Latest Highlight


by Maung Wuntha  ·

ယခုပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ဒီရက်ပိုင်းအတွင်း ကြားသိရတဲ့ သတင်းတွေက တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ပြောနိုင်တဲ့သတင်းတွေ ဖြစ်နေတယ်ဗျ။ ကြားသိရတယ်ဆိုတာက ပြည်ပ မီဒီယာတွေနဲ့ အင်တာနက် အွန်လိုင်းတွေမှာ ပလူပျံနေတဲ့သတင်းတွေကို ဖတ်ရှု နားထောင်ရတာပါဗျာ။ ပြည်တွင်း သတင်းမီဒီယာတွေမှာ ကြားလည်းမကြားရ ဖတ်လည်း မဖတ်ရပါဘူးဗျ။

တစ်ဆင့်ခံလဲ ပြောလို့မရ

သတင်းတွေက မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အရေးကြီးတယ်လို့ မဆိုချင်ရင်တောင်မှ တော်တော်ကလေး အရေးကြီးတယ်လို့ အဆင့်သတ်မှတ် လောက်တဲ့ သတင်းတွေ ဖြစ်နေတယ်ဗျာ။ အဲဒီသတင်းတွေကို ပြည်ပမီဒီယာ တွေမှာ ဒီလိုဒီလိုရေးနေပြောနေကြပါတယ်လို့ တစ်ဆင့်ခံသတင်းအဖြစ် ဖော်ပြခဲ့တဲ့ ပြည်တွင်း သတင်းဂျာနယ်အချို့ဟာလည်း သတိပေးခံရတယ်လို့ ကြားရ ပြန်တယ်ဗျ။

ဦးသန့်နားတော့မယ်ဆိုတုန်းက

ကျွန်တော်က အဲဒီအခြေအနေတွေကို မသိရခင် ဖြစ်ပေါ်နေတဲ့ သတင်းအချို့နဲ့ပတ်သက်လို့ ကျွန်တော့်အမြင် ကျွန်တော့်အာဘော်ကို ရေးထားပါတယ်။ ၁၉၇၁ခုနှစ်တုန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာ့ဂုဏ်ဆောင် ဦးသန့် အနားယူတော့မယ်ဆိုတဲ့ သတင်းထွက်လာတော့ ရွှေတူဂျာနယ်က ကျွန်တော့်ကော်လံကနေ ``ဦးသန့် နေပါဦး၊ မနားပါနဲ့ဦး´´လို့ ရေးခဲ့ဖူးတာနဲ့ အစပျိုးထားတယ်။ ဦးသန့်က သူ့အရင် အတွင်းရေးမှူးချုပ် ကွန်ဂို ငြိမ်းချမ်းရေး ဆောင်ရွက်ရင်း လေယာဉ်ပျက်ကျ သေဆုံးသွားလို့ ဆက်ခံတာဝန်ယူရသူဖြစ်ပါတယ်။ အဲဒီရာထူးသက်တမ်းကုန်ဆုံးသွားတော့ ဦးသန့်ကိုပဲ အတွင်းရေးမှူးချုပ်အဖြစ် ဆက်ပြီး တင်မြှောက်ကြတယ်။ ကျန်ရှိတဲ့ အဲဒီသက်တမ်းတစ်ခုလုံးကုန်ဆုံးတော့ ဦးသန့်ကိုပဲ ထပ်မံရွေးချယ်တင်မြှောက်လို့ ပထမသက်တမ်းအဖြစ်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီ ပထမသက်တမ်းပြီးဆုံးချိန်မှာ ဒုတိယသက်တမ်းအတွက် ဆက်အရွေးခံရင် သူ့ကိုပဲ ရွေးကြမယ်ဆိုတာ သေချာပေမယ့် ဦးသန့်က အနားယူတော့မယ်၊ အရွေးမခံတော့ဘူးလို့ အရိပ်အမြွက် ထုတ်ဖော်ပြောဆိုပါတယ်။

အဲဒီအချိန်မှာ ဦးသန့် အနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးမှာ ဆက်နေပါဦး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆက်လက် အလုပ်အကျွေးပြုပါဦးလို့ မြန်မာသတင်းစာဆရာတစ်ယောက်အနေနဲ့ ကျွန်တော့် သဘောထားကို ထုတ်ဖော်တင်ပြခဲ့တာပါ။ နောက်ဆုံးတော့ ဦးသန့်က သူ့ဆုံးဖြတ်ချက်အတိုင်းပဲ အနားယူလိုက်ပါတယ်။ မည်သို့ရှိစေ၊ ဦးသန့်မနားပါနဲ့ဦးလို့ ကျွန်တော့် ဆန္ဒကို ထုတ်ဖော်ခွင့်တော့ ရခဲ့ပါတယ်။

ဘလွန်းဘတ်သတင်းနဲ့ ပတ်သက်လို့

ယခုလည်း အမေရိကန်က ဘလွန်းဘတ်စီးပွားရေးသတင်းစာမှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ ကျွန်တော်က မိမိအမြင်ကို တင်ပြချင်တယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးများစွာကို အကောင်အထည် ဖော်နေရဆဲ အနေအထားမှာ ရှိပါတယ်။ အရင်တစ်ခေတ်က အသုံးအနှုန်းနဲ့ ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ ရှိနေဆဲပါ။

ဟိုတုန်းကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ပန်းတိုင်ဆီကို သွားနေတဲ့ အသွင်ကူးပြောင်းရေးပေါ့ဗျာ။ ခုတော့ ဒီမိုကရေစီနိုင်ငံတော်ပန်းတိုင်ဆီကို သွားနေတဲ့ အသွင်ကူးပြောင်းရေးပေါ့။

မာလိန်မှူးရှိနေဖို့လိုတယ်

သည်လမ်းကြောင်းပေါ်စတင်တက်လှမ်းချိန်ကစပြီး ပဲ့ကိုင်လာခဲ့တဲ့ မာလိန်မှူးဟာ ပန်းတိုင်ကို ရောက်ဖို့ စိတ်ချရတဲ့အချိန်တစ်ခုအထိ ပဲ့စင်ပေါ်မှာ ရှိနေဖို့လိုတယ်။ ပဲ့ကိုင်တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် ယိမ်းယိုင်ယိုယွင်းခြင်းမရှိသမျှကာလပတ်လုံး ပဲ့ကိုင်ခွင့်ရှိတဲ့ အချိန်ကာလ သက်တမ်းအပြည့် ဆက်လက် တာဝန်ယူဖို့ မဖြစ်မနေ လိုအပ်တယ်။ သို့မှသာ တာဝန်ကျေ>ပန်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူတွေ နိုးကြားနေချိန်

ကျွန်တော်တို့တိုင်းပြည်ဟာ ယနေ့အချိန်အခါမှာ တိုင်းသူပြည်သားတွေ နိုင်ငံရေးနိုးကြားနေချိန် ဖြစ်ပါတယ်။ နိုင်ငံရေးအမြင်ကျယ်လာချိန်ဖြစ်ပါတယ်။ လမ်းပေါ်ထွက်တဲ့နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို သိပ်မပြောကြတော့တာ သတိထားမိတယ်။ မြန်မာပြည်ဒီမိုကရေစီအရေးကို အားပေးအားမြှောက် ပြုခဲ့ကြတဲ့ ဒီမိုကရေစီရှေ့နေနိုင်ငံကြီးတွေကတောင် လက်ရှိအစိုးရဖြုတ်ချရေး (regime change) ဆိုတဲ့အသံ လုံးဝမထွက်တော့တဲ့အချိန်ဖြစ်ပါတယ်။ အစိုးရနဲ့ အတိုက်အခံတွေ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် တူရာတူရာတွေမှာ ပူးပေါင်းဆောင်ရွက်ကြတာကို ကမ္ဘာက ၀ိုင်းဝန်းအားပေး နေကြချိန် ဖြစ်ပါတယ်။ နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာကို နားဝယ်လေသံမျှ တောင် `မကြားလို မနာလို´တဲ့အချိန်ကာလဖြစ်ပါတယ်။

အစိုးရ လွှတ်တော် အတိုက်အခံ

သည်လိုအချိန်အခါမျိုးမှာ အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ သုံးဌာန လုံးမှာ တိုင်းပြည်လူထုအများစုက ယုံကြည်လေးစားအားထားတဲ့ အရည် အချင်းပြည့်ခေါင်းဆောင်တွေ အထူးလိုအပ်နေပါတယ်။ ယင်းသုံးဌာနရဲ့ ရှိရင်းစွဲခေါင်းဆောင်တွေဟာ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းရင်း မုဆိုးစိုင်သင်အနေအထားကနေ ကျွမ်းကျင်ရင့်ကျက်သူတွေ ဖြစ်လာနေပါတယ်။ သူတို့ဟာ လုံလောက်တဲ့လေ့လာဆည်းပူးမှု ကာလတစ်ခု ကို ဖြတ်သန်းပြီးရင် စံမီတန်းမီ ခေါင်းဆောင်တွေ ဖြစ်လာကြမှာပါ။ တိုင်းပြည် ဘက်ကကြည့်ရင် အရည်အချင်းလည်းရှိ၊ ပြည်သူအများ ယုံကြည်ကိုးစားမှု ကိုလည်း ခံယူရရှိထားသူတွေဟာ ပြည်သူတွေလိုလားသမျှ ကာလ သတ်မှတ်ချက်အတိုင်း တာဝန်ထမ်းဆောင်သင့်ပါတယ်။

ပြည်သူက မလိုလားတော့ဘူးဆိုရင်တော့ ကုလားတွေ ပြောတဲ့စကားလို ``ဂျာလတီးဂျောင်း´´ အမြန်ဆုံး သွားပါတော့ပဲပေါ့။

မကောင်းသတင်းနဲ့ ကျော်စောသူကို မြန်မြန်သွားလေ ကောင်းလေလို့ ပြောနေကြသလို

မေတ္တာထားသူအပေါ်ကျတော့ ``ဦးသန့်နေပါဦး မနားပါနဲ့ဦး´´လို့ ကျွန်တော် ရေးခဲ့ဖူးတဲ့ လေသံမျိုးနဲ့ ပြောနေကြပြန်တယ်ဗျ။

ကျွန်တော်တို့ တိုင်းပြည်မှာ ``ဆက်နေပါဦး၊ မနားပါနဲ့ဦး´´လို့ ပြည်သူအများက လိုလိုလားလား တောင်းဆိုခြင်းခံရတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါဗျာ။


 သမဂ္ဂတွေ ဖွဲ့စည်းခွင့်(Messenger ဂျာနယ် ယခုအပတ်ထုတ်)

ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ ကန့်လန့်ကာဖွင့်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းဟာ တစ်လျှောက်လုံး ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့ သမိုင်းဖြစ်တယ်ဗျ။ သူ့ကျွန်မခံလိုတဲ့ မြန်မာအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တော်လှန်ပုန်ကန်မှုတွေ၊ ဘုရားကျောင်းကန် ပရ၀ုဏ် များအတွင်း ဘယ်သူမှ ဖိနပ်မစီးရေး၊ အင်္ဂလန်နိုင်ငံက ထုတ်လုပ်တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ မသုံးစွဲရေး၊ ဗြိတိသျှ ဘုရင်ခံအစိုးရနဲ့ မဆက်ဆံရေး (ဘူးအသင်း) လှုံ့ဆော်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းလှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ၁၉၂၀ မှာ ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရဲ့ အညွှန့်အဖူး တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အထင်အရှား မြင်တွေ့ခဲ့ကြရတဲ့ ပထမ ကျောင်းသားသပိတ်ကသာ ခေတ်သစ်မြန်မာ့သမိုင်းအပေါ် သက်ရောက်မှု အကြီးဆုံး အဖြစ်အပျက်၊ တစ်နည်း ပြောရရင် အနာဂတ် မြန်မာနိုင်ငံ လျှောက်လှမ်းရမယ့် ခရီးလမ်းကြောင်းကို ညွှန်ပြလိုက်တဲ့ အချိုးအကွေ့ အလှည့်အပြောင်း ဖြစ်ခဲ့တယ်ဆိုတာ အားလုံး အသိဖြစ်တယ်ဗျ။ ဒါကြောင့် လည်း ]အမျိုးသားအောင်ပွဲနေ့} သတ်မှတ်ဖို့ စဉ်းစား ရွေးချယ်ကြတဲ့အခါ အခြားနေ့ရက်တွေကို ကျော်လွှားပြီး ရန်ကုန် တက္ကသိုလ်ကျောင်းသားတွေ ကျောင်းထဲက သပိတ်မှောက်ထွက်ခွာလာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို တညီတညွတ်တည်း ရွေးချယ်သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်ဗျာ။

မတရားတာ ငုံ့မခံတဲ့ စိတ်ဓာတ်

အဲဒီကစလို့ ကျောင်းသားတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ တစ်သားတည်း တစ်ဆက်တစ်စပ်တည်း ရှိလာခဲ့ကြတာ ယနေ့ထိတိုင် ဖြစ်တယ်ဗျ။ ရှုပ်ထွေး သိမ်မွေ့နက်ရှိုင်းပြီး အသိရခက်တဲ့ နိုင်ငံရေးဝန်းကျင် အနေ အထားတွေအပေါ် မူတည်ပြီး အချို့သော သမိုင်းကာလ အခိုက်အတန့်တွေမှာ ကျောင်းသားတွေရဲ့ ရပ်တည်လှုပ်ရှားမှုတွေဟာ လွန်ကျွံတာ၊ အစွန်းရောက်တာတွေ ရှိခဲ့ကောင်း ရှိခဲ့မှာ ဖြစ်ပေမယ့် မြန်မာကျောင်းသားထု တစ်ရပ်လုံးရဲ့ မတရားတာကို ငုံ့မခံနိုင်တဲ့စိတ်ဓာတ်၊ မိဘပြည်သူတွေရဲ့ ခံစားချက်ကို မေ့လျော့လျစ်လျူရှုခြင်း မပြုနိုင်တဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေကတော့ သမိုင်းတစ်လျှောက် ဘယ်တော့မှ ဖုံးဖိဖျောက်ဖျက် ထားလို့မရအောင် ထင်ထင်ရှားရှား ငွားငွားစွင့်စွင့် တည်ရှိနေခဲ့တာဖြစ်တယ်ဗျ။

ဒါကြောင့်လည်း ]]လူတစ်ယောက်ရဲ့ တန်ဖိုးကို သူ့ပခုံးပေါ် ကျရောက် လာတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်သလား၊ မထမ်းဆောင်ဘူးလားဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်}} ဆိုတဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားအတိုင်း သမိုင်းခေတ်တိုင်းရဲ့ ခေါ်သံကို ပထမဆုံး ထူးသူတွေဟာ ကျောင်းသားတွေဖြစ်တယ်ဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်သူတိုင်း မြင်တွေ့ဝန်ခံကြရတာဖြစ်ပါတယ်ဗျ။



ခေတ်တိုင်းမှာ ရှေ့တန်းက

ကိုလိုနီလက်အောက် မြန်မာ့သမိုင်းမှာ အရေးပါတဲ့ စာမျက်နှာတွေကို သပိတ်သုံးလုံးနဲ့ ရေးသားမှတ်တမ်းတင်ခဲ့ကြတဲ့ မြန်မာ ကျောင်းသားတွေဟာ ကျွန်ခေတ်ကို တစ်ဆစ်ချိုးပစ်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဖွဲ့စည်းရာမှာလည်း ရှေ့ဆုံးတန်းက ပါဝင်ခဲ့ကြတယ်ဗျာ။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုဟာ အစောပိုင်းမှာ ဖဆပလ အဖွဲ့ကြီး၊ နောက်ပိုင်းမှာ နိုင်ငံရေး ပါတီများ လက်ထဲသို့ ရောက်ရှိသွားပြီး ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ (နှိုင်းယှဉ်ချက်အရ) သဘာဝကျစွာပဲ မှေးမှိန်ဖျော့တော့သွားခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေး တစ်ခေတ်ပြောင်းခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ အရေးအခင်း အဆက်ဆက်မှာ မြန်မာကျောင်းသားတွေဟာ ရှေ့တန်းကို ပြန်ထွက်လာခဲ့ကြရပြန်တယ်ဗျ။

အခုအချိန်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ငါးဆယ်ကြာ လျှောက်လှမ်းခဲ့တဲ့ လမ်းပေါ်ကနေ ဂငယ်ကွေ့ ပြန်ကွေ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို တစ်ကျော့ပြန် ကျင့်သုံးနေပြီဖြစ်တယ်ဗျ။ ဒီအပြောင်းအလဲဟာ ဦးခေါင်းကစတဲ့ အပြောင်းအလဲ (ံနေိ-ျအမေအ ခ့ညေါန) ဖြစ်တဲ့အပြင် အဲဒီ ဦးဆောင် ပြောင်းလဲနေတဲ့သူ အားလုံးလိုလိုဟာ အစိုးရဟောင်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေ ဖြစ်ကြ တာမို့ အစပိုင်းမှာ သံသယတွေ ကြီးကြီးမားမားရှိခဲ့ကြပေမယ့် အခုနောက်ပိုင်း တစ်စတစ်စ တိုးတက် မြင်တွေ့ လာနေကြရတဲ့ ပကတိ အရှိတရားတွေကြောင့် ပြည်သူများအတွင်း အဲဒီသံသယတွေ တဖြည်းဖြည်းချင်း လွင့်ပြယ်စပြုလာနေတာကို ကျွန်တော် ခံစားနေရတယ်ဗျ။



အလုပ်သမားသမဂ္ဂတွေ ပေါ်လာတော့မယ်

မကြာသေးခင်ကလည်း အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေနည်း ဥပဒေတွေ ထွက်ပေါ်လာခဲ့ပြီး အဲဒီဥပဒေ မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်ကြောင်း သမ္မတရဲ့ အမိန့်လည်း ထွက်ပေါ်လာတာကြောင့် မကြာခင်မှာ အလုပ်သမား သမဂ္ဂတွေ အလျှိုလျှို အပြိုင်းအရိုင်း ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်ဗျ။ အဲသလိုပဲ တစ်လျှောက်လုံး ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းတည်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဟာလည်း မကြာခင် ရုပ်ရှင်လောကသားများကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်လာတော့မယ်ဆိုတဲ့ အသံတွေ ကြားနေရ တယ်ဗျ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ စာပေနဲ့စာနယ်ဇင်းလောကမှာလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိမယ့် သမဂ္ဂ တွေ မကြာခင် ပေါ်ထွက်လာတော့မှာ ဖြစ်တယ်ဗျ။

ဒီအချိန်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာ တက်



ဒီမိုကရေစီနဲ့ အရပ်ဘက် အဖွဲ့များ

တကယ်တော့ လွတ်လပ် အမှီအခိုကင်းတဲ့ သမဂ္ဂတွေဆိုတာ လူထုအခြေ ပြု အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ ပါဝင်တယ်ဗျ။ ဒီမိုကရေစီဆိုတာကလည်း လူထုဆန္ဒကို အလေးထားတဲ့ နိုင်ငံရေးစနစ်ဖြစ်တာမို့ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေ လွတ်လပ်တက်

ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာတော့ ကျောင်းသားသမဂ္ဂဆိုတာ အုပ်ချုပ်သူ လူတန်းစားအတွက် သရဲတစ္ဆေ သို့မဟုတ် မစင်ဘင်ပုတ် ဖြစ်ခဲ့တယ်ဗျာ။ ကျောင်းသားသမဂ္ဂဆိုတာ အားအားရှိ ဆူချင်ပူချင်ပြဿနာရှာချင်တဲ့ လူ့အမှိုက်သရိုက်ကလေးတွေ စုဝေးရာ နေရာအဖြစ် ယခင်အုပ်စိုးသူတွေက မြင်ခဲ့ကြတယ်ဗျာ။

ဒါပေမယ့် ဒီကနေ့လို ခေတ်ပြောင်းသွားချိန်မှာတော့ အဲဒီ အတွေး အခေါ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ကြရတော့မှာ ဖြစ်တယ်ဗျ။ ဒီအခြေ အနေမှာ တာဝန်ရှိသူများအနေနဲ့ မသိလိုက်ဘာသာ နေမလား၊ ကူညီပံ့ပိုး မလား ဆိုတဲ့ လမ်းနှစ်လမ်းအနက် လမ်းတစ်လမ်းကို ရွေးချယ်ကြရဖွယ် ရှိတယ်ဗျာ။ မောင်ဝံသ ၁၃ ၀၃ ၁၂



မောင်ဝံသ ယခုပတ်ထုတ် TRUE News ဂျာနယ်ပါ မှန်တာပြောသစ္စာ ဆောင်းပါး

မြန်မာသူဌေးကြီးများအတွက် မုဒိတာ

မကြာသေးခင်တစ်ရက်က အင်တာနက်သတင်းတစ်ပုဒ်မှာ ကမ္ဘာ့သူ

ဒီနှစ် ကမ္ဘာ့အချမ်းသာဆုံးသူ

သူ့နောက်မှာ အစဉ်အလိုက်ရှိနေကြတာက ဒေါ်လာ ၆၁ ဘီလျံ

ကမ္ဘာ့အဆင့်မှာ နံပါတ် ၉၊ အာရှအဆင့်မှာ နံပါတ်တစ်ချိတ်တဲ့သူကတော့ ကျွန်တော်တို့နဲ့ နားသိပ်မစိမ်းလှတဲ့ ဟောင်ကောင်အခြေစိုက်စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီး လီကာရှင်းဖြစ်တယ်လို့ ဆိုတယ်ဗျ။ သူ့ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅.၅ ဘီလျံဖြစ်တယ်လို့ သတင်း မှာ ဖော်ပြထားတယ်ဗျာ။



ဆင်းရဲသားများရဲ့ဘဝ

ဒီသတင်းကို ကျွန်တော် စိတ်ဝင်တစား အင်တာနက်က ဒေါင်းလုတ်လုပ်ပြီး ဖတ်ဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းကတော့ တစ်လောလေးက ကျွန်တော့် မိတ်ဆွေတစ်ယောက် ကျွန်တော့်ဆီ အလည်လာရင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတယ်။ ကျွန်တော့် မိတ်ဆွေက ရန်ကုန်မြို့ အစွန်အဖျားက မြို့သစ်တစ်ခုမှာ နေသူဖြစ်တယ်ဗျ။ သူ့မိန်းမက အဲဒီမြို့သစ်ရဲ့ ပျံကျဈေးလေးတစ်ခုမှာ ဈေးရောင်း တော့ အဲဒီဈေးမှာ နေ့တိုင်းလိုလို ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို သူ့ယောက်ျားကို ပြောပြ၊ သူ့ယောက်ျား ကမှတစ်ဆင့် ကျွန်တော် သိရတာဖြစ်တယ်။

အဖြစ်အပျက်တွေကတော့ သိပ်မဆန်းပါဘူးဗျာ။ အဲဒီဈေးထဲက ပျံကျဈေးသည်လေးတွေရဲ့ ဒုက္ခသုက္ခပေါင်းစုံအကြောင်းပါ။ ဈေးသည် အားလုံးနီးပါးဟာ မတ်တိုး၊ ကျပ်တိုး၊ နေ့သွင်း စတဲ့ေ



ဘာလို့ မြန်မာမပါသေးတာလဲ

အဲဒီဇာတ်လမ်းပေါင်းစုံကြားရပြီးတဲ့နောက် စိတ်မသက်မသာ မအီမလည်ဖြစ်နေခဲ့တဲ့ ကျွန်တော်ဟာ သဘာဝသယံဇာတ အင်မတန်မှ ပေါ



ကိုယ်တိုင် ထုတ်မပြောကြပါ

ကမ္ဘာပေါ်မှာ ဘယ်သူဌေးကြီးမှ သူတို့ ဘယ်လောက်ချမ်းသာတယ်ဆိုတာ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိကြတာမို့ င်္သမဘနျ မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သူ



အချမ်းသာဆုံးမြန်မာ

ကျွန်တော်တို့နိုင်ငံကို အနောက်နိုင်ငံအချို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ကာလအတွင်း နာမည်ပျက်သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်စာရင်းတွေ ထုတ်ပြန်လေ့ရှိတယ်ဗျ။ အဲဒီစာရင်းမှာ ပါဝင်ခဲ့သူတစ်ယောက်က သူဟာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးထဲက တစ်ယောက်ဖြစ်ပါတယ်လို့ ပြောဆိုတာကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရဖူးတယ်။ ထိုပုဂ္ဂိုလ်က သူ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ကိန်းဂဏန်းနဲ့ ထုတ်ဖော်မပြောသွားပါဘူး။ အလားတူ ဖော့ဘ်စ် မဂ္ဂဇင်းကလည်း (အားကိုး အားထားပြုနိုင်လောက်တဲ့စာရင်းအင်း ကိန်းဂဏန်းရဖို့ ခက်ခဲလို့နဲ့တူရဲ့) သူ့ရဲ့စာရင်းထဲမှာ မြန်မာပြည်က သူမုဒိတာစိတ်ထား

ဗုဒ္ဓရှင်တော်မြတ်ဘုရားက မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား ပွားများ ရမယ်လို့ ဟောပြောသွန်သင်ခဲ့တယ်ဗျာ။ အဲဒီမှာ မုဒိတာဆိုတာ ကိုယ့်ထက် အခြေအနေ အဆင့်အတန်း ပိုမိုမြင့်မားတဲ့လူတွေနဲ့ ပတ်သက်ပြီး ချစ်ခင် နှစ်သက်တဲ့စိတ်၊ သူတို့ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ထားရမယ်လို့ ဆိုတာဖြစ်တယ်ဗျ။ ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ မိမိတို့ဘ၀ထက် ပိုမိုကောင်းမွန်မြင့်မားတဲ့ ဘ၀ကို ပိုင်ဆိုင်နေသူများကို အခြေခံ အားဖြင့် မနာလိုဝန်တိုစိတ်၊ ကောင်းကျိုးမလိုလားတဲ့စိတ် မရှိကြပါဘူးဗျာ။



ကျေးလက်သူဌေးများ

ကျွန်တော်က ကျေးလက်တောရွာမှ ကြီးပြင်းခဲ့သူဖြစ်လေတော့ မြန်မာ့ဓလေ့စရိုက်စစ်စစ်တွေကို ငယ်စဉ်ကတည်းက တွေ့မြင်နေခဲ့တယ်။ တောရွာတွေမှာလည်း လယ်သူဌေးတွေ၊ စပါးသူဌေးတွေ ရှိတယ်။ သူတို့ထဲမှာ စိတ်ပုပ်သူတချို့ ရှိကောင်းရှိနိုင်ပေမယ့် ကျွန်တော်တို့ ဇာတိဒေသမှာတော့ စိတ်ထားကောင်းတဲ့ တောသူဌေးတွေ များပါတယ်။ ပိုက်ဆံချမ်းသာလာရင် သူဌေးတွေဟာ ဘုရားဒကာ ကျောင်းဒကာ ရဟန်းဒကာ ဖြစ်အောင် ကြိုးစားကြတယ်။ ရပ်ရွာကောင်းကျိုးကို တတ်နိုင်သမျှ ရွက်ဆောင်ပေးကြတယ်။ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုရားပွဲ၊ စုပေါင်းရှင်ပြု၊ အခါကြီးရက်ကြီး ပွဲလမ်းသဘင်တွေမှာ သူတို့က ရှေ့ကနေ အလှူဒါန ပြုကြတယ်။ ရပ်ရွာလူထုနဲ့ အဆင်ပြေအောင် ဆက်ဆံတယ်။ သည်တော့ ရပ်ရွာကလည်း သူတို့ကို ပြန်လည် စောင့်ရှောက်ကြတာပေါ့။



ဖောင်ဒေးရှင်းများ

အနောက်နိုင်ငံများက သူဌေးကြီးတွေ ဖောင်ဒေးရှင်းအသီးသီး တည်ထောင်ပြီး အလှူကြီးတွေပေးနေချိန်မှာ အာရှတိုက်က တရုတ် ကုလားသူဌေးတွေ အဲဒီဘက်မှာ စိတ်မ၀င်စားကြတာ၊ ကိုယ့်ဖို့ပဲကြည့်ပြီး တစ်ကိုယ်ကောင်းဆန်ကြတာကို ကျွန်တော် ဆောင်းပါးအချို့ ရေးခဲ့ဖူးတယ်။ မြန်မာနိုင်ငံက သူဌေးတွေကို ရော့ကဲဖဲလားတို့ ဘီလ်ဂိတ်တို့ ၀ါရင်းဘူဖေးတို့လို အလှူရှင်ကြီးတွေအဖြစ် မြင်ချင်တဲ့အကြောင်း တိုက်တွန်းရေးသားခဲ့ဖူးပါတယ်။ ပြေတီဦးတို့၊ ရဲတိုက်တို့လိုအနုပညာရှင်တွေ ဖောင်ဒေးရှင်းထောင်ပြီး လူမှုရေး ကူညီထောက်ပံ့နေကြတာကို ကျွန်တော်တို့ မုဒိတာဖြစ်ရပါတယ်။ ကျွန်တော့် အသိမိတ်ဆွေတွေထဲမှာ ဘဏ်သူဌေးကြီးတချို့ပါပါတယ်။ ဆန်စပါးလုပ်ငန်း လုပ်ကိုင်တဲ့ သူဌေးကြီးလည်း ပါတယ်။ သူတို့လည်း ဖောင်ဒေးရှင်းတွေ တည်ထောင်ပြီး သိန်းထောင်နဲ့ချီတဲ့ အလှူတွေပေးနေကြတယ်။ စာကြည့်တိုက်တွေ ထောင်တယ်။ အတိုးမဲ့ငွေချေးတာတွေလုပ်တယ်။ သူတို့က အလှူတွေကို ဂုဏ်မဖော်လိုဘူး၊ မဏ္ဍပ်တိုင်မတက်ချင်ဘူးဆိုလို့ နာမည် မဖော်ဘဲထားရတယ်ဗျ။



ဟံသာဝတီ ဦးဝင်းတင်

သူဌေးမဟုတ်ဘဲ သတင်းစာဆရာ နိုင်ငံရေးသမားဘ၀ကနေ ဖောင်ဒေး ရှင်း တည်ထောင်ပြီး ဆင်းရဲဒုက္ခရောက်နေသူတွေကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတဲ့ ဟံသာဝတီ ဦးဝင်းတင်လို လူမျိုးလည်း ရှိသေးတယ်ဗျ။ သူ့အလှူတွေကျတော့ စေတနာရှင် ပြည်သူတွေက ၀ိုင်းဝန်းလှူဒါန်းတာကို ဆရာကြီးက ပေးသင့်သူတွေထံ ပြန်လည် ခွဲဝေပေးအပ်တာမျိုး ဖြစ်ပါတယ်။

မည်သို့ရှိစေ၊ မြန်မာနိုင်ငံက လူသိထင်ရှား သူဌေးကြီးများရော၊ ရွက်ပုန်းသီး သူဌေးများရော၊ သူဌေးမဟုတ်သည့်တိုင် မိမိတို့ရဲ့ အမည်နာမဂုဏ်သတင်းကြောင့် စေတနာရှင်များကို စုစည်းပေးနိုင်သူ (မိုးလေ၀သဒေါက်တာထွန်းလွင်လို) ပုဂ္ဂိုလ်များက မိမိတို့တတ်နိုင်သလောက် စွမ်းအားများဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူလူချင်းစာနာထောက်ထားရေး အလှူဒါနများပြုလာကြရင် ဆင်းရဲသားများ ယခုထက် အသက်ရှူချောင်လာ ကြမယ်လို့ မျှော်လင့်မိကြောင်းပါဗျာ။

မောင်ဝံသ

Source : Maung Wuntha

(ဆက်စပ်ဖတ်ရှူရန်အတွက် ၂၀၀၈ ခု နိုဝင်ဘာ ခေတ်ပြိုင်တွင် ဖော်ပြခဲ့သည့် ဘင်္ဂလားဒက်မြန်မာ ရေပိုင်နက်အငြင်းပွားမှု ကနဦးကာလ စစ်ရေးတင်းမာမှုကို ပြန်လည် တင်ပြခြင်းဖြစ်သည်။)
------------------------------------------------------
သတင်းထောက် ဟန်တင်အောင် ခေတ်ပြိုင် |



ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့်ရေပိုင်နက်မှ မြန်မာ စစ်သင်္ဘောများ ရုတ်တရက် ဆုတ်ခွာ သွားသော်လည်း မည်သည့်အကြောင်းကြောင့် ဆုတ်ခွာရသည်ကို မြန်မာစစ်အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ သို့သော် စစ်သွေးကြွနေသည့် မြန်မာစစ်အစိုးရ ဦးကျိုးရသည့် အကြောင်းရင်းကို စိစစ်ကြည့်ရန်လိုသည်။

အငြင်းပွားသည့်နေရာသည် ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်တွင်ဖြစ်သည်။ ထိုနေရာတွင် ရေနံရှာဖွေရေး ပဏာမလုပ်ငန်းဖြစ်သည့် ဟိုက်ဒရို ကာဘွန် ရှာဖွေရေး လုပ်ငန်းများကို ဒေးဝူးကုမ္ပဏီ သင်္ဘောများက လုပ်ကိုင်နေပြီး မြန်မာ ရေတပ် သင်္ဘော နှစ်စင်းက ကာကွယ် ပေးထားသည်။

မြန်မာဘက်က ရေနံရှာဖွေနေသည့်နေရာသည် ဘင်္ဂလားဒက်နိုင်ငံ ရေပိုင်နက်မှာဖြစ်သည့်အတွက် မြန်မာဘက် က ကျူးကျော်သည်ဟု စွပ်စွဲသည်။ မကြာခင် ဘင်္ဂလားဒက်နိုင်ငံမှ ရေတပ်သင်္ဘော လေစီး လွှတ်လိုက်သည်။ မြန်မာဘက်ကလည်း ဆက်ရှာဖွေမည်ဆိုပြီး အခြေအနေ တင်းမာနေစဉ် မြန်မာ ရေနံ ရှာဖွေရေး သင်္ဘောများ မြန်မာစစ်သင်္ဘောများ ရုတ်တရက် အချင်းဖြစ်သည့်နေရာမှ ဆုတ်ခွာသွား ခြင်းဖြစ်သည်။

အကယ်၍ မြန်မာနှင့် ဘင်္ဂလားဒက်နိုင်ငံ ၂ နိုင်ငံ ဘင်္ဂလားပင်လယ်အော်ထဲရှိ ရေပိုင်နက် အငြင်းပွားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်မည်ဆိုလျင် ၂ နိုင်ငံလုံး၏ ရေတပ်အင်အားကို ထဲ့တွက်ရန်လိုသည်။

မြန်မာရေတပ်တွင် စစ်သည်အင်အား ၁၆၀၀၀ ရှိပြီး ဘင်္ဂလားဒက်ရေတပ်တွင် စစ်သည်အင်အား ၂၈၀၀၀ ရှိသည်။ ရာခိုင်နှုန်းနှင့်ပြောရလျင် မြန်မာရေတပ် စစ်သည်အင်အားက ဘင်္ဂလားဒက် ရေတပ်စစ်သည် အင်အားထက် ၄၃ ရာနှုန်း နည်းနေသည်။



မြန်မာရေတပ်တွင် တိုက်ရေယာဉ်အသေးစား ၄စီး၊ ကမ်းလွန်ကင်းလှည့်စစ်ရေယာဉ် ၃ စီး၊ ကမ်းရိုးတန်း ကင်းလှည့် စစ်ရေယာဉ် ၁၂ စီး၊ ကမ်းတိမ် စစ်ရေယာဉ် ၆ စီး၊ မြစ်ကြောင်းကင်းလှည့်စစ်ရေယာဉ် ၃၆ စီး၊ စက်သေနတ်တင်ရေယာဉ် ၂၁စီး သာရှိသည်။

ဘင်္ဂလားဒက်ရေတပ်ကိုကြည့်လျင် မြန်မာရေတပ်ထက် ပိုခေတ်မှီ၏။ စစ်သင်္ဘောအင်အား လက်နက် အင်အားသာလွန်၏။ အထူးသဖြင့် ဒုံးကျည်တပ် လျှပ်တပြက် တိုက်ရေယာဉ်များတွင် ယခင် ဆိုဗီယက် နိုင်ငံထုတ် လက်နက်ကို တရုတ်ပုံစံပြောင်းထားသည့် ၀၂၁ Huangfeng ဒုံးကျည်များပါသည်။ ၀၂၄ Hegu class, Hoku class, Hogu class, Hougu class and Houku class စသည့် ဒုံးကျည်တပ် ရေယာဉ်များလည်း ပါသည်။ တရုတ်နိုင်ငံလုပ် တော်ပီဒို ဒုံးကျည်တပ် လျှပ်တပြက်တိုက်ရေယာဉ်များရှိသည်။

ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်တွင်း ရေတပ်အင်အားချင်း ယှဉ်ပြိုင်လျင် မြန်မာရေတပ် အရေးနိမ့်ဖို့ များသည်။ ရေတပ်အင်အားချင်း မယှဉ်နိုင်သည့်အတွက် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးသလားဟု စဉ်းစားရန်ရှိသည်။



ဘင်္ဂလားဒက် ရေတပ်မှ တရုတ်လုပ် Missile Craft



သို့သော် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးချိန်သည် မြန်မာဘက်က ရေပိုင်နက်ကျူးကျော်သည့်ကိစ္စ တရုတ်ကို ဘင်္ဂလားဒက်အစိုးရက ပြောပြီးချိန်နှင့်တိုက်ဆိုင်နေပြန်သည်။ ထို့ကြောင့် တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေးဆက်ဆံမှုအပိုင်းကိုပါ ဆန်းစစ်ကြည့်ဖို့လိုလာသည်။

၂၀၀၂ ခုမှစတင်ပြီး တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေး ဆက်ဆံမှု စတင်ခဲ့သည်။ ၂၀၀၆ ခုတွင် ဘင်္ဂလားဒက် ရဲများသုံးဖို့ ပစ္စည်းများကို တရုတ်ကလှူဒါန်းသည်။ မကြာခင် ဘင်္ဂလားဒက်သည် တရုတ်ထံမှ အက်-၇ တိုက် လေယာဉ် ၁၆ စီး ၀ယ်ခဲ့သည်။ ဘင်္ဂလားဒက်ရေတပ်မှ စစ်ဘောင်္များ လက်နက်များ အများစုမှာ တရုတ်နိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်သည်။
ကုန်သွယ်ရေးအပိုင်းကကြည့်လျင်လည်း ၂၀၀၂ ခုတွင် တရုတ်မှဝယ်သည့် သွင်းကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ ၆၄သန်းကျော်ရှိပြီး ဘင်္ဂလားဒက်မှ တရုတ်ကို တင်ပို့နိုင်သည့်တန်ဖိုးက ဒေါ်လာ ၁၉ သန်းသာရှိသည့်အတွက် ဘင်္ဂလားဒက်က ကုန်သွယ်ရေးလိုငွေပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘင်္ဂလားဒက် တရုတ် ကုန်သွယ်မှုပမာဏက ဒေါ်လာ သန်းနှစ်ထောင်နီးပါး တက်လာသည်။ ၂၀၀၅ ခုနှစ်တွင် တရုတ်သည် ဘင်္ဂလားဒက်နိုင်သို့ အများဆုံး ကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်လာသည်။

သဘာဝဓါတ်ငွေ့ရှာဖွေရေးအပိုင်းမှာလည်း ဘင်္ဂလားဒက်နိုင်ငံတွင်း တရုတ်လုပ်ကိုင်ဖို့ ဘင်္ဂလားဒက်က ခွင့်ပြုထားခဲ့သည်။ ထို့ပြင် စစ်တကောင်းဆိပ်ကမ်းကိုပါ တရုတ်ရေတပ်သင်္ဘောများ ဆိုက်ကပ်ခွင့် ဘင်္ဂလားဒက်အစိုးရက ပေးခဲ့သည်။ ထိုအခွင့်အရေးကို အိန္ဒိယက လိုချင်သော်လည်း မရခဲ့ပေ။
မြန်မာနိုင်ငံမှ ၀ယ်မည့် ဓါတ်ငွေ့ကို သယ်ယူရာတွင် စစ်တကောင်းဆိပ်ကမ်းသည် အိန္ဒိယအတွက် အလွန်ရေးပါသည်။ သို့သော် အိန္ဒိယကို ဘင်္ဂလားဒက်က မျက်နှာသာမပေးခဲ့။ ထို့ကြောင့် ဘင်္ဂလားဒက်သည် တရုတ်နိုင်ငံအတွက် မြန်မာကဲ့သို့ အရေးပါသည့်နိုင်ငံဖြစ်နေသည်။



စီးပွားရေးရှုထောင့် ကာကွယ်ရေးရှုထောင့်တို့မှကြည့်လျင် ဘင်္ဂလားဒက် မြန်မာ ၂ နိုင်ငံလုံးသည် တရုတ်၏ ဖောက်သည် ၂ နိုင်ငံဖြစ်နေသည်။ မည်သည့်နိုင်ငံမျှ တရုတ်သြဇာနှင့် မကင်း။ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ အတွက် ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံကပင် တရုတ်ကို မေတ္တာရပ်ခံနေရသလို ဘင်္ဂလားဒက် ကိုကြည့်လျင်လည်း တချိန်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ရုံး ဖွင့်ခွင့်ပေး သည်ကို တရုတ်နိုင်ငံ မျက်ထောင့်နီသွားသဖြင့် ထိုင်ဝမ်ရုံးအမြန်ပိတ်ပြီး ၀န်ကြီးသစ်လဲပေးခဲ့ရသည်။

စင်စင် ဘင်္ဂလားဒက်နှင့် မြန်မာဖြစ်သည့် ပြဿနာသည် နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်သည့်ကိန်းထက်မပို။ တရုတ်က မျက်နှာရိပ်ပြလိုက်သည်နှင့် မြန်မာစစ်အစိုးရ တင်ပါ့ဘုရားဖြစ်သွားရသည်။ တရုတ်က ငါးခြောက်ဆိုသည့် မြန်မာစစ်အစိုးရက ဖုတ်ပြီးသားပါဟု ပြောရသည့် အခြေအနေမျိုးထက် မပိုပေ။

Source : by Swe Swe Kyi Facebook


ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ပြောချင်လွန်းလို့ မောင်ဝံသ ဆောင်းပါး။


အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကြလေသတည်း

ပြီးခဲ့တဲ့အပတ်ထုတ် ကျွန်တော်တို့ရဲ့ ပြည်သူ့ခေတ်ဂျာနယ်အတွဲ (၂)၊ အမှတ် (၈၀) မှာ အယ်ဒီတာချုပ်က ``မြန်မာ့ နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်း စတင်ပြီ´´ လို့ အယ်ဒီတာ့အာဘော်ကနေ ရေးလိုက်တာ ဖတ်မိကြမယ်ထင်ပါ တယ်။

အဲဒီခေါင်းကြီးပိုင်းမှာ လွတ်လပ်ရေးခေတ်ဦးကနေ ၁၉၆၂ ခုနှစ်အထိကို ပထမပိုင်း၊ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိကို ဒုတိယပိုင်းလို့ သတ်မှတ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ ပေါ်ထွက်လာချိန်ကစကာ တတိယပိုင်း စတင်နေပြီဖြစ်တယ်လို့ ဆိုလိုက်တာဖြစ်တယ်ဗျ။ ခေါင်းကြီးဆရာရဲ့ သတ်မှတ်ချက်က ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အင်မတန်မှ ထူးခြားတဲ့ သမိုင်းဆိုင်ရာ အချိုးအကွေ့ကြီးတွေကို နယ်သပ်မျဉ်း သဘောထားပြီး သတ်မှတ် ထားတာမို့ ကျွန်တော်တို့အနေနဲ့ ဘာမှသဘောမတူစရာ မရှိဘူးဗျ။

သဝေထိုးသွားတာကို ပြန်သိမ်းတာ

အားလုံးသိကြတဲ့အတိုင်း မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းဟာ ပထမပိုင်းရဲ့ အဆက်လို့ ပြောရင်လည်း မမှားဘူးထင်တယ်ဗျ။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှသည် ၁၉၆၂ ခုနှစ်အထိ ကိုယ်စွဲကျင့်သုံးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အားယူ ပြင်ဆင်လိုက်တာကြောင့် ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွန့်ခွာကျောခိုင်းပြီး တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့တဲ့ လမ်းကနေ ဂငယ်ကွေ့ ပြန်ကွေ့ပြီး ]တွင်းဟောင်းရေကြည် အေးမြသည်}ဆိုသလို ပါတီစုံစနစ်ဟောင်းကို လက်တွေ့ကျကျ ပြန်လည်ကျင့်သုံးဖို့ စိုင်းပြင်းနေတာဖြစ်တယ်ဗျ။ စက်ဝိုင်း ဆွဲနေရင်း သဝေထိုးဖြစ်သွားတဲ့ အစကို ပြန်သိမ်းပြီး စက်ဝိုင်းရဲ့ မူလအစနဲ့ ပြန်ဆုံအောင် လုပ်ပေးဖို့ စတင် ကြိုးပမ်းအားထုတ်နေခဲ့ကြတာလို့ ပုံခိုင်းချင် တယ်ဗျ။

ခွန်အားတွေ ယုတ်လာပြီ

မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဇာတ်လမ်းတွဲ ပထမပိုင်းကို ကောင်းကောင်းကြီး သိမီလိုက်သူတွေဟာ အခုဆိုရင် အသက်အရွယ်အရ အကြမ်းဖျင်းပြောရရင် ၇၀ အထက်တွေ ရောက်နေကြပြီဗျ။ အဲဒီကာလကို ဆယ်ကျော်သက်အရွယ်နဲ့ ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တောင် ]ဆံဖြူသွားကျိုး ခါးရိုးကကုန်း}လို့ မဆိုနိုင်ရင်တောင် ကိုယ်ကာယခွန်အား ရှုထောင့်က ပြောမယ်ဆိုရင် အတော်ယုတ်လျော့လာနေကြပြီဗျာ။

ပျော်စရာ ဇာတ်ပေါင်းခန်းလား
သိကြတဲ့အတိုင်း ဇာတ်လမ်းတွဲ တတိယပိုင်းက ]ပျော်ရွှင်စွာဇာတ်ပေါင်းကြ လေသတည်း} ဆိုတဲ့ ၀ါကျနဲ့ အဆုံးသတ်မယ့် ဇာတ်သိမ်းပိုင်းလည်း ဖြစ်နိုင်ချေရှိနေတာကြောင့် ဇာတ်လမ်းတစ်လျှောက်လုံး (အထူးသဖြင့် ပထမပိုင်းမှာ) ကပြအသုံးတော်ခံခဲ့ကြတဲ့ ဇာတ်ဆောင်တွေပါ ပြန်လည် ပေါ်ထွက်လာကြပြီး မိမိတို့ သက်ဆိုင်ရာ အခန်းကနေ တာဝန်ကျေအောင် ပြန်လည်ဖျော်ဖြေတင်ဆက်နေတာမို့ ဇာတ်ရုပ်တွေ တစ်ရုပ်နဲ့ တစ်ရုပ် ရောထွေးမသွားရလေအောင် ကျွန်တော်တို့လို ပထမပိုင်းကိုကြည့်ခဲ့ဖူးသူ တွေတောင် မနည်းကြိုးစားမှတ်သားနေကြရတယ်ဗျ။

အကျိုးမဖြစ် ဥပဒေတွေ ဖျက်သိမ်း

မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာ ကြည့်လေရာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတာမျိုးမရှိဘဲ လှုပ်ခတ်ရွေ့လျားနေကြတယ်ဗျာ။ ]ရှေ့တိုးနောက်ဆုတ်တွေ ရှိနေသေးပေမယ့်} အစိုးရအဖွဲ့က အုပ်ချုပ်ရေး ယန္တရားဟာ ပြည်သူတွေကို အထိရောက်ဆုံး အလုပ် အကျွေးပြုနိုင်တဲ့ ယန္တရား ဖြစ်လာအောင် ကြိုးပမ်းလုပ်ဆောင်နေတာတွေရသလို လွှတ်တော်အရပ်ရပ်က လည်း ပြည်သူတွေအတွက် အကျိုးမဖြစ်နိုင်တဲ့ ဥပဒေတွေ ဖျက်သိမ်းဖယ်ရှားပြီး ပြည်သူတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ရှာဖွေစားသောက်နေထိုင်နိုင်ရေးကို အထောက် အကူဖြစ်စေမယ့် ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ အားထုတ်နေကြ တာကို တွေ့ရတယ်ဗျ။

ဒီမိုကရေစီ ပီပြင်လာအောင်
တစ်ချိန်တည်းမှာ ဒီမိုကရေစီရဲ့ သော့ချက်ကျပါဝင်ပစ္စည်းတွေ ဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ အသည်းနှလုံးကို ယူကျုံးဖမ်းစားနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားလုပ်ဆောင်နေကြသလို နိုင်ငံရေး လောကသားတွေပဲ ဖြစ်ကြပေမယ့် မိမိတို့ကိုယ် မိမိတို့ နိုင်ငံရေးအာဏာနဲ့ ချိတ်ဆက်ထားခြင်းမရှိကြတဲ့ (တစ်နည်း) လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပဲလုပ်ဖို့ အားသန်နေကြဆဲဖြစ်တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားအုပ်စုတို့လို နိုင်ငံရေးအင်အားစုတွေကလည်း ဒီမိုကရေစီစနစ် ပီပြင်သထက် ပီပြင်လာအောင်၊ ကမ္ဘာတည်သရွေ့ အရှည်တည်တံ့ခိုင်မြဲရလေအောင် မိမိတို့နည်း မိမိတို့ဟန်နဲ့ အားသွန်ကြိုးပမ်းနေကြတာပဲဗျ။

ကိုယ့်ကိုယ်ကိုယ် သွေးနေကြသူတွေ


ဒီအချိန်မှာ အနာဂတ်တိုင်းပြည်ခေါင်းဆောင်တွေဖြစ်လာကြမယ့် နိုးကြားတက်ကြွတဲ့ လူငယ်တွေကလည်း နောက်ချန်မနေတာကို တွေ့ရတယ်ဗျ။ ကျောင်းသားလူငယ်တွေက ဒီမိုကရေစီစနစ်ရဲ့ ကျက်သရေတစ်ပါးဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းနေကြ သလို အခြားသောလူငယ်တွေကလည်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စာတမ်း ဖတ်ပွဲတွေကတစ်ဆင့် လူငယ်ချင်း ရင်းနှီးချစ်ကြည်မှုရအောင်၊ နိုင်ငံရေးအတွေးအခေါ်တိုးတက်မြင့်မားလာအောင် ကိုယ့်ကိုယ်ကို `သွေး´ နေကြတာ တွေ့ရတယ်ဗျ။

အခွင့်အရေးတွေ မဆုံးရှုံးစေဖို့

နိုင်ငံတစ်နိုင်ငံရဲ့ အရေးအကြီးဆုံးအင်အားစုကြီးနှစ်ခု ဖြစ်ကြတဲ့ အလုပ်သမားတွေနဲ့ လယ်သမားတွေကလည်း ဒီမိုကရေစီ အလေ့အကျင့် တွေကို စတင်စမ်းသပ်ကျင့်သုံးလာနေကြတယ်ဗျ။ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ကို ဦးထိပ်ထား အားကိုးအားထားပြုပြီး မိမိတို့ရဲ့ တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုးပမ်းနေကြသလို မိမိတို့ လူတန်းစားကို ကိုယ်စားပြုတဲ့ သမဂ္ဂများ ဖွဲ့စည်း နိုင်ရေးအတွက် ကနဦးခြေလှမ်းများ စလှမ်းနေကြပြီဆိုတဲ့သတင်းတွေကိုလည်း ကြားနေရတယ်ဗျ။

သတင်းတွေ `လှိုင်ပေါလယ်´

အဲသလို မြန်မာ့နိုင်ငံရေးလောကမှာ အရာအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေး (Inclusive politics) တစ်စ တစ်စ ပီပြင်ပုံပေါ်လာနေချိန်မှာ ကျွန်တော်တို့ မီဒီယာ (အထူးသဖြင့် ပုံနှိပ်မီဒီယာ) လောကသားအားလုံးဟာလည်း တရစပ် မရပ်မနား ပြေးလွှားလှုပ်ရှားနေကြရတယ်ဗျာ။ မကြာသေးခင်အချိန်ကအထိ တစ်ပတ်ကို သတင်းသုံးလေးပုဒ်ရေးတင်နိုင်ဖို့ ခက်ခက်ခဲခဲ ရှာကြံဖန်တီးနေခဲ့ကြရတဲ့ သတင်းဂျာနယ်သတင်းထောက်လေးတွေဟာ အခုဆိုရင် သတင်းတွေ ]လှိုင်ပေါလယ်} ဖြစ်နေကြပြီ ဗျ။ ဒီချုပ်ကို သတင်းလုပ်မလား၊ ရှစ်ဆယ့်ရှစ်ကို သတင်းလုပ်မလား၊ ပြည်ခိုင်ဖြိုးကို သတင်းလုပ်မလား၊ တစညကို သတင်း လုပ်မလား။ နောက်ဆုံးကုန်ကုန်ပြောရရင် အငြိမ်းစား ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လှုပ်ရှားမှုကတောင် သတင်းဖြစ်နေပြီဗျာ။ တစ်ချိန်က သူ့ရဲ့လှုပ်ရှားမှုတွေ နေ့စဉ်လိုလို သတင်းစာမှာပါခဲ့တုန်းက သတင်းမဖြစ်ခဲ့ပေမယ့် အခုတော့ သူ့ဇာတိပြန် ဘုရားဖူးတာတောင် သတင်းဖြစ်နေပြီဗျာ။ သတင်း ဆိုတာရဲ့ အခြေခံကိုက ပြည်သူတွေ စိတ်ဝင်စားရင် သတင်းဖြစ်တာကိုးဗျ။

သတင်းထောက်တွေမှာ သတင်းတွေပေါတော့ အယ်ဒီတာတွေလည်း အရင်လို ဒူးကလေးနှံ့ပြီး `ငြိမ့်´ နေလို့၊ `နှပ်´ နေလို့ မရတော့ဘူးပေါ့ဗျာ။ ဒီမိုကရေစီဆိုတာကိုက အပြိုင်အဆိုင်ကိုးဗျ။

ဖားတစ်ပိုင်း ငါးတစ်ပိုင်းဘဝ

အကုန်လှုပ်နေတဲ့ မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာ ကျွန်တော်တို့လို ``ဖားတစ်ပိုင်း ငါးတစ်ပိုင်း´´ နိုင်ငံရေးသမားတစ်ပိုင်း၊ သတင်းစာဆရာတစ်ပိုင်း လူမျိုးတွေဟာ ပိုတောင် အနားမရဘူးလား မပြောတတ်ပါဘူးဗျာ။ စာတွေ မပြတ်ရေးနေရတဲ့ကြားထဲ စာပေဟောပြောပွဲ လိုက်ရ၊ နိုင်ငံရေးပညာပေးဟောပြောရ၊ အင်တာဗျူးတွေ ဖြေရ၊ စာတမ်းပြုစုရ၊ အစည်းအဝေးတွေ အခမ်းအနားတွေ တက်ရ၊ ငြင်းရ ခုံရ ဖြေရှင်းရ၊ ခေါင်းခံရ စတဲ့ များလှတဲ့ ဗာဟီရတွေကြောင့် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ``ငါဘာလဲဟ´´ ဆိုပြီး မေးခွန်းတောင် ထုတ်မိလောက်အောင် ဦးနှောက်စားရသားဗျ။ သို့ပေမယ့် ပြည်သူ့ခေတ် ခေါင်းကြီးဆရာက ရည်ညွှန်းလိုက်တဲ့ မြန်မာနိုင်ငံရေး ဇာတ်လမ်းတွဲ တတိယပိုင်းကို ``ထိုသို့ တ ပြီးကား နောက်ဆုံးတွင်မူ မြန်မာပြည်သူတိုသည် ဒီမိုကရေစီပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြလေသတည်း´´ ဆိုတဲ့ ၀ါကျနဲ့သာ အဆုံးသတ်နိုင်မယ်ဆိုရင် ပင်ပန်းရကျိုး၊ ခေါင်းစားရကျိုး နပ်ပါပြီဗျာ။


၀၈ ၀၂ ၁၂ ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့

















ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း တစ်ခါ တစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါ တစ်ခါ အားပျက်စရာ အားမရစရာတွေ့လိုက်ရ ဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေလည်း ရှိနေသေးတယ်ဗျာ။


ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက်တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

ပြီးခဲ့တဲ့လွတ်လပ်ရေးအောင်ပွဲနေ့က ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပတ်သက်ပြီး ]]ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီးတစ်ယောက်တည်းရှိတာမှ မဟုတ်ဘဲ}} လို့ ပြောခဲ့တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ]ဒီလှိုင်း]စာစောင်အတွဲ (၁)၊ အမှတ် (၂)မှာလည်း ]]မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှုတွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး}} လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဗျ။

မယုံသေးသူတွေကို အပြစ်မတင်

ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာ မီဒီယာသမားတွေ အပါအ၀င် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြားသိနေကြရဆဲ ဖြစ်တဲ့ အားတက်စရာတွေကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုး သုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်းပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မော်တော်ကား ကြီး နောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ဘူးဗျာ။

ပြည်သူ့ခေတ် မုခ်ဦးမှာ

ဒါပေမယ့် ဘာပဲပြောပြော သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေ အပါအ၀င် ယုံကြည် ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာ အဆုံး ပြည်သူ့ဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအ၀င် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့တဲ့ ]]နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး}} ဆိုတဲ့ ကတိစကားတွေအပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့်ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ်ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိ ရေချိန်

ဒါကြောင့် လောလောဆယ်မှာ ဒီမိုကရေစီ ၀န်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့အမြန်ဆိုသလို ကျွန်တော် တို့နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီပန်းတိုင် ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအသိပညာရေချိန် မြင့်ခြင်း နိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။ ပြောရရင် နိုင်ငံရေးတက်

အမှန်တရားသည်သာ အင်အား

ဒီမိုကရေစီကို အလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ ]အင်အားသည်သာ အရာရာ} (Might is Right) သဘောတရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ ]အမှန်တရားသည်သာ အင်အား}(Right is Might) သဘောတရားတွင်ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရားလက်ကိုင်ထားသူများသာလျှင် ပြည်သူတွေ ကိုယ်စား နိုင်ငံရဲ့ အရေးအရာတွေကို စီမံခန့်ခွဲပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရားလက်ကိုင်ထားပြီး သူတို့အကျိုးအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်သူ၊ တရားကို သိရုံသာ သိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာ သူတို့ရဲ့ ကံကြမ္မာကို အပ်နှံမှာ ဖြစ်တယ်ဗျ။

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

ဒီနေရာမှာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကို ဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့ ]အယ်ဒီတာ့အာဘော်}မှာ ဖတ်ခဲ့ရတာ ဖြစ် ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကို လက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများ ပြီး ချောင်းတွေဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီး ပြောလိုက်လို့ အဲဒီသားသမီးပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြား လုံးတွေ သိပ်မစားဖို့ ချစ်ခင်ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန် ပြောတယ်။ ကလေးအမေက ဒီဆုံးမစကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့် မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေလွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချိုလျှော့စားနေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

လျှာအရိုးမရှိ လျှောက်ပြောစရာ မဟုတ်

ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသ ထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲ ထားကြတဲ့ (တစ်နည်း)လာတော့မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေ သူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမား တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ တစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

ဒီမိုကရေစီခေတ်မှာ ]လုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်}တဲ့နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ ]ပြောတော့မိုး ထိုးတော့ မြေကြီး} လူစားတွေကို မထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက် ငယ်သားတွေကိုတော့အချိုစားတာ မကောင်းဘူးလို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်းပါဗျ။
Credit here


ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသရဲ့ ပြောချင်လွန်းလို့ ဆောင်းပါး။






ဇန်န၀ါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဗဟန်း ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ညာဏလမ်းက စာရေးဆရာမ ခင်လှိုင်ကြူ အိမ်မှာ ပြုလုပ်တဲ့ သူ့ခင်ပွန်း ခရမ်း ဦးတင်မောင်ဝင်း နှစ်ပတ်လည် ဆွမ်းကျွေးပွဲကို ကျွန်တော် သွား ရောက်ခဲ့ပါတယ်။ ၁၉၉၁ခု ဇန်န၀ါရီလမှာ နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ အင်းစိန်ထောင်တွင်း သူကွယ်လွန်ခဲ့ပါတယ်။ ထောင်ကို မရောက်ခင် ရေကြည်အိုင်မှာ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ်၊ မြန်မာ့အသံ ဦးကျော်ဦးရယ် အတူတူနေခဲ့ရတယ်။ အင်းစိန် သီးသန့်ထောင်ကျတော့ ကိုတင်မောင်ဝင်း၊ ဗိသုကာ ဦးကျော်မင်းနဲ့ ကျွန်တော် တစ်ခန်းတည်း သုံးယောက်နေရတယ်။ နောက်လူချင်းခွဲပစ်ပြီး မကြာခင် ကိုတင်မောင်ဝင်း ဆုံးသွားတာပါ။ ရန်ကုန်တက္ကသိုလ်မှာကတည်းက သမဂ္ဂနဲ့ ကျောင်းသား ညီညွတ်ရေးတပ်ဦးမှာ အတူ လက်တွဲလုပ်ခဲ့ကြလို့ ညီအစ်ကိုလို သံယောဇဉ် ကြီးခဲ့တဲ့ ကိုတင်မောင်ဝင်း ဆုံးပြီဆိုတာ ကြားတော့ ကျွန်တော် အရမ်း စိတ်ထိခိုက်ခဲ့ရတယ်။ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျွန်တော့် ဘေးအခန်းက သုံးခွကိုစိန်ဝင်း (ရန်ကြီးအောင်) ဆုံးပြန်တယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတစ်ယောက်ပါ။

ဒီမိုကရေစီကို မြင်သွားချင်ပါသေးတယ်

အခုဆိုရင် ဗိသုကာ ဦးကျော်မင်းလည်း ထောင်တွင်းပါ ရောဂါလက်စနဲ့ ကွယ်လွန်သွားပါပြီ။ မြန်မာ့အသံဦးကျော်ဦးကတော့ အခု လေဖြတ်ပြီး စကားမပြောနိုင်တော့ပါ။ ကျွန်တော်တစ်ယောက်ကတော့ ကံကောင်း ထောက်မလို့ ကြွင်းကျန် ရှင်သန်ပြီး ကျွန်တော့် စာတွေနဲ့ စာဖတ်သူပြည်သူ များကို ဆက်သွယ်ခွင့်ရနေပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးချိန်အထိတော့ ကျွန်တော် အသက်ရှည်ချင် သေးတယ်ဗျာ။

ဒဂုန်တာရာမွေးနေ့

လူလတ်ပိုင်းအရွယ်မှာ ကျဆုံးခဲ့သူတွေအကြောင်း ပြောပြီးတော့ အသက် ၉၀ ကျော်အထိ ကျက်သရေရှိရှိ နေပြနေသူ ဆရာဒဂုန်တာရာအကြောင်း ပြောရပါဦးမယ်။ ဇန်န၀ါရီ ၁၈ ရက်မှာပဲ ကျင်းပတဲ့ တာမွေ မဟာသန္တိသုခ ကျောင်းတိုက်က ဆရာ ဒဂုန်တာရာရဲ့ အသက် ၉၄ နှစ် မွေးနေ့အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ကျွန်တော် သွားရောက်ခဲ့တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဆရာဟာ အရွယ်ရောက်လူလားမြောက် ချိန်ကစလို့ အခုအထိ ပြည်သူဘက်က တစ်သမတ်တည်း ရပ်တည်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ စာပေစာမျက်နှာမှာ ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့သူဖြစ်တာကြောင့် ဆရာ့ရဲ့မွေးနေ့ကြိုဧည့်ခံပွဲ အခမ်းအနားဟာ တက်ရောက် ဂါရ၀ပြုသူ ဧည့်ပရိသတ်တွေ ပျားပန်းခတ် မျှ ကြက်ပျံမကျလို့ ဆိုရလောက်အောင် အထူးကို စည်ကားသိုက်မြိုက် လှတယ်ဗျ။



ဆရာဒဂုန်တာရာထက် လလောက်ကြီးတဲ့ ၀ါးခယ်မ သခင်သိနိးမောင်နဲ့ ဆရာတာအောက် ၁၁နှစ်ငယ်တဲ့ ဆရာ ဟံသာဝတီ ဦးဝင်းတင်ကိုလည်း ဇရာကို အန်တုပြီး ရှင်သန်နေတဲ့ လက္ခဏာနဲ့ တွေ့ရတယ်ဗျာ။ အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း လမ်းလျှောက်တုတ်အားပြုပြီး တရွေ့ရွေ့ လှမ်းကာ အရောက်လာတာ တွေ့ရတယ်။ တော်ဘုရားကလေးရဲ့ ကျန်ရစ်သူ ဇနီး ဒေါ်ခင်မေကိုလည်း ပြုံးနေကျ အပြုံးလေးနဲ့ တွေ့ရ နှုတ်ဆက်လိုက်ရတယ်။ အခမ်းအနား အစီအစဉ်မှူး လုပ်တဲ့ မုံရွာ ဦးအံ့မောင်သည်ပင် အသက် ၈၀ ရှိပါပြီင်္။ ဆရာအံ့ဟာ ဆရာဒဂုန်တာရာရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး ငြိမ်းချမ်းရေး ပန်ကြားချက်တွေကို မပြတ်မလပ် ထုတ်ပြန်နေပါတယ်။

၈၈ သတင်းစာရှင်းလင်းပွဲ

ကျက်သရေရှိလှတဲ့ ဆရာအိုကြီးတွေကို ဂါရ၀ပြုပြီးတဲ့နောက် ဇန်ဝါရီ ၂၁ ရက်ကျတော့ ပြည်လမ်းက တော်ဝင်စင်တာမှာ ကျွန်တော်တို့ရဲ့ နောက် မျိုးဆက်နှစ်ဆက်က လူငယ်တွေကို အလေးပြုရပြန်ပါတယ်။ ဆရာ ဒဂုန်တာရာက သခင်အောင်ဆန်း၊ သခင်နုနဲ့ သူတို့ခေတ် (၁၃၀၀ပြည့်အရေး တော်ပုံခေတ်) က အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုမှာပါဝင်ခဲ့တဲ့ လူငယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်တယ်။ ၁၉၆၂ခုနှစ်က လူငယ်တွေကို ဒုတိယ မျိုးဆက်လို့ သတ်မှတ်ပါတယ်။ ကျွန်တော့်ရဲဘော်ကြီး ဗကသကိုလှရွှေကတော့ ၁၉၈၈ မင်းကိုနိုင်၊ ကိုကိုကြီးတို့ မျိုးဆက်ကို တတိယမျိုးဆက်၊ သူတို့နောက် ကျော်ကိုကို၊ စည်သူမောင်၊ ဖြိုးဖြိုးအောင်တို့ မျိုးဆက်ကို စတုတ္ထမျိုးဆက်လို့ တင်စားပါတယ်။

ဝမ်းနည်းဝမ်းသာ ခံစားမိ

တော်ဝင်စင်တာ ခန်းမကြီးထဲက ၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲ မြင်ကွင်းကို ကျွန်တော်ထိုင်ကြည့်ရင်း စိတ်ထဲ ၀မ်းနည်း ၀မ်းသာကြီး ဖြစ်နေမိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ ဘယ်လိုမှ စိတ်ကူးထဲတောင်ထည့်လို့မရတဲ့ မြင်ကွင်းလို့ပဲ ပြောရမယ်ဗျာ။ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ပြုံးချို၊ လှမျိုးနောင်၊ အောင်သူ၊ အံ့ဘွယ်ကျော်၊ နီလာသိန်း၊ မီးမီး။ ဇန်န၀ါရီ ၁၃ ရက်နေ့ကမှ ထောင်အသီးသီးက လွတ်လာကြသူတွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါ့။ သူတို့တွေ ထောင်ထဲရောက်နေတုန်း အပြင်မှာ လုပ်နိုင်သလောက် ဆက်လုပ်ခဲ့ကြတဲ့ စိုးထွန်းနဲ့ ထွန်းမြင့်အောင်ကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။

နိုင်ငံရေးခေါင်းဆောင်လောင်းတွေ


၈၈ တွေကို ကျွန်တော်က တိုင်းပြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်လောင်း များအဖြစ် ထိုင်ကြည့်ပြီး အကဲခတ်ရင်း ပီတိဖြစ်နေတာပါ။ သူတို့ထဲက အများစုဟာ ကျွန်တော်တို့ နိုင်ငံမှာ အလွန်လိုအပ်နေတဲ့ အရည်အချင်းပြည့် စံမီတန်းမီ နိုင်ငံရေးသမားများအဖြစ် နေရာယူကြတော့မှာ ဖြစ်ပါတယ်။ သူတို့ ရှောင်လွှဲချင်ရင်တောင်မှ ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ တိုင်းပြည်က သူတို့ကို တောင်းဆိုနေပါပြီ။



တိုင်းပြည်က မျှော်လင့်နေပါတယ်

ကျွန်တော်တို့နိုင်ငံမှာ စံမီတန်းမီနိုင်ငံရေးသမားတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဆရာဒဂုန်တာရာရဲ့ စံနှုန်းအရပြောရရင် သူတို့ခေတ် ပထမမျိုးဆက်က ကုန်လုပါပြီ။ သက်ရှိထင်ရှားကျန်သူတွေကလည်း အသက် ၉၀ တစ်ဝိုက်တွေ ဖြစ်နေကြပြီ။ ဒုတိယမျိုးဆက်ကျတော့ အသက် ၇၀ တစ်ဝိုက်ရောက်ကုန်ကြပြီ။ ဒါကြောင့် တတိယမျိုးဆက်နဲ့ စတုတ္ထမျိုးဆက်ကို တိုင်းပြည်က မျှော်လင့်နေတာပါ။

ရှေ့လူတွေထက်တော်ရမယ်


လက်ရှိနိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ထဲရောက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့နေရာကို မျိုးဆက်သစ်တွေက မလွှဲမသွေ ၀င်ယူကြရမယ့် အချိန်တစ်ချိန် ရောက်လာမှာဖြစ်တယ်။ မျိုးဆက်သစ် နိုင်ငံရေးသမား တွေဟာ ရှေ့ကလူတွေထက် တော်မှ ဖြစ်မယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံရာမှာ တော်ရုံမျှမက တိုင်းပြည်ရဲ့အရေးအရာတွေမှာ အမြော်အမြင်ကြီးသူတွေ၊ စိတ်ကူးစိတ်သန်းကောင်း ထုတ်လုပ်နိုင်သူတွေ၊ တိုင်ပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်သူတွေ ဖြစ်ဖို့ ပြင်ဆင်ထားကြရပါမယ်။

ဗျူရိုကရက်အမြင်

တော်ဝင်စင်တာ ခုနစ်ထပ်က ဆင်းအလာမှာ ကျွန်တော်နဲ့ သိကျွမ်းတဲ့ ဗျူရိုကရက်အငြိမ်းစားတစ်ယောက်နဲ့ အောက်ထပ်တစ်နေရာမှာ တွေ့ပါတယ်။ သူ့ဇနီးနဲ့ ဈေးလာဝယ်တယ်လို့ ဆိုပါတယ်။ သူက ကျွန်တော့်ကို ဘယ်က လာတာလဲမေးလို့ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲက ပြန်လာတာ ပြောတော့ ]]တယ်ဟုတ်ပါလား။ သူတို့က ဘာတွေ ပြောလဲ၊ ပါတီတွေဘာတွေ ထောင်ဦးမတဲ့လား၊ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည် ခေါင်းဆောင် လုပ်ကြဦးမတဲ့လား}} စတဲ့ ခပ်ရင့်ရင့် မေးခွန်းတွေ မေးတယ်။ ကျွန်တော်က အဲသလိုလူမျိုးတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ သူတို့ဟာ တစ်သက်လုံး ဗျူရိုကရက်စိတ်နဲ့နေခဲ့ကြတာ။ လုပ်သက်လေး ရလာတဲ့အခါ တာဝန်ကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ လှည့်နေကြတယ်။ ၈၈ မျိုးဆက်တွေ ထောင်ကျခံနေကြတဲ့အချိန်မှာ သူတို့က သားသမီးတွေကို နိုင်ငံခြားကျောင်းတွေမှာထားပြီး ပညာထူးချွန်အောင် တွန်းအားပေးတယ်။ နိုင်ငံရေးနဲ့ ကင်းကင်းနေဖို့ အထူးသွန်သင်ဆုံးမတယ်။ သားသမီးတွေ အလုပ်အကိုင် ကောင်းကောင်း ရအောင်၊ သူတို့အတွက် စားသာမယ့် တိုင်းပြည်မျိုးကို ရောက်အောင် မစမယ့် လူတွေကို ဆည်းကပ်တယ်။ ဖါးရမယ့်လူတွေကို ဖါးတယ်။ နိုင်ငံရေးသမားတွေကို အထင်မကြီးရုံမက အထင်သေးတယ်။ စစ်ဗိုလ်တွေကိုလဲ ကွယ်ရာ မှာ အတင်းချတယ်။ ရှေ့တင်ကျတော့ ခါးကို ၄၅ ဒီဂရီစောင်းအောင် ညွတ်ပြီး အရိုအသေပေးတယ်။

၈ လေးလုံး အရေးတော်ပုံအကြောင်းပြောရင် သူတို့က ၈ လေးလုံး ဆူပူမှုလို့ ပါးစပ်က ထွက်တယ်။ နိုင်ငံရေးသမားတွေကို ကလေကချေတွေလို့ မြင်တယ်။ နိုင်ငံရေးသမားတွေ ထောင်ချခံရတာကို ရာဇ၀တ်ပြစ်မှု ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတာလို့ ယုံယုံကြည်ကြည်ပြောတယ်။ အစိုးရမင်းများကို ရာရာစစ အန်တုချင်တဲ့ကောင်တွေ ခံရတာတောင်နည်းသေးလို့ ပြောဝံ့တယ်။

သူတို့ခေါင်းဆောင်ဖြစ်လာရင်

အဲသလိုလူတွေကို ကျွန်တော်က တကယ်ရွံတယ်။ သူတို့ အင်္ဂလိပ်လို၊ ပြင်သစ်လို မွှတ်နေအောင် ပြောပြီး ခေတ်ဆန်ဆန် နေတာကို တချို့က အထင်ကြီးပေမယ့် ကျွန်တော်က လုံးဝ အထင်သေးတယ်။ သူတို့ စိတ်ဓာတ်ကို အထင်သေးတာပါ။ သူတို့ ကျွမ်းကျင်တဲ့ ဗျူရိုကရေစီ စီမံခန့်ခွဲရေးမှာတော့ တော်ကြပေမှာပေါ့။

ကျွန်တော်က ခပ်ချဉ်ချဉ်နဲ့ သူ့ကို ရယ်ရွှန်းဖတ်ရွှန်း ပြောခဲ့ပါတယ်။

]]ဟုတ်တယ်ဗျို့၊ သူတို့ဟာ တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာဖို့များတယ်။ အဲဒီအခါကျရင် ခင်ဗျား ဒီနိုင်ငံမှာ နေဦးမလား}}

သူက အမ်းတန်းတန်း ဖြစ်သွားပြီးမှ ]]ဟာ ခင်ဗျားကလဲ ကျုပ်က ဘယ်သွားရမှာလဲ။ အသက်ကြီးပြီလေ။ သူတို့တွေ တက်လာတော့လဲ အလိုက်အထိုက်ပေါ့ဗျာ}}

ကျွန်တော်က မြန်မြန် နှုတ်ဆက်ပြီး သူ့ကို ကျောခိုင်းထွက်လာခဲ့ပါတယ်။

၂၄၊ ၀၁၊ ၂၀၁၂
Credit  here




ဒီမိုကရေစီဆိုတာ အင်္ဂလိပ်ဝေါဟာရတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာ ရေဒီယိုတို့၊ ကက်ဆက်တို့၊ မော်တော်ဆိုင်ကယ်တို့၊ မော်တော် ပီကယ်တို့ကို မွေးစား စကားလုံးတစ်လုံးအဖြစ် မြန်မာ့ဝေါဟာရဘဏ်တိုက်ထဲသို့ တရွေ့ရွေ့ သက်ဆင်းရောက်ရှိလာနေပြီ ဖြစ်တယ်ဗျ။ ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ အင်္ဂလိပ်စာ မပြောနဲ့ မြန်မာစာတောင်မတတ်တဲ့ ကျေးလက်ဒေသက တောသူတောင်သားတွေကတောင် "အရေးကိစ္စမှန်သမျှမှာ ပြည်သူလူထု အများစုကြီးရဲ့ဆန္ဒက အခရာဖြစ်တဲ့စနစ်"ဆိုတာကို သိနေကြပါပြီ။

နားရည်ဝနေပါပြီ

အထူးသဖြင့် မကြာမီလပိုင်းတွေ အတွင်း ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ ကျွန်တော်တို့နိုင်ငံမှာ ကြားရလွန်း ဖတ်ရလွန်းလို့ လူတိုင်း လူတိုင်း ကိုယ့်အိမ်ထောင်စုဝင် တစ်ယောက် ရဲ့ နာမည်ကို သိသလိုမျိုး သိနေကြတဲ့အမည် (ံhousehold name) တစ်ခုဖြစ်နေပါပြီ။ ရုပ်သံလွှင့်မီဒီယာတွေ၊ ပုံနှိပ်မီဒီယာတွေ ကတစ်ဆင့် နားလည်တတ်ကျွမ်းသူ တွေရဲ့ ဖွင့်ဆိုရှင်းလင်း ပညာပေးမှုတွေကြောင့်လည်း ပြည်သူတွေ၊ အထူးသဖြင့် ဂျာနယ်တွေ အရောက်အပေါက် ရှိတဲ့ မြို့နေပြည်သူတွေဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အတော်ကလေး နားရည်ဝ နေကြပြီဖြစ်တယ်လို့ ယူဆနိုင်တယ်ဗျ။

ပြည်သူက အရှင်သခင်

ဒီမိုကရေစီဟာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ သူတို့ လွတ်လပ်ငြိမ်းချမ်းလုံခြုံစွာ စီးပွား ရှာဖွေလုပ်ကိုင်နေထိုင် နိုင်ရေးကို မျှော်မှန်းပြီး လူ့အဖွဲ့အစည်းတစ်ခုရဲ့ ပင်မလုပ်ငန်းဆောင်တာကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို သူတို့ကိုယ်စား လုပ်ဆောင်ပေးဖို့ အစိုးရဆိုတာကို ရွေးချယ်ကြတာဖြစ်တယ်ဗျ။ ဒါကြောင့် ဒီမိုကရေစီစနစ်မှာ ပြည်သူက အရှင်သခင် အစိုးရက အစေခံ၊ အဲသလို သုံးနှုန်းတာ ရင့်သီးတယ်ဆိုရင် ပြည်သူက အလုပ်ရှင် အစိုးရ အလုပ်သမားဖြစ်တယ်ဗျာ။ အစိုးရက မိဘ ပြည်သူက သားသမီးဆိုတဲ့ တင်စားချက်မျိုးဟာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်အတွက်သာ ဖြစ်ပြီး ဒီမိုကရေစီစနစ်နဲ့ လားလားမှ မသက်ဆိုင် မဆီလျော်တဲ့ တင်စားချက် ဖြစ်တယ်ဗျာ။

အခွင့်အရေးနဲ့ တာဝန်

ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ အင်မတန် အရေးကြီးတဲ့အချက်တစ်ခုက ကျွန်တော်တို့ လမ်းလျှောက်ရာမှာ ဘယ်ခြေနဲ့ညာခြေ ဟန်ချက် ညီညီလှမ်းမှ လိုရာခရီးကို တည်တည်ငြိမ်ငြိမ် ဟန်ကျပန်ကျရောက်နိုင်မှာ ဖြစ်သလို အခွင့်အရေးနဲ့တာဝန် တိုက်ရိုက်အချိုးနဲ့ တည်ရှိနေတယ်ဆိုတဲ့အချက်ကို ပြည်သူတွေ သဘောပေါက်နားလည်ကျင့်ကြံလုပ်ကိုင်ကြမှသာ ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်အထည်ပေါ်လာနိုင်မယ်ဆိုတာဖြစ်တယ်ဗျ။ ကျွန်တော်တို့ နိုင်ငံမှာ ပါတီစုံလစ်ဘရယ် ဒီမိုကရေစီစနစ် ရပ်ဆိုင်းသွားခဲ့ချိန်ကစလို့ ဒီကနေ့အထိ၊ (တစ်နည်း) ၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်းကစလို့ ၂၀၀၇ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီတဲ့ အရေးအခင်းအထိ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို တောင်းဆိုလာခဲ့ကြတာရဲ့ အဓိပ္ပာယ် အစစ်အမှန်က ကျွန်တော်တို့ မြန်မာပြည်သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်နိုင်စွမ်းရှိသူတွေ ဖြစ်တယ် ဆိုတာကို လူသိရှင်ကြား ကြေညာလာခဲ့ကြတာပဲ ဖြစ်တယ်ဗျာ။

တပ်မတော်ခေါင်းဆောင်တွေ

အခုတော့ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတို့နှစ်ပေါင်း ၅၀ ကြာ လက်ဆင့်ကမ်း အုပ်ချုပ်လာခဲ့ကြတဲ့ တပ်မတော်ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ အဲဒီကြေညာစကားကို ကြားလည်းကြား အသိအမှတ်လည်း ပြုခဲ့ပြီဖြစ်ပုံရတာကြောင့် ဒီမိုကရေစီစနစ်ကိုလည်း ဦးဆောင်မှုနေရာကနေ စတင် အကောင်အထည်ဖော်နေပြီဖြစ်တယ်ဗျာ။

မွေးရာပါ အခွင့်အရေး

လူတစ်ယောက် သူ့ဘ၀သူ အုပ်ချုပ်စီမံခန့်ခွဲတဲ့ကိစ္စဟာ ဘယ်သူမှ လုယူလို့မရတဲ့ အဲဒီလူရဲ့မွေးရာပါ ကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ တစ်ချိန်တည်းမှာ သူ မလွဲမသွေထမ်းဆောင်ရမယ့်တာဝန်လည်း ဖြစ်တယ်ဗျ။ တာဝန်ဆိုတာကို သိမှသာ သူဟာ အဲဒီအခွင့်အရေးကို ရမှာဖြစ်တယ်ဗျ။

အခုအချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ ရာစုတစ်ဝက်လောက် ဆုံးရှုံးခဲ့ကြရတဲ့ အခွင့်အရေးတချို့ ပြန်ရကြပြီဖြစ်ပေမယ့် မရသေးတဲ့ အခွင့်အရေးတွေ အများအပြားရှိနေသေးတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအခွင့်အရေးတွေ ရလာစေဖို့ ဆက်လက် တောင်းဆိုရေးဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ တာဝန်ဖြစ်တယ်ဗျ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ဟာ အဲဒီအခွင့်အရေးတွေနဲ့ ထိုက်တန် သူတွေဖြစ်ကြောင်း ပြသဖို့ကိစ္စဟာလည်း ကျွန်တော်တို့ရဲ့တာဝန်ပဲဖြစ်တယ်ဗျ။

ရေဆန်ကို ကူးခတ်နေရသလို

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေအရရော နိုင်ငံတကာရဲ့ အတွေ့အကြုံတွေအရပါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းဟာ ရေဆန်ကို ကူးခတ်နေရတဲ့လုပ်ငန်းဖြစ်တာကြောင့် ကူးခတ်တာ ရပ်လိုက်တာနဲ့ အောက်ဘက်ကို ပြန်မျောပါသွားပြီး အဆုံးတစ်နေ့မှာ အာဏာရှင်စနစ်ဆိုတဲ့ ရေအောက်ကို ပြန်မြုပ်သွားမှာ ဖြစ်တယ်ဗျ။

မျက်ခြေမပြတ်စောင့်ကြည့်ရမယ်

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ အရေးကြီးတဲ့တာဝန်တစ်ခုကတော့ မိမိတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့လုပ်ရပ်များကို မျက်ခြည်မပြတ် သတိနဲ့ စောင့်ကြည့်နေဖို့ပဲ ဖြစ်တယ်ဗျ။ အကြောင်းကတော့ အဲသလို မလုပ်ရင် အစိုးရတွေဟာ တဖြည်းဖြည်းချင်း အောက်ခြေလွတ်လာပြီး ရွေးကောက်ခံ အာဏာရှင်စနစ် အဲဒီကမှတစ်ဆင့် ပြောင်ပြောင်တင်းတင်း အာဏာရှင် စနစ်ဆီသို့ လျှောကျသွား နိုင်တာကြောင့်ပဲ ဖြစ်တယ်ဗျ။

ဟန်ဂေရီမှာ စလာပြီ

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မကြာသေးခင်က ဖတ်ခဲ့ရတဲ့ နိုင်ငံတကာ သတင်းတချို့အကြောင်း ပြောပြချင်ပါတယ်။ တစ်ခုက ဟန်ဂေရီ နိုင်ငံကလာတဲ့ သတင်းဗျ။ အားလုံးသိကြတဲ့အတိုင်း နှစ်ဆယ်ရာစုအစောပိုင်းမှာ ဟန်ဂေရီဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပတ်လမ်းကြောင်းအတွင်း ကွန်မြူနစ် တစ်ပါတီ နိုင်ငံရေးစနစ်ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်တယ်ဗျ။ ဒါပေမယ့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားခဲ့ပြီးနောက်မှာ ဟန်ဂေရီဟာလည်း အခြား အရှေ့ဥရောပနိုင်ငံ အများအပြားနည်းတူ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်လာခဲ့ တယ်ဗျ။ ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာလည်း ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဖော်ပြချက်တွေ ထည့်သွင်းခဲ့တယ်ဗျ။ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖြစ်လာ တဲ့ပါတီက အဲဒီအခြေခံဥပဒေထဲက ပြည်သူတွေနဲ့ အခြေခံရပိုင်ခွင့်တွေကို အကာအကွယ်ပေးထားတဲ့အချက်တွေကို ပယ်ရှား ပစ်ဖို့ ကြိုးပမ်းလာတာ ကြောင့် အတိုက်အခံပါတီတွေက ၀ိုင်းပြီး ကန့်ကွက်နေကြရတယ်ဗျာ။

ပီနိုချေးခေတ်ကို ပြင်ဖို့ ကြိုးစားလာတယ်

နောက်တစ်ခုက ချီလီကလာတဲ့ သတင်းဗျ။ ချီလီမှာ အာဏာရနေတဲ့ ဗဟိုလက်ျာယိမ်းအစိုးရက ၁၉၇၃ က ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တဲ့ လက်ျာဝါဒီ ဗိုလ်ချုပ်ကြီးအော်ဂတ်စတို ပီနိုချေး အစိုးရလက်ထက်ကာလကို ကျောင်းသင်ရိုးသမိုင်းစာအုပ်တွေမှာ အစဉ် အဆက် ]အာဏာရှင်ခေတ်}ကို သုံးနှုန်းလာခဲ့တာကို ]သာမန်အုပ်ချုပ်ရေးခေတ်ကာလ} တစ်ခုလို့ပဲ ပြင်ဆင်သုံးနှုန်းရေးသားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းဖြစ်တယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ချီလီနိုင်ငံရေးလောကမှာ အတော်ဂယက်ရိုက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ နိုင်ငံခြားသတင်းတွေမှာ ဖတ်ရတယ်ဗျ။

စိတ်ချလက်ချနေလို့မရ

နိုင်ငံတကာသတင်းလောကမှာ အဲဒီလိုမျိုးသတင်းတွေ မကြာ မကြာ ပေါ်ထွက်လာလေ့ရှိတာကို ကျွန်တော် သတိပြုမိတယ်ဗျ။ ဒီသတင်းတွေကို ကြည့်ရင် အာဏာရှင်စနစ်က အသွင်ကူးပြောင်းယူလာရတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ဟာ ရန်သူပတ်လည်အ၀ိုင်းခံနေရတာမျိုး မဟုတ်ဘူး ဆိုရင်တောင် အမြဲတမ်း အေးအေးလူလူ စိတ်ချလက်ချနေလို့ရတဲ့ အနေ အထားမျိုး မဟုတ်ဘူးဆိုတာကို သတိပြုမိကြတယ်ထင်တယ်ဗျ။ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် မယုံကြည်ပေမယ့် အခြေအနေအရ မတတ်သာလို့ ဒီမိုကရေစီလိုက်ရတဲ့လူတွေ၊ အစကတော့ ဒီမိုကရေစီပါပဲ နောက်တော့မှ ကုလားထိုင်ပေါ်မှာ အနေကြာပြီး တဖြည်းဖြည်းချင်း အော်တိုကရေစီဖြစ်သွား တတ်တဲ့လူတွေရဲ့ အန္တရာယ်တွေက အမြဲရှိနေတာ ဖြစ်တယ်ဗျ။

စောင့်ကြည့်နေရမယ်

ဒါကြောင့် ကိုယ်ဆောက်ထားတဲ့ အဆောက်အဦကို ရေရှည်ခံအောင် အမြဲပြုပြင်မွမ်းမံနေရသလိုပဲ ကျွန်တော်တို့ ပြည်သူတွေဟာလည်း ကိုယ့်ကိုယ်ကိုယ်ရော ခေါင်းဆောင်အဖြစ် ကိုယ်က အသိအမှတ်ပြုထားရသူတွေ ကိုပါ ဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် တစ်ရံမလပ် အရိပ်တကြည့်ကြည့် စောင့်ရှောက် စစ်ဆေး လေ့လာ သုံးသပ်နေကြဖို့ လိုအပ်ကြောင်းပါဗျာ။

maungwuntha@gmail.com

Messenger ဂျာနယ် ယခုအပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

ဒီမိုကရေစီ အရိပ်အရောင်လေး မြင်ခါရှိသေး၊ စိတ်မအေးနိုင်စရာတွေ စဉ်းစားမိလို့ အရိပ်တကြည့်ကြည့်နဲ့ နေသင့်ပုံကို ရေးထားတာပါ။

Credit here




မောင်ဝံသ

ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။

အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့ သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ၊ မိုး သဲကြီးမဲကြီး ရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။

အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။

ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။

အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစား တွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။

သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွား အစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်ခဲ့တာ စတဲ့ လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။

နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူ အစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ်တွေလား စတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက် မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။

နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။
အဲဒီ ရောဂါကတော့ ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ် စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခု အတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။

နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။ တကယ်တော့ အခုအချိန်မှာ ဘာမှ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီ ဆိုတာ နိုင်ငံရေး ကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထား အမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ် ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။

အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလို ပါတီထဲ ဝင်ပြီး လုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့် ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။

(ဒီဇင်ဘာ ၂၉ ထုတ် Popular News အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)

Credit here


The Messenger မက်ဆင်ဂျာ ဂျာနယ် ယခုပတ်ထုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။


ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရကို ရရာလက်နက် မီးကျိုးမောင်းပျက်တွေနဲ့ ခုခံတော်လှန်ခဲ့တဲ့ လယ်သမားခေါင်းဆောင်ကြီး ဆရာစံ ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရမှု (၈၀) နှစ်မြောက် အခမ်းအနားကို ဆရာစံရဲ့ ဂဠုန်တော်လှန်ရေး အခြေစိုက်ခဲ့ရာ သာယာဝတီမြို့မှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေး ပါတီတွေက ကြီးမှူးပြီး ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တယ်ဆိုတဲ့ သတင်းကို ကြားသိခဲ့ရတယ်ဗျ။

အဲသလိုပဲ ကိုလိုနီခေတ်မှာ မြန်မာပြည်သူတွကို ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့သူ၊ အဲဒီတုန်းက ဗြိတိသျှနိုင်ငံသား မြန်မာပြည် ဘုရင်ခံကို ]ကရက်ဒေါက် ဂက်တောက်}ဆိုတဲ့ မောင်းထုတ်တဲ့စကားနဲ့အတူ နိုင်ငံရေးတရားများကို ရဲရဲတောက် ဟောပြောခဲ့သူ ဆရာတော် ဦးဥတ္တမရဲ့ မွေးနေ့ နှစ်လည် အမှတ်တရအခမ်းအနားများကိုလည်း ရန်ကုန်မှာရော၊ ရခိုင်ပြည်နယ်မှာပါ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ တယ်ဗျာ။ အဲသလိုပဲ ရှစ်လေးလုံး အမှတ်တရပွဲ၊ နိုင်ငံရေးခေါင်းဆောင်များ ပူဇော်ကန်တော့ပွဲ၊ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ မွေးနေ့ပွဲ၊ အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ စတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ လှုပ်ရှားမှုတွေ အခုတလောမှာ ခပ်စိတ်စိတ် ပေါ်ထွက်လာနေခဲ့တာ အားလုံးအသိဖြစ်တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ် ပါတီဝင်ဟောင်းတချို့ စည်းရုံးစီစဉ်တဲ့ လမ်းလျှောက် ချီတက်ပွဲနဲ့ လယ်သမား တချို့ရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေလည်း မကြာသေးမီ လပိုင်းအတွင်း ပေါ်ပေါက်ခဲ့တယ်ဗျ။



လွတ်ငြိမ်းချမ်းသာခွင့်


အားလုံးသိကြတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရလဒ်အဖြစ် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ ပြစ်ဒဏ်လျှော့ ပေါ့သက်သာခွင့်ပဲခေါ်ခေါ် လွတ်ငြိမ်းချမ်းသာခွင့်ပဲခေါ်ခေါ် သမ္မတလက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေကြောင့် အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ကြတာ နှစ်ကြိမ်ရှိသွားပြီဖြစ်တယ်ဗျ။ ပထမဆုံးအကြိမ်မှာ ပြစ်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်တယ်ဆိုတဲ့ ဖော်ပြချက် ကြောင့် ပြည်သူတွေမှာ ခဲလေသမျှ သဲရေကျဖြစ်သွားခဲ့ကြရပေမယ့် ဒုတိယအကြိမ်မှာ နာမည်ကြီးတချို့ အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ နှစ်ရာကျော်ပါလာတဲ့အချက်နဲ့ မကြာခင် နောက်ထပ် လွှတ်ပေးဖို့ရှိပါ သေးတယ်ဆိုတဲ့ နိုင်ငံတော်အစိုးရတာဝန် ရှိသူတချို့ရဲ့ ပြောစကားတွေကြောင့် ပြည်သူတွေဟာ တတိယအကြိမ် လွှတ်ပေးမှုကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြတယ်ဗျ။ ဒုတိယအကြိမ်တုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပန်ကြားမေတ္တာရပ်ခံချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့မှာ အကျဉ်းသားတွေ ပြန်လွတ်လာခဲ့တာမို့ တတိယ အကြိမ်အတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ လူအခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယအကြိမ် ပန်ကြားချက် ထွက်ပေါ်လာခဲ့ပြီး နောက်တစ်နေ့ကစလို့ တစ်ဟုန်ထိုး လင်းလက်တောက်ပလာခဲ့တယ်ဗျ။

မေးခွန်းထုတ်လာကြပြီ


ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အဲဒီပန်ကြားချက် ထွက်ပေါ်လာ ခဲ့တာ အခုဆိုရင် ရက်သတ္တသုံးပတ်လောက်ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် ပြည်သူ အားလုံးမျှော်လင့်စောင့်ဆိုင်းနေကြတဲ့ တတိယအကြိမ် အကျဉ်းသား လွတ်မြောက်မှုက ပေါ်ထွက်မလာသေးဘူးဗျ။ ဒီအခြေ အနေကြောင့် ပြည်သူတွေအကြား အားမလို အားမရဖြစ်တဲ့ လေသံတွေ ပေါ်ထွက်လာနေပြီး တချို့ဆိုရင် သမ္မတကြီးဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီ ကတိက၀တ်များအပေါ် မေးခွန်းထုတ်မှုတွေတောင် ပြန်လုပ်လာခဲ့ကြတယ်ဗျ။



အတည်မပြုနိုင်တဲ့သတင်းတွေ

ဒီအချိန်မှာ အကျဉ်းသားတွေကို တတိယအကြိမ် ပြန်လွှတ်ပေးရေးကိစ္စနဲ့ ပတ်သက်ပြီး အတည်မပြုနိုင်တဲ့ သတင်းတွေလည်း အမျိုးမျိုး ကြားနေရတယ်ဗျ။ အဲဒီသတင်းတွေထဲမှာ လွှတ်ခါနီးမှ နိုင်ငံတော်ရဲ့ အမြင့်ဆုံးအာဏာပိုင် ယန္တရားဖြစ်တဲ့ ]ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဆီက အတည်ပြုချက် မရလို့ မလွှတ်သေးတာဆိုတဲ့ သတင်းမျိုးလည်း ပါတယ်ဗျ။ ဒီသတင်းက တရားဝင်ထွက်ပေါ်လာတဲ့ သတင်း မဟုတ်ပေမယ့် ဖြစ်ချင်လည်း ဖြစ်နိုင်တာမို့ ကျွန်တော်တို့လို ပြည်သူတွေရဲ့ နား၊ မျက်စိ၊ ပါးစပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးထားတဲ့ စတုတ္ထမဏ္ဍိုင်သားတွေအတွက်တော့ လုံးလုံးလျားလျား လျစ်လျူရှုလို့မရနိုင်တဲ့ သတင်းမျိုးဖြစ်တာကြောင့် ဖြစ်နိုင်ချေကို တွက်ချက်ရာမှာ ထည့်သွင်းစဉ်းစားခဲ့ကြရတယ်ဗျာ။



အကြံပေးအဖွဲ့ဝင်ရဲ့စကား

အဲသလို ကျွန်တော်တို့ အပါအ၀င် ပြည်သူတွေက သို့လော သို့လော စဉ်းစားနေကြချိန်မှာ နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့ဝင် တစ်ဦးက ]]အခုတလော နိုင်ငံရေးလှုပ်ရှားမှုကလေးတွေ ဟိုနေရာ ဒီနေရာမှာ ပေါ်လာတာမျိုးလေးတွေ ရှိနေတော့ အကျဉ်းသားများ တတိယအကြိမ် လွှတ်ပေးရေးကိစ္စကို လူကြီးတွေက သေသေချာချာ စဉ်းစားဆုံးဖြတ်နေကြ တယ်နဲ့ တူပါတယ်}} ဆိုတဲ့ စကားကို ဂျာနယ် တစ်ခုထဲမှာ ဖတ်လိုက်ရတော့ ကျွန်တော့်ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အကျဉ်းသားတွေ တတိယအကြိမ် ပြန်လည်လွတ်မြောက် လာရေး နှောင့်နှေးကြန့်ကြာနေရတဲ့ကိစ္စ ဆက်များဆက်စပ်နေသလားလို့ စဉ်းစားစရာတွေ ဖြစ်လာတယ်ဗျ။



ပြည်သူ့အစိုးရဆိုတာ

အားလုံးသိကြတဲ့အတိုင်း ဒီမိုကရေစီစနစ်ဆိုတာ ]]ပြည်သူတွေအတွက် နိုင်ငံတော်အာဏာကို ပြည်သူတွေကိုယ်တိုင် ကိုင်တွယ်စီမံ ခန့်ခွဲအသုံးပြုတဲ့ ပြည်သူ့အစိုးရစနစ် င်္သမ အ့န စနသစူနယ ဘပ အ့န စနသစူနယ သ် အ့န စနသစူန ဖြစ်တယ်ဗျာ။ တစ်နည်းပြောရရင် ဒီမိုကရေစီစနစ် ဆိုတာ နိုင်ငံရဲ့အရေးအရာ အားလုံးမှာ ပြည်သူတွေက တာဝန်သိစိတ်အပြည့် နိုးနိုးကြားကြား တက်တက်



နိုင်ငံရေးနဲ့ ဝေးခဲ့ခြင်း အကြောင်း

အဲဒီအသိ အဲဒီအလေ့အထမျိုးဟာ ကျွန်တော်တို့ပြည်သူတွေအတွက် အသစ်အဆန်း မဟုတ်ဘူးဗျ။ အများကြီး ရင်းနှီးကျွမ်းဝင်ခဲ့ဖူးပြီး အများကြီး ကျင့်သုံးလုပ်ဆောင်ခဲ့ဖူးတဲ့ အသိနဲ့ အလေ့အထတွေဖြစ်တယ်ဗျာ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက်က ပေါ်ထွက်လာခဲ့တဲ့ နိုင်ငံရေးစနစ်တစ်ခုက မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်တွေ့အရ မြန်မာပြည်သူလူထုအများစုကြီးကို နိုင်ငံရေးနယ်ပယ်အပြင်ဘက်မှာ ခေါက်ထားခဲ့ခြင်းကြောင့်သာ မြန်မာပြည်သူ တွေနဲ့ နိုင်ငံရေးဟာ ]ကြားလေသွေး}ဝေးနေခဲ့ကြရတာ ဖြစ်တယ်ဗျ။ ဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် အဲဒီကာလတစ်လျှောက်လုံး နီးပါးမှာ မြန်မာပြည်သူ တွေဟာ နိုင်ငံရေးအရ ထုံထိုင်းလေးလံထိုင်းမှိုင်းနေ ခဲ့ကြပြီး ယိမ်းတိုက်ထားတဲ့ေ

အခုအချိန်မှာတော့ အဲဒီအခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အစိုးရကရော နိုင်ငံရေးသမားများကပါ ကြိုးစားနေကြပြီဖြစ်တယ်ဗျ။ ပြည်သူတစ်ရပ်လုံးက နိုးကြားတက်ကြွမှုအပြည့်နဲ့ ပူးပေါင်းပါဝင်လှုပ်ရှားမှသာ ဆိုက်ရောက် နိုင်မှာဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင်သို့ ဦးတည်လျှောက်လှမ်း နေပြီဖြစ်တယ်ဗျ။ ဒီလိုအချိန်မျိုးမှာ ငြိမ်းချမ်းတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ငှက်မသိတော့ ဆက်ရက် ချိုးထင်၊ အချက်မသိတော့ သမက် သူခိုးထင်ဆိုသလို စိုးရိမ်ပူပန်နေရမယ့် အရာမဟုတ်ဘဲ ကြိုဆိုအားပေးကူညီရမယ့်အရာတွေသာ ဖြစ်ကြောင်းပါဗျာ။

မောင်ဝံသ

၀၆ ၁၂ ၁၁

Credit here
Rohingya Exodus