![]() |
| ဦးကျော်မင်း(CRPP) |
ဦးကျော်မင်းသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ အမျိုးသားလူ့အခွင့်အရေးဒီမိုကရက်တစ်ပါတီကိုယ်စားပြု၍ ရွေးချယ်တင်မြောက်ခံခဲ့ရသော အမတ်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ (စီအာရ်ပီပီ) အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် မတ်လ (၁၇) ရက်နေ့တွင်ဖမ်းဆီးခဲ့ပါသည်။ ဦးကျော်မင်းကို ၂၀၀၅ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၄၇ နှစ်နှင့် ဒဏ်ငွေ ၅ သောင်းချမှတ်ခဲ့သည်။ ဦးကျော်မင်း၏ မိသားစုဝင်များကို ၂၀၀၅ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့ပါသည်။
ဦးကျော်မင်းကိုဖမ်းဆီးအကျဉ်းချခဲ့ခြင်း အဓိကအကြောင်းရင်းနှစ်ရပ်မှာ (၁) ၂၀၀၅ ခုနှစ် ပြည်ထောင်စုနေ့တွင် စီအာရ်ပီပီ၏သဘောထားကျေညာချက်ထုတ်ပြန်ရာတွင် အဓိကပါဝင်ကူညီခဲ့ခြင်း (၂) ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့များတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းမှ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခြင်း တို့ကြောင့်ဖြစ်သည်။
ဦးကျော်မင်းသည် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၆၉ ခုနှစ်မှစတင်ပြီး စစ်တွေမြို့တွင် ကျောင်းဆရာအဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပညာရေးဒီပလိုမာကိုရရှိခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်ပညာရေးမှူးအဖြစ်အမှုထမ်းခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ၈၈ အရေးအခင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ ဘူးသီးတောင်မြို့နယ်ကျောင်းဆရာများသမဂ္ဂတို့တွင်ပါဝင်လှုပ်ရှားမှုများကြောင့် အလုပ်မှထုတ်ပယ် ခြင်းခံခဲ့ရသည်။
(စီအာရ်ပီပီ)အဖွဲ့ဝင် ဦးကျော်မင်းနှင့်တွေ့ဆုံမေးမြန်းခြင်း။
-
"Although mass killings and exterminations of human races were some sort of things that the world experienced during Nazi German p...
-
More than 400,000 Rohingya have fled from Myanmar to neighbouring Bangladesh By BBC News September 17, 2017 Myanmar's de ...
-
ပါလီမန်အမတ်ဦးရွှေမောင်ပြည်သူ့လွတ်တော်တွင်ရခိုင်ပြည်နယ်၌ဖြစ်ပွါးခဲ့သောအရေးအခင်းနဲ့ ပတ်သက်၍ဆွေးနွေးတင်ပြခြင်း။ (14th day of regular ses...
-
RB News March 31, 2018 Minbya, Arakan State : On March 30 morning, a Prayer Leader or Imam was brutally beaten and injured by a Rakh...
-
Read letter here Read history of Rohingya here Download letter PDF here Download History of Rohingya PDF here credi...
-
ဇွန်လ ၁၇ ရက် ၊ ၂၀၁၂ Source: guardian.co.uk မြန်မာပြည်သစ်အတွက် အနာဂတ်မှာ အောင်မြင်မှာလား၊ ကျရှုံးမှာလားဆိုသည်ကို ညွှန်ပြသော စမ်းသပ်မှု တစ...
-
At Baggona, a village three miles far from and lies to the South of Maung Daw of Arakan state, more than 80 Rohingya women and girls have be...
-
RB News May 17, 2013 Maung Daw, Arakan - After the warnings on Mahasen cyclone had been issued, the displaced Rohingyas from the ...
-
12/07/2012 Joint press release HUMANITY GONE ...
-
The custodian of Two Holy Mosques King Abdullah bin Abdul Aziz Al Saud Aug 11 The custodian of Two Holy M...

