ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းမှ ရရှိလာတဲ့ အသဲရောဂါနဲ့ ဝေဒနာကို မချိမဆန့်ခံစားရင်း ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ကိုသက်နွယ်(ခ)ညိမ်းလူ၏ နာရေးဖိတ်စာ
ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။