Latest Highlight

သတင်းအမှောင်ချမှုကြောင့် ရခိုင်ဒေသတွင် လူသေနှုန်း ပိုများနိုင်

MMSY
ဂျွန် ၂၅၊ ၂၀၁၂













Photo-AFP

ရခိုင်ပြည်နယ်အရေးအခင်းတွင် လူသေလူပျောက်ရာခိုင်နှုန်း အဆမတန် ပိုများနိုင်ကြောင်း ရခိုင်ပြည်နယ်သတင်းရပ်ကွက်များမှပေးပို့ သော အချက်အ လက်များအရသိရှိရသည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသက်ဆုံးရှုံးသူအရေအတွက် ၅၀ ကျော်ဟုဆိုသော်လည်း မွတ်စလင်မ်ဖက်မှ သေဆုံးမှု ပိုများလျက်ရှိသည်။

ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် လွတ်တော်အမတ် ဦးရွေမောင်ထံသို့  မွတ်စလင်မ်ကိုယ်စားလှယ်ပေးပို့ သောစာတွင် ဇွန်လ ၉ ရက်နေ့ မှ ၁၈ ရက်နေ့ အ တွင်း စုစည်းရရှိသောစာရင်းအရ မွတ်စလင်မ်သေဆုံးသူ ၁၅၉ ဦး၊ ပျောက်ဆုံးနေသူ ၁၂၄၀ဦး၊ ဓားနှင့် ကျည်ဆံကြောင့်ဒဏ်ရာရရှိသူ ၈၀၀ ဦးနှင့် ဒုက္ခသည် ၉၄၆၁၃ ဦးရှိသည်။ ထိုစာရင်းမှာ စစ်တွေတ၀ိုက်တွင်သာဖြစ်ပြီး ပြည်နယ်တခုလုံးတွင် ပိုမိုများပြားနိုင်သည်။

သတင်းအမှောင်ချထားမှုများကြောင့် မွတ်စလင်မ် သေဆုံးမှုသတင်းအမှန် ရရှိရန်မလွယ်ကူပေ။ မွတ်စလင်မ်များနေထိုင်သည့် နေရာအများအပြားသို့  သတင်းထောက်တိုင်းကို ပေးမသွားကြောင်း၊ လူမှုရေးအဖွဲ့ အစည်းများအား လုံးဝပေးမသွားကြောင်း ရခိုင်ဒေသသို့ ရောက်ရှိနေသည့် အလွတ်တန်း သတင်းထောက်တဦး ထံမှသိရသည်။

နစကနှင့် လုံထိန်းများသည် အိမ်တွင်းဝင်ရောက်ပစ်ခတ်ပြီး အလောင်းများဖျောက်လျက်ရှိကြောင်း၊ အိမ်နှင့် ပလီများအတွင်း လူများအား လှောင်ပိတ် သွင်းကာ မီးရှို့ မှုများလုပ်လျက်ရှိကြောင်း၊ အိမ်များမီးရှို့ သဖြင့် စာရွက်စာတမ်းများ မီးထဲပါသွားရာ သက်သေအထောက်အထားမပြနိုင်တော့သည့် မိသားစုများအား တဖက်မှ ခိုးဝင်လာသူများအဖြစ် ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ဘန်ကောက်မြို့ တွင် အလုပ်လုပ်ကိုင်နေပြီး စစ်တွေတွင် မိသားစုရှိသော ကိုမောင်ဝင်း က “စစ်တွေမှာ နေ့ တိုင်း လူသေတာတွေရှိတယ်။ ကျနော်တို့ ရို ဟင်ဂျာတွေကို အိမ်ထဲဝင်ပစ်တယ်။ အပြင်ကနေလည်း အိမ်တည့်တည့် သေနတ်တွေနဲ့ ပစ်တယ်။ အိမ်အပြင်ဝ ထွက်တာနဲ့ ကို အပြင်ကနေ သေနတ်နဲ့  ပစ်ထည့်တယ်။ လူတွေကိုလည်း ခေါ်ခေါ်သွားတယ် ပြောတယ်။ ဘယ်ခေါ်သွားတယ်ဆိုတာတော့ မပြောဘူး။ အပြင်မှာပြောနေတာက ရိုဟင်ဂျာတွေက အိမ်တွေ မီးရှို့ တယ်ပြောတယ်။ ခင်ဗျားတို့  စဉ်းစားကြည့်ပါ။ ရိုဟင်ဂျာတွေ ဒီလောက်ဆင်းရဲတာ ကိုယ့်အိမ်ကိုယ်မီးရှို့ ပါ့မလား။ နေထိုင်စရာအိမ်မ ရှိအောင်လုပ်ပါ့မလား။ တကယ်တော့ ရခိုင်တွေနဲ့  အစိုးရပေါင်းပြီး ရိုဟင်ဂျာအိမ်တွေကို မီးရှို့ တာ” ဟုပြောသည်။

ဘန်ကောက်မြို့ မှ မ၀င်းသန်းကလည်း စစ်တွေမြို့ ပေါ်ရှိ သူမ၏ နေအိမ်ကို ရခိုင်များက မီးရှို့ သွားကြောင်းနှင့် သူ့ မိသားစုမှာ အဖိုးအဖွားရွာတွင် သွားနေနေရသည်ဟုဆိုသည်။

ရိုဟင်ဂျာအိမ်များကို နစကနှင့် လုံထိန်းတို့ က မီးရှို့ ပြီး ကိုယ့်အိမ်ကိုယ်မီးရှို့ ကြောင်း အဓမ္မလက်မှတ်ထိုးခိုင်းလျက်ရှိသည်ဟု မ၀င်းသန်းကပြောသည်။

ဂျာမဏီတွင်နေထိုင်လျက်ရှိသည့် ရိုဟင်ဂျာလူငယ်တစ်ဦးကလည်း သူ့ အမျိုး ၃ ယောက် အသတ်ခံရပြီး တစ်ဦးပျောက်ဆုံးနေသေးကြောင်း ဆိုသည်။

အမျိုးသမီးများအား မုဒိန်းပြုကျင့်မှုများလည်း ဖြစ်ပွားလျက်ရှိသည်။ ဇွန်လ ၁၅ ရက်နေ့ တွင် မောင်တောမြို့  နူရူလာဖရာကျေးရွာတွင် နစကနှင့် ရဲများ က အသက် ၁၄ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသမီး ၅ ဦးကို အုပ်စုဖြင့် မုဒိန်းပြုကျင့်ခဲ့သည့် သတင်းအချက်အလက်များရရှိသည်။

နှစ်ဖက်စလုံးအပြန်အလှန်တိုက်ခိုက်နေသည့်ကာလတုန်းကလည်း နစကနှင့် ရဲများက မွတ်စလင်မ်ရွာများကို ရွာလုံးကျွတ်မီးရှို့ သွားကြောင်း၊ လူအစု လိုက်အပြုံလိုက်သတ်ပြီး စစ်ကားများဖြင့် အလောင်းများအား သယ်သွားပြီး အလောင်းများဖျောက်ဖျက်လိုက်ကြောင်း၊ ညမထွက်ရအမိန့် ထုတ်ထား သဖြင့် အပြင်မထွက်ရဲသော မွတ်စလင်များအား ယူနီဖောင်းဝတ်များက အိမ်တွင်းဝင် ပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း၊ အဓမ္မခေါ်ဆောင်သွားခြင်းများ ရှိကြောင်း စုံစမ်းသိရှိရသည်။

မွတ်စလင်မ်များထိခိုက်နစ်နာသည့်ကိစ္စနှင့်ပတ်သက်ပြီး ဓာတ်ပုံများမတွေ့ ရသေးကြောင်းမေးမြန်းရာ မွတ်စလင်မ်များနေထိုင်သည့်အရပ်တွင် သတင်းထောက်များ မသွားနိုင်ရာ ပြည်သူများမှာလည်း ဓာတ်ပုံထွက်ရိုက်ရန် မဆိုနှင့် အိမ်ပြင်ထွက်ရုံနှင့်ပင် အပြင်မှ သေနတ်ဖြင့် ပစ်ထည့်လျက်ရှိ သည်ကြောင်းဆိုသည်။

စစ်တွေမြို့ အချို့ နေရာများတွင်ပင် မွတ်စလင်မ်များကို မောင်းထုတ်လျက်ရှိပြီး သတင်းအမှောင်ချထားလျက်ရှိရာ လူသေလူပျောက်နှုန်းသည် ပြည်သူ များ သိထားသည်ထက် အဆပေါင်းများစွာပိုနိုင်ကြောင်း ရခိုင်ပြည်သတင်းရပ်ကွက်များထံမှ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ကော်မရှင် (UNHCR) ကလည်း ရခိုင်ပြည် အဓိကရုဏ်းကြောင့်ကပ်ဘေးအကြီးအကျယ်ရင်ဆိုင်ရနိုင်ကြောင်း ဇွန်လ ၂၂ ရက်နေ့ က သတိပေးလိုက်ပါသည်။

Source: MMSY

Write A Comment

Rohingya Exodus