Latest Highlight

တိုးတက်တဲ့ ခြေလှမ်းတွေ ဆက်ပြီးဆောင်ရွက်ဖို့ ကနေဒါတိုက်တွန်း

                                        ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird  


မြန်မာအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေ အပါအဝင် အကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ဒီလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူ အားလုံးအတွက် ဒီမိုကရေစီရေး ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေ ဖြစ်ထွန်းလာအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလော မြန်မာအာဏာပိုင်တွေရဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ခြေလှမ်းတွေနဲ့ ပတ်သက်လို့ မိမိတို့ အားတက်မိကြောင်း၊ ဒါတွေဟာ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဦးတည်မယ့် ပဏာမ ခြေလှမ်းတွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့ ကနေဒါနိုင်ငံက ဆက်လက် တိုက်တွန်းကြောင်းလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
Source : RFA Burmese

Statement by Minister Baird on Burmese Political Prisoner Release

January 13, 2012 - Foreign Affairs Minister John Baird today issued the following statement on the release of Burmese political prisoners:

“Canada welcomes reports that a large number of prisoners, including political activists, religious and ethnic leaders, and reporters, have been released by the Government of Burma.

“This is a significant step forward. We urge Burmese officials to continue on this path and take further steps to ensure freedom, democracy, human rights and the rule of law for all in Burma.

“We also welcome reports that a ceasefire agreement was reached earlier this week with the Karen National Union and the announcement of parliamentary by-elections on April 1.

“Canada continues to call on the Burmese authorities to engage in an inclusive dialogue with opposition and ethnic groups.

“We are encouraged by the steps taken recently by the Burmese authorities on democratic development and are hopeful that these are first steps towards a better future for the Burmese people.”

- 30 -

For further information, media representatives may contact:
Foreign Affairs Media Relations Office
Foreign Affairs and International Trade Canada
613-995-1874
Follow us on Twitter: @DFAIT_MAECI

Write A Comment

Rohingya Exodus