Latest Highlight

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

Speaker Ali Larijani 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။

အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ AI နဲ့ The Arakan Project စတဲ့ အဖွဲ့တွေက အခြေအနေ အေးချမ်းသွားပြီ ဆိုပေမဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင် အများအပြားကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ထင်သလို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေ၊ တချို့နေရာတွေမှာ ရိုက်နှက် သတ်ဖြတ်တာတွေ ရှိခဲ့ကြောင်း ပြောဆိုပါတယ်။

Source :RFA 

  1. ရိုဟင်ဂျာတွေကိုယ်နယ်မြေမှာ နေခွင့်မရဘူးဆိုတော့ နောက်ဆုံးမှာ UN ရဲ့စစ်တပ်အောက်မှာ ရခိုင်ပြည်နယ်ကိုကာကွယ်သင့်တယ်။ မြန်မြန်လုပ်စေချင်ပါတယ်။ အကြမ်းဖက်ရခိုင်တွေမြန်မြန်ငြိမ်းသွားပါစေ။

Write A Comment

Rohingya Exodus