Latest Highlight

အမုန်းတံခါးပြင်လိုက်ပါ | ဒေါ်မေယုခင်

ဘင်္ဂလီလို့ ကင်မွန်းတပ်လိုက်ပြီးနောက် အမုန်းတံခါးကျိုးသွားပါတယ်။ အနောက် တံခါး ကျိုး တယ်ဆိုတာထက် အမုန်းတံခါးကျိုး သွား တယ်လို့ ပြောရင် ပိုပြီးမှန်ကန်ပါ လိမ့်မယ်။ ဘင်္ဂလီ လို့ ခေါ်ခြင်းအားဖြင့် ဘင်္ဂလားဒေရှ့်  နိုင်ငံမှ ခိုးဝင် လာသူအဖြစ် ထင်ယောင် ထင်မှား ဖြစ်စေပါတယ်။ မျက်စိ၊ နား၊ တံခါး ပိတ်ထားခြင်းခံရတဲ့ မြန်မာ ပြည်သူလူထု့ က အမှားအမှန်ကို ခွဲခြားဝေဖန်ဖို့ ခက်ခဲသွားသဖြင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာ ပါတယ်။ အမုန်းတရားတွေ တိုးပွား လာပါတယ်။ ရခိုင်ပြည်အတွင်း မှီတင်းနေ ထိုင်ကြ တဲ့ ရခိုင် နှင့် မွတ်စလင်မ် တွေဟာ နှစ်ပေါင်း များစွာ ကထဲက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသကဲ့သို့ အတူယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။

သို့ သော် မလိုလားအပ်တဲ့ အမုန်းတရားကြောင့် ရခိုင်ပြည်အတွင်း ဆူပူမှု့ တွေ အကြမ်းဖက်မှု့ တွေဟာ ယနေ့  အထိ အဆုံးမသတ်နိုင်သေးပါ။ အသက် အိုးအိမ်တွေ ဆုံးရှုံးပျက်စီးသွားပြီး ဒုက္ခသည် ဘဝကို ရောက်သွားကြပါ တယ်။

အနောက်ဖက်တံခါးမှာ အနောက်တံခါး ဘီးလူး၊ မျိုးစောင့် ဘီးလူးတွေ ရှိပါတယ်။ အမျိုးမတူ ဘာသာမတူ သာသနာ မတူတဲ့ ဘင်္ဂလီလူမျိုးများ အလွယ်တကူဝင်လာဖို့ ဆိုတာ မဖြစ်နိုင်ပါ။ အနောက်တံခါးက ဝင်လာသူ တွေမှာ ဘင်္ဂလီရခိုင် (အဝကျွန်းသား အနောက်သား) တွေပဲဖြစ်ပါတယ်။ ဘင်္ဂလီ မွတ်စ်လင်မ်တွေ အစုလိုက် အပြုံလိုက် ဝင်လာတယ်ဆိုပြီး ပုံမှားရိုက်ကာ အရေးအခင်းကို ဖန်းတီးကြတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ရိုဟင်ဂျာ မရှိစေရဆိုတဲ့ ရှေ့ ပြေးစကားနဲ့ အညီ ရိုဟင်ဂျာတွေကို ဘင်္ဂလီ အဖြစ်ပြောင်းလဲ ခေါ်ဆိုကာ ဒုက္ခသည် ဘဝကို တွန်းပို့ ကြတယ်။ မြန်မာပြည်သူလူထုတရပ် လုံးအား ရိုဟင်ဂျာတွေကို အနောက်တံခါးမှ ကျူးကျော်လာသူများ အဖြစ် ဘုံရန်သူဟုသတ်မှတ်ကာ တိုင်းရင်းသားရခိုင်တွေကိုကာကွယ်ရမယ်၊ အချုပ်အချာအာဏာကိုထိပါးသူ တွေအား တိုက်ခိုက်ချေမှုန်းရမယ် ဆိုတဲ့ မိုးလုံးပြည့်မုသားဝါဒ ကိုသုံးပြီး မျိုးချစ်စိတ်တွေကို နိုးဆွပေးတယ်။ ဘင်္ဂလီတွေကို သတ်ပါ မောင်းထုတ်ပါ ဟုဆိုပြီး ကြွေးကြော်ကြတယ်။ အရှင်ထွက်ရင်ထွက် မထွက်ရင် အသေ ထွက်ရမယ်ဆိုတဲ့ ခြိမ်းခြောက်သံတွေကလဲ တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းပါတယ်။ သတင်းအမှားနှင့် ကောလာဟာလတို့ ကြောင့် မုန်းတီးမှု့ နှင့် သံသယမကင်းမှု များကိုပိုမိုတိုးပွားစေပါတယ်။ ရခိုင်တိုးတက်ရေး ပါတီကလဲ ရခိုင်လူမျိုးတိုးတက်ရေးကို အဓိကပေး ဆောင်ရွက်နေသလို ရိုဟင်ဂျာမုန်းတီးရေးကိုပါ ပူးတွဲဆောင် ရွက်နေပါတယ်။ အမုန်းတွေကို ချယ်သပြီး ရခိုင်ပြည်ကို အလှဆင်နေကြပါတယ်။

ရိုဟင်ဂျာဆိုတာ သီးခြား(အသစ်) လူမျိုးတစ်စုတော့မဟုတ်ပါ။ ရခိုင်ပြည်နယ်မှာ ဆွေစဉ်မျိုးဆက်နေထိုင်လာခဲ့ တဲ့ မူလလက်ဟောင်း လူမျိုးတစ်စုပါ။ ဘင်္ဂလီဆိုတာ ဘင်္ဂလားဒေရှ့်နိုင်ငံမှ လူမျိုးစုတွေကိုခေါ်ပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကတော့ အာဏာရှင်နိုင်ငံပါ။ ရိုဟင်ဂျာ တွေဟာ မြန်မာနိုင်ငံအပေါ်အစဉ်အမြဲ သစ္စာရှိစွာဖြင့် နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ ဇာတိမြေဖြစ်သော ရခိုင် မြေကိုလဲ ချစ်မြတ်နိုးပြီး အေးချမ်းသာယာမှုကို အမြဲလိုလားကြပါတယ်။ အမုန်းတွေကြောင့် စည်းလုံးမူ့ တွေမပြို ကွဲစေခြင်းပါ၊ အမုန်းတွေကို ရုတ်သိမ်းပြီး ငြိမ်းချမ်းမှု့ ထာဝရ ရှင်သန်ဖို့ အားလုံး အတူလက်တွဲ ကြိုးစားကြပါစို့  လာ။ 

Face Book စာမျက်နှာမှကူးယူဖေါ်ပြသည်။ (၁၆-၀၇-၂၀၁၂)
ဒေါ်မေယုခင်

Write A Comment

Rohingya Exodus