Latest Highlight

ဒေါ်အောင်ဆန်းစုကြည် ရဲ့အိတ်ဖွင့်ပေးစာ

တိုင်းရင်းသားပြည်သူအပေါင်း​တို့ခင်ဗျာ။
အမျိုးသားခေါင်းဆောင်ကြီးနှ​င့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး​ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီ​ တင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတ​နာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြား​ထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လို​က်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Write A Comment

Rohingya Exodus