Latest Highlight

အသစ်ထွက်ရှိလာမည့် Window 8 တွင် မြန်မာစာဖောင့် ပါဝင်လာတော့မည်

Microsoft မှ ၂၀၁၂ ခုနှစ်ဆန်းပိုင်းတွင် အသစ်ထွက်ရှိလာတော့မည့် Windows 8 OS အသစ်တွင် မြန်မာစာဖောင့်အဖြစ် မြန်မာစာယူနီကုတ်ဖောင့် built-in အဖြစ် ပါဝင်လာတော့မည် ဖြစ်ကြောင်း Microsoft မှ အသစ်ထုတ်ပြန်လိုက်သည့် Window 8 OS အသစ်တွင် Windows 8 Developer Preview တွင် ပါရှိကြောင်း အွန်လိုင်သတင်းစာ မျက်နှာများနှင့် Facebook ရှိ Htoo tay zar ၏ Note စာမျက်နှာတို့၏ ဖော်ပြချက်အရ သိရသည်။

Microscoft မှ အသစ်ထွက်ရှိလာမည့် Windows 8 ၏ UI (User Interface) မှာ Microsoft မှ ထုတ်လုပ်ထားသည့် Windows Phone 7 နှင့် ပုံစံဆင်တူဖြစ်ပြီး icon များကို လေးထောင့်ကွက်လေးများဖြင့် ပုံဖော်ထားကြောင်း အင်တာနက်၏ Leave အွန်လိုင်း စာမျက်နှာများတွင် ဖော်ပြချက်များအရ စိတ်ဝင်စားသူ အများအပြား ရှိလျက်ရှိကြောင်း အင်တာနက် အသုံးပြုသူများထဲမှ သိရသည်။

Window 8 ကို 64 bits နှင့် 32 bits developer preview များကို Microsoft မှ ထုတ်လုပ်ပေးထားပြီး အခမဲ့ စမ်းသပ်သုံးစွဲနိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။ Windows 8 OS တွင် built-in အဖြစ် Myanmar text Regular အမည်ဖြင့် မြန်မာစာဖောင့် ပါဝင်လာခြင်းဖြစ်ပြီး တိုင်းရင်းသား ဘာသာစကားဖောင့်များလည်း ပါဝင်ကြောင်း သိရသည်။

ကွန်ပြူတာ အသုံးပြု OS စနစ်များအဖြစ် မြန်မာစာ ယူနီကုတ်စနစ်ကို Apple ၏ မကြာမီက အသစ်ထွက်ရှိထားသည့် Lion OS တွင် ပါဝင်ခဲ့ပြီး ယခုအခါ Microsoft ၏ Windows 8 တွင် ထပ်မံပါဝင်လာခြင်း ဖြစ်သည်။ သို့သော်လည်း ပြည်တွင်း၌ မြန်မာစာ ယူနီကုတ် စနစ်များမှာ အမျိုးအစားမျိုးစုံ ကွဲပြားလျက်ရှိပြီး ပြည်တွင်းထုတ် ယူနီကုတ်စနစ်များ မဟုတ်ပဲ သူတို့ ကုမ္ပဏီမှ developer များ တီထွင် ဖန်တီးထားသည့် ဖောင့်စနစ်များလည်း ဖြစ်သည်။ အဆိုပါ Myanmar text Regular ကို font cerator တစ်ဦးဖြစ်သူ John Hudson က တီထွင်ထားခြင်း ဖြစ်သည်။

Window8လာပါပြီ
အခုဆိုရင်MicrosoftကWindow8ကိုစတင်မိတ်ဆက်ပြီးအစမ်းအနေနဲ့စတင်သုံးစွဲခွင့်ပြုလိုက်ပါပြီ။
အသုံးပြုခြင်သောညီအစ်ကိုမောင်နှမများဒီနေရာမှာ32bitsအတွက်နဲ့ဒီနေရာမှာ64bitsအတွက်ဒေါင်းလုဒ်ယူနိုင်ကြပါတယ်ခင်ဗျာ။တော်တော်လန်းပါတယ် ဝါသနာပါရင်ခောတ်နောက်မကျချင်ရင်သုံးကြည့်ပါနော်။




Credit :Net Guide Journal & ကိုထွန်းလင်း


Write A Comment

Rohingya Exodus