Latest Highlight



ရခိုင်ပြည်တွင်း အဓိကရုဏ်းများအပေါ် ယူကေရှိ အဖွဲ့အစည်းအသီးသီး၏ သဘောထားထုတ်ပြန်ချက်

မိမိတို့တိုင်းပြည်သည် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင် စုနိုင်ငံတော်ကြီးဖြစ် ၍ နှစ်ပေါင်းများစွာ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာကြသည်။

ရန်းဗြဲကျွှန်း မုဒိမ်းမှုသည်လည်းကောင်း တောင်ကုတ် လူသတ်ပွဲသည်လည်းကောင်း လူမဆန်သော ရာဇဝတ်မှုများဖြစ် သဖြင့် ပြင်းထန်စွာ ရှုံ့ချသည်။

ထိုဖြစ်ရပ်များသည် ယနေ့ကဲ့သို့ နိုင်ငံတော်သမ္မတကြီးနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ညှိနှိုင်းပြီး မိမိတို့တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်လိုအပ်နေသော ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်ချီတက်နေချိန်တွင် မလိုလားအပ်သော နိုင် ငံရေး လှည့် ကွက်များဖြစ်ပေါ်လျှက်   နောက်ကြောင်းပြန်လှည့်နိုင်စရာ ဖြစ်ရပ်များအဖြစ် လွန်စွာစိုးရိမ် ပူပန်မိကြသည်။

ထိုဖြစ်ရပ်များသည် လူမျိုးရေး ဘာသာရေးနှင့် မသက်ဆိုင်ဘဲ အလွန်လက်မခံနိုင်သော ရာဇဝတ်မှု များသာ ဖြစ်သည့် အလျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်မြန်ဆန်စွာ အရေးယူဖြေရှင်းပေး ပါရန် အာဏာပိုင်အဖွဲ့အစည်း အား လေး နက်စွာတိုက်တွန်းပါသည်။

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်မကြီးထွားလာစေရန် နိုင်ငံရေး လူမှုရေး ဘာသာရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများ ရရှိလာစေရန် အထူးကြီးကြပ်စီမံ၍ အရေးတယူဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

နေ့စွဲ။ ဇွန် ၅၊ ၂၀၁၂။

ပါဝင်သောအဖွဲ့ အစည်းများ

1. International Burmese Monks Organization 
2. NLD LA,UK

3. Women of Burma, UK

4. Arakan Community

5. Burma Democratic Concern

6. Chin Community, UK

7. Kachin Nation Organization

8. Karenni Community

9. Burmese Democratic Movement Association

10. Oversea Shan Association

11. Arakan Rohingya National Organization

12. Burmese Rohingya Organization, UK

13. Burmese MuslimAssociation
Organizatons in UK Denounce the Riots in Burma (Myanmar)

လေးစားအပ်ပါသော ညီအစ်ကိုမောင်နှမရဲဘော်ရဲဘက်များခင်ဗျား။
ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရခိုင်ပြည်တွင်း အဓိကရုဏ်းများအပေါ် ယူကေရှိ အဖွဲ့အစည်းအသီးသီး ၏ သဘောထားထုတ်ပြန်ချက် တွင်ပါဝင်ခဲ့သော အမှတ်စဉ် ၄ မှ Arakan Community အား အဖွဲ့ အစည်း စာရင်း၌ပါဝင်ခြင်းမရှိဟု မှတ်ယူပါရန်နှင့် ထပ်မံ၍ ပါဝင်လိုသည်ဟု အကြောင်းကြားလာသောကရင်ကွန်မြူနီတီအားထည့်သွင်းဖေါ်ပြလိုပါကြောင်းအသိပေးကြေညာအပ်ပါ သည်။

မြန်မာပြည်တွင်းမှာ လက်ရှိဖြစ်ပျက်လျက်ရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး သတင်းမီဒီယာများအပေါ် indept analysis လုပ်ထားခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ကိစ္စရပ်နှစ်ခုအပေါ်မှာ အခြေခံပြီး ပြည်သူလူထုတွေဟာ မိမိတို့စိတ်တွင်းခံစားချက်တွေကို ငြိမ်းချမ်းစွာဖော်ထုတ်ရတဲ့အဖြစ်၊ တရား ဥပဒေစိုးမိုးစေရေး တောင်းဆိုရတဲ့အဖြစ်တွေဆီ အခြေအနေတစ်ရပ်က တွန်းပို့လိုက်ပါတယ်။

ကမ္ဘာ့မီဒီယာတွေရဲ့ headlines တွေဆီမသွားမီ လော့ဂျစ်ကျကျသုံးသပ်ကြည့်ကြပါမယ်။ ဖေ့စ်ဘွတ်ခ်ခေါ်တဲ့ 

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းကွန်မန့်တွေ အပြန်အလှန်ပေးကြပါတယ်။ အချို့ လည်း တော်တော်ဆိုးပါတယ်။

ကိုမြအေး ဘာကြောင့် အပြင်ထွက်လာသလဲဆိုတာနဲ့ပတ်သတ်ပြီး ကွန်မန့်တွေပေးထားပါ တယ်။ မုဒိန်းကျင့် လူသတ်မှုကိုအခြေခံပြီး အပြစ်မဲ့ (အညာသားများအပါအ၀င်) လူ ၁၁ ဦးကို မသေမချင်း ရိုက်သတ်ပြစ်လိုက်တယ်။ နောက်ဆက်တွဲဘာဖြစ်မလဲ။ မုဒိန်းကျင့်လူ သတ်မှု၊ အဲဒီအတွက်တရားစီရင်ဆဲ၊ လက်စားချေမှုကြောင့် အပြစ်မဲ့ ၁၀ ဦးအသတ်ခံရ၊ minority အစုများတဲ့နေရာတွေမှာ ထပ်ပြီးလက်စားချေမှု တွေမဖြစ်လာနိုင်ဘူးလား။ ဒီ လိုတွေ ဆက်ဖြစ်နေရင် ဒီမိုကရေစီရေးထိခိုက်မှာကြောင့် ကိုမြအေး အပြင်ထွက်လာတာ ပါ။ နိုင်ငံတော်အဆင့်ဖြစ်လာနိုင်တဲ့ ပဋိပက္ခကို ဟန့်တားဖို့ အပြင်ထွက်လာတာပါ။ မုဒိန်း ကျင့်လူသတ်မှုအတွက် ဘာမှအပြစ်မရှိတဲ့ အပြစ်မဲ့ ၁၁ ဦးကို ရိုက်သတ်လိုက်တာ မှန်တယ်လို့ ယူဆနေတဲ့ ကွန်မန့်များကတော့ စိတ်ပျက်ဖွယ်ရာများပါပဲ။

အခုကျွန်တော်တို့ နိုင်ငံတကာမီဒီယာများကို လေ့လာပါမယ်။

ဘီဘီစီသတင်းဌာနက အခုလိုခေါင်းစဉ်တပ်ဖော်ပြခဲ့ပါတယ်။ “Muslims Killed in attack in Burma’s Rakhine Province” ၊ “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မွတ်စလင်မ်များ တိုက်ခိုက်သတ် ဖြတ်ခံရ”။

ဘီဘီစီသတင်းရဲ့ လူစုလူဝေးဖြင့် တိုက်ခိုက်ကြခြင်းဆိုတဲ့ ခေါင်းစဉ်ခွဲအောက်မှာ ဖော်ပြထားတာ က-

”More than 100 people beat and killed those people,” a resident told AFP news agency. “The residents even torched the bus.”

The reason for the attack is unclear, but some residents say it was a revenge attack following the rape and murder of a Buddhist girl in another part of the province last month.

(ဘာသာပြန်) “လူအယောက်၁၀၀ ကျော်လောက်ဝိုင်းရိုက်ပြီး သတ်ပြစ်လိုက်ကြတာပါ။ အဲဒီအနားမှာ နေထိုင်တဲ့ လူတွေက ဘတ်စ်ကားကို မီးနဲ့ တောင် ရှို့လိုက်ကြသေးတယ်” လို့ တောင်ကုတ် မြို့ခံတစ်ဦးက အေအက်ဖ် ပီသတင်းဌာနကို ပြောပါတယ်။

တိုက်ခိုက်မှု ဘယ်လိုဖြစ်ပျက်ခဲ့တဲ့ဆိုတဲ့ နောက်ခံအကြောင်းကတော့ မရှင်းမလင်းအနေ အထားပါ ပဲ။ ဒါပေမယ့် မြို့ခံအချို့ကတော့ ပြည်နယ်အ တွင်း အခြားတစ်နေရာမှာဖြစ်ပျက်ခဲ့ တဲ့ ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ဦးအား မတော်မတရားပြုကျင့်သတ်ဖြတ်ခဲ့တာကြောင့် လက်စားချေ ကြခြင်းဖြစ်ကြောင်း ပြောကြပါတယ်။

အခုတစ်ခါ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်ကို လေ့လာပါမယ်။ ရိုက်တာကတော့ “Buddhist vigilantes kill 9 Muslims in Myanmar violence” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ “ဘာသာရေး မုန်းတီးမှုအခြေခံ ဗုဒ္ဓဘာသာဝင်များက မွတ်စလင်မ် ၉ ဦးကို မြန်မာပြည်တွင်း တိုက်ခိုက်မှု၌ သတ် ဖြတ်” လို့ ယေဘုယျဘာသာပြန်ဆို နားလည်နိုင်ပါတယ်။

သတင်းကို အခုလို အစချီဖော်ပြထားပါတယ် -

The bus was besieged near Taunggoke town in the western state of Rakhine on Sunday evening by a group who blamed some of its passengers for the murder of a Buddhist woman a week ago, said local residents and politicians. One of those killed was travelling in a separate car.

(ဘာသာပြန်) “တနင်္ဂနွေညနေပိုင်းလောက်အချိန်က ရခိုင်ပြည်နယ်အနောက်ဘက် တောင်ကုတ်မြို့အနီးမှာ ဘတ်စ် ကားကို ဝိုင်းဝန်းပိတ်ဆို့လိုက် ကြပါတယ်။ ပိတ်ဆို့လိုက် တဲ့သူတွေကတော့ ဘတ်စ်ကားပေါ်မှာ လွန်ခဲ့ တဲ့တစ်ပတ်က ဗုဒ္ဓဘာသာ မိန်းကလေး တစ်ဦးကို မုဒိန်းမှုကျူးလွန်သွား တဲ့ တရားခံပါကြောင်း ဆိုကြတယ်”လို့ ဒေသခံတွေနဲ့ နိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

ရေဒီယို ဩစတေးလျကတော့ ခုလို ခေါင်းစဉ်တပ်ခဲ့ပါတယ်။ “Nine dead in mob attack in Burma” ၊ “မြန်မာပြည်တွင် လူစုလူဝေးဖြင့် တိုက်ခိုက်မှုကြောင့် လူကိုးဦးသေဆုံး”။

သတင်းကို တင်ပြထားရာမှာ ကောက်နုတ်သင့်တဲ့အချက်တစ်ချက်ကတော့ -

Clashes between Buddhists and Muslims occur periodically in Burma and Rakhine state, which borders Bangladesh, is a flashpoint for tensions.

“We all have a duty to control the situation, no matter who is involved or which religion they are,” said Aye Maung, an MP for the Rakhine Nationalities Development Party.

“We all are living here together. We, as well as the government, have the duty to control it,” he told AFP.

(ဘာသာပြန်) ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်မ်များအကြား မြန်မာပြည်နဲ့ ရခိုင်ဒေသတို့မှာ တင်းမာငြိစွန်းမှုတွေ အမြဲလိုလိုဖြစ်တတ်ပါတယ်။ ရခိုင်ဒေသကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်ပြီး တင်းမာမှုတွေ အတွက် အမြဲမီးမောင်းထွန်းပြနေရတဲ့ ဒေသပါ။

“ဘယ်သူတွေ ပါဝင်ခဲ့ပါစေ၊ ဘယ်သူတွေက ဘယ်ဘာသာဝင်တွေပဲဖြစ်နေပါစေ။ အခြေအနေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့အားလုံး ဒီမှာအတူတကွနေထိုင် ကြတာပါ။ ကျွန်တော်တို့အပါအဝင် အစိုးရပိုင်းကလည်း ဒါမျိုးတွေကို ထိန်းချုပ်ဖို့လိုအပ်ပါ တယ်။” လို့ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင် လွှတ်တော်အမတ် ဦးအေးမောင်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စင်ကာပူ နာမည်ကြီး straitstimes ကတော့ “At least 9 killed in mob attack in western Myanmar” ဆိုပြီး အုပ်ဖွဲ့တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနောက်ပိုင်းတွင် လူကိုးဦးသေဆုံးလို့ ခေါင်းစဉ်တပ်ပါတယ်။ သတင်းကတော့ အကျဉ်းချုပ်လောက်ပဲဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာ ဒေသခံ ရခိုင်အမျိုးသားများက လူကိုးဦးကို သတ်ပြစ်လိုက်ကြတယ်၊ ကျွန်တော်တို့ အသေးစိတ်မသိ သေးပါလို့ အစိုးရတာဝန်ရှိသူများက ဆိုကြောင်း ဖော်ပြထားပါတယ်။

ဘန်ကောက်ပို့စ်ကတော့ “Nine dead in Myanmar mob attack: govt official” ဆိုပြီး မြန်မာပြည်က အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် လူကိုးဦးသေ ဆုံးကြောင်း အစိုးရပိုင်းက ပြောကြား ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ပါတယ်။ ရေဒီယို ဩစတေးလျရဲ့ တင်ပြပုံနဲ့ ဆင်တူပါတယ်။

အခုလို နိုင်ငံတကာမီဒီယာများရဲ့ ခေါင်းစဉ်များကို လေ့လာရခြင်း အကြောင်းရင်းကတော့ ဒီမီဒီယာတွေအားလုံးက ခိုင်မာတဲ့မီဒီယာတွေဖြစ်ပြီး မြန်မာပြည်က တာဝန်ရှိသူများရဲ့ ပြောဆို မှုများအပေါ် အခြေခံခဲ့ကြတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တို့ရဲ့ သတင်းကြေညာချက်က ဘယ်အပေါ်မှာ အခြေခံပါသလဲ။ နိုင်ငံတကာမီဒီယာတွေရဲ့ ဆက်သွယ်မေး မြန်းမှုများကို အဖြေပေးခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ အခြေခံပါသလား။ ဒီမေးခွန်းဖြစ်ပေါ်လာရတာက “ကုလား” ဆိုတဲ့ စကားလုံးကြောင့်ပါ။

နိုင်ငံပိုင် state media နဲ့ state newspaper တွေမှာ “မွတ်စလင်ကုလား” ဆိုပြီး ထပ်ကာတလဲလဲ သုံးစွဲသွားပေမယ့် နိုင်ငံတကာ မီဒီယာတွေမှာ ဒီ derogatory term ကို ကိုယ်စားပြုတဲ့ စကားလုံး တစ်လုံးတောင် ရှာမတွေ့ရတာ ဘာကြောင့်ပါလဲ။ ကုလားဆိုတဲ့ စကားလုံးက နိုင်ငံတကာမှာ “Nigger” ဆိုတာနဲ့ ထပ်တူညီမျှပါပဲ။ နိုင်ငံတကာမှာ Nigger ဆိုတဲ့စကားလုံး သုံးစွဲဖော်ပြတဲ့ မီဒီယာ မရှိပါ။ လုံးဝမရှိပါ။

သတင်းအရင်းအမြစ်က တစ်နေရာတည်းကလာပြီး သတင်းတင်ဆက်ပုံ၊ စကားလုံးရွေးချယ်ပုံတွေ ကွာနေတာ ဘာကြောင့်ပါလဲ။

အခု ပြန်ကြားရေးညွှန်ကြားရေးမှူးရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က notes ကို လေ့လာပါမယ်။ ဦးရဲထွဋ်ရေးသားခဲ့တာက

“အဲဒီလမ်းညွှန်ချက်များမှာ သတင်းများမှာ ဘာသာ၊ လူမျိုး၊ ဇာတ်နိမ့်/မြင့် ဖော်ပြတာနဲ့ပတ်သက်ပြီးအောက်ပါအတိုင်း လိုက်နာဖို့သတ်မှတ်ထားပါတယ်-

၁။ လူတစ်ဦး၏ အပြုအမူများ၊ လုပ်ဆောင်ချက်များ( အထူးသဖြင့် အဆိုးမြင်စေမယ့်၊ မကောင်းတဲ့သတင်းများ) နဲ့ပတ်သက်ပြီး ရေးသာရာမှာ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး၊ ဇတ်နိမ့်/မြင့်များကို ရည်ညွှန်းရေးသားခြင်းမပြုဖို့သတိပြုရန်။

၂။ ပြစ်မှုများတွင် စွတ်စွဲခံရသူ သို့မဟုတ် နစ်နာသူ၏ မျိုးနွယ်၊ လူမျိုး၊ ဘာသာကို ရည်ညွှန်းရေးသားခြင်းမပြုရန်။

၃။ စကားလုံးများသုံးစွဲရာတွင် ဓမ္မအဓိဋ္ဌာန်ကျကျ ရေးသားရန်၊ လှုံ့ဆော်ရာရောက်သည့် အသုံးအနှုန်းများကို ရှောင်ရှားရန်။

ဒါ့အပြင် Communal Dispute လို့ခေါ်တဲ့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ၊ ပဋိပက္ခများနဲ့ပတ်သက်ပြီး သတင်း ရေးသားတဲ့အခါ အောက်ပါအတိုင်းလမ်းညွှန်ထားတာတွေ့ရပါတယ်-….” စသဖြင့်ပါ။

ဦးရဲထွဋ့်က ဇွန်လ ၄ ရက် ည ၈ နာရီမှာ တင်ထားတာပါ။ အဲဒီအချိန်လောက်မှာပဲ နိုင်ငံပိုင်မီဒီယာ က “တရားခံ မောင်… အစ္စလာမ်၊ မွတ်စလင်ကုလားလူမျိုး” စတဲ့စကားလုံးတွေ တရစပ်သုံးပြီး သတင်းတင်ဆက်သွားတာ ကတော့ နိုင်ငံတကာမှာ ရှက်ဖွယ်လိလိ သတင်းတင်ဆက်ပုံမျိုးပါ။

နိုင်ငံပိုင်သတင်းစာက ခေါင်းစဉ်တပ်လိုက်ပုံက – “မွတ်စလင်ကုလား ၁၀ ဦးအသတ်ခံရ” ။

ဒီလိုပဲ ဇွန်လ ၃၀ ရက် တောင်ကုတ် လူသတ်မှုမတိုင်ခင်တုန်းက သတင်းတွေကို လေ့လာကြည့်ရ အောင်။

ရခိုင်းသတင်းဌာန နိရဉ္စရာသတင်း ဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ” ခေါင်းစဉ်ပါသတင်း တစ်ပုဒ်ထဲမှာတင် လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပေးတဲ့ စာလုံး၊ စာကြောင်းပေါင်းများစွာ ထည့်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းတွေကတော့

- ကျောက်ထရံ ကုလားရွာအနီးမှာ မုဒိမ်းကျင့်ခံရပြီး

- မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ ကျောက်ထရံကျေးရွာမှ မွတ်ဆလင် လူငယ် သုံးဦး ဖြစ်ပြီး

- ” သူမကို မုဒိမ်းကျင့်ပြီး သတ်သွားတာက ကျောက်ထရံကျေးရွာက ကုလား လူငယ် (၃)ဦးဖြစ်တယ်”

- တစ်ဦးတည်းပြန်စဉ် ကျောက်ထရံ ကုလားရွာ အလွန် တာတမံဘောင်ရှိ ကုက္ကိုပင်တွင် ပုန်းအောင်းစောင့်နေသော မွတ်ဆလင် လူငယ် ၃ ဦးက အတင်းဆွဲချုပ် ဖမ်းဆီးပြီး မုဒိမ်းကျင့်ကာ

နိရဉ္စရာသတင်းဌာနရဲ့  မေလ ၂၉ ရက်နေ့ ထုတ် “ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်း ဖမ်းမိ” ခေါင်းစဉ်ပါ သတင်းမှာလည်း လူမျိုးရေး ဘာသာရေး စကားလုံးထပ်ပြီး ရေးသားထားပါတယ်။

- သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

- တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို

- အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု

- မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း

မေလ ၃၁ ရက်နေ့ ထုတ် “မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ” ခေါင်းစဉ်ပါသတင်းမှာ

- အခု ဖမ်းဆီးထားတဲ့ ကုလား ကောင်လေးတွေဟာ

- မုဒိမ်းမူ၊ လူသတ်မူ မဖြစ်ခင်မှာ လမ်းသွားလမ်းလာ မိန်းခလေးတွေ၊ ကျောင်းသူတွေကို ဒီဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကုလားရွာတွေက တချို့ ဆိုးသွမ်းတဲ့ လူတွေဟာ

- အဆိုပါ ဒေသတွင် မွတ်ဆလင် တချို့မှ ကျောင်းသူ ကျောင်းသားများ၊ ဈေးသွား ဈေးလာများကို နှောင့်ယှက်မူများ ရှိခဲ့သဖြင့်

- စွပ်စွဲခံထားရသူ ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ကို ဖမ်းဆီးထားကြောင်း



ဇွန်လ ၂ ရက်နေ့ ထုတ် “ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

ပါသတင်းမှာ

- ဖမ်းဆီး ရမိထားသော တရားခံ မူဆလင်(၃) ဦးကို

ရာဇ၀တ်မှုတွေကို လူမျိုးရေး ဘာသာရေး စကားလုံးချင်းထပ်ကာထပ်ကာ တွင်တွင်ရေးသားတင်ပြထားတဲ့ သတင်းတွေ ရခိုင်ပြည်မှာ ပျံ့ သွားပြီး ရခိုင်ပြည်သူတွေကို ဒေါသအမျက်ထွက်စေခဲ့ပါတယ်။

အလားတူပဲ ဇွန်လ ၁ ရက်နေ့ ထုတ် အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို ခေါင်းစဉ်ပါ ဧရာဝတီသတင်းမှာ

- အစ္စလမ် ဘာသာဝင် ၃ ဦးက အဓမ္မပြုကျင့်ခြင်း၊

- ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ကုလားများနှင့်ပတ်သက်၍ တိုင်တန်းချက်များကို သက်ဆိုင်ရာက တာဝန်ယူမှုမရှိသည့် စသဖြင့်

ရေးသားထားပါတယ်။

ဒါကြောင့် မေလ ၃၀ ရက်နေ့ကတည်းက ထောင်သွင်းအကျဉ်းချခံရပြီးဖြစ်တဲ့ မုဒိန်းကောင်များကို အခြေခံပြီး ဇွန် ၃ ကျမှ လူသတ်ပွဲကြီးဖြစ်လာစေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဇွန် ၅ ရက်မှာ လူထုတွေ လမ်းပေါ်ထွက်လာပြီး တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ အခြေအနေထိ တွန်းပို့တာ ဘယ်မီဒီယာများပါလဲ။ ဒီလို မြန်မာနိုင်ငံတော်အစိုးရပိုင် မီဒီယာရဲ့ သတင်းတင်ဆက်ပုံမျိုးဟာ သွေးနားထင်ရောက်အောင် ဆွပေးတဲ့ သတင်းတင်ဆက်ပုံမျိုးဖြစ် ပါတယ်။ ဒါကို တာဝန်ယူပေးပါ။

ငြိမ်းချမ်းလှတဲ့ မြန်မာမွတ်စလင်မ်တွေကြောင့်သာ နိုင်ငံအဆင့်အဓိကရုဏ်းမဖြစ်တာပါ။

နိဂုံးချုပ်အနေနဲ့ကတော့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်အမှားပြင်ဆင်ချက်ထည့် ထားတဲ့ ကိစ္စကို ပြောရမှာပါ။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနခင်ဗျား – လူကြီးမင်းတို့အနေနဲ့ လူမျိုးရေး၊ ဘာသာရေး သွေးခွဲသပ်လျှိုတဲ့ အသုံးအနှုံးများအတွက် အမှားပြင်ဆင် ချက်က လုံလောက်ပြီလို့ ထင်မြင်ပါသလားခင်ဗျား။

ကျွန်တော်တို့ လိုအပ်နေတာ “Apology” လို့ ခေါ်တဲ့ တရားဝင်တောင်းပန်မှုပါ။

စင်္ကာပူ တူဒေးစ်သတင်းစာက ကျိုက်ထီးရိုးအကြောင်း မကောင်းရေးကြတော့ တောင်းပန်ပါလို့ ပြောခဲ့ကြတဲ့ မြန်မာတွေ၊ အခု ကိစ္စမှာလည်း နိုင်ငံကြီးသားပီသစွာ လက်တွဲဆောင်ရွက်ပေးကြပါ။

နိုင်ငံကြီးသား ဘာသာခြားမြန်မာများခင်ဗျား။ ပူးပေါင်းပါဝင်လက်တွဲကူညီကြရင်း Racial Harmony, Religious Harmony များဖွံ့ဖြိုးပြီး လူမျိုးခြားအချင်းချင်း ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အင်အားစိုက်ထုတ်ပေးကြပါ လို့ မေတ္တာရပ်ခံလိုက်ရပါတယ်။

Source : MMSY






မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ (၅.၆.၂၀၁၂) ညနေ ၅ နာရီတွင် မေတ္တာရပ်ခံပန်ကြားလွှာ ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။

ပန်ကြားလွှာအပြည့်အစုံမှာ-


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ

“(၅.၆.၂၀၁၂) ရက်နေ့ထုတ်ဝေသည့်သတင်းစာတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံသားပြည်သူများ အကြားတွင် သဘောထားကွဲလွဲလျက် ရှိပါသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ထုတ်ပြန်ချက်အပေါ် နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းကြီး အနေဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ တင်ပြပြီး တရား ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အစ္စလာမ့်တရားတော်နှင့် အညီ တည်ငြိမ်အေးချမ်းစွာ နေထိုင်ကြပါရန်၊ လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ရှောင်ကြဉ်ကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်”

အဆိုပါ ထုတ်ပြန်ချက်ကို ပြည်တွင်းအစ္စလာမ်အဖွဲ့အစည်း ၅ခု၏ သဘောတူညီမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ချက်ကို ဗလီများသို့ လိုက်လံဖြန့်ဝေလျက်ရှိကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ မော်လ၀ီအဖွဲ့ဌာနချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်စိုးက ပြောသည်။

Source : MMSY


ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်မှုတွေနဲ့ပတ်သက်လို့အစိုးရပိုင်သတင်းစာမှာ ရေးသားထုတ်ပြန်ချက်ဟာ ပြည် တွင်းငြိမ်းချမ်းရေးကိုအထောက်အကူမပြုစေဘူးလို့ ရှေ့နေများကွန်ရက်ရဲ့ဝါရင့်ရှေ့နေတဦးက ဝေဖန်ပြော ဆိုလိုက် ပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာက အမျိုးသမီး တဦးtသတ်ခံရမှုနဲ့ စပ်လျဉ်းဖော်ပြချက်မှာ တရားရုံးက မဆုံးဖြတ်ရသေးခင် လူသတ်မှုသံသယရှိသူ ၃ ဦးကို လူသတ်သူများအဖြစ် ဖော်ပြချက်ဟာ မှားယွင်းတဲ့ အကြောင်း ရှေ့နေများကွန်ရက်က လုပ်သက် ရင့် ရှေ့နေကြီးတဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရားရုံးက စီရင်ချက်ချတာ မဟုတ်သေးဘဲ ဒီလိုရေးသားချက်ဟာ မှားယွင်းတဲ့အကြောင်းနဲ့ လူသတ်မှု သံသယရှိသူများအဖြစ်သာ ဖော်ပြရမယ်လို့ အသက် ၉၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးသန်းတင်က ပြောပါတယ်။

အဲဒီလူငယ် ၃ ဦးကို လူသတ်မှု၊ လုယက်မှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်တယ်လို့ သတင်းက ပုဒ်မတွေနဲ့ ရေး သားပေမယ့် မုဒိမ်းမှုနဲ့ဆိုင်တဲ့ ပုဒ်မတော့ မထည့်ထားဘူးလို့ ထောက်ပြပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်တွေမြို့မှာ လူတယောက် ပျောက်ဆုံးမှုနဲ့ စပ်လျဉ်းပြီး ရဲစခန်းကို လူတွေက ၀ိုင်းဝန်းတဲ့ကိစ္စမှာ ရဲစခန်းက ရာဘာကျည်ဆန်တွေနဲ့ ပစ်ခွင်းခဲ့ပြီး တောင်ကုတ်မြို့မှာ လူရာဂဏန်းလောက်က လူ ၁၀ ယောက်ကို သတ်ဖြတ်မှုကျူးလွန်တဲ့အပေါ် တားမြစ်ထိန်းသိမ်းခြင်းမရှိတဲ့ ရဲနဲ့ အုပ်ချုပ်ရေးအာ ဏာပိုင်တွေရဲ့ တာဝန်ပျက်ကွက်မှုကို သူက မေးခွန်းထုတ်ပါတယ်။ အစိုးရသတင်း ထုတ်ပြန်ချက် မှာပါရှိတဲ့ ရေးသားချက်တွေနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို တရားစွဲဆိုမယ် ဆိုရင် ကူညီဆောင်ရွက်မယ်လို့ သူက ပြောဆိုသွားပါတယ်။

“နိုင်ငံတော် သတင်းစာမှာ ထုတ်ပေးတဲ့ ကြေညာချက်က ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူမပြုဘူး။ ဘာသာအချင်းချင်း ကွဲပြားစေတာကို မီးလောင်ရာလေပင့်တဲ့သဘော ဖြစ်နေ ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို လိုချင်တာပါ။ အဲဒီတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း သက်ဆိုင်ရာ ပြန်ကြားရေး ၀န်ကြီးကိုယ်တိုင်က ဒီဟာတွေကို အားပေးတဲ့သဘောမျိုး ဖြစ်နေလို့၊ ကျနော့်ကို အမှုအပ်လို့ကတော့ ကျနော်က အကြံဥာဏ်ပေးမှာပဲ၊ ပြန်ကြားရေးဝန်ကြီးကို တရားစွဲမယ်၊ အဲလိုပဲ စီစဉ်တာ။”
DVB



ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဗလီရှေ့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် စုဝေးလျှက်ရှိသည့် လူစုလူဝေး အားလူစုခွဲစေရန် ရန်ကုန် အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး မျိုးအောင် နှင့်အဖွဲ့က မေတ္တာရပ်ခံ လျှက်ရှိရာ ညနေ ၄ နာရီခွဲဝန်းကျင်၌ ရာဂဏန်းမျှသာ ကျန်ရှိတော့သည်ကိုတွေ့ရသည်။



ညနေ ၄ နာရီကျော်တွင် အဓိကရုဏ်းနှိမ်နှင်းရေး လုံထိန်းရဲကားများလည်း မြို့တော်ခန်းမနှင့် ဆူးလေစေ တီတ၀ိုက်သို့ ရောက်ရှိလာသည်ကိုတွေ့ရသည်။ လုံထိန်းရဲကား ၆ စီးထက်မနည်း ရောက်ရှိလာပြီး မြို့တော်ခန်းမရှေ့တွင် ရပ်နားထားသည်ကိုတွေ့ရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အစ္စလာမ်ဘာသာဝင်များကိစ္စကို စုံစမ်းအရေးယူပေးရန် တို့ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားပြီးမကြာမီ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေး ရောက်ရှိလာပြီး ဆန္ဒပြလုအုပ်ကို စိတ်ရှည်သည်းခံကြဖို့ အမုန်းတရားအပေါ် အခြေမခံ ကြဖို့ ပြောဆိုခဲ့သည်။

အစ္စလာမ်ဘာသာဝင် ဆန္ဒပြသူများအပြင် အခြားလူထုပရိတ်သတ်လည်း တဖြည်းဖြည်းများပြား လာ သည့်နောက် ရဲတပ်ဖွဲ့ဝင်များက လူစုလူဝေးအား လူစုခွဲပေးရန် မေတ္တာရပ်ခံပြီး အခြေအနေကို ထိန်းသိမ်း လျှက်ရှိသည်။

ဆူးလေစေတီ၏ ၀င်ပေါက် အချို့ကို ပိတ်ထားပြီး ဆူးလေစေတီအ၀ိုင်းပတ်သည့် ကားလမ်းကိုလည်း ယာဉ်ကြောတကြောသာ ဖွင့်ထားပေးကာ ကုန်သည်ကြီးများ ဟိုတယ်ဘက်မှ ဆူးလေဘုရားစေတီဘက်သို့ ဆင်းသည့် ယာဉ်ကြောကိုလည်း ပိတ်ဆို့ထားသည်။

ရန်ကုန်မြို့တွင်း၌ လူအများ ပုံမှန်သွားလာလျှက်ရှိကြပြီး ဆူးလေလမ်းမတ၀ိုက် လမ်းဘေးဈေးသည် များကိုသာ လုံခြုံရေး အကြောင်းကြောင့် ရှင်းလင်းထားသည်ကို တွေ့ရသည်။
ဇွန်လ ၅ ၊ ၂၀၁၂ -YPI

*********************************************************************************
ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း
Radio Free Asia-2012-06-05
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေး ချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။


အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။


ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။


"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"


ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။


ညနေ ၄-နာရီခန့်မှာ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့တွေ ရောက်လာပြီး လူစုခွဲဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။ ရပ်ကြည့်နေသူ နောက်တစ်ဦးက အခုလိုပြောပါတယ်။


" ဆူးလေဘုရားနဲ့ ဒီဘက်က မြို့တော်ခန်းမ ရှေ့အပေါက်ပေါ့နော်။ ဒါကိုသူတို့ ပိတ်လိုက်တယ်။ ယာဉ်ကြောတွေ ပိတ်ပစ်လိုက်ပြီးတော့ သူတို့ လူစုခွဲနေတာပေါ့လေ။ သူတို့ လူစုခွဲနေပြီးတော့ ဗလီထဲကို ပြန်ပြီးတော့ သွင်းနေတယ်။ ခုနက ဓာတ်ပုံတွေကိုင်ပြီး ပြနေတဲ့ဟာတွေ မရှိတော့ဘူးခင်ဗျ။ မရှိတော့ဘဲနဲ့ ပြန်ဝင်သွားတယ်။ လောလောဆယ် အခုကဖြစ်နေတာက အပြင်က ခုနက ကြည့်နေတဲ့ ပရိသတ်ထဲကနေပြီးတော့ ပြန်ပြီးတော့ ဆူတဲ့ပူတဲ့ သဘော ဖြစ်နေတာပေါ့နော်။ အဲဒီလို ဆန္ဒမပြသင့်ဘူး။ ခေါင်မိုးပေါ်တက်ပြီးပြောတော့ အထဲကလှမ်းပြီး ဆဲလိုက်တာ။ လှမ်းဆဲလိုက်တော့ အခုက ရုန်းရုန်းပြန်ဖြစ်သွားတာ။ အခုတော့ ပရိသတ်နဲ့ ဖြစ်နေတဲ့ သဘောပေါ့နော်"


ညနေ ၄ နာရီနောက်ပိုင်းမှာ ဆူးလေဘုရားလမ်း အ၀ိုင်းပတ်တဲ့ ယာဉ်ကြောတစ်ကြော သာဖွင့် ပေးထား ပါတယ်။ လုံထိန်းတွေ တင်ဆောင်လာတဲ့ကား ၆ -စီး ကို မြို့တော်ခန်းမအနီး မှာ တွေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။


သက်ဆိုင်ရာက ကြားဝင်ဟန့်တားခဲ့လို့ လူစုကွဲသွားကြပြီလို့ သိရပါတယ်။ အလားတူ ဆန္ဒပြပွဲမျိုး မင်္ဂလာတောင်ညွန့် မြို့နယ် အောင်ဆန်းကွင်း အရှေ့ဘက်က တခြမ်းပဲ့ ဗလီမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

RFA.

************************************************************************
ရန်ကုန် မူစလင်တချို့ ဆန္ဒပြ
VOA-By ကျော်ကျော်သိန်း

ရန်ကုန်မြို့မှာ ဇွန်လ ၅ ရက်၊ အင်္ဂါနေ့ နေ့လယ်ပိုင်းက အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြ တာကြောင့်ရယ်၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့တွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တရားဥပဒေ အရ စုံစမ်းစစ်ဆေးပြီး အပြစ်ပေး အရေးယူဖို့ရယ် တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ ရက်နေ့တုန်းကတော့ ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီးက အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက် VOA ရုံးခွဲကနေ မေးမြန်း စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။

---à ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေပိုင်းက တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အကြမ်းဖက် သတ်ဖြတ် ခံခဲ့ရပြီးတဲ့နောက် ဒီကနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ မေလ ၂၈ ရက်နေ့က ရမ်းဗြဲ မြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ် ၃ ယောက်က အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက် တဲ့ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ တောင်ကုတ်က အကြမ်းဖက် သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ သတင်း ခေါင်းစဉ်ပါ အသုံးအနှုန်း အပေါ် ရန်ကုန်မြို့ခံ အစ္စလာမ်ဘာသာဝင်တွေ မကျေမနပ်ဖြစ်ခဲ့ကြ တာပါ။ ဆန္ဒပြသူတွေက တရားဥပဒေ စိုးမိုးရေးဆိုတဲ့စာတမ်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြရာနေရာဆီသွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး က ဗွီအိုအေကိုပြောပါတယ်။

“ဒီနေ့ သတင်းစာအသုံးအနှုန်းမှာ မူစလင်ကုလားဆိုပြီး သုံးတာကိုဗျာ။ အဲဒါက နိုင်ငံတော် လ၀က ရဲ့ စည်းမျဉ်းဥပဒေမှာလည်း အဲလို အသုံးမျိုး ရှိမှ မရှိတာဗျ။ ခု သုံးတဲ့ အသုံးအနှုန်းက တမင်တကာ ချိုးဖဲ့ ချိုးနှိမ်ပြီး သုံးတဲ့အပေါ်မှာတော့ မကျေမနပ် ဖြစ် ကြတာပေါ့နော်။ တရားဥပဒေစိုးမိုးရေးဆိုတာက အစ္စလာမ် ဘာသာဝင် ၁၀ယောက် အသတ်ခံလိုက်ရတဲ့ကိစ္စကိုလည်း ဥပဒေ ကြောင်း အရ အရေးယူပေး ဖို့ပေါ့ဗျာ။ နောက်တခါ ဒီ ရခိုင်အမျိုးသမီးလေးကို မတရားကျင့်ပြီး စော်ကားသွားတဲ့ဟာကိုလည်း တိတိ ကျကျ အရေးယူဖို့ ဒါကို ပြောတာပါ။”

ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းတွေ မဖြစ်ဖို့နဲ့ ခံစားမှုတွေကို ရှေ့တန်းတင်ပြီး လုပ်ကြမယ် ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင် မှာမဟုတ်တဲ့အတွက် ဆန္ဒပြတာကို ရုပ်သိမ်းပေးဖို့ သွားရောက် မေတ္တာ ရပ်ခံခဲ့ပါတယ်လို့ ကိုမြအေးကပြောပါတယ်။

“အမုန်းတရားတွေကို ရှေ့တန်းတင်ပြီး ဒီပြဿနာတွေကို ဖြေရှင်းကြမယ်ဆိုရင် အမှန်တရားတခုကို ကျနော်တို့ ရနိုင်မှာ မဟုတ် ဘူးလေ၊ အဲဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ ဆန္ဒပြတဲ့ဟာကို ရုပ်သိမ်းပေးဖို့ကို ကျနော်သွားပြီး မေတ္တာရပ်ခံတာပါ။”

ဇွန်လ ၄ ရက်နေ့မှာ တောင်ကုတ်က အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ခဲ့တဲ့ တနေ့တည်းမှာပဲ ပြည်ထောင်စု အစိုးရအဖွဲ့ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်ဟာ သမ္မတရဲ့ညွှန်ကြားချက်အရ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ရန်ကုန် မြို့မှာ တွေ့ဆုံပြီး ရှင်းလင်းပြောဆိုခဲ့ပါ တယ်။ တွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အစိုးရအသိအမှတ်ပြု အစ္စလာမ်ဘာသာရေး အဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်တဦးက သာသနာရေးဝန်ကြီး ပြောဆိုသွားတာတွေကို ဗွီအိုအေကို ပြန်ရှင်းပြပါတယ်။

“သူ့ပြောကြားချက်အရဆိုရင် သမ္မတကြီးက ဒီကိစ္စနဲ့ပတ်သက်လို့ အင်မတန်မှ စိတ်မကောင်းဖြစ်ပါတယ်၊ ဒါကြောင့် သူ့ကို နေပြည်တော်က ၃နာရီမှာ ချက်ချင်း ရန်ကုန်ကို စေလွှတ်ပါတယ်၊ ကျနော်တို့ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများအားလုံးနဲ့ တခြားဘာသာရေးအသင်းအဖွဲ့များကို ခေါ်ပြီးတော့၊ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရှင်းပြပြီးတော့ သမ္မတကြီးက စိတ်မကောင်း ဖြစ် တယ်ဆိုတဲ့အကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့ စုံစမ်းဖော်ထုတ်သွားမယ် ဆိုတဲ့ အကြောင်း၊ နောက် နိုင်ငံတော် အေးချမ်းသာယာရေးအတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုး ဆောင်ရွက်ပေးဖို့ အကြောင်းတွေကို မှာကြား သွားပါတယ်။ အေးချမ်းသာယာရေးအတွက်ကတော့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို၊ အစ္စလာမ်အဖွဲ့အစည်းမှာလည်း တာဝန်ရှိတယ်လေ၊ အဲဒီအတွက်ကတော့ ကျနော်တို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဖျက်အမှောက်ဖြစ်တာကိုတော့ လက်မခံဘူး လေ။ ဒီတော့ ကျနော်တို့ ဒါကို ထိန်းသိမ်းမှာပါ။ အဓိကကတော့ ကျနော်တို့က ကိုယ့်ဘာသာဝင်တွေကို အဓိကထားပြီး ထိန်းသိမ်းသွား မှာပါ”

စစ်တွေမြို့မှာလည်း ဇွန်လ ၄ ရက် ညပိုင်းက အကြမ်းဖက်မှုဖြစ်နိုင်တဲ့ အခြေအနေတရပ်ကို ကာကွယ်နိုင် ခဲ့ပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့ထိ၊ အကြမ်းဖက်ဖြစ်ရပ်တွေကို တရားဥပဒေနဲ့အညီ ပြေလည် စွာ ဖြေရှင်းနိုင်တဲ့ အချိန်ထိ ရပ်မိရပ်ဖတွေနဲ့ တာဝန် ရှိသူတွေပူးပေါင်းပြီး လုံခြုံရေးအစီအမံတွေလုပ်သွားဖို့ စီစဉ်ထားတယ်လို့ စစ်တွေမှာရှိနေတဲ့ ရခိုင်ပြည်နယ်၊ အမှတ် (၁) မဲဆန္ဒ နယ်မြေရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဗွီအိုအေ ကို ပြောပါတယ်။

“မနေ့ညက အစ္စလာမ်ဘာသာဝင်တွေ နေတဲ့ နေရာတွေကို လုံခြုံရေးနည်းနည်း ထားပါတယ်။ ဗုဒ္ဓ ဘာသာဝင်တွေနေတဲ့နေရာနဲ့ အစ္စလာမ်ဘာသာဝင်တွေ နေတဲ့နေရာ အစပ်လေးတွေကို ချထားပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဘက်က ဒီဘက်ကို တခုခု ကိုယ်ထိလက်ရောက် လုပ်မယ့် သဘောလေးတွေ၊ တွေ့တဲ့အခါကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေက ကြိုတင်ပြီး တားဆီးနိုင်တဲ့ သဘောလေးတွေ ရှိတာပေါ့၊ အဲလိုမျိုး ထိစပ်တဲ့ ရပ်ကွက်လေးတွေ ရှိတယ်၊ အဲဒါတွေကိုတော့ ဒီကနေ့ ကျနော်တို့ အစည်းအဝေး လုပ်ကြတာ ရှိပါတယ်။ လုံခြုံရေးအရ ရှာဖွေတာတို့ တားဆီးကာကွယ်တာတို့ ဘာတို့ ရပ်မိ ရပ်ဖတွေနဲ့ လုပ်နိုင်အောင်ဆိုပြီးတော့ ညှိနှိုင်းနေကြတာ ရှိပါ တယ်။ စနစ်တကျကတော့ လုံခြုံရေးဖွဲ့စည်းတာတွေ လုပ်သွားမှာပါ”

ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေထဲမှာတော့ ကျောက်နီမော်ရွာသူ မသီတာထွေးကို သတ်ဖြတ် မှု ကျူးလွန်ခဲ့သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိတယ် လို့ ရေးထားသလို တောင်ကုတ်မှာ အစ္စလာမ် ဘာသာဝင်တွေ အသတ်ခံရတဲ့ဖြစ်ရပ်ကိုလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါကတော့ ဇွန်လ ၅ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြတာကြောင့် ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဒီကနေ့ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး၊ VOA ဘန်ကောက်ရုံးခွဲကနေ ကိုကျော်ကျော်သိန်း ပြောပြခဲ့တာပါ။

နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတဲ့ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမ အနီး တ၀ိုက်က လမ်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ညနေပိုင်းမှာ ပိတ်ပစ်ခဲ့ပြီးတော့ လူ အသွား အလာတွေ ကိုလည်း ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ပြဿနာ မကြီးထွားစေဖို့နဲ့ ခရီးသွားအများပြည်သူ အနှောင့်အယှက် မဖြစ်စေဖို့ ဆောင်ရွက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒုတိယရဲမှူးကြီး သက်လွင် ကို ကိုးကားပြီး ပြည်တွင်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အခု ဒီအသံလွှင့်ချိန် မတိုင်ခင်မှာတော့ ဆန္ဒပြသူတွေ လူစုကွဲ သွားပြီ ဖြစ်ပြီးတော့ အခြေအနေ တည်ငြိမ်သွားပြီး ပိတ်ထားတဲ့လမ်းတွေကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။




တောင်ကုတ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ်ကြေငြာချက် (ရန်ကုန်မြို့၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ ၄ ရက်)

ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်တွင် သာသနာရေးဆိုင်ရာ တရားကျင့်ကြံသူ (၈) ဦးနှင့် သံတွဲမြို့မှ အစ္စလာမ်ဘာသာဝင် ခရီးသွား (၂) ဦးအား ထေရဝါဒဗုဒ္ဓဘာသာဝင်ဆိုသူ ရခိုင်အ စွန်းရောက်အချို့၏ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသူများနှင့်စပ်လျဉ်း၍ ၄.၆.၂၀၁၂ တွင် ရန်ကုန်မြို့တွင် တရားဥပဒေစိုးမိုးရေးကို လိုလားသူများ စိတ်မချမ်းမြေ့ စွာဖြင့် တွေ့ ဆုံဆွေးနွေး မှုပြုခဲ့ပါသည်။

ယင်းသို့တွေ့ဆုံခဲ့ကြရာတွင် ကမ္ဘာတစ်ဝှမ်းမှ လူသားချင်းစာနာထောက်ထားမှုကို လေးစားသူများ သိသာစေရန် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အစ္စလာမ်ဘာသာ ဝင်များကိုယ် စား အောက်ဖော်ပြပါ ကြေငြာချက်အား ထုတ်ပြန်ကြေငြာအပ်ပါသည်။

၁။ ဒီမိုကရေစီ နိုင်ငံတော်သစ်၌ အပြစ်မဲ့နိုင်ငံသားများအား ပထမဆုံး ကြိုတင်ကြံစည်မှုဟု ဆိုနိုင်သည့် တောင်ကုတ်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပေါ် လာခြင်းကို ပြင်း ထန်စွာရှုံ့ချသည်။

၂။ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုသည့် ယခုဖြစ်စဉ်အပေါ် နိုင်ငံတော်အစိုးရမှ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားရန် လေးနက်စွာတိုက်တွန်းသည်။

၃။ နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဒေသဆိုင်ရာလုံခြုံရေးကို ထိပါးသည့် ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ဝမ်းနည်းကြောင်းနှင့်စိုးရိမ်မကင်းဖြစ်ရကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရထံအကြောင်းကြားစာ ပေးပို့ကြပါရန် တိုက်တွန်းအပ်ပါသည်။

၎။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုများအား မြန်မာနိုင်ငံအစိုးရမှ လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် မသမာသူများ၏ ပဋိပက္ခဖန်တီးမှုများကို ထိရောက်စွာ ကာကွယ်ရန် တိုက်တွန်းသည်။

၅။ နိုင်ငံပိုင် မီဒီယာများမှ “မွတ်စလင်-ကုလား” ဟူ၍ ချိုးနှိမ်သောအသုံးအနှုန်းကို သုံးစွဲခြင်း သည် နိုင်ငံသားလူနည်းစုများကို နှိမ်ချစော်ကားရာ ရောက်ရုံသာမက မင်းမဲ့စရိုက်ပြုကျင့်သူများ ကို မြှောက်ပင့်ပေးရာရောက်သဖြင့် ပြင်းထန်စွာရှုံ့ချသည်။

၆။ ယခုကဲ့သို့ လူမျိုးရေးနှင့်ဘာသာရေးကို အခြေခံသော ပြဿနာ များ ဖြစ်ပေါ်ရခြင်း မှာ ဒေသအတွင်း၌ အသိပညာနှင့်ဗဟုသုတ အားနည်းမှုကြောင့် ဖြစ်ပေါ် သည်ဟု လေးနက်စွာ ယုံကြည်မိပါသည်။ သို့ပါ၍ နိုင်ငံတော်အစိုးရ၊ င်ငံတကာအဖွဲ့အစည်းများမှ ၎င်းဒေသအတွင်း ပညာရေးမြှင့် တင်ခြင်း လုပ်ငန်းများအား တိုးချဲ့ဆောင်ရွက်ပေးရန် တိုက်တွန်းသည်။

၇။ ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေးကို လမ်းကြောင်းပြောင်းစေနိုင်သော ယင်းကဲ့ သို့ ဖြစ်စဉ်မျိုးများ မပေါ်ပေါက်စေရန် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။

BURMESE MUSLIM ASSOCIATION (BMA)
MYANMAR MUSLIM STUDENT & YOUTH (MMSY)
MYANMAR MUSLIM EDUCATION & CULTURAL SOCIETY (MMECS)
MYANMAR MUSLIM INFORMATION CENTER (MMIC)



ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရသတင်းစာများ၏ စကားလုံး အသုံးအနှုန်းအား လွှတ်တော် ကိုယ်စားလှယ် များနှင့် ပြည်သူများအကြား ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင် ရာ လေ ပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွက် တရားဥပဒေ အတိုင်း ဆောင် ရွက်သွားမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲပြဌာန်းပြီး ဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ရပ်များ အား လက်ခံ၍ မရကြောင်း သတင်းစာများက ဖော်ပြထားသည်။




စစ်တွေမြို့ ရဲစခန်းအား ဖျက်ဆီးမှု၊ သံတွဲမှ ရန်ကုန်သွားသည့် ရိုးမ သစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ လူ ၁၀ ဦး အသတ်ခံရမှု၊ သပြောင်ချောင် ကျေးရွာမှ အမျိုး သမီးတဦးအား လူသုံးဦးက အဓမ္မပြုကျင့်ပြီး ဓားဖြင့် ထိုးသတ်ကာ ရွှေထည် ပစ္စည်းများ ယူဆောင်မှုတို့၌ ပြစ်မှု ကျူးလွန် သူများကို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
သို့သော် ရိုးမသစ္စာ ယာဉ်ပေါ်၌ လိုက်ပါလာ သူများအား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများ၌ “မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု သုံးနှုန်းထားခြင်း အပေါ် ဝေဖန် ခံနေရခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံများသို့ သွားရောက်မည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် လိုအပ်ကြောင်း၊ သတင်းစာ များ၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက် တာအေးမောင်က ပြောသည်။

“အခုဖြစ်ရပ်က အချိန်ကိုက် ဖြစ်နေတယ်၊ လူမျိုး တမျိုးကို ရက်စက်တဲ့ လူမျိုးဖြစ်အောင် လုပ်နေတာလား၊ ရိုဟင်ဂျာကို တိုင်း ရင်းသားတခု ဖြစ်အောင် ဖန်တီးနေတာလား၊ အစိုးရ သတင်းစာတွေက ဒီဖြစ်ရပ်ကို မီးလောင်ရာလေပင့် မလုပ်သင့်ဘူး။
သတင်းစာက ရေးတဲ့ အသုံးအနှုန်းတွေကို ကန့်ကွက်ပါတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရ သတင်းစာများ အနေဖြင့် ဆင်ခြင်ချိန်ဆ ရေးသင့်ကြောင်း၊ မဖြေရှင်းနိုင်သေးသည့် ပြဿနာအစစ် အမှန်အား ဖြေရှင်း နိုင်ရေး ကိစ္စသည် အားလုံးတွင် တာဝန်ရှိကြောင်း၊ သမိုင်းကို လိမ်လည်နေကြသည့် ပုဂ္ဂိုလ်များ လည်းရှိကြောင်း၊ အခုပြဿနာ ဖြစ်ပွားရသည့် ရည်ရွယ်ချက် ကို ဖော်ထုတ် ရန်လို အပ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိသေးသည့်အတွက် စစ်တပ် မရှိမဖြစ် လိုအပ်နေသေးသည့် အခြေအနေမျိုး ဖော်ဆောင်လာနိုင်သည်ကို သတိထားရမည်ဖြစ်ပြီး ယခုဖြစ်ရပ်သည် စဉ်းစား စရာများ ရှိနေ၍ မီဒီယာများ အနေဖြင့် တည်ငြိမ်မှုရရှိစေရန် ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။

လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု လုပ်ဆောင်ခြင်း မပြုရန် လူ့အခွင့်အရေး ကြေညာစာတမ်း၌ ဖော်ပြထားသော်လည်း အစိုးရသတင်းစာ များက လိုက်နာခြင်း မရှိကြောင်း၊ ထိုလုပ်ရပ်သည် နောက်ကြောင်း ပြန်လှည့်လိုသည့် ကိစ္စ ဟုတ်မဟုတ် စဉ်းစားစရာ ဖြစ်စေနိုင်ကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူများနှင့် တိုင်ပင်၍ ပြန်ကြားရေး ၀န်ကြီးဌာနကို ကန့်ကွက်စာ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူ သင်းက ပြောသည်။
သတင်းမီဒီယာများ အနေဖြင့် ရခိုင်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ရေးသားရာ၌ ပြည်သူများထံ အချက်လက်ပေးရန်သာ ဖြစ်ပြီး ပဋိပက္ခ ပိုမိုကြီးထွားလာစေရန် လှုံ့ဆော်သည့် သဘော မရေးသင့်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများ ထည့်သွင်း မရေးသင့်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ၎င်း၏ facebook စာမျက်နှာ၌ ရေးသား ထားသည်။

လူမျိုးရေး၊ ဘာသာရေး ထည့်သွင်း ဖော်ပြခဲ့သည့် အတွက် အိန္ဒိယ နိုင်ငံ၌ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် တို့အကြား လူမျိုးရေး၊ ဘာသာရေး အထိကရုဏ်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း၊ ထို့ကြောင့် အသုံးအနှုန်း သတိထားရေး သားရန် အိန္ဒိယ စာနယ်ဇင်း ကောင်စီက အတိအလင်း ထုတ်ပြန်ထားကြောင်း ဦးရဲထွဋ်က ဖော်ပြထားသည်။

ဦးရဲထွဋ်၏ ရေးသားမှုသည် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြထားသည်များနှင့် ဆန့်ကျင်နေကြောင်းလည်း ဝေဖန်မှု တချို့ ထွက်ပေါ်နေသည်။

အစိုးရ သတင်းစာပါ “မွတ်ဆလင် ကုလား” ဆိုသည့် အသုံးအနှုန်းအတွက် အစိုးရက တောင်းပန်ရန်၊ တရားဥပဒေ စိုးမိုးရန်နှင့် သတ်ဖြတ်ခံရသူများအား တရားဥပဒေ အတိုင်း စီရင်ပေးရန် စာတမ်းများပါသည့် ပိုစတာ ကိုင်ဆောင်ထားသော လူ ၁၅ ဦး ခန့်သည် ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီတခုရှေ့တွင် ယနေ့ နေ့လယ်က ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရခြင်းသည် ကျောက်နီမော်ဒေသခံ အမျိုးသမီး တဦးအား လူ ၃ ဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်တွေမြို့နယ် နာဇီဈေးအတွင်း ကောက်ခံသည့် အခွန်အခ များပြားသောကြောင့် ဦးဆောင်ဆန္ဒပြသူ ဦးအောင်သန်းဝေ အသတ်ဖြတ် ခံရသည်ဆိုသည့် သတင်းထွက်ပေါ်ခဲ့သဖြင့် ပဋိပက္ခ ဖြစ်ပေါ်ခဲ့ရာမှ အာဏာပိုင်များဘက်က သေနတ်ဖောက် ဖြေရှင်းခဲ့မှုအပေါ် မကြေလည်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေး ပါတီ (RNDP) တို့ကလည်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

ပဋိပက္ခ ဖြစ်ပွားခဲ့သည့် စစ်တွေမြို့၏ ယနေ့ အခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် လုပ် ရပ်များနှင့် ပတ်သတ်၍လည်း ကြေညာချက် ၂ စောင်ကို ယနေ့ ထုန်ပြန်ခဲ့ကြောင်း RNDP ပါတီ၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ကျောက်နီမော်ဒေသ အမျိုးသမီး တဦးကို မုဒိမ်းကျင့် သတ်ဖြတ်မှုကို ရှုံ့ချတယ်၊ တောင်ကုတ်မှာ လူ ၁၀ ဦးကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်တာလည်း ရှုံ့ချတယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားတဲ့ လူထု အုံကြွတာကို အာဏာပိုင်တွေ ဘက်က လိုအပ် တာထက် သေနတ်ဖောက် ပစ်ခတ်တာမျိုး နောက်တကြိမ် ထပ်မံ မလုပ်မိဖို့၊ ထိန်းသိမ်းပေးဖို့ ကိစ္စတွေ ကြေညာချက်ထဲမှာ ပါဝင်တယ်” ဟု ဦးအောင်မြကျော်က ရှင်းပြသည်။

စစ်တွေမြို့လူထု အုံကြွမှုအတွင်း အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ လူတစုက ရဲစခန်းနှင့်အနီးတ၀ိုက် ကို ခဲနှင့်ပေါက်ခြင်း၊ အနီးရှိ မော်တော်ယာဉ်ကို ဖျက်ဆီးခြင်း စသည့် လုပ်ရပ်များကို လုံးဝရှုံ့ချကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။

“ဦးအောင်သန်းဝေ အသတ်ခံရတာ တကယ်မဟုတ်ဘူး၊ ပြန်ရောက်နေပါပြီ ဆိုတာကို ရှင်းပြတော့ လူအများစုက ပြန်သွားကြ ပါတယ်။ ဒါပေမယ့် လူတစုက မပြန်ဘဲ ရဲစခန်းကို ခဲနဲ့ ပေါက်တာ၊ နီးရာကားကို ဖျက်ဆီးတာတွေက တဆင့် ထိန်းမရတဲ့ အခြေအနေတွေ ကနေ ပစ်ခတ်တာတွေ ဖြစ်သွားရတယ်။ ဒီ လူတစုရဲ့ လုပ်ရပ်ဟာ အင်မတန် ရုပ်ဆိုးပါတယ်” ဟု ဦးအောင်မြကျော်က ဆိုသည်။

အောင်သက်ဝိုင်း ပူးပေါင်းရေးသားသည်။
ဧရာဝတီ

***********************************************************************
ပြန်ကြားရေးဝန်ကြီးဌာန အမှားပြင်ဆင်ချက်ထုတ်ပြန်

၅-၆-၂၀၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ (၇) ကော်လံ(၅)နှင့် (၆) တွင် ဖော်ပြပါရှိသည့် သံတွဲ-ရန်ကုန် ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်စလင်ကုလား (၁၀) ဦးအသတ်ခံရမှု သတင်းနှင့် စပ်လျဉ်း၍ "သံတွဲမှ ရန်ကုန်သို့ အစ္စလာမ်ဘာသာ ကိုးကွယ်သူ (၁၀) ဦး အသတ်ခံရ "ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် နှင့် သတင်းစာသားများ၌လည်း "ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ " ဟူ၍ ပြင်ဆင်ဖတ်ရှုပါရန် ဟူ၍ ပြန်ကြားရေးဝန်ကြီးဌာန ၏ အင်တာနက်စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ဖော်ပြလိုက်သည်။





Myanmar's government warned against "anarchic" activities Monday after 10 Muslims were beaten to death in an area known for sectarian conflict and a dozen other people were injured in a confrontation with police.

Both events took place Sunday in Rakhine state in northwestern Myanmar, a remote area where Buddhist and Muslim relations are strained, sometimes to the point of violence. State television warned that legal action will be taken against those who broke the law.

The report said 300 people stopped a bus carrying Muslims from a religious gathering, dragged out the 10 occupants, beat them to death and burned the vehicle in Taunggup, 300 kilometers (180 miles) north of Yangon.


It said some anti-Muslim pamphlets had been distributed in Taunggup relating to the rape and murder of a young Rakhine girl last month, allegedly by three Muslim youths.

Ethnic conflicts are a major cause of instability in Myanmar, mostly involving sizable minorities along the eastern and northern borders seeking autonomy who battle against the government.

In remote Rakhine, along the frontier with Bangladesh, tension between Buddhist residents and Muslims _ exacerbated by religious differences _ is often strained. The majority of residents are Buddhists from the Rakhine ethnic group, while there is also a large number of Muslims in the area particularly in northern Rakhine state.

Separately, the television report said a mob besieged a police station to demand the release of a man they believed had been arrested in a market dispute. Twelve people were hurt and police detained nine people in that incident in the Rakhine state capital Sittwe, 500 kilometers (300 miles) northwest of Yangon.

The report said police used smoke bombs to clear out the crowd after several hours after twice failing to disperse the crowd by firing shots in the air. Residents reported hearing many gunshots, but the authorities said the 12 injured people had suffered cuts and bruises.The incidents were earlier reported _ without much detail _ on the website of the information ministry, which was launched Monday. The reformist government of elected President Thein Sein is eager to display its openness as it seeks to attract foreign investment after years of isolation
 

















ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။

စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် "တရားဥပဒေစိုးမိုးရေး"ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။


__________________________________________________________________


တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို



မွန်းလွဲ ၁နာရီ ၅၈ မိနစ်၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ရန်ကုန်မြို့ ဆူးလေ ဆွန်နီဂျာမေးလ် ဗလီရှေ့တွင် လူ ၅၀၀ ခန့်စုဝေး တောင်းဆိုလျှက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက စုဝေးနေသည့် လူအုပ်အား စိတ်ရှည်သည်းခံကြရန် လူမျိုးဘာသာရေး ခွဲခြားဆက်ဆံခံရမှုများအတွက် ထောင်ထဲတွင် နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းစွာ သည်းခံဖို့၊ စိတ်ရှည်ဖို့ ဖျောင်းဖျပြောဆိုသွားသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် ကိုမြအေးမှာ ပြန်သွားပြီဖြစ်ကာ လူအင်အား ၅၀၀ ခန့်ထိရှိလာပြီး ဆန္ဒထုတ်ဖေါ်သည့် ဆိုင်းဘုတ်ငယ်များ၊ တောင်ကုတ်တွင် အသတ်ခံရသည့် ဓါတ်ပုံများအား ကိုင်ဆောင်၍ ပြသလျှက်ရှိသည်ဟု သိရသည်။

အစိုးရ အနေဖြင့် ယနေ့ထုတ် သတင်းစာနှင့် ရုပ်သံများတွင် ယခင်ရက်များက ရခိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတင်းဖေါ်ပြထားကာ အရေးယူစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ။

________________________________________________________________
ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို

ကိုကြည်လွင်၊ကိုမြအေး၊မမီးမီး၊ကိုစိုးထွန်းတို့အားတွေ့ရစဉ်။

မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။

ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

YPI

Photo credit : The voice weekly 
News : Myanmar Popular News & YPI
********************************************************************************

ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ





ယနေ့ ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အစ္စလမ် ဘာသာဝင်တချို့(ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည်    ၁၀ ဦးသတ်ဖြတ်ခံရခြင်းနှင့်ရခိုင်အမျိုးသမီးလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများနှင့်ပတ်သက်ပြီးတရားဥ ပဒေအရအရေးယူ ဆောင်ရွက်ပေးရန်ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။

ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့်အမှုအခင်းအားအစိုးရသတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသောအသုံး အနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။

အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌“သံတွဲမှရန်ကုန်သို့ မောင်းနှင်လာသောရိုးမသစ္စာခရီး သည်တင်မှန်လုံယာဉ်ပေါ်မှမွတ်ဆလင်ကုလား၁၀ဦးအသတ်ခံရ”ဟူ၍သတင်း ခေါင်းစဉ်၌   ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။

အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။

မေလ ၂၈ ရက်ကလည်းရခိုင်ပြည်နယ်ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုသပြေချောင်း ကျေးရွာနေ အသက်၂၇ နှစ်ရှိမသီတာထွေးကိုလူငယ်၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်၍လက်ဝတ်လက်စား ရွှေထည်ပစ္စည်း များယူဆောင်သွားသည့်အမှု ဖြစ်ပွားခဲ့ပြီးယင်းအမှုနှင့်ပတ်သက်၍လည်းယခုဆန္ဒပြသူများကတရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း   ဖြစ်သည်။

ဧရာဝတီ

******************************************************************************

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္ဈိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက်ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန်အတွက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
isaland2
ရန်ကုန်မြို့၊ ဆူလေဘုရားအနီး ဘင်္ဂါလီ စွန်နီ ဂျာမေ့ ဗလီတွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီ ဝန်းကျင်တွင် ဆန္ဒပြနေကြသည့် အစ္စလာမ်ဘာသာဝင်များအား ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး က လာရောက်အားပေး ထိန်းသိမ်းနေစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက်မလာခင်က အခြေအနေ တော်တော်တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင်ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က
ဝေဖန်ပြောဆိုလိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။


(မဇ္ဈိမ)
**************************************************************************

ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်


ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီးရှိ ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင် တချို့ ယခု ဆန္ဒဖော်ထုတ် လျှက်ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁၀ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထည့်သွင်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ခဲ့မှုများ အား အောက် ပါအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စု သပြေချောင်း ကျေးရွာနေ မသီတာထွေး (၂၇)နှစ်၊ (ဘ)ဦးလှတင်သည် ကျောက်နီမော် ကျေးရွာ၊ စံပြရပ်ကွက်တွင် စက်ချုပ် သင်ပြီး နေအိမ် သို့ ပြန်လာစဉ် ကျောက်နီမော် ကျေးရွာ၊ ကျောက်ထရံ ရပ်ကွက်နှင့် ချောင်းဝရွာသို့ သွားသော တာဘောင်လမ်းဘေးရှိ ကုက္ကိုလ်ပင်အနီး ပြာတော၊ ဒီရေတောတွင် ၄င်းအား အမည်မသိ လူများက ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လူသတ်မှု သတင်းကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးဝင်းမောင်က ကျောက်နီမော် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ရာ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ချက် အမှတ် (ပ)၂၃/ ၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၈၂ လူသတ်မှု၊ လုယက်မှုအရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။ အမှုနှင့် ပတ်သက်၍ တရားခံများအား အချိန်မီ ဖမ်းဆီးနိုင်ရေးအတွက် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုးနှင့် အဖွဲ့သည် မေလ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကျောက်နီမော် ကျေးရွာသို့ ရောက်ရှိပြီး ဆက်စပ် သတင်းဖော်ထုတ်ခဲ့ရာ မင်္သကာသူများ ဖြစ်ကြတဲ့ ထက်ထက်(ခ)ယော်ရှီး၊ (ဘ)ဦး ကျော်သောင်း၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်နေ ရော့ပီး (ဘ)ဆွေရွစ်တမောက်၊ ဘင်္ဂါလီအစ္စလာမ်၊ ကျောက်နီမော် သာယာရပ်နေ ခိုချီး (ဘ)အကွက်ချေ ဘင်္ဂါလီအစ္စလာမ်၊ တို့သုံးဦးတို့အား ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေး ဖော်ထုတ်ချက်အရ သေဆုံးသူ မသီတာထွေးမှာ သပြေချောင်း ကျေးရွာမှ ကျောက်နီမော် ကျေးရွာသို့ စက်ချုပ် သင်ရန် နေ့စဉ် သွားရောက်သည်ကို ထက်ထက်(ခ) ယော်ရှီးက တွေ့မိပြီး မိန်းမယူရန် လိုအပ်သည့် ငွေရရှိရေး အတွက် မသီတာထွေး ၀တ်ဆင်ထားသည့် လက်ဝတ်ရတနာ ပစ္စည်းများကို ရယူလိုသဖြင့် ရော့ပီးနှင့် ခိုချီးတို့ နှစ်ဦးအား ခေါ်ဆောင်ကာ အခင်းဖြစ် နေရာအနီးရှိ ကုက္ကိုလ်ပင်မှ စောင့်နေခဲ့ကြောင်း၊ အခင်းဖြစ်သည့် နေ့တွင် မသီတာထွေး တစ်ဦးတည်း ပြန်လာစဉ် ဓားဖြင့်ထောက်၍ တော စပ်ထဲသို့ ပွေ့ဖက် ခေါ်ယူပြီး သားမယား အဖြစ် တစ်ယောက်တစ်ကြိမ်စီ ပြုကျင့်ကာ လည်ပင်းအား ဓားဖြင့် လှီးဖြတ်ခဲ့ကြကြောင်း၊ ၄င်း ၀တ်ဆင်ထားသည့် အမ်စီရွှေဆွဲကြိုး အပါအ၀င် ရွှေထည်ပစ္စည်း ငါးမျိုးအား ယူဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိပါတယ်။ ဖြစ်စဉ်အပေါ် အခြေခံ၍ မလိုလားအပ်သော လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရေး အတွက်လည်းကောင်း၊ တရားခံများအပေါ် မကျေနပ်သူ ရွာသူရွာသားများက ၀ိုင်းဝန်းရန်ပြု လာနိုင်သောကြောင့်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှုးတို့က စောင့်ကြည့်ပြီး မေလ ၃၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တရားခံသုံးဦးအား ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှုး ဦးစီးအဖွဲ့ဖြင့် ကျောက်ဖြူ အကျဉ်းထောင်သို့ ချုပ်နှောင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှာ ရခိုင်လူမျိုး စုစုပေါင်း ၁၀၀ခန့်သည် ကျောက်နီမော် ရဲစခန်းအနီးသို့ ရောက်ရှိလာပြီး ဖမ်းဆီးထားသော ထက်ထက်(ခ)ယော်ရှီး ပါသုံးဦးတို့ အား ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ကြရာ ရဲစခန်းတွင် မရှိကြောင်းနှင့် ကျောက်ဖြူထောင်သို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း၊ သို့သော် လူစုက မကျေနပ်သဖြင့် ရဲစခန်းအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားလာရာ ကျောက်နီမော် ရဲစခန်းမှ သေနတ် ငါးချက် ခြောက်လှန့် ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း၊ ဒါ့အပြင် အဲဒီနေ့ မွန်းလွှဲ ၁ နာရီ မိနစ် ၅၀ ခန့်တွင် ကျောက်နီမော် ကျေးရွာမှ ရခိုင်လူမျိုး ၁၀၀ ဦးခန့်သည် ရမ်းဗြဲမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း၊ မွန်းလွှဲပိုင်းတွင် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှုး တို့သည်လည်း ရွာသူရွာသားများနှင့် ညှိနှိုင်းဖြေရှင်း ပေးရန်အတွက် ညနေပိုင်းတွင် ရမ်းဗြဲုမြို့သို့ ရောက်ရှိခဲ့ပြီး ဆူပူအုံကြွမှု မဖြစ်စေရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါ့အပြင် မေလ ၃၀ ရက် ညနေ ၄ နာရီတွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရမ္မာဝတီခန်းမမှာ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘကြည်တို့က ဆူပူအုံကြွမှု မဖြစ်စေရေးအတွက် ရှင်းလင်း ပြောကြားခဲ့သဖြင့် ကျောက်နီမော် ကျေးရွာမှ ရွာသူရွာသားများသည် အဲဒီနေ့ ညနေ ၅ နာရီ ၄၀ မိနစ် ခန့်တွင် ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လည်ထွက်ခွာ ခဲ့ကြပြီး မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီမှာ ရမ်းဗြဲမြို့မှ ရေယာဉ်နှစ်စီးဖြင့် ကျောက်နီမော် ကျေးရွာသို့ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ကျောက်နီမော် ရွာသူရွာသား များထံသို့ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ခင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မသီတာထွေး နာရေးအတွက် အလှူငွေ ကျပ် ၆ သိန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က သင်္ကန်းငါးစုံနဲ့ ငွေကျပ် တစ်သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး မေလ ၃၁ ရက် ညနေ ၃ နာရီ ၅ မိနစ်တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ပါဝင်သော အဖွဲ့သည် ကွယ်လွန်သူ မသီတာထွေး၏ အသုဘအား လိုက်ပါပို့ဆောင် ခဲ့ပြီး ကျောက်နီမော် ရွာသူရွာသားများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ဇွန်လ ၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်ဝန်ကြီး ဦးဆောင်သည့် အဖွဲ့သည် ကျောက်ဖြူမြို့သို့ ထွက်ခွာခဲ့ပြီး ရိပ်သာ၌ မသီတာထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် လူငယ်အဖွဲနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် တရားခံများအား အချိန်မဆွဲဘဲ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမှာ ဖြစ်ကြောင်း၊ တရားစီရင်ရာ၌ တရားရုံးမှာ လူအုပ်စုများ မဖြစ်စေရန်အတွက် ၀ိုင်းဝန်းထိန်းသိမ်း ပေးကြရန် ဆွေးနွေး ပြောကြား ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ တရားခံသုံးဦးအား စနစ်တကျ စစ်ဆေး ဖော်ထုတ်လျက် တရားဥပဒေ နှင့်အညီ ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

ဇွန်လ ၃ ရက် နံနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိ လူစည်ကားတဲ့ နေရာများမှာ လွန်ခဲ့သော မေလ ၂၈ရက်နေ့က ကျောက်နီမော် ကျေးရွာအုပ်စု၊ သပြေချောင်း ကျေးရွာနေ မသီတာထွေးအား ရက်စက်စွာ အစော်ကားခံရသော ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင် ကုလားများ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက် ယုတ်မာမှုများ ကို တောင်ကုတ်မြို့ ပေါ်နေ ပြည် သူများသိစေရန် "အသိပေးနှိုး ဆော်ခြင်း" ခေါင်းစဉ်ဖြင့် ၀ံသာနုရက္ခိ တအဖွဲ့ (တောင် ကုတ်မြို့) အ မည်ဖြင့် စာများဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။ ယင်းသို့စာများ ဖြန့်ဝေခဲ့ပြီးနောက် ညနေ ၄ နာရီတွင် သံတွဲမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်းမှ မှန်လုံယာဉ် သည် တောင်ကုတ်မြို့ အေးရိပ်ငြိမ် ကားကြီးဝင်းသို့ ရောက်ရှိခဲ့ပြီး ခရီးသည်များ အတင် အချ ပြု လုပ်ရန် ခေတ္တရပ်နားစဉ် ယာဉ်ပေါ်တွင် မွတ်ဆလင်ကုလား လူမျိုးများ ပါလာကြောင်း သတင်းပြန့် သွားခဲ့ပြီး မြို့ခံလူထုများ ၀ိုင်းအုံရောက်ရှိ လာခဲ့ကြောင်း၊ ထိုသို့လူအုပ်စု ၀ိုင်းအုံလာသဖြင့် ဂိတ်မှူးက အဆိုပါ မော်တော်ယာဉ်အား အမြန်ထွက်ခွာစေခဲ့ရာ ထွက်ခွာသွားသည့် မော်တော်ယာဉ် နောက်သို့ ဆိုင်ကယ်ဖြင့် လူအချို့ လိုက်ပါသွားပြီး မော်တော်ယာဉ်အား မြို့အတွင်း သို့ ပြန် လည် မောင်းနှင် ရန် စေခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြန်လည် မောင်းနှင်ခဲ့ရာမှ သံတွဲ-တောင်ကုတ် ကားလမ်း ဆုံ (တောင် ကုတ်မြို့တွင်း ပြည်မြို့အထွက်) သို့ ရောက်ရှိစဉ် အသင့်စောင့်နေသည့် လူ ၃၀၀ ခန့်အုပ်စုက ပိတ်ဆို့တားဆီးကာ ယာဉ်ကိုရပ်တန့်စေခဲ့ပြီး ယာဉ်ပေါ် ပါလာသည့် မွတ်ဆလင် ကုလားလူမျိုးများအား အတင်းဆွဲချရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ မွတ်ဆလင်ကုလား လူမျိုး ၁၀ ဦးသေ ဆုံးခဲ့ကြောင်း၊ ဒါ့အပြင် မော်တော်ယာဉ်လည်း ဖျက်ဆီးခံခဲ့ရကြောင်း၊ အခင်းဖြစ် ပွားရာ နေ ရာသို့ တောင် ကုတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်၊ စစ်မှုထမ်းဟောင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများ ရောက်ရှိ ထိန်းသိမ်း ဆောင်ရွက်ခဲ့ရာ ယင်းနေ့ညနေ ၆ နာရီတွင် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများတွင် ဘာသာရေးကိစ္စဖြင့် သံတွဲမြို့သို့ ရောက်ရှိခဲ့ရာမှ သက်ဆိုင်ရာ မြို့များသို့ ပြန်ကြသူများ ပါဝင်ပြီး တောင်တွင်းကြီးမြို့မှ ၆ ဦး၊ မြောင်းမြမြို့မှ ၂ ဦးနှင့် သံတွဲမြို့မှ ၂ ဦး ဖြစ်ကြောင်း၊ အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား သံတွဲမြို့ မွတ်ဆလင် သင်္ချိုင်း၌ ဒီကနေ့ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ တရား ဥပဒေ နှင့် အညီ ဖြစ်စေရေး အတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိ အခြေအနေမှာ ရပ်ရွာတည်ငြိမ် အေးချမ်းရေး အတွက် တာဝန်ရှိသူများက မြို့မိမြို့ဖများနှင့် ပူးပေါင်းထိန်း သိမ်း ဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
"ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၀မိနစ်မှာ အောင်ကျော်စိုး(စိစစ်ဆဲ)ပါ သုံးဦးနှင့် ဦးအောင်သန်းဝေ ၄၅ နှစ် (အဘ) ဦးစိန်လှ (အကွက် ၆၊ စက်ရုံစုရပ်ကွက်၊ စစ်တွေမြို့)တို့ ဈေးကောက် ကောက်ခံသည့် ကိစ္စအား မကျေနပ်ရာမှ စကားအချေအတင်ဖြစ်ကြရာမှ အောင်သန်းဝေမှ အသင့်ပါလာတဲ့ ဓားနဲ့ခြိမ်းခြောက် ထွက်ပြေး သွားေ ကြာင်း၊ အောင်ကျော်စိုးပါ သုံးဦးနဲ့ အဖွဲ့မှာ စစ်တွေမြို့ အမှတ်(၁) ရဲစခန်းသို့ လာရောက် တိုင်တန်း ခဲ့ပါတယ်။ အဆိုပါ ည ၇ နာရီခွဲတွင် အောင်သန်းဝေ၏ ဇနီး ဒေါ်အောင်သန်းမြနှင့် အမျိုးသမီး ၁၀ ဦးတို့ အမှတ်(၁) ရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ခင်ပွန်း ပျောက်ဆုံးနေကြောင်း အကြောင်းကြားစဉ် ရဲစခန်းမှာ လူအင်အား ၅၀ ခန့် စုဝေးရောက်ရှိခဲ့ပြီး တဖြည်းဖြည်း ၂၀၀ ဦးခန့်အထိ ရှိလာခဲ့ကြောင်း၊ ထိုသို့ လူများ စုဝေးနေစဉ် ည ၇ နာရီ ၄၅ မိနစ်တွင် ဦးအောင်မြကျော် (စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ)ရောက်ရှိလာပြီး ဦးအောင်သန်းဝေမှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦး ဖြစ်ပြီး၊ ၎င်းအား မိမိတို့ ရှာဖွေသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့သည့်အတွက် လူစုကွဲ ပြီး အောင် သန်းဝေ၏ဇနီး ဒေါ်အောင်သန်းမြတို့ ရဲစခန်းမှ ပြန်လည်ထွက်ခွာ သွားကြပါတယ်။ တဖန် ည ၉ နာရီမှာ အမှတ်(၁) ရဲစခန်းရှေ့မှာ လူ ၃၀၀ ခန့် ပြန်လည်စုဝေး ရောက်ရှိလာကြပြန်ရာ ဦးအောင်မြကျော် က အောင်သန်းဝေအား ခေါ်ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် လူစုခွဲကြရန် ပြောဆိုပြီး ထွက်ခွာသွားခဲ့ ပါတယ်။ အဲဒီနောက် ည ၁၁ နာရီကျော်မှာ ဒေါက်တာအေးမောင်(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)၊ ဦးကျော်သိန်း (ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး)တို့ ရဲစခန်းသို့ ရောက်ရှိ လာခဲ့ကြောင်း၊ ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဦးအောင်မြကျော်က အောင်သန်းဝေအား ရဲစခန်း သို့ ခေါ်ယူလာပြီး လူစုခွဲကြရန် ပြောဆိုခဲ့သော်လည်း လူစုမကွဲဘဲ ည ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်း အတွင်းသို့ ပုလင်းကွဲ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့ရာ ရဲစခန်း အဆောက်အဦ အမိုးပေါက်ပြဲခြင်း၊ အိမ်ထောင် သည်လိုင်း အမိုးပေါက်ပြဲခြင်း၊ ရဲတပ်ဖွဲ့ပိုင် ယာဉ်နှစ်စီးရှေ့လေကာ မှန်များ ကွဲကြေ ပျက်စီးခဲ့ခြင်း များ ဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီး ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ လူစုလူဝေးက စခန်းအ၀င်ဝ တံခါးမကြီး အား ဖျက်ဆီးပြီး ရဲစခန်းသို့ဝင်ရန် ကြိုးစားလာခဲ့ရာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက အသံပေး ခြောက်လှန့်ပစ်ခတ် ခဲ့ပါတယ်။ သို့သော် လူစုကွဲမသွားဘဲ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရဲစခန်းအ၀င် မီးအားရိုက်ခွဲ၍ ရဲစခန်း တံခါးမကြီးအား ဖျက်ဆီးဝင်ရောက်ဖို့ ထပ်မံကြိုးစားလာခဲ့ ပြန်သဖြင့် ထပ်မံ ပစ်ခတ် လူစုခွဲခဲ့ရာ ထိုလူစုမှာ ရဲစခန်း ဘေးဘယ်ညာသို့ ပြန်နှံ့ သွားခဲ့ပါတယ်။ သို့သော်လည်း စခန်းပတ်ဝန်းကျင်တွင် လူစုကွဲသွားခြင်း မရှိသည့်အတွက် ဇွန်လ ၄ ရက် နေ့ နံနက် ၁ နာရီတွင် တာဝန်ကျ ရဲတပ်ဖွဲ့များက အဓိကရုဏ်း လက်နက်နှင့် မီးခိုးဗုံး အသုံးပြု၍ လူစုခွဲခဲ့ရပါတယ်။ အဆိုပါ လူအုပ်စုသည် နံနက် ၃ နာရီတွင် လမ်းမကြီးလမ်းနှင့် ဦးဥတ္တမလမ်းဆုံရာ ရိုးမဘဏ်ရှေ့ရှိ (PCO) အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်တွင် အရပ်သား ၁၂ ဦး ပေါက်ပြဲဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး လူစုလူဝေးတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေး လျက်ရှိပါတယ်။ လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ကိစ္စရပ်အား ဥပဒေရေးဆွဲ၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဤကဲ့သို့ မင်းမဲ့စရိုက်ဆန်ပြီး ဥပဒေနှင့် ဆန့်ကျင်သော အုပ်စုဖွဲ့ လှုပ်ရှား မှုများ၊ ဥပဒေမဲ့ လုပ်ရပ်များအား မည်သို့မျှ လက်သင့်ခံ၍ မရနိုင်ပါ။ သို့ပါ၍ အဆိုပါဖြစ်စဉ်အပေါ် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည့်အပြင် တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်"
ဟူ၍ဖြစ်ပါသည်။ 
 Source :Eleven Media Group


ည ၁၂ နာရီခွဲခန့်မှာ ရခိုင်များအမှောင်ကိုဖြတ်၍ မာရ်ကာစ်ဗလီကိုရောက်ရှိလာပြီး ဗလီကိုဖျက်ရန် ကြိုးစားခဲ့သည်။ သို့သော်မွတ်စလင်မ်များနိုးကြားမှုကြောင့် လူစုလူဝေးဖြင့် ရခိုင်များအားမောင်းထုတ်ခဲ့သည်။ ရခိုင်တယောက်အား ၀ိုင်းရိုက်နေသည့်အချိန် ရွာလုံခြုံရေးတာဝန်ယူထားသော စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အခြေအနေကိုထိန်းသိမ်းခဲ့သည်။ ယခုအခါ လုံခြုံရေးကိုတင်းကျပ် ထားသည် ဟု သတင်းရရှိပါသည်။

ဤသတင်းမှာ ရွာကိုတိုက်ရိုက်ဆက်သွယ်၍ရရှိသည့်သတင်းဖြစ်သည်။
စစ်တွေမြို့..
MAE SOT, TAK : The chances of Myanmar refugees returning to their homeland in safety may have improved since Myanmar opposition leader's Aung San Suu Kyi's visit to Thailand, an academic says.


Suu Kyi: Curbs on camp visit

Annette Hamilton, lecturer at the University of New South Wales's Faculty of Arts, said Mrs Suu Kyi's visit helped raise international awareness of Myanmar's refugee issues.

As a result, the Myanmar government might give the 150,000 refugees inside Thailand some hope of returning without facing reprisals, Ms Hamilton said.

Myanmar's improving economy may also offer new opportunities for refugees and migrant workers to find work in their homeland, she said.

Another group in need of help is the hundreds of thousands of Myanmar nationals displaced from their homes, but still living inside Myanmar along the border, she said.

Refugees International says 500,000 Myanmar people have been displaced by conflict in eastern Myanmar and another 800,000 Muslims, known as the Rohingya, in western Myanmar are stateless. About 3 million Myanmar people have fled to neighbouring countries.

Ms Hamilton said ethnic minority people living along the border need help to lead better lives, so they will no longer want to escape into Thailand.

"This is an enormous task. We do not know whether the views of a single person like Aung San Suu Kyi can bring about such an enormous change," she said.

"The international community must take a lead in addressing the problems."

On Saturday, the last day of Mrs Suu Kyi's Thai visit, officials imposed curbs on her inspection of a refugee camp.

Although the Thai government accepted her last-minute request to visit the camp, which has about 50,000 people living on the border between Thailand and Myanmar, officials declined her request for a public address system and barred her from meeting the leaders of ethnic minority groups.

"The Foreign Ministry asked us to keep her visit low-key," said Suriya Prasatbuntitya, the governor of Tak province, where the camp is located.

"They didn't want her trip to become news because they don't want it to affect our relationship with Myanmar."

The government's concerns were heightened when Myanmar president Thein Sein cancelled a trip to Bangkok last week to speak at the World Economic Forum on East Asia, where Mrs Suu Kyi gave an address on Friday.

The Myanmar government expected Mrs Suu Kyi would focus on making changes in parliament, not making overtures to the outside world, when she was released from house arrest and then elected in a by-election on April 1, a Myanmar political observer said.

Ko Tate, secretary of the Assistance Association of the Political Prisoners (AAPP), said Mrs Suu Kyi's visit was welcome even though she was unable to meet ethnic leaders and representatives of democratic organisations based in Thailand, including the AAPP.

"We understand her complicated and confusing situation very well, and managed to hand over our statements and proposals to her delegation," Ko Tate said.

Migrants and refugees who failed to hear her speech were disappointed to have missed her, he said.

Sihasak Phuangketkeow, permanent secretary of the Foreign Ministry, said the government allowed her to visit the places she wanted, but not at the cost of possibly hurting relations with Myanmar.

"Anything in the humanitarian realm is welcome but we have to consider any aspect of the visit that might be politicised. After all, Thai-Myanmar relations are improving," Mr Sihasak said.
Buthidaung, Arakan State: Rohingyas, in Maungdaw district - Maungdaw and Buthidaung Townships- have to spend Kyat 72,000 for only getting marriage permission from Burma border security force (Nasaka) after the new government of President Thein Sein, said a local leader on condition of anonymity. 

“At first, the bride and the bridegroom have to go to the local Nasaka camp to get “Form” of marriage application where they have to pay Kyat 2,000.”

“Taking the application ‘Form’ from the Nasaka camp, they ( couple) have to go again to the local administration officer, formerly called Village Peace and Development Council (VPDC) Chairman to take signature which certifies that the applicants are the native of the village where they have to pay Kyat 5,000.”

After acquiring the signature of the local administrator or Chairman, the couple has to go again to the local Nasaka camp where the couple has to give an agreement to the Nasaka officer. In the agreement, they have to agree the following points. These are: don’t take more than two children, don’t divorce each other, the bridegroom should be clean shaved, if divorced each other, they will be able to get married three years later, said a newly married couple from Maungdaw.

“The next day, the couple will get photos from the local Nasaka camp. They have to submit marriage application “Form” (one pair) with photos to the Nasaka Headquarters (Kawar Bill or Kyikan Pyin) of Maungdaw Township. After checking, the “Form” by the Director of Nasaka, the “Form” will be sent again to the local Nasaka camp. This process will take time at least three to six months.”

After along time, the couple was summoned to the local Nasaka camp again to receive marriage permission where they have to pay Kyat 60,000 for the Lt Col Aung Gyi, the Nasaka director of Kawar Bill of Maungdaw Township, said a schoolteacher from the locality who preferred not to be named.

However, the new government has legalized by saying that population growing rate is very high in Rohingya community, so the government is compelled to control the growing rate. But, the actual policy of the government is quite difference. It wants to depopulate the Rohingya and to extort money from Rohingyas after imposing marriage restriction policy.

As a result, the sons and daughters of poor parents are not able to bear the expense of marriage so that there can be many unmarried girls. Hence, the parents of the girls are upset for the future of their daughters, said one of the parents from Buthidaung.

According to an un-reliable source, there are about 70,000 women in northern Arakan living without their husbands who were going to abroad or jails or died in the sea while going to Malaysia or Thailrand.

The source also said that there is 9-Nasaka area in Maundaw district including Maundaw and Buthidaung Townships, but the administration of each area is some differences to another one. It only depends on Nasaka commander. Some Nasaka area commanders demand Kyat 150,000 from couple for marriage permission.

source : KPN 


ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က သံတွဲမှ လာသော ကားတစ်စီးကို တောင်ကုတ်မှ လူအုပ်စု တစ်ခုက တိုက်ခိုက်ရာ အစ္စလာမ် ဘာသာဝင် ၈ ဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။
တောင်ကုတ် အ၀င် ရိုးလမ်း တစ်နေရာ ( ဓါတ်ပုံ- နိရဉ္စရာ)
တောင်ကုတ် အ၀င် ရိုးလမ်း တစ်နေရာ ( ဓါတ်ပုံ- နိရဉ္စရာ)

ရမ်းဗြဲ မြို့နယ် သပြေချောင်း ကျေးရွာမှ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့တွင် လုံဆော် စာများ ထွက်ပေါ်လာပြီးနောက် အဆိုပါ တိုက်ခိုက်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သံတွဲမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ရိုးမသစ္စာကားသည် ကားဂိတ်မှ ခရီးသည်တင်များ တင်ဆောင်ပြီး  နေ      လည်(၁) နာ ရီ ထွက်  လာကာ တောင်ကုတ်မြို့သို့ ရောက်ပြီး မြို့မှ အထွက် ၅ နာရီခန့်တွင် တိုက် ခိုက် ခံရခြင်း ဖြစ်သည်။

တိုက်ခိုက်ရာတွင် အနည်းဆုံး လူပေါင်း ၂၀၀ ခန့်ပါဝင်ပြီး ကားကိုလည်း မီးရှို့လိုက်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ် ရဲစခန်းသို့ အသေးစိတ် သိရှိနိုင်ရန် ဖုံး အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။

စစ်တွေမြို့တွင်လည်း ယမန်နေ့က ညက ရဲစခန်းကို လူပေါင်း (၃၀၀)က ၀ိုင်းဝန်းပြီး အရေးဆိုသော ပြဿနာ တစ်ရပ်ဖြစ်ပွားခဲ့သည်။

“ စက်ရုံစု ရပ်ကွက်မှ အောင်သန်းဝေ ဆိုတဲ့ လူတစ်ဦး နာဇီရွာဈေးမှာ ဈေးကောက်နေစဉ် ကုလားတွေ ဖမ်းဆီး သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အတွက် ရဲစခန်းကို ၀ိုင်းပြီး ဒီသတင်း ဟုတ်မဟုတ် အမြန်ဆုံး ရှင်းလင်းပေးဖို့ တောင်းဆိုကြပါတယ်” ဟု ရဲစခန်းရှေ့ကို ရောက်နေသူ တစ်ဦးက ပြောသည်။

ရဲစခန်းကို ၀ိုင်းထားသော လူအုပ်မှာ တဖြည်းဖြည်းများလာခဲ့ပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီး အဖွဲ့ဝင် ၀န်ကြီးတချို့နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်တို့ လာရောက် ဖြေရှင်းခဲ့ရသည်ဟု သိရသည်။

“ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် ကျွန်တော်တို့ ဖြေရှင်းနေပါတယ်။ ဦးအောင်သန်းဝေ အသတ်မခံရဘူး။ ရဲစခန်းမှာ ရှိနေတယ်ဆိုတယ်လို့ သိရပါတယ်။ ဒါကို လူထုတွေကို ပြောပေမယ့် လက်မခံဘဲ ဟို ရမ်းဗြဲမှာ ဖြစ်တဲ့ ကိစ္စဘက်ကို လှည့်လာတဲ့ အတွက် လူထုကြီးကို ကျွန်တော်တို့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်အောင် ထိန်းသိမ်းနေပါတယ်” ဟု အခင်း ဖြစ်ပွားရာ သို့ ရောက်နေသော ဒေါက် တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ ရမ်းဗြဲမြို့များတွင် အခြေအနေမှာ ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။

ဘူးသီးတောင်၊ မောင်တောနှင့်ရသေ့တောင်ဘက်တွင်အခြေအနေများမှာ ငြိမ်သက်နေသော်လည်း မောင်တောနှင့် ဘူးသီးတောင်တွင်နက်ကိုင်တပ်ဖွဲ့များအဆင်သင့်အနေအထားဖြင့်တပ်လှန့်ထားကြောင်း  မောင်တော ဒေသ လက်ခံ တစ်ဦးက ပြောသည်။
 


Rohingya Exodus