Latest Highlight

မြန်မာ့ရုပ်ရှင်ငွေရတုအခမ်းအနားမှာ မိန့်ခွန်းပြောနေဟန် ဗိုလ်ချုပ်ပုံပန်းချီကားကို ရုပ်ရှင် လောကသားများပြန်မြင်ခွင့်ရ


ဇွန်ပန်းပွင့်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ နီးပါးက ကျင်းပ ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ငွေရတုသဘင်အခမ်း အနားကို တက်ရောက်ပြီး မိန့်ခွန်းပြောတဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ခြံရံလိုက် ပါလာတဲ့ ဒီးဒုတ်ဦးဘချို၊ ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ်ဦးအုန်းမောင်၊ ပဲရော့စ် ဦးဆန်နီ၊ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ၀င်း)နဲ့ ဇာတ်မင်းသားကြီး တို့ကို ပုံဖော်ရေးဆွဲထားတဲ့ ရေဆေး ပန်းချီကားကို မြန်မာနိုင်ငံရုပ်ရှင်အစည်း ရုံး အစည်းအဝေးခန်းမမှာ ချိတ်ထားပေမယ့် ကာလအတန်ကြာ ဖုံးကာထားရာ က ခုတော့ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

ဗိုလ်ချုပ်ပန်းချီကား နောက်ခံထားလို့ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေးကော်မရှင်ဝင်များ မတ်လ ၁၆ ရက်နေ့က စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်နေကြစဉ်။
ဓာတ်ပုံ - ဘူးသီး



"၁၉၂၀ ပြည့်နှစ်မှာ မြန်မာ့ရုပ်ရှင် စပေါ်ပေါက်တယ်။ ၁၉၄၅ ၀န်းကျင်ခန့် က ပထမဆုံး ရုပ်ရှင်ငွေရတုသဘင် ကျင်းပတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ပြီး မိန့်ခွန်းပြော ခဲ့တယ်။ ဓာတ်ပုံရိုက်ကူးထားတဲ့ သမိုင်း ၀င်အကြောင်းအရာကို ၁၉၉၆ ခုနှစ် စိန်ရတုပွဲကျင်းပတဲ့အချိန်မှာ ပန်းချီ ပြန်ဆွဲခဲ့ပါတယ်"လို့ ပန်းချီကားကြီး အကြောင်းကို ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်က ပြောပြပါတယ်။

စိန်ရတုသဘင်အခမ်းအနားအတွက် ပန်းချီကားကို ပန်းချီမောင်ကျော်ညွန့်နဲ့ အဖွဲ့က ရေဆေးဖြင့်ရေးဆွဲပြီး ရုပ်ရှင် ပိုစတာရေးဆွဲတဲ့ ပန်းချီဆရာများစွာက လည်း စိန်ရတုသဘင်အခမ်းအနား ပြခန်းတွေမှာ ချိတ်ဖို့ လန်ဒန်အတ် ဦးအုန်းမောင်၊ ဦးညီပုစတဲ့ ရှေးအနု ပညာ ရှင်တွေရဲ့ပုံတူတွေပါ ရေးဆွဲခဲ့တာဖြစ်ပါ တယ်။ "စိန်ရတုသဘင်အမှတ်တရအနေနဲ့ တို့ရုပ်ရှင်နဲ့ လိုက်ဖက်တယ်ထင်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမထဲ မှာ ချိတ်ထားတာ ၁၉၉၆ ခုနှစ်ကတည်း ကပါပဲ။ ကျန်တဲ့ကားတွေကို ရုပ်ရှင် သမိုင်းပြတိုက်မှာ ပြထားတယ်။ ဒီပန်းချီ ကားကို ဖွင့်ပါပိတ်ပါလို့ ဘယ်သူမှမပြော ပါဘူး။ ကိုယ့်ဘာသာကို စိုးရိမ်လို့ ပိတ် ထားတာပါ"လို့ ဒါရိုက်တာ ဦးစိုးမိုးက ပြောပါတယ်။

"ငွေရတုသဘင်အခမ်းအနားမှာ ဆာဟူးဘတ်ရန့်စ်လည်း မြန်မာရုပ်ရှင် သမိုင်းပြတိုက်မှာလာပြီး ဖွင့်လှစ်ပေးတယ်"လို့ ဦးအောင်လွင် က မှတ်သားဖွယ်ပြောပြပါတယ်။

Source : Myanmar times

Write A Comment

Rohingya Exodus