Latest Highlight

ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်၊ နယ်မြေခံရဲတပ်ဖွဲ့မှ ရဲအုပ်သန်းတင် သည်မောင်းတောမြို့တွင် အဓိ ကရုဏ်းဖြစ်ပွားစဉ် ကာလတွင်ရိုဟင်ဂျာများ၏ အဆောက်အဦများ၊ နေအိမ်များနှင့်ဆိုင်များ ကိုနယ်မြေခံ ရခိုင် အစွန်းရောက်များနှင့်ပူးပေါင်း၍ လုယက် ခဲ့ကြောင်း မောင်းတောမြို့မှရိုဟင်ဂျာများမှ တဆင့် သတင်း ရရှိပါသည်။ 

ယခုအခါနိုင်ငံတော်အစိုးရမှမောင်းတောမြို့ရှိစီးပွားရေးလုပ်ငန်းများကိုပြန်လည်လည်ပတ်ရန်အကြောင်းကြားသောကြောင့် ဒေသခံရိုဟင်ဂျာမွတ်စလင်များမှမိမိတို့၏ဆိုင်များ၊ လုပ်ငန်းများပြန် လည်ဖွင့်လှစ် ရန်ကြိုးစားနေသော် လည်း၊ ရဲအုပ်သန်းတင်၏အတင်းအဓမ္မမတရားငွေညှစ်နေမှုကြောင့် ဆိုင်ပိုင်ရှင်များ၊ လုပ်ငန်း ရှင်များအလွန်တရာစိတ်ပျက်၍ ဒုက္ခရောက်နေကြောင်းသိရသည်။ ရဲအုပ် သန်း တင်တောင်းသောငွေကြေး မှာ ရိုဟင်ဂျာဆိုင်ပိုင်ရှင်များ၊ လုပ်ငန်းရှင်များ မတတ်နိုင်သော ပမာ ဏဖြ စ် သည်။ 

မောင်းတောမြို့၏အခြေအနေကိုတည်ငြိမ်အောင်ကြိုးစားနေသော်လည်း အကယ်၍ ရဲအုပ် သန်းတင်ကိုမောင်းတောမြို့မှ အခြားမြို့သို့မပြောင်းရွှေ့ပါ မောင်းတောမြို့တွင် အမြဲတစေပြဿ နာဖြစ်နေမည် ဟုဒေသခံ များကပြောဆိုသည်။ 

RB News Desk
သို့

ဦးသိန်းညွန့်
ပြည်သူ့လွတ်တော်ကိုယ်စားလှယ်၊ သကန်းကျွန်းမြို့နယ်၊၊
ရက်စွဲ။ ။၁၈ ရက်၊ဇူလိုင်လ၊၂၀၁၂ ခုနှစ်။


လူကြီးမင်းခင်ဗျား-

နှစ်ပေါင်း(၂ဝ) ကျော် NLD ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီမှာ ပါဝင်ခဲ့ပြီး အာဏာရှင်စနစ်၊ အာဏာရှင်ဥပဒေ၊ အာဏာရှင်အုပ်ချုပ်ကိုင်တွယ်ပုံများကို ဝေဖန်ရှုံချ၊ အတိုက်အခံပြုခဲ့သဖြင့် လူကြီးမင်းကို လေးစားလောက်သော နိုင်ငံရေးခေါင်းဆောင်းအဖြစ် ပြည်သူက ရှုမြင်ခဲ့သည်၊၊

    သို့သော် လူကြီးမင်းသည် တိုင်းပြည်တွင်းစနစ်နှင့် တရားဥပဒေများ ပြောင်းလဲရေး၊ တရားဥပဒေ စိုးမိုးရေးတို့ပီပီပြင်ပြင် ဖြစ်ပေါ်အသက်ဝင်လာရေးကို အလေးမထားဘဲ ရာထူးရရှိရေး၊ လွှတ်တော် အမတ်ဖြစ်နိုင်ရေးကို ဦးစားပေးလျှက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ခွဲထွက်ကာ ပါတီသစ်ထူထောင်​ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်၊၊ ယခင်ရရှိခဲ့သော ဒီမိုကရေစီခေါင်းဆောင်ဟူသည့်သိက္ခာကို သကန်းကျွန်းမြီု့နယ် က ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်ခဲ့သည်၊၊ လူကြီးမင်းအားလွှတ်တော် ကိုယ်စားလှယ်အဖြစ်ထောက်ခံခဲ့၍ လွှတ်တော်အမတ် ဖြစ်နေပါသည်။ ယခုလွှတ်တော်တွင်း ဒီမိုကရေစီ ဆန့်ကျင်သော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ပြက်ရယ်ပြုသော အသုံးအနှုန်းဖြင့် ဆွေးနွေးနေသည်ဟု ကြားသိရပါသည်။

နိုင်ငံသားအရေးဆောင်ရွက်ရာတွင် လူ့အခွင့်အရေးဟုဆိုကာ ကဗျာမဆန်သင့်ဟု ယခုစတုတ္တအကြိမ် လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါသည်။ လူ့အခွင့်အရေးဆိုသည်ကို အရေးစိုက်ရန်မလိုဟု ဆိုလိုခြင်းလော့။ ယခင် NLD ပါတီမှာရှိစဉ်က ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဟု ကြွေးကြော်ခဲ့ခြင်းမှာ NLD တွင် ရာထူးရရှိရေးအတွက် ဟန်ဆောင်ကြွေးကြော်ခြင်းလော့။

နိုင်ငံသားစိစစ်ရေးကဒ်အတု၊ မမှန်မကန်များ၊ ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုပါတယ်ဟု လွှတ်တော်အတွင်းပြောဆိုခဲ့ပါသည်။ နိုင်ငံသားစိစစ်ရေးကဒ်သည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသစ်အရ ပေါ်ထွက်လာသော ကဒ်ပြားဖြစ်သည်။ ဤတွင် ဦးသိန်းညွန့်က အာဏာရှင်စနစ်အတွင်း ၁၉၈၂ ခုနှစ်ပြ ခဲ့သော နိုင်ငံသား ဥပဒေသစ်ကို မှန်ကန်မျှတသည့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဥပဒေဟုဆိုလိုခြင်းလော့။ ထိုဥပဒေမှန်ကန်လျှင် အာဏာရှင်ခေတ်က တခြားဥပဒေများလည်း မှန်ကန်သည်ဟု ယူဆရပေမည်။ ထိုသို့ဥပဒေရေး၊ အုပ်ချုပ်ရေး မှန်ကန်သည်ဟု ဦးသိန်းညွန့်က သတ်မှတ်သည်ဆိုလျှင် ယခင်က ဝေဖန်တိုက်ခိုက်ခဲ့ခြင်းမှာ မှားယွင်းပါသည်ဟုဝန်ခံတောင်းပန်ရန် လိုအပ်ပါလိမ့်မည်ဟု ယူဆပါသည်။

    ထို့အပြင် ကိုလိုနီခေတ်မှာ အင်္ဂလိပ်က နှစ်ကြိမ်သန်းခေါင်စာရင်းကောက်တယ်။ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိခဲ့ဘူးဟု လွှတ်တော်မှာ ဆွေးနွေးရာ၌ ပြောဆိုသွားသည်။ ပထမအချက်မှာ အင်္ဂလိပ်ခေတ် သန်းခေါင်းစာရင်း နှစ်ကြိမ်မက ဆယ်နှစ်တစ်ကြိမ်၊ ရှစ်ကြိမ်အထိ ကောက်ခံခဲ့သည်။ ဒုတိယအချက်ကား ထိုသန်းခေါင်း စာရင်းများတွင် ယနေ့တိုင်းရင်းသား(၁၃၅) မျိုးဟု ဆိုသော လူမျိုးစုများအားလုံး အမည်နာမ များမရှိခဲ့သည်ကို အဘယ်ကြောင့်ထုတ်ဖေါ်မပြောခဲ့သနည်း။ ၁၉၇၃ ခုနှစ်မှာ သန်းခေါင်စာရင်း ဥပဒေ ဟုပြဋ္ဌါန်းခဲ့သည်ကို ဦးသိန်းညွန့်ကရှေ့နေတစ်ယောက်အနေဖြင့် သိရှိမည်ဟုထင်ပါသည်။ ထိုဥပဒေ အောက်မှာ သန်းခေါင်စာရင်းလမ်းညွှန်စာအုပ်ဟု ထွက်ရှိခဲ့သည်။

၎င်းစာအုပ် သန်းခေါင်စာရင်းတွင်စာရင်းမှတ်ယူရန်အတွက် တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံခြားသား လူမျီုးစုဟူ ခွဲခြားဖော်ပြသတ်မှတ်ခဲ့ရာ၊ နိုင်ငံခြားသားစာရင်းဝင် လူမျိုးတစ်ချီု့ ယနေ့တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် မည်သို့ပါလာသည်ကို ဦးသိန်းညွန့်က ထုတ်ဖေါ်ပြောဆိုခြင်းမရှိဘဲ ရိုဟင်ဂျာကို နိုင်ငံခြား သားဟု အဘယ်ကြောင့် ပြောလိုပါသနည်း။


တလိုင်းသည်မွန်၊ ကောသူလေသည် ကရင်၊ ကရင်နီသည် ကယား၊ တောင်သူသည် ပအိုဝ့်၊ အီကောသည် အာခါ၊ ရှမ်းတရုတ်သည်ကိုးကန့်၊ လဝသည်လွယ်လ စသည်ဖြင့်လက်ရှိ လူမျိုးနာမည်များပြောင်းလဲ ခံယူနိုင်လျှင် အင်္ဂလိပ်သန်းခေါင်စာရင်းမှာ ရခိုင်မူစလင်၊ရခိုင်မိုဟမ္မဒင်ဟူ ပါရှိခဲ့သောလူမျိုးသည် ရိုဟင်ဂျာဟု ဖြစ်လာခြင်းကို ပညာရှိ ဦးသိန်းညွန့် အဘယ်ကြောင့်ကန့်ကွက်နေရပါသနည်း။ မူဆလင်နှင့်တွဲ လူမျိုး တစ်မျိုး လက်မခံနိုင်ဟု ဦးသိန်းညွန့်တို့က မူဝါဒချမှတ်လာသဖြင့်မူဆလင်တွဲမပါသော ရိုဟင်ဂျာလူမျိုး မူရင်း နာမည် ကို ဖော်ထုတ်ရခြင်းဖြစ်သည်။ ရိုဟင်ဂျာသည် ရှေးဟောင်းရခိုင်မှ မူဆလင်များ နာမည်ဖြစ်ကြောင်းကို ၁၇၊၁၈ ရာစုနှစ်များမှာ မှတ်တမ်းတင်ခဲ့သော ကိုယ်တွေ့မျက်မြင်မှတ်တမ်းစာအုပ်များကို ဦးသိန်းညွန့် လေ့လာနိုင်ရန်အောက်တွင်ရည်ညွန်းဖော်ပြအပ်ပါသည်။


1.A study of languages spoken in Burma Empire by Francis Buchnan 1798
2.Classical Journal for (September and December) 1811,Vol.IV.(London)
3.Grammaticae, Lexica,collection vocabuclorum(1815,Berlin)
4.An Account of Arakan by Major R.E Robert June, 1777(Chittagong)


အထက်ပါစာအုပ်များကို လေ့လာလျှင် လွှတ်တော်အမတ်မင်း ဦးသိန်းညွန်း ကရိုဟင်ဂျာသည် ယခုပေါ်လာသော နာမည်သစ်မဟုတ်ကြောင်း ရခိုင်ပြည်နယ်မှာ ရှေးပဝေသဏီကပင် မူဆလင်များကို ခေါ်ဝေါ်သော နာမည်ဖြစ်ကြောင်း သဘောပေါက်ပါလိမ့်မည်။ ထို့အပြင် ထို ရိုဟင်ဂျာသည် ရခိုင်ပြည်နယ် လူဦးရေစုစုပေါင်း တစ်ဝက်ထက်ပိုခဲ့ကြောင်းကိုလည်းသိရှိသွားပြီး၊ လာမည့်လွတ်တော် အစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စဆွေးနွေးလာလျှင် အမှားပြောမိသည်ကို ပြင်ဆင်ပြီး၊ သမိုင်းမှတ်တမ်းမှာ ပါရှိသည့် အမှန်အတိုင်း တင်ပြဆွေးနွေးပါမည်ဟု ယုံကြည်ပါသည်။ နိုင်ငံရေးခေါင်းဆောင်းဟူသည် အမှန်ပေါ် ရပ်တည်ပြီး၊ အမှားပြောမိခဲ့လျှင် ဝန်ခံနိုင်သော သတ္တိရှိရမည်။ သို့မဟုတ်ပါက လူလိမ်၊အတ္တကိုယ်ကျိုးသမား၊ ရာထူးအာဏာ မက်သော သူသာဖြစ်ပေမည်။

ဦးသိန်းညွန့်ခင်ဗျား၊ စာတမ်းလေးကိုသည်းခံပြီး ဖတ်ရှုနိုင်သောသတ္တိမွေးပါမည်ဟု မျှော်လင့်ပါသည်။

အာဘူအာနင်

__________________________________________________________________


ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံရှိလူမျိုးစုထဲတွင် မပါဝင်ကြောင်း ဦးသိန်းညွန့် က ပြည်ထောင်စုလွတ်တော်သို့ တရားဝင် တင်သွင်းပြောကြားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်သတင်းယူနေသော Popular News Journal ၏ သတင်းထောက်ကသတင်းပေးပို့သည်


လွန်ခဲ့တဲ့ခြောက်ပတ်အကြာက ရခိုင်ဒေသတွင်းအရေး ပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ အကြမ်းဖက်မှုများ တိုးပွားလာခြင်းများအပြင် လူ့အခွင့်အရေးအခြေ အနေတိုးတက်လာမှုများ နောက်ပြန်ဆုတ်သွားသည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာ ခွင့်ကပြောကြား လိုက်ပါသည်။ 
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှမြန်မာနိုင်ငံဆိုင်ရာသုတေသီဖြစ်သူ Benjamin Zawacki မှ - ဒေသ တွင်း အရေးပေါ်အခြေအနေ ကြေညာခြင်းကလူ့အခွင့်အရေးတွေချိုးဖောက်ဖို့လိုင်စင်မဟုတ်ဘူး - ဟုပြောကြားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ခွဲခြားဆက်ဆံခြင်းမျိုး မလုပ်ပဲလူတိုင်းရဲ့ အခွင့် အရေး အတွက်ရပ်တည်ပေးရမှာပါ။ ကိုယ်ကိုယ်တိုင်လည်းလူ့အခွင့်အရေးကိုခိုင်ခိုင်မာမာလိုက်နာရမှာပါ - ဟု ဆက် လက် ပြောကြားသည်။ 

ရခိုင်-ဗုဒ္ဓဘာသာ၊ ရခိုင်-မွတ်စလင်နှင့်ရိုဟင်ဂျာ-မွတ်စလင်များအကြားအကြမ်းဖက်မှုများစတင်ဖြစ်ပွားချိန် ဇွန်လ (၁၀) ရက်နေ့တွင် နိုင်ငံတော်မှ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်တပ်နှင့် နယ်မြေခံ နစကများမှ ဦးစီး၍ ရိုဟင်ဂျာအများစု နေထိုင် ရာဒေသများတွင် ရိုဟင်ဂျာများရှင်းလင်းပွဲသဖွယ် အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ရာပေါင်းများစွာသော လူကြီး၊ လူငယ်များကို ဖမ်းဆီး၍ ဆက်သွယ်၍မရသော နေရာများတွင် ထားရှိပြီး၊ အချို့သောသူများကို အလွန်တရာနှိပ်စက်ညှင်းပန်းကြောင်းသိရှိ ရသည်။ ဖမ်းဆီးခြင်းများမှာလည်း မတရားသဖြင့်ခွဲခြား၍ ဖမ်းဆီးခြင်းသာဖြစ်ပြီး၊ ဘာသာရေးကို အခြေခံပြီးလွတ်လပ်ခွင့်မပေးပဲ၊ အခွင့်အရေး ချိုးဖောက်၍သာ ဖမ်းဆီးနေခြင်းဖြစ်သည်။ 

နိုင်ငံရေးအကျဉ်းချ ထားတာတဲ့ အခြေအနေကို ပြောင်းပြန်လုပ်ပြီးပြီ။ တစ်နှစ်ကျော်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြားကို လွှတ်ပေးပြီးတော့မှအခု တစ်ခါနိုင်ငံရေး အကျဉ်း သားတွေပို ပြီးတိုးလာနေပြီ။ - ဟု Mr. Zawacki ကပြောသည်။ 

ဖမ်းဆီးခံထားရသူများကိုနိုင်ငံတကာမှအသိအမှတ်ပြုသည့်ပြစ်မှုမျိုးကျူးလွန်မှသာလျှင်ပြစ်ဒဏ်ချမှတ်သင့်ကြောင်း၊ ပြစ်မှုကိုစစ်ဆေးသော တရားရေးရာတွင်လည်းသင့်တင့်ပြီး လွတ်လပ်သော စစ်ဆေးမှု မျိုးသာဖြစ်ရမည်ဖြစ်ပြီး၊ သေဒဏ်ချမှတ်ခြင်းမပြုလုပ်ရန်နှင့် အကယ်၍ဖမ်းဆီး ခံရသူကို အပြစ်မရှိလျှင် အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုသည်။ 

ရိုဟင်ဂျာမွတ်စလင်များနှင့်ရခိုင်မွတ်စလင်များ၏ပြောကြားချက်များအရ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်း၊ တရားဥပဒေမဲ့စွာများ စွာသတ်ဖြတ်ခံရခြင်း များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရခိုင်-ဗုဒ္ဓဘာသာဝင်များက ၎င်းတို့ အပေါ်ကျူး လွန်ကြကြောင်း၊ မြန်မာအစိုးရ အနေဖြင့်ယခုကဲ့သို့ လုပ်ရပ်များကို ရပ်တန့်ရန်တား ဆီးရမည်ဖြစ်ကြောင်း၊ နောက်နောင်ဤကဲ့သို့ နှိပ်စက်ညှင်းပန်းခြင်းများ မဖြစ်ပွားရန် ကာကွယ်ပေး ရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဇူလိုင်လ (၁၁) ရက်နေ့တွင်ပြောကြားရာတွင် လူ ၇၈ ဦးသေဆုံးပြီး၊ အစိုးရနှင့်ကုလသမဂ္ဂ အဖွဲ့အစည်းများမှခန့်မှန်းရာတွင်လူဦးရေ ၅၀၀၀၀ မှ ၉၀၀၀၀ ခန့်ထိအိုးမဲ့အိမ်မဲ့ဖြစ်သည်။ လွတ်လပ်သောစောင့်ကြည့်ရေးသမားများနှင့် လူမှု အထောက်အကူပြု အလုပ်သမားများကိုဝင်ရောက်ခွင့်ကန့်သတ်ထားသောကြောင့်ယခုထိပိုမိုထိကျသောသတင်းများရရန်လွယ်ကူမှုမရှိဖြစ်နေသည်။ 

လူ့အခွင့်အရေး၊ လူမှုရေးအထောက်အကူများ၊ လွတ်လပ်သောစောင့်ကြည့်ရေးသမားများ၊ လူသားချင်းစာနာထောက်ပံ့ရေးဝန်ထမ်းများကို အကြမ်းဖက်မှုမှာ ဒုက္ခရောက်သူများအတွက် အမှန်တကယ်လိုအပ်နေတယ်။ မြန်မာအစိုးရ ထိုဒုက္ခသည်များ အပေါ်ပိုမို၍ အမှားများကျူးလွန် နေတယ် - ဟု Mr. Zawacki ကပြောကြားပါသည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရိုဟင်ဂျာများကိုနိုင်ငံမဲ့ဘ၀သို့ရောက်စေသည့် ၁၉၈၂ ခုနှစ်နိုင်ငံသားအက်ဥပဒေကိုပြန်လည်ပြင်ဆင် ရန် (သို့မဟုတ်) ဖျက်သိမ်းရန်တောင်းဆိုပါသည်။ 

ရိုဟင်ဂျာများကိုနှစ်ပေါင်းများစွာလူ့အခွင့်အရေးချိုးဖောက်ပြီး၊ နိုင်ငံသားအဖြစ်မှငြင်းပယ်ထားသည့်အပြင် အမျိုးမျိုးသောခွဲခြားဆက်ဆံမှုတွေ လုပ်နေတာကြာပြီ - ဟု Mr. Zawacki မှပြောကြား၍နိဂုံးချုပ်ခဲ့သည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်မှ (ရိုဟင်ဂျာများကိုနှိပ်စက်ညှင်းပန်းခြင်းကြောင့် မြန်မာနိုင်ငံလတ်တလောအခြေအနေတိုက်စားသွား) ၁၉.၇.၂၀၁၂ ထုတ်ပြန်သောသတင်းကိုကိုးကား ၍ရေးသား တင်ပြ ပါသည်။ 

RB News Desk


မဇ္ဈိမသတင်းဌာန ။ ။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကိုသောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်
မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ နောက် ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။

သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦး သည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန် မာနိုင် ငံ က လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။ 

“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။ 

ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။

ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။ 

“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေး သင့် ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။

“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေ နတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင် လာခဲ့ လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။

“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့ အာဘော်က ရေးသားထားသည်။

Sources Here:
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ရှိသော ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ထိရောက်စွာ ဖြေရှင်းရန် အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှဆွေးနွေးပွဲ တစ် ရပ်ကို လာမည့်သြဂုတ်လ (၁၄) ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါ သည်။ 

မလေးရှားအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှဥက္ကဋ္ဌ Datuk Zahidi Zainul Abidin က ကျင်းပ မည့်နေရာကို မကြာ ခင်ဆုံးဖြတ်မည်ဖြစ်ကြောင်းနှင့်ဒေသ တွင်းမှအစိုးရမဟုတ်သော အဖွဲ့အစည်း များ အားလုံးတက်ရောက်လိမ့်မည်ဟု မျှော်လင့် ကြောင်း ပြောကြားလိုက်သည်။ 

ဆွေးနွေးပွဲ၏အဓိက ရည်ရွယ်ချက်မှာ ရိုဟင်ဂျာလူမျိုးများကို ထိရောက်သော လူမှုရေးအထောက် အပံ့များနှင့် နေ့စဉ်လိုအပ် ချက်များ ကိုဖြည့်ဆည်းပေး ရန်နှင့်ကြီးမားသော အုပ်စုတစ်စုဖွဲ့၍ ရိုဟင်ဂျာ လူမျိုးများ ၏ အခက် အခဲပြဿနာ များကို ကူညီပြော ကြားပေး ရန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ 

ရိုဟင်ဂျာများ၏အကျပ်အတည်းသည်နှစ်ပေါင်းကြာရှည်နေပြီဖြစ်သော်လည်းအဖွဲ့အစည်းတစ်ခုအနေဖြင့်ရပ်တည်၍လိုအပ် သောအကူအညီများပေးနိုင် ခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ၎င်းတို့နေထိုင်ရာဒေသ အတွင်းသို့လူမှုရေးအထောက်အပံ့များပေးနိုင်ခြင်း မရှိခဲ့ကြောင်း Mr. Zainul Abidin မှသတင်းစာရှင်းလင်း ပွဲတွင်ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။ 

RB News Desk
ဝါရှင်တန်မြို့ အလ်အစ္စလာမ်ဗလီမှ ရှေ့ဆောင် ဆရာ သည် မြန်မာနိုင်ငံတွင် အဖိနှိပ်ခံနေ ရသော ရိုဟင်ဂျာမွတ်စလင်များအတွက် ရပ်တည်၍ ပြောကြား ခဲ့သော အီရန်နိုင်ငံနှင့် တူရကီနိုင်ငံများကို ချီးမွမ်း ၍ပြောဆို လိုက်ကြောင်း သတင်းရရှိသည်။ 

အီရန်နိုင်ငံမှမြန်မာနိုင်ငံအစိုးရသို့ရိုဟင်ဂျာမွတ်စလင်လူနည်းစုများကိုအသိအမှတ်ပြုရန်နှင့်နိုင်ငံတကာမှလူနည်းစုများအပေါ်အကြမ်းဖက် ခြင်းကိုရပ်တန့်သွားရန်အတွက်ဝိုင်းဝန်းဆောင်ရွက်ကြရန်တိုက်တွန်းခဲ့သည်။ 

အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ Ramin Mehmanparast မှအင်္ဂါနေ့တွင်ကျင်း ပသောအပတ်စဉ်သတင်းစာရှင်းလင်း ပွဲတွင် - မြန်မာအစိုးရအနေနဲ့ လူနည်းစုများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုဖို့ကျွန်တော်ခိုင်ခိုင်မာမာအကြံပြုတယ်။ မွတ်စလင်အသိုင်းအ ၀ိုင်းဟာနိုင်ငံ ကနေခွဲခြားလို့ရတဲ့အသိုင်းအ၀ိုင်းမဟုတ်တဲ့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အသိအမှတ်ပြုပါ - ဟုပြောကြားခဲ့သည်။




မွတ်စလင်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ အစ္စလာမစ်ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့များ အနေနဲ့အကြမ်းဖက်မှုကြီးရပ်တန့်ဖို့အတွက် လေးလေးနက်နက်စဉ်းစားဖို့လိုတယ် - ဟု၎င်းကဆက်လက် ၍ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသမ္မတသိန်းစိန်မှ ရိုဟင်ဂျာများကိုနိုင်ငံတွင်းမောင်း ထုတ်ရန်လိုကြောင်းနှင့်၎င်းတို့ ကိုကုလ သမဂ္ဂ အကူအညီနှင့် ဒုက္ခသည်စခန်းများ တွင်ထားရန်လိုကြောင်းလွန်ခဲ့သည့် ရက်သတ္တပတ်ကပြော ဆိုခဲ့သည်။ 

အစီရင်ခံစာများအရရိုဟင်ဂျာများသည်မြန်မာနိုင်ငံရှိမွတ်စလင်များသည်လွန်စွာအတိဒုက္ခရောက်လျက်ရှိပြီး၊ ဇွန်လ (၂၈) ရက်နေ့ထိအကြမ်း ဖက်မှုကြီးအတွင်းတစ်သန်းခန့်ရှိသောရိုဟင်ဂျာများမှ ၆၅၀ ဦးခန့်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော်ပျောက်ဆုံးနေသည့်အပြင် ၈၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ် သွားကြောင်း သိရှိရသည်။ 

စစ်တပ်အသိုင်းအ၀ိုင်းမှအုပ်ချုပ်နေသောမြန်မာအစိုးရသည် ကုလသမဂ္ဂမှအဖိနှိပ်ခံရ ဆုံးဟုသတ်မှတ်ထား သူများအပေါ်ပိုမို၍ဖိနှိပ်ခြင်း၊ ရိုဟင်ဂျာမွတ်စလင်များ ကိုနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း များငြင်း ပယ်ခြင်း များပြုလုပ်ခဲ့သည်။ အခြေခံလူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ပညာသင်ကြား ခွင့်ကန့်သတ်ခြင်းနှင့်မတရားနှိပ်စက်၍လုယက်ခြင်းရှိခဲ့သည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှမဟုတ်ကြောင်း၊ မျိုးဆက်ပေါင်းများစွာနေထိုင်လျက်ရှိသော်လည်း တရားမ၀င်ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်းပြောဆိုခဲ့ သည်။ 

Press TV မှအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီမြို့အလ်အစ္စလာမ်ဗလီမှရှေ့ဆောင်ဆရာ Abdul Alim Musa နှင့်ဆက်သွယ်မေးမြန်းခဲ့သည်။ 

Press TV: Mr. Musa, Press TV ကမ္ဘာ့သတင်းအစီအစဉ်မှပြောကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကမ္ဘာမှအိုးမဲ့အိမ်မဲ့နဲ့သတ်ဖြတ်ခံရ တဲ့သူတွေကိုမသိကျိုးကျွန်ပြုနေတယ်။ အဲဒီအတွက် ခင်ဗျားဘာပြော ချင်သလဲ? 

Musa: ကုလသမဂ္ဂက ဆီးရီးယားနိုင်ငံထဲရောက်နေတယ်။ ကုလသမဂ္ဂက လီဘီးယားနိုင်ငံအတွက် အရမ်းစိုးရိမ်ပူပန်ခဲ့တယ်။ ကုလသမဂ္ဂက အရမ်းစိုးရိမ်ပူပန်နေရတဲ့အထဲမှာနံပါတ် (၁) ဆော်ဒီအာရေဗျနဲ့ နံပါတ် (၂) ဆော်ဒီအာရေဗျရဲ့အရှေ့ပိုင်းဒေသ မြန်မာနိုင်ငံပြဿနာကိုပြောရမယ်ဆိုရင် ဒီလူတွေခံစားနေ ရတာကျွန်တော်သိနေခဲ့တာနှစ်ပေါင်းသုံးဆယ်လောက်ရှိပြီ၊ ဒီထက်တောင်ပိုဦးမယ်၊ ဒါပေမယ့်ဒီပြဿနာ ဟာအနောက်နိုင်ငံတွေအနောက်နိုင်ငံတွေရဲ့အဖွဲ့အစည်းတွေနဲ့မဆိုင်သလိုဖြစ်နေသလို၊ ကျန်တဲ့သူတွေနဲ့ လည်းမဆိုင်သ လိုဖြစ်နေတယ်။ လူနည်းစုလေးဖြစ်တဲ့ လူတွေအတွက် မွတ်စလင်နိုင် ငံတွေက ပါမွတ် စလင်တွေ ကိုယ်စားမပြောကြဘူး။ 

ဒါကဘာကိုပြနေသလဲဆိုရင်အနောက်နိုင်ငံတွေတန်ဖိုးထားတဲ့ရေနံဆီ၊ ရွှေနဲ့အခြား တန်ဖိုးရှိတဲ့အရင်း အမြစ်တွေ မရှိဘူးဆိုရင်၊ လူတွေရဲ့ဘ၀၊ မိသားစုတွေ၊ လူတွေရဲ့ယဉ်ကျေးမှု၊ အမွေအနှစ်တွေက လုံးဝတန်ဖိုးမရှိ ဘူးဆိုတာပြနေတယ်။ 

နောက်တစ်ခုကအလေးထားစရာက ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာနိုင်ငံမှာလူထုအခွင့်အရေး၊ လူ့အခွင့်အရေး စတာတွေကိုဖော်ဆောင်ဖို့ကြိုးစားနေတာ လွန်ခဲ့တဲ့ဆယ်စုများကတည်းက ဆူဆူညံညံဖြစ်လာတယ်။ သူမရဲ့စွမ်းဆောင်မှုတွေကိုနိုဗယ်ငြိမ်းချမ်းရေးဆုနဲ့အသိအမှတ်ပြုခဲ့ တယ်။ မကြာသေးခင်ကအဲဒီဆုကိုလက်ခံရခဲ့တယ်သူမအလေးအနက်ထားပြီးကြိုးပမ်းနေတဲ့တူညီတဲ့လူ့အခွင့်အရေးအတွက် သူမရဲ့လူထုကို မပြောဆိုနိုင်ဘူး။ သူမရဲ့အနေအထားကို ထိခိုက်မခံနိုင်တဲ့အတွက် မပြော ဘူးဖြစ်နေတယ်။ 

အဓိကကျွန်တော်တို့မွတ်စလင်တွေပြခဲ့တာကတော့ အီရန်နဲ့တူရကီနိုင်ငံတို့ရဲ့ရပ်တည်ချက်တွေအတွက်ပါပဲ။ ဂုဏ်ယူရမှာပါ။ ကျွန်တော်တို့မွတ် စလင်တွေအနေနဲ့တစ်ကမ္ဘာလုံးမှာရှိ တဲ့မွတ်စလင်တွေ အတွက်ရပ်တည်ရမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ Hazards, ပါကစ္စတန်နိုင်ငံနဲ့ ဆော်ဒီအာရေဗျမှာ ရှိတဲ့ရှီအာမွတ်စလင်အားလုံးအတွက်ရပ်တည်ပြီးပြောရမှာပါ။ 

Press TV: Mr. Alim Musa, ခင်ဗျားရည်ညွန်းခဲ့တဲ့ထဲမှာ အနောက်နိုင်ငံတွေက အဲဒီကိစ္စကိုမသက်ဆိုင်သလိုနေတယ်။ အဲဒီအကြောင်းကို ကျွန်တော်ဒုတိယမေးခွန်း အနေနဲ့မေးချင်တယ် တစ်သန်းခန့်ရှိတဲ့လူတွေကိုနိုင်ငံတကာသတင်းဌာနတွေသွားဖို့ပျက်ကွက်နေတယ်။ လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ အခါအနောက်နိုင်ငံကသတင်းဌာနတွေနဲ့အစိုးရတွေက မြန်မာနိုင်ငံက မွတ်စလင်တွေ ကို ဘယ်လိုခွဲခြားနေတယ်လို့မြင် သလဲ? 

Musa: ကောင်းပြီ၊ ဘာကိုခွဲခြားနေသလဲဆိုတော့လူ့အခွင့်အရေးခွဲခြားနေတာပါ။ သူတို့ရဲ့ လူတွေကိုတောင်လူ့အခွင့်အရေးမပေးသေးပါဘူး၊ ဒါပေမယ့်ဘယ်လိုခွဲခြားနေသလဲဆိုတော့ ဒီလူတွေပဲ တစ်ချိန်လုံးသူတို့လူတွေရဲ့လူ့အခွင့်အရေးအတွက်ပြောဆိုနေကြတာ။ စစ်အာဏာရှင် အစိုးရကနေအခု ပါလီမန်နေရာရနေကြပြီ၊ နိုင်ငံတကာကလည်းအသိအမှတ်ပြုနေပြီ၊ သူတို့တူညီတဲ့ အရာကို အခြားလူတွေကိုပေးဖို့ငြင်းနေ ကြတယ်။ ဘာဖြစ်လဲဆိုတော့ အဲဒီလူတွေကို တရား မ၀င်ရောက် လာတဲ့နိုင်ငံခြားသားလို့သတ်မှတ်ကြတယ်။ နယ်စပ်ဖြတ်ပြီးရောက်လာတဲ့ မက်စီကန်တွေ ကို အမေရိကန်ကနိုင်ငံသားအဖြစ်လက်မခံသလိုမျိုးပါ။ 

ဒါကြောင့်ဒီလူတွေကတန်ဖိုးမရှိသလိုဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကတန်ဖိုးမထားလို့။ ကျွန်တော်တို့ကိုယ်တိုင် ကတန်ဖိုးထားမှ အခြားသောကျန်တဲ့ကမ္ဘာက လူတွေအားလုံး ကတန်ဖိုးထားလိမ့်မယ်ကျွန်တော်တို့ကကိုယ့်လူကိုကိုယ်တန်ဖိုးထားကြမယ်ကျွန်တော်တို့မွတ်စလင်တွေကကမ္ဘာကြီးမှာရှိတဲ့လူသားတွေအားလုံးကိုတန်ဖိုးထားပြီး တရားမျှတရေး၊ လူ့အခွင့်အရေးစတာတွေအတွက် ခိုင်ခိုင်မာမာရပ်တည်ပေးရမယ်။ အထူးသဖြင့်အားနည်းတဲ့သူတွေ၊ ခံစားခွင့်ပိတ်ပင်ထားခံရတဲ့သူတွေ၊ ရွှေ့ပြောင်းနေ ထိုင်သူတွေ အတွက်ရပ် တည်ပေးရမယ်။ 

Press TV နှင့် Mr. Abdul Alim Musa တို့၏အင်တာဗျူးကိုဆီလျော်အောင်ဘာသာပြန်သည်။ အဓိပ္ပာယ် လွဲမှားမှုရှိပါက ဘာသာပြန်သူ၏အား နည်းချက်သာဖြစ်ပြီး RB နှင့်မသက်ဆိုင်ပါ။ 

မေယုနဒီ

၅၈ ခုသောအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍အင်္ဂါနေ့တွင် မြန်မာနိုင်ငံတွင်ရိုဟင်ဂျာလူမျိုးများအပေါ်မတရားဖိနှိပ်ရန်အစိုးရအဖွဲ့ အစည်းများစတင်၍အစပျိုးပေးခဲ့ကြောင်းကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေကိုဆန့်ကျင်၍ရိုဟင်ဂျာများထွက်ပြေး
တိမ်းရှောင်လာသည်ကိုခိုလှုံခွင့် မပေးခဲ့ကြောင်းရေးသားထားသည်။ အဖွဲ့အစည်းများပူးပေါင်းထားသည့်အဆိုပါအဖွဲ့ကို Refugees International, The Arakan Project, The Equal Rights Trust တို့မှဦးဆောင်ပြီး မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရများထံလိုအပ်သည့်ဆောင်ရွက်ရမည့်အချက်အလက် များကိုအဖွဲ့မှပေးပို့ခဲ့ပြီးဖြစ်သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံတွင်နိုင်ငံမဲ့ဖြစ်နေသောရိုဟင်ဂျာများသည်မတရားဖိနှိပ်မှုနှင့်ခွဲခြားဆက်ဆံမှုများကိုဆယ်စုနှစ်များစွာခံနေရ ကြောင်း၊ ယခုလည်းအခြားသောအကျပ်အတည်းရင်ဆိုင်နေရကြောင်း၊ ရိုဟင်ဂျာများအတွက်ကာကွယ်ပေးရန်အမြန်ဆုံးစဉ်းစားပေးရန်လို အပ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခ၏နောက်ကွယ်တွင်နိုင်ငံတော်အစိုးရမှပါဝင်ပတ်သက်နေကြောင်းတို့ပါဝင်သည်။

အကြမ်းဖက်မှုကြီးသည်ဇွန်လ (၃) ရက်နေ့မှစတင်ခဲ့ပြီး၊ စစ်တွေနှင့်မောင်းတောမြို့များတွင်ဖြစ်ပွားခဲ့သည်။ ရိုဟင်ဂျာအများအပြားသည် အကြမ်းဖက်မှုကြီး၏ဒုက္ခသည်များဖြစ်နေလျက်ရှိပြီး၊ မတရားဖိနှိပ်ခံရမည်ကိုကြောက်ရွှံ့၍နေအိမ်မှထွက်၍မရကြောင်း၊ နေရာထိုင်ရေး အတွက်အခြေခံလိုအပ်ချက်များရရှိရန်ပိတ်ပင်ခံထားရကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများနှင့်ဒုက္ခသည်စခန်းများတွင်မနေထိုင်သူများမှာ အမြန်ဆုံးလူမှုရေးအထောက်အကူများရရှိရန်လိုအပ်နေကြောင်း၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင်လည်းအိုးမဲ့အိမ်မဲ့ဖြစ်သွားသူများကို မိမိတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ခွင့်ပေးမည့်အစီအစဉ်ကိုမတွေ့မြင်ရကြောင်း၊ အခြေအနေမှာထိုသူများကိုအိုးမဲ့အိမ်မဲ့ဘ၀သို့ တွန်းပို့နေသည်ဟုထင်မြင်ရကြောင်း - အဆိုပါကြေညာချက်တွင်ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နိုင်ငံတကာဥပဒေများကိုဆန့်ကျင်၍ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအကြမ်းဖက်မှုကြီးနှင့်မတရားဖိနှိပ်မှုများကို ရှောင်ရှားရန်ထွက်ပြေးလာသူများကို နယ်စပ်ဂိတ်များကိုပိတ်၍လက်မခံသည့်အပြင်ပြန်လည်၍တွန်းပို့ခဲ့ကြောင်း၊ ထိုကဲ့သို့ပြန်လည်တွန်းပို့ ခဲ့ရသောရိုဟင်ဂျာများသည်မိမိတို့၏လွတ်လပ်ခွင့်နှင့်အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံနေရသောမြန်မာနိုင်ငံသို့ပြန်လည်တွန်းပို့ခံရခြင်း ဖြစ်သည့်အပြင်အသက်အန္တရာယ်စိုးရိမ်ရသောရေနက်ပိုင်သို့လုံခြုံမှုမရှိသောစက်လှေများဖြင့်တွန်းပို့ခံရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံတို့သည် နိုင်ငံသား၊ နိုင်ငံမဲ့၊ ဒုက္ခသည်ခွဲခြားခြင်းမရှိပဲ ဥပဒေအရအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ ထည့်သွင်း ရေးသားထားသည်။

ထိုအဖွဲ့မှ မြန်မာအစိုးနှင့်ရခိုင်ပြည်နယ်အစိုးရသို့ ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှမတရားဖိနှိပ်ရက်စက် နေခြင်းများရပ်တန့်ရန်၊ ဒုက္ခသည်များကိုလူမှုရေးအကူအညီပေးနေသည်များကိုမတားဆီးပဲခွင့်ပြုပေးရန်၊ အခြေအနေတည်ငြိမ်အေးချမ်းလျှင် ဒုက္ခသည်များကိုမိမိတို့၏နေရပ်သို့ပြန်လည်နေထိုင်ခွင့်ပြုရန်၊ အိုးမဲ့အိမ်မဲ့အခြေအနေများဆက်လက်ဖြစ်ပွားနေရန်တွန်းပို့သည်အခြေအနေ များကိုရှောင်ရှားရန်တို့ကိုတောင်းဆိုလိုက်သည်။ နိုင်ငံတကာမှစုံစမ်းရေးကော်မရှင်များမှလည်းဖြစ်ပွားခဲ့သည့်ပဋိပက္ခနှင့်အကြမ်းဖက်မှုကြီးကို စုံစမ်းလေ့လာရန်တောင်းဆိုသည်။

ယခုဖြစ်ပေါ်နေသောအကျပ်အတည်းကိုအသုံးပြု၍ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောအသိုင်းအ၀ိုင်းများအတွင်းပြဿနာများကိုဖြေရှင်း ရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကိုဦးတည်၍ဆွေးနွေးမှုများစတင်ရန်လိုအပ်ကြောင်းနှင့်ရိုဟင်ဂျာများနှင့်ပတ်သက်၍ လက်ရှိချမှတ်ထားသောမူဝါဒများကိုဖော်ပြရန်လိုအပ်ကြောင်းတို့ကိုမြန်မာအစိုးရအားတိုက်တွန်းလိုက်ကြောင်းသိရှိရပါသည်။

ကြေညာချက်ကိုအောက်ပါအဖွဲ့အစည်းများမှလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။


1. Act for Peace (Australia)
2. Actions Birmanie Belgium
3. Altsean-Burma
4. Asia Pacific Refugee Rights Network
5. Burma Campaign UK
6. Burmese Rohingya Association in Japan
7. Burmese Rohingya Community in Denmark
8. Burmese Rohingya Organisation UK
9. Catholic Tokyo International Center
10. Christian Coalition for Refugee and Migrant Workers, Japan
11. Christian Solidarity Worldwide
12. Church World Service - Immigration and Refugee Program
13. Civil Development Organization, Iraq
14. Dalit NGO Federation (DNF)
15. Equal Rights Trust
16. ESCR-Asia Pakistan
17. Euro-Burma Office
18. Fahamu Refugee Programme
19. Health Equity Initiatives, Kuala Lumpur
20. Human Rights and Genocide Clinic, Cardozo School of Law
21. Imparsial (Indonesia)
22. Info Birmanie
23. INFORM Documentation Centre, Sri Lanka
24. International Detention Coalition
25. International Observatory on Statelessness
26. Japan Association for Refugees
27. Japan Evangelical Lutheran Association
28. Jesuit Refugee Service
29. Jesuit Refugee Service Asia Pacific
30. Jesuit Social Center, Japan
31. Lawyers for Human Rights (South Africa)
32. Migrant Forum in Asia
33. Minority Rights Group International
34. Organization for Defending Victims of Violence
35. Partnership for Pastoralists Development Association(PAPDA)
36. People's Forum on Burma(Japan)
37. Philippine Alliance of Human Rights Advocates
38. Physicians for Human Rights
39. Praxis
40. Project Maje
41. Rafiq Japan
42. Rebirth Society
43. Refugee Council USA
44. Refugees International
45. RefugePoint
46. Restless Beings
47. Rohingya Society in Malaysia (RSM)
48. Society for Threatened Peoples / Germany
49. South East Asian Committee for Advocacy (SEACA)
50. Stateless Network
51. Sudan Peace Humanitarian Organisation
52. Swedish Burma Committee
53. Tenaganita
54. The Arakan Project
55. The May 18 Memorial Foundation
56. The Refuge Pnan
57. United to End Genocide
58. WOREC Nepal

ယနေ့ထုတ် Mizzima သတင်းဌာနမှ 58 civil groups issue statement on Arakan State violence သတင်းကိုကိုးကား၍ရေးသားတင်ပြ ပါသည်။

RB News Desk
အရှေ့တောင်အာရှအာဆီယံဒေသတွင်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ အအောင်မြင်ဆုံးအသွင်ကူးပြောင်းနိုင်ခဲ့သော မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း၌ ဥက္ကဌရာထူးကို ရယူနိုင်သည်အထိ အာဆီယံအလယ်တွင် ယခုနှစ်အတွင်းမှစတင်၍ တင့်တယ်လာခဲ့သည်။ သို့သော် လွန်ခဲ့သောရက်သတ္တလေးပတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာပဋိပက္ခသည် မြန်မာနိုင်ငံကိုထပ်မံ၍ အာဆီယံအလယ်တွင် စိုးရိမ်သောကဗျာပါရများပွေရန် အကြောင်းဖန်လာခဲ့ရပြန်သည်။ မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကိုပင်လျှင် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် ၄င်းတို့နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။ ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးကိစ္စများဆွေးနွေးကြမည့် အမေရိက၊ အီးယူ၊ ပြင်သစ်၊ ရုရှား၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်စသည့် မဟာအင်အားကြီးများတက်ရောက်ကြသည့် (၁၉) ကြိမ်မြောက်အာဆီယံဒေသတွင်း အစည်းအဝေးမင်းပရိတ်သတ်ဗိုလ်ပုံအလယ်တွင် ယင်းပြဿနာကို အထုပ်ဖြေကာပြောရဆိုရ ရှင်းပြရမည့် ဆွေးနွေးစရာအထိပင် ဖြစ်လာရန်ရှိနေသည်။ ထိုပြဿနာမှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံးက ဘင်္ဂါလီဟုသတ်မှတ်ကြပြီး နိုင်ငံတကာတွင် ရိုဟင်ဂျာဟု အမည်ထွက်နေသည့် အနောက်ဘက်မှ ကူးလာသူတို့ကြောင့်ပင်ဖြစ်သည်။

ှSources Here:



အစ္စလာမစ်ပူးပေါင်းရေးအဖွဲ့ကိုအရေးပေါ်အစည်းအဝေးခေါ်ရန်အီရန်နိုင်ငံမှတိုက်တွန်း

အစ္စလာမစ်ပြည်သူ့သမ္မတအီရန်နိုင်ငံမှ ၅၇ နိုင်ငံအစ္စလာမစ်ပူးပေါင်းရေးအဖွဲ့မှမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောမွတ်စလင် များအပေါ်အကြမ်းဖက်မှုနှင့်ပတ်သက်၍အရေးပေါ်အစည်းအဝေးခေါ်ရန်တိုက်တွန်းလိုက်သည်။

မဂ်ျလီစ်နိုင်ငံလုံခြုံရေးနှင့်နိုင်ငံခြားရေးမူဝါဒကော်မီတီမှပြောရေးဆိုခွင့်ရှိသူ Hossein Naqavi Hosseini မှအီရန်နိုင်ငံမှအစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုမြန်မာနိုင်ငံနှင့်ပတ်သက်၍အရေးပေါ်အစည်းအဝေးခေါ်ရန်တိုက်တွန်းလိုက် ကြောင်းယနေ့ပြောကြားသည်။ 

၎င်းကဆက်လက်ပြောကြားရာတွင်မြန်မာနိုင်ငံ၌မွတ်စလင်လူနည်းစုအပေါ်ဖြစ်ပေါ်လျက်ရှိသောအကြမ်းဖက်မှုကြီးအဆုံးသတ်ရန်အတွက်အီရန်နိုင်ငံမှအစပြု၍နိုင်ငံတကာမှပါပါဝင်ဖြေရှင်းပေးကြရန်နှင့်မြန်မာနိုင်ငံ
မှနိုင်ငံတကာဥပဒေများ၊ ကြေညာစာတမ်းများချိုးဖောက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတုန့်ပြန်မှုတွေမတွေ့ရတာတကယ်ကို
အံ့သြနေမိတယ်ဟုMr.Hosseiniမှဆက်လက်ပြောကြားသည်။နိုင်ငံတကာအဖွဲ့အစည်းများကိုအကြမ်းဖက်
မှုကြီးကိုရှုံ့ချရန်တောင်းဆိုလိုက်ပြီးငြိမ်သက်၍မပြောဆိုသောမွတ်စလင်နိုင်ငံများအားလုံးကို၎င်းကဝေဖန်
အပြစ်တင်လိုက်သည်။

အစီရင်ခံစာများအရရိုဟင်ဂျာများသည်မြန်မာနိုင်ငံရှိမွတ်စလင်များသည်လွန်စွာအတိဒုက္ခရောက်လျက်ရှိပြီး၊ ဇွန်လ (၂၈) ရက်နေ့ထိအကြမ်း ဖက်မှုကြီးအတွင်းတစ်သန်းခန့်ရှိသောရိုဟင်ဂျာများမှ ၆၅၀ ဦးခန့်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော်ပျောက်ဆုံးနေသည့်အပြင် ၈၀၀၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်သွားကြောင်းသိရှိရသည်။

စစ်တပ်အသိုင်းအ၀ိုင်းမှအုပ်ချုပ်နေသောမြန်မာအစိုးရသည် ကုလသမဂ္ဂမှအဖိနှိပ်ခံရဆုံးဟုသတ်မှတ်ထားသူများအပေါ် ပိုမို၍ဖိနှိပ်ခြင်း၊ ရိုဟင်ဂျာမွတ်စလင်များကိုနိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းများငြင်းပယ်ခြင်းများပြုလုပ်ခဲ့သည်။ အခြေခံလူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ အတင်းအဓမ္မခိုင်းစေခြင်း၊ ပညာသင်ကြားခွင့်ကန့်သတ်ခြင်းနှင့် မတရားနှိပ်စက်၍လုယက်ခြင်းရှိခဲ့သည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံမှမဟုတ်ကြောင်း၊ မျိုးဆက်ပေါင်းများစွာနေထိုင်လျက်ရှိသော်လည်း တရားမ၀င်ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်းပြောဆိုခဲ့သည်။

RB News Desk




Source here


Burma Campaign UK (BCUK) အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စအပေါ် ထောက်ခံ ပါသည်။ Burma Campaign UK အဖွဲ့က ဤသဘောကို ထုတ်ဖော်ပြောဆိုခြင်းသည် အံ့သြဖွယ် မဟုတ်သလို၊ အငြင်းပွားဖွယ် ကိစ္စတခုလည်း မဟုတ်ပါ။

မိတို့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ လှုပ်ရှားဆောင် ရွက်နေကြသည့် အဖွဲ့အစည်းတခု ဖြစ်ပါသည်။ ရိုဟင်ဂျာပြည်သူများ လူ့အခွင့်အရေး ခံစားရရှိခွင့် ရှိရမည်မိ ဆိုသည့်အချက်နှင့် နိုင်ငံတကာ ဥပဒေများအရ ပုံမှန် အခွင့်အရေးနှင့် ကာကွယ်ပေးမှုများ ခံစားရ ရှိပိုင် ခွင့် ရှိရမည်ဆိုသည်ကို မည်သူတဦးက သဘောကွဲလွဲ အငြင်းပွားပါအံ့နည်း။

သို့သော်လည်း အချို့သောသူများက ဤသို့သဘောထား ထုတ်ဖော်ပြောဆိုချက်အပေါ် ဒေါသအမျက် ချောင်းချောင်း ထွက်ကြသည်။ Burma Campaign UK အဖွဲ့၏ ဝန်ထမ်းများကို မုဒိမ်းကျင့်သင့်သည်၊ သတ်ပစ် သင့်သည်ဟုပင် ထုတ်ဖော်ပြော ဆိုသည်များကြုံကြရသည်။ မိမိတို့ခံယူသည်မှာ မိမိတို့ "အပြစ်မသင့်"၊ "သင်ခန်းစာ ပေးရမည့်သူများ" လည်းမဟုတ်ပါ။ "ကြိုးစင်တင် အပြစ်ပေးရမည့်သူများ" လည်း မဟုတ်ပါ။ ဤသို့သော အမြင်များနှင့် များစွာသော ရိုင်းပြအောက်တန်းကျသည့် တိုက်ခိုက်မှုစာများ မိမိတို့ထံ အီးမေးလ် ပေးပို့ခဲ့ကြသလို၊ YouTube/ Facebook စသည့် လူမှုကွန်ရက်စာမျက်နှာ များတွင်လည်း တင်ပို့ဖော်ပြသည်ကို တွေ့ခဲ့ကြရပါသည်။

ရိုဟင်ဂျာများ လူ့အခွင့်အရေး ရရှိသင့်သည်၊ သူတို့၏ လူ့အခွင့်အရေးကို ခုခံကာကွယ်ပေးနိုင်ရန် ရိုဟင်ဂျာ များနှင့် အလုပ်ပူးတွဲ ဆောင်ရွက်သင့်သည်၊ စသည်ဖြင့် ဖော်ပြပြောဆိုခဲ့ကြသည့် Burma Campaign UK နှင့် အခြားသော အဖွဲ့အစည်းများအပေါ် ဆန့်ကျင်ခဲ့ကြသော တိုက်ခိုက်စော်ကားမှုများ၊ မုန်းတီးမှုများ၊ ဒေါသ အမျက်များ မည်မျှပြင်းထန် စွာ ကြုံတွေ့ခဲ့ ရသည်ကတော့ အံ့အားသင့်ဖွယ်ပင် ဖြစ်သည်။

ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ဗြိတိသျှသံရုံးရှေ့တွင် ပြည်ပရှိ သတင်းမီဒီယာ အဖွဲ့အစည်းများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ယခင် စစ်အစိုးရက ဝါဒဖြန့်ချိထားသည့်အတိုင်း အလားတူ Burma Campaign UK အဖွဲ့ကို တိုက်ခိုက် စွပ်စွဲခဲ့ကြသည်။ ရိုဟင်ဂျာ ပြည်သူများအတွက် ဝါဒဖြန့်ပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆန့်ကျင်ကြခြင်းဖြစ် သည်။ ၎င်းကဲ့သို့ ဆန္ဒပြသူများအနက်မှ မိမိတို့က "ဝါဒဖြန့်ချိပေးနေသည်" (ဝါဒဖြန့် သည်ကို မည်သည့် သဘောဖြင့်ပြောဆိုသုံးနှုန်းခြင်း မသိပါ) ဟု စွပ်စွဲခဲ့ကြသူများအပေါ် သံသယဖြစ်မိပါသည်။ လက်ရှိ စိတ်ခံစားမှု အထွဋ်အထိပ်ရောက်နေချိန်၊ မစဉ်းစားမ ချင့်ချိန်နိုင် ဖြစ်နေချိန်၌၊ ကြားရသမျှ ရိုဟင်ဂျာ ဆန့်ကျင်ရေး ပြောဆိုချက်များကို အားလုံး ယုံကြည် မြိုချနေကြပုံရပါသည်။

မည်သို့ဖြစ်စေ ဤသို့ဆန္ဒပြခွင့် ပြုသည်ဆိုသည်မှာ ကောင်းသည့်လက္ခဏာတခုဟု ယူဆ၍ရပါသည်။ သို့သော်လည်း သူတို့ရရှိလာသည့် အသစ်သော လွတ်လပ်ခွင့်၊ ဆန္ဒပြခွင့်ကို အသုံးပြုကြသူများအနေဖြင့် ထောင်များထဲတွင် ကျန်ရှိနေသေးသည့် ရာနှင့်ချီသောနိုင်ငံရေး အကျဉ်းသားများ လွတ်လပ်ခွင့်အတွက် အသုံးပြုကြပါ၏လော။ သို့မဟုတ် ကချင်ပြည်နယ်တွင် မုဒိမ်းပြုကျင့်ခံနေရစည့် အမျိုးသမီးများအတွက် ဆန္ဒပြကြပါ၏လောဟု မေးခွန်းထုတ်စရာ ရှိနေပါသည်။

လူတို့၏ စိတ်ခံစားမှုက မဆင်ချင်နိုင်ဘဲ အမြင့်ဆုံးရောက်နေရာ၊ Burma Campaign UK အဖွဲ့က တနည်းတဖုံအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်မှုများကို မီးလောင်ရာလေပင့် ပေးနေသည်ဟု စွပ်စွဲပြောဆို နေကြသူများ ရှိသလို၊ လွန်လွန်ကျူးကျူး ယုံကြည်နေကြသူ အများလည်း ရှိနေပါသည်။ သူတို့က ယခုဖြစ်ပွားနေသည့် အကြမ်းဖက်များ အတွက် မိမိတို့ တာဝန်ရှိသည်ဟု စွပ်စွဲနေကြပါသည်။

Burma Campaign UK အဖွဲ့က ရိုဟင်ဂျာပြည်သူများ၏ လူ့အခွင့်အရေးကိစ္စ ထောက် ခံပြော ဆိုနေသည့်အပေါ် ကာလကြာရှည်ကပင် ထူးထူးဆန်းဆန်း ဝေဖန်ပြောဆို ခံနေခဲ့ရပါသည်။ ၎င်းကိစ္စမှာ အမှန် တကယ် နားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ပါသည်။

ဘလော့များ၊ အီးမေးလ်များ၊ ဖေ့စ်ဘုတ် (Facebook) ကဲ့သို့သော အင်တာနက် ဝက်ဘ်ဆိုက်ဒ်များတွင် လိမ်ညာပြောဆိုမှုများ၊ ကောလာဟလများ ပျံ့နှံ့နေပါသည်။ ရိုဟင်ဂျာများအတွက် အကျိုးဆောင်ပေး မှုကြောင့် ငွေရနေသည်ဟု ဆိုနေကြသည်။ Burma Campaign UK အဖွဲ့က ရိုဟင်ဂျာကိစ္စ ဆောင်ရွက်နေမှုကြောင့် မည်သည့်ထောက်ပံ့မှုမျှ ရရှိခဲ့ခြင်းမရှိပါ။

ကိစ္စအများစုတွင် Burma Campaign UK အဖွဲ့၏ ဝင်ငွေများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှု အပေါ် သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အပြင် မိမိတို့သည် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်ပါသည်။
အလားတူ အခြားလိမ်ညာဖော်ပြမှုတခုမှာ အရှေ့အလယ်ပိုင်းနိုင်ငံများက မိမိတို့ကို ရန်ပုံငွေထောက်ပံ့နေသည်ဟုပြောဆိုနေခြင်း ဖြစ်ပါသည်။ တခါတရံ ဖော်ပြနေမှုများတွင် အရှေ့အလယ်ပိုင်း နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းပိုက်၍ မူစလင်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေမှု အကြံအစည်တွင် မိမိတို့က တစိတ်တပိုင်း ပါဝင်ပတ်သက်နေသည်ဟုပြောဆိုနေကြပါသည်။ ၎င်းကိစ္စအတွက် အထောက်အထားများ ရှိနေသည်ဟုပင် စွပ်စွဲပြောဆိုနေကြသည်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူများက အစ္စလမ်မစ် အဖွဲ့အစည်း ညီလာခံသို့ တက်ရောက်လာကြသည့်အခါ၊ မိမိဓာတ်ပုံဟုဆိုပြီး၊ တက်ရောက်လာသည့် အာရကန် ရိုဟင်ဂျာ သမဂ္ဂ (Arakan Rohingya Union) ကိုယ်စားလှယ်များကို ၎င်းတို့၏ ဘလော့တွင် တင်ပြထားခဲ့ရာ၊ ဤပုံကို ဖော်ပြ၍ မိမိတို့က အရှေ့အလယ်ပိုင်းနိုင်ငံများမှ ငွေယူထားသည့်သက်သေဟု စွပ်စွဲပြောဆိုနေကြပါသည်။

ပြဿနာမှာ ၎င်းဓာတ်ပုံထဲတွင် မိမိ မပါဝင်ပါ။ ၎င်းအစည်းအဝေး ဖြစ်ပေါ်ခဲ့ကြောင်းပင် မိမိမသိရှိပါ။ ၎င်းဓာတ်ပုံတွင် ပါဝင် ဖော်ပြထားသည်မှာ မြန်မာ့အရေးဆိုင်ရာ ဥရောပရုံး (Euro Burma Office) မှ ဦးဟန်ညောင်ဝေ ဖြစ်ပါသည်။ ထိုအချိန်က မိမိတို့က စွပ်စွဲချက်များကိုကြည့်၍ ရယ်မောနေခဲ့ကြပါသည်။ ရှမ်းပြည်နယ်မှ မင်းသားတဦးနှင့် မိမိဓာတ်ပုံ ကိုမှ မခွဲခြားနိုင်လေခြင်းဟု ရယ်မောနေခဲ့ကြသည်။

မိမိတို့က အလေးအနက် မထားမိခဲ့ကြပါ။ သို့သော်လည်း ဤသို့လိမ်လည်ဖော်ပြမှုအပေါ် ယုံကြည်နေခဲ့ ကြကြောင်း သတိမမူမိခဲ့ကြပါ။ ဤသတင်းက အီး-မေးလ်များ၊ ဘလော့များ၊ Facebook များတွင် ပျံ့နှံ့နေခဲ့ ကြပြီး၊ လူအများက လည်း ယုံကြည် နေခဲ့ကြပါသည်။ မကြာသေးမီက မိမိမြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရန်ကုန်ရှိ အဆင့်မြင့် ဒီမိုကရေစီခေါင်းဆောင်များကပင် ဤအရေးဆွေးနွေး ပြောဆိုခဲ့ကြပါသည်။


လိမ်ညာပြောဆိုနေကြသည့် အချက်တခုမှာ မိမိတို့က ရိုဟင်ဂျာပြည်နယ် ရရှိရေးအတွက် ဆောင်ရွက်ပေးနေကြသည် ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စ မိမိတို့က မည်သည့်အချိန်ကမျှ ပြောဆိုခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာ အဖွဲ့အစည်း အချို့က လွန်ခဲ့သည့် ဆယ်စုနှစ်များက ၎င်းကဲ့သို့ တောင်းဆိုခဲ့ကြသော်လည်း၊ ရိုဟင်ဂျာ အဖွဲ့အစည်းများထံမှ သူတို့ ကိုယ်ပိုင်ပြည်နယ် လိုချင်သည်ဟု ပြောဆိုသည်ကို မိမိတို့တခါမျှ ကြားခဲ့ရခြင်း မရှိပါ။

အကယ်၍ ရိုဟင်ဂျာပြည်သူများကို တိုင်းရင်းသားဟု သတ်မှတ်လိုက်ပါက၊ သူတို့ကို နယ်မြေ/ပြည်နယ် ပေးရတော့မည် ဟူသည်မှာလည်း နားလည်မှုလွဲမှားနေသည့်ကိစ္စ သာ ဖြစ်ပါသည်။ ဤကိစ္စမှာ မမှန်ကန်သလို၊ Burma Campaign UK အဖွဲ့ကလည်း ၎င်းကိစ္စကို ထောက်ခံပြောဆိုခဲ့ခြင်း အလျဉ်းမရှိပါ။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ နောက်ထပ်မိမိတို့ တိုက်ခံခံနေရသည့် အကြောင်းအချက်တခုမှာ မိမိတို့တွင် မူစလင် ဘာသာဝင် ဝန်ထမ်းတဦး ရှိနေသည့်အတွက်ကြောင့် ဖြစ်ပါသည်။ မဝေနှင်းပွင့်သုန်က Burma Campaign UK အဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလာချိန်မှစ၍ မြန်မာလူထုအချို့၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဤသို့ တိုက်ခိုက်မှုများ စတင်လာခဲ့ပါ သည်။ အကြောင်းမှာ သူက မူစလင်ဘာသာဝင်တဦး ဖြစ်နေပါသည်။

ရိုဟင်ဂျာပြည်သူများအပေါ် ဖိနှိပ်ခံရမှုများအပေါ် ဆန္ဒပြပွဲများတွင် မဝေနှင်းပွင့်သုန် ပါဝင်ခဲ့သည့် ဓာတ်ပုံ ဖော်ပြခဲ့သည့် မကြာသေးခင်နှစ်များအထိ၊ မိမိတို့၏ စာမျက်နှာများတွင် ရိုဟင်ဂျာများနှင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုများကို ဖော်ပြနေသည်အထိ ယခုတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိသေးပါ။ ယခုအခါ မဝေနှင်းပွင့်သုန်မှာ စော်ကား တိုက်ခိုက်မှုများအတွက် ပစ်မှတ်တခုသဖွယ် ဖြစ်နေပါသည်။ မူစလင် ဘာသာဝင် မဟုတ်သူ မိမိတို့ အခြားဝန်ထမ်း များကလည်း အလားတူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပါသည်။

လိမ်ညာဖော်ပြမှုများတွင် မဝေနှင်းပွင့်သုန်က တိတ်တဆိတ် ရိုဟင်ဂျာလူမျိုးတဦး ဖြစ်သည်ဟု ဆိုနေကြသည်။ မမှန်ပါ။ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organization) တွင် လုပ်ကိုင် နေသည်ဟု စွပ်စွဲကြ သည်။ မမှန်ပါ။ မြန်မာနိုင်ငံတွင် Caliphate ကို ဖန်တီးနေသည်ဟု စွပ်စွဲဖော်ပြနေသည်။

သူက ဤသို့လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများထံမှ ငွေယူထားသည်ဟု ဆိုကြပြန်သည်။ ဤကိစ္စလည်း မမှန်ပါ။ ထို့အပြင် ရိုဟင်ဂျာ ယောက်ျားအများနှင့် ကလေးရထားသည်ဟု ဆိုကြပြန်သည်။ မှန်ကန်ခြင်း မရှိပါ။ သူ့အပေါ် ဤသို့လိမ်ညာတိုက်ခိုက် နေခြင်းမျှသာမဟုတ်၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများအပြားလည်း ကြုံနေရပါသည်။

အလိမ်အညာ သတင်းများ၊ ဇာတ်လမ်းများကိုကြား၍ ယုံကြည်နေကြသူ အများစုက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဆက်နွယ်ထောက်ခံသည်ဟုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရန်၊ စော်ကားရန်၊ ခြိမ်းခြောက်ရန် အကြောင်း အချက် လုံလောက်သည်ဟု ထင်မြင်ယူဆနေကြပါသည်။ သူတို့၏ ခေါင်းဆောင်များက ဤသို့ပြုမူနေကြသည့် အတွက် လည်း၊ အံ့သြဖွယ်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် တနှစ်ခန့်က ဒေါက်တာအေးချမ်းနှင့် သူ၏ နောက်လိုက်နောက်ပါများနှင့် စကားစမြည် ပြောဆိုရန် မိမိ ကြိုးပမ်းခဲ့ဖူးပါသည်။ သူတို့က အာဏာရှင်များထက်၊ ရိုဟင်ဂျာများကို ပြစ်တင်ဝေဖန်ရန် ပို၍အချိန်ပေးနေကြပါသည်။

ဒေါက်တာအေးချမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး၊ ဤသို့မပါဘဲနှင့် ဆွေးနွေးပြောဆိုရန် မဖြစ်နိုင်ခဲ့ ပါ။ အီးမေးလ်ဖြင့် စာပို့ဆွေးနွေးမှုကိုလည်း အခြားသော အီးမေးလ်အုပ်စုများထံ ဖြန့်ဝေခဲ့ပါသည်။

မိမိ၏ အီးမေးလ် စာတိုက်ပုံးထဲသို့လည်း စော်ကားတိုက်ခိုက်သည့် အီးမေးလ်များ ပြည့်လျှံ နေခဲ့ပါသည်။ သူ၏နောက်လိုက်နောက်ပါများက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများ မပြုပါရန် မိမိက ဒေါက်တာအေးချမ်းကိုတောင်းဆိုခဲ့သည့်အခါ၊ ဤသို့ဆောင်ရွက်သူများကို ရှုံ့ချပါရန် တောင်းဆိုခဲ့သည့်အခါ သူက လုပ်ဆောင်ရန် ငြင်းဆို ခဲ့ပါသည်။ ခေါင်းဆောင်များက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုများကို ရှုံ့ချငြင်းပယ်ရန် ပျက်ကွက်ခဲ့ပြီး၊ သူတို့ ကိုယ်တိုင်က ဤသို့ဆောင်ရွက်နေသည့်အခါ၊ နောက်လိုက်များကလည်း ၎င်း အမူအကျင့်ကို လိုက်လံ အတုခိုးကြမည် သာ ဖြစ်ပါသည်။

မကြာသေးမီကာလက မိမိတို့ကို ရိုဟင်ဂျာ လိုလားထောက်ခံသူများအဖြစ် စွပ်စွဲခဲ့ကြပါသည်။ ဤသို့ပြောဆို သည်မှာ မည်သည့် အဓိပ္ပါယ်ဆောင်သည်ကို မိမိကိုယ်တိုင် မရှင်းလင်းသေးပါ။ သေချာသည်မှာ မိမိတို့က ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကိစ္စအတွက် လိုလားထောက်ခံသူများ ဖြစ်ပါသည်။ သို့ဆိုလျှင် အခြားသော ဒီမိုကရေစီ/ လူ့အခွင့် အရေး ယုံကြည်သူ များကလည်း ဤသို့မဖြစ်နိုင်ရပါမည်နည်းဟု မေးစရာ ရှိပါသည်။

သို့သော်လည်း အကျိုးဆက်မှာ မိမိတို့က ရိုဟင်ဂျာ လိုလားထောက်ခံသူများ ဖြစ်သောကြောင့်၊ တနည်းတဖုံ အားဖြင့် မိမိတို့က ရခိုင်ဆန့်ကျင်သူများ ဖြစ်နေကြရသည်။ လူအများက ဤသို့အမြင်နှစ်ခု ယှဉ်တွဲ၍ ရှိနေကြပုံမှာ အထူး စိုးရိမ်ဖွယ်ပင် ဖြစ်ပါသည်။ Burma Campaign UK က မြန်မာနိုင်ငံရှိ လူထုအားလုံး၏ လူ့အခွင့်အရေးကိစ္စကိုထောက်ခံပါသည်။ ၎င်းလူထုများတွင် ရိုဟင်ဂျာနှင့် ရခိုင်တို့လည်း အပါအဝင် ဖြစ်ပါသည်။ ရိုဟင်ဂျာများတွင် လူ့အခွင့်အရေးရှိသည်ဟု ပြောဆိုခြင်းကြောင့်၊ မိမိတို့ကို ရခိုင်ဆန့်ကျင်ရေးဟု အမည်တပ်၍ မရနိုင်ပါ။ မိမိတို့က ရခိုင်ကိစ္စနှင့် ပတ်သက်သည့် အရေးကိစ္စများစွာကို လှုံ့ဆော်ကမ်ပိန်းများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း၊ ရခိုင် နိုင်ငံရေးအကျဉ်းသားများ ကိစ္စအပါအဝင် ဖြစ်ပါသည်။ အိန္ဒိယတွင် ထောင်ကျခံနေရသည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား ၃၄ ဦးကိစ္စအပေါ် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသည့် ကမ်ပိန်းအုပ်စု အနည်းငယ်အနက် မိမိတို့က တဖွဲ့အပါအဝင် ဖြစ်ပါသည်။

Burma Campaign UK အဖွဲ့အပေါ် ရခိုင်အရေးနှင့် ပတ်သက်၍ လုံလောက်စွာ မဆောင်ရွက်ခဲ့မှုကြောင့်လည်း ပြစ်တင်ဝေဖန် ခံရပါသည်။ ဤသည်ကိုထောက်ပြ၍ ရိုဟင်ဂျာတို့ကို လိုလားထောက်ခံ ဘက်လိုက်ရပ်တည် သည်ဟုလည်း စွပ်စွဲကြပါသည်။ သို့သော်လည်း ရခိုင်တို့နှင့် ပတ်သက်သည့် ပြဿနာများကို ဆောင်ရွက်ပေးရန် ရခိုင်လူမှုအဖွဲ့အစည်း များ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ တောင်းခံလာပါက မိမိတို့က မည်သည့်အချိန်မျှ ငြင်းပယ်ခဲ့သည်ဟူ၍မရှိပါ။


ရခိုင်အရေးနှင့် ပတ်သက်၍ မိမိတို့က ပို၍လုပ်ဆောင်ပေးဖွယ်ပင် ရှိပါသည်။ သို့သော်လည်း အင်္ဂလန်ရှိ အချို့သော ရခိုင် လူမှုအဖွဲ့ဝင်များက မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြပါ။ အကြောင်းမှာ မိမိတို့က ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးကို ထောက်ခံပေးခဲ့ကြသည့်အတွက် ဖြစ်ပါသည်။ မိမိတို့က ရခိုင်လူမှု အသိုက်အဝန်း ခေါင်းဆောင်များနှင့် ဆုံတွေ့ရန် စီစဉ်ခဲ့ကြသည့်အခါ၊ တလခန့် ကြာမြင့်ပြီးမှ လူတဦးထံမှသာ အကြောင်းပြန်ခဲ့ပါသည်။ အတိတ်ကာလ တွင်လည်း မိမိတို့က အင်္ဂလန်ရှိ ရခိုင်လူမှု အသိုက်အဝန်း အဖွဲ့အစည်းများနှင့် ပြည်ပရောက် အဖွဲ့အစည်းများအပေါ်ထောက်ခံပံ့ပိုးနိုင်ရန် သင်တန်းမျိုးစုံ စီစဉ်ပေးရေး ကမ်းလှမ်းခဲ့ပါသည်။ မည်သူကမျှ လက်ခံခဲ့ခြင်း မရှိပါ။

Burmese Rohingya Organisation UK ထံမှ ယခု အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတင်းများကို Burma Campaign UK အဖွဲ့က ဖြန့်ဝေပေးခဲ့သည့် အတွက်ကြောင့်လည်း မိမိတို့ကို ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခံရပါသည်။ သတင်းများကို ဖြန့်ဝေပေးခြင်းမှာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အဓိကလုပ်ငန်းတခု ဖြစ်ပါသည်။ နှစ်စဉ်ဆိုသလို ပင် မိမိတို့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဲန်ဂျီအိုများမှ သတင်း မီဒီယာ ထုတ်ပြန်ချက်များ၊ အစီရင်ခံစာများ၊ အကျဉ်းချုပ်တင် ပြချက်များကို ဖြန့်ဝေပေးခဲ့ကြပါသည်။

ရခိုင်ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့်အဖွဲ့အစည်း တခုခုက သတင်းများ ပေးပို့လာ ပါက၊ မဖော်ပြခံရဘဲ ရှိနေပါက၊ မိမိတို့က ဆက်လက်ဖြန့်ဝေပေးမည်သာ ဖြစ်ပါသည်။ သို့သော်လည်း ဤသို့ပေးပို့လာ ခဲ့ခြင်း မရှိပါ။

မိမိနှင့် Burma Campaign UK ကို ဘက်လိုက်သည်ဟု ဝေဖန်ပြောဆိုနေသည့်သူ အချို့နှင့်လည်း စကားစမြည်ပြောဆိုခဲ့ဖူးပါသည်။ ဘက်လိုက်သည်ဟု ပြောရလောက်အောင် လုပ်ဆောင်မှုများ ဥပမာပေးပါဟု တောင်းခံခဲ့ဖူးသည်။ မည်သူတဦးကမျှ မည်သည့်အချက်တခုကိုမျှ ထောက်ပြခဲ့ခြင်း မရှိပါ။ သို့သော်လည်း ၎င်းကဲ့သို့ အထင်မြင်က ဆက်လက်တည်ရှိနေဆဲသာ ဖြစ်ပါသည်။

ရိုဟင်ဂျာများအတွက် လူ့အခွင့်အရေးကိစ္စ ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူမျိုးများကို ဆန့်ကျင်သည်ဟူသည့် ယုံကြည်ချက်အမြင်ကို ပယ်ဖျက်အောင် ဆောင်ရွက်ရသည်မှာ မဖြစ်နိုင်သကဲ့သို့ ရှိနေပါသည်။ မိမိတို့ အမြင်တွင်မူ၊ ယခုကိစ္စသည် အစွန်းရောက်အင်အားစုတို့က တမင်တကာ ဖန်တီးနေကြသည့် နည်းပရိယာယ် သာဖြစ်ပြီး၊ ဆွေးနွေး ငြင်းခုန် မှုများ ကို ပို၍ သဘောထားကွဲလွဲအောင်၊ အမုန်းတရားနှင့် သည်းညည်းမခံနိုင်မှုကို ပို၍ ဖြစ်လာအောင် လှုံ့ဆော်နေခြင်းသာ ဖြစ်ပါသည်။

ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုများနှင့် ဓာတ်ပုံမှတ်တမ်းများသည် တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာစေရန် မီးမွှေးပေးမည့် လျှပ်စစ်မိုးကြိုးသွားနှယ် ဖြစ်နေပါသည်။ ယခု ဆောင်းပါး အပေါ်တွင်လည်း အလားတူ တုံ့ပြန်တိုက်ခိုက်မှုများ ကြုံကြရပါလိမ့်ဦးမည်။

သို့သော်လည်း အမှန်တရားအတိုင်း ဖြစ်စေရန် အချိန်ယူရဦးမည်ဟု မိမိတို့ မျှော်လင့်ထားပါသည်။ Burma Campaign UK အနေဖြင့် ဤသို့ဘက်လိုက်သည်ဟု အထင်ခံရစေရန် မည်သည့်အကြောင်းအချက်၊ မည်သည့်အကျိုးစီးပွားများ ရှိနေပါ သနည်း။

မိမိတို့ အဓိကဆောင်ရွက်နေကြသည့် ခေါင်းစဉ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိစ္စသာ ဖြစ်ပါသည်။ ယခုကိစ္စ အပေါ် နှစ် ၂ဝ ကျော် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ပါသည်။ မည်သည့် အတွက်ကြောင့် လူများက လိမ်လည်စွပ်စွဲမှုများကို အလွယ်တကူ ယုံကြည်နေကြပါသနည်း။ သူတို့အရေး တက်ကြွစွာ အားကျိုးမာန် တက် ထောက်ခံ ဆောင်ရွက်နေကြသူများအပေါ် မကောင်းပြောဆိုချက်များကို လူအများက မည်သည့်အတွက် အလွယ်တကူ လက်ခံနေ ကြပါသနည်း။ လိမ်ညာပြောဆိုမှုများကို အတင်းစကားမဆိုမီ၊ အခြားသူများထံ မဖြန့်ဝေမီ မည်သည့်အတွက်ကြောင့် အမှန်တရားကို မမေးမြန်းဘဲ နေကြပါသနည်း။

Burma Campaign UK အဖွဲ့နှင့် သဘောထား မတူညီသူများသည်ပင်၊ သဘောထားကွဲလွဲရုံမျှနှင့် ခြိမ်းခြောက်စော်ကားမှုများ လက်ခံရရှိသင့်ပါသလော၊ ဤသို့ လက်ခံရရှိသည်မှာ မှန်ကန်ပါ၏လောဟု ပြန်၍ မေးခွန်းထုတ်လို ပါသည်။ ဤသည်မှာ အာဏာရှင်စနစ်တွင် ထားရှိကြသည့် ချည်းကပ်ပုံမျိုး၊ စိတ်နေစိတ်ထား မျိုးသာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် ဆောင်ရွက်ကြသည့် နည်းမှန်လမ်းမှန် မဟုတ်ပါ။ လူအများက လိမ်ညာမှုများကို အလွယ်တကူ လက်ခံယုံကြည်နေကြသည့်အချိန်၌ သူတို့ကိုယ်တိုင်လည်း ပြန်၍ မေးခွန်းထုတ်ကြည့်ကြရန် အထူးလိုအပ်နေပါသည်။

ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲဖွယ်အဖြစ်ဆိုးများနှင့် ၎င်းကိစ္စအပေါ် လူတို့၏ တုံ့ပြန် ခံစားနေရ မှုများသည် မြန်မာနိုင်ငံအပေါ် အရိပ်မဲလွှမ်းမိုးနေပါသည်။ အကြမ်းဖက်မှုများနှင့် သည်းညည်းခံလိုစိတ် မရှိသည့်အခြေ အနေက ခိုင်မာခြေကုတ်ရလာပါသည်။ မြန်မာပြည်သူများက သူတို့၏ အနာဂတ်ကို ဤသို့မြင်လိုကြ ပါ၏လော။ မေးခွန်း ထုတ်ဖွယ် ရှိပါသည်။

ဒီမိုကရေစီရရှိရေးကိစ္စ၏ အကြောင်းအချက်များအနက် တခုမှာ မတူကွဲပြားမှု အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၊ငြင်းခုန်ဖြေရှင်းခြင်းဖြင့် နိုင်ငံရေးအရ ဖြေရှင်းကြရန် မဟုတ်ပါလော။ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများဖြင့်ဖြေရှင်းကြရန် မဟုတ်ပါ။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုသည် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုသာ ဖြစ်ပါသည်။ ထို့အတူ လူ့အခွင့်အရေး၊ သည်းညည်းခံမှု ရှိစေရေးနှင့် တန်းတူညီမျှမှုအတွက် လှုပ်ရှားမှုလည်း ဖြစ်စေသင့်ပါကြောင်း။

မာ့ခ် ဖာမနာ (Mark Farmaner) သည် အင်္ဂလန်နိုင်ငံတွင် မြန်မာ့အရေးလှုပ်ရှားနေသည့် Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ ဖြစ်ပါသည်။


Mark Farmaner ရေးသားသည့် Supporting Rohingya human rights draws ugly attacks ဆောင်းပါးကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။



မြောက်အမေရိကအစ္စလာမစ်အဖွဲ့မှ မြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ မွတ်စလင် များအပေါ်လတ်တလောအကြမ်း ဖက်မှုနှင့်ပတ်သက် ၍လေးလေးနက်နက် စိုးရိမ်ပူ ပန်ကြောင်း ဇူလိုင်လ (၁၂) ရက်နေ့က၀ါရှင် တန်ဒီစီမြို့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ရိုဟင် ဂျာလူမျိုး များ အပေါ်ကန့် သတ်ထားသော လက်ထပ်ခွင့်လျှောက်ထားရခြင်း၊ ကလေး (၂) ယောက်ထက်ပို ၍မွေးဖွားခွင့်မပြုခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်းတို့ကိုရုပ်သိမ်းရ မည်ဖြစ်ကြောင်း လည်းပြောကြား ခဲ့ကြောင်း သိရှိရသည်။ ရိုဟင်ဂျာများ၏မြေယာများကိုသိမ်းပိုက်ခြင်း၊ ခရီးသွားလာ ခွင့်ပိတ်ပင်ခြင်း တို့အပြင်နိုင်ငံသား အဖြစ်အသိ အမှတ်လည်းမပြုပေ။

အဆိုပါအဖွဲ့မှလက်ရှိရိုဟင်ဂျာမွတ်စလင်များအပေါ်ကျင့်သုံးသောအစိုးရ၏ဖိနှိပ်ရေးမူဝါဒများကိုလက်မခံနိုင်ကြောင်းနှင့်ထိုအတွက်အထူးဝမ်း နည်းကြောင်း၊ မိမိတို့သည်လူမျိုး၊ဘာသာ၊အခြေအနေကိုခွဲခြားခြင်းမရှိပဲ လူမျိုးရေး၊ဘာသာရေးကွဲပြားမှုကြောင့်ဖိနှိပ်ခံနေရသောလူနည်းစုများ အားလုံးအတွက်ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့်ရိုဟင်ဂျာများအရေးကိုကိုင်တွယ်နေသည့်လမ်းကြောင်းမှာလက်ခံနိုင်ဖွယ်ရာ မရှိကြောင်းရိုဟင်ဂျာလူမျိုးများသည်အခြေခံလူ့အခွင့်အရေးများအားလုံးရပိုင်ခွင့်ရှိကြောင်းကိုလည်းပြောဆိုခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစီရင်ခံစာအရ လွန်ခဲ့သောလတွင်ဖြစ်ပွား ခဲ့သောရခိုင်ဒေ သတွင်း အကြမ်းဖက်မှု၌ ရိုဟင်ဂျာများကို စစ်တပ်နှင့်အခြားသော အစိုးရဆိုင်ရာ အဖွဲ့အစည်းများ မှတစ်ဖက်သတ် လူမဆန်စွာ တုန့်ပြန်ခဲ့ကြောင်း၊ မြန်မာအစိုးရ မှအခြေအနေများမှာ တိုး တက်ကောင်း မွန်နေကြောင်းပြောကြားသော် လည်း ကမ္ဘာစား နပ်ရိက္ခာအဖွဲ့ မှအစီရင်ခံရာတွင် လူပေါင်း ကိုးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည် ကိုတွေ့ရကြောင်း၊ နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့ မှအစီရင်ခံ ရာတွင်လည်း အိုးမဲ့အိမ်မဲ့ဖြစ်နေ သူများမှာသန့်ရှင်းသောရေ၊ အစား အသောက်များ မရခြင်း၊ ကောင်း မွန်သောနေရာ ထိုင်ခင်းများ မရခြင်း၊ ဆေးဝါးကုသမှု မရခြင်းနှင့်နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများကို ၀င်ရောက် အကူအညီပေးခြင်းများကန့်သတ်ထားခြင်း တို့ကြောင့်ပို၍ ဒုက္ခရောက်နေကြောင်း တို့လည်းပြောဆိုခဲ့သည်။

လွန်ခဲ့သော ၉ ရက်နေ့တွင်မြောက်အမေရိကားအစ္စလာမစ်အဖွဲ့မှနိုင်ငံ တကာလွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့နှင့်အခြားသောအဖွဲ့အစည်းများနှင့် အတူပူးပေါင်း၍ လူမှုရေးဆိုင်ရာကပ် ဆိုက်မှုကြီးကိုပိုမို၍ သိစေရန်ရည်ရွယ်၍သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သည့် အဖွဲ့အစည်း များအား လုံးမှ အမေရိကန်အစိုးရအားမြန်မာနိုင်ငံနှင့်သံတမန် ဆက်သွယ်ရေးပိုမိုခိုင်မာရန်ညှိနှိုင်းနေချိန်တွင် ရိုဟင်ဂျာများ ၏အတိ ဒုက္ခများကိုမမေ့လျော့ရန်တိုက်တွန်းခဲ့ကြသည်။ ယခုကဲ့သို့အကျပ်အတည်း ကျရောက်နေသော အချိန်တွင် အမေရိကန်အပါအ၀င်အခြားသော နိုင်ငံများအားလုံးမှရိုဟင်ဂျာ လူမျိုးများနှင့် ပတ်သက်၍ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် တည်ငြိမ်အေးချမ်း မှုရအောင် လမ်းကြောင်း သစ် များရှာဖွေသင့်ကြောင်းပြောဆိုခဲ့ကြောင်းသိရှိရသည်။

RB News Desk




ရာပေါင်းများစွာသောအင်ဒိုနီးရှားအစ္စလာမ်ဘာသာဝင်များသည်ဂျကာတာမြို့ရှိမြန်မာသံရုံးရှေ့၌သောကြာနေ့တွင်ဆန္ဒပြ ကြောင်းအေအက်ဖ်ပီသတင်းဌာနမှဖော်ပြခဲ့သည်။

အဆိုပါဆန္ဒပြပွဲကျင်းပရခြင်းမှာ မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များကိုမုန်းတီးစွာလူမျိုးတုန်းသတ်ဖြတ်နေခြင်းကြောင့်ဖြစ် သည်ဟုသိရသည်။ သုံးရာခန့်ရှိသောအစ္စလာမစ်အဖွဲ့အစည်းများမှဆန္ဒပြပွဲသို့တက်ရောက်လာသူများသည် မြန်မာသံရုံးကို ခြိမ်းခြောက်ရာ ရဲ ၅၀ ခန့်မှအဆောက်အအုံအတွက်လုံခြုံရေးပေးခဲ့ရသည်ဟုသိရသည်။

တကယ်လို့တာဝန်ရှိသူတွေအနေနဲ့စကားပြောဖို့ငြင်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့အဆောက်အအုံကြီးကိုဖျက်ဆီးပြီး အကုန်လုံးပြောင်းပြန်လုပ်ပစ်မယ် - ဟုဆန္ဒပြသည့်အဖွဲ့မှခေါင်းဆောင်တစ်ဦးမှအသံချဲ့စက်ဖြင့်ပြောဆိုခဲ့သည်။

မွတ်စလင်တယောက်ဆီကသွေးစက်တွေကျတာတွေအတွက်ပြန်ကိုပေးဆပ်ရမယ်ကမ္ဘာကြီးမှာဘာမှအလကားမရဘူးဟုဆိုင်းဘုတ်ကိုင်ဆောင်ထားတစ်ဦးမှပြောကြားသည်။မြန်မာနိုင်ငံကိုသွားပြီးမွတ်စလင်ညီအစ်ကိုများအတွက်တိုက်ပွဲလုပ်ကြမယ်ဟုအဆိုပါဆိုင်းဘုတ်ကိုင်ဆောင်ထားသူထပ်မံ ပြောကြားကြောင်းအေအက်ဖ်ပီကဖော်ပြထားသည်။

အဆိုပါဆန္ဒပြသူများသည်မြန်မာသံရုံးအတွင်းဝင်ရောက်ခြင်းမရှိပဲကုလသမဂ္ဂရုံးရှေ့တွင်ဆန္ဒပြရန်ချီတက်
သွားခဲ့ကြသည်ဇွန်လတွင်ရခိုင်ပြည်နယ်တွင်ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ရိုဟင်ဂျာအပါအ၀င်မွတ်စလင်များ
အကြားအဓိကရုဏ်းဖြစ်ပွားပြီး လူပေါင်းများစွာသေဆုံးခဲ့ရသည့်အပြင် ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ 

ရိုဟင်ဂျာလူမျိုးရှစ်သိန်းခန့်မြန်မာနိုင်ငံတွင်နေထိုင်ပြီး ကမ္ဘာပေါ်တွင်အဖိနှိပ်ခံရဆုံးလူနည်းစုဖြစ်သည်။
သမ္မတသိန်းစိန်မှကုလသမဂ္ဂသို့ပြောကြားရာတွင်တိုင်းရင်းသားမဟုတ်သောတရားမ၀င်ဝင်ရောက်လာသော ရိုဟင်ဂျာများကိုလက်ခံရန်လုံးဝမဖြစ်နိုင်ကြောင်း၊ ဒုက္ခသည်စခန်းတွင်ထား၍ဖြစ်စေ (သို့မဟုတ်) တတိယနိုင်ငံများသို့ပို့ ခြင်းအဖြေရှာရန်ပြောကြားခဲ့သည်။

ကုလသမဂ္ဂမှမဖြစ်နိုင်ကြောင်းပြောကြား၍သမ္မတ၏အဆိုကိုပယ်ချခဲ့သည်။ 

ကုလသမဂ္ဂမှပြောကြားရာတွင်ဆယ်စုနှစ်များစွာဖိနှိပ်ထားပြီး၊ ပိုင်ဆိုင်မှုရေးရာများ၊ ပညာရေးဆိုင်ရာ၊ အမှုထမ်းခြင်းဆိုင်ရာ နှင့်အခြားသောလူ့အခွင့်အရေးများကိုတားဆီးပိတ်ပင်ထားကြောင်းပြောကြားခဲ့သည်။

RB News Desk


Photo: Planet Myanmar Network
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးအကြီးအကဲ Mr. Antonio Guterres အား ဇူလိုင်လ (၁၁) ရက်နေ့တွင်နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင်ဦးသိန်းစိန်မှမိမိအနေဖြင့်တရားမ၀င်ခိုးဝင်လာသောရိုဟင်ဂျာများကိုလက်မခံနိုင်ကြောင်း၊ ရိုဟင်ဂျာများကို UNHCR သို့လွှဲပြောင်းပေးပြီး UNHCR မှစောင့်ရှောက်ရန်လိုကြောင်း၊ လက်ခံမည့်တတိယနိုင်ငံများသို့ ပို့ပေးရန်စဉ်းစားနေကြောင်း Mr. Guterres ကိုပြောဆိုခဲ့ကြောင်းနိုင်ငံတော်သမ္မတရုံး၏အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်ကိုတွေ့ရသည်။



ယနေ့Mr.Guterresမှပြောကြားရာတွင်ဦးသိန်းစိန်ပြောကြားသောကိစ္စသည်မိမိတို့၏အဖွဲ့အစည်းမှ
လုပ်ဆောင်ရမည့်ကိစ္စမဟုတ်ကြောင်းရိုဟင်ဂျာများမှာမြန်မာနိုင်ငံအနောက်ပိုင်းတွင်နေထိုင်သူများဖြစ်ကြသောလည်းနိုင်ငံသားမရရှိသူများ ဖြစ်ကြောင်း၊

အခု ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ ဒုက္ခသည်စာရင်းထဲမှာ မဝင်ပါဘူး။ UNHCR မှ ချမှတ်ထားသော ဒုက္ခသည် သတ်မှတ်ချက်နှင့် ညီမှ တတိယနိုင်ငံသို့ ပို့ပေးမှာဖြစ်ပါတယ်။" ဟု ကြာသပတေးနေ့ ညနေ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

 ပြန်လည်နေရာချထားခြင်းဆိုသည်မှာတနိုင်ငံမှတနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ရာတွင်ထူးခြားသောအခြေ
အနေများကြောင့်သာပြန်လည်နေရာချထားခြင်းဖြစ်ပြီးယခုဖြစ်ပွားနေသောအခြေအနေနှင့်သက်ဆိုင်မှု
မရှိကြောင်းသတင်းထောက်များကိုပြောဆိုခဲ့ကြောင်းအေအက်ဖ်ပီသတင်းဌာနမှရေးသားထားသည်။

သမ္မတက ဥပေဒအရ မြန်မာနိုင်ငံသို့ ၁၉၄၈ မတိုင်ခင် ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက်မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်သည်ဟုလည်း သမ္မတက ထည့်သွင်းဆွေးနွေးသည်ကို ရေးသားထား သည်

ကုလသမဂ္ဂမှအတည်ပြုထားသောကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင်းတွင်နေထိုင်သောရိုဟင်ဂျာ ၈ သိန်းခန့်နေထိုင်နေ သည်ဟုသိရသည်။ နှစ်ပေါင်းရာနှင့်ချီ၍နေထိုင်ကြသောလည်းနိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းမရှိပေ။


RB News Desk

မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်)မှဦးဆောင်၍ဆန္ဒပြပွဲတစ်ရပ်ကိုဇူလိုင်လ (၉) ရက်နေ့နေ့ လည်ပိုင်း တွင် တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့်ကုလသမဂ္ဂရုံးရှေ့တွင်ကျင်းပခဲ့သည်။ 

အဆိုပါဆန္ဒပြပွဲတွင်လူအင်အားလေးဆယ်ကျော်တက်ရောက်ခဲ့ပြီး၊ နေ့လည် ၁ နာရီခန့်မှစ၍တိုကျိုမြို့ ရှိဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင်စုဝေးဆန္ဒပြခဲ့ကြသည်။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) ဥက္ကဋ္ဌ  ဦးဇော်မင်းထွဋ်မှ မိန့်ခွန်း ပြောကြားပြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် - နိုင်ငံတော်သမ္မတဦးသိန်းစိန်သို့ပေးပို့မည့်စာကို ရိုဟင်ဂျာတစ်ဦးမှ တက်ရောက်လာ သူများအားလုံးကို ဖတ်ကြားပြသည်။ ထို့နောက်ထိုစာကိုမြန်မာသံရုံးဝန်ထမ်းထံသို့လွှဲပြောင်းပေးခဲ့သည်။ ကြွေးကြော်သံ များဖြင့်တောင်းဆို၍ နေ့လည် ၃ နာရီခန့်တွင်ကုလသမဂ္ဂရုံးရှေ့ သို့ဆက် လက်ချီ တက် ခဲ့ကြသည်။ 

ကုလသမဂ္ဂရုံးရှေ့တွင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သို့ပေးပို့မည့်စာကိုရိုဟင်ဂျာတစ်ဦးမှဖတ်ကြားပြီး၊ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက်တက်ကြွစွာအစဉ်တစိုက်လှုပ်ရှားနေသော NHK မြန်မာပိုင်းအစီအစဉ်ဌာန အငြိမ်းစားညွန်ကြားရေးမှူး Mr. Hisao Tanabe မှမိန့်ခွန်းပြောကြားခဲ့ သည်။ Mr. Tanabe မှပြောကြားရာတွင် ရိုဟင်ဂျာများ သည်မြန်မာနိုင်ငံ တွင်ရာစုနှစ်များစွာ အခြေစိုက်နေထိုင် လာခဲ့သော်လည်း လူမျိုးရေး၊ ဘာသာရေးခွဲခြား ခံနေရသည့်အပြင် နိုင်ငံသား အဖြစ်ငြင်းပယ် ခံနေရပြီး လူ့အခွင့်အရေးလည်းဆုံးရှူံးနေပါကြောင်း မိမိအနေနှင့်ဂျပန်နိုင်ငံရှိ မြန်မာလူမျိုး များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက်အစဉ်တစိုက်လှုပ်ရှားနေသူဖြစ်ကြောင်း၊ ယခုအခါရိုဟင်ဂျာ အရေးကိစ္စအတွက်ပါဝင်လှုပ်ရှားခြင်းကြောင့် ဗမာနှင့်အခြားသောတိုင်းရင်းသားများမှမိမိအား ရှုတ်ချမည်ဖြစ်ကြောင်း၊ သို့သော်လည်းမိမိအနေဖြင့်ဂရုစိုက်မည်မဟုတ်ကြောင်း၊ မိမိသည်ဂျပန်နိုင် ငံ သား တစ်ဦးဖြစ် ကြောင်း၊ လူ့အခွင့်အရေးနှင့်လူမျိုး တုန်းသတ်ဖြတ် ခြင်းနှင့် ပတ်သက်၍ပြော ဆိုရ မည်ဖြစ်ကြောင်း အကျယ်တ၀င့်ပြောကြား ခဲ့သည်။ ချင်းတိုင်းရင်း သားအမျိုးသား တစ်ဦးမှလည်း မြန်မာနိုင်ငံ တွင်ရိုဟင်ဂျာနှင့်အခြားသောတိုင်းရင်းသားများလည်း ခွဲခြားဆက်ဆံခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့နောက်ကုလသမဂ္ဂရုံးဝန်ထမ်းတစ်ဦးထံသို့အထွေထွေအတွင်းရေးမှူးချုပ်ထံရေးသားသည့်စာကိုလွှဲပြောင်းပေးပြီး၊ သမ္မတဦးသိန်းစိန် ထံသို့ရေးသားခဲ့သောစာကိုတဖန် ဖတ်ကြားခဲ့သည်။ ညနေ ၄ နာရီခွဲခန့် တွင်ကြွေးကြော် သံများ ဟစ်ကြွေး၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း RB မှ သတင်း လက်ခံ ရရှိပါ သည်။ 



RB News Desk

သို့

သမ္မတကြီးဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ - ၉-၇-၂၀၁၂

အကြောင်းအရာ။ ။ရခိုင်ပြည်နည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားရိုဟင်ဂျာများအား အစွန်းရောက်ရခိုင်များ၏ အကြမ်းဖက်သတ်ဖြတ်မှုများမှ အပြည့်အ၀ကာကွယ် စောင့်ရှောက်ပေးပါရန် အသနားခံတင်ပြခြင်း။

ရိုသေစွာဖြင့်…

ကျွန်ုပ်တို့ ဂျပန်နိုင်ငံကိုရောက်ရှိနေသော မြန်မာနိုင်ငံသား ရိုဟင်ဂျာများက သမ္မတကြီးဦးသိန်းစိန်အား ယခုဖြစ်ပျက်နေသည့် ရခိုင်ပြည် အရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်းရှင်းလင်းတင်ပြပြီး လိုအပ် သည့် အကာအကွယ်အားလုံးကို ထိထိရောက်ရောက် ပေးနိုင်ရန် အသနားခံတင်ပြအပ်ပါသည်။

ကျွန်ုပ်တို့ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့်ဇွန်လဆန်းမှစ၍ ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွင် လူသားအသက် ပေါင်းထောင်နှင့်ချီပြီး ဆုံးရှုံးခဲ့ရသကဲ့သို့ ဥစ္စာပစ္စည်း၊ အိုးအိမ်များ လည်း တန်ဖိုးသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရခြင်းအပေါ် အလွန်အမင်း ၀မ်းနည်း ကြေကွဲမိပါသည်။ ထို ကြေကွဲဝမ်းနည်းဖွဲကောင်းသော အဖြစ်အပျက်မျိုး ယနေ့ယဉ်ကျေးသောကမ္ဘာတွင် မဖြစ်သင့်၊ မဖြစ် ထိုက်သော အရာဟုယူဆမိပါသည်။

သို့သော် ဤအရေးအခင်းသည် လူအများထင်မြင်ယူဆသည့်အတိုင်း ရုတ်တရက်ဖြစ်ပေါ်လာသည့် အဖြစ်မျိုးမဟုတ်ဘဲ အကြမ်းဖက် သမားလူအုပ်စုတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ရသည်ဟု အဖြစ်အပျက် စတင်သည့်နေ့မှစ၍ ယနေ့ထိ အခြေအနေအရပ်ရပ်ကို လေ့လာခြင်းဖြင့် သုံးသပ်မိ ပါသည်။

၁။ သမိုင်းမှတ်တမ်းများအရ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင် မျိုးဆက်ပေါင်းများစွာကတည်းက အခြေချနေထိုင်လာခဲ့ကြသည်မှာ ထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ရှမ်းလူမျိုးတစ်ဦး ဖြစ်သူ စပ်ရွှေသိုက်က “ရိုဟင်ဂျာ မူဆလင်များသည် မြန်မာနိုင်ငံ၏ ဌာနေတိုင်းရင်းသားများဖြစ် ကြ သည်မှာ သေချာသည်။ အကယ်၍ သူတို့ကိုသာ ဌာနေတိုင်းရင်းသားထဲသို့မထည့်ပါက မိမိတို့ကိုယ် တိုင် လည်း ဌာနေတိုင်းရင်းသားအဖြစ်မခံယူသင့်ဟု ပြောဆိုခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်ဦးနုကလည်း မြန်မာအသံမှ မြွက်ကြားသည့်နိုင်ငံတော်မိန့်ခွန်းတွင် ရိုဟင်ဂျာတိုင်းရင်းသား ဟုသုံးနှုံးခေါ်ဝေါ်ခဲ့ပြီး ရိုဟင်ဂျာဘာသာဖြင့် အသံလွှင့်ရန် မြန်မာအသံကို ပင် အသုံးပြုခွင့်ပေးခဲ့ပါ သည်။ ရိုဟင်ဂျားအမျိုးသားများ လွတ်လပ်ရေးမတိုင်ခင်ကတည်းက ယနေ့ထိ ပြည်ထောင်စုမြန်မာ နိုင်ငံတော် လွှတ်တော်အဆက်ဆက်တွင် လွှတ်တော်အမတ်အဖြစ် ပြည်သူများ၏ ရွေးချယ်ခြင်းခံခဲ့ ရပြီး နိုင်ငံတာဝန်များကို ထမ်းရွက်ခဲ့ဖူးပါသည်။ ယနေ့သမ္မတကြီး၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီကို ကိုယ်စားပြုပြီး လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် အမတ်များသည်လည်း သမ္မတကြီးနှင့်အတူ တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါသည်။

အာဏာရှင်ဦးနေ၀င်း အာဏာသိမ်းယူပြီး နောက်ပိုင်း သူ၏ လူမျိုးရေးအစွဲ၊ မူဆလင် ဆန့်ကျင့် ရေးစိတ်ဓါတ်၊ ခွဲခြားအုပ်ချုပ်မှုစနစ်များကြောင့် ယ နေ့ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေ တွင် နိုင်ငံမဲ့ဘ၀ရောက်နေပါသည်။ ၁၉၆၂-ခုနှစ်မှစ၍ ရို ဟင်ဂျာလူမျိုးများအပေါ် အစိုးရအဆက်ဆက်၏ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်အုပ် ချုပ်မှုဒဏ်ကြောင့် လူဦး ရေ၏ထက်ဝက်နီးပါးသော မြန်မာရိုဟင်ဂျာများ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေ ရပါသည်။ လူ့အခွင့် အရေးအကြီး အကျယ် ချိုးဖောက်ခြင်းခံနေရပြီး လူတောမတိုးနိုင်အောင် ဆင်း ရဲနွမ်းပါး နေပါသည်။ ၁၉၈၂-ခုနှစ်က ဦးနေ၀င်၏ မဆလအစိုးရက ရေးဆွဲပြဌာန်းခဲ့သည့် မြန်မာနိုင်ငံသားဥပဒေက တမင်ရိုဟင်ဂျာ များအားရွေးချယ်ပြီး နိုင်ငံမဲ့ဘ၀ရောက်အောင် တွန်းပို့ ခဲ့သည်။

ထို့နောက်ပိုင်း ရိုဟင်ဂျာများလက်ဝယ်ရှိခဲ့သည့် အထောက်အထားစာရွက်စာတမ်းများအားလုံးကို အာဏာပိုင်များက သိမ်းယူ သွားပြီး ယနေ့ထိ အထောက်အထားမဲ့ဖြစ်နေရပါသည်။ ပညာရေး၊ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများတွင် အခွင့်အရေး အလုံး အစုံက လက်လွတ်ဆုံး ရှုံးခဲ့ရ ပါသည်။ ထိုကဲ့သို့ အဘက်ဘက်မှ ဆင်းရဲဒုက္ခရောက်နေသည့် ရိုဟင်ဂျာတိုင်းရင်းသားများအား တမြေတည်း နေ၊ တရေတည်းသောက် နောင်တော်အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီတချို့က သုတ်သင် ရှင်းလင်းပြီး ရခိုင်တပြည် လုံးကို မောင်ပိုင်စီးကာ ဗုဒ္ဓဘာသာဝင် ရခိုင်စစ်စစ်ဖြင့် ရခိုင်နိုင်ငံတော် သစ် တည်ထောင်ရန် ရည်ရွယ်ချက်ရှိရှိ စီမံကိန်းရေးဆွဲကာ ကြိုးပမ်းနေ သည်မှာ နှစ်ကာလ အတော်ကြာ ခဲ့ပြီဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင်တမျိုး၊ လက်နက်ကိုင်တော်လှန်ပုန်ကန်၍တဖုံ၊ သမိုင်းပညာရှင်ဘွဲ့ခဲ့၍ တနှယ်၊ နယ်ပယ်ပေါင်းစုံမှ ၀ိုင်းဝန်းကြိုးပမ်းနေပါသည်။

၂။ ထိုကြားထဲတွင် ၂၀၁၁-ခုနှစ် အကုန်လောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ရိုဟင်ဂျာလွှတ်တော်အမတ်မင်းများက လွှတ်တော် မေးမြန်းခန်းတွင်း မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာ၌ လ၀က၀န်ကြီးဦးခင်ရီက ရိုဟင်ဂျာများကို နာမည်သစ်တခု ဖြင့် ဘင်္ဂါလီဟု ထွင်ပေးခြင်း က အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီများအား အားပေးထောက်ခံသကဲ့သို့ ဖြစ်သွားခဲ့ရပါသည်။

၃။ တဖန်နိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်အသစ်ကို အခွင့်ကောင်းယူပြီး မကြား သေး မီက အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သော(ALP) ပါတီဝင်များက ရခိုင်ပြည်တွင်း ခြေကုပ် ယူ၍ ရိုဟင်ဂျာဆန့်ကျင်ရေး၊ တိုက်ထုတ်ချေမှုန်းရေး ကြွေးကြော်သံ များ ဟစ်ကြွေးကာ ဆူပူသောင်း ကျန်းမှုကို စတင်ပါတော့သည်။

၎။ အစွန်းရောက်ရခိုင်အမျိုးသားရေးဝါဒီ ဒေါက်တာအေးမောင်ဦးစီးပြီး ရခိုင်းတိုင်းရင်းသားများတိုး တက်ရေးပါတီကိုဖွဲ့စည်းကာ ဒီမို ကရေစီနှင့်လူ့အခွင့်အရေးအသံဟစ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး ပါတီများဆိုင်ရာဥပဒေကို အကာအကွယ်ယူ၍ လူမျိုးသုတ်သင်ရေး လမ်းစဉ်ကို ချမှတ်ကာ ရခိုင်ပြည် သူများအား လူမျိုးခွဲခြားရေးမှိုင်းတိုက်နေသည့်ဖြစ်ရပ်သည် (၂၆-၆-၂၀၁၂) ခုနေ့ထုတ် ၎င်းပါတီ၏ ကြေငြာချက်က သက်သေထူနေပါသည်။ ၎င်းပါတီ၏ ရိုဟင်ဂျာဆန့်ကျင်ရေး၊ တိုက်ထုတ်ရေး၊ လူမျိုးသုတ်သင်ရေးဝါဒကို ရခိုင်ပြည်သူ များအတွင်းသို့ နည်းမျိုးစုံဖြင့် သွတ်သွင်းနေသည့်အပြင် အခြားတိုင်းရင်းသားလူနည်းစုများကိုပါ သမိုင်းလိမ်ကို ဖန်တီးပြီး ရိုက်သွင်းနေ သည်မှာ အလွန် ကြောက်စရာကောင်းသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်စီးစေသော လုပ်ရပ်အဖြစ် မှတ်ယူသင့်ပေသည်။

သမ္မတကြီးခင်ဗျား…

အထက်ဖော်ပြပါအချက်များသည် ယခုရခိုင်အရေးအခင်း၏ မူလရင်းမြစ်ဖြစ်သည်။ ကျောက်နီမော် မုဒိန်းကျင့်၊လူသတ်မှုကို အကြောင်း ရှာပြီး တောင်ကုတ်တွင် အပြစ်မဲ့အစ္စလာမ်ဘာသာဝင် (၁၀)ဦးအား အကြမ်းဖက်သမား အယောက်(၃၀၀)နီးပါးက ၀ိုင်းရိုက်သတ်နိုင် သည့် အဖြစ်အပျက် သည် သမ္မတကြီး၏ အုပ်ချုပ်မှုအာဏာစက်ကို စိန်ခေါ်သလိုဖြစ်နေပါသည်။ ထိုအဖြစ်အပျက်ကို ရခိုင်ပြည်တွင် အုပ် ချုပ် နေသောအာဏာပိုင်ရခိုင်အမျိုးသားများက တာဝန်သိသိကိုင် တွယ်ဖြေ ရှင်းနိုင်ပါလျှက်နှင့် အကြမ်းဖက်သမား ရခိုင်အမျိုးသားများ အား ရိုဟင်ဂျာသတ်ဖြတ်ရေးအတွက် အားပေးအားမြောက်ပြုစေခဲ့သောကြောင့် အခြားမြို့နယ်များသို့ပါ ကူးစက်သွားခဲ့ပါသည်။ အခြေ အနေကို အချိန်မီထိန်းသိမ်းနိုင်ရန် သမ္မတကြီးက ပညာအမြှော်အမြင်ကြီးစွာ ပုဒ်မ-၁၄၄-ထုတ်ပြန်ပြီး ညမထွက်ရအမိန့်ကို ကြေငြာခဲ့ သော်လည်း လက်တွေ့တွင် သတ်ဖြတ်မှု၊ မီးရှို့မှု၊ မုဒိန်းမှုများကို မတားဆီးနိုင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအရေးပေါ်အခြေအနေ သည် ရိုဟင်ဂျားများပေါ်တွင်သာ သက်ရောက်မှုရှိပြီး အစွန်းရောက်ရခိုင်များနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ရခိုင်အမျိုးသားများက အရေး ပေါ် အခြေအနေကို အကာအကွယ်ယူပြီး ရိုဟင်ဂျာသတ်ဖြတ်မှုကို လက်ရဲဇက်ရဲ လုပ်လာခဲ့ပါသည်။

ယနေ့တိုင်သတ်နေ၊ဖြတ်နေ၊ မုဒိန်း ကျင့်နေ၊ဥစ္စာပစ္စည်းများ လုယက်နေဆဲဖြစ်ပါသည်။ အခြေအနေ ငြိမ်သက်သွားပြီဆိုသော်လည်း ရိုဟင်ဂျာများအပေါ် ပုံစံအသစ်တစ်မျိုး ဖြင့် အကြမ်းဖက်မှုများ ဆ ထက်ထမ်းပိုးဖြစ်ပေါ်နေပါသည်။ ရိုဟင်ဂျာရွာများကို အစိုးရလက်နက်ကိုင်ရဲတပ်ဖွဲ့၊ နစက၊ စရဖများနှင့် ပူးပေါင်းပြီး ဒုတ်၊ဓါးများကိုင်ဆောင်ထားသော (ALP)တပ်ဖွဲ့ဝင်များက ၀ိုင်းရံကာ ရွာရှိအသက်(၁၀)နှစ် အထက်ရှိကြသော ယောက်ျား လေးများကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေပြီး အမျိုးသမီးများအား မုဒိန်းကျင့်ကာ ဥစ္စာပစ္စည်းများကို လုယက်ယူဆောင်သွားနေခြင်းသည် တရွာပြီးတရွာဖြစ်နေပါသည်။ ဖမ်းဆီးခေါ်ဆောင်သွားနေသူအများ အပြားကိုလည်း သတ်ဖြတ်ပြီးချောင်းထဲ၊ မြစ်ထဲပစ်ချနေခြင်း ကြောင့် နတ်မြစ်တ၀ိုက်ရေထဲမျောနေသော ရိုဟင်ဂျာအလောင်း မရေမတွက်နိုင်လောက်အောင် ဖြစ်နေပါသည်။ အရေးအခင်းကြောင့် နေစရာ၊ စားစရာ၊ ဆေးဝါးမရှိသော ရိုဟင်ဂျာအများအပြားကို ယနေ့ထိ နိုင်ငံတော်အစိုးရမှ အကူအညီပေးတာမျိုးမရှိပါ။ သမ္မတကြီးက ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့သော်လည်း ထိုကယ်ဆယ်ရေးအဖွဲ့အစည်းများကိုယ်နှိုက်တွင် ရခိုင်းအမျိုးသားများက ဦးစီး စီမံနေသောကြောင့် ရိုဟင်ဂျာများဆီကို လုံးလုံးမရောက်လာခဲ့ပါ။ အစာရေစာပြတ်လတ်ပြီး အသက်ဆုံးရှုံးသွားသော ရိုဟင်ဂျာ လူမမယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မီးလောင်ဒဏ်ရာ၊ သေနတ်ဒဏ်ရာ၊ ဓါးတုတ် ဒဏ်ရာများရရှိပြီး ဆေးကုသမှုမရဘဲ အသက်ဆုံးရှုံးသွားသော ရိုဟင်ဂျာများ မရေမတွက်နိုင် လောက်အောင်ရှိနေပါသည်။

တချိန်တည်းမှာ ပြည်တွင်းပြည်ပ မီဒီယားများကလည်း တဘက်စောင်းနင်းပြီး ရိုဟင်ဂျာများကို အ ကြမ်းဖက်သမားများ၊ နယ်ချဲ့ ကျူးကျော်သူများ၊ အစ္စလာမ်ဝါဒီများ၊ လက်နက်ကိုင်သောင်းကျန်း သူ များ စသည်ဖြင့် အမျိုးမျိုး မဟုတ်မမှန် စွပ်စွဲရေးသားထုတ်လွှင့် နေပါသည်။ ရခိုင်ပြည်နယ် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သတင်းအမှန်ကို အမှောင်ချပြီး ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ၏ သတင်းပေးပို့ချက်များကိုသာ ထပ်ဆင့်အတည်ပြုပေးနေပါသည်။

သမ္မတကြီးခင်ဗျား…

အထက်တွင် ဖော်ပြထားသော ရခိုင်အရေးအခင်းနှင့်ပတ်သက်သည့် အချက်အလက်များကို သမ္မတကြီးကိုယ်တိုင် မှန်မှန်ကန်ကန် လေ့လာသုံးသပ်မိပါက လူသားချင်းကိုယ်ချင်း စာနာ နိုင် လိမ့်မည်ဟု တထစ်ချယုံကြည့်ပါသည်။ သမ္မတကြီး၏ ခေါင်းဆောင်ကောင်း ပီသမှုကို အပြည့် အ၀ယုံကြည်ပြီး မျှော်လင့်အားထားနေသော အပြစ်မဲ့ရိုဟင်ဂျာများအတွက် ထိထိရောက် ရောက် အပြည့်အ၀အကာ အကွယ်ပေးနိုင်ဖို့ လေးနက်တည်ကြည်စွာ အနားခံတင်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတကြီးအား ဂျပန်ရောက်မြန်မာနိုင်ငံသားရိုဟင်ဂျာများက အောက်ပါအချက်များကို အမြန်ဆုံးအကောင်အထည်ဖော် ပေးပါရန် လေးနက်စွာ အသနားခံတင်ပြအပ်ပါသည်။

၁။ လက်နက်မဲ့၊ အပြစ်မဲ့ ရိုဟင်ဂျာလူထုကြီးအား လက်နက်ကိုင်အကြမ်းဖက်မှုများမှ အပြည့်အ၀အ
    ကာအကွယ်ပေးရန်။

၂။ ရိုဟင်ဂျာပြည်တွင်းဒုက္ခသည်များအား နိုင်ငံတော်မှထောက်ပံ့ရေးပစ္စည်းများကို ကိုယ်ထိလက်
ရောက်တိုက်ရိုက်ပေးရန်။

၃။ အရေးအခင်းအတွင်း ဒဏ်ရာအမျိုးမျိုးရရှိထားသူများအား ဆေးဝါးကုသမှုပေးရန်။

၎။ ရိုဟင်ဂျာများအုပ်စုလိုက်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်နေမှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ဖမ်းဆီး
    ထားသူများအား အမြန်ဆုံးလွှတ် ပေးရန်။

၅။ မီးရှို့ဖျက်ဆီးပစ်ခဲ့သော ရိုဟင်ဂျာအိုးအိမ်များ၊ ရိုဟင်ဂျာ မူလနေထိုင်ရာရွာများကို အစိုးရမှ ပြန် လည်တည်ထောင်ပေးရန်နှင့် လု ယက်ယူဆောင်သွားသော ရွှေ၊ငွေ ပစ္စည်းဥစ္စာများကို ပြန်လည် ပေးဆောင်စေရန်။

၆။ ရိုဟင်ဂျာလူထုအား ယခင်ဒီမိုကရေစီအစိုးရနည်းတူ မြန်မာတိုင်းရင်းသားအဖြစ်အသိအမှတ်ပြု ပြန်တမ်းကိုထုတ်ပြန်ပေးပြီး နိုင်ငံ သားအခွင့်အရေးအပြည့်အ၀ပေးရန်။

၇။ မတရားသည့် ၁၉၈၂-နိုင်ငံသားဥပဒေကို အမြန်ဆုံးဖျက်သိမ်းပေးပြီး နိုင်ငံသားဥပဒေအသစ် တ ရပ်ကို နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ရေးဆွဲပြဌာန်းပေးရန်။

၈။ ဥပဒေပြင်ပမှ လက်နက်ကိုင်သောင်းကျန်းနေသည့် (ALP) တပ်ဖွဲ့ဝင်များအား အမြန်ဆုံးဖမ်းဆီးအ
ရေးယူပေးရန်။

၉။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ဖျက်သိမ်းပြီး အရေး
အခင်းလှုံ့ဆော်မှုနဲ့ အရေးယူပေးရန်။

၁၀။ နိုင်ငံတကာစစ်ဆေးရေးမှူးများကို ဖိတ်ခေါ်ပြီး မြန်မာအစိုးရနှင့်အတူ အရေးအခင်းကို မျှမျှတတ
စုံးစမ်းစစ်ဆေးပေးရန်။

၁၁။ နိုင်ငံတကာကူညီထောက်ပံ့ရေးအေဂျင်စီများ၊ NGO များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအား လွတ် လွတ်လပ်လပ် ကူညီထောက်ပံ့ ခွင့်ပေးရန်။

၁၂။ လွတ်လပ်သည့်နိုင်ငံတကာသတင်း မီဒီယာများအား ၀င်ရောက်သတင်းမှန်ယူခွင့်ပေးရန်။

၁၃။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံသည့်စနစ်ဆိုးကြီးကို အမြန်ဆုံးရပ်တန့်ပစ်ရန်။

လေးစားစွာဖြင့်
ဇော်မင်းထွဠ် 
ဥက္ကဌ
မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း(ဂျပန်)



DOWNLOAD HERE






ရခိုင်ပြည်နယ်မောင်းတောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရိုဟင်ဂျာအမျိုးသား ၂၀၀ ကျော်ခန့်ကိုအကြောင်းပြ ချက်တစုံတရာမပြပဲဖမ်းဆီးသွားကြောင်းသတင်းရရှိပါသည်။ အဆိုပါဖမ်းဆီးသွားသူများအားလုံးကို ဘူးသီးတောင်မြို့ အကျဉ်းထောင်တွင်ထားရှိခဲ့ပြီး ဇူလိုင်လ (၆) ရက်နေ့ညတွင်ဘင်္ဘော၏၀မ်းဗိုက်ထဲတွင်ထဲ၍ စစ်တွေမြို့အကျဉ်းထောင်သို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကြောင်းသိရှိရသည်။ 

အဆိုပါဖမ်းဆီးခံရသူအများစုမှာ လူငယ်များ၊ ပညာတတ်များဖြစ်ကြသည်။ ကွန်ပျူတာသုံးစွဲများကိုလည်းဖမ်းဆီးသွား ကြောင်းသိရသည်။ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုံထိန်းများမှာတရားဥပေဒမဲ့ဖမ်းဆီးနေသောလည်း ပြည်နယ်အုပ်ချုပ်ရေးအစိုးရမှတစုံတရာတားမြစ်ခြင်းမရှိဟုသိရသည်။ 


်းတောမြို့မောင်နီရွာသို့ နစက၊ လုံထိန်းများဝင်ရောက်၍ လူငယ် ၄၀ ကျော်ကိုဖမ်းဆီးသွားသည့်အပြင် အမျိုးသမီး များအားမုဒိန်းကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်။ 
မာ
င်းေ
အဆိုပါလုပ်ရပ်များကိုမြို့နယ်အုပ်ချုပ်ရေးနှင့် စစ်တပ်မှသိသောလည်းတားမြစ်ခြင်းမရှိကြောင်းသိရသည်။ မောင်းတောမြို့နေမွတ်စလင်များအိမ်အပြင်သို့ထွက်ခွင့်မရှိပဲလိုအပ်သည့်အစားအသောက်များဝယ်ယူနိုင်ခြင်းမရှိသောကြောင့်အလွန်တရာအခက်အခဲရှိနေကြောင်းသိရပါသည်။ 

ဇူလိုင်လ (၅) ရက်နေ့ကကျောက်တော်မြို့ဈေးအနီးရှိဗလီကိုဖျက်ဆီးလိုက်သည်ဟုသတင်းရရှိပါသည်။ ရခိုင်ပြည်နယ်ရှိအခြေအနေမှာတည်ငြိမ်နေဟန်ရှိနေသောလည်းအမှန်တကယ်မှာတည်ငြိမ်အေးချမ်းခြင်းမရှိသေးပဲယခုတလောနယ်မြေလုံခြုံတပ်ဖွဲ့နှင့်လုံထိန်းများ၏လူမဆန်စွာညှင်းပန်းနှိပ်စက်မှုများကိုခံစားနေရကြောင်းသတင်းရရှိပါသည်။ 

RB News Desk
အဓိကရုဏ်းဖြစ်ပွားနေသောမြန်မာနိုင်ငံအနောက်ပိုင်းတွင်ကုလသမဂ္ဂနှင့်အခြားသောအစိုးရမဟုတ်သောအဖွဲ့ အစည်းများမှဝန်ထမ်းဆယ်ဦးကိုသက်ဆိုင်ရာမှစုံစမ်းမေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းထားကြောင့် အေအက်ဖ်ပီ သတင်းတွင်ယနေ့ဖော်ပြထားသည်။ 

လူ့အခွင့်အရေးအဖွဲ့အစည်းများမှရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းထားခြင်းအပေါ်ကြေညာချက်ထုတ်ပြန်ပြီးဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ပါသည်ကုလသမဂ္ဂ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများကို မေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းထားခြင်းကို မြန်မာနိုင်ငံအစိုးရထံစုံစမ်းမေးမြန်းခြင်းကို တစုံတရာအကြောင်းပြန်ကြားခြင်း မရှိဟုရေးသားထားသည်။ 

ရခိုင်နှင့်ရိုဟင်ဂျာတို့အကြားဖြစ်ပွားခဲ့သော ဇွန်လအတွင်းအဓိကရုဏ်း၌အသက်ပေါင်း ၈၀ ကျော်ဆုံးရှုံးခဲ့ပြီး၊ ထောင်ပေါင်း များစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုအဆိုပါအေအက်ဖ်ပီသတင်းတွင်ရေးသားထားသည်။ 

“အခုအချိန်မှာ ကုလသမဂ္ဂနှင့်နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများက၀န်ထမ်းဆယ်ဦးကို ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများမှ စုံစမ်းမေးမြန်းရန်အကြောင်းပြ၍ဖမ်းဆီးထိန်းသိမ်းထားသည်” ဟုကုလသမဂ္ဂလူသားချင်းစာနာထောက်ပံ့ ရေးအေဂျင်စီတစ်ခုဖြစ်သော OCHA ၏ ထုတ်ပြန်ချက် တွင်ရေးသားကြောင်းဖော်ပြထားပါသည်။ 

ကုလသမဂ္ဂမှဖမ်းဆီးထိန်းသိမ်းခံနေရသောဝန်ထမ်းတစ်ဦးချင်းစီ၏အချက်အလက်များပေးရန်တောင်းဆိုထားကြောင်းသိရှိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်ခြောက်ဦးမှာ Medicines San Frontiers (Doctors without Borders) မှဖြစ်သည်ဟု MSF မှအေအက်ဖ်ပီသို့ယနေ့အတည်ပြုပြောကြားခဲ့သည်။ MSF မှဆက်လက်ပြောကြားရာတွင်မည်သည့် အကြောင်းပြချက်ဖြင့်ဖမ်းဆီးထားသည်ကိုမသိရကြောင်းနှင့် MSF ၏လုပ်ငန်းများကိုလွန်ခဲ့သည့်အဓိကရုဏ်းဖြစ်ပွားချိန် မှစ၍ရပ်ဆိုင်းခဲ့ပြီး ၀န်ထမ်းများလျှော့ချခဲ့ကြောင်းပြောကြားသည်။ 

အစိုးရလုံခြုံရေးဝန်ထမ်းများမှအဓိကရုဏ်းပိုမိုဖြစ်ပွားရန်ပံ့ပိုးပေးသောကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များမှာ အစိုးရမှဖွင့်လှစ်ထားသောစခန်းများ၌ခိုလှုံလျက်ရှိရာ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်မှ လူပေါင်းတစ်သိန်းခန့်အထိ စားနပ်ရိက္ခာလိုအပ်နေသည်ဟုသိရှိရသည်။ 

ရခိုင်အမျိုးသမီးတဦးအားမုဒိန်းကျင့်သတ်ဖြတ်ပြီးနောက် ဇွန်လ (၃) ရက်နေ့တွင် မွတ်စလင်ဆယ်ဦးအားအကြမ်းဖက် သမားများမှသတ်ဖြတ်ခဲ့သည်။ ရခိုင်နှင့်ရိုဟင်ဂျာတို့သည်ဖြစ် စဉ်များကိုအချင်းချင်းအပြစ်တင်လျက်ရှိသည်။ နိုင်ငံတော်၏ အရေးပေါ်ကြေညာချက်သည် ယခုထိ  တည်ရှိလျက်ရှိပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ အစိုးရလုံခြုံရေးတပ်ဖွဲ့များမှ ရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးနေသည့်ကိစ္စနှင့်လူ့အခွင့်အရေးချိုးဖောက်ညှင်းပန်းနှိပ်စက်ခြင်းတို့ကိုယနေ့ ပြောကြားလိုက်သည်။ 

မြန်မာ့တပ်မတော်များတပ်ဖွဲ့များအများအပြားရှိနေသည့်ကြားမှ လုံခြုံရေးတပ်ဖွဲ့များမှ ရိုဟင်ဂျာလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်၍ညှင်းပန်းနှိပ်စက်မှုများကို ယခုရက်သတ္တပတ်များ အတွင်း အများအပြားပြုလုပ်နေသည် - ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ မှအေ အက်ပီသို့ပြောကြားကြောင်းသိရှိရသည်။ ခွဲခြားဆက်ဆံ၍ အစုလိုက်အပြုံလိုက် ဖမ်း ဆီြး ခင်း များ ရှိနေကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှအမှန်တကယ်ပြစ်မှုကျူးလွန်သူများကိုစုံစမ်းဖော်ထုတ်အရေး ယူဟန်မရှိဟု - ထပ်လောင်းပြောကြားသည်။ 

ရိုဟင်ဂျာများကိုခွဲခြားဆက်ဆံနေခြင်းမှာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေပြီး၊ ကုလသမဂ္ဂမှကမ္ဘာပေါ်တွင် ဒုက္ခအရောက် ဆုံးလူမျိုးဟုသတ်မှတ်ထားကြောင်းကို ယနေ့ထုတ်အေအက်ပီ သတင်းကိုး ကား၍ဖော်ပြ လိုက်ပါသည်။ 

RB News Desk


အင်္ဂလန်၊ သြစတြေးလျ၊ နော်ဝေး၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ ထိုင်းနှင့် ဆော်ဒီ အာရေဗျနိုင်ငံ အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း ကိုးခုမှပူးတွဲကြေညာချက်တရပ်ကိုဇူလိုင်လ (၂) ရက်နေ့ ကထုတ်ပြန် လိုက်သည်။

အဆိုပါကြေညာချက်တွင် ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးမှ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးရေး ခွဲခြားဆက်ဆံမှု ရှင်သန်လာေ စ ရန်ကြေညာ လာ သည် ကို ရှုံ့ချလိုက်သည်။ 

ဇွန်လ (၂၆) ရက်နေ့တွင်ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှကြေညာချက်ထုတ်ပြန်၍ ရိုဟင်ဂျာ တိုင်းရင်းသား များကို တရားမ၀င် ကျူးကျော်အခြေချသော ဘင်္ဂလီများ ဟုခေါင်းစဉ်တပ်ပြီး မြန်မာ အစိုး ရနှင့်ပြည်သူများက ရိုဟင်ဂျာလူမျိုးများ ကိုဗုဒ္ဓဘာသာရခိုင်လူမျိုးများနှင့်ဝေးလံသောမြို့၊ရွာများတွင်သီးခြားပြန်လည်နေရာချထားပေးရန်တောင်းဆိုသည်။ ထို့အပြင်တရားမ၀င်ကျူးကျော်အခြေချနေသောဘင်္ဂလီများကို ကုလသမဂ္ဂ၊နိုင်ငံတကာနှင့်ပူးပေါင်း၍ အချိန်တိုအတွင်း တတိယ နိုင်ငံများသို့ပို့ရန်လည်းတောင်းဆိုခဲ့သည်။ 

ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု၌ ရခိုင်အစွန်းရောက်များသည် စစ်တပ်၊လုံထိန်း၊နစက၊ လက်နက်ကိုင်ရခိုင်စစ်သွေးကြွများနှင့် ပူးပေါင်း၍ ရာပေါင်းများစွာသောရိုဟင်ဂျာများကိုသတ်ဖြတ်ခဲ့သည်။ ရာပေါင်းများစွာပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ရိုဟင်ဂျာများ နေထိုင်သောရွာများ၊ အိမ်ခြေများ၊ ၀တ်ပြုသောဗလီများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့မျှမက ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီး၊ ကလေးများဘေးလွှတ်ရာသို့ ထွက်ပြေးရန် ကြိုးစားနေဆဲအချိန်တွင်လည်း တိုက်ခိုက် လုယက်ခြင်းများခံခဲ့ ရသည်။ နတ်မြစ်နှင့်ဘင်္ဂလားပင်လယ်အော်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခေတ္တခိုလှုံရန် ကြိုးစားသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဝင်ခွင့်မပြုသည်ကို နိုင်ငံတကာမှကန့်ကွက်သော်ငြားလည်း ၀င်ရောက်ခိုလှုံခွင့်ပိတ်ပင်ခဲ့သည်။ 

၁၉၄၂ ခုနှစ်မှစ၍ ရိုဟင်ဂျာ တသန်းခွဲခန့်သည် မိမိတို့၏ဌာနေမြန်မာနိုင်ငံမှ နိုင်ငံအသီးသီးသို့မိမိတို့၏ အသက်လုံခြုံရေး အတွက်ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထောင်ပေါင်းများစွာသောရခိုင်လူမျိုး (သို့မဟုတ်) မောဂ်လူမျိုးများသည် ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီအစီအစဉ်အရ ရခိုင်ပြည်နယ်သို့ဝင်ရောက်၍အခြေချခွင့်ရခဲ့သည်။ ထိုသို့ဝင်ရောက်လာသော ဘင်္ဂလီမောဂ်များသည် ပြည်နယ်အုပ်ချုပ်ရေး၏ ပဲ့ကိုင်များဖြစ်လာခဲ့သည်။ ဘင်္ဂလီများ တရားမ၀င် ၀င်ရောက် အခြေချခဲ့သည် ဆိုသည်မှာ စွတ်စွဲချက်သာ ဖြစ်ခဲ့ပြီး အစ္စလာမ်ဆန့်ကျင်ရေးကို နိုင်ငံရေးအရ စိတ်စွဲလမ်းမှုဖြစ်စေရန် တက်တက် ကြွကြွလှုံ့ဆော် ခဲ့သည်။ လူမျိုးရေးခွဲခြားမှု၊ သူစိမ်းများ ခြောက်လှန့် ခြင်းများကိုရှေ့တန်းတင်၍ ရိုဟင်ဂျာများကို ဒဏ်ခံစေကာ၊ ဘင်္ဂလီ မောဂ်များစိမ့်ဝင်လာမှု့ကို မသိကျိုးကျွံပြုနေခဲ့သည်။ ရခိုင်လူမျိုးများ၏ ရည်ရွယ်ချက်သည် လွတ်လပ်သောရခိုင်ပြည် ထူထောင်ရန်ဖြစ်ပြီး ရိုဟင်ဂျာများသည် ၄င်းတို့အတွက်အတားအဆီးဖြစ်နေသည်။ 

ရခိုင်အမျိုးသားတိုးတက်ရေးပါတီနှင့်ကြံရာပါများသည် ပြည်တွင်းနှင့်ပြည်ပတွင် ရိုဟင်ဂျာများအား မုန်းတီးစေရန်ဝါဒဖြန့် လှုပ်ရှားမှုများကို လုပ်ဆောင်နေရာမှ အကြမ်းဖက်မှုကြီး ရုတ်တ ရက်ပေါ်ပေါက်ခဲ့သည်။ အကြမ်းဖက်မှုကြီးကို ရခိုင်အမျိုး သား တိုးတက်ရေးပါတီမှ ကြိုး ကိုင်ဆောင်ရွက်ခဲ့သည်မှာသိသာထင်ရှားလာသော်လည်းကျဉ်းမြောင်းသောအယူဝါဒရှိသည့်ရခိုင်ပညာရှင်များနှင့် စစ်ဘက်ဆိုင်ရာ သဘောထားတင်းမာသူများမှ မသိကျိုးကျွံ မျက်နှာလွှဲနေကြသည်။ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၏ မူဝါဒဖြစ်သော ရိုဟင်ဂျာများအားအတင်းအဓမ္မနေရာပြောင်းရွှေ့ခြင်း၊ အတင်းအဓမ္မ နိုင်ငံမှနှင်ထုတ်ခြင်းတို့သည် ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာရခိုင်များသာကြီးစိုးချယ်လှယ်ရန်ရည်ရွယ်ပြီး ထိုမူဝါဒသည် လူသားဖြစ်တည်မှုအား ဆန့်ကျင်သောပြစ်မှုကြီးဖြစ်သည့်အပြင် ရိုဟင်ဂျာများအား အမြစ်ဖြတ်သုတ်သင်ခြင်းဖြစ်သည်။ ရခိုင်အမျိုးသားတိုးတက် ရေးပါတီ၏ကြေညာချက်ပါ အချက်များအားလုံးသည် လူ့အခွင့်အရေးဆိုင်ရာ အချက်များနှင့် ဆန့်ကျင်နေပြီး၊ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားလုံး၏ ပြစ်မှုကျူးလွန်သူအနေနှင့် တာဝန်ယူရမည်ဖြစ်သည်။ ယင်းတို့၏ လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်စဉ်ဖော်ဆောင်နေမှုကို ဟန့်တားရုံမက၊ လူ့အခွင့်အရေးအခန်းကဏ္ဍများဖော်ဆောင်မှုကို လည်းထိခိုက်စေမည်ဖြစ်သည်။ 

ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် ရိုဟင်ဂျာလူမျိုးများ ပိုင်ဆိုင်သော ဆိုင်များသိမ်းဆည်းခံခဲ့ရသည်။ ရိုဟင်ဂျာ အမျိုးသမီးများကို အတင်းအဓမ္မမုဒိန်းကျင့်ခြင်း၊ ပညာတတ် အမျိုးသားများကို ဖမ်းဆီး၍ အကျဉ်းချခြင်း၊ နိုင်ငံသားသက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများကို သိမ်းဆည်းခြင်း၊ ခြိမ်းခြောက်၍ ငွေညှစ်ခြင်း၊ ပိုင်ဆိုင်သောပစ္စည်းများ လုယက်ခြင်း စသောထူးခြားသောဖြစ်စဉ်များ ရခိုင်ပြည်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည်။ လူသားချင်းစာနာမှုကင်းမဲ့မှုများပြားလာပြီး အစားရေစာငတ်ပြတ်ခြင်း၊ ဆေးဝါးကုသမှုမရရှိခြင်းတို့ကြောင့် ရိုဟင်ဂျာလူမျိုးများသေဆုံးမှုပိုမိုများပြားလာသည်။ 

မြန်မာနိုင်ငံအစိုးရသို့ ရိုဟင်ဂျာအဖွဲ့အစည်းများမှ ---- 

 ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပိတ်ပင်၍ ရခိုင်ပြည်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်အောင်ကြိုး ကိုင်လှုပ်ရှားခဲ့ သူများ ကို တရားဥပဒေနှင့်အညီဆုံးဖြတ်ရန်၊ 

 ရခိုင်အမျိုးသားတိုးတက်ရေး ပါတီနှင့်အခြားသောရခိုင်များ၏ အလွန်ဆိုးရွားသော လုပ်ရပ်များကို ရပ်တန့်ခိုင်းရန်၊ ရိုဟင်ဂျာများကိုပြည်တွင်း၌လုံလောက် သောကာကွယ်မှုများပေးရန်၊ 

 စစ်တပ်၊ လုံထိန်း၊ နစက၊ ရခိုင်စစ်သွေးကြွနှင့်ရဲများမှ ရိုဟင်ဂျာများအပေါ်ကျုးလွန်နေသောမုဒိန်းကျင့်ခြင်း ထင်တိုင်းကြဲဖမ်းဆီးခြင်း ခြိမ်းခြောက်၍ငွေညှစ်ခြင်း ဖမ်းဆီးထားသူများကို ငွေပေး၍ရွေးခိုင်းခြင်း ခိုးယူခြင်း တိုက်ခိုက်၍လုယက်ခြင်းတို့ကိုရပ်တန့်ခိုင်းရန်၊ 

လုပ်ဇတ်ခင်းရန်ဖမ်းဆီးထားသောရိုဟင်ဂျာများကိုချက်ချင်းလွတ်ပေးရန် 

ရိုဟင်ဂျာများမှသိမ်းယူလိုက်သောဆိုင်များ၊ ပစ္စည်းများ၊ စာရွက်စာတမ်းအထောက်အထားများကို သက်ဆိုင်သူများသို့အမြန်ဆုံးပြန်ပေးရန်၊ 

ရိုဟင်ဂျာများကို ရခိုင်များအတွက်အိမ်ဆောက်ရန်အတင်းအဓမ္မခိုင်းစေခြင်းများရပ်တန့်ရန် 

 ပြီးပြည့်စုံသောလွတ်လပ်စွာနေထိုင်ခွင့်ရရေး၊ သောကြာနေ့ စုဝေး၀တ်ပြုခြင်း များ ကိုသေချာ ပြန် လည် ရရှိစေရန် -- 

တို့ကိုတောင်းဆိုလိုက်သည်။ 

ထို့အပြင်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအ၀ိုင်းသို့တောင်းဆိုရာ၌ 

ကုလသမဂ္ဂ၊နိုင်ငံတကာအသိုင်းအ၀ိုင်း၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ ဗြိတိန်နှင့် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းများမှ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာလူမျိုးများအားလူမျိုးရေး ခွဲခြားဆက်ဆံမှုမူဝါဒကိုဖယ်ရှားပေးရန် 

 လွတ်လပ်သောနိုင်ငံတကာသတင်းဌာနများကို ရခိုင်ပြည်နယ်၏ အမှန် တကယ်ဖြစ်ပေါ်ေ နသော အခြေ အနေ များကို လေ့လာစောင့်ကြည့်ခွင့်ပေးရန် 

 ရခိုင်ပြည်နယ်တွင်းအကြမ်းဖက်မှု့အား ဘက်မလိုက်သော လွတ်လပ်သော စုံစမ်းစစ်ဆေး မှုများပြု လုပ်ပေးရန် 

အိုးမဲ့အိမ်မဲ့ဖြစ်သွားသောဒုက္ခသည်များကို လူသားချင်းစာနာသောအထောက်အပံ့များပေးရန် -- တို့ပါဝင်သည်။ 

မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသောအကြမ်းဖက်မှုရန်ကိုရှောင်ရှားရန်ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခ သည် များကို လူသား ချင်းစာနာ၍ ခေတ္တခိုလှုံခွင့်ပေးရန်နှင့် ရိုဟင်ဂျာပြဿနာအတွက် အိုအိုင်စီ၊နိုင်ငံတကာ အသိုင်းအ၀ိုင်းတို့နှင့်ပူးပေါင်း၍ အကောင်းဆုံးနည်းရှာဖွေရန် -- တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရ ထံတောင်း ဆိုလိုက်သည်။ 

By : RB News Desk 



ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေ အတွင်း အစိုးရ လုံခြုံရေး အဖွဲ့တွေကနေ လူ အမြောက်အမြား ကို ဖမ်းဆီးမှုတွေ နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်၊ နှိမ်နှင်းမှု တွေ လုပ်ရာမှာ ရိုဟင်ဂျာ တွေ ကို တဖက်သတ် ပိုပြီး နှိပ်ကွပ်နေတယ် လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ ရှိတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။ဥပမာ တစ်ခုအနေနဲ့ ဇွန်လ ၂၃ ရက်နေ့က မောင်းတောမြို့အနီး ရွာတရွာက လယ်ကွင်းတွေနဲ့ တောအုပ်တွေအနီး ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တယ်လို့ ထွက်ပြေး လာသူတစ်ဦးကို ကိုးကားပြီး Human Rights Watch အဖွဲ့က ပြောပါတယ်၊ ဒါပေမယ့် သေကြေ ဒဏ်ရာရသူ ဘယ်နှစ်ဦးရှိလဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။အစိုးရဘက်ကနေ ရခိုင်တိုင်းရင်းသား လူ ၃၀ ကို ဖမ်းဆီးထားတယ်လို့ ဇူလိုင်လ ၁ ရက်နေ့တုန်းက ကြေငြာခဲ့ပေမယ့် ရခိုင်ပြည်နယ် မြောက်ဖျားက ဖမ်းဆီးထားသူတွေနဲ့ပတ်သက်ပြီးတော့ အရေအတွက်၊ နာမည်နဲ့ ဘာ အမှုတွေနဲ့ စွဲချက်တင်ထားလဲဆိုတာကိုတော့ ထုတ်ပြန်တာ မတွေ့ရဘူးလို့ ပြောပါတယ်။ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ၊ ဥပဒေမဲ့ ထိန်းသိမ်းထားမှုတွေကို ရပ်တန့်ဖို့ Human Rights Watch အဖွဲ့က တိုက်တွန်းထားပါတယ်။ဖမ်းဆီးထားသူတွေကိုလည်း နာမည်နဲ့တကွ ထုတ်ပြန်ကြေငြာဖို့၊ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နေရာတွေ ဖော်ပြဖို့၊ အပြစ်ရှိ တယ်လို့ ယူဆပြီး ဖမ်းဆီးထားသူတွေကို တရားသူကြီး ရှေ့မှောက်မှာ အမြန် စစ်ဆေးဖို့၊ အပြစ်မရှိရင် လွှတ်ပေးဖို့နဲ့ ဖမ်းဆီးထားစဉ်မှာလည်း မိသားစုဝင် ဆွေမျိုးတွေနဲ့ တွေ့ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း ထားပါတယ်။ဒါ့အပြင် Human Rights Watch အဖွဲ့ရဲ့ မြန်မာအစိုးရအပေါ် နောက်ထပ် တိုက်တွန်း အကြံပြုချက်တွေထဲမှာ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့၊ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားကို ရခိုင်ပြည်နယ်ကို သွားရောက်ပြီး စုံစမ်းစေဖို့လည်း တိုက်တွန်းထားပါတယ်။နိုင်ငံတကာ အနေနဲ့လည်း ရခိုင်ဒေသ ပဋိပက္ခ နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ဖြစ်လာအောင် မြန်မာအစိုးရကို ဖိအားပေး လုပ်ဆောင်ဖို့ နဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း ထွက်ပြေး လာသူ ဒုက္ခသည်တွေကို ပြန်မောင်းမထုတ်ပဲ ယာယီ ကာကွယ်မှုပေးဖို့ Human Rights Watch အဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။


ရခိုင်ပြည်နယ် က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် မြို့ တွေ က အခြေအနေ တွေ ကို ဇွန်လ လကုန်ပိုင်း လောက်မှာ သွားရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဉီးစစ်မြိုင် က သူတို့ ရခိုင်တိုင်းရင်းသား ဖက် ကော၊ ဘင်္ဂါလီ တွေ ဖက်ကော မေးမြန်းမှု စုံစမ်းမှု တွေ လုပ်ခဲ့ကြောင်း နဲ့ ဘယ်ဘက် ကမှ အခုလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နှိပ်ကွပ်မှု တွေ လုပ်နေကြောင်း မပြောကြကြောင်း တုန့်ပြန် ပါတယ်။မောင်တော ဘက်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေ အတွင်း ရခိုင်တိုင်းရင်းသား တွေ သေကြေတာပိုများ သလို စစ်တွေဘက်က အကြမ်းဖက် မှု တွေ မှာတော့ ဘင်္ဂါလီ တွေ ပိုသေကြေ ကြတယ် လို့ လည်း သူ က ပြော ပါတယ်။လွတ်လပ်တဲ့ နိုင်ငံတကာ အဖွဲ့တွေ၊ နိုင်ငံတကာ မီဒီယာ တွေ အဲဒီ ဒေသ ကို သွားရောက် စုံစမ်း လေ့လာခွင့် နဲ့ ပတ်သက်လို့ မေးမြန်း ရာမှာ တော့ အခုအချိန်မှာ ၂ ဘက် အနေနဲ့ စိတ်ခံစားချက် တွေ မြင့်မားနေတာ၊ မကျေနပ်ချက် တွေ မြင့်မား နေတာ ကြောင့် အခြေအနေ က မတည်ငြိမ်သေးတဲ့ အတွက် သွားရောက်ဖို့ မသင့် သေးဖူးလို့ သူ ယူဆ ကြောင်း ပြောပါတယ်၊ သွားခွင့် ပိတ်တာ မဟုတ် ကြောင်းလည်း သူ က ပြောပါတယ်။

Source :ဘီဘီစီမြန်မာပိုင်း



Rohingya Exodus