October 08, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Myanmar News

Video News

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

A human rights activist and genocide scholar from Burma Dr. Maung Zarni visits Auschwitz-Birkenau Nazi Extermination Camp and calls on European governments - Britain, France, Sweden, Norway, Italy, Denmark, Hungary and Germany not to collaborate with the Evil - like they did with Hitler 75 ye...

Event

...

Editorial by Int'l Media

By Dhaka Tribune Editorial November 5, 2017 How can we answer to our conscience knowing full-well what the Myanmar military is doing to the innocent Rohingya minority -- not even sparing children or pregnant women? Despite the on-going humanitarian crisis involving Rohingya refugees ...

Interview

Open Letter

RB Poem

Book Shelf

မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း ထူထောင်နိုင်ရန် ဂျပန်နိုင်ငံက ကူညီမည်ဟု ဆို


 မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း ထူထောင်နိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ တိုကျို စတော့အိပ်ချိန်းနှင့် Daiwa Securities Group တို့မှ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

Daiwa နှင့် တိုကျို စတော့အိပ်ချိန်း (TSE) တို့သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း ထူထောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဧပြီ ၁၈ ရက်နေ့တွင်ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပူးတွဲကြေညာချက်တွင် အသေးစိတ် အချက်အလက်များကို ထည့်သွင်းပြောကြားသွားခြင်း မရှိသော်လည်း ထိုလုပ်ငန်းနှစ်ခုနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရမူ ၂၀၁၅ မှစ၍ မြန်မာနိုင်ငံတွင် စတောာ့အိပ်ချိန်း ထူထောင်နိုင်အောင် စီမံသွားမည်ဟု သိရကြောင်းရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

Daiwa ၊ TSE နှင့် မြန်မာနိုင်ငံတို့သည် စတော့အိပ်ချိန်း ထူထောင်နိုင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လာမည့် မေလလယ်ခန့်တွင် လက်မှတ်ရေးထိုးကြဖွယ်ရှိကြောင်းလည်း ရိုက်တာ သတင်းဌာနက ဂျပန်နိုင်ငံမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြသွားသည်။

ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ်လုပ်ငန်းကြီးဖြစ်သော Mizuho Corporate Bank သည်လည်း မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားပြီဖြစ်သလို၊ ဂျပန်နိုင်ငံမှ နာမည်ကျော် လက်လီအရောင်းဆိုင်ကြီးဖြစ်သော Lawson Inc. သည်လည်း မြန်မာနိုင်ငံတွင် ဆိုင်ခွဲများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

Source : Messenger News Journal


Write A Comment

Rohingya Exodus