Latest Highlight


နိုင်ငံပေါင်း ၅၇နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC အထွေထွေ အတွင်းရေးမှူ အက္ကမိလဒ္ဒင်း အဲဟ်ဆန်နိုဂ်လူ က ရခိုင်ပြည်နယ်ရှိ လူနည်းစု မွတ်စလင် များအပေါ် ကျူးလွန်နေမှုများ ရပ်တန့်အောင် ကူညီပေးရန် မြန်မာဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား စာရေးသားတောင်းဆိုလိုက်ပါသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းများကို မြန်မာပြည်တွင်း ပြဿနာများ ဖြေရှင်းရာကနေ စတင်ဆောင်ရွက် လိမ့်မယ်ဟု ကျွန်ုပ်တို့ ယုံကြည်ကြောင်း ရေးသား ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့အား လက်ခံရန် ၊ နိုင်ငံတကာမီဒီယာများ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လွတ်လပ်စွာ ၀င်ရောက်ခွင့်ပြုရန် ရွေးကောက်တင်မြောက်ခံ ဥပဒေပြုအမတ်များကို OIC က တောင်းဆိုထားသည်။

၎င်းစာတွင် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC ရုံးချုပ်ရှိရာ ဆော်ဒီအာရေးဘီယားနိုင်ငံ ဂျစ်ဒါမြို့သို့ လာရောက်လည် ပတ်ရန် မြန်မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ၈သိန်းခန့် နေထိုင်လျက်ရှိကြပြီး ကမ္ဘာ့အဖိနှိပ်ခံရဆုံးလူနည်းစု အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည်။

Source here

မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သည့် တပ်မ ၂၃၂ မှ စစ်သားများ လက်ပူးလက်ကြပ်မိ
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး သံတိုလီရွာသူ မဟမီဒါ(အသက်၁၈)နှစ်ဝန်းကျင်အား တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ လမားရှည်ရွာတွင် ဖမ်းဆီး မုဒိန်းကျင့်မှုတစ်ခု ယမန်နေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အထက်ပါ မုဒိန်းမှုဖြစ်စဉ်မှာ ၃-၇-၂၀၁၂ နေ့တွင် စားနပ်ရိက္ခာများပြတ်လပ်နေသည့် သံတိုလီရွာမှ မဟမီဒါနှင့် မိန်းကလေး အဖော် ၂ ဦး၊ ကလေး ၂ ဦးတို့သည် သက်ကယ်ပြင်ရွာတွင် ရိက္ခာဝယ်ယူရန် ထွက်လာခဲ့ကြသည်။

ထိုသို့ ထွက်ခွာလာစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ကြားရွာဖြစ်သည့် လမားရှည်ရွာသို့အရောက်တွင် တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက မဟမီဒါ အပါအ၀င် ခရီးသွား ၅ ဦးအား စစ်ဆေးစရာရှိသည်ဟု ဆိုကာ တားဆီး စစ်ဆေးခဲ့ ကြသည်။ ထို့နောက် မဟမီဒါအား စစ်ဆေးစရာရှိသေးသည်ဟု ဆိုကာ ခေါ်ယူထားပြီး ကျန်အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၂ ဦးတို့ကို ပြန်ရန် စေခိုင်းခဲ့သည်။ ထို့နောက် နေ့လည် ၁ နာရီဝန်းကျင်တွင် အခင်းဖြစ်ပွားရာနေရာအနီးတွင် ရှိသည့် အသက် ၁၇နှစ်နှင့် ၂၀နှစ် အရွယ် နွားကျောင်းသား များ က မဟမီဒါအား .....

စစ်သားများက ၀ိုင်းဝန်း မုဒိန်းကျင့်နေသည်ကို တွေ့ရသဖြင့် သက်ကယ်ပြင်ရွာသို့ အပြေးအလွှား လာရောက် သတင်းပို့ခဲ့သဖြင့် ရွာလူကြီးဦးကျော်မြင့်အပါအ၀င် ရွာသားအချို့ အခင်းဖြစ်နေရာသို့ လိုက်ပါသွားခဲ့ကြသည်။

အခင်းဖြစ်ပွားရာနေ့လည် ၁ နာရီခွဲဝန်းကျင်တွင် လမားရှည်ရွာပိုင်နက်အတွင်း မဟမီဒါအား တပ်မ ၂၃၂ မှ စစ်သား ၃ ဦးက မုဒိန်းပြစ်မှု ကျူးလွန်အပြီး နောက်ဆုံးကျန်ရှိသည့် စစ်သားတစ်ဦးက မုဒိန်းကျင့်ရန် ကြိုးပမ်းနေ စဉ်တွင် သက်ကယ်ပြင်ရွာလူကြီးများက မုဒိန်းမှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိပြီး ပြစ်မှုကျူးလွန်သူ များကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ ကောင်မလေးက အရမ်းမောပြီး မျော့နေပြီ။ တော်တော် အားကုန်နေပုံရတယ်” ဟု သက်ကယ်ပြင်ရွာတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက myanmarmuslim.net သို့ ပြောကြား သည်။

တပ်မ ၂၃၂ မှ တပ်သားများ၏ မုဒိန်းကျင့်ခြင်းကို ခံရသူ မဟမီဒါအား စစ်တွေမြို့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။ မဟမီဒါသည် အသက် ၁၈ နှစ်ဝန်းကျင် အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၂ လခန့်က အိမ်ထောင်ကျ ခဲ့သူဖြစ်ကြောင်း ဆေးရုံသို့ပို့နေစဉ် ကာယကံရှင်၏ ပြောကြားချက်ကို မှတ်သားခဲ့သူ အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

တပ်မ ၂၃၂ မှ မုဒိန်းမှုကျူးလွန်သူများမှာ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ရိုးရိုးတပ်သား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။ ယခုအခါမုဒိန်းကျင့်ခံရသူ အမျိုးသမီးငယ်ကို ဆေးရုံက ဆက်လက် လက်ခံထားခြင်းမရှိဘဲ စစ်တွေအနီးရွာတစ်ရွာသို့ ပို့ဆောင်ခံရကြောင်း သိရသည်။
မုဒိန်းကောင်များကို တပ်မ ၂၃၂ က ချုပ်နှောင်ထားသော်လည်း ယခုအချိန်အထိ အမှုဖွင့် အရေးယူခြင်း မရှိသေးကြောင်း သိရသည်။ အထက်ပါမုဒိန်းမှုနှင့် ပတ်သက်၍ အစဖျောက်ခံရ မှုကို ဒေသခံ မွတ်စလင်များက အထူးစိုးရိမ်နေကြသည်။

ယခုနှစ် မေလကုန်ပိုင်းတွင် ရခိုင်ဗုဒ္ဓဘာသာ မသီတာထွေး မုဒိန်းကျင့် အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ရပ် အပေါ် မကျေနပ်၍ တောင်ကုတ်တွင် မွတ်စလင် ခရီးသည် ၁၀ ဦးကို ကားပေါ်မှ ဆွဲချ၍ ဘာသာခြားများက လမ်းမပေါ်တွင် ၃ နာရီကြာ ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အဆိုပါ ဖြစ်ရပ်များ၏ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် တွင်လည်း ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

မွတ်စလင်အိမ်ခြေအများအပြား မီးရှို့ဖျက်ဆီးခံရသည်။ မသီတာထွေး မုဒိန်းကျင့်ခံ ရမှုကို မြန်မာ့မီဒီယာများတွင် အကျယ်တ၀င့်ဖော်ပြခဲ့သော်လည်း မသီတာထွေး အမှုဖြစ်ပွားပြီးနောက်ရက်တွင်ရသေ့တောင် အနောက်တောင်နေမှ မွတ်စလင် အမျိုးသမီးတစ်ဦးကို န-စ-ခ မှ ၀န်ထမ်း နေ၀င်း ပါ ၃ ဦးက မုဒိန်းကျင့်မှုကို မည်သည့် မြန်မာ့ မီဒီယာတွင်မျှ ဖော်ပြခဲ့ခြင်းမရှိပေ။

အဆိုပါ မုဒိန်းမှုကို National Democratic Party for Development (NDPD)မှ June 6 တွင် ကြေညာချက်ထုတ် ဖော်ပြခဲ့သည်။

Source : MM Net
မီးရှို့မှု့ကြောင့် ပျက်စီးသွားသောအိမ်များ


ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်များကို ရခိုင်နဲ့ မြန်မာအာဏာပိုင်တွေက မြေယာများသိမ်းပိုက်ခြင်း၊ ပစ္စည်းဥစ္စာများ လုယက်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနဲ့ ကလေးသူငယ်များအား ရိုက်နှက်နှိပ်စက်ခြင်း၊ အမျိုးသားများအား ဖမ်းဆီးခြင်းထောင်ချခြင်း အစရှိသည်များကို အပြင်းအထန် ရက်ရက်စက်စက် ပြုလုပ်နေတယ်လို့ Asia Sentinel က သတင်းရရှိပေးပို့ထားပါတယ်။’ကုလသမဂ္ဂရဲ့ ကြားဝင်ကြိုးပမ်းမှုဟာ အရာရောက်ခြင်းမရှိဘူး’ လို့ ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် National Democratic Party for Human Rights က ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်များရှိရာကို ကူညီထောက်ပံ့မှုများပေးဖို့ အာဏာပိုင်တွေက သွားခွင့်မပြုတာကြောင့် အလွန်ခက်ခဲ ဒုက္ခရောက်လျက်ရှိပြီး စံဂဒေါင်းရွာမှာ အစာ ငတ်ပြတ်ခြင်းကြောင့် သေဆုံးသူ ၄-ဦးထက် မနည်းရှိပါပြီ။

မကြာမီက မိုးပြင်းထန်စွာရွာသွန်:မှုနဲ့ ရေကြီးခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားခဲ့ရပြီး ကုလားတန်မြစ် တလျောက် မြစ်ရေလျှံမှုကြောင့် သောကြာနေ့မှာ အိုးအိမ်မဲ့ မွတ်စလင်ရွာသား ၂-ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ပြည်ပရောက်အဖွဲ့များ ပြောကြားချက်အရ သောကြာနေ့မှာ အရွယ်မရောက်သေးတဲ့ ရိုဟင်ဂျာမွတ်စလင် ၁၇၂-ဦးကို စစ်တပ်က သူ့တို့စခန်းမှာ ဖမ်းဆီးထားပြီး သူ့တို့ဟာ ရခိုင်များရဲ့ နှိပ်စက်တာခံထားရပြီး တစ်ဦးဟာ အသတ်ခံရပြီး သူ့နေရပ်မှာပဲ မြှုပ်နှံသဂြိုလ်ခဲ့ရပါတယ်။ ၄င်းတို့ထဲ က အယောက်-၃၀ ကို တခြားခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ။ နေ့လည်ပိုင်းမှာ ရခိုင်များက အမ်ဘာလာရပ်ကွက်မှ ရိုဟင်ဂျာ မွတ်စလင်အကြီးအကဲတစ်ဦးရဲ့ အိမ်ကိုတိုက်ခိုက်ပြီး ငွေနဲ့အခြားပစ္စည်းများ လုယက်ယူဆောင်သွားကြတာကို ရဲများနဲ့ စစ်သားများက ဒီအတိုင်းကြည့်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ NGO အဖွဲ့များမှာ တာဝန်ထမ်းဆောင်နေတဲ့ မွတ်စလင် ၆-ဦး အဖမ်းခံထားရပြီး ကမ္ဘာ့ ကျန်းမားရေးဗဟိုအဖွဲ့အစည်း (World Health Organization) နဲ့ နယ်စီးမခြား ဆရာဝန်များအဖွဲ့ (Medicins Sans Frontiers) နယ်သာလန်အဖွဲ့ခွဲ (Artsen Zonder Grenzen) မှ ဝန်ထမ်းများ ပါဝင်နေကြောင်း သတင်းရရှိပါတယ်။

သောကြာနေ့က ရခိုင်လူမျိုးများက နှစ်ပေါင်း-၇၀၀ ကျော်သက်တမ်းရှိ ‘မြို့မဂျာမေဗလီကြီး’ အား တိုက်ခိုက်ဖျက်စီးခဲ့ကြပြီး စစ်တပ် ရောက်လာသော်လည်း နံရံများနဲ့ ဝရံတာများ ပျက်စီးသွားပါတယ်။ ကျောက်တော်မြို့မှာ ဈေးဝယ်ထွက်လာတဲ့ မွတ်စလင်အချို့ကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (United Nations World Food Program)က ဆန်၊ ဆီ၊ ဆား အပါအဝင် စားသောက်ကုန်နဲ့ အသုံးအဆောင် တန်ပေါင်း ၇၂၅-တန်ကို စစ်တွေ၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် နဲ့ ရသေ့တောင်မြို့များရှိ ဒုက္ခသည် ၉၂၀၀၀-ကျော်ထံ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ သို့သော် ဒုက္ခသည်များထံက သတင်းရရှိရာမှာ အာဏာပိုင်တွေက ရခိုင်လူမျိုးများကိုသာ ထောက်ပံ့ပေးပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ မွတ်စလင်များကို ဘာမှမပေးဘူးလို့ သိရပါတယ်။

လင်းယုန်နက် (ခြင်္သေ့မြို့တော်) - MMSY

http://www.asiasentinel.com (Burma Terrorizes the Rohingya) မှ ကောက်နှုတ်တင်ပြသည်။







လူသားချင်းစာနာစိတ် ကင်းမဲ့စွာ မြန်မာနိုင်ငံရှိ မွတ်စလင်များအပေါ် ကျင့်သုံးနေမူများအား ကူဝိတ်နိုင်ငံ အနေဖြင့် ရှုတ်ချကြောင်း ကူဝိတ်နိုင်ငံခြားရေး ၀န်ကြီှးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါသည်။

OIC အဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် ကူဝိတ်နိုင်ငံအနေဖြင့် တကမ္ဘာလုံးရှိ မွတ်စလင်မ်များအား ပိုမှိုကောင်းမွန်သော အခြေအနေများ ဖြင့်နေထိုင် သွားခြင်းကိုသာ မြင်တွေ့လိုကြောင်း အဆိုပါ ကူဝိတ်ပြောရေးဆိုခွင့် ရှိသူမှပြောကြား သွားခဲ့ပါသည်။

မကြာခင်က ချမှတ်ခဲ့သော OIC ဆုံးဖြတ်ချက်အရ ......



မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံရှိ မွတ်စလင်မ်များအား နေရာပြောင်းရွေ့နေခြင်းများနှင့် အတင်းအကျပ်နှင်ထုတ်နေခြင်းတို့အား အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ပါသည်။

ကူဝိတ်နိုင်ငံ က အခြားသော OIC အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ပြီး လူအခွင့်အရေး ကျင့်သုံးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ချမှတ်ထားသော တရားဝင် ဥပဒေများကို လေးစားရန် မွတ်စလင်မ် အဖွဲ့အစည်းကြီး၏ ဆုံးဖြတ်ချက်အားဖြင့် မြန်မာအစိုးရအား တောင်းဆိုသွား မည်ဖြစ်ကြောင်း ဇူလိုင်လ ၁ ရက်နေ့ထုတ် Arabtimeonline သတင်းများအရ သိရှိရပါသည်။

အဆိုပါ အတော အတွင်း ကူဝိတ်လွှတ်တော်အမတ်များက မြန်မာအစိုးရမှ တာဝန်ရှိသော မွတ်စလင်များအပေါ် ယုတ်မာစွာ စွပ်စွဲခဲ့မှုများပြုလုပ်ရုံမျှမက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့ခြင်းများကြောင့် ကူဝိတ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်အား ထုတ်ပြစ်ရန် စနေနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲများတွင် တောင်းဆိုခဲ့သည်ဟု Al-Seyassah daily
သတင်းများတွင် ပါရှိပါသည်။


အဆိုပါ ဆန္ဒပြပွဲများတွင် လွှတ်တော်အမတ်များဖြစ်သော Dr Waleed Al-Tabtabaei နှင့် Mohammad Hayef အပြင် ယခင် လွှတ်တော်အမတ်များဖြစ်သော Bader Al-Dahoum နှင့် Khaled Shukhair တို့ပါဝင်ခဲ့ကြပါသည်။

အဆိုပါဆန္ဒပြပွဲများ အတွင်း ၎င်းတို့အနေဖြင့် လက်မှတ်များ စုစည်း ကောက်ခံခဲ့ပြီး မြန်မာသံအမတ်အား ၎င်းအစိုးရ၏ လုပ်ရပ်ကို ရှုတ်ချသည့် စာကို အဆိုပါလက်မှတ်နှင့် အတူပေးခဲ့ကြောင်းသိရှိ ရပါသည်။

အပြစ်ရှိသူများအား ပြည်တွင်း ပြည်ပရှိ တရားရုံးများတွင် တရားစီရင်ပေးရန်လည်း ဆန္ဒပြသူများက တောင်းဆိုခဲ့ပါသည်။

အဆိုပါ ဆန္ဒပြသူများ မြန်မာနိုင်ငံရှိမွတ်စလင်မ်များအား ကာကွယ်သွားရန် အစွန်းကုန် ကြိုးပမ်းကြရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်း ပါရှိခဲပါသည်။

Zaid (MMM)

Credit : MM.Net




စစ်တွေမြို့သတင်း


၂၈.၆.၁၂စစ်တွေမြို့- မြို့ မဈေးကြီး ကို အောင်မင်္ဂလာရပ်ကွက်ကနေ မိန်းကလေး ၃ ယောက်က မနက် ၁၀ ၃၀ မှာသွားတယ်။ အဲ့ဒီမိန်းခလေး ၃ဦးရဲ့ နာမည်မှာ ရေဟာနာ ၂၈နှစ် အဘ အဘူဘကရ်၊ ဖီရိုဇာ ၃၀နှစ် အဗ်ဒူလ် ဂနီ၊ မူနီ ၃၃နှစ် အဘ စပွတ်သာ------

၁. မျက်ခွန်လန်သွားတယ် ခေါင်းကွဲတယ်။
၂. မျက်ခွန်လန်သွားတယ် ခန္ဓာကိုယ်မှာ ဒဏ်ရာများစွာရရှိ။
၃. ကိုယ်ဝန် ၄လရှိတယ်။ အရမ်းအသည်းသန်း ဖြစ်နေတယ်. မိန်းခလေး၃ဦးထဲမှာ ဒဏ်ရာအများဆုံးရထားသူဖြစ်တယ်။ ခန္ဓာကိုယ်တခုလုံးမှာ ဒဏ်ရာတွေ ရစရာမရှိအောင်ရထားတယ်။ ကိုယ်ဝန်ကို ခြေထောက်နဲ့ ကန်တယ် တက်နှင်းတယ်လို့ သိရတယ်။

အဲ့မိန်းခလေး ၃ယောက်က ဈေးဝယ်ပီးတော့ ပြန်နေတဲ့အချိန်မှာ လမ်းမှကြီး မြို့ တော်ခန်းမအရှေ့ ကနေ ဆိုင်ကယ် Taxi နဲ့ အသင့်စောင့်နေတဲ့ ရခိုင်ဗမာ အမျိုးသား ၇ လောက်ရှိတယ်လို့ ပြောပါတယ်. အဲ့ဒီ၇ယောက်က မိန်းခလေး ၃ရောက်ကို ဝိုင်းဖမ်းပီးတော့ မော်တော် Taxi ပေါ်မှာ အတင်းဆွဲတင်ပီးတော့ မြို့ မဈေးကြီးရဲ့ ဘေးမှာ အသစ်ဆောက်ထားတဲ့ ဈေးသစ်ရဲ့ နောက်ဖက်တွင် လူရှင်းတဲ့ နေရာ၁ခုသို့ ခေါ်ဆောင်သွားပီနောက် အဆင်သင့်စောင့်နေတဲ့ ရခိုင်ဗမာ လူဦးရေ ၃၀ လောက်ရှိပါတယ်. အဲ့ဒီ၃၀ နှင့်ခေါ်ဆောင်သွားတဲ့ ၇ ယောက်က ပေါင်းပီးတော့ အလွန်မတန်မှရက်ရက်စက်စက် ရိုက်နက်ခဲ့ပီးတော့ လူမဆန်လောက်အောင် စိတ်တိုင်းကျ ရိုက်နက်ခဲ့ပီး နောက်ပိုင်းမှာ အဲ့ဒီနေရာမှာတင်ထားခဲ့တယ်... ဒဏ်ရာများစွာရတဲ့ မွစ်လင်မ် မိန်းခလေး ၃ရောက်ရှိက သတင်းရခဲ့ခြင်းဖြစ်တယ်။

ဒီကိစ္စဖြစ်ပီးတော့ မိနစ်၃၀ သို့  ၄၅ မိနစ်လောက်ကြာပီးတဲ့နောက်မှာ နောက်ထက်မွစ်စလင်မ်မိန်းခလေး၁ယောက်ကို ဒုက္ခပေးခဲ့ပါတယ်။ အဲ့ဒီ၁ယောက်ရဲ့ နာမည်မှာ နူးရ် အာအီရှာ ဖြစ်ပီး အသက် ၂၅ အဘ အမည် ဂူးရာမီယာ.
ဒီမိန်းခလေးမှာလည်း ဈေးဝယ်ပီးပြန်လာနေတဲ့အချိန်မှာ ဥဓမ ပန်းခြံရဲ့ ဘေးမှာ လမ်း၁လမ်းရှိပီး အဲ့ဒီလမ်းကနေ မော်တော် Taxi နဲ့ အတင်းအတမ ဆွဲခေါ်သွားပါတယ်။ ခေါ်သွားတဲ့နေရာက တော့ မင်းဘကြီးလမ်း ကျောင်းတန်းလမ်းရပ်ကွက် ရွာမကွဆုံ ဆိုတဲ့နေရာကို ခေါ်ဆောင်သွားပီးတော့ ရခိုင်ဗမာ အမျိုးသမီးများနှင့် အမျိုးသားများက ပေါင်းပီးတော့ ရိုက်နှပ်ခြင်းဖြစ်ပါတယ်. ဒဏ်ရာ ကတော့ ခေါင်းကွဲတယ် မျက်နှာလုံးဝ ပျက်ဆီးသွားတယ်လို့ သိရပါတယ်။

အဲ့လိုရိုက်နှပ်ပီးတဲ့နောက်ပိုင်းမှာ ထက်ပီးတော့ မြို့ မဈေးသစ်ရဲ့ နောက်ကို ပြန်လဲခေါ်ဆောင်သွားပီးနောက်မှာ ထက်ပီးရိုက်နှပ်ခဲ့တဲ့အပြင် ပြစ်ထားခဲ့တယ်လို့ သိရတယ်.
အခုလိုရိုက်နက်ခံရတဲ့ မွစ်လင်မ် အမျိုးသမီးလေးရောက် လုံးကို ၁နေရာထဲမှာ ပြစ်ခဲ့တယ်လို့ သိရပါတယ်. အဲ့လိုပြစ်ထားပီးတဲ့နောက်ပိုင်းမှာ စစ်တွေမြို့ ရဲ့ လုံထိန်းတွေ နှင့် ရဲတွေက မြင်သွားတယ်လို့ သိရပါတယ်..သူတို့ တွေက ထို မိန်းခလေး ၄ယောက်ကို ၂၈ ၆ ၁၂ နေ့ ခင်းအချိန်တွင် စစ်တွေရုံကြီးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဆေးရုံမှာ အရေးပေါ်အခန်းသို့ ခေါ်ဆောင်သွားတဲ့အချိန်မှာ တာဝန်ကျနေတဲ့ ဆရာဝန် ခင်မေထွေက ဘယ်လိုဖွင့်ဆိုထားလဲဆိုရင် ဒီမွစ်လင်မ် အမျိုးသမီး ၄ယောက်ရဲ့ ခန္ဓာကိုယ်၁ခုလို့ မှာ လက်တွေ တုတ်တွေနဲ့ ပြင်းပြင်းထန်ထန်ရိုက်နက်ထားတယ်လို့ သိရပါတယ်။ အရေးကြီး အဓိက ဒီအမျိုးသမီးလေးယောက်ရဲ့ ဦးခေါင်းနဲ့ မျက်နှာကို အဓိကထားပီးတော့ ရက်ရက်စက်စက်ရိုက်နှပ်ခဲ့တယ်လို့ သိရပါတယ်. ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးကိုကျတော့ ဗိုက်ကိုခြေထောက်နဲ့ ကန်ထားတယ်လို့ သိရပါတယ်။

ဒီမွစ်လင်မ် အမျိုးသမီး ၄ယောက်ထဲမှာ အခြေအနေအရမ်းဆိုးနေတဲ့သူကတော့ ကိုယ်ဝန်သယ်အမျိုးသမီးဖြစ်ပီး ယခုအချိန်ထိ ဆိုးရိမ်းနေကတုန်းဖြစ်တယ်လို့ သိရပါတယ်. ကိုယ်ဝန်သယ်အမျိုးသမီးအတွက်ရော ကိုယ်ဝန်တွင်းရှိသော ခလေး အတွက်ပါ အလွန်အင်မတန်ဆိုးရိမ်းနေရကြောင်းသိရပါတယ်။

ဆေးရုံမှာ သေသေချာချာဆေးကုသမူ မရရှိဘူးလို့ ပြောပါတယ်။ အခုလို ဆေးကုသမူကောင်းမွန်စွာ မရတဲ့အပြင် ၂၉.၆.၁၂ ညနေ ၆နာရီမှာ ရဲတွေက ဒီမွစ်လင်မ် အမျိုးသမီး ၄ယောက်ကို ဆေးရုံးကနေ အောင်မင်္ဂလာရပ်ကွက်ကို ပြန်ပို့ ပေးတယ်လို့ သိရပါတယ်။

အခုလိုဒီ မွစ်စလင်အမျိုးသမီး ၄ယောက်ကို ရိုက်နှပ်တဲ့သူတွေကတော့ အုပ်စုနဲ့ လိုက်ပီးတော့ လုပ်နေတဲ့လို့ သိရပါတယ်။ ဒီအုပ်စု ထဲမှာ ရှိတဲ့ ခေါင်းဆောင်၁ယောက်ရဲ့ နာမည်နှင့် အိမ်လိပ်စာကို အတည့်အကျရထားတဲ့အပြင် ထိုမိန်းခလေးတွေကလဲ တွေ့ ခဲ့တယ်လို့ ပြောပါတယ်။ ခေါင်းဆောင်ရဲ့ နာမည် (ကျော်သန်းမောင် ၃၅နှစ် အဘ ဦးမောင်နီအောင်) အိမ်လိပ်စာ - ဇွဲညီနောင်သံမဏီဆိုင် မင်းဘကြီးလမ်း ရွာမခွက်ဆုံးရှေ့ လို့ သိရပါတယ်။ ဒီထက်တိတိကျကျပြောရမယ်ဆိုရင် သိန်းမဟာအိမ်ရဲ့ ဘေးလို့ သိရပါတယ်။ ဒီထက်ပိုပီး အတိအကျသိရတဲ့ဟာကတော့ ဒီကျော်သန်းမောင်ဆိုသူက ရခိုင် တိုးတက်ရေးပါတီဝင် တစ်ဦးဖြစ်ကြောင်းသိရှိရပါတယ်။

________________________________________________________________


ကျောက်တော်မြို့ နယ်ရှိ မွစ်စလင်(မ်)ရွာများ အခြေအနေ......

.
၁။ မွစ်စလင် ရွာများမှ မွစ်စလင်များ မိမိတို့ ၏ ဈေးဆိုင်များရှိသော၊ ကျောက်တော်မြို့ပေါ်တွင် ရှိသော ဈေးဆိုင်များကို ဖွင့်ပြီးရောင်းချခွင့်မပြုခြင်း ၄င်းဆိုင်ရှိပစ္စည်းများကိုရခိုင်တိုးတတ်ရေးပါတီက ထုတ်မပေးရန် ၊ ၄င်း ဆိုင်ခန်းရှိ ပစ္စည်းများကို ၄င်းရခိုင်တိုးတတ်ရေးပါတီက သိမ်းပိုက်မည်ဖြစ်ကြောင်း ကျောက်တော်မြို့ ပေါ်ရှိ ၇ခိုင်မောခ် များနှင့် တိုင်ပင်ဆွေးနွေးလိုက်ခြင်း။
ယခုမွစ်စလင်များ စားရေး၊သောက်ရေး များ အလွန်ဒုက္ခရောက်နေခြင်း။ရွာအပြင်သို့ သွားလာခြင်းကို ခွင့် မပြုခြင်း၊ပိတ်ပင်ထားခြင်း။မြို့ ပေါ် နှင့် ဈေးများ ကို သွားရောက် ၀ယ်ယူပိုင်ခွင့် ကို မပြုခြင်း။ထို့ နောက် မြို့ ပေါ်သို့ သွားရောက် လျှင် ရခိုင်မောခ်များ က အကြမ်းဖက်ခြင်း။ရိုက်နပ်ခြင်း၊ဓားနှင့်ခုတ်ခြင်း နှင့် လုရက်ခြင်း များပြုလုပ်နေခြင်း တို့ ကြောင့် ကျောက်တော် မြို့ နယ်ရှိမွစ်စလင် များ စိတ်သောက ရောက်လျှက်ရှိနေပါသည်။

၂။ ၁၅ရက်နေ့  ၆လပိုင်း ၂၀၁၂ခုနှစ် မြန်မာစိတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ် တွင် မြို့ ပေါ်သို့  ဆိုက္ကား အငှားယာဉ် နှင့်  တတ်သွားသူ လူ(၄) ယောက်ကို ရိုက်ခြင်း၊ဓားနှင့်ခုတ်ခြင်း များပြုလုပ်ပြီး၊ရခိုင်များနှင့်ရဲ များက ၄င်း တို့ ကို အတင်း ဓာတ်ဆီ ပုလင်း များကို ကိုင်ထားစေပြီး၊ဓာတ်ပုံရိုက်ခြင်း၊နောက်ပြီး မင်းတို့  မီးရှို့ ရန် ကြံစည်ခြင်းဆိုပြီး ကတိခံလက်မှတ် ရေးထိုးခိုင်းပါတယ်။

နောက်ပြီး ၄င်းတို့  (၄)ဦးမှာ အသည်းအသန်ဖြစ်နေပါသည်။၁၆.၆.၂၀၁၂နေ့  တွင် အသက် (၂၂)ရှိ မိန်းကလေး တစ်ဦးက မြို့ ပေါ်သို့  တက်သွားရာ အိမ်ပြန် လာခြင်း မရှိကြောင်း သိရှိရပါသည်။

၃။ ကျောက်တော်မြို့ နားရှိ မွစ်စလင်ရွာများ နှင့် နယ် မှာ ရှိနေသော မွစ်စလင် ရွာများ မှ မွစ်စလင်များ မြို့ ပေါ် တက်ပြီး ပစ္စည်းများဝယ်ယူခြင်း၊သွားလာနိုင်ခြင်း များ ရှိ၊မရှိ သည်မှာ ယခုရက်ပေါင်း ၂၀ ကျော်ရှိနေပါပြီ မိမိတို့ ရွာများမှာလည်း စားနှပ်ရိက္ခာများပြတ်လတ်နေပါသည်။ များမကြာမည် ကျောက်တော် မြို့ နားရှိမွစ်စလင်များ၊နယ်များတွင်ရှိသော မွစ်စလင်များ ၏ စားဝတ်နေရေးများ
အလွန် ဒုက္ခရောက်နေပါသည်။ကျောက်တော်မြို့ ပေါ်ရှိ ရခိုင်များကို စစ်တွေ မှ ၄င်း မြောက်ဦး၊မင်းပြား များမှ ပုံမှန် ကားများဖြင့် စားနှပ်ရိက္ခာများသို့  ပေးနေကြောင်း သိရှိရပါသည်။၎င်းပြသာာနာများကို ကြီးအောင် နှင့် ကျယ်အောင် လုပ်ဆောင် ပေးလျှက်ရှိသော အဓိက အုပ်စုမှာ ရခိုင်တိုးတက်ရေးပါတီဖြစ်ကြောင်း အတိအကျ သိရှိရပါသည်။၎င်းပါတီက မလုပ်ရင် ဒီပြသာာနာဟာ
ဒီလောက် ထိ မကြာဘူးလို့ ကျောက်တော်ရှိမွစ်စလင် အများစုက ယုံကြည့်ထားပါသည်။

မင်းပြားအခြေအနေများ။

၁။ မင်းပြားမြို့ နယ်တွင်ရှိသော မွစ်စလင်များ မြို့ ပေါ်တက်ပြီးဘာပစ္စည်းမှ၊ဘာစားနှပ်ရိက္ခာ မှသွားဝယ်လို့ မရပါ။မြို့ ပေါ်တက်ရင်၊ရခိုင်တွေကရိုက်လျှက်ရှိပါသည်။မြို့ ပေါ်ကို သူ တို့ တက်ပြီး ၀ယ်လို့ မရရင်အလွန်ဒုက္ခရောက်မှာပါ။နောက်ပြီး ၂၉.၆.၂၀၁၂ နေ့ လည်တွင် မိန်းမတစ်ယော် ချောင်းနားတွင် အ၀တ်သွားလျှော်ရာ ရခိုင် မောခ် (၅)ယောက်က လာပြီး အသင့်ပါလာသော တုတ်လှံများဖြင့် ရိုက်လိုက်ရာ
သေဆုံးသွားပါသည်။မြို့ နှင့်၎င်းရွာ၏ အကွာအဝေးမှာ ၃ မိုင်ရှိပြီး ရဲများနှင့် ဌာနဆိုင်ရာများကလည်း ဘာတစ်ခု မှ မလုပ်ပေးဘဲ နဲ့  လက်ပိုက်ပြီးကြည့်နေပါတယ်။သတ်သွားတဲ့ လူတွေ ကို ဖမ်းဆီးခြင်း၊ရှာဖွေခြင်းများလည်းမရှိပါဟုမင်းပြားမှဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့ ခြင်း ဖြင့် သိရှိခဲ့ရခြင်းဖြစ်ပါသည်။


Source : AKB Internal Reporter









ပါကစ္စတန် အဓိကမြို့ကြီးများ အားလုံးလိုလိုတွင် ယနေ့ ဇွန်လ ၃၀ ရက် သောကြာနေ့ ၀တ်ပြုမှုအပြီးတွင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ မွတ်စလင်မ်များ အစုလိုက်အသတ်ခံရမှု အပေါ် စုပေါင်းဆွေးနွေးပွဲများ ကန့်ကွက်ဆန္ဒပြပွဲများ ကို့ ခေါင်းဆောင် ဆယသ် မူနာဝါ ဟစန်၏ မေတ္တာရပ်ခံချက်အရ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။



နိုင်ငံအတွင်း မွတ်စလင်မ်များအား မျိုးဖြုတ် သတ်ဖြတ်မူအား ကြူးလွန်ခွင့်ပြုနေသော အကြမ်းဖက်သမားများ၏ရန်မှ အကူအညီမဲ့နေသော မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ အား အကာအကွယ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ၊ OIC နှင့် ကမ္ဘာတ၀ှမ်းမှ..... အာရုံစိုက်ခံရရေးအတွက် အဆိုပါ ဆန္ဒပြပွဲအားပြုလုပ်ရန် နိုးဆော်ခဲ့ ခြင်းဖြစ်ပါသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက လွန်ခဲ့သော ညများအတွင်း မြန်မာနိုင်ငံ၏ မြို့တစ်ခုတွင် ရာပေါင်းများစွာသောမွတ်စလင်မ်များ အစုလိုက်အသတ်ခံခဲ့ရသည့် အာရကန်ရှိမွတ်စလင်မ်များနှင့် တစ်သားတည်းရှိကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို ထုတ်ဖေါ်ပြသခဲ့ကြပါသည်။

ဖိနှိပ်ခံရသော အာရကန်မှ မွတ်စလင်မ်များ အကူအညီပေးရန် မွတ်စလင်အုပ်ချုပ်သူများအား နိုးထကြရန် သာသနာ့ပညာရှင်များနှင့် တရားဟောဆရာများက တိုက်တွန်းပြောကြားခဲ့ကြပါသည်။

မန်ဆူးပလီတွင် သောကြာနေ့ ဟောကြားမူ အတွင်း ဆယသ် မူနာဝါ ဟစန်က ဒီလို အာရကန်ကမွတ်စလင်မ်တွေ အခုလိုသွေးထွက် သံယိုမူတွေ ဖြစ်တာကို အကယ်၍သာ OIC အနေနဲ့ ရှင်သန်မူရှိနေပြီး မွတ်စလင်မ်အုပ်ချုပ်သူတွေ အနေနဲ့ လေးစားခံထိုက်တဲ့ ဂုဏ်ပုဒ်နဲနဲလေး ကျန်နေအုံးမယ်ဆိုယင် သူတို့ ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်တယ်လို့ လဲ OIC နဲ့ မွတ်စလင်မ်နိုင်ငံတွေက အုပ်ချုပ်သူတွေကို ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက ဒါကာ အစိုးရအနေနဲ့ လှေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဖြတ်ပြီး အသက်စွန့်ပြေးလာရတဲ့ သူတွေကို ကူညီရမဲ့ အစား နယ်စပ်ကို ပိတ်ထားတဲ့ အပြင် အဲဒီထွက်ပြေးလာတဲ့ မြန်မာပြည်က မွတ်စလင်မ်တွေအပေါ် လုပ်ကြံစွပ်စွဲမှုတွေ မှားယွင်းစွာလုပ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း လာဟိုက ထုတ်ဝေသည့် သတင်းများအရ သိရှိရပါသည်။


Source : Myanmar Muslim .Net








စစ်တွေမြို့မဈေးရှိ မွတ်စလင်မ်ပိုင် ဆိုင်ခန်းများရှိ ပစ္စည်းများပြန်လည်သယ်ယူနိုင်ရန် အာဏာပိုင်များက ခွင့်ပြုခဲ့ပြီး ပစ္စည်းများသယ်ယူပြီးပါက ဆိုင်ခန်းသော့များကို အာဏာပိုင်များကသိမ်းယူထားမှုများ ဖြစ်ပေါ်နေပါတယ်။

ဒီကိစ္စဟာ မွတ်စလင်တွေ ဒီဈေးမှာ ဘယ်တော့မှ ပြန်ဖွင့်ခွင့်မရှိတော့ဘူးဆိုတဲ့ သဘောလားလို့ စိုးရိမ်နေရကြောင်း သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ ရောက်ရှိနေသူ
ရခိုင်မွတ်စလင်မ်တစ်ဦးက myanmarmuslim.net ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ဘာမှမကျန်တော့ဘူး။ ပြန်ရရင် ကောင်းတယ်။ ကိုယ့်စီးပွားရေးကိုယ်လုပ်စားလို့ ...
ရသေးတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ကျွန်တော်တို့ ဆိုင်ခန်းတွေ သိမ်းခံလိုက်ရတာလား။ အခြေအနေတည်ငြိမ်သွားရ ပြန်ရမှာလားဆိုတာကို မျှော်လင့်နေတာ”လို့ အစ္စလာမ်ဘာသာဝင် ရခိုင်ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသွားပါတယ်။

စစ်တွေမြို့မဈေးမှာ မွတ်စလင်မ်ဆိုင်ခန်း အများအပြားရှိပြီး ဈေးကို မကြာမီရက်ပိုင်း အတွင်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအတွင်း ဆိုင်ခန်းသော့ ပျောက်ဆုံးသူဖြစ်ပါက သော့ဖျက်ခွင့်ပေးကာ ပစ္စည်းများသယ်ယူခွင့်ရှိကြောင်း သိရပါတယ်။

ယခုကဲ့သို့ မြို့မဈေးမှ ပစ္စည်းများပြောင်းရွှေ့ပေးနေရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ မွတ်စလင်မ်တွေဖြစ်ပြီး ရခိုင်ဗုဒ္ဓဘာသာ ဆိုင်ခန်းပိုင်ရှင်တွေကတော့ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ သယ်ယူရန်မလိုအပ်ဘူးလို့ ဒေသခံ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရခိုင်ဗုဒ္ဓဘာသာ- ရိုဟင်ဂျာပဋိပက္ခအစလောက်မှာပဲ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ရခိုင်အိမ်တွေပြန်ရရမည်ဖြစ်ကြောင်းနှင့် အစ္စရေးလိုဖြစ်စေ ရမည်ဖြစ်ကြောင်း venus ဂျာနယ်နှင့် အင်တာဗျူးတွင် ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်က လူမျိုးရေးအစွန်းရောက် သံဃာအချို့က ရိုဟင်ဂျာများကို ရှိရင်းစွဲနေရာ များကနေ မြို့နဲ့ဝေးရာနေရာကိုပို့ပြီး သီးခြားခွဲထားဖို့၊ ရခိုင်နဲ့ ရိုဟင်ဂျာတို့ကြား တွင် စစ်တပ်ထားရှိဖို့ သမ္မတထံတောင်းဆိုထားတာလည်းရှိပါတယ်။

မွတ်စလင်မ် ဆိုင်ခန်းများမှ ပစ္စည်းများ ရွှေ့ပြောင်းခိုင်းတဲ့ ယခုဖြစ်စဉ်ဟာ အဆိုပါတောင်း ဆိုချက်များ အတိုင်း အာဏာပိုင်များက ဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း သတင်းသမား အချို့က သုံးသပ်ပြောဆိုနေကြတာ ကြားသိရပါတယ်။ 


SK (MMM)
Source : myanmarmuslim.net



အီဂျစ်နိုင်ငံ မြန်မာသံရုံးရှေ့တွင် မြန်မာပြည်ရှိ ရိုဟင်ဂျာမွတ်စလင်မ်များ အစုလိုက်အပြုံလိုက် အသတ်ခံရမူအပေါ်  အီဂျစ်နိုင်ငံသားများက ဆန္ဒပြ



ဇွန်လ ၂၆ ရက်နေ့ တွင် အ်ီဂျစ် နိုင်ငံြ့မန်မာသံရုံး ရှေ့တွင် အီဂျစ်နိုင်ငံသား ၂၀၀ ကျော်က မြန်မာနိုင်ငံ အတွင်း အုပ်စုကွဲ အကြမ်းဖက် တိုက်ခိုက်ခဲ့မူများကြောင့် မွတ်စလင်မ် အမြောက်အမြား အသတ်ခံရမူအပေါ် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများက မွတ်စလင်မ်များကို သတ်ဖြတ်သူများသည် အကြမ်းဖက်သမားများ ဖြစ်ကြောင်း “မွတ်စလင်မ်များကို သတ်ဖြတ်နေမူများရပ်’’ “ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမူများရပ်” “မြန်မာစစ်အုပ်စု ကျဆုံးပါစေ”အစရှိသည့် ကြွေးကြော်မူများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။



အဆိုပါဆန္ဒပြပွဲ သို့ အီဂျစ် Asala ပါတီဝင် လွှတ်တော်အမတ်ဟောင်း မမ်ဒို အစ်မာအီလ် ပါဝင်ခဲ့ကြောင်း၊ သူက ကျွန်တော့် အနေနဲ့ဘယ်နိုင်ငံရေးအုပ်စု တစ်ခုကိုမှ ကိုယ်စားပြု ဆန္ဒပြတာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို အစုလိုက် အပြုံလိုက်သတ်နေလို့ ၊ ၀တ်ပြုမှုတွေကို ပိတ်ပင်တားဆီးနေလို့ ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

မြန်မာသံရုံးရှေ့မှာ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဝေးလ်အာလမ် က “ကျွန်တော်တို့ တာဟိရ်း ရင်ပြင်ကနေ ဒီကိုရောက်လာရတာက ကျွန်တော်တို့ မွတ်စလင်မ်တွေကို အစုလိုက်အပြုံလိုက်သတ်နေတာနဲ့ ပတ်သက်ပြီး ဒီအတိုင်းနုတ်ပိတ်ထိုင်ကြည့်နေမှာ မဟုတ်ဖူးဆိုတဲ့ အကြောင်း မြန်မာအစိုးရသိအောင် ပြောချင်လို့ လာခဲ့တာပဲ” လို့ပြောခဲ့ပါတယ်။ ဆက်ပြီး အာလမ်က ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေက မြန်မာအစိုးရကို အရေးယူ ဆောင်ရွက်ပေးမူတွေ မလုပ်မချင်း ဆန္ဒဆက်ပြသွားမယ်လို့လဲ ကတိပြုပြောကြားသွားပါတယ်။



တောင်အာရှ အဆက်အနွယ် ရိုဟင်ဂျာ တွေဟာ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဒီကနေ့မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး လူမျိုးရေးခွဲခြားမူတွေကို ခံစားနေရတာဖြစ်ပြီး သူတို့တစ်တွေဟာ အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ဘယ်သူကမှလက်ခံခြင်းမရှိဖြစ်နေကြောင်း Egypt Independent သတင်းစာ တွင်ဖေါ်ပြထားရှိပါသည်။


Credit : Zaid- MMM ( Myanmarmuslim.net)


                                                   မွတ်ဆလင် ဒုက္ခသည် စခန်း

ရခိုင် ပြည်နယ် အတွင်းမှာ တည်ငြိမ်စ ပြုနေပြီး စစ်တွေမြို့မှာ အခြေအနေတွေ အေးဆေး နေတယ်လို့ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောပါတယ်။ဒုက္ခသည် စခန်း တွေမှာ တွေ့ရတဲ့ မွတ်ဆလင်များစစ်တွေမြို့ ဈေးကို ပြန်ဖွင့်တဲ့ အခါမှာ ရခိုင် တိုင်းရင်းသား တွေနဲ့ မွတ်ဆလင် တွေကြား ပြဿနာ တွေ ဖြစ်လာ နိုင်တာကို ကာကွယ်တဲ့ အနေနဲ့ နှစ်ဘက် ဘာသာရေး ခေါင်းဆောင်တွေ၊ ဈေးမိ ဈေးဖ တွေနဲ့ တိုင်ပင်ပြီး မွတ်ဆလင် ဆိုင်တွေထဲက ပစ္စည်းတွေကို ဝေသာလီ ဘောလုံး ကွင်းဆီ ပြောင်းရွှေ့ ပေးခဲ့တယ်လို့ ဦးဝင်းမြိုင် က ပြောပါတယ်။

စစ်တွေနဲ့ အနီး တဝိုက် အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူ ဒုက္ခသည်တွေ အတွက် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းတွေ နဲ့ တခြား အဖွဲ့ တွေက လာရောက် လှူဒါန်း ကြပြီး သူတို့ကို မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီ သွားခွင့် မပြုဘူးလို့ ပြောနေကြတာ တွေ နဲ့ ပတ်သက်လို့တော့ ဦးဝင်းမြိုင်က အစိုးရ အနေနဲ့ ကန့်သတ်ချက် မရှိကြောင်း ဘယ် အဖွဲ့ပဲ လာလာ သွားခွင့် ပြုထားကြောင်း ဘီဘီစီကို ပြောပါတယ်။


စစ်တွေက ရခိုင် ဒုက္ခသည်များတခါ မောင်းတော မြို့မှာ အကြမ်းဖက်မှု နောက်ပိုင်း ကျောင်းဆရာ ဆရာမတွေ ဘဏ် ဝန်ထမ်းတွေ မိမိတို့ နေရပ်ရင်းကို ပြန်သွား ခဲ့ကြ သလို ဒေသခံ ရခိုင် တိုင်းရင်းသား တခိျု့ဟာ စစ်တွေနဲ့ ရန်ကုန်မြို့ တို့ဆီ ပြောင်း ရွှေ့ သွားခဲ့ ကြတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။မောင်းတောမြို့မှာ လုံခြုံရေးတွေ ချထားပြီး ကျောက်ဖြူမြို့တို့မှာ သန်းခေါင် စာရင်း လိုက်စစ် နေတယ်လို့ ဒေသခံ တွေက ဘီဘီစီ ကို ပြောပါတယ်။

ဒီလို အခြေ အနေ ရှိနေချိန် မှာပဲ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ ပဋိ ပက္ခ တွေနဲ့ ပတ်သက်လို့ ဗြိတိန် နိုင်ငံ ပါလီမန် ရဲ့ မြန်မာ နိုင်ငံ ဒီမို ကရေစီ ရရှိရေး ဆိုင်ရာ ပါတီပေါင်းစုံ အဖွဲ့ ရှေ့မှောက်မှာ BROUK မြန်မာ ရိုဟင်ဂျာ အဖွဲ့ အစည်း UK က ဦးစီးပြီး ရှင်းလင်း တင်ပြ ခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပွားအောင် အစိုးရ အဖွဲ့တွင်းက သဘောထား တင်းမာသူတွေ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့က အကွက်ချ လုပ်ဆောင်တယ်လို့ စွပ်စွဲခဲ့ ပါတယ်။


BROUK ဥက္ကဌ ဦးထွန်းခင်ရဲ့ အဆို အရ ပြီးခဲ့တဲ့ ပဋိပက္ခမှာ သေဆုံးခဲ့သူ မွတ်ဆလင် အရေ အတွက်ဟာ အစိုးရက ထုတ်ပြန်ထားတဲ့ စုစုပေါင်း သေဆုံးသူ စာရင်းထက် ပိုများတယ်လို့ ရခိုင် ဒေသတွင်း မွတ်ဆလင် တွေကို ကိုးကားပြီး ပြော ပါတယ်။RNDP ဘက်ကတော့ သူတို့ အနေနဲ့ BROUK ရဲ့ စွပ်စွဲချက်ထဲမှာ ပါသလို ပဋိပက္ခတွေ ဖြစ်အောင် လုပ်တယ် ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုသွား ပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသား တွေဟာ အဘက်ဘက်က စော်ကား ခံနေရတဲ့ အတွက် နစ်နာမှုတွေကို စာနာ သင့်တယ်လို့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဦးလှစောက တုံ့ပြန် ပါတယ်။



2012-06-27

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် BROUK ခေါ် Burmese Rohingya Orgnization အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ဟာ မနေ့က ဗြိတိသျှ ပါလီမန် အစည်းအဝေးတစ်ရပ်မှာ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


အဲသလိုတင်ပြခဲ့ရာမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရအဖွဲ့တွင်းက မြန်မာပြည်အပြောင်းအလဲကို မလိုလားတဲ့ သဘောထားတင်းမာသူတွေနဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) တို့ရဲ့ သေသေချာချာ ပြင်ဆင်စီမံခဲ့တဲ့ လုပ်ရပ်တွေဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ RNDP က ကမကထပြု ဆောင်ရွက်ခဲ့တဲ့ အစည်းအဝေးပွဲတွေ အပါအ၀င် ရိုဟင်ဂျာ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုးတက် များပြားလာခဲ့ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ဦးထွန်းခင်က - ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာ အနည်းဆုံး (၆၅၀) သေဆုံးခဲ့ပြီး၊ အနည်းဆုံး (၁၂၀၀) လောက် ပျောက်ဆုံးနေကြောင်း၊ ရွာ (၂၂) ရွာနဲ့ ဗလီ (၁၄) ခု မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ရိုဟင်ဂျာ ရှစ်ထောင်ကျော် နေရာပြောင်းရွှေ့ ခံရကြောင်း၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာလှေ အနည်းဆုံး (၁၆) စင်းကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ ကာဖျူးအမိန့်ဟာ ရိုဟင်ဂျာတွေ အပေါ်မှာသာ သက်ရောက်နေကြောင်း ဗြိတိသျှ ပါလီမန် အမတ်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုအခါ အဓိကရုဏ်းတွေ မရှိတော့ပေမဲ့ တချို့နေရာတွေမှာ ရိုဟင်ဂျာအိမ်တွေ မီးရှို့ခံနေရဆဲမို့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာသူတွေ ထားရှိဖို့ လိုအပ်နေကြောင်း၊ လုယက်မှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ ရှိနေသေးကြောင်း၊ ဒါကြောင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဗြိတိသျှအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ မြန်မာအစိုးရအပေါ် ထိထိရောက်ရောက် ဖိအားပေးဖို့ တိုက်တွန်းလိုကြောင်း Burmese Rohingya Orgnization uk အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိတယ်။

အဲဒီအစည်းအဝေးမှာ ကမ္ဘာ့ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers နဲ့ Arakan Project ညှိနှိုင်းရေးမှူး Chris Lewa တို့က ဦးထွန်းခင်နဲ့အတူ သက်သေခံ ခဲ့ကြတယ်လို့ သိရပါတယ်။

source :RFA


MMSY News 


ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေးကြီးရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဈေးဆိုင်ခန်းများမှ ပစ္စည်းများကို ယနေ့ ဇွန်၂၇ ရက်နေ့မှ စတင်ပြီးရွှေ့ပြောင်းခိုင်းကြောင်း၊ ဆိုင်ရှိပစ္စည်များကို ရွှေ့ခိုင်းပြီးဆိုင်ခန်းသော့များအား ဈေးအာဏာပိုင်များမှ သိမ်းယူလိုက်ကြကြောင်းသိရှိရသည်။ စစ်တွေ မြို့မဈေးရှိ ဆိုင်ခန်းများ၏ ၃ ပုံ ၂ ပုံခန့်မှာ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်ကြကြောင်း ၊ မိမိတို့ အဘိုး၊အဘွား၊ အဖေ၊အမေများ လက်ထက်ကတည်းကမှ စစ်တွေမြို့တွင်နေထိုင် လုပ်ကိုင်စားသောက်လာခဲ့ကြသူမျာ ဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးမှ ပြောကြားပါသည်။

ယခုလို နှစ်ဘက် အပြန်အလှန်ဖြစ်ပွားသည့် ပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်ခန်းများအား အဓမ္မသိမ်းယူခြင်းမှာ တရားဥပဒေမဲ့ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများအား ဓါးပြတိုက်သည့် အသွင်ဆောင်ကြောင်း နိုင်ငံတော်အစိုးရအနေဖြင့် စစ်တွေမြို့အုပ်ချူပ်ရေး အာဏာပိုင်တို့၏ တရားဥပေဒေမဲ့ လုပ်ရပ်အား အမြန်ဆုံး တရားမျှတစွာ အရေးယူဖြေရှင်းပေးစေဖို့ အဆိုပါ စစ်တွေမြို့ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဆက်လက်ပြောကြားခဲ့ပါသည်။


နာဇီရွာ မီးလောင်ပျက်စီးသွားပြီးနောက် သက်ဆိုင်ရာမှ မြေတူးစက် ဘူဒိုဇာများဖြင့် အပျက်အစီးများ ရှင်းလင်းနေသည်ကို တွေ့ရစဉ်။
Photo-CJMyanmar



၎င်းက ဆက်ပြီးတော့ အစ္စလာမ်ဘာသာတွေ ရွာလုံးကျွတ်နေတဲ့ နာဇီရပ်ကွက်ဆိုရင် ယခု ကွင်းပြင်သာရှိတော့ကြောင်း၊ နာဇီဈေးဆိုလျှင်လဲ မီးရှို့ခံရပြီး မီးကြွင်းမီးကျန် ပစ္စည်းများကို ပင် ဘူဒိုဇာဖြင့်ထိုးပြီး အားလုံး အစဖျောက်ပစ်ကြောင်းပြောကြားခဲ့သည်။


အောင်မင်္ဂလာ(အင်ပါလာ) ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်များကို ဇွန် ၂⁠၂ရက် နံနက်က စစ်ကားများဖြင့် မြို့ပြင်ကျေးရွာများသို့ ရွှေ့ပြောင်းနေစဉ် ဓာတ်ပုံ- ဥက္ကာကိုကို

ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေ မြို့ပေါ်ရှိ မီးမလောင်ပဲ ကျန်ခဲ့သည့် ရပ်ကွက်များမှ အစ္စလာမ်ဘာသာဝင်များ အား စစ်တွေ မြို့ပြင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း ပြည်တွင်းအခြေစိုက် ဂျာနယ်များ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ကြပါသည်။

ဒုက္ခသည်စခန်းများတွင်ရောက်ရှိနေသည့် မွတ်စလင်မ်ဒုက္ခသည်များမှာ အဆမတန်များပြားနေပြီး စားနပ်ရိက္ခာအခက်အခဲကြောင့် အစာရေစာပြတ်လပ်မှုနှင့် ဆေးဝါးအထောက်အပံ့ မရရှိမှုကြောင့် သေဆုံးမှုများရှိနေကြောင်း သိရသည်။

အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များ စခန်းများသို့ ရိက္ခာအကူညီနှင့် သတင်းထောက်များ သွားရောက်မှုကို ဒေသဆိုင်ရာ အာဏာပိုင်များမှ ကန့်သတ်ထားစဲဖြစ်သည်။

Source : MMSY


Gulf Times News
By Mizan Rahman
Dhaka
source: Here

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များကို သူတို့၏နိုင်ငံအတွင်း၌သာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်သွားနိုင်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ သို့အတွက် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်များ၏ ကိုယ်ပိုင်အခွင့်အရေးတစ်ခု လက်လွှတ် ဆုံးရှုံးသွားစေနိုင်သည့် နည်းလမ်းများကို အသုံးမပြုကြရန် နိုင်ငံတကာအဖွဲ့အစည်းများအား တိုက်တွန်းပြောကြားလိုက်သည်။ 

 Photo-http://www.un.org

“ရိုဟင်ဂျာတွေက မြန်မာနိုင်ငံသားတွေပါ။ ဒါ့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ သူတို့ရဲ့တရားဝင် ရပိုင်ခွင့်ကို ထိခိုက်စေမယ့် ကိစ္စတွေ၊ အပြောအဆိုတွေ မပြုလုပ်သင့်ပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရေးဝန်ကြီး ရှာဖိက်အဟ်မဒ်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် သတင်းသမားများအား ပြောခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့(ရိုဟင်ဂျာ) တွေကို သူတို့နိုင်ငံမှာပဲ အေးအေးချမ်းချမ်း နေထိုင်စေလိုပါတယ်။” ဟု သူက ဖြည့်စွက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် တရားရေးဝန်ကြီးက မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်လျက်ရှိသည့် အရှုပ်အထွေးများအား ကိုင်တွယ်ဖြေရှင်းနေမှုများကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုသွားခဲ့သည်။

ဒါကာမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဥပဒေကော်မရှင်ကို နိုင်ငံတကာက ရိုဟင်ဂျာဒုက္ခသည်များလက်ခံရေးအတွက် ဖိအားများပေးလာခဲ့သည်။ သို့အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်ဖြစ်ပျက်နေသော လူမျိုးရေး အဓိကရုဏ်း အဆုံးသတ်ရေးကို နိုင်ငံတကာမှ အာရုံစိုက်ကြရန် တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ပါလီမန်တွင် နိုင်ငံခြားရေးဝန်ကြီး ဒီပုမိုနီက “ကျွန်မအနေနဲ့ မြန်မာနိုင်ငံတွင်း ဆူပူသောင်းကျန်းမှု ချုပ်ငြိမ်းဖို့ ဆောင်ရွက်ရန် နိုင်ငံတကာက မြန်မာအစိုးရကို ၀ိုင်းဝန်းပြောဆိုကြဖို့ (သူတို့ကလည်း ဒီပြဿနာကို ကြည်ကြည်ဖြူဖြူနဲ့ ဖြေရှင်းပေးဖို့ လိုလားတယ်ဆိုရင်) တောင်းဆိုသွားပါမယ်။ ” ဟု ပြောဆိုခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) တို့သာမက အခြားကမ္ဘာ့အဖွဲ့အစည်းများပူးပေါင်း၍ မြန်မာပြည်မှ လူနည်းစု ရိုဟင်ဂျာ ဒုက္ခသည်များကို လက်ခံသွားရန်၊ သို့အားဖြင့် ရခိုင်ပြည်နယ်တွင်းမှ ကြောက်မက်ဖွယ် ဆူပူသောင်းကျန်းမှုများကို ဆန့်ကျင်သွားရန် ဒါကာအခြေစိုက် ဘင်္ဂလားဒေ့ရှ်တရားရေးဌာနကို လွန်ခဲ့သည့်နှစ်ရက်က တောင်းဆိုခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ရိုဟင်ဂျာဒုက္ခသည်များ အသစ်တဖန် စီးဝင်လာခြင်းကို ငြင်းဆန်လျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်က ၄င်းတို့အနေဖြင့် ရိုဟင်ဂျာပေါင်း ၄ သိန်းခန့်ကို နှစ်ပေါင်းများစွာ ဒုက္ခသည်များအဖြစ် လက်ခံထားပြီးဖြစ်၍ ၀န်ထုပ်ဝန်ပိုး ကြီးမားလာမည်ကို စိုးရိမ်ကြောင်းဖြင့် ပြောဆိုသည်။

ထိုဘင်္ဂလားဒေ့ရှ်ဘက်မှ ရိုဟင်ဂျာ ၄သိန်းမှာ မြန်မာနိုင်ငံတွင် စစ်အစိုးရအုပ်ချုပ်နေစဉ်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကူးပြောင်းခဲ့ကြသူများဖြစ်၍ ဘင်္ဂလားဒေ့ရှ်တို့အနေဖြင့် လုံခြုံရေးအခက်အခဲကြောင့် ဒုက္ခသည်အသစ်များကို နေရာထိုင်ခင်း မပေးနိုင်တော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“နိုင်ငံတကာအုပ်စုတွေက ပိုမိုနားလည်သဘောပေါက်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံကို ၄င်းတို့ပြည်တွင်းရေးပြဿနာနဲ့ပတ်သတ်ပြီး ထိန်းချုပ်သွားဖို့ တောင်းဆိုသင့်ပါတယ်။” ဟု နိုင်ငံခြားရေးဝန်ကြီးက ပါလီမန်တွင် ပြောကြားခဲ့သည်။

မိုနီက ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အဆင်ပြေချောမွေ့စေဖို့ လူသားချင်းစာနာမှုကို အခြေခံ၍ အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးနေ ခဲ့ကြောင်း၊ နိုင်ငံနယ်နိမိတ် စောင့်များကလည်း စားစရာများ၊ ဆေးဝါးများနှင့် စက်လှေအတွက် လောင်စာဆီများကို ထောက်ပံ့ပေးနေကြောင်း၊ သို့အားဖြင့် ၄င်းတို့သည် မိမိတို့နေအိမ်ကို ပြန်လည်သွားရောက်နိုင်ဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

credit : MMSY



အာက်ဖော်ပြပါ ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေးကော်မတီ၏ မေတ္တာရပ်ခံချက်သည် Facebook ပေါ်တွင် မျှဝေ ထားသော မေတ္တာရပ်ခံချက် ဖြစ်ပြီး အများပြည်သူများ သိရှိစေရန်အလို့ငှာ ပြန်လည်ဝေငှလိုက်ရခြင်းဖြစ်ပါသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဆောင်မှုပြုလုပ်၍ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ပံ့ပိုးကူ ညီမှုများ ပြုလုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေးကော်မတီကို (၁၉-၆-၂၀၁၂)ရက်နေ့တွင် တာဝန်ပေးဖွဲ့ စည်းထားပြီး ဖြစ်ပါသည်။

အထက်ပါကော်မတီ၏ ရည်မှန်းချက်မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးတစ်ယောက် (သို့မဟုတ်) အစ္စလာမ်အဖွဲ့အစည်း အတွက်သာဖွဲ့ စည်းခြင်းမဟုတ်ဘဲ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခရောက်လျက်ရှိသော လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လူသားချင်း စာနာထောက် ထားသော စိတ်ဓာတ်အပြည့်အဝဖြင့် တတ်စွမ်းသမျှ ကူညီစောင့်ရှောက် ပြန်လည်ထူထောင်ပေးမည် ဖြစ်ပါသောကြောင့် ၎င်းကော်မ တီသို့ ဆက်သွယ်၍ (ဇကာသ်၊ လိလ္လာဟ်၊ ခိုင်ရာသ်) များကို မိမိတတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၎င်းကော်မတီ၏ Bank Account No. 0451220009504, A/C Name- U Aung Naing + 3, KBZ Bank Bo Aung Kyaw သို့ လည်းကောင်း၊ မိမိလှူဒါန်းလိုသည့် အလှူငွေနှင့် အဝတ်အထည်အစရှိသော အလှူပစ္စည်းများကို အောက်ဖော်ပြပါ ဖုန်းနံ ပါတ်များသို့ ဆက်သွယ်၍ အမြန်ဆုံး ပေးပို့လှူဒါန်းကြပါရန် ထပ်မံ မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ် -

အိုလမာ-အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့ချုပ် - ဖုန်း - ၂၅၃၆၈၃၊ ၃၇၀၅၃၅၊ ၃၈၅၀၇၆

အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် - ဖုန်း - ၂၅၂၆၀၈၊ ၃၈၉၇၈၆

မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ဌာနချုပ် - ဖုန်း - ၂၄၁၇၁၇၊ ၀၉ ၅၀၈၄၅၈၇၊ ၀၉ ၇၃၁၅၆၈၄၆

မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ဌာနချုပ် - ဖုန်း - ၂၄၁၂၁၂၊ ၂၅၂၇၉၉

မြန်မာမွတ်ဆလင် အမျိုးသားရေးရာအဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ် - ဖုန်း - ၂၉၆၁၃၄၊ ၉၀၁၀၀၃၃၊ ၀၉ ၅၁၆၂၆၀၃၊ ဟာဂျီ ဦးအောင်နိုင် (၀၉ ၄၅၀၀၃၁၉၄၈)၊ ဟာဂျီ ဦးချစ်စိန် (၀၉ ၅၁၃၀၂၁၁)၊ ဦးစိန်ဝင်း (၀၉ ၄၃၁၇၆၁၃၆)၊ ဟာဂျီဦးလှအောင် (၀၉ ၅၁၆၄၈၂၉



မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟ င်   


မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။ 

“ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအ၀င် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစား ဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။

“လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။

နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ၀န်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။

ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။

အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။

“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။

ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။

UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။

မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။

“ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်န၀ါ အီဗရာဟင်က ပြောဆိုသည်။

Source here



၂၃ ဇွန်လ ၂၀၁၂ စနေနေ့ ‘စင်္ကာပူနိုင်ငံ’ နေ့စဉ်ထုတ် ‘တူဒေး’ သတင်းစာမှ ဆောင်းပါးဖြစ်ပါတယ်။
‘အမေရိကနိုင်ငံထုတ် နိုင်ငံတကာသိ ထင်ရှားကြော်ကြားတဲ့ ‘နယူးရော့တိုင်း’ သတင်းစာမှတဆင့် ပူးတွဲဖော်ပြထားခြင်းဖြစ်ပါတယ်။

ရေးသားသူ – Thomas Fuller
ဆောင်းပါးအမည် – Online, Burmese Attack a Minority
ရည်ညွှန်: - here


                           ရခိုင်ပဋိပက္ခကြောင့် စစ်တွေမြို့တွင် မီးလောင်နေသည့် မြင်ကွင်း
                                                         Photo-AFP



မြန်မာအစိုးရသစ်ဟာ ပြီ:ခဲ့တဲ့နှစ်အတွင်း တင်းကျပ်တဲ့ စာပေစိစစ်ရေး ဆင်ဆာမူဝါဒများ လျှော့ပေါ့ဖျက်သိမ်:ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများဟာ ယခင်စစ်အစိုးရအောက် ပိတ်ပင်တားမြစ်ထားခဲ့တဲ့ အမြောက်အမြားသော ဝက်ဘ်ဆိုက်များနှင့် အခြားအွန်လိုင်း အရင်းအမြစ်များကို လွတ်လပ်စွာအသုံးပြုခွင့် ရရှိလာကြပါတယ်။

ဆင်းရဲမွဲတေမှုနက်ရှိုင်းပြီး လူဦးရေ ၅၅- သန်းခန့် ရှိတဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းစဉ်သို့ တဖြည်းဖြည်းပြောင်းလဲလာသော်လည်: လူနည်းစုဖြစ်တဲ့ မွတ်စလင်တို့(အထူးသဖြင့် ‘ရိုဟင်ဂျာ’လို့ခေါ်တဲ့ အနောက်ဘက်ဒေသနေ တိုင်းရင်းသားမွတ်စလင်လူမျိုးစု) အပေါ် ခက်ထန်စွာ အမုန်းပွါး တိုက်ခိုက် ရေးသားမှုများရှိလာပြီး မကြာသေးမီက အနောက်ဘက်ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ လူဦးရေ ၂-ဒါဇင်မက ထိခိုက်သေဆုံးခဲ့ရတဲ့ လူမျိုးရေး အဓိကရုန်းကို ပိုမိုရှုပ်ထွေးစေခဲ့ပါတယ်။အောင်မြင်ထင်ရှားတဲ့ မီဒီယာလုပ်ငန်းတစ်ခုဖြစ်တဲ့ Eleven Media Group ရဲ့ FaceBook စာမျက်နှာပေါ် မကြာသေးမီက ရိုဟင်ဂျာလူမျိုး အလောင်းတစ်ခုတွေ့ရှိကြောင်း သတင်းပါလာတဲ့အခါ ‘ပြည့်ဖြိုးအောင်’ အမည်ရတဲ့ စာရှုသူတစ်ဦးက ‘ဒီလိုသတင်းမျိုး စောင့်နေတာ အတော်ကြာပြီ’ လို့ ကွန်မန့်ရေးပါတယ်။ အခြားတစ်ဦး ‘ကိုညီ’ဆိုသူက ‘သူသေရုံနဲ့ မလုံလောက်သေးဘူး’ လို့ရေးခဲ့တဲ့အပြင် ရိုင်းစိုင်းစွာလဲ ဆဲဆိုသွားပါတယ်။

အင်တာနက်ပေါ်မှာ ရိုဟင်ဂျာမွတ်စလင်လူမျိုးများကို ခွေး၊ သူခိုး၊ အကြမ်းဖက်သမား စတာတွေအပြင် အခြားသေး နုပ်ရင့်သီးတဲ့ အသုံးအနှုန်းများနဲ့လည်: တိုင်းထွာကြပါတယ်။ ကွန်မန့်ရေးသူများက ‘ဒီလူမျိုးတွေကို အမြစ်ပြတ်ရှင်းပြစ်ဖို့ အစိုးရသစ်ကို တိုက်တွန်:တဲ့ရေးသားမှုများအပြင် ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံများကိုတောင် မကျေနပ်မှုများကို ထုတ်ဖော်ပြခဲ့ကြပါတယ်။ အစိုးရသတင်းဖော်ပြချက်အရ ရခိုင်ပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းကြောင့် လူ ၂၉-ဦး သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၂၅၀၀-ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ကုလသမဂ္ဂအစီရင်ခံချက်အရ လူဦးရေ ၃၀၀၀၀-ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်: သိရပါတယ်။ ဖြစ်ပွါးခဲ့တဲ့ အဓိကရုန်းဟာ ရခိုင်ပြည်နယ်မှာသာ ဖြစ်ခဲ့တာဆိုသည့်တိုင် အင်တာနက်ပေါ်ရှိ ရေးသားမှုများ၊ ကွန်မန့်များနဲ့ ဘလော့ဂ်များမှာ ရိုဟင်ဂျာလူနည်:စုကိုသာမက နိုင်ငံအနှံ့အပြားရှိနေတဲ့ မွတ်စလင်အားလုံးအပေါ် မုန်းတီးတိုက်ခိုက်စော်ကားကြတာကို အထင်အရှားတွေ့ရပါတယ်။ ဦးသိန်:စိန်အစိုးရသစ်ဟာ အခြေအနေ ပိုမိုဆိုးရွားပြန့်နှံ့ မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ အသင့်လျော်တဲ့ ဓာတ်ပုံဖော်ပြခဲ့တဲ့အတွက် လျှပ်တပြတ်ဂျာနယ်ကိုလည်: အရေးယူပိတ်ပင်ခဲ့ပါတယ်။ သို့သော်လည်: အင်တာနက်ပေါ်မှာတော့ဖြင့် အဓိကရုန်းဟာ ရိုဟင်ဂျာလူမျိုးများကိုသာမက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားကြပါတယ်။ အခြားဘာသာဝင်များ၊ အခြားဘာသာစကားစာပေများ၊ အသားအရောင်ကွဲပြားမှုကအစ ရှုံ့ချရေးသားကြပါတယ်။


ရိုဟင်ဂျာများကို ‘ဘင်္ဂါလီ’လို့လည်: သူတို့ကခေါ်ဆိုကြပါတယ်။ ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် အသိအမှတ်မပြုတဲ့အပြင် နေထိုင်ခွင့်၊ ခရီးသွားခွင့်၊ မြေယာပိုင်ဆိုင်ခွင့်များသာမက လက်ထပ်ထိမ်းမြားခွင့်ကိုလည်: မတရားသဖြင့် ထိန်:ချုပ်ထားခြင်းခံရပါတယ်။ ဒီ့အပြင် ဥပဒေမဲ့ မတရား စေခိုင်းခြင်းနဲ့ အပြစ်မဲ့ ဖမ်းဆီးနှိပ်စက်ခံရခြင်းများလည်: ရှိပါတယ်။
သူတို့ကို မြန်မာနိုင်ငံကဲ့သို့ပဲ ဘင်္ဂလားနိုင်ငံကလည်: အသိအမှတ်မပြုပါ။ ဇွန်က ၁၅-ရက် ဂျီနီဗာမြို့မှာ ကုလသမဂ္ဂအရာရှိများကပြောဆိုရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားနယ်စောင့်တပ်တွေက ပြန်မောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးအဖွဲ့က အမျိုးသမီးများ၊ ကလေးငယ်များနဲ့ ဒဏ်ရာရရှိထားသူများပါရှိတဲ့ စားနပ်ရိက္ခာမဲ့ ဒီလှေသင်္ဘောတွေဟာ နိုင်ငံနှစ်ခုကြား ‘နဖ်’ မြစ်တလျောက် မျောလွင့်နေတယ်လို့ ပြောပါတယ်။ အင်တာနက်ပေါ်မှာတော့ မြန်မာလူမျိုးတွေဟာ ‘ဒီရိုဟင်ဂျာတွေကို အပြီးရှင်းပစ်၊ မောင်းထုတ်ပစ်’ လို့ ကြွေးကြော်နေကြပါတယ်။ ဒီထက်တောင်ပိုပြီး ဆိုးရွားစွာရေးကြပါတယ်။ ဇွန်လ ၁၄-ရက်နေ့မှာ EMG က မြစ်တလျောက်မျောပါလာတဲ့ အမျိုးသမီး လူသေအလောင်းကို ရေးသားဖော်ပြတဲ့အခါ စာရှုသူ အမျိုးသမီးတစ်ဦးက ”လူမျိုးဘာသာ’ မဖော်ပြတဲ့အတွက် ဘယ်လိုခံစားရမှန်း မသိ’ ကြောင်း၊ အခြားသူတစ်ဦးကလည်: ‘ဘာလူမျိုးမှန်းမသိတော့ ဝမ်းနည်းရမလား၊ ပျော်ရမလား မသိဘူး’ လို့ ပြောသွားကြပါတယ်။

ဘန်ကောက်မြို့အခြေစိုက် ‘Poypiti Amatatham’ နှင့် ဂျီနီဗာအခြေစိုက် ‘Nick Cumming-Bruce’ တို့ရဲ့ သတင်းတင်ပြချက်ပါ။

ဘာသာပြန် – လင်းယုန်နက် (ခြင်္သေ့မြို့တော်)

Credit : MMSY


Daniel Shane

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပျက်နေခဲ့တာတွေထဲက အကြောင်းတစ်ခုကတော့ တော်တော်လေး မသင့်မြတ်ဘူး ထင်လို့ ဒီစာရေးတယ်ပေါ့ဗျာ။

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၃)ဆိုပြီးတော့ ပြီးခဲ့တဲ့တပတ်က weekly eleven စာ ၂၆ မှာပါလာပါတယ်။ “ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ၊ အမှန်နဲ့အမှားကြားမှာ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားမှာ ဂျာနယ်လစ်ဇင်ဟာ ကြားနေမှာ မဟုတ်ဘူး။ ကြားနေမှုက အမှန်တရားလောက်အရေးမပါဘူးဆိုတာကို ထင်သာမြင်သာအောင် ထုတ်နုတ်ပြထားပါတယ်။” တဲ့ဗျာ။ အဲ-ရည်ညွှန်းမှာတော့ Ethnics for Journalists (2nd Edition) by Richard Keeble ကို ပေးထားပါတယ်။

Out of Contextလိုသလောက်ဖြတ်ယူပြီးကိုယ့်သဘောနဲ့ထပ်တူဖြစ်အောင်လုပ်ယူဖော်ပြထားတာမျိုးတွေပါ။ ခုဆောင်းပါးမှာတော့ အဲဒီကိစ္စအကျယ်မပြောတော့ပါဘူး။ လိုရင်းကိုပဲ သွားကြတာပေါ့ဗျာ။ အဲ- ကြားနေမှုက အမှန်တရားလောက်အရေးမပါဆိုတာလေးတော့ မှတ်ထားပေးပါလို့ မေတ္တာရပ်ပါရစေ။

လိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားပြုခွင့်ရှိမရှိနဲ့စပ်လျဉ်းပြီး ဖြေကြားချက်ကို ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကြီးက စာဖတ်ပရိသတ်ကို ဖြစ်သလို သဘောထား၊ လိုသလို ၀ိသေသပြုပြီး အလိုကျအသုံးတော်ခံခိုင်းခဲ့ပုံပါ။

ဒီနေရာမှာ လုံးဝကို ရှင်းရှင်းလင်းလင်းသိထားစေလိုတာက ကျွန်တော်တို့ အနေနဲ့ရိုဟင်ဂျာကို ကိုယ်စားမပြု သလို ရိုဟင်ဂျာအရေး ဆောင်ရွက်နေတာလည်းမဟုတ်ဆိုတာပါ။

ဒါက အော်စလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတဲ့ ရိုဟင်ဂျာနိုင်ငံသားပြုခွင့် ရှိနိုင်မရှိနိုင်နဲ့ ပတ်သတ်တဲ့အဖြေ ဗွီဒီယိုဖိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်အဖြေကို ၁၆း၁၀ လောက်ကနေ စကြည့်နိုင်ပါတယ်။



မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ဒီရိုဟင်ဂျာပြဿနာရဲ့ အရင်းအမြစ်နဲ့ဆက်စပ်ပြီး မေးခွန်းထုတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တာကြောင့် စားထိုးအဖြေအသစ်တစ်ခု ရဖို့ မေးတာပါလို့ လည်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက -

I spoke for rule of law. And rule of law covers rules of citizenship as well. This is what I mean by saying the root of the problem is lack of rule of law. We are not certain exactly what the requirements of citizenship laws are. I will mention one particular case of one of our candidates for the last by-election who was disqualified because in accordance with the election regulations, all candidates have to be born of nationals, both parents must be nationals. This candidate of ours, his parents, both of them are Burmese nationals when he was born. But later, his father took another nationality. And on those grounds, he was disqualified as a candidate. ….. Even with regard to citizenship we are not clear what the laws really are. Rule of law, if you have very clear as to who are the citizens of the country under the citizenship laws and who qualified, then there would not be this problem which is always coming up there is an accusation, some people do not belong in Bangladesh and some people do not belong in Burma. Bangladesh says that they are not ours and Burma says that they are not ours and these poor people get shuffled around. So we have to have rule of law, we have to know what the law is. We have to make sure that it is properly implemented.

ဒေါ်အောင်ဆန်းစုကြည်က ကနဦးမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရင်းအမြစ်ပဲဆိုတာကို ထိမိရိုးရှင်းစွာ ဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို မြန်မာမှုပြုရရင် -

“ကျမ တရားဥပဒေစိုးမိုးရေးအကြောင်း ပြောခဲ့တယ်။ ဒီတရားဥပဒေစိုးမိုးရေးထဲမှာပဲ နိုင်ငံသားဖြစ်ခွင့်ဥပဒေကလည်း အကျုံးဝင်နေပါတယ်။ ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ ကျမဆိုလိုတာပါ။ နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ ကျမတို့ တိကျသေချာခြင်း မရှိသေးဘူး။ (တနည်း – နိုင်ငံသားဖြစ်နိုင်ဖို့ ဥပဒေထဲမှာ ဘာတွေလိုအပ်သလဲဆိုတာ ဂဃနဏပြဌာန်းထားခြင်းမရှိသေးဘူး။) ”…. အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အလ်ဒီကိုယ်စားလှယ်တစ်ယောက် အပယ်ခံခဲ့ရတာကို ဥပမာပေးပြောသွားခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်က မွေးတုန်းကတော့ အဖေရော အမေရော မြန်မာနိုင်ငံသားတွေဖြစ်နေခဲ့ပါတယ်။ အဲ- နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူက တခြားနိုင်ငံသားခံယူသွားတယ်ဆိုပြီး သူ့ကို ပယ်ခဲ့တာပါ။ ပါတီကိုယ်စားလှယ်ဖြစ်ခွင့် ဥပဒေမှာကျ ဖခင်ရော မိခင်ပါ နိုင်ငံသားဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။ …………

ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဖြေကြားတာက “နိုင်ငံသားဖြစ်ခွင့်ရှိခြင်းကိစ္စမှာတောင် ကျမတို့ဟာ ဥပဒေဘယ်လိုရှိလဲဆိုတာ မရှင်းလင်းသေးပါဘူး။တရားဥပဒေစိုးမိုးရေးမှာ ခင်ဗျားအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိရေးဥပဒေအောက်မှာ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားတွေ၊ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီသူတွေဆိုတာ အလွန်ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ ဒါမှသာ ဒီလိုပြဿနာမျိုးတွေ ရှိမလာမှာပါ။ (ပြဿနာဆိုတာမှာ) ဒီစွပ်စွဲမှုက အမြဲတမ်းဘယ်လို တက်လာသလဲဆိုတော့ တချို့ကိုတော့ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ပိုင်တာမဟုတ်ဘူး၊ တချို့ကိုတော့ဖြင့် မြန်မာနိုင်ငံက ပိုင်တာမဟုတ်ဘူး (တနည်း တချို့ကတော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်ဘူး၊ တချို့ကတော့ မြန်မာနိုင်ငံသားမဟုတ်ဘူး) ဆိုပြီးတော့ပါ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက ကျွန်တော်တို့ နိုင်ငံသားမဟုတ်ဘူး၊ မြန်မာဘက်ကလည်း ဒီလူတွေက ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူး ဆိုပြီးပြောနေကြတော့ ဒီသနားစရာကောင်းတဲ့လူစုက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဖြစ်နေရပါတယ်။ ဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးရှိရမယ်၊ တရားဥပဒေဆိုတာ ဘာလဲဆိုပြီးသိရမယ်။ ဒီဥပဒေကို စနစ်ကျစွာ အကောင်အထည်ဖော်ဖြစ်အောင် အသေအချာဆောင်ရွက်ရမယ်။”

အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတဲ့အခါ မေးခွန်းမေးသူ အမေရိကန် ရုပ်သံဌာနတစ်ခုရဲ့ ရီပိုတာဖြစ်သူက ဆက်ပြီး အထွန့်တက်ပါတယ်။

သူအထွန့်တက်ပုံက -

What should it be with regarding to the citizenship? Are they or they are not?

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောခဲ့တဲ့အဖြေက -
I do not know.

ဒီနေရာမှာ ကျွန်တော်တို့ စာဖတ်သူကို လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့ အမေးအဖြေကို ဒုတိယမ္ပိ ဖော်ပြပေးပါ့မယ်။

အမေး – What should it be with regard to the citizenship? Are they or they are not?

သူတို့က နိုင်ငံသားဖြစ်သင့် မဖြစ်သင့်နဲ့ စပ်လျဥ်းပြီး ဘယ်လိုမျိုးပါသလဲ။ သူတို့က (နိုင်ငံသား)လား (နိုင်ငံသား)မဟုတ်ဘူးလား။

အဖြေ – I do not know.

ကျမမသိဘူး။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတာက -
I do not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma. But who are just come over recently from Bangladesh. But, on the other hand, Bangladesh says No. They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out without “RULE OF LAW”, without proper Immigration Processes, without proper policy, without properly implementation of laws. This is why I said the root of all is “The RULE OF LAW” going back to many decades, not going back just to the crime that is just committed a couple of months ago.

မြန်မာပြန် – ကျမ မသိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ရိုဟင်ဂျာအကြောင်းပြောတဲ့အခါ ကျမတို့ ဘယ်သူတွေအကြောင်း ခင်ဗျားပြောနေသလဲဆိုတာ တော်တော်ကလေး မသေမချာဖြစ်နေပါတယ်။ ကျမပြောခဲ့သလိုပါပဲ၊ ကျမတို့ ဘယ်သူတွေကို ရည်ညွှန်းနေသလဲဆိုတဲ့နေရာမှာ ပြဿနာရှိနေပါတယ်။ တချို့က ရိုဟင်ဂျာလို့ကိုယ့်ကိုကိုယ်ပြောနေကြသူတွေဟာတော့ဖြင့် မြန်မာနိုင်ငံသားတွေမဟုတ်လို့ ဆိုကြတယ်၊ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မကြာသေးမီကမှ ရောက်လာကြသူတွေလို့ ဆိုကြတယ်။ ဒါပေမယ့် နောက်တဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ သူတို့ကို ဒုက္ခသည်အနေနဲ့ (ကျနော်တို့) လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ (ရိုဟင်ဂျာ)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမဟုတ်ဘူး၊ သူတို့က မြန်မာဘက်က လာကြသူတွေလို့ ဆိုတယ်။ ဒီတော့ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ ၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ၊ စနစ်ကျတဲ့ ပေါ်လစီမရှိဘဲ၊ ဥပဒေကို စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိဘဲ ဒီကိစ္စကို ဘယ်လို ရှင်းထုတ်မလဲ။ ဒါကြောင့် ကျမက ဒီကိစ္စအားလုံးရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးရေးလို့ ပြောခဲ့တာပါ။ ဒါကလည်း ဆယ်စုနှစ်များစွာကတည်းက (ဖြစ်နေခဲ့တာပါ။) လွန်ခဲ့တဲ့ နှစ်လလောက်က ရာဇ၀တ်မှုကျူးလွန်တဲ့ (ပြဿနာ) ကနေ စလာခဲ့တာမဟုတ်ဘူး။

ကဲအခု ပထမအဖြေနဲ့ တဆက်တည်းလာတဲ့ ဒုတိယအဖြေ။ ပထမအဖြေကို သဘောမကျတဲ့ မေးခွန်းထုတ်သူက ဆက်မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ ဒုတိယအဖြေကို Out of context လုပ်ပြီး သဘောကျဘာသာပြန်မယ်ဆိုရင်တော့ အလွဲကြီးလွဲပါပြီ။

အလဲဗင်းဂရုမြန်မာပြန်တာက ဒုတိယအဖြေတစ်ခုတည်းကို ကွက်ပြီးပြန်ထားတာပါ။ ပြန်ထားတော့လည်းဗျာ။ ဒီိလိုဖြစ်နေပါတယ်။

“ရှင်ပြောတဲ့ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။”

“who you are talking about” ဆိုတာနဲ့ “we don’t know who they are” ဆိုတာ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်ပါ။


အလဲဗင်းမီဒီယာဂရုခင်ဗျား။ ခင်ဗျားတို့ဘာသာပြန်လိုက်တဲ့ စကားလုံးများရဲ့ မူရင်းက ဒီလိုပါ။

Ido not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma.But who are just come over recently from Bangladesh.


အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းကြီးပါပဲ။ “ပထမ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဘာကြောင့်လဲဆိုရင် ဥပဒေကသာ ဘယ်သူကတော့ဖြင့်နိုင်ငံသား၊ ဘယ်သူကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီတယ်စသဖြင့်ဆုံးဖြတ်နိုင်မယ်။ အဲသလိုဖြေတယ်၊ ဒါကို မေးခွန်းမေးသူက ရိုဟင်ဂျာက နိုင်ငံသားဟုတ်လားမဟုတ်လားထပ်မေးတယ်။ ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က ကျမမသိဘူး၊ ခင်ဗျားပြောတဲ့ရိုဟင်ဂျာကို ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ပြီးနိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး အဆုံးအဖြတ်ပေးနိုင်မလဲ၊ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး တဖက်တမျိုးစီ ပြောနေကြတာပဲ၊ ဒါကြောင့်ကျမက အဆုံးအဖြတ်ပေးမယ့် ဥပဒေရှိဖို့၊ စိုးမိုးဖို့၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေ စနစ်ကျဖို့က အဓိကပါလို့ ပြောခဲ့တာပေါ့” လို့ ဖြေကြားပါတယ်။

ဒီလိုရှင်းရှင်းကြီးဖြစ်နေတဲ့ အဓိပ္ပါယ်ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လှည့်စားတဲ့ မီဒီယာကြီးခင်ဗျား။ အမှန်တရားဆိုတာ ကြားမနေလဲရပါတယ်လို့ ပြောခဲ့တဲ့မီဒီယာကြီးခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်ချပြခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိတရားဥပဒေကိစ္စတွေကို မီဒီယာကြီးအနေနဲ့ စာဖတ်ပရိသတ်ကို ချပြပေးခဲ့ဖူးပါသလား။ ဘယ်နှစ်ကြိမ်လောက် ချပြပေးဖူးပါသလဲ။
ကဲအခု၊ အထက်မှာ ကျနော်ပြောတဲ့ အဓိပ္ပါယ်မျိုးကိုသာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါဆိုတာကို ပိုမိုခိုင်မာစေဖို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ် (London school of economics and politics) မှာ ဆွေးနွေးခဲ့တဲ့


ဒီဘိတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြောဆိုဆွေးနွေးသွားသလဲဆိုတာက အနည်းငယ်သုံးသပ်ပါမယ်။ တရားဥပဒေစိုးမိုးရေး အတွက် procedure နဲ့ transitions အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။ အဲ – Burma law is obsolete. မြန်မာ့ဥပဒေက ဒိတ်အောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာကတော့ မှတ်သားစရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က Statelessness in Burma ၊ မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်မရှိဘဲ ယောင်ခြောက်ဆယ်ဖြစ်သူများအတွက် We can base in rule of Law ၊ ကျမတို့ တရားဥပဒေစိုးမိုးရေးကို အခြေခံနိုင်တယ်၊ ဒီလိုအခြေခံတဲ့နေရာမှာ Two aspects ၊ ရှုထောင့်နှစ်မျိုးရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

1) The law of citizenship. What are the citizenship laws in Burma like? Are these just? Are these in line with internationally acceptable standard? ဒေါ်အောင်ဆန်းစုကြည်က
မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေက ဘယ်လိုမျိုးပါလဲ။ အဲဒီဥပဒေက တရားမျှတရဲ့လား၊ ဒီဥပဒေက နိုင်ငံတကာက လက်ခံနိုင်မယ့် စံပုံဆန်တွေနဲ့ရော ကိုက်ညီနေလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

အဲ နံပါတ် ၂ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက procedural ပါ။ ဘိုလိုကတော့ အကြမ်းဖျင်း ဒီလိုမျိုးပါ။ How do the immigration authorities work? How do the police work? How do the court work?

လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ၊ ရဲတွေ ဘယ်လို အလုပ်လုပ်နေပါသလဲ၊ တရားရုံးတွေ ဘယ်လိုအလုပ် လုပ်နေပါသလဲ။ (ဒါတွေက procedural တွေပါတဲ့)

These two are essential to find why stateless persons are stateless. Whether there is not something that can be done to assure the position within the rule of law.

ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အချက် ၂ ချက်ကတော့ နိုင်ငံမဲ့နေသူတွေ ဘာကြောင့် နိုင်ငံမဲ့နေသလဲဆိုတာ ရှာဖွေဖို့ အဓိကနည်းလမ်း ၂ သွယ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဒီအချက် ၂ ချက်ကို အခြေခံခြင်းဖြင့် (ဒီနိုင်ငံမဲ့နေသူများ) အတွက် အခြေအနေတစ်ခုကို တရားဥပဒေအတွင်းမှာပဲ တိကျသေချာစွာ အဆုံးအဖြတ်ပေးဖို့ (ဥပဒေ အမျိုးအစားတစ်ခု) ရှိမနေဘူးလားဆိုတာကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒီတော့ဗျား။ ကောက်ချက်ကတော့ ဒီလိုချပါတယ်။ အလဲဗင်းမီဒီယာက ဘာသာပြန်ဆောင်းပါးရှင်များအနေနဲ့ ဒီလို out of context လုပ်တာကတော့ အမှန်တရားကနေ သွေဖယ်ပြီး ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမှာပါ။ တခြားနည်းလမ်းမရှိပါ။

ဗွီဒီယိုဖိုင်များကို အသေအချာနားသောတဆင်ကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာမရေးမီ ဗွီဒီယိုဖိုင်တွေကို အနည်းဆုံး ၃ ခေါက်ထပ်မနည်း နားထောင်ခဲ့ပါတယ်။ တခြားတတ်ကျွမ်းသူများဆီကလည်း သဘောထား မေးမြန်းခဲ့ ပါတယ်။

အလဲဗင်းမီဒီယာက ဒီလင့်ခ်  ကို တင်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဒီလို ဖြုတ်ချပြစ်ခဲ့ ပါတယ်။

ဒါနဲ့ မခံမရပ်နိုင်တဲ့ အမှန်တရားလိုလားသူအချို့က ဇဝေဇ၀ါဖြစ်ပြီး ကျနော့်ဆီ ဆက်သွယ်လာပါတယ်။ သူတို့ထဲက တစ်ယောက်က အလဲဗင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး ဘာလို့ အထက်ပါလင့်ခ်ကို ဖျက်ချရသလဲဆိုတာ မေးမြန်းခဲ့ပါတယ်တဲ့။ (ပုံမှ Article #14161 not found ဆိုသည့်စာသားအား သတိပြုကြပါ)

အဲ မိနစ်အနည်းငယ်ကြာလေတော့ အထက်ပါလင့်က ပြန်ပြီး အလုပ်လုပ်လာပါတယ်။ အခုလက်ရှိလည်း အဲဒိလင့်ခ်က အလုပ်လုပ်တုန်းပါ။

Link address ကတော့

ဒီတော့ဗျား။ ကျွန်တော်လေ့လာဖူးတဲ့ The most successful propaganda technique ဆိုတာလေး ကြုံကြိုက်တုန်း တင်ပြပါရစေ။ မူရင်းကတော့ ဒီမှာပါ။ 

နံပါတ် ၃ မှာ ပြောထားတာက

# 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.

သက်ပြင်းရှည်ကြီးပဲ ချမိပါတယ်ဗျား။(အင်္ဂလိပ်လိုပဲ နားလည်တော်မူကြပါကုန်) ဒီတော့ဗျား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက မြန်မာ့လက်ရှိ ဥပဒေသည် နိုင်ငံတကာစံချိန်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံသားဖြစ်ခွင့်၊ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်ဆိုတာတောင် မခွဲခြားပေးနိုင်တဲ့ဥပဒေဖြစ်နေတယ်ဆိုတာကိုသာ conclude လုပ် ယူနိုင်ပါတယ်။ အလဲဗင်းကြီးပြောသလို “ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာသည် နိုင်ငံသားမဟုတ်” ဆိုပြီး ဒဲ့ပြောလိုက်သလိုလို ဘာလိုလိုညာလိုလို conclude လုပ်လို့လုံးဝမရပါ။

ဒါကို မြန်မာစာဖတ်ပရိသတ် (အင်္ဂလိပ်နားမလည်ကြတဲ့) က သဘောမပေါက်နိုင်ပဲ အလဲဗင်းပေ့ခ်ျမှာ ဟာ.. အမေစုက ပြောလိုက်ပီဟေ့ စသဖြင့် ကွန်မန့်တွေရေးကြတာ အဓိက misinform လုပ်ထားတဲ့ အလဲဗင်းမှာ တာဝန်ရှိပါတယ်။
နောက်ဆုံးမေးချင်တာကတော့ – အလဲဗင်းမီဒီယာအုပ်စုခင်ဗျား။ နောင်ကြီးတို့မှာ အမှန်တရားဆိုတာကို ထူးထူးခြားခြားလေးများ Define လုပ်ထားရင် ကျွန်တော်တို့ကိုလည်း ဗဟုသုတအဖြစ် ဝေမျှပေးပါလို့ ရိုးသားစွာတောင်းဆိုလိုက်ပါတယ်ခင်ဗျား။

Source : MMSY





အမေရိကန်ပြည်ထောင်စု၌နေထိုင်လျက်ရှိသောမြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်၂၀၀ကျော်စည်းလုံးညီ ညွတ်စွာဖြင့်လက်ရှိမြန်မာနိုင်ငံတွင်ဥပဒေမဲ့ဖြစ်ပွားလျက်ရှိသောဘာသာရေးအဓိကရုန်းတွင်သေဆုံး၊ ဒဏ်ရာရရှိသူများနစ်နာဆုံးရှုံးသူများအတွက်ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ရပ်ကိုနယူးယောက်မြို့ကုလသမဂ္ဂရုံး ချုပ်နှင့်အမြဲတမ်းကိုယ်စားလှယ်ရုံးရှေ့တွင်ဇွန်လ (၁၉) ရက်နေ့တွင်ကျင်းပခဲ့ပါသည်။


အမေရိကန်ပြည်ထောင်စုတွင်နေထိုင်ကြသောမြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်များသည် မိမိတို့၏မွေးရာပါလူမျိုး၊နေထိုင်ခဲ့ရာဒေသများကိုခွဲခြားခြင်းမရှိဘဲစည်းလုံးညီညွတ်မှု့ကိုအခြေခံ၍လက်ရှိဖြစ်ပေါ်နေသောရခိုင် ပြည်နယ်အဓိကရုန်း၏ဖြစ်ရပ်မှန်များကိုကမ္ဘာမှသိစေရန်ရည်ရွယ်ရုံမကတရားမျှတသောဥပဒေဖြင့်ဆုံးဖြတ်မှုပေးရန်တောင်းဆိုခြင်းဖြစ်သည်။ CNN သတင်းဌာနမှလာရောက်၍ ဆန္ဒပြပွဲကိုမှတ်တမ်းတင်သည့် အပြင် ဆန္ဒပြပွဲတွင်ပါဝင်သူအချို့ကို ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသောအခြေအနေအမှန်ကိုမေးမြန်းသွားသည်။

ဆန္ဒပြသူများမှာနိုင်ငံတကာမီဒီယာများမှပြည်တွင်းမီဒီယာများ၏တဖက်သတ်လုပ်ကြံထားသောသတင်းများကိုသာရရှိနေသည်ကိုအထူးပြု၍ပြောကြားခဲ့သည်။


ပြည်တွင်းသို့နိုင်ငံတကာမီဒီယာများဝင်ရောက်ခွင့်မရသောကြောင့် ယခုအခါ တမင်ရည်ရွယ်၍လုပ်နေသော ဤအဓိကရုန်းသည်လွန်ခဲ့သောရာစုနှစ်များစွာမှနေထိုင်လျက်ရှိသောရိုဟင်ဂျာလူမျိုးများကိုလူမျိုးတုန်း သတ်ဖြတ်၍နိုင်ငံတွင်းမှကုန်သည်အထိပြုလုပ်သွားမည်ကိုအထူးစိုးရိမ်နေကြသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်းကီမွန်းနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံသို့စာများကိုပေးအပ်ခဲ့သည်။ထိုစာများတွင်

  • တရားဥပဒေစိုးမိုးရေး၊ 
  • တရားမျှတသောဥပေဒေဖြင့် လက်ရှိဖြစ် ပေါ်နေသောအကြမ်းဖက်မှုများကိုကာကွယ်ရေး၊ 
  • နစ်နာဆုံးရှုံးသူများကိုတရားဥပဒေဖြင့်တရားမျှတသောအဆုံးအဖြတ်များ ရရှိရေး၊ 
  • ရိုဟင်ဂျာလူမျိုးများ၏ဆုံးရှုံးသွားသောနိုင်ငံသားအခွင့်အရေးများပြန်လည်ရရှိရေး၊ 
  • လက်ရှိဖြစ်ပေါ်နေသော လူမျိုး ရေးမုန်းတီးမှုများ ဘာသာရေးမုန်းတီးမှုများကိုတားဆီးပေးရေး၊ 




နိုင်ငံရေးလှည့်ကွက်အဖြစ်ပြုလုပ်နေသောအဓိကရုန်းများရပ်တန့်ပေးရေးနှင့်အဓိကရုန်းဒဏ်ကြောင့်နစ်နာဆုံးရှုံးသူများကိုအစားအစာ၊ဆေးဝါးနှင့်နေထိုင်ရန်အစီအစဉ်များအမြန်ဆုံးဖော်ဆောင်ပေးရေးတို့ကိုအဓိကတောင်းဆိုရေးသားခဲ့သည်။ ထို့အပြင် နိုင်ငံပြင်ပသို့ရောက်ရှိသွားသော ဒုက္ခသည်များကိုအမြန်ဆုံးပြန်လည်ခေါ်ဆောင်ရန်၊ ဘာသာရေးတားမြစ်မှုများကိုရပ်တန့်ရန်၊

ဖျက်ဆီးသွားသောဗလီများပြန်ဆောက်လုပ်ခွင့်ပေးရန်၊ရွာများပြန်လည်တည်ဆောက်ခွင့်ပေးရန်တို့ကိုလည်းထည့်သွင်းတောင်းဆိုခဲ့ပါသည်။


Arakan Rohingya Union (ARU) မှ Director General နှင့် Burmese Rohingya Association of North America (BRANA) မှ ဥက္ကဌ ပါမောက္ခDr. Wakar Uddin နှင့် လတ်တလောဖြစ်ပေါ်နေသော ရခိုင်-ရိုဟင်ဂျာ အဓိကရုန်းနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်ထံသို့မေတ္တာရပ်ခံပန်ကြားချက်။


မောင်တောမြို့တွင် (၈.၆.၂၀၁၂)နေ့တွင်ဖြစ်ပွားသည့်ပြဿနာဖြစ်ရပ်မှန်အား လွှင့်ထုတ်ပေးပါရန်မေတ္တာရပ်ခံခြင်းနှင့်အသနားခံတောင်းဆိုချက်



ဆူပူမှုးစတင်ခြင်း။
ရခိုင်ပြည်နယ်အနောက်ဘက်ခြမ်း၊ မောင်တောမြို့တွင် မြို့မဗလီကြီးမှ မွန်လွှဲ(၁း၁၂)အချိန်လူများဗလီဝတ်ပြီး ဆင်းလာပြီး အိမ်အပြန်တွင် မြို့မဘုန်းကြီးကျောင်းတိုက်မှ ဘုန်းကြီးတစ်ပါးက ရွှေဇားသို့ပြန်နေသော လူငယ်တစ်စုအား ကျောက်ခဲဖြင့် ပစ်ပေါက်ရာ လူငယ်တစ်ဦးခေါင်းခွဲပြီး သွေးယိုစီးရာ အဆိုပါဒဏ်ရာရလူငယ်အား မောင်တောရဲစခန်းသို့တိုင်တန်းရန်လာနေစဉ် ကလေးလူငယ်များစုဝေးပြီးလာနေရာ လူကြီးများကထိန်းသိမ်းရန် ကြိုးစားနေဆဲသည့်အချိန်တွင် လုံခြံရေးတပ်ဖွဲ့မှ သေနတ်ပစ်ပေါက်ခဲ့ရာ လူငယ်(၃)ဦးသေနတ်ထိမှန်ပြီး၊ အမှတ်(၂)ရပ်ကွက်နေ (၁၅)နှစ်အရွယ် လူငယ်တစ်ဦး သေးဆုံးခဲ့ပြီး အလောင်းကို လုံခြုံရေးကားပေါ်တင်ယူသွားနေစဉ် လမ်းပေါ်ရှိလုထုများက အဆိုပါအလောင်းကို အီစ္စလာမ်ဘာသာတရားတော်နှင့်အညီ သင်္ဂြိုဟ်ရန်တောင်းဆိုရာ လုံးခြုံရေးတပ်မှ မပေးခဲ့သဖြင့် မကျေနပ်ပြီးပြဿနာစတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

မီးလောင်းမှုးစတင်ခြင်း။

(၈.၆.၂၀၁၂) နေ့လည် (၂း၃၀)လောက်အချိန်တွင် သီရီမင်္ဂလာခန်းမရှေ့တွင်လုံခြုံရေးအပြည့်ဖြင့် ကားတစ်စီးရောက်လာပြီးလမ်းမပေါ်တွင် တာယာပုံစံပစ္စည်းတစ်ခုကျပြီးမှမီးတိုက်ပေးသဖြင့်မီးခိုးများတဟုန်တည်းကြီးထွားလာသဖြင့် တခြားလမ်းနှင့်ရွာတွင်ရှိသော ရခိုင်များက ကုလားအိမ်ကိုမီးတိုက်ပေးသည်ဟုသတင်းပျံနှံ့သွားသဖြင့် မွတ်ဆလင်များက မကျေနပ်ပြီး ဗိုလ်မှူးရွာရှိ အိမ်(၃)ကို မီးတိုက်ပေးခြင်းဖြစ်ပါသည်။ မွန့်လွှဲနေ(၂)နာရီလောက်အချိန် မောင်တောမြို့မှ မိမိနေရပ်ညောင်ချောင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်နေသော မော်လ၀ီတစ်ပါးအား ညောင်ချောင်း (နေပြည်တော်ခေါ်) န.တ.လ ဆိုင်တန်း န.တ.လများကဓါးဖြင့်ခုတ်သဖြင့် အဆိုပါမော်လ၀ီသည် နားခေါင်းနှင့်လက်တွင်ဒဏ်ရာရ၍ ထွက်ပြေးသဖြင့် ဆိုင်ကယ်နှင့်ငွေများလုယူသွားခဲ့ပါသည်။ အဆိုပါသတင်းသည် နီးစပ်ရာရွာများသို့ပျံ့နှံ့သွားသဖြင့် ညောင်ချောင်းကျေးရွာရှိအဆိုပါန.တ.လ (စံပြ)ကျေးရွာ အား မီးတိုက်ခြင်းဖြစ်ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသတင်းအခြေအနေ။

အထက်ပါပြဿနာများသည် ညနေ(၃)ခွဲလောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်သည် လမ်းကြား၊ ရွာကြားတွင်ဝင်ရောက်ပြီး လုံခြုံတင်းကျပ်နေသဖြင့် ပြဿနာလုံးလုံးလျားလျားငြိမ်သက်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့မှ ညနေ (၆)နာရီမှ နံနက်(၆)နာရီထိညမထွက်ရအမိန့်ထုတ်ပြန်ထားပါသည်။
ညနေ(၉)နာရီကျော်အချိန်တွင် ဒေသခံရခိုင်လူမျိုးများသည် မောင်တောမြို့အမှတ်(၅)ရပ်ကွက်နေ ဦးအဒူရော်ဇောက်၏တိုက်အိမ်နှင့်ဆိုင်တန်းကို မီးတိုက်ခဲ့ရာ မီးငြိမ်သတ်ရန် လာနေသော ပြည်လုထူအား လုံခြုံရေးတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ပေါက်ခဲ့ရာ (၁၀)ယောက် သေဆုံးပြီး ဒဏ်ရာရသူ (၃၀)ကျော်ဒဏ်ရရှိခဲ့ရာ မီးငြိမ်သတ်ရန်လာခဲ့သောပြည်သူလူထုများမိမိအိမ် မိမိပြန်ခဲ့သဖြင့် အဆိုပါအိမ်သည် လုံးဝလောင်းကျွမ်းခဲ့ပါသည်။

ယနေ့(၉.၆.၂၀၁၂)နေ့ နံနက် (၆း၃၀)ခန့်အချိန်တွင် ရခိုင်လူမျိုးများကစုဝေးပြီး အမှတ်(၅)ရပ်ကွက်နေ
ဦးဖေါ်ဇောလ်၏နေအိမ်၊ ဦးယာကုပ်၏နေအိမ်၊ အမှတ်(၄)ရပ်ကွက်၊ ရေကန်ကြီးနားရှိ မွတ်ဆလင်ပိုင်ဆိုင်များကိုဝင်ရောက်စီးနှင်းပြီး လူယက်နေချိန်တွင် မွတ်ဆလင်ရွာသူ/သားများ ကူညီရန်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကအဆိုပါမွတ်ဆလင်များအား သေနတ်ဖြင့် ပတ်ခတ်၍ လူအုပ်စုခွဲပြီး လူယက်နေသောရခိုင်လူမျိုးများကို ဟန့်ထားခြင်းအစား ကာကွယ်ပေးခဲ့ပါသည်။


သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတအနေဖြင့် ဒေသခံပြည်သူလူထု(ရခိုင်+မွတ်ဆလင်)များတွက် ဘက်မလိုက်သောလုံခြုံရေးတပ်ဖွဲ့တစ်ခု အစားထိုးပြီး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။

(လမ်းပန်းဆက်သွယ်ရေးပိတ်ထားနေသဖြင့် သက်သေအထောက်အထားများမပေးပို့နိုင်ခြင်းကို ခွင့်လွှတ်ပါးရန်)

မောင်တောဒေသခံတစ်ဦး

သတင်းကို ကျေးဇူးပြုပြီး post လုပ်ပေးပါ။ ကျွန်တော်အစိုးရရော့/သတင်းထောက်တွေ့ပါ ဘာသာချင်းတူ သည့်အတွက်တစ်ကြောင်း၊မွတ်ဆလင်များကို လမ်းကြား၊လမ်းဝတွင်းတောင်းမရပ်ရဟု အမိန့်ထုတ်သည်က
တစ်ကြောင်း၊ မွတ်ဆလင်များ ဒဏ်ရာရသည့်နှင့် သေသည်ဖြစ်စေ၊ ရှင်သည့်ဖြစ်စေလုံခြုံရေးကားဖြင့် တင်ယူသွားသဖြင့် ဓါတ်ပုံနှင့်သတင်းများရယူရန်အခက်အခဲဖြစ်ပါသည်။

ယနေ့ ဇွန်လ -၁၁ ရက်နေ့ နံနက် ၆း၀၀ နာရီတွင် လည်း မွတ်ဆလင်အလောင်း (၁၀)ယောက် မောင်တော-ဘူးသီးတောင်ကားလမ်းဘေးချာင်းတွင်မျှော်နေခြင်း။အဆိုပါအလောင်းများကို ဇွန်လ-၁၁ ရက်နေ့ နံနက် ၃း၀၀ နာရီတွင်လုံခြုံရေးကားမှ ဝေးသည်ဖြစ်ကြောင်း

ယနေ့ ဇွန်လ -၁၁ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အသက်(၁၂)နှစ်အရွယ်ပဲစေ့ရောင်းစားသော မွတ်ဆလင်မိန်ကလေးတစ်ဦး အမှတ်(၂)ရပ်ကွက်ကင်ရီးရွာလမ်းကြားထဲတွင် ဒုတပ်ကြပ်ကြီး တင်အေးနှင့် မောင်ချေတို့သည်သေနတ်ဖြင့်တိကျစွာပိုက်ခတ်၍ ပြည်သူလုထုရှေ့မှ အလောင်းကို
လုံခြုံရေးကားဖြင့် ယူသွားခဲ့ပါသည်။

မောင်တောမြို့၊ အမှတ်(၅) ရပိကွက်နှင့် မြို့သူကြီးကျေးရွာတို့တွင်ဒေသခံရခိုင်များက အိမ်အများအပြားမီးရှီု့ပျက်ဆီးခဲ့ပြီး မြို့ပေါ်တွင်မွတ်ဆလင် (၁၀၀)ကျော်သေဆုံးသွားပါသည်။
အဆိုပါအခင်းပွားသည့်နေ့မှ ဇွန်လ (၁၁)ရက်နေ နံနက်(၉း၀၀)နာရီလုံခြုံရေးနှင့်ရခိုင်လူမျိုးများပူပေါင်းပြီး
ဆိုင်ခန်းများလုယူသွားခဲ့ပါသည်။

(အကယ်၍ ဤသတင်းနှင့်ပတ်သက်၍ တစ်လုံးတစ်စ ဇဝေဇ၀ါရှိသော် မိမိစိတ်ချရသောမောင်တောမြို့ခံ မွတ်ဆလင်ထံမှ မေးမြန်နိုင်ပါသည်။ အကယ်၍ ကွဲလွဲမှုရှိပါကကျွန်တော်သည် သေးဆိုးနှင့်သေပါစေ)


မနေ့ ၀၈ ၊ ဇွန် ၊ ၂၀၁၂ နေ့ပိုင်းတွင် မောင်းတောမြို့ နေ ရိုဟင်ဂျာအမျိုးသား ဒေါက်တာနောဂျူမော်ဒင် အသက် (၆၅ - ၇၀) လောက်ရှိသူသည် စစ်သွေးကြွ အကြမ်းသမားတို့၏ ရက်စက်စွာ ဓါးခုတ် သတ်ဖြတ်ခံရကြောင်း ယနေ နံနက်ပိုင်းတွင် မောင်းတောမြို့ မှ စုံစမ်းသိရှိရသည်။ တဖန် မနေ့က
၀၈ ၊ ဇွန် ၊ ၂၀၁၂ ရက် ည ၁၀ နာရီလောက်တွင် ဂေါ်ဒုတာရား ကျေးရွာနေ ဥက္ကဌဟောင်း
နုရ်ရုရ်အာမီန် ဆိုသူကိုလည်း ၎င်း၏ ဆိုင်၌ပင် လည်ပင်ကို ဓါးဖြင့်လှီးဖြတ် သတ်ဖြတ်ခံရကြောင်း ၎င်းကျေးရွာသား တစ်ဦးမှစုံစမ်းသိရှိရသည်။ ၀၉ ၊ဇွန် ၊၂၀၁၂ ယနေ့ နံနက်ပိုင်း ၈ နာရီလောက်တွင် မောင်းတောမြို့ တောင်ပိုင်း ၅ မိုင်အကွာအဝေးတွင်ရှိ ဒုရှီရာတောင် ကျေးရွာသား လူငယ်
၂ နှစ်ဦးကို စစ်တပ်မှ ကားမောင်းသွားစဉ် ပစ်သတ်သွားကြောင်းသတင်းရရှိသည်။ မနေ့ ည ၌ ဖြစ်ဖျက်ခဲ့သော အကြမ်းဖက် မီးရှို့  သတ်ဖြတ်မှုတွင် ၃ မိုင် ဒုလာဖါရာရွာတွင်
ဗလီတစ်လုံး မီးရှို့ ခံခဲ့ရသည်ဟု သိရသည်။


မောင်းတော မြို့ ပြင်က ၃မိုင် ၄မိုင် ကျေးရွာများရှိ ရိုဟင်ဂျာအိမ်ခြေများ နှင့် အမှတ် (၅ )ရပ်ကွက်ရှိ ရိုဟင်ဂျာ အိမ်ခြေများစုစုပေါင်း ၁၀၀၀ ကျော်မီးရှို့ ခံခဲ့ရပြီး ရိုဟင်ဂျာ မူစလင် အယောက် (၂၀၀ ) လောက် သတ်ဖြတ်ခံရသည်ဟု ဒေသခံ ရိုဟင်ဂျာများကဆိုကြသည်။ ပြင်ပ မီဒီယာများတွင် သတင်းလွှင့်ရာတွင် ရိုဟင်ဂျာတွေကမီးရှို့ နေတယ်၊သတ်နေတယ်ဟူ၍ လုပ်ကြံသတင်းများကို ဖြန့်ဝေကာ ခားတဖက်ကလည်း ရခိုင်ပြည်နယ် မောင်းတော ဒေသနေ ရိုဟင်ဂျာလူမျိုးများကို ညတွင်းချင်း အုပ်စုလိုက် သတ်ဖြတ်မှုများကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြသည်။ အရပ်သား ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်များအားလုံးကို ၎င်းတို့ နေထိုင်ရာပတ်ဝန်ကျင်၌ ရှိသော ဘုန်းကြီးကျောင်းများတွင် အစောင့် အကြပ်များဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားပြီး အိမ်တွင်းနေ ရိုဟင်ဂျာတို့၏ အိမ်များကို မီးရှို့ ၍ အိမ်ပြင်ထွက်လာသူများကို ရက်ရက်စက်စက် သားကောင်းများသဖွယ် ပစ်ခတ်သတ်ဖြတ်ပြီးကားပေါ်တင် သယ်ဆောင်သွားခဲ့ကြောင်း မနက်မိုးလင်းတော့ လမ်းပေါ်တွင် စွန်းထင်နေသော သွေးများကို မီးသတ်ကားများဖြင့် ဆေးကြောသန့်စင်ခဲ့ကြောင်းမျက်မြင်သက်သေ တစ်ဦးဖြစ်သူ လက်ရှိ U.N အမူထမ်းတစ်ယောက်ထံမှ စုံစမ်းသိရှိရသည်။

မနေ့ ညပိုင်းက ဖြစ်ဖျက်ခဲ့သော မင်းမဲ့စရိုက် အကြမ်းဖက်သတ်ဖြတ်မှုများစတင် ဖြစ်ပွားခဲ့ပုံများ အသေးစိပ် စုံစမ်း မေးမြန်းထားသည်များကို အောက်တွင် ဖေါ်ပြပေးထားပါသည်။

ညမထွက်ရ အမိန့် ထုတ်ပြန်အပြီး ရိုဟင်ဂျာမူစလင်များသည် မိမိတို့၏ နေအိမ်အသီးသီးများသို့ ပြန်သွားပြီး နောက်ပိုင်း ခန့်မှန်ခြေ ည ၇း၀၀ နာရီလောက်မှစ၍မောင်းတော အကျဉ်းထောင်ဟောင်း
အနီး အမှတ်(၅)ရပ်ကွက်အတွင်းရှိ အကျဉ်းထောင်အနီး ဘောလုံးကွင်း၌လုံထိန်း၊ ရဲ ၊န.စ.ကနှင့် စစ်သားများက နေရာယူ၍ အရပ်သား ဟန်ဆောင်ထားသူများက အမှတ်(၅) ရပ်ကွက် အတွင်းရှိ
ရိုဟင်ဂျာ မူစလင် အိမ်များကို ဓါတ်ဆီပုလင်းများဖြင့် စတင်ပစ်ပေါက် မီးရှို့ မှုကြောင်း အိမ်တွင်နေ ရိုဟင်ဂျာမူစလင်ကလေး လူကြီး အမျိုးသမီး အများအပြား မီးလောင်းသေဆုံးသွားကြောင်းသိရသည်။ အိမ်မီးလောင်း နေစဉ်း အပြင်ကို ထွက်လာသူ အားလုံးကိုလည်း အိမ်ကို ဝိုင်းရံထားသော
ရခိုင်လူမျိုး လုံထိန်း၊ န.စ.က နှင့် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၎င်းအမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ အသက်ဘေးက ထွက်ပြေး လွှတ်မြောက်ခဲ့သူမှ သိရသည်။
၎င်းသေဆုံးသူများကို နံနက်ပိုင်းတွင် ကားပေါ်တင် ခေါ်ဆောင်သွားခဲ့သည်ဟုသိရသည်။

သေဆုံးသူများသည် အမှတ်(၅) ရပ်ကွက်မှ အများဆုံးဖြစ်ကြောင်း မောင်းတော တစ်မြို့ လုံး မြို့ ပြင် အတွင်း ခန့်မှန်ခြေ စုစုပေါင်း ရိုဟင်ဂျာ မူစလင်အယောက် (၂၀၀) ထိရှိနိုင်ကြောင်းသိရသည်။ ။ ရဲတပ်သား ၃၀၀၀နှင့် ရခိုင်ပြည်တွင်က အခြားမြို့ များက စစ်သား ၅၀၀၀ထောင် ကိုလည်း မောင်းတောမြို့ ပေါ်ရောက်ရှိနေကြောင်း ရခိုင်လူမျိုး န.စ.က ၊ ရဲတပ်ဖွဲ့ နှင့် လုံထိန်းအများအပြားနဲ့ အတူ အရပ်သား ဟန်ဆောင်ထားသူ လူ ( ၂၀၀ )လောက်က ရှေ့ဆုံးကနေ အိမ်များကို ဓါတ်ဆီပုလင်းများဖြင့် ပစ်ပေါက် မီးရှို့ ခဲ့ကြောင်း မီးလောင်အိမ်အတွင်းမှ ထွက်လာသူ ရိုဟင်ဂျာ မူစလင်များကို ရခိုင်လူမျိုး လုံထိန်း၊ ရဲ နှင့် န.စ.က တပ်ဖွဲ့ဝင်များက ဝိုင်းဝန် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သေဆုံးသွားသော
လူသေအလောင်းများကို ကားပေါ်တင် ချက်ချင်း သယ်ဆောင်သွားခဲ့ကြောင်းစုံစမ်းသိရှိရသည်။
ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်းက သတင်များတွင် ဖေါ်ပြနေသကဲ့သို့ ရိုဟင်ဂျာတွေက သတ်နေတယ် ၊ဘင်္ဂလာက ဘင်္ဂါလီတွေဝင်ရောက်လာပြီး ရခိုင်ကို သတ်နေတယ်ဆိုတာ လုံးမဟုတ်ပါဘူး အခုကိစ္စကို ဘက်မလိုက်ဘဲ သတင်းအမှန်ကို ရယူ ထုတ်လွှင့်ပေးဖို့ ပြည်တွင်း ပြည်ပ မီဒီယာများကို မောင်းတောမြို့ ခံ ရိုဟင်ဂျာများက တောင်းဆိုပါကြောင်း သတင်းဌာနများသို့ မောင်းတောလူထု ရိုဟင်ဂျာတို့က တိုက်တွန်းလိုက်ပါသည်။

စစ်ရဟပ်ယာဉ် ၂ စင်းဖြင့် မောင်းတော မြို့ ပေါ်တွင် ပျံသန်း ကင်းလှည့်နေကြောင်း သတင်းရရှိသည်။
09 june 2012 

Rohingya Exodus