Latest Highlight

မြန်မာအစိုးရဟာ ရခိုင်ကိစ္စမှာ တရားခံဟုတ်မဟုတ် သမိုင်းမှာ မှတ်ကျောက်တင်ကြည့်ကြပါစို့


အာဏာဟာ သေနတ်ပြောင်းဝက သာလာပြီး အနိုင်ရသူတွေက (တရားဝင်) သမိုင်းရေးနေတဲ့ကာလမှာ ကိုယ်ဖဲကိုယ်ချိုး ကိုယ့်ဥပဒေ ကိုယ်ထုတ်ထားတဲ့အစိုးရတရပ် ဆိုသူတွေက ရခိုင်ပြသနာကို သူတို့ အကြပ်အတည်းတွေ အတွက် ထွက်ပေါက်တခု ဖန်တီး လိုက် တယ်လို့ ဆိုရမှာပါ၊၊ ရခိုင်ပြည်နယ်ကဘင်္ဂါလီနဲ့ရခိုင်ပြ သနာဟာ အစိုးရ မဖန်တီးဘဲဖြစ်လာနိုင်စရာ မရှိပေ၊၊ ဘာကြောင့်ဒီလိုပြောနိုင်သနည်း၊၊ အစိုးရဟာကချင်စစ်ပွဲတွေကြောင့်မျက်နှာပျက်နေရချိန် အပစ်ရပ်ထား တဲ့ တိုင်းရင်းသားတွေကလဲ ယုံကြည်မှုနည်းနေ ချိန် ပြည်တွင်းက အလုပ် သမား ဆန္ဒပြမှုက လုပ်အားခတောင်းတဲ့ပြသနာ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီးတေင်းတဲ့ပြသနာ။ လယ်သိမ်းခံရလို့ လယ်သမားတွေနဲ့ ခေတ်ပျက်သူဌေးတွေကြား ပြသနာတွေ ကသူတို့နဲ့တိုက်ရိုက် သက်ဆိုင်နေတဲ့ အရာတွေဖြစ်နေပါတယ်။ တဖက်မှာလည်း ဒီမိုကရေစီကို အကြောင်း ပြုပြီး လွတ်လပ်စွာပြောဆိုခွင့်၊စုဝေးခွင့်၊ထုတ်ဝေခွင့်တွေ ပွင့်လင်းလာပြီဆိုတာကို တောင်းဆိုသံ ကျယ်လောင် လာတဲ့ကာလမှာတသက်လုံးတသွေးတသံထိမ်းသိမ်းလာခဲ့တဲ့လူ့အခွင့်အရေးချိုးဖေါက်မှုကြီးကို ခေါင်းပြူထွက်မလာဘိုးအတွက် သတိဆိုတဲ့ချွန်းနဲ့ အုပ်နေခဲ့ပါတယ်။


Document 1

Write A Comment

Rohingya Exodus