Latest Highlight

အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး






အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဇန်န၀ါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ ခန့်တွင် ဘားအံမြို့ ဟိုတယ်ဇွဲကပင်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်

"ကျွန်တော်တို့ ညီအကိုတွေ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေခဲ့ကြတာ ၆၃ နှစ်တောင် ရှိပြီလို့ သမ္မတကြီးက ပြောပါတယ်။ KNU လိုချင်တာ ပေးလိုက်ပါလို့ ကျွန်တော်တို့ကို သမ္မတကြီးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့အစည်းအဝေး မတိုင်မီတွင် ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့ကို လက်နက် စွန့်လွှတ်ဖို့ ဒီတစ်ကြိမ်မှာ သူတို့က မတောင်းဆိုပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေအတွက် တန်းတူအခွင့်အရေး ရရှိဖို့ သူတို့ဆောင်ရွက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ သူတို့ကို ယုံကြည်ပါတယ်။" ဟု ဆွေးနွေးမှုနှင့်ပတ်သက်ပြီး KNU ဗိုလ်မှုးချုပ် ဂျော်နီ က အစည်းအဝေမတိုင်ခင် ပြောကြားခဲ့ပါသည်။

ထို့အပြင် နှစ် ၆၀ ကြာ တိုက်ခိုက်လာကြသူများကြားတွင် တစ်ကြိမ်တွေ့မှုဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း ၄င်က ဆက်လက် ပြောကြားခဲ့ပါသည်။

Source : AFP
(အသေးစိတ်ကို ဆက်လက်ဖော်ပြသွားပါမည်။)

)))))))))))))))))))))))))))))))))))))))))))))))))))))))))))))

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည့် အစီအစဉ်တွင် KNU ဘက်မှ အချက် ၁၁ ချက် တောင်းဆိုသွားမည်ဟု သိရသည်

၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွှံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘ၀အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၎။ အခြေခံ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဖြစ်စဉ်များဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်း၊ အခြားအခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။
၇။ အကျဉ်းသားများအား လွှတ်ပေးရန်၊ ပြည်သူပြည်သားများဘ၀ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာများကိစ္စကို ဖြေရှင်းပေးရန်။
၈။ နှစ်ဘက်စလုံးမှ ငြိမ်းချမ်းရေးပြောဆိုမှုများနှင့် တိုးတက်ရေးနည်းလမ်းများအား အကျိုး ဆောင်ပံ့ပိုးကြရန်။
၉။ စေ့စပ်ညှိနှိုင်းမှုစားပွဲဝိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်များ တရားဝင်မှုရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှုပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။
၁၀။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန်အောင် အစီအစဉ်လုပ်ဆောင်မှုများ စတင်ရန်။
၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုသည့် လုပ်ဆောင်မှုများ တိုးတက်ဖြစ်ပေါ်စေနိုင်ရန် အာမခံသည့်၊ ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်၊ ဘက်တဖက်အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျှောသည့်၊ လိုသလို အနက်အဓိပ္ပာယ်ကောက်ယူနိုင်သော ဝေါဟာရအသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။

Ref : http://karencommunityassociation.blogspot.com/2012/01/knu.html




Credit : weekly media group-

Write A Comment

Rohingya Exodus