August 15, 2025

News @ RB

Announcement of New Website: Rohingya Today (RohingyaToday.Com) Dear Readers, From 1st January 2019 onward, the Rohingya News Portal 'Rohingya Blogger' will be renamed and upgraded as 'Rohingya Today'. Due to this transition to a new name, our website will be available at www.rohing...

Rohingya News @ Int'l Media

Maung Zarni, leader of the Free Rohingya Coalition, speaks at a news conference at the Foreign Correspondents' Club of Japan in Tokyo on Thursday. | CHISATO TANAKA By Chisato Tanaka, Published by The Japan Times on October 25, 2018 A leader of a global network of activists for Rohingya Mu...

Myanmar News

By Sena Güler | Published by Anadolu Agency on December 1, 2018 Maung Zarni says he will boycott Beijing-sponsored events until the country reverses its 'troubling path' ANKARA -- A human rights activist and intellectual said he withdrew from a Beijing-sponsored forum in London to pro...

Video News

...

Article @ RB

Article @ Int'l Media

Analysis @ RB

Analysis @ Int'l Media

Opinion @ RB

Opinion @ Int'l Media

History @ RB

Rohingya History by Scholars

Report @ RB

Report by Media/Org

Press Release

Rohingya Orgs Activities

Petition

Campaign

Event

Editorial by Int'l Media

Interview

Open Letter

RB Poem

Book Shelf

ဒီမိုကရေစီဗီလိန် (သို့မဟုတ်) ငါးထောင်စား ဗိုလ်ခင်ညွန့်

ဗိုလ်ခင်ညွန့်ဟာ တချိန်တစ်ခါကတော့ အဆိပ်ပြင်းတဲ့ မြွေဆိုး။

တချိန်တခါဆိုတာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားလူမဆန်စွာ (ဦးဝင်းတင်ရေးသလို တိရိစ္ဆာန်ဆန်စွာ) ဆိုးသွမ်းခဲ့တဲ့ (၁၉၈၈ ခုနှစ် အရေးတော်ပုံကာလများ – မှ – ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့အထိ) ၁၆ နှစ်နီးပါးကြာမြင့်ခဲ့တဲ့ကာလကို ရည်ညွန်း ပြောခြင်းဖြစ်ပါတယ်။

အဲဒီ ၁၆ နှစ်တာကာလအတွင်းမှာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားရဲ့ လူမဆန်စွာညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဒီမိုကရေစီအ ရေးလှုပ်ရှားသူတွေနဲ့ သူတို့မိသားစုတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။ အခုထိလည်းအဲဒီဒုက္ခစက်ကွင်းထဲက မလွတ်နိုင်ကြသေးပါဘူး။ ရန်ကုန်မှာညအချိန်မတော် “ဆိုင်ကယ်သံ” ကြားရင် သွေးလန့်နေရဆဲဖြစ်ပါတယ်။

တိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းတွေ တစစီပြိုကွဲခဲ့ကြရတာ၊ အချင်းချင်း သူတပြန် ငါတလှည့် လုပ်ကြံသတ်ဖြတ်ခဲ့ကြရတာ၊ ကွဲအက်ခဲ့ ကြရတာ၊ ခွဲထွက်ခဲ့ကြတာတွေမှာ ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးစနက် မကင်းခဲ့ဘူး။

ဒါကြောင့် ၁၉၈၈ ကနေ “ပြောင်းလဲလာပြီ” လို့ပြောနေကြတဲ့ ယနေ့ကာလအထိ မပြီးဆုံးသေးတဲ့ “အသည်းနာ၊ ကမ္ဘာမကြေ ဒီမိုကရေစီဇာတ် လမ်းရှည်ကြီး” ကို နောက်ကြောင်းပြန်ကြတဲ့အခါတိုင်း ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားဟာ “အဓိကဗီလိန်” ဖြစ်တယ်ဆိုတာကို အထင်အရှားတွေ့ရပါလိမ့်မယ်။ ဒီအချက်ကို ဘယ်သူမှဖယ်ရှားနိုင်လိမ့်မယ်မဟုတ်ပါဘူး။ လင်္ကာဒီပချစ်သူဆိုပြီး ဒဿဂီရိကို ဇာတ်လိုက် လုပ်ပြီးရေးသလို ဗိုလ်ခင်ညွန့်ကိုဇာတ်လိုက်လုပ်ပြီး ရေးဖွဲ့နိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။

ဇာဂနာကလည်း ဇာတ်ညွန်းရေးပြီး မှတ်တမ်းတင်ရုပ်ရှင်ကားလည်း ရိုက်လိမ့်မယ်မထင်ပါဘူး။ အိမ်တိုင်ယာရောက်သွား ဂါရဝပြုတယ်လို့ တော့ကြားတယ်။ ထောင်ထဲမှာသွားတွေကျိုးခဲ့ရတဲ့အဖြစ်ကို ရယ်စရာအဖြစ် ပြောခဲ့သေးသလားတော့ မသိပါ။

ဒါပေမယ့် တချို့သော လူနည်းစုက ဗိုလ်ခင်ညွန့်ကို ပျော့ပျောင်းသူ/ဒီမိုကရေစီအရေးလိုလားသူယောင်ယောင် သုံးသပ်ရေးသားဖေါ်ပြကြ တယ်။ သူတို့ဟာ တစ်စုံတစ်ခုသောအကျိုးစီးပွားကိုမျှော်ကိုးပြီးရေးတာမဟုတ်ရင်တော့၊ သူတို့ဟာ ဗိုလ်ခင်ညွန့်ရဲ့မင်းသားခေါင်း ဆောင်း ထားတဲ့ အပေါ်ယံပရိယာယ်တွေကြားမှာ အလှည့်စားခံရသူတွေသာဖြစ်ပါလိမ့်မယ်။

ဗိုလ်ခင်ညွန့်ရဲ့တကယ့်မူမှန်၊ အတွင်းသရုပ်ဖြစ်တဲ့ အစွယ်ပြူးပြူး ဘီလူးရုပ်ကိုတော့ ဘဝတွေ၊ အသက်တွေ၊ ခန္တာကိုယ်တွေ၊ မိသားစုတွေ ပါရင်းပြီးခံလိုက်ကြရတဲ့ အဲဒီကာလနိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့ရဲ့မိသားစုများက အချက်အလက်အခိုင်အမာနဲ့ သက် သေခံကြပါ လိမ့်မယ်။

ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးယန္တယားဟာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကဒေါက်တိုင်ဖြစ်ခဲ့ပါတယ်။ (ဦးဝင်းတင်ရဲ့ “ဘာလဲ ဟဲ့ လူ့ငရဲ” စာအုပ်ဖတ်ကြည့်ကြပါ)။ အဲဒီကာလကထုတ်ဝေခဲ့တဲ့ သတင်းစာတွေကိုပြန်လှန်ကြည့်ပါ။ ဗိုလ်ခင်ညွန့်ပုံမပါတဲ့ သတင်းစာမရှိ သလောက် ရှားတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ရုပ်မြင်သံကြားသတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ အပြိုင်တွေ့မြင် ရမှာက ဗိုလ်ခင်ညွန့်ရဲ့ ရှုတင်းတင်းမျက်နှာပေးနဲ့ ရုပ်ပုံလွှာပဲဖြစ်ပါလိမ့်မယ်။ (ဇာဂနာရဲ့ ပြက်လုံးကိုလည်းအမှတ်ရကြပါလိမ့်မယ်)

မိုးကောင်းခဲ့တဲ့ ဗိုလ်ခင်ညွန့် အရာကျသွားတော့လည်း ဖြုတ်ကနဲပါပဲ။

တကယ်တော့ စစ်အာဏာရှင်စနစ်ထဲက ဂိုဏ်းတိုက်ပွဲတစ်ခု။ ခွာရာတိုင်းဗိုလ်လုပွဲတစ်ခုသာဖြစ်ပါတယ်။ ဗိုလ်လုပွဲတွေနွှဲတဲ့ အခါတိုင်းလည်း စစ်တပ်ကို မီးသေအောင်ကိုင်ထားနိုင်သူကသာ ဗိုလ်စွဲအောင်ပွဲခံတာပါ။

ထောက်လှမ်းရေး ဗိုလ်တင်ဦး (လန်ဘား) လည်း ဒီလိုဇာတ်သိမ်းခဲ့ဖူးတာပဲ။

လောကဓံတရားကို လက်ကိုင်ထားကြသူတွေနဲ့ “ကံ – ကံ၏ အကျိုး” ကို ထွေးပိုက်ထားကြပြီး စာနာသနားနေကြသူတွေအဖို့ တော့ ဗိုလ် ခင်ညွန့်ရဲ့ “ဖြစ်- ပျက်” နဲ့ “တက်-ကျ” ဟာ သံဝေဂရစရာ၊ တရားကျစရာပါပဲ။

ဗိုလ်ခင်ညွန့်ကိုသာကြည့်ပြီးသံဝေဂရ၊ တရားကျနေသူတွေကို မြင်ရ၊ကြားရတော့ အံ့သြတုန်လှုပ်မိပါတယ်။ နာကျည်းခံပြင်း စိတ်လည်းပေါ်ပါ တယ်။ တကယ်တန်း လူ့ကိုယ်ချင်းစာတရားနဲ့ မေတ္တာပွားပြီး၊ စာနာသနားကြရမှာက ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့လူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုမျိုးစုံကို ရင်စည်း၊ ခါးစည်းခံခဲ့ကြရတဲ့ နိုင်ငံရေးသမားတွေနဲ့ သူတို့မိသားစုတွေသာလျှင်ဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်က သူလက်ဦးမှုမဲ့ရတာနဲ့ပတ်သက်ပြီး၊ သူ့တပည့်သားမြေးတွေကို “မင်းတို့အချင်းချင်းမညီညွတ်၍ ယခုလိုဖြစ်ရတာ” လို့ပြော ကြောင်း ဗိုလ်ရွှေမန်းရဲ့ရှင်းလင်းပြောကြားချက်မှာ ဖတ်ရပါတယ်။

အဲဒီရှင်းလင်းချက်ထဲမှာပဲ ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး – ဗိုလ်ခင်ညွန့်တို့ဟာ “ ကပ္ပတိန်၊ မေဂျာလောက်မှစပြီး အတူ တာဝန်ထမ်းဆောင် လာသည်မှာ ယနေ့ထိဖြစ်ကြောင်း” ဖေါ်ပြပါရှိပါတယ်။

ဗိုလ်ခင်ညွန့်ကို အချက် ၂ ချက်နဲ့ ဖြုတ်ထုတ်လိုက်တာပါ။
● အမိန့်မနာခံမှု
● အဂတိလိုက်စားမှု၊လာဘ်ယူမှုများ ဆိုပြီးဖြစ်ပါတယ်။

အဓိကအချက်က နံပတ်ဝမ်းကို အံတုတဲ့ (အမိန့်မနာခံမှုလို့အမည်တပ်ထားတဲ့) အမှုသာလျှင်ဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ လာဘ်ယူမှု ဆိုတာနဲ့ စစ်အုပ်စုထဲမှာ ဘယ်သူတွေများကင်းရှင်းလို့လဲ။

ဗိုလ်ခင်ညွန့်ကို ကိုင်တွယ်လိုက်တဲ့ဖြစ်ရပ်ကပဲ၊ ပြည်တွင်းပြည်ပလေ့လာသူတွေကြားမှာ ဘယ်သူနံပတ်ဝမ်းလဲဆိုတဲ့အငြင်းပွားမှုကို ရှင်း လင်းတဲ့ အဖြေပေးလိုက်ပါတယ်။ စစ်အုပ်စုတွင်းက ခွာရာတိုင်းလာသူတွေကို သင်ခန်းစာပေးလိုက်တာလဲဖြစ်ပါတယ်။

အဆိပ်သိပ်ပြင်းနေတဲ့ ဗိုလ်ခင်ညွန့်ကို အစွယ်ချိုးလိုက်သူဟာ ဗိုလ်သန်းရွှေ ဖြစ်ပါတယ်။
အခုတော့ဗိုလ်ခင်ညွန့်ဟာ အစွယ်ကျိုး မြွေ။
အစွယ်ကျိုးသွားတဲ့ဗိုလ်ခင်ညွန့်ဟာ “နိုင်ငံရေးမလုပ်ဘူး”ဆိုတဲ့ စကားကို အိမ်ချုပ်ကနေလွတ်လာတာနဲ့ ပြောပါတယ်။

ဒီစကားက ဗိုလ်ခင်ညွန့်တင်မကဘူး၊ သူ့တပည့်သားမြေးတွေအကုန်ပေးခဲ့ရတဲ့ ကတိစကားဖြစ်ပါလိမ့်မယ်။ ဒါဟာ အစွယ်ကျိုးသွားပြီဆို တာ ဖေါ်ပြတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ကတိပေးပေး ခြေမမြဲလက်မြဲအောင် ပုဒ်မ ၄၀၁ (၁) နဲ့ပဲလွှတ်ပေးလိုက်တာပါ။ ခွာရာတိုင်းဗိုလ်လုသူကို လွတ်ငြိမ်းချမ်းသာခွင့်မပေးပါဘူး။

တစ်ချိန်က နံပတ်ဝမ်းဖြစ်ခဲ့တဲ့ ဗိုလ်နေဝင်းကို အံတုခဲ့ဖူးသူဖြစ်တဲ့ ဗိုလ်အောင်ကြီးနဲ့ (မဆလ) တပ်မှူးကြီးဟောင်းများရဲ့သာဓက တွေလည်း ရှိထားဖူးလေတော့၊ လက်ရှိနံပတ်ဝမ်း ဗိုလ်သန်းရွှေဟာ အကွက်စေ့စေ့ စဉ်းစားခဲ့ပုံလည်းပေါ်ပါတယ်။

အံတုခဲ့သူတွေက အခွင့်အခါကောင်းပေါ်တာနဲ့ ထကြွလေ့ရှိပါတယ်။ အခွင့်အခါကောင်းဆိုတာ လူထုအုံကြွမှုကိုဆိုလိုတာပါ။ ဗိုလ်အောင်ကြီး ဟာ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာတဲ့အခါမှာ အရေးတော်ပုံကြီးရဲ့လှိုင်းကိုစီးပြီး ဗိုလ်နေဝင်းကို ရာဇဝင် ကြွေးတောင်း ခဲ့ပါတယ်။ ပြန်လှန်အံတုခဲ့ပါတယ်။ ဒါပေမယ့် အံတုမှုဟာ အခိုက်အတံ့အားဖြင့်သာ မီးရှူးမီးပန်းလွှတ်ခဲ့တာမျိုးဖြစ်ပြီး စစ်အုပ်စုဝင်ချင်း ဝံသာနုစိတ် ဓါတ်ကိုတော့ အပြည့်အဝထားရှိခဲ့ကြပါတယ်။

ဗိုလ်နေဝင်းရဲ့နောက်ဆုံးခရီးကို ဗိုလ်အောင်ကြီးလိုက်ပို့တာဟာ စံကျတဲ့ စစ်အုပ်စုဝံသာနုစိတ်ဓါတ်ကိုဖေါ်ပြတာပါ။

နောက်ထပ် ၁၉၈၈ အရေးတော်ပုံကြီးမျိုး မပေါ်ပေါက်နိုင်ပါဘူးလို့ ဘယ်သူမှအာမမခံနိုင်သလို ပေါ်လာတဲ့အခါ ဗိုလ်အောင်ကြီးလို တစ် တပ်တအား ဝင်မနွှဲဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါတွေကိုတွက်ချက်ပြီး ဗိုလ်သန်းရွှေဟာ ဗိုလ်ခင်ညွန့်နဲ့ သူ့ရဲ့တပည့်သားမြေးတွေကိစ္စကို ကိုင်တွယ်ခဲ့ပုံပေါ်ပါတယ်။

ဒါကြောင့် “ဒေါ်လာငါးထောင်စားနာယက” နေရာကို ဖန်တီးစီရင်တယ်လို့ယူဆပါတယ်။ နိုင်ငံရေးမလုပ်ရဘူး၊ ပညာရေးကဏ္ဍမှာတော့ နာယကအဖြစ်နဲ့နေပေတော့။

တစ်ချိန်က ဘာကြီးဖြစ်ခဲ့၊ ဖြစ်ခဲ့ အခုချိန်မှာ အရင်းအနှီးရဲ့လက်အောက်မှာ (ဇေကမ္ဘာဦးခင်ရွှေ လက်အောက်မှာ) ဝန်ထမ်းဖြစ်ရပြီလို့ သုံး သပ်ရင် အဲဒီသုံးသပ်ချက်ဟာ လိုအပ်ချက်ရှိနေတဲ့ သုံးသပ်ချက်၊ အပေါ်ယံကျတဲ့ သုံးသပ်ချက်သာဖြစ်နေပါလိမ့်မယ်။

ဇေကမ္ဘာဦးခင်ရွှေ တစ်ဦးရဲ့သဘောဆန္ဒ၊ ဆုံးဖြတ်ချက်နဲ့ “နာယကနေရာ” ပေးထားတာ လုံးဝမဖြစ်နိုင်ပါဘူး။

စစ်အုပ်စုနံပတ်ဝမ်းရဲ့ ညွန်ကြားချက်၊စီမံ၊ နေရာချထားမှုတွေထဲက တစ်ခုအဖြစ်မှတ်ယူရမှာပါ။ သုံးသပ်ရမှာပါ။ ဇေကမ္ဘာ ဦးခင်ရွှေဟာ ဗိုလ်ခင်ညွန့်ကို စီမံကိုင်တွယ်နိုင်သူမဟုတ်ပါဘူး။ ဗိုလ်ခင်ညွန့်ကသာ ဇေကမ္ဘာဦးခင်ရွှေကိုစီမံကိုင်တွယ်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ အတိတ်ဖြစ်သွားခဲ့ပါပြီ။

ဇေကမ္ဘာဦးခင်ရွှေ ဟာ ယခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး (ဗိုလ်) ရွှေမန်းနဲ့ ခမည်းခမက်တော်စပ်ပါတယ်။ ဒါဟာ အာဏာနဲ့ အရင်းအနှီးရဲ့ စံကျတဲ့ ပေါင်းစည်းမှုတစ်ခုပါ။ “မြရိပ်ညို ဖောင်ဒေးရှင်း”ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦး (ဗိုလ်) ခင်အောင်မြင့်ရဲ့ ဆန္ဒပြုချက်နဲ့အညီဖွဲ့စည်းထူထောင်တာပါ။

ဒီတော့ ဒီဖောင်ဒေးရှင်းမှာ ဗိုလ်ခင်ညွန့်ကို နာယကအဖြစ်ထားဖို့ကိစ္စမှာ ဇေကမ္ဘာဦးခင်ရွှေ တစ်ဦးသဘောဆန္ဒနဲ့ဆုံးဖြတ် ချက် ချတာမဖြစ် နိုင်တော့ပါဘူး။ ဇေကမ္ဘာဦးခင်ရွှေက နာမည်ခံတာဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ နံပတ်ဝမ်းဗိုလ်သန်းရွှေနဲ့ပတ်သက်ပြီး ဦးအောင်သောင်းရဲ့ပြောစကားကို မူရင်းအတိုင်းကိုးကားဖေါ်ပြပါရစေ။

“ — ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က လွှတ်တော်မှာကော၊ အစိုးရမှာကော၊ ပါတီမှာကော သက် ဆိုင် ခြင်းမရှိတော့ပါဘူး။ လုံးဝအနားယူသွားပြီဖြစ်ပါတယ်။ ဒီနေ့နိုင်ငံတော်ဖွံ့ဖြိုးမှုကိစ္စတွေ၊ လုံခြုံရေးကိစ္စရပ်တွေကတော့ အဲဒီပုဂ္ဂိုလ်ကြီးတွေချမှတ်ပေးသွားတာတွေဖြစ်ပါတယ်။ သွေးထွက်သံယိုမှုမရှိဘဲ အခြေခံဥပဒေပေါ်ပေါက်အောင်၊ ရွေးကောက်ပွဲတွေပေါ်ပေါက်အောင်၊ အစိုးရ ပေါ်ပေါက်အောင်၊ နိုင်ငံတကာလက်ခံနိုင်အောင်၊ ပြည်သူများကလက်ခံနိုင် အောင်ပုံဖေါ်ပေးသွားတာဖြစ်ပါတယ်။ ဒါတွေ အားလုံး ဒီနေ့လိုက်နာပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ သူတို့ချမှတ်ပေးတဲ့လမ်းကြောင်းကို ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက် တဲ့နေရာမှာ သူတို့မပါတော့ပါဘူး။ သူတို့ညွန်ကြားထားတဲ့ လမ်းညွန်ချက်တွေကိုလဲ လုပ်လို့မကုန်ဘူး ဖြစ်နေပါတယ်— ”

“သူတို့ညွန်ကြားထားတဲ့လမ်းညွန်ချက်တွေကိုလဲ လုပ်လို့မကုန်ဘူးဖြစ်နေပါတယ်” တဲ့။ မှတ်ချက်ပေးစရာမလိုအောင်ရှင်းနေပါ တယ်။

ဗိုလ်ခင်ညွန့် ကို “ဒေါ်လာငါးထောင်စားနာယက” ခန့်အပ်လိုက်တဲ့အချက်ဟာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့ လူမဆန်တဲ့ ညှင်း ပန်းနှိပ်စက်မှုတွေအတွက် ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအနေနဲ့ “ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်” တိုက်ရိုက်ပေးလို့မဖြစ်လို့ ဇေကမ္ဘာဦးခင်ရွှေက တဆင့် “နာယကဆုလဒ်”ပေးလိုက်တာမျိုးဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ရင်စည်း၊ ခါးစည်းခံခဲ့ကြရတဲ့ နိုင်ငံရေးသမားတွေနဲ့သူတို့မိသားစုတွေကိုပျက်ရယ်ပြုလိုက်တာပဲဖြစ်ပါတယ်။ စော်ကားလိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေအပေါ်ကို မစာနာတဲ့၊ မထောက်ထားတဲ့သဘောထားနဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။
ဒီခန့်ထားမှုက အစွယ်အချိုးခံခဲ့ရပေမယ့် ဗိုလ်ခင်ညွန့်ဟာ နာယကအဖြစ် ပန်းပန်လျက်ပဲဆိုတဲ့ အချက်ကိုဖေါ်ပြနေသလိုဖြစ် နေပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ပြည်သူများအနေနဲ့ကတော့ ဗိုလ်ခင်ညွန့်ကိုမြင်ရတဲ့အခါနဲ့ ဗိုလ်ခင်ညွန့်သတင်းကိုကြားရတဲ့ အခါမှာ မပြီးဆုံးသေးတဲ့အသည်းနာကမ္ဘာမကြေ ဒီမိုကရေစီဇာတ်လမ်းကြီးရဲ့ အဓိကဗီလိန်လူဆိုးကြီးဖြစ်တယ်ဆိုတာကိုတော့ ခါးသည်း နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေကို ပွတ်သပ်ရင်း သတိရနေကြမည်သာဖြစ်ပါတယ်။

ညွန်း ● “ယနေ့နိုင်ငံတော်၌ပြောင်းလဲဖြစ်ပေါ်နေသောအခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံ” ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမာန်ခန်းမ၊ ရန်ကုန်မြို့

● ရန်ကုန်တိုင်းမ် (The YANGON TIMES) အတွဲ ၈ ၊ အမှတ် (၁) ဇန်နဝါရီ ၅- ၁၁၊ ၂၀၁၂ ။ စာမျက်နှာ အချပ်ပို (ခ)၊

Credit : တူမောင်ညို (Moe Ma  Ka)

Write A Comment

Rohingya Exodus