Latest Highlight

ရခိုင်ပြည်နယ် စစ်တွေမြို့မှ မွတ်စလင်မ်မျာဧ။် အိမ်များကို လုံထိမ်းတပ်ဖွဲ့နှင့် အကွက်ဆင်ပြီး ရခိုင်များက မီးရှို့




ရခိုင်ပြည်နယ် စစ်တွေ မြို့ စစ်တွေမြို့ ၀ါယာလစ်ရွာကို ရခိုင်များက ၀င်တိုင်ရန် နေ့ခင်းတစ်နာရီမှ စပြီး မော်တော်ဆိုင်ကယ်တွေနဲ့ စစ်တွေ မြို့ မြို့နယ် ပညာရေးမှုးရုံးအလွန် စစ်တွေ မီးစက်ကြီးအဆင်းလမ်းဝ
သို့ ရခိုင်များက အော်ဟစ်ကြွေးကြော်ပြီး တစ်ဖြည်းဖြည်းသွားစုခဲ့ ပါသည်။ဖြစ်စဉ်မှာ စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းအနီးမှ မွတ်စလင်မ် အဖွားလေး နူရ်အာရှား(ဘ) အာလီဟူးဆောင်း(အသတ် ၇၀)သည်အောင်တိုင်မှ မိမိနေအိမ်မကျဉ်းမြိုင်သို့လာစဉ် ရခိုင်အစွန်းရောက်သမားတစ်ချို့ က ရိုက်သတ်လိုက်ပါသည်။

သူနဲ့ တူပါလာသော မြေးမလေး မိန်နာရာ(ဘ)ဦးအီဆုဗ် အသက် ၁၃ နှစ်အရွယ် ကလေးမလေးတို့ကို ရခိုင်အစွန်းရောက်သမားများက သတ်လိုက်ကြတယ်လို့ သတင်ရပြီးချင်း စစ်တွေ မြို့ ဘုမေရွာမှ မွတ်စလင်မ်များထွက်ကြည့်လာရာ ရခိုင်အစွန်းရောက်ဝါဒီများက မွတ်စလင်မ်တွေနဲ့ ပြသနာရှာရန်အလို့ငှါလူစူလူဝေများ တစ်ဖြည်းဖြည်းနှင့် စစ်တွေမြို့ မေယုလမ်းနှင့် စက်ရုံစုလမ်းမှ အစွန်းရောက်ဝါဒဖြန့် ရခိုင်များ တစ်ဖြည်းဖြည်းစုလာကြပါသည်။ စုလာသောရခိုင်အစွန်းရောက် သမားဦးရေ မှာ တစ်ဖြည်းဖြည်းများပြားလားပြီး လူဦးရေ တစ်သောင်းကျော်ခန့်ရောက်ရှိလာပြီး ဘုမေဘက်က မကျဉ်းမြိုင်အုပ်စုမှ ရွာ နှစ်ရွာကို မီးရှို့ရန်ကြိုးစားသော်လည်း မွတ်စလင်မ်များက ကာကွယ်ရန်အလို့ငှါ စောင့်ဆိုင်းနေသောကြောင့်ရခိုင်များ ရွာထဲသို့ မ၀င်နိုင်ခဲ့ပါ။၎င်း ခိုင်ဝါဒဖြန့်အစွန်းရောက်များရောက်လာပြီး စုဝေးနေချိန်တွင် စစ်တွေ ရဲတပ်ဖွဲ့ မှ လုံခြုံရေး လုံထိန်းများ အစိုးရမှ ချပေးထားပါသည်။

စစ်တွေမြို့ မေယုလမ်းနှင့် လေယာဉ်သွားလမ်းပေါ်ရှိ ရှဖီခါန် ဗလီးကို ရခိုင်အစွန်းရောက် အကြမ်းဘက် သမားများက မီးရှို့ပျက်စီးလိုက်ကြောင်း သိရှိရပါသည်။ထိုမှတစ်ဖန် ရခိုင်အစွန်းရောက်များသည် စစ်တွေ ဘုမေဘက်သို့ ချီတတ်လာပြီး ဘုမေ၀ါယာလစ်ဘက်တွင် အိမ်တစ်ချို့ကို ည ၁၁နာရီ ၁၂ နာရီ လောက်မှစပြီး မီးရှို့လိုက်ပါသည်။စစ်တွေ မင်ဂံရပ်ကွက်မှ ရခိုင်များက လူနည်းစု မွတ်စလင်မ်များဧ။်အိမ်များကို မီးရှို့လိုင်ကြာင်း သိရှိရပါသည်။ မီးအရှို့ ခံရသူ မွတ်စလင်မ်များက မီးမကူးမိအောင်ကာကွယ်ရန် မီးငြိမ်းရန်ထွက်လာသောအခါ ရခိုင်တွေနဲ့ လုံထိန်းတပ်ဖွဲ့(ရခိုင်လုံထိမ်း)က အပြစ်မဲ့ မွတ်စလင်မ်တွေကို အကွက်ဆင်ပြီးပစ်သတ်သောကြောင့် မွတ်စလင်မ်တော်တော်များများသေကြေ ဓါဏ်ရာရတယ်လို့ကြားသိရပါတယ်။သေသူများမှာ အကွက်ဆင်ပြီးတိုက်ခိုက်ခံခဲ့ရပြီး အလောင်းများကိုလည်း ရခိုင် လုံထိန်းတပ်ဖွဲ့ မှ ပျောက်ထားသည်လို့ သိရှိရပါသည်။အိမ်ခြေ အနည်းဆုံး ၂၀ လောက်ထိမီးရှီု့ခံရပြီး လူအသေအပျောက်ရှိတယ်လို့ ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။ ရခိုင်သားများသည် ညအမှောင်ကို အမှီုပြူပြီး မွတ်စလင်မ် မော်လ၀ီများဝတ်သည့်ဝတ်စုံကို ၀တ်ဆင်ပြီး လုပ်ကွက်လုပ်ပြီး သွားရောက်တိုက်ခိုက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် သင်္ကန်းဈေးကလည်းတက်လာတယ်လို့ ကြားသိရပါသည်။

Source : စစ်တွေ မွတ်စလင်မ် သတင်းပေးသမား

___________________________________________________________

(၁ နာရီ သတင်း)
စစ်တွေမြို့ မကျဉ်းမြိုင်ရပ်ကွက် အကွက်အမှတ်(၉)နေ ဒေါ်နူရ်အာရှား(ဘ) အာလီဟူးဆောင်း အသက် ၇၀ နှင့် သူမြေးမလေးဖြစ်သူနှစ်ဦးကို စစ်တွေ မြို့ အောင်တိုင်ရပ်ကွက်မှ မကျဉ်းမြိုင်ရပ်ကွက်သို့
ပြန်အလာ စစ်တွေမြို့ ဝေသာလီကွင်းအနီးရှိ စစ်တွေကားဂိတ်နား မေယုလမ်းနှင့် ဝေသာလီဘောလုံးကွင်းနားမှာ အသတ်ခံရတယ်လို့သိရပါတယ်။ အဖွားဖြစ်သူ ရဲ့အလောင်းကို ရဲတပ်ဖွဲ့မှ ရှာယူလာပြီး
စစ်တွေ ဆေးရုံးတွင် အလောင်းရုံတွင်ခားရှိတယ်လို့ သတင်းရှိပါတယ်။မြေးလေး မိန်အာရာ(ဘ)ဦးအီဆုပ် ရဲ့ အလောင်းကိုတော့ ယခုထိရှာမတွေ့သေးပါလို့သတင်းရရှိပါတယ်။စစ်တွေ မြို့ခံ ရခိုင်များရဲ့
သတ်ခြင်းကို ခံရတာဖြစ်ပါတယ်။


နောက်သတင်းတစ်ခုကတော့(ညနေ ၈း၂၀)သတင်း

ပေါက်တော မြို့သည် မွတ်စလင်မ် လူနည်းစုများ နေထိုင်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ ပေါက်တောမြို့ အမှတ်(၃)ရွာ နှင့် ရွာဟောင်းရွာတို့ကို ရခိုင်တွေ က မီးရှိုးပျက်စီနေကြောင်း ကြားသိရပါငာယ်။
လူနည်းစုတွေ ဖြစ်သောကြောင့် ရွာမှ လူများ ပြန်ထွက်လို့မရဘဲ ဖြစ်နေပါတယ်။ ၄င်းရွာမှ ရွာသူရွာသားတွေရဲ့ အသက်အန္ဒရာယ်ကို စိုးရိမ်နေရပါသည်။


နောက်တစ်ခုကတော့ (၈း၂၀)
စစ်တွေမြို့ မေယုလမ်းပေါ် လေယာဉ်ကွင်းအနီးရှိ ရှဖီးခါန်ဗလီကို မီးရှို့လိုက်ပါတယ်။




  1. သတင်းတွေ လာလာ ဖတ်ပါတယ်။ ၀မ်းသာစရာကောင်းလို့ပါ။ မင်းတို့ ကုလားမျိုးတွေ ပြုတ်နေတာကြည့်ရပြီး မင်းပြောတဲ့ အတိုင်း တကယ်ဖြစ်ပါစေလို့ဆုတောင်းရတာ အမောကွာ။ တကယ်မဟုတ်ရင်လည်း ဒါမျိုးတွေ ဆက်ရေးကွာ ၀မ်းသားလွန်းလို့။

Write A Comment

Rohingya Exodus