Latest Highlight

စစ်တွေ တက္ကသိုလ် ကျောင်းသား ဆန္ဒပြ


Credit :မိုးမိုးကျော် (Arakan Review)

ယနေ့ နေ့လည် ၂ နာရီခန့်တွင် စစ်တွေတက္ကသိုလ်ကျောင်းသား (၅၀၀) ခန့် စစ်တွေတက္ကသိုလ်မှ ပြည်နယ်ဝန်ကြီးချုပ်ရုံးသို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြပါသည်။ အကြောင်းမှာ မြို့တွင်းမှ တက္ကသိုလ်သို့ ပြေးဆွဲနေသည့် ကြိုပို့ယာဉ်ခ ကြီးမြင့်သောကြောင့်ဟု သိရ ပါသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာကြသော ကျောင်းသားများကို ဝန်ကြီးအချို့မှ လက်ခံတွေ့ဆုံပြီး ဈေးနူန်းများ သက်သာေ ချာင်ချီ စေရမည်ဟု ကတိ ပေးလိုက်ကြောင်း သိရပါသည်။ ဝန်ကြီးချုပ်ကတော့ မတွေ့ဆုံလိုက်ကြောင်း သိရပါသည်။  ကျောင်းကြိုပို့ကားခမှာ အသွား အပြန် (၂၀၀) ကျပ်မှ အသွားအပြန် (၄၀၀) ကျပ်သို့ တိုးမြှင့် လိုက်သည့်အတွက် ယခုကဲ့သို့ ဆန္ဒပြ တောင်းဆိုရခြင်းဖြစ်ကြောင်း သိရပါသည်။

မနေ့က တက္ကသိုလ် ကျောင်းသားအချို့နှင့် သုံးဘီးဆိုင်ကယ်သမားတို့ ယဉ်ငှါးရမ်းခ ကြီးမြင့်ခြင်းကြောင်း အချင်းများခဲ့ ကကြောင်းလည်း သိရပါသည်။

Write A Comment

Rohingya Exodus