Latest Highlight
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာမိန်းခလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။
သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ခလေးတယောက်” ပေါ်လစီအရ တရုတ်မိသားစုများ ခလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျှောက် ဖြတ်ပြီး ဖြစ်သဖြင့် တရုတ်မိသားစုများ မိန်းခလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်းမဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းခလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။
တရုတ်၏ ထို “ခလေးတယောက်ပေါ်လစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒါဏ်ကို တရုတ်နိုင်ငံသည် ခံစားနေ့သည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူ နိုင်သော သူများရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေ ဘောင် အပြင်မှ နည်းလမ်းများကို အသုံးချလာကြသည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် ( David Feingold) က ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။
တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကြပ် လုပ်ခိုင်းခြင်းခံရသူ မိန်းခလေးအများစုလာရာ နိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။
ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင် စံနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော ဂေါက်သီးရိုက်ရာတွင်လည်း အလွန်ထုံ ဝါသနာပါသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအ ဖြစ် ထောက် ပြခဲ့ သည်။
လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများငတ်မွတ်ခေါင်းပါးလာပြီးစီးပွါးရေးလွန်မင်းစွာနိမ့်ကျလာမှုကြောင့် မြန်မာမိန်းခလေးများ လူအရောင်း အဝယ်ပွဲစားများ၏ ဈေးကွက်တွင်း သို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါးရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှုကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစု ထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက်တွင်းသို့ သက်ဆင်းကြ ရကြောင်း ဆိုသည်။ မြန်မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူကဆိုသည်။့
တရုတ်ပြည်တွင်ခိုးသွင်းလာသောအမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ​ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။
ယိုးဒယားအခြေစိုက် ကချင် အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ခလေးမွေးပေးနိုင်မဲ့ ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းခလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့(Kwat’s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip)ကဆိုသည်။
“မိန်းခလေးတွေကို ခလေးမွေးပေးဘို့ စက်တခုလိုဘဲ သဘောထားကြတယ်” ဟု သူမကမှတ် ချက်ပေးခဲ့ ပါသည်။
ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ခလေးမ “အပ” (တိုင်းရင်းသူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေး သည့်အခါတွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာ မိန်းခလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထိုဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာစု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စံနစ်ဆီသို့ ပြန်ရောက်နေပြီလားးဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။
နိဂုံးအားဖြင့် ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းပိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့် တက္ကသိုလ်ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီး ရှိသည့်အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ်အာဏာရှင်စံနစ်ကြောင့် ဖြစ်သည်။ ယ္ခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖါနိုင်ငံကြီး” ဟူ၍ အထင်သေးအမြင်သေး ရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိသော ဖါများသည် မြန်မာအမျိုးသမီး အများစုဖြစ်သလို၊ မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖါများသောင်းနှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေနိုက်ကလပ်များတွင်ရှိနေကြပြီ ဖြစ်သည်။ အာဏာရူး စစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်း မှုကြောင့် ဖါနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ က မျှ မတားဆီးနိုင်ပါ။
တရုတ်ပြည်ရှိမယားလိုအပ်မှုအရရောင်းစားခံရသောမိန်းခလေးများတွင်လူချမ်းသာပညာတတ်တရုတ်များ၏မယားဖြစ်ဘို့ထက်တရုတ်လယ်သမားများ၏အဖြည့်ခံအလုပ်ကျွန်မယားဖြစ်ဘို့ကများပါသည်။ ထိုမိန်းခလေးများသည် ထိုသူ၏သွေးသားဖြည့်ဆည်းပေးရာမယားအဖြစ်လည်းကောင်း၊ မိမိကာမကိုဝယ်ယူ ထားသူ၏မိဘဖြစ်သူ၏အစေခံအဖြစ်လည်းကောင်းအလုပ်အကျွေးပြုရင်းအနှိပ်စက်ခံပြီးနေထိုင်ရသည်၊ မိမိဘယ် နေရာရောက်နေသည်၊ဘယ်သူ ကိုအကူအညီတောင်းရမည်ကိုမသိကြချေ။ တရုတ်မိသားစု၏ အိမ်ကျွန် လုပ်ရင်းလွတ်လမ်းမမြင်သည့်အခါမိမိကိုယ်ကိုယ်အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံးပိုး သတ်ဆေး သောက်၍အဆုံးစီရင်ခြင်းကိုအများဆုံးအသုံးပြုခြင်းဖြင့်ကြေကွဲစွာ ဘဝအဆုံးသတ် သွားကြရသည်။
တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက် အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။
ထို့အပြင် တရုတ်ပြည်၏ မိန်းခလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက် ခတ်မလွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံဖြစ် နေပြန်သည်။ အဘယ် ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက် ရှိသည်။
(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာတည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကြပ် လုပ်ဆောင်ရန် စိုင်းပြင်း လျက်ရှိခြင်း။
(၂) ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင်သစ်၊ ကျောက်လိုလျှင်ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့ မည် ဖြစ်သည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ်တရုတ် ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသား ကာမဖြေဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့် ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေးကွက်”သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက် ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများအာသာဆန္ဒကိုမပေါက်ကွဲစေရန်ထိန်းချုပ်ဘို့ လုပ်ဆောင် ကောင်းလုပ်ဆောင် လာနိုင်ဘွယ်ရှိသည်။ ထိုသို့ လုပ်လာပါက ယိုးဒယားနိုင်ငံတွင်မြန်မာ တိုင်းရင်း သူများအများစု “ဖါ” ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ်ဖါခန်းများတွင်လည်း မြန်မာအမျိုး သမီးများ သာ အများစုအဖြစ် တွေ့မြင်ရနိုင်ဘွယ်ရှိပေသည်။
ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီနည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါးအိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေး နှိုးဆော်လိုက်ပါသည်။ ယနေ့မြန်မာပြည်ကြီး ကိုကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ဗိုလ်ကြီး၊ အကြပ်တပ်သားများ  ပူးပေါင်း ပါဝင်မှု ရှိဘို့အထူးလိုပါသည်။ ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။
အားလုံးကိုလေးစားလျှက်
ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်။
မှတ်ချက်။
ပြည့်တန်ဆာဟုမသုံးဘဲ“ဖါ”ဟုသုံးနှုန်းရခြင်းမှာဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းအရ “ဖါသည်နိုင်ငံကြီးဖြစ်သွားမှာဘဲ”ဆိုသည့်စကားကိုအမှတ်ရစေလို၍ဖြစ်ပါသည်။ ဖါနိုင်ငံကြီးဖြစ်အောင်ဘယ် သူတွေကလုပ်နေကြသနည်း?။
တာကလူး
------------
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တာလီဘန် အပါအ၀င် နယ်စပ် အခြေစိုက် မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်သည့် သံသယ ဖြင့် ဖမ်းဆီးခံထားရသူ ၁၉ ဦးထဲမှ ၁၂ ဦးကို မနေ့က ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်သည်ဟု အမည်မဖေါ်လိုသူ ရဲတာဝန်ရှိသူများနှင့် တရားရုံး ရှေ့နေတစ်ဦးက ပြောသည်။
အမည်မဖေါ်လိုသူ ရှေ့နေ တစ်ဦးက သူတို့အထဲက ၁၂ ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်းကို ယခုလို ပြောသည်။
" ၁၉ ဦးထဲက ၁၂ ဦးကို ပြစ်မူ ထင်ရှားတယ်ဆိုပြီး မောင်တော ခရိုင်တရားရုံးက ထောင်ဒဏ် (၃) နှစ်ကနေ (၈) နှစ်ထိ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ကျန်တဲ့ ခုနှစ်ဦးကတော့ ပြစ်မူ မထင်ရှားတဲ့ အတွက် တရားရုံးကနေ တရားသေ လွှတ်ပေး လိုက်ပါတယ်။"
၎င်းပြင်သူက " အဓိက ခေါင်းဆောင်လို့ သံသယ ဖြစ်ခံရတဲ့ ဦးဇော်ဝင်းကိုတော့ ပြစ်မူ တစ်ခုအတွက် ၅ နှစ်၊ နောက်တမူ အတွက် (၃) နှစ်၊ စုစုပေါင်း ၈ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေကတော့ ၅ နှစ်၊ ၃ နှစ် အဲသလို ချမှတ် ခံကြရတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
သူတို့ အမူအား အင်္ဂါနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် အမူကို စီရင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြစ်မူ မထင်ရှား၍ လွှတ်မြောက်သွားသူ (၇)ဦးကို မောင်တောရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ထိုမှ တဆင့် နေရပ်ကျေးရွာများသို့ ပို့ဆောင်ပေးမည်ဟု ရဲအရာရှိက ပြောသည်။
ထောင်ဒဏ် ချမှတ် ခံရသူ (၁၂) ဦးအား အစောင့် အရှောက်များခြံရံပြီး တရားရုံးရှေ့တွင် အသင့်ရပ်ထားသော ဒိုင်နာကား တစ်စီးဖြင့် ဘူးသီးတောင်ထောင်သို့ ယူဆောင်သွားခဲ့သည်ဟု သိရသည်။
ယနေ့ တရားစီရင်ရာတွင် တရားရုံး ခြံဝင်းနှင့် အနီးအနား လမ်းများတွင် လုံခြုံတင်းကျပ်ထားပြီး၊ တရားခံများ၏ ဆွေမျိုးသားချင်းများ အပါအ၀င် ပြင်ပလူများကို တရားရုံးသို့ လုံးဝ ၀င်ရောက် နားထောင် ခွင့် မပြုခဲ့ကြောင်း သိရသည်။
အဆိုပါ မွတ်ဆလင် ၁၉ ဦးကို တာလီဘန် အပါအ၀င် ဘင်္ဂလားဒေခ်ျ့ အခြေစိုက် မွတ်ဆလင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်သွယ်ပြီး ဖေါက်ခွဲရေး သင်တန်းများ ယူခဲ့သည်ဟု ဆိုကာ ဒေသခံ တဦးမှ အထက်အာဏာပိုင် နစကများသို့ တိုင်ကြားခဲ့ရာမှ ယခုနှစ် မတ်လ ဆန်းပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်ဆိပ် ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများတွင် ဖမ်းဆီးခံခဲ့ကြရသည်။
ဖမ်းဆီးခံ မွတ်ဆလင် ( ၁၉ )ဦး အား အာဏာပိုင်များက မတရား အသင်း ဖွဲ့စည်းမူ၊ ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တိြု့ဖင့် တရားစွဲဆိုခဲ့ပြီး ဧပြီလ (၅) ရက်နေ့တွင် တရားရုံးထုတ်ကာ အမူကို စတင် ကြားနာ စစ်ဆေး ခဲ့သည်။ တရားလိုနှင့် တရားခံများ၏ လျှောက်လဲချက် အသီးသီးကို ၅ လကြာအောင် တရားရုံးက စစ်ဆေးခဲ့ပြီး နောက်ပိုင်း မောင်တော ခရိုင် တရားရုံးက ယခုလို တရား စီရင် လိုက်ခြင်းဖြစ်သည်။
Link :   :http://www.narinjara.com/detailsbur.asp?id=3454
လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိတချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
News_Sein_Kyaw_Hlaing_Sep_6_2011Yan_Pai
“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏  အောင်သပြေ စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA  သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန်ယူခဲ့ပြီး ယခုလက်ရှိ RFA  သတင်းဌာနတွင် မြန်မာစီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ်ခံယူမည်ဆိုလျှင် သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေကလည်း အရင်အတိုင်း မပြောင်းလဲသေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။
Credit : ရန်ပိုင် ( Irrawaddy News)
မြန်မာ (Myanmar) ကို ဘားမား (Burma) လို့ ခေါ်ဝေါ်သုံးနှုန်းသူတဦးဟာ ငြိမ်း ချမ်းရေးကော်မရှင်မှာ မပါဝင်သင့်ဘူးလို့ ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်တဦးက ပြောသွားတယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးမှာ “လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် တွေ့ဆုံဆွေးနွေး နိုင်ဖို့နဲ့ ဒီလိုဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးမခံဘဲ ဆွေးနွေးကြဖို့” အဆိုကို ရန်ကုန်မဲဆန္ဒနယ်အမှတ် (၁၂) က ကိုယ်စားလှယ် ဦးဆွေအောင်က တင်သွင်းပါတယ်။
ဒီအဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဒေါက်တာအေးမောင်နဲ့ ချင်းတိုးတက်ရေးပါတီက ဦးပေါ်လျှံလွင်စတဲ့ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်စတဲ့ တိုင်းသိပြည်သိ၊ အများကြည်ညိုလေးစားသူတွေလည်း ပါဝင်ဖို့ ဆွေးနွေးပါတယ်။
ဒါကို ပြည်ခိုင်ဖြိုးပါတီက မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) ကိုယ်စား လှယ် ဦးလှဆွေက ဆွေးနွေးတဲ့အခါ “မြန်မာကို မြန်မာလို့မခေါ်ဆိုနိုင်ပဲနဲ့ ဘားမားလို့ ခေါ်တာကို ငြိမ်းချမ်းရေးကော်မရှင်မှာ ထည့်မယ်ဆိုရင် ကျနော်တို့ သံသယရှိပါတယ်” လို့ ထည့်ပြောသွားကြောင်း လွှတ်တော်တက်ရောက်သူတဦးဖြစ်တဲ့ ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဒေါက်တာဗညားအောင်မိုးကတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ကြိုတင်ကန့်သတ်ချက်တွေ ရှိနေတဲ့အချက်ကို ထောက်ပြဆွေးနွေးသွားတယ် လို့လည်း ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ ကြိုတင်ကန့်သတ်ချက်ရှိရင် မကောင်းဘူးပေါ့။ အဲဒီတော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လိုအပ်ချက်အရ အချိန်များစွာ သင်ခန်းစာယူပါတဲ့။ ဒီလိုကန့်သတ်ချက်ကိုတော့ ကြိုတင်ကန့်သတ်ချက်ဖြစ်တဲ့အတွက် မထည့်ပါနဲ့တဲ့။”
ချင်းတိုးတက် ရေးပါတီက ဦးပေါ်လျှံလွင်ကလည်း လူနည်းစု တိုင်းရင်းသားပါတီ အနေနဲ့ ရင်ဆိုင်ရတာတွေကို တင်ပြသွားတယ်လို့ ဆိုပါတယ်။
“သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံခဲ့တာကော၊ ဒီ ၂၀၁၀ ရွေး ကောက် ပွဲဝင်ခဲ့တဲ့အတွက်ကိုရော အများကြီးပဲ ကဲ့ရဲ့ခြင်းခံခဲ့ရပါတယ်တဲ့။ ကဲ့ရဲ့ခြင်းခံရ တယ်တဲ့။ ဒီလွှတ်တော်ထဲကို ရောက်လာတဲ့အခါမှာလည်း အမတ်အင်အားကလည်း နည်း တယ်၊ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် များစွာမျက်နှာငယ် နေပါတယ်တဲ့။ ဗမာလူမျိုးတွေ နဲ့ ငြိမ်းချမ်းရေးယူတဲ့အခါမှာလည်း အကိုကြီးတွေအရနဲ့ အားကိုးချင်ပါတယ်တဲ့။ အကိုကြီး အရာ နေပေးပါပေါ့။”
တပ်မတော်သားကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာတော့ တပ်မတော်က တာ ၀န်ယူခဲ့တဲ့ နှစ် ၅၀ နီးပါးမှာ ပြည်တွင်းငြိမ်းချမ်းရေးကို မဖော်ဆောင်နိုင်တာကြောင့် ဖွံ့ဖြိုးတိုး တက်မှု နောက်ကျခဲ့ရတယ်ဆိုတဲ့ အချက်တွေကို အဓိက ဆွေးနွေးသွားကြတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။
ဒီအဆိုကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က အဆိုအဖြစ် အတည်ပြု ရုံမက ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီက စာတမ်းပြုစုပြီး လွှတ်တော်မှတ်တမ်းအဖြစ် ထားရှိဖို့ ဆုံးဖြတ်သွားပါတယ်။
ပြည်သူ့လွှတ်တော်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ဆောင်ရွက်နေကြောင်း ဖြေကြားသွားတယ်လို့ သိရပါတယ်။
Credit :DVB
Why do the Burmese look to foreign experts for the problems which 3 generations of Burmese ourselves have been unable to find solutions for?
Why do we waste time and look across our borders hoping some morons preferably in the West - who don't speak our languages, never lived in our midst, never experienced our difficulties, never fought our battles with us - would give us good and strategic advice???
If these outside philistines want to write about, talk about and bullshit about our misery and our difficulties while turning themselves into Gurus that's fine.
It's one of the tried and true career-building exercises - dissecting the problems of the oppressed and the downtrodden - the Wretched of the Earth.
But should we or do we need to attach any credence to anything these experts pump out as "expert veiws"? - is the question every self-respecting and thinking Burmese should ask of themselves.
No one other than the late Aung San, the father of Daw ASSK, derided the Burmese NOT to turn anyone into the all-knowing Cult-like leader, in his speech at Shwedagon Middle Terrace on 17 Jan 1946. Revolutions or attempts to change systems of government have no chance of succeeding if there is no ground-swell of resistance BY EVERY CITIZEN.
Foreigners have contracted this terminal Burmese disease of Cultism which Aung San prophetically warned against 65 years ago: every time they write about Burma most of it isl about what Daw Aung San Suu Kyi should, or should not do, would or would do. Every single utterance she makes is put under magnifying glasses and are dissected, and meanings extracted or read into.
As long as Burmese remain stuck in this double-slave mentality - subservient towards those in leadership positions - in skirt or in green uniform, and deferrential towards foreigners who claim unwarranted expertise on things Burma I think Burma will remain a colony of the Burmese generals and a brothel of intellectual raw materials on which foreign experts will build their careers, while pumping out pathetically patronizing bullshit packaged as "specialist knowledge".
If we have any self-respect as Burmese we will break free of this double slavery: mental subservience to influential leaders and seeking to find worthy ideas from experts. The answers lie with us - not with leaders nor the experts.
We live in a world created by generations of western imperialists - Yellow Imperialism of Beijing still has a way to go, as far as building its hegemonic hold on the popular imagination.
Among the Burmese - just like among many brown, yellow, black and mixed skinned crowds - expertise is seen as more credible if it is produced and presented by men and women of White Skin.
Too many White experts Gene Sharp, ICG consultants, Ashley South, Richard Horsey and the list goes on - dishing out too many useless and failed ideas our way while sharing in no responsibility when the Burmese have failed to change the regime and its inhumane system of government.
Too many crocodiles in our swamp shedding tears.
The sooner the Burmese, that is, the class of us natives that comes into contact with and is in a position to interact with these international experts (on everything), realize how slavish and colonial we have been in our own struggles, the closer we will be to finding solutions to our problem of getting rid of the tyranny, by any means necessary.
Dr Zarni (m.zarni@lse.ac.uk) is Visiting Fellow, Department of International Development, LSE in United Kingdom.
Media Note
Office of the Spokesperson
Washington, DC
September 6, 2011
Ambassador Derek Mitchell, the Special Representative and Policy Coordinator for Burma, will depart on his first trip to Burma in his position on Wednesday, September 7. During his trip, he looks forward to meeting with a full spectrum of Burmese society, including government officials, members of political parties, local civil society organizations, and others.
His trip is intended to build upon U.S. dialogue and engagement toward shared goals of genuine reform, reconciliation, and development for the Burmese people.
Ambassador Mitchell will attend meetings in Nay Pyi Taw on September 9-10 and will continue consultations in Rangoon September 10-14. The Ambassador plans to consult with officials in Bangkok September 14-15 and Jakarta September 16-17.
PRN: 2011/1416
Credit : US State Department
Messenger ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖော်ပြဖို့ စိစစ်ရေးကျလာပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ်ဂျာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလည်း ဖော်ပြခွင့်ရပါပြီ။ ပြည့်သူ့ခေတ်ဂျာနယ်မှာ ဟံသာဝတီဦးဝင်းတင်ရဲ့ ပဉ္စမ မဏ္ဍိုင်ဆိုတဲ့ ဆောင်းပါး ကြော်ငြာကိုလည်း တွေ့ရပါတယ်။
ဒီအင်တာဗျူးတွေ၊ ဆောင်းပါးတွေ ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးကို အကြိမ်ကြိမ် တင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဖော်ပြခွင့်ရပြီဆိုတော့ ကောင်းတဲ့ ခြေလှမ်းပဲလို့ ဆိုရပါမယ်။
ဒ်ါအောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
M- လူငယ်တွေနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့အကြောင်း အရင်ကပြောခဲ့ဖူးတယ်။ အခုနေအိမ်အ ကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာရော၊ လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။
DS- အခုခေတ်လူငယ်တွေကတော့ လွန်ခဲ့တဲ့ ခုနစ် နှစ်ကထက်စာရင် တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ 1988 ခုနှစ်လောက်တုန်းက လူငယ်တွေ အခုခေတ်ကလူငယ်တွေလောက် အခွင့်အရေးမရခဲ့ကြဘူး။ အဓိက က IT ပေါ့။ အခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ၊ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ၊
M- မိသားစု စားဝတ်နေရေး၊ မိသားစုနောက်ခံအရေးတွေကြောင့် ဘ၀အတွက်လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- ဒါတွေက လူငယ်တွေရဲ့ အားနည်းချက်ချည်းသက်သက်လို့ ပြောလို့မရဘူး။ ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပြောရမယ်။ စားဝတ်နေရေး၊ မိသားစုအရေးတွေထက် ရုန်းကန်နေရတယ်ဆိုတာကိုက စီးပွားရေးအခြေအနေအရ ရုန်းကန်ရမယ့်အခြေအနေရောက်နေ လို့ပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဝီရိယစိုက်နိုင်သလောက်၊ ကိုယ်အပင်ပန်းခံနိုင်သလောက်ပဲ တိုးတက်မှာပဲ၊ ကံ ကံ၏အကျိုးဆိုတာ ဒါပဲ။ ကိုယ်လုပ်သလောက်ပဲ ဖြစ်မှာပဲ၊ အဲဒီတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ဘ၀ကိုရုန်းကန်နေရတဲ့ ကြားကပဲ တိုးတက်မှုကို ရအောင်ရှာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ ခပ်တိုတိုပြောရရင်အိပ် ချိန်လျော့ပေါ့။ အလုပ်ပြီးလို့ရှိရင် ထပ်ပြီးစာကျက်ကြပေါ့။ တိုးတက်ဖို့လုပ်ကြပေါ့။ ဒါရိုးရိုးလေးပြောတာပါ။ တစ်ဖက်ကတော့ အနစ်နာ ခံ၊ အပင်ပန်းခံရမှာပေါ့။
M- နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။DS- အခုခေတ် လူငယ်တွေပိုပြီး အမြင်ကျယ်လာတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆက်သွယ်ရေးလမ်းကြောင်း က ကောင်းလာတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကထက်စာရင် ဂျာနယ်၊ မဂ္ဂဇင်းတွေ အရမ်းများလာတယ်။ အရင်ကဆို ရင်အများစုက အလှအပအကြောင်း၊ ရုပ်ရှင်အကြောင်း၊ မော်ဒယ်လ်တွေအကြောင်း အဲဒီဟာတွေပဲ ပိုများတယ်။ အခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ပိုဇောင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းအတော်များလာတယ်။ အဲဒါတွေက ကိုယ့်မြန်မာ နိုင်ငံအကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေမပါဘဲ တခြားနိုင်ငံတွေအကြောင်းပါတယ်ဆိုရင်တောင် မှ မျက်စိဖွင့်၊ နားဖွင့်ပေးတယ်။ ဒါကြောင့် ပိုတိုးတက်ဖို့ပဲရှိတယ်လို့ပဲ မြင်တယ်။ ဟန်းဖုန်းကိုင်တယ်ဆိုရင်တောင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။
M- တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။
DS- တစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ တန်ဖိုးထားပြဖို့၊ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက် လျှော့မတွက်ပါနဲ့၊ ညံ့တယ်လို့မ ထင်ပါနဲ့။ ငါဘာလုပ်နိုင်တယ်ဆိုတာကို သိဖို့ဆန္ဒရှိရာကနေ လမ်းစရသလိုမျိုးပေါ့။ တကယ်ပဲလုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်ချင်တဲ့လမ်း က ပေါ်လာမှာပဲ။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေပါတယ်မဟုတ်လား။ ဘယ်သူကတော့ဖြင့် ဘာမှမရှိဘဲ ဘယ်လိုလုပ်ုသွားတာ၊ သူ့ချွေးနဲစာနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကြီး ထူထောင်သွားတာ၊ ဘယ်လိုဇွဲနဲ့ သူ့ကိုယ်သူ ဘယ်လိုအနုပညာရှင်ကြီးဖြစ်အောင်လုပ်သွားတာ။ အဲဒါတွေဖတ်ရင် စိတ်ဓာတ်ခွန်အားလည်းရတယ်။ နည်းလမ်းလည်းရ တယ်။ တွေးခေါ်စရာတွေလည်း အများကြီးဖြစ်တယ်။ အဲဒီတော့ စာဖတ်ဖို့လိုတယ်လို့ထင်တယ်။ လူတိုင်းအင်တာနက်မသုံးနိုင်ရင်တောင် မှ အင်တာနက်မှာပါတဲ့အကြောင်းအရာတွေ တော်တော်များများဂျာနယ်တွေထဲမှာ ပါပါတယ်။ အဲဒီတော့ စာကောင်း၊ ပေကောင်းဖတ်နိုင် လို့ရှိရင် အခွင့်အရေးတွေအများကြီးရလာမှာပါ။ အဲဒီအခွင့်အရေးတွေကို အသုံးချပေါ့။ လူဆိုတာ ကိုယ်ရတဲ့အခွင့်အရေးကို ကောင်းတဲ့ ဘက်ကိုရောက်အောင်အသုံးချရမှာပေါ့။ တရားစကားနဲ့ပြောရင် ဆန္ဒပေါ့။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ အားလျှော့တာ၊ ဘ၀ကိုလက်မြှောက်တယ်ဆိုတာ၊ လူငယ်တွေမလုပ် သင့်ပါဘူး။ လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ်။
M- အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။
DS- အခုခေတ်က လိုချင်စရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ သိပ်များတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သူဌေးဆိုရင် တိုက်နဲ့ကားပဲရှိတယ်။ အခုကဒီလောက်နဲ့မရဘူး။ ကျွန်မတို့ငယ်ငယ်က မိဘတွေချမ်းသာလို့ ကိုယ်ပိုင်ကားစီးတဲ့လူမရှိခဲ့ဘူး။ မိဘမှာပဲရှိတာ၊ အဲဒီတော့ တင်း တိမ်ရောင့်ရဲနိုင်တယ်။ လိုချင်စရာနည်းတာကိုး၊ အခုကသိပ်များတယ်။ လူငယ်တွေလိုချင်တာကိုလည်း သိပ်တော့အပြစ်မဆိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာဆိုတာလိုချင်တဲ့စိတ်ကိုဆွပေးတာပဲ၊ ဒါမှစီးပွားဖြစ်မှာ၊ အဲဒီတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တစ်ခါတည်း မြှင့်တင်သွားရမယ်။ ရုပ်ပိုင်းဆိုင်ရာသိပ်တိုးတက်ပြီး၊ စိတ်ဓာတ်ပိုင်းမတက်ရင် အဲဒီလိုပဲဖြစ်မှာပဲ၊ နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိုက်အ၀န်းကို မြင်ဖို့လိုတယ်။ တတ်နိုင်တဲ့သူ တတ်နိုင်သလိုလုပ်တာကို အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုရေးနဲ့ပတ်သက်လို့ လိပ်ပြာသန့်ခြင်း၊ မသန့်ခြင်းကို လူတိုင်းကိုယ်စီနည်း နည်းတော့ဆင်ခြင်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာပေါ့ အဲဒါ ငယ်ငယ်ကတည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးဆိုင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြည်သူ့နီတိတို့ ဘာတို့သင်တာမျိုးပေါ့။ အဲဒီလိုအချက်တွေ ပညာရေးပိုင်းမှာမပါ ဘူးဆိုရင်စာပေလောက၊ သတင်းမဂ္ဂဇင်းလောက ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် မီဒီယာသမားတွေလုပ်ကြ လို့ ပြောရမယ်။ ကျွန်မတို့လည်း ကိုယ်ပြောနိုင်သလောက်ပြောမယ်။ မီဒီယာသမားတွေဘက်ကလည်း လုပ်နိုင်သမျှလုပ်ရ မယ်။ ဆောင်းပါးတွေ၊ ဥပမာတွေနဲ့ပေါ့။ တန်ဖိုးရှိတဲ့လူသားဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ အခုခေတ် လူတော်တော်များများက လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေလို့ ထင်ကြတယ်။ ရေရှည်မှာ မဟုတ်ဘူးဆိုတာ ပြောရမယ်။ တန်ဖိုးရှိရုံတင်မကဘူး၊ ကျေနပ်လောက်တဲ့ဘ၀ရှိရမယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်မှုရှိရမယ်။ တချို့လူငယ်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေပြည့်စုံပေမယ့် စိတ်မချမ်းသာတဲ့လူငယ်တွေ အများကြီးရှိတယ်။ စိတ်ရောဂါရတဲ့ လူငယ်တွေရှိတယ်ဆိုတာ အားလုံးအသိပဲ။ အဲဒီတော့ ဒီဟာတွေကို မီးမောင်းထိုးပေးဖို့လိုတယ်။ စာနယ်ဇင်းလောက က တတ်နိုင်သမျှ လုပ်ရမယ်။
M- လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။
DS- စာဖတ်တဲ့ကိစ္စကိုတော့ ဒီလိုဖတ်ရမယ်။ ဟိုလိုဖတ်ရမယ်လို့ မပြောချင်ဘူး။ ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေဖတ်လာတာ၊ အခုအသက်ကြီးလာတော့ အတ္ထုပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ အပြင်စာပေတွေကို ပြောတာ၊ နောက်ပိုင်းရင့်ကျက်လာပြီး တစ်ခြားလူတွေ၊ ဘ၀တွေအကြောင်း ပိုသိချင်လာတာလည်းပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေအများကြီးပါတယ်။ စာအုပ်တစ်အုပ်လုံးထက်တောင် ပါချင်ပါမယ်။ အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့အသိဥာဏ်၊ ဦးနှောက်ကိုစိန်ခေါ်တဲ့ စာမျိုးကိုဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။ တစ်ခါတလေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက်ဖတ် တာမပြောလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဥာဏ်ကို စိန်ခေါ်တဲ့စာမျိုး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကိုယ် လည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကိုအလုပ်ပေးတဲ့စာမျိုးကို အတိုင်းအတာတစ်ခုအထိဖတ်ရမယ်။
M- မြန်မာလူငယ်တွေ အများဆုံးအသုံးပြုနေတဲ့ Social Website တွေထဲက Facebook မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ Account တွေအများကြီးပဲရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင် Account တစ်ခုဖွင့်ထားတာရှိပါသလား။
DS- အဲဒါတွေက ကျွန်မဖွင့်ထားတာ မဟုတ်ပါဘူး။ တခြားသူတွေဖွင့်ထားကြတာပါ။
ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
Media release from the International Bar Association’s Human Rights Institute
High-level discussions on the urgent need for the establishment of a United Nations (UN) Commission of Inquiry (COI) into war crimes and crimes against humanity in Burma, will take place on September 6 in Brussels. The meeting is scheduled ahead of European Union (EU) representatives gathering at the Meeting of the Human Rights Working Group (COHOM) of the European Council to discuss, among other human rights issues, the UN General Assembly (UNGA) resolution on Burma for 2011, which must include a provision for a COI if its establishment is to be realised in the near future.
In the context of the widely-held view that such a COI could help reduce human rights abuses in Burma, the International Bar Association’s Human Rights Institute (IBAHRI) and the Open Society Foundations, organised the meeting to provide expert opinions on the establishment of a COI to those with responsibility for deciding the stipulations of the UNGA resolution on Burma; EU member states. To this end the United Nations Special Rapporteur on the situation of human rights in Burma, Tomás Ojea Quintana; together with representatives from Burma Campaign UK; the Burma Lawyers’ Council; the International Federation of Human Rights; and Human Rights Watch will brief EU diplomats.
The experts will summarise the current human rights situation in Burma, taking into account recent political developments there, and explain why a COI is the best way forward for deterring the commission of further crimes – reported as murder, systematic rape, sexual violence, torture, the recruitment of children as soldiers, warrantless detention, widespread forced relocations and forced labour – and ensuring justice for victims. The technicalities of such a COI, including the terms of reference, will also be discussed.
Dr Mark Ellis, Executive Director of the International Bar Association said, ‘The Burmese people have suffered grave human rights violations for more than 20 years. The perpetrators act with immunity in an environment absent of action by the international community. The United Nations General Assembly should act promptly and decisively to establish a UN commission of enquiry into human rights abuses in Burma.’ He added, ‘A transparent, impartial and independent UN commission of inquiry is an established tool for investigating allegations of international crimes committed by all parties to a conflict. Establishing a commission for Burma would be a crucial and long overdue step in bringing accountability to Burma.’
Mr Quintana recently stated that, ‘Justice and accountability measures, as well as measures to ensure access to the truth, are fundamental for Myanmar to face its past and current human rights challenges, and to move forward towards national reconciliation.’
The briefing will take place at the Open Society Institute – Brussels, 9-13 Rue d’Idalie, B-1050 Brussels, between 12h00 and 13h30 (local time) under the Chatham House Rule.
The Speakers:
• Tomás Ojea Quintana, UN Special Rapporteur on the situation of human rights in Burma, (via video-link);
• Neil Campbell, Head of EU Policy Development, Open Society Institute-Brussels;
• Mr Gregoire Thery, Permanent Representative to the European Union, International Federation of Human Rights;
• Ms Lotte Leicht, European Union Director, Human Rights Watch;
• Ms Zoya Phan, Campaigns Manager, Burma Campaign UK; and
• Mr U Aung Htoo, Secretary General, Burma Lawyers’ Council.
If you would like to interview any of the speakers after the meeting please contact the moderator, Shirley Pouget of the International Bar Association atshirley.pouget@int-bar.org
ENDS
For further information please contact:
Romana St. Matthew - Daniel
Press Office
International Bar Association
4th Floor, 10 St Bride Street,
London EC4 4AD
Direct Line: +44 (0)20 7842 0094
Main Office: +44 (0)20 7842 0090
Fax: +44 (0)20 7842 0091
E-mail: romana.daniel@int-bar.org
Website: http://www.ibanet.org
Notes for editors
The Chatham House Rule:
“When a meeting, or part thereof, is held under the Chatham House Rule, participants are free to use the information received, but neither the identity nor the affiliation of the speaker(s), nor that of any other participant, may be revealed”.
COHOM
The Human Rights Working Group (COHOM) was created under the Council of the European Union in 1987 (with the extension of its mandate in 2003) and is responsible for human rights issues in the EU’s external relations.
It is composed of human rights experts from Member States and the European Commission. Click here to read the text of the mandate.
The Human Rights Working Group meets regularly. The agendas of meetings cover the various aspects of the EU’s human rights policy such as action in international fora, dialogues with third countries, thematic issues and mainstreaming. The agenda always includes standing items on human rights situations of urgent concern. COHOM promotes the systematic inclusion of human rights issues in the agenda of expert’s meetings on thematic issues and at summits between the EU and third countries.
COHOM: http://eeas.europa.eu/human_rights/workgroup/index_en.htm
About the International Bar Association
the global voice of the legal profession
The International Bar Association (IBA), established in 1947, is the world’s leading organisation of international legal practitioners, bar associations and law societies. Its membership includes over 40,000 lawyers and almost 200 bar associations and law societies spanning every continent. The IBA influences the development of international law reform and shapes the future of the legal profession throughout the world.
The IBA’s administrative office is in London; regional offices are located in São Paulo, Brazil and Dubai, United Arab Emirates.
Grouped into two divisions – the Legal Practice Division and the Public and Professional Interest Division – the IBA offers its members access to leading experts and up-to-date information across all areas of legal practice and professional interest. Through a network of specialised committees, the IBA enables an exchange of information and opinions regarding laws, practices and professional responsibilities pertaining to the practice of law globally. High-quality publications and world-class conferences further provide unrivalled professional development and networking opportunities for legal practitioners and professional associates.
The IBA’s Bar Issues Commission provides a forum for IBA member bar associations and law societies to discuss any matter relating to law at an international level.
The IBA’s Human Rights Institute works to promote, protect and enforce human rights under a just Rule of Law, and to preserve the independence of the judiciary and the legal profession worldwide.
In partnership with the Open Society Initiative for Southern Africa , the IBA created the Southern Africa Litigation Centre, based in Johannesburg, South Africa, to promote human rights and the Rule of Law in Angola, Botswana, the Democratic Republic of Congo, Lesotho, Malawi, Mozambique, Namibia, Swaziland, Zambia and Zimbabwe.
The IBA was instrumental in establishing the International Legal Assistance Consortium in Stockholm, Sweden. This global consortium of non-governmental organisations provides technical legal assistance to post-conflict countries.
Through a grant-funded project, the IBA also maintains an office in The Hague which manages the IBA’s International Criminal Court (ICC) Programme . This office follows the work and proceedings of the ICC, focusing primarily on the fair trial rights of the accused and the manner in which the Rome Statute and other legal documents of the Court are implemented and encourages the legal community to engage with the work of the Court. The programme also produces a dynamic news magazine about the ICC called Equality of Arms Review or EQ which is available on the IBA website.
Contact information:
International Bar Association
4th Floor, 10 St Bride Street,
London EC4 4AD
Tel: +44 (0)20 7842 0090
Fax: +44 (0)20 7842 0091
Website: http://www.ibanet.org
Credit : Burma Campaign for UK
New Delhi - More than 100 Indian MPs have urged the Myanmar president to free more than 2,000 political prisoners.
The appeal has been made by Ram Jethmalani, convener of the Indian Parliamentarians' Forum for Democracy in Burma (IPFDB), and members of the group.
They are backing a call from Myanmar democratic leader and Nobel Peace laureate Aung San Suu Kyi for the release of political prisoners.
There are still more than 2,000 political prisoners in prisons in Myanmar, and many are in deplorable conditions, the group said.
Most of them have been sentenced to 65 years and more, it said.
"We, Indian parliamentarians, hope to see a genuine democratic system in Burma and ... call upon the government to release all political prisoners in the country.
"Their release will be a positive step in the spirit of conciliation and dialogue that Burma now needs."
Credit :indiavision
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ တကယ်လုပ်ချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာကလွဲလို့ နိုင်ငံအတွက် ဘာအန္တရာယ်မှ မရှိတဲ့ ဒီ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာအစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ်တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။ 
မြန်မာနိုင်ငံမှာ အခုထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေပြီး သူတို့ကို ထိန်းသိမ်းထားတဲ့ ထောင်တွေဟာ မနှစ်မြို့ဖွယ် ရှိရုံမက လူမဆန်တဲ့ အနေအထားမျိုးနဲ့ ထားတာ တွေ့ရသလို တချို့ဟာ ထောင်ဒဏ် ၆၅ နှစ်လို နှစ်ရှည်ထောင်ဒဏ်တွေ အချခံနေရတာမို့ အသက်ရှင်လျက်နဲ့ လွတ်လမ်းမမြင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အိန္ဒိယ လွှတ်တော်အမတ်များအဖွဲ့ IPFDB က တောင်းဆိုလိုက်တယ်လို့ အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်သင်းသင်းအောင်က ပြောပါတယ်။ 
“ဦးသိန်းစိန်ဆီ ပို့မယ့်စာကို အမတ်ပေါင်း ၁၀၀ ကျော်က လက်မှတ် ရေးထိုးထားတာ ဖြစ်တယ်။ အဲဒီထဲမှာ ထင်ရှားတဲ့ အမတ်တွေဆိုရင် မစ္စတာ ရမ်း ဂျက်သ်မလာနီ (Ram Jethmalani)၊ ဒေါက်တာ ချန်ဒန်း မစ်ထရာ (Dr. Chandan Mitra) တို့၊ မစ်စ် ဆူပရီယာ ဆူလေး (Supriya Sule) တို့ နိုင်ငံရေးပါတီ အသီးသီးပါပဲ၊ ကွန်ဂရက်လည်းပါတယ်၊ BJP လည်း ပါတယ်၊ အဓိက ပါတီလေးတွေက တောင်းဆိုထားတာ ဖြစ်တယ်။” 
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာက ပြန်ပြီး လွှတ်ပေးခဲ့တဲ့အတွက် ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီလို့ မပြောနိုင်ဘူးလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အိန္ဒိယ ပါလီမန်အမတ် ရမ်း ဂျက်သ်မလာနီက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွေကို မြန်မာအစိုးရက တကယ်လုပ်ဆောင်ချင်တဲ့ ဆန္ဒ ရှိတယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာကလွဲလို့ နိုင်ငံအတွက် ဘာမှ အန္တရာယ် မရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို မြန်မာအစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ 
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို နယူးဒေလီမှာ ကျင်းပတုန်းက ပေးပို့တဲ့ ဗွီဒီယို သ၀ဏ်လွှာထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာမို့ ဒါကို ထောက်ခံကြောင်းလည်း ပြောပါတယ်။ 
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မက်ဆေ့ခ်ျတခု ပို့ပေးတာ ရှိတယ်။ အဲဒီ ဗွီဒီယို မက်ဆေ့ခ်ျထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမကို သတိရတာ ၀မ်းသာတယ်ပေါ့၊ ဒါပေမဲ့ ကျမကိုတင် မဟုတ်ဘဲ ကျမ ပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကို သတိရပေးပါ၊ အဲဒီအကျဉ်းသား ၂,၀၀၀ လည်း ရှိသေးတယ်။ သူတို့ လွတ်မြောက်ရေး အတွက်လည်း ကျမတို့ အိန္ဒိယ မိတ်ဆွေတွေက ကူညီကြပါ ဆိုတာကို သူက ပြောခဲ့တယ်။ 
“အဲဒီကနေစပြီး ကျမတို့ ဒီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေက ပါတီက ခေါင်းဆောင်တွေ၊ အမတ်တွေဆီက လက်မှတ်ကောက်ပြီး မနက်ဖြန်ကျရင် Press Conference နဲ့ အမတ်တွေရဲ့ Signature ၁၀၀ ကျော်ကို ထုတ်ပြန်မယ်။” 
အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ မြင်ရဖို့ မျှော်လင့်ထားသလို ပြောင်းလဲမှုအတွက် လုပ်ဆောင်မယ့် ပထမခြေလှမ်း အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ပြီး အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတဆင့် စုဆောင်းထားတဲ့ အိန္ဒိယ လွှတ်တော်အမတ်တွေရဲ့ လက်မှတ်တွေကို သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့မယ့် အစီအစဉ် ရှိတယ်လို့လည်း ဒေါ်သင်းသင်းအောင်က ပြောပါတယ်။
Credit : VOA Burmese
ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်၊ကဇူးကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအတွင်း အစိုးရစစ်တပ်က မိုင်းထောင်ထားခြင်းကိစ္စတိုင်ကြားစာ
သိပံ္ပချစ်သူ>>
ကျနော်ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း (ယခင် ဇဖားရ်ရှားလမ်း) ရှိ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ပါတော်မူခဲ့သော နောက်ဆုံး မဂိုဧကရာဇ် ဗဟာဒူးရှားဇဖားရ်၏သင်္ချိုင်းဂူဗိမာန်သို့ သွားရောက်လေ့လာကြည့်ရှုမိသည်။
တချိန်က ရွှေနန်းတော်၌ မင်းစည်းစိမ်ခံစားခဲ့ရသော အိန္ဒိယနိုင်ငံ၏ မဂိုဧကရာဇ်သည် ရေခြားမြေခြား မြန်မာနိုင်ငံ၌ ရန်သူ၏လက်တွင်းတွင် နတ်ရွာစံခဲ့ပုံကို တွေးမိရင်း ကျွန်ုပ်တို့၏ မြန်မာဘုရင်သီပေါမင်းတရား အိန္ဒိယပြည်ရတနာဂီရိအရပ်၌ ဆင်းရဲချို့တဲ့စွာ နတ်ရွာစံခဲ့ရပုံကို ပြန် လည်ယှဉ်တွဲ အတွေးပွားနေမိပါတော့သည်။
ဤပါတော်မူ ဘုရင်နှစ်ပါး၏ဘ၀ကံကြမ္မာမှာ တနည်းတဖုံ ဆင်တူယိုးမှားတူညီနေပေ၏။ အိန္ဒိယပြည် ဒေလီမြို့တော်၌ အိန္ဒိယပြည့်ရှင် မဂိုဘုရင်အား အင်္ဂလိပ်တို့ကဖမ်းဆီး၍ ဇာတိနေပြည်တော်နှင့်ဝေးသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်ပို့လိုက်သည်။ အကျဉ်းစံ နန်းကျဘုရင်တပါးအဖြစ်နေထိုင်ရင်း ရန်ကုန်မြို့ဒဂုံအရပ်၌ နတ်ရွာစံခဲ့ရလေသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းတရားအားလည်း ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီး၍ နယ်ချဲ့ အင်္ဂလိပ်တို့သည် ရေကြောင်းခရီးဖြင့် ပထမ အိန္ဒိယနိုင်ငံမဒရပ်မြို့၊ ယင်းနောက် အိန္ဒိယနိုင်ငံအနောက်ဘက်ပင်လယ်ကမ်းခြေရှိ ရတနာ ဂီရိသို့ ၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းတရားသည် အိန္ဒိယနိုင်ငံ၌ အကျယ်ချုပ်ဘ၀ဖြင့် နှစ် ၃၀ နီးပါး နေထိုင်ခဲ့ရပြီးနောက် ၁၉၁၆ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် နတ်ရွာစံခဲ့သည်။
သို့ကလို မြန်မာဘုရင်အား အိန္ဒိယပြည်၌ခွေထားပြီး အိန္ဒိယဘုရင်အား မြန်မာနိုင်ငံ၌ခွေထားခြင်းမှာ အင်္ဂလိပ်နယ်ချဲ့တို့၏ နည်းပရိယာယ် တခုပင်ဖြစ်သည်။
်မာနိုင်ငံသို့ ပါတော်မူခဲ့ရသော အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဧကရာဇ်မဟာဒူးရှားဇဖားရ် (Bahadur Shah Zafar) သည် ခရစ်နှစ် ၁၇၇၅ ခုနှစ်တွင် ဒေလီမြို့တော်ရှိ ရှားဂျဟန်းဘုရင်ကြီး၏ လာလ်ကီယာနန်းတော်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှား (Emperor Akbar Shah II) က သားတော်အား ‘မိုဟာမက်စေရာဂျွန်ဒင်း’ ဟု မှည့်ခေါ်ခဲ့၏။ အရွယ်ရောက်လာသောအခါ ‘အဘူဇဖားရ်’ ဘွဲ့အမည်ဖြင့် အိမ်ရှေ့စံအပ်နှင်းခဲ့သည်။
န်
ခမည်းတော်သည် သားတော်အား ငယ်စဉ်ကပင် နန်းတွင်း၌ပင် အကြီးတော်ဆရာများခန့်အပ်၍ မင်းသားတို့တတ်အပ်သော ပညာရပ်များကို သင်ကြားစေသည်။ အဘူဇဖားရ်သည် ဘာသာရေးအဆုံးအမတို့ကို လေးစားလိုက်နာသူလည်းဖြစ်သည်။ ဘာသာရေးစာပေကို ကြိုးစား သင်ယူသည်။ သူသည် ငယ်စဉ်ကပင် ကဗျာလင်္ကာများဖတ်ရှုခြင်း၊ ရေးသားသီကုံးခြင်းကို အထူးပင်ဝါသနာပါသည်။ နန်းတွင်းကဗျာစာဆို များဖြစ်ကြသော အီဘရာဟင်ဇောက်၊ ဟာဆန်နွလ်လာခန်းဂါလစ်တို့သည် သူ့အား ကဗျာဆရာတဦးအဖြစ်သို့ရောက်အောင် ဆရာစားမချန် သင်ကြားပြသပေး ခဲ့ကြသည်။ ထို့ပြင် အာရေဗီ (အာရပ်ဘာသာစကား)၊ ဖာရစီ (အီရန်ဘာသာစကား) နှင့် အူရဒူ (ပါ ကစ္စတန်ဘာသာစကား)များနှင့် စာပေများကို ဂရုတစိုက်သင်ကြားခဲ့ရာ အဘူဇဖားရ်သည် ဖာရစီဘာသာ၊ အူရဒီဘာသာတို့ဖြင့် ကဗျာလင်္ကာတို့ကို ရသမြောက် အောင် ဖွဲ့ဆိုသီကုံးနိုင်ခဲ့သည်။
အသက် ၄၀ တွင် အိမ်ရှေ့စံမင်းသားအဘူဇဖားရ်မင်းသားသည် ကြင်ယာတော်မိဖုရားလေးပါးဖြင့် သားတော်၊ သမီးတော်များထွန်းကားနေပြီဖြစ်သည်။
ထို့နောက် ဇဖားရ်ရှားဘုရင်၏အဘိုး ‘ဒုတိယမြောက်ရှားအာလမ်’ (Shah Alam II) သည် ၁၈၀၆ ခုနှစ်တွင် နတ်ရွာစံ၍ ခမည်းတော် အက္ကဘာရ်ရှားသည် နန်းတက်ခဲ့လေသည်။ နန်းတက်ပြီးမကြာမီမှာပင် သားတော်အားအိမ်ရှေ့နှင်းခဲ့သည်။ ခမည်းတော် ဒုတိယမြောက် အက္ကဘာရ်ရှားသည် နှစ် ၃၀ နီးပါးနန်းစံခဲ့ပြီးနောက် ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နတ်ရွာစံခဲ့သည်။
ဗဟာဒူးရှားသည် ခမည်းတော်နတ်ရွာမစံမီ ၁၀ ရက်အလို ၁၈၃၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့၌ပင် ‘အဘူဇဖားရ် မိုဟာမက်စေရာဂျွန် ဒင်းမဟာဒူးရှား’ ဘွဲ့အမည်ဖြင့် ရာဇဘိသေကခံခဲ့သည်။ နန်းတက်စဉ် မဟာဒူးရှားသည် အသက် (၆၂) ရှိနေပြီဖြစ်သည်။
စိတ်သဘောထားနူးညံ့သိမ်မွေ့သော၊ ဘာသာတရားကိုလေးစားလိုက်နာသော၊ ဘာသာရေးကျင့်စဉ်နှင့် ကဗျာလင်္ကာများတွင် မွေ့လျော် သော မဂိုဘုရင်ကြီးဗဟာဒူးရှားသည် ထီးနန်းစည်းစိမ်ကိုရရှိသော်လည်း စိတ်ကျေနပ်ပျော်ရွှင်မှုကို အပြည့်အ၀မရခဲ့ပေ။
သူသည် အသက်၂၀ ကျော်လောက်ကပင် ‘တစပ်ဝမ်’ ခေါ် မဖောက်ပြန်သော တရားလမ်းစဉ်ဘက်သို့ လေ့လာလိုက်စား၍ အသက် (၄၀) ကျော်အရွယ်တွင် ကိုယ်တိုင်ကျမ်းစာများပြုစုခြင်း၊ တရားပြဆရာအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုခဲ့သည်။
ဗဟာဒူးရှားသည် အိန္ဒိယပြည့်ရှင် မဂိုဧကရာဇ်ဟုဆိုသော်လည်း အမှန်စင်စစ်အားဖြင့် အမည်ခံဘုရင်တပါးမျှသာဖြစ်သည်။ သူနန်းစံသည့် ၁၈၃၇ ခုနှစ်သို့မရောက်မီကပင် ဗြိတိသျှအရှေ့ကုမ္မဏီကြီးသည် အိန္ဒိယပြည်၏အချက်အခြာဒေသများ၊ အထူသဖြင့် ပင်လယ်ကမ်းရိုးတမ်း ဆိပ်ကမ်းမြို့များကို သိမ်းပိုက်ထားပြီးဖြစ်လေသည်။ သြဇာအာဏာတိက္ကိမကြီးမားသော နယ်စားပယ်စားစော်ဘွားများကိုလည်း စည်းရုံး သိမ်းသွင်းထားပြီဖြစ်သည်။ ထိုစဉ်က အိန္ဒိယဘုရင်ခံချုပ်မှာ လော့ဒ်အောက်လန်(Lord Auk-Land) ဖြစ်သည်။
ဘင်္ဂလားပြည်နယ် ကာလကတ္တားမြို့ (ယခုကိုးလ်ကတ္တား) ကို ဖို့ဒ်ဝီလျံဟုသမုတ်၍ ကုမ္မဏီဌာနချုပ်ရုံး စိုက်ကာ အိန္ဒိယပြည်ရှိ မိမိပိုင်နက် များကို အုပ်ချုပ်နေလေပြီ။ ဗဟာဒူးရှားအား တလလျှင် ရူးပီးငွေတစ်သိန်းကျ ကုမ္မဏီကထောက်ပံ့ထား၏။ သူသည် မြို့တော်ရှိ အချို့စံ အိမ်တော်များမှလည်း အိမ်ငှားခရရှိသည်။
တဖက်ကလည်း ဒေလီပြည့်ရှင် မဂိုဧကရာဇ်ဟု ဆက်လက်အသိအမှတ်ပြုထားလေသည်။ သို့သော်လည်း ဗဟာဒူးရှားမှာ မိမိနေထိုင်ရာ လာလ်ကီယာနန်းတော်တွင်း၌ရှိသော မောင်းမမိဿံနှင့်မင်းမှုထမ်းများအပေါ် သြဇာမရှိပေ။ မရှိအောင်လည်း အင်္ဂလိပ်တို့က ဖန်တီးထား သည်ကို တွေ့ရှိရသည်။
ဗဟာဒူရှားကို လောကီစည်းစိမ်ခံစားနိုင်စေရန် ငွေကြေးထောက်ပံ့ထားသော်လည်း အိန္ဒိယပြည်တ၀န်းလုံးကို သွားလာမှုမပြုနိုင်အောင် တားမြစ်ထားသည်။ မြို့စား၊ နယ်စားများနှင့်လည်း ဆက်သွယ်မှုမပြုနိုင်အောင် ဖြတ်တောက်ထားသည်။ မြို့စား၊ နယ်စားများကို ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္မဏီနှင့်သာ ဆက်သွယ်ရန် ဖန်တီးထားသည်။ အချို့မြို့စား၊ စော်ဘွားများကို ‘ဆာ’ (Sir) ဘွဲ့များချီးမြှင့်၍ သူကောင်းပြု ထားသည်။ ၎င်းတို့၏ အကူအညီဖြင့် ပြည်တွင်းမှပုန်ကန်သူအင်အားစုများ ကို အစွမ်းကုန် ဖြိုခွဲပစ်သည်။
ထိုစဉ်က အိန္ဒိယပြည်၏ နာမည်ကြီးပုဆိန်ရိုးများမှာ ဂွါလီဝါမှဘင်အင်ကာရောင်း၊ ဟိုက်ဒါရာဘတ်မှ ဘာဆလာဂျန်၊ နီပေါလ်မှ ဆာဂျန် ဗဟာဒူးတို့ဖြစ်လေသည်။
ထို့နောက် ဗြိတိသျှတို့ အိန္ဒိယကိုသိမ်းပိုက်ပြီး အိန္ဒိယနိုင်ငံသားတို့ အုံကြွတော်လှန်ခဲ့သည့် ပထမဆုံးလွတ်လပ်ရေးစစ်ပွဲ ၁၈၅၇ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ရာ ဗြိတိသျှတို့က ထိုအုံကြွမှုကို ရက်စက်စွာနှိမ်နင်းခဲ့ပြီးနောက် ၁၈၅၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဇဖားရ်ရှားဘုရင်အား အိန္ဒိယဘုရင်ခံချုပ်က ဖမ်းဆီး၍ စစ်ခုံရုံးတွင်စစ်ဆေးကာ မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ပါတော်မူစဉ် မဂိုဘုရင်ကြီးသည် အ သက် ၈၅ နှစ်ရှိပြီဖြစ်သည်။ သူနှင့်အတူဆွေတော်မျိုးတော်အပါအ၀င် နန်းတွင်းမင်းမှုထမ်း (၃၅) ဦး လိုက်ပါလာခဲ့သည်။ ဇဖားရ်ရှားပါ တော်မူစဉ်က မင်းတုန်းမင်းတရားကြီး အမရပူရမြို့တော်မှ မန္တလေးမြို့စံနန်းတော်၌ စံမြန်းနေစဉ်က ဖြစ်သည်။
နန်းကျဘုရင် ဇဖားရ်ရှားသည် ပါတော်မူခံရပြီးနောက် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေတော်ရင်း ဒဂုံမြို့နယ်၊ ဇီဝကလမ်း (ယခင် ဇဖားရ် ရှားလမ်း) ရှိ သစ်သားအဆောက်အအုံတခုတွင် နတ်ရွာစံသည်အထိ ဆင်းရဲကျပ်တည်းစွာ နေထိုင်ခဲ့ရ၏။ ထောက်ပံ့ငွေမလောက်ငှ၍ သား တော်များက မြင်းလှည်းမောင်းခဲ့ရသည်ဟု ဆိုသည်။
ဗဟာဒူးရှားဇဖားရ်နှင့်အတူ နေထိုင်ခဲ့သူများမှာ မိဖုရားခေါင်ကြီး ဇိနတ်မဟာလ်ဘီဂမ် (The Nawab Zinath Mahal Begum)၊ သားတော် ဂျဝမ်ဘတ်၊ သမီးတော် ကုလ်စွန်ဇမာနဘေဂမ်၊ ရောင်နတ်ဇမာနိဘေဂမ်၊ နို့စို့အရွယ်သားတော် ဂျမ်ရှစ်ဘတ်၊ ဂျဝမ်ဘတ်၏ဆရာ ဟာဖွဇ်အီ ဘရာ ဟင်ဇောက်တို့နှင့် အစေအပါးအခြွေအရံများဖြစ်ကြသည်။
ဇဖားရ်ရှား၏စံအိမ်တော်သည် လက်ရှိ ဇီဝကလမ်း (မြန်မာနိုင်ငံဆေးဝါးသုတေသနဌာနဘေး) ရှိ သင်္ချိုင်းတော်ရှိသည့်နေရာပင် ဖြစ်သည်။ ထိုစဉ်က ထိုလမ်း၏အမည်မှာ စီဒါးရ်ဘဇားလမ်း၊ အိမ်အမှတ် ၅၈ ဖြစ်၏။ ၁၉၃၈ ခုနှစ်တွင် ရှေ့နေဒါဝတ်ဂျီ (M.E. Darwood Je) က ရန် ကုန်မြို့မြူနီစီပါယ်၌ အဆိုတရပ်တင်သွင်း၍ စီဒါးရ်ဘဇားလမ်းကို ဇဖားရ်ရှားလမ်းဟု အမည်ပြောင်းရန် တင်ပြခဲ့သည်။
ဤသို့ဖြင့် အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဘုရင်ဗဟာဒူးရှားဇဖားရ်အမည်အစား သူ၏ကလောင်အမည် ‘ဇဖားရ်ရှား’ အမည်ဖြင့် ကျော်ကြား သွားလေသည်။
ထို့နောက်အိန္ဒိယနိုင်ငံ၏ နန်းကျဘုရင်ဗဟာဒူးရှားသည် ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၇ ရက် သောကြာနေ့တွင် သက်တော် ၈၉ နှစ်အရွယ်၌ နတ်ရွာစံခဲ့လေသည်။ ဇဖားရ်ရှားဘုရင်နတ်ရွာစံပြီး နောက်နှစ်၂၀ အကြာ ၁၈၆၆ ခုနှစ်ဇူလိုင်လ ၁၇ ရက်နေ့တွင် မိဖုရားကြီး ဇိနတ်မဟာလ် ဘီဂမ်သည် နတ်ရွာစံခဲ့လေသည်။
မိဖုရား၏ကြွင်းကျန်သော ရုပ်ကလာပ်ကို သူ၏ကြင်ရာတော် ဗဟာဒူးရှား၏သင်္ချိုင်း၌ပင် သဂြုင်္ိလ်ခဲ့လေသည်။ သို့သော် ထိုစဉ်က ဗြိတိသျှ အစိုးရသည် မဂိုနန်းကျဘုရင်နှင့် မိဖုရားတို့၏မြှုပ်နှံထားရာအုတ်ဂူသည် နောင်တချိန်တွင် အိန္ဒိယနိုင်ငံသားတို့အတွက် ကိုလိုနီစနစ်ကို တော်လှန်ရေးအထိမ်းအမှတ်သင်္ကေတသဖွယ် အသုံးပြုလာမည်ကို စိုးရိမ်၍ အုတ်ဂူနေရာအစစ်ကို စနစ်တကျဖုံးကွယ်၍ လျှို့ဝှက်စွာ မြှုပ်နှံ ခဲ့သည်။ လူအများက ယခင်သိရှိခဲ့သော အုတ်ဂူဗိမာန်သုံးလုံးတွဲကိုသာ ဘုရင်ဟောင်းဇဖားရ်ရှား၊ မိဖုရားနှင့် မြေးတော်တို့၏အုတ်ဂူအစစ်ဟု ထင်မြင်ခဲ့ကြသည်။ သို့သော် ယခုအခါ ကဗျာစာဆိုဘုရင်၏ အုတ်ဂူအစစ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းသင်္ချိုင်းဂူဗိ မာန်အနီးနေ ရာ၌ပင် ၁၉၉၁ ခုနှစ်တွင် အဆောက်အအုံသစ်ဆောက်လုပ်ရန် မြေကြီးတူးဖော်ရာမှ ရှာဖွေတွေ့ရှိခဲ့သည်။ အုတ်ဂူအစစ်ကို အလွယ်တကူ ရှာဖွေ၍ မတွေ့နိုင်စေရန် ဗြိတိသျှတို့က သေသပ်ပိရိစွာ ဖုံးကွယ်ထားခဲ့ခြင်းကြောင့် မဂိုနန်းကျဘုရင်ကြီး နတ်ရွာစံပြီးနှစ် ၁၃၀ အကြာတွင်မှ မြေတူးလုပ်ငန်းပြုလုပ်စဉ်အတွင်း တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် ဟင်ဒူစတန်တိုင်း (Hindustan Time) သတင်းစာက ဖော်ပြခဲ့သည်။
မည်သို့ဆိုစေကာမူ အိန္ဒိယနိုင်ငံ၏နောက်ဆုံး မဂိုဘုရင်ဗဟာဒူးရှားဇဖားရ်ကို ယခုအခါ အစ္စလာမ်ဘာသာဝင်တို့က သူတော်စင်ကဗျာစာဆိုဘုရင်တပါးအဖြစ် သတ်မှတ်ကိုးကွယ်လျက်ရှိနေပေသည်။ 
..... .... .... 
၁။ ဦးသန်း (မြန်မာပြန်)၊ မဂိုဘုရင် ဘဟာဒူးရှားဇဖားရ်၊ ပြည်သူ့အလင်းပုံနှိပ်တိုက်၊ ပကြိမ် ၁၉၈၇၊ စက်တင်ဘာလ။
၂။ အေးသိန်း၊ ရန်ကုန်မြို့ရောက် အိမ်နိမ့်စံဘာဟာဒူးရှားဇဖားရ်ဘုရင်၊ ဂုဏ်ထူးစာပေ၊ ပကြိမ်၊ ၂၀၀၄။
၃။ ကောင်းထက်၊ နန်းကျဘုရင် နှစ်ပါး ၊ အားမာန်သစ်စာပေ၊ ပကြိမ် ၂၀၀၉။
၎။ “ပါတော်မူသော ဘုရင်နှစ်ပါး” ၊ သွေးသောက်မဂ္ဂဇင်း၊ အမှတ် ၂၂၅ (၁၉၄၆ အောက်တိုဘာလ) စာ ၁၀၉-၁၁၂။ 
Credit : Moe Ma Ka
Foreign Minister Dr Dipu Moni on Monday urged Myanmar for quick repatriation of the remaining Rohingya refugees from Nayapara and Kutupalong camps in Cox’s Bazar.
Dipu Moni made the call while Myanmar Ambassador in Dhaka Min Lwin met her at her office.
During the meeting, the Foreign Minister underlined the importance of improving connectivity between the two countries through direct air, rail and water ways. 
She appreciated the progress made through the ongoing bilateral meetings under the auspices of Foreign Office Consultations, Joint Trade Commission and Joint Boundary Working Group.
Dipu Moni proposed Myanmar to reach a broader framework agreement with Bangladesh for cooperation in multifaceted areas.
She urged the envoy to persuade the Myanmar businessmen to import more Bangladesh products, including pharmaceuticals, readymade garment and jute.
The Foreign Minister renewed Bangladesh’s interest to import surplus electricity and gas from Myanmar. 
Referring to the sincere efforts made by the present Bangladesh government to resolve issues with neighbouring countries on the basis of friendship and goodwill, Dipu Moni requested the new Myanmar government to come forward to avail of the goodwill and sincerity in the best interest of the two countries and their people.
Min Lwin appreciated the ideas of the Foreign Minister and said all pending issues with Bangladesh will be resolved through discussion.
source : here
နောက်ဆုံးထွက်ပေါ်လာတဲ့ Wikileaks အင်တာနက်စာမျက်နှာက အမေရိကန်အစိုးရ သံရုံး သတင်း ပေးပို့ချက်များထဲမှာ ၂ဝဝ၆ ခုနှစ်က မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရတို့ဟာ လက်နက်အရောင်းအဝယ် ရှိခဲ့ပြီး ဒီအရောင်းအဝယ်အတွက် မြန်မာဘက်က ဆန်နဲ့ ပေးချေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
(Photo: RFA)
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုရီးယားထုတ် Arirang ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ သံရုံးအစီရင်ခံစာမှာ နောက်ပိုင်း သံရုံးကြေးနန်းစာတွေအရ မြန်မာဘက်က ဆန်တန်ချိန် ၂ သောင်းကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လအကြား မြောက်ကိုရီးယားကို လက်နက်ဖိုးအတွက် ပေးချေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းမှာပဲ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ ၂ဝဝ၆ ခုနှစ်က အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယား အကြား သဘောထား ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ဝဝ၆ ခုနှစ် ဇူလိုင်လက မြောက်ကိုရီးယားက တေပိုဒေါင်း-၂ ဒုံးပျံ စမ်းသပ်အပြီး အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ ယိုမူးယွန် အစိုးရနဲ့ အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူဘုရှ် အစိုးရတို့အကြား မြောက်ကိုရီးယားကို ချဉ်းကပ်မှုအပေါ် သဘောထား ကွဲခဲ့တယ်လို့ ဆိုပါတယ်။
credit : RFA Burmese
Al Jazeera doccie on Burmese conflict
In December 1941, the Japanese invasion of Burma (now Myanmar) opened what would be the longest land campaign fought by the British in the Second World War. It began with defeat and retreat for Britain, as Rangoon fell to the Japanese in March 1942. But the fighting went on, over a varied terrain of jungles, mountains, plains and wide rivers, until the Japanese forces surrendered in August 1945.
Some 100,000 African soldiers were taken from British colonies to fight in the jungles of Burma against the Japanese. They performed heroically in one of the most brutal theatres of war, yet their contribution has been largely ignored, both in Britain and their now independent home countries.
In the villages of Nigeria and Ghana, these veterans are known as 'the Burma Boys'. They brought back terrifying tales from faraway lands. Few survived, even fewer are alive today.
Al Jazeera's Barnaby Phillips travels to Nigeria, Burma and Japan to find a Nigerian veteran of the war and to talk to those who fought alongside him as well as against him. He even finds the Rohingya family that saved the life of the wounded veteran in the jungles of Myanmar.
Watch the Video
The laws set to criminalize peaceful dissent continue to reign in the Thein Sein regime, marking the month of August. Reports emerged that two youths were arrested and allegedly tortured for having three posters under their motorbike seat calling for the release of political prisoners. This is not unlawful, especially in light of recent calls by the Parliament requesting the release of political prisoners. Approximately 430 political activists are currently behind bars because of this oppressive law that dates back to the British colonial era, allowing for arbitrarily detention and arrests of activists.
The practice of arbitrarily extending sentences continued in August, with Sithu Zeya appearing in court to face further charges under the Electronic Transactions Act. The 23 year old DVB reporter, currently serving an 8 year sentence, was brutally tortured both during interrogation and in Insein prison, where he was placed in a military dog cell for not following prison regulations.
Updates on the case of Nay Myo Zin, former army captain turned charity worker, reveal the particular contempt in which defecting military personnel are held in. Nay Myo Zin was handed a 10 year sentence for discussing the merits of national reconciliation in an e-mail to a friend overseas. His rights to a fair trial were egregiously violated on a number of counts, beginning with his initial arrest in April without a warrant. Further, Nay Myo Zin’s health rapidly deteriorated since then, strongly hinting he has been tortured. This does not come as a surprise – as former government and military officials who begin to work towards to democracy are subjected to the most brutal torture. His lower vertebrae are shattered and he is also said to have a broken rib, leaving him unable to sit, walk or stand. His requests for external hospitalization have been denied on numerous occasions, forcing him to attend court while lying on a hospital stretcher. Nay Myo Zin’s sentence comes just one day after the conclusion of UN Special Rapporteur Quintana fact-finding mission to Burma, confirming the regime’s absolute insincerity towards achieving national reconciliation.
These cases are a far cry from Thein Sein’s open invitation to all Burmese exiles to return home, saying they will be received with a “benevolent attitude.” The military-backed regime escalated campaigns to court the international community, granting Quintana a 5-day visa into the country for the first time in over a year. He had since been denied entry immediately following his suggestion for an independent investigation into crimes against humanity at the UN General Assembly. During his most recent tour, Quintana was allowed to visit Insein Prison and meet with prisoners , including Nyi Nyi Tun, placed in a military dog cell for his perceived role in organizing a hunger strike, and Phyo Wai Aung, held in solitary confinement since his initial imprisonment over a year ago, and Sithu Zeya. In his concluding press conference, Quintana reiterated his calls for release of political prisoners while raising concerns of the deteriorating prison conditions, including the use of forced labor and prolonged solitary confinement.
The lack of independence and impartiality of the judiciary system was also an issue of major concern to Quintana, who called for “accelerated” efforts to respect the rule of law. The previously mentioned cases coupled with the recent cases of a human rights defender lawyer, Tin Aung Tun, having his license revoked and the enforced disappearance of Man Nyein Maung, a Karen National Union leader, reflect a continued campaign of persecution designed to stop all political activities that oppose the ruling regime. Parliamentary efforts this month to reform the grievously outdated Prison Act and to revoke the crippling 1950 Emergency Provisions Act were immediately rejected. Thein Sein’s international charm campaign thus rings hollow, as the laws that detain activists and criminalize political and peaceful dissent remain solidly in place.
--
Thanks N Regards,
Assistant Association for Political Prisoners (Burma)
Office Ph: 66(၀)55-545495
"There can be no national reconciliation in Burma, as long as there are
political prisoners."
AAPP Monthly Chronology August 20111
မြန်မာ့စွယ်စုံကျမ်းနဲ့ ရိုဟင်ဂျာ (Rohingya in Myanmar Encyclopedia)
မြန်မာ့ သမိုင်းမှာ မက်ခရာ မင်းသားကြီးဆိုတဲ့ အမည်နဲ့ မင်းသားနှစ်ပါးရှိပါတယ်။ မြန်မာ့ အဘိဓါန်ကို ချားလ်လိန်း နဲ့ အတူ ပြုစုခဲ့တဲ့ မင်းသားကြီးက ပထမ မက်ခရာ မင်းသားကြီး ဖြစ်ပါတယ်။ ဘိုးတော်ဘုရား (ဗဒုံမင်း) နဲ့ မြောက်နန်းမိဖုရား သီရိမဟာ ရတနာဒေ၀ီတို့က နေ ၁၁၅၃ ခုနှစ် နတ်တော်လဆန်း ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်နာမည် မောင်ဖြိုးလို့ ခေါ်ပြီး အလောင်းမင်းတရားကြီးနဲ့ ရုပ်ချင်း ဆင်တယ်လို့ ဆိုကြပါတယ်။ စာပေကို အလွန်တရာ လိုက်စားခဲ့ပြီး ကျမ်းပေါင်း ၂၀၀ ကျော်ကို မြန်မာဘာသာကို ပြန်ဆိုခဲ့ပါတယ်။
 Download PDF :(9A)  Click here
Click on Image to View Larger
အုပ်ချုပ်ရေးပေါ်ပေါက်ခြင်း
မနုဿဗေဒပညာရှင်များ၏အလိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံသောင်းလောက်ကစပြီး လူဟာ သူတို့ ရဲ့လူ့ အဖွဲ့ အစည်းများကို စတင်ထူထောင်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လူသားရဲ့ ပထမဆုံးအောင်မြင်စွာပေါ်ထွက်လာခဲ့တဲ့ အဖွဲ့ အစည်းသဏ္ဍန်ဟာ မိသားစုဘ၀ဖြစ်တည်ဖို့ နဲ့ သားရဲတိရိစ္ဆာန်တို့ အန္တရာယ်တွေက ကာကွယ်နိုင်ဖို့ အတွက် မရှိမဖြစ် ဖွဲ့ စည်းနေထိုင်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့သည်လိုစုဖွဲ့ နေထိုင်ခြင်းအတွင်းမှာ ဗဟိုဦးစီးချုပ်ကိုင်မူမရှိသလို အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေများလည်း မရှိခဲ့ပါ။ သို့ သော် လွန်ခဲ့သော နှစ်ပေါင်းတသောင်းလောက်ကစပြီး အာရှမိုင်နား (Asia Minor) နဲ့ မက်ဆိုပိုတေးမီးယား(Mesopotamia) မြောက်ပိုင်းဒေသများမှာ လူမူရေးနဲ့ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မူတေရှိလာခဲ့ပြီလို့ ဆိုပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ လူတွေဟာ မြို့ ပြတွေကိုတည်ထောင်လာနိုင်ခဲ့ချိန်မှာ လူမူရေးပြဿနာတွေကိုထိမ်းသိမ်းနိုင်ရန်အတွက် ရှုပ်ထွေးတဲ့
သတင်းခေတ်နဲ့ အုပ်ချုပ်ရေး တိုက်ရိုက်သက်ဆိုင်မူ
အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် ကားလ်ဒုတ်ခ်ျ (Karl Deutch) ကတော့သူ့ ရဲ့Cybernetics ခေါ် 'ဆက်သွယ်ရေးသိပ္ပံပညာ' အရ အစိုးရတရပ်ရဲ့ အုပ်ချုပ်ထိမ်းကျောင်းခြင်းဆိုတာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းဖွင့်ဆိုထားပါတယ်။ "ယနေ့ ခေတအစိုးရတရပ်ရဲ့ ထိမ်းကျောင်းပဲ့ကိုင်ခြင်းဟာ - ပြင်ပကမ္ဘာကြီးက ၀င်ရောက်လာတဲ့သတင်းအချက်အလက်များအား သိုလှောင်သိမ်းဆည်းပြီးနောက် လိုအပ်သလိုပြောင်းလဲအသုံးချမူဖြစ်တယ်" (လက်ခံရရှိသော သတင်းဟုဆိုရာ၌ နိုင်ငံခြားတိုင်းပြည်များရှိသံရုံးများ ရေခြားမြေခြားရောက်စစ်တပ်များ အစိုရမဟုတ်သောအဖွဲ့ အစည်းများ နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက်အခြေစိုက် လုပ်ကိုင်နေသောစီးပွါးရေးလုပ်ငန်းဆိုင်ရာ ကုမ္မဏီများ စသည်တို့ ထံမှ သတင်းများ အချက်အလက်များ ပါဝင်တယ်လို့ ဆိုပါတယ်။
ကားလ်၏အယူအဆသည် အစိုးရတရပ်၏လုပ်ငန်းစဉ်အား ခေတ်သစ်ကမ္ဘာ၏ရှူ့ ဒေါင့်ထခုမှ သုံးသပ်သော မြင်ကွင်းတခုသာဖြစ်သည်ဟုယူဆနိုင်စရာရှိသော်လည်း သူ၏တင်ပြချက်နှင့် စစ်လျှဉ်း၍ စောဒကတက်စရာမရှိအောင် မှန်ကန်နေသောအချက်များလည်းရှိပါသည်။ အကြောင်းကတော့ သတင်း (ကောင်းသတင်းဖြစ်စေ ဆိုးသတင်းဖြစ်စေ) နဲ့ ကောလဟာလ (မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ)များသည် လူတို့ ၏စိတ်ခံစားချက်မှ တိုက်ရိုက်စေစားနိုင်ပြီး အဆိုပါစေစားမူမှတဆင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ ပြန်မူများရှိသောကြောင့်ပင်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း (မတ်လ ၁၉၊ ၁၉၄၅) က ပစ္စိဖိတ်သမုဒ္ဒရာအတွင်း၌ လူတထောင်ကျော်သေကြေပျက်စီးခဲ့တဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော 'ယူအက်စ်အက်စ် ဖရန်ကလင်' ရဲ့အကြောင်းကို စစ်နိုင်လိုတဲ့အမေရိကန်အာဏာပိုင်တွေက လအတန်ကြာသည်အထိ ပြည်သူကိုအသိမပေးခဲ့ပဲ မစ်ဒ်ဝေတိုက်ပွဲမှာ ဂျပန်ရေတပ်ကို သူတို့ အနိုင်ရပြီးတဲ့နောက်မှ သည်သတင်းကိုထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံက အာဏာရှင်အစိုးရအဆက်ဆက်သည်လည်း သူတို့ အာဏာတည်မြဲရေးအတွက် ပြည်တွင်းကနေပြည်ပကိုထွက်မည့် သတင်းများကိုထိမ်းချုပ်နေသလို ပြည်ပကနေ၀င်လာမည့်သတင်းများကိုလည်း ကြောက်လန်တကြားအထူးသတိထားထိမ်ချုပ်နေသည်ကိုတွေ့ ကြရမှာဖြစ်သည်။ ပြည်သူတွေမခံမရပ်နိုင်ဖြစ်မဲ့ ပြည်တွင်းပြည်ပ သတင်းတခုဟာ မတရားသဖြင့် အဓမ္မရယူထားတဲ့သူတို့ ရဲ့ ရာထူးစည်းစိမ် တွေနဲ့ အာဏာကို အချိန်မရွှေးထိပါးနိုင်တဲ့အတွက်ကြောင့်ပါပဲ။ သည့်အတွက် ကွန်ပြူတာသတင်းကွန်ယက် (Internet)တွေကို ကြောက်လန့်  သွေးပျက်ပြီး အဓမ္မထိမ်းချုပ်ထားခြင်းဟာ သတင်းနဲ့ နိုင်ငံရေးရဲ့ တိုက်ရိုက်သက်ဆိုင်နေမူပါပဲ။ ယနေ့ မြန်မာပြည်မှာ အင်တာနကကို အခြားတိုးတက်တဲ့ လူ့ အဖွဲ့ အစည်းတွေလို အပြည့်အ၀သုံးစွဲခွင့်ပြုလိုက်မယ်ဆိုရင် သူတို့ လည်ပင်းကို သူတို့ ကြိုးကွင်းစွပ်ခြင်းဖြစ်တယ်ဆိုတာကိုကောင်းကောင်း သိနေကြတဲ့အတွက်ကြောင့်ပါပဲ။
'အစိုးရ' နှင့် 'နိုင်ငံတော်'
မြန်မာနိုင်ငံသားအများစုသည် 'အစိုးရ' (Government) နှင့် 'နိုင်ငံတော်'(Nation-State) ဟူသော ဝေါဟာရနှစ်ခုအား ပြက်ပြက်ထင်ထင် နားမလည်ကြပဲ 'နိုင်ငံတော်' ဟူသော ဝေါဟာရတလုံးကြောင့် တိုင်းပြည် စုံးစုံးမြုတ်ရမည့်အဖြစ်ကို ရောက်ခဲ့သည်မှာ အနှစ်လေးဆယ်ကျော်ကြာမြင့်ခဲလေပြီ။ မ.ဆ.လခေတ်ကတည်းက နေ၀င်း စန်းယု တို့ ပါးစပ်မှအကွပ်အညှပ်မရှိပရမ်းပတာထွက်ကျလာသောအမိန့် များကို 'နိုင်ငံတောမှချမှတ်သော မူဝါဒများ' ဟုဆိုကာလေးတန်းအထိမသင်ဖူးခဲ့သော ရပ်ကွက်ကောင်စီဥက္ကဌများ၊ (၇) တန်းမအောင်သော စောမောင်နှင့် ခြောက်တန်းမအောင်သော စိန်လွင်ကဲ့သို့ စစ်အရာရှိများတလကိုသကြားတဆယ်သားရ၍ မ၀င်မဖြစ်ဝင်ခဲ့ရသော အလုပ်သမားအစည်း
အရုံးအဖွဲ့ ဝင် ဆိုက္ကားသမားနှင့် ကွမ်းယာသည်များ၊ ဓါတ်မြေသြဇာကို အစိုးရထုတ်ဈေးနှင့်ရရှိရန် မ၀င်မဖြစ်ဝင်ခဲ့ရသော တောင်သူလယ်သမားအစည်းအရုံးဝင် လယ်သမားများ၊ အလွန်တရားရိုးစင်းလှသည် လူငယ်ဘ၀ကိုမျက်မှန်စိမ်းတပ်ပေးထားခြင်းခံရသော လမ်းစဉ်လူငယ်ဆိုသူများ - အားလုံး (အားလုံး) တို့ 
၏ နှုတ်ဖျား၌ 'နိုင်ငံတော်က ချမှတ်သောမူဝါဒများ' 'နိုင်ငံတော်ကချမှတ်သောလုပ်ထုံးလုပ်နည်းများ' စသည်ဖြင့် အမိန့် အာဏာဖြင့်ဆိုင်သော ကိစ္စရပ်အားလုံးသည် 'နိုင်ငံတော်' ဟူသော ဝေါဟာရတလုံးဖြင့် လုံးတုပ် ထားခံရသည်မှာ ယနေ့ ကာလအထိပင်ဖြစ်သည်။
နိုင်ငံတော်အတွက် အသက်ပေးရသည်။ နိုင်ငံတော်အတွက်လုပ်အားပေးရသည်။နိုင်ငံတော်သို့ စပါးပေးသွင်းရသည်။ စသည်ဖြင့် နိုင်ငံတော်ဆိုသည်မှာ အလုံးလားအပြားလား သက်ရှိလား သက်မဲ့လား မသိ။ နိုင်ငံတော်ဆိုတာ ငါ့အထက်ကလားငါ့အောက်ကလား မေးခွန်းထုတ်ရန် အခွင့်မသာခဲ့ကြ။ 'နိုင်ငံတော်' ကိစ္စသည်သမ၀ါယမဆိုင်က နို့ ဆီ သကြား ငစိန်ဆန် မီးထွန်းရန် ရေနံဆီတို့ လောက်အရေးမကြီးသော်လည်း ဆင်းရဲတွင်း၌အသက်ဆက်ဖို့  အတွက် မ.ဆ.ခေတ် (၂၆) နှစ်တွင် နိုင်ငံတော် ဆိုသောအသုံးအနှုံးသည် အမိန့် အာဏာကဲ့သို တည်သော ဝေါဟာရဖြစ်ခဲ့သည်။ "ဒါနိုင်ငံတော်က ချမှတ်ထားတာ" ဟုတစုံတဦးကပြောလိုက်ပါက အပြောခံရသူမှာ စောဒက တစုံတရာမတက်ရဲလောက်အောင်ပင် အမိန့် အာဏာဆန်ခဲ့ပါသည်။ ၁၉၈၈ နောက်ပိုင်းတွင် နိုင်ငံတော်ဆိုတာဘာလဲလို့  မေးခွန်းထုတ်ရကောင်း စူးစမ်းရကောင်းမှန်းသိလာကြသည်။
'အစိုးရ' နှင့် 'နိုင်ငံတော်' သည်သဘောသဘာဝအားဖြင့် အလွန်တရာကွာခြားလှပါသည်။ အစိုးရ ဆိုသည်မှာ နိုင်ငံတော်ကြောင့်ဖြစ်လာရပြီး နိုင်ငံတော်သည်အစိုးရအတွက် ဖြစ်တည်နေရခြင်းမဟုတ်ပါ။ အစိုးရသည်သာ နိုင်ငံတော်ကုအလုပ်အကြွေးပြုရန် ဖွဲ့ စည်းပ်ါပေါက်လာရခြင်းဖြစ်သည်၊ (ဤသို့ - အစိုးရ
ကြောင့် နိုင်ငံတော်ဖြစ်နေရတဲ့ သဏ္ဍန်ဟုတ်ယောင်မူ အဓမ္မစံနစ်ဆိုးများကြောင့် မြန်မာပြည်ရေတိမ်နစ်ရတော့မည့် အခြေကိုဆိုက်ခဲ့ရ ခြင်းဖြစ်ပါသည်)။
နိုင်ငံတော် (Nation-State) ဆိုသည်မှာ Sovereignty ခေါ်အချုပ်အခြာအာဏာပိုင်ပြီး
Demarcation နယ်နိမိတ် သတ်မှတ်ထားတဲ့ ဧရိယာအကျယ်အ၀န်းထဲမှာ နေထိုင်ကြသူတွေအားလုံးက တရားစီရင်ရေးအာဏာ၊ ဥပဒေပြုအာဏာ နဲ့ အုပ်ချုပ်မူအာဏာ သုံးရပ်ကိုပိုင်ဆိုင်တဲ့အ၀န်းအ၀ိုင်း ကိုခေါ်ဆိုခြင်းဖြစ်သည်။ 'နိုင်ငံတော်' ၏အမည်အတွင်း၌ပြည်သူ၊ တိုင်းပြည်နယ်နိမိတ်၊ ယဉ်ကျေးမူ သယံဇာတ အစိုးရကာကွယ်ရေးအတွက်စစ်တပ် စသည် တို့ အားလုံးပါဝင်တဲ့ နှစ်ကာလကြာမြင့်စွာရှိနေခဲ့တဲ့ ခိုင်ခန့် သောယန္တယားဖြစ်တယ်လို့ ဖွင့်ဆိုပါတယ်။
မည်သည့်အစိုးရတက်တက် တိုင်းပြည်မပျက်သ၍ နိုင်ငံတော်သည်ပကတိအတိုင်းတည်ရှိနေမည်သာဖြစ်သည်။ ထို့ အတွက် နိုင်ငံတော်က မည်သည့်အမိန့် အာဏာကိုမျှပြည်သူကိုချမှတ်ခိုင်းစေလိမ့်မည်မဟုတ်ပဲ - နိုင်ငံတော်ကသာ ယင်း၏ တည်တံ့ခိုင်မြဲရေးအတွက် အစိုရတွေကိုမွေးဖွားစေခြင်းဖြစ်ပေသည်။ ယနေ့ နိုင်ငံတကာရဲ့ဥပဒေအရ တိုင်းပြည်တခုရဲ့ အစိုးရပြောင်းလဲမူဟာ သည်တိုင်းပြည်ရဲ့ အချုပ်အချာအာဏပိုင်ဆိုင်မူ တနည်းအားဖြင့် မူလ 'နိုင်ငံတော်' တည်ရှိမူကို ပြောင်းလဲမူမရှိ လို ဖွင့်ဆိုထားပါတယ်။
'အစိုးရ' ဆိုတာ စုစည်းထားတဲ့ အစုအဖွဲ့ တခုမျှသာဖြစ်ပြီး သည်အဖွဲ့ အစည်းဟာနိုင်ငံရေးအာဏာ တရားစီရင်ရေးအာဏာနဲ့  ဥပဒေပြုမူအာဏာတွေကို အချိန်ကန့် သတ်ချက်အရ စည်းမျဉ်းစည်းကမ်းနဲ့ အညီ အကန့် အသတ်နဲ့ လုပ်ပိုင်ခွင့ပေးထားခြင်းခ့ရတဲ့ အစုအဖွဲ့ သာလျှင်ဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ ဖွင့်ဆိုချက်အရ'အစိုးရ' ဆိုတာ 'နိုင်ငံရေးဆိုင်ရာ' (Political) လို့ သတ်မှတ်ပြီး အတက်အကအနိမ့်အမြင့်ရှိတယ်လို့ ဖွင့်ဆိုပါတယ်။
သည်တော့ 'ပြည်ထောင်စုမြန်မာနိုင်ငံတော်' ဆိုတာ တိကျတဲ့အချုပ်အချာအာဏာ
နဲ့ ခိုင်မာတဲ့ နယ်နိမိတ်သတ်မှတ်ချက်ရှိတဲ့ ယန္တရား ဖြစ်ပြီး 'ပြည်ထောင်စုမြန်မာ
နိုင်ငံတော်အစိုးရ' ဆိုတာ မြန်မာနိုင်ငံတော်နဲ့ လက်ရှိ ပစ္စုပ္ပန်မှာတင် သက်ဆိုင်
နေတဲ့ နိုင်ငံတော်ကို အလုပ်အကြွေးပြုနေတဲ့ အစုအဖွဲ့ ကိုဆိုလိုပါတယ်။
သည်အစုအဖွဲ့ ဟာ ဘယ်လိုအစုအဖွဲ့ ပဲဖြစ်ဖြစ် နိုင်ငံတော်ကို အပိုင်စားရထား
ခြင်းမဟုတ်ပါ။ နိုင်ငံတော်၏အရေးသည် 'အမျိုးသားရေး' ဟူသော လေးနက်မူ
အသွင်ကိုအပြည့်အ၀ဆောင်ယူသည်။ အခါများစွာတွင် အမျိုးသားရေးသည်
အစိုးရဟူသော အစုအဖွဲ့ ၏လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ထက် ကျော်လွန်သွားသော
'နိုင်ငံတော်၏အရေး' ဖြစ်သည်။ ဤသို့ သောအမျိုးသားရေး ကိစ္စများဖြစ်ပေါ်လာချိန်
တွင် ပြည်သူတရပ်လုံးသည် 'နိုင်ငံတော်အဓွန့် ရှည်တည်တန့် ရေးအတွက်' မလွှဲ
မရှောင်သာ ပါဝင်လာရပေတော့သည်။ ( ဥပမာ နိုင်ငံခြားရန်ကို ခုခံကာကွယ်မူ
နိုင်ငံနှင့်အ၀ှမ်း သဘာဝဘေးဒုက္ခကပ်ဆိုးကြီးများကျရောက်မူ၊ တိုင်းပြည်တွင်
အငတ်ဘေးရင်ဆိုင်ရမူ၊ ဧရာဝတီမြစ်ဆုံဆည်ကဲ့သို့ သော နိုင်ငံတော် ပျက်စီးမည့်
အရေးကိစ္စကြီးများ)။ ထိုအခါ နိုင်ငံတော်အတွင်းရှိ နိုင်ငံသားအားလုံးသည် မူလ
'အထွဋ်အထိပ်' ဖြစ်သော 'နိုင်ငံတော်' ကိုစောင့်လျှောက်ကာကွယ်ရန်အတွက်
ပါဝင်လာကြရပေတော့သည်။
အမျိုးသားရေး
တိုတုပ်တိကျစွာဖွင့်ဆိုရလျှင် 'နိုင်ငံတော်' တည်ရှိမူကို တနည်းနည်းနဲ့ ချိနဲလာစေမူ
မှန်သမျှကို ကာကွယ်ချိန်တွင် - အမျိုးသားရေး အသွင်သဏ္ဍန်ဟာ ထင်ထင်ရှားရှား
ပေါ်ထွက်လာပါတော့တယ်။
ကနေ့ မြန်မာပြည်ရဲ့ လူဦးရေ သန်း (၅၅ - ၆၀) မှာ ခုခံအားကျရောဂါ ခေါ်တဲ့ ကမ္ဘာနာ
(AIDS / HIV) ဖြစ်နေသူ ငါးသိန်းကျော်ရှိနေပြီး သည်ကိန်းဂဏန်းဟာ မြန်မာလူမျိုး
(၁၀၀) မှာ တယောက်နီးပါးဟာ သည်ရောဂါဝေဒနာရှင်တွေဖြစ်နေတဲ့ ဖြစ်နေတဲ့
သဘောပါပဲ (မှတ်ချက် - လူဦးရေ သန်း သုံးဆယ်ရှိတဲ့ ကနေဒါနိုင်ငံမှာ အဆိုပါရော
ဂါရှင် တသောင်းပဲရှိတဲ့အတွက် ကနေဒီယံ သုံးထောင်မှာ တယောက်သာသည်ရောဂါရှိ
သူဖြစ်ပါတယ်)။ ကနေ့ မြန်မာလူမျိုးအများစုကြီးဟာ အဟာရဓါတ်ချို့ တဲ့မူ အထူးသဖြင့်
မွေးစ ကလေး (၄) ဦးမှာ (၂) ဦးဟာ ပေါင်ချိန်မပြည့်ဖြစ်နေပါပြီ။ ကျန်ပေါင်ချိန်ပြည့်သော
ကလေး (၂) ယောက်ထဲက (၁) ယောက်ကလည်း ထမင်းရည်သောက်ပြီးကြီးနေရတဲ့
အခြေအနေပါပဲ။ မြန်မာတိုင်းရင်းသားစစ်စစ် အရွယ်ရောက်သူ အရွယ်ကောင်းတွေ
ကျန်းမာရေးကောင်းသူတွေ ပညာတတ်တွေ ပြည်ပကိုအလုံးအရင်းနဲ့ ထွက်နေချိန်မှာ
တိုင်းပြည်ကို လာဘ်စားမူနဲ့ လည်ပတ်အုပ်ချုပ်နေတဲ့ အာဏာရှင်တွေကို အခွင့်ကောင်း
ယူပြီး မြန်မာပြည်တွင်းကိုပြည်ပကလူမျိုးခြားတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေရာယူ
နေပါတယ် (ရာဇ၀င်ထဲက မန္တလေးမြို့ ကြီး ရာဇ၀င်ထဲမှာကျန်ခဲ့ပါပြီ)။ မြန်မာလူမျိုး
နှစ်သန်းကျော်ဟာ (မိမိတို့ အဘိုးအဘေးတွေထက်ထက်က နိုင်ချင်တိုင်းနိုင်ခဲ့တဲ့) ထိုင်း
နိုင်ငံမှာမျက်နှာငယ်နဲ့ ကျွန်ခံနေကြရပါတယ်။ ကျန်တဲ့ မြန်မာပညာတတ်လူငယ်လူရွယ်
သိန်းပေါင်းများစွာဟာ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား ယူအေအီး စတဲ့တိုင်းပြည်
တွေမှာ ကျွန်ခံနေကြရပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မွေးဖွားပေးခဲ့တဲ့
မြန်မာ့အမွေအနှစ် မြန်မာအမျိုးသားပိုင် အမိဧရာဝတီမြစ်ကြီးဟာ ကြိုးမိန့် ပေးခံထား
ရပြီး မြန်မာတမျိုးသားလုံးရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာအခြေအနေမျိုးနဲ့ လည်း
ရင်ဆိုင်နေရပါတယ်။ နာဂစ်နဲ့ ဂီရိလို စုနမီနဲ့ မုန်တိုင်းကြီးတွေကြောင့် မြန်မာလူမျိုး
တွေ သိန်းချီသေခဲ့ပြီး အခုထက်ထိနလန်မထူသေးပါဘူး။ တိုင်းရင်းသားတွေအတွင်း
မှာ ဘယ်တုံးကနဲ့ မှမတူတဲ့ သွေးကွဲမူ နာကျည်းမူတွေနဲ့ တဘက်နဲ့ တဘက် စစ်ပွဲ
တွေဖြစ်နေကြပါတယ်။ အခုလို မြန်မာ့သမိုင်းမှာဘယ်တုံးကမှ မကြုံခဲ့ရဖူးတဲ့
အဖြစ်ဆိုးတွေ ကိုခံစားနေရတဲ့ အခုအချိန်ကို National Crisis ဖြစ်နေတယ်လို့ 
မုချပြောလို့ ရခဲ့ပါပြီ။ မြန်မာတမျိုးသားလုံး အမျိုးသားရေးအမြင်နဲ့  'နိုင်ငံတော်'
ကိုအဖက်ဖက်က ကာကွယ်စောင့်ရှောက်ဖို့ အလျှင်အမြန်လိုအပ်နေခဲ့ပါပြီ။
အစိုးရရဲ့တာဝန်
အင်္ဂလိပ်အတွေးအခေါ်ပညာရှင် သောမတ်စ်ဟောဗ်စ် (Thomas Hobbes) က
အစိုးရရဲ့ပျက်ကွက်မူကြောင့် ပြည်သူတဦးချင်းစီမှာ ကျရောက်တဲ့ဝေဒနာတွေကို
'အထီးကျန်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိုက်အမြုံပျက်ခြင်း၊ လူအဆင့်မှယုတ်
လျော့ရခြင်း၊ အသက်တိုရခြင်း' တို့ ဖြစ်ရသည်လို့ ရေးသားခဲ့ပါတယ်။ ခေတ်
အဆက်ဆက်က အတွေးအခေါ်ပညာရှင်တွေအားလုံး သဘောတူတဲ့အချက်
ကတော့ 'အစိုးရရဲ့တာဝန်' ဆိုတာ သူ့ တိုင်းပြည်ထဲက ပြည်သူကိုအဖက်ဖက်မှ
အကာအကွယ်ပေးဖို့ ပါပဲ။ သည်လိုကာကွယ်ဖို့ အတွက် လိုအပ်လျှင်ခွန်အား
သုံးရမယ်လို့ လည်း အသိအမှတ်ပြုခဲ့ကြပါတယ်။ ကပ်ရောဂါကြီးများကျရောက်
မူ၊ တဘက်နှင့်တဘက်အစုလိုက်အပြုံလိုက်သတ်ဖြတ်မူ၊ သဘာဝဘေးရန်များ
ကိုကြိုတင်ကာကွယ်တားဆီးမူ၊ မိမိတို့ ရဲ့ ဘိုးဘွားပိုင် ယဉ်ကျေးမူအမွေအနှစ်
များကိုထိမ်းသိမ်းမူ၊ ပြည်သူ့ ပစ္စည်းဥစ္စာကို ကာကွယ်စောင့်ရှောက်မူ၊ အသိ
ပညာရှင်အတတ်ပညာရှင်များကို တိုင်းပြည်ပြင်ပသို ယိုဖိတ်မူမရှိစေရန်
ကာကွယ်စောင့်ရှောက်မူ၊ နိုင်ငံတော်၏ သယံဇာတများလေလွင့်ဆုံးရှုံးမူမရှိ
စေရန်ကာကွယ်စောင့်ရှောက်မူ၊ သဘာ၀၀န်းကျင်မပျက်စီးစေရန် ကာကွယ်
စောင့်ရှောက်မူ၊ တိုင်းတပါးရန်မှကာကွယ်မူ - အစရှိသည်တို့ ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်ကနေ ကနေ့ အထိ မြန်မာတမျိုးသားလုံး
ရရှိခဲ့တဲ့ အစိုရအဆက်ဆက်ဟာ အထက်ကအချက်တွေနဲ့ ဖီလာဆန့် ကျင်
ဘက်ဖြစ်နေတဲ့ နိုင်ငံတော်ရဲ့ရန်သူအစုအဝေး များသာဖြစ်နေခဲ့ပြီး - နိုင်ငံတော်
ဆိုတာကိုခုတုံးလုပ်ပြီး နိုင်ငံတော်ကိုဆန်ကျင်ဖျက်ဆီးနေတဲ့ အမျိုးသား
သေစ္စာဖေါက် နိုင်ငံခြားလက်ဝေခံ (အ၀တ်အစားအမျိုးမျိုးပြောင်းဝတ်နေတဲ့)
ကိုယ်ကျိုးရှာ အသံကောင်းလွှင့် ဖက်ခွက်စား နိုင်ငံရေးသမားတွေဖြစ်နေတာ
ကိုသာတွေ့ ရမှာပါ။ သည်တော့ ကနေ့ မြန်မာပြည်က အစိုးရဆိုတဲ့ 'စနစ်
တကျဖွဲ့ စည်းထားသောလူစုလူဝေး' (Organized Mob) ဟာဘယ်လိုအတန်း
အစားမှာရှိသလဲဆိုတာ အပျက်မြင်ဖြင့် ပြောခြင်းမဖြစ်ရန်အတွက် လွန်ခဲ့သော
နှစ်ပေါင်း (၂၄၀၀) ကျော်က ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်လ်ရဲ့
ခွဲခြမ်းစိတ်ဖျာခဲ့မူ့ နဲ့  ယှဉ်ထိုးကြည့်နိုင်ပါတယ်။
အစိုးရအမျိုးအစားများ
အရစ္စတိုတယ်ရဲ့ အထက်ပါ စံနစ် (၆) မျိုးတွင် ဒီမိုကရေစီ ဟာအများအုပ်ချုပ်သော
နည်းစံနစ်ဖြစ်သော်လည်း လူနည်းစုကောင်းစားရေးလို့ ဖေါ်ပြထားတာကိုတွေ့ ရ
ပါလိမ့်မယ်။ အရစ္စတိုတယ်လ်၏ အတွေ့ အကြုံအယူအဆတွင် လူထုအကြိုက်
သွေးထိုးမြှောက်ပင့်တတ်သူများ (Demagouges) မှ ယင်းတို့ အား အများစုလ္ခံမူ
ရရှိစေရန်စွမ်းဆောင်ကာ ပြည်သူအများစုကို သွေးဆောင်းဖျားယောင်ပြီးနောက်
အာဏာလက်ဝယ်ရရှိချိန်တွင် ယင်းတို့ .လူနည်းစု (အနည်းစု) ကောင်းစားရေးကို
သာလုပ်လေ့ရှိကြတယ်လို့ ယူဆတဲ့အတွက် အရစ္စတိုတယ်က သူ့ ခေတ်က
ဒီမိုကရေစီစံနစ်ကို လူနည်းစုကောင်းစားရေးစံနစ်လို့ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။
(သည်အခြေအနေဟာ ၂၁ ရာစုရဲ့ အတုအယောင် ရွှေရည်စိမ် ဒီမိုကရေစီတွေ
အဖြစ်မျက်ဝါးထင်ထင်တွေ့ နိုင၈်ပါတယ်။ ပြည်သူကို မဲခိုးမဲလိမ်ပြီး အင်အား
သုံးပြီး အာဏာကိုအရယူခဲ့တဲ့ သန်းရွှေ မောင်အေး သိန်းစိန်တို့ ရဲ့ မြန်မာပြည်က
အာဏာရှင်တွေပြောတဲ့ ဒီမိုကရေစီဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၄၀၀ က အရစ္စတိုတယ်လ်
ရဲ့ စိုးရိမ်သုံးသပ်မူဟာ တကယ်ဖြစ်လာခဲ့တာပါပဲ)။
သည်လိုပဲ လွန်ခဲ့တဲ့ (၂၀) ရာစုအတွင်းက တရုတ်သမတ ချန်ကေရှိတ်နဲ့  ဖိလစ်ပိုင်
သမတ ဖာဒီနန်မားကိုစ့် တို့ ဟာ အများသဘောကျ ဒီမိုကရေစီနည်းအရ
ရွေးကောက်တင်မြှောက်ခဲံခဲ့ရတဲ့ သမတများဖြစ်ခဲ့ကြပေမဲ့ အာဏာရရှိပြီးနောက်
မိမိဆွေမျိုး မိမိနှင့်သက်ဆိုင်ရာလူနည်းစု ကောင်းစားရေးကိုသာလုပ်ခဲ့ကြပြီးနောက်
မိမိအ၀န်းအ၀ိုင်းရဲ့ အာဏာနဲ့ အကျိုးစီးပွါးကိုသာကာကွယ်ရင်း ရာဇာပလ္လင်ပေါ်က
ဆင်းမပေးတော့ပဲ တသွေးတသံတမိန့် နဲ့ အုပ်ချုပ်တဲ့ အာဏာရှင်တွေဖြစ်သွား
ခဲ့ကြတာကိုတွေ့ ရပါလိမ့်မယ်။
ခေတ်သစ်ကမ္ဘာကြီးနဲ့ အစိုးရသုံးမျိုး
ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင်တွေကတော့ ခေတ်ပြိုင်ကမ္ဘာကြီးရဲ့ တိုင်းပြည်
အားလုံးမှာ ဖြစ်နေတဲ့ဖြစ်စဉ်များအရ - အုပ်ချုပ်တဲ့အစိုးရတွေကို အမျိုးအစား
သုံးခုအတွင်းမှာပဲ ထည့်သွင်းနှိုင်းယှဉ်ထားတာကို အောက်ပါအတိုင်းတွေ့ ရှိရ
မှာဖြစ်ပါတယ်။
အထက်ပါအစိုးရသုံးမျိုးစလုံးတွင် အမိန့် အာဏာဖြင့်အုပ်ချုပ်သည့်အစိုးရ
နှစ်မျိုးဖြစ်သော အာဏာရှင်အစိုးရ (Authoritarian Government ) နှင့်
တပါတီဗဟိုဦးစီးစံနစ်ဖြင့်အုပ်ချုပ်သော (Totalitarian Government) စံနစ်
နှစ်မျိုး ၏မတူခြားနားမူမှာ တပါတီဗဟို ဦးစီးစံနစ်၌ တိကျသောအယူဝါဒနှင့်
လမ်းစဉ် 'မူ' ကိုကိုင်စွဲပြီး၊ အာဏာရှင်စံနစ်မှာတော့ မည်သည့်မူ မျှမရှိပဲ မူအစား
အခြေအမြစ်မခိုင်သော အကြောင်းပြချက်များဖြင့် စိတ်ထင်ရာကိုဥပဒေပြုပြီး
တိုင်းပြည်ကို အမိန့် အာဏာ သေနတ်တို့ ဖြင့်အုပ်ချုပ်ခြင်းပဲဖြစ်ပါတယ်။
တပါတီဗဟိုဦးစီးစံနစ်မှာ တိုင်းပြည်စီးပွါးရေးကို စီမံကိန်းဖြင့်အကောင်အထည်
ဖေါ်လေ့ရှိပြီး အာဏာရှင်စံနစ်မှာတော့ စီးပွါးရေးလုပ်ငန်းဆိုင်ရာအားလုံးကို
အာဏာရ အာဏာရှင်အုပ်စုနှင့် သူတို့ ရဲ့သက်ဆိုင်ရာနီးစပ်ရာတွေကို အခွင့်
အရေးပေး လုပ်ကိုင်တဲ့ စီးပွါးရေးမျိုးဖြစ်ပါတယ် (ဥပမာ အာဏာရှင်တို့ ၏
မြန်မာ့ဦးပိုင်လိမိတက်၊ နှင့် ဘိန်းဘုရင်ခွန်ဆာ၏သား စတီဗင်လော၏ အေးရှား
ဝေါဒ်။ သန်းရွှေ့သားမက် တေဇ အစရှိသည်ဖြင့်)။
သို့ သော် တပါတီဗဟိုဦးစီးစံနစ်၌ စာရွက်ပေါ်တွင်ရေးဆွဲထားသော စီမံကိန်း
များ ကာလကြာမြင့်စွာ အောင်မြင်မူမရှိခဲ့လျှင်သော်လည်းကောင်း တည်ဆဲ
ကမ္ဘာ့နိုင်ငံရေး စီးပွါးရေးနှင့် မူလ ၀ါဒတို့ မကိုက်ညီတော့သည့်အခါတွင်၎င်း
ပြည်တွင်းရှိပြည်သူမှ မခံမရပ်နိုင်ဖြစ်လာသည်အခြေအနေတို့ တွင်သော်၎င်း
တပါတီစံနစ်ဟာ ရုတ်တရက် ပြိုကျသွားတတ်တာကိုတွေ့ ရပါလိမ့်မယ်။
၁၉၈၈ မှာ မ.ဆ.လ တပါတီပြိုကွဲသွားရခြင်းနဲ့ ၁၉၉၀ ပြည့်နှစ်လွန်နှစ်များ
အတွင်းဖြစ်ပွါးခဲ့တဲ့ အရှေ့ ဥရောပနိုင်ငံတွေရဲ့ ဖြစ်စဉ်များကသက်သေပြနေ
ပါတယ်။
စစ်အာဏာရှင်သို့ မဟုတ် အရပ်သားအာဏာရှင်တို့ ရဲ့ ထုးခြားတဲ့ ၀ိသေသ
လက္ခဏာကတော့ အထက်ကတင်ပြခဲ့တဲ့ 'မူ' မရှိခြင်းပါပဲ။ သူတို့ ခေါင်းထဲမှာ
ပေါ်လာတဲ့ သူ့ တို့ အတွက် ကောင်းမယ်ထင်တာ သူတို့ အတွက်အကျိုးရှိမယ်
ထင်တာအားလုံးကို ပရမ်းပတာနဲ့ အကွပ်အညှပ်မရှိ လုပ်ချင်တိုင်းလုပ်တဲ့ ၀ိသေသ
လက္ခဏာပါပဲ။ နောက်ထပ် ထူးခြားမူတခုကတော့ တပါတီဗဟိုဦးစီးစံနစ်မှာ
သေနတ်ကိုစားပွဲအောက်မှာဝှက်ထားပြီးတော့ ၀ါဒလမ်းစဉ်နဲ့ အုပ်ချုပ်ပေမဲ့
စစ်အာဏာရှင်တွေကတော့ သေနတ်ကို ခါးကြားမှာဗြောင်ထိုးပြီး အုပ်ချုပ်
တော့တာပါပဲ။ ငါပြောသလိုမလုပ်ရင် ငါ့ဘက်ကအဆင်သင့် ငါကတော့ပစ်မှာပဲ
ဆိုတဲ့ ၀ိသေသလက္ခဏာပါပဲ။ အကယ်၍သာ အာဏာရှင်စံနစ်မှာ 'မူ' ရှိတယ်
ဆိုလျှင်လည်း အဲသည်မူဟာ 'ထင်ရာလုပ်မူ' သာဖြစ်ပါလိမ့်မယ်။ အထက်က
ဖေါ်ပြခဲ့တဲ့ အစိုးရသုံးမျိုး၏ ကွာခြားမူများကို နိုင်ငံရေးသိပ္ပံပညာရှင်အချို့ က
အောက်ဖေါ်ပြပါအတိုင်း အသေးစိတ်ထပ်မံဖွင့်ဆိုထားကြပါတယ် -
အထက်ဖေါ်ပြပါဖွင့်ဆိုချက်များအရ အာဏာရှင်စံနစ်သည် တပါတီဗဟိုဦးစီး
စံနစ်ထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားနေတာကိုတွေ့ မြင်ရမှာဖြစ်တဲ့အတွက်
မ.ဆ.လ တပါတီအာဏာရှင်စံနစ်က န.၀.တ န.အ.ဖ နာဂစ်အစိုးရ တို့ ထက်
စာလျှင် ပိုသက်သာဦးမလားလို့ တွေးစရာဖြစ်နေပါတယ်။ အမှန်တော့ နေ၀င်းရဲ့
မ.ဆ.လ တပါတီ စံနစ်ဟာ အခြားဆိုရှယ်လစ်တိုင်းပြည်တွေလို တိကျတဲ့ လမ်စဉ်
နဲ့ မူဝါဒမရှိခဲ့ပဲ (အမှန်တော့) မြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်
စံနစ်အောက်ကိုရောက်ခဲ့တာ ကနေ့ ဆိုလျှင်ရာစုနှစ်ထက်ဝက်နီးပါးရှိခဲ့ပြီလို့ 
အခိုင်အမာဆိုရမှာပါ၊
နိုင်ငံရေးသွေးခုံနှုန်းတိုင်းတာမူအရဆိုလျှင် မ.ဆ.လ အစိုးရဟာ တစတစကျုံလှီ
ပြီးသေဆုံးစေတဲ့ ခုခံကျရောဂါ 'ကမ္ဘာနာ' (AIDS/HIV) နဲ့ အလားသဏ္ဍန်တူပြီး
န.၀.တ န.အ.ဖ နဲ့ သန်းရွှေ သိန်းစိန်တို့ ရဲ့ နာဂစ်အစိုးရတွေဟာ Leukemia
သွေးကင်ဆာရောဂါနဲ့ အလားသဏ္ဍန်တူပါတယ်။ ပိုပြီးသေချာတဲ့အချက်ကတော့
ယနေ့ မြန်မာပြည်ဟာ သည်ရောဂါဆိုးနှစ်ခုစလုံးကိုတပြိုင်နက်ခံစားနေရတဲ့
လူမမာဖြစ်နေပြီဆိုတာပါပဲ။ .......။
လှိုင်ဘွား / ၈၈
Works Sited:
..............
Guy, J James., People, Politics and Government
Scarborough: Prentice Hall Canada Inc., 1995
Macridis, C. Roy., Contemporary Political Ideologies:
Movements and Regimes
Scott, Foresman & Company., 1989
Saunders, J. Trevor., Aristotle: The Politics
London: Clays Lt., 1992
Winter, R. Thomas., People and Politics
John Wiley and Sons Inc., 1981
Philip E. Tetlock: Counterfactual Thought Experiments in World Politics
Princeton University Press., 1996
Hedley Bull: The Anarchical Society - A Study of Order in World Politics (2nd edition)
Mac. Millan Press Ltc, London 1977
Rohingya Exodus