64th Martyr's Day statement by Free Rohingya Campaign (FRC)
(၆၄) နှစ်မြောက် အာဇာနည်နေ့ထုတ်ပြန်ကြေညာချက်
ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး စသည့် အာဇာနည် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ လွတ်လပ်ရေးအတွက်သတ္တိ၊ ဇွဲ၊ လုံ့လ၀ိရိယ တို့ဖြင့်သမိုင်းပြောင်မြောက်စွာတိုက်ပွဲဝင်ရင်း နယ်ချဲ့ လက်ပါးစေဂဠုန်ဦးစောနှင့်အပေါင်းပါတို့၏လက်ချက်ဖြင့်ကျဆုံးခဲ့ရသော (၆၄) နှစ်မြောက်အာဇာနည်နေ့ ဖြစ်ပေသည်။
နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းခြင်းမဟုတ်ဘဲလက်နက်အားကိုးဖြင့်လူမိုက်ဆန်စွာလုပ်ကြံသတ်ဖြတ်ခြင်းသည်တိုင်းပြည်နှင့်ပြည်သူလူထုအတိဒုက္ခရောက်ကြရသည့်သမိုင်းမှတ်တိုင်အဖြစ်ယနေ့တိုင်
သက်သေတည်လျက်ရှိသည်။
ယနေ့မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းများကိုစစ်အာဏာရှင်များသည် နိုင်ငံရေး နည်း လမ်းဖြင့် ဖြေရှင်းခြင်းမရှိပဲ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားများကို လည်းကောင်း၊ ဗကသ ကျောင်းသားများကိုလည်းကောင်း၊ တိုင်းရင်းသားခေါင်းဆောင်များကိုလည်းကောင်း၊ ရဟန်းသံဃာများကို လည်းကောင်း၊ တိုင်းရင်းသားရိုဟင်ဂျာခေါင်းဆောင် (စီအာရ်ပီပီ အဖွဲ့ဝင်) ဦးကျော်မင်းနှင့်မိသားစုအား လည်းကောင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခြင်းမှာလည်း တိုင်းပြည်ထိခိုက်နစ်နာရသည့် ရလာဒ် ကိုသာရရှိခံစား နေကြရမည် ဖြစ်ပေသည်။
ထို့အပြင်တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုဦးထိပ်ထားရမည့်အစား တိုင်းရင်းသားရှမ်း၊ ကချင်၊ ကရင် တို့ကိုလက်နက်အားကိုးဖြင့် တိုက်ခိုက်ချေမှုန်းနေခြင်းမှာ ဒီမိုကရေစီနိုင်ငံတော်ကို မျက်ကွယ်ပြုရာ ရောက်ပြီး အာဏာရှင်စနစ်သက်ဆိုးရှည်စေခြင်းဖြစ်ပေသည်။
ထို့ကြောင့်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပပျောက်ရေး ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးအတွက် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအတူ လက်တွဲ တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း ၆၄ နှစ်မြောက် အာဇာနည်နေ့တွင် လွပ်လပ်သောရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့မှာထုတ်ပြန်ကြေညာအပ်ပါသည်။
လွပ်လပ်သောရိုဟင်ဂျာလှုပ်ရှားမှုအဖွဲ့
ဂျူလိုင်လ (၂၀)၊ ၂၀၁၁
