Latest Highlight

စီးပွားရေးဆိုက်ရောက် ဗီဇာကို ဇွန်လ ၁ ရက်နေ့တွင် စတင်ပေးမည်


 မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ အနေဖြင့် လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ စီးပွားရေး ဆိုက်ရောက်ဗီဇာရယူနိုင်မည်ဟု လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ၀န်ကြီး ဦးခင်ရီက ယနေ့နေ့လည်ပိုင်း သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

ယင်းဗီဇာ ထုတ်ပေးရာတွင် ဗီဇာကြေးမှာ အမေရိကန် ဒေါ်လာ ၄၀ ကျသင့်မည်ဖြစ်၍ ရက်ပေါင်း ၇၀ နေထိုင်နိုင်မည်ဖြစ်သည်ဟု ဦးခင်ရီက ရှင်းလင်းပြောဆိုသွားသည်။

စီးပွားရေး ဗီဇာဟု ဆိုသော်လည်း သတင်းမီဒီယာ သမားများလည်း ယင်းဗီဇာဖြင့် လာရောက်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နှစ် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုနှစ် ပြည်ပခရီးသွားဝင်ရောက်နှုန်းမှာ ယခင်နှစ်ထက် ၁၀ ခန့်တိုးမြှင့်လာကြောင်းလည်း ပြည်ပခရီးသွားဝင်ရောက်မှု နှင့် ပတ်သက်၍ ဦးခင်ရီက ယနေ့ ပြောဆိုသွားသည်။

ထိုသို့ ပြည်ပခရီးသွားဝင်ရောက်မှု မြင့်တက်လာသည့် အချိန်တွင် ယခုလို ဗီဇာထုတ်ပေးမှုဆိုင်ရာ ဖြေလျှော့မှု ထပ်မံဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ ။
Source :-ကျော်စိုးလင်း (YPI)

Write A Comment

Rohingya Exodus