ရခိုင်ပြည်နယ်က မွတ်စလင်ဘာသာဝင်များ ခရီးသွားခွင့်ရပြီ
DVB News- by နော်နိုရင်း
ရခိုင်ပြည်နယ် စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ နဲ့ ကျောက်နီမော် စတဲ့မြို့တွေမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေ အရင်က ခရီးသွားလာခွင့် ကန့်သတ်ခံထားရပေမယ့် အခု ခရီးသွားခွင့်ရပြီလို့ မွတ်စလင်ဘာသာဝင်တဦးက ပြောပါတယ်။
မွတ်စလင် ဘာသာဝင်တွေဟာ မြန်မာနိုင်ငံသား စိစစ်ရေ ကတ်ပြားရှိရင် လွတ်လပ်စွာ ခရီးသွားလာခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးကတဆင့် သတင်းရတယ်လို့ သံတွဲမြို့နေ မွတ်စလင်တဦးက ပြောပါတယ်။
“စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ သံတွဲ၊ အဲဒီဒေသတွေမှာ ရှိတဲ့ မွတ်စလင်ဘာသာဝင် နိုင်ငံသားတွေဟာ နိုင်ငံသားကတ် ရှိခဲ့ရင် ခရီးသွားလာခွင့်ကို လွတ်လပ်စွာ ခရီးသွားလာနိုင်တယ် ဆိုတဲ့ သတင်းကို ကျနော်တို့ လဝက ဆီက ရတာပေါ့။ သူတို့ ဒီ ရက် ၂၀ လောက်ကတည်းက ကျနော်တို့ ဒီသတင်း ရတာပါ။ ဘာဖြစ်လို့ သွားလာခွင့် ပိတ်တာလဲဆိုတော့ ကျနော်တို့ စာတင်ထားတာတွေ ရှိတယ်ဗျ ဥပဒေကြောင်းအရလေ ဒီအစိုးရအပေါ်မှာ ကျနော်တို့ နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေမှုအပေါ်မှာ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံသားရဲ့ ခံစားခွင့်တွေ ရရှိဖို့၊ ပညာသင်ကြားခွင့်တွေ ရရှိဖို့၊ ကျန်းမာရေးဆေးကုသခွင့်တွေ ရရှိဖို့ ဆိုတဲ့ ဥပဒေတွေ ကျနော်တို့က ထောက်ပြပြီးတော့ ကျနော်တို့ စာတင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ စဉ်စားတယ်လို့လည်း ကျနော်တို့က သုံးသပ်မိတယ်ပေါ့။”
ရခိုင်ပြည်မှာ နေထိုင်တဲ့ မွတ်စလင်ဘာသာဝင်တွေဟာ အရင်က ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ခံထားရပြီး ခရီးသွားရင် ခရီးသွားလာခွင့် ပုံစံ ၄ကို သက်ဆိုင်ရာဆီမှာ သွားယူနေကြရတာပါ။
နိုင်ငံခြား သားတွေ၊ ဧည့်နိုင်ငံသားတွေ ပုံစံ ၄ ယူရသလို မြန်မာနိုင်ငံသားစိစစ် ရေးကတ်ပြား ကိုင်ဆောင်ထားသူတွေပါ ပုံစံ ၄ ကို ယူပြီးမှ ခရီးသွားခွင့်ရပါတယ်။ အခုနှစ် ဧပြီလအတွင်းမှာတော့ ခရီးသွားလာခွင့်ပုံစံ မထုတ်ပေးတော့ပါဘူး။
ခရီးသွား လာခွင့်ပိတ်ပင်ခံထားရမှုကြောင့် မွတ်စလင်ဘာသာဝင်တွေဟာ စီးပွားရေးကျပ်တည်းပြီး စားဝတ်နေရရေးအခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
နိုင်ငံသားတယောက်အနေနဲ့ လွတ်လပ်စွာသွားလာခွင့်ရတဲ့အတွက် ဝမ်းသာကြောင်း သံတွဲမြို့ခံ မွတ်စလင်တဦးက ပြောပါတယ်။
“ဝမ်းသာတာ ပေါ့ဗျာ။ အနှစ် ၂၀ လောက် ကျနော်တို့မှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အရမ်းကို ကျပ်တည်းခဲ့တယ်လေ။ ဒီအနေအထားမှာ ဒီ နိုင်ငံတော်က ကျနော်တို့ရဲ့ ခံစားချက်တွေကို သူတို့ စာနာထောက်ထားပြီးတော့ ဒီလိုမျိုး ကျနော်တို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးတော့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးအောင် အသိအမှတ်ပြုတာကို ကျနော်တို့အနေနဲ့ အများကြီး ဝမ်းသာတာပေါ့။ ဒီဟာတွေကိုလည်း နောက်ထပ် ဆုံးရှုံးမှုတွေ မဖြစ်အောင် ကျနော်တို့ဘက်က နိုင်ငံသားကောင်း ပီပီ နိုင်ငံတာဝန်ကို ကျေပွန်စွာနဲ့ နေထိုင်သွားဖို့လည်း အရေးကြီးပါတယ်။”
ရခိုင်ပြည်နယ်ဘက် မွတ်စလင်ဘာသာဝင်တွေ အခုလို လွတ်လပ်စွာ သွားလာခွင့်ရနေပေမယ့် မန္တလေးတိုင်း မိတ္တိလာမြို့ဘက်က မွတ်စလင်ဘာသာဝင် တွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့ရဲ့ ဘာသာဝင်သင်္ဂြီုင်း ဖျက်ဆီးခံရတဲ့အတွက် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ချိန် အာဏာပိုင်တွေရောက်လာပြီး ဖြေရှင်ပေးခဲ့သလို အစောင့်အကြပ်တွေလည်း ချထားပါတယ်။
Link: http://burmese.dvb.no/archives/13365

It sounds interesting though. However this news say if only you have ID card(pink) one, you can travel, the problem is we rohingya dont have one officially stating our ethnicity Rohingya on the card. So that means vividly there's no change for us. Actually this is not light for us only misleading news for public, to my mind