Latest Highlight

Wikimyanmar သို့ တုန့်ပြန်ချက် by နေဆန်းလွင်

ကိုလိုနီခေတ်နှောင်းပိုင်းဆိုသည်မှာ၁၉၄၈ခုနှစ်နှောင်းပိုင်းကိုဆိုလိုခြင်းဖြစ်၍ပါလီမန်ခေတ်အတွင်းဆိုသည်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

မောင်းတော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား ၊  စစ်တွေရမ်းဗြဲနှင့်ကျောက်ဖြူ မြို့များတွင်နေထိုင်သူများမှာ ရိုဟင်ဂျာလူမျိုးများဖြစ်ကြသည်။ သို့သော်သံတွဲမြို့တွင်နေထိုင်သူများမှာ ကမန် လူမျိုးများဖြစ်ကြသည်။

Wikimyanmar ၌အစပိုင်းတွင် ရိုဟင်ဂျာလူမျိုးများကို ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း တရားမ၀င်အခြေချသူများဟုရေးသားထားသည်။ တဖန် “အဆိုပါ ဘင်္ဂလီလူမျိုးတို့ကို ရခိုင်ဘုရင်အဆက် ဆက်၊ အစိုးရအဆက်ဆက်နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ” ဟုရေးသားထားပြန်သည်။ ဤသည်မှာ Wikimyanmar သည် ရိုဟင်ဂျာလူမျိုးတို့် ရခိုင်ပြည်၌ ၁၇၈၄ ခုနှစ်မတိုင်မီကတည်းက နေထိုင်လာခဲ့သော လူမျိုးများဖြစ်သည်ဟု သက်သေခံပေးသည့်အထောက်အထားတစ်ခုဖြစ်သည့်အတွက် စာရေးသူမှ ကျေးဇူးတင် မိပါသည်။ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးရှိခဲ့ရာတွင် ရိုဟင်ဂျာလူမျိုးပါဝင်ခဲ့သည်ကို ရေးသားထားသည့် အတွက်လည်း မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများတွင်ရိုဟင်ဂျာလူများပါဝင်သည်ကိုထပ်မံ၍သက်သေခံပေး ခြင်းဖြစ်သည်။

ဦးနုလက်ထက်၌ မဲပေးခဲ့သူများအားလုံးမှာ အမျိုးသားမှတ်ပုံတင် ကပ်ပြား ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများဖြစ်ကြသည်စာရေးသူ၏အဖိုးအဖွားများကိုင်ဆောင်ခဲ့သောထိုအမျိုးသားမှတ်ပုံတင်များကို စာရေးသူ ကိုယ်တိုင်မြင်ဖူးခဲ့သည်။ ထိုအမျိုးသားမှတ်ပုံတင်များကို၁၉၇၈ခုနှစ်တွင်အာဏာရှင်ဦးနေ၀င်းမှ နဂါးမင်းစီမံ ချက်ဖြင့် ဦးစိန်လွင်အားဦးစီးစေပြီး တအိမ်တက်တအိမ်ဆင်း၍ မတရားသိမ်းစေခဲ့သည်။ ထိုသို့အသိမ်းခံရသော သူများမှာ ယခုထိအသက်ရှင်နေထိုင်လျက်ရှိသည်ထိုအချိန်၌အစိုးရအမှုထမ်းအချို့၏ အမျိုးသားမှတ်ပုံတင် များကိုသာ မသိမ်းဆည်းဘဲ ချန်ခဲ့သည်။ 

ရိုဟင်ဂျာလူမျိုးတို့ကိုင်ဆောင်ခဲ့သော အမျိုးသားမှတ်ပုံတင်များအား မတရားသိမ်းပိုက်၍ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၁ ခုနှစ်များတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ဒုက္ခသည်ဘ၀သို့ရောက်နေရခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင်လည်း ထိုဒုက္ခသည်များကို နိုင်ငံတွင်းသို့ ပြန်လည် ခေါ်ခဲ့ရသည်။ ၁၉၉၁ ခုနှစ်တွင်လည်း အချို့ကိုပြန်လည်ခေါ်ခဲ့ရသည်။ ထိုကဲ့သို့ပြန်လည်ခေါ်ခဲ့ရခြင်းသည် ထိုရိုဟင်ဂျာလူမျိုးတို့သည် မြန်မာနိုင်ငံသားများဖြစ်သောကြောင့်ဖြစ်သည်။ အချို့မှာ ယခုအချိန်ထိ မဲဆောက် နှင့်အခြားနေရာများတွင်သောရှိသော ဒုက္ခသည်များနည်းတူ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် နေထိုင်နေရ ပါသည်။ ထိုသို့နေထိုင်ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများပေးသော ဒုက္ခများကိုနေ့စဉ်ရက်ဆက်ခံစားနေကြ ရသည်။ 

ရခိုင်ဘုရင်အဆက်ဆက်တွင်ရှိနေခဲ့သောသူများအဖြစ် Wikimyanmar မှသက်သေခံပြီးဖြစ်သည့်အတွက် ဗြိတိသျှကိုလိုနီခေတ်တွင် တံခါးမရှိဝင်လာသည့်ကိစ္စကို စာရေးသူမှရှင်းလင်းရန်မလိုအပ်တော့ပါ။

ရိုဟင်ဂျာလူမျိုးတို့သည် မြန်မာပြည်မမှခွဲထွက်ရန် မည်သည့်အခါမှ မတောင်းဆိုခဲ့ပါ။ မေယုခရိုင်ကို ပြည်မနှင့် တွဲ၍အုပ်ချုပ်ရန်တောင်းဆိုခဲ့ခြင်းသည် အလွန်အရေးကြီးသော သက်သေအထောက်အထားဖြစ်သည်။ 

ရိုဟင်ဂျာအဖွဲ့အစည်းများအားလုံးသည် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအချို့တွင် အခြေချ၍ မိမိတို့၏ ဆုံးရှုံးသွားသော နိုင်ငံသားရပိုင်ခွင့်များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်၎င်း၊ အခြားသောတိုင်းရင်းသားအဖွဲ့ အစည်းများနှင့်၎င်း ပူးပေါင်း၍ ငြိမ်းချမ်းစွာတောင်းဆိုနေခြင်းဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ လက်နက်ကိုင် ဆောင်၍ နယ်စပ်ဒေသတွင် ဒေသတွင်းစိုးရိမ်ရအောင် တိုက်ခိုက်နေခြင်းမရှိပါ။ 

ရိုဟင်ဂျာဒုက္ခသည်များသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရစဉ် အိမ်ထောင်ဘက် မြောက်မြားစွာရှိ သည်ဟူသောစွပ်စွဲချက်ကို စာဖတ်သူတို့မှ ချင့်ချိန်၍ စဉ်းစားလျှင်အဖြေထွက်မည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ် တွင်ဒုက္ခသည်များ မည်ကဲ့သို့နေထိုင်နေရသည်ကို Youtube ရှိ ဗီဒီယိုများမှတဆင့် စာဖတ်သူများလေ့လာနိုင် ပါသည်။ ယခုအခါ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၌ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည်ဟု ရခိုင်ပြည်သားဗုဒ္ဓ ဘာသာဝင်များကပင် စာရေး၍ Statement ထုတ်နေရသည့်ကာလဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးတို့၏ လက်ထပ်ခွင့်ကို ကန့်သတ်ထားသော်လည်း၊ ထိုကဲ့သို့ စွပ်စွဲပြောဆိုနေခြင်းမှာ ရိုဟင်ဂျာလူမျိုးတို့၏ ဂုဏ်သိက္ခာညိုးနွမ်းအောင် ပြုလုပ်နေခြင်းမှလွဲ၍ အခြားသောရည်ရွယ်ချက်မရှိသည်မှာ သိသာထင်ရှားပါသည်။ မွေးဖွားလာသော ကလေးငယ်များကို အိမ်ထောင်စုစာရင်းထဲ ထည့်မပေးဘဲ ၄င်းတို့၏ဘ၀ကိုပင် နိုင်ငံမဲ့ဘ၀သို့ စနစ်တကျပို့နေသည့်အချိန်တွင် မျိုးဆက်ပွားမှု မြင့်မားမည်လော။ ရှေးခေတ်များတွင် မြန်မာနိုင်ငံအနှံ့အပြား၌ မျိုးဆက်ပွားမှုမြင့်မားခဲ့ပါသည်။ စာဖတ်သူမှ မိမိ ၏အဖိုးအဖွားများ၌ မောင်နှမဘယ်နှစ်ဦး ရှိခဲ့သည်ကို ပြန်လည်ဆန်းစစ်လျှင် အဖြေကိုသိရှိမည်ဖြစ်သည်။ စီးပွားရေး ကျပ်တည်းနေသော မြန်မာနိုင်ငံတွင် ယခုအခါ မည်သူမဆိုမျိုးဆက်ပွားမှုကို ထိန်းချုပ်လျက်ရှိသည်။ 

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအားလုံးမှာ တရွာမှတရွာသို့သွားလျှင် ခရီးသွားခွင့်ပါမစ်တင်ပြီးမှ ခရီးသွားခွင့ှ် ရှိသည်။ ထိုသို့အခြေအနေကြောင့် ဆေးဝါးအချိန်မှီမကုသရဘဲ အသက်ဆုံးရှုံးခဲ့သူများမနည်း တော့ပါ။ ရိုဟင်ဂျာတို့မှာ ယခင်ခေတ်ကဲ့သို့ အစိုးရ၀န်ထမ်းလုပ်ခွင့်လည်းမရကြတော့ပါ။ ဤကဲ့သို့အခြေအနေ တွင် ရန်ကုန်မြို့သို့သွား၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်မှာ အိပ်မက်ပင်မမက်နိုင်ကြပါ။ ထို့ကြောင့် ယခုအခါ စားဝတ်နေရေးကို ဖြေရှင်းရန် အသက်စွန့်၍ စက်လှေများဖြင့် ပင်လယ်ပြင်ကိုဖြတ်၍ မလေးရှား၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများသို့ရောက်ရန်ကြိုးစားနေကြရသည်။ အများစုမှာ ပင်လယ်ပြင်တွင် အစာရေစာငတ်ပြတ်၍ တဖုံ၊ မုန်တိုင်းဒဏ်ကြောင့်တမျိုးဖြင့် လမ်းခရီးတွင်ပင်အသက်ဆုံးရှုံးနေရပါသည်။ ထိုနိုင်ငံများတွင် ရိုဟင်ဂျာများ သာမက အခြားသောမြန်မာနိုင်ငံသားများ သိန်းဂဏန်းနှင့်ရှိပါသည်။ ထိုသို့စွန့်စားသွားနေသော မြန်မာနိုင်ငံသား မြောက်မြားစွာရှိပါသည်။ 

ဤသည်ကို ရှက်ဖွယ်ကိစ္စသဖွယ်ရေးသားရန်မလိုအပ်ပါ။ မြန်မာနိုင်ငံ၏   နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းတို့ကြောင့်သာဖြစ်သည်။ 

Wikimyanmar တွင်ရိုဟင်ဂျာလူမျိုးအကြောင်းရေးသားသူသည် Racist တစ်ယောက်သာဖြစ်ပြီး နိုင်ငံတကာ တွင်အခြေချ၍ အတိုက်အခံအဖြစ်ရပ်တည်နေသော အဖွဲ့အစည်းများ၊ မြန်မာတိုင်းရင်းသားတို့၏ သဘောထား ကိုသိလျက်နှင့် တဖက်သတ်ရေးသားထားခြင်းဖြစ်ပြီး၊ အခြားသောတိုင်းရင်းသားများ၊ ကမန်လူမျိုးများ၊ မြန်မာမွတ်စလင်မ်များနှင့် အငြင်းပွားအောင်ရန်တိုက်ပေးထားသော ရေးသားချက်များကို စာရေးသူမှတုန့်ပြန် ရန်ဆန္ဒအလျင်းမရှိဘဲ၊ မည်သည့်မြန်မာနိုင်ငံသားနှင့်မဆိုပူးပေါင်း၍ နိုင်ငံတော်၏ အရေးများအားလုံးကို အခြား သောနိုင်ငံသားများနည်းတူ ရိုဟင်ဂျာလူမျိုးတို့လည်း ၀ိုင်းဝန်းဆောင်ရွက်ရန်ဆန္ဒသာရှိပါကြောင်း သိစေအပ်ပါ သည်။ 

စာရေးသူသည် ရိုဟင်ဂျာအဖွဲ့အစည်းများ၊ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများနှင့်တွဲဖက်၍ လှုပ်ရှားနေသော Activist တစ်ဦးဖြစ်သည်။ ဆက်သွယ်လိုပါက - rohingya@gmail.com

________________________________________________________________

Wikimyanmar တွင်ရေးသားချက်



ဦးနေဝင်း(မဆလ) အစိုးရက တိုင်းရင်းသားလူမျိုးစု (၁၄၄)မျိုးရှိရာမှ (၈)မျိုးဖြုတ်ချခဲ့ရာ ရိုဟင်ဂျာ(ဘင်္ဂလီ)လူ မျိုးလည်း အပါအ၀င်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ အဆိုပါလူမျိုးစုတို့ သည် ကိုလိုနီခေတ်နှင့် ပါလီမန်ခေတ်ဦးတွင် ရခိုင်ဒေသသို့ အလုံးအရင်း ခိုးဝင်အခြေချနေထိုင်ခဲ့သည့် စစ်တကောင်းနှင့်အရှေ့ ဘင်္ဂေါဒေသ(ဘင်္ဂလားဒေ့ရှ်)မှ ဘင်္ဂလီနိုင်ငံခြားသားများဖြစ်သောကြောင့်ဖြစ်သည်။အဆိုပါလူမျိုးစုတို့ သမိုင်းအထောက်အထားမျိုးစုံဖန်တီးက တိုင်းရင်းသားအဖြစ်တောင်းဆိုခြင်း၊သီးခြားပြည်နယ်တောင်းဆိုခြင်းတို့ ကို လုပ်ဆောင်နေသော်လည်း ယခုဒီမိုက ရေစီ ထွန်းကား နေသော ပါတီစုံစနစ်အောက်တွင် တိုင်းရင်းသား ဆိုသောဝေါဟာရ ၏အဓိပ္ပါယ် နှင့် ဥပဒေ နှင့်သမိုင်းအထောက်အထား၊လူ့အခွင့်အရေး အရ တိုင်းရင်း သားဖြစ် မဖြစ် ပြည်လွှတ်တော် တွင် အဆုံး အဖြတ်ပေး ရလိမ့်မည်ဖြစ်သည်။့

အဆိုပါလူမျိုးစုသည် ကိုလိုနီခေတ်နှောင်းပိုင်းနှင့် ပါလီမန်ခေတ်အတွင်း ရာသီဥတုဆိုးရွားသော စစ်တကောင်းမြစ်ဝကျွန်းပေါ်ဒေသမှ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊မြောက်ဦး၊ရသေ့တောင်၊မင်းပြား၊စစ်တွေ၊သံတွဲနှင့် ရမ်းဗြဲ၊ကျောက်ဖြူဒေသများသို့  တစစစိမ့်ဝင်ပြောင်းရွေ့ လာသော များပြားသည့် တရားမ၀င်ခိုးဝင်အခြေချသူများဖြစ်ကြသည်။ဖဆပလ၏ ပါလီမန်ရွေးကောက်ပွဲကာလအတွင်း ရခိုင်ဒေသမဲဆန္ဒနယ်တွင် အသာစီးမရခဲ့သည့် နိုင်ငံတော် ၀န်ကြီးချုပ်ဦးနု၏ မဲနိုင်ရန်ကြိုးပမ်းမှုတစိတ်တဒေသအဖြစ် အဆိုပါ နိုင်ငံခြားသားများအား မဲပေးခွင့်ပြုခဲ့သည်မှ အစပြု၍ အဆိုပါလူမျိုးစုတို့ ၏ မြန်မာနိုင်ငံအပေါ်ခြေကုပ်ယူမည့် မျှော်လင့်ချက်တို့ ကို ပိုမိုရင့်သန်စေခဲ့သည်။ရခိုင်ဘုရင်များလက်ထက်ကတည်းက အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတို့ ကို ဌာနေတိုင်းရင်းသားအဖြစ်အသိအမှတ်ပြုခဲ့သော်လည်း အဆိုပါ ဘင်္ဂလီလူမျိုးတို့ ကို ရခိုင်ဘုရင်အဆက်ဆက်၊အစိုးရအဆက်ဆက် နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့ချေ။ဗြိတိသျှကိုလိုနီအဖြစ် အိန္ဒိယနှင့်မြန်မာပြည်ကို တပေါင်းတည်းအုပ်ချုပ်ခဲ့စဉ်ကာလက တံခါးမရှိ၊ဓားမရှိဝင်ထွက်သွားလာခွင့်ရခဲ့သည်ကို အခွင့်အရေးယူ၍ မြေလွတ်မြေရိုင်းနှင့် သဘာဝအရင်းအမြစ်ပေါကြွယ်လှသည့် ရခိုင်ဒေသသို့ ပြောင်းရွေ့ အခြေချခဲ့ကြသည့် အဆိုပါလူမျိုးတို့ သည် မျိုးဆက်တစ်ဆက်နှစ်ဆက်ဖြတ်သန်းပြီးနောက် အဆိုပါဒေသကို သူတို့ ၏ ကိုယ်ပိုင်ဒေသအဖြစ် အစ္စလာမစ်ဥပဒေကျင့်သုံး၍ အုပ်ချုပ်ခွင့်ရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာသောအခါ ဒေသခံ ရခိုင်လူမျိုးတို့ နှင့် များစွာသောပဋိပက္ခတို့ ကို ဖြစ်ပွားစေခဲ့သည်။ယခုတိုင်ခွဲထွက်ရေးအတွက် လက်နက်စွဲကိုင်တိုက်ပွဲဝင်နေကြသည့် အစုအဖွဲ့ တို့ ရှိနေသကဲ့သို့  အနောက်နိုင်ငံများတွင် ပြောင်းရွေ့ အခြေချကာ အာရပ်အုပ်စု၏ထောက်ပံ့မှုဖြင့် ဒေသတွင်းမတည်ငြိမ်မှုများစွာကိုဖန်တီးကာ နိုင်ငံရေးနည်းဖြင့် ခွဲထွက်ရေးကိုဖန်တီးအားထုတ်နေကြသည့် ပုဂ္ဂိုလ်အများအပြားလည်း ရှိနေကြသည်။အဆိုပါပုဂ္ဂိုလ်တို့ ကြောင့် နိုင်ငံတော်အစိုးရက နဂါးမင်းစစ်ဆင်ရေးကိုဆင်နွှဲကာ တရားမ၀င်နိုင်ငံခြားသားများကို မောင်းထုတ်ခဲ့ရသည်။သို့ သော် ထိုလူမျိုးစု၏မူလဇစ်မြစ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံသားအဖြစ်အသိအမှတ်မပြုသောအခါ နိုင်ငံမဲ့လူမျိုးများအဖြစ် ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် ယခုတိုင်အခြေချနေထိုင်နေကြရသည်။.ခုချိန်ထိ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံသားအဖြစ်အသိအမှတ်ပြုမခံရသည့် ဘင်္ဂလီဦးရေ တစ်သန်းခွဲခန့် ဆက်လက်ကျန်ရှိနေသေးသည်။အဆိုပါလူမျိုးစုတို့ ၏ အိမ်ထောင်ဘက်မြောက်မြားစွာယူခြင်း၊မျိုးဆက်ပွားမှု မြင့်မားခြင်းတို့ ကြောင့် ဒေသတွင်း လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ်အဆမတန်မြင့်တက်လျှက်ရှိနေသည်။လူဦးရေထူထပ်လာခြင်းကြောင့် အသက်မွေးဝမ်းကျောင်းရန် ခက်ခဲလာသည့်အတွက် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဘင်္ဂလီတို့ သည် ကပ္ပလီပင်လယ်ပြင်ကိုဖြတ်သန်း၍ မလေးရှားနိုင်ငံနှင့် သြစတြေးလျှ၊နယူးဇီလန်စသည့် နိုင်ငံများသို့  သက်စွန့် ဆံဖျား ဒုက္ခသည်အဖြစ်လျှောက်ထားရန် ခိုးဝင်လျှက်ရှိနေကြသည်။တဘက်တွင်လည်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းများ၏ လာဒ်ပေးလာဒ်ယူမှုဖြင့် မြန်မာနိုင်ငံသားဖြစ်လာသူ အမြောက်အမြားရှိနေဆဲဖြစ်သည်။အစ္စလာမ်ဘာသာကို ကိုးကွယ်ခြင်းကြောင့် မဟုတ်ပဲ အဆိုပါလူမျိုးစုတို့ ၏စရိုက်သဘာဝနှင့် ခေတ်အဆက်ဆက်တင်ရှိခဲ့သော လူမျိုးရေးရန်ငြိုးများကြောင့် ရိုဟင်ဂျာပြသနာသည် ရခိုင်ဒေသ၏တည်ငြိမ်အေးချမ်းရေးကို အဆိုးဆုံးခြိမ်းခြောက်နေသော အမျိုးသားရေးပြသနာဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများကဆိုကြသည်။ယနေ့ ချိန်ထိ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များဖြစ်သော ကမန်လူမျိုးစုများနှင့် မြန်မာပြည်မရှိ မြန်မာမူဆလင်လူမျိုးများကိုယ်တိုင် အဆိုပါလူမျိုးစုကို မြန်မာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုလိုခြင်းမရှိသေးချေ။

ရည်ညွှန်းကိုးကား

၁။-(၁၈-၇-၁၉၆၁)ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၆)၊စာ(၃၂-၅၈) ၂။-(၈-၈-၁၉၆၁)ခုနေ့ထုတ်တပ်မတော်ခေတ်ရေးစာစောင်တွဲ(၁၂) ၊အမှတ်(၉)၊

၃။-တိုင်းရင်းသားလူမျိုးးစုပါတီသတင်းလွှာ(ကင်းလွှတ်ခွင့်အမှတ်-န/သ – ၀၈၅) ၊၃၁-၁၂-၁၉၈၉ ၄။-ရခိုင်ရာဇ၀င် ။ အောင်သာဦး ၅။-စန္ဒမာလာလင်္ကာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု ၆။-အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅ ၇။-မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅ ၈။မင်းရာဇာကြီး(mornrazagree.blogspot.com) ၉။anti-rohingha.blogspot.com

  1. Thanks for truth

  2. ဘင်္ဂါလီဆိုသော ဝေါဟာရကို -
    လွတ်လပ်ရေး ရပြီးနောက်လည်း မသုံးခဲ့ဘူး။ဦးနေဝင် လက်ထက်မှာ အရှေ့ပါကိစ္စတန်နိုင်ငံသည်
    အနောက်ပါကိစ္စတန်နှင့်ခွဲထွက်ပြီးနောက် ဘင်္ဂလားဒေရှ်နိုင်ငံကို ၁၉၇၁ – ခုနှစ်နောက် ပိုင်းတွင်
    ဘင်္ဂါလီ ဆိုသော စကားကိုတွင်တွင်ကျယ်ကျယ် သုံးလာခြင်းဖြစ်သည်။ ၁၉၈၂ – ခုနှစ်တွင်နိုင်ငံ
    သားဥပဒေ ကို ရေးဆွဲပြီး ရခိုင်တိုင်းနွယ်ဖွားမွတ်ဆလင်များကို အတင်းအဓမ္မ ဘင်္ဂါလီ အဖြစ်
    သို့သွပ်သွင်းနေခြင်းဖြစ် ပါသည်။

  3. အောက်ပါလူတို့သည်ဘင်္ဂလီလိုပြောချင်ပါသလား။အကိုးအကားခိုင်လုံစွာတင်ပြတာနော်။
    အသေးစိတ် ကို ဓည၀တီဝပ်ဆိုဒ် (အမှတ်ဉ် -၁၃၀ )မှာ ကြည့်

    (ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်း အမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင် အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)
    ( 3 ) ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ မို့တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
    ( 4 ) Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်းဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင် လာသူ ဦးရေး သည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင်ကထိုဖမ်းဆီးယူလာ သော လူထဲတွင် အတတ်ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင် ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့်ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။(Harvey,Outlineof Burmese History Page, 94 )
    ( 5 ) မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း) သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။
    မောရစ်ကောလစ်ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများ အဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်း ကောင်း၊စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီက ရခိုင်ပြည်သည် ကုလား ပြည်တစ်ပြည်ဖြစ်ခဲ့ သည် ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း - စသည်ဖြင့် ဖေါ်ပြထားသည် ။

Write A Comment

Rohingya Exodus