Latest Highlight

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လားရှိုးခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးမြိ့ကိုသွားရောက်တဲ့ ရွေေးကာက်ပွဲ အောင်နိုင်ရေး ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကြိုဆိုနေကြပုံ မြင်ကွင်း




ရန်တိုင်းအောင်လူထုဟောပြောပွဲမိန့် ခွန်း ကောက်နှုတ်ချက်


ဒေါ်အောင်ဆန်းစုကြည် လားရှိုး ရန်တိုင်းအောင်ကွင်း လူထုဟောပြောပွဲမှာ မိန့် ခွန်း ပြောကြားနေစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)

မတ်လ ၁၇၊ ၂၀၁၂ (YPI)

လားရှိုးမြို့ လူထုအခြေအနေနှင့် ပတ်သက်ပြီး

“အရင်တခေါက်လာတုန်းက အခြေအနေနဲ့ မတူဘူး၊ ပြည်သူတွေက ကြောက်နေကြတယ်။”

အဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး

“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုပါ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ပါတီတခုကို တည်ထောင်ခဲ့တာဖြစ်ပါတယ်”

တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး

“တိုင်းရင်းသား လူမျိုးလည်း စုံတယ်၊ လူဦးရေကလည်း များတယ်ဆိုတော့ တယောက်နဲ့ တယောက် နားလည်မှုရှိရပါမယ်”

“ပြည်သူတွေအနေနဲ့ အပြောင်းအလဲ လိုချင်ရင် မဲရုံကို သွားပြီး ကိုယ်လိုချင်တဲ့သူကို မဲပေးလိုက်ရုံပဲ၊ ပြည်သူတွေလည်း မပင်ပန်းဘူး။”
တရုတ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍

“ ကျွန်မတို့ နိုင်ငံဟာ ပထ၀ီအနေအထားအရ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်နေပါတယ်။ ဒိမိုကရေစီ အစိုးရတည်တံ့မှ နိုင်ငံအချင်းချင်း နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်နိုင်မှာပါ။
ကျွန်မတို့လိုချင်တာ နှစ်ဦးနှစ်ဖက်စလုံး နားလည်မှုရှိတဲ့ ဆက်ဆံရေးမျိုးပဲ၊ စီးပွားရေး အရသာဆက်ဆံတဲ့ ဆက်ဆံရေးမျိုးမဟုတ်ပါဘူး ”

တပ်မတော်သားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြဖို့
“နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်၊ အဲဒီလူတိုင်းထဲမှာ တပ်မတော်သားတွေလည်း ပါတယ်။ ဒါကြောင့် တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ” “ တပ်မတော်သားတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြပါ”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ဝန်းကျင်မှ စတင်သည့် မိန့်ခွန်းမှာ မွန်းလွဲ ၃နာရီ ခွဲတွင် ပြီးဆုံးသွားပြီဖြစ်သည်။

_____________________________________________

လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထု




ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်နေသည့် လားရှိုးမြို့၊ ရန်တိုင်းအောင် ဘုရားကြီးကွင်းပြင်ရှိ လူထုအား ယခုတွေ့ရစဉ်။

ဓာတ်ပုံ-ဥက္ကာကိုကို



ရန်တိုင်းအောင် ကွင်းတွင် တွေ့ရသော လားရိုးမြို့က လူထုများ ..ဓာတ်ပုံ ဆိုင်းဆွတ်


ဒေါ်အောင်ဆန်းစုကြည်သည် ညနေသုံးနာရီတွင် လားရှိုးမြို့၊ ရန်တိုင်းအောင်ဘုရားကြီး ကွင်းသို့ ၀င်ရောက်လာပြီး လူထုအား စတင်ဟောပြောနေပြီဖြစ်သည်။ လားရှိုးတက္ကသိုလ်ရှေ့မှ ကွင်းအထိ သူမနောက်သို့ လိုက်ပါလာကြသော လူထုမှာ သုံးသောင်းခန့်ရှိပြီး ကွင်းအတွင်းစောင့်ဆိုင်းနေကြသည့်လူထုမှာ ငါးသောင်းခန့်ရှိသည်။
““ဟောပြောပွဲတွေ သွားခဲ့တဲ့တစ်လျှောက် ဒီလောက်လှတဲ့မြင်ကွင်းမျိုးတစ်ခါမှ မကြုံဖူး သေးဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို စတင်မိတ်ဆက်လိုက်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို

Write A Comment

Rohingya Exodus