုကလဲ ဆန့်ကျင်ဘက် နှစ်ဖွဲ့ပြေပြေလည်လည် ဖြစ်တာကိုဘဲ လိုချင်ကြတာပါ။ ချကြကွာ သတ်ကြကွာ ဘယ်မြင်ချင်ကြပါ့မလဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇-ရွှေဝါရောင် တော်လှန်ရေးမှာ ပါခဲ့ကြသလား။ ပါမပါတော့မသိဘူး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေခံနေပါပြီ။

အာင်ဆန်းစုကြည်ကို အဲဒီလူကဘဲ ဒီလိုတွေ့ဆုံတာဟာ လူထုကို သစ္စာဖေါက်တာပါဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို တစ်လျှောက်လုံး အသေကိုင်လာတာ။ အဲဒီတုန်းကတော့တမျိုး၊ အခုတစ်မျိုး ထပ်ရေးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရေး တစ်လျှောက်လုံး တောင်းလာတာ မှားပါတယ်တော့ မပြောဘူး။ အရင်ကမပြောခဲ့ဘူး။ သူ့စကားက ခုတစ်မျိုး တော်ကြာတစ်မျိုး။ ခုစာကလေးကျော် ခုဆီထမင်း။ ဒီလိုဘဲ တစ်ခြားသူအချို့လဲ ပူညံပူညံ။ တွေ့ဆုံရေးကနေ ဘာမှဖြစ်မလာနိုင်ဘူး မြင်တာ မြင်ကြပါ။ အမြင်ဆိုတာ တူရမယ် မဆိုလိုပါဘူး။ ဒေါ်စုလုပ်တာ လက်ခံရမယ် မှန်ပါတယ် လက်မခံခိုင်းပါဘူး။ တွေ့ဆုံဆွေးနွေးတာဟာ ဒါဟာ ဒေါ်စုက သစ္စာဖေါက်သွားတယ် ဆိုတာကတော့ ယောက်ျားတန်မဲ့ သစ္စာမဲ့တဲ့စကားပါ။ ဒေါ်စုက သစ္စာမဲ့တာ မဟုတ်ဘူး ဝေဖန်သူရဲ့ စကားကသစ္စာမဲ့တာ။ ဒေါ်စုက သူ တချိန်လုံး ရပ်တည်လာတာကို အခုတွေ့ဆုံခွင့် ရတော့တွေ့တယ်။ ရှင်းရှင်းလေး။ 

ၚေ

ကျနော်ဆီကို ကြပ်ပြေးကနေ အရာရှိကြီးတွေ (ဒီပဲယင်းမှာပါခဲ့တဲ့) အရာရှိကြီးတွေ ပို့ထားတဲ့မေးလ်တွေမှာ တွေ့ဆုံရေးက ဟန်ပြလုပ်နေတာ အချိန်တန်ရင် အပြတ်ကိုင်မယ်လို့တောင် ဆိုထားပါတယ်။ ပြီးကြားကနေ မနာလိုတဲ့ တစ်ဖွဲ့က ကိုင်ထဲ့တာဆိုပြီး လုပ်မယ်လို့ ဆိုထားတော့ အခုလို မနာလိုပြနေသူတွေနဲ့ ဆက်နွယ်နေမလား စဉ်းစားလာရပါပြီ။ အဲဒီလိုလုပ်ဖို့ ဂျိုသွေးပြနေကြတာလား။ အဲဒီအတွက် အဲဒီမေးလ်ကို တစ်ရက် အဲဒီအရာရှိတွေ လုံခြုံရေးကို စိတ်ချရတဲ့ တစ်နေ့ ထုတ်ပြန်ပေးပါမယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုမေးလ်နဲ့ ဆက်နွယ်တဲ့ နာမည်နဲ့မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘာဆိုတာပြောပြပါမယ်တဲ့။ မေးတာမဖြေဘူး။ ပတ်သက်နေတယ် ဆိုတာတော့ မှန်းလို့ရတယ်။

အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါး ပြောထားတာ ရှိပါတယ်။ သိမ်းထားပါတယ်။ အဲဒီအရာရှိကို အခုဒေါ်စုကိုဝေဖန်နေသူ ဘယ်သူဆိုတာသိချင်လို့ မေးကြည့်ပါတယ်။ အချိန်တန်ရင် ဘယ်သူဆိုတာ ပြောပြပါမယ်တဲ့.... မေးတာမဖြေဘူး။ ပတ်သက်နေတယ်ဆိုတာတော့ မှန်းလို့ရတယ်။ အတိုက်အခံထဲက လူတချို့ ဘယ်သူက ဘာဆိုတာ နည်းနည်းပါးပါးတော့ ပြောပြထားတာရှိပါတယ်။ မဲဆောက်ကဘယ်သူကို သတိထား သြစတေးလျကဘယ်သူကို မယုံနဲ့ အမေရိကားက ဘယ်ဆရာဝန် (ကျနော်မကြားဖူးသူ)က တကယ်လုပ်နေသူ စသည်တချို့ကိုတော့ ပြောပြထားပါတယ်။

ကျနော်က တွေ့ဆုံတာကို သိပ်မယုံစားဘူး။ ကျနော်နဲ့သိကျွမ်းတဲ့ လူတစ်ချို့ကိုတောင် ဒီကောင်တွေတစ်ရက် ဒေါ်အောင်ဆန်းစုကြည် ကိုအသေကိုင်မယ်လို့ သတင်းရထားတယ်ဆိုတာတွေ ပြောပြထားပါတယ်။ အခုဆိုတွေ့ဆုံရေးနဲ့ ဆက်နွယ်ပြီး သမ္မတကြီးဟာ လူထုဆန္ဒကိုမထင်မှတ်ဘဲ ဗွီတိုဆန်ဆန် သုံးပြပြီး မြစ်ဆုံရေကာတာကြီးကို တစ်ချက်လွှတ်အမိန့်နဲ့ တရုတ်တွေကိုတောင် ဆက်သွယ် တိုင်ပင်မနေတော့ သံတော်ဦး တင်မနေတော့ဘဲ ပြည်သူတွေအလိုကျ လုပ်ပေးလာတာ အင်မတန်ကို မင်္ဂလာရှိသော ခြေလှမ်းပါ။ ပြည်သူတစ်ရပ်လုံး ၀မ်းသာနေကြရတဲ့ အရေးကိစ္စပါ။ ဒါကို ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် မုန်းတီးရေး လုပ်လာကြတာကတော့ အထက်ကလို အသေကိုင်ဖို့ ပြင်ဆင်နေတဲ့ ခြေလှမ်းတွေဆိုတာ နဲနဲလေး စကုတ်ချဲ့ ကြည့်ဖို့ လိုလာပါပြီ။

ဒါဟာ တဖက်ကကြည့်ပြန်တော့ သန်းရွှေလုပ်ခဲ့တာဟာ သူတို့မိသားစု ကော်မရှင်ရရှိရေးက ပထမ တိုင်းပြည်ပျက်တာ ငါတို့ကိုထိတာ မဟုတ်ဆိုတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်ဟာ အမှားတွေလို့ သမ္မတကြီးက အလုပ်နဲ့ ပြလိုက်တာပါဘဲ။ မေးစရာရှိပါတယ်.. ဟာဒါဆိုရင် သမ္မတကြီးက အချိန်တန်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမယ်ပေါ့...။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း အကြမ်းဖက် လုပ်ကြံတာမှာ သမ္မတကြီး မပါခဲ့ပါဘူး။ အခုလဲ အကောက်ကြံနေတဲ့ အထဲမှာ သမ္မတကြီး မသိနိုင်ပါဘူး။ ဒါက (လ/၀) ကိုကိုင်နေတဲ့ ဒု-သမ္မတကြီးနဲ့ ဗိုလ်ချုပ်သန်းဟန်၊ ဗိုလ်ချုပ်စိုးရှိန်(ယခု-ထောက်လှမ်း)တို့အဖွဲ့ တွေရဲ့ လက်ထောက်ဆီက ရလာတဲ့သတင်းပါ။

တစ်ခါ လွတ်လပ်ရေးရခါစ ကာလတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်တို့ အသက်ပေးပြီး ရလာတဲ့ လွတ်လပ်ရေးကို ကွန်မြူနစ်တွေက အယုံအကြည်မရှိ ဒါသူတောင်းစား လွတ်လပ်ရေးအော်ပြီး အာဏာရရှိရေး အတွက် ဦးတည်လှုပ်ရှားလာပြီး ဆန့်ကျင်ရေးတွေလုပ်ခဲ့တာနဲ့ ခပ်ဆင်ဆင် အခင်းအကျင်း ဖြစ်နေပါတယ်။ ကွန်မြူနစ်တွေက သူတို့အာဏာရရှိရေး အဓိကထားပြီး စွပ်စွဲမှုတွေထုတ် ပြည်တွင်းစစ် ခင်းခဲ့ပါတယ်။ ၁၉၇၀-နောက်ပိုင်း တရုတ်တပ်တွေ တပ်မကြီးတွေလိုက် မြန်မာပြည်ထဲဝင်ပြီး မြန်မာ့တပ်မတော်ကို အကြီးအကျယ် တိုက်ခိုက်တော့တာပါဘဲ။ တရုတ်လက်တံတွေ ဆိုတာ သမိုင်းက ပြခဲ့ပါပြီ။ 

အခုလဲ ဆရာကြီးများက စစ်တပ်က အာဏာဖြေလျှော့လာရင် သမ္မတကြီးတွေ ၀န်ကြီးချုပ်တွေ မျှော်မှန်း ထားလေသလားတော့မသိ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချနိုင်မှ သူတို့နေရာရနိုင်မှာဆိုတော့ ဆရာတော်ဦးဇောတိက စာအုပ်ထဲကလို ကိုယ်တက်လမ်းက သူများပုခုံးပေါ် တက်နင်းရမှ ရမဲ့ဘ၀ဆိုတာ ဘာပြနေသလဲဆိုတော့ သူများဂုဏ်ကို ဖျက်နိုင်မှ ဂုဏ်က သူ့ကိုယှဉ်လို့ရမှာဆိုတာ သက်သေပြနေပြီတဲ့။ ကိုယ်ဘယ်လောက် နှိမ်တယ်ဆိုတာ ကိုယ်ဟာကို သိနေကြတာပါ။

က်တစ်ချို့ကလဲ ရှိသေးတယ် ငါက ဒေါ်အောင်ဆန်းစုကြည်တောင် အမြင်မတော်ရင် ဝေဖန်တာ ဘာညာပေါ့။ အာဂသူရဲကောင်းကြီး ပုံဖေါ်ချင်ကြတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်တန်းတစ်စားထဲ ဖြစ်အောင် ကိုယ့်ဟာကို ထွင်နေကြတာသူလဲ ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကဘဲ သူ့စကားကို လန့်နေရသလိုလို သူ့ကို သိပ်အလေးထား နေရသူအဖြစ် ပုံဖေါ်သူချင်ကလဲ မရှားပါ။ တစ်ခါတစ်ခါ ဒေါ်အောင်ဆန်းစုကြည် နေရာမှာ နေကြည့်တယ်။ တိုင်းပြည်အတွက်သူ့ရဲ့ ပေးဆပ်မှုတွေဟာ လူအများ ထင်သာ၊ မြင်သာတာတွေထက် တစ်ခြား အများကြီး ရှိနေပါသေးတယ်။ ထပ်ပြောပါမယ်။ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည် ချီးမွှမ်းခန်းကိုလည်း တစ်ခါမှ မရေးဘူးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပေါ်ဝေဖန်တာတွေ အင်တာနက်တွေပေါ် မတင်ပေမဲ့ တခါတလေ အားမလို အားမရဖြစ်ရတာတွေကို မိတ်ဆွေတွေနဲ့ ဝေဖန်ပါတယ်။ ကိုဒီမိုဆီကိုတောင် ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဒါ ဒါ လုပ်နေတာ မကြိုက်ဘူး၊ အားမရဘူး ဝေဖန်ပါတယ်။ နောက် ၀က်ဆိုဒ်တွေ ဘလောက်တွေကို ဖွင့်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် ပုံဗန်းပြ (လိုသည်ထက် ပိုတယ်ထင်ရင်) အဲဒီဝက်ဆိုဒ် ဆိုမဖွင့်တော့ဘူး။ ၀က်ဆိုဒ်ဝင်တာ သတင်းအမှန် အဖြစ်အပျက်အမှန်တွေ သိချင်လို့ဝင်တာ။

နာ

ဒီလိုပြောလို့ ကျနော်ဟာ ကိုယ်ကိုကို အထင်ကြီးမှု လွန်နေတယ် မထင်ပါနဲ့။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ပုံတင်နေသူတွေဟာ ကိုယ်တိုင် စစ်ဗိုလ်ချုပ်တွေကို ဘယ်လိုတိုက်ရမယ် ကိုယ်တိုင် မကြံဆကြတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆီက ဘာညွန်ကြားမလဲဘဲ မျှော်နေတတ်ကြတယ်။ ဘောင်ထဲက ထိုင်စောင့်နေတဲ့လူတွေ ဖြစ်နေတော့တယ်။ ဒေါ်စုက ဒါဆိုရင်လဲ ဟုတ်ဟုတ် မဟုတ်ဟုတ် အသေလိုက် လုပ်ချင်ကြတယ်။ ဒီလိုလူတွေဟာ နောက်လူတစ်ဦးရဲ့ နိုင်ငံရေးကိုလဲ ဒေါ်စုနဲ့ အမြင်တူသလားဆိုတာနဲ့ တိုင်းဆလာချင်ကြတယ်။ ဒေါ်စု နောက်ဘယ်လောက် လိုက်မလဲဆိုတာနဲ့ တိုင်းဆချင်ကြတယ်။ နောက်ဆုံး ဒေါ်စုနဲ့ ဘယ်အတိုင်းအတာာအထိ ခင်မင်မှုရှိသလဲက နိုင်ငံရေး ပေတံလေးလိုလုပ် တိုင်းတာချင်တာလေး လုပ်လာချင်ကြတယ် ။

ဒါဘာဖြစ်သလဲဆိုတော့ ရန်သူက ဒေါ်အောင်ဆန်းစုကြည်ကို မဆော်ဆော်အောင် ရေလာမြောင်းပေး လုပ်နေကြမိမှန်းမသိ လုပ်မိလျှက်သား ဖြစ်နေကြတာတော့ မစဉ်းစားကြမိကြဘူး။ ကျနော်တို့ကဘာမှ မကြံဆတတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် က ဒိလိုလုပ်ဆိုမှ လုပ်တတ်တာ လုပ်ပြနေတော့ စစ်ဗိုလ်တွေကို မျက်စပစ်ပြလိုက်တာဘဲ။ ကျနော်တို့ လှုပ်ရှားမှုကို ငြိမ်အောင်တားချင်ရင် ဒေါ်စုကိုသာ ထိန်းထားလိုက် ခါးကျိုးနေတဲ့မြွှေလို၊ လေဖြတ်နေတဲ့လူလို ဖြစ်ပြီလို့ ပြနေတာဘဲ။ တကယ်က အဖွဲ့ချုပ်ဝင်တိုင်းရော အဖွဲ့ချုပ်မဟုတ်သူ နိုင်ငံရေးလှုပ်ရှားသူ အားလုံး နီးနီးဟာ ကိုယ်ပိုင် ခြေသွေးခြေစရှိနေရပါမယ်။ ဘောလုံးအသင်း တစ်သင်းဟာ အားကစားသမား ၁၁-ယောက်တင် မကဘူး ကျန် အရံလူတွေပါ ခြေစခြေန ထက်နေမှ အဲဒီဘောလုံးအသင်းဟာ ဖလားဆုကို လှမ်းနိုင်ပါမယ်။ ပီလီ တစ်ယောက်ထဲ မက်ဆီ တစ်ယောက်ထဲကိုသာ အားထားနေရင် မက်ဆီ ကိုအသေ၀ိုင်းဆော်အောင် လုပ်ပေးသလိုဖြစ်နေမှာပေါ့။ ၁၉၆၆- ကမ္ဘာ့ဖလားပွဲ (အင်္ဂလန်မှာ) အင်္ဂလန်အသင်းက နောက်ခံလူက ကမ္ဘာကျော် ဘောလုံးသမားကြီးပီလီရဲ့ ဒူးဂေါင်းကို အသားလွတ် ကန်ထဲ့လိုက်တယ်။ ထွက်သွားရရှာတယ်။ ဘရာဇီးအသင်း တစ်ပြေးနေပေမဲ့ ကွာတားဖိုင်နယ်ကနေ ထွက်သွားရပါတယ်။ ဘောလုံးသမားတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ထက်နေရင် မက်ဆီကိုချည်း ၀ိုင်းကပ်ထားလို့ မရတော့ဘူး။ မက်ဆီကို ပိုလှုပ်ရှားနိုင်အောင် ဘောလုံးသမားတိုင်း အရည်အသွေးရှိနေဖို့ လိုပါတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံပေးရုံ တင်မကတော့ဘူး သမ္မတကြီးဦးသိန်းစိန်ကိုပါ ၀န်းရံပေးဖို့လိုလာပါပြီ။ သမ္မတကြီးဟာ စစ်ဗိုလ်ချုပ်ဟောင်းဆိုတာကို ခေတ္တဖျောက်ထားပြီး အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေကို တလေးတစား အရေးတယူလုပ်တာကို လက်ငင်း လုပ်ရပ်ကို အခြေခံသုံးသပ်ရပါမယ်။ သူဟာ မြစ်ဆုံရေကာတာကြီးကို သန်းရွှေလက်အောက်မှာတုံးကတော့ ထုံးစံအတိုင်း ဘယ်တုပ်တုပ် လှုပ်ရဲပါ့မလဲ။ လှုပ်မယ်တောင် မကြံရဲပါဘူး။ အခုတရုတ်ကို သောက်ရေးတောင် မလုပ်တော့ဘဲ တစ်ဖက်သတ် ရပ်ပစ်လိုက်ပါတယ် (စကားရိုင်းတာ ခွင့်လွှတ်ပါ။ ဒီအကောင်တွေကို စကားယဉ်ယဉ်ပြောလို့ မရလို့ပါ)။ ဒါကျနော်တို့ ပြည်သူတွေအတွက် ဧရာမအောင်ပွဲကြီးပါ။ တရုတ်ဘက်ပါ သဘောတူလို့ လုပ်ပေးရတာထက် တရုတ်ကို သောက်ရေးကိုမလုပ်ဘဲ တဖက်သတ် ဆော်ထဲ့လိုက်တယ်။ သိပ်ကြိုက်သွားတယ်။ ဒီ တစ်ဘို့ထဲ ကြည့်တတ်တဲ့ အကောင်တွေကို မတိုင်ပင်တာကိုက သိပ်အရသာရှိလှတဲ့ အောင်ပွဲဘဲ။ ဘာမှစားရတာ မဟုတ်ဘဲ တစိမ်စိမ့် အရသာရှိလှတဲ့ အောင်ပွဲ။

ာ်ဖို့ပြောလာရင် လျော်လိုက်။ ကျုပ်တို့လဲ နိုင်သလောက် ထဲ့ဝင်မယ်။ တစ်ပြားတချပ် မဟုတ်ပါဘူး။ တခုဘဲရှိတယ်။ လျှော်ကြေး စကားပြောလာရင် နောင်တရုတ်နဲ့ ရွှေမဟုတ်ဘူး စိန်ထွက်မယ်ဆိုရင်တောင် ဘာလုပ်ငန်းမှ အသစ် မလုပ်ဘူးသာ အစိုးရက ကတိပြုပါ။ ကတိပေးပါ။ သမ္မတကြီး ဒီငါးနှစ်သက်တမ်းပြီးတောင် နောက်ထပ်ငါးနှစ် ထပ်လုပ်ဖို့ ထောက်ခံမဲထဲ့ပါဦးမယ်။ ကျုပ်က တရုတ် မုန်းတီးရေးသမားတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတ္တသိပ်လွန်ကဲရင် ဘယ်လူမျိုးမဆို မုန်းတယ်။ လူမျိုးနဲ့မဆိုင်ဘူး။ သူတို့ လျော်ကြေး စကားပြောလာရင် ကျုပ်တို့ကလည်း ပါးရိုက်ရင် နားကိုက်ပြပါမယ် နားအုံကြီးပါ ပြုတ်ကျလာအောင် ကိုက်ပြရပါမယ်။

လျာ်


အခုတရုတ်က သန်းရွှေလို ပြည်သူ မထောက်ခံတဲ့ အာဏာရှင်ကို တစ်ချိန်လုံး ကျောထောက်နောက်ခံတွေ လုပ်ပေးပြီး မြန်မာအစိုးရကို သူတို့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ်လို့ လူပါးဝတဲ့အထိ လုပ်ထားပါတယ်။ ဒါဟာ သန်းရွှေဟာ သူ့နောက်မှာ ပြည်သူရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေရသူမဟုတ်တော့ သူကိုကျောထောက် နောက်ခံပြုပေးတဲ့ တရုတ်အစိုးရကို ကျေးဇူးဆပ်မှုအနေနဲ့ ဗမာပြည်သူတွေနဲ့ နောက်ပိုင်းဝင်လာတဲ့ မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေ အထိကရုဏ်းဖြစ်ရင် မြန်မာပြည်သူတွေကို ထိထိရောက်ရောက် သတ်ပေးပါမယ် ကတိပြု ပေးလိုက်ရတာပါ။ 

်သူလူထုနဲ့ ရန်သူဖြစ်နေရမှုရဲ့ အကျိုးဆက်အဖြစ် တရုတ်ကို ဒူးထောက်ထား ခဲ့ရတာတွေပါ။ တရုတ်ကို ဒူးထောက်ပေးပြီး တိုင်းပြည်ရဲ့ လည်မြိုကို တရုတ်က ကြိုးကွင်းစွပ်တာကို လက်ခံခဲ့တာပါ။ တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစားခဲ့တာထက် ဆိုးသွားပြီ။ သမ္မတကြီး လက်ထက်မှာ အဲဒီလို တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ် အကျိုးစီးပွားကို အာမခံရမယ် ဆက်တောင်းဆိုနေရင် ဒါဟာ ဒီသဘောတူညီချက်ကို အကြောင်းပြုပြီး တရုတ်က ကျနော်တို့နိုင်ငံကို ကျူးကျော်လို့ ရအောင် ဒီယုံမြင်လို့ ထက် ဒီိယုံကိုမရ ရအောင်ဖမ်းဖို့ ခြုံထွင်တာလို့ဘဲ မြင်ပါတယ်။ အဲဒီ့ သဘောတူညီချက်တွေကို ပြန်ဖျက်သိမ်း ပေးရပါမယ်။

ည်

ထပ်ပြောပါမယ်။ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတိုင်းပြည်နဲ့ လူမျိုးကို လည်ပင်းကို ကြိုးကွင်းအစွပ် ခံထားရတာဖြစ်တဲ့ တရုတ်အမျိုးသားတွေရဲ့ အသက်အိုးအိမ်နဲ့ အကျိုးစီးပွားကို အာမခံ ပေးပါမယ်ဆိုတဲ့ သန်းရွှေတရုတ်ကို ဒူးထောက်ခဲ့တဲ့ သဘောတူညီချက် ကတိကို သမ္မတကြီး လက်ထက်မှာတင် ပြန်လည် ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဖျက်သိမ်းပေးရေးမှာ အလွန်မှ အရေးကြီးသော အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ဒီအတွက် တကယ်အမျိုးသားရေး အန္တာရယ်အဖြစ် ကြိုတင်မြင်တဲ့သူတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို ၀န်းရံပေးကြရပါမယ်။

ြေ
ပရပါဦးမယ်။ ကျနော်တို့ ဆေးကျောင်းနောက်ဆုံးနှစ် အပိုင်း(က) - (၁၉၇၄-နှစ်ခန့်က) တုန်းက (မတ္တရာနယ်ကလို့ ထင်တယ်) လူတစ်ဦး။ သူကလက်နှစ်ဖက် ပြတ်နေတယ်။ လူကလူမိုက်ဆိုတော့ ဓါးခုတ်ခံထားရလို့ လက်ပြတ်နေတာ။ တစ်ရက် တခြားသူတဦးက သူ့ကိုဓါးနဲ့ ၀င်ထိုးတယ်။ သူက ရှိတဲ့ လက်တိုတိုနဲ့ အဲ့လူကိုဝင်လုံးပြီး နားအုံကို ခဲထားတာ ဟိုလူကကြောက်ပါပြီ အော်နေတာကို လွှတ်မပေးဘူး။ နောက်ရဲတွေက ဖမ်းပြီး ရိုက်နှက် လွှတ်ခိုင်းတယ်။ ရဲတွေရိုက်လေ သူကပိုခဲလေဆိုတော့ ဟိုလူက သူ့ကိုမလုပ်ကြပါနဲ့ အော်ပြီးတောင်းပန်ယူရတယ်။ မန္တလေးဆေးရုံကို ယူလာတယ်။ သူကဆေးရုံထဲအထိ မလွှတ်သေးဘူး။ တနေ့ကုန်ခဲထားတာ။ ဆေးရုံကြမှ ဆရာဝန်တွေက မေ့ဆေးထိုး ပြီးဖြေယူရတယ်။

ပြာ

ရုံကျတော့ အချုပ်ခန်းထဲ အတူတူထားတာကို ဟိုဓါးနဲ့ထိုးတဲ့လူက စိမ့်ကြောက်နေတော့တာ။ ဟိုလက်တိုကလည်း နဲနဲရှိ ထပ်ချပြမယ် ကြိမ်းနေတာ။ အဲဒီလိုမိုက်ကြစမ်းပါ။ အခုကျနော်တို့ဟာ တကယ်လွှတ်လပ်မှုကို အစစ်အမှန် လိုချင်သူတွေ မိမိကရော ဘာလုပ်နိုင်သလဲ။ ဘယ်လို စီမံချက်ရှိသလဲ။ ပြည်သူကိုချပြလေ။ ဒေါ်စု လုပ်နေတာထက် ပိုကောင်းတာ ဘာရှိလဲ ချပြလေ။ ဒေါ်စုချက်တဲ့ ထမင်းဟင်းက လွှဲချော်နေတယ်ထင်ရင် ကိုယ်ကဘယ်လို (ဟင်း ဘယ်လိုအစပ်) စီစဉ်ထားတယ် ချပြလေ။ ဒေါ်စုချက်တာ မဟုတ်ဘူး လွှဲတယ် မှားတယ် သက်သက် အော်နေတာကတော့ ဒါအရူးတွေပြောနေကြ လုပ်လေ့လုပ်ထအလုပ်ပါ။ အတ္တလွန်ကဲပြီး အရူးကြီးအဆင့်အထိ မရောက်ဘဲ အခဲမကြေ တတ်သူတွေ စိတ်ဓါတ်တွေ ဆိုတာလောက်တော့ သတိလေးကပ်ကြပါဦး။ ခင်ဗျားတို့ မြင်ထားတား ကြံစည်ထားတာကမှ ပိုကောင်းတယ်ထင်ရင် ပြည်သူကိုချပြပါ။ ပြည်သူတွေကလည်း လွတ်လပ်မှုကို အမြန်လိုချင်နေတာမှ နောက်တစ်နေ့ကိုတောင် မကူးချင်ကြတော့ဘူး။ ငတ်ပြတ် ကြပ်တည်းခဲ့ရတာ တနှစ်မဟုတ်ဘူး။

ဆး

ကျနော်လဲ နိုင်ငံရေးလုပ်သူပါ။ ကိုယ်လုပ်တာမှ ဟုတ်တယ်လို့ အထင်မထားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတာတွေကိုလဲ အားမရတာတွေလည်း ရှိတာပေါ့။ အမြဲတွေ့ဆုံဆွေးနွေးရေးဘဲ လုပ်နေတာ တချို့ဟာတွေ ကျနော်လဲ အားမရတာတွေရှိပါတယ်။ တွေ့ဆုံရေးကို တောင်းနေတာကို မကျေနပ်ဘူး။ တောင်းဆိုနေရုံမဟုတ်ဘဲ တွေ့ဆုံရေး ပေါ်လာအောင် ဖန်တီးယူရမယ်လို့ မြင်တဲ့သူ။ အခု ၂၀၁၀ လွှတ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းသောနည်းနဲ့ မရရင် အကြမ်းနည်းလမ်းကို ပယ်မထားဘူး။ လိုအပ်ရင် ထိပ်တိုက်နည်း သွားသင့်ရင် သွားရမယ် ပြောလာတာကိုက တွေ့ဆုံရေးကို ဖြစ်ပေါ်လာစေတာလို့ဘဲ မြင်ပါတယ်။ အစောကြီးကထဲကိုက အဲဒီလို ကြိမ်းဝါးစေချင်နေတာပါ။ အခုကြိမ်းဝါးတာမှ အသာလေး။ ဘယ်လောက်အထိ တာသွားသလဲ။ အခုဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေတာ သွားနေတာ ကျနော် အလိုချင်ဆုံး နည်းလမ်းပါ။ တကယ်တမ်း ချကြတော့ ၈၈၈၈- လုံးမှာ ကျနော်ထိပ်က ပါခဲ့တာပါ။ ရွှေဝါရောင်တော်လှန်ရေးမှာ အခုအော်နေသူတွေ ဘယ်နေရာက ပါခဲ့ဖူးလို့လဲ။ သူများကိုတော့ သတ်ကွင်းထဲ ပို့နေတယ်။ အခုဒေါ်စုကို ထိပ်တိုက်သွားရေး အော်နေတဲ့သူတွေ ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးမှာ ပါခဲ့ကြသလား။ အခု ၂၀၀၇- ရွှေဝါရောင်တော်လှန်ရေးကို ဗွီဒီယိုပေါ်က ကြည့်ရတော့ ကျနော်တော်တော်လေး သွေးပျက်တယ်။ ပါးစပ်က သူများကိုတော့ ချချ အသုံးပြုချင်တယ်။ နောက်ဆုံး သံဃာတော်တွေ အဖမ်းခံရတော့ ဆွမ်းကပ်မဲ့သူတောင် မရှိလို့ ဒေါ်ရှုဆိုတာ ပေါ်လာရတာက သက်သေပါ။

လမ်းမှာ တခြားသူတစ်ဦးနဲ့ ကိုယ်နဲ့ ပြဿနာတက်တယ် ဆိုပါတော့။ သူ့လက်ထဲမှာ ဓါးနဲ့။ ကိုယ်က လက်ဗလာ။ ကိုယ်ခံပညာကလည်း မတတ်။ ရန်ဖြစ်ကြကြေးဆိုရင် ကိုယ်က ခံရမဲ့ဘက်က များနေတယ်။ ဒီတော့ အေးအေးဆေးဆေး ဖြေရှင်းတာကို ရွေးမလား ချကြကြေလုပ်မလား။ ရှင်းရှင်းဘဲ.. တကယ်လဲ ဆေးကျောင်းသား ဘ၀က ဓါးသုံးလက် လူလေးယောက် ကျနော်ကို ၀ိုင်းချမယ် လုပ်တယ်။ လိမ္မာပြရတာပေါ့။ အဟီးအဟဲ လုပ်ခဲ့ရတာပေါ့။ မဟုတ် အခုဆို အရိုးတောင် ဆွေးနေလောက်ပြီ။ နောက်နေ့မှ ကိုယ်ကလည်း ကိုယ့်လူမိုက်နဲ့ သွားဖြေရှင်းရတာပေါ့။ မနိုင်ရင် လိမ္မာပြရမှာဘဲ။ မန္တလေးက လူထုဦးလှရဲ့တူ ဒေါက်တာ(ဦး)ဇော်ဝင်းတို့ ကျနော်ဘက်က ပါပေးတယ်။ ကိုဇော်ဝင်းက ကျနော် လူမိုက်လုပ် လမ်းသရဲတွေနဲ့ ရန်ဖြစ်လာရင် ပြေလည်အောင် ရှင်းပေးရတာနှစ်ခါ။ သူ့ကျေးဇူးကျနော့်မှာ အများကြီး။

နောက် အခုဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးတဲ့လူက ဆိုထားသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးတာ ထုတ်ပြန်ပေးရမယ်လေး ဘာလေးနဲ့။ နှစ်ဘက် သဘောတူညီချက်ဆိုတာ ရှိထားရင် ဒါမလုပ်ရဘူးလေ။ သူကိုယ်တိုင်ကတော့ နာမည်တောင် ကျနော်တို့လို ဗြောင်မထုတ်ဖေါ်ရဲဘူး။ ကိုယ်တိုင်ကတော့ ခေါင်းမြှီးခြုံထားပြီး အားမနာ၊ ပါးမနာ သဘောတူထားတာတွေ ထုတ်ဖေါ်ရမယ်တောင်းဆိုရဲတာ အံ့ပါရဲ့။ ရှက်တတ်ရင်ပေါ့။ အဲဒါပါဘဲ။ ဒီလူတွေဟာ ကျွန်တော်ကို ကြပ်ပြေးက အရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီး နေကြသူတွေလား။ ကျနော်အတိအကျ မပြောတတ်။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် စန်းကို မနာလို နေကြသူတွေလား.. ၊ စစ်တပ်က မွေးထားသူလား တွေးစရာတွေအများကြီး။ သူတကယ်တောင်းဆိုရမှာက သန်းရွှေနဲ့ ဆွေးမျိုးပေါက်ဖေါ် တရုတ်ကြီးတွေ ချုပ်ဆိုထားတာတွေကို ထုတ်ပြန်ဖို့ တောင်းဆိုရမယ်ဆိုတာ မစဉ်းစားမိလို့လား။ ကျနော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဆွေးနွေးထားချက်ကို သိချင်တာပေါ့။ အဲဒီဆွေးနွေးထားချက်ထဲက သန်းရွှေနဲ့ တရုတ်ကြီး ချုပ်ဆိုထားတာ နှစ်ခုထဲက တစ်ခုဘဲပြမယ်ဆိုရင် ကျနော်ကတော့ တရုတ်နဲ့ ချုပ်ဆိုထားတာတွေက သေရေး၊ ရှင်ရေးတမျှ ခေါင်းစားနေရတဲ့ကိစ္စ။ အဲဒါတွေကိုပဲ ပိုသိချင်တယ်။ ရှင်းရှင်းပဲ။ တွေဝေတောင် မနေနိုင်ဘူး။

အဲဒါပါပဲ။ အခုရေးနေတဲ့ လူတွေဟာ ကြပ်ပြေးကအရာရှိကြီး သတင်းပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းလင်းရေးအတွက် ဆိုင်းတီးနေကြသူတွေလား ဆိုတာ ကိုယ်တိုင်သာ တွေးဆကြည့်ကြပါတော့။ ကျနော်အတိအကျ မပြောတတ်ပါ။ မရိုးသားတာကတော့ သေချာတယ်။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန်းကို မနာလိုနေကြသူတွေလား။ စစ်တပ်က (ခေါင်းမာသူအုပ်စုက) မွေးထားသူလား။ မသိဘူး။ တရုတ်အစိုးရက ကျနော်တို့ ဒီမိုကရေစီရသွားမှာ အထူး ပူပန်နေတာကတော့ တနေ့ကပအိုဝ့် အမျိုးသားခေါင်းဆောင် ဦးခွန်ဥက္ကာကို တရုတ်က ပြောလိုက်တာလေး ပြန်ဖတ်ကြည့်ရင် တရုတ်က ဒီမိုကရေစီ ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့တွေကို ဘယ်လောက်ကြိတ် ဒေါသထွက်နေတာ မြင်ယောင် ကြည့်တတ်ရင်ပေါ့။ တရုတ်က ကချင်ခေါင်းဆောင်တွေ ကုလသမဂ္ဂကို အကူအညီတောင်းတာကို မကျေနပ်နေတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်.... တွေးသာကြည့်ပါတော့။

းစရာတွေအများကြီး။ စစ်တပ်ကိုလဲ သမ္မတကြီးက အပြည့်အ၀ တာဝန်ယူနိုင်တာ မဟုတ်ဘူး။ သူခမျာ သူဟာသူတောင် မီးစင်ကြည့် ကနေရရှာတာ။ အာဏာက အားလုံး ကြားနေကြတဲ့ အတိုင်း သဘောထား ပျော့ပြောင်းသူ တစ်အုပ်စုနဲ့ သဘောထား တင်းမာသူ တစ်အုပ်စု။ ပြီးနိုင်ငံဥသျှောင် ဆိုတာက ရှိသေး။

တွး

ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ကိုရော သမ္မတကြီးကိုပါ ၀န်းရံကြပေးကြရပါမယ်။ သမ္မတကြီးခမျာ လုပ်ပိုင်ခွင့်က သိပ်ရှိရှာတာမဟုတ်ဘူး။ အခုစစ်တပ်ထဲမှာကို ဗိုလ်ချုပ်တွေ စစ်သည်တော်တွေ မိသားစု ပြဿနာ တင်ပြတာလေးနဲ့တင် အကုန်ဖြုတ် ဖမ်းလုပ်နေတာ။ အာဏာက သန်းရွှေလက်ထဲမှာ ရှိနေတုန်း။ အခုတရုတ်က ဒီထက်ပို မာပြလာရင် ကျနော်တို့ ကလည်း အစွယ်ထုတ် ပြကြရပါမယ်။ အခုလိုဝိုင်းဝန်းကြရမယ့် အချိန်မှာ ဘာမဟုတ်တာကို ဆွဖွနေသူဟာ ရန်သူဘဲ။ ဒေါ်စုရန်သူမို့ ကျနော်ကရန်သူလို့ ပြောတမဟုတ်ဘူး။ ဒီလိုအရေးကြီးချိန်မှာ သွေးခွဲစကားပြောနေတာ ရန်သူမှ ရန်သူအစစ်။


၁၉၄၉- ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်း တောက်လောင်နေချိန်မှာ အဖွဲ့အမျိုးမျိုးကွဲနေတဲ့ လက်နက်ကိုင် အင်အားစုတွေ အားလုံးဟာ မိမိအချင်းချင်း တိုက်ခိုက်နေတာတွေ ဘေးချိတ်ပြီး နယ်ချဲ့ အလိုတော်ရိ အဖွဲ့တစ်ခုကို ဘုံရန်သူအဖြစ် ၀ိုင်းတိုက်ခဲ့သလို အခုကျနော်တို့ အပေါ်ကောင်းပြလာတဲ့ သမ္မတကြီးအစိုးရကို မာပြလာတဲ့ ကျနော်မြန်မာတိုင်း သမိုင်းတစ်လျှောက် စစ်ပွဲကြီးတွေ အကြိမ်ကြိမ်နွှဲခဲ့ရတဲ့ တရုတ်ကို ဘုံရန်သူအဖြစ် မမြင်နိုင်သူဟာ တရုတ်ဒလန် ဖြစ်ဖို့များနေပါပြီ။ ဒီလိုသမိုင်းတစ်လျှောက် ရန်သူကြီးနဲ့ ရင်ဆိုင်လာရချိန်မှာ သွေးခွဲမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်နေသူဟာ သူ့ဟာသူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစာမကြေတာလေးကို ရှိနေရင်တောင် ခေတ္တခဏ မအောင့်ထားတာဟာ တရုတ်ရဲ့ သူလျှိုဒလန်လို့သာ အပြတ်ကို သတ်မှတ်ရပါမယ်။ တကယ့်အရေးကြီးချိန် သွေးနီးကြရမဲ့အချိန်မှာ တစ်လျှောက်လုံး အကောက်ကြံ သတ်ဖြတ်လာခဲ့တဲ့ စစ်အစိုးရကတောင် လက်တွဲလာချိန်မှာမှ တမင်တကာ ဖွနေတာဟာ သွေးရိုးသားရိုး မဟုတ်လောက်ဘူးဆိုတာ တွေးဆရပါတော့မယ်။ 

သန်းရွှေရဲ့ဘော်ဘော် ဆွေမျိုးပေါက်ဖေါ်ကြီးက မြစ်ဆုံရေကာတာကိစ္စ တရားရုံးကနေ လျှော်ကြေးအများကြီး တောင်းဖို့ကြံလာရင် အစိုးရအနေနဲ့ အပြတ်သာ ရင်ဆိုင်စေချင်ပါတယ်။ လျော်စရာရှိတာ လျော်မယ်။ ပြီးရင် အပြတ်ပဲ ပြည်တွင်းက စီမံကိန်းမှန်သမျှကို ဘယ်တရုတ်ကိုမှ လုပ်ငန်းလုပ်ကိုင်ခွင့် မပေးဖို့ကို သမ္မတကြီးနဲ့ အစိုးရကို တောင်းဆိုတာ လုပ်ကြရပါမယ်။ အထူးသဖြင့် ငွေမည်းတွေ၊ မူးယစ်ဆေးတွေဟာ တရုတ်တွေ ထုတ်လုပ် တရုတ်တွေလက်ကနေ လာနေတာဖြစ်ပြီး အခု မြန်မာငွေဈေး ကမောက်ကမ ဖြစ်ရတာဟာ ဒီငွေမည်းတွေကလဲ အတော်လေး သက်ရောကစေခဲ့တာပါ။

တစ်ခါ မြန်မာပြည်ဘွား ဋ္ဌာနေ တရုတ်အချင်းချင်းတောင် ကြည့်မရတဲ့ နောက်ပိုင်းရောက်လာတဲ့ မြန်မာစကားတောင် မတတ်တဲ့ တရုတ်တွေဟာ ငွေမည်းတွေကို ငွေဖြူပြဖို့ လုပ်ငန်းကို ဟန်ပြသဘောလဲလုပ် တစ်ချက်ခုတ် နှစ်ချက်ပြတ် မြန်မာတွေလုပ်သမျှ လုပ်ငန်းအားလုံးကို သိမ်းကျုံး ၀င်ရောက် ယှဉ်ပြိုင်ကြလေတော့ ရိုးရိုးသားသား လုပ်ကိုင်သူတွေဟာ မယှဉ်ပြိုင်နိုင်ကြတော့ပဲ လုပ်ငန်းတွေ ရပ်ဆိုင်းကြရပြီး အခုဆို လုပ်ငန်းမှန်သမျှ နောက်ပိုင်း ဝင်လာတဲ့ တရုတ်နဲ့ လူမျိုးခြားတွေလက်ထဲမှာ ဘဲရှိနေပါတော့တယ်။ ဒီကိစ္စကို အမျိုးသားရေး အော်နေတဲ့ အစိုးရကို တင်ပြကြရပါမယ်။ လုပ်ငန်းတစ်ချို့ကို တိုင်းရင်းသား စစ်စစ်တွေ အတွက် ကန့်သတ်တာ လုပ်ထားဖို့ လိုနေပါပြီ။ အခုဆိုရင် မြန်မာပြည်ရဲ့ စီးပွား၇၅-%ဟာ ရန်သူလက်ထဲ ရောက်နေပါပြီ။ အင်မတန် စီးပွားတောင့်တင်းတဲ့ ခိုင်မာပါတယ်ဆိုတဲ့ သြစတြေးလျမှာတောင် စီးပွားရေးတွေကို အော်ဇီကို ရောက်နေတဲ့ တရုတ်တွေက နံမည်ခံ ၀ယ်ယူမှုတွေ ရှိလာတာကို အခုဖေါ်ထုတ်နေပါပြီ။ ဒါသူတို့က ရေမြေအဝေးကြီး ကနေ ကြိုတင် ကာကွယ်နေကြပြီ။ 



ကျနော်တို့က နယ်နိမိတ်ချင်း ထိစပ်နေပြီး သန်းရွှေက သူအာဏာတည်မြဲရေးအတွက် ၁၉၀၀-နှစ်များဆီက တရုတ် စစ်ဗိုလ်ချုပ်ကြီး ယွမ်ချီကိုင်ဟာ ဒေါက်တာဆွမ်ယက်ဆင်ကို တန်ပြန်နိုင်ဖို့ ကျူးကျော်သူ ဂျပန်အစိုးရကို လျှို့ဝှက်ပြီး ဒူးထောက်တဲ့ စာချုပ်ချုပ်ဆိုထားတာနဲ့ တစ်ပုံစံထဲဖြစ်နေပါတယ်။ တရုတ်တစ်နိုင်ငံလုံး တစ်မျိုးသားလုံး ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ်ကို တရုတ်အစိုးရက ပါဝင်လက်မှတ်ထိုးဖို့က ဂျပန်ရဲ့ သဘောတူညီချက်နဲ့  ဆန့်ကျင်မှု ဖြစ်နေတော့ ခက်နေပါတယ်။ နောက်ဆုံး ၁၉၁၈- မေလ ၁၀-ရက်နေ့မှာ တရုတ်ကိုယ်စားလှယ်က ဂျပန်နဲ့ ချုပ်ဆိုထားမှုကို ဖွင့်ဟ၀န်ခံလိုက်ရပါတယ်။ မေ-၁၁-ရက်နေ့မှာ တရုတ်သတင်းစာတွေမှာ ပါလာပြီး မေ-၁၂-ရက်နေ့မှာ တရုတ်တစ်မျိုးသားလုံး တိုင်းပြည်တစ်ခုလုံး လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီလိုလျှို့ဝှက်စာချုပ်မျိုးကို သူတို့က တစ်ခါကျနော်တို့ အပေါ်လုပ်လာတာ အင်မတန် ကိုယ်ချင်းစာတရား မရှိတာပြတာပါဘဲ။ ဒီမှာလဲ ရှမ်းတရုတ်ဆိုပြီး မလှိမ့်တပတ်တွေကို ပြတ်ပြတ် ခွဲခြားဖို့လိုလာပါပြီ။ တရုတ်ဆိုလဲ တရုတ်ပေါ့။ ရှမ်းဆိုလဲ ရှမ်းပေါ့။ လိမ်ဖို့တော့မကြံနဲ့။ ဒီခေတ်က DNA စစ်လို့ရတယ်။ ဒီလိုမလှိမ့်တစ်ပတ်လုပ်လာခဲ့တာ အမျိုးသားရေး ဦးနေ၀င်းလက်ထက် ကထည်းကပါ။ ခင်ညွှန့်လက်ထက်မှာ အများကြီး ခိုးဝင်လာကြပါတယ်။ ဖေါ်ထုတ်ဖို့ မခက်လှပါဘူး။ ဆန္ဒနဲ့ ဒါကို အမျိုးသားရေး တာဝန်လိုမြင်ဖို့ကသာ အဓိကပါ။ ဋ္ဌာနေမြန်မာ လူမျိုးတွေနဲ့ တသားတည်းကျနေတဲ့ ဆိုးတူကောင်းဖက် တရုတ် လူမျိုးတွေကို မဆိုလိုပါဘူး။ 

အချုပ်အနေနဲ့ အခုလိုထမိီခြုံ အော်ဟစ်နေသူဟာ ဘယ်သူဆိုတာ အားလုံး အထူးသတိထားဖို့ လိုလာပါပြီ။ ဒါဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တိုက်နေတာ မဟုတ်တော့ပဲ နွားကွဲပြီး ကျားဆွဲအောင် သွေးထိုးနေသူလို့ မြင်တတ်ဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ တရုတ်အစိုးရဟာ ဒီမိုကရေစီကို အသေမုန်းသူတာရယ် နိုဘယ်လ်ဆုရှင်ဆိုရင် အသေမုန်းသူ ဆိုတာလောက်တော့ နိုင်ငံရေး စကားပြောနေသူတိုင်း မသိပါဘူးဆိုတာ ငြင်းမရတဲ့အချက်ဆိုတာ တင်ပြရင်း....

အားလုံးကိုလေးစားလျှက်

Credit :  ဒေါက်တာလှိုင်မြင့်

ဖက်ဒရယ်ပြည်ထောင်စု
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ကျနော့်ကို တချို့သော စာဖတ်ပရိတ်သတ်များက (အတော်များများက) မြစ်ဆုံရေကာတာ ကိစ္စကို ရေးသားပါရန် အတန်တန် ရေးလာကြပါတယ်။ ကျနော် မြစ်စုံရေကာတာကိစ္စကို တိတိပပ မသိထားတာလဲရှိ အခုတလော လွှတ်တော်မှာလဲ ငြိမ်းချမ်းရေးကော်မတီ နောက် ပြည်တွင်းမှာ စစ်ပွဲတွေ တဖန်ပြန်ထလာပြီး ပြည်တွင်းငြိမ်းချမ်းရေးက တစခန်းထလာတော့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ စဉ်းစားလာတာနဲ့အမျှ ကျနော်တို့နိုင်ငံရဲ့ တန်းတူညီမျှရေး ဖက်ဒရယ်မူဆိုတာက ပါလာပါတယ်။ ဒီကိစ္စက မြစ်ဆုံရေကာတာထက် ကျနော်ကို ပိုတွန်းလှုံ့ဆော်နေတာမို့ ဖက်ဒရယ်မူဆွေးနွေးတာကို စတင်လိုက်ပါတယ်။ နားလည် ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ ဒီပြည်ထောင်စုမူဆိုတာ တိုင်းပြည်ရဲ့ အရေးဖြစ်တာမို့ အားလုံးနဲ့ သက်ဆိုင်နေသလို ဦးနေ၀င်းလက်ထက် မတိုင်ခင်က စတင်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ မြန်မာတွေကြား အစဉ်အဆက်ပြသနာမို့ ခေါက်ထားလို့ မရသလို မဖြေရှင်းလို့ မရတဲ့အရေးမို့ ဖြစ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းနိုင်လေ တိုင်းပြည်တခုလုံး ပြည်ထောင်စု တခုလုံးအတွက် အကျိုးပိုရှိလာမယ့် အရေးဖြစ်နေလို့ပါ။

အခုဖက်ဒရယ်မူကိစ္စကိုလဲ မူတွေကို အသေးစိတ် ထောက်ပြနေတာ မဟုတ်ပါ။ မူရဲ့အခြေခံ အကြောင်းအရာတွေကိုသာ ထောက်ပြမှာပါ။ အခြေခံကိုက ညှိနှိုင်းစရာတွေ အများကြီးရှိနေလို့ပါ။

ဖက်ဒရယ်ဆိုတာ မဖတ်ကြမှီ ပထမဦးဆုံးပြောလိုတာကတော့ အခုဒီဖက်ဒရယ်မူကို ရေးလိုက်တာဟာ ပွဲဆူအောင် ရေးတယ်လို့ မထင်မိကြဖို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်ရေးမှာက ကျနော့်အမြင် မြင်နေတာက ၁၉၈၀ ကျော်ဝန်းကျင်ကထဲက။ အဲဒီမတိုင်ခင်ကတော့ ပင်လုံသဘောတူညီချက်ကို ဘယ်သူ့ ဆီကမှ မသိနိုင်တော့ ပြည်ထောင်စုနေ့ဆိုတာ နှစ်ပေလောက်ရှိတဲ့ အလံလေးကို ဟန်ပြပြီး ပွဲတော်လုပ်နေတဲ့ လိမ်ညာမှုတခုလို့ဘဲ မကျေမနပ် ရှိနေရတာကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ၁၉၈၀-ကျော်စတွင် ဦးနေ၀င်းရဲ့ အနီးကပ်  လုံခြုံရေးအရာရှိကြီး လက်ပြတ်ကြီးဦးစိန်မြင့်က သူသိထားသလောက်ကို ရှင်းပြတော့မှ ပင်လုံသဘောတူညီချက်ကို အတော်အတန် သိလာခဲ့ရတာပါ။

အဲဒီမှာ တိုင်းရင်းသားတွေရဲ့ ရှစ်ပြည်နယ်မူ ဆိုတာကို ဦးခွန်ထွန်းဦး ကစရှင်းပြလာတော့ နောက်မကြာခင် သူနဲ့ကျနော် အတော်လေး အကြောက်အကန် ငြင်းကြခုံကြရပါတယ်။ ဒီလိုနဲ့ ၈၈၈၈-ကာလဘက် နီးလာတယ်။ ရှစ်လေးလုံးကာလမှာလဲ ကျနော် သပိတ်စခန်းက ၃၁-လမ်း။ သူ့ရုံးခန်းက ဘားလမ်း။ ရန်ကုန်တိုင်း ရှေ့နေများကောင်စီ ရုံးခန်းပေါ့။ ဆုံကြပြန်သေးတယ်။ ကျနော်တို့က အမေရိကန်သံရုံး ဆင်ဝင်အောက်မှာ (သံရုံးကကူညီတာပါ) ဟောပြောပွဲစင်မြင့်နဲ့။ ကျနော်က တခါမှ တက်မဟောပါဘူး  ကျနော့်ချာတိတ် ထိပ်ထိပ်ကြဲလေးတွေ။ အာဃသတ္တိရှင်လေးတွေ။ လူလေးတွေက အသက်က ၁၅ ကနေ ၁၈ ကြားဘဲရှိသေးတဲ့ ချာတိတ်လေးတွေ တက်ဟောတယ်။ နားထောင်သူပရိတ်သတ်က လမ်းအပြည့်ဘဲ။

ဒီလိုနဲ့အရေးအခင်းအပြီး ရွေးကောက်ပွဲ အကြိုကာလကထည်းက ဦးခွန်ထွန်းဦးရဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ပါ ဖက်ဒရယ်ပြည်ထောင်စု (စစ်စစ်)မူ ဆွေးနွေးကြတိုင်း တချို့တလေက ဒေါသတွေ ပါပါလာတတ်ကြပါတယ်။ သူတို့က ကျနော်တို့ကို ဗမာ-မဟာ လူမျိုးကြီးဝါဒ လို့စွပ်စွဲပြီး လူမျိုးကြီးဝါဒနဲ့ အရောင်ဆိုးပြီး ၀ါးလုံးသိမ်း ရမ်းတော့တာပါဘဲ။ သူတို့လို ရှမ်းလူမျိုး ရှမ်းပြည်နယ်သား ပင်လုံဦးခင်မောင် (ပင်လုံစာချုပ်မှာ ပါဝင်ခဲ့သူ)နဲ့ ရှမ်းလူမျိုး တောင်ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခင်တို့နဲ့ကျတော့ ဆွေးနွေးရတာ အမြင်နီးစပ်ပါတယ်။ နောက်ဆုံးဦးခွန်ထွန်းဦး အဖမ်းမခံရခင် ရက်ပိုင်းလေးမှာကို ကျနော်က အတန်တန် သတိပေးပါတယ်။ ရှစ်ပြည်နယ်မူကို မဟပါနဲ့။ ဒါစစ်တပ် သိပ်အကြိုက်တွေ့နေတဲ့ ကြောင်ကြီးရဲ့အမြှီးတံတိုဘဲ။ သူကလည်းမရဘူး ရှစ်ပြည်နယ်မူကမှ ပြည်ထောင်မူစစ်တာဆိုပြီး။

တခါထောင်ထဲမှာလဲ ဘယ်သူက ဖွပေးတယ်မသိဘူး။ နှစ်ကြိမ် တိုင်းရင်းသားအဖွဲ့တွေ ကျနော့်အခန်းကိုလာပြီး ရှစ်ပြည်နယ်မူကို ခင်ဗျားက ကန့်ကွက်တာ ဘာလဲ ရှင်းစမ်းပါအုံးပေါ့။ သေသေချာချာ ရှင်းပြလိုက်ပါတယ်။ တခါ ပြည်ပရောက်တော့လဲ ဘန်ကောက်မှာတင် နိုင်ငံရေးအဖွဲ့ တခုနဲ့ ထိစပ်မိတာကနေ ဘယ်ကနေဘယ်လို သူတို့ဆီကို သတင်းက ရောက်နေတယ်မသိဘူး ခင်ဗျားက ရှစ်ပြည်နယ်မူကို လက်မခံနိုင်ဘူးဆိုတာ လုပ်လာပါလေရော။

တခါ သြစတြေးလျမှာလဲ ၂၀၀၈- ဖေဖေါ်ဝါရီလ မှာ အဲဒီတုန်းက အခု Burma Campaign Australia က ဘဏ္ဍာငွေက တောင့်တင်းနေတုန်းဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံလုပ်ပါတယ်။ တနေကုန် ဆွေးနွေးပွဲကြီးကို နှစ်ရက်လုပ်ပါတယ်။ အဲဒီိမှာ တိုင်းရင်းသားအများစုက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး (ဖက်ဒရယ်ကိစ္စ) တပြိုင်ထဲလုပ်ရမယ် တောင်းဆိုလာပါတယ်။ အဲဒီလို တောင်းဆိုလာတော့ မြန်မာတွေက လက်ရှောင် ထွက်သွားကြပါတယ်။ အားလုံးကဗျောင်ဘဲ။ ကျနော်မပါဘူးဆိုပြီး ထွက်သွားကြပါတယ်။ အခု တီဗွီတွေ ရေဒီယိုတွေအပေါ်မှာ အင်တာဗျူးနေတဲ့ ဆရာကြီးများ အကုန်လက်ရှောင် ကြပါတော့တယ်။ နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။

အဓီက ပြောလိုတာကတော့ စစ်တပ်ကရေးထားတဲ့ အခုနာဂစ်အခြေခံဥပဒေနဲ့ နယ်စပ်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ဦးဆောင်ရေးထားတဲ့မူ (ပြည်ထောင်စုစစ်စစ်မူ @ ရှစ်ပြည်နယ်မူ/ NCUBမူ)  ဆိုတာနှစ်ခုကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဖြစ်နေပါတယ်။ ဘယ်လိုမှ မနီးစပ်နိုင်ပါဘူး ။ တိုင်းရင်းသားတွေက ၂၀၀၈- မှာတော့ ရှစ်ပြည်နယ်မူကနေ ၁၀-ပြည်နယ်မူ ဆိုပြီး ပြည်နယ်နှစ်ခုတိုး သတ်မှတ်လာပါတယ်။ နောက်ထပ်ထပ်တိုး ပြည်နယ်တွေအတွက်ပါ ကွက်လပ်လေးနှစ်ခု ပြထားပါသေးတယ်။ အမှတ်စဉ်လေး - ၁၂ အထိ ထိုးထားလိုက်ပါသေးတယ်။

တခါစစ်တပ်ကဆွဲတဲ့ နာဂစ်-၂၀၀၈-ဥပဒေကတော့ ဒီမိုကရေစီဆိုတာ အနံ့လေးလောက်ဘဲပါတာပါ။ ဆွေးနွေးစရာမလိုတော့လို့  ခေါက်ထားလိုက်ပါတယ်။ နောက်တခု အဓိကထားပြောလိုတာကတော့ ၁၉၆၂ -နှစ်ဖေါ်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာ(ဗမာ)မပါဘဲ တိုင်းရင်းသားတွေက ပြည်ထောင်စု (စစ်စစ် )မူ / ရှစ်ပြည်နယ်မူကို တင်ဖို့လုပ်လာတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဦးနေ၀င်းက အာဏာသိမ်းလိုက်တာပါဘဲ ။ ဦးနေ၀င်း အာဏာသိမ်းတော့ တိုင်းပြည်ပြိုကွဲမယ့် အရေးကနေ ကာကွယ်ဖို့ပေါ့။ အဲဒီအချိန်က မြန်မာနိုင်ငံရေးသမားတွေက ဦးနေ၀င်းရဲ့ အကြောင်းပြချက်ကို သိပ်အကြောက်အကန် မငြင်းနိုင်ခဲ့ကြပါဘူး။ မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခုဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။ ဒီရှစ်ပြည်နယ်မူကို ဗမာကိုယ်စားလှယ်တွေက လက်မခံနိုင်ကြပါဘူး။ လက်ခံဖို့ သိပ်ခက်နေပါတယ်။ လက်မခံတော့ တိုင်းရင်းသားတွေဘက်က ဒါမဟာလူမျိုးဝါဒ ဆိုတာကို တွင်တွင် အော်တော့တာပါဘဲ။ ဒါပေမဲ့ လွတ်တော်မှာက အဖွဲ့တွေ အကွဲကွဲဖြစ်နေချိန်ကို တိုင်းရင်းသားတွေက အခွင့်ကောင်းယူလာတယ်လို့ တပ်မှုးတွေက လုံးဝယူဆထားကြပါတယ်။

အခုဒီမိုကရေစီ အနံအသက်လေး တစတစ ရှုလာရပြန်တော့ တိုင်းရင်းသားလူမျိုးစုတွေက ပင်လုံစိတ်ဓါတ်ဆိုပြီး တခါဒီရှစ်ပြည်နယ်မူကို ထပ်မံဖြည့်စွက်ထားတဲ့ ၁၀-ပြည်နယ်မူဆိုတာ အခုကိုင်ထားကြပါတယ်။ တခါစစ်တပ်ကလဲ စစ်တပ်အာဏာ ဖြေလျှော့လိုက်ရရင် ပြည်ထောင်စု စစ်စစ်မူတင်လာရင် ပြည်ထောင်စုကြီးပြိုကွဲပြီး အာရှဘော်လကန်အရေးအခင်း (အာရှဘောစနီးယား) သေချာပေါက်ဖြစ်လာမယ်လို့ အာဆီယံကို အတိအလင်းပြောထားတာ အကြိမ်ကြိမ်ပါ။  အာဆီယံ နိုင်ငံတွေကလဲ စစ်တပ်အမြင်ကို မငြင်းနိုင်သလို အာဆီယံအဖွဲ့ဝင်တချို့ကပင် အာရှဘော့စနီးယား ဖြစ်လာမယ်လို့ကို စစ်တပ်ဘက်ကနေ ထောက်ခံထားကြပါတယ်။

အဲဒီတော့ ကနေ့လွတ်လပ်မှုလေး တစတစဖွင့်ပေးလာတာကို ကျနော်တို့က အမျှော်အမြင်ကြီးကြီး သဘောထားကြီးကြီးနဲ့ လိမ္မာစွာယူကြမလား စားခွက်လုကြမလား။ စစ်တပ်ကတော့ ၂၀၀၈-နာဂစ်မူမှာ ပြည်ထောင်စုပြိုကွဲမဲ့အရေး ပြည်တွင်းစစ်မီးကြီိး တောက်လောင် လာနိုင်ချေရှိရင် စစ်တပ်ကို အာဏာပြန်လွှဲပေးရမယ် (အာဏာသိမ်းတာ မဟုတ်နော်) ဆိုတာကိုထဲ့ထားတယ်။ စစ်တပ်အာဏာသိမ်းလဲ ချမယ်။ ဘော်လကန်လို လွတ်လပ်ရေး ယူပစ်မယ်လို့ ဆုံးဖြတ်ထားကြရင်တော့ မသိဘူး။

ရှစ်ပြည်နယ်မူဘဲ ပြောကြပါစို့။ အခုရှစ်ပြည်နယ်မူဆိုတာကို မြန်မာ(ဗမာ) အများစု သဲသဲကွဲကွဲ သိရအောင် ကျနော်အမြင်လေးကို ရေးပြချင်ပါတယ်။ ဗမာထဲကလဲ ကျနော်နဲ့ အမြင်မတူ နိုင်သူများလဲရှိပါမယ်။ တဖန်အမြင်တူသော်လဲ ကိုယ်အသက်အန္တရယ်ကို စိုးရိမ်ရလို့ (တတိယနိုင်ငံမှာ နေသူတွေတောင် လန့်ကြပါတယ်ဆိုတာ ဘာကြောင့်ပါလိမ့် ကျနော်တော့မသိဘူး) ကျနော့်အမြင်ကို မထောက်ခံရဲသူတွေလဲ အများကြီးရှိကြပါမယ်။ ကျနော် အင်တာနက်ပေါ်ကနေ ဒီိကိစ္စဆွေးနွေးရင် မဲဆောက်က လူတွေက ဆရာမျက်နှာသစ်စရာ မရှိအောင် လုပ်နေတာလားလို့ ပြန်ပြောပါတယ်။ ဗမာတွေက လူမျိုးကြီးဝါဒ ကိုင်ထား မထားတော့မသိ ကိုယ်နဲ့ အမြင်တူတာကို နားမထောင်ဝံ့ ကြတာတော့ သိပ်သေချာနေပါတယ် ခင်ဗျာ။

အဲဒီတော့ ဦးခွန်ထွန်းဦးတို့နဲ့ ဆွေးနွေးတဲ့အခါ ထောင်ထဲမှာ ဘန်ကောက်မှာ မလေးရှားမှာ အခုသြေိာစီမှာ ဆွေးနွေးတိုင်း တိုင်းရင်သားအားလုံးနီးပါးက အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်မူကို နမူနာပြုပြောဆို ခိုင်းနှိုင်း ပြောဆိုကြပါတယ်။ ထုံးစံအတိုင်းပေါ့။ အမေရိကန်မှာက လွှတ်တော်နှစ်ရပ်ရှိပါတယ်။ အထက်လွှတ်တော်ခေါ်တဲ့ ဆီးနိတ် (SENATE)နဲ့ အောက်လွှတ်တော်ခေါ်တဲ့ HOUSE of REPRESENTATIVEပေါ့ နှစ်ရပ်ရှိပါတယ်။ အောက်လွှတ်တော်အတွက် ကိုယ်စားလှယ်ကို လူဦးရေအလိုက် လူဦးရေအချိုးကျ ကိုယ်စားလှယ် အရေအတွက်ကို ရွေးကောက် တင်မြောက်ရတာပါ။ အထက်လွှတ်တော်ကိုတော့ တပြည်နယ်ကို ကိုယ်စားလှယ်ဦးရေ ညီတူမျှတူ (ပြည်နယ်လူဦးရေ ဘယ်လောက်ဘဲ ရှိနေပါစေ) အရေအတွက် အတူတူဘဲ ပေးထားပါတယ်။ ပြည်နယ်တခုကို နှစ်ဦးကျစီ ဘဲလွှတ်ခွင့်ရှိပါတယ်။ အင်မတန်သေးငယ်တဲ့ ကျွန်းငယ်ငယ်လေး ဖြစ်နေတဲ့ ပြည်နယ်လေးကလဲ ကိုယ်စားလှယ်နှစ်ဦးဘဲ အင်မတန်ကြီးမားပြီး လူဦးရေသိပ်များတဲ့ ပြည်နယ်ကြီးကလဲ နှစ်ဦးပါဘဲ။

တခါ အမေရိကန်ပြည်ထောင်စုဟာ ဒီဘက်ခေတ်ကာလ ဘုရင်စံနစ်(အင်္ဂလိပ်) တွေကို တော်လှန်ပြီး ဒိမိုကရေစီစံနစ်ကို ခိုင်ခိုင်မာမာ ဦးဆောင်နေတယ်။ နိုင်ငံရေးက တည်ငြိမ်တယ် နိုင်ငံရေး တည်ငြိမ်တော့ စီးပွားရေး၊ ပညာရေးမှာ ဦးဆောင်လာနိုင်ပြီး ကမ္ဘာကိုဦးဆောင်နေပါတယ်။ ကျနော်တို့ အခုဆိုအတိုက်အခံ အင်အားစုအများဆုံးကလည်း အမေရိကန်မှာ အခြေချနေထိုင်နေကြတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့ နိုင်ငံအတွက် စံနမူနာပြုပြောဆို ဥပမာပေး ခိုင်းနှိုင်း ပြောဆိုတတ်ကြပါတယ်။

တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေကလည်း အမေရိကန်ဖွဲ့ စည်းပုံကို နမူထားပြောဆိုတတ်ကြပါတယ်။ အဲဒီမှာ ပြောစရာတွေ ရှိလာပါတယ်။ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့ဖွဲ့ စည်းပုံကို ပြည်ထောင်စုစစ်စစ်မူ လို့ဆိုထားတယ်။ ပြီးတော့ဒီမူက အမေရိကန်မူကို နမူနာ ယူထားတယ် ဆိုကြပါတယ်။ တကယ်တော့ လုံးဝကြီး ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ထပ်ပြီးပြောပါမယ်။ တိုင်းရင်သားတွေရဲ့ ပြည်ထောင်စုစစ်စစ်မူနဲ့ အမေရိကန်ပြည်ထောင်စုမူက လုံးဝကြီး ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ တခါတိုင်းရင်းသားတွေရဲ့ မူကမှ ပြည်ထောင်စုစစ်စစ်မူ ဆိုထားပြန်တော့ သူတို့နမူနာထားခဲ့တဲ့ အမေရိကန်မူကြီးက ပြည်ထောင်စုမူ မစစ်တော့တဲ့ သဘောရောက်သွားပြန်ပါတယ် ။

ဘာတွေကြောင့် ဆန့်ကျင်ဘက်ဖြစ်နေပါတယ် ပြောရပါသလဲဆိုတော့ အမေရိကန်မှာ အခုသြစတေးလျတို့မှာ မြန်မာတိုင်းရင်းသားတွေ အပါအ၀င် လူမျိုးပေါင်းစုံ ရောက်နေကြပါပြီ။ အခုကျနော်တို့ အတိုက်အခံ ၀က်ဆိုဒ်တွေပေါ်မှာ မင်းကဘာလူမျိုး ငါတို့ကညာလူမျိုးတွေ အော်ကြီးဟစ်ကျယ် လုပ်နေကြပါတယ်။ မြန်မာလိုချနေတာများပါတယ်။ ဒီလိုလူမျိုးကိုခွဲခြားပြီး အပြင်မှာပြောရင် အလုပ်မှာကအစ ဒီလူဟာ လူမျိုးရေးအစွဲကြီးသူ လူမျိုးရေးခွဲခြားသူ အဖြစ် အသတ်မှတ် ခံရမယ်ဆိုတာ ဒီလူတွေသိပ်သိတာပေါ့။ အဖြူတွေနိုင်ငံမှာနေ အဖြူတွေကြားမှာကျတော့ လူကိုလူလို့ဘဲ ပြောဆိုနေကြပြီး မြန်မာပြည်သားချင်းကြတော့မှ ဘာလူမျိုးက ဘယ်လို ညာလူမျိုးကနဲ့ အော်ချက်ထုတ်နေတာလေး ပြန်တွေးကြည့်ကြပါ။

အောက်လွှတ်တော် နှစ်ရပ်ကို ယှဉ်ကြည့်ရင် အမေရိကန်မူနဲ့ ရှစ်ပြည်နယ်မူက အတူတူပါဘဲ။ ဆန့်ကျင်ဘက်ဖြစ်နေတာက အထက်လွှတ်တော်မှာပါ။ ဟိုမှာက အထက်လွှတ်တော်ဆိုတာက လူမျိုးကို အခြေခံပြီး သတ်မှတ်ထားတာ မဟုတ်သလို ရွေးချယ်မှုကိုလည်း ပြည်နယ်နံမည်(တနည်း-ဒေသကို အစွဲပြုထားတယ်)။ ဒီမှာက လူမျိုးစုလွှတ်တော်။ လူမျိုးကို အခြေခံပြီး ရွေးချယ်ထားတာ ဖြစ်နေတယ်။ လူမျိုးရေးခွဲခြားထားပြီ။ ကျနော်နဲ့ အဲဒီလူမျိုး အမည်တတ်ထာတာကို ဆွေးနွေးတော့ သူတို့က လူမျိုးနဲ့ မခွဲခြားပါဘူး။ ဥပမာရှမ်းပြည်နယ်ကနေ မြန်မာလဲဝင်အရွေးခံခွင့် ရှိပါတယ်ပေါ့။ ဒါဆိုဘာလို့ ရှမ်းပြည်နယ်လို့ မသတ်မှတ်ချင် ရတာလဲဆိုတော့ အဖြေခက်နေကြတယ်။

အဲဒီလို လူမျိုးကို အခြေခံထားတာကိုက ဒီမိုကရေစီမူတွေ ဒီမိုကရေစီစံတွေနဲ့ ဆန့်ကျင်ဘက် လုံးလုံးကြီးဖြစ်သွားပါပြီ။ ထပ်ပြောပါမယ်။ လူမျိုးဆိုတဲ့နာမကို ထဲ့သုံးပြီး သတ်မှတ်လိုက်ရင် ဒီမိုကရေစီကို မဟုတ်တော့ပါဘူး။ ကြိုက်သလို သတ်မှတ်ပေတော့ ဒီမိုကရေစီမဟုတ်တော့ ဆိုတာကတော့ သေချာသွားပြီ။ ဘာလို့လဲ.... ရှင်းပါတယ်။ ဒီမိုကရေစီရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ပထမဦးဆုံးသော စာသားများမှာ ဆိုထားတာကိုက ဒီမိုကရေစီဆိုသည်မှာ လူမျိုး/ ဘာသာ/ အသားအရောင်/ အသက်အရွယ်/ ပညာ/ ကျား/မ ဘာညာ မခွဲခြားစေရဟု ဆိုထားပြီး အခုဖက်ဒရယ် စစ်စစ်မူကြီးမှာ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော် (ယခင်ကတော့ လူမျိုးစုလွှတ်တော်) ဆိုပြီး လူမျိုးနဲ့ ခွဲခြားထား မိလျှက်သား ဖြစ်နေလို့ပါ ။

အဲဒီမှာ အမေရိကန်ပြည်ထောင်စုမူနဲ့ ပြဒါးတလမ်း သံတလမ်း ကွဲထွက်သွားပါပြီ။ နောက်ပြီး ကျနော့်နဲ့ ဆွေးနွေးသူတွေ နမူနာပေးတတ်တာလေးက တူနေတတ်ပါတယ်။ ခင်ဗျားအမေရိကန်က မေလီလင်းပြည်နယ်လေးကို သိတယ်နော်။ ဟုတ်ကဲ့သိပါတယ်ဆိုရင် အဲဒီမေရီလင်း ပြည်နယ်လေးက သေးသေးလေး ဒါပေမဲ့ အထက်လွှတ်တော်ကို ပြည်နယ်ကြီးတွေနဲ့ တန်းတူ အထက်လွှတ်တော်အမတ် နှစ်ဦးကျ ခွဲတမ်းအရ တက်ရတယ်ပေါ့။ ခွဲတမ်းက တန်းတူရတယ်ပေါ့။

ကျနော်ကပြန်မေးပြီ အဲဒီ မေရီလင်းလူမျိုးတွေက ဘာစကားပြောသလဲပေါ့။ ဘယ်တိုင်းပြည်ကနေ အမေရိကားကို လာရောက် အခြေချသူတွေလဲပေါ့။ အ၀တ်အစားက ဘယ်လိုဝတ်စုံလဲ။ မေးပြီ။ ခင်ဗျားက အမေရိကန်နိုင်ငံအကြောင်း သိပ်မသိသေးဘဲကိုး။ မေရီလင်းဆိုတာ လူမျိုးကို ပြောနေတာမဟုတ်ဘူး။ ပြည်နယ်လေး ပြည်နယ်လေးမှ သေးသေးလေး။ အော်ဒါနဲ့ ပြောပါအုံး သူတို့နဲ့ နှိုင်းယှဉ်ပြောနေလို့ ခင်ဗျားတို့မူနဲ့ ဘယ်နေရာ တူတာလဲပေါ့။ လာပြီ အခုကျနော်တို့မူက ကယားပြည်နယ်လေးက သေးသေးလေးပေမယ့် အမေရိကန်လိုဘဲ လူမျိုးစုလွှတ်တော်မှာ ဗမာပြည်နယ်ကြီးလိုဘဲ ကိုယ်စားလှယ်ငါးဦး တန်းတူညီတူ တက်ခွင့် ပေးထားတယ်ပေါ့။ လာပြီ ကျနော်ထောက်ပြီ။ ခင်ဗျားတို့က ခုနက မေရီလင်းက လူမျိုးနာမည်မဟုတ်ဘူး ဒေသအမည် ပြည်နယ်ကို ကိုယ်စားပြုတယ်လဲ ဆိုထားတယ်။ အခုခင်ဗျားတို့ သုံးထားတာ လူမျိုးအမည် သုံးထားတော့ လူမျိုးစုလွှတ်တော်တဲ့။ ဟိုမှာက ဘာလူမျိုးကိုမှ စကားထဲထဲ့ မပြောရဘူး။ နယ်ကိုယ်ကိုယ်စား ပြုထားတာ။ နောက်မေရီလင်းက နယ်သာသေးတာ ဓနအင်အားက အင်အားကြီး လူဦးရေကျတော့ အလွန်များတယ်။ မတူတာကိုလာ ဥပမာပေးနေတာ။ အဲဒီမှာ လွှဲနေပြီ ကွဲနေပြီ။ မေရီလင်းက ဒေသ အမည်ကို ယူထားတာ။ လူမျိုးဆိုတာ ဖြူသလားမဲသလား။ ဒီမှာက ရှမ်းလူမျိုး၊ ကချင်လူမျိုး၊ လူမျိုးနာမည် ယူထားတာကို ဒီနှစ်ခုက အတူတူပါဘဲဆိုတော့ ။

နယ်ကို ကိုယ်စားပြု သတ်မှတ်ထားပြီး လူမျိုးကို ကိုယ်စားပြုထားတာ မဟုတ်တော့ အဲဒီ့ အထက်လွှတ်တော်အမတ်က သူ့နယ်သားတွေ နယ်အကြောင်းတွေ တင်ပြတဲ့အခါ ဘယ်လူမျိုးကမှ မကျေနပ်စရာ မရှိတော့ဘူး။ ဒီမှာက ဥပမာ ရှမ်းလူမျိုး ကိုယ်စားလှယ်က ရှမ်းလူမျိုးအရေး ပိုပြောနေတာဘဲ ငါတို့ဓနုတွေ ပအိုဝ်းတွေအကြောင်း မတင်ပြဘူးဖြစ်ကုန်ပြီ။ တခါ ဥပမာပေါ့  အမျိုးသား/ လူမျိုးစုလွှတ်တော်မှာ နှစ်ယောက်ဆီဘဲ တက်ဖို့ သတ်မှတ်လိုက်တယ်။ ထားပါတော့ ရှမ်းပြည်နယ်မှာ ရှမ်းကတယောက်ပေါ့ ထားပါ ပအိုဝ်းကတယောက်ယူလိုက်ရင် ကျန်တဲ့လူမျိုးစု အငယ်တွေကို ဘယ်သူက ကိုယ်စားပြုတော့မလဲ။ ပြုပါတယ်ပြောလဲ ပထွေးနဲ့ ဆက်ဆံရသလို ခံစားနေရပြီလေ။ လူမျိုးအမည် တပ်ထားတော့ သူ့တို့ကိုချန်ထားရပြီ။

တခါ ၀လူမျိုးတွေကလဲ တပူထလာမယ်လေ။ ပလောင် အားလုံး လိုချင်လာကြမယ်။ ထားပါ ရှမ်းနဲ့ ပအိုဝ်းကိုယ်စားလှယ် နှစ်ဦးတက်ခွင့်ယူထားတော့ ပလောင်က သူတို့အရေးကိစ္စကို ဘယ်သူကနေ တင်ပြရမှာလဲ။ ရှမ်းကိုယ်စားလှယ် ကနေလား။ ပအိုဝ်းကိုယ်စားလှယ်ကို ကပ်ရတော့မှာလား။ ထားတော့ အဲဒီမှာ ပလောင်က တင်ပြချင်တာက သူတို့ လူမျိုးစုနဲ့ ရှမ်းလူမျိုးစုကြား ဖြစ်နေတဲ့ ပြသနာမျိုးကို ဘယ်သူဆီက တင်ပြရတော့မလဲ။ အခုကို ၀လူမျိုးစု နဲ့  ရှမ်းတွေအကြား နယ်မြေပိုင်ဆိုင်မှု ရှိနေတယ်လေ။ လူမျိုးစုလွှတ်တော်ကို ၀လူမျိုးတွေက တင်ပြချင်ရင် ဘယ်သူကနေ တင်ပြရတော့မလဲ။

နောက် ရှိပါသေးတယ်။ တိုင်းရင်းသားတွေ ဆွေးနွေးတတ်တာလေး။ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တယ်။ ကရင်တကျပ် ဗမာတကျပ်တဲ့။ အထက်လွှတ်တော်မှာ ဗမာ-တယောက်တက်ရရင်၊ ကရင်လဲ တယောက်ပေါ့။ အဲဒီမှာ ကျနော်ကပြောပြီ။ ခင်ဗျားအခုကျနော်နဲ့ ဆွေးနွေးတယ်။ ခင်ဗျားက ကျနော့်ကိုတော့ စကားကို ကပ်သပ်ပြီးပြောတယ်ပေါ့။ ကျုပ်ပြောနေတာ ဥပဒေရှုဒေါင့်ကနေ။  ချွင်းချက် ဟာကွက်မရှိအောင် ဒေါင့်စေ့အောင်ပြောနေတာ။ ဒါကျုပ်က မူတွေဘာတွေ ဘာမှ သိပ်သိတာ တတ်တာ မဟုတ်သေးဘူး။ ဗိုလ်ချုပ်ဦးဏှောက်နဲ့ နှိုင်းရင် ဖြုတ်ကလေးလောက်ရှိတာ။ ဗိုလ်ချုပ်က စကားပြောရင် ဘယ်စကားက တချိန်မှာ ဘယ်လိုဖြစ်မယ် ဘယ်လိုအဓ္ဓိပါယ် ယူသွားနိုင်တယ်ဆိုတာ ကျုပ်ထက်အဆ ရာချီမက ကြိုမြင်တယ်။ ဒါကြောင့်သူ့ စကားက ဗမာတယောက်တမဲ၊ ကရင်တယောက်လဲတမဲ ဘယ်သူမှ မဲပိုမရစေရလို့ဆိုခဲ့တာ။ ဗမာပြည်နယ်တမဲ လို့ပြောချင်ရင် စကားပြောကထဲက ဗမာပြည်နယ်ထည့် ပြောမှာပေါ့။ အဲဒီလိုပြောချင်ရင် ကရင်ပြည်နယ်လို့ ပြောရအောင် ကရင်ပြည်နယ်လို့ အဲဒီအချိန်က ပြောတာခေါ်တာ မရှိသေးဘူး မဆိုကြသေးဘူး။ ပြည်နယ်ကို သူညွှန်းပြီး ပြောချင်ရင် ဗမာပြည်နယ် တကျပ်၊ ကချင်ပြည်နယ်တကျပ် လို့ဘဲ ပြောမှာပေါ့ ။ ကချင်က ပြည်နယ်အနေနဲ့ ခေါ်ပြောဆိုနေပြီလေ။ အဲဒီတုန်းက ချင်းကိုတောင် ချင်းဝိသေသတိုင်းဘဲ သုံးနေသေးတာ။ ချင်းပြည်နယ်လို့ကို မသုံးသေးဘူး။

ဖက်ဒရယ်မူမှာ တကယ်တန်းက တိုင်းရင်းသားတွေ အချင်းချင်း ဆွေးနွေးထားတာ မြင်ထားတာက အောက်လွှတ်တော်မှာ မြန်မာက လူများစုရထားတယ်။ လွှတ်တော်မှာ မြန်မာတွေက သူတို့ဖြစ်ချင်တာကိုချည်း ဆုံးဖြတ်မယ်။ သူတို့ကလူများစု။ အဲဒီလို ဆုံးဖြတ်ထားတာကို လူမျိုးစုလွှတ်တော်ကနေ ဗမာကိုယ်စားလှယ်က ငါးဦးဘဲရှိတော့ ကျန်လူမျိုးစု ခုနစ်မျိုးက-စုစုပေါင်း (၃၅-ယောက်)နဲ့ အပေးအယူလုပ်ပြီး ပြန်ထိမ်းချုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဒီလိုလူမျိုးစု လွှတ်တော်နဲ့ ဆွဲထားတာဆိုတာ သိရပါတယ် ။

အဲဒီလိုသာဆိုရင် ဗမာတွေက တခုခုလုပ်ချင်ရင် တိုင်းရင်းသားတွေ အကြပ်ကိုင်သမျှ လည်စင်းခံနေရတော့မှာ။ ဒီတော့တချို့ ဗမာတွေက နယ်ချဲ့ကို တော်လှန်တာ ဗမာက ဦးဆောင်တယ်။ တချို့တိုင်းရင်းသားတွေဆိုရင် နယ်ချဲ့ရဲ့ လက်ကိုင်ဒုတ် နယ်ချဲ့ကို အသက်ဆက် ပေးနေသူတွေ။  အသက်ပေးကြရတာ အများစုက ဗမာ။ အခုလွတ်လပ်ရေးရလာပြီး ပြည်ထောင်စုဖွဲ့တော့ ဗမာက ဘာလုပ်ချင်လုပ်ချင် ငါတို့က သူတို့ သနားမှ လုပ်ခွင့်ရတော့မဲ့ ဘ၀ကို ချိုးထားတယ်ဖြစ်လာပြီ။ လူမျိုးစုလို လုပ်လိုက်တာနဲ့ လူဦးးရေ သန်း၄၀-ရှိတဲ့ ဗမာက ၅- ယောက်။ လူဦးရေ-၁၅-သန်းက ဘဲရှိတဲ့ တိုင်းရင်းသားတွေက- ၃၅.-ယောက်ဆိုတော့ တရားမျှတမှု ရှိတယ်မရှိဘူး နိုင်ငံတကာပညာရှင်တွေကိုသာ ချပြကြပါ။

တကယ်က တိုင်းရင်းသားတွေက အောက်လွှတ်တော်မှာကို လူအနည်းငယ်သာရှိပေမဲ့ ဗမာရတဲ့ အချိုးထက် ပိုမိုတဲ့ အချိုးနဲ့ ကိုယ်စားလှယ်နေရာ ပိုရထားပါတယ်။ တိုင်းရင်းသား လူဦးရေ စုစုပေါင်းနဲ့ သူတို့ရထားတဲ့ ကိုယ်စားလှယ်နေရာနဲ့ ဗမာပြည်နယ်တွေမှာ ရှိတဲ့ လူဦးရေစုစုပေါင်းနဲ့ ဗမာပြည်နယ်တွေက ရထားတဲ့ ကိုယ်စားလှယ် အချိုးကို ချတွက်ကြည့်ရင် ပေါ်နေပါတယ်။

ဥပမာ ကယားပြည်နယ်ကို ကြည့်ပါ။ မြို့တွေက သေးသေးလေးတွေ။ မြို့နယ်လို့ သတ်မှတ်လိုက်တာနဲ့  လွှတ်တော်ကိုယ်စားလှယ် နေရာပေးရပြီ။ မြို့က မဲပေးနိုင်သူဦးရေက ၁၂၀၀- ၁၈၀၀- ဘဲရှိတယ်။ အဲဒီအတွက် ကိုယ်စားလှယ် တဦးရပြီ။ ဗမာပြည်နယ်တွေမှာ မြို့တွေက လူဦးရေကများတော့ မဲပေးခွင့်ရှိသူ တသိန်းကိုမှ ကိုယ်စားလှယ်တဦးရတာနဲ့ ယှဉ်ကြည့်ပါ။ အဲဒီလိုအသာရထား တာတွေ အများကြီးပါ ။

ဥပမာ တမျိုးလှဲ့ပေးရရင် ကယားပြည်နယ်က လူဦးရေစုစုပေါင်းမှ ၂.၅-သိန်း။ ကိုယ်စားလှယ် ၁၂-ဦိးခန့်ရထားတယ်။ ရန်ကုန်တိုင်းက လူဦးရေ ၆-သန်းခန့်။ ကိုယ်စားလှယ်ကျတော့ ၄၀-လောက်(ထင်)။ ကယားနဲ့ အချိုးချကြည့်လိုက်ရင် ရန်ကုန်တိုင်းလို လူဦးရေနဲ့ ကယားရတဲ့အချိုးနဲ့ တွက်ကြည့်ရင် ကယားပြည်နယ်ကို လူ-၆.၀ သန်းနဲ့  တွက်လိုက်ရင် ကိုယ်စားလှယ် ၂၅၀-လောက်ဖြစ်နေပြီလေ။

ထားတော့ အခုရှစ်ပြည်နယ်မူက ၁၉၆၀-မတိုင်ခင်က တလျှောက်လုံး ရှစ်ပြည်နယ်မူဘဲ ရှိနေရာကနေ နယ်စပ်မှာတင် ဘယ်လိုတွေ ဖြစ်တယ်တော့မသိ ၂၀၀၈- မှာကျတော့ ဧရာဝတီအမျိုးသားပြည်နယ်နဲ့ တနသာင်္ရီအမျိုးသားပြည်နယ် ဆိုပြီး နှစ်ပြည်နယ်ထပ်တိုးထားတယ်။ နောက်ထပ်ထပ်ပြီးတိုးဖို့  နှစ်နေရာ အရာပေးထားလာတယ်။ အဲဒီမှာတင် သူ့ဟာသူ လွှဲနေတာပြနေပြီ။ ဧရာဝတီက လူမျိုးမှမဟုတ်တာ။ ဒေသကို အစွဲပြုခေါ်ထားတာ။ ဧရာဝတီစကား ဧရာဝတီစာပေ ရိုးရာအ၀တ်အစားဆိုတာ ရှိမှမရှိတာ။ ဒီလိုဘဲ တနင်္သာရီအမျိုးသားလို့ သုံးရအောင် တနင်္သာရီလူမျိုးဆိုတာမှ မရှိခဲ့တာ။ ဘိတ်သား၊ ထားဝယ်သား၊ ရန်ကုန်သား၊ ရွှေဘိုသား ဆိုတာက မြို့ကိုအစွဲပြု ခေါ်ပြောကြတာပါ။ နိုင်ငံတကာရောက် ပညာရှင်ကြီးတွေ ရေးဆွဲထားတာ ကျနော်လဲ နားမလည်တော့ဘူး။ သူတို့ကပညာရှင်တွေလေ။

ဆက်လက် ရေးသားတင်ပြပါမည်..
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

Credit:demowaiyan
Rohingya Exodus