ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော တွေ့ ဆုံဆွေးနွေးမှု အပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ နှစ်ဦးနှစ်ဖက် သဘောထား အမြင်များကို တက်ရောက်လာသော မီဒီယာများသို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။
ဟီလာရီကလင်တန် မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး မီဒီယာများသို့ပြောစကား''ကျွန်မအနေနဲ့ ပြောချင်တာကတော့ ဒီမိုကရေစီဆိုတာ ပန်းတိုင်တစ်ခုပါ။ အမေရိကန်ဟာ မြန်မာနိုင်ငံနဲ့ အမှန်တစ်ကယ်ပဲ မိတ်ဖွဲ့နိုင်ငံဖြစ်ချင်ပါတယ်။ ကျွန်မတို့ အလုပ်တွေလည်း အများကြီးလုပ်ချင်ပါတယ်။ အကယ်၍ ဒီထက်ပိုပြီး ဒီမိုကရေစီနည်း ကျင့်သုံးမယ်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်၊ ကာလကြာရှည်စွာရှိခဲ့တဲ့ တိုင်းရင်းသားရေးရာ ပဋိပက္ခတွေ အဆုံးသတ်မယ်၊ ပြီးတော့ ရွေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတပြီး ယုံကြည်နိုင်လောက်တဲ့အခြေအနေတွေ ဖြစ်လာမယ်ဆိုရင်ပေါ့။ နောင်မှာလည်း အ မေရိကန်က အနီးကပ် ဆက်လက်ပြီး စစ်မှန်တဲ့အကူအညီပေးမှုတွေ အကြံပေးမှုတွေ လုပ်ဆောင်သွားမှာပါ။ နှစ်ပေါင်းများစွာက မြန်မာက လူအများရှေ့မှာ ရပ်တည်ဖို့ ခက်ခဲမှုအနေအထားတွေ ရှိခဲ့တယ်။ အခုအချိန်မှာတော့ ကျွန်မတို့မြင်ချင်တာက မြန်မာဟာ ကမ္ဘာမှာ မှန်ကန်တဲ့နေ ရာတစ်ခုမှာ ရှိနေမှုပါ။ ပြီးတော့ မြို့သာမက ကျေးလက်ဒေသမှာရှိနေတဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့ မိသားစုတွေ၊ ကလေးသူငယ်တိုင်းဟာ ကောင်းမွန်တဲ့ ပညာရေးတွေပေးနိုင်အောင် အခွင့်အရေးတွေ ရှိရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိရမယ်။ အမေရိကန်အနေနဲ့ မြန်မာနဲ့ အကောင်း ဆုံး မိတ်ဖက်နိုင်ငံအဖြစ် မျှော်လင့်ပါတယ်။ အနာဂတ်မှာတော့ နိုင်ငံသားတိုင်းဟာ မှန်ကန်တဲ့နေရာတစ်ခုမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကျွန်မတို့ စောင့်ကြည့်မျှော်လင့်မိပါတယ်''
Photo Gallery Here
Facebook Photo Gallery here
Credit : Weekly Media & Burma VJ
Photo Gallery Here
Facebook Photo Gallery here
Credit : Weekly Media & Burma VJ








0 comments:
Post a Comment