တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦး ရာထူးမြင့်သူများဖြင့် အစားထိုး
ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် စုစုပေါင်း ၅၉ ဦးအား လက်ရှိ တပ်မတော်သား ကိုယ်စားလှယ်များထက် ရာထူးမြင့်သည့် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး အဆင့်တို့ဖြင့် အစားထိုး လဲလှယ်လိုက်ကြောင်း ယမန်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ယခုအစားထိုးခန့်အပ်လိုက်သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့် ၈ ဦး ဗိုလ်မှူးကြီး အဆင့် ၁၄ ဦး နှင့် ဒုဗိုလ်မှူးကြီး အဆင့် ၃၇ ဦးတို့ ပါဝင်သည်ကိုတွေ့ရကာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ရာထူးမြင့်မားသူ ဆယ်ဂဏန်းနှင့်ချီ ပါဝင်လာခြင်းဖြစ်သည်။
ယခုလက်ရှိအချိန်ထိ တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ၁ ဦးသာရှိနေခဲ့ရာမှ ယခု ၈ဦးထပ်မံ ထည့်သွင်းလိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့မှ အမည်မဖေါ်လိုသည့် တပ်မတော်သား ကိုယ်စားလှယ်တဦးက ပြောဆိုရာတွင် အစားထိုးခံရသည့် တပ်မတော်သား ကိုယ်စားလှယ်များထဲတွင် အပတ်စဉ် ၄၃ ဆင်း ဗိုလ်မှူးအဆင့်ထိ ပါဝင်ကြောင်း၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ လွှတ်တော်ထဲ ၀င်လာတော့မည့် အချက်နှင့် ယခုအစားထိုးလဲလှယ်သည့် အဖြစ်အပျက် ဆက်စပ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောဆိုသည်။
၎င်းတပ်မတော်သား ကိုယ်စားလှယ်များအား ယခုလွှတ်တော် ပြန်လည် မစတင်မီ ၄ ရက်အလို ကတည်းက နေပြည်တော်သို့ ရောက်ရှိနေရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်စရာ မလိုပဲ ခန့်အပ်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။
ဆယ်စုနှစ် ၂ ခုကျော်ကြာ စစ်တပ်အစိုးရ၏ ဖိနှိပ်မှုခံခဲ့ရသည့် အန်အယ်လ်ဒီပါတီက ယခုလဆန်းတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ထဲ ပါဝင်လာတော့မည် ဖြစ်သည်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်မည့် စာသားတွင် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့်စာသားကို ပြင်ဆင်ပေးရန် အန်အယ်လ်ဒီပါတီမှ တင်ပြထားရာ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ပြန်လည်စတင်မည့် လွှတ်တော်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ။
Source : Yangon Press International

Burmese Military Junta fraud and cheat Government joking with united nation and Burmese civilian there is only one way to drag them security council .