Latest Highlight

ကြိုးဝိုင်းပေါ်က ဒန်ကလေ

ပြီးတဲ့ရက်သတ္တပတ်သြစတြေးလျအနောက်ခြမ်းထုတ်TheWeekendWestသတင်းစာမှာ  မြန်မာတိုင်းမ်တည်ထောင်သူမစ္စတာ ရော့စ် ဒန်ကလေကိုသြစတြေးလျနိုင်ငံ ပြန်လည်ရောက်ရှိနေတုန်းသတင်းထောက်MalcolmQuekettက မေးမြန်းရေးသားထားတဲ့ သတင်းတပုဒ်ပါ။

သူဟာ မြန်မာပြည်မှာ ထောင်ဒဏ်တလကျခံခဲ့ပြီး အခု သြစတြေလျအနောက်ခြမ်းမှာ အားလပ်ရက်အဖြစ် အလည်ပြန်ရောက်နေတာ ဖြစ်တယ်လို့သိရတယ်။ထောင်ထဲမှာနေစဉ်ညဖက်အိပ်ချိန်မှာ ခြေထောက်လှိမ့်စရာ နေရာလောက်သာရှိပြီး.. တနေ့ကို(၈)နာရီခန့်(၂)ကြိမ်သာအပြင်ဖက်လမ်းလျှောက်ခွင့်ရခဲ့တယ်။၄၇ရက်ကြာ ထောင်ကျရက်ရဲ့တ၀က်ခန့်မှာ ဆေးရုံဆောင်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အဲဒီမှာ ပြင်းထန်တဲ့ အေအိုင်ဒီအက်စ်ဝေဒနာရှင်တချို့အပါအ၀င်လူပေါင်း၆၀ခန့်ရှိသည်ဟု ထောင်အတွေ့အကြုံတချို့ကို ပြောဆိုထားလေသည်။




ဒန်ကလေ ရဲ့ ပြောဆို ချက် အရ.. ပြီးခဲ့တဲ့ နှစ် ပိုင်းများ ကတည်းက.. ဗမာ ရဲ များက..သူ့ကို စောင့် ကြည့် နေခဲ့ ပြီး.. သူ့ကို ဗမာပြည်ထဲက.. မောင်းထုတ်ဖို့ ကြံစည် တဲ့..ထောင်ချောက် ထဲ မှာ.. မှားယွင်းပြီး..သူ ကျ ခဲ့ ရတယ် လို့ ဆို သည်။ အစိုးရ အတွင်းပိုင်း လူတချို့က..ကျနော့်ကို.. အစိုးရ ဆန့်ကျင်သူ လို့ ယုံကြည် နေကြတာ တွေ ရှိတယ်..တကယ်တော့..မဟုတ်ပါဘူးဟု ပြောဆိုခဲ့သည်။

သူ ကုံတွေ့ခဲ့ရတဲ့ ထောင်ချောက်နဲ့ပတ်သတ်လို့ ပြောပြတာတွေကတော့ ဇန်န၀ါရီလမှာ ကလပ်တခုကိုအသွား အမျိုးသမီးတယောက်က ချည်းကပ်လာခဲ့တယ်။ သူက ငြင်းဆိုခဲ့ပေမဲ့.. အမျိုးသမီးက သူ့နောက်ကိုအတင်းလိုက်လာခဲ့ပြီး နောက်ဆုံး သူ့အခန်းထဲထိ ပါလာခဲ့တယ်။ ၁၅ မိနစ်လောက်အကြာမှာ အမျိုးသမီးရဲ့အပြုအမူတွေကြောင့် မူးယစ်ဆေးသုံးစွဲထားတာကို သတိပြုမိတဲ့အတွက် တက္ကစီနဲ့ပြန်ဖို့ လိုက် ပို့ခဲ့တယ်။ လမ်းမှာ အမျိုးသမီးက ကားထဲကနေ ခုန်ထွက်သွားတယ်။ သူလည်း အိမ်ကိုပြန်လာခဲ့ပြီး နာရီအနည်းငယ်အကြာမှာ အဲဒီ အမျိုးသမီးနဲ့အတူ ရဲတွေရောက်လာတော့တာပါပဲလို့ ဆိုသည်။

အမျိုးသမီးက ကျနော် သူ့လည်ပင်းကို ညှစ်တယ်လို့ဆိုတယ်။ တရားခွင်မှာလည်း ဆရာဝန်က ဘာသက်သေအမှတ်အသားမှ မတွေ့ ကြောင်း ထွက်ဆိုသွားတယ်။ ကျနော်လည်း ဘာမှမလုပ်ခဲ့ပါဘူး။ တကယ်တော့ နိုင်ငံရေးကစားပွဲတွေ စလာတာပါပဲ။ သူတို့ဂုဏ်သိက္ခာကို ကယ်ဖို့ ကျနော့်ကို ထိုးကျွေးတာပါ။ ဒါတွေအားလုံးဟာ အစိုးရအတွင်းကလူတွေရဲ့ကျားကွက်တွေပါပဲ။ သူတို့ရည်ရွယ်ချက်က ကျနော့် ကို လမ်းပေါ်က မောင်းထုတ်ဖို့ပဲ။ သူတို့ဖြစ်စေချင်တာက ဒီသတင်းလုပ်ငန်းကိုညှစ်ယူပြီး သူတို့အားလုံး ချုပ်ကိုင်ထားလိုက်ချင်တာပဲ။ ဒါပေမယ့် သူတို့မအောင်မြင်ခဲ့ပါဘူးလို့ ဒန်ကလေက သတင်းစာကို ပြောဆိုခဲ့သည်။ သူ့ရဲ့အသနားခံစာကိုလည်း လက်ခံလိမ့်မယ်လို့ ယုံကြည်သည်ဟု ဆိုသည်။

ခင်ဗျား ဘာမှ အမှားမလုပ်ခဲ့ပဲ ထောင်ချောက်ဆင်ခံခဲ့ရတယ်ဆိုရင် ဘယ်လိုမဆို အဆုံးမတော့ အမှန်တရားက ပေါ်လာမှာပါပဲလို့ နောက် ဆုံးမှတ်ချက်ပေးခဲ့ပြီး ဗမာပြည်မှ ဒီရေမြင့်တက်လာနေတယ်လို့ ခံစားခဲ့ရမိတယ်။ အနှေးနဲ့အမြန်ဆိုသလို လွတ်လပ်တဲ့သတင်းမီဒီယာ တွေ ပေါ်လာမှာပါလို့လည်း အကောင်းမြင်သုံးသပ်ထားလေသည်။

ဖြစ်ပျက်ခဲ့တဲ့ အမူကိစ္စအားလုံးမှာ.. ဒေါ်လာ ၂ သိန်း ၅ သောင်းကုန်ကျခဲ့ပေမယ့် သူနာကျည်းမှုမဖြစ်ပါဘူး။ ဒါဟာ ကစားပွဲတခုပါပဲလို့ ဗမာအစိုးရကို စိမ်ခေါ်လိုက်သည်။

Credit - Moe Ma ka

Write A Comment

Rohingya Exodus